အခန်း (၁၀၃-၁၀၄)
Vol. 9 Ch. 103-104
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၀၃
ဆရာဝန်တစ်ယောက်ကို ဒီလိုမျိုး လူချင်းတွေ့ မေးခွန်းထုတ်ရဲတာက တကယ်ကို အံ့ဩစရာပဲ။ သူက နောက်ပိုင်းမှာ ပိုင်တုက ရလဒ်တွေကို ကိုင်ထားတဲ့ ကျွမ်းကျင် ဆရာဝန်တွေကို မေးခွန်းထုတ်တတ်တဲ့ အဲ့လို လူမျိုးပဲ။
“ငါတော့ မပြောနိုင်ဘူး။ ကိုယ့်ဘာသာပဲ ကြည့်လိုက်တော့။”
ဝမ့်ရင်းသည် အဲ့လိုမျိုး အပြုအမူ မကောင်းတဲ့ အခြားသူတွေကို မသည်းခံခဲ့ပါ။ ထို့ကြောင့် သူမက သူတို့ကို မကြည့်ပေးဘဲ ထသွားခဲ့သည်။
ကျန်းလိကတော့ တပူပူ လုပ်နေဆဲ ဖြစ်သည်။ “ငါက ဘာတွေဖြစ်နေလဲဆိုတာ မေးချင်ရုံပါ။ ဒါက ဆရာဝန်တစ်ယောက်ရဲ့ အပြုအမူတဲ့လား။ ပြီးတော့ သူက အလွတ်တမ်း ဆရာဝန် တစ်ယောက် ဖြစ်ရတာကို ဘာလို့ ဒီလောက် ဂုဏ်ယူနေရတာလဲ။”
ဒါက တကယ်ကို ပုံကြီးချဲ့နေတာပဲ။
ဝမ့်ရင်းက ဒေါသမထွက်ခင်မှာဘဲ အမျိုးသမီးကြီး မစ္စရှုက စိတ်မကြည်မသာ ဖြစ်နေပြီ ဖြစ်သည်။
အမျိုးသမီးကြီး မစ္စရှုက ပိုင်လင်းနှင့် ကြမ်းပြင်ပေါ်ရှိ ကျန်းလိကို အပြုံးတု တစ်ခုဖြင့် တစ်ချက် ကြည့်လိုက်သည်။ “မင်းက တော်တော်လေး လုပ်နိုင်စွမ်း ရှိတာပဲ။ ကိုယ့်ကိုကိုယ်လည်း ကြည့်လိုက်ဦး။ မင်းက အခြားသူတွေကို ကူညီပေးဖို့ ပြောနေပေမယ့် မင်းက အရမ်းကို ချေးများတယ်။ သူတောင်းစား တစ်ယောက်ကတောင် စားစရာက မကောင်းဘူးဆိုပြီး စောဒက တက်နေတာပဲ။ မင်းက အံ့သြဖို့ကောင်းပြီး လုပ်နိုင်ကိုင်နိုင်တဲ့သူပဲ။ မင်းရဲ့ လက်တွဲဖော်ကို ကိုယ့်ဘာသာပဲ ဂရုစိုက်သင့်တာ။ နောက်ပိုင်း မင်းက ဆရာဝန်တစ်ယောက်ကို ထပ်ပြီး မေးမယ်ဆိုရင် အခု မင်းပြောခဲ့တာတွေတွက် စိတ်မကောင်းဖြစ်ရလိမ့်မယ်။”
အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းကို ဆွဲခေါ်ပြီး ထွက်သွားခဲ့သည်။ “ယောက်ျားပီသဖို့တဲ့။ မင်းကို ဆက်ဆံတာတွေကို ဘယ်သူကများ ဂရုစိုက်လို့လဲ။ သူတို့က ဆေးမပေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြီးတော့ မင်းက ချေးများဖို့ တွေးနေတုန်းပဲနေမှာ။ ရတယ်ဆိုရင် မင်းက ကျေးလက် မလာနဲ့။ မင်းရဲ့ မြို့မှာပဲနေ။”
အမျိုးသမီးကြီး မစ္စရှုက ပြုံးပြပြီး ဝမ့်ရင်းကို ခေါ်သွားခဲ့သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ပြဿနာက ဆိုးရွားသည်ဟု ပိုင်လင်းက မတွေးခဲ့ပါ။ သူမက သွေးပေါင်ကျပုံရသည်။ တစ်ဖက်လူက အထုပ်များကို ချသည့်အခါ နှစ်ခါလောက် လှုပ်လှုပ်ရှားရှား လုပ်ပြီးနောက် မူးလဲသွားခဲ့ခြင်း ဖြစ်သည်။
သေချာတယ် သွေးပေါင်ကျတာပဲ။
အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းရဲ့ လက်ကို ကိုင်ပြီး သူမကို နှစ်သိမ့်ပေးခဲ့သည်။ “ဒီလို အရူးတွေနဲ့ မပတ်သက်နဲ့။ သမီးက သူတို့ကို မကုပေးချင်ဘူးဆိုရင် မကုပေးနဲ့။ သူတို့ကို ဘယ်သူက အလိုလိုက်မှာမလို့လဲ။ ပြန်ပြီးပဲ စားကြမယ်။ အမေ သမီးအတွက် နေ့လည်စာအတွက် ပေါက်စီကို မှိုနဲ့ စပ်စပ်လေး လုပ်ပေးမယ်။”
ဝမ့်ရင်းက ထိုစကားကို ကြားတဲ့အခါ ပျော်သွားခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုသည် တရုတ် အစပ်ဟင်းများ ပြုလုပ်ရာ၌ ကျွမ်းကျင်သည်။ တရုတ်ဟင်းတွေ ရတဲ့အခါ အမျိုးသမီးကြီး မစ္စရှုက ထိုအရွက်ကို ခူးပြီး ဆေးကာ ငရုတ်သီးနှင့် ကြော်ပြီး နောက်ဆုံးမှာတော့ ဆီစမ်းလိုက်သည်။
ဝမ့်ရင်းနှင့် မစ္စရှုတို့ ထွက်သွားပြီးနောက် အဖွဲ့သားတွေကလည်း တဖြည်းဖြည်း လူခွဲသွားခဲ့သည်။
ယန်ဟုန်က အတော်လေး စိတ်ဆိုးသွားခဲ့သည်။ သူက ဆရာဝန်တစ်ယောက်ကို ခေါ်ခဲ့သော်လည်း ကျန်းလိက ထွက်သွားဖို့ သူမကို ဆွဲခေါ်နေဆဲ ဖြစ်သည်။ ဒီလူက အခြားသူတွေကို စော်ကားတဲ့နေရာမှာ တကယ် တော်တာပဲ။
ယန်ဟုန်က လက်လျှော့ချင်သော်လည်း သူမက ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အတွက် အဲ့ဒါနှင့် ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ပါ။
“ကောင်းပြီ။ ပိုင်လင်းကို ချီလိုက်။ ပြီးရင် အရင်ဆုံး ပညာတတ် လူငယ် စခန်းကို ပြန်ကြမယ်။”
မမျှော်လင့်ထားတဲ့ ကိစ္စတွေသာ ဖြစ်မသွားခဲ့ရင် ကျန်းလိက စခန်းကို ပြန်လာတဲ့အခါကျရင် ပြဿနာတွေအများကြီး လုပ်နေလိမ့်မယ်။
