← Chapters

အခန်း (၉၅၈)

Vol. 64 Ch. 958

အခန်း (၉၅၈)

Vol. 64 Ch. 958

“မင်း..ဘယ်လိုလုပ်ပီး သူ့အတွက်နဲ့ငါ့ကိုမင်းထပ်ပြီးတော့ ဆန့်ကျင်ရဲတာလဲ..”

နတ်ဘုရားမြေခေါင်းလောင်းက သူနှင့်ပုယာတို့အားရှစ်ဖုန့်အပေါ်တိုက်ခိုက်မှုအား တားဆီးလိုက်သည်ကိုတွေ့ရသောအခါတွင် ကျင်းဖူက အံကိုတင်းတင်းကြိတ်၍ ဝတ်ရုံနက်ထံသို့အော်ပြောလိုက်သည်။

“ချီးပဲ..ချီးပဲ.. ဒီကောင်က ရှေးဟောင်းအစီအရင်ထဲငါ့ကို လှည့်ဖျားခေါ်ပြီးတော့ ကျီးကန်းနက်ကိုသတ်ပစ်ခဲ့တာ.. ငါလည်းသေလုနီးပါးဖြစ်ခဲ့ရတယ်.. ဒီကောင်သေချာပေါက်သေရမယ်.. ငါပုယာသေချာပေါက်သူ့ကိုသတ်ပစ်မယ်”

ပုယာ၏ချောမောသောမျက်နှာထက်၌ ခက်ထန်သောအမူအယာတစ်ခုရှိနေပြီး ရှစ်ဖုန့်အားလွှမ်းခြုံထားသော နတ်ဘုရားမြေခေါင်းလောင်းနှင့် ၎င်းတို့အားရေဝဲအတွင်းသို့ စုပ်ယူသွားရမှုကိုကြည့်နေ၏။ သူကရေဝဲထံသို့ ဒေါသအမျက်ချောင်းချောင်းထွက်စွာဖြင့်ပြောလိုက်သည်။

ထို့နောက်ချက်ချင်း လူသားမျိုးနွယ်စု၏ နောက်ဆုံးပုံရိပ်သုံးခုမှာလည်း အားကောင်းသောစုပ်ယူအားကြောင့်ဝဲအတွင်းသို့ စုပ်ယူခံလိုက်ရသည်။ ၎င်းတို့အနေဖြင့် စုပ်ယူခံရမှုအား ခုခံနိုင်ခြင်းမရှိပေ။

ပုံရိပ်သုံးခုအပြင် ပုရွက်ဆိတ်နက်ကြီး၏ ခြောက်သွေ့နေသောအလောင်း လည်းပါဝင်သည်ဖြစ်သည်။

ဤအချိန်တွင် နတ်ဘုရားမြေခေါင်းလောင်း အတွင်း၌ရှိနေသည့်ရှစ်ဖုန့်မှာ ပြင်းထန်စွာလည်ပတ်နေခြင်းမှ ရပ်တန့်သွားသည်။ သူ့အနေဖြင့် လွန်စွာမြင့်မားသောနေရာတစ်ခုမှ တစ်ဟုန်ထိုးပြုတ်ကျနေသည်ကို သာခံစားလိုက်ရ၏။

ဤအချိန်တွင် “ဒေါင်”ဟူသောအသံနှင့်အတူ နတ်ဘုရားမြေခေါင်းလောင်းက ရုတ်တရက်မြေပြင်ပေါ်ကျဆင်းသွားပြီး မြေမျက်နှာပြင်နှင့်ထိမှန်ကာ ကျယ်လောင်သောခေါင်းလောင်းသံတစ်ခုကိုထုတ်လွှတ်လာသည်။

“ဖွင့်စမ်း”

ဤအချိန်တွင် မြေပြင်ပေါ်သို့ကျဆင်းသွားသည် ကိုအာရုံခံမိသောရှစ်ဖုန့်က အော်ပြောလိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏ကိုယ်ကလှုပ်ခါသွားပြီးနောက်ထပ်ခေါင်းလောင်းသံတစ်ချက်နှင့်အတူ သူ့ကိုယ်အားဖုံးကာထားသော နတ်ဘုရားမြေခေါင်းလောင်းက ကောင်းကင်ထဲသို့ပျံတက်သွားသည်။

ရှစ်ဖုန့်၏မျက်လုံးအတွင်းသို့ ပြင်ပကမ္ဘာက ဝင်ရောက်လာသည်။ သူကတီးတိုးရေရွတ်လိုက်သည်။

“ဒါကမွန်းစတားနတ်ဘုရားရဲ့ သင်္ချိုင်းနယ်မြေလား...မွန်းစတားနတ်ဘုရားရဲ့သင်္ချိုင်းနယ်မြေက တကယ်တော့ ကမ္ဘာသေးလေးတစ်ခုပဲ”

သူမြင်တွေ့လိုက်ရသည်ကားအကန့်သတ်မဲ့ကျယ်ပြောသောကမ္ဘာတစ်ခုဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပြင်ပ ကမ္ဘာနှင့်ဘာမှကွာခြင်းခြင်းမရှိပေ။ သူသာဤနေရာကိုမသိလျှင် ရှေးဟောင်းမွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေနှင့် ဆက်ဆက်မိလိမ့်မည်မဟုတ်ချေ။

သို့သော်မကြာခင်တွင် ဤကမ္ဘာ၏ကွာခြားချက်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ကုန်းမြေကအကန့်သတ်မဲ့ကျယ်ပြောပြီးတောင်တန်းများ၊မြစ်များ၊ရေကန်များရှိနေသော်လည်း သက်ရှိလက္ခဏာတစ်စွန်းတစ်စကိုမှ ရှစ်ဖုန့်မမြင်တွေ့ရပေ။မြေပြင်ထက်၊တောင်တန်းများအတွင်းနှင့် မြက်များကြားထဲ၌ပင် ဘာသက်ရှိမှရှိမနေပေ။

“ဒါကသေခြင်းရဲ့အသက်မဲ့တဲ့ကုန်းမြေပဲ”

“ဒါကတိတ်ဆိတ်ပြီးစိတ်ပျက်စရာကောင်းတယ်”

သားရဲကိုးကောင်နှင့် လူသားကျွမ်းကျင်သူနှစ်ဦးတို့မှာ ရှစ်ဖုန့်ထက်အရင် ဤနေရာသို့ရောက်ခဲ့ကြသည်ဖြစ်သည်။ ဤအချိန်တွင် ရှစ်ဖုန့်အနေဖြင့် ၎င်းတို့ထဲမှ မည်သူ့ကိုမှ မမြင်တွေ့ရပေ။ ရှစ်ဖုန့်ကသူ၏လက်တို့ဖြင့် ဆီးလ်တို့ကိုပုံဖော်လိုက်ပြီး သူ၏ညာလက်ဝါးအား အပေါ်သို့တွန်းထုတ်လိုက်သည်။သိပ်သည်းသောအဖြူရောင်လက်ဝါးရိပ်တစ်ခု နတ်ဘုရားမြေခေါင်းလောင်းပေါ်သို့ကျဆင်းသွားသည်။

“ထန်” ဟူသောအသံတစ်ခုနှင့်အတူ နတ်ဘုရားမြေခေါင်းလောင်းက ထပ်မံအသံထွက်လာသည်။ ရှစ်ဖုန့်၏အဖြူရောင်ရုန်းက နတ်ဘုရား မြေခေါင်းလောင်းအတွင်း ဝင်ရောက်သွားသည်။

မကြာခင် ရှစ်ဖုန့်၏ အတွေးတစ်ချက်ဖြင့်နတ်ဘုရားမြေခေါင်းလောင်းက တစ်ဟုန်ထိုးကျုံ့ဝင်လာသည်။ ၎င်းကျဆင်းလာချိန်တွင် ရှစ်ဖုန့်က ဖမ်းဆုပ်လိုက်သည်။

သို့သော်ရှစ်ဖုန့်က ၎င်းအားသန့်စင်ပြီး ၎င်းအပေါ်၌ သူ၏ ဝိညာဉ်အမှတ်အသားကို မရိုက်နှိပ်ခဲ့ပေ။ အလွယ်တကူထိန်းချုပ်နိုင်ရန်အတွက်သာ ရုန်းအတွင်းသူ၏အော်ရာတစ်စွန်းတစ်စကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုနေ့ကတည်းက သူက နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်နှင့် နတ်ဘုရားမြေခေါင်းလောင်းကိုလဲလှယ်ရန် သဘောတူညီခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ၎င်းက ဝတ်ရုံနက်နှင့်သာ သက်ဆိုင်သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား နတ်ဘုရားမြေခေါင်းလောင်း သူ့လက်အတွင်းရောက်ရှိနေသည့်အ ကြောင်းပြချက်မှာ ဤနတ်ဘုရားတစ်ပိုင်းလက်နက်ဖြင့် ဝတ်ရုံနက်က သူ့အားကယ်တင်ခဲ့သောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ကျေးဇူးမသိတတ်စွာဖြင့်၎င်းအား မရယူလိုပေ။

သူ့အနေဖြင့်အချိန်အတိုင်းအတာတစ်ခုအထိသာအသုံးပြုပြီး ဝတ်ရုံနက်နှင့်ပြန်ဆုံတွေ့ သည်နှင့်၎င်းအားပြန်ပေးမည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် မွန်းစတားနတ်ဘုရားသင်္ချိုင်းသို့အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။ သို့သော် သူ့အနေဖြင့် ဤနေရာအား အလျှင်အမြန်ရှာဖွေရန် အစီအစဉ်မရှိပေ။ သူ၏ ဒန်တန်အတွင်းမှစွမ်းအင်က ပြီးပြည့်စုံသည့်နယ်ပယ်နှင့် အနည်းငယ်ဝေးနေသေးသည်ဖြစ်သည်။

မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေဖြစ်သောဤနေရာအားသူစူးစမ်းရှာဖွေလိုလျှင် သူ့နေဖြင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဖြစ်နိုင်သမျှ အမြန်ဆုံးဝင်ရောက်ဖို့လိုသည်ဖြစ်သည်။ ထိုနောက်မှသာဤနေရာ ရှင်သန်ရန်အတွက်ပိုကောင်းမွန်သောအခွင့်အရေးသူ့၌ရှိမည်ဖြစ်၏။

ထိုထက်ပိုသည်ကား မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေသို့ဝဲကြောင့်သူစုပ်ယူခံရပြီးနောက် သူ့အားသတ်ချင်နေသောကျင်းဖူနှင့် ပုယာတို့သည်လည်း စုပ်ယူခံခဲ့ကြရသည်ဖြစ်သည်။

ထိုလူနှစ်ယောက်အား နားလည်မှုသွားလွဲ၍မရပေ။သူ၏လက်ရှိကျင့်ကြံမှုဖြင့် ၎င်းတို့အား မယဉ်နိုင်ပေ။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့သူရောက်ရှိသည်နှင့် ၎င်းတို့အားသတ်ရန်အချိန်ကျမည်ဖြစ်၏။

ထို့နောက်ရှစ်ဖုန့်ကမျောလွင့်တက်လိုက်သည်။ သူ၏ခြေထောက်တို့ကမြေပြင်နှင့်လွတ်ကင်းသွား၏။ ထို့နောက်ရှစ်ဖုန့်ကတင်ပျဉ်ခွေထိုင်လိုက်ပြီးဟင်းလင်းပြင်ထဲ၌ဖြည်းညှင်းစွာမျောလွင့်ရပ်တည်နေလိုက်သည်။

ထို့နောက်ရှစ်ဖုန့်ကသူ၏စိတ်ကိုအသုံးပြုလိုက်၏။ များပြားလှသော ကမ္ဘာဦးကျောက်တုံးများကသိုလှောင်လက်စွပ်အတွင်းမှထွက်လာပြီး ကျိုင်းကောင်များနှင့် ရှစ်ဖုန့်အား ဝန်းရံထားသည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း..”

ရုတ်ခြည်းထောင်ပေါင်းများစွာသော ကမ္ဘာဦးကျောက်တုံးများ ပေါက်ကွဲသွားသည်။ ရုတ်ခြည်းဤကမ္ဘာငယ်လေးအတွင်း အားကောင်းသောကမ္ဘာဦးချီများအုံကြွလာသည်။

ရှစ်ဖုန့်ကငရဲဘုံကိုးခုပညာရပ်ကိုအဆက်မပြတ်လှည့်ပတ်ပြီး ရေထဲမှဧရာမဝေလငါးကြီးတစ်ကောင်ကဲ့သို့ ရုတ်ခြည်းစုပ်ယူလိုက်ကာ ဤကမ္ဘာငယ်လေး၏ ပေါကြွယ်ဝသောယွမ်ချီတို့က လွန်စွာပြင်းထံသောပုံစံဖြင့် သူ၏စုပ်ယူခြင်းကိုခံလိုက်ရသည်။ မကြာခင်ခန္ဓာကိုယ်အတွင်းသို့စုပ်ယူခံလိုက်ရပြီး ဒန်တန်အတွင်းပေါင်းစည်းသွားသည်။

ဤကမ္ဘာငယ်အတွင်း ကမ္ဘာဦးချီတို့က ရှစ်ဖုန့်၏ဝါးမျိုခြင်းကိုခံလိုက်ရသည်။

သို့သော်ရှစ်ဖုန့်၏ သိုလှောင်လက်စွပ်အတွင်းရှိ ကမ္ဘာဦးကျောက်တုံးတို့က ကုန်ခမ်းပုံမရပေ။ ၎င်းတို့ကဆက်လက်ထွက်လာနေဆဲဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် ယခုအထိဆိုလျှင် ပြန်လည်မွေးဖွားလာခဲ့သည်မှာ နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး သူဖြတ်သန်းရာလမ်းတစ်လျှောက်ယခုအချိန်အထိ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကိုပြုခဲ့သည်ဖြစ်သည်။ စွမ်းအားကြီးမားသောရန်သူမည်မျှအားသူသတ်ခဲ့မှန်းပင်မသိတော့ချေ။ ၎င်းတို့ထဲမှအချို့ကမြင့်မားသော ရာထူးများရှိပြီး အချို့ကအရှင်သခင်များဖြစ်ကာ အချို့ကဂိုဏ်းခေါင်းဆောင်များဖြစ်၍ အချို့ကတော့နိုင်ငံ့ဥသျှောင်များဖြစ်ကြပြီး အချို့က အထွတ်အထိပ်ဧကရာဇ်နယ်ပယ်နှင့် အချို့က နှစ်ထောင်ပေါင်းများစွာသက်တမ်းကြာမြင့်သော ရှေးဟောင်းမိသားစုများနှင့် သက်ဆိုင်သူများဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုအားကောင်းသောရန်သူများအားသတ်ဖြတ်ပြီးသည့်နောက် ၎င်းတို့၏ကြွယ်ဝချမ်းသာမှုများက ရှစ်ဖုန့်နှင့်သက်ဆိုင်သော အရာများသာဖြစ်သည်။ သူ၏သိုလှောင်လက်စွပ်အတွင်း၌ ကမ္ဘာဦးကျောက်တုံးမည်မျှရှိသည်ကိုရှစ်ဖုန့်မရေတွက်နိုင်ပေ။ ၎င်းတို့က မြစ်တစ်စင်းကဲ့သို့ပင် ပေါများလှသည်ဖြစ်သည်။

ထို့အပြင် သူ၏သိုလှောင်လက်စွပ်အတွင်း၌ ကျင့်ကြံမှုအား မြှင့်တင်ပေးနိုင်သောဆေးလုံးပေါင်းများစွာလည်းရှိသည်ဖြစ်သည်။ ၎င်းတို့ကဆေးလုံးအဆင့်တစ်မှရှစ်အတွင်းရှိကြ၏။

ဤအချိန်တွင်ရှစ်ဖုန့်အနေဖြင့် မည်သည့်အဆင့်ဆေးလုံးဆို သည်အားဂရုစိုက်ခြင်းမရှိပေ။ လက်အပြည့်စုပ်ကိုင်ပြီး၎င်းတို့အားပါးစပ်အတွင်းသို့ထည့်လိုက်သည်။ တစ်ခုပြီးတစ်ခုဆေးများက ယွမ်ချီတို့အဖြစ်ပြောင်းလဲသွားပြီးရှစ်ဖုန့်၏ဒန်တန်အတွင်းသို့စီးမျောဝင်သွားသည်။

“ပြည့်ကာနီးပြီ”

သူ၏ဒန်တန်အားအဆက်မပြတ်အာရုံခံနေသောရှစ်ဖုန့်မှာ သူ၏ဒန်တန်အတွင်းရှိစွမ်းအင်က ပို၍ပို၍ပေါများလာသည်ကို ခံစားနိုင်သည်ဖြစ်သည်။ သူကမနေနိုင်ဘဲထပ်မံတီးတိုးရေရွတ်လိုက်သည်။

သူ၏ဒန်တန်အတွင်းမှစွမ်းအင်က ပို၍ပို၍ပေါများလာသည်။ ယင်းမှာ သူ့အနေဖြင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှင့်နီးကပ်သည်ထက်နီးကပ်လာပြီဟုဆိုလိုခြင်းဖြစ်သည်။ ယခင်ဘဝကဤနယ်ပယ်သို့ သူခါးသီးစွာအရူးအမူးလိုက်စားခဲ့၏။ မကြာခင်ရောက်ရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သူ၏ဒန်တန်အတွင်းမှစွမ်းအင်က ပြီးပြည့်စုံသည့်အခြေအနေသို့ရောက်သည့်အချိန်တွင် လူတစ်ယောက်၏အသံကရုတ်တရက်ထွက်ပေါ်လာသည်။

“ဟမ်..ဒါကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက သူတောင်းစားပဲ.. ဒီနေရာမှာရှိနေမယ်လို့ငါမမျှော်လင့်ထားဘူး..နတ်ဘုရားမြေခေါင်းလောင်းကိုလက်လွှဲပေးပြီးတော့ သေလိုက်စမ်း”

ထို့နောက်သူ့အားဖျက်ဆီးရန်စိတ်ပိုင်းဖြတ်ထားသည့် လွန်စွာစွမ်းအားကြီးမားသောစွမ်းအားတစ်ခုက ကောင်းကင်ထဲမှကျဆင်းလာပြီး သူ့ထံသို့တိုက်ခိုက်လာသည်ကို ရှစ်ဖုန့်ရုတ်ခြည်းအာရုံခံမိလိုက်သည်။

ဆက်ရန်.......

ဘာသာပြန်သူ-ARISE

All Chapters