← Chapters

အခန်း (၉၅၆)

Vol. 64 Ch. 956

အခန်း (၉၅၆)

Vol. 64 Ch. 956

ရှစ်ဖုန့်က လှုပ်ရှားလိုက်သည်။ ဤအချိန်တွင် ဝတ်ရုံနက်၏အောက်ဘက်ရှိ နတ်ဘုရားမြေခေါင်းလောင်းကလည်း တစ်ဟုန်ထိုးကျုံ့ဝင်လာ၏။မကြာခင်၎င်းမှာ လက်သီးဆုပ်အရွယ်အထိကျုံ့လာပြီး ဝတ်ရုံနက်၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။

ထို့နောက် ဝတ်ရုံနက်မှာဖျက်ခနဲပျောက်ကွယ်သွားသည်။ သူကအောက်သို့ ထိုးဆင်းသွားခြင်းဖြစ်သည်။

ဤအချိန်တွင် မိုင်တစ်ထောင်နတ်ဘုရားမှန်အား ကိုင်ဆောင်ထားသည့် ကျင်းဖူမှာလည်း ရှေးဟောင်းအစီအရင်ကျိုးပျက်သွာ သည်အား မြင်လိုက်ရသည့်အခါတွင် မျောလွင့်၍ဆင်းသွားလိုက်သည်။

အစီအရင်ဗဟိုချက်အတွင်းရှိရုန်းက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ရေကန်ကပို၍ပို၍ဖရိုဖရဲဖြစ်လာကာ လှိုင်းလုံးများကပို၍ပို၍ပြင်းထန်စွာ အုံကြွလာသော်လည်း ရေကန်၌တိုက်ခိုက်နိုင်စွမ်းက ထပ်မံရှိမနေတော့ပေ။

သေခြင်းမှလွတ်မြောက်သွားသည့် လူသားကျွမ်းကျင်သူသုံးဦးနှင့် သားရဲဆယ်ကောင်တို့မှာလည်း ချက်ချင်းအဝေးသို့ဖျက်ခနဲဦးတည်လိုက်ကြသည်။ သူတို့အနေဖြင့် ဤအန္တရာယ်များသောနေရာမှ အရင်ဆုံးထွက်ခွာသွားလိုသည်ဖြစ်သည်။

ယခုသူတို့အနေဖြင့်စွမ်းအင်ကုန်ခမ်း ပင်ပန်းနွမ်းနွယ်နေကြသည်ဖြစ်ကာ သေလုနီးပါးဖြစ်ခဲ့ရသည့်ဤ အန္တရာယ်များလှသော သောက်နေရာ၌ အခြားသောအန္တရာယ်များ မရှိပါဟုမည်သူကများပြောနိုင်ပါမည်နည်း။သူတို့အနေဖြင့်ဖြစ်နိုင်သမျှ အဝေးဆုံးသို့သွား၍ ကုန်ခမ်းသွားသောစွမ်းအားများကို အရင်ဖြည့်တင်းလိုသည်ဖြစ်၏။

သို့သော် ဤအခိုအတန့်တွင် လွန်စွာကြီးမားသော ရေတိုင်လုံးတန်းကြီးတစ်ခုက ရေကန်၏အလယ်ဗဟိုမှ ရုတ်ခြည်းထိုးထွက်လာသည်။

ထို့နောက်ချက်ချင်း မည်သည့်သက်ရှိမှတွန်းလှန်ခြင်းငှာ တက်နိုင်စွမ်းရှိပုံမရသော လွန်စွာစွမ်းအားကြီးမားသည့် စုပ်ယူအား တစ်ခုက ရေတိုင်တန်းကြီးထံမှ လှည့်ပတ်ဖြစ်ပေါ်လာသည်။

အောက်သို့ထိုးဆင်းနေသော ရှစ်ဖုန့်မှာ သူ့ထံသို့အောက်ဘက်မှ တစ်ဟုန်ထိုး ထိုးတက်လာနေသည့် ဧရာမ ရေတိုင်တန်းကြီးကို မြင်တွေ့လိုက်ရသည်။

ရှစ်ဖုန့်၏ပုံရိပ်ကအဝေး သို့လှုပ်ရှားလိုက်ပြီးရုတ်တရက်လှုပ်ရှားမှုဖြင့် ဘေးဘက်သို့ရွှေ့လိုက်သည်။

အလွန်လျှင်မြန်စွာဖြင့် ရေတိုင်တန်းကြီး၏အောက်ခြေဘက်၌ အချင်းနှစ်ဆယ်မီတာရှိသော ထူးဆန်းစွာလှည့်ပတ်နေသည့် ရေဝဲတစ်ခုကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။စက်ဝိုင်းပုံစံရေဝဲမှာ တစ်ဟုန်ထိုးလည်ပတ်နေပြီး ရေတိုင်ကြီး၏ ပါးစပ်ကဲ့သို့နှယ်ဖြစ်သည်။

အားကောင်းသောစုပ်ယူအားက ရေဝဲကြီးထံမှလာနေခြင်းဖြစ်သည်။

“ဒါကရှေးဟောင်းအစီအရင် ပျက်စီးသွားလို့ဖြစ်ပေါ်လာတာ..ဒီရေဝဲက မွန်းစတားနတ်ဘုရားသင်္ချိုင်း ရဲ့ဝင်ပေါက်များလား”

ဤအချိန်တွင်ရေဝဲ၏အားကောင်းသော စုပ်ယူအားအောက်၌ ရေကန်ထဲ၌ပျောက်ကွယ်သွားသည့် ပုံရိပ်ဆယ့်သုံးခုဖြစ်သောလူသားသုံးဦးနှင့် သားရဲဆယ်ကောင်တို့မှာ ရုတ်ခြည်းလေထဲ၌ပေါ်လာသည်။

အစောပိုင်းလေးကတင် သေခြင်းမှလွတ်မြောက်ပြီးရှင်သန်ကျန်ရစ်နိုင်ပြီဟုတွေးထင်ခဲ့သည့်သူတို့အနေဖြင့် မည်သူကများ ဤကဲ့သို့ အလှည့်အပြောင်းတစ်ခုဖြစ်လာမည်ဟုတွေးထင်ပါမည်နည်း။

သူတို့၌နတ်ဘုရားတစ်ပိုင်း နယ်ပယ်စွမ်းအားတို့ရှိနေသေးသည့်တိုင် ရေဝဲ၏စုပ်ယူမှုအား သူတို့ခံရဆဲဖြစ်သည်။သူတို့အနေဖြင့် လုံးဝထိန်းချုပ်မှုကင်းလွတ်နေပြီး ရေဝဲ၏နောက်ပြန်ဆွဲမှုကိုခံရကာ မသိနိုင်သော အန္တရာယ်ရှိရာသို့ဦးတည်နေ၏။

ဤသောက်နေရာစုတ်အတွင်းတွင် ရှေးဟောင်းအစီအရင်ကသူတို့အား သတ်လုနီးပါးဖြစ်ခဲ့ပြီး ယခုထူးဆန်းပြီးစွမ်းအားကြီးမားသောရေဝဲက ပေါ်လာပြန်သည်။ပြောစရာမလို လောက်အောင်ပင် အချိန်မရွေးသူတို့၏အသက်အား နှုတ်ယူသွားနိုင်သော အန္တရာယ်ကို သူတို့အနေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ပုံရိပ်ကလည်း ထူးဆန်းသောရေဝဲ၏သက်ရောက်မှုကိုခံရပြီး မထိန်းချုပ်နိုင်ပဲအောက်သို့စုပ်ယူခံနေရသည်။

ရှစ်ဖုန့်သည်သာမက ဝတ်ရုံနက်နှင့် မိုင်တစ်ထောင်နတ်ဘုရားမှန်ရှိသော ကျင်းဖူတို့ပင် ရေတိုင်မှရေဝဲ၏ သက်ရောက်မှုကိုခံနေရသည်။ သူတို့၏ပျောက်ကွယ်သွားသောပုံရိပ်များက ပြန်ပေါ်လာပြီး အောက်သို့စုပ်ယူခံနေရသည်။

“သတ်”

