← Chapters

အခန်း (၉၆၀)

Vol. 64 Ch. 960

အခန်း (၉၆၀)

Vol. 64 Ch. 960

ရှစ်ဖုန့်က သူ၏လက်ချောင်းအား နတ်ဘုရားမြေခေါင်းလောင်းထံသို့ ထပ်မံ ထိုးညွှန်တော့မည့် အခိုက်အတန့်တွင် မမျှော်လင့်ထားသော တစ်စုံတစ်ခုက ဖြစ်ပျက်လာသည်။ ရှစ်ဖုန့်၏ ကိုယ်က ရုတ်ခြည်း တုန်ယင်လာ၏။

သူ၏ လက်ချောင်း၌ ဖွဲ့စည်းထားသော ဟင်းလင်းပြင် ဓား၏ စွမ်းအားက ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရသည်။

“ဟားဟားဟား..ဟားဟားဟား”

ဤအချိန်တွင် ရှစ်ဖုန့်၏ ခန္ဓာကိုယ် အတွင်းမှ ဟက်ဟက်ပက်ပက် ရယ်မောသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းအသံက သွေးပန်းခက် မျိုးနွယ်စု၏ ကောင်းကင်မီးတောက်ထံမှ လာခြင်းဖြစ်သည်။

“အခု.ငါ့မှာ လုံလောက်တဲ့ စွမ်းအင် ရှိသွားပြီ... နတ်ဘုရားတစ်ပိုင်း နယ်ပယ်ကို ငါချိုးဖျက်နိုင်တော့မယ်.. နတ်ဘုရားတစ်ပိုင်းနယ်ပယ် စွမ်းအားနဲ့ဆိုရင် မင်းနဲ့ချိတ်ဆက်ထားမှုကို ချိုးဖျက်နိုင်ပြီးတော့ ငါ့လွတ်လပ်မှုကို ပြန်ရတော့မယ်ကွ.. ပြီးရင်မင်းက ဒန်တန်မရှိတဲ့ ဘာမှဟုတ်တဲ့ကောင် ဖြစ်သွားတော့မှာ.. ငါ့မီးတောက်တွေကြောင့် မင်းပြာဖြစ်တဲ့အထိ လောင်ကျွမ်းခံရလိမ့်မယ်ကွ”

“နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားခဲ့ရပြီးတဲ့နောက် မင်းလိုမျိုး ပါရမီရှင်တစ်ဦးနဲ့ ဆုံရလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး.. နှစ်နှစ်ထက်နည်းတဲ့အချိန် အတောအတွင်းမှာ ငါ့ရဲ့အသက်အဆီအနှစ်ကိုလောင်ကျွမ်းပြီးတဲ့နောက် မင်းကငါ့ရဲ့ ဆုံးရှုံးသွားရတဲ့ နယ်ပယ်ကို ပြန်ရအောင်ကူညီခဲ့တယ်..”

“ဟားဟားဟား...ဟားဟားဟား.. မင်းကပါရမီရှင်တွေကြားထဲက ပါရမီရှင်ဆိုပေမဲ့..မင်းလည်းအရူးတစ်ကောင်ပဲကွ..အမှန်တရားရဲ့ ပြင်ပမှာတော့ ငါကမင်းရဲ့ဒန်တန် ထာဝရဖြစ်ရမှာပေါ့..ငါကမင်းကို အသုံးချခဲ့တာကွ”

ရှစ်ဖုန့်၏ကိုယ်အတွင်းမှ ကောင်းကင်မီးတောက်က ရူးသွပ်စွာဟက်ဟက်ပက်ပက် ရယ်မောနေ၏။ သူ၏အသံ၌အလွန်စိတ်လှုပ်ရှားမှု တုန်လှုပ်တက်ကြွမှုတို့ဖြင့်ပြည့်နှက်နေ၏။

ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသည့် သူ၏ဒန်တန်က ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်သည်ကို ရှစ်ဖုန့် အာရုံခံမိပြီး ဖြစ်သည်။ ၎င်းက နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ သူ့ဖာသာသူ တက်လှမ်းရန်ကြိုးစားနေသည်။

အကယ်၍ ဤသူတောင်းစားသာ ရှစ်ဖုန့်ထက်အရင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ချိုးဖျက်နိုင်သွားလျှင် သူ့ထံမှ အဝေးသို့ ချိုးဖျက်လွတ်မြောက်သွားဖို့များသည်။

အကယ်၍ သူ၏ဒန်တန်နှင့်ပေါင်းစပ်ထားသော ဤသူတောင်းစားကိုသာ ဆုံးရှုံးရလျှင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားရှိသော မီးတောက်တို့ကိုသူခုခံနိုင်လိမ့်မည်မဟုတ်ပေ။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ရွှေရောင်အလင်းကသူ့အား ကာကွယ်ပေးသော်လည်း ယင်းက ပြင်ပတိုက်ခိုက်မှုများကိုသာ ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။ ဤသူတောင်းစားသာ ပုန်ကန်ပြီး သူ့အား မီးလောင်တိုက်သွင်းချင်လျှင် သူ့အားအထဲမှ မီးလောက်တိုက်သွင်းရန်သာလိုသည်ဖြစ်၏။

ပိုအရေးကြီးသည်ကား သူ့အားလောဘတကြီးမျက်စိကျနေသော နတ်ဘုရားတစ်ပိုင်းနှစ်ဦးက အောက်၌ရှိနေခြင်းဖြစ်သည်။ ဤအချိန်တွင် ရှစ်ဖုန့်အနေဖြင့် အတွင်းရော အပြင်ဘက်ကပါ ရန်သူများဝိုင်းနေခြင်းဖြစ်သည်။

ရှစ်ဖုန့်၌လုံလောက်သောစွမ်းအင်ရရှိသည်နှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ တက်လှမ်းနိုင်အောင် ကူညီမည်ဟု ကောင်းကင်မီးတောက်ကပြောခဲ့၏။ ဤသူတောင်းစားက တစ်ချိန်လုံးဤအရာကို စီစဉ်နေခဲ့ခြင်းဖြစ်သည်။

“သေချင်နေတာပဲ”

ရှစ်ဖုန့်ကသူ့ကိုယ်တွင်းမှ ကောင်းကင်မီးတောက်အား အေးစက်စွာအော်ပြောလိုက်သည်။ ထိုတိရစ္ဆာန်နတ်ဘုရားတစ်ပိုင်နယ်ပယ်သို့ ချိုးဖျက်နေခြင်းအား အလျှင်အမြန်ရပ်တန့်လိုက်သည်။

ထို့အပြင် ဤသူတောင်းစား၌ သူ၏ ဝိညာဉ်အမှတ်အသားရှိသည်ဖြစ်၏။ ဝိညာဉ်အမှတ်အသားမပျက်စီးသေးသ၍သူ၏ထိန်းချုပ်မှုအောက်၌သာရှိသည်ဖြစ်သည်။

“အား..အား..အား...........”

နာကျင်မှုများအလယ်မှ ကောင်းကင်မီးတောက်၏ ရယ်မောသံကိုကြားရသည်။

“ဟားဟား..မင်းငါ့ကိုနည်းနည်း ထပ်ပြီးနှိပ်စက်တော့ဘာဖြစ်လဲ..အရင်ကငါက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်ခဲ့ပြီးသား..အခုငါ့မှာ လုံလောက်တဲ့စွမ်းအင်ရှိနေပြီ.. ငါအဆင့်တက်မှာကို မင်းဘယ်လိုတားမလဲ ကြည့်ကြသေးတာပေါ့”

“ဟားဟား.အား”

ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်၌ ကောင်းကင်မီးတောက်၏နာကျင်စွာအော်ဟစ်သံနှင့်ရယ်မောသံကိုကြားရသည်။

ထို့နောက် ကောင်းကင်မီးတောက်ထံမှ အားကောင်းသော အော်ရာတစ်ခု ရုတ်ခြည်းထိုးတက်လာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ တစ်ချိန်တည်းတွင် ကောင်းကင်မီးတောက်အတွင်း လွန်စွာအေးစက်ပြီးစွမ်းအားကြီးမားသော စွမ်းအားတစ်ခုက သူချန်ရစ်ထားခဲ့သည့်အမှတ်အသားထံသို့တစ်ဟုန်ထိုးဦးတည်နေသည်ကို ရှစ်ဖုန့် အာရုံခံမိလိုက်သည်။

ပြောရလျှင် ကောင်းချီးများကစုံလိုက်မလာသလို ကံဆိုးမှုကလည်း တစ်ခုတည်းမလာတတ်ပေ။ သူ၏ကိုယ်တွင်းမှ ကောင်းကင်မီးတောက်က ဒုက္ခပေးနေချိန်တွင် ရှစ်ဖုန့်ကဟင်းလင်းပြင်ထဲ၌ရှိနေသေးပြီး နတ်ဘုရားမြေခေါင်းလောင်း၏ မြည်သံက ရပ်တန့်သွားသောကြောင့် တစ်စုံတစ်ခုဖြစ်ပျက်နေမှန်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှစ်ဦးသိလိုက်သည်။ သူတို့အနေဖြင့် ရလာသည့်အခွင့်အရေးအား လက်လွှတ်ခံမည်မဟုတ်ပေ။

ဤအချိန်တွင် ပုံရိပ်နှစ်ခုက ရှစ်ဖုန့်ထံသို့ ဖျက်ခနဲ ရှေ့တစ်ယောက်နောက်တစ်ယောက်ရောက်လာသည်။

ခရမ်းရောင်မိုးကြိုးတို့ဝန်းရံနေသောနတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးက ရှစ်ဖုန့်၏ရှေ့၌ ဝင့်ကြွားစွာရပ်နေ၏။ ၎င်းအနေဖြင့် ပြင်းထန်သောခရမ်းရောင်မိုးကြိုးတို့ဖြင့်ပေါင်းစပ်ထားပြီးပြင်းထန်းသည့်ခရမ်းရောင်အလင်းတို့ တလက်လက်ထနေသည့်နှယ်ဖြစ်သည်။

ဤအချိန်တွင် မိုးကြိုးလျှပ်စီးတို့ ဖုံးလွှမ်းနေသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူ၏ မျက်နှာက ရှစ်ဖုန့်အား စိတ်လှုပ်ရှားမှုတို့ဖြင့် ကြည့်နေသည်။ သူကရှစ်ဖုန့်နောက်ရှိလူကိုအော်ပြောလိုက်သည်။

“ဒီကလေးက နတ်ဘုရားမြေခေါင်းလောင်းတင်မကဘူး နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ကိုပါ ပိုင်ဆိုင်ထားတာ..သူ့ကိုသေလုနီးပါးရိုက်နှက်ပြီးအသက်ရှင်လျက်ထားနိုင်ရင် နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ရော နတ်ဘုရားမြေခေါင်းလောင်းကိုပါ ငါတို့ရမှာ”

နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ၏မျက်နှာထက်၌ လောဘတို့ဖြင့်ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ထို့နောက်လက်နှစ်ဖက်ကိုအတူ တကွရိုက်လိုက်ပြီး သူ၏လက်ထဲ၌ မိုးကြိုးဓားတစ်လက်ပေါ်လာသည်။ ခက်ထန်သောမျက်နှာနှင့် မိုးကြိုးဓားအားလက်နှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ပြီး ရှစ်ဖုန့်၏နှလုံးထံသို့ ထိုးသွင်းလိုက်သည်။

