← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 9 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 9 Ch. 105-106

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၀၅

ဝမ့်ရင်းက ဝမ်းဆွဲသည် အကြောင်းကို ဆရာဝန်မကြီးအား မေးကာ သူမက အရာရာကို ဝမ့်ရင်းအား ပြောပြခဲ့သည်။

“ဝမ်းဆွဲသည် တစ်ယောက်က အများစုရဲ့ ပုံစံတွေကို သိထားဖို့ လိုတယ်။ ပြီးတော့ အဲ့ဒါက ဒုတိယအဆင့် ဖြစ်ဖို့လည်း လိုတယ်။ ဒီကို လာပြီး လေ့လာကြည့်။ ပြီးရင် စမ်းကြည့်။”

ဆရာဝန်မကြီးက ဖော်ရွေတဲ့ အမူအရာဖြင့် ပြောခဲ့သည်။ “တကယ်လို့ မင်းမှာ မေးခွန်းတွေ ရှိနေသေးရင်လည်း စိတ်ကြိုက်သာမေး။ ငါ့ရဲ့ နောက်ဆုံးနာမည်က ဝေ့ပါ။”

ဝမ့်ရင်းက ချက်ချင်းပဲ တုန့်ပြန်ခဲ့သည်။ “ ကျေးဇူးပါ။ ဆရာမဝေ့။”

ဝမ့်ရင်းက ကိစ္စတွေကို ကိုင်တွယ်သည့်နေရာမှာ အတော်လေး ကျွမ်းကျင်သည့်အတွက် အခြားသူများသည် သူတို့တွေအတွက် အကျိုး မရှိဘဲ သူတို့ရဲ့ ခွန်အားများ ထုတ်ပြလို့ မရအောင် ဝမ့်ရင်းက ဖိနှိပ်ထားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

စွန်းအားထောင်က အဆင်ပြေသည်။ သူမက စိတ်မသက်မသာ ခံစားရသော်လည်း သူမက အခြားသူတွေရဲ့ မကြည်လင်သော မျက်နှာကို မြင်လိုက်ရသည့်အခါ ကျောက်တိထက် ဝမ့်ရင်းကို အလေးထားတာက ပိုကောင်းတာကို ခံစားမိခဲ့ရသည်။

စွန်းအားထောင်က ကျောက်တိကို အထင်သေးသည့်အတွက် ထုံးစံအတိုင်း ကျေနပ်နေသည့် အကြည့်မျိုးနှင့် ဝမ့်ရင်း လွှမ်းမိုးခြင်း ခံရတာက ပိုကောင်းတယ်ဟု ခံစားခဲ့သည်။

အတန်းပြီးတဲ့နောက် ဝမ့်ရင်းက ဆရာဝန်မကြီးဝမ့်ကို နှုတ်ဆက်ပြီး စကားပြောနေသော လူတွေနှင့် ဆက်မနေဘဲ စက်ဘီးစီးပြီး ပြန်လာခဲ့သည်။

သူမက စက်ဘီးနင်းလာပြီး သူမအနောက်က အမျိုးသမီးလေးက တဗျစ်တောက်တောက် ပြောခဲ့သည်။ “မော်ကြွားနေတဲ့ မျက်နှာနဲ့။”

ထိုကျိန်ဆိုမှုသည် ဝမ့်ရင်းက သြဇာအာဏာ ရှိမှုနှင့် ကိုယ်ကျိုးအတွက် ရယူတာနှင့် ပတ်သက်ပြီး ဆက်နွယ်နေသည်။

ကျောက်တိရဲ့ မျက်လုံးတွေက ပေကလပ်၊ ပေကလပ် ဖြစ်နေခဲ့ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။ “အစ်မအားထောင်၊ သူက ဘာလို့ အစ်မကို သူနဲ့အတူ မခေါ်သွားတာလဲ။ ငါတို့ တပ်မဟာက သူတို့ရဲ့ ဘေးနားမှာတင်ကို။ အဲ့တော့ တစ်လမ်းတည်းပဲ မဟုတ်ဘူးလား။”

စွန်းအားထောင်က မျက်လုံးပြူးကြည့်ခဲ့သည်။ သူမက တုံးအတယ်ဟု စွန်းကျောက်တိက တွေးမိခဲ့တာလား။

“ သူတို့က ငါတို့အပေါ် ဘာအကြွေးမှ မတင်ထားဘူးလေ။ အဲ့တော့ သူက ငါ့ကို ဘာအတွက် သူနဲ့အတူ ခေါ်သွားရမှာလဲ။ မင်းကရော။ တစ်ဖက်ကနေဆိုရင်၊ နင် မှတ်မိသင့်တယ်။ နင် သူ့ကို စာရွက်နဲ့ ခဲတံ အကြွေးတင်ထားတာ။ အဲ့တော့ နောက်ခါကျရင် သူ့ကို အဲ့ဒါတွေ ပြန်ပေးရမယ်။”

စွန်းအားထောင်က အခြားလူနှစ်ယောက်ကို လျစ်လျူရှုခဲ့သည်။ ' ဝမ့်ရင်းကို ကြည့်ရတာ အနည်းငယ် အေးတိအေးစက် ဖြစ်သော်လည်း အနည်းဆုံးတော့ သူမက ခဲတံတွေ စာရွက်တွေ ငှားတယ်။ နင်က ကျေးဇူးတင်ချင်တယ်ဆိုရင် သူ့ကို လူချင်းတွေ့ပြီး စကားပြောလိုက်။ သူတို့ရဲ့ အနောက်ကနေ ကျိန်ဆဲနေစရာ ဘာအကြောင်းမှ မရှိဘူး။ '

စွန်းအားထောင်က ထွက်သွားသည့်အခါ ကျောက်တိက အံကိုကြိတ်ရင်း ကျန်ခဲ့သည်။

ကျောက်တိက ခဲတံအကျိုးလေးကို ပြန်မပေးချင်ခဲ့ပါ။ ထို့အပြင် သူမတို့ မိသားစုကလည်း အဲ့လိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါ။ သို့သော် စွန်းအားထောင်က အဲ့ဒါကို ညွှန်ပြလိုက်သည့်အခါ သူမက ရှက်သွားခဲ့သည်။

အခြား အမျိုးသမီးငယ် နှစ်ယောက်ကလည်း ဒေါသထွက်နေခဲ့သည်။ “ဘာလို့ ဒီလူက ဘယ်အရာကိုမဆို အဆင်ပြေအောင် ပြောနိုင်ရတာလဲ။”

ကျောက်တိကလည်း ဘာမှန်းမသိတဲ့ ပုံစံမျိုးဖြင့် ထွက်သွားခဲ့သည်။ စွန်းအားထောင်က မုန်းတီးနေခဲ့သည်။ သူတို့ နှစ်ယောက်က သူရဲဘောကြောင်သည်။ သူတို့ထဲက တစ်ယောက်ကမှ တကယ့်လူကို မကျိန်ဆဲရဲကြပါ။

ဝမ့်ရင်းက အိမ်ကို ပြန်လာခဲ့သည်။ ထျန်းယိုဖုနှင့် ဝူကွေ့ဟွာကို သူမ လေ့ကျင့်ရေးကို သွားတက်ပြီး တပ်မဟာထဲမှာ ဆရာဝန်တစ်ယောက်ကို ဘယ်သူကမှ မရှာနိုင်ဘူးဆိရင် ဒါက အချိန်ကုန်ရုံသာ ဖြသ်လိမ့်မယ်ဟု ပြောပြခဲ့သည်။

သူမလည်း အိမ်ရောက်မှာ အပြင်မှာ မိုးတွေက စရွာလာရော။

ဝမ့်ရင်းသည် သူမက ရှုရွှမ်းထံ ထီးပို့ပေးလို့ ရပါ့မလားဆိုတာ သိချင်သော်လည်း ရှုရွှမ်းက ဒီလို မိုးသည်းထဲမှာ ပြန်လာလိမ့်မယ်လိုတော့ မထင်ထားခဲ့ပါ။

“ဒီအချိန်ကျမှ ရှင်က ဘာလို့ အလုပ်ကနေ ပြန်လာရတာလဲ။”

ရှုရွှမ်းက ခေါင်းခါပြခဲ့သည်။ “မိုးရွာနေလို့ပါ။ ပြီးတော့ ဆိုင်ထဲမှာကလည်း လုပ်စရာတွေက အများကြီး မကျန်တော့ ကိုယ်လည်း မြန်မြန် လက်စသတ်ပြီး စောစော ပြန်လာခဲ့တာ။”

မိုးရွာသည့်အခါ ဆိုင်က လူပါးသွားခဲ့သည်။ ရှုရွှမ်းက အဲ့နေရာမှာ စောင့်မနေချင်ခဲ့ပါ။ ထို့ကြောင့် သူက ဆိုင်ထဲတွင် ကျန်နေသော အသားများကို ဖက်ထုပ်နှင့် ပေါက်စီများ ပြုလုပ်ခဲ့သည်။ အဲ့ဒါက လူနှစ်ယောက် စားဖို့၊ သောက်ဖို့တော့ လုံလောက်သည်။

ရှုရွှမ်းအတွက် ဝမ့်ရင်းက ရေနွေး လောင်းချမိခဲ့သည်။ ရှုရွှမ်းက သူ့ကိုယ်သူ သုတ်လိုက်ပြီး အင်္ကျီလဲကာ ထွက်လာခဲ့သည်။

“ကျွန်မတို့မှာ ရေချိုးဖို့နေရာ မရှိသေးဘူး။ မိုးရွာရင် ခြံထဲမှာ ရေထွက်ချိုးဖို့ဆိုတာက မလွယ်ဘူးနော်။”

ရှုရွှမ်းက နံရံ အမြင့်ကြီးကို ဆောက်ခဲ့သည့်အတွက် သူက အထဲကို ချောင်းကြည့်ခံရမှာ မကြောက်ခဲ့ပါ။ သူက အမြဲလိုလို ခြံထဲတွင် ရေချိုးသည်။ ဝမ့်ရင်းက အိမ်မကြီးထဲမှာ ရေချိုးသော်လည်း အဲ့ဒါက ဘယ်လိုနည်းနဲ့မှ အဆင်မပြေပါ။

ဝမ့်ရင်းက ပြောဖို့အတွက် အခွင့်အရေး ရှာခဲ့သည်။ “နောက်မှ ရေချိုးခန်းကို ဆောက်ကြမယ်။”

သူမက ရေချိုးခန်းကို အတော်လေး လွမ်းနေခဲ့သည်။ သူမ ရေချိုးခန်းထဲတွင် ရေချိုးသည့်အခါ နေရာတိုင်းကို ရေတွေ မစင်ကုန်ဖို့အတွက် သတိထားရသည်။ အဲ့ဒါက အရမ်း ပြဿနာကြီးပဲ။

ရှုရွှမ်း - “အခုချိန် လုပ်ဖို့ကတော့ မလွယ်ဘူး။ ကိုယ်တို့ အတူတူ လုပ်ပေးမယ့် လူတွေ မရလောက်ဘူး။ ဆောင်းဦး ရောက်တဲ့အထိ စောင့်ကြတာပေါ့။”

ဒါက ကျေးလက်ဒေသတွင် အိမ်ဆောက်ဖို့အတွက် တရားဝင် အစီအစဥ် တစ်ခုသာ ဖြစ်သည်။ လယ်ထဲတွင် ဘာအလုပ်မှ မရှိသည့် အချိန်မှသာ အိမ်တွေကို အမြဲလိုလို ဆောက်ကြသည်။ အလုပ်မရှိမှလည်း အလုပ်သမားက ရှာဖို့ လွယ်ကူသည်။

ဝမ့်ရင်းက တစ်ခုခုကို တွေးနေခဲ့သည်။ “ရေချိုးဇလုံ အကြီးကြီးတစ်ခု လုပ်ရအောင်။ အဲ့ဒါဆို ဆောင်းတွင်းကျရင် ရေချိုးလို့ ရပြီ။”

ရှုရွှမ်း - “ဟုတ်ပြီ။ အပေါ်ကနေ ရေသွယ်လို့ရအောင် ပိုက်တစ်ချောင်းကို ဝယ်ကြတာပေါ့။ မြို့မှာရှိတဲ့ ကိုယ့်ဦးလေးတို့ မိသားစုမှာ အဲ့လိုဟာ တစ်ခုရှိတာကို ကိုယ် မြင်ဖူးတယ်။”

ဝမ့်ရင်းက အံ့ဩသွားခဲ့သည်။ အဲ့ဒါက ရေပန်း မဟုတ်ဘူးလား။

သူမက ပျော်သွားခဲ့သည်။ “ဒါ ကောင်းတာပေါ့။”

ညစာအတွက် ရှုရွှမ်းက မှိုအမဲနှင့် ကြက်ဥကြော်ကို လုပ်ပေးခဲ့သည်။ မိသားစုထဲက ကြက်ဖလေးကို တရုတ် နှစ်သစ်ကူးတုန်းက စားလိုက်ကြပြီ ဖြစ်သည်။ အခုဆိုရင် ကြက်မတစ်ကောင်သာ ကျန်သည်။ ကြက်က တစ်နေ့ကို ကြက်ဥနှစ်လုံး ဥနိုင်ပြီး ဒါက ကြက်များအကြားတွင် စံပြ အလုပ်သမား တစ်ယောက်လို့တောင် ပြောနိုင်သည်။

အကြောင်းကတော့ အိမ်မှာရှိတဲ့ ဘဝတွေက လွယ်ကူသည်။ ရှုရွှမ်းကို ဝမ့်ရင်းအား ကြက်ဥတွေကို အပြင်မှာ ရောင်းဖို့အတွက် ခွင့်မပြုခဲ့ပါ။ ထို့ကြောင့် သူတို့က ကြက်ဥတွေကို အိမ်မှာ သိမ်းထားပြီး စားသည်။

မှိုနှင့် ကြော်ထားသော ကြက်ဥတွေက နူးညံ့သည်။ ရှုရွှမ့းက အစိမ်းရောင် အရွက်တွေ ကြော်ဖို့အတွက် ကြက်သွန်ဖြူနှင့် ဝက်ဆီကို သုံးခဲ့သည်။ သူတို့ နှစ်ယောက်က ပြောင်ပေါင်မုန့်နှင့် အရွက်ကြော်ကို စားခဲ့သည်။ ဟင်းနုနွယ်ရဲ့ အနံ့နှင့် တို့ဟူးရဲ့ နူးညံ့မှာကို အပေါ်ကနေ ငရုတ်သီးလေး ဖြူးထားခဲ့သည်။ မိုးရွာတဲ့ နေ့မျိုးမှာ ဒီထက်ပိုပြီး နွေးထွေးတဲ့ ဟင်းပွဲမျိုး မရှိပါ။

ညစာ စားပြီးနောက် သူတို့နှစ်ယောက်လုံးက ဆေးကြောပြီး အိပ်ရာဝင်ခဲ့သည်။ ရှုရွှမ်းက အိပ်ရာရဲ့ ခြေရင်းကို ထိဖို့အတွက် ရောက်လာခဲ့သော်လည်း အဲ့ဒါကို ရှာမရခဲ့ပါ။ ထို့နောက် သူသည် သုံးဖို့အတွက် မနှစ်တုန်းက နှစ်သစ်ကူးအတွင်း ဝယ်ခဲ့သည့် ပစ္စည်းများကို သတိရသွားခဲ့သည်။

ဝမ့်ရင်းက စောင်အနားကို ကိုက်ပြီး ရယ်နေသည်ကို မြင်တဲ့အခါ ရှုရွှမ်းက အတော်လေး စိတ်ပျက်သွားပြီး သူမကို စောင်ထဲသို့ ခေါ်ပြီး ဖက်လိုက်သည်။ “အိပ်ကြမယ်။”

'သူ မြန်မြန်လုပ်ရမယ်။ ပြီးရင် သူ့ရဲ့ အကိုကို တွန်းအားပေးရမယ်။ သူက ဘာလို့ အရမ်း နှေးနေရတာလဲ။ သူ သူ့ဆီ စာပို့ထားတယ်။ ဒါပေမယ့် အထုပ်က ဘာလို့ အခုထိ မရောက်သေးတာလဲ။'

သူတို့နှစ်ယောက် အပြင်ဘက်ကနေ တစ်ယောက်ယောက်ရဲ့ တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရသည့်အခါ ညဘက်ကြီး အိပ်ပျော်နေခဲ့ကြပြီ ဖြစ်သည်။ ညသန်းခေါင် အချိန်မှာ တဒုန်းဒုန်းဆိုတဲ့ အသံက အတော်လေး ရှင်းရှင်းလင်းလင်း ကြားရသည်။

“ဝမ့်ရင်း၊ ဝမ့်ရင်း။ ထပြီး တစ်ချက်လောက် ကြည့်ပါဦး။ ပညာတက် လူငယ်အဖွဲ့ရဲ့အိမ် ပျက်စီးသွားလို့။”

ဝမ့်ရင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အတွက် သူမက အိပ်မက် မက်နေတယ်ဟုတောင် သူမက ထင်နေခဲ့သည်။ သူမက အိပ်ငိုက်ငိုက်နှင့် မေးလိုက်သည်။ “ဘာပျက်စီးတာလဲ။”

ရှုရွှမ်းက မျက်မှောင်ကြုတ်လိုက်သည်။ အိပ်နေရင်း အနှိုးခံရတာကို ဘယ်သူကမှ သဘောကျလိမ့်မည် မဟုတ်ပါ။ သို့သော် သူက စောစောထပြီး ချက်ချင်း တုံ့ပြန်ကာ ဝမ့်ရင်းကို အနည်းငယ် လှုပ်လိုက်သည်။

ဝမ့်ရင်းသည် အပြင်က ပညာတတ် လူငယ်တွေရဲ့ စခန်းဟာ ပျက်စီးသွားတာကို ကြားလိုက်ရသည့်အခါ မြန်မြန်ပဲ ထလိုက်သည်။

သူတို့နှစ်ယောက်လုံးက အင်္ကျီတွေ ဝတ်လိုက်ပြီး တံခါးဖွင့်လိုက်တာနဲ့ ဘာလို့လဲဆိုတာ သိခဲ့ကြသည်။

အခုတော့ အပြင်မှာ မိုးသီးတွေ ကြွေနေသည်။

မိုးသီးတွေက အခုချိန်မှာ သေးတယ်ဆိုသော်လည်း မြေပေါ်မှာတော့ ကြက်ဥအရွယ် မိုးသီးတွေက မြေပေါ်မှာ ကျနေခဲ့သည်။ ဒါဟာ လူနာပြက္ခဒိန်ရဲ့ တတိယလဖြစ်ပြီး ဂျုံပင်တွေကိုလည်း လယ်ကွင်းထဲမှာ စိုက်ပျိုးပြီး ပျိုးစေ့တွေကိုလည်း ကျဲချထားပြီး ဖြစ်သည်။ သို့သော် ဒီလောက်အရွယ်ရှိသော မီးသီးတွေက ကျလာခဲ့သည်။

ဝမ့်ရင်းသည် ချက်ချင်းပဲ ဒီကိစ္စရဲ့ အတိမ်အနက်ကို သဘောကျသွားခဲ့ပြီး ရှုရွှမ်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

အိမ်မှာ ဘာထီးမှ မရှိသည့်အတွက် ရှုရွှမ်းက ဝမ့်ရင်းအတွက် သစ်သားပြားလေး တစ်ပြားကို ရှာပေးခဲ့သည်။ အစတုန်းက အဲ့ဒါကို အိမ်ထဲမှာ အဝတ်လှမ်းရန် သုံးဖို့အတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အခုဆိုရင် အဲ့ဒါကို သုံးဖို့ အချိန် မရှိတော့ပါ။

ဝမ့်ရင်းက သစ်သားပြားကို ကိုင်ပြီး အပြင်ကို ထွက်ခဲ့သည်။ တံခါးလာခေါက်နေသူမှာ အဖွဲ့ထဲမှ အဖွဲ့သားတစ်ယောက် ဖြစ်သည်။ သူက ဝမ့်ရင်း အပြင်ထွက်လာတာကို မြင်တဲ့အခါ စိုးရိမ်တကြီး ပြောပြခဲ့သည်။ “ငါတို့ တပ်မဟာထဲမှာ ပျက်စီးသွားတဲ့နေရာ တစ်ခုမက ရှိတယ်။ အဆိုးဆုံး နေရာကတော့ ပညာတတ် လူငယ် စခန်းပဲ။ တပ်မဟာမှူးနဲ့ တပ်ခွဲမှူးတွေက အဲ့နေရာမှာ စောင့်နေတယ်။ သူတို့ ပြောတာကတော့ အပျက်အစီးတွေထဲမှာ ပိတ်မိနေတဲ့ ပညာတတ် လူငယ် နှစ်ယောက် ရှိတယ်တဲ့။ အခု သူတို့ကို ဆွဲထုတ်နေကြတယ်။ ငါ မင်းနဲ့အတူ သွားပြီး အခြေအနေတွေကို သွားစစ်ချင်တယ်။”

ထိုစကားကို ပြောပြီးနောက် တစ်ဖက်လူက မြန်မြန် ထွက်သွားခဲ့သည်။ “ခေါင်းဆောင်က တစ်ဖွဲ့လုံးကို ကြည့်ထားဖို့လည်း ငါ့ကို ပြောထားတယ်။ အဲ့ဒါကြောင့် ငါအရင် သွားပြီ”

ဝမ့်ရင်းက သစ်သားပြားနှင့် ဆေးသေတ္တာကို ကိုင်ပြီး ထွက်သွားဖို့ ပြင်ဆင်ခဲ့သည်။ ရှုရွှမ်းကလည်း နည်းနည်းလေး ပိုထူသည့် သစ်သားပြားကို ရှာပေးကာ ပြောခဲ့သည်။ “မင်း အရင်သွားနှင့်။ တောင်ရဲ့ အနောက်ဘက်ကို စစ်ပေးဖို့ ကိုယ် မင်းကို ကူညီပေးမယ်။”

ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ သူမကလည်း အဲ့ဒါကို ပြောချင်နေခဲ့သည်။ ချမ့်ကျွီဟွာနှင့် ချမ့်ရှုဖန်းတို့ကလည်း အိမ်ဟောင်းများတွင် နေထိုင်ကြသည်။ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်…

“ကျွန်မကို မပူနဲ့။ အမေ အဆင်ပြေလားဆိုတာ ကျွန်မ သွားကြည့်လိုက်မယ်။ အစ်မကျွီဟွာကိုပဲ သွားကူညီလိုက်။ တစ်ယောက်ယောက်က အကူအညီ တစ်ခုခု လိုရင် ကျွန်မကို ခေါ်လိုက်။”

သူတို့နှစ်ယောက်က မြန်မြန်ပဲ ခွဲသွားခဲ့ကြပြီး ဝမ့်ရင်းက အရင်ဆုံး အမျိုးသမီးကြီး မစ္စရှုထံ သွားခဲ့သည်။

ကံကောင်းစွာဖြင့် အမျိုုးသမီးကြီး မစ္စရှုက အသက်ကြီးပြီး အအိပ်နည်းသည်။ ထို့ကြောင့် သူမက အပြင်ဘက်မှ ဆူညံသံများကို ကြားတာ ကြာလှပြီ ဖြစ်ပြီး ရှုမိသားစုရဲ့ အခန်းတွေက အဆင်ပြေသည်။ အိမ်အိုကြီးရဲ့ တိုင်တွေက အနည်းငယ်သာ ကျိုးသွားပြီး အမျိုးသမီးကြီး မစ္စရှုက အုတ်အိမ်တွင် နေထိုင်သည့်အတွက် ဒါက ပြဿနာကြီး တစ်ခုတော့ မဟုတ်ပါ။

ဝမ့်ရင်းက ချက်ချင်းပဲ စိတ်သက်သာရာ ရသွားခဲ့ပြီး အမျိုးသမီးကြီး မစ္စရှုအား အပြင်မထွက်ရန် ပြောခဲ့သည်။ ထို့နောက် သူမက သစ်သားပြားကို ကိုင်ကာ ပညာတတ် လူငယ်စခန်းကို သွားခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ပညာတတ် လူငယ်စခန်းတွင် လူအနည်းငယ်သာ ရှိသည်။ သူတို့ထဲက လူအများစုက ဝမ့်ရင်းလိုပဲ သစ်သားပြားကို ကိုင်ကာ အပြင်မှာ ရပ်နေကြသည်။

အဲ့ဒီ့မှာ အစတုန်းက အခန်း ခုနစ်ခန်းရှိသည်။ သို့သော် အဲ့ထဲရှိ နှစ်ခန်းမှာ မပျက်စီးပေမယ့် အထဲမှာ ဘယ်သူကမှ ဝင်မရပ်ရဲဘဲ အိမ်ကြီး ပြိုကျပြီး သူတို့အပေါ် ထိခိုက်မိမှာကို ကြောက်နေခဲ့သည်။

ဝမ့်ရင်း ရောက်လာသည့်အခါ ထျန်းယိုဖုနှင့် စုန့်တာကွေ့တို့က မကူညီနိုင်ဘဲ သက်ပြင်းချကာ နေခဲ့ကြသည်။

ရုတ်တရက် မိုးသီးကြွေကျတာကို တကယ် မျှော်လင့်မထားခဲ့ပါ။ လယ်ကွင်းထဲရှိ စိုက်ခင်းများ၊ အိမ်တွေရဲ့ ထောက်တိုင်များနှင့် မွေးမြူရေးခြံ…. အားလုံးကို စိုးရိမ်နေရသည်။ သို့သော် လူတွေ လုံခြုံနေသ၍ အရာ အားလုံးက အသေးအမွှား ကိစ္စများသာ ဖြစ်သည်။

“ဝမ့်ရင်း၊ မြန်မြန်လုပ်ပြီး လာကြည့်ပါဦး။ ကျန်းလိရဲ့ လက်က ပိသွားတယ်။ ယုဖမ်းချန်ကလည်း အခုထိ မနိုးသေးဘူး။”

ဝမ့်ရင်းက ရောက်လာပြီး အရင်ဆုံး ယုဖမ်းချန်ကို တစ်ချက် ကြည့်ပေးခဲ့သည်။ ကျန်းလိက ဘေးကနေ အော်လိုက်သည်။ “ငါ့လက် ကျိုးသွားပြီ။ ငါ့လက် ကျိုးသွားပြီ။ အရင်ဆုံး ငါ့ကို မြန်မြန် ကြည့်ပေးပါဦး။”

ဝမ့်ရင်းသည် ထိုအချိန်တုန်းက သူတို့နှင့် ပြန်ပြီး စကားပြောဖို့ ခွန်အားလည်း မရှိတော့ဘဲ တိုက်ရိုက် ပြောခဲ့သည်။ “ပါးစပ် ပိတ်ထားကြ”

သူက ယုဖမ်းချန်ကို အရင်ဆုံး ကြည့်ပေးခဲ့ပြီး စိတ်သက်သာရာ ရသွားပြီး သက်ပြင်း ချခဲ့သည်။ “သူက အဆင်ပြေတယ်။ ဒီတိုင်း မူးလဲသွားတာ။ အပြင်ဒဏ်ရာကလည်း နည်းနည်းပဲ ရှိတာ။ သူ့ကို ဝေးဝေး ခေါ်သွား။ ပြီးရင် သူ နိုးလာမှ ဆေးပေးလိုက်။”

ကျန်းလိက ဝမ့်ရင်း ပြန်အော်တာကို ခံခဲ့ရသည်။ သူက အတော်လေး ဒေါသထွက်ခဲ့ရသော်လည်း သူ့လက်က အင်မတန် နာနေခဲ့သည်။ သူက ဒုက္ခိတ ဖြစ်သွားမှာကို စိုးရိမ်နေသည့်အတွက် ထိုအချိန်မှာ ဆရာဝန်ကို လေသံမာမာ တစ်ခွန်းမှ မပြောရဲခဲ့ပါ။ သူက ဘေးကနေ စိတ်မသက်မသာ ထိုင်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ဝမ့်ရင်းက သူနှင့် မပတ်သက်ခဲ့ပါ။ သူမက အဲ့နေရာကို နှစ်ခါ ကိုင်ကြည့်လိုက်သည့်အခါ ပြဿနာက ဘာလဲဆိုတာ သိခဲ့ရသည်။ “အဲဲဒါက အဆစ်လွဲသွားတာ။”

ဝမ့်ရင်းက မိုးသီးကြွေတာ ရပ်သွားပြီး မိုးတွေ စရွာတာကို မြင်တဲ့အခါ အကြံပေးခဲ့သည်။ “အစည်းဝေး ခန်းမဆီ သူတို့ကို ရွှေ့ပေးလိုက်ကြ။ ယုဖမ်းချမ်ရဲ့ ဒဏ်ရာတွေကို ကုသဖို့ လိုသေးတယ်။”

ဒါက အဆစ်လွဲတယ်ဆိုတာ ကြားတဲ့အခါ ကျန်းလိက စိတ်သက်သာရာ ရသွားခဲ့သည်။ သူက အရင်ဆုံး သူ့ရဲ့လက်ကို အဆစ် ပြန်တည့်ပေးရန် ဝမ့်ရင်းကို ပြောချင်ခဲ့သည်။ သို့သော် ဝမ့်ရင်းက ယုဖမ်းချန်ကို သယ်ရင်း အလုပ်ရှုပ်နေတာကို တွေ့ခဲ့ရသည်။ ဒီတစ်ကြိမ် သူမကို သွားနှောက်ယှက်မိပါက သူမက သူ့ကို သေချာပေါက် လည်ပင်းထညှစ်တော့မည်ကို သိနေခဲ့သည်။ ထို့ကြောင့် သူက ချက်ချင်းပဲ ဝမ့်ရင်း ပြောသည့်အတိုင်း အစည်းအဝေး ခန်းမသို့ ချက်ချင်းပဲ လိုက်သွားခဲ့သည်။

နောက်ဆုံးမှာတော့ ထျန်းယိုဖုက ထိုလူ အဆင်ပြေတာကို အတည်ပြုပြီးနောက် ရွာကို ချက်ချင်းပဲ သွားခဲ့သည်။ “ဝမ့်ရင်း၊ အရင်ဆုံး အတွင်းရေးမှူးကို ကူညီပေးလိုက်ဦး။ ငါက ဒဏ်ရာရတဲ့သူ ရှိသေးလားဆိုတာ သွားကြည့်လိုက်မယ်။ ပြီးတော့ ရှိတယ်ဆိုရင် ဒီကို သယ်လာခဲ့မယ်။”

ဝမ့်ရင်းက မျက်နှာပေါ်ရှိ မိုးရေတွေကို သုတ်ခဲ့သည်။ “ကောင်းပြီလေ။”

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၀၆

စုန့်တာကွေ့က ပညာတတ် လူငယ်များကို သုံးယောက်တစ်ဖွဲ့ ဒါမှမဟုတ် လေးယောက်တစ်ဖွဲ့ သွားဖို့ ပြောခဲ့ပြီး ကျန်းလိနှင့် ယုဖမ်းချန်ကို အစည်းဝေးခန်းထဲတွင် ထိုင်ဖို့အတွက် ပို့ပေးခဲ့သည်။

ဝမ့်ရင်းက အရက်ပြန်ကို ယူပြီး ပညာတတ် လူငယ်တစ်ယောက်ကို ကမ်းပေးလိုက်သည်။ “မင်းက ယုဖမ်းချန်ရဲ့ အပြင်က ဒဏ်ရာတွေကို ကုပေးလိုက်။ အရင်ဆုံး အနာဘေးနားမှာ ဘာပြဿနာမှ မရှိတာ သေချာအောင်လုပ်။ ပြီးရင် အနာကို အရက်ပြန်နဲ့ ပိုးသတ်လိုက်။ အခြားသူတွေမှာ ပြင်ပ ဒဏ်ရာ ရလာရင်လည်း ဒီနည်းအတိုင်းပဲ ကုပေးလိုက်။”

ပညာတတ် လူငယ်များသည် ညသန်းခေါင်ကြီး မိုးသီးကြွေကာ သူတို့ရဲ့အိမ် ပျက်စီးသွားမှာကို သေလုနီးပါး ကြောက်နေခဲ့သည်။ များစွာသော အမျိုးသမီး ပညာတတ် လူငယ်တွေက အချင်းချင်း ဖက်ကာ ငိုနေခဲ့ကြသည်။

အမျိုးသား ပညာတတ် လူငယ်လေးက အရက်ပြန်ကို ယူလိုက်သည်။ နောက်ဆုံးတော့ ဝမ့်ရင်းက ကျန်းလိရဲ့ လက်ကို အချိန်ပေးကာ လုပ်ပေးခဲ့သည်။

ဝမ့်ရင်းက ကျန်းလိရဲ့ လက်ကို ပေါ့ပါးသော လှုပ်ရှားမှုမျိုးဖြင့် ဆွဲလိုက်သည့်အခါ သူက ဆက်ခနဲသာ နာလိုက်ရပြီး ချက်ချင်းပဲ ပြန်ဆက်သွားခဲ့သည်။

ဝမ့်ရင်းက သွားခွင့်ပြုလိုက်သည်။ “အခု နင့်လက်က ကောင်းသွားပြီ။ နောက် ရက်နည်းနည်းလောက် အလေးမတာတွေကို ဂရုစိုက်”

ဝမ့်ရင်းသည် အစတုန်းက သူမကို မေးခွန်းတွေ ထုတ်ခဲ့တဲ့ ကျန်းလိကို ထားခဲ့သည့်အခါ ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။

ပထမဆုံး သူရောက်တဲ့ နေ့ကတည်းက ဝမ့်ရင်းကို မေးခဲ့သည့် မေးခွန်းက သူ့ရဲ့ နားထဲမှာ ပဲ့တင်သံ ထပ်နေခဲ့သည်။ ဘယ်သူကမှ သူ့ကို ပြဿနာ မရှာသော်လည်း ကျန်းလိကိုက အတော်လေး စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

သူစိတ်မသက်မသာ ဖြစ်နေတာကို ဝမ့်ရင်းက ဂရုမစိုက်ခဲ့ပါ။ သူမက လူနာတွေကို နှလုံးခုန် တိုင်းပေးရင်း၊ စစ်ဆေးပေးရင်းနှင့် အလုပ်ရှုပ်နေခဲ့သည်။ ဒါက အသေးစား မိုးသီးကြွေတာသာ ဖြစ်သော်လည်း နဖူးပေါ်ကို ပြုတ်ကျလို့ ထိမိတာမျိုးကတော့ အတော်လေး နာကျင်ရလိမ့်မည်။

များစွာသော အမျိုးသမီး ပညာတတ် လူငယ်များက ငိုနေခဲ့ကြပြီး သူတို့ကို တစ်ချက်လောက် ကြည့်ပေးဖို့ တောင်းဆိုခဲ့ပြီး သူတို့ရဲ့ခေါင်း ထိထားတယ်ဟုလည်း ပြောခဲ့ပြသည်။

ဝမ့်ရင်းက တစ်ယောက်ချင်းစီကို စစ်ဆေးပေးခဲ့သည်။ သူမက ပိုင်လင်းဟုခေါ်သော ပညာတတ်လူငယ်ကို တွေ့သည့်အခါ သူမက ပါးစပ်ကို အုပ်ပြီး အနည်းငယ် ချောင်းဆိုးနေသော်လည်း ဝမ့်ရင်းက သူမကို အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် ကြည့်ပြီးနောက် သွေးပေါင် ချိန်ပေးခဲ့သည်။

ပညာတတ်လူငယ် ပိုင်လင်းသည် အလွန် အားနည်းပြီး မူးလဲမည့် သူမျိုးလည်း ဖြစ်ဟန်မတူပါ။

ဒီညကို ဥပမာထားလိုက်။ တစ်ခြား ပညာတတ် လူငယ်တွေက ဒဏ်ရာကပြီး ကြောက်နေကြတာ။ ပြီးတော့ အချို့တွေက နေ့ပိုင်းဆို လယ်ထဲဆင်းပြီး အလုပ် လုပ်ဖို့ ကြိုးစားနေကြတာ။ အဲ့ဒါကြောင့် သူတို့ထဲမှ အချို့တွေက ကျန်းမာကြတယ်။ ဒါပေမယ့် သူတို့မှာ ပြင်ပဒဏ်ရာ ဘာတစ်ခုမှ မရှိဘဲ ကျန်းမာရေးလည်း ကောင်းကြသည်။

ဝမ့်ရင်းရဲ့ အဓိပ္ပါယ်ရှိသော အကြည့်က ပိုင်လင်းကို စိတ်မသက်မသာ ဖြစ်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သော်လည်း သူမက ညှင်သာစွာပဲ မေးခဲ့သည်။ “ဆရာ၊ ကျန်းလိ အဆင်ပြေရဲ့လား။”

ဝမ့်ရင်းသည် သူမဘေးနားရှိ ခေါင်းငိုက်စိုက်ကာ မတ်တပ်ရပ်နေသော ကျန်းလိကို လက်ညှိုးထိုးကာ ပြောပြခဲ့သည်။ “သူက နိုးနေပါပြီ။ ကိုယ့်ဘာသာပဲ သွားမေးလိုက်ပါ။”

သူမက ထိုအရေးမကြီးတဲ့ အမျိုးသမီး ပညာတတ် လူငယ်က ဘာတွေ စီစဥ်နေလဲ ဆိုတာကို စိတ်မဝင်စားပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ သူမက ဆရာဝန် တစ်ယောက်သာ ဖြစ်သည်။

ပညာတတ် လူငယ် တစ်ဖွဲ့ကို ကုသပေးပြီးနောက် ထျန်းယိုဖုက ခေါင်းကို ထိထားသော ကလေးတစ်ယောက်နှင့် ရောက်လာခဲ့သည်။

“ဒါက ငါထင်ထားတာထက် ပိုကောင်းတယ်။ လူငယ် ပညာရေး စခန်းအပြင် အိမ် နည်းနည်းလောက်ပဲ ခေါင်မိုးတွေက ပျက်စီးသွားတာ။ ပြီးတော့ ကျန်တာတွေက အိမ်တိုင်တွေပဲ ထိသွားကြတာ။”

ထျန်းယိုဖုက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ အိမ်တွေမှာ ပြဿနာရှိလား လိုက်ကြည့်တာအပြင် သူက လယ်ထဲကိုလည်း သွားခဲ့သည်။

သူတို့ရဲ့ တပ်မဟာထဲရှိ ဂျုံခင်းများသည် အစောပိုင်းထဲက စိုက်ပျိုးထားခဲ့ပြီး အချို့ ပျိုးပင်တွေက ကျဲထားပြီးပြီ ဖြစ်သည်။ ပျိုးစေ့ အသစ်တွေ အားလုံးဟာ ရုတ်တရက် မိုးသီး ကြွေကျသည့်အတွက် ပျက်စီးသွားခဲ့ရသည်။

ဒါပေမယ့် သူတို့တွေ အချိန်တော့ မလွန်သေးပေ။ အပင်တွေ ပြန်စိုက်ဖို့ကလည်း နောက်မကျသေးချေ။

ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့သားတွေ စိုက်ထားတဲ့ ဂေါ်ဖီတွေ၊ မုန်လာဥတွေက ထုံးစံအတိုင်းပဲ မျိုးစေ့ချပြီးပြီ။ အဲ့တော့ ဒီဟာတွေကို ထပ်ပြီး သုံးလို့မရတော့ပေ။ ဒီအဓိပ္ပါယ်က မျိုးစေ့တွေ တစ်သုတ်လောက်က အလကား ဖြစ်သွားပြီ။ ပြီးတော့ အဲ့ဒါတွေက ဒီနွေဦးနဲ့ နွေရာသီမှာ ရှင်မှဖြစ်မည်။

ဝမ့်ရင်းက သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ “သူ အဆင်ပြေတယ်ဆိုတာက ကောင်းချီး တစ်ခုပါပဲ။”

ထျန်းယိုဖုက မနေနိုင်ဘဲ သူ့ခါးမှာရှိတဲ့ ဆေးလိပ်ကို ယူလိုက်သော်လည်း အဲ့ဒါကို ရှာမတွေ့ခဲ့ပါ။ ထို့နောက် သူ့ကို ခေါ်တုန်းက ပြေးထွက်လာခဲ့ပြီး အိမ်မှာ ကျန်ခဲ့တာကို သတိရသွားခဲ့သည်။

“ကျွတ်၊ ငါ တွေးနိုင်တာ ဒါအကုန်ပဲ။”

လယ်သမားကြီးတွေက အဲ့လိုပဲ။ သူတို့က စားဖို့အတွက် ရာသီဥတုအပေါ်မှာပဲ မှီခိုကြတာ။ တကယ်လို့ ရာသီဥတုက သူတို့ကို စားဖို့ ထမင်း တစ်ပန်းကန်လောက် မပေးဘူးဆိုရင် သူတို့တွေ ငတ်ကုန်ကြလိမ့်မည်။

အဲ့ဒါကြောင့် လူတိုင်းက မြို့ကိုပြောင်းဖို့ အကောင်းဆုံး လုပ်နေကြတာပင်။ မြို့က ဘဝတွေ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သူတို့မှာ လစာ အတည်တကျရပြီး ရေကြီးတာတွေ၊ ရေလျှံတာတွေကို သေချာ စီစဥ်ထားလို့ ရသည်။

ထျန်းယိုဖုက ပညာတတ် လူငယ်များကို မိုးတိတ်သွားသည့်အခါ ပြန်သွားပြီး အိမ်အောက်မှာ မပျက်စီးသွားသော ပစ္စည်းများကို သွားယူရန် ပြောခဲ့သည်။ ထို့နောက် အမျိုးသား ပညာတတ် လူငယ်များအား ညဘက် နေထိုင်ဖို့အတွက် စားပွဲများ၊ ခုံများကို အတူတူ ထားထားရန် ပြောခဲ့သည်။

ဝမ့်ရင်းသည် သူမရဲ့ အိတ်ဆောင်နာရီကို မယူလာခဲ့သည့်အတွက် အခုဟာ မနက် လေးနာရီ ကျော်နေပြီဟုသာ ခန့်မှန်းခဲ့သည်။ လူတိုင်းက ပင်ပန်းနေခဲ့ကြသည်။ ပြဿနာ အရှာဆုံး ကျန်းလိကတောင် ဘာအင်အားမှ မရှိတော့ဘဲ ဘေးနားတွင် ပင်ပန်းစွာ ထိုင်နေခဲ့သည်။

ထျန်းယိုဖုက ရုတ်တရက် အစပြုလိုက်သည့်အခါ လူတွေအတွက် လုပ်ငန်းများကို စီစဥ်ပေးခဲ့သည်။ “ဝက်တွေ”

သူသည် တပ်မဟာထဲက လူတွေကို သွားတွေ့ဖို့ သတိရသော်လည်း ချမ့်ကျွီဟွာ မွေးထားသော ဝက်တွေကိုတော့ မေ့နေခဲ့သည်။

ဝမ့်ရင်း - “အဲဲဒါက အဆင်ပြေပါတယ်။ အဲ့ကို ရှုရွှမ်း သွားကြည့်တယ်။ အဲ့မှာသာ ပြဿနာ တစ်ခုခု ရှိနေရင် သူ ပြန်လာတာ ကြာလှပြီ။”

ထျန်းယိုဖုက စိုးရိမ်နေဆဲ ဖြစ်သည်။ ထိုဝက်ခြောက်ကောင်နှင့် သိုးနှစ်ကောင်က တပ်မဟာရဲ့ အရေးကြီးတဲ့ တာဝန်တွေပဲ။ သူတို့က တန်ဖိုးလည်း ကြီးတယ်။ သူက ဝက်နှင့် သိုးများကို စစ်ဆေးဖို့ ချက်ချင်းပဲ ထသွားခဲ့သည်။

ထိုအချိန်မှာပဲ ရှုရွှမ်းက ရောက်လာခဲ့သည်။ သူက စိုရွှဲနေပြီး ဆံပင်တွေကလည်း ချထားခဲ့သည်။

“သွားဖို့ မလိုတော့ဘူး။ ဝက်ခြံနဲ့ သိုးခြံက အဆင်ပြေတယ်။ အမိုးလေးပဲ နည်းနည်း ပျက်စီးသွားတာ။ ကိုယ်တို့တွေ နောက်မှ ပြန်ပြင်လို့ရတယ်။”

ရှုရွှမ်းက စကားပြောပြီး ဝမ့်ရင်းကို ခေါင်း အသာလေး ငြိမ့်ပြခဲ့သည်။ ဝမ့်ရင်းက စိတ်သက်သာရာ ရသွားခဲ့ပြီး ချမ့်ရှုဖန်းမှာ ဘာပြဿနာ ကြီးကြီးမားမား တစ်ခုမှ ရှိပုံ မရဘူးဟု တွေးခဲ့သည်။

ညတစ်ဝက်လောက် အလုပ် လုပ်ပြီးနောက် ဝမ့်ရင်းက ပင်ပန်းသွားသည့်အတွက် ရှုရွှမ်းက သူမကို ပြန်ခေါ်သွားခဲ့သည်။ လမ်းတွေက လျှောက်ဖို့ ခက်ခဲသည့်အတွက် ရှုရွှမ်းက ဝမ့်ရင်းကို သူ့ရဲ့ ကျောပေါ်ကနေ ကုန်းပိုးသွားခဲ့သည်။

အိမ်ကို ပြန်လာပြီးနောက် သူက သတိလစ်နေသည့် ဝမ့်ရင်းရဲ့ မျက်နှာကို သစ်ပေးပြီး နှစ်ယောက်လုံး ဖက်ကာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ မနက် အစောပိုင်းတွင် အဖွဲ့သားတိုင်းက သလင်းပြင်ပေါ်မှာ လာရောက် စုဝေးခဲ့ကြပြီး အစီစဥ်များအတွက် တပ်ခွဲမှူးနှင့် အဖွဲ့ခေါင်းဆောင်ကို စောင့်နေကြသည်။

မြေပြင်ကို မိုးသီးများက ဖုံးနေဆဲ ဖြစ်သည်။ မြေပေါ်က ဘယ်နေရာကို သူတို့ သွားလို့ ရလို့လဲ။

အဲ့အရွယ်က အချို့သူတွေသည် သူတို့ ကောင်းကောင်း မစားသောက်ခဲ့ရသည့် ခက်ခဲသော အချိန်များကို သတိရခဲ့သည်။ သူတို့က လယ်ကွင်းတွေ အခုလို ဖြစ်သွားတာကို မြင်တဲ့အခါ စတင် ငိုကြွေးခဲ့ကြသည်။

ဒါဟာ ဝမ့်ရင်းနှင့် ရှုရွှမ်း ရောက်လာတုန်းက မြင်ခဲ့ရသည့် မြင်ကွင်းဆိုတာ သေချာသည်။ လူတိုင်းက ကျိန်စာတစ်ခုအောက် ရောက်နေသလို ဖြစ်နေခဲ့သည်။ ပညာတတ် လူငယ်များက အတူတူ ဖက်ထားခဲ့ကြပြီး တပ်မရှိထဲရှိ အဖွဲ့သားတွေကလည်း သုံးယောက်တစ်စု၊ လေးယောက်တစ်စု စုနေခဲ့သည်။ လူတိုင်းရဲ့ စိတ်တွေကတော့ အဆင်ပြေမနေခဲ့ပါ။

ထျန်းယိုဖုက မျက်ကွင်းတွေ ညိုနေခဲ့ပြီ ဖြစ်သည်။ သူသည် မနေ့ညတုန်းက မအိပ်ရသေးဘဲ တစ်ညလုံး အနီးအနားရှိ တပ်မဟာတွေ အများကြီးကို သွားနေခဲ့ရသည်။ သူတို့ တပ်မဟာဘေးရှိ လေးခုနှင့် ငါးခုမြောက် တပ်မဟာကတော့ သိပ်ပြီး အဆင်မပြေပါ။ လူတွေ အများကြီးက တစ်တွဲစီ စုနေခဲ့ကြပြီး သူတို့တွေ တစ်ယောက်ချင်းစီက ဆုံးရှုံးမှု များစွာကို ခံစားခဲ့ရသည်။ သူက ညကျမှ တပ်မဟာထဲကို လာခဲ့ပြီး တပ်မဟာထဲမှာ အလင်းရောင်အတိ ပျောက်ကွယ်နေခဲ့သည်။

တပ်မဟာ ခေါင်းဆောင်များက အတော်လေး အလုပ်ရှုပ်နေခဲ့ကြပြီး ထျန်းယိုဖုရဲ့ အစီရင်ခံစာကို ဘေးဖယ်ထားကာ ခုနစ်ခုမြောက် တပ်မဟာက ဆုံးရှုံးမှု အနည်းဆုံး ခံစားခဲ့ရတယ်ဟု ပြောခဲ့သည်။ အခြား တပ်မဟာထဲမှာတော့ လူတွေ သေခဲ့ကြသည်။ ထို့ကြောင့် သူ့ကို ပြန်သွားပြီး သတင်းတွေ စောင့်နေဖို့ကိုသာ ပြောခဲ့သည်။

စာကို စောင့်နေတာလား။

ထျန်းယိုဖုက အတော်လေး စိတ်ပူနေခဲ့သည်။ နွေရာသီ ပျိုးစေ့ခင်းတွေ အကုန်လုံးကလည်း ပျက်စီးသွားခဲ့သည်။ သူက ဘယ်လိုလုပ် စောင့်နိုင်မှာလဲ။ တကယ်လို့ သူသာ ရလဒ်ကို စောင့်နေမယ်ဆိုရင် သူက နွေဦးမှာ ပျိုးပင်တွေ စိုက်ပျိုးဖို့ လွတ်သွားလိမ့်မယ်။

ထျန်းယိုဖု ပြန်လာပြီးနောက် သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စုန့်တာကွေ့နှင့် ဆွေးနွေးခဲ့သည်။

“ငါတို့တွေ ဒီနေ့လည်း ထုံးစံအတိုင်းပဲ လယ်ထဲသွားပြီး အရည်မပျော်သေးတဲ့ မိုးသီးတွေကို သွားလွှင့်ပစ်ကြမယ်။ ပြီးရင် မိုးသီး ဘယ်လောက်လောက် ကြွေပြီး အပင်တွေ စိုက်ပျိုးဖို့ လိုလဲဆိုတာ ခန့်မှန်းကြည့်။”

ထျန်းယိုဖုက အရေးကြီးဆုံး ကိစ္စကို ဖြေရှင်းဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ အဲ့ဒါကတော့ နွေရာသီမှာ စိုက်ခင်းတွေ ပြန်စိုက်ဖို့ပဲ။ သူသာ အခုချိန် ပြန်မစိုက်ခဲ့ပါက ဆောင်းတွင်းမှာ အစာရေဆာ ပြတ်လပ်သွားကြမည် ဖြစ်သည်။

အဖွဲ့သားများသည် အစတုန်းက စိုးရိမ်နေကြသော်လည်း ထျန်းယိုဖုက အတော်လေး တိတိကျကျ ပြောပြသည့်အတွက် လူတိုင်းက စိတ်သက်သာရာ ရသွားကြသည်။

ဘာတွေပဲ ဖြစ်နေပါစေ၊ ဘဝကိုတော့ ရှေ့ဆက်ရမည် ဖြစ်သည်။ ကံကောင်းစွာဖြင့် မိုးသီးတွေ ကြွေကျပေမယ့် လယ်ကွင်းထဲမှာ အပင်တွေ ပြန်စိုက်လို့ ရသေးသည်။ တကယ်လို့ အဲ့ဒါသာ ဂျုံခင်းတွေ မရိတ်သိမ်းခင် ဇွန်လ ဒါမှမဟုတ် ဂျူလိုင်လမှာသာ ဖြစ်ခဲ့ရင် ငါတို့တွေ လုံးဝကို ရိတ်သိမ်းလို့ မရတော့ဘူး။

ကျန်တဲ့ အဖွဲ့သားများကို နှစ်သိမ့်ပေးပြီးနောက် ထျန်းယိုဖုက ပြဿနာကို ပညာတတ် လူငယ်များနှင့် တိုင်ပင်တော့မည် ဖြစ်သည်။

“ဒါက ဒီလိုရှိတယ်။ ဘာလို့လဲဆိုတော့ ပညာတတ် လူငယ်တွေကို နေရာချထားတဲ့ နေရာက ပျက်စီးပြီး ပြိုကျသွားပြီ။ အဲ့ထဲမှာ သိပ်အကြာကြီး နေလို့ရမှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် အခု လူငယ် ၁၆ ယောက်က အဖွဲ့သားတွေရဲ့ အိမ်မှာ လိုက်နေဖို့ လိုတယ်။ အဲ့ဒါကို စိတ်ဝင်စားတဲ့ လူရှိရင် လက်ထောင်ပါ”

ဒါတွေက အတိတ်က အရာတွေသာ ဖြစ်သည်။ တကယ်လို့ တစ်ယောက်ယောက်ကသာ ပညာတတ် လူငယ်တွေကို သူတို့ရဲ့ အိမ်မှာ နေခွင့်ပြုဖို့ ပြောခဲ့ပါက အချို့ လူတွေကသာ ထွက်လာပြီး လက်ထောင်ကြလိမ့်မည် ဖြစ်သည်။

ဘာလို့လဲ။ ဘာလို့လဲဆိုတော့ ပညာတတ် လူငယ်တွေသာ ရွာသားတွေရဲ့ အိမ်မှာ လိုက်နေမယ်ဆိုရင် သူတို့ရဲ့ စားနပ်ရိက္ခာတွေကို ဝေပြီး အတူတူ စားရမည် ဖြစ်သည်။ အဲ့လို လိုအပ်ချက်တွေက ပညာတတ် လူငယ်တွေရဲ့ စားနပ်ရိက္ခာတွေ အပေါ်မှာပဲ မျက်စိကျနေလိမ့်မည်။

တကယ်လို့ ပညာတတ် လူငယ်တွေရဲ့ ရိက္ခာတွေက မလုံလောက်ဘူးဆိုရင် သူတို့က ပြောင်းဂျုံတွေ လဲဖို့အတွက် ပိုက်ဆံ လိုလိမ့်မည်။ ပိုပြီး ရက်ရောတဲ့ ပညာတတ် လူငယ် အချို့က အဆာပြေ စားစရာအချို့ကို ရနိုင်ပြီးတော့ ကလေးရှိတဲ့ မိသားစုတွေက အဲ့ကနေပြီးတော့ အကျိုးအမြတ်တွေ ရနိုင်သည်။

ဒါပေမယ့် အခုတော့……

ပညာတတ် လူငယ်တွေရဲ့နေရာ ပျက်စီးပြီးတဲ့နောက် သူတို့ အားလုံးရဲ့ သိမ်းထားတဲ့ စားစရာတွေက အထဲမှာ ပါသွားပြီ။ ပညာတတ် လူငယ်တွေရဲ့ ခေါင်းဆောင် ယန်ဟုန်က ဒုတိယ ညဝက်မှာ အဲ့ဒါတွေကို တူးဖို့ လူတွေ စုလိုက်သော်လည်း သူတို့က အဲ့ဒါရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ တူးယူနိုင်ခဲ့သည်။

သူတို့ရဲ့ ပညာတတ် လူငယ် စခန်းရဲ့ ပျက်စီးမှုက အခြားအိမ်တွေနှင့် မတူပါ။ အဖွဲ့သား အများစုရဲ့ အိမ်တွေရဲ့ အမိုးမှာ မိုးသီးကြောင့် ဖြစ်သွားတဲ့ အပေါက်တွေ ရှိသော်လည်း သူ့တို့အိမ်ရဲ့ တစပ်မြိတ်ကတော့ မထိန်းနိုင်ခဲ့ပါ။ တကယ်လို့ လူတွေသာ မြန်မြန် မပြေးနိုင်ခဲ့ပါက ထိုလူငယ် အုပ်စုလည်း သေချာပေါက် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။

သူတို့ရဲ့ အထုပ်အပိုးတွေကလည်း ထုတ်ပြီးပြီ ဖြစ်သော်လည်း အဲ့ထဲရှိ ပစ္စည်း အများစုက ပျက်စီးကုန်ပြီ ဖြစ်သည်။

အခြား ပညာတတ် လူငယ် များစွာကလည်း ဒဏ်ရာ ရကုန်ပြီ ဖြစ်သည်။

ထိုအခြေအနေမျိုးမှာ ဘယ်သူကများ သူတို့ရဲ့ ပစ္စည်းတွေကို ပြန်ယူပြီး သူ့ကို ပေးဖို့အတွက် ဆန္ဒရှိပါ့မလဲ။

ထျန်းယိုဖုက အပင်တွေ ပြန်လည် စိုက်ပျိုးဖို့ အကြောင်းကို ပြောနေခဲ့သည်။ အစားအစာတွေကလည်း ကုန်တော့မှာ သေချာနေခဲ့သည်။ ပညာတတ် လူငယ်တွေက ဘယ်ကနေ အစားအစာ ဝေပေးတာကို ရနိုင်မှာလဲဆိုသည့် မေးခွန်းတစ်ခုကတောင် ရှိလာခဲ့သည်။

ပြီးတော့ အခုဆိုရင် သူတို့တွေ အပင် ပြန်စိုက်ရတော့မည်။ သူတို့က ရုတ်ချည်းဆိုသလိုပဲ အလုပ်ရှုပ်သွားကြတာ။ နွေရာသီမှာ အပင်စိုက်တာက ကြီးမြန်သည်။ အဲ့ဒါကြောင့် သူတို့မှာ နားဖို့အချိန် မရှိတော့ဘူး။ သူတို့တွေ ပညာတတ် လူငယ်တွေရဲ့ စခန်းကို ပြန်ပြင်ဖို့အတွက် သြဂုတ်လအထိ စောင့်ရမည်။ သူတို့တွေ ဒီမှာ လေးလနီးပါးလောက် နေရလိမ့်မည်။

ဒီမှာက စားစရာရော၊ ပိုက်ဆံရော ဘာမှ မရှိဘူး။ အဲ့တော့ အချိန်တွေ အကြာကြီး ယူရမှာဆိုတော့ အဖွဲ့သားတွေက ချက်ချင်းပဲ စိတ်ပျက်လာကြသည်။

ထျန်းယိုဖုက စောင့်ပြီးရင်း စောင့်ခဲ့ကြသော်လည်း ဘယ်သူကမှ လက်မထောင်ခဲ့ကြပါ။

ပညာတတ် လူငယ်တွေက ဒေါသထွက်နေခဲ့သည်။ သူတို့အားလုံးက မိုးသီးဖြင့် ထိခဲ့ရပြီး သူတို့ရဲ့ နေရာကလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ သူတို့ရဲ့ စားစရာနှင့် ပိုင်ဆိုင်မှုတွေကလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ပညာတတ် လူငယ် အသစ်တွေက ရောက်တာ တစ်ရက်ပဲ ရှိသေးပြီး သူတို့က ဒီလို အရာမျိုးကို ကြုံတွေ့ခဲ့ရသည်။

အခုဆို သူတို့က အမုန်းခံနေရတာလား။

ယန်ဟုန်က ဒီကိုရောက်တာ ကြာလှပြီ ဖြစ်သည်။ ထို့အပြင် သူမက ဒေါသကို ထိန်းထားသော်လည်း သူမရဲ့ လေသံကတော့ ညင်သာနေဆဲ ဖြစ်သည်။

“ခေါင်းဆောင်၊ ကျွန်မတို့ကို အကြံဉာဏ်လေး ပေးပါဦး။ ကျွန်မတို့က ကျေးလက်ဒေသကို လာကြတဲ့ ပညာတတ် လူငယ်တွေပါ။ ကျွန်မတို့ ပညာတတ် လူငယ် စခန်း ပျက်စီးသွားတဲ့အတွက် ကျွန်မတို့ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ ပြီးတော့ ဒါက သဘာဝ ဘေးအန္တရာယ် တစ်ခုပါ။ ပစ္စည်းတွေ ဆုံးရှုံးရတဲ့အတွက် ကျွန်မတို့တွေ ဘာမှ ပြောလို့ မရပါဘူး။ ဒါပေမယ့် ဒီစားဖို့ ကိစ္စအတွက်ကတော့ ဖြေရှင်းချက် တစ်ခုတော့ ပေးသင့်တယ်။ ပညာတတ် လူငယ် စခန်းကို ပြန်ပြင်ဖို့က အချိန်ယူရလိမ့်မယ်။ ပြီးတော့ ကျွန်မတို့တွေ ဗိုက်ဟောင်းလောင်းနဲ့တော့ အလုပ်ကို မသွားနိုင်ဘူး။”

အဖွဲ့သားတွေက ဘာတစ်ခုမှ မတုံ့ပြန်ခဲ့ပါ။ အကြောင်းမှာ သူတို့ အားလုံးက ရိက္ခာ ကိစ္စနှင့် ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ပညာတတ် လူငယ်တွေရဲ့ ရိက္ခာက မညီမမျှ ဖြစ်နေခဲ့သည်။

ပညာတတ် လူငယ် အသစ်တွေရဲ့ ရိက္ခာကတော့ မဆိုးလှပါ။ သူတို့သည် မနေ့တုန်းက ငါးကီလိုဂရမ်ကို ရခဲ့သည့်အတွက် ဆုံးရှုံးရတာတွေက မဆိုးပါ။ ပညာတတ် လူငယ် အဟောင်းတွေ မနှစ်က တရုတ် နှစ်သစ်ကူး မတိုင်ခင်ကတည်းက ရခဲ့ကြသည့်အတွက် ကုန်သွားကြပြီ ဖြစ်သည်။

ကျန်းလိက စိုးရိမ်တကြီး ပြောခဲ့သည်။ “ငါတို့ကို ဖြေရှင်းချက် တစ်ခုတော့ ပေးသင့်တယ်။”

သူ ယူလာတဲ့ အထုပ် အများစုက ပျက်စီးသွားခဲ့သည်။ နေ့လည်စာ ထမင်းဗူးတောင် ပျက်စီးသွားသည်။ စောင်ကလည်း ဗွက်တွေထဲမှာ နစ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် မနေ့ညကအထိ သူ့ရဲ့ နွေးထွေးတဲ့ ကိုယ်ပိုင် အဝတ်တွေကို ဝတ်ပြီး အိပ်နေခဲ့ရသည်။

ကျန်းလိက အတော်လေး စိတ်ဓာတ်ကျလာပြီး အဲ့ဒါကို မခံစားနိုင်တော့ပါ။ သူက သူနှင့်အတူ ပစ္စည်းတွေ အများကြီး မယူလာခဲ့ပါ။ သူတို့က စိတ်အားထက်သန်စွာဖြင့် ပစ္စည်းတွေ အကုန်လုံးကို ယူလာခဲ့သည်။ အခုဆိုရင် သူတို့ အများစု ထွက်သွားကြတာကပဲ သူ့ကို အရမ်း ဒေါသထွက်စေခဲ့သည်။

ပိုင်လိက ခေါင်းငုံ့ပြီး ဘေးနားမှာ ရပ်နေခဲ့သည်။ သူမ ဘာကို တွေးနေလဲဆိုတာ မသိခဲ့ပါ။

မနေ့ညတုန်းက ယုဖမ်းချန် တစ်ယောက်တည်းကသာ ဒဏ်ရာအပြင်းဆုံး ရခဲ့သည်။ ထို့အပြင် သူက သူနှင့်အတူ ပစ္စည်း အများစုကို ယူလာခဲ့သည်။ ပစ္စည်းတွေကို ခက်ခက်ခဲခဲ တူးထုတ်ပြီးနောက် သူက သိပ်ပြီး စကားမပြောချင်တော့ဘဲ အဖွဲ့ကို ရလဒ်တစ်ခု ပေးဖို့အတွက် ဘေးနားတွင်သာ ရပ်နေခဲ့သည်။

All Chapters