← Chapters

အခန်း (၉၅၂)

Vol. 64 Ch. 952

အခန်း (၉၅၂)

Vol. 64 Ch. 952

“ဒီအစီအရင်ရဲ့ဗဟိုချက်လောက်လေး ကိုတွေ့ဖို့အတွက် ဒီသခင်လေး မိုင်တစ်ထောင်နတ်ဘုရားမှန် ကိုလိုအပ်မနေဘူး”

ရှစ်ဖုန့်၏လေသံ၌ မောက်မာမှု၊အထင်းသေးမှုတို့ဖြင့်ပြည့်နှက်နေ၏။

၎င်းစကားလုံးနှင့်လေသံတို့က ကျင်းဖူ၏နားထဲသို့ ရောက်လာသောအခါတွင် ချွင်းချက်မရှိ နားကလောစေသည်ဖြစ်သည်။ ကျင်းဖူက ဒေါသတကြီးအော်ဟစ်ပြောလိုက်၏။

“မင်း..ဘယ်လိုတောင်ရဲတင်းပြီးတော့ ငါ့ကိုမလေးမစားလုပ်..ငါ့ရဲ့နတ်ဘုရားမှန်ကိုစော်ကားရဲတာလဲကွ”

နတ်ဘုရားမှန်အားရရှိပြီးကတည်းက ကျင်းဖူအနေဖြင့် ၎င်းအားရတနာတစ်ပါးကဲ့သို့ ဆက်ဆံခဲ့သည်ဖြစ်သည်။

စကားပြောနေရင်း ကျင်းဖူ၏ ကိုယ်မှ သတ်ဖြတ်ခြင်းအော်ရာတစ်ခုကိုထုတ်လွှတ်လာသည်။ ယင်းမှာသူအနေဖြင့်ရှစ်ဖုန့်အား တိုက်ခိုက်တော့မည်နှယ်ဖြစ်၏။

“ကျင်းဖူ မင်းဒီလိုမလုပ်စမ်းနဲ့”

ဤအခိုက်အတန့်တွင် ဝတ်ရုံနက်၏ နက်ရှိုင်းသောအသံက ထွက်ပေါ်လာ၏။

ကျင်းဖူက ခေါင်းကိုလှည့်၍ ဝတ်ရုံနက်ကိုကြည့်လိုက်သည်။

“ဘာလဲ. မင်းသဘောကျတဲ့ဒီကောင်ချောချောလေးကို ငါသတ်ပစ်လိုက်မှာကြောက်နေတာလား. မင်းကဒီကောင်လေးကိုချစ်ကျွမ်း ဝင်နေပီလို့ငါပြောခဲ့တာတောင်မင်းက ငြင်းနေသေးတုန်းလား.. ငါ့ရဲ့ဘယ်အပိုင်းကများ ဒီကောင်စုတ်ထက်နိမ့်ကျနေလို့လဲ”

ကျင်းဖူ၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်က ထပ်မံအော်ပြောလိုက်သည်။ သူ၏အသံ၌ စိတ်ပျက်မှုနှင့်ပြည့်နှက်နေ၏။

“ကျင်းဖူ..မင်းထပ်ပြီးတော့ အဓိပ္ပါယ်မရှိတာကိုပြောနေမယ်ဆိုရင်.. ငါမင်းကိုမျက်နှာသာမပေးဘူး လို့မပြစ်လာမတင်နဲ့”

“မင်း”

ဝတ်ရုံနက်၏ စကားတို့အားကြားပြီးနောက် ကျင်းဖူ၏အမူအယာက ပို၍ပင်အေးစက်လာပြီးဒေါသပိုကြီးလာသည်။ သူကခေါင်းကိုလှည့်လိုက်ပြီး အေးစက်သောမျက်လုံး တို့ကိုရှစ်ဖုန့်အပေါ်ပုံချလိုက်သည်။ သူကရှစ်ဖုန့်အားခက်ကြမးကြမ်းကြည့်လိုက်ပြီး သူ၏အမုန်းတရားတို့အား ရှစ်ဖုန့်အပေါ်သို့ စူးစိုက်ထားလိုက်သည်။

“သူ့ကြောင့်ပဲ.. အားလုံးကသူ့အမှားပဲ.. ဒီကောင်သေကိုသေရမယ်”

သူ့ထံသို့လာနေသော ကျင်းဖူ၏ သတ်ဖြတ်လိုစိတ်တို့ကပို၍ကြီး ထွားသည်ထက်ကြီးထွားလာသည်ကို ရှစ်ဖုန့်အာရုံခံမိသည်ဖြစ်သည်။

သူ့အနေဖြင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်သို့ဖြစ်နိုင်သမျှ အမြန်ဆုံးဝင်ရောက်ဖို့လိုသည်ဖြစ်သည်။

ကျင်းဖူ၌ မိုင်တစ်ထောင်နတ်ဘုရားမှန်ရှိ၏။ သူ့အနေဖြင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်သို့ဖြစ်နိုင်သမျှ အမြန်ဆုံးဝင်ရောက်ပြီး နတ်ဘုရားတစ်ပိုင်းသတ်ဖြတ်ခြင်း နည်းစနစ်ဖြစ်သောဟင်းလင်းပြင်ဓားချက်ဖြင့် ၎င်းအားတိုက်ခိုက်ရမည်ဖြစ်သည်။

ထိုသို့မဟုတ်ပါကသူ၏အသက်အားသူကိုယ်တိုင်ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ဝတ်ရုံနက်ကသူနှင့်သိပ်မဝေးသော နေရာ၌ရှိနေသည့် ရှစ်ဖုန့်ထံမျက်နှာမူလိုက်ပြီး ပြောလိုက်သည်။

“ကလေး..မင်းနဲ့ငါနဲ့ကတစ်လှေ တည်းစီးနေတာမလို့ မင်းအစီအရင်ရဲ့မျက်လုံးကိုရှာတွေ့ထားရင်လည်း ငါ့ကိုထပ်ပြီးခန့်မှန်းရအောင်မလုပ်ပါနဲ့တော့”

ရှစ်ဖုန့်နှင့်ရက်အချို့အချိန်အတူတူ ကုန်ဆုံးခဲ့ပြီးနောက် ဝတ်ရုံနက်အနေဖြင့်ရှစ်ဖုန့်၏ စိတ်နေသဘောထားကို နားလည်မှုအချို့ရှိနေပြီဖြစ်သည်။ ၎င်းက အစီအရင်၏မျက်လုံးအား ရှာနိုင်သည်ဟု ပြောသည်ဖြစ်သောကြောင့် တကယ်ပဲရှာနိုင်ခြင်းသာဖြစ်ရမည်ဖြစ်သည်။

“စောင့်အုံး”

ရှစ်ဖုန့်ကပြောသည်။

တကယ်တော့ရှစ်ဖုန့်အနေဖြင့် အစီအရင်၏ ဗဟိုချက်အား ဝတ်ရုံနက်ကိုယခုမပြောလိုသေးပေ။ အောက်ဘက်တွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူသားနှစ်ဦးနှင့် သားရဲလေးကောင်၊ကျီးကန်းနက်တို့သာ သေဆုံးသေးသည်ဖြစ်ပြီး သေခြင်းစွမ်းအင်က ခုနှစ်ခုသာရရှိသေးသည်ဖြစ်သည်။ သူ၏ကိုယ်ပိုင်စွမ်းအင်က အများဆုံးဆယ်ပုံလေးပုံသာရရှိသေးသည်ဖြစ်၏။

အဆင့်ချိုးဖျက်ရန်အတွက် တစ်ဝက်ကျော်လိုအပ်သေးသည်ဖြစ်သည်။

မွန်းစတားနတ်ဘုရားသင်္ချိုင်းက ရှစ်ဖုန့်အတွက် အရေးအကြီးဆုံးအရာမဟုတ်ပေ။ ယခုသူအလိုချင်ဆုံးအရာက သူ၏ဒန်တန်အတွင်း၌ စွမ်းအင်များပြည့်နှက်ပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ် သို့ဝင်ရောက်ရန်ဖြစ်သည်။

သူကစွမ်းအင်လိုအပ်သည်ဖြစ်သောကြောင့် သူ၏ရည်မှန်းချက်ပြည့်မြောက်ရန် အတွက်စွမ်းအားကြီးမားသည့်သူများ ပို၍သေဆုံးရန်လိုအပ်သည်ဖြစ်သည်။

ထို့ကြောင့်ယခုအချိန်၌သူ့အနေဖြင့်မည်ကဲ့သို့ အစီအရင်ဗဟိုချက်၏နေရာကို ပြောပြနိုင်ပါအုံးမည်နည်း။

အချိန်ကျလာလျှင် ၎င်းတို့၏ ရည်ရွယ်ချက်အတိုင်း၎င်းတို့က လုပ်ဆောင်မည်သာဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ဝင်ရောက်ရန်သူ့၌ စွမ်းအင်တို့လုံလောက်မှုရှိမရှိကို၎င်းတို့ ဂရုစိုက်ကြမည်မဟုတ်ပေ။

ကျင်းဖူမှာ ရှစ်ဖုန့်၏ “စောင့်အုံး”ဟု ပြောဆိုမှုအားကြားလိုက်ရသည့်အခါတွင် မျက်နှာထက်၌ အထင်းသေးသောအမူအယာတစ်ခုထပ်မံဖြစ်ပေါ်လာသည်။ ရှစ်ဖုန့်ကြားနိုင်လောက်သည့် အေးစက်သောအသံဖြင့် သိပ်မဝေးသောနေရာရှိ ဝတ်ရုံနက်အား သရော်လိုက်သည်။

“မင်းကြားတယ်မဟုတ်လား..ဟမ့်.. စောင်အုံးတဲ့.. လာဖြီးနေတာပဲ..မင်းနဲ့ငါတောင်မှ အစီအရင်ရဲ့ဗဟိုချက်ကိုမရှာနိုင်တာ.. ဘယ်လိုလုပ်ပြီးသူကရှာနိုင်မှာလဲ”

“သူလေထွားနေတာမဟုတ်ဘူး.. သူကစောင့်လို့ပြောမှတော့ ဘာလို့ငါတို့မစောင့်ရမှာလဲ.. လပေါင်းများစွာတောင်ငါတို့စောင့်ခဲ့သေးတာပဲ.. ဘာလို့အလျှင်လိုနေမှာလဲ”

ဝတ်ရုံနက်ကပြောလိုက်သည်။

“ဟမ့်”

ဝတ်ရုံနက်က ရှစ်ဖုန့်အားထပ်မံကာကွယ်ပေးနေသည်ကို ကြားရသောအခါတွင် ကျင်းဖူတစ်ယောက်ထပ်မံနှာခေါင်းရှုံ့လိုက်သည်။

“ဂါး”

ထိုအချိန်တွင် ပုံမှန်မဟုတ်လောက်အောင်ကျယ်လောင်ပြီးနားစူးစေသော ခက်ထန်သည့်သားရဲအော်သံတစ်ခုက အောက်ဘက်မှထွက်ပေါ်လာသည်။ အော်သံ၌သောကရောက်မှု၊မကျေချမ်းမှု၊ကူကယ်ရာမဲ့မှု၊နာကျင်မှုတို့ဖြင့်ပြည့်နှက်နေသည်။

ထိုအော်သံမှာ ကျောဘက်တွင် တောင်ပံနှစ်ခုပါသောဧရာမခရမ်း ရောင်ပုတ်သင်ကြီးတစ်ကောင် ထံမှလာခြင်းဖြစ်သည်။

ဤအချိန်တွင်ခရမ်းရောင် တောင်ပံပုတ်သင်အနေဖြင့် စွမ်းအားကြီးစွမ်းအင်တို့အောက်၌၎င်း၏စွမ်းအင်တို့အားလုံးကုန်ခမ်းသွားရပြီဖြစ်သည်။ ဤအချိန်တွင်၎င်း၏တစ်ကိုယ်လုံးက လုံးဝပျော့ခွေကျသွားသည်။

