အခန်း (၁၀၁-၁၀၂)
Vol. 9 Ch. 101-102
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၀၁
အဖွဲ့ခေါင်းဆောင်က သူမကို အလွတ်တမ်း ဆရာဝန်အဖြစ် သတင်းပို့ခဲ့သော်လည်း သူမက အဲ့လို သတ်မှတ်ခြင်း မခံခဲ့ရပါ။ ထို့ကြောင့် ဒီတစ်ကြိမ်မှာတေ့ သူမက ကျန်းမာရေး စင်တာမှာ လေ့ကျင့်ရေးဆင်းတာ ပါဖို့အတွက် သွားမည် ဖြစ်သည်။
တစ်လတာ လေ့ကျင့်ရေး ပြီးသွားသည့်နောက် သူမက စာမေးပွဲ ဝင်ဖြေမည် ဖြစ်သည်။ သူမ အောင်ခဲ့ပါက ဆေးခန်းကနေ တစ်ယွမ်ဆီ ထောက်ပံ့ကြေး ရမည် ဖြစ်သည်။ ဆေးခန်းက သူမကို အချို့ ဆေးပစ္စည်းကို အမြဲတမ်း ပေးသွားလိမ့်မည် ဖြစ်သည်။
ဒါက ကောင်းတဲ့အရာပဲဟု ဝမ့်ရင်းက တွေးလိုက်ပြီး မနက်ဖြန်ကျရင် အဲ့ကို သွားဖို့အတွက် စီစဥ်ခဲ့သည်။
ရှုရွှမ်း - “ဒါဆို နောက်မှ ကိုယ် စက်ဘီးကို မင်းဆီမှာ ထားခဲ့လိုက်မယ်။”
လူနှစ်ယောက်က ကားတစ်စီးကို အတူတူ စီးပြီး အခုဆိုရင် သူတို့က အစားထိုးရခဲသည်။ တစ်ခါတစ်လေ စက်ဘီးကို ရှုရွှမ်းထက်တောင် ဝမ့်ရင်းက ပိုသုံးလေ့ ရှိသည်။ ရှုရွှမ်းက သူတို့သာ စက်ဘီးကို မပြင်နိုင်ပါက အနှေးနဲ့ အမြန် နောက်တစ်စီး ထပ်ဝယ်မယ်ဟု တွေးနေခဲ့သည်။
သူတို့နှစ်ယောက်လည်း ခနလောက် အတူတူ နေပြီးနောက် ဝမ့်ရင်းက မြန်မြန် ထရပ်ပြီး ပြောခဲ့သည်။ “ဒီနေ့ ချမ့်ကျွီဟွာက ဝက်တွေကို ကြည့်ပေးထားမယ်ဆိုတာ ကျွန်မတို့ သဘောတူထားတယ်။”
ဝမ့်ရင်းသည် အရင်က ဝက်မွေးတဲ့အခါ ပြဿနာများ ဖြစ်နိုင်ကြောင်း ချမ့်ကျွီဟွာကို ပြောခဲ့ပြီး လဝက်တိုင်း တစ်ခါ ဝက်များကို သွားစစ်ဆေးပြီး ပြဿနာများကို တတ်နိုင်သမျှ အမြန်ဆုံး ကုသပေးဖို့ ပြောခဲ့သည်။
အခုဆိုရင် ချမ့်ကျွီဟွာက ဝက်ခြံထဲတွင်သာ စိတ်ကို လုံးဝ နှစ်ထားခဲ့သည့်အတွက် သူမက အရမ်း စိုးရိမ်နေခဲ့ပြီး အချိန်ကျလာသည့်အခါ လူတွေက သူမကို သတိပေးဖို့ ရောက်လာမည် ဖြစ်သည်။
ဝမ့်ရင်းသည် ချမ့်ကျွီဟွာနှင့် ချမ့်ရှုဖန်းအား သွားတွေ့သည့်အခါ ဘာကိုမှ ယူသွားစရာ မလိုပါ။ ချမ့်ယုက တောင်ပေါ်မှာ သိုးများကို စကျောင်းကတည်းက မိသားစု နှစ်စုလုံးက အသား စားခဲ့ရသည်။
ချမ့်ယုက တောယုန်နှင့် ရစ်ငှက်များကို အချိန်တိုင်း ရလာခဲ့ပြီး တောင်ပေါ်ကနေ အသီးအရွက်များကိုလည်း အလွယ်တကူ ရှာလို့ရသည်။
ကြည့်ပါဦး။ ချမ့်ကျွီဟွာရဲ့ သမီးကြီး၊ တယာနဲ့ အာ့ရာတို့က ချမ့်ယုနဲ့ အရမ်း နီးကပ်ကြတော့ ဝတောင် လာကြပြီ။
အထူးသဖြင့် ဘဲဥပုံစံ မျက်နှာမျိုးရှိတဲ့ အားရာရဲ့ မျက်နှာက ပိုပြီးတောင် ပြည့်လာတယ်။ ကြည့်ရတာ ချောလာလိုက်တာ။
“ သူတို့ကို ကောင်းကောင်း ကျွေးထားတာ။ ဝက်တွေကလည်း အလေးချိန်တွေ စပြီး တက်လာကြပြီ။”
ချမ့်ကျွီဟွာက သူမရဲ့ ရင်ဘက်ကို ဂုဏ်ယူစွာ ပွတ်သပ်လိုက်သည်။ သူမက ဝက်မွေးတဲ့ အလုပ်ကို အရမ်း သဘောကျပြီး နေ့တိုင်း မနက်ကနေ ညအထိ လုပ်ကိုင်ရင်း အလုပ် ရှုပ်နေခဲ့သည်။ ဝက်သားကို ဘယ်လိုမျိုး ချက်ရမလဲ ဆိုတာကို ဝမ့်ရင်းက သူမအား ပြောပြပြီး ဝက်ခြံကိုလည်း သန့်ရှင်းအောင် သေချာ လုပ်ခဲ့သည်။ ထို့အပြင် သူမက ဝမ့်ရင်းပြောသမျှ အရာရာတိုင်းကို လုပ်ခဲ့သည်။
ရက်အနည်းငယ် အတွင်းမှာပဲ ဝက်တွေက လေထိုးလိုက်သလိုကို ကြီးထွားလာကြသည်။
တယာက ကူညီပေးဖို့အတွက် ဝက်ခြံကို ရောက်လာခဲ့သည်။ ကောင်မလေးက ဝဝလင်လင် စားရတဲ့အခါ ထွားလာခဲ့သည်။ ရက်အနည်းငယ် အတွင်း သူမရဲ့ ခြေထောက်တွေက အတော်လေး ရှည်လာခဲ့သည်။
သူမက အရင်လို ဝမ်းနည်းပြီး တိတ်ဆိတ်မနေတာကို ဝမ့်ရင်းက တွေ့ခဲ့ရပြီး သူမရဲ့ မျက်နှာကလည်း ပြုံးနေခဲ့သည်။ သူမကို ပထမဆုံးအကြိမ် တွေ့တုန်းကနဲ့ လုံးဝကို ပြောင်းလဲသွားခဲ့သည်။
တယာ - “အစ်မဝမ့်ရင်း။ ချမ့်ယုက ခနလောက် မထွက်သွားနဲ့ဦးလို့ ပြောတယ်။ သူက တောင်ပေါ်ကနေ ဘယ်ရီသီးတွေ အစ်မတွက် ယူလာမယ်တဲ့။”
အခုဆိုရင် ချမ့်ယုက တောင်ပေါ်ကို သွားပြီး အဲ့နေရာမှာ မွေးပြီး ကြီးလာသော သူတို့လို ကလေးများထက် ပိုပြီး သွက်လက်သည်။ သူမက စားလို့ရတာ သေချာသည့် အသီးမှန်သမျှ အိမ်ကို ယူလာခဲ့သည်။
တယာက မနေနိုင်ဘဲ တံတွေးကို မျိုချလိုက်သည်။ “ဒီဘယ်ရီသီးတွေက အရသာ ရှိလိုက်တာ။”
ဝမ့်ရင်းက ပြုံးပြီး သူမရဲ့ ခေါင်းကို ကိုင်လိုက်သည်။ “အဲဲဒါကို ညီမလေးတို့ဘာသာ ခွဲပြီးစားလိုက်ကြ။ အမကို မပေးနဲ့။”
