← Chapters

အခန်း (၉၅၃)

Vol. 64 Ch. 953

အခန်း (၉၅၃)

Vol. 64 Ch. 953

“အခု ငါတို့တွေ ဖြေရှင်းဖို့နည်းတစ်ခုခုကို အမြန်ဆုံးစဉ်းစာဖို့လိုတယ်.. ဒီလိုသာဆက်သွားနေရင် ငါတို့ ကြိုးစားအားထုတ်ထားတာတွေအကုန်လုံ အချည်းအနီးဖြစ်သွားလိမ့်မယ်”

လူသားကျွမ်းကျင်သူတစ်ဦးနှင့်သားရဲနှစ်ကောင်တို့ သေဆုံးသွားသည်ကိုတွေ့ရသောအခါတွင် ကျင်းဖူတစ်ယောက် ပို၍ပို၍ စိုးရိမ်တကြီးဖြစ်လာသည်။ ကျန်ရှိနေသော လူသားကျွမ်းကျင်သူလေးဦးနှင့် သားရဲဆယ့်ရှစ်ကောင်မှာလည်း အားနည်းသည်ထက်အားနည်းလာပြီဖြစ်သည်။

ဝတ်ရုံနက်မှာလည်း သူ၏ဒေါသကိုဆက်ပြီးကြာကြာ မထိန်းထားနိုင်တော့ပေ။သူကရှစ်ဖုန့် ကိုပြောလိုက်သည်။

“ကောင်လေး.. အရမ်းကြာနေပြီ.. အခုအစီအရင်ဗဟိုချက်ကဘယ်မှာလဲဆိုတာ မင်းငါ့ကိုပြောပြနိုင်မလား”

အကယ်၍ရှစ်ဖုန့်ကသာသူ့အား အစီအရင်ဗဟိုချက်၏ တည်နေရာကိုပြောပြလျှင် လူသားများနှင့် သားရဲများအား သတင်းပေးပို့နိုင်ပြီး ထိုမှသာ ၎င်းတို့အနေဖြင့်ဗဟိုချက်အား အစွမ်းကုန်ထုတ်သုံးတိုက်ခိုက်နိုင်မည်ဖြစ်သည်။

ထိုသို့မဟုတ်ပါက သူတို့အစီအရင်ဗဟိုချက်အားသိခဲ့လျှင်တောင် ဗဟိုချက်ကိုဖျက်ဆီးနိုင်ခြင်းမရှိဘဲ ရှေးဟောင်းအစီအရင်ကိုလည်းပျက်စီးစေနိုင်လိမ့်မည်မဟုတ်ပေ။

ဝတ်ရုံနက်၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က ဂရုမထားဟန်ဖြင့်ဆက်ပြောလိုက်သည်။

“နည်းနည်းလောက်ထပ်စောင့်အုံး”

သူ၏ဒန်တန်အတွင်းမှစွမ်းအင်က မပြည့်သေးပေ။ ထို့ကြောင့်သူ့အနေဖြင့် အစီအရင်၏ဗဟိုချက်အား၎င်းတို့ကို မည်ကဲ့သို့ပြောပြနိုင်ပါမည်နည်း။

ရှစ်ဖုန့်အတွက် မွန်းစတားနတ်ဘုရားသင်္ချိုင်း ကိုဝင်ရောက်ခြင်းထက် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ တက်လှမ်းနိုင်ဖို့က ပိုအရေကြီးသည်ဖြစ်သည်။

အကယ်၍ ၎င်းတို့နှင့်အတူ မွန်းစတားနတ်ဘုရားသင်္ချိုင်း သို့ဝင်ရောက်လိုလျှင်တောင် ရှစ်ဖုန့်အနေဖြင့် လုံလောက်အောင်သန်မာဖို့လို အပ်သေးသည်ဖြစ်၏။

ထို့သို့မဟုတ်ပါက သူရတနာတစ်ခုခုတွေ့လျှင် ၎င်းတို့ကသူ့အားသတ်ဖြတ်လိမ့်မည်ဖြစ်သည်။

ရှေးဟောင်းအစီအရင်အတွင်းမှ လူများနှင့်သားရဲများအတွက်မူ ၎င်းတို့က ဤနေရာသို့သူ့အားသတ်ရန် လာခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့အားလုံးသေဖို့ထိုက်တန်ကြသည်ဖြစ်၏။

ထိုသားရဲများကလည်း ကြမ်းကြုတ်ရိုင်းစိုင်းခက်ထန် သောသားရဲများဖြစ်သည်။

“ကောင်စုတ်လေး. ငါ့ရှေ့မှာလာပြီးဟန်ဆောင် နေရဲသေးတယ်လား.. စောင့်အုံးဟုတ်လား. ငါကတော့မင်းကိုမစောင့်နိုင်ဘူး”

ကျင်းဖူက စိတ်မရှည်စွာဖြင့်အော်ပြောလိုက်သည်။ ထို့နောက် ရှစ်ဖုန့်ထံသို့ မိုင်တစ်ထောင်နတ်ဘုရားမှန်ကို အသက်သွင်းတိုက်ခိုက်လိုက်သည်။ ရုတ်ခြည်း ရှစ်ဖုန့်ထံသို့မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းတန်းတစ်ခုပစ်ဝင်လာသည်။

“ခင်ဗျား”

ကျင်းဖူကသူ့အားမိုင်တစ်ထောင် နတ်ဘုရားမှန်နှင့်တိုက်ခိုက်လိုက် သည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာကအေးစက်မှုအဖြစ် ပြောင်းလဲသွားသည်။ သူကညာလက်ဖြင့်ဓားလက်ချောင်း အသွင်ပြုလုပ်လိုက်ပြီး နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ် ဟင်းလင်းပြင်ဓားချက်ကို ထုတ်ဖော်ရန်ပြင်လိုက်သည်။

ရှစ်ဖုန့်အားကာကွယ်ရန်သူ့ကိုယ်၌ ရွှေရောင်လင်းလှိုင်းတစ်ခုပေါ်လာသည်။

“ဟင်း…”

ရှစ်ဖုန့်မှာဤစကားအား ပြောတော့မည့်အချိန်တွင် သူ၏ရှေ့၌ဧရာမ အရိပ်ကြီးတစ်ခု ပေါ်လာသည်။ ပေါ်လာသောအရိပ်က လျှင်မြန်စွာရှင်းလင်းလာပြီး၎င်း၏ အသွင်အပြင်အပြည့်အဝဖြစ်ပေါ်လာ၏။ ၎င်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက် ရေးလက်နက်တစ်ခုဖြစ်သော နတ်ဘုရားမြေခေါင်းလောင်းပင်ဖြစ်သည်။

ရှစ်ဖုန့်၏ရှေ့၌နတ်ဘုရားမြေခေါင်းလောင်းကရပ်တည်နေ၏။ မကြာခင် မိုင်တစ်ထောင်နတ်ဘုရားမှန်မှလာသော အစိမ်းရောင်အလင်းက နတ်ဘုရားမြေခေါင်းလောင်း ပေါ်သို့ကျရောက်သွားသည်။

“ဒေါင်”

နတ်ဘုရားမြေခေါင်းလောင်းမှေ ခေါင်းလောင်းသံထွက်ပေါ်လာပြိး နေရာတစ်ခုလုံး တုန်ခါသွားစေသည်။ စွမ်းအားကြီးအသံလှိုင်းကရှေ့သို့ ပျံ့နှံ့သွားပြီး မိုင်တစ်ထောင်နတ်ဘုရားမှန်မှ လာသောအစိမ်းရောင်အလင်းကို လျှင်မြန်စွာမှေးမှိန်ပျောက်ကွယ်သွားစေသည်။ ယင်းကကျင်းဖူ၏ကိုယ်ကိုပင် ယိမ်းထိုးသွားစေ၏။

ကျင်းဖူ၏ပုံရိပ်က နောက်သို့အတင်းအကျပ်ခြေလှမ်း တို့ဆုတ်လိုက်ရသည်။

လေထဲ၌ခြေဆယ်လှမ်းအကွာသို့ရောက်ရှိမှာသာ ကျင်းဖူတစ်ယောက်ရပ်တန့်သွားသည်။ သူကအေးစက်စွာအော်ပြောလိုက်၏။

“မင်း..မင်းတကယ်ပဲသူ့ကြောင့် ငါ့ကိုတိုက်ခိုက်ရဲတာပဲ”

ဝတ်ရုံနက်၏ပုံရိပ်ကမည်သည့် အချိန်ကမှန်းမသိပျောက်ကွယ်သွားသည်။ ဖြည်းဖြည်းချင်း နတ်ဘုရားမြေခေါင်းလောင်း၌ အနက်ရောင်အရိပ်တစ်ခုဖြစ်ပေါ်လာပြီး ဝတ်ရုံနက်ထွက်ပေါ်လာသည်။

ဝတ်ရုံနက်ကပြောလိုက်သည်။

“အခြေအနေတွေကဒီအထိဖြစ်လာမှတော့ သူကအစီအရင်ဗဟိုချက်ဘယ် နေရာမှာရှိလဲဆိုတာကို မသိရင်တောင် သူ့ကိုသတ်စရာဘာအကြောင်းပြချက်ရှိလို့လဲ. အကယ်၍သူကသာတကယ်သိနေခဲ့တာဆိုရင် မင်းကငါတို့ကိုကူညီမဲ့သူကိုသတ်ဖို့လုပ်နေတာပဲ”

“ဟမ့်. သူသိနေရင် ဘာကိုတုန့်ဆိုင်းနေတာလဲ. ငါ့ရှေ့မှာလာပြီး လှည့်ကွက်တွေသုံးရဲသေးတယ်. သူကသေဖို့ထိုက်တန်တယ်”

ကျင်းဖူကအေးစက်စွာပြောလိုက်သည်။

“ဒီသခင်လေးက အစီအရင်ဗဟိုချက်ဘယ်နေရာမှာရှိတယ်ဆိုတာသိတယ်ပြောရင် တကယ်သိလို့ပြောတာ.. ယုံကြည်တာမယုံကြည်တာက ဒီသခင်လေးနဲ့မဆိုင်ဘူး. ဒီနေ့ခင်ဗျားလုပ်တာကိုဒီသခင် လေးမှတ်ထားမယ်”

ဤအခိုက်အတန့်တွင် ငယ်ရွယ်ပြီးအေးစက်သေအသံတစ်ခုက ထွက်ပေါ်လာသည်။

ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်း ထက်၌မျောလွင့်ရပ်တည်နေပြီး ဝတ်ရုံနက်ဘေးရရှိနေ၏။

နတ်ဘုရားမြေခေါင်းလောင်း၏ တားဆီးခြင်းခံလိုက်ရသော ကျင်းဖူ၏ပုံရိပ်ကလည်း ထပ်မံထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏စကားတို့က ကျင်းဖူ၏နားထဲသို့ရောက်သည်ဖြစ်သည်။ ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ကျင်းဖူ၏ အေးစက်သောမျက်နှာက ပို၍အေးစက်လာသည်။ သူကပြောလိုက်သည်။

“မင်းကငါ့ကိုလက်စားချေနိုင် မယ်ထင်နေတာလား”

ရှစ်ဖုန့်က ကျင်းဖူ၏ စကားတို့ကို လျစ်လျူရှုလိုက်ပြီး ဝတ်ရုံနက်ကိုပြောလိုက်သည်။

“ဒီသခင်လေးကိုအချိန်အချို့ပေး.. အများဆုံးနှစ်နာရီပဲ. ပီးရင်အစီအရင်ဗဟိုချက်ဘယ်မှာ လဲဆိုတာကိုပြောပြမယ်”

အစီအရင်အတွင်းရှိလူသားလေး ယောက်နှင့်သားရဲဆယ့်ရှစ်ကောင်၏ ခွန်အားနှင့်အရှိန်အဝါတို့က အားနည်းသည်ထက်နည်းလာပြီဖြစ်သည်။၎င်းတို့အတွက်ခုခံရန်ပို၍ခက်ခဲသည်ထက်ခက်ခဲလာ၏။ နှစ်နာရီကြာပြီးနောက် ၎င်းတို့ထဲမှ ဆယ့်နှစ်ယောက်ကျော်လောက် သေဆုံးဖို့ကပြဿနာမဟုတ်ပေ။

“ဒါက…”

ဝတ်ရုံနက်က ထပ်မံခေါင်းငုံ့လိုက်ပြီး အောက်ဘက်ရှိအစီအရင်အတွင်းမှ ပုံရိပ်နှစ်ဆယ့်နှစ်ခုကိုကြည့်လိုက်သည်။ အကယ်၍နှစ်နာရီကြာပြီးသည့်နောက်တွင် ရှေးဟောင်းအစီအရင်အတွင်းမှ နှစ်ဆယ့်နှစ်ယောက်လုံးသေဖို့များသည်ဖြစ်၏။

ထို့နောက် ဝတ်ရုံနက်က ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကောင်လေး.အစီအရင်ဗဟိုချက်က ဘယ်မှာလည်းဆိုတာ မင်းသိရင် မြန်မြန်လေးလုပ်.. မဟုတ်ဘဲ ဒီလိုသာဆက်သွားနေရင် သူတို့အားလုံးသေသွားလိမ့်မယ်.အဲ့အချိန်ကျ အစီအရင်ဗဟိုချက်ကဘယ်မှာလဲဆိုတာ ငါတို့သိရင်တောင်အသုံးဝင်မှာမဟုတ်တော့ဘူး.. ဒီလိုကြီးမားတဲ့ထောင်ချောက်မျိုးထပ်ဆင်ဖို့ငါ့မှာ ထပ်ပြီးနတ်ဘုရားလက်နက်တွေလည်းမရှိတော့ဘူး”

ဝတ်ရုံနက်စကားပြောပြီးပြီးချင်း အောက်ဘက်ရှိရှေးဟောင်းအစီအရင်အတွင်းမှ နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“ဝေါင်း”

“ဂါး”

“ဂါး”

“ဂီး”

“ဂါး”

နာကျင်မှုတို့ဖြင့်အော်ဟစ်သံများက သားရဲငါးကောင်ထံမှလာခြင်းဖြစ်သည်။ ၎င်းတို့၏ခွန်အားကအကန့်အသက်သို့ ရောက်ရှိသွားပုံပေါ်၏။ မကြာခင် သားရဲငါးကောင်၏ သေခြင်းစွမ်းအင်ငါးခုကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ငရဲဘုံကိုးခုပညာရပ်အားအသက်သွင်း၍ ထပ်မံဝါးမျိုလိုက်၏။

မကြာခင် အဆုံးသတ်သို့ရောက်ရှိသွားသော သားရဲငါးကောင်၏ခန္ဓာကိုယ်များက အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး အစီအရင်အတွင်းပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

သားရဲငါးကောင်၏သေခြင်းစွမ်းအင်အားဝါးမျိုပြီးနောက် ရှစ်ဖုန့်၏ဒန်တန်အတွင်းမှစွမ်းအင်တို့မှာ ခုနှစ်ဆယ်ရာခိုင်နှုန်းသို့ရောက်ရှိနေပြီဖြစ်သည်။

ဝတ်ရုံနက်မှာ သေဆုံးသွားသောသားရဲငါးကောင်ကိုကြည့်၍ နှလုံးသားထဲမှနာကျင်မှုကိုခံစားလိုက်ရသည်။

ဤသားရဲများနှင့်လူသားများအားသူနှင့်ကျင်းဖူတို့က လှည့်ဖျား၍ဤနေရာသို့ခေါ်ခဲ့ရခြင်းဖြစ်သည်။ လုပ်ငန်းစဉ်အတွင်း ထိခိုက်ထားသော နတ်ဘုရားလက်နက်ကိုပင်သူတို့စ တေးခဲ့ရသည်ဖြစ်၏။ ဤအချိန်တွင်စိတ်ဒုက္ခခံစားနေရသာ ဝတ်ရုံနက်တစ်ယောက်ထပ်၍ ထပ်၍သာခံစားနေရ၏။ အရောင်စိုသောခရမ်းရောင်အ ကြေးခွံတို့တစ်ကိုယ်လုံးပြည့်နှက်နေသည့် ဧရာမခရမ်းရောင်ခြင်္သေ့ကြီး တစ်ကောင်မှာထပ်မံပျော့ခွေကျသွားပြန်သည်။ နောက်ဆက်တွဲအနေဖြင့်ယခင်ရှေးကသားရဲများ၏သွားရာလမ်းအတိုင်း ပြာအဖြစ်သို့ပြောင်းလဲသွားရသည်။

ဤအချိန်တွင် ရှစ်ဖုန့်ကတော့ပျော်ရွှင်ဝမ်းမြောက်နေသည်။ သူကနောက်ထပ်သေခြင်းစွမ်းအင်ကိုဝါးမျိုခဲ့ပြန်သည်ဖြစ်၏။ သူ၏ဒန်တန်အတွင်းမှစွမ်းအင်က ရှစ်ဆယ်ရာခိုင်နှုန်းသို့ရောက်ရှိနေပြီဖြစ်သည်။

“နောက်ထပ်သားရဲခြောက်ကောင်သေရင်ဒီရူးသွပ်ချင်စရာကောင်းတဲ့ဒန်တန်ထဲကစွမ်းအင်က ပြည့်လုနီးပါးဖြစ်တော့မှာပဲ”

ရှစ်ဖုန့်ကထပ်မံငုံ့ကြည့်လိုက်သည်။ သူကဝတ်ရုံနက်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ဝတ်ရုံနက်ကတော့သားရဲများနှင့် လူသားများတောင်ခံနိုင်ဖို့မျှော်လင့်နေသည်။

အခြားတစ်ဖက်ရှိရှစ်ဖုန့်ကတော့ ၎င်းတို့စောစောသေဖို့ကိုစောင့်နေခြင်းဖြစ်သည်။

“ဂါး”

“အား”

ထို့နောက် ရှစ်ဖုန့်၏မျှော်လင့်ထားမှုအောက်တွင် နောက်လူတစ်ယောက်နှင့်သားရဲတစ်ကောင်တို့ကမတောင့်ခံနိုင်တော့ဘဲ ပြာအဖြစ်သို့ပြောင်းလဲသွားကြသည်။

နောက်ထပ်သေခြင်းစွမ်းအင်နှစ်ခု အားဝါးမျိုပြီးနောက် ရှစ်ဖုန့်၏ဒန်တန်အတွင်းမှစွမ်းအင်က ထပ်မံတိုးပွားလာသည်။

“ကိုးဆယ်ရာခိုင်နှုန်းနီးပါးရှိနေပြီ”

သူ၏ဒန်တန်အတွင်းမှစွမ်းအင်အားအာရုံခံရင်း ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က ဖြည်းဖြည်းချင်းခေါင်းလှည့်လိုက်ပြီး မြေခေါင်းလောင်းထက်၌ဝင့်ကြွားစွရပ်နေသောသူ့ဘေးရှိ ဝတ်ရုံနက်ကိုကြည့်လိုက်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISES

All Chapters