ဤအချိန်တွင်ရှစ်ဖုန့်၏နောက်၌ရှိနေသော နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူကလည်း စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏ညာလက်သီးအားတင်းနေအောင်ဆုပ်ပြီး အရာအားလုံးအားထွင်းဖောက်ပစ်နိုင်သကဲ့သို့ ရှစ်ဖုန့်၏နောက်ကျောထံပစ်သွင်းလိုက်သည်။

မိုးကြိုးဓားနှင့်အတူတကွ နှစ်ယောက်သားရှေ့မှနောက်မှ တိုက်ခိုက်လိုက်ကြသည်။ နတ်ဘုရားမြေခေါင်းလောင်းနှင့် နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ကို ပိုင်ဆိုင်ထားသော တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်ကို ဖျက်ဆီးပစ်ရန်သူတို့ကျိန်ဆိုထားကြ၏။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှစ်ဦးကပူးပေါင်းတိုက်ခိုက်ပြီး ရှစ်ဖုန့်အားကာကွယ်ပေးနေသော ရွှေရောင်အလင်းကို အလေးအနက်ပင်မထားပေ။

ဤအချိန်တွင် ရှစ်ဖုန့်တစ်ယောက်တကယ်ကို အတွင်းရော အပြင်ကပါ ဒုက္ခရောက်နေသည်။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏တိုက်ခိုက်မှုအားတားဆီးနိုင်သော်လည်း နှစ်ဦးသားပူးပေါင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်မည်ဟုတော့ ရှစ်ဖုန့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိပေ။

ထို့အပြင် ကောင်းကင်မီးတောက်ကသူ့အားသစ္စာဖောက်ပြီးခုခံတွန်းလှန်နေသောကြောင့်သူ၏ခွန်အားကိုလည်းထုတ်ဖော်သုံးခွင့် မရပေ။

“မဟုတ်ဘူး..ဒီသခင်လေးမသေနိုင်ဘူး..ဘယ်လိုလုပ်ပြီး ဒီလူနှစ်ယောက်လက်ထဲမှာ ဒီသခင်လေးသေရမှာလဲ.. ဘယ်လိုလုပ်ပြီး ကိုယ့်ဒန်တန်ကြောင့် ဒီသခင်လးကသေရမှာလည်း .....ဒီသခင်လေးလိုက်စားခဲ့တဲ့နယ်ပယ်က ရောက်ဖို့အရမ်းခက်ခဲ့တာ.. ဘယ်လိုလုပ်ပြီးဒီသခင်လေးကဒီလို သေရမှာလဲ”

ရှစ်ဖုန့်စိတ်ထဲ၌အတွေးများက လက်ခနဲမြန်ဆန်စွာဖြစ်ပေါ်လာသည်။ ထို့နောက်ချက်ချင်း ရှစ်ဖုန့်၏ အမူအယာက ပြောင်းလဲသွားသည်။ ပုံမှန်မဟုတ်သည့် စိတ်ပိုင်းဖြတ်ထားသည့်အမူအယာက မျက်နှာထက်၌ပေါ်လာပြီး ရုတ်တရက်အော်ပြောလိုက်သည်။

“လုပ်တာပေါ့”

“မင်းကဒီသခင်လေးရဲ့ဒန်တန်ပဲ.. မင်းကဒီသခင်လေးကိုထားပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုဝင်ရောက်တယ်..ဒီသခင်လေးက သဘောထားကြီးပြီး မင်းကိုအသက်ရှင်ခွင့်ပေးခဲ့တယ်.. ဒါပေမဲ့ မင်းကဒီသခင်လေးကို ကျေးဇူးမတင်ဘဲနဲ့တောင် သစ္စာဖောက်သေးတယ်.. ဒါဆို မင်းရဲ့ဝိညာဉ်လည်း ဖျက်ဆီးခံရမယ်”

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်မှ အားကောင်းသော အော်ရာတစ်ခု ရုတ်ခြည်းထိုးတက်လာသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်မှ ထိုးတက်လာသော အော်ရာကြောင့် ကောင်းကင်၏အရောင်ကပြောင်းလဲသွားသည်။ မူလကတောက်ပနေသော ကမ္ဘာတစ်ခုလုံးက ရုတ်ခြည်းမှောင်မိုက်သွား၏။

“ဒါက.ဘယ်လိုဖြစ်နိုင်မှာလဲ..သူရုတ်တရက်ကြီးအဆင့်တက်တာလား”

“ဒါ.ဒါက. ကောင်းကင်ရဲ့အရောင်ကသူ အဆင့်တက်တာကြောင့် ပြောင်းလဲသွားတာပဲ..ဒါ..ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ ဒဏ္ဍာရီလာ ဖြစ်ရပ်ဆန်းလား”

“မဟုတ်ဘူး..မဟုတ်ဘူး..မင်း.. ဘယ်လိုလုပ်ပြီးမင်းကလည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုဝင်ရောက်ရတာလဲ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ရှစ်ဖုန့်၏အော်ရာပြောင်းလဲမှုကြောင့် ရှစ်ဖုန့်အားတိုက်ခိုက်လာသော နတ်ဘုရားတစ်ပိုင်းနယ်ပယ် နှစ်ဦးတို့၏ အမူအယာများက ပြောင်းလဲသွားသည်။

သို့သော် ထိုသို့ဆိုလျှင်တောင် သူတို့၏ တိုက်ခိုက်မှုအား မရပ်တန့်လိုက်ကြပေ။ ဤလူက အဆင့်တက်နေချိန်တွင် ဒဏ္ဍာရီလာ ကောင်းကင်နှင့်မြေကြီး၏ ဖြစ်ရပ်ဆန်းကို ထုတ်လွှတ်နိုင်သူဖြစ်သည်။ သူကအရမ်းအ န္တရာယ်များသည်ဖြစ်၏။ သူတို့က၎င်းအားမုန်းတီးသည်ဖြစ်သောကြောင့် ၎င်းအား အသက်ရှင်ခွင့်ပြု၍မရပေ။

ထိုစဉ်ရှစ်ဖုန့်အားခုခံပြီး ဆီးလ်အမှတ်အသားအားတိုက်ခိုက်နေသော ကောင်းကင်မီးတောက်မှာ တိုက်ခိုက်နေမှုက ရုတ်ခြည်းကအငွေ့ပျံသွားရသည်။

ရှစ်ဖုန့်၏ရုတ်ခြည်း ချိုးဖျက်ပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်မှုကြောင့် ဒန်တန်အတွင်း၌ရှိနေသောကောင်းကင်မီးတောက်မှာ ရှစ်ဖုန့်၏ဖိနှိပ်မှုအောက်သို့ နောက်တစ်ကြိမ်လုံးဝကျရောက်သွားပြီး အပြီးထိန်းချုပ်ခံလိုက်ရသည်။

၎င်းအနေဖြင့်ဤမကောင်းဆိုးဝါး၏လက်မှ ချိုးဖျက်လွတ်မြောက်ရန်နောက်ဆုံးနီးစပ်ခဲ့သော်လည်း မျှော်လင့်မထားစွာဖြင့် ၎င်း၏ထပ်မံထိန်းချုပ်မှုကိုခံလိုက်ရသည်။ ကောင်းကင်မီးတောက်၏အော်သံ၌ လက်သင့်မခံနိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။

“ဟင်းလင်းပြင်ဓား”

ဤအချိန်တွင်ရှစ်ဖုန့်၏လက်တို့က ဓားလက်ချောင်းအသွင်ပြောင်းသွားပြီး အေးစက်စွာအော်ပြောလိုက်သည်။ စွမ်းအားကြီးမားသော မမြင်နိုင်သည့်ဓားနှစ်လက်က သူ၏ရှေ့နှင့်နောက်၌ပေါ်လာသည်။

ဆက်ရန်..........

ဘာသာပြန်သူ-ARISE

All Chapters