← Chapters

အခန်း (၉၅၉)

Vol. 46 Ch. 959

အခန်း (၉၅၉)

Vol. 46 Ch. 959

ရှစ်ဖုန့်၏ အထက်မှ မမြင်နိုင်ဘဲစွမ်းအားကြီးမားသော တိုက်ခိုက်မှုတစ်ခုက ရှစ်ဖုန့်ရှိရာ ကမ္ဘာငယ်လေးသို့ဝန်းရံလာသည်။ ထို့နောက် ၎င်းက ကျဆင်းလာ၏။

ရှစ်ဖုန့်၏ဝိညာဉ်က အရမ်းကို ထိရှလွယ်သည်ဖြစ်သည်။ သူ့အနေဖြင့်၎င်းအား အာရုံခံမိပြီးဖြစ်သောကြောင့် ကမ္ဘာဦးကျောက်တုံးတို့အား ဝါးမျိုနေမှုကို အလျှင်အမြန်ရပ်တန့်လိုက်သည်။နတ်ဘုရားတစ်ပိုင်းတစ်ဦး၏စွမ်းအားကြောင့် ရှစ်ဖုန့်၏ကိုယ်ပေါ်၌ ရွှေရောင်အလင်းက တိတ်တဆိတ်ပေါ်လာသည်။ ၎င်းကရွှေရောင်အလင်းတို့လင်းလက်စွာဖြင့် ရှစ်ဖုန့်၏ကိုယ်အားကာကွယ်ပေးထား၏။

“ဟင်းလင်းပြင်ဓား”

ရှစ်ဖုန့်ကအလျှင်အမြန်အော်ပြောလိုက်သည်။သူ၏ဓားလက်ချောင်းအား ကောင်းကင်ထဲသို့ထိုးညွှန်လိုက်၏။

ရုတ်ခြည်းရှစ်ဖုန့်၏အထက် ဟင်းလင်းပြင်ထဲ၌ မမြင်နိုင်ဘဲစွမ်းအားကြီးမားသောဓားတစ်လက်ဖွဲ့စည်းလာသည်။ထို့နောက်၎င်းက ရန်သူ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

တစ်ချိန်တည်းတွင် ရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်းလောင်းကိုထုတ်ယူလိုက်၏။ ၎င်းကရုတ်ခြည်းကြီးမားလာပြီးရှစ်ဖုန့်၏ဘေး၌ မျောလွင့်ရပ်တည်နေ၏။

အဆုံးသတ်တွင် ဟင်းလင်းပြင်ဓားချက်က စွမ်းအားကြီးမားပြီး မမြင်နိုင်သောစွမ်းအားကိုတားဆီးနိုင်သွားသည်။

သို့သော်ရှစ်ဖုန့်တိုက်ခိုက်မှုအား တားဆီးလိုက်ချိန်တွင် ယခင်တစ်ခုထက်စွမ်းအား လျော့နည်းခြင်းမရှိသော မိုးခြိမ်းသံလက်ဝါးတစ်ခုက ရုတ်ခြည်းထွက်ပေါ်လာပြီး သူ၏အထက်မှ ဒေါင်လိုက်အတိုင်းကျဆင်းလာသည်။

ရှစ်ဖုန့်အား လူနှစ်ယောက်က တိုက်ခိုက်ခြင်းဖြစ်သည်။ ဤလူနှစ်ယောက်က ကျင်းဖူနောက်သို့လိုက်ပါလာသောလူခြောက်ဦးထဲမှ ရှင်ကျန်ရစ်ခဲ့သူများဖြစ်ကြသည်။

အစောပိုင်းတွင်သူတို့နှစ်ဦးက ရှစ်ဖုန့်အားတစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လိုက်ကြသည်။ မျှော်လင့်မထားသည်က ရှစ်ဖုန့်က ၎င်းတို့၏တိုက်ခိုက်မှုတစ်ခုအား ဟင်းလင်းပြင်ဓားချက်ဖြင့် တားဆီးလိုက်ချိန်တွင် အခြားတစ်ယောက်ကနောက်ထပ် တိုက်ခိုက်ခြင်းဖြစ်သည်။၎င်းကပြင်းထန်သည့် ခရမ်းရောင်မိုးကြိုးတို့ တစ်လက်လက်ထနေသော မိုးကြိုးလက်ဝါးပုံရိပ်ဖြစ်သည်။

ရှစ်ဖုန့်၏မျက်နှာထက်၌အေးစက်သော ပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။သူ၏နားလည်နိုင်မှုစွမ်းအားနှင့်ဆိုလျှင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ခြေချရန်သိပ်မကြာဟုရှစ်ဖုန့်ယုံကြည်ခဲ့သည်။

ဤလူနှစ်ယောက်နှင့်ထပ်ပြီးဆုံတွေ့ရလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။

ရှစ်ဖုန့်ကညာလက်သီးကိုဆုပ်ပြီး ဘေးရှိနတ်ဘုရားမြေခေါင်းလောင်းအား အစွမ်းကုန်ထိုးနှက်လိုက်သည်။

“ဒေါင်”

ရှစ်ဖုန့်၏လက်သီးချက်က ပြင်းထန်သောခေါင်းလောင်းသံ ကိုထွက်ပေါ်လာစေ၏။

နတ်ဘုရားမြေခေါင်းလောင်းက ချက်ချင်းပဲ ပြင်းထန်သောစွမ်းအားကြီးအသံလှိုင်းတစ်ခုကို ရုတ်ခြည်းတုန်ခါထုတ်လွှတ်လာသည်။ စွမ်းအားကြီးအသံလှိုင်းဖြတ်သန်းသွားသည့်နေရာတိုင်းတွင် နေရာတစ်ခုလုံးက ဟိန်းဟောက်သံလှိုင်းတို့ကဲ့သို့ဖြစ်သွားပြီးကျဆင်းလာနေသော မိုးကြိုးလက်ဝါးထံသို့ဦးတည်သွား၏။

ဤအချိန်တွင်ရှစ်ဖုန့်အနေဖြင့် ဝတ်ရုံနက်ကအား တိတ်တဆိတ်ကျေးဇူးတင်မိလိုက်သည်။ အဘိုးအိုကသာ သူ့အတွက်နတ်ဘုရားမြေခေါင်းလောင်းကိုမချန်ထားခဲ့လျှင် ဤနတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးအားကိုင်တွယ်ရန် သူ့အတွက်ခက်ခဲသွားလိမ့်မည်ဖြစ်သည်။

ကိစ္စများသာကောင်းကောင်းမပြီး ဆုံးခဲ့လျှင်သူ့အနေဖြင့် ဤနေရာ၌ထာဝရာ ကျန်ခဲ့ရလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် နတ်ဘုရားမြေခေါင်းလောင်းအား အစွမ်းကုန်သုံး၍ထိုးနှက်သည့်တိုင် နတ်ဘုရားမြေခေါင်းလောင်းမှ ထုတ်လွှတ်သောအသံလှိုင်းစွမ်းအားက သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏ စွမ်းအားသာရှိသည်ဟုခံစားမိသည်ဖြစ်သည်။ ယင်းက အစောပိုင်းတို့၌ ဝတ်ရုံနက်ထိုးနှက်ထုတ်ဖော်သော အသံလှိုင်းစွမ်းအားတို့နှင့် တုနှိုင်း၍မရပေ။

သို့သော် ကောင်းကင်ထဲ၌ရှိနေသည့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင် သူနှစ်ဦးမှာ သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်များသာဖြစ်၏။ နတ်ဘုရားမြေခေါင်းလောင်းမှ ထုတ်လွှတ်သော စွမ်းအားကြီး အသံလှိုင်းတို့က မိုးကြိုးလက်ဝါးအား ဧရာမလှိုင်းလုံးကြီးတစ်ခုကဲ့သို့ရိုက်ခတ်သွားသည်။

စွမ်းအားကြီးမားသောနတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားနှစ်ခုတို့ ပစ်ဆောင့်ထိတွေ့ချိန်တွင် ၎င်းတို့က မျှခြေညီနေ၏။ မိုးကြိုးလက်ဝါးနှင့် အသံလှိုင်းတို့က ၎င်းတို့၏ စွမ်းအားအသီးသီးအောက်တွင် ဘာမှကျန်ရစ်ခြင်းမရှိအောင် မှေးမှိန်ပျောက်ကွယ်သွားသည်။

“သတ်”

“သတ်”

ဤအချိန်တွင် ဟင်းလင်းပြင်ထဲမှ အေးစက်သော အော်သံနှစ်ခုထွက်ပေါ်လာသည်။ ပုံရိပ်နှစ်ခုကဖျက်ခနဲဖြစ်သွားပြီး ကောင်းကင်ထဲမှပျောက်ကွယ်သွားသည်။

သို့သော်၎င်းတို့က အလွယ်တကူ လက်လျော့လိုက်ခြင်းမျိုးတော့မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မြေကလန်၏ အဖိုးတန်ရတနာဖြစ်သောနတ်ဘုရား မြေခေါင်းလောင်းနှင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ အကြွင်းအကျန်အဖွဲ့ဝင်အား အမဲလိုက်ရန်အတွက် နတ်ဆိုးရိုင်းတောင်တန်းအတွင်း သို့ဝင်ရောက်ခဲ့ရခြင်းဖြစ်သည်။ နတ်ဆိုးရိုင်းတောင်တန်း၏ ရှေးဟောင်းအစီအရင်အတွင်း ၎င်းတို့အနေဖြင့် သေလုနီးပါးဖြစ်ခဲ့ရသည်ဖြစ်သည်။

ယခုတောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်နှင့် နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သော နတ်ဘုရားမြေခေါင်းလောင်းတို့အား တွေ့ရချိန်တွင်သူတို့အနေဖြင့်ထို အရာအားရယူသိမ်းပိုက်ရမည်သာဖြစ်သည်။

ပုံရိပ်နှစ်ခုက ဖျက်ခနဲပျောက်ကွယ်သွားသည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းအား ဘယ်လက်သီးဖြင့်ထပ်တလဲလဲ ထုရိုက်လိုက်သည်။

“ဒေါင်..ဒေါင်..ဒေါင်..ဒေါင်..ဒေါင်..”

ရှစ်ဖုန့်၏လက်သီးချက်တို့ကြောင့် နတ်ဘုရားမြေခေါင်းလောင်းက ဆက်တိုက်မြည်နေသည်။ ထို့နောက်မကြာခင် စွမ်းအားကြီးအသံလှိုင်းတို့က ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။

အသံလှိုင်းစွမ်းအင်တို့က ဘက်ပေါင်းစုံသို့တုန်ခါသွား၏။ စွမ်းအင်တို့က ဖြာထွက်ပြီး တုန်ခါမှုက တစ်နေရာတည်းကိုစူးစိုက်မှု လောက်စွမ်းအားမကြီးမားသော်လည်း ရှစ်ဖုန့်အနေဖြင့် ဟင်းလင်းပြင်ထဲ၌ပျောက်ကွယ်သွားသော ပုံရိပ်နှစ်ခုကိုဖမ်းရန်အတွက် အသံလှိုင်းစွမ်းအားကိုအဓိကအသုံးပြုနေခြင်းဖြစ်သည်။ ပြောရလျှင် ၎င်းတို့ကသူ့ထံသို့ တစ်ဟုန်ထိုးဖျက်ခနဲလာနေခြင်းဖြစ်၏။

“ဟင်းလင်းပြင်..သတ်ဖြတ်ခြင်းဓား”

မကြာခင် ရှစ်ဖုန့်ကထပ်မံအော်လိုက်သည်။ ရှစ်ဖုန့်ကသူ၏ဓားလက်ချောင်းအား ညာဘက်ကိုထိုးညွှန်လိုက်ပြီး မမြင်နိုင်သော ဓားတစ်လက်က သူ၏ဘေး၌ရုတ်ခြည်းပေါ်လာသည်။

“ဝုန်း”

ဤအချိန်တွင် မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ အစောပိုင်းကရှစ်ဖုန့်၏ဘေးရှိ မမြင်နိုင်သောဓားက စွမ်းအားကြီးစွမ်းအင်တစ်ခုနှင့် ထိပ်တိုက်တွေ့သွားသည်။

ထို့နောက်ပုံရိပ်တစ်ခုပေါ်လာသည်။ ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်ထဲ၌ရှစ်ဖုန့်ဖွဲ့ စည်းထားသောဓားအား စွမ်းအားကြီးလက်သီးချက် ဖြင့်ထိုးနှက်လိုက်ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် ရှစ်ဖုန့်က ရုတ်ခြည်းလှုပ်ရှားလိုက်ပြီး သူ့ဘေးရှိနတ်ဘုရားမြေခေါင်းလောင်းနှင့်အတူ ပျံတက်လိုက်သည်။ ထို့နောက်သူ၏ဘယ်လက်အားဓားလက်ချောင်းအဖြစ်ပုံဖော်ပြီး နတ်ဘုရားမြေခေါင်းလောင်းထံထပ်မံထိုးညွှန်လိုက်သည်။

“ဝုန်း”

ဤအချိန်တွင် နတ်ဘုရားမြေခေါင်းလောင်းထံမှ ယခင်ကထက် ပို၍ ပြင်းထန်သော မြည်ဟိန်းသံတစ်ခုထွက်ပေါ်လာသည်။ နတ်ဘုရားမြေခေါင်းလောင်းမှ တုန်ခါသော အသံလှိုင်းတို့က ယခင်ကထက်ပို၍ စွမ်းအားကြီးမား၏။

ဝတ်ရုံနက်၏အသံလှိုင်းလောက်စွမ်းအား မကြီးမားသော်လည်း သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏ အသံလှိုင်းထက်တော့ များစွာပို၍စွမ်းအားကြီးမားသည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် နတ်ဘုရားမြေခေါင်းလောင်းကိုတိုက်ခိုက်ရန်အတွက် နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေး နည်းစနစ်ဖြစ်သော ဟင်းလင်းပြင်ဓားကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။

အသံလှိုင်းက တလိပ်လိပ်ထနေသော လှိုင်းလုံးများကဲ့သို့ဖြစ်ပြီး ပြင်းထန်စွာ မြည်ဟိန်းနေသည်။ ယင်းမှာ ပင်လယ်နတ်ဘုရားတစ်ပါး၏ ဒေါသထွက်နေသောအသံလှိုင်းကဲ့သို့ပင်ဖြစ်သည်။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်ရပ်နေသောနေရာ၏ဘယ်ဘက်၌ ပုံရိပ်တစ်ခုပေါ်လာသည်။ ပုံရိပ်နှစ်ခုဖျက်ခနဲဖြစ်သွားပြီး ရှစ်ဖုန့်ထံသို့ဘယ်ညာမှ ဖျက်ခနဲရောက်ရှိလာခြင်းဖြစ်သည်။ သူတို့ချီတက်လာမှုအားရှစ်ဖုန့်သတိပြုမိလိမ့်မည်ဟု သူတို့ထင်မှတ်မထားခဲ့ပေ။ သူကပျံသန်းဆင်းပြီး စွမ်းအားကြီဂအသံလှိုင်းတစ်ခုကိုထုတ်ဖော်၍၎င်းတို့အားတိုက်ခိုက်လိုက်သည်။

နတ်ဘုရားမြေခေါင်းလောင်းထံမှလာသောအသံလှိုင်း၏စွမ်းအားအားအာရုံခံမိချိန်တွင် ကျွမ်းကျင်သူနှစ်ဦး၏မျက်နှာများထက်၌ ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ဤလူက နတ်ဘုရားမြေခေါင်းလောင်းအားအသုံးပြုပြီး ဤကဲ့သို့ စွမ်းအားကြီးစွမ်းအားမျိုးကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့လုံးဝထင်မထားခဲ့ပေ။

ထို့နောက်သူတို့၌တွေးတောနေရန်အချိန်မရှိပေ။ရှောင်တိမ်းရန်အရမ်းနောက်ကျသွားပြီဖြစ်သည်။ ၎င်းတို့ထဲမှတစ်ဦးက ရှေ့တွင်လက်များကို ကြက်ခြေခတ်ထားလိုက်ပြီး ရုတ်ခြည်းသူ့ကိုယ်မှ ပြင်းထန်သောမိုးကြိုးများထွက်ပေါ်လာသည်။

နောက်ထပ်ကျွမ်းကျင်သူတစ်ဦးကသူ၏လက်ဝါးတို့အားရှေ့သို့ရိုက်ထုတ်လိုက်သည်။ သူ၏လက်ဝါးတို့စွမ်းအားအောက်တွင် သူ့အထက်ရှိနေရာတစ်ခုလုံးက ရေလှိုင်းတွန့်များကဲ့သို့ ပြင်းထန်စွာ လှုပ်ခါသွားပြီးယင်းစွမ်းအားကပင်လယ်ကိုမှောက်ပြီးတောင်များအားလှန်ပစ်နိုင်သ ကဲ့သို့ပင်ဖြစ်သည်။ သူကအစွမ်းကုန်တိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်လိုက်ပြီး တိုက်စစ်အားခံစစ်အဖြစ်အသုံးပြုကာ ကျဆင်းလာနေသောအသံလှိုင်း၏ စွမ်းအားတို့ကို တားဆီးရန်ကြိုးစားလိုက်သည်။

အသံလှိုင်းတို့က လျှင်မြန်စွာရောက်ရှိလာပြီး ရိုက်ခတ်တိုက်ခိုက်သွားသည်။

“အား”

၎င်းတို့အတွက်ဤကဲ့သို့စွမ်းအားကြီးမားသည့်အသံလှိုင်းအား ခုခံရန်မှာ လွယ်ကူပုံမရချေ။ သို့သော် ၎င်းတို့အနေဖြင့် အံကိုတင်းတင်းကြိတ်ပြီး ခက်ထန်သောအမူအယာများ ဖြင့်ခုခံနေဆဲဖြစ်သည်။

“ဟမ့်..မင်းတို့ကဒီသခင်လေးအသက်ကိုလိုချင်ကြတယ်.. အခုဒီသခင်လေးက မင်းတို့အသက်ကိုနှုတ်ပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်အလောင်းနှစ်ခုကသွေးနဲ့ ဒီသခင်လေးရဲ့သွေးသောက်ဓားကို စွမ်းအားတိုးလာအောင်လုပ်မယ်..”

ရှစ်ဖုန့်ကအောက်ဘက်ရှိနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်အားကြည့်၍ အေးစက်စွာပြောလိုက်သည်။

ထို့နောက်သူက နတ်ဘုရားမြေခေါင်းလောင်းထံသို့ ထိုးညွှန်လိုက်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters