← Chapters

အခန်း (၉၄၇)

Vol. 64 Ch. 947

အခန်း (၉၄၇)

Vol. 64 Ch. 947

နတ်ဘုရားတစ်ပိုင်းနယ်ပယ် လူသားသုံးယောက်က စစ်ပြေငြိမ်းရန်အတွက် သားရဲသုံးကောင်ကို အော်ပြောနေသည်။

“ဂါး..ဂါး”

သို့သော်သားရဲသုံးကောင်ကတော့ ဒေါသတကြီးဆက်လက်ဟိန်းဟောက်နေ၏။ ထိုမျှမက ၎င်းတို့အနေဖြင့်ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာကြသည်။ လူသားများသေသည်အထိ၎င်းတို့အနေဖြင့် မရပ်တန့်နိုင်သည့်ပုံပေါ်၏။

“အရူးတွေ..မင်းတို့ကတကယ်ကိုရူးမိုက်တဲ့ကောင်တွေ.. မင်းတို့ဒီလိုမျိုးဆက်ပြီးတိုက်ခိုက်နေရင်.. မင်းတို့သားရဲသုံးကောင်လုံး ဒီသစ္စာဖောက်လောက်ကောင်ရဲ့ လက်ထဲမှာ သေလိမ့်မယ်..အရိုင်းအဆိုင်းတိရစ္ဆာန်က တကယ့်ကိုအရိုင်းအစိုင်းတိရစ္ဆာန်ပဲ”

သားရဲသုံးကောင်က တိုက်ခိုက်မှုအားရပ်တန့်ခြင်းမရှိသည် ကိုတွေ့ရသောအခါတွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်များထဲမှ လူတစ်ယောက်က ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။

သူမသိလိုက်သည်ကား တစ်စုံတစ်ယောက်ကတိတ်တဆိတ် သူ၏ စကားများနှင့် ကလီကမ္ဘာလုပ်နေခြင်းကိုဖြစ်သည်။ သားရဲသုံးကောင်မှာ၎င်း၏ပြောဆိုမှုအား လုံးဝကြားခြင်းမရှိပေ။

ထိုသည်သာမက သူ၏အဖော်များပင် သူပြောသည်ကို ကြားနိုင်ခြင်းမရှိပေ။ သူ၏ အသံကလျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် တိတ်ဆိတ်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

“မကြာခင်ရလဒ်ကထွက်လာတော့မဲ့ပုံပဲ”

တိုက်ပွဲဖြစ်ရာနေရာနှင့်အဝေးရှိ ဟင်းလင်းပြင်ထဲမှ ရှစ်ဖုန့်က ကျန်နေသောနတ်ဘုရားတစ်ပိုင်း နယ်ပယ်သုံးယောက်နှင့်သားရဲသုံး ကောင်ကိုကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

ပြင်ပလူတစ်ဦးအနေဖြင့် သူကအားလုံးကို ရှင်းလင်းစွာမြင်ရသည်ဖြစ်၏။ နတ်ဘုရားတစ်ပိုင်းနယ်ပယ် လူသားသုံးယောက်နှင့် သားရဲသုံးကောင်က ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက် နှစ်ခုကလည်းဆက်လက်တိုက်ခိုက်လာနေဆဲဖြစ်၏။

အစိမ်းရောင်အလင်းတို့က နေရာပေါင်းစုံသို့လင်းဖြာထွက်နေဆဲဖြစ်ပြီး နတ်ဘုရားမြေခေါင်းလောင်းကလည်း ဆက်လက်မြည်နေဆဲဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက်နှစ်ခု၏ စွမ်းအားကြီးမားသောစွမ်းအင်တို့က သိမ်းကျုံးဖြတ်သန်းသွားပြီး လူသားများနှင့် သားရဲသုံးကောင်တို့အပေါ် ကြီးမားသည့်ဖိအားကိုယူဆောင်လာသည်။

“အား”

“ဂယား”

ဤအခိုက်အတန့်တွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူသားတစ်ဦးနှင့် အနက်ရောင်မီးတောက်တို့ တောက်လောင်နေသော မီးတောက်ကျားသစ်တို့က တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ကြသည်။ ထို့နောက် နှစ်ယောက်သား ယခင်လူသားများနှင့်သားရဲတို့ကဲသို့ တစ်ဟုန်ထိုးပြုတ်ကျသွားသည်။ မကြာခင် ၎င်းတို့အားအောက်ဘက်ရှိ ကျယ်ပြောလှသော အဖြူရောင်မြူခိုးတို့ကလွှမ်းခြုံဝါးမျိုသွားသည်။

တိုက်ပွဲအတွင်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူသား နှစ်ယောက်နှင့်သားရဲနှစ်ကောင် တို့သာကျန်ရစ်တော့သည်။

ဤအခိုက်အတန့်တွင် မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင် ထားသောကျင်းဖူးက မောက်မာစွာပြောလိုက်၏။

“မင်းတို့နှစ်ယောက်ရော သားရဲနှစ်ကောင်ရော အောက်ဆင်းစမ်း”

“အား”

“အား”

“ဂယား”

“ဂယား”

ကျင်းဖူစကားဆုံးပြီးပြီးချင်း နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သော အသံလေးခုထွက်ပေါ်လာသည်။ ထို့နောက်ပုံရိပ်လေးခုက တစ်ဟုန်ထိုးပြုတ်ကျသွားသည်။

လျှင်မြန်စွာဖြင့် ဝတ်ရုံနက်၏ လျှို့ဝှက်နည်းစနစ်ဖြင့်ဖန်တီးထားသော အဖြူရောင်မြူခိုးများအတွင်း ပျောက်ကွယ်သွားကြသည်။

ဖရိုဖရဲတိုက်ပွဲကြောင့်မူလကပရမ်း ပတာဖြစ်နေသောဟင်းလင်းပြင်က မိုင်တစ်ထောင်နတ်ဘုရားမှန်၏ အလင်းပြန်မှုအောက်၌ တည်ငြိမ်သွားသည်။

ဝတ်ရုံနက်က နတ်ဘုရားမြေခေါင်းလောင်းပေါ်၌ ဝင့်ကြွားစွာရပ်နေသည်။ အတွေးတစ်ချက်ဖြင့် သူ့ခြေဖဝါးအောက်ရှိနတ်ဘုရားမြေခေါင်းလောင်းက လျှင်မြန်စွာကျုံ့သွားသည်။ မကြာခင် ၎င်းက လက်ဝါးတစ်ခုစာအရွယ်အထိကျုံ့ဝင်သွား၏။ ထို့နောက်၎င်းအားသိမ်းဆည်းလိုက်ပြီး ကျင်းဖူထံသို့မျောလွင့်ဆင်းသွားလိုက်သည်။

“ငါးစာကိုခင်ဗျားနဲ့ကျုပ်ကိုင်တွယ်ပြီးပြီ..အခု နောက်ဆုံးငါးအကြီးကြီးတွေပဲကျန်တော့တယ်”

ကျင်းဖူက သူ၏ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ဝတ်ရုံနက်ကို ပြုံး၍ပြောလိုက်သည်။

ထို့နောက်သူ၏ခေါင်းကို ငုံ့ကာ လက်ထဲရှိမိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကြည့်လိုက်၏။ ပါးစပ်ကိုဖွင့်ဟ၍ထပ်မံပြောလိုက်သည်။

“ကောင်းပြီ.. နောက်ဆုံးငါးတွေရောက်လာတော့မယ်.. ကျန်တာအားလုံးခင်ဗျားပေါ်မူတည်သွားပြီ.. လွန်ခဲ့တဲ့အချိန်အချို့ကရခဲ့တဲ့မိုင်တစ်ထောင်နတ်ဘုရားမှန်က ခင်ဗျားရဲ့လျှို့ဝှက်နည်းစနစ်ကို ကူညီနိုင်လောက်ပါတယ်”

ကျင်းဖူကစကားပြောရင်း မိုင်တစ်ထောင်နတ်ဘုရားမှန်အား ဝတ်ရုံနက်ထံသို့လက်လွှဲပေးလိုက်သည်။

ကျင်းဖူနှင့်ဝတ်ရုံနက်တို့က နီးစပ်သောဆက်ဆံရေးမျိုးရှိကြဟန်တူသည်။ မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုပင်အလွယ်တကူလက်လွှဲပေးနိုင်သည်ဖြစ်၏။

“အခုကနောက်ဆုံးတိုက်ပွဲပဲ. ဒါကရှေးဟောင်းအစီအရင်ပျက်စီးမလား မပျက်စီးဘူးလားဆိုတဲ့အပေါ်မှာ အတိမ်းအစောင်းမခံတဲ့အခြေအနေပဲ.. မိုင်တစ်ထောင်နတ်ဘုရားမှန်အကြောင်း ကိုငါကြားဖူးတာတော်တော်ကြာပြီ.. တစ်ချက်ကြည့်ပါရစေ. ဒါက ငါ့အတွက်ကြီးမားတဲ့အ ကူအညီဖြစ်လောက်မှာပါ”

ဝတ်ရုံနက်ကပြောလိုက်သကဲ့သို့ ကျင်းဖူ၏လက်ထဲမှ မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုယူလိုက်သည်။

“မိုင်တစ်ထောင်နတ်ဘုရားမှန်က တကယ့်ကိုအံ့ဖွယ်ကောင်းချက်ပဲ.. ဒီနတ်ဘုရားတစ်ပိုင်းလက်နက်ရဲ့အကူအညီနဲ့ဆို တစ်ဝက်လောက်အားထုတ်ရုံနဲ့တင် ငါအောင်မြင်နှစ်ဆလောက်ရအောင်လုပ်နိုင်တယ်”

ဝတ်ရုံနက်က မိုင်တစ်ထောင်နတ်ဘုရားမှန်အားယူပြီး ခဏမျှအာရုံခံကြည့်လိုက်သည်။ မိုင်တစ်ထောင်နတ်ဘုရားမှန်၏ ဆန်းကြယ်မှုအားအာရုံခံမိပြီးနောက် အံ့အားသင့်စွာရေရွတ်ပြောဆိုလိုက်၏။

“ဒီမိုင်တစ်ထောင်နတ်ဘုရားမှန်က တကယ့်ကိုဆန်းကြယ်တယ်”

ဝတ်ရုံနက်၏စကားတို့အားကြားပြီး‌နောက် ကျင်းဖူက သဘောတူစွာဖြင့်ခေါင်းညိမ့်လိုက်သည်။

ဝတ်ရုံနက်ကခေါင်းညိမ့်ပြီးထပ်မံပြောလိုက်၏။ သူကကျင်းဖူကိုပြောလိုက်သည်။

“အခု.. လျှို့ဝှက်နည်းစနစ်ကိုသုံးပြီးတော့ မင်းကိုယ်ကိုငါဖုံးကွယ်ပေးမယ်.. ပြီးရင် မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုသုံးပြီးတော့ ကမ္ဘာကြီးကိုငါပြောင်းလဲလိုက်မယ်”

ဝတ်ရုံနက်၏စကားဆုံးပြီးပြီးချင်း ကျင်းဖူတစ်ယောက်ဝတ်ရုံနက်၏ရှေ့မှ သဲလွန်စမကျန်အောင်ပျောက်ကွယ်သွားသည်ကို သူတွေ့လိုက်ရသည်။ ဝတ်ရုံနက်ကြောင့် ၎င်း၏အော်ရာပင်လုံးဝဖုံးကွယ်ခံလိုက်ရ၏။သူ၏လက်ရှိအဆင့်ဖြင့် ရှစ်ဖုန့်တစ်ယောက်၎င်းအား ထပ်မံအာရုံခံနိုင်ခြင်းမရှိပေ။

ယနေ့ဖြစ်ပျက်ခဲ့သမျှကို ကြုံတွေ့ပြီးနောက် ရှစ်ဖုန့်အနေဖြင့် ဝတ်ရုံနက်အသုံးပြုသော လျှို့ဝှက်နည်းစနစ်၏ဆန်းကြယ်မှု ကိုပို၍အာရုံစိုက်လာမိသည် ။

နတ်ဘုရားမြေခေါင်းလောင်း အတွက်သူနှင့်လဲလှယ်ခဲ့သော နတ်ဘုရားတစ်ပိုင်းပညာရပ် ဟင်းလင်းပြင်ဓားက ဤလျှို့ဝှက်ပညာရပ်နှင့်နှိုင်းယှဉ် လျှင်ဘာမှမဟုတ်ပေ။

၎င်းကလူတစ်ယောက်အားသဲလွန်စမကျန်အောင်ဖုံးကွယ်နိုင်သလို ပုံရိပ်ယောင်လည်းဖန်တီးနိုင်ပြီး လူတစ်ယောက်၏ စိတ်ကိုလည်းရှုပ်ထွေးအောင် လုပ်နိုင်သည်ဖြစ်သည်။

ထို့နောက်ဝတ်ရုံနက်က မိုင်တစ်ထောင်နတ်ဘုရားမှန်အား အောက်သို့ပစ်လိုက်သည်ကိုရှစ်ဖုန့် တွေ့လိုက်ရသည်။ မကြာခင် မိုင်တစ်ထောင်နတ်ဘုရားမှန်က ကျယ်ပြောလှသောအဖြူရောင်မြူခိုးများအတွင်းမျောလွင့်နေသည်။

ဤအခိုက်အတန့်တွင်ဝတ်ရုံနက်က သူ၏လက်တို့ဖြင့် ဆန်းကြယ်ပြီးထူးဆန်းသော ဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။ ထို့နောက်၎င်း၏ကိုယ်က အနက်ရောင်မြူခိုးတစ်ခုဖြစ်လာပြီး ဟင်းလင်းပြင်ထဲ၌ဖြည်းညှင်းစွာဖုံးကွယ်သွားကာနောက်ဆုံး၌ သဲလွန်စမကျန်အောင်ပျောက်ကွယ်သွားသည်။

ဤအချိန်တွင် မူလကချိုင့်ဝှမ်းအထက်ရှိအ ဖြူရောင်မြူခိုးတို့ကဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ အောက်ဘက်ရှိချိုင့်ဝှမ်းမှမြင်ကွင်းကလည်း ရှစ်ဖုန့်၏မြင်ကွင်းရှေ့ ထပ်မံပေါ်လာသည်။

သို့သော် မြင်ကွင်းနှင့်အောက်ဘက်ရှိလူများက အရမ်းကိုလက်တွေ့ဆန်သော်လည်း တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့ကဝတ်ရုံနက်အဘိုးကြီး ဖန်တီးထားသော ပုံရိပ်ယောင်လှည့်စားမှုဖြစ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။

ချိုင့်ဝှမ်းအတွင်းများစွာသောပုံရိပ်များ ဝင့်ကြွားစွာရပ်နေကြသည်။ ၎င်းတို့၏မျက်နှာများ၌ စွမ်းအားကြီးရန်သူများအလာကိုစောင့်ကာ ၎င်းတို့အားသတ်ရန်အတွက်စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသည်။

ချိုင့်ဝှမ်းအတွင်းစုစုပေါင်း ပုံရိပ်ဆယ့်တစ်ခုကဝင့်ကြွားစွာရပ်နေပြီး တစ်ယောက်စီတိုင်းက စွမ်းအားကြီးမားသော အော်ရာတစ်ခုကိုထုတ်လွှတ်နေသည်။

ကျီးကန်းနက်မျိုးနွယ်စုက ပါရမီရှင်ပုယာ၊သူ၏ကျီးကန်းနက်၊နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ ခြောက်ဦး၊မိုင်တစ်ထောင်နတ်ဘုရားမှန်နှင့်ကျင်းဖူ၊ဝတ်ရုံနက်၊ဘေး၌နတ်ဘုရားမြေခေါင်းလောင်းရှိနေသော ရှစ်ဖုန့်တို့ဖြစ်ကြသည်။

ဤအချိန်တွင်ရှစ်ဖုန့်နှင့်တောင်ကြား အတွင်းရှိအခြားသောသူများက တစ်စိတ်တစ်ဝမ်းတည်းပေါင်း စည်းထားကြဟန်တူ၏။ ခေါင်းများကိုမော့ပြီး အတူတကွတိုက်ခိုက်ရန်ပြင်ဆင်ထားကြသည်။

ပုံရိပ်ဆယ့်တစ်ခု၏ရှေ့တွင် ဧရာမနတ်ဆိုးသားရဲခုနှစ်ကောင်၏ အလောင်းတို့က တောင်များကဲ့သို့လဲလျောင်းနေသည်။

၎င်းတို့ကပုယာနောက်သို့လိုက်လာသော နတ်ဆိုးသားရဲများနှင့်တစ်ကောင် ချင်းစီးပြုတ်ကျသွားကြသော နတ်ဆိုးသားရဲများဖြစ်ကြသည်။

“လခွီး..အရမ်းကိုလက်တွေ့ဆန်တာကြီး”

ချိုင့်ဝှမ်းအတွင်းရှိ ပုံရိပ်ယောင်လှည့်စားမှုထံ သို့ကြည့်၍ ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။

“ဝေါင်း..ဂယား..ဂါး..ဝေါင်း”

ဤအချိန်တွင် ချိုင့်ဝှမ်းအထက်ကောင်းကင်ထဲမှ ကြမ်းကြုတ်သောနတ်ဆိုးသားရဲတို့၏ ဟိန်းဟောက်သံများကိုကြားရသည်ဖြစ်သည်။ နောက်ဆုံးတွင် ကျင်းဖူနှင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ခြောက်ဦးနောက်သို့ လိုက်လာသော နတ်ဆိုးသားရဲများရောက်လာကြပြီဖြစ်သည်။

များစွာသော ကြီးမားပြီးကြမ်းကြုတ်ခက်ထန်ရက်စက်သည့် နတ်ဆိုးသားရဲများက ချိုင့်ဝှမ်းအထက်ကောင်းကင်ထဲ၌ပေါ်လာသည်။တစ်ကောင်ပြီးတစ်ကောင် ချိုင့်ဝှမ်းအတွင်းသို့ဦးတည်ရောက်ရှိလာပြီး ဒေါသူပုန်ထကာဟိန်းဟောက်နေကြသည်။

နတ်ဆိုးရိုင်းတောင်တန်းအတွင်းသို့ ကျူးကျော်လာသည့်ဤလူများအား အပိုင်းပိုင်းချေမွပစ်ရန်၎င်းတို့အနေဖြင့် မစောင့်ဆိုင်းနိုင်သကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်သည်လည်းချိုင့်ဝှမ်းအထက်ကောင်းကင်ထဲရှိဧရာမပုံရိပ်များကိုကြည့်လိုက်သည်။နတ်ဆိုးသားရဲကိုးကောင်းရောက်ရှိလာခြင်းဖြစ်၏။

ထို့နောက်ချက်ချင်းပုံရိပ်ကိုးခုက တစ်ကောင်ပြီးတစ်ကောင်ဖျက်ခနဲဖြစ်ကာ အောက်ဘက်ရှိချိုင့်ဝှမ်းအတွင်း သို့ဦးတည်လိုက်ကြ၏။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters