တုန်လှုပ်ချောက်ချားခြင်း
Vol. 61 Ch. 896
ယီထျန်းယွမ်သည် သတိလစ် မသွားဘဲ မဟာဝင်္ကပါအစီအရင်ထဲမှ ထွက်လာနိုင်ခဲ့သည်။ ဤသည်မှာ မည်သူမျှ ကြိုတင် ခန့်မှန်းမထားသော အခြေအနေ ဖြစ်သည်။ ၎င်းတို့ အားလုံးသည် ခံနိုင်ရည် မရှိဘဲ သတိလစ်သွားခြင်း ဖြစ်စေ၊ ဆက်လက် ခံနိုင်နေခြင်း ဖြစ်စေ အခြေအနေ နှစ်မျိုးသာ ရှိသည်ဟု ယူဆထားခဲ့ကြသည်။ တတိယ အခြေအနေ မရှိချေ။
ယီထျန်းယွမ်သည် တတိယ အခြေအနေကို ပြသလိုက်၏။ ၎င်းမှာ မဟာဝင်္ကပါအစီအရင်ထဲမှ ထွက်လာခြင်း ဖြစ်ပြီး အလွန် ပေါ့ပေါ့ပါးပါး ရှိနေဟန် တူသည်။
“ညီလေးယီ... မင်း ဘာမှ မဖြစ်ဘူးလား”
လီကျန့်ယု လျှောက်လာပြီး အံ့အားသင့်စွာ မေးသည်။
“ငါ ဘာ ဖြစ်နိုင်မှာလဲ”
ယီထျန်းယွမ် သူ့ကို အပေါ်အောက် ကြည့်လိုက်ပြီး ရယ်သည်။
“ပြောရဦးမယ်... မင်း ခံနိုင်တဲ့ အချိန်က အတော် ကောင်းတယ်... ခြောက်ရက်တောင် ရှိတယ်... တကယ် တော်တာပဲ...”
သူသည် ထိုင်လျက် အမြဲတမ်း ကြယ်တာရာစွမ်းအင်ကို စုပ်ယူနေသော်လည်း ပတ်ဝန်းကျင် အခြေအနေကို ဂရုမစိုက်ဟု မဆိုနိုင်ချေ။ အပြင်ဘက် အခြေအနေကို သူ အားလုံး ရှင်းရှင်းလင်းလင်း သိသည်။ မည်သည့် လှုပ်ရှားမှု ဖြစ်စေ အားလုံး ရှင်းလင်းစွာ သိသည်။ အပြင်ကလူတွေ ဘာ ပြောပြော သူ ဂရု မစိုက်ချေ။ ဝိညာဉ်အသိကို ဤ မဟာဝင်္ကပါအစီအရင် နယ်ပယ်အတွင်း၌သာ လွှမ်းခြုံထားသည်။
အဓိကအားဖြင့် သူသည် ပတ်ဝန်းကျင် အခြေအနေကို သိလိုသည်။ မိမိ၏ ပြိုင်ဘက် အခြေအနေကို ကြည့်လိုသည်။ အပြင်ဘက်မှ မည်သို့ ပြောဆိုသည်ကိုမူ ဂရု မစိုက်ချေ။ ဤ စိတ်နှလုံး အားလုံးကို စွမ်းအင် ဝါးမျိုခြင်း ပေါ်တွင် အသုံးပြုခြင်းက ပို၍ ကောင်းသည်။
“ညီလေးယီ... မင်းက ငါ့ကို ချီးကျူးတာပဲ... တကယ်တော့ မင်းက စံချိန်ကို ချိုးဖျက်လိုက်တာ... ၁၄ ရက်တောင် ရှိတယ်... အရင် စံချိန်ထက် လေးရက်တောင် ပိုတယ်...” လီကျန့်ယု အလွန်ပျော်ရွှင်စွာ ပြောလိုက်သည်။ “မင်း မသိဘူး... ဟို ကောင်တွေ မင်းကို ကြည့်တဲ့ မျက်လုံးတွေတောင် ပြောင်းသွားပြီ... ငါ ပြန်တွေးကြည့်ရင် ရယ်ချင်လာတယ်... ညီလေးယီ... မင်း ငါတို့ လူသားမျိုးနွယ်အတွက် တကယ် ဂုဏ်ဆောင်ပေးတာပဲ...”
“ဟုတ်လား” ယီ
ထျန်းယွမ် မျက်လုံးကို မော့၍ သစ်ပင်မျိုးနွယ်သား ရှူးရုံတို့ဘက်သို့ ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ရယ်သည်။
“ယခင်က ငါတို့ နှစ်ယောက် နှစ်ရက်တောင် မပြည့်ဘဲ ပြီးသွားမယ်လို့ မင်းတို့ ပြောခဲ့တယ်... အခု မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဘယ်နှစ်ရက် ခံနိုင်တယ်ဆိုတာ ပြန်ပြောပါဦး...”
လက်စားချေခြင်းသည် သူ အမြဲ ကြိုက်နှစ်သက်သော အရာ ဖြစ်သည်။ ယခင်က မည်သို့ လှောင်ပြောင်ခဲ့သလဲ၊ ယခု ထိုနည်းအတိုင်း ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။
“ကြာကြာ ခံနိုင်တာက စွမ်းအား ကြီးမားတာကို ကိုယ်စား မပြုဘူး... သတ္တိ ရှိရင် ငါနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ကြည့်...”
သစ်ပင်မျိုးနွယ်သား ရှူးရုံ ထွက်လာပြီး ယီထျန်းယွမ်ကို ကြည့်သော မျက်လုံးတွင် ရူးသွပ်မှုများ ပြည့်နေသည်။ ၁၄ ဆိုတာ ဘာမှ မဟုတ်ဘူး... အကယ်၍ သူ ယီထျန်းယွမ်ကို အနိုင်ယူနိုင်ရင် ၁၄ ရက် ခံနိုင်ရင်တောင် သူ့ ရှေ့မှာ အမှိုက် တစ်စ ဖြစ်သွားနိုင်သည်ပင်။
ယီထျန်းယွမ် ခေါင်းဆောင်ကူးကို ကြည့်လိုက်ပြီး မေးသည်။
“ခေါင်းဆောင်ကူး... ကျွန်တော်တို့ ဒီနေရာမှာ ယှဉ်ပြိုင် တိုက်ခိုက်လို့ ရနိုင်မလား”
သတ်မှတ်ချက်အရ ဤနေရာတွင် ယှဉ်ပြိုင် တိုက်ခိုက်ခွင့် မရှိချေ။ ကူးယန်လုံ အပြုံးဖြင့် ပြောလိုက်သည်။
“ပြဿနာ မရှိဘူး... မင်းတို့ ဒီနေရာမှာ ယှဉ်ပြိုင် တိုက်ခိုက်ခွင့် ပေးမယ်... ဒါပေမဲ့ အသက်ကိုတော့ လုံးဝ မထိခိုက်စေနဲ့... မင်းတို့ အားလုံး ထျန်ယုနတ်ဘုရားနယ်မြေရဲ့ တပည့်သစ်တွေပဲ... အတူတူ ကျောင်းတက်နေသူတွေပဲ... အသေသတ်တာမျိုးတော့ မလုပ်သင့်ဘူး”
“ပြဿနာ မရှိဘူး... ငါ လက် လျှော့ပေးမှာပါ...”
ယီထျန်းယွမ် ပေါ့ပေါ့ပါးပါး ရယ်သည်။
“လက်လျှော့ပေးမယ်... ကောင်းလိုက်တဲ့ စကား... မင်း ငါ့အပေါ် ဘယ်လို လက်လျှော့ပေးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...”
ရှူးရုံ ချက်ချင်း ဒေါသထွက်သွားသည်။ ဘေးနားမှ သစ်ပင်မျိုးနွယ်သား ရှူးဟန်ပါ ဒေါသ ထွက်သွားသည်။ တစ်ဦးချင်းစီ ယီထျန်းယွမ်ကို ကြည့်သော မျက်လုံးများ ပြောင်းလဲသွားသည်။
၎င်းတို့ ယခင်က အံ့အားသင့်ခဲ့သော်လည်း ယခု ယီထျန်းယွမ် ကိုယ်ပေါ်တွင် ပြင်းပြင်းထန်ထန် နင်းချေလိုကြသည်။ ဤသည်မှာ ၁၄ ရက် စံချိန်ကို ခံနိုင်သော ပုဂ္ဂိုလ် ဖြစ်သည်။ အကယ်၍ ၎င်းတို့ အနိုင်ယူနိုင်ပါက ထိုဂုဏ်သည် ၎င်းတို့အပိုင် ဖြစ်လာမည် မဟုတ်လား။
ကောလဟာလအရ ကြာကြာ ခံနိုင်လေ စွမ်းအား ပို၍ ကြီးမားလေဟု ဆိုသည်။ မိမိ ကိုယ်တိုင် သုံး လေးရက်ခန့်သာ ခံနိုင်သော်လည်း ၁၄ ရက် ခံနိုင်သူကို အနိုင်ယူပါက ၁၄ ရက် ခံနိုင်ခြင်းသည် တစ်စက်မျှပင် အသုံး မဝင်ကြောင်း အခြားသူများကို ပြောပြရာ မရောက်ပေဘူးလား။
ချက်ချင်း ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ အားလုံး နေရာ ဖယ်ပေးလိုက်ကြပြီး ၎င်းတို့အား ယှဉ်ပြိုင် တိုက်ခိုက်ရန် အခွင့်အရေး ပေးလိုက်သည်။ ကူးယန်လုံ ၎င်းတို့အား စိတ်ကြိုက် လုပ်ဆောင်ခွင့် ပေးခြင်းသည် အများစုမှာ ယီထျန်းယွမ်ကို မျက်နှာသာ ပေးလိုခြင်း ဖြစ်သည်။ ထို့အပြင် ယီထျန်းယွမ်၏ စွမ်းရည် မည်သို့ ရှိသည်ကို ကြည့်လိုသည်။ သူ၏ စွမ်းရည်အရ ကိစ္စ အများစုကို ဖြစ်မလာအောင် တားဆီးနိုင်ပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
“မင်း အရင် ထိုးပါ... ခဏနေ ငါ မင်းကို အနိုင်ယူတဲ့အခါ မင်း အရင် ထိုးခွင့် မပေးဘူးလို့ ပြောမှာ စိုးလို့... ပိုတိကျအောင် ပြောရရင် အခြားသူတွေ ငါ လူသားမျိုးနွယ်ကို အခွင့်အရေး မပေးဘူးလို့ ပြောမှာ စိုးလို့...”
သစ်ပင်မျိုးနွယ်သား ရှူးရုံသည် ဤ အချိန်တွင် အဆင့်မြင့်သူကဲ့သို့ ပြန်ဖြစ်လာသည်။ ယီထျန်းယွမ်သည် အမှိုက် တစ်ခုသာ ဖြစ်ပြီး အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်သည်။
“ဟုတ်လား... ဒါဆို မင်း ငါ့ကို အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်...”
ယီထျန်းယွမ် သူ့ကို ကြည့်ရင်း နူးညံ့စွာ ရယ်သည်။
“ဒါဆို ငါ အခု စ ထိုးလို့ ရပြီလား”
“ရပြီ...”
“ဒုန်း...”
ယီထျန်းယွမ် မြေပြင်ကို ခြေတစ်ချက် နင်းလိုက်သည်နှင့် ချက်ချင်း နေရာမှ ပျောက်ကွယ်သွားသည်။ ကြောက်မက်ဖွယ် အရှိန်ကြောင့် ကူးယန်လုံပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။
“ဖျောင်း...”
နောက် တစ်ခဏတွင် ယီထျန်းယွမ်သည် သစ်ပင်မျိုးနွယ်သား ရှူးရုံ ရှေ့တွင် ပေါ်လာပြီး ခြေဖဝါးဖြင့် ပြန်လှန် ကန်လိုက်သည်။
“အား...”
နာကျင်စွာ အော်ဟစ်သံနှင့်အတူ ရှူးရုံ ပြင်းပြင်းထန်ထန် လွင့်စင်သွားပြီး နောက်ဆုံးတွင် နံရံ၌ ပြင်းထန်စွာ ကပ်နေသည်။ ကိုယ်ပေါ်ရှိ သစ်ကိုင်းများ တစ်စစီ ကြေမွသွားသည်။ ကိုယ်ပေါ်တွင် ထူထဲသော သစ်ခေါက်များ ရှိသော်လည်း ခြေ တစ်ချက်ဖြင့် နက်ရှိုင်းစွာ ချိုင့်ဝင်သွားသည်။ ထုတ်ချင်းဖောက်မတတ်ပင် ဖြစ်သွားသည်။
ချက်ချင်းဆိုသလို ရှူးရုံတစ်ယောက် နံရံမှ ကွာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ တဆတ်ဆတ် တုန်နေသည်။ အစိမ်းရောင် သွေးများ အဆက်မပြတ် ထွက်လာပြီး သတိလစ်သွားခဲ့သည်။
“စွမ်းအား တော်တော် ကောင်းတယ်... အများကြီး တိုးတက်လာတယ်... ခုန ဝင်လာတာထက် အများကြီး သန်မာလာတယ်လို့ ခံစားရတယ်...”
ယီထျန်းယွမ် ကိုယ်တွင်း အခြေအနေကို ကြည့်လိုက်သည်။ ကောင်းကင်မျက်လုံးသည် မကြာမီ အလုံးစုံ အခြေအနေကို ပြသသည်။
“ခန္ဓာကိုယ် စွမ်းအင် ပြောင်းလဲမှုကြောင့် စုစုပေါင်း သုံးဆ တိုးလာသည်။ ခန္ဓာကိုယ် ခိုင်ခံ့မှု နှစ်ဆ တိုးလာသည်။ သွေးကြော မကြီး ခိုင်ခံ့မှု သုံးဆ တိုးလာသည်။ စွမ်းအင်သည် အသစ်သော ကြယ်တာရာစွမ်းအင်သို့ ပြောင်းလဲသွားသည်။ မည်သည့်အရာကို အသုံးပြုသည်ဖြစ်စေ အသုံးချမှုနှုန်း သုံးဆ တိုးလာသည်။ စုစုပေါင်း တိုက်ခိုက်နိုင်စွမ်း ကြယ်တာရာစွမ်းအင် ခြောက်ထောင့်သုံးရာ ဖြစ်သည်...”
ကြယ်တာရာစွမ်းအင် ခြောက်ထောင့်သုံးရာသည် ယခင် တိုက်ခိုက်နိုင်စွမ်းနှင့် တွက်ချက်လျှင် ဘီလီယံ ခြောက်ထောင့်သုံးရာနှင့် ညီမျှသည်။ ဤသည်မှာ သာမန် အခြေအနေ၌ပင် ဖြစ်သည်။ အကယ်၍ ပေါက်ကွဲထုတ်လိုက်ပါက မည်သည့် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိနိုင်မည်နည်း။
အခြား ကြယ်တာရာသခင် ကျင့်စဉ်အဆင့်ကို ကြည့်လိုက်ရာ ဥပမာ သစ်ပင်မျိုးနွယ်သား ရှူးရုံ၏ အဆင့်သည် ကြယ်တာရာသခင် အဆင့်ငါး ဖြစ်သည်။ စုစုပေါင်း တိုက်ခိုက်နိုင်စွမ်း ကြယ်တာရာစွမ်းအင် နှစ်ထောင့်သုံးရာမျှသာ ရှိသည်။ နောက် ဥပမာအားဖြင့် ဘေးနားရှိ မိမိ ကျင့်စဉ်အဆင့်နှင့် တူညီသော ကြယ်တာရာသခင် အဆင့်ရှစ်သည် ယခု ကြယ်တာရာစွမ်းအင် သုံးထောင့်နှစ်ရာမျှသာ ရှိသည်။
သူသည် ၎င်းတို့ထက် ကြယ်တာရာစွမ်းအင် သုံးထောင် ပို၍ များပြားသည်။ ဤ ကွာခြားမှုသည် ကြောက်မက်ဖွယ် ကောင်းသည်။ အမြင့်ဆုံး အဆင့်ပင် ဖြစ်စေ သူနှင့် ယှဉ်လျှင် သန်မာခြင်း မရှိချေ။ နဂါးမျိုးနွယ်သား ကူးယန်လုံ တစ်ဦးတည်းသာ မိမိထက် အများကြီး သန်မာသည်။ ယခုမှ မြေကမ္ဘာသခင် နှစ်အဆင့်သာ ရှိသော်လည်း ကြယ်တာရာစွမ်းအင် နှစ်သောင်းအထိ ရှိသည်။ ကွာခြားမှုသည် တကယ်ပင် အလွန် ကြီးမားသည်။
အမှန်ပင် အဓိက နယ်ပယ်ကို ကျော်လွန်ပြီးနောက် ရလဒ်သည် အမြဲတမ်း နှိမ်နင်းမှု ဖြစ်သည်။ မိမိ ကိုယ်တိုင် အလွန် ထူးခြားသည့်အပြင် နယ်ပယ် အဆင့် အနည်းငယ်ကို ကျော်လွန်၍ တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ ထွက်ပြေးနိုင်လျှင်ပင် တော်လှပြီ။ ပြိုင်ဘက်ကို အနိုင်ယူရန် မဖြစ်နိုင်ချေ။
“ကြယ်တာရာစွမ်းအင်ကို ပြောင်းလဲပြီးနောက်မှာ ဒီလောက် အံ့သြဖွယ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တာကို မထင်ထားခဲ့ဘူး”
ယီထျန်းယွမ် တုန်လှုပ်သွားသည်။ ယခင်က စနစ်ကို အဆင့်မြှင့်တင်ပြီးနောက် မိမိ၏ ကြယ်တာရာစွမ်းအင်သည် သုံးထောင့်ရှစ်ရာကျော်၊ လေးထောင်နီးပါးသာ ရှိခဲ့သည်။ ရှင်းရှင်း ပြောရလျှင် သူ ကြည့်ခဲ့သည့် ထိုသူထက် သိပ်ပြီး မသန်မာခဲ့ချေ။ ၎င်းတို့သည် သန်မာသော သွေးရိုးဗီဇကို ပိုင်ဆိုင်ထားသဖြင့် အလွယ်တကူ ပြန်လည် ဆွဲတင်နိုင်သည်။
ယခု သူ ပြောင်းလဲပြီးနောက် ကြယ်တာရာစွမ်းအင် သုံးထောင် ပို၍ များပြားသည်။ ဤသည်မှာ အပေါ်ယံ အချက်အလက်သာ ဖြစ်သည်။ စွမ်းအား အမျိုးမျိုးကို တကယ် ပေါက်ကွဲထုတ်လိုက်မှသာ ခံစားနိုင်သည်။ ကောင်းကင်မျက်လုံးက ပေးသည့် အချက်အလက်သည် အပေါ်ယံသာ ဖြစ်သည်။ အထူးတလည် နက်နက်နဲနဲ ခန့်မှန်းထားခြင်း မရှိချေ။ လက်ရှိတွင် ရည်ညွှန်းရန်အတွက်သာ ဖြစ်သည်။ ပေါက်ကွဲထုတ်လိုက်ပါက မည်သူက ပြောနိုင်မည်နည်း။
မည်သို့ပင် ဖြစ်စေ သူသည် ဤ ပြောင်းလဲပြီးနောက် ရရှိသော စွမ်းအားကြောင့် ပြင်းပြင်းထန်ထန် တုန်လှုပ်ခဲ့သည်။ နတ်ဘုရားနယ်မြေသည် တကယ်ကို အံ့သြဖွယ် ကောင်းလှသည်။
အခန်း (၈၉၆) ပြီးပါပြီ။