အခန်း (၉၅၇)
Vol. 64 Ch. 957
“ဟင်းလင်းပြင်ကိုဓားကဲ့သို့ဆိုတဲ့ နမည်အတိုင်းပဲ.. ဟင်းလင်းပြင်တစ်ခုလုံးက မင်းရဲ့ဓားဖြစ်လာတယ်”
“ဟင်းလင်းပြင်ရဲ့ နေရာတိုင်းမှာဓားကရှိတယ်”
“ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား..ဒါကတကယ်ကိုဆန်းကြယ်ပြီးစွမ်းအားကြီးမားတာပဲ”
“ဒါက နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဓားနည်းစနစ်တစ်ခုဖြစ်နေတာ အံ့ဩစရာမဟုတ်တော့ပါဘူး”
ပုရွက်ဆိတ်နက်ကြီးအားသတ်ရန် ရှစ်ဖုန့်အသုံးပြုလိုက်သည့်နောက်ဆုံးလှုပ်ရှားမှုက တကယ်ကြီး ဟင်းလင်းပြင်ဓားကိုအသုံးပြုသည့်အဆင့်သို့ရောက်ရှိနေကြောင်းကို ဝတ်ရုံနက်တွေ့လိုက်ရသည်။
ထိုထက်ပိုသည်ကား ရှစ်ဖုန့်၏ကိုယ်ပေါ်မှပို၍အံ့အား သင့်ဖွယ်ကောင်းသောတစ်စုံတစ်ခုကိုလည်း ဝတ်ရုံနက်မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ရှစ်ဖုန့်အနေဖြင့် နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်သော ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားချက်ကို တစ်ဆက်တည်းနှင့် လေးကြိမ်အသုံးပြုခဲ့သည်ဖြစ်သည်။
ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်က နှစ်ကြိမ်အသုံးပြုနိုင်လျှင်ပ် ကောင်းကင်ဘုံအားဆန့်ကျင်သောတည်ရှိမှုတစ်ခုဟု သုံးသပ်၍ရနိုင်နေပြီဖြစ်သည်။ သို့သော်ရှစ်ဖုန့်ကတော့တစ်ဆက်တည်း လေးကြိမ်အသုံးပြုခဲ့သည်။ထိုထက်ပိုသည်ကား ထိုသို့ပြီးသည့်တိုင်ရှစ်ဖုန့်အနေဖြင့် စိတ်လက်တက်ကြွစွာဖြင့်ရှိနေတုန်းဖြစ်သည်။
ယင်းမှာ သူ့အတွက်နောက်ထပ်အကြိမ်အနည်းငယ်လောက်ထပ်မံအသုံးပြုရန် ပြဿနာမရှိသည့်ပုံပေါ်၏။
ပုရွက်ဆိတ်နက်ကြီးအား သတ်ဖြတ်ပြီးသည့်နောက် သေခြင်းစွမ်းအင်နှင့်ဝိညာဉ်စွမ်းအင်တို့အားဝါးမျိုရန် ရှစ်ဖုန့်က ငရဲဘုံကိုးခုပညာရပ်ကို ချက်ချင်းအဆက်မပြတ်လှည့်ပတ်လိုက်သည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ ပုံရိပ်ကလည်း ဧရာမပုရွက်ဆိတ်နက်ကြီး၏ အလောင်းထံသို့တစ်ဟုန်ထိုး ဦးတည်ပျံသန်းနေဆဲဖြစ်သည်။
ပုရွက်ဆိတ်နက်ကြီးက သေဆုံးသွားပြီးဖြစ်သော်လည်း ရေဝဲ၏စုပ်ယူအားအောက်၌ ၎င်းက နောက်သို့တစ်ဟုန်ထိုးလွင့်ပျံနေဆဲဖြစ်သည်။အကယ်၍ ၎င်းအားဖမ်းမမိလျှင် ရေဝဲအတွင်းသို့ စုပ်ယူခံရလိမ့်မည်ဖြစ်၏။
ထိုအချိန်၌ ဘာဖြစ်မည်ကိုမည်သူသိနိုင်မည်နည်း။ ယခုအချိန်၌အရေးအကြီးဆုံးအရာကား သွေးကိုချက်ချင်းဝါးမျိုပြီး ကောင်းကင်မီးတောက်၏ စွမ်းအင်အား ပြီးပြည့်စုံသည့်အခြေအနေသို့ ရောက်ခွင့်ပြုရန်ဖြစ်သည်။
“မြန်မြန်..မြန်မြန် ကောင်လေး.ဒီနတ်ဆိုးသားရဲရဲ့သွေးကိုငါဝါးမျိုနိုင်တာနဲ့ ငါ့ရဲ့အရင်အကြွင်းမဲ့အခြေအနေကိုငါရောက်နိုင်မှာ..မြန်မြန်လုပ်ကောင်လေး”
ကောင်းကင်မီးတောက်၏ စိတ်လှုပ်ရှားနေသောအသံက ရှစ်ဖုန့်၏ကိုယ်အတွင်းမှ ဆက်တိုက်ထွက်ပေါ်နေသည်။
၎င်းအနေဖြင့် ၎င်း၏ယခင်အကြွင်းမဲ့ ခွန်အားအား လွမ်းဆွတ်နေပုံရ၏။
ဤသို့အရေးကြီးသည့်အခိုက်အတန့်တွင် ရေဝဲ၏အားကောင်းသောစုပ်ယူအားအောက်၌ ဧရာမနတ်ဆိုးသားရဲများက ရုန်းကန်၊ခုခံ၊လက်သင့်မခံနိုင်စွာဖြင့်အော်ဟစ်နေဆဲဖြစ်သော်လည်း အဆုံးသတ်၌ ရေတိုင်ကြီး၏ အောက်ခြေဘက်ရေဝဲထံသို့ ၎င်းတို့အနေဖြင့်စုပ်ယူခံနေရဆဲဖြစ်သည်။
လူသားကျွမ်းကျင်သူနှစ်ဦးမှာလည်း ရေဝဲအတွင်းသို့စုပ်ယူခံနေရ၏။
ဤအချိန်တွင် ရှစ်ဖုန့်၏ပုံရိပ်က နောက်ဆုံး၌ ဧရာမပုရွက်ဆိတ်နက်ကြီး၏ဦးခေါင်းပေါ်သို့ ခြေချမိသွားသည်။ ပုရွက်ဆိတ်နက်ကြီး၏ ဦးခေါင်းမှ ပန်းထွက်နေသောသွေးတို့မှာ မူလက အားကောင်းသောစုပ်ယူအားကြောင့် ရေဝဲအတွင်း စုပ်ယူခံနေရသည်ဖြစ်သည်။
ရှစ်ဖုန့်ကအလျှင်အမြန်ဆောင့်ကြောင့် ထိုင်လိုက်ပြီး ညာလက်ငါးချောင်းအားဖြန့်လိုက်ကာ မမြင်နိုင်သောဓားကိုဖန်တီး၍ သွေးစွန်းနေသောအပေါက်ကို ပိတ်လိုက်သည်။ကောင်းကင်မီးတောက်၏ ဆန်းကြယ်သောစွမ်းအားကို အဆက်မပြတ်လှည့်ပတ်ပြီး ဧရာမပုရွက်ဆိတ်နက်ကြီး၏ကိုယ်အတွင်းမှ လက်ဆတ်သောသွေးတို့အားရူးသွပ်စွာ ဝါးမျိုတော့သည်။
“တိရစ္ဆာန်ကောင်..ငရဲကိုသွားလိုက်စမ်း”
ဤအချိန်တွင် အေးစက်သောအော်သံတစ်ခု ကိုကြားလိုက်ရသည်။
ရေဝဲ၏အားကောင်းသောစုပ်ယူအားနောက်သို့လိုက်ပါရင်း ပုရွက်ဆိတ်နက်ကြီးပေါ်ရှိ ရှစ်ဖုန့်ထံသို့ ပုံရိပ်တစ်ခုကတိတ်တဆိတ်ချဉ်းကပ်လာသည်။ ထို့နောက်သူ့အားအဆက် မပြတ်တိုက်ခိုက်လာသော အကြွင်းမဲ့စွမ်းအားတစ်ခုကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
သူ့အားတိုက်ခိုက်လိုက်သည့်သူက ကျီးကန်းနက်မျိုးနွယ်စု၏ ပါရမီရှင်ဖြစ်သူ ပုယာဖြစ်ကြောင်း ရှစ်ဖုန့်လျှင်မြန်စွာ တွေ့လိုက်ရသည်။
ရှေးဟောင်းအစီအရင်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖျက်ဆီးခံရပြီးနောက်၌ ဤကဲ့သို့ စွမ်းအားကြီးမားသောခွန်အားတစ်ခုပုယာ၌ပိုင်ဆိုင် နေလိမ့်မည်ဟု မည်သူကထင်ပါမည်နည်း။ သူ၏လက်ရှိခွန်အားက သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားပြည့်တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သည်ဖြစ်သည်။
အကယ်၍ပုယာသာ သူ၏အထွတ်အထိပ်အခြေအနေသို့ပြန်ရောက်ခဲ့လျှင် သူထုတ်ဖော်သောစွမ်းအားက စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။ ထိုထက်ပိုသည်ကားပုယာမှာ အစီအရင်အတွင်းပထမဆုံးဝင်ရောက်ခဲ့သူဖြစ်ပြီး ထို့ကြောင့် စွမ်းအားအများဆုံးကုန်ဆုံးရ သည်ဖြစ်လောက်သည်။
ရှစ်ဖုန့်၏ကိုယ်ပေါ်တွင်ရွှေရောင်အလင်းတစ်ခုက တိတ်တဆိတ်ပေါ်လာပြီးရှစ်ဖုန့်၏ကိုယ်အားကာကွယ်လိုက်သည်။ ရှစ်ဖုန့်၏ညာလက်က ပုရွက်ဆိတ်နက်ကြီး၏လက်ဆတ် သောသွေးတို့အား ဆက်လက်ဝါးမျိုနေဆဲဖြစ်၏။ သူ၏ဘယ်လက်က ဓားလက်ချောင်းတစ်ခုအဖြစ်ဖွဲ့စည်းပြီးဖြစ်သည်။ သူကအော်ပြောလိုက်၏။
“ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား”
ရုတ်ခြည်း ကောင်းကင်ထက်မှမမြင်နိုင်သောဧရာမဓားတစ်လက်ကျဆင်းလာကာ ရှစ်ဖုန့်၏ရှေ့၌ပိတ်ကာလိုက်သည်။ ပုယာ၏လက်သီးချက်က မမြင်နိုင်သော ဓားကြီးကို ထိမှန်သွား၏။
“ဝုန်း”
ပုယာ၏လက်သီးက သူ့ရှေ့ရှိ မမြင်နိုင်သောဓားကြီးအားဖျက်ဆီးပစ်လိုက်သည်။ ပုယာကပုယာပင်ဖြစ်သည်။ မြေရိုင်းဒေသကြီး’ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးအဖြစ် ခေါ်ဆိုရန်ထိုက်တန်သည်ဖြစ်၏။
ရှစ်ဖုန့်၏ဟင်းလင်းပြင်ဓားအားချိုးဖျက်ပြီးနောက် ပုယာ၏ ဖိနှိပ်သော စွမ်းအားက ရှစ်ဖုန့်အား ဆက်လက်တိုက်ခိုက်လာသည်။
သူ့ထံသို့လာနေသောနောက်ထပ်တိုက်ခိုက်မှုတစ်ခုအားအာရုံခံမိသောကြောင့် ရှစ်ဖုန့်၏မျက်နှာကပို၍အေးစက်မှုအဖြစ်သို့ပြောင်းလဲသွားသည်။ ၎င်းကသူ့အထက်၌ရှိနေသော ကျင်းဖူဖြစ်၏။ ရှစ်ဖုန့်အားပုယာကတိုက်ခိုက်နေစဉ် ၎င်းက မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုအသက်သွင်း၍ ရှစ်ဖုန့်အား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူကရှစ်ဖုန့်ကိုသတ်ချင်နေခြင်းဖြစ်၏။
သူ့ရှေ့၌ကျားတစ်ကောင်ရှိပြီးအထက်၌ ဝံပုလွေတစ်ကောင်ရှိနေသည်ဟု ပြောနိုင်သည်ဖြစ်သည်။
ဤအချိန်တွင်ရှစ်ဖုန့်တစ်ယောက်ထပ်မံတုန်လှုပ်သွားသည်။ သူ၏အထက်၌ဧရာမ ကြေးနီရောင်ခေါင်းလောင်းကြီးတစ်ခုပေါ်လာသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ဤခေါင်းလောင်းက မြေကလန်၏ အထွတ်အမြတ်ရတနာဖြစ်သော နတ်ဘုရားမြေခေါင်းလောင်းပင်ဖြစ်သည်။
“သက်ကြားအိုကြီး..ခင်ဗျားတောင်ဒီသခင်လေးကိုချောင်းတိုက်တာပေါ့လေ”
သူ့အထက်ရှိနတ်ဘုရားမြေခေါင်းလောင်းအားမြင်တွေ့လိုက်ရချိန်တွင် ရှစ်ဖုန့်က ခက်ထန်စွာအော်ဟစ်လိုက်သည်။
ဝတ်ရုံနက်ကနတ်ဘုရားမြေခေါင်းလောင်းကိုအသုံးပြု၍ သူ့အားလွှမ်းခြုံလိုက်သည်။ ယင်းကရှစ်ဖုန့်အားအသုံးပြုပြီး အောက်သို့ဆင်းချိန်၌ ထိမှန်စေလိုသည်မှာသိသာသည်ဖြစ်၏။
“ဒီသူတောင်းစားကြီးကတော့”
ရှစ်ဖုန့်က သူ့ရှေ့ရှိ ပုယာ၊ကျင်းဖူနှင့်ဝတ်ရုံနက်တို့ကို အေးစက်စွာတစ်ချက်ကြည့်လိုက်သည်။
ထို့နောက်နတ်ဘုရားမြေခေါင်းလောင်းက ရုတ်ခြည်းတိုက်ခိုက်လာသည်။ ယင်းက ကျင်းဖူနှင့်ပုယာတို့၏တိုက်ခိုက်မှုများ ထက်မြန်ဆန်၏။ ၎င်းကရှစ်ဖုန့်၏တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည်။
“ဒေါင်”
နတ်ဘုရားမြေခေါင်းလောင်း ၏ပြင်းထန်သောခေါင်းလောင်း မြည်သံတစ်ခုထွက်ပေါ်လာသည်။ယင်းက ပုယာ၏လက်သီးချက်က နတ်ဘုရားမြေခေါင်းလောင်းပေါ်သို့ ကျရောက်သောကြောင့်ထွက် ပေါ်လာသည့်အသံဖြစ်သည်။
ဤအချိန်တွင် နတ်ဘုရားမြေခေါင်းလောင်းအတွင်း ၌ရှိနေသောရှစ်ဖုန့်မှာ ကျယ်လောင်သောအသံအောက်၌ သူ့ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းမှစွမ်းအင်အတက်အ ကျလှိုင်းများကိုခံစားရသည်။ ထို့နောက် သူဝန်းကျင်ရှိကမ္ဘာက တဝှီဝှီလည်ပတ်နေသည်ကို ခံစားလိုက်ရသည်။
ပုယာ၏ပြင်းထန်သောလက်သီးချက်ကြောင့် ဧရာမပုရွက်ဆိတ်နက်ကြီး၏ရှုံ့တွနေသော အလောင်းပေါ်မှ နတ်ဘုရားမြေခေါင်းလောင်းက အဝေးသို့လွင့်သွားသည်။ ထို့နောက် ရေဝဲ၏စုပ်ယူအားအောက်၌ဆက်လက်လည်ပတ်ပျံသန်းသွား၏။
“ဝုန်း”
