← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 10 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 10 Ch. 109-110

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၀၉

စကားပြောလိုက်သည့် ပညာတတ် လူငယ်က အဖွဲ့ထဲတွင် အငယ်ဆုံးဖြစ်ပြီး မျက်နှာ ဝိုင်းဝိုင်းနှင့် သူမရဲ့ နာမည်က ကျန်းပင်း ဖြစ်သည်။ သူမက သူမရဲ့ နာမည်နှင့် လိုက်အောင် နေသည်။

ပိုင်လင်းက နှစ်ခါ ချောင်းဟန့်လိုက်သည်။ သူမရဲ့ စိတ်တွေက လွန်ဆွဲနေခဲ့သည်။ ရှုမိသားစုက အမျိုးသမီးကြီး မစ္စရှု ပြောတဲ့ အတိုင်းသာဆိုရင် သူမအပေါ် သူတို့ရဲ့ တောင်းဆိုမှုက အတော်လေး လျှော့သွားမည် ဖြစ်သည်။

'ဒီတစ်ကြိမ် သူမ ကျေးလက်ဒေသကို သွားတဲ့အခါ သူမနှင့်အတူ ဘာမှ အများကြီး သိပ်မယူလာခဲ့ပါ။ တစ်ယောက်ယောက်က သူမကို မကူညီဘဲ သူမက တကယ်ကို ဘာမှ မလုပ်နိုင်ပါ။'

အစတုန်းက သူမသည် ကျန်းလိကို သူမရဲ့ အကူအဖြစ် ရွေးခဲ့သော်လည်း အခုဆိုရင် သူမက အတတ်နိုင်ဆုံး သူနှင့် အဝေးမှာသာ နေချင်ခဲ့သည်။ ရှုမိသားစုနှင့် မပတ်သက်ပါ…

ပိုင်လင်းက ဘာမှ မလှုပ်ရှားဘဲ ကျန်းပင်းကို တိတ်တိတ်လေး လေ့လာနေခဲ့သည်။

ကျန်းပင်းက သတ္တိရှိရှိ ပြောပြီးနောက် အမျိုးသမီးကြီး မစ္စရှုရဲ့ ဆုံးဖြတ်ချကို စောင့်နေရင်း တိတ်ဆိတ်နေခဲ့သည်။ အခုချိန် ရှုမိသားစုနဲ့ ပြောင်းနေဖို့က အကြံကောင်း တစ်ခုဟု အခြားသူတွေက တွေးနေခဲ့သည်။ သို့သော် သူမက ရှုမိသားစုနှင့် ပတ်သက်မှု မရှိတာကိုပဲ အင်မတန် ပျော်နေခဲ့သည်။

တကယ်တမ်းမှာတော့ သူမက အစာရေဆာ မပြတ်ပါ။ သူမ ဒီကို ရောက်လာတုန်းက ဒေသခံ အစားအစာများနှင့် ကူပွန် အများစုကို ယူလာခဲ့သည်။ ဒီလောက် အသက် ငယ်ငယ်လေးနှင့် ကျေးလက်ဒေသသို့ သွားရမှာကို စိတ်မကောင်း ဖြစ်နေခဲ့ကြသည်။ ထို့အပြင် သူမက ပစ္စည်းတွေ အများကြီး သယ်လာပါက အာရုံစိုက်ခံရမှာကိုလည်း သူတို့က စိုးရိမ်နေခဲ့ကြသည်။ ထို့ကြောင့် သူတို့က သူမအတွက် အဝတ်အိတ် တစ်ထည် ချုပ်ပေးခဲ့သည်။ မနေ့ညတုန်းက သူတို့အိမ် ပျက်စီးသွားတာကို သူမ မြင်တဲ့အခါ သူမက သူမနှင့်အတူ ဘာပစ္စည်းမှ ယူမလာခဲ့ပါ။ သူမက ယွမ်နှစ်ရာပေးပြီး ချုပ်ထားသော အဝတ်နှင့် အစားအစာ ကူပွန်များကိုသာ ယူပြီး ထွက်ပြေးလာခဲ့သည်။

ထို့ကြောင့် သူမက စားဖို့ ဘာမှ မရှိမှာကို မစိုးရိမ်ခဲ့ပါ။ သို့သော် အခြား အဖွဲ့ဝင်များနှင့် နေပြီး သူမရဲ့ ချမ်းသာမှုတွေကို မြင်ပြီး ဝက်တစ်ကောင်လို အမဲခံရမှာ စိုးရိမ်ခဲ့သည်။

ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဒီကောင်မလေးက အဆင်ပြေတယ်ဟု နှစ်ယောက်လုံးက တွေးလိုက်ကြသည်။ သူမက ငယ်သော်လည်း သူမက စကားကို ဘယ်လို ဆီလျော်အောင်ရမလဲနှင့် သေသေချာချာ ဆုံးမသွန်သင်ခံခဲ့ရပုံကို သူတို့က သိနေခဲ့သည်။ ထို့ကြောင့် သူတို့က သူမကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့သည်။

အခုဆိုရင် ပိုင်လင်းက တစ်ခုခုက မှားနေတာကို သိသွားခဲ့ပြီး သူမရဲ့ လက်ကိုလည်း မြှောက်ချင်ခဲ့သည်။

ရှုမိသားစုနှင့် ဝမ့်ရင်းအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ကတည်းက သူမက ကျန်းပင်းတို့ မိသားစုရဲ့ ကံကြမ္မာကိုသာ လောင်းကြေးစားကြေး ထပ်ချင်ခဲ့သည်။

ထိုအချိန်မှာပဲ ပညာတတ် လူငယ်တို့ရဲ့ အဖွဲ့ခေါင်းဆောင် ယန်ဟုန်က ပြောခဲ့သည်။ “ကျန်းပင်းက ငယ်သေးတယ်။ ဒီတစ်ခေါက် အသက်ကြီးတဲ့ ပညာတတ် လူငယ်တစ်ယောက်က ငယ်တဲ့တစ်ယောက်ကို လမ်းပြပေးဖို့တော့ အကြံပြုချင်တယ်။ ဒါက ပတ်ဝန်းကျင် အသစ်မှာ သဟဇာတဖြစ်အောင် နေထိုင်ဖို့ လူတိုင်းအတွက်လည်း ပိုပြီး လွယ်ကူသွားစေလိမ့်မယ်။”

ကျန်းပင်းရဲ့ ပါးတွေက နီရဲသွားခဲ့သည်။ “ဟုတ်တာပေါ့။”

ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုတို့က ဘာကန့်ကွက်မှုမှ မလုပ်ခဲ့ဘဲ မကြာခင်မှာ သူတို့က ဒီနေရာတွင် နေတာ နှစ်နှစ်ရှိပြီ ဖြစ်သော ကျန်းလီဟု ခေါ်သည့် အမျိုးသမီး ပညာတတ် လူငယ်တစ်ယောက်ကို ရွေးလိုက်သည်။

ကျန်းပင်းက အတော်လေး ကျေနပ်သွားခဲ့သည်။ ကျန်းလီက အသက်ပိုကြီးပြီး နှစ်ဆယ့်ငါး ဒါမှမဟုတ် နှစ်ဆယ့်ခြောက်နှစ်လောက် ရှိပြီဖြစ်ပြီး သူမလို လူမျိုးကို တွေ့ရတာက ပိုပြီး အဆင်ပြေတယ်ဟု ခံစားမိခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက ကျန်းလီနှင့် သိတာ ကြာလှပြီ ဖြစ်ပြီး သူမက ရိုးသားပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် မဟုတ်ကြောင်း ဝမ့်ရင်းကို ပြောပြခဲ့သည်။

အချိန်တိုတိုလေး အတွင်းမှာပဲ ပညာတတ် လူငယ်များကို ခွဲပေးခဲ့လိုက်သည်။

တစ်ယောက်ပဲ ကျန်တော့သည်။

ကျန်းလိ။

အချက်အလက်ကျကျ ပြောရရင် ကျန်းလိကို စာရေးမတို့အိမ်မှာ တာဝန်ချထားသင့်သည်။ သို့သော် စာရေးမက ကျန်းလိကို မြင်တဲ့အခါ ခေါင်းကိုက်သွားခဲ့ပြီး သူ့ကို မလိုချင်ခဲ့ပါ။

ကျန်းလိကလည်း စာရေးမရဲ့ အိမ်မှာ မနေချင်ဘဲ ပိုင်လင်းနဲ့သာ နေချင်ခဲ့သည်။

ပိုင်လင်းနှင့် အခြား အမျိုးသမီး ပညာတတ် လူငယ်တစ်ယောက်ကို ဝူကွေ့ဟွာရဲ့ အိမ်မှာ နေရာချထားပေးခဲ့သည်။ အစတုန်းက ဝူကွေ့ဟွာရဲ့ မိသားစုက တစ်ယောက်တည်းသာ လက်ခံခဲ့သည်။ သို့သော် အနည်းငယ် တွက်ချက်ပြီးနောက် ပညာတတ် လူငယ်များရဲ့ အရေအတွက်အရ နောက်ထပ် တစ်ယောက်ကို ထပ်ယူခဲ့သည်။ ဝူကွေ့ဟွာက ပိုင်လင်းကို အတော်လေး သဘောကျသည်။ ထို့ကြောင့် သူမက နောက်ထပ် လူတစ်ယောက်ကို လက်ခံဖို့ အကြံကောင်း တစ်ခုကို တွေးလိုက်သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူမရဲ့ သမီးမှာက ကိုယ်ပိုင် အခန်းတစ်ခန်း ရှိနေပြီး သူမက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက်သာ ရှိသေးကာ ပညာတတ် လူငယ်များနှင့် ရွယ်တူလည်း ဖြစ်သည့်အတွက် သူတို့က အဆင်ပြေပြေ နေနိုင်ကြလိမ့်မည်။

ကျန်းလိက ပိုင်လင်းနှင့် တစ်ဖွဲ့တည်း အတူတူ နေချင်သော်လည်း ဝူကွေ့ဟွာသာမက ထျန်းယိုဖုကလည်း သဘောမတူခဲ့ပါ။

“မင်းက စာရေးမရဲ့ အိမ်မှာ ဒါမှမဟုတ် ပညာတတ် လူငယ် စခန်းမှာပဲ နေလို့ ရတယ်။”

လူငယ် စခန်းက ပျက်စီးသွားပြီကို သူတို့က အဲ့မှာ ဘယ်လို နေရမှာလဲ။

ကျန်းလိက အင်တင်တင်နှင့် စာရေးမရဲ့ အိမ်ကို ပြောင်းနေခဲ့ရပြီး ယုဖမ်းချန်ကလည်း သူနှင့်အတူ နေခဲ့ရသည်။

နောက်ဆုံးမှာတော့ ထျန်းယိုဖုက ပညာတတ် လူငယ်များရဲ့ ကိစ္စတွေကို ကောင်းကောင်း ဖြေရှင်းလိုက်ပြီး သူတို့နေရမယ့် နေရာ အသီးသီးကို နေရာချထားပေးခဲ့သည်။

ကျန်းပင်းက သူမရဲ့ အထုပ်ကို သယ်ပြီး ကျန်းလီနှင့်အတူ ရှုအိမ်သို့ သွားခဲ့သည်။

ပိုင်လင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ထားခဲ့သည်။ ဝူကွေ့ဟွာတို့ မိသားစုက သိပ်မဆိုးသော်လည်း နောက်ကျမှ လက်ထောင်မိတာကို သူမက နောင်တရနေဆဲ ဖြစ်သည်။

သူမက ကျန်းပင်းကို စိတ်ညှိုးငယ်စွာ ပြောခဲ့သည်။ “ပင်းပင်း၊ ငါတို့ နေရာတကျ ဖြစ်သွားပြီးရင် ငါ နင့်ကို လာတွေ့လို့ ရမလား။”

ကျန်းပင်းက တွေဝေသွားခဲ့သည်။ “ငါ့ကို လာကြည့်မလို့လား။ ငါတို့တွေ နေ့တိုင်း အလုပ်မှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့မှာပဲ မဟုတ်ဘူးလား။”

ပိုင်လင်း - ......

ကျန်းပင်း - “ပြီးတော့ ငါတို့က ဒီမှာ လေးလလောက်ပဲ နေကြမှာလေ။ လူငယ် စခန်း ပြန်ဆောက်ပြီးရင် ငါတို့တွေ အဲ့မှာ အတူတူ နေလို့ရတာပဲလေ။”

ဝမ့်ရင်းက ဘေးကနေ အကျယ်ကြီး ထရယ်ချင်ခဲ့သည်။ ပိုင်လင်းရဲ့ ဉာဏ်နီ ဉာဏ်နက်တွေက ကျန်းပင်းနှင့် တွေ့တဲ့အခါ အလုပ်မဖြစ်တော့ပါ။ ကျန်းပင်းက ရိုးသားသည့် လူတစ်ယောက် ဖြစ်နေခဲ့သည်။ ပိုင်လင်းလို ဉာဏ်နီ၊ ဉာဏ်နက် များတဲ့သူမျိုးနှင့် ရင်ဆိုင်ရတာက သူမကို ပြန်ပြီး ထိုးနှက်ဖို့ လွယ်ကူပြီး တစ်ဖက်လူကို တိုးဝင်လို့ မရအောင် လုပ်နိုင်သည်။

ဝမ့်ရင်းသည် ဒီတစ်ခေါက် တာဝန်ချခံရသော လူငယ်များကို အတော်လေး ကျေနပ်နေခဲ့သည်။ ထို့နောက် သူတို့ နှစ်ယောက်ကို ရှုမိသားစုထံ ခေါ်သွားခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက တွန့်တိုတတ်သောသူမျိုး မဟုတ်ပါ။ သူမက အထဲတွင် ပရိဘောဂများကို ချန်ထားခဲ့ရုံသာမက တံခါးနားမှာ ရေတိုင်ကီ၊ မျက်နှာသစ်ဖို့ ဘေစင်နှင့် ထင်းတဲထဲတွင် ထင်းမီးများကိုပါ ထားပေးခဲ့သည်။ သူမက စားပွဲခုံ တစ်ခုံကိုလည်း ရွှေ့ပေးခဲ့သည်။

ကျန်းပင်းက အိမ်ထဲကို ဝင်လိုက်သည့်အခါ အံ့ဩသွားခဲ့ရသည်။

အိမ်က ရှေးကျပြီး တံခါးနားရှိ ပြတင်းပေါက်ပေါ်မှာ အပေါက်များလည်း ရှိသည်။ အိမ်က သန့်ရှင်းပြီး သပ်ရပ်ကာ အိပ်ရာကြီး တစ်လုံး၊ အိမ်ရာလေး တစ်လုံး၊ စားပွဲ၊ ထိုင်ခုံနှင့် ဗီဒိုများလည်း ရှိသည်။

အမျိုးသမီးကြီး မစ္စရှုက သူတို့ကို ပျော်ပျော်ပဲ သော့အပ်လိုက်သည်။ “ဒီအခန်းက မင်းတို့တွေ နေဖို့။ နေ့ခင်းဖက် မင်းတို့တွေ အပြင် သွားကြရင် တံခါးကို သော့ခတ်ဖို့ မမေ့ကြနဲ့။ မီးဖိုချောင်ထဲမှာ အိုးတွေ၊ မီးဖိုတွေ ရှိတယ်။ ခနနေရင် ငါ မင်းတို့ကို စားစရာ တစ်ဆယ် ကီလိုဂရမ် လာပို့ပေးမယ်။ မင်းတို့တွေ အဲ့ဒါကို အရင်ဆုံး စားထားကြ။ မီးဖိုချောင်ထဲမှာ ဂေါ်ဖီထုပ် နှစ်ထုပ်လည်း ရှိတယ်။ အဲ့ဒါကတော့ မင်းတို့ကို လက်ဆောင်အနေနဲ့ ပေးတာ။”

ကျန်းပင်းက အတော်လေး ပျော်သွားခဲ့သည်။ “ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်နော်”

သူမက တိတ်တိတ်ဆိတ်ဆိတ်နှင့်၊ အေးအေးချမ်းချမ်းရှိဖို့ကို တွေးပြီး ဒီကို ရောက်လာခဲ့သည်။ သို့သော် တစ်ဖက်လူက ဒါကို အဆင်ပြေပြေ ကိုင်တွယ်ပေးလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။

ကျန်းလီကလည်း အင်မတန် ပျော်သွားခဲ့သည်။ သူမက ဒီနေရာမှာ ရှိနေတာ ကြာလှပြီ ဖြစ်သည့်အတွက် တစ်ခြား အဖွဲ့သားတွေရဲ့ အိမ်က ဘယ်လို ရှိနေမလဲဆိုတာကို သူမက သိနေခဲ့သည်။ အချို့ မိသားစုတွေရဲ့ အိမ်ထဲရှိ နေရာတိုင်းမှာ သန်းတွေက ရှိနေပြီး သူတို့ နေထိုင်သည့် အိမ်ရဲ့ မီးလင်းဖိုထဲကနေ မြေကြွက်များ ထွက်လာကာ အတော်လေး သပ်သပ်ရပ်ရပ် မရှိပါ။ သူမက အဲ့အရာကို တွေးဖို့တောင် တကယ် လန့်နေခဲ့သည်။

ကံကောင်းလို့ပေါ့။ ငါ ကျန်းပင်းနောက်ကို လိုက်ပြီး ဒီတစ်ခေါက်မှာ ဒီနေရာကို ရွေးလိုက်မိတာ။ အခြားအရာတွေ မပြောနဲ့ဦး၊ အနည်းဆုံးတော့ ဒီအိမ်က သပ်ရပ်သည်။

ကျန်းပင်းနှင့် ကျန်းလီတို့က ပျော်ရွှင်စွာဖြင့် အခန်းကို သန့်ရှင်းရေး လုပ်ပေးခဲ့သည်။ အိပ်ရာပေါ်တွင် အမျိုးသမီးကြီး မစ္စရှု လုပ်ထားပေးသော အိပ်ရာခင်းကတောင် ရှိနေခဲ့သည်။ သူတို့က ဆွေးနွေးပြီး အိပ်ရာကြီး တစ်ခုပေါ်မှာပဲ အတူတူ အိပ်ဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ မနေ့ညက မိုးသီး ကြွေပြီး ဒီနေ့မှာ အနည်းငယ် အေးသည်။ သို့သော် လျှော်ဖွတ်ပြီးနောက် အခြောက် မလှမ်းရသေးသည့်အတွက် သူတို့ရဲ့ အိပ်ရာတွေက စိုစိနေခဲ့သည်။

ကျန်းလီက စွပ်ပြုတ်လုပ်ဖို့ ဂေါ်ဖီကို တစ်ဝက် လှီးလိုက်ကာ အမျိုးသမီးကြီး မစ္စရှု ပို့လိုက်သော ဂျုံမှုန့်နှင့် လှိမ့်ကာ ချက်ပြုတ်ဖို့ ပစ်ထည့်လိုက်သည်။ သူမက ဆားနည်းနည်း ထည့်ပြီး အရသာ မြည်းကြည့်လိုက်သည့်အခါ အံသြစွာဖြင့် သိပ်မဆိုးလှပါ။

သူတို့ နှစ်ယောက်က အေးအေးဆေးဆေးနှင့် စားကာ စောစောစီးစီး အိပ်ရာ ဝင်ခဲ့ကြသည်။

သို့သော် တစ်ဖက်ရှိ ပညာတတ် လူငယ်တွေက သိပ်ပြီး အဆင်မပြေလှပါ။

ကျန်းလိက စာရေးရဲ့ အိမ်ကို ရောက်လာကတည်းက မျက်မှောင် ကြုတ်နေခဲ့သည်။ သူက သူနှင့် ယုဖမ်းချန်တို့ အခန်းထဲရှိ မြေမီးလင်းဖိုကို မြင်ရသည့်အခါ မေ့လဲမလိုတောင် ဖြစ်သွားခဲ့သည်။

“ဒါက တော်တော်လေးကို မာတာပဲ။ ဒီမှာ ဘာအိပ်ရာခင်းမှတောင် မရှိဘူး။”

စာရေးရဲ့ မိန်းမက သူ့ကို ညှာညှတာတာ မရှိဘဲ ချက်ချင်း ပြောခဲ့သည်။ “ကျန်းကျစ်ကျင့်က တကယ်ကို မြို့ကနေ လာတာပဲ။ ဘာလောကဓံကိုမှ မခံနိုင်ဘူး။ တပ်မဟာထဲက ဘယ်မိသားစုမှာ အိပ်ရာခင်းတွေ ပိုလဲဆိုတာ သွားမေးကြည့်လေ။ နင်တို့အတွက် အခန်း တစ်ခန်းလောက် ရတာကပဲ ကံကောင်းတယ်။”

ကျန်းလိရဲ့ မျက်နှာက မှုန်သုန်သွားခဲ့ပြီး တတွတ်တွတ် ပြောနေခဲ့သည်။ “ပြဿနာရှာတဲ့ မိန်းမမျိုးပဲ။”

ယုဖမ်းချန်သည် သူက အဲ့ဒါကို ထပ်ပြီး ပြောအသံ ကြားလိုက်ရသည့်အခါ သူ့ကို လမ်းမှန်ပြပေးဖို့ စိတ်က ပျောက်သွားခဲ့ရသည်။

“နင်က အဲ့မှာအိပ်။ ငါက ဟိုဘက်မှာ အိပ်လိုက်မယ်။”

သူ့ရဲ့ဘက်ကို သပ်သပ်ရပ်ရပ် ရှင်းပြီးနောက် ယုဖမ်းချန်က သူ့ရဲ့ အဝတ်အစားတွေကို လဲကာ အိပ်ရာကို ရှင်းပြီး သူ့ရဲ့ဘေးမှာ အဝတ် ပါးပါးလေး တစ်ထပ်ကို ခင်းလိုက်သည်။ အခုဆိုရင် ဒီတစ်နည်းသာ ရှိတော့သည်။ အိပ်ရာခင်းတွေ ခြောက်သွားမှာ သူက ဒီအဝတ်တွေကို အိပ်ရာခင်းအဖြစ် ထပ်ပြီး သုံးတော့မည် မဟုတ်ပါ။

ကျန်းလိ ဒေါသထွက်တုန်းက ဘယ်သူကမှ သူ့ကို မကူညီပေးကြသည့်အတွက် သူက ပြဿနာရှာချင်စိတ် တဖြည်းဖြည်း ပျောက်သွားခဲ့သည်။ သူက ယုဖမ်းချန်လိုပဲ သူ့ရဲ့ဘက်ကို ရှင်းလင်းခဲ့ပြီး မြန်မြန်ပဲ အိပ်ရာဝင်ခဲ့သည်။

……..

ပညာတတ် လူငယ်များကို နေရာ ချထားပြီး ရက်အနည်းငယ် အကြာမှာပဲ တပ်မဟာက အတော်လေး အလုပ်ရှုပ်နေခဲ့သည်။ လူတိုင်းက နွေရာသီအတွက် စိုက်ခင်းများကို စိုက်ပျိုးနေခဲ့ပြီး အချိန်ရတဲ့အခါ သူတို့က ကိုယ်ပိုင် စိုက်ခင်းများတွင် အလုပ်များ သွားလုပ်ကြသည်။

အလယ်ပိုင်းလောက်မှာ သူတို့က ဘေးအန္တရာယ် တစ်ခုအကြောင်းလည်း ကြားခဲ့သည်။

နွေရာသီမှာ ရှားပါးတဲ့ မိုးသီးကြွေကျတာက သူတို့ရဲ့ တပ်မဟာကိုသာမက ဘေးနားရှိ တပ်မဟာများကိုလည်း ထိခိုက်စေခဲ့သည်။ တောင်ခြေရှိ ဖမ်းကျင်း တပ်မဟာက ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပြီး စောစောစီးစီး စိုက်ပျိုးထားသည့် သူတို့ရဲ့ နွေရာသီ စိုက်ခင်း အားလုံးကလည်း ပျက်စီးသွားခဲ့သည်။

ဒီရက်ထဲမှာ ခုနစ်ခုမြောက် တပ်မဟာက အပင်တွေ ပြန်စိုက်ပျိုးရင်း အလုပ်ရှုပ်နေခဲ့ကာ ထိုအချိန်တွင် ဖမ်းကျင်း တပ်မဟာက စိုက်ဖို့ မျိုးစေ့တွေ မလုံလောက်ဘူးဟု ပြောပြီး ပြဿနာ ရှာနေခဲ့သည်။

ဝမ့်ရင်းက ပုံမှန်အတိုင်းပဲ ထိုသတင်းကို ကြားတဲ့အခါ စိတ်ရှုပ်သွားခဲ့ရသည်။

နွေရာသီမှာ အပင်တွေကို ကောင်းကောင်း မစိုက်ရင် ဆောင်းရာသီ ရိတ်သိမ်းရမယ့် အချိန် ရောက်လာရင် စားစရာတွေ ပြတ်ကြလိမ့်မည်။

သူမက ဒါဟာ သတင်းကောင်းတစ်ခု မဟုတ်ဘူးဟု ခံစားခဲ့ရပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်မှုတွေ လုပ်ဖို့ ရှုရွှမ်းနှင့် တိုင်ပင်ရန် စီစဥ်ထားခဲ့သည်။

မိုးသီးကြွေကျမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေက အစားအစာအတွက်သာမက ဒဏ်ရာများလည်း ရစေခဲ့သည်။ သူမရဲ့ တပ်မဟာထဲရှိ ဒဏ်ရာရထားသော လူတွေက အဲ့နေရာကို ပညာတတ် လူငယ်တွေနှင့်သာ အာရုံစိုက်ထားခဲ့သည်။ သို့သော် အခြား တပ်မဟာရှိ လူတွေက အရမ်းတော့ ကံမကောင်းကြပါ။ ဘေးနားရှိ တပ်မဟာမှ လူတွေက ဆေးကုသမှု ခံယူဖို့ ဝမ့်ရင်းထံ လာကြသည့်အတွက် သူမက ခနလောက်တော့ အတော်လေး အလုပ်ရှုပ်သွားခဲ့သည်။

နောက်ဆုံးတော့ သူတို့မှာ အားလပ်ချိန် ရတဲ့အခါ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က ခွင့်တစ်ရက် ယူကာ တောင်ပေါ်တက်ပြီး ဂျင်ဆင်းပင် သွားရှာဖို့ ပြင်ဆင်ခဲ့သည်။

ရှုရွှမ်းက ရေနွေးအိုး တစ်အိုး၊ မီးခြစ်ဆံနှင့် အစာခြောက်များကို ယူလာခဲ့သည်။ အစာခြောက်တွေက အခြောက်လှမ်းထားသော ကိတ်မုန့်များ ဖြစ်သည်။ ထိုနည်းကို ဝမ့်ရင်းက သင်ပေးခဲ့ခြင်း ဖြစ်သည်။ ဂျုံမှုန့်ကို ရေနွေးနှင့် ရောပြီးနောက် ငရုတ်သီးမှုန့်၊ ဂျုံ၊ ဆားနှင့် ဆီတို့ကို ထည့်ကာ အထပ်များစွာ ပါသော အဆာသွတ်မုန့်ကို လုပ်ခဲ့သည်။ ထို့နောက် အလယ်တွင် ယုန်သားကို ထည့်ကာ မီးဖိုထဲတွင် ချိတ်ပြီး မီးဖုတ်ထားခဲ့သည်။ ရလာတဲ့ ကိတ်မုန့်က ကျွတ်ယွပြီး ဝါးရလွယ်ရုံသာမက အထဲက အစာသွတ်ထားသော အဆာကလည်း လုံးဝကို လိုက်ဖက်သည်။

သေချာတာကတော့ သူက ဒီနှမ်းကိတ်မုန့်ကို စားရင်း တောင်အောက်ကို ဆင်းနိုင်သော်လည်း ရှုရွှမ်းက သူက တောရိုင်းအကောင် တစ်ကောင်ကောက်များ ဖမ်းနိုင်မလား ဆိုတာကို တွေးနေဆဲ ဖြစ်သည်။ ဖမ်းမိပြီး တောင်ပေါ်မှာ သတ်ကာ ကင်စားတာက ကောင်းတဲ့အရာတစ်ခု ဖြစ်လိမ့်မည်။

သူတို့နှစ်ယောက်က စောစောထပြီး တောင်ပေါ်ကို တက်သွားကြကာ သူတို့ သွားနေကြ လမ်းအတိုင်းပဲ သွားခဲ့သည်။

သူတို့ ဝေးဝေး သွားလေလေ၊ တောရိုင်း တိရိစ္ဆာန်များကို သူတို့ ပိုတွေ့ရလေလေ ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးက သတိထားပြီး ဂရုတစိုက်နဲ့ တရွေ့ရွေ့ သွားခဲ့ကြသည်။

ဒီလိုမျိုး သတိထားမှလည်း အဆင်ပြေမည်။ အရင်ဆုံး ဝမ့်ရင်းက အဖူးများကို တွေ့လိုက်ပြီး ချယ်ရီရိုင်းများကို တွေ့ခဲ့ရပြန်သည်။

ကံမကောင်းစွာဖြင့် ချယ်ရီသီးတွေက ဒီအချိန်မှာ ခူးလို့ မရသေးပါ။ သို့သော် အဖူးတွေကတော့ သူတို့ရဲ့ အကောင်းဆုံး ရာသီမှာ ခူးလို့ရသည်။ ဝမ့်ရင်းက အဖူးတွေ အခိုင်လိုက် ဖြစ်နေတာကို မြင်တဲ့အခါ တွေဝေသွားခဲ့သည်။

အဖူးရှိ အဆူးဟောင်းများကို ချွန်ထက်သော အဆူးများက ဖုံးသွားခဲ့ပြီး ခူးဖို့ အတော်လေး အခက်တွေ့စေခဲ့သည်။ အပေါ်ရှိ နူးညံ့သော အဖူးတွေကိုသာ စားလို့ရပြီး အဲ့ဒါတွေက အတော်လေးကို အရသာ ရှိသည်။ အဲ့အဖူးတွေကို “တောရိုင်း သီးပင်၊ စားပင်တွေရဲ့ ဧကရာဇ်”လို့တောင် ခေါ်လို့ရသည်။

ရှုရွှမ်းက သစ်ကိုင်းရှည် နှစ်ချောင်းကို ဖြတ်ကာ ထိပ်နားမှာ မီးဖိုချောင်သုံးဓားကို ချည်လိုက်သည်။ ထို့နောက် သူက အဖူးများစွာကို အောင်အောင်မြင်မြင် ခူးခဲ့သည်။

ရှုရွှမ်း - “အဲဲဒါတွေကို အိမ်ပြန်ယူသွားပြီး မင်းအတွက် မင်းအတွက် ကြက်ဥနဲ့ မွှေပြီး ကြော်ပေးမယ်။”

ဝမ့်ရင်းက ထပ်ပြောခဲ့သည်။ “ဖက်ထုပ်တွေ လုပ်ပေးပါဦး။”

ရှုရွှမ်းက ရယ်ပြောခဲ့သည်။ “ဟုတ်ပါပြီ။ ဖက်ထုပ်လည်း လုပ်ကြမယ်။”

ထိုအဖူးတွေကို ဖက်ထုပ် လုပ်စားတဲ့အခါ အတော်လေး အရသာရှိသည်။ အသီးအရွတွေရဲ့ လက်ဆက်မှုက အသားနှင့် ရောလိုက်သည့်အခါ အခြား အသားတွေထက် ပိုပြီးတောင် အရသာ ရှိသည်။

ဝမ့်ရင်းက အဖူးဟောင်းများကို ခူးပြီးနောက် ရှားပါးသော ဆေးဖက်ဝင် အပင် အနည်းငယ်ကို တွေ့ခဲ့သည်။ သို့သော် အချိန် အကြာကြီး ရှာပြီးနောက် သူမက ဘာဂျင်ဆင်းမှ မတွေ့ခဲ့ပါ။

ရှုရွှမ်းက သူမကို နှစ်သိမ့်ပေးခဲ့သည်။ “မင်း တစ်ခုခု မရှာတွေ့ရင်တောင် အဆင်ပြေပါတယ်။ ကိုယ့်ဆရာက ကိုယ့်ကို မှတ်ချက်ပေးလို့ ရတယ်လို့ ပြောတယ်။ အဲ့ဒါမှ ကိုယ်က ဒီနှစ်ထဲမှာ ဒုတိယအဆင့် လက်မှတ်ကို ဝင်ဖြေလို့ ရပြီ။ ကိုယ် စာမေးပွဲ အောင်သွားရင် ကိုယ်က အခွင့်အလမ်း တစ်ခုခု ရနိုင်ပြီ။”

'ကိုယ်က တစ်လကို ငါးယွမ်းလောက် ရနိုင်ပြီ။'

သူတို့နှစ်ယောက်က တောင်ပေါ်မှာ အချိန် အကြာကြီး ဖြုန်းခဲ့ကြပြီး ရစ်ငှက် တစ်ကောင်နှင့် သိပ်မသေးသော မြွေတစ်ကောင်ကို ဖမ်းမိခဲ့သည်။

ဒါဟာ သူတို့ နှစ်ယောက်အတွက် တိုက်ဆိုင်မှု တစ်ခုလည်း ဖြစ်သည်။ ထိုအချိန်တုန်းက မြွေသည် သစ်ပင်ပေါ်မှာ ပတ်နေရင်း အသံထွက်ကာ လျှာကို ထုတ်နေခဲ့သည်။ မြွေက လူတွေကို မြင်တဲ့အခါ ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီး အတော်လေး ရက်စက်တာ သိသာနေခဲ့သည်။

ရှုရွှမ်းက မြွေရဲ့ ချက်ကောင်းကို ဓားဖြင့် တစ်ချင်တည်း ပေါက်လိုက်သည်။ ထို့နောက် ဝမ့်ရင်းက မြွေကို ယူလိုက်သည်။ အဲ့ဒါက အတော်လေး လေးပြီး အိတ်ရဲ့ တစ်ဝက်လောက်ကို နေရာ ယူထားခဲ့သည်။

ဝမ့်ရင်း - “ မြွေရဲ့ သည်းခြေက ရောင်းရင် သေချာပေါက် စျေးကောင်းရမှာ။”

'ဂျင်ဆင်းရိုင်းက ရဖို့ ခက်တယ်။ ပြီးတော့ မြွေရဲ့ သည်းခြေကို ရတာက ကံကောင်းတာပဲ။'

နောက်ဆုံးမှာတော့ ဝမ့်ရင်းသည် ဒီခရီးလမ်းက အဓိက မဟုတ်ဘူးဟု တွေးခဲ့သည်။

သူတို့ နှစ်ယောက်က အသားနှင့် နှမ်းကိတ်ရယ် ကြက်ကင်ရယ်ကို တောင်ပေါ်မှာ စားခဲ့သည်။ ထို့နောက် တဖြည်းဖြည်း မှောင်ရီပျိုးချိန်မှာ တောင်အောက်သို့ စတင် ဆင်းလာခဲ့သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၁၀

တောင်ရဲ့ အောက်ခြေက ခုနစ်ခုမြောက် တပ်မဟာရဲ့ အပိုင် မဟုတ်ပါ။ ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ကိုကိုင်ပြီး သူတို့ နှစ်ယောက်က လမ်းကြောင်းကို မှတ်ပြီး အဲ့လမ်းအတိုင်း ဝင်သွားကြသည်။

လမ်းတစ်ဝက်မှာ ဝမ့်ရင်းက တစ်ခုခုဖြင့် ထိပြီး လဲမလို ဖြစ်သွားခဲ့သည်။

သူက ငုတ်တုပ်လေး ထိုင်ပြီး ထပ်ကာ ထပ်ကာ ကြည့်ခဲ့သည်။ မြေကြီးပေါ်မှာ ကျောက်တုံးကြီး တစ်တုံးက ရှိနေခဲ့ပြီး သူ့ဘေးမှာလည်း နောက်ထပ် ကျောက်တုံး တစ်တုံးက ရှိနေခဲ့သည်။ ဝမ့်ရင်းက စိတ်ပူသွားခဲ့သည်။ “ရှုရွှမ်း၊ ဒီကျောက်တုံးကို လမ်းကနေ ရွှေ့ပေးဖို့ ကျွန်မကို ကူပေးပါဦး။”

သူတို့ နှစ်ယောက်က အားစိုက်ကာ ထိုကျောက်တုံးကို ဖယ်ခဲ့ကြပြီး အဲ့ကျောက်တုံးရဲ့ အောက်ခြေ အစွန်းနားမှာ ဂျင်ဆင်းရိုင်းလေး တစ်ပင်ကို တကယ်ပဲ တွေ့ခဲ့ရသည်။

ဝမ့်ရင်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့သည်။ “ဘေးကိုလည်း လိုက်ကြည့်ကြည့်ပါဦး။ ဒါရဲ့ သက်တမ်းက သုံးနှစ်ပဲ ရှိသေးတာ။ အဲ့မှာ ဒီဟာထက် ကြီးတာ တစ်ခု ရှိလိမ့်မယ်။”

ရှုရွှမ်းနှင့် ဝမ့်ရင်းတို့က ဘေးပတ်လည်ကို ဓာတ်မီးဖြင့် ထိုးပြီး ကြည့်ခဲ့သည်။ ထို့နောက် မကြာခင်မှာပဲ သူတို့က တစ်ခုကို တူးနိုင်ခဲ့သည်။

ဝမ့်ရင်းက အတော်လေး ပျော်သွားကာ ဂျင်ဆင်းရိုင်းကြီး တစ်ခုကို လက်ညှိုး ထိုးလိုက်သည်။ “ခန့်မှန်းကြည့်ပါဦး။ ဒီဟာရဲ့ သက်တမ်းက ဘယ်လောက် ရှိပြီလဲ။”

ဂျင်ဆင်းရိုင်းရဲ့ ပုံစံက ရိုင်ဇုန်း၊ အမြစ်၊ ပုံစံ၊ လုံးပတ်နှင့် အမွှေးများရဲ့ ပုံစံငါးမျိုးအပေါ် မူတည်သည်။

လု ဟုခေါ်သော လုပန်းတွေက ဂျင်ဆင်းရိုင်းရဲ့ ခေါင်းပိုင်းကို ရည်ညွှန်းသည်။ ကောင်းမွန်တဲ့ လုတစ်ခုက ထိပ်ပိုင်းမှာ ထူပြီး အောက်မှာက ပါးသည်။ ပွင်းလန်းနေသော ပန်းတစ်ပွင့်လို ဖြစ်နေခဲ့သည်။ အကြောင်းမှာ လုက တစ်နှစ်ကို တစ်ခါသာ ပေါက်ရောက်သည်။

အထပ်တွေက မနက်ခင်းမှာ ပွင့်တဲ့ ပန်းကလေးများလို အထပ်လိုက် ဖြစ်နေသည်။ လုမှာ ပေါက်နေသော အမြစ်တွေက အဆုံးနှစ်ဖက်မှာ သေးပြီး အလယ်မှာ ထူသည်။ ပုံစံက ဂျင်ဆင်းရိုင်းရဲ့ အပေါ်ပိုင်း အဓိက ကိုယ်ထည်မျိုး ဖြစ်ပြီး ဒါက ဂျင်ဆင်းရဲ့ သက်တမ်းကို ဆုံးဖြတ်တဲ့ နေရာမှာလည်း အရေးကြီးသည်။

ကိုယ်ထည်ပိုင်းနှင့် အမြစ်မွှေးများအရ အဲ့ဒါတွေက ဂျင်ဆင်းရဲ့ အဓိက ကိုယ်ထည်နှင့် အမြစ်ကို ရည်ညွှန်းပြီး ခန့်မှန်းကလည်း လွယ်ကူသည်။

ဝမ့်ရင်းနှင့် ရှုရွှမ်း ရှာတွေ့ထားသော ဂျင်ဆင်းကို အခုထိ မတူးရသေးသော်လည်း အပေါ်ဘက်ရှိ ပွင့်နေသော အဖူးလေးတွေက လှပစွာ ထိုးထွက်နေသည်ကို သိသိသာသာ မြင်နိုင်သည်။ ဂျင်ဆင်းရဲ့ ပုံစံက အမြစ် နည်းနည်းက ထွက်နေပြီး ပုံမှန် စိန်တုံးပုံစံ ဖြစ်သည်။ သို့သော် သူတို့ အားလုံးရဲ့ အပေါ်မှာ အစက် အသေးလေးတွေ ရှိနေပြီး ဘေးနားရှိ လက်စွပ်ပုံစံတွင် ညီညာသော အထပ်များက ရှိနေခဲ့သည်။

ဝမ့်ရင်းက အခိုင်အမာ ပြောခဲ့သည်။ “အနည်းဆုံးတော့ နှစ်သုံးဆယ်ပဲ။”

ဒီဂျင်ဆင်းရိုင်းရဲ့ အရည်အသွေးက နောက်ပိုင်းကျရင် ပိုပြီးတော့တောင် စျေးကြီးလာလိမ့်မယ်။

ဝမ့်ရင်းက ဂျင်ဆင်းကို သေသေချာချာ တူးခဲ့ပြီး ထိုဂျင်ဆင်းကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အခါ ပိုပြီးတောင် စိတ်လှုပ်ရှားဖို့ ကောင်းနေခဲ့သည်။ ထိုဂျင်ဆင်းက နှစ်ပေါင်း သုံးဆယ်ကျော်ရှိကာ သုံးဆယ့်ငါးနှစ်နီးပါး ရှိနှင့်ပြီး ဖြစ်သည်။

ဝမ့်ရင်းက စိတ်လှုပ်ရှားစွာဖြင့် ဂျင်းဆင်းကို ယူလာသော စက္ကူဖြင့် သေသေချာချာ ပတ်လိုက်ပြီး အနီးအနားရှိ ဂျင်ဆင်းလေး အနည်းငယ်ကိုလည်း ထုပ်လာခဲ့သည်။

ဒီဂျင်ဆင်းကြီးကို ယောင်ရွှင်းကျင်းဆီကနေ အနည်ဆုံး ယွမ်ကို ရာနဲ့ချီပြီး လဲလို့ ရသည်။ သူမက ဒီဂျင်ဆင်းလေးတွေကိုလည်း လွှင့်ပစ်မှာတော့ မဟုတ်ပေ။ သူမက တစ်ခုကို သိမ်းထားဖို့ ယူလိုက်ပြီး ကျန်တဲ့ အပင်တွေက ရှင်နိုင်ဦးမလားဆိုပြီး စိုက်ကြည့်ဖို့ ကြိုးစားခဲ့သည်။

မှောင်ရီ ပျိုးနေခဲ့ပြီ ဖြစ်သည်။ ဝမ့်ရင်းက သူမရဲ့ အိတ်ဆောင်နာရီကို ကြည့်လိုက်ပြီး အချိန်က ညနေ ခုနစ်နာရီ ကျော်နေခဲ့ပြီ ဖြစ်သည်။ တောင်ပေါ်ကနေ ဆင်းပြီးနောက် သူတို့နှစ်ယောက်က လမ်းမကြီးအတိုင်း ခနလောက် လမ်းလျှောက်လာခဲ့သည့်အခါ သူတို့ရဲ့ အရှေ့ကနေ မီးထိန်ထိန် လင်းနေသော တပ်မဟာ တစ်ခုကို တွေ့ခဲ့သည်။ သူတို့က တစ်ယောက်ယောက်ကို လမ်းမေးဖို့ ရပ်လိုက်သည့်အခါ အဲ့ဒါက အနီရောင် အလံ တပ်မဟာတစ်ခု ဆိုတာကို သိခဲ့ရသည်။

သူတို့ နှစ်ယောက်က တောင်ပေါ်မှာ အကြာကြီး ဟိုဟိုဒီဒီ သွားခဲ့ကြသည်။ အစပိုင်းမှာတော့ သူတို့ လာခဲ့ကြတဲ့ လမ်းတွေကို မှတ်မိသည်။ နောက်ပိုင်းမှာတော့ ဝမ့်ရင်းက သူတို့ရဲ့ လာရာ လမ်းအတိုင်း မပြန်နေဘဲ လမ်းကြောင်းရဲ့ အကြံဖျင်းသာ မှတ်မိတယ်ဟု တွေးမိခဲ့သည်။ သူတို့က ဟုန်ကျိ တပ်မဟာရဲ့ တောင်တက် လမ်းအတိုင်း တက်လာကြတာလားဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။

သူတို့က လမ်းကို တွေ့တဲ့အခါ သူတို့ နှစ်ယောက်က ဘာလုပ်ရမလဲ ဆိုတာကို သိခဲ့ကြပြီး လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာဖြင့် သူတို့ရဲ့ ကိုယ်ပိုင် တပ်မဟာကို ပြန်လာခဲ့ကြသည်။

သူမ အိမ်ပြန်ရောက်တော့ အမျိုးသမီးကြီး မစ္စရှုက စိုးရိမ်တကြီး စောင့်နေခဲ့သည်။

“နင်တို့တွေ ဘာလို့ ဒီအချိန်မှ ပြန်လာကြတာလဲ။ မြန်မြန် လာထိုင်ကြ။ မြန်မြန် ထိုင်ကြ”

အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းကို ရေနွေးတစ်ခွက် ပေးခဲ့သည်။ နွေရာသီပဲ ရှိသေးတယ် ဆိုသော်လည်း မနက်ပိုင်းနှင့် ညနေပိုင်းမှာ အေးနေဆဲ ဖြစ်ပြီး အထူးသဖြင့် တောင်ပေါ်မှာ ပိုပြီးတောင် အေးသည်။

ဝမ့်ရင်းက ရေကို နှစ်လုပ်လောက် သောက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အမျိုးသမီးကြီး မစ္စရှုကို ပြခဲ့သည်။

“အမေ၊ ကြည့်ပါဦး။”

ဝမ့်ရင်းက အိတ်ထဲတွင် ဖုံးထားသော ဆေးဖက်ဝင် အပင်များကို ထုတ်လိုက်သည်။ အဲ့နှစ်ခြင်းလုံးက ပြည့်နေခဲ့ပြီး သူမက ပစ္စည်း အပြည့်နှင့် ပြန်လာတယ်ဟုတောင် ပြောလို့ရသည်။

အမျိုးသမီးကြီး မစ္စရှုက မြွေကြီးကို မြင်တဲ့အခါ သူမရဲ့ နှလုံးတွေက ရပ်သွားမတက် ကြောက်သွားခဲ့ရပြီး လဲကျသွားခဲ့သည်။

“ဘုရားရေ၊ နင်တို့ ဒီမြွေကြီးကို ဘယ်လိုတောင် ဖမ်းခဲ့ကြတာလဲ။”

အမျိုးသမီးကြီး မစ္စရှုက လန့်သွားခဲ့သည်။ မြွေကြီးက သေပြီးသား ဖြစ်သော်လည်း ခြင်းတောင်းရဲ့ တစ်ဝက်လောက်ကို နေရာ ယူထားခဲ့သည်။ မြွေရဲ့ ကိုယ်ပေါ်မှာ အရောင် တောက်နေသော အစက်အပြောက်တွေက ရှိနေခဲ့ပြီး အဲ့ဒါတွေကို ကြည့်ရတာတောင် အတော်လေး ကြောက်ဖို့ ကောင်းသည်။

ဝမ့်ရင်း - “ရှုရွှမ်းက ဓားနဲ့ ပေါက်လိုက်တာ။ အဲ့ဒါနဲ့ သူ့ရဲ့ ချက်ကောင်းကို တိုက်ရိုက် ထိသွားတာပဲ။”

ဝမ့်ရင်းက ရင်ခုန်ပြီး စိတ်လှုပ်ရှားသွားခဲ့ကာ သူမကို ပြန်ပြောပြခဲ့သည်။ “သမီးတို့က သစ်ပင်ပေါ် တက်ပြီး တတိုင်းမွှေး အဖူးတွေကို တက်ခူးရုံပါ။ သမီးတို့ အဖူးတွေ ခူးပြီးတော့မှ မြွေကြီးက ပါးစပ်ကိုဟပြီး သမီးတို့ဆီကို တည့်တည့်ကြီး လာခဲ့တာ။”

ဝမ့်ရင်းက မြွေဖမ်းတဲ့ ဖြစ်စဥ်ကို အတော်လေး ထိတ်လန့်ပြီး ရင်ခုန်စွာ ပြောပြခဲ့သည်။ အဲ့ဒါက အမျိုးသမီးကြီး မစ္စရှုကို ထပ်ခါ၊ ထပ်ခါ အံ့ဩသွားစေခဲ့သည်။

ဝမ့်ရင်း - “ဒီမြွေကို ကြည့်ရတာ အဆင်ပြေမယ့် ပုံပါပဲ။ အဲ့ဒါကို ညစာ စားပြီးမှ ငါကိုင်လိုက်မယ်။”

မြွေရဲ့ သည်းခြေ၊ အရေခွံ ဒါမှမဟုတ် မြွေရဲ့ အရိုးတွေ အားလုံးကို ဆေးဖက်ဝင် ပစ္စည်းတွေ အနေနဲ့ သုံးလို့ရသည်။

အမျိုးသမီးကြီး မစ္စရှုက အနည်းငယ် ကြောက်နေခဲ့သည်။ “ဒါကြီးက တကယ်ကို စိတ်ညစ်ဖို့ ကောင်းလိုက်တာ။”

ဝမ့်ရင်းက ဆရာဝန်တစ်ယောက် ဖြစ်တဲ့အတွက် ထိုအရာတွေကို မကြောက်တာက ပုံမှန်ဆိုသော်လည်း သာမန် လူတွေကတော့ ကြောက်ကြသည်။

“ဒီမြွေကို ကြည့်ရတာ တော်တော်လေး ကောင်းတာပဲ။ အဲ့ကရတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေက ပိုက်ဆံတွေ အများကြီး ရလောက်မှာ။”

ဝမ့်ရင်းက ဝယ်စျေးကို မသိသော်လည်း သူမရဲ့ အရင်ဘဝက တွက်ချက်မှုများအရ ဒါဟာသည် စျေးပေါမည်တော့ မဟုတ်ပါ။

ပြည်တွင်းရှိ ဆေးပစ္စည်းတွေက အသုံးပြုဖို့ လွယ်ကူသော်လည်း မြွေများကို ဆေးဖြစ် ဝါးဖြစ် သုံးဖို့ကတော့ ပိုပြီး ခက်ခဲသည်။ ကျေးလက်ဒေသရှိ လူတွေက အဆိပ်မရှိသည့် မြွေတွေကို ဖမ်းကြသည့်အခါ သူတို့က အဲ့ဒါကို သန့်ရှင်းပြီး စားရုံသာ စားခဲ့ကြသည်။ လူ အနည်းငယ်ကပဲ အဲ့ဒါတွေကို ဆေးဝါးအဖြစ် ဘယ်လိုမျိုး သုံးလို့ရမလဲ ဆိုတာကို သိကြသည်။

ဝမ့်ရင်းက စမ်းကြည့်ဖို့ စိတ်အား ထက်သန်နေခဲ့သည်။ “ဆေးဝါးအဖြစ် သုံးလို့ရတဲ့ အပိုင်းတွေ အကုန်လုံးကို ယူထားကြမယ်။ ကျန်တဲ့ အသားတွေကို မနက်ဖြန်ကျရင် စွပ်ပြုတ် လုပ်သောက်မယ်။”

မကြာသေးခင်ကမှ သူမတို့မှာ အသားစားဖို့ ခက်ခဲသည့် အချိန်တစ်ခု ရှိထားခဲ့သည်။ သူမက ယုန်သား စားရတာ ငြီးငွေ့နေပြီ ဖြစ်ပြီး ဒီအချိန်မှာ ဝက်သားကလည်း မရသေးပါ။ သူမက ဒီနေ့မှာ ရစ်ငှက် တစ်ကောင်ကိုသာ ဖမ်းမိခဲ့ပြီး သူမ အဲ့ဒါကို စားပြီးလိုက်သည့်အခါ ကုန်သွားတော့မည် ဖြစ်သည်။

အမျိုးသမီးကြီး မစ္စရှု - “အဲဲဒါကို မင်းအတွက် ချက်ပေးဖို့ ရှုရွှမ်းကို ပြောလိုက်။ ငါ…. အဲ့ဒါကို တကယ် မကိုင်ရဲဘူး။”

ဝမ့်ရင်းက ရှုရွှမ်းကို စိတ်အား ထက်သန်စွာ ကြည့်လိုက်သည်။

ရှုရွှမ်း - “… အဲ့ဒါကို ဟိုမှာပဲ ထားထားလိုက်။ ကိုယ် မနက်ဖြန် မနက်ကျမှ စောစောထပြီး မင်းအတွက် ချက်ထားပေးမယ်။”

ဝမ့်ရင်းက ပျော်သွားခဲ့ပြီး ခြေထောက်၊ လက်ထောက်ဆေးပြီး မျက်နှာသစ်ကာ အဝတ်အစားများ လဲခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက မနက် အစောပိုင်းမှာ ဆန်ပြုတ် တစ်အိုးကို ချက်ပြုတ်ပြီး ကြော်ဖို့ မှိုများကို လှီးထားခဲ့သည်။ ရှုရွှမ်းက ထမင်းခပ်တဲ့ ဇွန်းကို ယူလိုက်သည်။ သူက ဖမ်းမိခဲ့သော ရစ်ငှက်ရဲ့ အမွှေးများကို နှုတ်ပြီး မှိုတွေနဲ့ ချက်ပြုတ်ဖို့ အိုးထဲကို ထည့်လိုက်သည်။ အနံ့က သင်းပျံ့လာခဲ့သည်။ ရှုရွှမ်းကို ရစ်ငှက်ကို ချက်ခဲ့ရုံသာမက ဒီနေ့ သူတို့ ခူးခဲ့သော အဖူးများကိုပါ ထုတ်ပြီး ကြက်ဥနှင့် မွှေကြော်ခဲ့သည်။

ဝမ့်ရင်းက တစ်လုပ် စားပြီးနောက် အဖူးတွေရဲ့ ထူးခြားတဲ့ အနံ့၊ အရသာကို စွဲလမ်းသွားခဲ့သည်။ ဒီအနံ့က ကြက်တက်ရွက် ရဲ့ အနံ့နှင့် အနည်းငယ် ကွဲပြားသည်။ ကြက်တက်ရွက်က အနံ့ပြင်းပြီး အရသာ လွန်ကဲသည်။ ခူးလာသော အဖူးတွေက ထူးခြားတဲ့ အနံ့မျိုး ရှိသော်လည်း အဲ့ဒါတွေက လတ်ဆက်ပြီး အရသာ လွန်ကဲတာမျိုးနှင့် အတူပါ။

မှိုဖြင့် ချက်ထားသော ရစ်ငှက်ဟင်းကို နောက်ထပ်တစ်လုပ် ထပ်စားလိုက်သည့်အခါ ဝမ့်ရင်းက ရစ်ငှက်ရဲ့ လတ်ဆက်နှင့် အရသာ ရှိမှုတို့ကြောင့် ပိုပြီးတောင် ယစ်မူးသွားခဲ့သည်။

ရစ်ငှက်ရဲ့ အသားက တင်းပြီး နူးညံ့သည်။ မှိုတွေက အနှစ်တွေ စုပ်ယူပြီး ကြက်သားရဲ့ အနံ့မျိုး မွှေးနေခဲ့သည်။ အဲ့ဒါကို စားပြီးရင် ပေါက်စီတွေကို ဟင်းရည်ထဲ နှစ်လိုက်ယေ အဲ့အနံ့က မွှေးလွန်းလို့ မူးသွားစေရမည်။

အနံ့က အတော်လေးကို စွဲနေခဲ့ပြီး ဘေးအခန်းရှိ ဝမ့်ယုံရွှင်းတို့ မိသားစုကိုတောင် အိပ်လို့ မရအောင် လုပ်နိုင်ခဲ့သည်။

လီချွမ်းကျင်က တီးတိုး ပြောခဲ့သည်။ “ညသန်းခေါင်ကြီးကျမှ အသားဟင်းတွေ ထစားနေတာ။ သူတို့တွေ နင်ပြီး သေမှာ မကြောက်ကြဘူးလား။”

သူမက အဲ့ဒါကို ပြောတဲ့အခါ သူက တရှုံ့ရှုံ့ ဖြစ်နေဆဲ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူက အဲ့ဒါကို မစားနိုင်သည့်အတွက် ထပ်ပြီး နည်းနည်းလောက် အနံ့ခံနေရတာကပဲ ကောင်းတဲ့ အရာတစ်ခု ဖြစ်လိမ့်မည်။

ဝမ့်ယုံရွှင်းက အတော်လေးကို အဆင်မပြေ ဖြစ်လာခဲ့သည်။ အခြားသူတွေက နေ့တိုင်း အသားကြီး၊ ငါးကြီးတွေ စားနေရသည့်အခါ သူတို့ရဲ့ မိသားစု သုံးယောက်က ပိုပြီးတော့တောင် သနားဖို့ ကောင်းနေခဲ့သည်။

ရုတ်တရက်ဆိုသလို တံခါးခေါက်သံ ကြားတဲ့အခါ ဝမ့်ယုံရွှင်းက သတိပေးပြီး မေးလိုက်သည်။ “အဲဲဒါ ဘယ်သူလဲ။”

လီချွမ်းကျင်က ခပ်တည်တည်ပဲ ပြန်ပြောခဲ့သည်။ “ရှင်က အဲ့ဒါကို သူခိုးလို့ ထင်နေတာလား။ အဲ့လို ခိုးခံရမယ့် အိမ်မျိုးနဲ့ တူနေလို့လား။ ဘယ်သူခိုးမှတောင် ဒီအိမ်ကို လာမခိုးဘူး။”

မိသားစုရဲ့ အနာဂတ်ကို ဆုံးရှုံးပြီးနောက် သူတို့ရဲ့ လင်မယားက နေ့တိုင်း ယွမ်နှစ်ဆယ် အပေါ်မှာသာ မှီခိုခဲ့ရသည်။ ဝမ့်ယောင်ကျုံးက အဲ့ဒါတွေ အားလုံးကို သုံးလိုက်ပြီး အခုဆိုရင် သူတို့မှာ ယွမ်အနည်းငယ်သာ ကျန်တော့သည်။ မိသားစုက အရမ်းကို ဆင်းရဲသည့်အတွက် သူခိုးတွေ မျက်စိကျအောင် လုပ်ဖို့ဆိုတာက ခက်ခဲသည်။

“ယောင်ကျုံး အပြင် ထွက်သွားတယ်။”

ဝမ့်ယုံရွှင်းက လှည့်ပြီး အိပ်ရာပေါ်မှာ ထိုင်လိုက်သည်။ “ဒီလောက် နောက်ကျနေပြီကို သူက ဘယ်ထွက်သွားပြန်တာလဲ။”

သူက ပြဿနာတစ်ခုခု ရှာနေပြီဟု လီချွမ်းကျင်က တွေးလိုက်သည်။ “သူက သူ့ရဲ့ အတန်းဖော်တွေကို သွားရှာဖို့ မြို့ကို ထွက်သွားတာ ဖြစ်ရမယ်။ ယောင်ကျုံးက သူ့ရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းနဲ့ ခင်တော့ သူ့ကို ယာယီ အလုပ်တစ်ခုလောက် မိတ်ဆက်ပေးလို့ ရနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။”

ဝမ့်ယုံရွှင်းက ဒေါသထွက်သွားခဲ့သည်။ “မင်းက ဘယ်လိုလုပ် အဲ့ဒါကို ယုံနိုင်ရတာလဲ။”

“ဘာ၊ ယာယီ အလုပ်သမားလား။ မင်းက ယာယီ အလုပ်သမားဆိုတာ လယ်ထဲက ဂေါ်ဖီလိုမျိုး ဘယ်အချိန်မဆို ရှာလို့ရတယ်လို့ တကယ်ကြီး ထင်နေတာလား။ အခုခေတ် မြို့မှာ ယာယီ အလုပ်တစ်ခု ရှာဖို့ဆိုတာက မလွယ်ဘူး။ ဝမ့်ယောင်ကျုံးရဲ့ အတန်းဖော်တွေက သူ့ကို ကူညီပေးနိုင်မယ်လို့ မင်းက ထင်နေတာလား”

နောက်ပိုင်းမှာတော့ ဝမ့်ယုံရွှင်းက ပိုပြီး စိတ်မသက်မသာ ခံစားလာခဲ့ရသည်။ သူက သူ့ရဲ့သားကို ချစ်သော်လည်း ဝမ့်ယောင်ကျုံးရဲ့ အနာဂတ်က ပျက်စီးသွားတာကိုလည်း သူက သိနေခဲ့သည်။ ထို့ကြောင့် ဝမ့်ယောင်ကျုံးကို လယ်ထဲမှာ အလုပ်လုပ်ဖို့ သူက တိုက်တွန်းနေခဲ့ပြီး အဲ့ဒါက ဟန်ဆောင်ပြီး မေးနေသလို ဖြစ်နေရင်တောင် သူက သူ့သားကို အမြန်ဆုံး လက်ထပ်နိုင်ဖို့ မျှော်လင့်နေခဲ့သည်။ ထို့အပြင် သူက ချွေးမတစ်ယောက်ရပြီး သူတို့ မိသားစုထဲကို ဝင်နိုင်ပါက အိမ်ရဲ့ အခြေအနေ ပြောင်းလဲမှာကို သူက မြင်နိုင်သည်။

သို့သော် လီချွမ်းကျင်ကတော့ အဲ့လိုမျိုး မထင်ပါ။ ဝမ့်ယုံရွှင်းက ပိုက်ဆံကို ဖွက်ထားတဲ့ အဖြစ်အပျက် ပြီးကတည်းက လီချွမ်းကျင်မှာ သူမရဲ့ ယုံကြည်မှုနှင့် စိတ်ရှည်မှုတွေက ဝမ့်ယုံရွှင်း အပေါ်မှာ ပျောက်ဆုံးသွားခဲ့သည်။ အခုဆိုရင် သူမက မိသားစု တစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေက သူမသားရဲ့ အပေါ်မှာသာ ရှိနေကြတယ်ဟု ခံစားခဲ့ရသည်။

ဝမ့်ယောင်ကျုံးရဲ့ ဘဝတစ်ဝက်လောက်က အထက်တန်းကျောင်း ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူက လယ်သမားအိုကြီး နှစ်ယောက်ဖြစ်သော သူမနှင့် ဝမ့်ယုံရွှင်းထက် ပိုပြီး အသိဉာဏ် ကြွယ်ဝကာ အဆက်သွယ် ကောင်းများလည်း ပိုပြီး ရှိမယ် မဟုတ်လား။

“ယောင်ကျုံးက ဘာမှားလို့လဲ။ ကျွန်မရဲ့ အထင်တော့ ယောင်ကျုံးက အတော်လေး တော်တဲ့ လူတစ်ယောက်ပါ။ သူက အရင်ကလို အရမ်းကြီး စိတ်လိုက်မာန်ပါ လုပ်တဲ့သူမျိုး မဟုတ်တော့ဘူး။ အခုဆိုရင် သူက ကျွန်မကို အိမ်မှာ သန့်ရှင်းရေးတွေ ကူလုပ်ပေးတယ်။”

ဝမ့်ယုံရွှင်းက အရမ်း မွန်းကြပ်လာသလို ခံစားရသည့်အတွက် လီချွမ်းကျင်ကို ဆွဲချင်ပြီး သူမကို မေးခဲ့သည်။ "မင်း သားက ဘာအကြောင်းပြချက်မှ မရှိဘဲ မင်းအတွက် ခုံတွေကို ဘာလို့ သုတ်ပေးမှာလဲ။ အဲ့ဒါက မင်းရဲ့ လက်ထဲမှာ ရှိနေတဲ့ ပိုက်ဆံနည်းနည်းအတွက် မဟုတ်ဘူးလား။ မဖြစ်တော့ဘူး။ ပိုက်ဆံတွေကို လီချွမ်းကျင်ရဲ့ လက်ထဲမှာ ဆက်ပြီး ထားထားလို့ မရတော့ဘူး။ အဲ့လိုမှ မဟုတ်ရင် ပိုက်ဆံတွေ အကုန်လုံးက အနှေးနဲ့ အမြန်ပဲ ဝမ့်ယောင်ကျုံးကြောင့် ကုန်သွားလိမ့်မယ်။"

“ပိုက်ဆံတွေ ဘယ်မှာလဲ။ အိမ်မှာ ပိုက်ဆံ ဘယ်လောက် ကျန်သေးလဲ။”

ဝမ့်ယုံရွှင်းက ပါးစပ် ဟလိုက်တာနဲ့ ပိုက်ဆံ အကြောင်းကိုပဲ မေးခဲ့သည်။ “ပိုက်ဆံတွေကို ငါ စီမံဖို့ ဒီမှာပဲ ထားခဲ့တော့။”

လီချွမ်းကျင်ကို ပိုက်ဆံတွေ ပေးထားတယ် ဆိုတာက သူမကို နှစ်သိမ့်ပေးသည့် ဝမ့်ယုံရွှင်းရဲ့ နည်းလမ်းလည်း ဖြစ်သည်။ ပိုက်ဆံတွေကို ဖွက်ထားသည့်အတွက် လီချွမ်းကျင်က စိတ်မကောင်း ဖြစ်နေတာကို သူ သိနေခဲ့သည်။ အခုဆိုရင် မိသားစုထဲမှာ ယွမ်နှစ်ဆယ်သာ ကျန်တော့သည့်အတွက် သူက အဲ့ပိုက်ဆံကို သူမရဲ့ လက်ထဲကို ထည့်ပေးခဲ့ကာ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရဲ့ ကုန်ကျစရိတ်အတွက် သုံးခဲ့ကြသည်။

သို့သော် အခုဆိုရင် အဲ့လိုမျိုး ထပ်ပြီး ဖြစ်လာတော့မည် မဟုတ်ပါ။ လီချွမ်းကျင်က ဝမ့်ယောင်ကျုံးကို တစ်ခေါက်တည်းနှင့် အဲ့ပိုက်ဆံတွေ အကုန်လုံးကို ပေးလိုက်ပြီး ဖြုန်းပစ်လိုက်မိတယ် ဆိုတာကို ဘယ်သူကများ သိခဲ့ပါ့မလဲ။

လီချွမ်းကျင်ရဲ့ ပုံစံက ပြောင်းသွားခဲ့သည်။ “ရှင်ပဲ ကျွန်မကို အဲ့ပိုက်ဆံတွေ သိမ်းထားဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခုဆိုရင် ကျွန်မတို့မှာ စားဖို့၊ သောက်ဖို့ ပေးစရာ မရှိတော့ဘူးမလား။ အဲ့ဒါကို ကျွန်မနဲ့ ထားထားတာက ပိုပြီး အဆင်ပြေပါတယ်။”

ဝမ့်ယုံရွှင်းက လီချွမ်းကျင်၏ အမူအရာနှင့် မကောင်းတဲ့ အတွေးတွေကို မြင်ရတဲ့အခါ ပိုပြီးတော့တောင် စိတ်ဓာတ်ကျသွားခဲ့ရသည်။

“ပိုက်ဆံတွေ ဘယ်မှာလဲ။ ပိုက်ဆံတွေ အကုန်လုံးကို မင်း သုံးလိုက်တာလား။ ပိုက်ဆံတွေ ဘယ်မှာလဲလို့။”

လီချွမ်းကျင်က အံကိုကြိတ်ပြီး ပြောခဲ့သည်။ “ကျွန်မတို့က ဘယ်ကနေ ပိုက်ဆံ ရမှာလဲ။ ကျွန်မမှာ ရှင်နဲ့ ကျွန်မအတွက် ဆေးဖိုးတွေ၊ ပြီးတော့ ကြက်သား ဝယ်ဖို့တွေ ပေးရမှာလေ။”

ဝမ့်ယုံရွှင်းရဲ့ မျက်လုံးတွေက ဒေါသတကြီး ဖြစ်လာခဲ့သည်။ “မင်းက ပိုက်ဆံတွေ အားလုံးကို ဝမ့်ယောင်ကျုံးအတွက် သုံးလိုက်တာပဲ။”

လီချွမ်းကျင်ကလည်း စိတ်မချမ်းသာခဲ့ရပါ။ “ရှင်က ဘာလို့ ယောင်ကျုံးကိုချည်းပဲ ပြောနေရတာလဲ။ သူက ကျွန်မတို့ရဲ့သား မဟုတ်ဘူးလား။ ကျွန်မတို့ရဲ့သားက ပိုက်ဆံတွေ သုံးတာ ဘာဖြစ်လို့လဲ။”

လီချွမ်းကျင်က ထုံးစံအတိုင်းပဲ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ “ယောင်ကျုံးက ကျွန်မကို ပြောတယ်။ ကျောင်းမှာ သူနဲ့ ပေါင်းတာကြာပြီဖြစ်တဲ့ မိန်းကလေး အတန်းဖော်တစ်ယောက် ရှိတယ်တဲ့။ ကောင်မလေးက မြို့ကတဲ့။ ယောင်ကျုံးက သူ့ကို ချော့ပြီး လက်ထပ်ချင်တာ ဖြစ်လိမ့်မယ်။”

All Chapters