ထိုစဉ် ရှစ်ဖုန့်၏အေးစက်သောအော်သံ ထွက်ပေါ်လာသည်။သူ့နေဖြင့်အောက်သို့စုပ်ယူခံရမှုအား ထိန်းချုပ်နိုင်ခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်ကတော့စုပ်ယူအား ၏ ကန့်သတ်မှုကိုမခံရပေ။သူအချိန်မရွေး တိုက်ခိုက်နိုင်သည်ဖြစ်၏။

ရှစ်ဖုန့်၏မျက်လုံးက သူနှင့်အနီးဆုံးဖြစ်သော ဧရာမအနက်ရောင်ပုရွက်ဆိတ်ကြီး ပေါ်သို့ကျရောက်နေသည်။

ရှစ်ဖုန့်မှာ သူ၏စိတ်ကိုအလုပ်ပေးပြီးဖြစ်သည်။ ဤနတ်ဆိုးသားရဲ၌ကြီးမားသော ခန္ဓာကိုယ်ရှိပြီးသွေးပေါကြွယ်ဝ၏။ အကယ်၍သူသာ၎င်းကိုသတ်နိုင်ပြီး ၎င်း၏သေခြင်းစွမ်းအင်နှင့် ၎င်း၏ခန္ဓာကိုယ်မှသွေးအားလုံးကို ဝါးမျိုနိုင်ခဲ့လျှင် သူ၏ဒန်တန်အတွင်းမှစွမ်းအားပြီးပြည့်စုံသည့်အနေခြအနေသို့ရောက်အောင်သေချာပေါက်တွန်းအားပေးနိုင်မည်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန့်က ရေဝဲ၏စုပ်ယူမှုအားခံသည်သာမက သူ၏ကိုယ်အားထိုအင်းစက်ကြီးထံသို့ တစ်ဟုန်ထိုးပျံသန်းဦးတည်စေသည်။

“ရှီး..ရှီး”

ဤအချိန်တွင် ဧရာမပုရွက်ဆိတ်နက်ကြီးမှာ အထက်မှလာနေသော သတ်ဖြတ်ခြင်းဆန္ဒကို အာရုံခံမိပုံပေါ်သည်။ ၎င်း၏ဧရာမ အနက်ရောင်ဦးခေါင်းကြီးကိုမော့လိုက်ပြီး ကြမ်းကြုတ်ခက်ထန်သောမျက်နှာကိုပြသကာ ရှစ်ဖုန့်ထံသို့ ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထိုဧရာမပုရွက်ဆိတ်နက်ကြီး၏ အာရုံခံနိုင်စွမ်းကလည်း ချွင်းချက်မရှိထက်ရှသည်ဖြစ်သည်။သူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူလေးတစ်ဦးသာဖြစ်သည်။၎င်းကတကယ်ကြီးသူ့အားသတ်ရန်ရည်ရွယ်ချက်ရှိနေ၏။ ယင်းကသူ့အား‌ဗြောင်ကျကျ မထီမဲ့မြင်ပြုပြီး အရှက်ခွဲခြင်းပင်ဖြစ်သည်။

၎င်းအနေဖြင့် ရှေးဟောင်းအစီအရင်ကြောင့်စွမ်းအင်တော်တော်များများကုန်ဆုံးခဲ့ရသော်လည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်အောက်မှ လူသားတစ်ဦး၏ အလွယ်တကူ အနိုင်ကျင်ခံစရာတော့ဟုတ်မနေသေးပေ။

ရုတ်ခြည်းဧရာမပုရွက်ဆိတ်ကြီးက ပါးစပ်အားဖွင့်ဟကာ အထက်မှဒေါင်လိုက်ထိုးဆင်းလာနေသောရှစ်ဖုန့်ထံသို့ မှင်ကဲ့သို့မဲနက်သော အနက်ရောင်အရည်တန်းကြီးကို ပန်းထုတ်လိုက်သည်။

ပုရွက်ဆိတ်နက်ကြီးပန်းထုတ်လိုက်သော အနက်ရောင်အရည်တို့က သိပ်သည်းသောအနက်ရောင်အခိုး အငွေ့တို့ကိုထုတ်လွှတ် နေသည်။၎င်း၌ အားကောင်းသောအဆိပ်တစ်ခုပါဝင်နေသည်ကို ပြောနိုင်သည်ဖြစ်၏။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်နတ်ဆိုး သားရဲတစ်ကောင်၏ ခန္ဓာကိုယ်အတွင်းမှအဆိပ်အား ပေါ့ပေါ့လေးမှတ်ယူ၍မရပေ။ ၎င်းအားထိတွေ့မိသည်နှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပင် ပြင်းထန်သောထိခိုက်မှုကိုဖြစ် စေလိမ့်မည်ဖြစ်သည်။

“ဟမ့်”

ဧရာမပုရွက်ဆိတ်နက်ကြီး သူထံသို့ ပန်းထုတ်လိုက်သည့် အနက်ရောင်အရည်တို့ကိုကြည့်၍ ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။အကယ်၍ ပုရွက်ဆိတ်နက်ကြီး၏ အထွတ်အထိပ်အခြေအနေ၌ဆိုလျှင်သူ့အနေဖြင့် ၎င်းအား ကြောက်လိမ့်မည်ဖြစ်သည်။

သို့သော် ဤအချိန်တွင်တော့ အနက်ရောင်အရည်အတွင်းသူ အလွယ်တကူချိုးဖျက်နိုင်သော စွမ်းအားသာပါဝင်သည်။အနက်ရောင်အရည်ကသူ့အားလုံးထိတွေ့နိုင်ခြင်းမရှိပေ။

“ဟင်းလင်းပြင်..သတ်ဖြတ်ခြင်းဓား”

ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်ပြီး ဖွဲ့စည်းထားခဲ့ပြီးဖြစ်သောဓားလက်ချောင်းဖြင့် အောက်သို့ခုတ်ပိုင်းလိုက်သည်။

ရုတ်ခြည်းရှစ်ဖုန့်၏ဓားလက်ချောင်းအောက်တွင် မမြင်နိုင်သော ဓားတစ်ခုကပေါ်လာပြီး ဧရာမပုရွက်ဆိတ်နက်ကြီးထံ သို့ခုတ်ပိုင်းသွားသည်။ မမြင်နိုင်သောဓားချက်ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် သိပ်သည်းသောအနက်ရောင်အခိုးအငွေ့တို့ထုတ်လွှတ်နေသည့် အနက်ရောင်အရည်တို့မှာ တစ်လွှာပြီးတစ်လွှာ မှေးမှိန်ပျောက်ကွယ်သွားသည်။

၎င်းကဟင်းလင်းပြင်ထဲ၌ရုတ်ခြည်းပျောက်ကွယ်သွားသည့်ပုံပေါ်သော်လည်း ချက်ကျလက်ကျဆိုလျှင် မမြင်နိုင်သောဓား၏ ဘာမှကျန်ရစ်ခြင်းမရှိအောင်ပိုင်း ဖြတ်ခံလိုက်ရခြင်းပင်ဖြစ်သည်။

ပုရွက်ဆိတ်နက်ကြီးမှာ ပန်းထုတ်မှုတ်ထုတ်လိုက်သော အနက်ရောင်အရည်တို့က စွမ်းအားကြီးမားပြီးမမြင်နိုင်သော စွမ်းအားကြောင့် အဆက်မပြတ်ပျောက်ကွယ်သွား သည်ကိုတွေ့ရသောအခါတွင် ၎င်း၏ကြမ်းကြုတ်ခက်ထန်သောမျက်နှာထက်ရှိ မီးအိမ်ကဲ့သို့ မျက်လုံးကြီးများက ပြူးကျယ်လာသည်။

ပန်းထုတ်မှုတ်ထုတ်လိုက်သည့်အ နက်ရောင်အရည်တို့ကပျောက်ကွယ်နေဆဲဖြစ်ပြီး မမြင်နိုင်သော စွမ်းအားကလည်း သူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေဆဲဖြစ်သည်။ပုရွက်ဆိတ်နက်ကြီးမှာသေရေးရှင်ရေး ခံစားချက်ကိုခံစားလိုက်ရသည်။

ဤအချိန်တွင် ရှစ်ဖုန့်က မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။

“ဟင်းလင်းပြင်ဓား”

ရှစ်ဖုန့်ကထပ်မံအော်ပြောလိုက်သကဲ့သို့ ပုရွက်ဆိတ်နက်ကြီးကလည်း ရုတ်ခြည်း ခေါင်းကိုမော့လိုက်သည်။ ၎င်း၏မျက်လုံးတို့က ယခင်ကထက်ပို၍ ပြူးကျယ်နေပြီး ၎င်း၏ကြမ်းကြုတ်ခက်ထန်သောမျက်နှာထက်၌ ပို၍ တုန်လှုပ်ထိတ်လန့်မှုတို့ဖြစ်ပေါ်နေသည်။

ယင်းမှာ ယခင်ကထက်ပို၍စွမ်းအားကြီးမားသော သဏ္ဍန်မဲ့စွမ်းအားက ရုတ်ခြည်းသူ၏ခေါင်းထက်မှပေါ်လာသည်ကို အာရုံခံမိသောကြောင့်ဖြစ်သည်။ထို့နောက်၎င်းက ထိုးစိုက်သွားသည်။

“ရှီး”

ပုရွက်ဆိတ်နက်ကြီး၏ ပါးစပ်မှ လက်သင့်မခံလိုမှုတို့ဖြင့်ပြည့်နှက်နေသော အော်သံတစ်ခုထွက်ပေါ်လာသည်။ထို့နောက်ချက်ချင်း မမြင်နိုင်သောစွမ်းအားက ၎င်း၏ဦးခေါင်းအားရုတ်ခြည်း ထိုးဖောက်ဝင်သွားကာ ဧရာမအပေါက်ကြီးတစ်ခုပွင့်ထွက်သွားစေသည်။ လက်ဆတ်သောသွေးများက ၎င်း၏ဦးခေါင်းမှ ရေပန်းကဲ့သို့ထွက်လာသည်။

မကြာခင် ပုရွက်ဆိတ်နက်ကြီး၏ဧရာမကိုယ်ကြီးက ဖြည်းညှင်းစွာ ပျော့ခွေသွားသော်လည်း မျက်လုံးတို့ကတော့ ပြူးကျယ်စွာပွင့်နေဆဲဖြစ်သည်။ယင်းမှတစ်ဆင့်မကျေနပ်မှုတို့ဖြင့်သေဆုံးသွား ရကြောင်းကိုမြင်နိုင်သည်ဖြစ်သည်။

ခွန်အားကုန်ခမ်းအားပြီးအား နည်းနေသည့်အချိန်တွင် ဤကဲ့သို့စပ်ဆုပ်ရွံရှာဖွယ်ကောင်းသောလူသားနှင့်ဆုံတွေ့ရခြင်းကို သာ၎င်းအနေဖြင့်မုန်းတီးခြင်းဖြစ်သည်။

“ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား.. ကောင်းကင်နဲ့မြေကြီးရဲ့ဟင်းလင်းပြင်ကို နှလုံးသားအသုံးပြုပြီးအာရုံခံတယ်..ကောင်းကင်နဲ့မြေကြီးရဲ့ဟင်းလင်းပြင်ထဲမှာရောယှက်တယ်.. ကောင်းကင်နဲ့မြေကြီးရဲ့ဟင်းလင်းပြင်နဲ့ တစ်သားတည်းဖြစ်လာတယ်.. ကောင်းကင်နဲ့မြေကြီးရဲ့ဟင်းလင်းပြင်ကိုဓားတစ်လက်အနေနဲ့အသုံးပြုတယ်..ဒီကောင်က ဟင်းလင်းပြင်ဓားကိုအသုံးပြုတဲ့နေရာမှာ တကယ်ကြီးအစစ်အမှန်အဆင့်တစ်ခုကိုရောက်ရှိသွားခဲ့တာပဲ”

ဤအချိန်တွင် ရှစ်ဖုန့်၏အထက်၌ရှိနေသော ဝတ်ရုံနက်မှာ ဧရာမပုရွက်ဆိတ်နက်ကြီးထံ သို့ခုတ်ပိုင်းလိုက်သည့် ရှစ်ဖုန့်ထုတ်ဖော်လိုက်သော ဟင်းလင်းပြင်ဓားချက်အား အာရုံခံမိသည့်အခါတွင် မနေနိုင်ဘဲ အံ့အားသင့်စွာဖြင့် ရေရွတ်ပြောလိုက်မိသည်။

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters