အခန်း (၉၅၀)
Vol. 64 Ch. 950
လေထဲ၌ကျင်းဖူက ဝတ်ရုံနက်တစ်ယောက် ရှစ်ဖုန့်နှင့်အချိန်များစွာကုန်ဆုံးပြီး သည့်နောက်တွင် ရှစ်ဖုန့်ပေါ် ချစ်ကျွမ်းဝင်သွားသည်ဟု သံသယဖြစ်နေသည်။
ဝတ်ရုံနက်က ကျင်းဖူအား ပါးစပ်ပိတ်ထားပြီး အဓိပ္ပါယ်မရှိသည်များအား မပြောဆိုရန် အေးစက်စွာအော်ပြောလိုက်သည်။
“ဟမ့်”
ကျင်းဖူက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူနှင့်သိပ်မဝေးသောနေရာ၌ရှိနေသည့် ရှစ်ဖုန့်အား လှည့်ကြည့်လိုက်၏။
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ပုံရိပ်က ရပ်တန့်နှင့်ပြီးဖြစ်ပြီး လူနှစ်ယောက်ထံမှသေချာသော အကွာအဝေးတစ်ခုကိုထိန်းထားသည်။ သို့သော် သူ့အားကြည့်နေသော ကျင်းဖူ၏မျက်နှာမှတစ်ဆင့် အားကောင်းသောရန်လိုစိတ်အား ရှစ်ဖုန့်ခံစားမိနိုင်သည်ဖြစ်၏။
“သောက်ချီး.. ဒီကောင်က တကယ်ကြီး ငါ့ကိုအချစ်ပြိုင်ဘက်လို့စဉ်းစားနေတာလားဟ.”
ရှစ်ဖုန့်တစ်ယောက် ကျင်းဖူအပေါ် အမြဲ သတိနှင့်နေခဲ့သော်လည်း ပြောစရာစကားတော့မဲ့သွားရသည်။
ကျင်းဖူ၏လက်ထဲ၌မိုင်တစ်ထောင်နတ်ဘုရားမှန်ရှိသည်ဖြစ်၏။ သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်များက ၎င်းအတွက် ပြိုင်ဘက်မဟုတ်ကြပေ။
ရှစ်ဖုန့်အနေဖြင့်နတ်ဘုရားတစ်ပိုင်း လက်နက်ဖြစ်သော မိုင်တစ်ထောင်နတ်ဘုရားမှန်နှင့် တိုက်ခိုက်ခြင်းမခံရသေးပေ။ အကယ်၍ သူ့အားတကယ်သာတိုက်ခိုက်လာခဲ့မည်ဆိုလျှင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကာကွယ်မှုရှိနေသည်ဆိုလျှင်တောင်မှ တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
ယခုအချိန်တွင် အရေးအကြီးဆုံးသောအရာကား သူ၏ခွန်အားအား ဖြစ်နိုင်သမျှအမြန်ဆုံးမြှင့်တင်ရန်ဖြစ်သည်။ မြေရိုင်းတိုက်ကြီးပေါ်၌ကြာကြာနေရလေ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ရှေးလက်နက်များကိုမြင်ရလေဖြစ်သည်။ သူ၏နတ်ဘုရားတစ်ပိုင်းနယ်ပယ်အပေါ်နားလည်မှုကလည်း ပို၍ပို၍နက်ရှိုင်းလာသည်။
သူ၏အမြင်ကလည်းပို၍ကျယ်သည်ထက်ကျယ်ပြန့်လာသည်။ သူ၏ဒန်တန်၌စွမ်းအင် တို့ပြည့်နှက်လာသည့်အချိန်တွင် သူ့အတွက်နတ်ဘုရားတစ်ပိုင်း နယ်ပယ်သို့ဝင်ရောက်ရန်သိပ်ကြာ လိမ့်မည်မဟုတ်ဟု ရှစ်ဖုန့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိသည်ဖြစ်သည်။
သူ၏ယခင်ဘဝ၌ဧကရာဇ်ကျိုးယိုက နတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်သော လျှို့ဝှက်ချက်ကိုရှာဖွေခဲ့သည်ဖြစ်သည်။ သို့သော်ရှေးဟောင်းစာလိပ်များအတွင်းမှအနည်းအကျဉ်းကိုသာသူသိရှိခဲ့ရ၏။ ယင်းကပိတ်ထားသောတံခါးများနောက်က လှည်းတစ်စင်းနှယ်ဖြစ်၏။ ယခုအခါတွင်တော့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်များနှင့်၎င်းတို့၏ စွမ်းအားများအားမျက်မြင်ကိုယ် တွေ့ကြုံတွေ့ရသည်ဖြစ်၏။
ထို့အပြင် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ရှေးလက်နက်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များ လည်းရှိသေးသည်ဖြစ်၏။
“နောက်ဆုံးတော့ ရောက်လာပြီ”
အောက်ဘက်မှလာနေသော သေခြင်းစွမ်းအင်လှိုင်းအတက်အကျများအား ရှစ်ဖုန့်အာရုံခံမိလိုက်သကဲ့သို့ တီးတိုးရေရွတ်လိုက်သည်။
ဤသေခြင်းစွမ်းအင်အတက်အကျများက သက်ရှိများ၏ သေဆုံးခြင်းမှထုတ်လွှတ်သော သေခြင်းစွမ်းများဖြစ်သည်။ ဤသေခြင်းစွမ်းအင်များအတွက်ရှစ်ဖုန့်အနေဖြင့် စိတ်ရှည်လက်ရှည်စောင့်စားနေခြင်းဖြစ်သည်။
ရေမျက်နှာပြင်ထက်၌လဲလျောင်း နေသောကျီးကန်းနက်ကလန်မှကျီးကန်းနက်မှာ စွမ်းအားကြီးမားသောစွမ်းအားများအောက်၌ နောက်ဆုံးသေဆုံးသွားပြီဖြစ်သည်။ စွမ်းအားများ၏ထောက်ပံ့ပေးမှု မရှိတော့သောအခါတွင် ၎င်း၏ခန္ဓာကိုယ်နှင့်ဝိညာဉ်တို့က မမြင်နိုင်သော စွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရသည်။ အမှုန်အစအနတစ်ခုတစ်လေပင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။
ရှစ်ဖုန့်မျှော်လင့်ထားသကဲ့သို့ပင် ဤရှေးဟောင်းအစီအရင်အတွင်းမှ သေဆုံးသွားသောကျွမ်းကျင်သူများနှင့် နတ်ဆိုးသားရဲများ၏ သေခြင်းစွမ်းအင်ကိုသာသူဝါးမျိုနိုင်သည်ဖြစ်သည်။
ရှစ်ဖုန့်အနေဖြင့်ငရဲဘုံကိုးခုပညာရပ်အား အသက်သွင်းထားပြီးဖြစ်ပြီး ကျီးကန်းနက်၏ သေခြင်းစွမ်းအင်အား အလျှင်အမြန်ဝါးမျိုလိုက်သည်။
“ကျီး..ကျီးကန်းနက်..ကျီးကန်းနက်”
ကျီးကန်နက်ကလန်၏ပါရမီရှင်ပုယာမှာ သူ၏မျိုးနွယ်စုအစောင့်အကြပ်ဖြစ်သောကျီးကန်းနက်က အပြီးတိုင်ဖျက်ဆီးခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါတွင် ပူဆွေးသောကရောက်ပြီးနာကြည်း စွာဖြင့်အော်ဟစ်လိုက်သည်။
သူအတွက််ကျီးကန်းနက်မှာ အိမ်တော်ထိန်းအိုကြီးကဲ့သို့ဖြစ်သည်။ သူမွေးဖွားလာစဉ်ကတည်းကစ၍ သူ့အားကြီးပြင်းလာသည်အထိ၎င်းကစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။ သူအရမ်းငယ်သေးသည့်တိုင်၎င်းအား သူ့အားဦးဆောင်၍ ကောင်းကင်နှင့်မြေပြင်တစ်ခွင်ဖြတ်သန်းပျံသန်းကာသူ၏စွန်းစားခန်းများ၌အတူလိုက်ပါပြီးရန်သူများကိုသတ်ဖြတ်ခဲ့သည်ဖြစ်သည်။
သူ၏အဖော်အဖြစ်ကြီးပြင်းခဲ့သော ကျီးကန်းနက်အပေါ်ပုယာအနေဖြင့် နက်ရှိုင်းသော ချစ်ခင်တွယ်တာမှုရှိသည်ဖြစ်၏။ သူ၏အသက်အန္တရာယ်ကျရောက် လာသောကြောင့်သာမဟုတ်ခဲ့လျှင် ကျီးကန်းနက်ကအစွမ်းကုန်သုံးပြီး သူ့အားကာကွယ်ခဲ့ရလိမ့်မည်မဟုတ်ပေ။
ကျီးကန်းနက်သေဆုံးသွားပြီးနောက် ပုယာအပါအဝင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူလူသားခုနှစ်ဦးရှိသေးသည်ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ် သားရဲများမှာမူ စုစုပေါင်းနှစ်ဆယ့်ငါးကောင်ရှိသည်ဖြစ်၏။ ကျယ်ပြောလှသောမြေရိုင်းကုန်းမြေအတွင်းယင်းကာလွန်စွာစွမ်းအားကြီးမားသော အစုအဖွဲ့ဟုပြော၍ရနိုင်သည်ဖြစ်သည်။မည်သူကမှ၎င်းတို့အားယှဉ်ပြိုင်ရဲခြင်းမရှိဟုပြော၍ရနိုင်၏။
သို့သော်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူသားခုနှစ်ဦးနှင့်သားရဲနှစ်ဆယ့်ငါးကောင် စုစုပေါင်းသုံးဆယ့်ငါးဦးလုံးက ဤရှေးဟောင်းအစီအရင်အတွင်း ဝတ်ရုံနက်နှင့်ကျင်းဖူတို့၏အစီအစဉ် အောက်၌ပိတ်မိနေကြသည်။
ကျီးကန်းနက်၏သေခြင်းစွမ်း အင်အားဝါးမျိုပြီးနောက် ရှစ်ဖုန့်က ဆက်လက်စောင့်ဆိုင်းနေသည်။အကယ်၍အခြားသောနတ်ဘုရားတစ်ပိုင်းနယ်ပယ်လူသားများနှင့်သားရဲများသာသေဆုံးခဲ့လျှင် သူ၏ဒန်တန်အတွင်းမှစွမ်းအင်ကအလျှံအပယ်ဖြစ်သွားမည်ဖြစ်၏။
“ငါတို့ဒီလိုဆက်ပြီးခုခံနေရင် ဒီအစီအရင်ကြောင့်ငါတို့သေခြင်းတရားနဲ့ပဲ တွေ့ရလိမ့်မယ်..အခုငါတို့အတူတူ ဒီအစီအရင်ကိုချိုးဖျက်သင့်တယ်..”
နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ကျယ်လောင်စွာပြောလိုက်သည်။
ထိုလူပြောလိုက်သကဲ့သို့ အခြားသောသူတစ်ဦးကလည်း လျှင်မြန်စွာပြန်တုန့်ပြန်လိုက်၏။
“ဟုတ်တယ်.. ငါတို့အသက်ရှင်ချင်ရင် အတူတူပူးပေါင်းပြီးဒီအစီအရင်ကိုချိုးဖျက်ရမယ်”
“ဟုတ်တယ်.. အမှန်ပဲ.. ငါတို့အသက်ရှင်ချင်ရင် အတူတူလုပ်မှရမယ်…ငါတို့အတူတူပူးပေါင်းဖို့လိုတယ်”
ထို့နောက် အားလုံးကတစ်ယောက်ပြီးတစ်ယောက်ထောက် ခံလာကြသည်။
“ကျုပ်.ပုယာ..ခင်ဗျားတို့နဲ့အတူတူပူးပေါင်းမယ်”
မောက်မာသောပုယာက တိတ်တဆိတ်ခေါင်းညိမ့်လိုက်သည်။ မူလကပုယာမှာ ကျီးကန်းနက်ကလန်၏ပါရမီရှင် တစ်ဦးဖြစ်သည်နှင့်အညီ ဤနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူများအား နှိမ့်ချရှုမြင်သည်ဖြစ်သည်။
သို့သော်အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက် ဤသည်ကားသာတက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်၏။
“ဂါး..ဂါး..ဂါး..ဂါး..ဂါး.ဂါး..ဂါး.”
ဤအချိန်တွင် ကြမ်းကြုတ်ခက်ထန်သော နတ်ဆိုးသားရဲများကလည်း ဒေါသတကြီးတုန့်ပြန်လိုက်ကြသည်။
အသိဉာဏ်ရှိလာသော၎င်းတို့အနေဖြင့် ရှန်သန်ရန်အတွက် ဤလူသားများနှင့်အတူတကွ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။
ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသောကျင်းဖူက အောက်ဘက်ရှိရေကန်ထဲမှလူသားများအား ငုံ့ကြည့်လိုက်သည်။ ၎င်းတို့က နတ်ဆိုးသားရဲများနှင့်သဘောတူညီမှုတစ်ခုရယူသည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်၏။ သူကခေါင်းကိုလှည့်လိုက်ပြီး ဘေးရှိဝတ်ရုံနက်ကိုပြုံးပြလိုက်သည်။
“အခုကအတိမ်းစောင်းမခံဆုံး အခြေအနေကိုလာတော့မဲ့ပုံပဲ.. ဒီအစီအရင်ကိုချိုးဖျက်နိုင်မလားနောက်ခြေလှမ်းအပေါ်မှီခိုရမရကို ကြည့်ကြတာပေါ့”
ဝတ်ရုံနက်ကတိတ်တဆိတ်ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
“အလုပ်ဖြစ်ဖို့ငါမျှော်လင့်တယ်”
ဤအချိန်တွင်ဝတ်ရုံနက်၏အ သံကလေးနက်ပြီးစိတ်လှုပ်ရှားနေသည်။
သူတို့ကပျက်စီးနေသောနတ်ဘုရားလက်နက်ကိုအသုံးပြု၍ဤနေရာကိုပြောင်းလဲပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်သုံးဆယ်နှစ်ဦးကို ဤနေရာသို့စွဲဆောင်ခဲ့သည်ဖြစ်သည်။ အကယ်၍သူတို့သာ ဤရှေးဟောင်းအစီအရင်အားမချိုးဖျက်နိုင်ခဲ့လျှင် ဤမွန်းစတားနတ်ဘုရားသင်္ချိုင်းသို့ဝင်ရောက်ရန်အခြားနည်းလမ်းအား တကယ်ကြီးသူတို့မစဉ်းစားတတ်ပေ။
“မကြာခင်စတော့မှာလား”
ရှစ်ဖုန့်ကအောက်ဘက်ရှိမြင်ကွင်းအားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။ ၎င်းတို့၏ဖျက်ဆီးခြင်းစွမ်းအားများ အားထုတ်လွှတ်ချိန်တွင် ဤနတ်ဘုရားတစ်ပိုင်းသုံးဆယ့်နှစ်ဦးအနေဖြင့် ဤရှေးဟောင်းအစီအရင်အားချိုးဖျက်နိုင်မလားဆိုသည်ကို သူကြည့်ချင်မိသည်ဖြစ်သည်။
ယခု၎င်းတို့က ခံစစ်မှတိုက်စစ်သို့ပြောင်းလဲလိုက်ပြီး ၎င်းတို့ထဲကလူသားမည်မျှသို့မဟုတ် နတ်ဆိုးသားရဲမည်မျှရှင် ကျန်ရစ်မည်ကိုမသိနိုင်ပေ။
ဤအချိန်တွင်ဧရာမရေကန်ကြီးအတွင်းမှ လူသားခုနှစ်ဦးနှင့် နတ်ဆိုးသားရဲနှစ်ဆယ့်ငါးကောင်တို့က ၎င်းတို့၏စွမ်းအားများအား အဆက်မပြတ်လှည့်ပတ်ပြီး အားကောင်းသော၎င်းတို့၏တိုက်ခိုက်မှုများကိုထုတ်ဖော်ရန်ပြင်ဆင်လိုက်ကြသည်။
အချိန်တို့ကဖြည်းညှင်းစွာကုန်ဆုံးသွားသည်။ ဤအခိုက်အတန့်တွင်အတူတကွလုပ်ဆောင်ရန် ပြောဆိုသောလူသားကျွမ်းကျင်သူက ကျယ်လောင်သောအသံဖြင့်အက်ကွဲစွာအော်ဟစ်လိုက်သည်။
“အခုအချိန်ကျပြီ… အားလုံးပဲ.. ငါ့ရဲ့စွမ်းအားနောက်ကိုလိုက်ပြီးအား အကောင်းဆုံးတိုက်ခိုက်မှုကိုထုတ်ဖော်ကြ .မင်းတို့ရဲ့စွမ်းအားကိုအတူတကွစုစည်းကြ”
လူသားကျွမ်းကျင်သူကအော်ပြောလိုက်သကဲ့သို့ သူ၏ညာလက်သီးအားကျစ်နေအောင်ဆုပ်ပြီး ကောင်းကင်ထဲသို့လက်သီးတစ်လုံးထိုးနှက်လိုက်သည်။ ပြင်းထန်ပြီးသဏ္ဍန်မဲ့သော စွမ်းအားကအပေါ်သို့ထိုးတက်လာသည်။
ဤအခိုက်အတန့်တွင် ကျန်နေသောလူသားကျွမ်းကျင်သူခြောက်ဦးနှင့် သားရဲနှစ်ဆယ့်ငါးကောင်တို့က တစ်ချိန်တည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းများကိုထုတ်ဖော်လိုက်ကြသည်။
ပြင်းထန်ပြီးစွမ်းအားကြီးမား သောခရမ်းရောင်လျှပ်စီးများ။
ခြစ်ခြစ်တောက်ပူသောတောက် လောင်နေသည့်အနက်ရောင်မီးတောက်များ။
လွန်စွာမာကျောတောင့်တင်းသော ဧရာမကျောက်တုံးကြီးများ။
အရာအားလုံးအား ဝါးမျိုပစ်နိုင်သော လှိုင်းလုံးများ။
လွန်စွာမာကျောသောအချွန်များ။
ပြင်းထန်သောမိုးသီးများ။ရေခဲပန်းဆွဲများ။အသီးသီးထွက်ပေါ်လာကြသည်။
ဧရာမလက်သီးရိပ်များက အရာအားလုံးအားအစိတ်စိတ်အမွှာမွှာလုပ်ပစ်နိုင်ပုံပေါ်၏။ ပေါက်ကွဲလာသောမီးတောက်များ ကအရာအားလုံးအား လောင်ကျွမ်းပစ်နိုင်ပုံပေါ်သည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်သက်ရှိ သုံးဆယ့်နှစ်ကောင်ထုတ်ဖော်သော တိုက်ခိုက်မှုများနှင့်စွမ်းအင်စီးကြောင်းများက ကောင်းကင်ထဲ၌စုစည်းသွားပြီးရှေးဟောင်းအစီအရင်အား ချိုးဖျက်ရန်အတွက်အဆင်သင့်ဖြစ်နေကြ၏။
ကမ္ဘာကြီးကရုတ်တရက် မယုံနိုင်စရာကောင်းလောက် အောင်ဖရိုဖရဲဖြစ်လာသည်။ ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေ သောရှစ်ဖုန့်မှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သုံးဆယ့်နှစ်ဦးတို့ အတူတကွပူးပေါင်းလိုက်ချိန်တွင် ကမ္ဘာကြီးအားဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအားတစ်ခုအားပိုင်ဆိုင်လာသည်ကို ရှင်းလင်းစွာအာရုံခံမိလိုက်သည်။
ဆက်ရန်………
ဘာသာပြန်သူ-ARSIE