မကြာခင်အုံကြွလာသောသေခြင်း စွမ်းအင်တို့ကိုရှစ်ဖုန့်အာရုံခံမိလိုက်၏။ ၎င်းတို့အားအလျှင်အမြန်ဝါးမျိုလိုက်သည်။ ဧရာမခရမ်းရောင်ပုတ်သင်ကြီးမှာမူ ရှေးဟောင်းအစီအရင်အတွင်း ဖုန်မှုန်သဲမှုန်များနှင့်အတူ လွင့်ပါးသွားပြီဖြစ်သည်။၎င်းက အစီအရင်မှထွက်ပြီး ဘာမှကျန်ရစ်ခြင်းမရှိတော့အောင်ပျောက်ကွယ်သွားသည်။

နတ်ဆိုးသားရဲကြီး၏ သေခြင်းစွမ်းအင်အားဝါးမျိုပြီးသည့်နောက် ရှစ်ဖုန့်၏ဒန်တန်အတွင်းရှိစွမ်းအင်က ငါးဆယ်ရာခိုင်နှုန်းသို့ရောက်ရှိလာသည်။

နောက်ထပ်နတ်ဆိုးသာရဲတစ်ကောင်သေဆုံးသွားပြီးရှေးဟောင်းအစီအရင်က ထိခိုက်မှုလုံးဝမရှိသည်ကိုတွေ့ရသောအခါတွင် ကျင်းဖူ၏မျက်နှာက မည်းမှောင်သွားသည်။ သူကဝတ်ရုံနက်ကိုပြောလိုက်၏။

“ရှေးခေတ်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦး တပ်ဆင်ထားထားခဲ့တဲ့ဒီအစီအရင်ကိုငါတို့ နားလည်မှုလွဲခဲ့ပုံပဲ..အချိန်တိုက်စားမှုကြောင့်ထိခိုက်ပြီးအရင်ထက်အများကြီးနိမ့် ကျသွားတာတောင် ငါတို့လိုနတ်ဘုရားတစ်ပိုင်းတွေ ရင်ဆိုင်ဖို့မဖြစ်နိုင်အောင်ဖြစ်နေတုန်းပဲ”

“ဒီလိုသာဆက်သွားရင် ငါးတွေတစ်ကောင်ပြီးတစ်ကောင် သေကုန်တော့မှာပဲ.. ငါတို့အားထုတ်ထားတာမှန်သမျှအ လကားဖြစ်သွားလိမ့်မယ်”

စကားဆုံးချိန်တွင်ကျင်းဖူ၏မျက်နှာထက်၌ လက်သင့်မခံလိုမှုတို့ဖြင့်ပြည့်နှက်နေသည်။

“နည်းနည်းထပ်စောင့်ကြတာပေါ့”

ကျင်းဖူ၏ စကားအားကြားပြီးနောက် ဝတ်ရုံနက်ကထပ်မံပြောလိုက်သည်။ သူ၏အသံကအေးဆေးမှုထက် တည်ငြိမ်မှုဘက်ကိုသွားသည်ဖြစ်၏။

၎င်းကတည်ငြိမ်အေးဆေးမှုအား ထိန်းထားနိုင်သေးသည်ကိုတွေ့ရသောအခါတွင် ကျင်းဖူတစ်ယောက်စိတ်မကျေနပ်မှုကိုခံစားလိုက်ရသည်။ သူကဝတ်ရုံနက်ကိုအေးစက်စွာပြောလိုက်၏။

“မင်း.မင်းတကယ်ကြီးဖမ်းစားခံလိုက်ရပြီပဲ. ဒီကောင်ရဲ့ပေါက်ကရစကား ကိုဘယ်လိုလုပ်ပြီးမင်းယုံနိုင်သေးတာလဲ.. မင်းကိုဘယ်လိုစွတ်ပြတ်မျိုးများ သူကျွေးထားလို့လဲ”

ကျင်းဖူ၏ဤအကြောင်းအား ထပ်ပြောမှုကိုကြားရသောအခါတွင် ဝတ်ရုံနက်က မအားလျစ်လျူရှုလိုက်သည်။ဝတ်ရုံနက်ကခေါင်းကိုတစ်ချက်လှုပ်ရှားလိုက်ပြီးရှစ်ဖုန့် ကိုမျက်နှာချင်းဆိုင်လိုက်သည်။ သူကရှစ်ဖုန့်ကိုကြည့်နေပုံပေါ်၏။

သို့သော်ရှစ်ဖုန့်ကအောက် ကိုကြည့်နေဆဲဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းသက်ရှိတို့၏ သေခြင်းစွမ်းအင်အရ နောက်ထပ်သုံးဦးသေဆုံးသည်နှင့် သူ၏ဒန်တန်အတွင်းမှစွမ်းရည်က ခြောက်ဆယ်ရာခိုင်နှုန်းသို့ရောက်ရှိမည်ဖြစ်သည်။နတ်ဘုရားတစ်ပိုင်းဆယ့်ငါး ယောက်ကျော်အသတ်ခံရပြီးသည့်နောက်တွင် သူ၏ဒန်တန်ကလုံလောက် စွာပြည့်တင်းမည်ဖြစ်၏။

သူအောင်မြင်ရန်အတွက်သူ၏ပုံမှန် ထက်ထူးကဲသောဒန်တန်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်များ စွာ၏သေခြင်းစွမ်းအင်ကိုလိုအပ်သည်ဖြစ်သည်။

ဤအရာအားတွေးမိသောအခါ တွင်ရှစ်ဖုန့်တစ်ယောက်မနေနိုင်ဘဲပြုံးမိသည်။ သူသာ မြေရိုင်းတိုက်ကြီးသို့မလာခဲ့လျှင် ထျန်းဟန်တိုက်ကြီးအတွင်း သူ့ဘဝတစ်လျှောက်လုံး ယခုကဲ့သို့တူညီသောစွမ်းအင်ပမာ ဏကိုရရှိရန်မှာ မဖြစ်နိုင်ပေ။

“အား”

“ဂါး”

“ဂါး”

ရုတ်ခြည်းလူတစ်ယောက်၏အော်ဟစ်သံနှင့်တစ်ချိန်တည်း၌ထွက်ပေါ်လာသော သားရဲနှစ်ကောင်၏ အော်သံတို့ကိုကြားလိုက်ရသည်။

လူသား၏အသံ၌နာကျင်မှုတို့ပြည့်နှက်နေသော်လည်း ယင်းကရှစ်ဖုန့်အား အံ့အားသင့်စေသည်။ ထို့နောက်ရှစ်ဖုန့်အဆက်မပြတ် လှည့်ပတ်ထားသော ငရဲဘုံကိုးခု ပညာရပ်အောက်တွင် မြင့်တက်လာသောသေခြင်းစွမ်းအင်တို့က ရုတ်ခြည်းဝါးမျိုခံလိုက်ရသည်။

ရှစ်ဖုန့်၏ဒန်တန်အတွင်းမှစွမ်းအင်က ခြောက်ဆယ်ရာခိုင်နှုန်းသို့ လျှင်မြန်စွာရောက်ရှိသွား၏။ နတ်ဘုရားတစ်ပိုင်းဖြစ်လာ ရန်ခြေတစ်လှမ်းနီးစပ်လာပြီဖြစ်သည်။

အောက်ဘက်ရှိရှေးဟောင်း အစီအရင်အတွင်းတွင်ပုံရိပ်သုံးခုက လျှင်မြန်စွာပြာအဖြစ်ပြောင်းသွားသည်။

လူသားကျွမ်းကျင်သူမှာလေး ယောက်သာကျန်တော့သည်ဖြစ်သည်။ မူလကနှစ်ဆယ့်ငါးကောင်ရှိသောသားရဲအုပ်စုတွင် ယခုအခါ၌ဆယ့်ရှစ်ကောင် သာကျန်တော့သည်ဖြစ်သည်။

လူသားလေးယောက်နှင့်သားရဲဆယ့်ရှစ်ကောင်မှာ ရှေးဟောင်းအစီအရင်မှလာသော စွမ်းအားကိုဆက်လက်ခုခံနေကြပြီး ၎င်းတို့၏ စွမ်းအားများကဆက်လက်ကုန်ခမ်းလာနေသည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters