အခန်း (၉၉-၁၀၀)
Vol. 9 Ch. 99-100
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၉၉
ခေါင်းစဥ်က ပိုက်ဆံကိစ္စဆီ ထပ်ရောက်သွားပြီး ဝမ့်လင်းလင်းက ထိုအကြောင်းကို သူမရဲ့ ခေါင်းထဲမှာ ထပ်ခါ ထပ်ခါ တွေးနေခဲ့သည်။
သူမလည်း ဘာအကြံကောင်းကိုမှ မစဥ်းစားနိုင်တော့ဘူး။
ဒီရက်တွေမှာ ပိုက်ဆံရှာချင်ရင် အမြန်ဆုံးနည်းက စျေးကွက်တွေထဲမှာ ရင်းနှီးမြှုပ်နှံဖို့ပဲ။
ဒါပေမယ့် အရင်တုန်းက ဝမ့်လင်းလင်းကို အဲ့လို ကိစ္စမျိုးမှာ ဖမ်းမိခံရဖူးသည်။ ပြီးတော့ သူမက ကြောက်နေတုန်းဆိုတော့ သူမက အဲ့ဒါကို တစ်ယောက်တည်း အလုပ်ရဲတော့ဘူး။ ဒါပေမယ့် သူက အတူတူလုပ်မယ့်လူ တစ်ယောက်လောက်ကို ရှာဖို့အတွက် စိုးရိမ်နေတုန်းပဲ။
ကျောက်မိသားစုကို မဆိုထားနှင့် သူမမှာတောင် ဘာသူငယ်ချင်းမှ မရှိပါ။ ခနကြာပြီးနောက် ဘယ်ကနေ စလုပ်ရမလဲဆိုတာ သူမက လမ်းပျောက်နေပြီဟု ခံစားခဲ့ရသည်။
ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို တံခါးရဲ့ အပြင်ဘက်ကနေ တစ်ယောက်ယောက် ခေါ်နေသည့်အသံကို ဝမ့်လင်းလင်း ကြားလိုက်သည်။
“လင်းလင်း၊ လင်းလင်း။”
ဝမ့်လင်းလင်း ထွက်သွားသည့်အခါ သူမက အိတ်တွေ အများကြီး သယ်လာပြီး သူမကို လာကြည့်သည့် လီချွမ်းကျင်ကို တွေ့ခဲ့ရသည်။
ဝမ့်လင်းလင်းရဲ့ စိတ်ရှုပ်နေသော ပုံစံကို မြင်တဲ့အခါ လီချွမ်းကျင်သည် သူမရဲ့နဖူးက ချွေးတွေကို သုတ်ပြီး မျက်နှာချို သွေးခဲ့သည်။
“လင်းလင်း၊ သမီးက မိသားစုကနေ ခွဲထွက်လိုက်ပြီဆိုတာ အမေသိပြီးပြီ။ အဲ့တော့ သမီးမှာ ခက်ခဲတဲ့အချိန်တွေရှိမှာ သေချာတယ်။ အဲ့ဒါကြောင့် အမေ သမီးကို ပေးစရာရှိလို့ လာခဲ့တာ။”
လီချွမ်းကျင်ရဲ့အိတ်က ကြီးပုံရသော်လည်း တကယ်တမ်းမှာတော့ တန်ဖိုးကြီးပစ္စည်း ဘာမှ သိပ်မပါလာပါ။ သူမ ဝမ့်လင်းလင်းကို လာရှာတာ သုံးကြိမ်မြောက်ဖြစ်သော်လည်း ပထမ နှစ်ခေါက်မှာတော့ သူမနှင့် မတွေ့ခဲ့ရပါ။
ဝမ့်လင်းလင်းက အိတ်ကို ဖွင့်လိုက်သည့်အခါ ဒေါသထွက်သွားပြီး ကန်လိုက်သည့်အခါ အိတ်ထဲက အစိမ်းရောင် ပစ္စည်းတွေက ကြမ်းပြင်ပေါ်ကို ပြန့်ကျဲကုန်သည်။
“ဟေ့၊ ကောင်မလေး။ ဘာလုပ်တာလဲ။ နောက်ဆုံးတော့ ငါက ဒါကို နင့်အတွက် ရှာလာခဲ့တာလေ။”
ဝမ့်လင်းလင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ကာ ပြောခဲ့သည်။ “ရှင်က ကျွန်မကို သတိရလို့ လာတွေ့တယ်လို့ ထင်ထားတာ။ ဒါပေမယ့် ရှင်က ကျွန်မဆီကို အသီးအရွက်တွေ ယူပြီး လာခဲ့တယ်။ ကျွန်မက ရှင့်ရဲ့ သမီးအရင်းရော ဟုတ်ရဲ့လား။”
ဝမ့်လင်းလင်းက အလုပ်ကြိုးစားတဲ့သူ မဟုတ်ပါ။ သူမက ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေဖို့ စိတ်ကူးရှိသည့် မိထွေးတစ်ယောက် ဖြစ်သော်လည်း ဒီအချိန်မှာတော့ သူမက တော်တော်လေး မှားသွားခဲ့သည်။ ဒီမကျေနပ်ချက်တွေက သူမရဲ့စိတ်ထဲမှာ အချိန်အကြာကြီး ရှိနေခဲ့ကာ သူမကို အတော်လေး စိတ်ကသိကအောက်ဖြစ်ကာ အိပ်မပျော် ဖြစ်စေခဲ့သည်။
ကျောက်ကျွင်းကို သူမ လက်ထပ်ချင်တယ်ဟု ပြောတုန်းက ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့က သူမအား ဆူခဲ့တာကို မမေ့သေးသော်လည်း အဲ့ကိစ္စကို ခန တွေးပြီးနောက် သူမက အကူညီ လိုအပ်နေပြီး အဲ့အချိန်မှာပဲ လီချွမ်းကျင်က ရောက်လာတယ်ဟု ခံစားခဲ့ရသည်။
လီချွမ်းကျင် ယူလာတဲ့ ပစ္စည်းတွေကို သူမ ယူချင်တော့ သူ့ကို မျက်နှာချို သွေးရတာပေါ့။ ဒါပေမယ့် အိတ်ကိုဖွင့်လိုက်တော့ အဲ့ထဲမှာ တန်ဖိုးမရှိတဲ့ အသီးအရွက်တွေကိုပဲ တွေ့လိုက်ရသည်။
ဝမ့်လင်းလင်းက ဒေါသထွက်သွားခဲ့သည်။ “သွားစမ်းပါ။ ဒီကို ထပ်မလာပါနဲ့တော့။ ကျွန်မမှာ သာယာတဲ့ ဘဝတစ်ခုလည်း ရှိနေပြီ။ ရှင် ကျွန်မကို ကောင်းချင်ယောင်ဆောင်ပြီး နေနေဖို့လည်း မလိုတော့ပါဘူး။”
လီချွမ်းကျင်က အရွက်တွေ ကောက်နေရာမှ ရပ်လိုက်သည်။ သူမရဲ့ မျက်နှာတွင် အံ့ဩနေသော အကြည့်မျိုးဖြင့် သူမခေါင်းကို လှည့်ကြည့်ခဲ့သည်။
အခုဆိုရင် သူမက ဘယ်လိုလူကို မွေးခဲ့ရကြောင်း သိသွားခဲ့သည်။ အရင်က ဝမ့်လင်းလင်းရဲ့ ပြဿနာတွေကြောင့် ကျောက်ကျွင်းကို လက်ထပ်ဖို့ ဖြစ်လာတာကို တွေးမိသည့်အတွက် သူမက ခနလောက် ဒေါသထွက်သွားခဲ့သည်။ သို့သော် အခုဆိုရင် သူမက တောင်းပန်ဖို့ သူမရဲ့အိမ်ကို ပစ္စည်းတွေ ယူပြီးရောက်လာတာကို သူမက ဒီလိုမျိုး စကားတွေ တကယ်ကို ပြောထွက်ခဲ့သည်။
လီချွမ်းကျင်က တကယ်ကို ဝမ်းနည်းပြီး ဒေါသထွက်ခဲ့ရသည်။ သူမက သမီးနှစ်ယောက်ကို သားကဲ့သို့ စကားတွေ နာခံအောင် မထိန်းကျောင်းခဲ့သော်လည်း သူမက ဒီနှစ်တွေမှာ သူတို့အားလုံးကို ကောင်းကောင်းမွန်မွန် ပြုစု ပျိုးထောင်ခဲ့သည်။
သူမ ကြိုးစားခဲ့သမျှဟာ နောက်ဆုံးတော့ ဒီလိုရလဒ်မျိုး ထွက်လာရသလား။
လီချွမ်းကျင် - “ကောင်းပြီ၊ ကောင်းပြီ။ နင်က နင့်အမေ မိသားစုရဲ့ အခုလို ဆိုးရွားတဲ့ အခြေအနေတွေကို မြင်ရတော့ အခုဆို နင်က ငါတို့ကို အထင်သေးပြီပေါ့။”
လီချွမ်းကျင်သည် အတိတ်က နေ့ရက်တွေကို တွေးမိလိုက်သည့်အခါ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ မနှစ်က ဒီအချိန်တုန်းက သူမမှာ သာယာတဲ့ ဘဝလေးတစ်ခု ရှိခဲ့သည်။ ဝမ့်ရင်းက အိမ်အလုပ်တွေ လုပ်ပြီး သူမရဲ့ သားက မြို့မှာ ကျောင်းသွားတက်ခဲ့သည်။ ထို့အပြင် သူမရဲ့ လက်ထဲမှာလဲ ယွမ်များစွာ ရှိနေခဲ့သည်။ နှစ်ဝက်အတွင်းမှာပဲ သူမရဲ့ မိသားစုသည် ဘယ်သူကမှ စိတ်မဝင်စားဘဲ လူတိုင်းက ရှောင်ဖယ်ကြသည့် မိသားစုတစ်စု ဖြစ်လာခဲ့သည်။
လီချွမ်းကျင်က မျက်ရည်တွေကို သုတ်ပြီး ပြောခဲ့သည်။ “နင့်ရဲ့ အစ်မကြီးကို မပြောပါနဲ့။ နင်လက်ထပ်ပြီးသွားတော့ ငါ့မှာတော့ နင့်ကို လွမ်းနေခဲ့တာ။ နင့်ဆီလာပြီး အမြဲတမ်း လာတွေ့ချင်နေတာ။ ဒါပေမယ့် အိမ်မှာလည်း ပြဿနာတွေက အများကြီးပဲ ဖြစ်သွားခဲ့တာ။ အဲ့ဒါကြောင့် ငါ့မှာ အချိန်ပိုရယ်လို့ မရှိတာပါ။”
လီချွမ်းကျင်က အတော်လေး ဝမ်းနည်းသွားခဲ့ရပြီး သူမရဲ့ သမီးနှင့် အပေါ်ယံသာ အတူတူ ရှိရတော့မည် ဖြစ်သည်။
ဝမ့်ယုံရွှင်းသည် သူ့ရဲ့မိသားစုက အနိုင်ကျင့်ခံနေရကြောင်းကို သူမအား ပြောခဲ့သည်။ အကြောင်းမှာ သူတို့ကို ထောက်ခံပေးမယ့်သူ မရှိသည့်အတွက် ဝမ့်လင်းလင်းသာ မကောင်းတာတစ်ခုခု ပြောခဲ့ရင် သူမက အဲ့ဒါကို တောင့်ခံပြီး အားနည်းချက်ကို ပြရလိမ့်မည် ဖြစ်သည်။
သေချာတာကတော့ လီချွမ်းကျင်က အဲ့ဒါကို ပြောတဲ့အခါ ဝမ်လင်းလင်းက မျက်မှောင် ကြုတ်လိုက်သည်။
ဝမ့်လင်းလင်းသည် သူမရဲ့မိသားစု ဘာဖြစ်နေလဲဆိုတာကို တကယ် နားမလည်ခဲ့ပါ။ သူမရဲ့ အတိတ်ဘဝတွင် သူမက ရှုရွှမ်းကို လက်ထပ်ခဲ့သည်။ သူတို့ရဲ့ ဘဝက အရမ်းကြီး အဆင်မပြေသော်လည်း ကျေးလက်ဒေသတွင် သူတို့က ဝတ်ဖို့စားဖို့ ဘယ်တုန်းကမှ မပူခဲ့ရပါ။
သူမ အမေဘက်က အခြေအနေကလည်း အလားတူပါပင်။ သူမ မောင်လေး ဝမ့်ယောင်ကျုံးက ဒီနှစ် ဘွဲ့ရပြီးရင် အလုပ်သမားအနေနဲ့ အလုပ်လုပ်ဖို့ မြို့ကို သွားတော့မှာ။ သူက လယ်စိုက်တာတွေကနေ လွတ်နိုင်တဲ့ ရှားပါးတဲ့ လူငယ်တစ်ယောက်ပဲ။
ဝမ့်လင်းလင်းက ထိုအကြောင်းကို တွေးမိသည့်အခါ လီချွမ်းကျင်ပြောသည့် “ဘဝက မလွယ်ကူဘူး”ဆိုသည့် စကားကို စပြီး သံသယ ဝင်လာခဲ့သည်။
ဘယ်လိုတောင် ခက်ခဲတဲ့ ဘဝမျိုးလဲ။ ဒါပေမယ့် သူမက သူမအတွက် ပိုက်ဆံကို မသုံးချင်ဘူး။
သူမရဲ့ အတိတ်ဘဝကို ပြန်တွေးကြည့်ရင် သူမက ရှုရွှမ်းကို ကွာရှင်းပြီးနောက် သူမက တောင်ဘက်ကိုသွားပြီး နည်းလမ်းတစ်ခုခု ရှာချင်ခဲ့ပြီး သူမမိသားစုထံမှ ပိုက်ဆံ တောင်းခဲ့သည်။ သို့သော် လီချွမ်းကျင်က သူမကို ပိုက်ဆံပေးဖို့ ငြင်းခဲ့သည့်အတွက် သူမက သူမရဲ့ဒေါသကို မထိန်းနိုင်ခဲ့ပါ။
“အမေက ဘယ်သူ့ကို လာနောက်နေတာလဲ။ မနှစ်တုန်းက အမေတို့ ဝမ့်ယောင်ကျုံးအတွက် မြို့မှာ အလုပ်ရှာပေးဖို့ စီစဥ်နေခဲ့ကြတာလေ။ အမေတို့မှာ ဘယ်လိုလုပ် ပိုက်ဆံမရှိဘဲ နေမှာလဲ။ သွားကြပါတော့။ အမေတို့က ကျွန်မကို အထင်သေးခဲ့ကြတာ။ ဒီကိုလည်း ထပ်ပြီး မလာနဲ့တော့။”
လီချွမ်းကျင်က သူမ မလာခင် ဝမ့်ယုံရွှင်း သင်ပေးလိုက်သော စကားများကို ပြောလို့ မပြီးခင်မှာဘဲ ဝမ့်လင်းလင်းက သူမကို နှင်ထုတ်ခဲ့ပြီး ခြင်းတောင်းနှင့် ပါလာသော အသီးအရွက်များကိုလည်း လွှင့်ပစ်ခဲ့သည်။
ဝမ့်လင်းလင်းက ခေါင်းမာသည့်သူမျိုး ဖြစ်ပြီး သူမရဲ့ စိတ်ကို ပြောင်းခဲသည်။ အခုဆိုရင် လီချွမ်းကျင်က သူမဆီကို အသီးရွက်ခြင်းနှင့် ရောက်လာတာက သူမအပေါ် အထင်သေးသည်ဟု ခံစားရသည့်အတွက် သူမက စိတ်ပျက်သွားခဲ့သည်။
ဘယ်သူက စိတ်ဝင်စားလို့လဲ။
အခုဆိုရင် ဝမ့်လင်းလင်းက ပိုက်ဆံနှင့် ပျော်မွေ့နေခဲ့သည်။ သူမရဲ့ မိသားစုမှ မိဘများနှင့် သူမ ယောက်ျား မိသားစုမှ ညီအကိုတွေက ထွက်သွားခဲ့ကြသည်။
ဝမ့်လင်းလင်းရဲ့ သာယာသော ဘဝကနေ ဘယ်သူကမှ အမြတ်ထုတ်နိုင်မည် မဟုတ်ပါ။
ဝမ့်လင်းလင်းက လီချွမ်းကျင်ကို နှင်ထုတ်ခဲ့သည်။ အစပိုင်းမှာတော့ သူမက အရမ်းကြီး ဉာဏ်မကောင်းဘဲ ဒေါသထွက်လာကာ ဝမ့်လင်းလင်းနှင့် ရန်ဖြစ်ခဲ့သည်။
ဝမ့်လင်းလင်းက နှုတ်သီးကောင်း လျှာပါးသည်။ “ကျွန်မ လက်ထပ်ပြီးသွားရင် ပြန်လာခွင့် မပြုဘူးလို့ အမေတို့တွေ မပြောခဲ့ဘူးလား။ ကျွန်မလို သမီးမျိုး မလိုချင်ဘူးလို့ရော မပြောခဲ့ဘူးလား။ အခုမှ ကျွန်မအိမ်ကို ဘာလို့ ရောက်လာရတာလဲ။ သားတစ်ယောက် ရှိတာက အရေးကြီးတယ်လို့ အမေတို့ အမြဲတမ်း ပြောနေခဲ့ကြတာလေ။ အဲ့ဒါကို အမေတို့က ဘာလို့ သူနဲ့အတူတူ မနေကြတာလဲ။ ဘာလို့ ကျွန်မကို လာရှာတာလဲ။ အို့၊ အမေသိလား၊ အမေ့ရဲ့ ပါးစပ်ထဲက မကောင်းတဲ့ အရာတွေကို ဖယ်သင့်တယ်နော်။ အခုဆိုရင် အမေတို့ကပဲ ကျွန်မဆီကို ပြန်ပြီး လာချင်ကြတာဆိုတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ရှိကို ရှိရမယ်။”
လီချွမ်းကျင်သည် အတော်လေး ဒေါသထွက်ကာ အိမ်ကနေ သူမကို တွန်းအားပေးနေသည့် တစ်စုံတစ်ရာသာ မရှိပါက သူမလည်း ဝမ့်လင်းလင်းဆီ ထပ်ပြီး လာလည်တော့မည် မဟုတ်ပါ။
အကြောင်းမှာ သူမက ရှုရွှမ်းနှင့် လက်ထပ်ပွဲကို ဖျက်စီးပြီး တပ်မဟာထဲတွင် သူမတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပစ်ခြင်းကြောင့် ဖြစ်သည်။ တကယ်လို့ သူမသာ အဓိပ္ပါယ် မရှိတာကို မလုပ်ခဲ့ပါက သူမနှင့် ရှုရွှမ်းတို့က ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ အတူတူ နေရမည် ဖြစ်သည်။ သူမရဲ့ မိသားစုက ဆောင်းတွင်းမှာ အသားစားရဖို့အတွက် ကြက်သားလည်း ခိုးရမှာ မဟုတ်သလို အခုလိုမျိုးလည်း အဆုံးသတ်ရမည် မဟုတ်ပါ။
တိုတိုပြောရရင် ဒါတွေ အားလုံးက ဝမ့်လင်းလင်းရဲ့ အပြစ်တွေသာ ဖြစ်သည်။
လီချွမ်းကျင်က ခါးထောက်ပြီး ဆဲဆိုခဲ့သည်။ “ဒီကောင်မစုတ်ကတော့၊ နင်က ဒီလိုဆိုတာ ငါသိခဲ့ရင် နင့်ကို မွေးပြီးကတည်းက ရေပုံးထဲမှာ ရေနှစ်ထားခဲ့သင့်တာ။ နင်က မကောင်းတဲ့ ကောင်မပဲ။ အဲ့ဒါကြောင့် မိထွေး ဖြစ်ချင်ပြီး အရမ်းကို ဂုဏ်ယူနေတာလေ။ ဝမ့်လင်းလင်း၊ ငါနင့်ကို ပြောမယ်။ အနှေးနဲ့ အမြန်ပဲ ဒီကျေးဇူးတွေကို နင်ပြန်ဆပ်ရလိမ့်မယ်။”
ဝမ့်လင်းလင်းက ဒေါသထွက်သွားခဲ့သည်။ သူမက ဘာကိုမှ ဂရုမစိုက်သော်လည်း မိထွေး ဖြစ်ရတာက သူမ မကျော်လွှားနိုင်သေးသည့် ကိစ္စတစ်ခု ဖြစ်သည်။ ကျောက်တုန်က သူမကို မိထွေးဟု ခေါ်သည့်အခါ သူမက သူမရဲ့ ဒေါသကိုသာ ထိန်းထားခဲ့ရသည်။တစ်ယောက်ယောက်က အဲ့ဒါကို ပြောခဲ့ပါက သူမသည် ဒေါသထွက်လာလိမ့်မည် ဖြစ်သည်။
ဝမ့်လင်းလင်းက ဘယ်ညာကို ကြည့်လိုက်ပြီး အိမ်ထဲက တံမြတ်စည်းကို ကောက်ယူကာ လူတွေကို ထွက်သွားအောင် စတင် နှင်ထုတ်ခဲ့သည်။
“ကျွန်မက ဘာမှမဟုတ်ဘူး။ အဲ့တော့ ကျွန်မရဲ့ အိမ်ကို မလာပါနဲ့။ ရှင့်လို အမေမျိုးကို ဘယ်သူက လိုချင်မှာလဲ။ ထွက်သွားပါ။ ဒီကို ဘယ်တော့မှလည်း ထပ်မလာပါနဲ့။”
အမေနှင့် သမီးကြားက ရန်ပွဲသည် လူတွေ အများကြီးကို လာကြည့်ဖို့ ဆွဲဆောင်ခဲ့သည်။ ထို့အပြင် သူတို့အားလုံးက မကူညီနိုင်ဘဲ အံ့ဩနေခဲ့သည်။
“ဘုရားရေ၊ ကျောက်မိသားစုရဲ့ တတိယမြောက် ချွေးမက ဒေါသကြီးလိုက်တာ။ ဒါက သူ့ရဲ့ အမေအရင်းလေ။ ဒါပေမယ့် သူက အရမ်း အရှက်မဲ့တာပဲ။”
“ဟုတ်ပါ့၊ သူက ဒါကို လုပ်ရဲတယ်။ သူက ကျောက်မိသားစုရဲ့လည်း ရန်ဖြစ်သေးတယ်။ ပြီးတော့ အခုလည်း သူက သူ့မွေးမိသားစုနဲ့ ဆက်ဆံရေးကိုလည်း ဖြတ်တောက်လိုက်ပြီ။ သူက တကယ်ကို ခွဲပြီး သီးသန့်ဖြစ်တဲ့ ဘဝမျိုးကို လိုချင်နေတာပဲ။”
“ဟေ့၊ သူတွေးနေတာကို နင်ရော ဘယ်လိုထင်လဲ။ သူက ကလေးနှစ်ယောက်ကို သူ့ဘာသာပဲ ဂရုစိုက်ပြီး သူ့ကို ကူညီဖို့တွေ ကလေးတွေကို ကူပြီး ဂရုစိုက်ပေးမယ့် ဘယ်သူ့ကိုမှ မလိုချင်ဘူး။ သူက ကလေးတွေ အတွက် အလုပ်တွေ အရမ်းကြိုးစားပေမယ့် ဒါတွေအားလုံးက သူ့ကိစ္စပါပဲလေ။”
“ဒီလူက သူ့ကလေးနှစ်ယောက်ကို နေ့တိုင်း ဖက်ပြီး နမ်းမလားဆိုတာ ဘယ်သူကများ သိနိုင်မှာမလို့လဲ။ ဒီလောက် ရူးတဲ့သူမျိုး ငါ့ရဲ့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးဘူး။”
အနီရောင် ကြယ်ပွင့် အဖွဲ့ရဲ့ လေးခုမြောက် တပ်မဟာထဲမှ လူတိုင်းက အံ့သြတကြီး ခေါင်းခါခဲ့ကြသည်။ ဝမ့်လင်းလင်းက လက်ထပ်ထားတာ နှစ်ဝက်သာ ရှိသေးသော်လည်း အတင်းအဖျင်းများစွာ ထွင်နေခဲ့ပြီး ဖြစ်သည်။ ဒီသတို့သမီး အသစ်က ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူကမှ နားမလည်နိုင်ခဲ့ပါ။ သူမက ကျောက်မိသားစုထဲ နောက်မှ ရောက်လာသော်လည်း သူမ လက်ထပ်တုန်းက ပြဿနာတစ်ခု ဖြစ်ခဲ့တယ်ဟု လူအချို့က ပြောကြသည်။ အချို့ကလည်း သူမက ကျောက်ကျွင်းနောက်မှာ ဖြစ်သော်လည်း ကျောက်ကျွင်းကတော့ ဘေးနားမှာ ရှိမနေခဲ့ပါဘူးဟု ပြောခဲ့ကြသည်။ အချို့က သူမသည် အချောင်ရတဲ့ ဘဝကို လိုချင်သော်လည်း သူမရဲ့ ကိုယ်ပိုင် ရတနာတွေ မဟုတ်သော ကလေးနှစ်ယောက်ကို ကျွေးမွေး ပြုစုနေရတယ်ဟု ပြောခဲ့ကြသည်။ ဒီလူရဲ့ ခေါင်းထဲမှာ ဘယ်လို ထူးဆန်းတဲ့ အတွေးတွေ ရှိနေလဲဆိုတာကို သိချင်မိသည်။
လီချွမ်းကျင်က တံမြတ်စည်းဖြင့် များစွာ အရိုက်ခံရပြီး ဝမ့်လင်းလင်းက သူမကို နှင်ထုတ်ခဲ့သည်။ သူမ အိမ်ရောက်သည့်အခါ သူမက ဘူးသီးခြောက်ကို ယူကာ ဝိုင်ပုလင်းကို မော့သောက်ခဲ့သည်။ သူမက ဘူးသီးခြောက်ကို ချလိုက်သည့်တိုင် ဒေါသထွက်နေဆဲ ဖြစ်သည်။
သူမက ဝမ့်ယုံရွှင်းက ပြန်ပြောခဲ့သည်။ “ ရှင်ပြောတော့ ကျွန်မတို့က ဝမ့်လင်းလင်းကို ပြန်ဆွဲထားရမယ်ဆို။ ဒါပေမယ့် အခုတော့ ဒီကောင်မစုတ်က ကျွန်မတို့နဲ့ ဘာတစ်ခုမှ မလုပ်ချင်တော့ဘူး။ သူက မိသားစုထဲကနေ ခွဲထွက်သွားပြီး အရမ်းလည်း ခေါင်းမာတယ်။”
လီချွမ်းကျင်သည် ဝမ့်လင်းလင်းက သူမကို ဘယ်လို နှင်ထုတ်ခဲ့လဲဆိုတာကို ပြောပြခဲ့သည်။ ဒါဟာ ဝမ့်ယုံရွှင်းရဲ့ အကြံဉာဏ်ကို ပထမဆုံး သူမ သံသယ ဝင်မိခဲ့ခြင်း ဖြစ်သည်။
“ ရှင်ပြောတဲ့ဟာက လုံးဝကို အသုံးမဝင်ဘူး။ ဒီကောင်မလေးက အရမ်း သွေးအေးတာပဲ။ သူ့စိတ်ထဲမှာက ဒီပြဿနာနှစ်ခုနဲ့ပဲ ပြည့်နေတာ။ သူ့ကို ကျွေးမွေးခဲ့တဲ့ ကျေးဇူးကို ဘယ်လို မေ့နိုင်ရတာလဲ။”
ဝမ့်ယုံရွှင်းကလည်း စိတ်ပူနေခဲ့သည်။ သူ့ဘဝတွင် သူက ပိုက်ဆံကုန်မည့် အရာများကို လုပ်ခဲသည်။ သို့သော် ဝမ့်လင်းလင်းအတွက် သူ့ပိုက်ဆံတွေကို အကုန်ခံခဲ့သည်။
'အစတုန်းက ဒီကောင်မလေးက တုံးပြီး လိမ်ရလွယ်တယ်လို့ သူထင်ခဲ့မိတာပင်။ ဒါပေမယ့် အခုတော့ သူက ဦးနှောက်မရှိရုံတင် မဟုတ်ဘူး ခေါင်းကလည်း မာသေးတယ်။'
'အဲ့ဒါတွေကို သူ ဘယ်ကနေ အမွေရခဲ့လဲဆိုတာ သူလည်း မသိတော့ဘူး။ သူကိုက မွေးမလာသင့်ဘူး။'
လီချွမ်းကျင်က တုံ့ဆိုင်းသွားခဲ့သည်။ “ဖေကြီး၊ ကျွန်မကိုပြောကြည့်။ ကျွန်မတို့တွေ သားမက်လေးကို သွားရှာသင့်သေးလား။”
ဝမ့်ယုံရွှင်းသည် ဝမ့်လင်းလင်းကို ခြိမ်းခြောက်ရန် အကြောင်းပြချက်အနေဖြင့် တပ်မဟာထဲတွင် ကျောက်ကျွင်းရဲ့ ဂုဏ်သတင်းကို ဖျက်စီးပစ်ဖို့အတွက် သူမအား ပြောခဲ့ဖူးသည်။
သို့သော် ဝမ့်လင်းလင်းက မြည်းတစ်ကောင်လိုပဲ ခေါင်းမာပြီး သူမက ဒါတွေကို ဘယ်လိုလုပ် နားထောင်မှာလဲ။
လီချွမ်းကျင်က ဘာမျှော်လင့်ချက်မှ မထားတော့ပါ။ သူမသမီရဲ့ ပုံစံအရ သူမရဲ့ မိဘတွေဘက်က သူမယောက်ျားရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပစ်တယ်ဆိုတာ သိသွားခဲ့ပါက သူမက ပြဿနာကြီးတစ်ခု လုပ်မှာကို လီချွမ်းကျင်က ခံစားမိနေခဲ့သည်။
အရင်က သူမကို ကျောက်ကျွင်းနှင့် လက်ထပ်ဖို့ ခွင့်မပြုစဥ်တုန်းက သူမသည် သတင်းပေးပြီး ထွက်ပြေးသွားခဲ့သည်။
ဒီတစ်ခေါက် သူတို့သာ တစ်ခုခု လုပ်လိုက်ရင် ဝမ့်လင်းလင်းရဲ့ ဖြုတ်ဦးနှောက်က ဘာတွေ လုပ်ဦးမလဲဆိုတာ သူတကယ်ကို မသိတော့ဘူး။
ဝမ့်ယုံရွှင်းက ဆေးလိပ်ကို ရှိုက်လိုက်ပြီး သူက ဝမ့်လင်းလင်းကို ဆန့်ကျင်ဖို့ ကူကယ်ရာ မဲ့နေတာကို လက်ခံရတော့မည် ဖြစ်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၀၀
ဝမ့်လင်းလင်းက သေချာ မြင်နိုင်မယ်လို့ သူထင်ခဲ့သည်။ သူမက ယောက်ျားဘက်က မိသားစုနဲ့ ခွဲထွက်သွားပြီး သားမက်ကလည်း အဝေးမှာ။ သူမက ယောက်ျားဘက်က တပ်မဟာထဲမှာ ကလေးနှစ်ယောက်နဲ့ သီးသန့် နေရတော့မှာ။ သူမက ဘယ်ကနေ လာလဲ ဆိုတာကိုတောင် မသိတော့ဘူး။ သူမက သားမက်လေး သူမကို ပေးထားတဲ့ ပိုက်ဆံကို ယူထားတုန်းပဲ။ သူမက တစ်ခြားသူတွေ သူမဆီ လာပြီးတော့ အဲ့ပိုက်ဆံတွေ လိမ်ပြီး ခိုးသွားမှာကို စောင့်နေတာပဲ မဟုတ်ဘူးလား။
ဒီအချိန်မှာက သူမရဲ့ အမေဘက်က မိသားစုနဲ့ အဆင်ပြေအောင် နေတာက အနည်းဆုံးတော့ သူမကို ပစ်မှတ်ထားခံနေရတာကနေ ကာကွယ်ပေးလိမ့်မည်။
ဒါပေမယ့် ဒီလူက တုံးလွန်းလို့ သူ့ရဲ့ အခု အခြေအနေကိုတောင် လုံးဝ မစဥ်းစားနိုင်တော့ဘူး။
ဝမ့်လင်းလင်းက လီချွမ်းကျင်ရဲ့ ကြေအေးဖို့ တောင်းဆိုတာကိုတောင် ငြင်းခဲ့တာ။
ဝမ့်ယုံရွှင်းက သူ့ရဲ့ ဆေးလိပ်ကို ရှိုက်ပြီး အတော်လေး စိတ်ဓာတ်ကျနေပုံရသည်။ “အခုတော့ အဲ့ဒါတွေကို မေ့ထားလိုက်။”
ဒီကိစ္စကို သူသာဗွေမယူရင် ဘာမှမဖြစ်ပါဘူး။ ဝမ့်လင်းလင်းက အဲ့ဒါကို ထပ်ပြီး ဘယ်လိုမှ လက်မခံနိုင်တော့ပါ။ သူက ဘာများ လုပ်နိုင်မှာလဲ။
ဝမ့်ယုံရွှင်းက အိပ်ရာပေါ်တွင် လှဲချလိုက်ကာ အတော်လေး စိုးရိမ်နေခဲ့သည်။
အခုဆို နွေရာသီကို ရောက်ပြီ ဖြစ်သည်။ အချို့သော အချိန်တွေတုန်းက အဖွဲ့က သူတို့ ဆောင်းတွင်းမှာ စွန့်ထုတ်ခဲ့သော အစင်များကို ရှင်းပေးခဲ့ကြသည်။ လွန်ခဲ့သော နှစ်ရက်မှာ သူတို့က ထုံးစံအတိုင်း အလုပ်တွေ စလုပ်ခဲ့ကြသည်။
အဖွဲ့ခေါင်းဆောင်က သူ့ကို ပြင်းထန်တဲ့ အလုပ်တွေ ပေးထားတယ်ဆိုပေမယ့် အဲ့ဒါတွေက မစင်တွေ သယ်ရတာထက်တော့ ပိုကောင်းသည်။
သေချာတာကတော့ မစင်တွေ သယ်ရတဲ့ အလုပ်က မနားခဲ့ရပါ။ သူက အဲ့အလုပ်မှာ လုပ်ရမယ်ဆိုသည့် ကာလတစ်လျှောက်လုံး လုပ်ရမည် ဖြစ်သည်။
ဝမ့်ယုံရွှင်းက အချိန်အကြာကြီး အိပ်ရာထဲမှာ လူးလှိမ့်နေခဲ့သော်လည်း အိပ်မပျော်ခဲ့ပါ။
သူက ရုတ်တရက် မေးလိုက်သည်။ “ယောင်ကျုံးရော ဘယ်မှာလဲ။ ဒီနေ့ ငါဘာလို့ ယောင်ကျုံးကို မမြင်ရသေးတာလဲ။”
လီချွမ်းကျင် - “ ယောင်ကျုံးက မြို့ကိုသွားမယ်လို့ ပြောသွားတယ်။ တစ်ချို့ အတန်းဖော်တွေက သူ့ကို ရှာနေကြတယ်တဲ့။”
ဝမ့်ယုံရွှင်းက ခနလောက် တိတ်ဆိတ်သွားခဲ့သည်။ “မနက်ဖြန်ကျရင် လုပ်ခရမှတ်တွေ ရအောင်လို့ မနက်ဖြန်ကျရင် ငါနဲ့အတူ လယ်ထဲကို လိုက်ခိုင်းလိုက်။ ငါတို့ မိသားစုက အရင်လို မဟုတ်တော့ဘူး။ ငါတို့ ဒါတွေကို တစ်ယောက်တည်း လုပ်လို့ မရဘူး။”
ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့က သူတို့ရဲ့ အလုပ်မှာ ဂရုမစိုက်ကြပါ။ ထို့အပြင် သူတို့က ဝမ့်ရင်းအမေ ထားခဲ့သည့် ပိုက်ဆံကို ကိုင်ထားပြီး ဝမ့်ယောင်ကျုံးကို ထောက်ပံ့ပေးခဲ့ကြသည်။
အခုဆိုရင် ဝမ့်ယောင်ကျုံးက ကျောင်းကို မသွားနိုင်သလို သူ့မိသားစုကလည်း ပိုက်ဆံ မရှိတော့ပါ။ သူသာ လယ်ထဲကို မဆင်းပါက သူက ဆောင်းဦးနှင့် ဆောင်းတွင်းကို ရောက်တဲ့အခါ တကယ်ကို ငတ်ရတော့မည် ဖြစ်သည်။
လီချွမ်းကျင်က သူမသားအတွက် စိတ်မကောင်း ဖြစ်သော်လည်း ဝမ့်ယုံရွှင်းပြောတာ မှန်တယ်ဆိုတာကို သူမ သိနေခဲ့သည်။
သူသာ လယ်ထဲမဆင်းရင် လုပ်ခရမှတ်တွေ ရမှာ မဟုတ်ဘူး။ အဲ့ရမှတ်တွေ မရှိဘူးဆိုရင် သူ ဘယ်ကနေ စားဖို့၊ သောက်ဖို့တွေ ရမှာလဲ။
ခိုးဦးမလို့လား သူက။
နောက်ဆုံးအကြိမ် ဖြစ်သွားသည့်ကိစ္စ ပြီးသွားသည့်နောက် လီချွမ်းကျင်က အဲ့လိုမျိုး ထပ်ပြီး မလုပ်ရဲတော့ပါ။
“ကောင်းပါပြီ။ မနက်ဖြန်ကျရင် ကျွန်မ ယောင်ကျုံးကို ပြောလိုက်ပါ့မယ်။”
ဝမ့်ရင်းက လောင်ကုန်းဆီကနေ သတင်းများကို ရခဲ့သည်။ သို့သော် သူမက ဆရာဝန်ဝူကို ထပ်မေးဖို့အတွက် ဆေးရုံကို တိုက်ရိုက် မသွားခဲ့ပါ။
နောက်ဆုံးတစ်ခေါက် ဆရာဝန်ဝူက သူမကို ပြောခဲ့ပြီးနောက် ဒါကို ထပ်ပြီး သွားမေးဖို့က မသင့်တော်ဘဲ ကိုယ့်ဘာသာ အဖြေရှာလို့ပဲ ရမှာကို သူမက သိနေခဲ့သည်။
အခုဆိုရင် နွေရာသီကို ရောက်လာခဲ့ပြီး တစ်ခါတစ်လေဆို ဝမ့်ရင်းက တောင်ပေါ်ကို တက်သွားသည်။
တောင်ပေါ်ရှိ ရေကန်ကို ဘယ်သူကမှ အခုထိ ရှာမတွေ့ခဲ့ကြသေးပါ။ ထို့ကြောင့် သူမက အချိန်တိုင်း စားဖို့ငါးတွေ သွားဖမ်းရန် တောင်ပေါ်ကို တက်လေ့ရှိသည်။ သို့သော် ဝမ့်ရင်းက ငါးတွေ ဖမ်းမိရင်တောင် အခုချိန်မှာ သူမက စားနိုင်မည် မဟုတ်ပါ။
နွေရာသီမှာ စားစရာတွေက အများကြီး ဖြစ်သည်။
တောင်ပေါ်ရှိ အသီးအရွက်တွေ အားလုံးက အတော်လေး လက်ဆတ်ပြီး နူးညံ့သည်။ ဝမ့်ရင်းက သိုးကျောင်းရသည့် အလုပ်ကို အတော်လေး သဘောကျနေခဲ့သည်။
ဒီနေရာရှိ လူတွေက သိုးကျောင်းရတာကို “ပန်းအဖြူရောင်ရှိသော အသီးအရွက်” ဒါမှမဟုတ် “မြေအောက်ရှိ အသီးအရွက်များ”ဟု ခေါ်ခဲ့ကြသည်။ အဲ့ဒါကို ခူးတယ်၊ ရေဆေးတယ်၊ အသီးထပ်ထည့်တယ်၊ ပြီးရင် ဖက်ရွက်နဲ့ထုတ်သည်။ အဲ့ဒါတွေက အဆင်သင့် ဖြစ်တဲ့အခါ ကြက်သွန်မြိတ်ကို လှီးပြီး ထည့်သည်။ ပန်းကန်လုံးရဲ့ အောက်မှာ နှမ်းဆီလေးထည့်ပြီး စားလိုက်တဲ့အခါကျရင် အဲ့ဒါက တော်တော်လေးကို အရသာရှိသည်။
ဝမ့်ရင်းက အနည်းငယ် နောင်တရနေဆဲ ဖြစ်သည်။ “ ဒီမှာက ပုစွန်ခြောက်ရော၊ ရေညှိရောက မရှိနေဘူး။”
သူမရဲ့ အရင်ဘဝတုန်းက သူမအကြိုက်ဆုံး စားစရာက ဖက်ထုပ်ဖြစ်သည်။
အဲ့ဒါက အမြဲလိုလို ညနေခင်းမှာပဲ။ အိုးကြီး တစ်အိုးကို စားပွဲခုံလေးပေါ်မှာ တင်လိုက်တယ်။ ပန်းရောင်ဖက်ထုပ်တွေကို အိုးထဲ ထည့်လိုက်တယ်။ လှီးထားတဲ့ ကြက်သွန်မြိတ်၊ ရေညှိ၊ ပုစွန်ခြောက်၊ နှမ်းဆီနဲ့ မုန်ညှင်းချဥ်တွေကို အိုးရဲ့အောက်မှာ ထည့်လိုက်တယ်။ လုပ်ပြီးသား ဖက်ထုပ်တွေကို အပေါ်မှာ တင်လိုက်ပြီး စွပ်ပြုတ်ကို ထည့်သည်။ နောက်ဆုံး နုတ်နုတ်စဥ်းထားတဲ့ အသားတွေကို အိုးထဲ ထည့်ပြီး ချက်လိုက်တယ်။ ပြီးမှ ဖက်ထုပ်တွေ အပေါ်မှာ အုပ်ချလိုက်သည်။
ဝမ့်ရင်းက အဲ့အနံ့ကို ရရုံနဲ့ နှစ်ပန်းကန်လောက် စားနိုင်သည်။
ဖက်ထုပ်အပြင် ပုစွန်ဖက်ထုပ်၊ အထဲတွင် ပုစွန်ကြီးတစ်ကောင် ထည့်ထားသော ဖက်ထုပ်များလည်း ရှိသည်။ ဝါးလို့ကောင်းတဲ့ ပုစွန်နှင့် ဝက်သားအပြည့် ဖြည့်ထားတာက အရသာရှိသည်။
ဝမ့်ရင်းက ရှုရွှမ်းကို ဖက်ထုပ်မျိုးစုံ ရှိကြောင်း ပြောပြခဲ့ပြီး ရှုရွှမ်း စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ခဲ့သည်။
အခုချိန်မှာတော့ ပုစွန်အကြောင်းကို တွေးတောင် မတွေးလိုက်နဲ့။ ကောင်စီမြို့ထဲမှာ အဲ့ဒါက ရှာဖို့ခက်မလားတောင် ကိုယ်စိုးရိမ်မိတယ်။ ဒါပေမယ့် ပုစွန်ခြောက်တွေကိုတော့ စမ်းကြည့်လို့ ရသေးသည်။
ရှုရွှမ်းက တောင်ပေါ်ကနေ နောက်ထပ် ငါးခြင်း တစ်ခြင်းကို ရလာခဲ့ကာ သူ့ရဲ့ဆရာထံ ပို့ခဲ့သည်။ နှစ်ရက်ကြာပြီးနောက် သူက ပုစွန်ခြောက်ကြီး တစ်ထုပ်ရယ်၊ ရွှေရောင် ပုစွန်စွန်ခြောက်များ ထည့်ထားသော အိတ်လေး တစ်အိတ်ရယ်နှင့် ပြန်လာခဲ့သည်။
ဝမ့်ရင်းက ပါလာသော ပုစွန်ခြောက်တွေကို ပျော်ပျော်ကြီး ကြည့်နေခဲ့သည်။ အချိန်ကို ခရီးသွားပြီး ရောက်လာပြီးနောက် အခုခေတ်မှာ လူတွေက စားဖို့သောက်ဖို့ ဘယ်လောက် ခက်ခဲကြောင်းကို သူမ သိခဲ့ရသည်။
ရေကြောင်းဖြင့် ငါးတွေ၊ ပုစွန်တွေ ဖမ်းတဲ့ အလုပ်က မတွင်ကျယ်သေးဘဲ ရေလုပ်ငန်းက အခုမှ စရုံတင် ရှိသေးသည်။ အခြောက်ခံ ပစ္စည်းများကို မြို့ကြီးအနည်းငယ်ကိုသာ တင်သွင်းသည်။ နန့်ရှောင်လို မြို့လေးတွေမှာ အဲ့ဒါတွေကို စားနိုင်တဲ့ မိသားစုတွေက အနည်းငယ်သာ ရှိသည်။
ဝမ့်ရင်း မျှော်လင့်ထားသလိုပဲ သိုးသား ဖက်ထုပ်က သူမ အရင်ဘဝမှာ စားခဲ့ရတာနဲ့ တော်တော်လေး တူနေခဲ့သည်။ ထို့အပြင် ရှုရွှမ်းက ပုစွန်ခြောက်နှင့် အရွက်ခြောက်ကို ပြုတ်ပြီး ဟင်းပွဲတစ်ပွဲ သူမအတွက် လုပ်ပေးခဲ့သည်။
တို့ဝူးခြောက်များကို ကြက်သားစွပ်ပြုတ်ထဲ ထည့်ချက်ပြီးနောက် ပုစွန်ခြောက်များကို ထည့်ခဲ့သည်။ ဟင်းရည်ထဲမှာ ဝက်ဆီကို ထည့်ပြီး တည်ထားသော စွပ်ပြုတ်ထဲသို့ ဆန်အရက် တစ်ဇွန်းကို ထည့်ခဲ့သည်။ အိုးမချခင်မှာ ပဲပင်ပေါက် လက်တစ်ဆုပ်စာကို ထည့်ခဲ့သည်။
ဝမ့်ရင်းက ချက်ချင်းပဲ မြည်းကြည့်ခဲ့သည်။ “အရွက်ခြောက်တွေ အများကြီးနဲ့ ချက်ထားတာလား။”
ရှုရွှမ်းက ခေါင်းငြိမ့်ပြခဲ့သည်။ တိတိကျကျ ပြောရရင် တို့ဟူးခြောက်ကို အကြာကြီး မပြုတ်ပါ။ ဝက်ပေါင်ခြောက် အနံ့မရှိဘဲ အခြား ပါဝင်ပစ္စည်းများအားလုံး ရှိနေရုံနှင့် ပြည့်စုံသည်။
သို့သော် ဝမ့်ရင်းကတော့ စားစရာကို အတော်လေး ကျေနပ်နေခဲ့သည်။ “အဲဲဒါက အရသာ ရှိလိုက်တာ။ အသီးရွက်ခြောက်တွေကို အပူချိန် ညီညီမျှမျှနဲ့ သေချာ ချက်ထားတာပဲ။ ပြီးတော့ လှမ်းထားတဲ့ ပုစွန်ခြောက်တွေရဲ့ အရသာကလည်း ရိုးရိုး ပုစွန်ကိုတောင် အစားထိုးနိုင်တယ်။”
ရှုရွှမ်းက ဒီဟင်းပွဲကို ဘယ်လို လုပ်ရမလဲဆိုတာ အရင်က သူ့ဦးလေးထံမှ သင်ခဲ့ဖူးသည်။ သူက မြို့မှာ သူ့ဦးလေးနှင့် နှစ်လလောက် အတူတူ အလုပ်လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် သူက ဟွိုက်ယန် ဟင်းပွဲများကို အတွေ့အကြုံအချို့ ရှိပြီးသား ဖြစ်သည်။ ထိုဟင်းပွဲရဲ့ ပါဝင်သော ပစ္စည်းများက မပြည့်စုံသော်လည်း အရသာက မဆိုးလှပါ။
ရှုရွှမ်းက ပြောခဲ့သည်။ “ အချို့ အချိန်တွေဆို ကိုယ့်ဦးလေးက ဝက်ပေါင်ခြောက်တွေ ရှာပေးဖို့ ကိုယ့်ကို ပြောတယ်။”
ဝမ့်ရင်းက မီနူးထဲရှိ ဝက်သားချဥ်ကို အရွက်များနှင့် တည်ခင်းထားတာကို ကြည့်နေရင်း သားရည်တွေ ကျနေခဲ့သည်။ အခုဆိုရင် ရှုရွှမ်းက ဝမ့်ရင်းရဲ့ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားနေခဲ့သည်။
ဝမ့်ရင်းက ခေါင်းခါပြလိုက်သည်။ “အခုတော့ အဲ့ဒါကို မေ့ထားလိုက်ပါ။ အဲ့ဒါက အရမ်း စျေးကြီးတယ်။”
အခုဆိုရင် ဝမ့်ရင်းက အိမ်ရဲ့ ဝင်ငွေ၊ ထွက်ငွေကို စီမံနေခဲ့သည်။ သူမက ပိုက်ဆံ မပြတ်သော်လည်း ပိုက်ဆံသုံးရမည့် နေရာ များစွာက ရှိနေဆဲ ဖြစ်သည်။
ယေဘူယျအားဖြင့် အခုဆိုရင် သူတို့ရဲ့ မိသားစုတွင် စုထားတာ ယွမ်သုံးရာကျော် ရှိနေပြီ ဖြစ်သည်။ ရှုရွှမ်းရဲ့ လစာကလည်း တစ်လကို ၃၅ယွမ် ရသည်။ တပ်မဟာကနေ ဝမ့်ရင်းကို ထောက်ပံ့ငွေအဖြစ် ၂ယွမ်ပေးပြီး ဆေးပစ္စည်းတွေ ရောင်းတာကနေ သူမက တစ်လကို ဆယ်ယွမ် ရှာနိုင်သည်။ တစ်ဖက်က ပြောရရင် သူတို့မိသားစုရဲ့ ပုံမှန်ဝင်ငွေက ၄၇ယွမ် ဖြစ်သည်။
ကောင်စီမြို့သို့ ရှုရွှမ်းယူသွားသည့် တောင်ပေါ်ထွက် ပစ္စည်းတွေရဲ့ ပမာဏကတော့ အတည်တကျ မရှိပါ။ ပိုက်ဆံနှင့် လက်မှတ်များ အပါအဝင် ဝမ့်ရင်းက သူမရှာထားသော ယွမ်နှစ်ဆယ်နှင့် တစ်လကို ရရှိသည့် ပြေစာ အချို့ကိုလည်း အကြမ်းဖျင်း တွက်ခဲ့သည်။
သူတို့မိသားစုရဲ့ ဝင်ငွေက တစ်လကို ယွမ်ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ရှိမည်ဟု တွက်ချက်ခဲ့သည်။
ဒီပိုက်ဆံက အများကြီးဟု ထင်ရသော်လည်း အိမ်မှာ ပစ္စည်းသုံးရမည့် နေရာများစွာ ရှိနေခဲ့သည်။
ပထမဆုံး ဝမ့်ရင်းက အပ်ချုပ်စက်နှင့် ရေဒီယို တစ်လုံး ဝယ်ဖို့အတွက် စီစဥ်ထားခဲ့သည်။ အပ်ချုပ်စက်က အမျိုးသမီးကြီး မစ္စရှုအတွက် ဖြစ်သည်။ မိသားစုထဲတွင် အမျိုးသမီးကြီး မစ္စရှုက လေးရာသီလုံးအတွက် အဝတ်များ ချုပ်ပေးခြင်းကြောင့် ဖြစ်သည်။ အပ်ချုပ်စက် မရှိဘဲ လက်ဖြင့် ချုပ်ရတာက အတော်လေး ပင်ပန်းသည်။ နောက်ထပ် အကြောင်းပြချက် တစ်ခုကတော့ အမျိုးသမီးကြီး မစ္စရှုသည် ဒီလို အပ်ချုပ်ရတာနှင့် ချည်ပန်းထိုးသည့် အလုပ်ကို သဘောကျသည်ဟု ဝမ့်ရင်းက တွေးမိခဲ့သည်။
သူမနှင့် ရှုရွှမ်းက အမြဲတမ်း အလုပ်ရှုပ်နေပြီး အမျိုးသမီးကြီး မစ္စရှုမှာ ဝါသနာပါတာတစ်ခု ရှိနေသည့်အတွက် ဝမ့်ရင်းက သူမကို ပျော်ရွှင်အောင် လုပ်ပေးချင်ခဲ့သည်။
ရေဒီယိုကတော့ ဆောင်းတွင်း ရောက်တဲ့အခါ နှင်းတွေများသည့်အတွက် တောင်တွေက အချိန်အကြာကြီး ပိတ်ထားပြီး ဝါသနာတစ်ခုခု မရှိဘဲ နေဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ဘူးဟု ဝမ့်ရင်းက သိရှိခဲ့ရသည်။
စာဖတ်တာကိုတော့ မေ့ထားလိုက်။ နှစ်ရဲ့ ဒီလို အချိန်တွေမှာ ဒါမျိုးတွေ လုပ်ရတာက သိပ်ပြီး မလုံခြုံဘူး။ ဒါပေမယ့် ရေဒီယို တစ်လုံးတော့ ဝယ်လို့ ရသည်။
ဒီပစ္စည်းကြီး နှစ်ခုနဲ့တင်ပဲ ယွမ်သုံးရာ နီးပါးလောက် ကုန်သွားလိမ့်မည်။
လက်မှတ်ခ မပါဘဲနဲ့တောင် အပ်ချုပ်စက်ရဲ့ စျေးက ယွမ်၁၆၀ ရှိသည်။ အပ်ချုပ်စက်က စက်ဘီးထက်တောင် ပိုပြီး စျေးကြီးသည်။ ချမ့်တုန်က မြို့ထဲမှာ သူမေးပေးလို့ ရတယ်ဆိုပြီး ပြောရင်တောင်မှ သူ တစ်ယောက်ယောက်ကို တွေ့နိုင်မလား၊ မမှီခိုဘဲ ရမလားဆိုတာက ကံတရားအရပဲ။
ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ဒီပိုက်ဆံကို အရင်ဆုံး ဖယ်ထားသင့်သည်။
ဝမ့်ရင်းက စိုးရိမ်နေခဲ့သည်။ “ဂျင်ဆင်းရိုင်း ရှာတာကနေ ကျွန်မ ပိုက်ဆံရမယ်ဆိုရင် သိပ်ကောင်းမှာပဲ။”
ယွမ်သုံးရာတောင်။ ပြဿနာတွေ အားလုံးက ခနလေးနဲ့ ဖြေရှင်းလို့ ရသည်။
ဝမ့်ရင်းက တောင်ရဲ့ အနောက်ဘက်ကို အချိန်ရှိတိုင်း သွားနေခဲ့သည်မှာ ဂျင်ဆင်းရိုင်းကို တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့ဖို့အတွက် ဖြစ်သည်။ ကံမကောင်းစွာဖြင့် အရာအားလုံးက သူမ မျှော်လင့်ထားသလို မဖြစ်လာခဲ့ပါ။ သူမက နေရာများစွာကို ရောက်ခဲ့သော်လည်း အဲ့ဒါကို မရှာနိုင်ခဲ့ပါ။
ယွမ်သုံးရာကို မရတော့မည်ကို မြင်တဲ့အခါ ဝမ့်ရင်းက စိုးရိမ်စိတ် မရှိတော့ပါ။
ရှုရွှမ်းက သူမကို စိတ်သက်သာရာရအောင် လုပ်ပေးခဲ့သည်။ “အဲ့လိုဆိုရင် ကိုယ် ဆရာ့ကို ငါးတွေ ပိုရောင်းပေးဖို့ ပြောလိုက်မယ်။”
ကန်ထဲက ငါးတွေက အကြီးကြီးပဲ။ တစ်ကောင်စီကို ဆယ်ပေါင်ကျော်လောက် ရှိသည်။ ချမ့်တုန်က တစ်ကောင်ကို ငါးယွမ်နဲ့ ရောင်းနေတာ။ အဲ့စျေးက တော်တော်လေး များသည်။
ဝမ့်ရင်းက သူမရဲ့ခေါင်းကို ခါပြခဲ့သည်။ “ရှင်က ဒီငါးကန်ပေါ်မှာပဲ အရာရာကို ဘယ်လိုလုပ် မှီခိုနေလို့ ရမှာလဲ။ အဲ့ထဲက ငါးတွေ အကုန်လုံး ကုန်သွားတဲ့အခါကျရင် ရှင့်မှာ ဘာမှစားဖို့ ကျန်တော့မှာ မဟုတ်ဘူး။”
သူမက ငါးကန်ထဲက ငါးတွေ ကုန်သွားမှာကို ချင့်ချိန်ပြီး ထိန်းချုပ်ခဲ့သည်။ ဒီငါးကန်ကြီးက ငါးအသေးတွေရော၊ ငါးအကြီးတွေရောက တဖြည်းဖြည်း ကြီးလာကြပြီး နောက်ပိုင်းမှာ စားဖို့ ငါးတွေက အမြဲတမ်း ရှိနေတော့မည် ဖြစ်သည်။ သို့သော် အခုဆိုရင် ငါးတွေက အကုန်လုံး ဖမ်းပြီးလုနီးပါး ဖြစ်သည့်အတွက် နောက်ပိုင်းကျရင် သူမတို့က ဘာလုပ်ကြမလဲ။
ဝမ့်ရင်း - “ကျွန်မ အဲ့ဒါကို ထပ်ပြီး ရှာလိုက်မယ်။”
ဝမ့်ရင်းက မေးခဲ့သည်။ “ရှင့်အစ်ကိုအတွက်ရော အကုန်လုံး ပြင်ဆင်ပြီးပြီလား။ ထပ်ပြီးတော့ လိုချင်သေးလား။”
ဒါက ဝမ့်ရင်း စိတ်ပူနေသည့် နောက်ထပ် အကြောင်းအရာတစ်ခု ဖြစ်သည်။ နှစ်သစ်ကူး ပြီးတဲ့နောက် ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က ရှုမင်းအတွက် တစ်ခုခု ပြင်ပေးခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုသည် ဝမ့်ရင်းက ဒီကိစ္စနှင့် ပတ်သက်ပြီး သဘောမကျမှာကို စိုးရိမ်နေခဲ့သော်လည်း ဝမ့်ရင်းကတော့ ဂရုမစိုက်ခဲ့ပါ။
သူမလက်ထဲရှိ ပိုက်ဆံသည် အရင်က ရှုရွှမ်း စုထားခဲ့သော ပိုက်ဆံဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင် မိသားစုအတွက် မသုံးနိုင်ခဲ့ပါ။ ရှုမင်းက ဝမ့်လင်းလင်း ရှာထားသော ပြဿနာထဲမှာ ပါသွားခဲ့ရပြီး ရှုရွှမ်းကလည်း သူ့အပေါ်မှာ အကြွေးတင်နေဆဲ ဖြစ်သည်။ အခု ပေးနေသည့် အရာများမှာ သူနှင့် ထိုက်တန်သော အရာများသာ ဖြစ်သည်။
ရှုရွှမ်း - “အဲဲဒါက အဆင်သင့်ဖြစ်လုနီးပါးပဲ။ ပထမအကြိမ်တော့ ကိုယ်လည်း အများကြီး မပို့ဘူး။ နောက်မှ နည်းနည်းပိုပြီး ပို့လိုက်မယ်”
ရှုရွှမ်းက ဂျုံမှုန့်အဖြူ၊ နှမ်းနှင့် မြေပဲတို့ဖြင့် လုပ်ထားသော ခေါက်ဆွဲကြော်ကို ပိတ်ပြီး အိတ်ကြီး တစ်အိတ်ဖြင့် ပြင်ဆင်ထားခဲ့သည်။ အဲ့ဒါတွေကို ရေထည့်ပြီးတောင် သောက်လို့ ရသည်။ အဲ့ထဲမှာ ငါးခြောက်နဲ့ ယုန်သားလည်း ပါသည်။ သူက ခြောက်ဆွဲခြောက် တစ်ဆယ် ကီလိုဂရမ်နဲ့ အသားငါး တစ်ဆယ် ကီလိုဂရမ် ပြင်ပေးထားသည်။
အစတုန်းက ဝမ့်ရင်းသည် သကြားလုံးအချို့ ပို့ပေးချင်သော်လည်း ရှုရွှမ်းက သူမကို တားခဲ့သည်။ “တောင်ပေါ်ထွက် ပစ္စည်းတွေ သူ့ကို ပို့ပေးတာက အကောင်းဆုံးပဲ။”
ရှုမင်းက စောင့်ကြည့်ခံနေရမှာကို ရှုရွှမ်းက စိတ်ပူနေဆဲဆိုတာ ဝမ့်ရင်းက ချက်ချင်း နားလည်သွားခဲ့သည်။ သူက သကြားတွေ ပို့လိုက်ပါက လူတွေသည် သူတို့ မိသားစုရဲ့ ချမ်းသာမှုကို သံသယ ဝင်သွားကြလိမ့်မည်။ အဲ့ဒါကပဲ နောက်ပိုင်းကျရင် သူတို့ကို ဒုက္ခ ရောက်စေလိမ့်မည်။ တစ်ဖက်ကကြည့်ပါက သူ့ကို တောင်ပေါ်ထွက် ပစ္စည်းများနှင့် အစေ့အဆန်များ ပို့ပါက လူတွေက ပြဿနာ ရှာဖို့အတွက် ခက်ခဲသွားလိမ့်မည်။
ဝမ့်ရင်း - “ကောင်းပြီ၊ ဒါဆိုလည်း မနက်ဖြန်မှ ကျွန်မတို့တွေ ပစ္စည်းတွေကို ပို့ကြတာပေါ့။ ဒီနေ့လည်ကျရင် ကျွန်မက အဖွဲ့ထဲက ဆေးခန်း သွားရဦးမယ်။”