← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 9 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 9 Ch. 107-108

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၀၇

ထျန်းယိုဖုက သူ့ရဲ့ စီးကရက် တစ်လိပ်ကို ဖွာလိုက်သည်။ သူက အစည်းအဝေး အတွင်းမှာ ဆေးလိပ်သောက်တာကို သဘောမကျပါ။ အကြောင်းမှာ လေးလေးနက်နက် ရှိတယ်ဟု မတွေးမိသော်လည်း ထိုအချိန်မှာတော့ သူက တကယ်ကို စိုးရိမ်နေခဲ့သည်။

စားဖို့၊ စားဖို့၊ စားဖို့။

တောင်ရဲ့ အနောက်ဘက်က သစ်ဥ၊ သစ်ဖုတွေ မကုန်သွားဘူး ဆိုပေမယ့် သူတို့တွေ ဂျုံပင်တွေ ရိတ်သိမ်းတဲ့အချိန်ထိ အဲ့သစ်ဥ၊ သစ်ဖုတွေကိုပဲ မှီခိုနေလို့တော့ မရဘူး။

လူတွေက အဲ့သစ်ဥ၊ သစ်ဖုတွေပဲ စားရတာ အရမ်း ပင်ပန်းလာကြသည်။ အဲ့ဒါကြောင့် သူတို့မှာ ဘာအင်အားမှတောင် မရှိတော့ပေ အဲ့ဒါကို သူတို့က လယ်ထဲမှာ ဘယ်လိုလုပ် အလုပ်လုပ်နိုင်တော့မှာလဲ။

သို့သော် အဖွဲ့ထဲမှာလည်း စားစရာတွေ သိပ်ပြီး မကျန်တော့ပါ။ ထို့ကြောင့် ထျန်းယိုဖုက အချိန်မှီ စားစရာများကို ဝေငှဖို့အတွက် ကြိုပြီး မှာယူထားရမည် ဖြစ်သည်။ သူက အစာရေဆာ ပြတ်လပ်မှုကို ဖြေရှင်းဖို့ သိုလှောင်ထားသော အစေ့အဆန်များကို မြန်မြန်ပဲ သုံးလိုက်သည်။

ထိုအချိန်မှာပဲ ပညာတတ် လူငယ်ဟောင်းများကို ရိက္ခာများ ခွဲပေးဖို့ ခက်ခဲနေခဲ့ပြီး လူသစ်များကိုတော့ ဒီတိုင်းပဲ ထားလိုက်သည်။

ထျန်းယိုဖုက စိတ်ပျက်စွာ ပြုံးပြခဲ့သည်။ သူသည် အဖွဲ့သားများက ပထမဆုံး ခြေလှမ်းကို မစတင်သည့်အတွက်လည်း သူတို့ကို အပြစ်မတင်နိုင်ခဲ့ပါ။ သူတို့ အားလုံးက အစေ့အဆန်တွေ ရဖို့အတွက် လယ်ထဲမှာ အလုပ်လုပ်ကြရသည်။ သူတို့သည် မနေ့က မိုးသီးကြွေတာကို မြင်ပြီးသည့်အခါ တပ်မဟာထဲမှာ အစားအစာ ဝေမျှဖို့ ခက်ခဲသွားမှာကို သူတို့က ခန့်မှန်းမိခဲ့ကြသည်။

အဲ့ဒါကြောင့်ပဲ ဘာနည်းလမ်းမှ မရှိတော့ပါ။

ထျန်းယိုဖု - “တပ်ရင်းမှူး၊ စာရေးမ၊ ပြီးတော့ ငါတို့ အမျိုးသမီး ခေါင်းဆောင် ဝူကွေ့ဟွာရဲ့ မိသားစုတို့က ပညာတတ် လူငယ် ခုနစ်ယောက်ကို ကူညီပေးလို့ရတယ်။ ငါက တပ်ရင်းမှူးနဲ့ ကျန်တဲ့ ကိုးယောက်အတွက်ကို ဆွေးနွေးလိုက်မယ်။ ငါတို့ စားစရာတွေကို ညီညီမျှမျှပဲ ခွဲပေးမယ်။ ပြီးရင် ဆောင်းဦး ရိတ်သိမ်းချိန် ရောက်လာမှပဲ အဲ့ဒါကို ပြန်လုပ်ကြမယ်။”

ထို့ကြောင့် တပ်သားများကပဲ အဲ့ဒါကို လုပ်နိုင်သည်။

ထျန်းယိုဖုရဲ့ မိသားစုမှာ လူတွေအများကြီး ရှိပြီး အိမ်ကလည်း ကျဥ်းသည်။ သို့သော် ထိုအချိန်မှာပဲ သူက အရင်ဆုံး ထွက်လာပြီး သူ့ရဲ့ အမြင်ကိုသာ ပြောခဲ့သည်။ သို့မှသာ အချိန်ကျတဲ့အခါ ပညာတတ် လူငယ် နှစ်ယောက်က အိမ်ထဲမှာ နေလို့ ရနိုင်သည်။ တပ်ရင်းမှူး စုန့်တာကွေ့ရဲ့ အိမ်ကလည်း လူနှစ်ယောက်သာ လက်ခံနိုင်သည်။ စာရေးမရဲ့ အိမ်ကလည်း အလားတူပဲ ဖြစ်သည်။ ဝူကွေ့ဟွာက တပ်သားသစ် တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် ထျန်းယိုဖုက သူမအတွက် တစ်ယောက်သာ စီစဥ်ပေးနိုင်သည်။

စားနပ် ရိက္ခာအတွက် ဒီမိသားစုရဲ့ လိုအပ်ချက်တွေကို အရင်ဆုံး ဖြည့်စည်းပေးရမည် ဖြစ်သည်။ ဆောင်းဦး ကောက်ရိတ်သိမ်းချိန် ရောက်တဲ့အခါ တပ်မဟာနှင့် ပညာတတ် လူငယ်တွေက တစ်ဝက်စီ ခွဲယူရမည် ဖြစ်သည်။

ဒါပေမယ့် နောက်ပိုင်းကျရင် အဲ့ဒါတွေကို ပြင်လို့ ရသေးတယ်လို့ ပြောဖို့က ဆုံးရှုံးမှုတစ်ခု ရှိနေတုန်းပဲ။ ပြီးတော့ အခုဆိုရင် အိမ်တိုင်းမှာ အပေါက်သေး၊ အပေါက်ငယ်တွေ ဖြစ်ကုန်ကြပြီ။ အထူးသဖြင့် မိုးသီးတွေက နွေရာသီ စိုက်ခင်းတွေကို ဖျက်စီးလိုက်ရုံသာမက မိသားစုတိုင်းရဲ့ ကိုယ်ပိုင် စိုက်ခင်းတွေကိုလည်း ပျက်စီးသွားစေတာ။

မိသားစုတိုင်းက ခက်ခဲလာရပြီး သူတို့ရဲ့ ခါးစည်းကိုတောင် အနိုင်နိုင် ချည်ထားရသည်။

ထျန်းယိုဖုက ဒီကိစ္စကို လူသိရှင်ကြား လုပ်ပါက ဘာအကြောင်းမှ ထူးလာမှာ မဟုတ်တာကို သိနေခဲ့သည်။ ထို့ကြောင့် သူက လူတိုင်းကို အလုပ် ပြန်သွားခိုင်းပြီး တပ်ခွဲမှူးကလည်း အလုပ်ကို လုပ်ဖို့အတွက် တဖြည်းဖြည်း လူတွေကို ရှာခိုင်းခဲ့သည်။

ပညာတတ် လူငယ်တွေကလည်း ထျန်းယိုဖု ပြောတာကို နားလည်ကြသည်။ နောက်ပိုင်းမှာ သူတို့ရဲ့ လစာ တစ်ဝက်လောက် အဖြတ်ခံရမှာ ဖြစ်သော်လည်း သူတို့က စိတ်သက်သာရာ ရပြီး သက်ပြင်းတွေ ချနေဆဲ ဖြစ်သည်။

အဲ့ဒါတော့ ဟုတ်တယ်။ ဒီတစ်ခေါက်တော့ ဒီပညာတတ် လူငယ်တွေက ဆုံးရှုံးမှုတွေ အများကြီးကို ခံစားခဲ့ရသည်။

အဖွဲ့သားတွေက သူတို့ရဲ့ ကိုယ်ပိုင် စိုက်ခင်းတွေကနေ အစေ့တွေ ကောက်ပြီး အလုပ်တွေ ပိုလုပ်ရမယ် ဆိုပေမယ့်လည်း အနည်းဆုံးတော့ သူတို့က အငတ်ဘေး စိုက်ရမှာ မဟုတ်ပေ။

ပညာတတ် လူငယ်ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး နီးပါးကို လုသွားခဲ့ကြသည်။ ထို့အပြင် သူတို့ကို ဘယ်သူကမှ ဂရုမစိုက်ဘူးဆိုရင် သူတို့လည်း အငတ်ဘေး စိုက်ကြမည် ဖြစ်သည်။

ထျန်းယိုဖုက အသေးစိတ် ဆွေးနွေးဖို့အတွက် ပညာတတ် လူငယ်များ အားလုံးကို ထားခဲ့လိုက်သည်။ ပညာတတ် လူငယ် အဟောင်းများနှင့် အသစ်များ အကြားမှာ မတူညီတဲ့ အခြေနေများ ရှိကြပြီး ပညာတတ် လူငယ် တစ်ယောက်ချင်းစီကလည်း မတူညီတဲ့ မိသားစုများမှ ရောက်လာခဲ့ကြသည်။ အရင်ဆုံး ဆုံးဖြတ်ခဲ့ကြသည့် တပ်သား လေးယောက်ကလည်း အသေးစိတ် ဆွေးနွေးရမည် ဖြစ်သည်။ အဲ့လိုမှ မဟုတ်ရင် အဖွဲ့သားများကို မှတ်မိဖို့က ခက်ခဲသွားလိမ့်မည်။

ဝမ့်ရင်းနှင့် ရှုရွှမ်းက အမျိုးသမီးကြီး မစ္စရှုကို ခေါ်လာကြသည်။ ဝမ့်ရင်းက မနက်ပိုင်းမှာ အမျိုးသမီးကြီး မစ္စရှု၏ သွေးပေါင်ချိန်ကို တိုင်းပေးခဲ့သည်။ မနေ့ည သူမ နိုးတုန်းက အပြင်ဘက်မှာ မိုးသီးများစွာဖြင့် ထိမိခဲ့သည်။ ဝမ့်ရင်းသည် အမျိုးသမီးကြီး ဖြစ်ခဲ့သော ကိစ္စတစ်ခုအတွက် ဆွေးနွေးနေခဲ့သည်။

သူတို့ သုံးယောက်က လမ်းလျှောက်ထွက်လာခဲ့ပြီး အမျိုးသမီးကြီး မစ္စရှု အိပ်လို့ရအောင် အရင်ဆုံး ပြင်ပေးခဲ့သည်။ မနေ့ညက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် အဖွဲ့ထဲရှိ လူနည်းနည်းကပဲ ကောင်းကောင်း အိပ်ခဲ့ရသည်။

အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းရဲ့ လက်ကို ကိုင်ပြီး ဘာစကားမှ မပြောခင်မှာဘဲ အချိန် အကြာကြီး တုံ့ဆိုင်းနေခဲ့သည်။

“မိန်းကလေးရင်း၊ ပညာတတ် လူငယ် နည်းနည်းလောက် ငါနဲ့အတူ ခေါ်သွားမယ် ဆိုရင်ရော သမီး ဘယ်လိုထင်လဲ။”

ဝမ့်ရင်းက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ ထို့ကြောင့် ဝမ့်ရင်းက သူမရဲ့ ကိုယ်ပိုင် မိသားစုကို မထိခိုက်စေဘဲ ပညာတတ် လူငယ်များရဲ့ ကိစ္စကို မဆုံးဖြတ်နိုင်ခဲ့ပါ။

တပ်မဟာထဲမှာ သူမနဲ့ ရှုရွှမ်းတို့က အတော်လေး အဆင်ပြေတဲ့ လူနေမှု အဆင့်အတန်း တစ်ခုရှိတဲ့ မိသားစုဆိုတာတော့ အမှန်ပဲ။ ဒါပေမယ့် ပထမဆုံးကတော့ သူမရဲ့ အိမ်မှာတော့ ပညာတတ် လူငယ်တွေကို နေခိုင်းလို့ မရဘူး။ အိမ်ထဲမှာ သူစိမ်း တစ်ယောက်ကို နေခိုင်းဖို့က အရဲစွန့်ရာ ကျလွန်းတယ်မလား။ ဒုတိယအနေနဲ့က သူမနဲ့ ရှုရွှမ်းအတွက် ရတဲ့ ရက္ခာတွေက ပိုလျှံမနေပေ။

ပြီးတော့ သူတို့က လက်ဆတ်တဲ့ စားစရာအချို့ ရအောင်လို့ နေ့ရော၊ ညရော တောင်ပေါ်ကို တက်နေရတယ် ဆိုပေမယ့် သူတို့မှာ စားစရာက ပြတ်လပ်နေတုန်းပဲ။ သူမက လယ်ကွင်းထဲကို မသွားဘဲ ချမ့်ရှုဖန်းနဲ့ အခြားသူတတွကို ဂရုစိုက်ရင်း လုပ်ခရမှတ်တွေရော၊ ပိုက်ဆံရော ရှာနိုင်သည်။ အဲ့ချိန်မှာ ရှုရွှမ်းက လုပ်အားခနဲ့ အစားအစာ ကူပွန်တွေကို ရနေတာ။ သူတို့က ဝေပေးတဲ့ အစားအစာတွေကို လုံးဝကြီး မမှီခိုနေရဘူး ဆိုပေမယ့် သူတို့တွေ လဲလို့ရတဲ့ စားစရာ အများစုက ပြောင်းဆန်စေ့တွေပဲ။ သူတို့ မျှော်လင့်ထားသလို ကောင်းတဲ့ အစေ့အဆန်တွေတော့ မစားနိုင်ဘူး။

အမျိုးသမီးကြီး မစ္စရှုက မြန်မြန်ပဲ ရှင်းပြခဲ့သည်။ “စိတ်မပူပါနဲ့။ စားစရာတွေ ထောက်ပံ့ပေးဖို့ သမီးနဲ့ ရှုရွှမ်းကို မပြောလိုပါဘူး။ မနှစ်က ဝေစု ရလာတဲ့ စားစရာက လောက်ပါတယ်။ ပညာတတ် လူငယ် နှစ်ယောက်ကို အဆာပြေရုံ ကျွေးဖို့တော့ လောက်ပါတယ်။”

“ဒါက ကွဲပြားချက် တစ်ခု လုပ်ဖို့အတွက် အခွင့်အရေးကောင်း တစ်ခုပဲလို့တော့ ထင်မိတယ်။ နင်လည်း ငါတို့ မိသားစုရဲ့ အကြောင်းကို သိတာပဲလေ။ အရှုပ်ထုပ်ကြီး။ အခုချိန်မှာ ရှုရွှမ်းက သမီးကို လက်ထပ်ထားတယ်ဆိုတော့ ပြဿနာက မရှိပါဘူး။ ဒါပေမယ့် ငါတို့တွေ ပိုပြီး တက်တက်ကြွကြွ နေတာက ပိုကောင်းမယ်လို့ ငါထင်တယ်။ တပ်မဟာထဲက လူတွေက ကန့်ကွက်မှုတွေ ရှိတယ်။”

အမျိုးသမီးကြီး မစ္စရှုက အကောင်းမြင်တဲ့သူ မဟုတ်သလို သဘောကောင်းတဲ့သူမျိုးလည်း မဟုတ်ပါ။ သူမသည် သူမရဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး လေးလေးနက်နက် တွေးခဲ့သည်။

တပ်မဟာထဲတွင် ဘယ်မှ သွားစရာ မရှိသော ပညာတတ် လူငယ် ကိုးယောက်က ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို လက်ခံမည့် တစ်ယောက်ယောက်ကို ရှာရမည် ဖြစ်သည်။ သေချာတာကတော့ သူတို့တွေ ဦးဆောင်ဖို့ကို ရွေးလို့ မရဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိသားစုတွေ ရွေးရမယ်ဆိုရင် သူတို့ ရှုမိသားစုက အကောင်းဆုံးပဲလို့ သူတို့ ထင်ကြလိမ့်မယ်။ အဲ့ဒါဆို သူတို့က ဘာလို့ ပညာတတ် လူငယ်တွေ သွားလို့ရမယ့် နေရာကို မပေးကြတာလဲ။

ရှုမင်းရဲ့ကိစ္စ ပြီးတဲ့နောက် အခုဆိုရင် အမျိုးသမီးကြီး မစ္စရှုက ပိုပြီး သတိထားလာခဲ့သည်။

အခြားသူတွေက ဝမ့်ရင်းနှင့် ရှုရွှမ်းကို ပတ်သက်လို့ မရဘဲ သူမကို လာပြီး ပတ်သက်ဖို့ ကြိုးစားကြမှာကို သူမ စိုးရိမ်နေခဲ့သည်။ ဘဝတွေက လူတိုင်းအတွက် အဆင်ပြေနေသည့်အခါ လူတွေက အချင်းချင်း ထုံးစံအတိုင်းပဲ အဆင်ပြေကြလိမ့်မည်။ သို့သော် ဘဝတွေ အဆင်မပြေသည့်အခါ သူတို့က သေချာပေါက် မနာလို၊ ဒေါသထွက်ရမည် ဖြစ်သည်။

အမျိုးသမီး မစ္စရှုမှာ အကြံကောင်းတစ်ခု ရှိနေခဲ့သည်။ “ငါ ပညာတတ် လူငယ် နှစ်ယောက်ကို ရွေးဖို့ ခြေလှမ်းအရင် ဦးလိုက်မယ်။ ပြီးရင် သူတို့ကို ငါနဲ့အတူ နေခိုင်းလိုက်မယ်။ အဲ့မှာ စားစရာတွေ၊ ဘာတွေ အကုန်အပါနဲ့ပေါ့။”

ဒါက အမျိုးသမီးကြီး မစ္စရှုအတွက် အခက်ခဲဆုံး အပိုင်း ဖြစ်သည်။ သူမတို့ မိသားစုရှိ စားစရာများမှာ အမြဲတမ်း အဆင်ပြေသည်။ ဝမ့်ရင်းက မချက်ပြုတ်နိုင်သည့်အတွက် အမြဲလိုလို ရှုရွှမ်းက သူမအတွက် မနက်စာရော၊ ညစာရော ချက်ပေးသည်။ ဝမ့်ရင်းက နေ့လည်စာအတွက် သူမရဲ့ နေရာကို လာခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက အစားအစာ ဖြုန်းတီးတာကို စိတ်မဆိုးပါ။ ထို့အပြင် သူမ ပြင်ပေးထားသော နေ့လည်စာတွေက အမြဲတမ်း မတူညီဘဲ ကွဲပြားသည်။

သို့သော် ပညာတတ် လူငယ်တွေကလည်း သူမနှင့် အတူတူ စားမည်ဆိုပါက သူမသည် သူတို့ရဲ့ စားတဲ့ဒဏ်ကို မခံနိုင်ရုံသာမက အဲ့ဒါက အလွယ်တကူ သိသာလာလိမ့်မည်။

ပညာတတ် လူငယ်တွေနဲ့ အတူတူ နေရမယ်လို့ စိတ်ကူးကြည့်လိုက်။ ပြီးရင် မင်းက သူတို့ကို အာလူးနဲ့ ကြက်ဥတွေစားပြီး သူမကိုကျ ပေါက်စီနဲ့ ယုန်သားတွေ စားတယ်ဆိုပြီး ပြောလိုက်။ အဲ့ဒါက ဘယ်လောက်တောင် ဆိုးရွားတဲ့ အတွေးတွေလဲ။

ဝမ့်ရင်းက မစ္စရှုရဲ့ အတွေးကို နားထောင်ပြီး အဲ့ဒါကို နားလည်သွားခဲ့သည်။

ဒီလို အရာမျိုးက တကယ်ကို ခက်ခဲတာ။ ပညာတတ် လူငယ်တွေကို ခေါ်ထားဖို့ ဘယ်သူကမှ ဆန္ဒမရှိဘူး။ စားဖို့၊ သောက်ဖို့ကို မဆိုထားနဲ့ဦး။ သူစိမ်းတစ်ယောက်ကို မင်းရဲ့ အိမ်ထဲမှာ ထားဖို့ဆိုတာ ညှိရမှာတွေ အများကြီး ရှိတယ်။ ဘာတွေ ဖြစ်နေလဲဆိုတာ ဘာမှ မသိတဲ့ နောက်ထပ် ပညာတတ် လူငယ်တစ်ယောက်ကို ထပ်ရလိုက်မယ်ဆိုရင် နောက်ပိုင်း ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မည်။

သို့သော် အမျိုးသမီးကြီး မစ္စရှု ပြောလိုက်သည့် စကားက မှန်သည်။ လက်ရှိ အခြေအနေမှာ ရှုမိသားစုက လှုပ်ရှားမှု တစ်ခုခု မလုပ်ပါက သင့်တော်မည် မဟုတ်ပါ။ ရှုရွှမ်းက သူ့အလုပ် မပြုတ်သေးတာကို လူတိုင်းက သိနေခဲ့ပြီး သူတို့ နှစ်ယောက်လုံးက သာယာတဲ့ ဘဝတစ်ခုမှာ နေထိုင်နေရသည်။ တကယ်လို့ ဒီတစ်ကြိမ်သာ သူတို့က ဆုံးရှုံးမှု အနည်းငယ်ကိုသာ မခံစားရရင် အခြားသူတွေက မနာလိုပြီး သေချာပေါက် မကောင်းတဲ့ စကားတွေ ပြောကြလိမ့်မည်။

ဝမ့်ရင်းနှင့် ရှုရွှမ်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ချက်ချင်းပဲ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ “ဟုတ်ပြီ။ အဲ့ဒါပဲ။ အမေ၊ ကျွန်မတို့နဲ့ လိုက်နေလိုက်။”

အမျိုးသမီးကြီး မစ္စရှုက စိတ်ရှုပ်သွားခဲ့သည်။ “ဘာလို့ ငါက နင်တို့နဲ့ လိုက်နေရမှာလဲ။ မလိုက်ဘူး။”

သူမရဲ့ မူလ ရည်ရွယ်ချက်မှာ သူမကိုယ်သူမ ဒီကိစ္စတွင် ဂရုစိုက်နေဖို့ ဖြစ်သည်။ သူမရဲ့ သားနှင့် ချွေးမကို ဒုက္ခရောက်စေဖို့ မဟုတ်ပါ။

ထို့အပြင် ရှုရွှမ်းက အဲ့မှာ နေနေသည်မှာ သူက လက်ထပ်ပြီး မိသားစုထဲကို ဝင်သွားခြင်းကြောင့် ဖြစ်သည်။ အဲ့ဒါကို သူမက ဘာလို့ အဲ့ဒီမှာ လိုက်နေရမှာလဲ။

“အဲဲဒါအပြင်၊ ငါတို့ရဲ့ အိမ်မှာ ဘယ်သူမှ နေလို့ မရဘူးလား။”

သူမရဲ့ အိမ်ဟောင်းကို ကောင်းကောင်း ပြင်ဆင်ထားခဲ့သည်။ အဲ့အိမ်ကို ပြောင်းလာတဲ့ သူက အိမ်ကို ဖျက်စီးပစ်ရင် ဘယ်လိုလုပ်မလဲ။

ဝမ့်ရင်း - “အဲ့အကြောင်းကို သိပ်မတွေးနဲ့။ အဲ့ကို ပြောင်းဖို့အတွက် လွယ်ကူတဲ့ အခန်း နှစ်ခန်းကို ရွေးကြရအောင်။ အမေ နေနေကြ အခန်းကို သော့ခတ်ထားပြီး သူတို့အတွက် တစ်ခန်း ထားထားလိုက်။ ပစ္စည်းတွေကိုတော့ မီးဖိုချောင်ထဲ ရွှေ့ထားလိုက်။ သမီးတို့က စားစရာတွေ ပို့ပေးပြီး သူတို့ဘာသာ အဲ့ဒါကို ချက်စားခိုင်းလိုက်မယ်။ ဒီနည်းက သူတို့တွေ ဘယ်လောက် ရသင့်လဲဆိုတာ တွက်ချက်နေတာထက်တော့ ပိုပြီး လွယ်ကူလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ သမီးတို့က သူတို့ကို အစားအစာ ထောက်ပံ့ပေးတာကို ရပ်လိုက်မှာတော့ မဟုတ်ပါဘူး။ သမီးတို့က အဲ့ဒါကို ထုံးစံအတိုင်း အခြား ပညာတတ် လူငယ်တွေ ရသလိုပဲ ပြင်ဆင်ပေးမှာပါ။ ပြီးရင် သမီးတို့က ဆောင်းဦး ကောက်ရိတ်သိမ်းချိန် ရောက်တဲ့အထိ အဲ့ဒါကို လုပ်ပေးမှာပါ။”

ဝမ့်ရင်းက ထိုအကြောင်းကို တွေးပြီး ဒါက ဆုံးရှုံးမှုကြီးတစ်ခု မဟုတ်ဘူးဟု ခံစားမိခဲ့သည်။ တစ်မိုးအောက်ထဲ မနေရတာက သူမကို ဒေါသထွက်စေတာနှင့် ပညာတတ် လူငယ်တွေရဲ့ ပြင်ပ ပြဿနာများအား ပါဝင်တာတွေကနေ ရှောင်နေနိုင်လိမ့်မည် ဖြစ်သည်။ သူမက ထုံးစံအတိုင်း စားစရာများ ပေးမည် ဖြစ်ပြီး သူများတွေ သူမကို ပေးသလောက်ပဲ ပေးရင် သူမကို အစားကြီးတယ်ဟု ဘယ်သူကမှ တွေးကြမည် မဟုတ်ပါ။

ဝမ့်ရင်းက ဆုံးဖြတ်ချက် ချခဲ့သည်။ “အဲဲဒါ ဆုံးဖြတ်ပြီးပြီ။ သူတို့တွေ ဒီမှာ နေလို့ရတယ်။ ဒီမှာ နှစ်ခန်း ရှိသေးတယ်။ သူတို့အတွက် တစ်ခန်းကို သန့်ရှင်းရေး လုပ်ပေးမယ်။ အဲ့ကျရင် နေ့ဘက်မှာ တို့တွေ အချင်းချင်း လူစုလို့ရတယ်။”

ဒါက ပြဿနာဟု ရှုရွှမ်းက ခံစားမိသော်လည်း သူ့ရဲ့ အမေနှင့် မိန်းမက ကောင်းကောင်း ဆွေးနွေးထားတာကိုလည်း သိခဲ့သည်။ ထို့အပြင် သူ့မိသားစုက အဲ့ဒါကို တွန်းအား မပေးခဲ့ရင်တောင် ထျန်းယိုဖုက လာပြီး သူ့ကို စည်းရုံးလိမ့်မည် ဖြစ်သည်။

သူတို့ လုပ်နိုင်တာလည်း ဘာမှ မရှိတော့ဘူး။ တပ်မဟာထဲမှာရှိတဲ့ မိသားစုတွေ အားလုံးက အရမ်း ဆင်းရဲကြသည်။ ပြီးတော့ အဲ့ထဲက လူနည်းစုကပဲ အဆင်ပြေကြတာ။ ဝမ့်ရင်းနဲ့ ရှုရွှမ်းလို အိမ်မှာ ကလေးမရှိတဲ့ ငယ်ရွယ်တဲ့ လင်မယားတွေက တာဝန်နည်းပြီး ပိုက်ဆံ ပိုပြီး ရှာနိုင်သည်။ သူတို့ရဲ့ ရိက္ခာတွေကိုလည်း လျှော့ပေးခဲ့သည်။

ထျန်းယိုဖုက တကယ်ကို အဆုံးထိ တွန်းပို့တာ ခံခဲ့ရသည်။ မနက်ပိုင်း ရှုရွှမ်းက နိုးလာသည့်အခါ သူသည် ညသန်းခေါင်ကြီး အခြား တပ်မဟာမှ ရောက်လာသော ဆွေမျိုးများအကြောင်း ပြောနေသံကို ကြားခဲ့ရသည်။ သူတို့ရဲ့ အိမ်က ပျက်စီးသွားပြီး သူတို့ရဲ့ ကလေးတွေကို ဂရုစိုက်ပေးဖို့ အကူအညီတောင်းရန် မြန်မြန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ မိသားစုဝင်တွေက ပျက်စီးသွားတဲ့ အိမ်ကို ပြန်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သွားရွှေ့ရမည် ဖြစ်သည်။

ဒီတစ်ခေါက် မိုးသီးကြွေတာက တော်တော်လေး ပြင်းသည်။ ထိခိုက်သွားတဲ့ နေရာတွေက သူတို့ရဲ့ တပ်မဟာထဲက အပိုင် မဟုတ်ပေ။ တကယ်လို့ တပ်မဟာထဲက အခင်းတွေ ပျက်စီးသွားရင် အဲ့ဒါတွေက အချိန် ဘယ်လောက်ထိ ယူရမလဲဆိုတာ ဘယ်သူကမှ သိမှာ မဟုတ်ချေ။

ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ နှစ်ယောက်လုံးက အမျိုးသမီးကြီး မစ္စရှုကို ဖျောင်းဖျခဲ့သည်။ သူမက အဲ့ဒါကို တွေးပြီးနောက် သဘောတူခဲ့သည်။ ဝမ့်ရင်းပြောတာက စိတ်ထဲကအတိုင်း ဖြစ်သည့်အတွက် သူမအတွက်တော့ အဲ့စကားလုံးတိုင်းက စဥ်းစားစရာတွေ ဖြစ်လာခဲ့သည်။

ကျွတ်၊ ငါ ဘာလို့ ဝမ့်ရင်းလို ကောင်မလေးမျိုး မမွေးမိခဲ့ရတာလဲ။

ဒါပေမယ့် အခုကတော့ အတူတူပါပဲလေ။ နောက်ဆုံးတော့ ဒီလို မိန်းမကောင်းလေးက ငါ့ရဲ့ အိမ်တံခါးဝကို ရောက်လာခဲ့ပြီ။

အမျိုးသမီးကြီး မစ္စရှုက ထျန်းယိုဖုကို စကားပြောဖို့ အစောတလျင် သွားရှာခဲ့သည်။ သို့သော် ဝမ့်ရင်းက တားလိုက်သည်။

“နေ့လည်ကျမှ သွားကြရအောင်”

သူတို့တွေ အခုချိန်သွားရင် ပညာတတ် လူငယ်တွေအတွက် ဘာစည်းကမ်းမှ မချရသေးပေ။ ပြီးတော့ အရမ်းကြီးလည်း အလျင်လိုနေသလို ဖြစ်နေလိမ့်မည်။ သူတို့တွေ နေ့လည်ကျမှ သွားရင် ထျန်းယိုဖုကလည်း အလျင်လိုနေတာနဲ့ သူတို့တွေ လိုအပ်တာတွေ ညှိနှိုင်းလို့ ရသည်။

ဝမ့်ရင်း - “ငါတို့တွေက ပြောင်းလို့ရတယ် ဆိုပေမယ့် လူတွေကိုတော့ သေသေချာချာ ရွေးရမယ်။”

အမျိုးသမီးကြီး မစ္စရှု - “ သေချာတာကတော့ ငါ ကျန်းလိလို့ခေါ်တဲ့ လူငယ်လေးကို မလိုချင်ဘူး။”

သူက ဘယ်လိုလူလဲ။ အရူးလို စကားတွေ ပြောနေတဲ့ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်းနဲ့ လူငယ်မျိုး။ သူက ငါ့ချွေးမရဲ့ ဆေးပညာကိုတောင် မေးခွန်းထုတ်ရဲတယ်။

ရှုရွှမ်းက အလုပ်လုပ်ဖို့ စားသောက်ဆိုင်ကို မြန်မြန် ပြန်သွားခဲ့ပြီး ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုတို့က အိမ်ကို စပြီး သန့်ရှင်းရေး လုပ်ခဲ့ကြသည်။

ရှုမိသားစုရဲ့ အိမ်အိုကြီး သုံးအိမ်တွင် နှစ်အိမ်ရဲ့ တိုင်တွေက ကျိုးနေပြီး တစ်အိမ်ကသာ အကောင်းအတိုင်း ကျန်နေခဲ့သည်။ လူနှစ်ယောက်က သူတို့ရဲ့ အိမ်ထဲရှိ ပရိဘောဂများ အားလုံးကို ရွှေ့လိုက်ပြီး ဝါးအိပ်ရာ၊ စားပွဲခုံ တစ်ခုံနှင့် ခုံတန်း တစ်တန်းကိုသာ ချန်ထားခဲ့သည်။ အိပ်ရာပေါ်တွင် အိပ်ရာခင်းတစ်ခု ရှိနေပြီး ဘေးနားတွင် ဘီဒိုကြီးတစ်လုံးက ရှိနေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှု - “ဒါတွေကိုတော့ ပညာတတ် လူငယ်တွေ သုံးဖို့အတွက် ထားခဲ့လိုက်။ ကျန်တာတွေကိုပဲ ရွှေ့လိုက်။ ငါ ဒီအခန်း နှစ်ခန်းကိုလည်း သော့ခတ်ခဲ့မယ်။ မနက်ဖြန်ကျမှ အပေါ်က တိုင်တွေကို တစ်ယောက်ယောက်နဲ့ ပြင်ခိုင်းလိုက်မယ်။ ယိုစိမ့်တဲ့ အပေါက်တွေ ဘာမှမရှိအောင် သေချာ လုပ်လိုက်ကြ။”

မစ္စရှုက ထိုနေရာကို သန့်ရှင်းပေးပြီး မီးဖိုချောင်ထဲက စားစရာများ အားလုံးကို ဝမ့်ရင်းရဲ့ အိမ်သို့ ရွှေ့လိုက်သည်။ ရှုရွှမ်းမှာ ရှိသော တစ်ယောက်ယောက် လုပ်ပေးခဲ့သည့် သစ်သားစင်၊ ဘာမှမရှိသည့် ရေကရားအလွတ်၊ မီးဖိုသုံး အကင်ချိတ် အနည်းငယ်ကိုသာ ချန်ထားခဲ့သည်။

ဝမ့်ရင်းသည် ရှုရွှမ်းရဲ့ မီးဖိုချောင်ထဲကို ပထမဆုံးအကြိမ် အနီးကပ် ကြည့်ဖူးခြင်း ဖြစ်သည်။ သူမသည် မီးဖိုချောင်ထဲထိ ချိတ်ထားသော အရာများကို မြင်ရသည့်အခါ သူမရဲ့ မျက်လုံးတွေက အရောင်တောက်သွားခဲ့သည်။

“အမေ၊ ဒီချိတ်ထားတဲ့ မီးဖိုတွေကိုလည်း ယူသွားကြရအောင်။”

သူမ ဘဲကင် စားချင်နေခဲ့သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၀၈

ဝမ့်ရင်းနှင့် အမျိုးသမီးရှုတို့ ပစ္စည်းများ သိမ်းဖို့အတွက် နေ့တစ်ဝက်က လုံလောက်သည်။ အသုံးနည်းသော ပစ္စည်းများကို သော့ခတ် သိမ်းထားပြီး စားစရာများကို ဝမ့်ရင်းတို့ ဘက်အခြမ်းရှိ မီးဖိုချောင်ထဲကို နေရာ ရွှေ့ထားခဲ့သည်။

ပစ္စည်းများကို ထုပ်ပိုးပြီးနောက် တောင်ခြေရှိ ချမ့်ရှုဖန်းနှင့် ချမ့်ကျွီဟွာတို့ထံ သွားလည်ဖို့ ထွက်သွားခဲ့သည်။ ထို့နောက် ဆေးဖက်ဝင် အပင်များကို သွားရှာဖို့ တောင်ပေါ်ကို တက်သွားခဲ့သည်။

ချမ့်ရှုဖန်းနှင့် ချမ့်ယုတို့ နေထိုင်သော နေရာက အဆင်ပြေသည်။ ချမ့်ယုက ဉာဏ်ကောင်းသည်။ ညသန်းခေါင်ကြီး သူမ နိုးတဲ့အခါ သူမနှင့် ချမ့်ရှုဖန်းတို့က အပြင်ရှိ ပစ္စည်းများ အားလုံးကို အိမ်ထဲသို့ ရွှေ့ခဲ့သည်။ ချမ့်ယုကလည်း သစ်သားပြားကို ခေါင်းပေါ်တင်ပြီး ချမ့်ကျွီဟွာကို ရှာဖို့အတွက် ထွက်သွားခဲ့သည်။ ထို့ကြောင့် သူတို့ မိသားစု နှစ်စုရဲ့ အိမ်တိုင်တွေကသာ အနည်းငယ် ပျက်စီးသွားသော်လည်း ဘယ်သူမှတော့ ဒဏ်ရာ မရခဲ့ပါ။

ဆေးပညာ နယ်ပယ်ထဲရှိ အခြေအနေတွေက အတော်လေး လန့်စရာ ကောင်းသည်။

အသစ် ပြန်စိုက်ထားသော ပျိုးပင်တွေ အားလုံးက ရှုပ်ယှက်ခတ်နေပြီး အရေးကြီး ကိစ္စများတွင်တောင် သူတို့ရဲ့ အမြစ်တွေက ထိုးထွက်နေခဲ့သည်။

ချမ့်ယုက အတော်လေး စိတ်မလုံ ဖြစ်နေခဲ့သည်။ “သမီး အဲ့ဒါတွေကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး။…. သမီး တောင်းပန်ပါတယ်နော်၊ အစ်မရင်း။”

ဝမ့်ရင်း - “အစ်မ ဒီကိစ္စအတွက် မင်းကို အပြစ် မတင်ပါဘူး။ ဒီလို နွေရာသီမှာ ဒီလောက် မိုးသီးကြီးတွေ ကြွေလာမယ်လို့ ဘယ်သူကမှ မတွေးထားခဲ့မိဘဲ။”

တပ်မဟာထဲရှိ အတွေ့အကြုံရှိသော လယ်သမားများသည် သူတို့က မိုးသီးများကို နွေဦးအစပိုင်းမှာသာ မြင်ရတယ်ဟု ပြောသော်လည်း ဒီမိုးသီးရဲ့ အရွယ်အစားက နွေရာသီမှာ တွေ့ရတာနဲ့တောင် မတူပါ။

ဝမ့်ရင်းက လယ်ကွက်တွေကို တစ်ကွက်ပြီး တစ်ကွက် လိုက်ကြည့်ခဲ့သည်။ အခြေအနေကို ချမ့်ယုက မြန်မြန်ပဲ ထိန်းလိုက်ပြီး လယ်ကွင်းထဲရှိ မိုးသီးများကိုလည်း ကောက်ပြီးကြပြီ ဖြစ်သည်။ ဝမ့်ရင်းက အပင်တိုင်းကို ဝိဉာဥ်စမ်းရေ အနည်းငယ်စီ လောင်းပေးခဲ့ပြီး အနည်းကျဥ်းလောက်တော့ ရှင်ဖို့ကို မျှော်လင့်နေခဲ့သည်။

သူတို့တွေ တကယ်ကို မလုပ်နိုင်ရင်တော့ ဒါကို လက်ခံရုံပဲပေါ့။

ချမ့်ယုကို နှုတ်ဆက်ပြီးနောက် ဝမ့်ရင်းက သူမပိုင်သော လယ်ကွက်ဆီ သွားခဲ့သည်။ သူမက ထိုလယ်ကွက်ထဲတွင် အပင်မျိုးစုံကို စိုက်ပျိုးထားပြီး ပျိုးစေ့တွေက ပျက်စီးသွားခဲ့သည်။ ဝမ့်ရင်းက အကြံတစ်ခု ရသွားခဲ့ပြီး အသီးအရွက် အစေ့များပေါ်ကို ရေလောင်းပေးခဲ့သည်။

သန့်ရှင်းရေး လုပ်ပြီးနောက် အမျိုးသမီးကြီး မစ္စရှုနှင့် ဝမ့်ရင်းတို့က အဖွဲ့ခေါင်းဆောင်ကို တွေ့ဖို့ သွားကြပြီး သူတို့ရဲ့ မိသားစုက ပညာတတ် လူငယ်နှစ်ယောကို ခေါ်ထားပေးနိုင်ကြောင်း ပြောခဲ့သည်။

ထိုစကားများကို ပြောပြီးနောက် ထျန်းယိုဖုက ချက်ချင်းပဲ သဘောတူစွာ ခေါင်းငြိမ့်ခဲ့သည်။ သူက ဒီကိစ္စကြောင့် တစ်မနက်ခင်းလုံး ခေါင်းကိုက်နေခဲ့သည်။

ပညာတတ် လူငယ် ဆယ့်ခြောက်ယောက်တွင် ခုနစ်ယောက်ကို တပ်သားများရဲ့ အိမ်တွေမှာ နေရာချထားပြီးပြီ ဖြစ်ပြီး အခြား အဖွဲ့သားများကို ကျန်တဲ့သူတွေအား နေရာချထားပေးဖို့ စည်းရုံးခဲ့ရာ တပ်ဖက် မိသားစု အချို့လည်း ပါဝင်နေခဲ့သည်။ နောက်ဆုံးမှာတော့ စုစုပေါင်း ဆယ့်သုံးယောက်အတွက် စီစဥ်ပေးခဲ့သည်။

ဘယ်နေရာကိုမှ ပို့ပေးလို့ မရသော ပညာတတ် လူငယ် သုံးယောက်က ကျန်ရှိနေဆဲ ဖြစ်သည်။ အခုဆိုရင် ရှုမိသားစုက ရှေ့ထွက်လာပြီး သူတို့ထဲက နှစ်ယောက်ကို လက်ခံပေးမယ်ဟု ပြောခဲ့ပြီး ကျန်တဲ့ တစ်ယောက်နှင့်တော့ ညှိနှိုင်းဖို့က လွယ်ကူနေလိမ့်မည် ဖြစ်သည်။ ကုန်ကုန်ပြောရရင် ကျန်တဲ့တစ်ယောက်ကို ထျန်းယိုဖုက သူ့ဘာသာပဲ တာဝန်ယူလို့ ရနိုင်သည်။

ထျန်းယိုဖု - “ဆောင်းရာသီ ကောက်သိမ်းချိန် ပြီးသွားလို့ ငါတို့တွေ ဂုဏ်ပြုတဲ့အခါကျရင် မင်းကို အထူးဂုဏ်ပြုရမည့် လူတစ်ယောက် အနေနဲ့ သေချာပေါက် မှတ်တမ်း တင်ပေးထားမယ်။”

အစည်းဝေးပွဲကို ဆောင်းရာသီ ကောက်သိမ်းချိန် ပြီးသွားလို့ ဂုဏ်ပြု အခမ်းအနားမှာ နှစ်တိုင်း ကျင်းပလေ့ ရှိသည်။ ထျန်းယိုဖုက ဒါဟာ အမျိုးသမီးရှုလို လူမျိုးကို အထူးအလုပ်သမား ရာထူးပေးတာက တရားမှာ မဟုတ်ဘူးဟု ခံစားမိခဲ့သည်။

အမျိုသမီးကြီး မစ္စရှုက ကြီးလေးသော တာဝန်တစ်ခုကို ပုံအပ်လိုက်ပုံ ရသည်။ အထူး တပ်သားဆိုတဲ့ ဂုဏ်ပုဒ်က အခြားသူတွေအတွက် ဘာအဓိပ္ပါယ်မှ မရှိသော်လည်း သူမအတွက်တော့ အကောင်းဆုံး အရာတစ်ခု ဖြစ်သည်။

အဖွဲ့သားတွေ အလုပ်ပြန်လုပ်ပြီးနောက် ထျန်းယိုဖုက အစည်းအဝေး ခန်းထဲတွင် ပညာတတ် လူငယ်များကို လက်ခံခဲ့သော မိသားစုများကို စုဝေးလိုက်ပြီး ပညာတတ် လူငယ် ဆယ့်ခြောက်ယောက်ကို ဘယ်လိုတွေ ခွဲဝေပေးမလဲဆိုတာ စတင် ဆွေးနွေးခဲ့သည်။

'သေချာတာကတော့ သူတို့တွေ ပညာတတ် လူငယ်တွေနဲ့ သူတို့ရဲ့ မိသားစု အခြေအနေတွေအရလည်း ခွဲရမယ်။ ဥပမာအနေနဲ့ စုန့်တာကွေ့တို့ မိသားစုထဲမှာဆို အမျိုးသမီးတွေ နည်းတယ်။ သူ့သား နှစ်ယောက်ကလည်း အိမ်ထောင်ကျပြီးပြီ။ ပြီးတော့ သူ့မှာက မြေးတွေ လေး၊ ငါးယောက်လောက် ရှိတယ်။ အကြီးဆုံး မြေးဆိုရင် ဆယ့်ကိုးနှစ်ရှိပြီ။ အခုထိတော့ မစေ့စပ်ရသေးဘူး။ အဲ့လိုကိစ္စတွေ ရှိနေတော့ အမျိုးသမီး ပညာတတ် လူငယ်တွေကို သူတို့ရဲ့ မိသားစုထဲမှာ နေဖို့ ခွင့်ပြုလို့ မရဘူး။'

'ဝူကွေ့ဟွာလို ကျောင်းတက်နေတဲ့အရွယ် သမီးတစ်ယောက် ရှိနေတဲ့ မိသားစုမျိုးမှာဆို အမျိုးသား ပညာတတ် လူငယ် တစ်ယောက်ကို လက်ခံဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။'

အများကြီး တွေးပြီးနောက် ပညာတတ် လူငယ် ဆယ့်ခြောက်ယောက်ကို ခွဲဖို့အတွက် သူတို့ရဲ့ အသက်နှင့် လိင်အရ တာဝန်ယူကြမည် ဖြစ်သည်။ ထိုအရာကပဲ နှစ်ဖက်လုံးကို ဘာအခက်အခဲမှ မကြုံစေမှာပဲ ဖြစ်သည်။

ပညာတတ် လူငယ် အဟောင်းတွေက အတော်လေး အထင်ရှားဆုံး ဖြစ်နေခဲ့သည်။ အကြောင်းမှာ သူတို့က အဲ့နေရာမှာ ရှိနေခဲ့တာ ကြာလှပြီကာ အဖွဲ့ထဲရှိ လူတွေကြားမှာလည်း ဂုဏ်သတင်း မွှေးပျံ့သည်။ အရေးအကြီးဆုံးမှာ ကျေးလက်ဒေသတွင် နှစ်တွေ အကြာကြီး နေပြီးနောက် သူတို့မှာ မကောင်းတဲ့ ဘာအကျင့်မှ မရှိတော့ပါ။

သို့သော် ပညာတတ် လူငယ် အသစ်တွေနှင့် ပတ်သက်လို့ရတော့ ပြောဖို့ ခဲယဥ်းသည်။

ထိုပညာတတ် လူငယ် ခုနစ်ယောက်ကလည်း ဒီကိုရောက်တာ သုံးရက်တောင် မပြည့်သေးဘဲ မိုးသီးကြွေရဲ့ ကိစ္စနှင့် ကြုံရသည်မှာ ဆယ်စုနှစ် အများကြီးထဲမှ ရှားပါးသော ကိစ္စတစ်ခုသာ ဖြစ်သည်။ သူတို့ရဲ့ လောကဓံကို တစ်ခါမှ မကြုံရသေးသလို သူတို့ရဲ့ ပြဿနာတွေက အဲ့မှာသာ ရှိနေခဲ့သည်။ ဒီလို လူမျိုးတွေက ဘယ်နေရာမှာပဲ ထားထားပါစေ ပြဿနာ တစ်ခုကတော့ ရှိနေဦးမှာပဲ ဖြစ်သည်။

ရွေးချယ်ပြီးနောက် ပညာတတ် လူငယ် အားလုံးက အတော်လေး အဆင်ပြေသွားခဲ့ကြသော်လည်း အသစ် ရောက်လာကြသော ခုနစ်ယောက်က တုံ့ဆိုင်းနေကြပြီး သူတို့ကို ဘယ်လို ရွေးရမလဲ ဆိုတာကိုလည်း မသိကြပါ။

ဒါက ပြဿနာပဲ။ အသစ် ရောက်လာတဲ့ ပညာတတ် လူငယ်တွေက ရောက်ခါစပဲ ရှိသေးတော့ လူတွေ အများကြီးနဲ့လည်း မသိကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထဲက အများစုကိုတော့ ဝမ့်ရင်းက သဘောကျသည်။

ဝမ့်ရင်းက အမြင်အရလည်း ကြည့်ပျော်သည်။ ထို့အပြင် ကျေးလက်ဒေသမှာ အထူးချွန်ဆုံး လူတစ်ယောက်လည်း ဖြစ်သည်။ ထို့အပြင် သူမ ပထမဆုံးအကြိမ် ရောက်လာတည်းက တပ်မဟာထဲရှိ လူများသည် သူမအား လေးစားမှုကို ပြသခဲ့ကြသည်။ မနေညက ကျန်းလိရဲ့ လက်ကို ထိထိရောက်ရောက် ကုပေးလိုက်ခြင်းကြောင့် အသစ် ရောက်လာသော ပညာတတ် လူငယ် အများစုက သူမကို ယုံကြည်ခဲ့ကြသည်။

'မင်းက ဆရာဝန် တစ်ယောက်ရဲ့ အိမ်မှာ နေရမယ်လို့ တွေးကြည့်လိုက်။ ဘာမှ မဖြစ်ရင်တောင် အနည်းဆုံးတော့ မင်းရဲ့ လုံခြုံမှုအတွက် အာမခံထားပြီးသား။'

ဝမ့်ရင်းက လုပ်နိုင်စွမ်း ရှိရုံသာမက သူမသည် မြို့ထဲရှိ နိုင်ငံပိုင် စားသောက်ဆိုင်မှ စားဖိုမှူး တစ်ယောက်ကို လက်ထပ်ထားသည်ကို ပညာတတ် လူငယ် အဟောင်းများထံမှ သေသေချာချာ ကြားခဲ့ရတာကို ပြောဖို့တောင် မလိုပါ။

ဒီအခြေအနေက အရမ်း မိုက်သည်။ ' ဝမ့်ရင်းရဲ့ ယောက္ခမအိမ်မှာ နေဖို့ကို မပြောနဲ့ဦး ဝမ့်ရင်းရဲ့ ယောက္ခမအိမ်မှာ နေရင်းနဲ့ကို အကျိုးမြတ်တွေ ရနိုင်တာပဲ မဟုတ်ဘူးလား။ အနည်းဆုံးတော့ သူတို့တွေ အစားငတ်မှာတော့ မဟုတ်ဘူး။'

အသစ်ရောက်လာသော ပညာတတ် လူငယ်များက တုံ့ဆိုင်းနေကြသော်လည်း သူတို့ရဲ့ အမြင်တွေက အရမ်း သိသာနေမှာကို စိုးရိမ်နေကြသည်။ အဲ့ဒါက သူရဲဘောကြောင်သလို ဖြစ်နိုင်သည့်အတွက် ခနတာလောက် ဘယ်သူကမှ စကားမပြောခဲ့ကြပါ။

သို့သော် ထွက်လာချင်သည့် လူတွေကတော့ ရှိနေဆဲ ဖြစ်သည်။

ပထမဆုံး ထွက်လာတဲ့သူကတော့ လူတိုင်း မျှော်လင့်ထားတဲ့အတိုင်း ကျန်းလိသာ ဖြစ်သည်။

ကျန်းလိက သဘောတူဖို့ ထွက်လာခဲ့သည်။ “ပိုင်လင်းကို ရှုအိမ်မှာ နေခိုင်းကြရအောင်။ သူက ကျန်းမာရေးလည်း မကောင်းဘူးလေ။ အချိန်ကျလာရင် သူ့ကို ဆရာဝန်နဲ့ ပြဖို့က အဆင်ပြေသွားလိမ့်မယ်။”

သူမက ကိစ္စတစ်ခုခုကို ပုံမှန်အတိုင်း ပြောနေသလို မျှမျှတတနှင့် လေးစားဖို့ ကောင်းနေခဲ့သည်။

ဝမ့်ရင်းက သူ့ကို မကြိုက်တာကို သူလည်း သိနေခဲ့သည်။ ထို့ကြောင့် သူက ပြောင်းနေဖို့ကို မပြောခဲ့ပါ။ သူက ပိုင်လင်း နေရာကောင်း တစ်ခုမှာ နေရအောင် ရှာပေးဖို့ကိုသာ တွေးနေခဲ့သည်။

ပိုင်လင်းက အတော်လေး အားနည်းပြီး သူမ ပထမဆုံး ရောက်လာတဲ့ နေ့မှာတင် မူးလဲခဲ့သည်။ ဒီတစ်ခေါက်ရော သူက သင့်တော်တဲ့ နေရာမှာ ထပ်ပြီး မနေရဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

ပိုင်လင်းက မျက်လုံးတွေကို ပေလကပ် ပေကလပ် လုပ်ကာ ညင်ညင်သာသာ ပြောခဲ့သည်။ “ကျန်းကျစ်ကျင့်၊ နင် ငါကို စိတ်မပူပါနဲ့။ ငါက ဘယ်နေရာမှာမဆို နေလို့ ရတယ်။ ငါ နေမကောင်းရင်တောင် ဆရာဝန် ဝမ့်ရင်းဆီ သွားလို့ရပါတယ်။ ငါက အဲ့လောက် မပျော့ပါဘူး။”

ဝမ့်ရင်းက မျက်ခုံးပင့်ပြလိုက်သည်။ ကျန်းလိအတွက် ပိုင်လင်းနေရမည့် နေရာက အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။ သူမက ဒီလူ ဒီနေရာကို ပထမဆုံးအကြိမ် ရောက်လာတုန်းက သူက ကျန်းလိရဲ့ နာမည် ခေါ်ခဲ့တာကို သေသေချာချာ မှတ်မိနေဆဲ ဖြစ်သည်။ သို့သော် အခုဆိုရင် သူက သူ့ကို ကျန်းကျစ်ကျင့်လို့ ခေါ်ကြတယ်မလား။

ကျန်းလိက လုံးဝကို သတိလက်လွတ် ဖြစ်သွားပြီး သူ့ရဲ့ သုံးသပ်ချက်ကို ဆက်ပြီး ပြောခဲ့သည်။ “မင်းက အားနည်းတာကို ဘယ်လိုလုပ် အဆင်မပြေတဲ့ နေရာမှာ နေလို့ ရမှာလဲ။ အဲ့ဒါတွေကို စိတ်မပူနဲ့။ ငါပြောတာပဲ နားထောင်။ ရှုမိသားစုနဲ့ပဲ နေလိုက်။ ဆရာဝန် ဝမ့်ရင်းက မင်းကို သေသေချာချာ ကြည့်ပေးလိမ့်မယ်။ ငါ့အထင်တော့ သူက တော်တော်လေး လုပ်နိုင်တယ်။”

ဝမ့်ရင်း -......

'ဘယ်လို အဓိပ္ပါယ် မရှိတဲ့ စကားမျိုးတွေ နင်ပြောနေလဲဆိုတာ နားထောင်ချင်လား။ မင်းက အပေါ်စီးကနေ ပြောနေသလိုပဲ။ မင်းက သူဌေးမလို့လား။'

အမျိုးသမီးကြီး မစ္စရှုက မျက်မှောင်ကို ကြုတ်လိုက်ကာ အဲ့ဒါကြောင့် ပိုင်းလင်းက စိုးရိမ်သွားခဲ့သည်။

သူမက တကယ်ကို ရှုမိသားစုနှင့် နေချင်ပြီး အခုလေးတင် သူမ ပြောလိုက်တာက အထူး နောက်ကြောင်းပြန်နေခြင်း ဖြစ်သည်။ ထို့အပြင် သူက ကျန်းမာရေး သိပ်မကောင်းသည့်အတွက် ရှုမိသားစုနှင့် နေရတာကသာ သူမအတွက် အကောင်းဆုံး အခြေအနေ ဖြစ်လိမ့်မည်။

သို့သော် ပိုင်လင်းရဲ့ စကားတွေက တကယ်ကို စိတ်ညစ်ဖို့ ကောင်းသည်။

'အဲ့ကိစ္စကိုပဲ ပြောကြတာပေါ့။ အဲ့ဒါဆို မင်းက ဘာလို့ သူ့ရဲ့ ဆေးပညာက ကောင်းလား၊ မကောင်းဘူးလားလို့ ပြောရတာလဲ။ လူတစ်ယောက်ကို ကောင်းလား၊ မကောင်းဘူးလားလို့ မင်းပြောလို့ မရဘူး။'

ပိုင်လင်းရဲ့ စိုးရိမ်မှုတွေက သူမကို ပိုပြီးတောင် စိတ်မကောင်း ဖြစ်သွားစေခဲ့သည်။ သူမ လာတုန်းက မူးလဲချင်ယောင် မဆောင်ခဲ့သင့်ပါ။ ကျန်းလိကြည့်ရတာ ပုံမှန်ပဲ ဖြစ်သော်လည်း သူက အားလုံးနှင့် တစ်နေရာထဲမှ လာတာပဲဟု သူမက တွေးမိခဲ့သည်။ သူ့မိသားစုက အဆင်မပြေသော်လည်း သူ့ရဲ့ ညီအစ်ကို၊ မောင်နှများ အကြား၌ ကျေးလက်ဒေသကို သွားရသည့် တစ်ယောက်တည်းသောသူ ဖြစ်သည်။ သူ့မိသားစုက ကိစ္စတွေ အများကြီးကို ပြင်ဆင်ရမည် ဖြစ်သည်။

သူမရဲ့ အစီအစဥ်က ကမ္ဘာနှစ်ခုကြားက ပုံမှန်မဟုတ်သော ဆက်နွယ်မှုများကို ပြသရန် ဖြစ်သည်။ သို့သော် သူမက တိကျတဲ့ အဖြေတစ်ခုကို မပေးဘဲ ပိုက်ဆံတွေကို သုံးဖို့ ထားထားလိုက်သည်။ ဒီတစ်ခေါက် သူမေ့လဲတဲ့ အချိန်ကလည်း အချိန်ကောင်း ဖြစ်သည်။ တစ်ခုကတော့ သူမရဲ့ အားနည်းချက်ကို လူတိုင်းက မြင်သွားကြပြီး အဲ့ဒါကပဲ နောက်ပိုင်းကျရင် သူမ အလုပ်လုပ်ဖို့ ပိုပြီး လွယ်ကူသွားစေလိမ့်မည်။ နောက်တစ်ခုကတော့ အခြားသူတွေ သူ့ကို မြင်တဲ့ အမြင်ကနေ ကာကွယ်ရန် ကျန်းလိကို ဆွဲထားဖို့ ဖြစ်သည်။

အခုဆိုရင် နောက်ပိုင်း သုံးသပ်ချက်တွေက မလိုအပ်တော့တာ သိသာနေပုံ ရသည်။ ကျန်းလိရဲ့ စကားအရ ဘယ်မိန်းမကမှ သူ့ကို စိတ်ဝင်စားကြမည် မဟုတ်ပါ။

ပိုင်လင်းက အဲ့ဒါကို နောင်တရသွားခဲ့သည်။ ကျန်းလိရဲ့ တုံးအမှုက ပြိုင်ဘက်ကင်းပြီး အဆင့်အသစ် တစ်ခုကိုတောင် ရောက်သွားခဲ့ပြီ ဖြစ်သည်။

သူသည် ဘယ်သူ့ကိုမှ နှောက်ယှက်လို့ မရနိုင်သလို ဘယ်သူနဲ့မှလည်း သွားရှုပ်လို့ မရနိုင်ပါ။

တကယ်လို့ ကျန်းလိကသာ အဲ့ဒါကို ထုတ်ပြောခဲ့ပါက ရှုမိသားစုထဲကို ပြောင်းနေဖို့က သူမအတွက် သေချာသည့် ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။ သို့သော် သူက သူမကို တွန်းအားပေးဖို့ကိုသာ ခေါင်းမာနေခဲ့ပြီး သူ့ရဲ့ စကားလုံးတွေက ခက်ထန်သည်။

ပိုင်လိသည် သူမ နောက်ထပ် ဘာလုပ်မလဲ ဆိုတာကို သေချာ တွေးရမယ်ဟု လေးလေးနက်နက် ခံစားမိခဲ့သည်။

'ကျန်းလိရဲ့ ပစ္စည်းတွေ အားလုံးက ပျက်စီးသွားပေမယ့် သူ့မှာက ဒီလို စိတ်မျိုး ရှိနေတုန်းပဲ။ ငါကတော့ သူနဲ့ တစ်လှေတည်း မစီးနိုင်ဘူး။'

အဲ့ဒါကို တွေးမိပြီး ပိုင်လင်းက ပြောခဲ့သည်။ “ကျန်းကျစ်ကျင့်၊ အဲ့လို မပြောနဲ့။ ရွေးချယ်မှုတွေက လူတိုင်းရဲ့ အမြင်ပေါ်မှာပဲ မူတည်တယ်။ နင်ကပဲ အရာရာကို ဆုံးဖြတ်လို့ မရဘူး။ ငါတို့တွေ ရွာသားတွေရဲ့ အိမ်မှာ နေရုံနဲ့တင် အခြားသူတွေကို ပြဿနာ ဖြစ်စေပြီးနှင့်ပြီ။ အဲ့တော့ ကိစ္စတွေ အများကြီးကို ရှေ့တန်းမတင်တာက ပိုကောင်းလိမ့်မယ်။”

ကျန်းလိသည် သူ့ရဲ့ ချိုသာသော စကားများကြောင့် မှင်သက်သွားခဲ့သည်။ ပိုင်လင်းက အမြဲလိုလို နူးညံ့ပြီး သူ့ကို စော်ကားတဲ့ စကားမျိုးကို ဘယ်တော့မှ ပြောလိမ့်မည် မဟုတ်ပါ။ သို့သော် သူမက ဒီစကားကို ပြောပြီးနောက် သူတို့အကြားမှာ စည်းတစ်ခု ခြားဖို့အတွက် ကြိုးစားနေပုံ ရသည်။

နောက်ဆုံးတော့ အမျိုးသမီးကြီး မစ္စရှုက ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်သွားခဲ့ပြီး သူမက ပိုင်လင်းကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။

ဒီကောင်မလေးကို ကြည့်ရတာ အားနည်းတယ် ဆိုပေမယ့် သူ့ စိတ်ထဲမှာတော့ လှည့်ကွက်တွေ အများကြီးပဲ ရှိတယ်။ သူက အမြဲတမ်း သူ့ရဲ့ ခွန်အားကို ပြဖို့ ကြိုးစားနေတာ။ သူ့က တည်ငြိမ်တဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး။

သူမက သူမရဲ့ အိမ်ထဲမှာ အဲ့လိုမျိုး နေချင်မယ့် လူမျိုးတော့ မဟုတ်ဘူး။

“မင်းက ကံကောင်းတာပဲ။ ငါ မင်းတို့ကို အခုထိ မပြောရသေးတာ တစ်ခု ရှိတယ်။ ဒီတစ်ခေါက် ငါ့တို့အိမ်မှာ နေရမယ့် ပညာတတ် လူငယ် နှစ်ယောက်က သူတို့ဘာသာ ချက်စားရမှာ။ ငါက ဝမ့်ရင်းနဲ့ နေဖို့ကို စီစဥ်ထားတယ်။ အဲ့ဒါကြောင့် ငါက အိမ်အိုကြီးထဲမှာ အခန်း တစ်ခန်းနဲ့ စားစရာတွေ ထားခဲ့ပေးမယ်။ ပညာတတ် လူငယ် နှစ်ယောက်က အတူတူ ချက်ပြုတ်ပြီး ရှင်းလင်းရမှာ။ ပြီးရင် ငါက လူငယ်တွေရဲ့ ဘဝကို ကြားဝင် နှောက်ယှက်မှာ မဟုတ်ဘူး။”

အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ အခြေအနေကို ရှင်းပြသည့်အခါ များစွာသော ပညာတတ် လူငယ်တွေက ချက်ချင်းပဲ စတင် တုံ့ဆိုင်းသွားခဲ့သည်။

'ဒါ ဘာကို ဆိုလိုတာလဲ။ အဲ့မှာနေတဲ့ ပညာတတ် လူငယ်တွေနဲ့ အတူတူ မစားဘူးလား။ သူတို့က ကိုယ့်ဘာသာပဲ ချက်စားရမှာလား။'

ဝူကွေ့ဟွာက ပြုံးပြီး ပြောခဲ့သည်။ “ဒါက ကောင်းပါတယ်။ နင်တို့နှစ်ယောက် အတူတူ နေလို့ရတာပေါ့။ ပြီးတော့ ဝမ့်ရင်းက စားဖို့ နေ့တိုင်း ဟိုသွားလိုက်၊ ဒီသွားလိုက် လုပ်နေဖို့ မလိုတော့ဘူး။”

အခုဆိုရင် တပ်မဟာထဲရှိ လူတိုင်းက အချင်းချင်း ရင်းနှီးလာခဲ့ကြသည်။ ဝမ့်ရင်းက မချက်ဘဲ နေ့လည်စာ စားဖို့အတွက် အမြဲတမ်း အမျိုးသမီးကြီး မစ္စရှုထံ သွားရတာက လူတိုင်း သိနေသော ကိစ္စတစ်ခု ဖြစ်သည်။ သူတို့ နှစ်ယောက် စားဖို့အတွက် သပ်သပ်စီ ချက်ဖို့ မလိုဘူးဟု ပြောကြသော်လည်း သူမတို့နှင့် အနီးကပ်ရှိသော ဝူကွေ့ဟွာလို လူမျိုးကတော့ ဝမ့်ရင်းက အချက်အပြုတ် မကျွမ်းကျင်တာကို သိနေခဲ့သည်။

'မနှစ်က ဆောင်းတွင်းမှာ သူမက မီးဖိုချောင်ကို ပြာကျလုနီးပါး ဖြစ်သွားအောင် လုပ်ခဲ့သည်။ သူမက ဘယ်လိုလုပ် ချက်ပြုတ်နိုင်မှာလဲ။ ' သို့သော် ဒါအဆင်ပြေပါတယ်ဟု ဝူကွေ့ဟွာက တွေးမိခဲ့သည်။ သူမက နေမကောင်းတာကို ကုသပေးနိုင်သည်။ ထို့အပြင် အဲ့မှာက ရှုရွှမ်းလည်း ရှိနေသည်။ အိမ်မှာ စားဖိုမှူး တစ်ယောက်သာ ရှိနေပါက တစ်ခြားသူက မချက်ပြုတ်တတ်လည်း ကိစ္စမရှိပါ။

အမျိုးသမီးကြီး မစ္စရှု - “အဲဲဒါတော့ မှန်တယ်။ ငါတို့တွေ အတူတူ နေကြတာက ငါတို့အတွက် ပိုပြီး လွယ်ကူတယ်။ အခုဆိုရင် ငါ့အိမ်က လွတ်နေပြီ။ လူတွေက အဲ့ကို ပြောင်းလာပြီး ကောင်းကောင်း ဂရုစိုက်ပေးရင် ငါ ဘာကိုမှ စိတ်ဝင်စားမှာ မဟုတ်တော့ဘူး။”

အမျိုးသမီးကြီး မစ္စရှုရဲ့ စကားတွေက ရှင်းလင်း ပြတ်သားသည်။ 'ငါတို့ မင်းတို့ကို အိမ်ငှားမယ်။ ဒါပေမယ့် မင်းတို့တွေ အိမ်ကို ကောင်းကောင်း ဂရုစိုက်ပေးဖို့တော့ လိုတယ်။ ပြီးတော့ ပြဿနာ သိပ်မရှာနဲ့။ အဲ့လိုနည်းနဲ့မှ တစ်ခြားသူတွေက မျက်နှာလွှဲပြီး နေကြမှာ။'

အမျိုးသမီးကြီး မစ္စရှုက အဲ့စကားကို ပြောလိုက်သည့်အခါ အမျိုးသမီး ပညာတတ် လူငယ်က ချက်ချင်းပဲ လက်ကို မြှောက်ကာ ပြောခဲ့သည်။ “ကျွန်မ ရှုမိသားစုရဲ့ အိမ်ကို သွားချင်တယ်။”

All Chapters