ဤအချိန်တွင် နတ်ဘုရားမြေခေါင်းလောင်းမှ နောက်ထပ်ပြင်းထန်သော မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အစိမ်းရောင်အလင်းတန်းက နတ်ဘုရားမြေခေါင်းလောင်းအား ပြင်းထန်စွာထိမှန်သွားသည်။
“ဒါ..ဒါက”
နတ်ဘုရားမြေခေါင်းလောင်းအတွင်း ၌ရှိနေသောရှစ်ဖုန့်မှာ နတ်ဘုရားမြေခေါင်းလောင်း၏ မရပ်မနားမြည်မှုကိုကြားလိုက်ရသည်။ သို့သော်နတ်ဘုရားမြေခေါင်းလောင်းက သူ့အား လုံးဝတိုက်ခိုက်ခြင်းမရှိပေ။
ထိုအစားကျယ်လောင်သောမြည်သံက ပုယာ၏တိုက်ခိုက်မှုအား တားဆီးရန်သူ့အားကူညီနေ၏။ အဆုံးသတ်၌မြည်သောအသံကလည်း မိုင်တစ်ထောင်နတ်ဘုရားမှန်မှလာသော အစိမ်းရောင်အလင်းကိုတားဆီးရန်ကူညီနေသည်။
ရှစ်ဖုန့်မှာသူ၏အသိအာရုံမှတစ်ဆင့် နတ်ဘုရားမြေခေါင်းလောင်းက သူ့အားတစ်ချိန်လုံးတိုက်ခိုက်ခြင်းမရှိသည်ကို အာရုံခံမိလိုက်သည်။ သူ၏ယခင်အခြေအနေနှင့်ပေါင်းစပ်၍ ရှစ်ဖုန့်လျှင်မြန်စွာ တွေးတောနားလည်သွား၏။
“ဒီတော့ဒီသခင်လေးကို ဝတ်ရုံနက်က ကယ်တင်ခဲ့တာလား.. နတ်ဘုရားမြေခေါင်းလောင်းက တကယ်ကြီးဒီသခင်လေးကို တိုက်ခိုက်မှုတွေကနေကူညီတားဆီးပေးခဲ့ပေမဲ့ ဒီသခင်လေးကတော့သူ့ရဲ့ကြင်နာမှုကို ပြန်မပေးဆပ်ခဲ့ရဘူး..ဒီသခင်လေး သူ့ကိုနားလည်မှုလွဲသွားတာပဲ”
ဤအချိန်တွင်ရင်းနီးသော အက်ရှရှနှင့်အိုမင်းသည့်အသံက ရှစ်ဖုန့်နားထဲသို့ဝင်ရောက်လာသည်။
“ကောင်လေး.. ငါမင်းရဲ့အသက်ကို ကယ်တင်ခဲ့တယ်.. မင်းငါ့ကိုအကြွေးတစ်ခုတင်နေတာကိုမှတ်ထားပါ.. အနာဂတ်မှာမင်းအစွမ်းကုန်ငါ့ကိုပြန်ပေးဆပ်ရမယ်နော်.. ငါနဲ့ထပ်တွေ့မှ နတ်ဘုရားမြေခေါင်းလောင်းကို ငါ့ကိုပြန်ပေး”
သေချာစွာပင် ဝတ်ရုံနက်က နတ်ဘုရားမြေခေါင်းလောင်းကိုအသုံးပြု၍ ရှစ်ဖုန့်အားကယ်တင်ခဲ့ခြင်းဖြစ်သည်။ရှစ်ဖုန့်ကသာသူ့အားနားလည်မှုလွဲသွားခြင်းဖြစ်၏။
ထို့နောက်နတ်ဘုရားမြေခေါင်းလောင်းထဲ၌ရှိနေသည့်ရှစ်ဖုန့်က ပြင်းထန်သောလည်ပတ်မှုကိုထိန်းချုပ်လိုက်သည်။ သို့သော်ထို့နောက်တွင် ပို၍ပြင်းထန်သောလည်ပတ်မှုတစ်ခုက ရုတ်ခြည်းပေါ်လာသည်။
ရှစ်ဖုန့်အားကာကွယ်ထားသော နတ်ဘုရားမြေခေါင်းလောင်းမှာ နောက်ဆုံး၌ ရေတိုင်တန်းကြီး၏အောက်ခြေမှ ဝဲကြီးအတွင်းစုပ်ယူခံလိုက်ရသည်။
ဆက်ရန်.......
ဘာသာပြန်သူ-ARISE