ယန်ဟုန်ကလည်း အတော်လေး ပင်ပန်းနေခဲ့သည်။ “အရင်ဆုံး ပြန်ကြရအောင်။ ငါတို့တွေ အနားယူပြီးရင် မနက်ဖြန် အလုပ်ပြန်သွားရဦးမယ်။”
ဝမ့်ရင်းသည် ပညာတက် လူငယ်စခန်းမှ ပြဿနာများကို ဂရုမစိုက်တော့ပါ။ သူမသည် ဒါသာ သူမ ဘဝရဲ့ ကိစ္စလေးတစ်ခုဟုဟာ မှတ်ယူခဲ့သည်။
ဒီရက်ပိုင်းမှာ သူမတွေးနေသမျှ ကိစ္စတိုင်းသည် ဂျင်ဆင်းအကြောင်းသာ ဖြစ်သည်။ သူမရဲ့ မျက်လုံးရှေ့ရှိ ယွမ်သုံးရာက လေထဲတွင် တဝဲလည်လည် ဖြစ်နေခဲ့သည့်အတွက် ဝမ့်ရင်းက အဲ့ပိုက်ဆံကိုသာ ဆွဲယူချင်ခဲ့သည်။
အရွက် အစပ်နှင့် ပေါက်စီ အစပ်တို့ကို အမျိုးသမီးကြီး မစ္စရှုက အရသာရှိအောင် သေချာ လုပ်ပေးခဲ့သည်။ သူတို့က နှစ်တိုင်း အရွက်ကြော် တစ်ခင်းလုံးကိုပဲ စားကြရတာ။ ဒါပေမယ့် သူတို့က ဒီငရုတ်သီး အနှစ်ကိုတော့ အမြဲ ကြိုက်ကြတာချည်းပဲ။ ငရုတ်ဆီက မွှေးပြီး အရွက်ရဲ့ အနံ့ကလည်း ပြင်းသည်။ အဲ့ဒါကို ပူနေတဲ့ ဆန်ပေါက်စီ နှစ်ခုကြားထဲမှာ ညှပ်လိုက်ရင် အနံ့က မွှေးနေရော။
အမျိုးသမီးကြီး မစ္စရှုကလည်း မှိုအချို့ကို ကြော်ပေးခဲ့သည်။ ဒါကလည်း ကောင်းတဲ့ အရာတစ်ခု ဖြစ်သည်။ နွေရာသီတွင် အတော်လေး မိုးရွာသွားကတည်းက သူမသည် တောင်ပေါ်တက်ပြီး တစ်ချို့တစ်လေကို သွားရှာလို့ ရနိုင်သည်။
ဝမ့်ရင်းယူလာသော မှိုတွေက အတွေ့များသော မှိုများ ဖြစ်သည်။ သူမက အဲ့ဒါတွေကို နှစ်ပိုင်း ပိုင်းလိုက်ပြီး ဒယ်အိုးထဲတွင် ကြော်လိုက်သည်။ သူတို့ရဲ့ အရသာက အတော်လေး လက်ဆက်သည်။
အမျိုးသမီးကြီး မစ္စရှုက တတွတ်တွတ် ပြောနေခဲ့သည်။ “ငါတို့တွေ ရစ်ငှက် တစ်ကောင်လောက် ဖမ်းလို့ရရင် ပိုပြီး ကောင်းမယ်။ မှိုနဲ့ ရောကြော်ထားတဲ့ ရစ်ငှက်ရဲ့ အရသာက တကယ်ကို ကောင်းတာပဲ။ အဲ့အရသာက အိမ်မှာရှိတဲ့ ငါတို့တွေ မွေးထားတဲ့ ကြက်တွေရဲ့ အရသာထက်တောင် ပိုကောင်းသေးတယ်။”
ဝမ့်ရင်းက စမ်းစားကြည့်ဖို့ စိတ်အား ထက်သန်နေခဲ့သည်။ “ဒါဆို မကြာခင် အဲ့ဒါကို ပိုပြီး အာရုံစိုက်ထားဖို့အတွက် အဲ့အကြောင်း ချမ့်ယုကို ပြောလိုက်မယ်။”
အခုဆိုရင် နွေရာသီက ရောက်ရှိလာခဲ့ပြီး ဝမ့်ရင်းက တစ်ခါတစ်လေမှတောင် အသားကို မစားနိုင်တော့ပါ။ အကြောင်းရင်း တစ်ခုမှာ ဝက်သား ရဖို့အတွက်က ဆောင်းတွင်းလောက် အဆင်မပြေတော့သည့်အတွက် ဖြစ်သည်။ ရှုရွှမ်းက ဝက်သားရဖို့အတွက် နည်းလမ်း တစ်ခုခုကို ရှာနေဆဲ ဖြစ်ပြီး မြို့ထဲရှိ သားသတ်သမားရဲ့ ဆိုင်ကလည်း အသား လက်မှတ်တွေကို လိုအပ်သည်။ တကယ်လို့ မင်းသာ အသားကို စားချင်ရင် စောစောထပြီး သွားတန်းစီရမှာ။ မင်းသာ နည်းနည်းလောက် နောက်ကျသွားမယ်ဆိုရင် အဲ့ဒါကို ရနိုင်တော့မှာ မဟုတ်ဘူး။
နောက်တစ်ခုကတော့ အခုက နွေရာသီပဲ။ လူတိုင်းက အိမ်ထဲမှာ မနေကြတော့ပေ။ တကယ်လို့ တစ်ယောက်ယောက်က အသားကို ချက်မယ်ဆိုရင် အသားနံ့က အဲ့နေရာ တစ်ခုလုံးကို ပြန့်သွားလိမ့်မည်။
ဝမ့်ရင်းသည် သူမရဲ့ မိသားစုက ချမ်းသာတဲ့ ဘဝမျိုးမှာ နေနေရတယ်ဆိုပြီး ဘယ်သူ့ကိုမှ မထင်စေချင်ပါ။ ထို့ကြောင့် အိမ်မှာရှိတဲ့ ဟင်းများက အခြားမိသားစုရဲ့ ဟင်းများနှင့် အလားတူပဲ ဖြစ်ကာ ဆီနှင့် သကြားကို အတားအဆီးမရှိ အကောင်းဆုံး လုပ်ခဲ့သည်။
ဝမ့်ရင်းနှင့် နေ့လည်စာ စားပြီးနောက် အမျိုးသမီးကြီး မစ္စရှုသည် လုပ်ခရမှတ် ရရှိရန် လျှော်ကြိုးများ ပြုလုပ်ဖို့ သွားခဲ့သည်။ ထိုအချိန်မှာ ဝမ့်ရင်းက ဆေးဖက်ဝင် အပင်များ ဆက်လက်ပြီး ပြင်ဆင်ဖို့အတွက် အိမ်ကို ပြန်လာခဲ့သည်။
အစီစဥ်အရဆို သူမက လယ်ထဲကို သွားရမှာ ဖြစ်သော်လည်း ရှုရွှမ်းနှင့် အမျိုးသမီးကြီး မစ္စရှုတို့က သူမကို သွားဖို့အတွက် အကြံမပေးခဲ့သလို ဝမ့်ရင်း ကိုယ်တိုင်ကလည်း အဲ့ကို မသွားချင်ခဲ့ပါ။
သူမ လယ်ထဲတွင် အလုပ်ကြိုးစားပြီး ရလာသည့် ပိုက်ဆံများမှာ သူမရဲ့ နေ့စဥ် ဆေးကုသစရိတ်နှင့် ဆေးဖိုးများကိုတောင် မကာမိပါ။ ထို့အပြင် သူမသာ သွားခဲ့ပါက နားလို့လည်း ရမည် မဟုတ်ပါ။
အခုဆိုရင် ဝမ့်ရင်းက တပ်မဟာရဲ့ အလွတ်တမ်း ဆရာဝန်တစ်ယောက်ဖြစ်ပြီး လူတွေက သူမနှင့် တွေ့ဖို့အတွက် အမြဲတမ်း လာကြသည်။
အချို့ အချိန်တွေဆို ငါတို့တွေက လူတွေ ခြေချော်ပြီး လဲကျတဲ့ ကိစ္စတွေကြောင့် အရိုးတွေ ခွဲစိတ်ရတဲ့ အချိန်တွေနဲ့ အလုပ်ရှုပ်နေကြတာ။ ပြီးတော့ မကြာခင်ကမှ အမြဲတမ်း ချောင်းဆိုးနေတတ်တဲ့ ကလေး တစ်အုပ်စုလည်း ဒီနေရာမှာ ရှိနေတာ။
ဝမ့်ရင်းက အဲ့ဒါကို ကောင်းကောင်း နားလည်သည်။ ဒါက ရာသီ အပြောင်းအလဲကြောင့်ပါ။ ဒီအချိန်က အအေးမိဖို့ အလွယ်ကူဆုံး အချိန်ပဲ။ အဲ့ဒါအပြင် တောင်ပေါ်မှာက ပန်းရိုင်းတွေ အများကြီးပဲ ပွင့်နေကြတာ။ ပြီးတော့ ကလေး တစ်ယောက်ယောက်ကို ပျားက တုပ်သွားပြီး တစ်ယောက်ကကျ နှာစေးနေသည်။
ထိုအသေးစား ဖျားနာမှုများကို ဝမ့်ရင်းက ကုသပေးခဲ့သည်။ ထို့အပြင် ပုံမှန်အတိုင်းပဲ အဖွဲ့ထဲရှိ လူတွေက သူမကို မှတ်မိကြသည်။ သူမရဲ့ အရည်အချင်းကို လူတိုင်းက ချီးကျူးကြသည်။ သူမရဲ့အမေ ဆုံးသွားတုန်းက သူမသည် ငယ်ငယ်လေးသာ ရှိသေးပြီး အဲ့လို ငယ်ရွယ်တဲ့ အချိန်မျိုးမှာ သူမက ဒါကို လေ့လာနိုင်ခဲ့သည်။ အရည်အချင်းရှိတဲ့သူတွေက ဘယ်အရာကိုမဆို မကြောက်ဘဲ ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ အမြဲတမ်း နေထိုင်နိုင်တာကို တွေ့နိုင်သည်။
အိမ်ကို ပြန်လာပြီးနောက် ဝမ့်ရင်းသည် မကြာခင်ကမှ သူမ တစ်ခုချင်း သိမ်းထားသော ဆေးဖက်ဝင် အပင်များကို စစ်ဆေးခဲ့ပြီးနောက် အဲ့ဒါတွေကို ပြင်ဆင်ဖို့ စလုပ်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေနေသည် အတော်လေး တိုးတက်လာတာကို သူမ တွေ့ရှိခဲ့ရသည့်အတွက် သူမရဲ့ အသားရည်ကို စပြီး ညှိပေးခဲ့သည်။ သူမ လက်ထပ်တုန်းက ရှုရွှမ်းသည် သူမတွက် ခုံးကောင်ရဲ့ အဆီနှင့် သူမ ဆောင်းတွင်း တစ်တွင်းလုံး သုံးခဲ့သည် အလှဆီကို ဝယ်လာပေးခဲ့ပြီး အခုဆိုရင် အဲ့ဒါတွေ အားလုံးက ကုန်လုနီးပါး ဖြစ်နေခဲ့သည်။
ရှုရွှမ်းက သူမအတွက် ပုလဲခရင်မ်ကို ဝယ်ပေးမယ်ဟုတောင် ပြောခဲ့သည်။ ဆိုင်ထဲရှိ လူကလည်း အဲ့ဒါကို သုံးဖို့အတွက် ပြောခဲ့သည်။ ဒါက စျေးကြီးသော်လည်း အသုံးဝင်သည်။
ဒါက မလိုအပ်ဘူးဟု ဝမ့်ရင်းက တွေးခဲ့သည်။ ခုံးကောင်ရဲ့ အဆီက အရည်ပြားထဲရှိ ရေဓာတ်နှင့် အဆီဓာတ် မျှတစေရန် သုံးလို့ရသည်။ အများကြီးဆို အရမ်း စျေးမကြီးလောက်တော့ပါ။ ထို့အပြင် မျက်နှာကပ်သည့် အရာများ ပြုလုပ်ဖို့အတွက် သူမက ကိုယ့်ဘာသာ ဝယ်လိမ့်မည် ဖြစ်သည်။
အတိတ်ဘဝမှာတုန်းက ဝမ့်ရင်း ကောလိပ်မှာ ရှိနေတုန်းက တရုတ်ဆေးများကို သုံးပြီး ဝမ့်ရင်းသည် သူမရဲ့ အတန်းဖော်များအတွက် မျက်နှာကပ်သည့် အရာများကို လုပ်ပေးခဲ့ပြီး သူမက ထိုအရာများ လုပ်တဲ့နေရာမှာ အရမ်း တော်သည်။
ဝမ့်ရင်းက ဆေးဖက်ဝင် အပင်များကို ပြင်ဆင်နေချိန် ဝူကွေ့ဟွာက သူမရဲ့ အိမ်ကို ရောက်လာခဲ့သည်။
အခုဆိုရင် ဝူကွေ့ဟွာက ကောင်းကောင်း လမ်းလျှောက်နိုင်ပြီဖြစ်ပြီး တောက်တောက်ပပ ရှိနေခဲ့ပြီ ဖြစ်သည်။
“ဝမ့်ရင်း၊ နင် အိမ်မှာရှိတယ်လို့ ငါပြောသားပဲ။ ငါ နင့်ကို တစ်ခုခု ပြောချင်တာ ရှိတယ်။”
ချမ့်ကျွီဟွာနှင့် ကိစ္စ ဖြစ်ပြီးနောက် ထျန်းယိုဖုက ဆက်မထိန်းနိုင်တော့ဘဲ တရုတ်နှစ်သစ်ကူး ပြီးတဲ့နောက်မှာ သူက အမျိုးသမီး ခေါင်းဆောင်အလုပ်ကို ဝူကွေ့ဟွာရဲ့ လက်ထဲသို့ လွှဲပေးခဲ့သည်။
အရင်ဆုံး ထျန်းအာကျူးရဲ့ မိန်းမက မပျော်ဘဲ ရန်ဖြစ်ချင်သော်လည်း ထျန်းယိုဖုက ငြင်းလိုက်သည်။ နောက်ကျောင်းမရှင်းသည့် တစ်ယောက်ယောက်ကို အမျိုးသမီးရေးရာ ခေါင်းဆောင်အဖြစ် ထားလိုက်ပါက တကယ်ကို နောင်တရစရာတွေ ဖြစ်ကုန်လိမ့်မည် ဖြစ်သည်။
ထျန်းယိုဖုက ဝမ့်ရင်းကို စဥ်းစားခဲ့သော်လည်း ဝမ့်ရင်းက သူမရဲ့ နေရာကို ချက်ချင်းပဲ ရှင်းအောင် လုပ်ခဲ့သည်။ သူမက ချမ့်ကျွီဟွာကို စေတနာသပ်သပ်ဖြင့် ကူညီခဲ့တာဟာ သေချာပေါက် အမျိုးသမီး ဆေးရုံ၏ ခေါင်းဆောင် ဖြစ်ချင်လို့ မဟုတ်တာ သေချာသည်။
အမျိုးသမီး ခေါင်းဆောင် ဖြစ်ဖို့အတွက် နေရာတိုင်းမှာ ပြဿနာ ဖြစ်နေတယ်ဟု ဝမ့်ရင်းက စိုးရိမ်မိသွားခဲ့သည်။
သို့သော် ဝမ့်ရင်းက ဝူကွေ့ဟွာအား ထျန်းယိုဖုထံ အကြံပေးခဲ့သည်။ ဝူကွေ့ဟွာက ကိုယ်ကျင့်တရားကောင်းပြီး စာဖတ်တတ်သည်ဟု ခံစရသည့်အတွက် အမျိုးသမီး ခေါင်းဆောင် ဖြစ်ဖို့အတွက် အရည်အချင်း ပိုပြီး ပြည့်မှီသည်။
ထျန်းယိုဖုက ထိုအကြောင်းကို တွေးကြည့်ပြီး သဘောတူလိုက်သည်။ သူ့ရဲ့အမြင်အရ တပ်မဟာထဲတွင် အတင်းတုပ်သည့် အမျိုးသမီးများစွာ ရှိနေပြီး သူအရင်က အဲ့ဒါကို သတိမထားမိခဲ့ပါ။ သို့သော် အခုဆိုရင် ထိုအတင်းတုပ်နေသော အမျိုးသမီးများ အကြားတွင် ဝူကွေ့ဟွာသည်သာ နောက်ကြောင်းရှင်းသည့် တစ်ယောက်တည်းသောသူ ဖြစ်သည်။
ဝူကွေ့ဟွာက အမျိုးသမီး အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာပြီးနောက် သူမက ထျန်းယိုဖု မျှော်လင့်ထားသလိုပဲ နေထိုင်ခဲ့သည်။ သူမက ထုံးစံအတိုင်း စပ်စုတတ်တဲ့သူမျိုးဖြစ်ပြီး အခုဆိုရင် သူမက တပ်မဟာထဲရှိ အမျိုးသမီးများ၏ ကိစ္စများကို ကောင်းကောင်း စီမံပေးနိုင်ခဲ့သည်။
သူမက ရုံးကိုရောက်တဲ့အခါ အသစ်အနေဖြင့် တရားဝင် လုပ်ရမည့်အရာက သုံးခုဖြစ်သည်။ ထို့အပြင် ဒါဟာ ဝူကွေ့ဟွာ စိတ်အားထက်သန်နေသည့် အချိန်မျိုးလည်း ဖြစ်သည်။
ဝမ့်ရင်းက သူမကို အိမ်ထဲသို့ ဝင်ခိုင်းလိုက်ပြီး လက်ဖက်ရည် တိုက်ချင်ခဲ့သည်။
ဝူကွေ့ဟွာက အလောတကြီး ပြောလိုက်သည်။ “ဟင့်အင်း၊ တော်ပြီ။ ငါ ဒီကိုလာတာ နင်နဲ့ စကားပြောဖို့ပါပဲ။”
“နင် မနက်ဖြန်ကျရင် ကျန်းမာရေးအတွက် လေ့ကျင့်ရေး စင်တာကို သွားမှာလား။ အခုချိန် ဝမ်းဆွဲသည်တစ်ယောက် လုပ်ဖို့အတွက် ဘာသတ်မှတ်ချက်တွေရှိလဲ ငါ့ကို ပြောပြပါ။ ငါရော အတွင်းရေးမှူးရောက ဒီနှစ် အနည်းဆုံး ဝမ်းဆွဲသည်တစ်ယောက် ရှိကိုရှိရမယ်လို့ တွေးမိတယ်။ အဲ့လိုမှမဟုတ်ဘဲ နွေရာသီကျမှ ကလေးတွေ မွေးမယ်ဆိုရင် ငါတို့ ဘေးနားက တပ်မဟာကနေ တစ်ယောက်ယောက် သွားရှာနေရမှာ။ ငါတို့တွေသာ ချမ့်ကျွီဟွာလို ဆောင်းတွင်းမှာ ကလေးမွေးဖို့ ပြေးပြေးလွှားလွှား လုပ်နေရမယ်ဆိုရင် ပြဿနာကြီးတစ်ခု ဖြစ်နေလိမ့်မယ်။”
ဝူကွေ့ဟွာသည် အမျိုးသမီးရေးရာအဖွဲ့ ခေါင်းဆောင်အနေဖြင့် ဒါက ပထမ ဦးစားပေး အရာတစ်ခုဟု ခံစားမိခဲ့သည်။ အမျိုးသမီးရေးရာ အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်သည် အမျိုးသမီးများအတွက် စီမံ ခန့်ခွဲပေးရုံသာမက အမျိုးသမီးများနှင့် ကလေးများကိုလည်း တာဝန်ယူပေးရမည် ဖြစ်သည်။ အခုချိန်မှာ အရေးအကြီးဆုံး အရာက ကိုယ်ဝန်သည် အမျိုးသမီးများနှင့် မွေးလာမည့် ကလေးများကို ဂရုစိုက်ပေးမည့် ဝမ်းဆွဲသည် တစ်ယောက်ကို ရွေးချယ်ရန် ဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။
ဝမ့်ရင်းက ထိုအကြောင်းကို ကြားတဲ့အခါ ဒါက ကိစ္စကောင်း တစ်ခုပဲဟု တွေးမိလိုက်သည်။
သူမက အလွတ်တမ်း ဆရာဝန်တစ်ယောက် ဖြစ်သော်လည်း ဝမ်းဆွဲသည် တစ်ယောက်တော့ မဟုတ်ပါ။ ချမ့်ကျွီဟွာသည် နောက်ဆုံးအကြိမ် ဒီလိုလူမျိုးနှင့် တွေ့ဆုံရတာက ကံကောင်းသော်လည်း သူမက အနာဂတ်မှာ ဒီလိုလူမျိုးနှင့် ထပ်ပြီး တွေ့ရဖို့လောက်ထိ အတော်လေး ကံမကောင်းနိုင်တော့ပါ။
“ဒါက ကောင်းသားပဲ။ ကျွန်မ မနက်ဖြန်ကျရင် မေးလိုက်မယ်။”
ဝူကွေ့ဟွာ - “ဒါနဲ့၊ ငါတို့ရဲ့ တပ်မဟာထဲမှာ ဝမ်းဆွဲသည်အနေနဲ့ ဘယ်သူ့ကို ရွေးချယ်သင့်သလဲဆိုတာ ရွေးချယ်ဖို့ ကူညီပေးပါဦးနော်။”
ဝူကွေ့ဟွာက ကြမ်းတမ်းသော်လည်း စဥ်းစားတတ်ပြီး အရေးအကြီးဆုံးကတော့ သူမက ဝမ့်ရင်းရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်သည်။
“ရှင်က ဝန်လေးတယ်ဆိုပြီး ခံစားမနေပါနဲ့။ ခေါင်းဆောင်က ပြောတယ်။ ဆောင်းတွင်းက လိုသေးတယ်ဆိုတော့ ငါတို့တွေ အရင်ဆုံး လေ့လာဖို့အတွက် လူတစ်ယောက်လောက် ရှာလို့ရတယ်တဲ့။ တကယ်လို့ လေ့လာတာ အဆင်မပြေသေးရင် ငါတို့တွေ နောက်တစ်ယောက်ကို ထပ်ရှာလို့ရတယ်တဲ့။ ငါတို့တွေ ဆောင်းတွင်းမှာ ဒီအလုပ်ကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကို ရှာလို့ရတယ်လေ။”
ဝမ့်ရင်းက ရွေးပေးနိုင်မည်ဟု သူက ဆိုလိုလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒါကို မလေ့လာနိုင်ပါက ဒါဟာ ဝမ့်ရင်းရဲ့ အမှား မဟုတ်ပါ။
ဝမ့်ရင်းက ခနလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ “အဲဲဒါနဲ့ ပတ်သက်လို့ကတော့ ကျွန်မလည်း တကယ် မသေချာဘူးနော်။ ရှင်တို့ ကျွန်မကို မေးရင် ဘာတွေ လိုအပ်လဲဆိုတာ ကျွန်မ မနက်ဖြန် သွားမေးပြီးတဲ့အထိ စောင့်တာက ပိုကောင်းလိမ့်မယ်။ အဖွဲ့ထဲမှာက လူတွေ အများကြီးပဲ ရှိတာဆိုတော့ ကျွန်မတို့တွေ အဲ့ထဲက သင့်တော်တဲ့ လူတစ်ယောက်ကို ရွေးလို့ရတယ်။”
ဝူကွေ့ဟွာက ထုံးအစံတိုင်းပဲ သဘောတူခဲ့သည်။ “ သူတို့က စာတွေ ရေးတတ်၊ ဖတ်တတ်တဲ့ သူတွေကို လိုချင်တာမလို့ ငါက စိုးရိမ်မိရုံပါ။ ပြီးတော့ သူတို့ကို ရွေးချယ်ဖို့ ငါတို့အဖွဲ့အတွက်လည်း ခက်ခဲသွားလိမ့်မယ်။”
ဝမ့်ရင်း - “အဲဲဒါကိုတော့ ကူညီလို့ မရဘူး။ ရှင် ကျွန်မကို ဒီကိစ္စ အကူအညီ တကယ် တောင်းချင်တယ်ဆိုရင် ကျွန်မတို့တွေ ဒါကို နားလည်နိုင်ရမယ်။”
ဝူကွေ့ဟွာ - “ဒါက မမှန်ဘူးလို့ ဘယ်သူက ပြောလဲ။ ဒီမှာ စာသင်နေတဲ့ ကောင်မလေး နည်းနည်းလောက်တော့ ရှိတာပဲလေ။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၀၄
ဝူကွေ့ဟွာနှင့် ဝမ့်ရင်းသည် ထိုမိသားစုများမှ ကလေးများ အကြောင်းကို တစ်ခနလောက် စကားစမြည် ပြောနေခဲ့ကြသည်။
“ဒါက တကယ်ကို ဒေါသထွက်စရာပဲ။ နင်တို့ ငါ့ကို ဘယ်လောက်ပဲ ဆွဲဆောင်ဆောင် ငါကတော့ နင့်ကို ကျောင်းမပို့ချင်ဘူး။ အများကြီး လေ့လာတာက ဘာအသိစိတ်မှ မရှိဘဲ ဒီကိုရောက်လာတဲ့ ပညာတတ် လူငယ်တွေလို နင့်ကို ဉာဏ်နီဉာဏ်နက် များစေမယ်ဆိုတာ ငါအခိုက်အမာ ပြောရဲတယ်။ နင် ဘာအလုပ်မှ မလုပ်နိုင်ရင် အလကားပဲလေ။ ဝမ့်ရင်း၊ ငါ့ကို ပြောစမ်းပါ။ နင်လည်း အထက်တန်းကျောင်းကနေ ဘွဲ့ရလာတာပဲလေ။ အဲ့တော့ စာသင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို နင်သိမှာပဲ။ ဘာမှ မလေ့လာဘူးဆိုရင်ရော နင်ဘာဖြစ်နိုင်မှာလဲ။”
ဝူကွေ့ဟွာက ညည်းတွားနေပုံ ရသော်လည်း တကယ်တမ်းမှာတော့ သူမက စကားပြောဖို့ တစ်ယောက်ယောက်ကို ရှာနေရုံပါ။ ဖြေရှင်းချက် အနေဖြင့် ဘယ်သူကမှ အဲ့ဒါကို မလုပ်နိုင်ခဲ့ပါ။
သူတို့ရဲ့ တပ်မဟာကို တပ်မဟာကြီးကနေ ဝေးနေအောင် ဘယ်သူကများ လုပ်ခဲ့တာလဲ။
သူတို့နှစ်ယောက် စကားပြောပြီးနောက် ဝူကွေ့ဟွာက မထွက်သွားခင်မှာ ဘေးအခန်းကို တစ်ချက် ကြည့်လိုက်သည်။
သူမက ဝမ့်ရင်းကို မြန်မြန်ပဲ မေးလိုက်သည်။ “မကြာခင်ကမှ နင့်ဦးလေးတို့ မိသားစုကနေ ဘာသတင်းမှ မကြားမိဘူးလား။”
ဝမ့်ရင်း - “အဲ့မှာက ဘာမှ သိပ်ပြီး လှုပ်လှုပ်ရှားရှား မရှိပါဘူး။ ငါ အလုပ်ကို နောက်ကျမှ သွားရင်တောင် နေ့ပိုင်းဆို အဲ့မှာ ဘယ်သူမှ မရှိသလိုပဲ။”
ဒါကို ပြောဖို့က ထူးဆန်းတယ်ဆိုပေမယ့် ဝမ့်ယောင်ကျုံးရဲ့ကိစ္စ ပြီးသွားကတည်းက ဝမ့်ယုံရွှင်းနဲ့ လီချွမ်းကျင်တို့က မစင်တွေ သယ်ဖို့ သွားကြရသည်။ အိမ်နီးနားချင်တွေက ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေကြတာ။ သူတို့က သူ့ကို ပြဿနာရှာဖို့ ဘယ်တော့မှ ထပ်ပြီး မလာကြတော့ဘူး။ ဝမ့်ယောင်ကျုံးက နေ့တိုင်းနီးပါး ပိုပြီးတော့တောင် စိတ်မပါ လက်မပါ ဖြစ်နေခဲ့သည်။
ဝူကွေ့ဟွာက သဘောမတူခဲ့ပါ။ “ဟုတ်တာပေါ့။ နင့်ရဲ့ ဦးလေးက နင့်ကို ထပ်ပြီး ပြဿနာ လုပ်ရဲမှာ မဟုတ်တော့ဘူး။ အခုချိန်မှာ နင်က ငါတို့ အဖွဲ့ရဲ့ ရွှေဥပဲလေ။ အဲ့တော့ လူတွေ အများကြီးက သူတို့ရဲ့ နေမကောင်းတာတွေကို သူ့အပေါ်မှာပဲ မှီခိုနေရတာ။ တကယ်လို့ သူက ထပ်ပြီး အဓိပ္ပါယ် မရှိတာတွေကို ပြောရင် ဘယ်သူကမှ သဘောတူမှာ မဟုတ်တော့ဘူး။ သူတို့က သူခိုး မိသားစုပဲလေ။ ဘယ်လိုလုပ် သူတို့က အခြားသူတွေဆီက မျက်နှာကောင်း ရဖို့အတွက် မျှော်လင့်လို့ ရနိုင်မှာလဲ။”
အခုဆိုရင် လူတိုင်းက ဝမ့်ယုံရွှင်းနှင့် သူ့ရဲ့ မိန်းမကို လုံးဝ မုန်းနေခဲ့ကြပြီ ဖြစ်သည်။ တပ်မဟာထဲရှိ မကောင်းသတင်း ငါးခုရှိသော မိသားစုများနှင့် ယှဥ်ကြည့်ပါက သူတို့လို သူခိုးတွေက ပိုပြီးတော့တောင် စိတ်ရှုပ်ဖို့ ကောင်းလွန်းသည်။ ထို့အပြင် မကောင်းတဲ့ သတင်းငါးခုရှိသော မိသားစုများသည် အဖွဲ့ဝင်များကို ဘာမှမလုပ်ကြသည့်သူများ ဖြစ်ကြသည်။ သို့သော် တပ်မဟာထဲရှိ သူခိုး တစ်ယောက်က လူတိုင်းနှင့် အနီးကပ် ပတ်သက်မှု ရှိသည်။
လီချွမ်းကျင်က အမြင့်ကို တက်ရန် ထပ်ပြီး မကြိုးစားချင်တော့ဘဲ တစ်နေ့လုံး အလုပ်ထဲတွင်သာ သူမကိုယ်သူမ မြှုပ်နှံထားခဲ့သည်။ ဝမ့်ယုံရွှင်းက ပိုပြီး အမိန့်ခံတတ်လာပြီး အပြင်ဘက်မှာလည်း လုံးဝကို မမြင်ရ ဖြစ်လာခဲ့သည်။..
ဝူကွေ့ဟာက စကားကို အဆုံးသတ်ခဲ့သည်။ “စောင့်ပြီးသာ ကြည့်စမ်းပါ။ နင့်ဦးလေးနဲ့ သူ့မိန်းမက ဝမ့်ယောင်ကျုံးကို ပြန်ပြီး ထိန်းနိုင်ရင်တော့ အဲ့ဒါက ကောင်းတယ်။ မဟုတ်ရင် မကြာခင်မှာပဲ ဒီကောင်စုတ်လေးကို မြောင်းထဲသွားဖို့ ခွင့်ပြုသလို ဖြစ်နေလိမ့်မယ်”
ဝမ့်ရင်းက ဒါကို သဘောတူခဲ့သည်။ ကလေး တစ်ယောက်ကို ကောင်းကောင်း မသင်ပြခဲ့ဘူးဆိုရင် ဒါက မိဘတွေက အဲ့ဒဏ်တွေကို ခံရလိမ့်မည်။
ဝမ့်ယုံရွှင်းနဲ့ သူ့မိန်းမတို့က အရင်ဆုံး ဝမ့်လင်းလင်းရဲ့ ဒဏ်တွေကို ခံရတယ်။ ပြီးတော့ ဝမ့်ယောင်ကျုံးကလည်း ဒီတိုင်းပဲ။
နောက်တစ်နေ့ မနက်တွင် ဝမ့်ရင်းနှင့် ရှုရွှမ်းက ရှုမင်းဆီ တစ်ခုခု ပေးပို့ရန် မြို့က စာတိုက်သို့ သွားခဲ့သည်။ နှစ်ဆယ်ကီလိုဂရမ် အထုပ်က အတော်လေး အထင်ကြီးဖို့ ကောင်းသည်။ သူတို့က အဲ့ဒါကို အနောက်မြောက်အရပ်သို့ ပို့ရမည် ဖြစ်သည့်အတွက် ပို့ခတင်ပဲ ယွမ်နှစ်ဆယ်နီးပါး ရှိသည်။
ဝမ့်ရင်းက အတော်လေး ရင်နာနေခဲ့သည်။
ရှုရွှမ်းက ခနလောက် တိတ်ဆိတ်သွားပြီးနောက် ပြောခဲ့သည်။ “ကိုယ် အဆင့်နှစ် စာမေးပွဲကို ကြိုပြီး ဖြေလို့ရမလား ဆိုတာကို နောက်ထပ် ရက်နည်းနည်းလောက် နေပြီးရင် ကိုယ့်ဆရာကို မေးလိုက်ပါ့မယ်။”
သူ့ရဲ့ လစာက အတော်လေးကို နည်းသည်။
ဝမ့်ရင်းက နာကျင်မှုကို သည်းခံပြီး ပြောလိုက်သည်။ “အဲဲဒါက အဆင်ပြေပါတယ်။ ကျွန်မတို့တွေ တဖြည်းဖြည်းချင်း ရှာလို့ ရတာပဲလေ။”
ဝမ့်ရင်းက ထပ်ခါ၊ ထပ်ခါ တွက်လိုက်သည်။ “ ရှင် ဒီနှစ်ရက်ကို ခွင့်ယူလိုက်လို့ ရလား။ တစ်ရက်လောက် တောင်ပေါ်ကို သွားရအောင်”
သူမက အကြာကြီး မစောင့်နိုင်တော့ပါ။ သူမက ယွမ်သုံးရာတန်သော ဂျင်ဆင်းကို မရလိုက်ပါက သူမ သေလောက်အောင် နောင်တရနေမည် ဖြစ်သည်။
ဝမ့်ရင်းသည် ယောင်ရွှင်းကျင်းက သူမရဲ့ ဂျင်ဆင်းကို စောင့်နေမှာ မဟုတ်တာကို သိနေခဲ့သည်။ သူမက ဒီသတင်းကို လူတွေ အများကြီးထံ ပျံ့သွားအောင် လုပ်မှာ သေချာသည်။ အဲ့ဂျင်းဆင်းကို ဘယ်သူကပဲ အရင်ရပါစေ၊ ထိုသူက ပိုက်ဆံ ရလိမ့်မည်။
ဝမ့်ရင်းက အရေးတကြီး ပိုက်ဆံ လိုသည်။ သူမက သူမရဲ့ ကိုယ်ပိုင် ဆေးဖက်ဝင် အပင်များနှင့် အလုပ်လုပ်ကာ သူမရဲ့ မိသားစုအတွက် ပစ္စည်းကြီး တစ်ခုကို ဝယ်ရမည် ဖြစ်သည်။ သူမက ဒီပစ္စည်းရဲ့ လေးပုံ တစ်ပုံကို ရှုမင်းထံ ပို့ရမည် ဖြစ်သည်။ တကယ်လို့ သူမတို့ မိသားစုမှာသာ အပိုဝင်ငွေ မရှိပါက သူတို့နှစ်ယောက်ရဲ့ အသုံးစရိတ်ကို ကာမိမည် မဟုတ်ပါ။
ရှုရွှမ်း - “ကိုယ် ခွင့်ယူလို့ ရတယ်။ သဘက်ခါကျရင် ကိုယ်တို့တွေ တောင်ပေါ်ကို တက်ကြရအောင်။”
ရှုရွှမ်းက ဂျင်ဆင်းရှာဖို့ ရည်ရွယ်ချက် မရှိသော်လည်း သူတို့သည် မကြာခင်ကမှ အတော်လေး အလုပ်ရှုပ်ထားသည့်အတွက် အတူတူ အချိန်မကုန်ရသေးဘူးဟု ခံစားခဲ့ရသည်။ ဒီအချိန်မှာတော့ သူတို့က တောင်ပေါ်ကို တက်သွားကြပြီး နှစ်ယောက်တည်း အနားယူချင်ခဲ့ကြသည်။
အထုပ်ကို ရှုမင်းထံ ပို့ပြီးနောက် ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က ခွဲလိုက်ကြပြီး တစ်ယောက်က စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့သွားပြီး တစ်ယောက်က လေ့ကျင့်ရေး သွားဖို့အတွက် စက်ဘီး စီးသွားခဲ့သည်။
ရှန်လိ တပ်မဟာက ဟုန်ကျိ တပ်မဟာထက် သေးသည်။ အကြောင်းမှာ သွားရေးလာရေး အဆင်ပြေအောင် လုပ်ပေးတဲ့ ပို့ဆောင်ရေး မပါသလို အဲ့တပ်မဟာမှာ ဓာတ်ဘူးစက်ရုံလည်း မရှိပါ။
ရှန်လိတပ်မဟာရဲ့ ဆေးခန်းက တစ်ထပ်သာ ရှိသော်လည်း ကျယ်ဝန်းသည်။
ဝမ့်ရင်းက နေရာကို မေးလိုက်သည့်အခု ကောင်မလေးငယ် တစ်ဦးက အလယ်မှာရှိတဲ့ အိမ်ကြီး တစ်အိမ်ကို ညွှန်ပြခဲ့သည်။ “အဲဲဒါက ဟိုမှာပါ။ အဲ့ကိုသွားပြီး အစါမက ဒီကိုလာတာ လေ့ကျင့်ဖို့ပါလို့ ပြောလိုက်။ အဲ့နေရာဆီ တစ်ယောက်ယောက်က အစ်မကို ခေါ်သွားလိမ့်မယ်။”
ဝမ့်ရင်းက သူမကို ကျေးဇူးတင်ပြီး အိမ်ကြီးထဲသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။
သူမလည်း အဲ့ထဲကိုရောက်တော့ လူလေးရောက်က စောင့်နေတာကို တွေ့ခဲ့သည်။ သူတို့အားလုံးက နည်းနည်းလေး စိတ်လှုပ်ရှားနေကြပြီး ရင်တုန်နေကြသည်။
ဝမ့်ရင်းက အဲ့ထဲကို ဝင်လာပြီး ထိုင်စရာ နေရာ တစ်နေရာကို ရှာတွေ့ခဲ့သည်။ သူမဘေးရှိ မိန်းမငယ် တစ်ဦးက တစ်ခုခုကို တတွတ်တွတ် ပြောနေခဲ့သည်။ ဝမ့်ရင်းက သေသေချာချာ နားထောင်လိုက်သည့်ခါ သူမက စာအုပ် တစ်အုပ်ကို ပြောပြနေခဲ့တာကို တွေ့ခဲ့ရသည်။
သူမ မှတ်မိတာဆိုလို့ အလွတ်တမ်း ဆရာဝန် တစ်ယောက်ရဲ့ လစဥ်အကြောင်းတွေပဲ။
ဝမ့်ရင်းက ငြိမ်ငြိမ်လေး ထိုင်နေခဲ့ပြီး သူမဘေးရှိ မိန်းမငယ် တစ်ဦးက သူမကို မေးခဲ့သည်။ “ရှင်ရော စိတ်မလှုပ်ရှားဘူးလား။”
ဝမ့်ရင်း ပြန်ဖြေတာကို မစောင့်ဘဲ ထိုအမျိုးသမီးက စကား စပြောခဲ့သည်။ “ကျွန်မကတော့ တော်တော်လေး ရင်ခုန်နေပြီ။ ကျွန်မ မအောင်ရင် ဘယ်လိုလုပ်မလဲ။ မနှစ်ကတည်းက စစ်ဆေးတာတွေက အရမ်း ကြပ်လာတယ်လို့ ကျွန်မ ကြားထားတယ်။ မနှစ်ကဆို ကျွန်မတို့ အဖွဲ့က လူနှစ်ယောက်ကို ပို့လိုက်တာ။ သူတို့ နှစ်ယောက်လုံး မအောင်ဘူး။ ပြီးတော့ ကျွန်မတို့ အဖွဲ့ခေါင်းဆောင်က ပြောတယ်။ အနည်းဆုံး တစ်ယောက်ကတော့ အောင်ရမယ်တဲ့။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အဖွဲ့ထဲမှာ ဆရာဝန်တစ်ယောက်နဲ့ တွေ့ရဖို့က အခက်အခဲတွေ အများကြီး ဖြစ်လိမ့်မယ်တဲ့။”
ဝမ့်ရင်းက သူမပြောတာကို နားထောင်ပြီး အချို့လူတွေက ဒီလိုမျိုးဆိုတာကို သိသွားခဲ့သည်။ သူတို့တွေ စိတ်လှုပ်ရှားတဲ့ အခါမျိုးဆိုရင် သူတို့က တရစပ် စကားတွေ ပြောကြတော့တာပဲ။ ဝမ့်ရင်းက သူမပြောတာကို နားလည်ရခက်သော ပုံစံဖြင့် နားထောင်နေခဲ့သည်။
မကြာခင်မှာပဲ ဝမ့်ရင်းက သူတို့ မိသားစုရဲ့ အကြောင်း အားလုံးကို ကြားခဲ့ရသည်။
ထိုလူသည် ဝမ့်ရင်းတို့ ဘေးနားရှိ တပ်မဟာမှ ဖြစ်သည်။ ဝမ့်ရင်းတို့ရဲ့ ခုနစ်ခုမြောက် တပ်မဟာဘေးတွင် လေးခုမြောက် တပ်မဟာ ရှိသည်။ တပ်မဟာ တစ်ခုလုံးတွင် တောင်ရဲ့ အနောက်ဘက်မှာရှိသော တပ်မဟာက သုံးခုသာ ရှိသည်။ တောင်ရဲ့ အောက်ခြေတွင် လေးခုမြောက် တပ်မဟာ၊ ငါးခုမြောက် တပ်မဟာနှင့် ခုနစ်ခုမြောက် တပ်မဟာဟူ၍ အသီးသီး ရှိသည်။
တပ်မဟာ သုံးခုက နီးနီးကပ်ကပ် ရှိသည်။ ခုနစ်ခုမြောက် တပ်မဟာမှာ ဝမ်းဆွဲသည် မရှိသော်လည်း ဝမ့်ရင်းလို အလွတ်တမ်း ဆရာဝန်တစ်ယောက် ရှိသည်။ လေးခုမြောက် တပ်မဟာမှာတော့ ဝမ်းဆွဲသည်တစ်ယောက် ရှိသော်လည်း အလွတ်တမ်း ဆရာဝန် မရှိပါ။ ငါးခုမြောက် တပ်မဟာမှာတော့ နှစ်ခုလုံး မရှိပါ။
အမျိုးသမီးငယ်ရဲ့ နာမည်က စွန်းအားထောင်ဟု ခေါ်သည်။ သူမက မိသားစုထဲတွင် ဒုတိယမြောက် သမီးဖြစ်သည်။ သို့သော် သူမတို့ မိသားစုထဲတွင် ယောက်ျားလေးများစွာ ရှိသည့်အတွက် သူမက မူလတန်းကျောင်းမှာ စီနီယာတစ်ယောက် ဖြစ်ဖို့အတွက် တစ်လျှောက်လုံး ရုန်းကန်ခဲ့ရသည်။
သူမက စကားလုံစ အနည်းငယ်သာ သိသည့်အတွက် ဒီတစ်ကြိမ်မှာတော့ တပ်မဟာက သူမကို ထိုနေရာသို့ ပို့ခဲ့ကြသည်။ သူမက အလွတ်တမ်း ဆရာဝန်တစ်ယောက် အဖြစ်နဲ့ ပြန်လာမယ်ဟု မျှော်လင့်ခဲ့ကြသည်။ အဲ့ဒါကပဲ သူမကို နေဖို့ထိုင်ဖို့ နည်းလမ်းတစ်ခု ဖြစ်လာအောင် လုပ်ပေးနိုင်လိမ့်မည်။ စွန်းအားထောင်က သူမအကြောင်းကို ပြောပြပြီးသော်လည်း မရပ်ခဲ့ပါ။ “ဒီတစ်ကြိမ် ငါတို့ တပ်မဟာက လူနှစ်ယောက်ကို ပို့လိုက်တယ်။ ကြည့်လိုက်။ ကျောက်တိကလည်း ငါတို့ရဲ့ တပ်မဟာကပဲ။”
ပြိုင်ဘက်များနှင့် စကားပြောနေရင်း စွန်းအားထောင်ရဲ့ အမူအရာတွေက အရင်လို မနွေးထွေးတော့တာ သိသာလာခဲ့သည်။
ဝမ့်ရင်းကလည်း ကျောက်တိကို တစ်ချက် ကြည့်လိုက်သည်။ သူ့ကြည့်ရတာ အတော်လေး ဆင်းဆင်းရဲရဲ ဝတ်ဆင်ထားပြီး တောက်ပသော မျက်လုံးများက ရေရွတ်နေသလို ဖြစ်နေခဲ့သည်။
စွန်းအားထောင်နှင့် ကျောက်တိတို့က ပြိုင်ဖက်များ ဖြစ်ကြပြီး တစ်ခြား မိန်းမငယ် နှစ်ဦးက အချင်းချင်း ကြည့်မရကြပါ။ အဖွဲ့ နှစ်ဖွဲ့က ဒီလူနှစ်ယောက်ကို ရွေးခဲ့လဲဆိုတာ ဝမ့်ရင်းလည်း တွေးမရတော့ဘဲ သူတို့က အဖွဲ့၏ ဆေးနှင့်ပတ်သက်တဲ့ အကူအညီ၊ အလုပ်များကို လုပ်နိုင်ဖို့သာ မျှော်လင့်နေသည်။
အလွတ်တမ်း ဆရာဝန်အလုပ်က နေ့တစ်ဝက် အလုပ်သာ ဖြစ်သော်လည်း ဆေးခန်းက သူမကို တစ်လ တစ်ယွမ်သာ ပေးသည်။ တပ်မဟာကလည်း အခြေနေပေါ် မူတည်ပြီး တစ်ယွမ် ဒါမှမဟုတ် နှစ်ယွမ် ပေးလိမ့်မည်။ ထို့အပြင် ကြည့်ပေးတဲ့ လူနာတွေဆီကလည်း အနည်းငယ် ရနိုင်သည်။ ဒါတွေအားလုံးက အတော်လေး အဆင်ပြေသည်။
စွန်းအားထောင်က အတော်လေး ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘဲ စိုးရိမ်တကြီး တတွတ်တွတ် ပြောနေခဲ့သည်။ အခြားသူများက ဝမ့်ရင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
စွန်းအားထောင် - “နင်ဘာလို့ တစ်ယောက်တည်း လာတာလဲ။ နင်တို့ အဖွဲ့က ဘယ်သူ့ကိုမှ မရွေးလိုက်ဘူးလား။”
ဝမ့်ရင်း - “ဟုတ်တယ်။ ကျွန်မတို့ အဖွဲ့ထဲမှာ ကျွန်မ တစ်ယောက်တည်းပဲ။”
စွန်းအားထောင်က ချက်ချင်းပဲ မနာလို ဖြစ်သွားခဲ့သည်။ “ဒါက ကောင်းတာပေါ့။”
အဲ့ဒါက ဘာလို့ ကောင်းတာလဲ။ အဲ့မှာ ရှင်းပြဖို့ တစ်ခုခု လိုသေးလား။ ဒီမှာက သူမ တစ်ယောက်ပဲ ရှိတာ။ ဒီနေရာမှာ သူမနှင့် ယှဥ်ပြိုင်မယ့်သူလည်း မရှိဘူး။
ဝမ့်ရင်းကတော့ ဂရုမစိုက်ပါ။ ထိုကောင်မလေး လေးယောက်ကို ကြည့်လိုက်သည့်အခါ အသက် အကြီးဆုံးက ၂၀ သာ ရှိသေးပြီး အရမ်းလည်း စိတ်လှုပ်ရှားနေပုံ ရသည်။ သူမကလည်း သူတို့ကို နှစ်သိမ့်ပေးနေဆဲ ဖြစ်သည်။ “ဒါက မခက်ပါဘူး။ စိတ်လျှော့ထား။ ငါတို့ရဲ့ လေ့ကျင့်ရေးက တစ်လတည်းပဲ။ ကြိုးစားပြီး လေ့လာကြတာပေါ့။”
သိပ်မကြာခင်မှာပဲ အမျိုးသမီး ဆရာဝန်မကြီး တစ်ယောက်က ဝင်လာခဲ့ပြီး သင်ခန်းစာ ပို့ချရန် သူမတို့ငါးယောက်လုံးကို ခေါ်လိုက်သည်။
ဝမ့်ရင်းကလည်း စိတ်ပါဝင်စားစွာ နားထောင်ခဲ့သည်။ သူမက နားထောင်ခဲ့ရုံသာမက မှတ်စုနှင့် ခဲတံကို ယူပြီး နားထောင်ရင်း မှတ်စုများကိုလည်း ရေးခဲ့သည်။
စွန်းအားထောင်ရဲ့ မျက်နှာက နီရဲသွားသည်။ သူမက ကျောက်တိနှင့် စကားများဖို့သား စိတ်အားထက်သန်သည့်အတွက် စာအုပ်နှင့် ခဲတံကို ယူဖို့ မေ့သွားခဲ့သည်။
အခြားသုံးယောက်က ဘာမှမလုပ်ဘဲ ဝမ့်ရင်း ရေးနေတာကို ဒေါသတကြီး ကြည့်နေခဲ့သည်။
ဝမ့်ရင်းက အရမ်း အလေးအနက်ထားသည်။ အခုချိန်မှာ သူမက နားထောင်တာကို ရပ်နိုင်မယ်လို့ မထင်ပါ။ ထို့ကြောင့် သူမက အဲ့ဒါကို ဘယ်လို လုပ်ရမလဲဆိုတာ သိသည်။ သူမက လက်ရှိ ဆေးပညာရဲ့ ပုံစံ တည်ဆောက်ပုံကို အတော်လေး စိတ်ဝင်စားသည်။
မင်းတို့ အဲ့အကြောင်းတွေ သိရမည်။ ကျေးလက်မှာ ဆေးပညာတွေ စပြီး တည်ထောင်တဲ့ နှစ်နှစ်ဆယ် အချိန်အတွင်းမှာ မြို့က အတော်လေးကို ချွတ်ခြုံကျလာတာ။ မြို့ကို တည်ထောင်တာ နှစ်ငါးဆယ်ကျော် ဆိုပေမယ့် ပျမ်းမျှ သက်တမ်းကတော့ ၃၅နှစ်ပဲ။ ပြီးတော့ မွေးကင်စ ကလေးတွေ သေဆုံးနှုန်းကို ငါးပုံ တစ်ပုံကနေ တစ်ဝက်ကျော်အထိ လျှော့ချနိုင်တာ။ အဲ့ဒါက ရှားရှားပါးပါး လုပ်ဆောင်ချက် တစ်ခုပင်။
ထို့ကြောင့် ဝမ့်ရင်းသည် အဲ့အချိန်တုန်းက ဆေးပညာ နိမ့်ကျသည်ဟု မထင်ခဲ့ပါ။ သို့သော် အဲ့ထဲကို စိတ်ပါလက်ပါ ပါဝင်ခဲ့သည်။
သင်ကြားခြင်း တာဝန်ခံ ဆရာဝန်မကြီးက အတော်လေး ကျေနပ်သွားခဲ့သည်။ အရင်က ရောက်လာကြသော အလွတ်တမ်း ဆရာဝန်တွေ အနည်းစုကသာ မှတ်စု ရေးဖို့ တွေးမိကြသည်။ သူတို့ အားလုံးက ဦးနှောက်ထဲတွင်သာ မှတ်ထားကြပြီး အဲ့ဒါတွေက ဘယ်လောက် ကြာအောင် မှတ်မိနိုင်မှာတဲ့လဲ။
ဝမ့်ရင်းက စိတ်ပါလက်ပါ ရေးနေသည့်အခါ ဆရာဝန်မကြီးက ရပ်ပြီးတောင် သူမကို စောင့်နေခဲ့သည်။
ခနကြာပြီးနောက် ကျောက်တိက ဝမ့်ရင်းကို စာရွက်နှင့် ဘောပင်ငှားရန် တိုးတိုးလေး ပြောခဲ့သည်။ “တပ်သားလေး။ အားတော့နာပါတယ်။ စာရွက်နဲ့ ဘောပင် ကျန်ခဲ့လို့၊ ငါ့ကို ခန ငှားလို့ရမလား။ ပြီးရင် ငါ မင်းကို ပြန်ပေးပါ့မယ်။”
ဝမ့်ရင်းသည် အခြားသူတွေက သူမကို စိတ်အားထက်သန်စွာ ကြည့်နေတာကို မြင်ရသည့်အခါ သူမက ဆရာဝန်မကြီးထံမှ ဓားလေးတစ်ချောင်းကို ငှားကာ စာရွက်ကို လေးပိုင်းပိုင်းပြီး သူတို့ကို ပေးလိုက်သည်။ ထို့နောက် သူမရဲ့ ခဲတံကို ငါးပိုင်းပိုင်းပြီး ချွန်ကာ ပေးခဲ့သည်။
အခုဆိုရင် လူတိုင်းရဲ့ လက်ထဲမှာ ခဲတံတွေ ရှိနေပြီဆိုတော့ သူတို့တွေက မှတ်စုတွေ စပြီး မှတ်ကုန်ကြပြီ။
ကျောက်တိက မပျော်မရွှင်ဖြစ်ကာ သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ထားခဲ့သည်။
မေးတဲ့သူက သူမတစ်ယောက်တည်းဟာကို ဝမ့်ရင်းက ဘာလို့ တစ်ခါတည်းနဲ့ အားလုံးကို ခွဲပေးလိုက်တာလဲ။
ဝမ့်ရင်းက မှတ်စုရေးရင်းနှင့်သာ အလုပ်ရှုပ်နေခဲ့ပြီး သူမဘေးရှိ ကောင်မလေးတွေရဲ့ အကြံများကို အာရုံမစိုက်ခဲ့ပါ။
လေ့ကျင့်ရေး နှစ်နာရီကျော် ပြီးသွားသည့်နောက် ဝမ့်ရင်းက စာအုပ်ထဲတွင် မှတ်စုအပြည့်ရေးကာ ဆရာဝန်မကြီးကို ကျေးဇူးတင်ခဲ့သည်။
ဆရာဝန်မကြီးက ဝမ့်ရင်းကို ကြည့်လေလေ၊ ပိုပြီး သဘောကျလေလေ ဖြစ်လာခဲ့သည်။ ထူးချွန်သော ကျောင်းသားကောင်းများက အမြဲလိုလို ထင်ရှားသည်။ ဝမ့်ရင်းက လှတာကို ပြောပြနေဖို့တောင် မလိုပါ။ အတိတ်မှာတုန်းက သူမက ရှက်ပြီး ကြောက်နေသည့်အတွက် သူမက ကျက်သရေမရှိဘူးဟု လူတွေက တွေးခဲ့ကြသည်။ သို့သော် အခုဆိုရင် ဝမ့်ရင်းက အင်မတန် ယုံကြည်မှုရှိပြီး ပါးတွေက ပြည့်ပြည့်ဖောင်းဖောင်းလေးနှင့် အသားရည်က အိစက်နေခဲ့သည်။ ထိုကဲ့သို့ တက်ကြွနေသည့် ပုံစံကလေးက အရင်က အားနည်းနေသည့် ပန်းပွင့်ဖြူလေးရဲ့ ပုံစံကို ပျောက်ကွယ်သွားစေသည်။
လူကြီးတွေနဲ့ဆို အရမ်း လူချစ်လူခင်များတာပဲ။