အခုချိန်မှာ ဒီကလေးတွေ လိုနေတာက သကြားဖြစ်သည်။ ချမ့်ကျွီဟွာရဲ့ လက်ထဲတွင် ပိုက်ဆံရှိသော်လည်း သူမက အဲ့ပိုက်ဆံတွေကို သတိလက်လွတ် မသုံးရဲပါ။ သူမက ဝက်တွေကို မွေးနိုင်ပါ့မလားဆိုတာ မသိခဲ့ပါ။
တကယ်လို့ သူမကိုသူမ မထောက်ပံ့နိုင်ရင် သူမက လယ်ထဲဆင်းပြီး အလုပ် ပြန်လုပ်ရမည် ဖြစ်သည်။ ထို့နောက် သူမက ဒီပိုက်ဆံလေးကို စားဝတ်နေရေးအတွက် မှီခိုရမည် ဖြစ်သည်။
ချမ့်ရှုဖန်းကို မဆိုထားနှင့် ချမ့်ယုမှာတောင် သကြားလုံး ကုန်သွားပြီဖြစ်သည်။ သူမက ဝမ့်ရင်း ပေးထားသော သကြားလုံးများကို အရမ်း ကြိုက်နှစ်သက်သည်။
ဝမ့်ရင်းက အဲ့လိုမလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး စောစော ပြန်ထွက်လာခဲ့သည်။
သူမ ထွက်လာတဲ့အခါ တပ်မဟာထဲရှိ များစွာသော မိန်းမကြီးတွေကြားထဲသို့ ပြေးသွားမိခဲ့သည်။
ဝမ့်ရင်းက ဆရာဝန်ကောင်း တစ်ယောက်ဖြစ်ပြီး အမျိုးသမီးကြီး မစ္စရှုနှင့် ဆက်ဆံရေးလည်း ကောင်းသည်။ ထို့ကြောင့် အဖွဲ့ထဲရှိ မိန်းမကြီးများက သူမအပေါ်မှာ အမြင်ကြည်ကြသည်။
ဝမ့်ရင်းနဲ့ အတူတူ သွားဖို့အတွက် လူတစ်ယောက်က ချက်ချင်းပဲ ခေါ်လိုက်သည်။
“ ဒီမှာ ပညာတတ် လူငယ်အသစ်တွေ ရှိတယ်။ ဒီတစ်ကြိမ်တော့ သူတို့ထဲက လူနည်းနည်းပဲ ဒီမှာဆိုတာ ငါကြားထားတယ်။ နင် ဘာလို့ အဲ့ကိုသွားပြီး တစ်ချက်လောက် မကြည့်ရတာလဲ။”
ဝမ့်ရင်းသည် ဘာမှ လုပ်စရာ မရှိသည့်အတွက် သူမက ပျော်စရာတွေကို လိုက်ကြည့်ရန် အမျိုးသမီးကြီးများ အနောက်သို့ လိုက်သွားခဲ့သည်။ သူမက ဒီနေရာမှာ ရှိနေတာ ကြာလှပြီ ဖြစ်သည့်အတွက် တပ်မဟာထဲရှိ လူတိုင်းနှင့် သိနေသော်လည်း ပညာတတ် လူငယ်များနှင့် သိပ်မသိသေးပါ။
ထိုကိစ္စနှင့် ပတ်သက်ပြီး မိန်းမကြီးတွေက ပြောစရာတွေ အများကြီး ရှိနေခဲ့သည်။
“အိုး၊ သူတို့တွေ အရင်ကဆို ကျေးလက်မှာ ကူညီပေးဖို့ သွားကြတာ။ ဒီမှာဆို သူတို့ထဲက သုံး၊ လေးယောက်လောက်ပဲ ရှိတာ။ သူတို့တွေ ပထမဆုံးအကြိမ် ရောက်လာတုန်းက သူတို့က ပိုကောင်းတဲ့ ဘဝတွေဖြစ်လာအောင် ငါတို့ရဲ့ အဖွဲ့ကို ဦးဆောင်ပေးချင်တယ်ဆိုပြီး ပြောခဲ့ကြတာ။”
ဝမ့်ရင်း - “နောက်ပြီးတော့ ဘာဆက်ဖြစ်လဲ။”
“ဘာဆက်ဖြစ်လဲ ဟုတ်လား။ အရင်တုန်းက တစ်ခါမှ လယ်မလုပ်ဖူးတဲ့ သူတို့လို လူငယ် အုပ်စုတစ်စုက ဘာများ လုပ်နိုင်မှာလဲ။ သူတို့က စကားတွေ အများကြီး ပြောကြပေမယ့် ဘာမှ မလုပ်နိုင်ကြဘူး။ ရက်နည်းနည်းလောက်နဲ့ မြို့ကို ပြန်ဖို့ဆိုပြီး ပြဿနာတစ်ခုတောင် စလုပ်ခဲ့ကြသေးတာ။”
"သူတို့တွေ မြို့ကို ပြန်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ အဲ့ပညာတတ်တဲ့ လူငယ်တွေ ဒီကို အရင်ဆုံး ရောက်လာကြတာက သူတို့အားလုံး ဒီနေရာမှာ နေဖို့ပဲလေ။”
“ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူတို့ ပညာတတ်တဲ့ လူငယ်တွေက ငါတို့နဲ့ သိပ်ပြီး ပြောဆို ဆက်ဆံတာတောင် မရှိကြဘူး။ အမြဲလိုလို သူတို့က လုပ်ငန်းခွင်တွေကို မသွားကြဘဲ တစ်ခါတစ်လေမှသာ သွားကြတာ”
ပထမဆုံး ပညာတတ် လူငယ်များ အဖွဲ့က တကယ့်လက်တွေ့ကို သိပြီးနောက် ဒီနေရာကို တာဝန်ပေးခံရတဲ့ ပညာတတ် လူငယ်တွေထက် ကူညီပေးဖို့ လျှောက်ထားကြသူတွေက ပိုပြီး စပ်စပ်ထိမခံ ဖြစ်လာခဲ့ကြသည်။ သူတို့က အဖွဲ့ကို ဦးဆောင်မည့် ကိစ္စကိုလည်း ထပ်ပြီး မပြောကြတော့ပါ။
“ဒီတစ်ကြိမ်လည်း လူဘယ်လောက် ရနိုင်မလဲဆိုတာ ငါလည်း မသိတော့ပါဘူး။”
“ငါတို့တွေက အဲ့ဒါတွေကို ဘယ်လောက် ထပ်ပြီး ခွဲပေးနိုင်မှာလဲ။ ငါခန့်မှန်းမိသလောက်ဆို အများဆုံးက နှစ်ယောက်ပဲပေါ့။”
သူတို့ရဲ့ တပ်မဟာက နေရာကောင်းတစ်ခု မဟုတ်ပါ။ အရင်က အဲ့နေရာကို ရောက်လာတဲ့ သူတွေဆိုလို့ အနည်းငယ်သာ ရှိသည်။ နောက်ပိုင်းမှာ သူတို့ထဲက လူနည်းစုက ရွာသားများနှင့် အိမ်ထောင်ကျပြီး ပြောင်းသွားခဲ့ကြသည်။ အခုဆိုရင် တပ်မဟာထဲတွင် နေထိုင်သူဆိုလို့ ကိုးယောက်သာ ရှိသည်။
တောင်ပေါ်ရွာတွင် မွေးပြီး ကြီးပြင်းလာသော လူတွေအတွက်ကတော့ ပညာတတ် လူငယ်များ ရောက်လာခြင်းသည် သူတို့အတွက် ပြောစရာ ခေါင်းစဥ်အချို့နှင့် အလကား ကျွေးမွေးဖို့ ပါးစပ်ပေါက်များ ရလာခြင်း သပ်သပ်သာ ဖြစ်သည်။
အခုဆိုရင် လူတိုင်းက ပညာတတ် လူငယ်တို့၏ ကာလဗလအားကို နားလည်သွားကြပြီး ဒီလူငယ်တွေက ကျေးလက်ဒေသရှိ ဘာလယ်ယာစိုက်ပျိုးရေးကိုမှ မလုပ်နိုင်ကြောင်းကိုပါ သိသွားခဲ့ကြသည်။
“အမျိုးသား ပညာတတ် လူငယ်တွေက အသုံးမဝင်ဘူး။ သူတို့တွေက အမျိုးသမီး ပညာတတ် လူငယ်တွေထက်တောင် ပိုပြီး ဆိုးသေးတယ်။”
အမျိုးသား ပညာတတ် လူငယ်တွေသာ ရောက်လာပါက သူတို့တွေသည် ဘာအလုပ်မှ သေသေချာချာ မလုပ်နိုင်ကြဘူး ဆိုတာကို မိန်းမကြီးတွေ အားလုံးက ကောင်းကောင်း သိကြသည်။ သူတို့က စားစရာများကိုသာ ဝေငှ စားသောက်ကြပြီး အဲ့ဒါတွေကလည်း အလကားသာ ဖြစ်သည်။ တစ်ဖက်က ကြည့်လျှင် အမျိုးသမီး ပညာတတ် လူငယ်တွေက တပ်မဟာထဲတွင် နေဖို့ ဆန္ဒသာ ရှိပါက သူတို့ရဲ့ မိသားစုတွေက ပညာတတ် လူငယ်တွေထဲက မိန်းမတစ်ယောက်ကို ရှာနိုင်ပြီ ဖြစ်သည်။
သူတို့က ခန်းဝင်ပစ္စည်းတွေ မမေးရင်တောင်မှ ရိုးရာဓလေ့ကတော့ ရှိနေဆဲ ဖြစ်သည်။
ဒီခေတ်မှ ဆရာမတွေက အနိမ့်ဆုံး လူတန်းစားဟု လူတွေက ပြောကြရင်တောင် လူတွေက ပညာတတ်များကို စိတ်ထဲကနေ လေးစားမှု ရှိရမည်။
ဝမ့်ရင်းသည် မိန်းမကြီးများ အချင်းချင်း စကားပြောနေတာကို နားထောင်ပြီး သူတို့နှင့် တလင်းပြင်ကို လိုက်သွားခဲ့သည်။
မိန်းမကြီး တစ်စုက တလင်းပြင်ပေါ်မှာ စုနေကြပြီး ဖြစ်သည်။ လယ်ကွင်းထဲကို မသွားသည့် အဖွဲ့သားတွေ အားလုံးနီးပါးက ဒီနေရာမှာ ရှိနေကြသည်။
“ငါကြားထားတာတော့ ဒီတစ်ခေါက်က လူတွေ ပိုပြီးတော့ ချပေးမယ်တဲ့၊ နှစ်ယောက်ထက် ပိုမှာ သေချာတယ်။”
“ရှင်တို့တွေ အများကြီးက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ။ ရှင်တို့ရဲ့ ပုခုံးနဲ့ ဘာကိုမှ သယ်လို့ မရသလို ရှင်တို့ လက်တွေနဲ့လည်း မလို့ မရဘဲနဲ့။ သပ်သပ်မဲ့ အချိန်ဖြုန်းနေကြတာပဲ။”
“ ကျေနပ်လိုက်ကြပါတော့။ ဒီနှစ်မှာ ရောက်လာတဲ့ ပညာတတ် လူငယ်တွေက အနည်းဆုံးတော့ ဒီအချိန်မှာ ရောက်လာသေးတာပဲလေ။ မနှစ်က လာကြတဲ့ ပညာတတ် လူငယ်တွေဆို တကယ်တမ်း ဆောင်းဦးကျမှ ရောက်လာကြတာ။ သူတို့က ဘာမှ မလုပ်ဘဲ ဒီကို ရောက်လာကြတယ်။ ပြီးတော့ ဘာမှမဟုတ်ဘဲ အများကြီး စားသွားကြတယ်။”
မြို့ကလူတွေက အသံကျယ်ကြပြီး သူ စကားပြောသည့်အခါ ဘေးနားရှိ လူတွေက သူ့ကို အာရုံမစိုက်ကြပါ။ အဲ့ဒါက လူတွေကို ခေါ်သွားဖို့ စောင့်နေသော ပညာတတ် လူငယ်တို့ရဲ့ ခေါင်းဆောင်ဖြစ်သူ ယန်ဟုန်ကို ရှက်သွားစေခဲ့သည်။
သူမက ဒီကို မနှစ်က မတိုင်ခင်တည်းက ရောက်လာခဲ့သည်။
ယန်ဟုန်က ဘာစကားမှ မပြောသော်လည်း တကယ်တမ်းမှာတော့ သူမရဲ့ စိတ်ထဲတွင် အတော်လေး ဒေါသထွက်နေခဲ့သည်။
ဒီလူတွေက ဘာကို ဆိုလိုတာလဲ။ သူတို့တွေ ရောက်လာတုန်းက စားစရာတွေကို သူတို့ စားလိုက်ကြလို့ မကျေမနပ် ဖြစ်နေတာလား။ ဒါပေမယ့် ကျေးလက်ဒေသကို သွားရမယ့် အချိန်ကိုတော့ သူတို့က ဆုံးဖြတ်လို့ မရဘူး။
ပြီးတော့ ဒီနေရာက တောင်ရဲ့ အနောက်မှာ။ တောင်တွေ၊ လမ်းတွေက ဆောင်းတွင်မှာဆို ပိတ်ထားသည်။ သူတို့သာ သူတို့ကို စားစရာ မပေးဘူးဆိုရင် သူတို့က သူတို့တွေ ခဲပြီး သေမှာကို စောင့်နေရမှာလား။
ယန်ဟုန်က သူမကိုယ်သူမ အတော်လေး ဒေါသ ထွက်နေခဲ့သည်။ သူတို့က မွေးရပ်မြေကို စွန့်ခွာပြီး ဒီကို မလာချင်ခဲ့ပါ။ အဲ့ဒါကြောင့် သူတို့က ဘာလို့ ပညာမတတ်တဲ့ လူတစ်စုကို အထင်သေးကြရမှာလဲ။
ဝမ့်ရင်း ရောက်လာတဲ့အခါ သူမက အမျိုးသမီးကြီး မစ္စရှုလည်း အဲ့နေရာမှာ ရှိနေတာကို တွေ့ခဲ့ရသည့်အတွက် သူမရဲ့ အနောက်မှာ ရပ်လိုက်သည်။
အမျိုးသမီးကြီး မစ္စရှုသည် အမျိုးသမီးများ ကြားထဲတွင် အာရုံစိုက်နေခဲ့သည်။ သူမက ဝမ့်ရင်းအတွက် နွေရာသီမှာ ဝတ်ဖို့ အင်္ကျီများ ပြုလုပ်ရန် လေ့လာထားသော ချည်ပန်းထိုးကို လုပ်နေခဲ့သည်။ ဒီခေတ်မှာ အနီရောင် တောက်တောက်နှင့် အစိမ်းရောက်ကို ခွင့်မပြုထားသည့်အတွက် အမျိုးသမီးကြီးရှုက ဝမ့်ရင်း ဘောင်းဘီရဲ့ အနားမှာ ပန်းပွင့် သေးသေးလေးများကို ချည်ထိုးထားပြီး သူမရဲ့ အင်္ကျီ ကော်လံပေါ်မှာလည်း အတွန့်လေး တစ်ခုကို ထည့်ပေးထားသည်။
အဲ့ဒါက ရိုးရှင်းသော်လည်း လှပသည်။
ဝမ့်ရင်းက အဲ့ဒါကိုဝတ်ပြီး ထွက်လာတဲ့အခါ မိန်းမငယ်လေးများနှင့် မိန်းမများက အဲ့ဒါကို စတင်ပြီး မေးခဲ့ကြသည်။ အဲ့ဒါကို လုပ်ခဲ့သည့် သူမှာ အမျိုးသမီးကြီးရှု ဖြစ်ကြောင်းကို သိပြီးနောက် သူတို့တွေ အများစုက အကြံဉာဏ် တောငိးဖို့အတွက် ရောက်လာကြသည်။
အမျိုးသမီးကြီး မစ္စရှုသည် ရှေးစာဆို တစ်ခုက မှန်ကန်ကြောင်းကို ခံစားမိခဲ့ရသည်။ မိသားစု တစ်စုမှာ ချွေးမတစ်ယောက် ရှိလာရင် သူတို့ မိသားစုက ဂုဏ်တက်ရလိမ့်မယ်တဲ့။
အချိန်က ခနလေးပဲ ဆိုပေမယ့် ဘဝက အရင်ကထက် ပိုပြီး အဆင်ပြေလာတယ်ဆိုပြီး သူမ ခံစားနေခဲ့ရပြီ ဖြစ်သည်။
သူမမှာ စကားပြောဖို့ လူတစ်ယောက် ရှိလာရုံတင်မကဘူး၊ သူမရဲ့ နှစ်သက်ရာ ဝါသနာကိုလည်း ရွေးလာနိုင်ခဲ့သည်။
ရှုရွှမ်းက ဘယ်လောက်ပဲ သားသမီး ဝတ္တရား ကျေပွန်နေပါစေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ယောက်ျားလေး တစ်ယောက်ပင်။ သူ့အမေက ကောင်းမွန်တဲ့ ဘဝမှာ နေဖို့ ဘယ်အရာမှာ စိတ်ဝင်စားလဲ ဆိုတာကိုတော့ သူ မသိပါ။
ဝမ့်ရင်းကတော့ အဲ့လိုမျိုး မဟုတ်ပါ။ ဝမ့်ရင်းက အိမ်အလုပ် လုပ်တဲ့နေရာမှာ အရမ်း မကျွမ်းကျင်သော်လည်း အမျိုးသမီးကြီးရှုက ဝမ့်ရင်းသည် အရမ်းတော်တာပဲဟု တွေးနေခဲ့သည်။ ဝမ့်ရင်းသာ အဖက်ဖက်က တော်နေပါက သူမမှာ လိုအပ်သမျှ အရာရာတိုင်း ရှိနေမည် မဟုတ်ပါလား။ ဒါဆို ဝမ့်ရင်းက သူမရဲ့ အငယ်ဆုံးသားကို ဘယ်လို လက်ထပ်နိုင်မှာလဲ။
အမျိုးသမီးကြီး မစ္စရှုက ခြေဖျားထောက်ကာ ရပ်ပြီး အပြင်ကို ကြည့်လိုက်သည်။ “သူ ဘယ်အချိန် လာမလဲဆိုတာ ငါလည်း မသိဘူး။ ငါသာ သိရင် ငါနဲ့အတူ ခွေးခြေခုံလေး တစ်ခုံလောက် ယူလာပါတယ်ဟာ။”
မင်း ပင်ပန်းတယ်ဆိုရင် ထိုင်ပြီး အကြံ နှစ်ခုလောက် ထုတ်လို့ရတယ်နော်။
ဝမ့်ရင်း - “ခနလောက် မတ်တပ်ရပ်နေတာက ကိစ္စတော့ မရှိပါဘူး။ ပြီးတော့ အမေက မနက်ကနေ ညအထိ ချည်ထိုးတဲ့နေရာမှာပဲ ခေါင်းစိုက်နေတာ။ အဲ့တော့ ခနလောက် မတ်တပ်ရပ်ပြီး ဟိုဟိုဒီဒီ လှုပ်ရှားနေတာက ကောင်းပါတယ်။”
ယောက္ခမနှင့် ချွေးမက အချိန်ကောင်းတစ်ခုကို အတူတူ ဖြတ်သန်းနေတာက ဘေးနားမှာရှိတဲ့ လူတိုင်းကို အားကျစေခဲ့သည်။
ဝမ့်ရင်းလို ချွေးမမျိုးကို ရွေးချယ်တာက ကောင်းတဲ့ ရွေးချယ်မှု တစ်ခုပဲဟု မိန်းမကြီး အားလုံးက တွေးခဲ့ကြသည်။ ကျွတ်၊ အစတုန်းက သူတို့တွေက ပိုပြီး လောနေတဲ့ ပုံစံမျိုး ဘာလို့ ဟန်ဆောင်ခဲ့ကြတာလဲ။
ငယ်ရွယ်တဲ့ မိန်းမများက ဝမ့်ရင်းသည် ကောင်းကောင်း လက်ထပ်ရတယ်ဟု တွေးမိခဲ့ကြသည်။ သူ့ရဲ့ ယောက္ခမကိုလည်း ကြည့်လိုက်ပါဦး။ ဝမ့်ရင်းအတွက် ချည်ပန်းထိုး အင်္ကျီတွေ လုပ်ပေးသည်။ ဝမ့်ရင်းက လူနာတွေ ကြည့်ပေးတာကလွဲလို့ ဘာအိမ်အလုပ်မှ မလုပ်ရဘူးလို့ ပြောချင်တာပဲ။ ပြီးတော့ သူတို့က ကိုယ့်ရဲ့ မိသားစုကို အထင်သေးကြတာ။ အဲ့ဒါကို အခြားသူတွေနဲ့ နှိုင်းယှဥ်ပြီး ပြောရတာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။
မကြာခင်မှာပဲ ဦးလေးထျန်းက သူ့ရဲ့ မြည်းလှည်းဖြင့် ပြန်ရောက်လာခဲ့သည်။ ထျန်းယိုဖုက မြည်းလှည်းရဲ့ ဘေးကနေ လမ်းလျှောက်ပြီး လူငယ်တစ်စုကလည်း လိုက်လာခဲ့ကြသည်။
ဦးလေးထျန်းက မြည်းလှည်းပေါ်တွင် အထုပ်တွေကို သယ်ပြီး မောင်းနှင်လာခဲ့သည်။ သို့သော် အဲ့ပေါ်မှာ ထိုင်ဖို့အတွက် ဘယ်သူကမှ မမေးခဲ့ပါ။ ထိုမြည်းသည် တပ်မဟာရဲ့ အပိုင် ဖြစ်သည်။ သူတို့က အမြဲတမ်း ပစ္စည်းသယ်ဖို့၊ ကြိတ်စုံကို ကြိတ်ဖို့အတွက် ထိုမြည်းကိုသာ အားထားခဲ့ကြရသည်။ သို့မှသာ သူတို့က မပင်ပန်းမှာ ဖြစ်သည်။
ထိုမြည်းက လမ်းလျှောက်တာ အတော်မြန်ပြီး အေးအေးဆေးဆေး လျှောက်တဲ့အခါ လူတွေက သူနှင့်အတူ လိုက်လို့ရသည်။
“အိုး၊ ဒီတစ်ခေါက်တော့ လူတွေ အများကြီးပဲ လာနေကြတယ်။”
“အဲ့မှာဆို ခုနစ်ယောက်လောက် ရှိမယ်။ ဘာလို့ အဲ့လောက် အများကြီး ရှိနေရတာလဲ”
“တကယ်လား။ ငါတို့ရဲ့ နေရာကို မင်းရော ဘယ်လိုထင်လဲ။ မင်းက အဲ့ဒါတွေ ဒီနေရာကို မြန်မြန် လာပို့နေတာပဲ။”
အဲ့ကိစ္စနှင့် ပတ်သက်ပြီး ဘယ်သူကမှ မပျော်ကြပါ။ လူတွေအများကြီး လာလေလေ၊ သူတို့က စားစရာတွေ ပိုစားကြလိမ့်မည် ဖြစ်သည်။ ပညာတတ် လူငယ်တွေက အလုပ် မလုပ်နိုင်သည့်အတွက် လူတိုင်းက သူတို့ရဲ့ ရိက္ခာတွေကို ဝေပေးရမည် ဖြစ်သည်။
ထျန်းယိုဖုကလည်း မပျော်မရွှင် ဖြစ်နေကာ မှုန်သုန်နေသော မျက်နှာဖြင့် ဘေးကနေ လမ်းလျှောက်လာခဲ့သည်။
ပညာတတ် လူငယ် အသစ်တွေ အတွက်ကတော့….
ပိုပြီးတော့တောင် မပျော်ကြသေးတယ်။
“ဘယ်လိုတောင် စုတ်ပြတ်နေတဲ့ နေရာမျိုးပါလိမ့်။ တောင်တက်လမ်းတွေက အကွေ့၊ အကောက်တွေနဲ့ ပြည့်နေတာပဲ။”
ဒီစကား ပြောလိုက်တဲ့ လူငယ်က ဝက်ခြံတွေနဲ့။ သူ့မျက်နှာကလည်း ဒေါသအပြည့် ဖြစ်နေတာ။
“စောဒဏတက်နေတာ ရပ်လိုက်တော့။ ငါတို့တွေ ဒီကို ရောက်လာတာ ကျေးလက်ကို သွားဖို့အတွက်ပဲ၊ အပျော်ရှာဖို့ မဟုတ်ဘူး။”
ထိုစကားကို ပြောတဲ့သူက ခန့်ညာသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူက ပညာတတ် လူငယ်အဖွဲ့တွင် အကောင်းဆုံး ဝတ်ဆင်ထားခဲ့သည်။
“ဝူး၊ ဝူး၊ ဝူး။ ငါကတော့ အိမ်ပြန်ချင်တယ်။”
ဒါကတော့ ကလေးမျက်နှာဖြင့် သူတို့ထဲတွင် အငယ်ဆုံး ကောင်မလေး ဖြစ်သည်။ ဒီခရီး စထွက်လာကလည်းက သူမကသည် ထွက်သွားချင်ခဲ့သည်။
“ငါတို့တွေ စည်းလုံးဖို့ လိုနေတုန်းပဲ။ ဖန်းချန် မှန်တယ်။ ငါတို့တွေ စောဒကတက်လို့ မရဘူး။”
နောက်ဆုံး စကားပြောခဲ့တဲ့ သူကတော့ အားနည်းပြီး နူးညံ့တဲ့ ဖြူဖျော့သည့် မျက်နှာနှင့် ကောင်မလေးတစ်ယောက် ဖြစ်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၀၂
ထျန်းယိုဖုက စိတ်ရှုပ်လာခဲ့သည်။ သူက ပညာတတ် လူငယ်များကို ခေါ်လာခဲ့တဲ့ လမ်းတစ်လျှောက်လုံး သူတို့ရဲ့ ငိုသံတွေနှင့် စောဒကတက်တဲ့ အသံတွေကိုသာ ကြားခဲ့ရသည်။ အခုဆိုရင် သူတို့က ရောက်လာတဲ့ထိတိုင် မတိတ်ကြသေးပါ။
ဦးလေးထျန်းက မြည်းလှည်းအား တလင်းပြင်သို့ မောင်းသွားခဲ့သည်။ ပညာတတ် လူငယ်တွေက သူတို့ရဲ့ အနားမှာ မိန်းမကြီး တစ်စုက ဝိုင်းနေတာကို မြင်တဲ့အခါ ရှက်သွားခဲ့ကြသည်။
ထျန်းယိုဖုက စိတ်ပျက်စွာ ပြောခဲ့သည်။ “အထုပ်အပိုးတွေ ချလိုက်ကြ။”
ဘာမှမလုပ်ဘဲ ကြည့်နေကြတာ ဘာလုပ်ဖို့လဲ။ အထုပ်တွေက သူ့ဘာသာ ဖြည်သွားဖို့ကို မျှော်လင့်နေတာလား။
ဝက်ခြံနဲ့ ကောင်လေးက ဒေါသတွေ ထွက်နေခဲ့သည်။ သူသည် ထျန်းယိုဖုက စာနာမှု မရှိဘူးဟု ခံစားခဲ့ရသည်။
သူတို့က ကျေးလက်ဒေသကို ပို့ခံလိုက်ရတဲ့ ပညာတတ် လူငယ်တွေပဲ။ သူတို့တွေ ဒီမှာ ရှိနေတာ ရွာသားတွေကို ကူညီဖို့ပဲ။ ငါတို့တွေက သူတို့ကို သီဆို၊ ကပြပြီး ကြိုဆိုနေလို့ မရသလို ငါတို့က သူတို့ရဲ့ လက်ကို ကိုင်ထားလို့လည်း မရဘူး။
သို့သော် ခန့်ညားတဲ့ ကောင်လေးက စောဒက မတက်ဘဲ အထုပ်တွေ ချဖို့အတွက် ပညာတတ် အမျိုးသမီးငယ်များကို ကူညီပေးခဲ့သည်။
ဦးလေးထျန်းက မြည်းကိုခေါ်ပြီး လမ်းလျှောက် ထွက်သွားခဲ့သည်။ ခရီးလမ်းက အရမ်း ခက်ခဲသည့်အတွက် ဦးလေးထျန်းက ပြန်သွားဖို့ကို စိုးရိမ်နေခဲ့ပြီး မြည်းကိုလည်း စားစရာကောင်းကောင်း ကျွေးခဲ့သည်။
ပညာတတ် လူငယ်တွေက တန်းစီလိုက်သည့်အခါ မိန်းကလေး လေးယောက်နှင့် ယောက်ျားလေး သုံးယောက် စုစုပေါင်း ခုနစ်ယောက် ရှိနေခဲ့သည်။ စကားကို ညင်ညင်သာသာ ပြောတဲ့ မိန်းကလေးကလွဲလို့ ကျန်တဲ့သူတွေက နှစ်အိတ်၊ သုံးအိတ် ယူလာကြပြီး သူမကတော့ တစ်အိတ်သာ ပါလာသည်။
အဲ့ဒါကို ကြည့်ရုံနဲ့တင် ထျန်းယိုဖုက ခေါင်းကိုက်လာခဲ့သည်။
“မင်းတို့က ဟိုမှာရှိတဲ့ ပညာတတ် လူငယ်တွေ နေတဲ့နေရာမှာပဲ နေရမှာ။ အဲ့ထဲမှာ အခန်း ခုနစ်ခန်းပါတယ်။ အဲ့ဒါကို မင်းတို့ဘာသာပဲ ခွဲနေလိုက်ကြတော့။ ယန်ဟုန်၊ ပညာတတ် လူငယ်တွေထဲမှာဆို မင်းက အစ်မ အကြီးဆုံးပဲ။ အရင်ဆုံး သူတို့ကို ခေါ်သွားပြီး သင်ပေးလိုက်။ မနက်ဖြန်ကျရင် မင်းတို့တွေ ထုံးစံအတိုင်းပဲ အလုပ်သွားရမယ်။”
ထျန်းယိုဖု - “နောက်မှ ဒီလူခုနစ်ယောက်စာ ရိက္ခာတွေ လာယူ။ ငါတို့ရဲ့ တပ်မဟာထဲမှာဆို ရိက္ခာတွေက နှစ်ခါဝေပေးတယ်။ နွေရာသီ ကောက်သိမ်းချိန်နဲ့ ဆောင်းမတိုင်ခင်ပဲ။ ဒီတစ်ခေါက် အထူး ရိက္ခာတွေကတော့ လုပ်ခ ရမှတ်ထဲကနေပဲ လျှော့သွားကြလိမ့်မယ်။ တစ်ယောက်ကို ဆန်ကြမ်းတွေ လေးဆယ် ကီလိုဂရမ်စီ ရလိမ့်မယ်။ အဲ့ဒါကို ဘယ်လိုမျိုး ရမလဲဆိုတာကိုက ငါတို့တွေ ဆွေးနွေးလို့ ရတယ်။”
ယန်ဟုန်က သဘောတူပြီး အသစ် ရောက်လာသော သူများနှင့် ဆွေးနွေးဖို့ သွားခဲ့သည်။
မျက်နှာမှာ ဝက်ခြံတွေနဲ့ ကောင်လေးရဲ့ နာမည်က ကျန်းလိဖြစ်သည်။ သူက အဲ့ဒါကို ကြားတဲ့အခါ စိတ်ပျက်သွားခဲ့သည်။ “ငါတို့တွေက ဘာလို့ လုပ်ခတွေ အလျှော့ခံရတာလဲ။ ငါတို့တွေ ဒီမှာ ရှိနေတာက ကျေးလက်ဒေသကို ဆောက်လုပ်ပေးဖို့လေ။ တပ်မဟာက ငါတို့ရဲ့ ရိက္ခာတွေအတွက် တာဝန်ယူပေးသင့်တယ် မဟုတ်ဘူးလား။”
ဒါက မဖြစ်သင့်ဘူးဟု သူက ခံစားခဲ့ရသည်။ သူတို့က သူ့ကို အရှေ့မှာ မြည်းလှည်း စီးဖို့တောင် ခွင့်မပြုခဲ့ကြပါ။ ထို့အပြင် သူတို့က အနောက်မှာလည်း သူ့ကို ဘာစားစရာမှ မပေးခဲ့ကြပါ။ ဒါက တပ်မဟာထဲတွင် သူတို့ရဲ့ ပညာတတ်တွေကို ဘယ်လို ဆက်ဆံလဲဆိုတဲ့ ပုံစံမျိုးလား။
ပညာတတ် လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ယန်ဟုန် - “ငါတို့ တပ်မဟာထဲက ပညာတတ် လူငယ်တွေကို အိမ်ထောင်စု တစ်ခုသပ်သပ် အနေနဲ့ စာရင်းသွင်းထားတာ။ ပြီးတော့ ငါတို့က သူတို့က လုပ်ခရမှတ်တွေ ပေးပြီးတော့ နေခိုင်းရမှာ။”
ကျန်းလိက ဒေါသတကြီး ပြောခဲ့သည်။ “ဒါဆို အဲ့ဒါကို ပြီးတဲ့အထိ ရေတွက်ပေးသင့်တယ်။ ငါတို့တွေ ရောက်လာရုံနဲ့ ဘာဖြစ်လို့ အခုကနေ စပြီးတော့ ရေတွက်ရမှာလဲ။ ငါက ပေကျင်းကနေ လာခဲ့တာ။ ခေါင်းဆောင်ကို ငါသွားမေးချင်တယ်။”
ထို့နောက် သူက မေးခွန်းထုတ်ဖို့အတွက် ထျန်းယိုဖုထံ ဒေါသတကြီး ပြောခဲ့သည်။ ယန်ယုက ဒါကို လုပ်ခဲ့ပြီး သူ့ကို မတားခဲ့ပါ။ သူမက ကျေးလက်ကို သွားတဲ့အခါ ထိုနေရာမှာ အဓိက ကိစ္စတစ်ခု ရှိသည်။ အဆုံးမှာတော့ နောက်နွေရာသီ စပြီးတာနဲ့ လုပ်ခရမှတ်ကနေ လျှော့သွားကြတာပဲ မဟုတ်ဘူးလား။
များစွာသော အဖွဲ့သားတွေက ဘေးနားတွင် ရပ်ကြည့်နေသည့်အခါ အဖွဲ့ခေါင်းဆောင်က လုပ်ခ ရမှတ်များကို မလျှော့ဖို့အတွက် သဘောတူဖို့ မဖြစ်နိုင်တော့ပါ။
ယန်ဟုန်က ကျန်းလိကို လျစ်လျူရှုပြီး အခြားသူတွေကို မေးဖို့ လှည့်လိုက်သည်။ “မင်းတို့က မင်းတို့ရဲ့ ရိက္ခာတွေ အကုန်လုံးကို တစ်ခါတည်း သွားထုတ်ကြမှာလား။ ဒါမှမဟုတ် အဲ့ဒါကို တဖြည်းဖြည်းချင်း ထုတ်ကြတာလား။ ငါတို့ရဲ့ စခန်းမှာက မီးဖို တစ်ခုပဲ ရှိတာ။ ပြီးတော့ ငါတို့က အတူတူ ချက်ရမှာ။”
အသစ်ရောက်လာသော ပညာတတ် လူငယ်များက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တစ်ယောက်ကမှ စကား ပြောမထွက်ကြတော့ပါ။
သို့သော် အားနည်းပြီး ဖြူဖျော့သည့် မျက်နှာနှင့် မိန်းကလေးက နှစ်ခါပြန် ချောင်းဆိုးလိုက်ပြီး နူးညံ့စွာ ပြောခဲ့သည်။ “ငါတို့တွေ အရင်ဆုံး ငါးကီလိုဂရမ်လောက် သွားယူတာက ပိုပြီး ကောင်းမယ်လို့ ငါထင်တယ်။ ပြီးမှ အဲ့ဒါကို စားပြီးရင် နောက်ထပ် သွားယူကြမယ်။”
ထိုကောင်မလေးရဲ့ နာမည်က ပိုင်လင်းဖြစ်ပြီး သူမရဲ့ စကားတွေက ချက်ချင်းပဲ ပညာတတ် လူငယ် အသစ်များရဲ့ တုံ့ပြန်မှုကို မြင့်တက်သွားစေခဲ့သည်။
“ငါတို့လည်း အရင်ဆုံး ငါးပေါင်လောက်ပဲ ယူကြမယ်”
“တကယ်တော့၊ ငါက အစားနည်းတယ်။ ငါးကီလိုဂရမ်ဆို ငါက ကုန်မှာ မဟုတ်လောက်ဘူး။”
“ဒါဆို၊ တစ်ယောက်ကို ငါးကီလိုဂရမ်လောက်ပဲ ယူကြမယ်။”
ယန်ဟုန်က ခေါင်းငြိမ့်ပြပြီး ထျန်းယိုဖုက ၃၅ကီလိုကို ပေးခဲ့သည်။
ကျန်းလိက အဲ့ဒါကို ရဖို့အတွက် ကြိုးစားနေဆဲ ဖြစ်ကာ သူက ကျေးလက်ရှိ လူတွေကို ကူညီဖို့ လာတာဖြစ်ကြောင်း ထပ်ခါ၊ ထပ်ခါ ပြောနေခဲ့သည်။ အဓိက အကြံကတော့ စားစရာကို ယူသွားပြီး လုပ်ခရမှတ်တွေ အလျှော့ မခံရဖို့ ဖြစ်သည်။
ထျန်းယိုဖု - “…….”
ထျန်းယိုဖုက အဲ့လူကို ထပ်ပြီး အာရုံတောင် မစိုက်ချင်တော့ပါ။ သူက ယန်ဟုန်ကို သုန်မှုန်နေသော မျက်နှာဖြင့် ပြောခဲ့သည်။ “ကောင်းပြီ၊ ဒီကောင်ကို ပြန်ခေါ်သွားပြီး ငြိမ်သွားအောင် လုပ်လိုက်ကြ။ မနက်ဖြန် မနက်ကျရင် ငါတို့တွေက ထုံးစံအတိုင်းပဲ အလုပ် သွားကြမယ်။”
ထိုစကားကို ပြောပြီးနောက် ထျန်းယိုဖုက လက်ကို အနောက်ပစ်ပြီး လမ်းလျှောက်ကာ ထွက်သွားခဲ့သည်။
သူက ဒီလို လူငယ်များနှင့် ငြင်းခုံဖို့ကို အရမ်း စိတ်ပျက်နေခဲ့သည်။ သူ့ရဲ့ တပ်မဟာသာမက အခြား တပ်မဟာထဲတွင်လည်း အလားတူပင် ဖြစ်သည်။ အဖွဲ့သားတွေက သူတို့ကို ပေးဖို့ စားစရာ ပမာဏကို ချိန်ရမည် ဖြစ်သည်။ မင်းတို့က ဘာအလုပ်မှ မလုပ်ဘဲ အဲ့ဒါကို အလကား ရဖို့အတွက် လာကြတာပေါ့ ဟုတ်လား။ တကယ်လို့ ထျန်းယိုဖုသာ အဲ့ဒါကို တကယ်လုပ်လိုက်ရင် တပ်မဟာထဲက ခေါင်းဆောင်ဆိုတဲ့ သူ့ရာထူးကလည်း အဆုံးသတ်သွားလိမ့်မယ်။
ဘေးနားတွင် ရှိနေသော အဖွဲ့သားတွေက ပွဲကို ကြည့်နေရင်း တစ်ယောက်ပြီး တစ်ယောက်ကို မှတ်ချက်များ ပေးနေခဲ့ကြသည်။
“ဟုတ်သားပဲ။ ဒီကောင်က ခေါင်းမာတဲ့ လူပဲ။ ဒီလိုနေရာမှာ အဲ့လို ခေါင်းမာတဲ့ လူငယ် တစ်ယောက်က ဘယ်လိုလုပ် ရှိနေရတာလဲ။”
သူက အဖွဲ့ခေါင်းဆောင်ကို ရန်တွေ့ဖို့ ဆင်းလာခဲ့သည်။ သူက အာဏာကို မကြောက်တာကိုပဲ ဂုဏ်ယူပေးရမလား။ ဒါမှမဟုတ် သူ့မှာ စိတ်ပိုင်းဆိုင်ရာ တစ်ခုခု ရှိတယ်လို့ပဲ ပြောရမလားဆိုတာ သူလည်း မသိတော့ဘူး။
မင်းတို့မှာ ရာထူးနိမ့်တဲ့ ခေါင်းဆောင် တစ်ယောက် ရှိနေမယ်ဆိုရင် သူက ဒီလောက် နှစ်တွေအများကြီး မင်းတို့ကို ခက်ခဲအောင် လုပ်မှာပဲမလား။
“ဒီတစ်ခေါက် တာဝန်ကျတဲ့ ကောင်မလေး လေးယောက်က အဆင်ပြေမယ့်ပုံပဲ။ သူတို့ အားလုံးက ထက်မြတ်ပြီး ရိုးသားတယ်။”
ပိုင်လင်းအပြင် ထိုအဖွဲ့ထဲတွင် အခြားသော ပညာတတ် လူငယ် အမျိုးသမီးများလည်း ပါရှိသည်။ သူတို့ထဲက တစ်ယောက်ကမှ ပိုင်လင်းလို မကောင်းကြသော်လည်း သူတို့ အားလုံးက အသားဖြူကြပြီး မြို့က လူတွေနဲ့ မတူပါ။
“ကောင်းကောင်း ဝတ်ထားပုံရတဲ့ အဲ့ကောင်လေးကလည်း အဆင်ပြေပါတယ်။ သူ့ရဲ့ လက်ကောက်ဝတ်မှာတောင် နာရီတစ်လုံး ဝတ်ထားသေးတယ်။”
သူတို့က လူအုပ်ထဲကနေ ခွဲထွက်နေတဲ့ ယုဖမ်းချန်အကြောင်း ပြောနေကြတာ။
ကြည့်ရတာတော့ ခေါင်းဆောင်က စိတ်ဆိုးပြီး ဝင်မပါချင်တဲ့ပုံပဲ။ ယန်ဟုန်က စိတ်ထဲကနေ တစ်ခုခုကို ခန့်မှန်းလိုက်သည်။
ဒီတစ်ခေါက် တာဝန်ချပေးလိုက်တဲ့ ပညာတတ် လူငယ်တွေက တကယ်ကို များလွန်းသည်။ ခုနစ်ခုမြောက် တပ်မဟာကို လူခုနစ်ယောက်ပဲ တာဝန်ပေးခဲ့တာ။ အဲ့ထဲမှာ ပညာတတ် လူငယ် အမျိုးသမီးက လေးယောက်ပါတယ်။ ရိက္ခာတွေက တစ်ခါတည်းနဲ့ ကီလိုဂရမ် သုံးရာနီးပါး ပေးရမှာဆိုတော့ ထျန်းယိုဖုက စိတ်ညစ်နေလောက်ပြီ။
ယန်ဟုန်က ပညာတတ် လူငယ်တွေကို ခေါ်သွားတဲ့အခါ သူမက ရုတ်တရက် အော်လိုက်သည်။
“ပိုင်လင်း၊ ပိုင်လင်း၊ နင်ဘာဖြစ်တာလဲ။”
ပညာတတ် လူငယ် အမျိုးသမီး ပိုင်လင်းက မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားခဲ့သည်။
ဖြေရှင်းချက်တစ်ခု တောင်းဖို့အတွက် ပြေးဆင်းလာတဲ့ ကျန်းလိက သူ့ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်စိတ်အပြည့်နဲ့ ချက်ချင်း အလောတကြီး ရောက်လာခဲ့သည်။
“လင်းလင်း၊ လင်းလင်း။ ငါ့ကို မခြောက်နဲ့။”
သူက လှည့်ကြည့်ပြီး ယန်ဟုန်ကို အော်လိုက်သည်။ “နင်ဒီမှာ ဘာရပ်လုပ်နေတာလဲ။ အဖွဲ့ခေါင်းဆောင်ကို သွားရှာကြ။ ဒါတွေအားလုံးက သူ့အမှားပဲ။ သူက အဖွဲ့သားတွေကို မြည်းလှည်းနဲ့ မသွားခိုင်းလို့။ သူ လင်းလင်းကို ဘာလုပ်လိုက်လဲဆိုတာသာ ကြည့်လိုက်တော့။”
စိုးရိမ်စိတ်ဖြင့် သူ့ရဲ့ မျက်လုံးတွေက နီရဲလာခဲ့ပြီး ဘာမှ မကူညီပေးဘဲ ကြည့်နေသော ဘေးကလူတွေကို စတင် ဆူပူခဲ့သည်။ “မင်းတို့ကောင်တွေ။ ငါတို့က ပေကျင်းကနေတောင် မင်းတို့ကို ကူညီပေးဖို့ ရောက်လာကြတာ။ အဲ့ဒါကို မင်းတို့က ငါတို့ကို ဒီလိုမျိုး ဆက်ဆံတယ်ပေါ့။ မကောင်းတဲ့ တောင်တွေ၊ မသန့်တဲ့ရေတွေက ဒီလို သောင်းကျန်းတဲ့ လူတွေကို ဖြစ်လာစေတာက အမှန်ပဲ။”
ယန်ဟုန် - “…..”
သေစမ်း။
ဝမ့်ရင်းတောင် ပြောစရာစကားမရှိ ဖြစ်သွားခဲ့ရသည်။ ဒီလူက ဦးနှောက်ပဲ မရှိတာလား။ သူက သတိမထားဘဲ တိုက်ခိုက်နေတာပဲ။ ဒါလည်း အဖွဲ့သားတွေရဲ့ အလုပ်မှ မဟုတ်တာပဲ။ ငါတို့က ပွဲကို ကြည့်ဖို့ လာရုံပဲလေ။ ပြီးတော့ သူတို့က မြေပုံအရ တိုက်ခိုက်ခံရနိုင်တယ်။
ယုဖမ်းချန်ရဲ့ မျက်နှာက ခပ်တည်တည် ဖြစ်သွားကာ သဘာဝကျကျ ပြောခဲ့သည်။ “ကျန်းလိ၊ နင့်စကားတွေကို သတိထားစမ်း။ ရေမြေ မကောင်းဘူးဆိုတာ နင်ဘာကို ဆိုလိုချင်တာလဲ။ ငါတို့ အမိမြေရဲ့ တောတောင်၊ ရေမြေတွေက လှတယ်ဆိုတာ သိသာနေတာပဲလေ။ တပ်သားပိုင်လင်းက သတိလစ်သွားတာ။ ဒါကလည်း အဖွဲ့သားတွေ လုပ်လို့ ဖြစ်တာ မဟုတ်ဘူး။ နင်လာကတည်းက အဖွဲ့သားတွေနဲ့ အတူတူ ရပ်မနေပေးခဲ့တာ နင်ပဲ။ နင် သင်ခဲ့တဲ့ ဒီပညာတွေက အခြားသူတွေကို ဒီလိုမျိုး အပြစ်တင်တာကို ခွင့်ပြုပေးဖို့လား။”
ယန်ဟုန်က မြန်မြန်ပဲ ထပ်ပြောခဲ့သည်။ “အဲဲဒါက ဟုတ်တယ်။”
ကျန်းလိက ဉာဏ်ထိုင်းသည့် သူတစ်ယောက် ဖြစ်သည်။ သူက အဖွဲ့ခေါင်းဆောင်ကို စော်ကားခဲ့ရုံသာမက အခြား အဖွဲ့သားများကိုလည်း စော်ကားခဲ့သေးသည်။ ပညာတတ် လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်အနေဖြင့် ယန်ဟုန်က သေချာပေါက် ကျန်းလိရဲ့ ဘက်ကနေ ရပ်တည်လို့ မရပါ။
ယန်ဟုန်က ယုဖမ်းချန်နှင့် စည်းလုံးသော အဖွဲ့တစ်ခုကို မြန်မြန် ဖွဲ့စည်းလိုက်ပြီး ကျန်းလိကို နှင်ထုတ်ခဲ့သည်။
လူတိုင်းက ပျော်ပျော်ကြီး ကြည့်နေခဲ့ကြသည်။ ဒီလူက အရူးတစ်ယောက်ဖြစ်ပြီး သူတို့ ပညာတတ် လူငယ်တွေနဲ့လည်း ဘာမှ လုပ်စရာ မရှိတော့ဘူး။
ကျန်းလိသည် ဒီလူနှစ်ယောက်ကြောင့် သွေးအန်လုနီးပါး ဖြစ်သွားကြသည်။ “နင်”
အဖွဲ့သားများကလည်း မပျော်ကြတော့ပါ။ သူတို့ အားလုံးက တောင်ပေါ်မှာ နေကြပေမယ့် မင်းတို့တွေက ဆင်းရဲပြီး သီးပင်၊ စားပင် မဖြစ်ထွန်းတဲ့ နေရာကနေ လာကြတာ။ မင်းက ဘယ်သူတွေကို လာပြီး အထင်သေးနေတာလဲ။ သူတို့ရဲ့ အဖွဲ့ရဲ့ ဘေးပတ်ဝန်းကျင် နေရာက ကောင်းပြီးသားပဲ။ ပြီးတော့ ထျန်းယိုက စီမံတဲ့ နေရာမှာလည်း စည်းကမ်းကြီးတယ်။ သူတို့ကို သောင်းကျန်းတဲ့ သူတွေဆိုပြီး ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ။
“ဒီလူက စည်းကမ်းကြီးတာလား။ သူက ဘာလို့ ဒေါသထွက်နေတဲ့ ခွေးကြီးလို ဖြစ်နေတာလဲ။”
“မင်းက ဖမ်းမိတဲ့ လူတိုင်းကို ကိုက်တာ။ ဒါက ကောင်းပါတယ်လေ။ မင်း မနေချင်ဘူးဆိုရင် ထွက်သွားလိုက်ပေါ့။”
“အဲ့မိန်းမကရော ဘယ်သူလဲ။ သူ့ရဲ့ ကောင်မလေးလား။”
“ သူ့ကောင်မလေး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဘယ်သူက ဂရုစိုက်လို့လဲ။ ဒီကို ရောက်လာပြီး သူ့ကို ကျိန်ဆဲနေရတာကိုက အဆင်မပြေတာ။”
“သူ့ကြည့်ရတာ သာမန်လူတွေနဲ့ တူပေမယ့် သူစကားပြောတဲ့ ပုံစံက အရမ်း မာနကြီးတယ်။ သူ့ကို မသိတဲ့သူသာဆို သူက မာနကြီးတဲ့ကောင်ဆိုပြီး တွေးကြလိမ့်မယ်။”
“မင်းမှာ တကယ်ရော ကျေးလက်ဒေသကို သွားဖို့ အရည်အချင်းရော ရှိရဲ့လား။”
ကျန်းလိက ယုဖမ်းချန်နှင့် ယန်ဟုန်တို့ကြောင့် မွန်းကြပ်သွားခဲ့ရပြီး အဖွဲ့သားတွေရဲ့ စကားတွေကြောင့်လည်း နာကျင်ခဲ့ရသည်။ ဟုတ်ပါတယ်။ သူက မြို့ကနေ လာတဲ့သူ ဆိုပေမယ့် သူ့ရဲ့ မိသားစုကလည်း ညီအစ်ကို၊ မောင်နှမတွေနဲ့ သာမန် မိသားစုလေး တစ်ခုပါပဲ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူက ကျေးလက်ဒေသက ထုတ်လုပ်ရေးအဖွဲ့ကို တစ်လျှောက်လုံး ဝင်ပါခဲ့မှာ မဟုတ်ဘူး။
ပိုင်လင်းနှင့် သူတို့က အတန်းဖော်များ ဖြစ်ကြသည်။ သူတို့က ရထားပေါ်တွင် ဆုံတွေ့ဖို့ အကြောင်းဖန်လာပြီး တစ်နေရာထဲကို သွားခဲ့ကြသည်။ ကျန်းလိက ပိုင်လင်းအပေါ်မှာ ဖော်ပြမရသော ခံစားချက်အချို့ ရှိနေခဲ့သည်။ သူက ကောင်းကောင်း ကာကွယ်ပေးနိုင်မည့် သူတစ်ယောက် ဖြစ်နိုင်တယ်ဟု တွေးခဲ့သည်။ သို့သော် အခုဆိုရင် ပိုင်လင်းက မေ့လဲသွားပြီး အနားရှိ ဘယ်သူကမှ ကူညီပေးဖို့အတွက် မကမ်းလှမ်းခဲ့ကြပါ။
ကျန်းလိက သူပြောတာ ဘာမှားသွားလို့လဲဟု ဒေါသတကြီး တွေးလိုက်သည်။ သူတို့က သောင်းကျန်းတဲ့ သူတွေဆိုတာ မဟုတ်လို့လား။ သူတို့က အရမ်း ဆင်းရဲလို့ အချစ်ဆိုတာတောင် မရှိကြတော့ဘူး။
ပိုင်လင်းက ဒီလောက် စိတ်ထားနူးညံ့တဲ့ ကောင်မလေး ဖြစ်တာတောင် သူမ မူးလဲတဲ့ချိန် သူ့ကို ကူညီပေးဖို့ ဘယ်သူကမှ ရောက်မလာခဲ့ကြပါ။
နောက်ဆုံးတော့ ယန်ဟုန်က ဝန်လေးစွာ လျှောက်လာခဲ့သည်။ “ဝမ့်ရင်း၊ အဲ့ဒါကို ရှင် တစ်ယောက်ယောက်ကို ပြပေးလို့ ရမလား။”
ယန်ဟုန်က လူအုပ်ထဲတွင် အလွတ်တန်း ဆရာဝန်တစ်ယောက်ဖြစ်သော ဝမ့်ရင်းကို တွေ့ခဲ့သည်။ ပိုင်လင်းက ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိစ္စမရှိဘဲ ဒါဟာလည်း အသစ် ရောက်လာသော ပညာတတ် လူငယ်များရဲ့ ပထမဆုံးနေ့ဖြစ်သည်။ သူမကသာ ဒီအခြေအနေကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ကျန်တဲ့ ပညာတတ် လူငယ်တွေကလည်း ဒေါသထွက်ကြလိမ့်မည်။
သို့သော် အကူအညီ တောင်းပြီးနောက် ယန်ဟုန်က ထပ်မံ ဒေါသထွက်သွားခဲ့သည်။ စိတ်ရှုပ်သွားတဲ့ ကျန်းလိက သူတို့ရဲ့ ပညာတတ် လူငယ်များ အဖွဲ့ကို ပါဝင်ခဲ့ပါက ပြဿနာရှာတဲ့သူ သေချာပေါက် ဖြစ်လာလိမ့်မည်။
သူက လူတိုင်းအတွက် ပြဿနာတွေသာ သယ်လာပေးသည့် ပြဿနာရှာတဲ့သူ ဖြစ်နေဆဲ ဖြစ်သည်။
ဒီအလုပ်ကို လုပ်နေသည့် တစ်ယောက်တည်းသောသူမှာ ဝမ့်ရင်း ဖြစ်သည့်အတွက် သူမက မငြင်းဘဲ မေ့လဲနေသော ပိုင်လင်းကို ကြည့်ပေးဖို့အတွက် လိုက်သွားခဲ့သည်။
သို့သော် ကျန်းလိက အဲ့လိုမျိုး ဟန်ဆောင်နေဆဲ ဖြစ်သည်။ “မင်းက ဘယ်သူလဲ။ အလွတ်တမ်း ဆရာဝန်လား။ မင်းက အဆင်ရော ပြေပါ့မလား။”
ဝမ့်ရင်း - “…….”