အခန်း (၉၄၉)
Vol. 64 Ch. 949
ကောင်းကင်နှင့်မြေကြီးက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ဟင်းလင်းပြင်ထဲရှိ နတ်ဆိုးသားရဲလေးကောင်က ကျယ်လောင်စွာဟိန်းဟောက်နေပြီး ၎င်းတို့၏ ကြမ်းကြုတ်ခက်ထန်သောမျက်နှာများက သိသိသာသာပြောင်းလဲလာသည်။
နှစ်ပတ်လည်ဤနတ်ဆိုးရိုင်းတောင်တန်းအတွင်း၌နေထိုင်ကျတ်စားခဲ့ကြသည့်ဤသားရဲကြီးများအနေဖြင့် ဤသည်ကားအန္တရာများလှသော နေရာတစ်ခုဖြစ်သည်ကို မှတ်မိကြသည်ဖြစ်သည်။
ဝတ်ရုံနက်က ကျငးဖူနှင့်ပူးပေါင်းပြီး ထိခိုက်ပျက်စီးနေသော အစစ်အမှန်နတ်ဘုရားရတနာကိုအသုံးပြုကာ လျှို့ဝှက်နည်းစနစ်ကိုအသုံးချ၍ ကောင်းကင်နှင့်မြေပြင်အား ပြောင်းလဲပြီးသားရဲကြီးများအား ဤနေရာသို့ လှည့်ဖြားသွေးဆောင်ခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးရိုင်းတောင်တန်းအတွင်းမှ
ရောက်ရှိလာကြသောသားရဲကြီးများမှာ လှည့်စားမှုအတွင်းသို့ကျရောက်ပြီး ယင်းအားသဘောပေါက်ခြင်းမရှိဘဲ ဤနေရာသို့ရောက်လာခြင်းဖြစ်သည်။
ဤလျှို့ဝှက်နည်းစနစ်က အစစ်အမှန်နတ်ဘုရားရတနာနှင့်ပေါင်းဖက်လိုက်သောအခါတွင် ၎င်းအားအသုံးပြုချိန်၌ အရမ်းကို အံ့ကျလွန်းလှသည်ဖြစ်၏။
ဤအချိန်တွင် ဤသည်ကားဤအန္တရာယ်များသော
နေရာတစ်ခုဖြစ်ကြောင်းသဘော
ပေါက်သွားကြသည့် သားရဲကြီးကိုးကောင်မှာ စတင်ထွက်ပြေးရန်လုပ်ဆောင်ကြသည်။
ဤနေရာ၏အန္တရာယ်များမှုအားသူတို့သတိထားမိရုံသာမက ကောင်းကင်ထဲရှိဝတ်ရုံနက်ကိုလည်း
စိုးရိမ်သည်ဖြစ်သည်။၎င်းက တကယ်ကြီးဤနေရာရှိကောင်းကင်
နှင့်မြေပြင်အား ပြောင်းလဲပစ်နိုင်သည်ဖြစ်၏။
ဤအရာအား သူကိုယ်တိုင်ပြုလုပ်ခဲ့သည် သို့မဟုတ် သူ့လက်ထဲရှိ စွမ်းအားကြီးလျှို့ဝှက်ရတနာနှင့်ဖန်တီးခဲ့သည်ဆိုသည်ကားအရေးမပါပေ။ ဤကဲ့သို့ ကောင်းကင်ဘုံအားဆန့်ကျင်သည့် နည်းစနစ်အား၎င်းအသုံးပြုနိုင်သည်ကားပင် သူတို့အားစိုးရိမ်စေသည်ဖြစ်သည်။
“ခရက်”
ကြွပ်ဆတ်သောအသံတစ်ခုက ဝတ်ရုံနက်၏လက်ဝါးမှရုတ်ခြည်း ထွက်ပေါ်လာသည်။ ဝတ်ရုံနက်၏လက်အတွင်းရှိ အနက်ရောင်ပင့်ကူမှ ရုတ်ခြည်းအက်ကွဲကြောင်းပွင့်လာသည်။ ဤအက်ကွဲကြောင်းက အလယ်တည့်တည့်တွင်ရှိနေပြီး အနက်ရောင်ပင့်ကူက နှစ်ပိုင်းဖြစ်သွားသည့်နှယ်ဖြစ်သည်။
“ဒီပင့်ကူနက်နတ်ဘုရားလက်နက်ကို ငါအခွင့်အရေးရတုန်းရခဲ့တာ.. ဒီနေတော့အဆုံးသတ်တစ်ခုရောက်လာတဲ့ပုံပဲ”
ဝတ်ရုံနက်၏အလျှင်မလိုသောအသံကဖြည်းညှင်းစွာထွက်ပေါ်လာသည်။
ဝတ်ရုံနက်၏အသံထွက်ပေါ်လာသကဲ့သို့ အောက်ဘက်ရှိသားရဲများ၏ ဟိန်းဟောက်သံကလည်း ထပ်ကာထပ်ကာထွက်ပေါ်လာ၏။
“ဂါး..ဂါး..ဂါး…ဂါး.”
သားရဲကိုးကောင်က ဖျက်ခနဲပျောက်ကွယ်သွားပြီး နောက်ထပ်တစ်ကြိမ် ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးများ ပေါ်လာသည်.
၎င်းတို့ပြန်ပေါ်လာသည်ကား ဝတ်ရုံနက်၏ အောက်၌ဖြစ်ကပြီး ယခင်သူတို့ရှိခဲ့သောနေရာ၌ပင် တူညီစွာရှိနေဆဲဖြစ်သည်။
၎င်းအားကြည့်လိုက်ရုံဖြင့် ဝတ်ရုံနက်က ဤနေရာအားဆီးလ်ခတ်ရန်နောက်တစ်ကြိမ်စွမ်းအားကြီးနည်းစနစ်ကို အသုံးပြုပြီး စွမ်းအားကြီးသားရဲကိုးကောင်အား ဤနေရာမှထွက်သွား၍မရအောင်
ပြုလုပ်ထားခြင်းဖြစ်သည်။
သူကသားရဲများအားပိတ်လှောင် ထားသည့်နှယ်ဖြစ်၏။
သားရဲကြီးများ၏ဟိန်းဟောက်သောအသံများမှတစ်ဆင့် ၎င်းတို့၏နှလုံးသားထဲမှ တုန်လှုပ်ကြောက်ရွံ့မှုကပို၍ကြီးထွားလာသည်ကို ပြောနိုင်သည်ဖြစ်သည်။ ပြောရလျှင် ကြောက်စိတ်မွှန်ပြီးဒေါသအိုးရူးသွပ်ပေါက်ကွဲကုန်ခြင်းဖြစ်သည်။
“မင်းတို့အကုန်ဆင်းပြီး သူတို့ကိုအဖော်လုပ်ပေးလိုက်”
ဤအချိန်တွင် ဝတ်ရုံနက်က ထပ်မံဂရုမထားဟန်ဖြင့်ပြောလိုက်သည်။ တစ်ချိန်တည်းတွင် ဖြန့်ထားသောသူ၏ညာလက်ကို အပေါ်အနည်းငယ်မြှောက်လိုက်၏။
ရုတ်ခြည်း လက်ဝါးအရွယ်ရှိနေသာ ပင့်ကူနက်ကဲ့သို့ရတနာက ဝတ်ရုံနက်၏လက်ဝါးထံမှ မျောလွင့်တက်လာသည်။
ထို့နောက် လိုက်ပါ၍အနက်ရောင်ပင့်ကူရတနာက ဧရာမအနက်ရောင်အရိပ်ကြီး အဖြစ်ပြောင်းလဲသွားသည်။ အနက်ရောင်အရိပ်က နေရာတစ်ခုလုံးကိုဖုံးလွှမ်းထားပြီး နေရာတစ်ခုလုံးအား မှောင်မိုက်သွားစေသည်။
နေရာတစ်ခုလုံးအား လွှမ်းခြုံထားသည့် အနက်ရောင်အရိပ်ကြီးက ဧရာမ အနက်ရောင်ပင့်ကူတစ်ကောင်ကဲ့သို့ဖြစ်သည်ကို ရှစ်ဖုန့်ပြောနိုင်၏။ နတ်ဘုရားတစ်ပါးအလား၎င်း၏ပုံရိပ်က ကောင်းကင်တစ်ခုလုံးပြည့်နှက်နေပြီး ခမ်းနားစွာဖြင့်ကမ္ဘာတစ်ခုလုံးမှနိမ့်ကျသောသက်ရှိများကိုငုံ့ကြည့်နေသည့်နယ်ဖြစ်သည်။
“ဒီလိုမျိုးခံစားချက်က ..ဒါက အစစ်အမှန်နတ်ဘုရားရဲ့အော်ရာပဲ.. အစစ်အမှန်နတ်ဘုရားရဲ့ မမြင်နိုင်တဲ့ထည်ဝါခမ်းနားမှုအောက်မှာ သက်ရှိတွေအကုန်လုံး အတင်းအကျပ်ရှိခိုးဦးညွှတ်စေပြီး အကြည့်နဲ့တင်တုန်လှုပ်စေတာပဲ”
စစ်အမှန်နတ်ဘုရား၏ ခမ်းနားထည်ဝါမှုအားခံစားရသောအခါတွင် ရှစ်ဖုန့်၏ကိုယ်၌မသိလိုက်ပါဘဲ ရွှေရောင်အလင်းတစ်ခုထွက်ပေါ်လာ ပြီးသူ၏ကိုယ်အားကာကွယ်ပေးထား၏။
သို့သော်ရွှေရောင်အလင်းကသူ့အား ရွှေရောင်လှိုင်းတစ်ခုနှယ်ကာကွယ် ပေးထားခြင်းဖြစ်သည်ကို ရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။ အစစ်အမှန်နတ်ဘုရား၏ ခမ်းနားထည်ဝါမှုအောက်တွင်၎င်းက ဆက်တိုက်လှုပ်ခါနေသည်။
“ဂါး..ဂါး..ဂါး..ဂါး..”
နတ်ဘုရားတစ်ပိုင်းစွမ်းအားဖြင့် သားရဲကိုးကောင်က ဆက်တိုက်အော်ဟစ်နေ၏။
“ခရူး”
ဤအချိန်တွင်နားစူးစေသော ထူးဆန်းသည့်အသံတစ်ခုက ဧရာမအနက်ရောင်ပင့်ကူရိပ်ကြီးထံမှထွက်ပေါ်လာ၏။ အသံကနေရာတစ်ခုလုံးရိုက်ခတ်သွားပြီး သားရဲကိုးကောင်၏ အော်သံအားရုတ်ခြည်းဝါးမျိုသွားသည်။
ဤအချိန်တွင်သားရဲကိုးကောင်၏ကိုယ်က တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာတုန်ခါလာသည်။ ထို့နောက်၎င်းတို့၏ ခန္ဓာကိုယ်များက အောက်ဘက်ရှိဧရာမရေကန်ကြီးထဲ သို့ထိုးစိုက်ကျသွားသည်။
“ဗွမ်း..ဗွမ်း.ဗွမ်း..ဗွမ်း.ဗွမ်း”
မကြာခင် သားရဲကိုးကောင်၏ကိုယ်များက အောက်ဘက်ရှိရေကန်မျက်နှာပြင်နှင့်မိတ်ဆက်သွားပြီး ဧရာမရေလှိုင်းများကိုဖြစ်ပေါ်စေ၏။
နောက်ဆုံး၌ သားရဲကိုးကောင်သည်လည်း ရှေးဟောင်းအစီအရင်အတွင်းသို့ အောင်မြင်စွာကျရောက်သွားပြီဖြစ်သည်။
“ခရက်”
ဤအချိန်တွင် ကောင်းကင်ထဲမှရင်းနီးသောအသံ တစ်ခုထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ဝတ်ရုံနက်က ခေါင်းမော့၍ ကောင်းကင်ထဲသို့ကြည့်ကာတီးတိုးရေရွတ်လိုက်သည်။
“ပင့်ကူနက်နတ်ဘုရားလက်နက်က မြေရိုင်းတိုက်ကြီးပေါ်မှာ များစွာဒဏ္ဍာရီတွေကိုချန်ထားခဲ့တယ်.. နောက်ဆုံးတော့ဒီနေ့မှာ သူ့ရဲ့ အဆုံးသတ်ကိုရောက်လာခဲ့ပြီပဲ”
ဖြည်းဖြည်းချင်းကောင်းကင်ထဲရှိ ဧရာမ ပင့်ကူရိပ်ကြီးက ဟင်းလင်းပြင်ထဲ၌ မှေးမှိန်ပျောက်ကွယ်သွားသည်။
ကောင်းကင်ထဲမှ အနက်ရောင်အမှုန်များကျဆင်းလာ၏။ ပင့်ကူနက်နတ်ဘုရားလက်နက်ကများစွာထိခိုက်ထားပြီးဖြစ်သောကြောင့် လုံးဝဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
“ရက်တော်တော်လေးစီစဉ်ခဲ့ရပြီးတဲ့နောက် နောက်ဆုံးတော့ဒီအဆင့်ထိရောက်လာခဲ့ပြီ”
ဤအချိန်တွင် ပျော်ရွှင်မှုအပြည့်ဖြင့်အသံတစ်ခုက ဝတ်ရုံနက်၏ဘေးမှထွက်ပေါ်လာသည်။ပုံရိပ်တစ်ခုကဖြည်းဖြည်းချင်းပေါ်လာ၏။ ယင်းမှာ အစောပိုင်းကပျောက်ကွယ်သွားသော ကျင်းဖူဖြစ်သည်။
ဤအချိန်တွင်မိုင်တစ်ထောင်နတ်ဘုရားမှန်က ကျင်းဖူ၏လက်ထဲ၌ရှိနေသည်။ မည်သည့်အချိန်က ၎င်းထံပြန်ရောက်နေသည်ကို ဘယ်သူမှမသိကြချေ။
ရှစ်ဖု့န်သည်လည်းသူ၏ပုန်းအောင်းနေသောပုံရိပ်က အပြည့်အဝပေါ်လာပြီဖြစ်သည်။ ယခုငါးများအားလုံး ကျဆင်းသွားပြီဖြစ်သောကြောင့် ငါးစာအနေဖြင့် ပုန်းအောင်းနေရန်မလိုအပ်တော့ပေ။
ဤအချိန်တွင်ရှစ်ဖုန့်ကလည်းလှုပ်ရှားပြီး ဝတ်ရုံနက်ထံသို့ ပျံသန်းသွားလိုက်သည်။ ရှစ်ဖုန့်မှာအောက်ဘက်ရှိရေကန်မှသက်ရှိများသေဆုံးခြင်းကိုစောင့်နေခြင်းဖြစ်သည်။ထိုမှသာ၎င်းတို့၏သေခြင်းစွမ်းအင်အား ဝါးမျိုနိုင်မည်ဖြစ်၏။
ပျံသန်းလာနေသော ရှစ်ဖုန့်အားမြင်တွေ့သောအခါတွင် ကျင်းဖူကသူ၏ခေါင်းကိုလှည့်လိုက်ပြီး အချိန်အနည်းငယ်ခန့်တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ၏အကြည့်ကဝတ်ရုံနက်ထံသို့ ပြန်လည်ကျရောက်သွားပြီး ပြောလိုက်၏။
“ဒီကလေးကိုတကယ်ပဲသွားခွင့်ပြုမလို့လား.. ပြီးတော့ ငါတို့နဲ့အတူမွန်းစတားနတ်ဘုရားသင်္ချိုင်းထဲကို လိုက်ခိုင်းမလို့လား”
ကျင်းဖူ၏အသံက ရှစ်ဖုန့်ကြားနိုင်သည်အထိလုံ လောက်စွာကျယ်သည်ဖြစ်သည်။ ကျင်းဖူအနေဖြင့်ရှစ်ဖုန့်ကြားသွား မည်အားကြောက်ပုံမရပေ။
မိုင်တစ်ထောင်နတ်ဘုရားမှန်နှင့်ဆိုလျှင် ကျင်းဖူ၏တိုက်ခိုက်ရေးခွန်အားက သာမန်နတ်ဘုရားတစ်ပိုင်းများထက် များစွာသာလွန်သည်ဖြစ်၏။ သူ့အနေဖြင့်ဤကလေးအားမကြောက်သလို ကြားသွားမည်ကိုလည်းမကြောက်လန့်ပေ။
“အင်း.ငါသူ့ကိုကတိပေးထားတယ်.. “
ဝတ်ရုံနက်ကပြောလိုက်သည်။ ထို့နောက်သူကပြောလိုက်သည်။
“အဲ့တာထက်..သူကငါတို့ရဲ့အစီအစဉ်အောင်မြင်ရတဲ့သော့ချက်ပဲ”
“သူကငါတို့အသုံးပြုဖို့အတွက် နယ်ရုပ်လေးတစ်ကောင်ပါပဲ”
ကျင်းဖူကပြောလိုက်သည်။ ရုတ်ခြည်း ကျင်းဖူ၏မျက်နှာထက်၌ သဘောပေါက်သွားသည့်အသွင်ဖြင့် ဝတ်ရုံနက်ကိုကြည့်လိုက်သည်။ သူ၏ပါးစပ်ဖွင့်ဟ၍ ထပ်မံအေးစက်စွာပြောလိုက်၏။
“ငါသိပြီ.. မင်းဒီကလေးကိုချစ်သွားတာမလား.. မင်းသူနဲ့ရက်နည်းနည်းလေးရှိလိုက်တာနဲ့.. သူ့ကို ချစ်သွားပြီလား”
“ကျင်းဖူမင်းပါးစပ်ကိုပိတ်ထားစမ်း..အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့”
ကျင်းဖူ၏စကားတို့အားကြားရသည့်အခါတွင် ဝတ်ရုံနက်ကအေးစက်စွာအော်ပြောလိုက်၏။
၎င်းတို့ထံသို့ချဉ်းကပ်လာသောရှစ်ဖုန့်မှာ ကျင်းဖူ၏ စကားတို့အားကြားရသောအခါတွင်အရှိန်လျော့လိုက်သည်။၎င်းတို့နှင့်သေချာသော အကွာအဝေးတစ်ခုကိုထိန်းထားလိုက်၏။
ရှစ်ဖုန့်မှာ ကျင်းဖူ၏ နောက်ဆုံးစကားအားကြားလိုက်ရသောအခါတွင် စိတ်ထဲမှအလျှင်အမြန်ကျိန်ဆဲလိုက်သည်။
“မင်းညီမကိုသွားချစ်ပါ့လား..သောက်ချီးမင်းတို့ပဲချစ်ကြ..မင်းပဲအဲ့အိုကြီးအိုမအရွတ် အတွနဲ့ချစ်လိုက်”
ကျင်းဖူစကားများမှတစ်ဆင့် ၎င်းကဝတ်ရုံနက်အပေါ်၌ခံစား ချက်များရှိနေသည်ကို ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်၏။
ဝတ်ရုံနက်ကတော့သူ့အပေါ်အခုချိန်အထိ လုံးဝစိတ်ပင်မဝင်စားသည့်ပုံပေါ်သည်ဖြစ်သည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE