အခန်း (၉၇-၉၈)
Vol. 9 Ch. 97-98
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၉၇
အရင်တစ်ခေါက်က သူသည် ဝမ့်ရင်းကို တိုက်ခိုက်ချင်သော်လည်း ရှုရွှမ်းက သူ့ကို အတော်လေး ရိုက်ခဲ့သည့်အတွက် သူက အိပ်ရာထဲတွင် အကြာကြီး နေခဲ့ရသည်။ ပြန်ထနိုင်သည့်အခါ သူက တောင်ပေါ်သွားပြီး နှင်းတွေ သွားဖယ်ရသည်။ ဒီဆောင်းတွင်းက အင်မတန် ပင်ပန်းသည်။ သူသာ ပင်ပင်ပန်းပန်း မလုပ်ပါက အများကြီး စားရလိမ့်မည် မဟုတ်ပါ။ သူက နွေရာသီမှာ စားစရာတွေ အကုန်လုံးကို စားလိုက်ပြီ ဖြစ်သည်။
သူက ဝမ့်ရင်းအပေါ်မှာ မကောင်းတဲ့ အတွေးများကို တွေးရဲတော့မည် မဟုတ်ပါ။ အခုဆိုရင် သူက တစ်ခါတစ်လေ ရှုရွှမ်းကို တွေးမိလိုက်သည့်အခါ သူအရိုက်ခံထားရသည့် ကိုယ်ခန္ဓာရှိ ဒဏ်ရာတွေက နာကျင် ကိုက်ခဲနေဆဲ ဖြစ်သည်ဟု ခံစားခဲ့ရသည်။
ခွေးအိုကြီးက အိပ်ရာထဲတွင် အိပ်မရခဲ့ပါ။ ထို့ကြောင့် သူက ဘာကြောင့်မှန်းမသိတဲ့ အကြောင်းပြချက် အချို့ကြောင့် အိပ်ရာကနေ ထလိုက်ပြီး သူက အိပ်မပျော်သည့်အတွက် အနောက်ရှိ တောင်ပေါ်မှာ လမ်းလျှောက်ဖို့ ဘာလို့ မသွားတာလဲဆိုပြီး တွေးမိခဲ့သည်။
သူကိုယ်တိုင်ကလည်း သူဘာလို့ တောင်အနောက်ကို ပြန်လာခဲ့ရတာလဲဆိုသည့် အကြောင်းကို ထဲထဲဝင်ဝင် မတွေးရဲခဲ့ပါ။
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က သူ့ကို မနှိုးခင် အိပ်ပျော်သွားတဲ့အထိ ထိုင်စောင့်ဖို့ကို စီစဥ်ထားခဲ့သည်။ သို့သော် သူတို့က စောင့်ပြီးရင်း စောင့်နေသော်လည်း ခွေးအိုကြီးကတော့ အိပ်မပျော်ခဲ့ပါ။ ထိုအစား အဲ့လူက ထလာခဲ့သည်။
ဝမ့်ရင်းက ခွေးအိုကြီး သစ်သီးခြံထဲကနေ ခိုးထွက်လာကို မျက်မှောင်ကြုတ်ပြီး ကြည့်နေခဲ့သည်။
“သူ ဘယ်သွားနေတာလဲ။”
ရှုရွှမ်းက ဝမ့်ရင်းကို ခနလောက်ဆွဲထားပြီး ပြောခဲ့သည်။ “အဲဲဒါက တောင်ရဲ့ အနောက်ဘက်ကို သွားနေတာဖြစ်မယ်။”
ဝမ့်ရင်းက အရမ်း ဒေါသထွက်ကာ သူမရဲ့ မျက်နှာက သုန်မှုန်သွားခဲ့သည်။ အခုလေးတင် လောင်ကုန်းက ချမ့်ရှုဖန်းအကြောင်းကို ပြောပြီး တောင်ရဲ့ အနောက်ဘက်သို့ သွားနေခဲ့သည်။
ဒီလူက စားတာကိုပဲ မှတ်မိပြီး ရိုက်ခံရတာကိုကျ မမှတ်မိဘူးဖြစ်မယ်။
ရှုရွှမ်းက ဝမ့်ရင်း ဒေါသထွက်နေတာကို သိတဲ့အတွက် သူမကိုဆွဲပြီး သူ့ရဲ့အနောက်ကနေ လိုက်ပြီး သီးသန့်နေရာ တစ်ခုဆီ သွားခဲ့သည်။ ရှုရွှမ်းက သူနှင့် တော်ပေါ်ကို တက်သွားခဲ့ပြီး သူမနှင့် အတူပါလာသော ဓားတစ်ချောင်းနှင့် ထုချလိုက်သည်။
ဝမ့်ရင်း - “သူ့ကို တလင်းပြင်ဆီ ခေါ်သွား။”
ရှုရွှမ်းက ဝမ့်ရင်းကို လောင်ကုန်းနှင့် ဘယ်လို ပြောဆိုရမလဲဆိုတာ ပြောပြခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဝမ့်ရင်းက လောင်ကုန်းကို လွှတ်မပေးတော့မှာ သေချာသလို သူ့ကိုလည်း ဘယ်တော့မှ ထိန်းချုပ်နိုင်မည် မဟုတ်ပါ။
လောင်ကုန်းက ပြန်ပြီး နိုးလာတဲ့အခါ သူက ကြောက်လွန်းလို့ သေလုနီးပါး ဖြစ်နေခဲ့သည်။
လရိပ်အောက်မှာ ရှုရွှမ်းနှင့် ဝမ့်ရင်းတို့က သူ့ကို စိမ်းစိမ်းကားကား ကြည့်နေခဲ့သည်။
သူ့ရဲ့ အနောက်ဘက်တွင် တပ်မဟာရဲ့ ရေတွင်း ရှိနေခဲ့သည်။
ဒါဟာ အိပ်မက်ဆိုးတစ်ခုက ပြန်ပေါ်လာသလို ဖြစ်နေခဲ့ကာ ရှုရွှမ်းက သူ့ကို ဒေါသတကြီး ကြည့်နေခဲ့ပြီး ပြဿနာရှာဖို့ ကြည့်နေဆဲ ဖြစ်သည်။
လောင်ကုန်းက ချက်ချင်းပဲ သနားဖို့အတွက် စတင် တောင်းပန်ခဲ့သည်။ “ငါ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ငါ ဘာမှ မပြောခဲ့ပါဘူး။ ငါ့မှာ မရှိတဲ့အရာကို မပြောခဲ့သင့်ပါဘူး။”
ရှုရွှမ်းက သူ့ကို ရိုက်ဖို့ အကြောင်းတစ်ခု ရှိနေသည့်အတွက် သူက ချက်ချင်း တောင်းပန်ပြီး သူ့ရဲ့အမှားကို ဝန်ခံခဲ့သည်။
သို့သော် သူက ဒီနေ့ရဲ့ ဇာတ်ကောင်အကြောင်း မှားခန့်မှန်းမိခဲ့သည်။ ဝမ့်ရင်းက သူ့ဆီကို လျှောက်လာခဲ့ပြီး နှစ်ခါ ထိုးလိုက်သည်။ ထို့နောက် သူ့ကို မေးခဲ့သည်။ “အခုချိန်မှာ ရှင်က ဘာမှမလုပ်ချင်ပါဘူးလို့ ပြောရဲသေးတယ်ပေါ့။”
လူတိုင်းက တောင်ရဲ့အနောက်ကနေ ပြန်လာကြတာ။ အဲ့ဒါဆို သူတို့က တစ်ခုခုလုပ်ဖို့ အစီအစဥ် မရှိဘူးဆိုတာ ဖြစ်နိုင်မှာလား။
လောင်ကုန်းသည် ဝမ့်ရင်းက သူ့ရဲ့ ရည်ရွယ်ချက်တွေကို မြင်နိုင်လိမ့်မယ်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပါ။ ထို့ကြောင့် သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့သည်။
“ငါ၊ ငါမလုပ်ဘူး… ငါ အဲ့ဒါကို တကယ် မလုပ်ပါဘူး။”
ခွေးအိုကြီးက ကြောက်လွန်းလို့ စငိုမိခဲ့သည်။ ထို့နောက် သူ့ရဲ့ အောင်ပိုင်းကနေ မသင်္ကာစရာ အရည်များလည်း ထွက်လာခဲ့သည်။ “ငါတကယ် အဲ့လိုမလုပ်ပါဘူး။ ငါတကယ် မလုပ်ပါဘူး။ ဝူး၊ ဝူး၊ ဝူး။ ငါက အဲ့အကြောင်း တွေးမိရုံပါ။ ပြီးတော့ ဒီနေရာကို မင်းတို့ကပဲ ငါ့ခေါ်လာတာလေ။”
လောင်ကုန်းက တော်တော်လေး ကြောက်နေခဲ့သည်။ သူက အဲ့ဒါကို အဖြေရှာလို့တောင် မရပါ။ သူက မကောင်းတဲ့ စကားအနည်းငယ်ကိုသာ ပြောခဲ့ပြီး စိတ်ထဲကနေ မကောင်းတဲ့အရာတွေကို တွေးမိခဲ့ရုံသာ ဖြစ်သည်။
သို့သော် သူက အဲ့ဒါကို တကယ် မလုပ်ရဲခဲ့ပါ။
ဘယ်လိုဖြစ်လို့ ဒီလင်မယားက အမြဲတမ်း သူ့ကို မိနိုင်ရတာလဲ
သူ့ကို ကောင်းကင်ကနေ နတ်၊ ဘုရားတွေက ကြည့်နေတာရော ဖြစ်နိုင်မလား။ သူ့ရဲ့ ဘဝမှာ အသိစိတ်ကို ဆန့်ကျင်ပြီး ဘာတစ်ခုမှ မလုပ်ဖို့ ပြောနေသလိုပဲ။
ဝမ့်ရင်းက သူ့ကို နောက်ထပ်နှစ်ခေါက် ထိုးလိုက်သည်။ လောင်ကုန်းက သူ့ရဲ့ခေါင်းကို ကာထားပြီး အကျယ်ကြီးလည်း မငိုရဲခဲ့ပါ။
ဝမ့်ရင်းက အဓိက ကိစ္စကို မမေးခင် သက်ပြင်းတစ်ချက် ချလိုက်သည်။ “ရှင် တောင်ရဲ့ အနောက်ဘက်ကို သွားတဲ့အကြောင်း ကျွန်မ နောက်မှပြောမယ်။ အခု ကျွန်မ ရှင့်ကို မေးခွန်းတစ်ခု မေးချင်တယ်။ အဲ့ဒါကို သေချာ စဥ်းစားပြီးမှ ကျွန်မကို ပြန်ဖြေပေး။”
လောင်ကုန်းက သနားဖို့ မြန်မြန် တောင်းပန်ပြီး ခေါင်းငြိမ့်ပြခဲ့သည်။ “ဘာပဲဖြစ်ဖြစ် မေးပါ။”
'ဝိုးဟိုး၊ ရှုရွှမ်းက လူကိုရိုက်တာ ဘယ်လောက် နာလဲဆိုတာ သူ အမြဲတမ်း ခံစားမိခဲ့တာ။ ဒါပေမယ့် အခုတော့ ဝမ့်ရင်းရိုက်တာလည်း ဘယ်လောက်ထိ နာလဲဆိုတာကို ငါသိခဲ့ရပြီ။ ဒီအတွဲက မတူညီတဲ့အရာတွေနဲ့ မွေးလာတာ ဖြစ်ရမယ်။'
ဝမ့်ရင်း - “လွန်ခဲ့တဲ့ နှစ်အနည်းတုန်းက ကျွန်မအမေ ဆုံးသွားတဲ့အချိန်မှာ ရှင်ကလည်း သူနဲ့ ဆေးရုံအတူတူပဲ။ အဲ့မှာ ရှင်တစ်ခုခုကို ကြားခဲ့သေးလား။ ကျွန်မအမေ မဆုံးခင်မှာ ဘာစကားတွေ ပြောဖို့ မှာခဲ့သေးလဲ။”
ဝမ့်ရင်း ဒီလိုမေးသည့်အတွက် လောင်ကုန်းက မပြင်ဆင်ထားခဲ့မိပါ။ သူက ခေါင်းကိုငုံ့ပြီး ခနလောက် တွေးခဲ့သည်။ “ငါ မှတ်မိသလောက်ဆို မင်းဦးလေး ရောက်လာပြီး သူတို့တွေ စကားခနလောက် ပြောကြတယ်။ ဒါပေမယ့် ငါလည်း အရမ်း အိပ်ချင်ပြီး အတော်အကြာ အိပ်ပျော်သွားတာ။”
ဝမ့်ရင်းရဲ့ မျက်နှာမှာတော့ ဘာကိုမှ မပြခဲ့ပါ။ “တကယ်လား။ အဲ့အကြောင်း ထပ်ပြီး တွေးကြည့်ပါဦး။ ကျွန်မအမေ ဘာတွေ ပြောခဲ့လဲ၊ ဘာတွေ လုပ်ခဲ့လဲဆိုတာ ကျွန်မကို မြန်မြန် ပြောပြ”
လောင်ကုန်းက နာကျဥ်းစွာ ပြုံးပြခဲ့သည်။ “ငါတကယ် မမှတ်မိတော့ဘူး။ အဲ့ချိန်တုန်းက ငါလည်း အရမ်းကြောက်နေခဲ့တာ။ ပြီးတော့ အိပ်ချင်လာတာပဲ။ စကားအလယ်မှာတော့ ငါနည်းနည်းလောက် ကြားခဲ့တယ်။ ယုံဖုကို မြန်မြန် ပြန်လာဖို့ တစ်ခုခု ပြောနေခဲ့တာ။”
ဝမ့်ရင်းက ခနလောက် တိတ်တဆိတ်သွားခဲ့သည်။ ယုံဖုဆိုတာ မူလပိုင်ရှင်ရဲ့ အဖေနာမည်ဖြစ်သည်။
ဝမ့်ရင်းက စိတ်အဆင်မပြေတာကို မြင်တဲ့အခါ ရှုရွှမ်းက အဲ့အကြောင်းကို ဆက်မေးခဲ့သည်။ “အလယ်ပိုင်းမှာ ဝမ့်ယုံရွှင်းက ဆေးရုံကို ရောက်လာတယ်လို့ မင်းပြောခဲ့တယ်နော်။ ဝမ့်ယုံရွှင်း ထွက်သွားတဲ့အချိန်မှာ မူမမှန်တာ တစ်ခုခု ရှိနေသေးလား။”
လောင်ကုန်းက စောဒက တက်ခဲ့သည်။ “ဘိုးဘေးတွေရယ်၊ ကျွန်တော် တကယ် မမှတ်မိပါဘူး။ ငါမှတ်မိတာဆိုလို့ ဝမ့်ယုံရွှင်း အဲ့မှာရှိနေချိန် တစ်ယောက်ယောက်က ဆေးရုံ အလယ်ထဲကို ဝင်လာပုံရတယ်။ သူပြောတာက ဆေးရုံပြောင်းသွားတဲ့ မိသားစုက တစ်ခုခု မေ့ခဲ့တယ်ဆိုပြီး အဲ့ဒါကိုကြည့်ဖို့ လာကြတာ။ သူက ငါ့ကို ခနလောက် နှိုးခဲ့တယ်။ ဒါပေမယ့် အဲ့ထက်ပိုပြီး ငါလည်း ဘာတစ်ခုမှ မမှတ်မိတော့ဘူး။”
ဝမ့်ရင်းက သူမရဲ့စိတ်ပျက်မှုကို မထိန်းနိုင်ခဲ့ပါ။ သူမက အများကြီး အားစိုက်ပြီးနောက် အရာအားလုံးက ပတ်ချလည် ရိုက်နေခဲ့သည်။
ရှုရွှမ်းက သူမရဲ့ ပုခုံးကို ညှင်သာစွာ ပုတ်လိုက်သည်။ “အနည်းဆုံးတော့ အဲ့နေရာကို တစ်ယောက်ယောက် လာသွားတယ်ဆိုတာ သိလိုက်ရပြီ။ အဲ့တော့ ငါတို့တွေ ထပ်ပြီး ရှာလို့ရတယ်။”
ခွေးအိုကြီးက အရမ်း အသုံးမဝင်သော်လည်း သူက ပြတ်သားတဲ့ ဦးတည်ချက် တစ်ခုကို ထောက်ပြပေးခဲ့သည်။ ဒီကိစ္စရဲ့ နောက်ဆုံး တာဝန်ရှိသူမှာ အမျိုးသမီး အလုပ်သမားရဲ့ မိသားစုပဲ ဖြစ်ပုံရသည်။
ဝမ့်ရင်းက အားတက်သွားခဲ့သည်။ “အဲဲဒါက အဆင်ပြေပါတယ်။ ကျွန်မ ပြန်သွားပြီး အဆင်ပြေရင် အဲ့လူရဲ့ လိပ်စာကို ပေးဖို့အတွက် ဆရာဝန်ဝူကို ပြောလိုက်မယ်။”
လောင်ကုန်းက ဘေးနားတွင် ရပ်နေပြီး အရမ်း စိုးရိမ်နေခဲ့သည်။ “အဖိုးနဲ့၊ အဒေါ် ကျွန်တော် အခု သွားလို့ရပြီလား။”
သူက ဒီလို မကောင်းတဲ့ အတွေးမျိုးကို ဘယ်တော့မှ တွေးတော့မှာ မဟုတ်သလို ဒါမျိုး ဘယ်တော့မှ ထပ်လုပ်တော့မည် မဟုတ်ပါ။
ဒီနေ့မှာတော့ သူက ပြတ်သားတဲ့ အရာတစ်ခု မလုပ်ခဲ့သော်လည်း ထိုအကြောင်းကို တွေးပြီးနောက် ဝမ့်ရင်းနှင့် သဘောတူညီမှု တစ်ခုကို လုပ်ခဲ့သည်။ ဝမ့်ရင်းက အနိုင်ကျင့်ဖို့ လွယ်ကူတဲ့ မိဘမဲ့တစ်ယောက်ဆိုပြီး သူက ဘာလို့ တွေးမိခဲ့ရတာလဲ။
ဒီလူက ညှာတာမှုမရှိတဲ့ မကောင်းတဲ့သူဆိုတာ သိသာနေတာပဲ။
မကောင်းတဲ့လူတွေနှင့် ပြောဆို ဆက်ဆံရသည့်အခါ လောင်ကုန်းက ချက်ချင်း သိုးငယ်လေးလို ဖြစ်သွားခဲ့သည်။ သူသည် အရင်က ရိုက်ခံခဲ့ရတာကို ဘယ်တုန်းကမှ ထုတ်မပြောဘဲ သူ့အား လွှတ်ပေးဖို့ကိုသာ ဝမ့်ရင်းကို တောင်းပန်ခဲ့သည်။
ဝမ့်ရင်းနှင့် ရှုရွှမ်းသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လောင်ကုန်းက မကောင်းတဲ့စိတ်နှင့် ကောက်ကျစ်သော အတွေးမျိုး ရှိတဲ့သူမျိုး ဖြစ်သည်။ အရင်တစ်ခေါက် သူရခဲ့တဲ့ သင်ခန်းစာက မလုံလောက်ဘဲ ဒီတစ်ခေါက်လည်း နောက်ထပ် အမှားတစ်ခုကို လုပ်ခဲ့သည်။
ဒါက တကယ်ကို မုန်းစရာ ကောင်းသည်။
သို့သော် ဒါတွေချည်းပဲက သူ့ရဲ့ အမှန်တရားကို ထုတ်ဖော်ဖို့အတွက် မလုံလောက်ပါ။ ထို့အပြင် သူက တောင်ရဲ့ အနောက်ဘက်ကို ရောက်တောင် မရောက်ဖူးခဲ့ပါ။
လောင်ကုန်းက သူသည် ဒီလင်မယားရဲ့ လက်ထဲတွင် ရောက်နေပြီဆိုတာ အခုတော့ သိနေခဲ့ပြီး နောက်ဆုံး ရလဒ်ကတော့ ဝမ့်ရင်းရဲ့ အပြုအမူ အပေါ်မှာပဲ မူတည်သည်။ ထို့ကြောင့် သူက ဝမ့်ရင်းကို တောင်းပန်နေခဲ့သည်။
ဝမ့်ရင်းက သူ့ကို စိတ်ပျက်ပြီး လက်သီးဖြင့် တစ်ချက် ထိုးခဲ့သည်။
ရှုရွှမ်း - “မင်း ဘာဆက်လုပ်မှာလဲ။”
ဝမ့်ရင်းက ထိုအကြောင်းကို တွေးပြီး ရှုရွှမ်းရဲ့ လက်ကို ချိတ်လိုက်သည်။
“ရှင် အရင်တစ်ခေါက်က တပ်မဟာရဲ့ ရုံးထဲကို ခိုးဝင်ပြီး ဆေးအရက်ပြန်တွေ သွားယူတာကို ကျွန်မ မှတ်မိတယ်။”
ရှုရွှမ်း - ......
'အဲ့တော့ နောက်နေ့ကျရင် အဲ့လို အလားတူ ကိစ္စမျိုး ထပ်ဖြစ်လိမ့်မယ်။'
စုန့်တာကွေ့သည် မြေပေါ်တွင် မျက်နှာ ခပ်တင်းတင်း ဖြစ်နေသော လောင်ကုန်းရဲ့ မျက်နှာကိုကြည့်ပြီး အတော်လေး ဒေါသထွက်နေခဲ့သည်။
“မင်းက အံ့ဩစရာပဲ။ အရင်တစ်ခေါက်က ဆေးအရက်တွေကို ခိုးယူပြီး သောက်တယ်။ အခုလည်း အဲ့လို ထပ်လုပ်ပြန်ပြီ။ ငါ့ကို အမှန်တိုင်းပြောစမ်းပါ လောင်ကုန်းရာ။ မင်း ဘာလို့ ငါတို့တပ်မဟာထဲက ဆေးအရက်ပြန်ကို မျက်စိကျနေရတာလဲ။ ဘယ်လိုလုပ် ဒီအရက်ပြန်ကို အမြဲတမ်း သောက်နေတာလဲ။ အဲ့လိုသာဆိုရင် မင်း ထတောင် ထနိုင်မှာ မဟုတ်တော့ဘူး။”
“ဟုတ်ပြီ။ ထပ်မရှင်းပြနဲ့တော့။ ဒီနှစ်တော့ ငါတို့ တပ်မဟာထဲက မစင်တွေ အကုန်လုံးက မင်းအပိုင်ပဲ။”
ခွေးအိုကြီးက မှားယွင်းခံရသည်ဟု ခံစားခဲ့ရသည်။
အရင်တစ်ခေါက် ရိုက်ခံရတာက သူနှင့် ထိုက်တန်သည်။ ထို့အပြင် ဝမ့်ရင်းက ရှုရွှမ်းရဲ့ ကောင်မလေး ဖြစ်သည့်အတွက် သူ့ကိုရိုက်ပြီး အရက်ပြန် လောင်းသွားသည်မှာ အံ့သြစရာ မဟုတ်ပါ။
သို့သော် ဒီတစ်ကြိမ်မှာတော့ သူက တကယ်ကို မှားယွင်းခံခဲ့ရသည်။
သူက တံခါးကိုတောင် မထိဘဲနှင့် ဝမ့်ရင်းက ဘာလို့ သူ့ကိုရိုက်ပြီး အရက်ပြန်နှင့် လောင်းခဲ့ရတာလဲ။
သူတို့နှစ်ယောက်က အတော်လေး ကြင်နာမှု ကင်းမဲ့သည်။
ခွေးအိုကြီးက နစ်နာတယ်ဟု ခံစားခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ထိုအချိန်က အပူချိန်သည် အနည်းငယ် မြင့်နေသည့်အတွက် အရင်တစ်ခေါက် ညတုန်းကလို သူက အပြင်ဘက်မှာ ခဲလုနီးပါး ဖြစ်မည် မဟုတ်ဘဲ သူ့မြေးလိုပဲ ချမ်းနေခဲ့သည်။
လုံခြုံရေး စုန့်တာကွေ့က သူ့ကို ဒီလိုမျိုး မြင်ရတဲ့အခါ ဒေါသထွက်သွားခဲ့သည်။ “ဘာကိစ္စမလို့ မင်းက လက်မခံနိုင်ရတာလဲ။”
သူ့ရဲ့ နစ်နာနေတဲ့ မျက်နှာကို ကြည့်လိုက်ဦး။ သူက တစ်ခါတည်းနဲ့ အရက်ပြန်ကို နှစ်ခါတောင် ထိခဲ့တာ။ သူအဲ့ဒါကို ဘယ်လောက်တောင် သောက်ချင်နေလဲဆိုတာ သူ မသိတော့ဘူး။
လောင်ကုန်းက မြန်မြန် တောင်းပန်ပြီး ပြောခဲ့သည်။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်တော့် အမှားကို ကျွန်တော် သိပါတယ်။ အဖွဲ့ထဲက ဘာအပြစ်ပဲပေးပေး ကျွန်တော် ခံယူပါ့မယ်။”
သူက ဘယ်လိုလုပ် မဟုတ်ဘူးလို့ ပြောရဲမှာလဲ။
သူပြောလိုက်တဲ့ စကားကြောင့် စုန့်တာကွေ့က ပိုပြီး ဒေါသထွက်သွားခဲ့သည်။
မင်းရဲ့ အပြစ်တွေကို ကောင်းကောင်း ဝန်ခံပြီး ဘယ်တော့မှ အသိတရားမရတာ၊ ဟုတ်တယ်မလား။
ဟုတ်ပြီ၊ အရင်တစ်ခေါက်က သူတို့တွေ သူ့ကို တောင်ပေါ်မှာ နှင်းတွေလှဲဖို့နဲ့ မစင်တွေ သယ်ဖို့ ခေါ်သွားခဲ့သည်။ ဒီတစ်ခေါက်က သူတို့က မစင်တွေကို သယ်ပြီး တောင်ပေါ်က နှင်းတွေကို သွားလှည်းရမည်။
ဒီအပြစ်ပေးမှုက နောက်ထပ် နှစ်ကူးတဲ့အထိပဲ။ အဲ့ဒါမှ ဒီအပြစ်ကို ပြီးသွားပြီလို့ သတ်မှတ်လို့ ရသည်။
ခွေးအိုကြီးက နာကျည်းသော မျက်နှာမျိုးဖြင့် လမ်းလျှောက်ထွက်သွားခဲ့သည်။ နောက်ဆုံးမှာတော့ ရှုရွှမ်းနှင့် သူ့မိန်းမကို ဘယ်သူကမှ သွားမရှုပ်သင့်ကြောင်း သူ နားလည်သွားခဲ့သည်။
ထို့အပြင် သူက မကောင်းတဲ့ အတွေးတွေကို နောက်ထပ် မတွေးရဲတော့ပါ။
ဒါက အရမ်း အသုံးဝင်တာပဲ။ သူက တစ်ခုခုကို တွေးမိလိုက်ရင် သူက အဲ့လူနဲ့ တွေ့ရတော့တာပဲ။
တကယ်လို့ သူသာ နောက်တစ်ကြိမ် တစ်ခုခု လုပ်မယ်ဆိုရင် သူတော့ သေအောင် ရိုက်ခံရမှာကို ကြောက်နေရတော့မှာ။
အခုတော့ ကျောက်မိသားစုအကြောင်းပဲ ပြောရအောင်။ နောက်ဆုံးတော့ ဝမ့်လင်းလင်းက သူမ လိုချင်တာကို ရသွားပြီ။ သူတို့ မိသားစုက ပိုင်ဆိုင်မှုတွေကို ခွဲလိုက်ပြီ။
သူမက ကလေးနှစ်ယောက်အတွက် ချက်ပြုတ်ရတဲ့အခါဆိုရင် အနည်းငယ် ညည်းညူနေခဲ့သည်။ မိသားစုတွေ ခွဲပြီးနောက် သူမက မိသားစု ခွဲပြီးနောက် အိမ်ရဲ့ အပြင်မှာ မြေမီးဖိုတစ်ခု တည်ဆောက်ခဲ့သည်။..
ဝမ့်လင်းလင်းက အိမ်ထဲကနေ ကြက်ဥနှစ်လုံး ယူလာပြီး လောဘကြီးစွာ တံတွေးကို မျိုချလိုက်သည်။
သို့သော် သူမက ကလေးနှစ်ယောက်ကို ကောင်းကောင်း အာဟာရဖြစ်အောင် ကျွေးဖို့အတွက် တွေးရင်း ကြက်ဥနှစ်လုံးကို အိုးထဲသို့ ပြတ်သားစွာ ထည့်လိုက်သည်။ ကလေးတွေက ဘယ်လိုလုပ် ကြက်ဥတွေကို မစားဘဲ နေပါ့မလဲ။
သူ့အတွက်ကတော့ ကြိုးစားနေရတဲ့ အလုပ်တွေ အားလုံးက ဆုချခံရတာပဲ။ အဲ့ဒါကြောင့် အခုချိန်မှာတော့ သည်းခံထားရမယ်။
အခုဆိုရင် ဝမ့်လင်းလင်းက သူမရဲ့ နေ့ရက်တွေကို သူမရဲ့ ကလေးနှစ်ယောက်အား ဂရုစိုက်ရင်း ကုန်ဆုံးခဲ့သည်။ သူတို့က ကောင်းကောင်း နေရရဲ့လားဆိုတာကိုလည်း သေချာအောင် လုပ်ခဲ့သည်။ သူမအလှည့်ကို ရောက်တဲ့အခါ သူမရဲ့ အရင်ပုံစံနှင့် မတူအောင် သူမလုပ်နိုင်တာမှန်သမျှ လုပ်မည် ဖြစ်သည်။
သူမသည် ဒါက ထိုက်တန်တယ်ဟု ခံစားခဲ့ရသည်။ သူမရဲ့ ကလေးနှစ်ယောက်က ကျောက်တုန်နှင့် ကျောက်ရှီဟု အမည်ရသည်။ တရုတ်နှစ်သစ်ကူး ပြီးတဲ့နောက်မှာ အကြီးလေးက ခြောက်နှစ်ပြည့်ပြီဖြစ်ပြီး အငယ်လေးကတော့ လေးနှစ်သာ ရှိသေးသည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၉၈
ဝမ့်လင်းလင်းက သူမရဲ့ အတိတ်ဘဝကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ ကျောက်တုန်က အရမ်း အောင်မြင်ပြီး ကျောက်ကျွင်းရဲ့ မိသားစု စီးပွားရေးကို ကူညီပေးခဲ့သည်။ သူက မိသားစုရဲ့ ပိုင်ဆိုင်မှုများကို နှစ်ဆ ပွားခဲ့ရုံသာမက ဂုဏ်ရှိတဲ့ တက္ကသိုလ် တစ်ခုကနေ ဘွဲ့ရပြီး မိသားစုအတွက် ဂုဏ်သတင်းတွေကိုလည်း ယူလာပေးခဲ့သည်။
ကျောက်ရှီကတော့ ငယ်ငယ်ကတည်းက ချစ်စရာကောင်းသည်။ သူ့ရဲ့ အတိတ်ဘဝတွင် သူက အသက်ငယ်ငယ်လေးမှာတင်ပဲ ကြယ်ပွင့်လေးတစ်ယောက် ဖြစ်နေခဲ့သည်။ နောက်ပိုင်းမှာတော့ သူမကို ရုပ်ရှင် အကယ်ဒမီကျောင်း တစ်ခုက လက်ခံခဲ့သည်။
၁၉၈၀ ခုနစ်တွင် သူမက ရုပ်ရှင် အကယ်ဒမီကျောင်း တစ်ကျောင်းတွင် ဖြစ်ပြီး ကျောင်းမှာရှိနေစဥ် အချိန်အတွင်းမှာပဲ လူသိများ ထင်ရှားသော တီဗီစီးရီးများစွာကို ရိုက်ကူးခဲ့သည်။ ဝမ့်လင်းလင်း ပြန်လည် မမွေးဖွားခင်မှာ အနောက်အရပ်သို့ ခရီးသွားခြင်း ရိုက်ကူးရေးအဖွဲ့က ကျောက်ရှီကို တွေ့ပြီး ပါဝင်ရန် ပြောခဲ့ကြောင်း သူမ ကြားခဲ့ရသည်။
ဝမ့်လင်းလင်းက ထိုအကြောင်းကို တွေးမိသည့် အခါတိုင်း အတော်လေး ပျော်နေခဲ့သည်။
သူမအမေရဲ့အိမ်မှာ သူမက ကောင်းကောင်း မဝတ်၊ မစားခဲ့ရတာတောင် ဝမ့်လင်းလင်းက သူမရဲ့ ဘဝသည် မျှော်လင့်ချက်အပြည့် ဖြစ်နေတယ်ဟု ခံစားခဲ့ရသည်။
သူမရဲ့ဘဝက အစပိုင်းမှာ ခါးသီးပြီး နောက်ပိုင်းမှာ ချိုမြိန်လာခဲ့သည်။ အခုဆိုရင် အားမစိုက်ဘဲ အနာဂတ်မှာ သူမက ဘယ်လိုလုပ် ပျော်ရွှင်စရာတွေကို ခံစားနိုင်ပါ့မလဲ။..
အခုချိန်မှာ ဝမ့်လင်းလင်းရဲ့ အပျော်ရွှင်တုံး အရာကတော့ အနာဂတ်မှာ သူမက ပိုက်ဆံတွေ ဘယ်လိုသုံးမလဲဆိုတာကို စိတ်ကူးယဥ်နေခြင်း ဖြစ်သည်။ အရင်ဆုံး သူမက ပေကျင်းမြို့မှာ အိမ်အနည်းငယ်ကို ဝယ်ပြီးနောက် သူမကိုယ် သူမအတွက် အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းမျိုးစုံကို ဝယ်မည်ဖြစ်သည်။ အထူးသဖြင့် ရှေးဟောင်းပစ္စည်းတွေက ကံကြမ္မာကို ပြောနိုင်တယ်ဟု လူတွေ ပြောသည့်အတွက် သူမရဲ့ဘဝ ပိုအဆင်ပြေလာတဲ့အခါ သူမက သေချာပေါက် အဲ့ဒါတွေကို ဝယ်ပြီး ရောင်းမည်ဖြစ်သည်။
ဝမ့်လင်းလင်းက ထိုပျော်စရာကောင်းသည့် အရာများကို တွေးနေရင်း သူမရဲ့နှာခေါင်းက ပျော်ရွှင်စွာဖြင့် ပူဖောင်းများ ထနေခဲ့သည်။
သူမက အဲ့ဒါကို မသိလိုက်ခင်မှာပဲ ကြက်ဥတွေက အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဝမ့်လင်းလင်းက စိတ်အနှောက်ယှက် ဖြစ်နေခဲ့သည်။ အကြောင်းမှာ အစတုန်းက သူမသည် ကြက်ဥတွေကို အထဲမှာပြုတ်ပြီး အပေါ်မှာ ပေါက်စီကို ထားဖို့အတွက် စီစဥ်ထားခဲ့သည်။
ဒီအချိန်မှာတော့ ကြက်ဥတွေက ကျက်ပြီး ပေါက်စီတွေကို ပေါင်းဖို့တော့ မေ့သွားခဲ့သည်။
သူမက သစ်သားဇွန်းကြီး တစ်ချောင်းကို ကိုင်ထားပြီး ကြက်ဥတွေကို ခက်ခက်ခဲခဲ ထုတ်ဖို့အတွက် ကြိုးစားနေခဲ့သည်။ သူမက အဲ့ဒါကို လုပ်နေရင်း ရုတ်တရက် “အား” ဆိုသော အသံကို ကြားလိုက်ရသည်။
ဝမ့်လင်းလင်းက မကြည့်ဘဲနှင့်တောင် အဲ့ဒါက ဘယ်သူလဲဆိုတာ သိနေခဲ့သည်။
နှာခေါင်းနေရာ နှာခေါင်းမရှိ၊ မျက်လုံးနေရာ မျက်လုံးမရှိသည့် အမျိုးသမီးကြီး မစ္စကျောက်က သူမရဲ့ အိမ်တံခါးကနေ ရပ်ပြီး ဝမ့်လင်းလင်းကို စိုက်ကြည့်နေခဲ့သည်။
ဝမ့်လင်းလင်းက ကြက်ဥကို ပုံမှန်အတိုင်း ထုတ်လိုက်ပြီး ရေစစ်လိုက်သည်။
အရင်တုန်းက မစ္စကျောက်က ဝမ့်လင်းလင်းကို မြင်တဲ့အခါ စိတ်အနှောက်ယှက် ဖြစ်ခဲ့ရသည်။ သို့သော် အခုဆိုရင် သူမက ဝမ့်လင်းလင်းကို အသွေးထဲ အသားထဲကနေကို မုန်းနေခဲ့သည်။
'ဒီကောင်မစုတ်ကတော့။ ငါတို့မိသားစုထဲကို ဝင်လာတာမှ နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ မိသားစုကနေ ရှောင်စန်းကျိကို ခွဲသွားဖို့ သွားဆွပေးနေပြီ။'
အမျိုးသမီးကြီး မစ္စကျောက်က အတော်လေး ဒေါသထွက်သည့်အတွက် သူမက ဝမ့်လင်းလင်းကို နှစ်ခါပြန် ပါးတွေချည်း ရိုက်ချင်နေခဲ့သည်။
အမျိုးသမီးကြီး မစ္စကျောက် တွေးနေသည်ကို ဝမ့်လင်းလင်းက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ သို့သော် သူမကတော့ ဂရုမစိုက်ခဲ့ပါ။
ဝမ့်ရင်းသည် အရင်ဘဝတုန်းက ဒီလို သေခါနီး မိန်းမကြီးနှင့် ဘယ်လို နေထိုင်ခဲ့လဲဆိုတာကို သူမကလည်း မသိတော့ပါ။ ထို့အပြင် အရင်ဘဝတုန်းက သူမက ဝမ့်ရင်းအပေါ်မှာ အတော်လေး မပြတ်မသား ပုံစံမျိုး ရှိနေခဲ့သည်။
'သူမမှတ်မိတာဆိုလို့ မိသားစုထဲကို ဝမ့်ရင်း ဝင်လာပြီးတဲ့နောက်ပိုင်း အဲ့မှာ ဘာအတင်းမှ မတုပ်ကြတော့ဘူး။ အဖွဲ့ထဲကလူတွေ ပြောတဲ့ တစ်ခုတည်းသော အရာက ဝမ့်ရင်းက မိန်းမကောင်းလေး၊ မိထွေးကောင်းလေး၊ ပြီးတော့ ကျောက်ကျွင်းရဲ့ ကလေးနှစ်ယောက်ကိုလည်း ကောင်းကောင်း သင်ကြားပေးနိုင်တယ်။'
နှစ်ဖက်လုံးက သိပ်ပြီး အဆက်အသွယ် မရှိတော့ပါ။ ကျောက်မိသားစုက ခွဲသွားသော်လည်း သူတို့မှာ ဘာတွေရှိလဲ ဆိုတာကို ဘယ်သူကမှ တိတိကျကျ မသိကြပါ။ နောက်ပိုင်းတွင် ကျောက်ကျွင်းက သူ့ရဲ့ မွေးရပ်မြေကို ပြန်လာပြီး သူ့ရဲ့ စီးပွားရေးကို စတင် လုပ်ဆောင်ခဲ့သည်။ သူနှင့်အတူ သူ့ရဲ့ ညီအစ်ကိုများစွာကိုလည်း ခေါ်လာတယ်ဟု ပြောလို့ရသည်။ သူက တောင်ပေါ်ထွက် ပစ္စည်းများကို စတင်ရောင်းချပြီးနောက် ပိုက်ဆံရသမျှ နည်းလမ်းအားလုံးကို လုပ်ပြီး တဖြည်းဖြည်းချင်း သူ့ရဲ့စီးပွားရေးကို တိုးချဲ့ခဲ့သည်။
နောက်ဆုံးမှာတော့ ကျောက်ကျွင်းက ကံကောင်းပြီး အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။ သူ့ရဲ့ ညီအစ်ကိုတွေက အရမ်း မချမ်းသာသော်လည်း ကျေးလက်ဒေသရှိ လူတွေထဲတွင် အထင်ရှားဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။
ဝမ့်လင်းလင်းက အဲ့ဒါကို လှောင်လိုက်သည်။ ဝမ့်ရင်းလို လူမျိုးကို ကောင်းတယ်ဟုထင်သော သူတို့လိုလူများကို သူမက အထင်သေးသည်။
သူမရဲ့အမြင်အရ ကျောက်ကျွင်းကသာ အင်အားအကြီးဆုံး ဖြစ်သည်။ သူက သူ့ဘာသာ ပိုက်ဆံရှာနိုင်သည်။ အဲ့ဒါကို သူက ဘာလို့ သူ့ရဲ့ ညီအစ်ကိုတွေကို သူနှင့်အတူ ခေါ်သွားရတာလဲ။
သူမက ကျောက်မိသားစုထဲရှိ ညီအစ်ကို သုံးယောက်ကို ကြည့်လိုက်သည်။ သူတို့ထဲရှိ အချို့က တိတ်တိတ်ဆိတ်ဆိတ် နေကြချိန်မှာ အခြားသူတွေက သူတို့အမေက ဘာလုပ်ပါ ပြောမှသာ လုပ်ကြသည့် သတ္တိနည်းသောသူများ ဖြစ်သည်။
ကျောက်ကျွင်းလို ညီအစ်ကိုမျိုး သူတို့မှာ မရှိပါက ဒီဘဝမှာ သူတို့ ဘယ်တော့မှ ချမ်းသာလာကြမည် မဟုတ်ပါ။
ဝမ့်လင်းလင်းက မိသားစုကို အင်တိုက်အားတိုက် ခွဲချင်နေခဲ့သည်။ အကြောင်းပြချက် တစ်ခုကတော့ သူမသည် အမျိုးသမီးကြီး မစ္စကျောက်လို မကောင်းတဲ့ ယောက္ခမမျိုးနှင့် မနေနိုင်ပါ။ သူမက ကျောက်မိသားစု၏ တာဝန်ကို မယူချင်ခဲ့ပါ။
ဘယ်လိုဟာသမျိုးကြီးလဲ။ သူမရဲ့ ဉာဏ်ပညာ၊ ကျောက်ကျွင်းရဲ့ အရည်အချင်းနဲ့ဆို ဒီဘဝမှာ သူမက ချမ်းသာတဲ့သူတစ်ယောက် အမြန်ဆုံး ဖြစ်လာလိမ့်မယ်။ အကျိုးအမြတ်တွေကို သူမက ဘာလို့ ဒီလို ဂုတ်သွေးစုတ်တဲ့သူတွေနဲ့ ဝေမျှပေးရမှာလဲ။
အဲ့ဒါကြောင့် ဝမ့်လင်းလင်းက စာထဲမှာ ကျောက်ကျွင်းကို အတင်းပြောထားရုံသာမက နောက်ပိုင်းတွင် သူမက ကျောက်ကျွင်းကို ဖုန်းခေါ်ဖို့ ဆက်သွယ်လို့ရမည့် ဌာနကိုသွားကာ ဖုန်းနံပါတ်ကို သွားရှာခဲ့သေးသည်။
သူမသည် သူမကိုယ်သူမရယ်၊ ကျောက်တုန်ရယ်နှင့် ကျောက်ရှီတို့က အတော်လေး သနားဖို့ကောင်းကြောင်းကို ပြောပြခဲ့သည်။ ထို့အပြင် ကျောက်ကျွင်းရဲ့ ပိုက်ဆံတွေကို အမျိုးသမီးကြီး မစ္စကျောက်က သူမရဲ့ အခြားမြေးတွေအတွက်သာ သုံးခဲ့ကြောင်း သွယ်ဝိုက်ပြီး စွပ်စွဲ ပြောဆိုခဲ့သည်။
တကယ်တမ်းမှာတော့ အဲ့လိုမျိုး မဟုတ်ပါ။ အမျိုးသမီးကြီး မစ္စကျောက်က ကျောက်ကျွင်းရဲ့ တန်ဖိုးကို အသိဆုံး ဖြစ်သည်။ ထို့အပြင် သူမက ကျောက်ကျွင်းရဲ့ သားနှင့် သမီးကိုလည်း ကြည့်ပေးသည်။
ကျောက်မိသားစု၏ အဓိက စီးပွားရေးကို လုပ်နေသူမှာ မစ္စကျောက်ကိုယ်တိုင်သာ ဖြစ်သည်။ ကျောက်ကျွင်းနှင့် ကျောက်ကျွင်းရဲ့ ကလေးနှစ်ယောက်က အမျိုးသမီးကြီးကျောက်၏ ယောက်ျားနှင့် အခြား မြေးများစွာရဲ့ အောက်တွင်သာ ရှိသည်။ များစွာသော အရည်အချင်းမရှိသည့် သားတွေရဲ့ အောက်မှာ များစွာသော ချွေးမတွေ၊ မြေးတွေက ရှိနေပြီး အောက်ဆုံးမှာတော့ ဝမ့်လင်းလင်းက ရှိနေခဲ့သည်။
နောက်ဆုံးမှာတော့ ဝမ့်လင်းလင်းကို သောင်းကျန်းဖို့ တွန်းအားပေးခဲ့သည်။ တကယ်လို့ ကျောက်ကျွင်းသာ သူ့ရဲ့ ပိုက်ဆံတွေကို အဲ့ညီအကိုတွေအား ထောက်ပံ့ဖို့ မသုံးခဲ့ပါက အဲ့ဒါတွေကို သူမက ပိုရမှာ မဟုတ်လားဟု တွေးမိခဲ့သည်။
တကယ်တော့ အဲ့ဒါကလည်း မှန်ပုံရသည်။ ကျောက်ကျွင်းရဲ့ ခံစားခွင့်ကို နှစ်ပိုင်း ခွဲခဲ့သည်။ လတိုင်း အမျိုးသမီးကြီးကျောက်က ၁၅ယွမ် ရပြီး နောက်ထပ် ၁၅ယွမ်ကို ဝမ့်လင်းလင်းက ယူထားခဲ့သည်။
ဒါဟာ ခွဲနေပြီးနောက် ပထမဆုံးလ ဖြစ်သည်။ ဝမ့်လင်းလင်းက စိတ်အားထက်သန်စွာဖြင့် သူ့ကလေးနှစ်ယောက်ကို အရသာရှိသော စားစရာများ ချက်ကျွေးရန် မီးဖိုတစ်ဖိုကို ဆောက်ခဲ့သည်။
အမျိုးသမီးကြီး မစ္စကျောက်က ထေ့ငေါ့ကာ ပြောခဲ့သည်။ “ဘဝက အဲ့လောက် လွယ်မယ်လို့ မင်းက တကယ် ထင်နေတာလား။ သတိထားနေ။ မင်းသာ ကောင်းကောင်း မနေရင် နောက်ပိုင်းကျရင် မင်းက မကောင်းတဲ့ စားစရာတွေကိုပဲ စားရလိမ့်မယ်။”
အမျိုးသမီးကြီး မစ္စကျောက်က မကောင်းတဲ့ မိန်းမ ဖြစ်သော်လည်း သူမက ဝမ့်လင်းလင်းအကြောင်း သိနေဆဲ ဖြစ်သည်။
ဝမ့်လင်းလင်းသည် ဘယ်တုန်းကမှ အိမ်ကိစ္စကို မစီမံခဲ့ဖူးသည့်အတွက် သူမက ဘာမှ မသိပါ။
ကလေး နှစ်ယောက်အတွက် တစ်နေ့ကို ကြက်ဥနှစ်လုံးတဲ့။ ကလေးတွေကို ဒီလိုမျိုး ကျွေးရဲတဲ့ သူမက သနားစရာပဲ။
ကျေးလက်ဒေသက လူတွေသည် စားဖို့အတွက် ကြက်များကို မွေးကြပြီး အဲ့ဒါတွေကို ရောင်းကာ ပိုက်ဆံရှာဖို့ မျှော်လင့်ထားကြသည်။
လတိုင်း သူမကို ကျောက်ကျွင်းပေးသည့် ၁၅ယွမ်ကို သူမက ဒီအတိုင်း ဆက်သုံးနေပါက သူမလက်ထဲ ပိုက်ဆံပြတ်ဖို့ သိပ်ကြာလိုက်မည် မဟုတ်ပါ။..
အစတုန်းက အမျိုးသမီးကြီး မစ္စကျောက်က အဲ့ကိစ္စနှင့် ပတ်သက်ပြီး စိတ်မကြည်ခဲ့ပါ။ သူမရဲ့ စိတ်အရ မိသားစု ခွဲလိုက်ရင်တောင် သူမက ဝမ့်ရင်းကို အေးအေးဆေးဆေး နေခွင့်ပြုမည် မဟုတ်ပါ။
သို့သော် ဝမ့်လင်းလင်းမှာက အနည်းငယ် အပေါ်စီးမှ ဆက်ဆံတတ်သော အကျင့်မျိုး ရှိသည်။ သူမက မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲချင်နေခဲ့ကာ တကယ်လို့ သူတို့ကသာ အဲ့ဒါကို မခွဲပေးခဲ့ပါက သူမသည် တပ်မဟာထဲကို သွားပြီး ကျောက်မိသားစုရဲ့ တံခါးရှေ့မှာ သူမကိုယ်သူမ ချိတ်ထားမယ်ဟု ပြောခဲ့သည်။ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ ခွဲပြီးတဲ့နောက် ဝမ့်လင်းလင်းက ပိုပြီးတောင် ခေါင်းမာလာခဲ့သည်။ မစ္စကျောက်က သူမကို ဆိုးဆိုးရွားရွား ဆက်ဆံပါက သူမက ကျောက်ကျွင်းကို ခေါ်လိုက်မည်ဟု ပြောနေခဲ့သည်။
အမျိုးသမီးကြီး မစ္စကျောက်က ဝမ့်လင်းလင်းနှင့် နှစ်ခါလောက် ရန်ဖြစ်ခဲ့သော်လည်း ဝမ့်လင်းလင်းကတော့ အလျှော့ပေးဖို့ကို ငြင်းခဲ့သည်။ နောက်ဆုံးမှာတော့ နှစ်ယောက်လုံးရဲ့ မျက်နှာမှာ ဒဏ်ရာတွေ ရသွားခဲ့သည်။
အမျိုးသမီးကြီး မစ္စကျောက်က ဆက်တိုက် ကြမ်းကြမ်းတမ်းတမ်း ပြောနေခဲ့သည်။ “အသက်ကြီးတဲ့ လူကိုရိုက်တဲ့ နင်လို ကောင်မက အနှေးနဲ့ အမြန်ပဲ နင့်ရဲ့ ကံတရားကို ကြုံရမှာပါ။”
ဝမ့်လင်းလင်းက ပြန်ခံပြောဖို့တောင် မတွေးခဲ့ပါ။
သူမက ဘာအရှက်မှ မရဘဲ မိသားစုကနေ ခွဲထွက်လာသလို စတင် ပြုမူခဲ့သည်။ သူမကို အခြားသူတွေက ဘယ်လိုတွေးလဲဆိုတာကို ဂရုမစိုက်သလို သူမက ဆင်းရဲသည့် အဖွဲ့သားတွေ ပြောတာကိုလည်း ဂရုမစိုက်ပါ။
သူမက ကောင်းမွန်တဲ့ သူမရဲ့ ကိုယ်ပိုင် ဘဝမှာသာ နေချင်ရုံ ဖြစ်သည်။
အမျိုးသမီးကြီး မစ္စကျောက်ရဲ့ စကားတွေက ဝမ့်လင်းလင်းကို ခလုတ်တိုက်နေခဲ့သည်။ ဝမ့်လင်းလင်းက မနက်စာကို ပြင်ပေးပြီး တစ်ခုခုကို ဒေါသတကြီး ပြောနေခဲ့သည်။ “ ချွေးမကို မနာလိုနေတဲ့ ယောက္ခမကလည်း အနှေးနဲ့ အမြန်ပဲ သူ့ကံကြမ္မာကို ခံရမှာပါ။ ရှင်က ကျွန်မထက်တောင် အသက်ကြီးတယ်။ အဲ့တော့ ဝဋ်လည်မယ်ဆိုရင်တောင် ရှင်ကပဲ အရင်ဆုံး ဝဋ်လည်မှာ။”
ထိုစကားက အမျိုးသမီးကြီး မစ္စကျောက်ကို အရမ်း ဒေါသထွက်သွားစေခဲ့သည်။ ဝမ့်လင်းလင်းက အိမ်ထဲကို ဝင်သွားပြီး အိမ်ချင်နေတဲ့ ကလေးနှစ်ယောက်အား မနက်စာ ကျွေးခဲ့သည်။
အမျိုးသမီးကြီး မစ္စကျောက်က ပြောဆိုပြီး ထွက်သွားခဲ့သည်။ အခုဆိုရင် ဝမ့်လင်းလင်းကို ဘယ်လို ဆက်ဆံရမလဲဆိုတာ သူမသိတော့ပါ။
ဒီမိန်းမက တကယ့်ကို အရှက်မရှိတာပဲ။
အမျိုးသမီးကြီး မစ္စကျောက်သည် သူမရဲ့သားက သားသမီးဝတ္တရား မကျေဘူးဟု မထင်ခဲ့ပါ။ ထို့ကြောင့် သူမက ဝမ့်လင်းလင်းကို အိုးဖြင့် ပစ်ပေါက်ခဲ့သည်။
ဝမ့်လင်းလင်းရဲ့ လှုံ့ဆော်ပေးမှု မရှိဘဲ ကျောက်ကျွင်းက သူ့ကိုယ်သူ ဒီလိုမျိုး ဆက်ဆံခံရလိမ့်မည် မဟုတ်ပါ။.
အမျိုးသမီးကြီး မစ္စကျောက်က ဆဲဆိုနေခဲ့ပြီး သူမရဲ့ ချွေးမက သူမရဲ့ အကြီးဆုံး ယောင်းမကို တီးတိုးပြောခဲ့သည်။ “ငါတို့ရဲ့ အမေက ရယ်ရတယ်နော်။ သူမက အဲ့ဒါကို မလိုချင်ဘဲနဲ့ ဘာလို့ တတိယအစ်ကိုနဲ့ မိသားစု ခွဲထွက်ဖို့ကို ဖိအားပေးခဲ့သေးလဲ။”
ယောင်းမက တည်ငြိမ်နေခဲ့သော်လည်း စိတ်ထဲမှာတော့ အပျော်နေခဲ့ပါ။
ကျောက်ကျွင်းရဲ့ ခံစားခွင့်မရှိဘဲ အိမ်က ဘဝများသည် ပိုပြီး ခက်ခဲလာလိမ့်မည်။ မစ္စကျောက်ရဲ့ လက်ထဲတွင် ၁၅ ယွမ်သာ ရှိသော်လည်း သူမက အရင်ထက် ပိုပြီး ကပ်စေးနဲတာ သိသာနေခဲ့ပြီး အဲ့ပိုက်ဆံကို အလွယ်တကူ မသုံးပစ်ဖို့ကိုလည်း ဆန္ဒရှိသည်။
အကြီးဆုံး ချွေးမက အဲ့ဒါကို သေချာ သိနေခဲ့သည်။ ထို့ကြောင့် မစ္စကျောက်က သူမနှင့် ရန်မဖြစ်ရဲခဲ့ပါ။ သူမ အသက်ရလာတဲ့အခါ သူမရဲ့ အကြီးဆုံးသားနှင့် နေချင်သော်လည်း သူမရဲ့ တတိယသားအပေါ်မှာ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သည်။
အဲ့အချိန်တုန်းက သူမရဲ့ တတိယသားကို သူမလုပ်ချင်သည့် ကိစ္စတစ်ခု လုပ်ဖို့ ဖိအား ပေးခဲ့ပါက အဲ့အနာဂတ်ကနေ သူမက ဘယ်လိုလုပ် အကျိုးအမြတ်တွေ ရနိုင်ပါ့မလဲ။
အကြီးဆုံး ချွေးမက တိတ်တဆိတ် အလုပ် လုပ်နေခဲ့ကာ သူမရဲ့ မိသားစုက အခြေအနေ မကောင်းဘူးဟု တွေးမိကာ အင်တင်တင် ဖြစ်နေခဲ့သည်။
သူက အသက်ကြီးတဲ့အခါ သူတို့ကို ပြန်ပြီး ထောက်ပံ့ပေးမယ့် လူအိုများအတွက် အလုပ် လုပ်နေခဲ့သော်လည်း သူက သူ့တတိယသားရဲ့ လုပ်နိုင်စွမ်းကိုပဲ တွေးနေဆဲ ဖြစ်သည်။
တတိယမြောက်သားရဲ့ မိန်းမကတော့ စိတ်ရှုပ်စရာကောင်းသည့် ဝမ့်လင်းလင်း ဖြစ်သည်။ မိသားစုရဲ့ စီးပွားရေးကို ခွဲပြီးနောက် သူမက ခက်ထန်လာကာ အဲ့က အကျိုးအမြတ်တွေကို သူမရဲ့ အစ်ကိုတွေနှင့် ယောင်းမတွေကို မပေးချင်တဲ့ပုံစံ စတင် ပြုမူလာခဲ့သည်။
ဟူးးး
သူ့မရဲ့ မျက်နှာကို ဘယ်သူကများ မြင်ချင်လို့လဲ။
အကြီးဆုံး ချွေးမက သူမရဲ့ ဒေါသကို ထိန်းထားခဲ့ရပြီး ဒီယောင်းမက ဘယ်လို လုပ်မလဲဆိုတာ စောင့်ကြည့်နေခဲ့သည်။ ကလေးတစ်ယောက် ပြုစုပျိုးထောင်ရတာက မလွယ်ဘူး။ လူတိုင်းက မကွဲခင်တော့ ဝမ့်လင်းလင်း ဘယ်လောက်ပဲ အလုပ်တွေ ကြိုးစားနေပါစေ သူမရဲ့ ကလေးကို ကူညီပြီး ဂရုစိုက်ပေးချင်တဲ့သူတော့ အမြဲတမ်း ရှိနေမှာပဲ။
အခုဆိုရင်….
ဟဟ၊ သူ့ကို ဘယ်သူကများ တာဝန်ပေးချင်မှာလဲ။
ဝမ့်လင်းလင်းက အိမ်ထဲကို ဝင်လာပြီး ကလေးနှစ်ယောက်ကို နှိုးကာ သူတို့ကို စားစရာ ကျွေးခဲ့သည်။ ကလေးနှစ်ယောက်က မိုးချုပ်တဲ့အထိ ဆော့နေခဲ့ကြသည့်အတွက် မနက်ပိုင်းမှာ ဝမ့်လင်းလင်းက သူတို့ကို နှိုးပြီး အစာကျွေးဖို့ အင်တင်တင် ဖြစ်နေခဲ့သည်။
ကျောက်ရှီက အဆင်ပြေသည်။ သူမက ငယ်သေးပြီး လိမ်လိမ်မာမာ စားလိုက်သည်။
ကျောက်တုန်က မကျေနပ်ပုံရသည်။ သူက စားပြီးနောက် ပါးစပ်ကိုသုတ်ကာ ပြောခဲ့သည်။ “မိထွေး။”
ဒါက ဘာလို့လဲဆိုတော့ ဝမ့်လင်းလင်းက သူ့ကို နှိုးသည့်အတွက် စိတ်ပျက်နေခဲ့သည်။
အမျိုးသမီးကြီး မစ္စကျောက်က လူကောင်းတစ်ယောက် မဟုတ်ဘဲ ကလေးတွေကို ဘာမှမသိဘဲ သင်ပေးနေသည့်အတွက် ဝမ့်လင်းလင်းက သူမရဲ့ စိတ်ထဲကနေ ကျိန်ဆဲနေခဲ့သည်။
သူမကလည်း မပျော်နေတဲ့ပုံ လုံးဝ မပေါက်ပါ။ ထိုအစား၊ သူမက ကျောက်တုန်ရဲ့ ပါးစပ်ထဲသို့ သကြားလုံးကို ထိုးထည့်ပေးလိုက်ပြီး ဆက်အိပ်ခိုင်းခဲ့သည်။
ဝမ့်လင်းလင်းက အိပ်ပျော်နေသော သူတို့ မောင်နှမကို ငေးကြည့်နေရင်း ပိုပိုပြီး သဘောကျလာခဲ့သည်။..
ဝမ့်လင်းလင်းက အိပ်ရာကထပြီး အိမ်မှာရှိတဲ့ အိမ်အလုပ်တွေကို လုပ်ခဲ့သည်။ သူမက ပင်ပန်းလွန်းလို့ ကျောကုန်းနဲ့ ခါးတွေတောင် နာနေခဲ့သည်။ သို့သော် သူမက အလုပ်ကို သွားဖို့အတွက် အချိန်ကို စောင့်နေဆဲ ဖြစ်သည်။
သူမက အလုပ် လုပ်ရမည်။ သူမကို ကျောက်ကျွင်းပေးသည့် ၁၅ယွမ်က မလောက်ပါ။ ဝမ့်လင်းလင်းသည် အချို့ အချိန်တွေမှာ မိသားစုခွဲထွက်တဲ့ ကိစ္စကြောင့် အတော်လေး ဒေါသထွက်နေခဲ့သည်။ ထို့ပြင် သူမက ပျင်းရိပြီး လောဘကြီးတယ်ဟု ကျောက်ကျွင်းက ထင်သွားမှာကိုလည်း သူမ စိုးရိမ်နေခဲ့သည်။
သို့သော် တကယ်တမ်းမှာတော့ ဝမ့်လင်းလင်းက အလုပ်ကို လုံးဝ မသွားခဲ့ပါ။
သူမက အိပ်ရာရဲ့ ခေါင်းရင်းမှာ ထိုင်ရင်း တွေးနေခဲ့သည်။ ထို့အပြင် သူမ ပြန်လည် မွေးဖွားလာခဲ့ပြီး အခုဆိုရင် သူမက ဘာပိုက်ဆံမှ မစုဘူးဆိုရင် အနာဂတ်မှာ ဒီကလေးနှစ်ယောက်ကို သူမက ဘယ်လို ထောက်ပံ့ပေးနိုင်မှာလဲ။