← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၁၁

ဝမ့်ယုံရွှင်းက နာကျဥ်းစွာ ပြုံးပြခဲ့သည်။ အရင်က သူသည် လီချွမ်းကျင်ကို ဒီအတိုင်း ထားခဲ့တုန်းက သူမသည် အခွင့်ရေးကို အရယူပြီး ကိစ္စများအား ကိုင်တွယ်နိုင်သည်ကို ဂုဏ်ယူနေခဲ့သည်။ သူက လီချွမ်းကျင်ရဲ့ တုံးအမှုကို အတော်လေး ကျေနပ်နေခဲ့သည်။ သို့သော် အခု နောက်ဆုံးမှာတော့ သူက သူ့မိန်းမ တုံးအမှုရဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရပြီ ဖြစ်သည်။

တကယ်လို့ မြို့မှာသာ ဝမ့်ယောင်ကျုံးရဲ့ အမျိုးသမီး အတန်းဖော် ရှိပါက သူသည် နာရီ ဝယ်ဖို့အတွက် ယွမ်ရှစ်ဆယ်ကို အလိမ်ခံမည် မဟုတ်ပါလား။

ဝမ့်ယောင်ကျုံးက ပိုက်ဆံတွေကို ယူသွားပြီး စားစရာတွေအတွက် သုံးလိုက်ပြီ ဆိုတာကို ဝမ့်ယုံရွှင်းက ကောင်းကောင်း သိနေခဲ့သည်။

'အဲ့ဒါကို သေချာ တွေးကြည့်လိုက်ရင် သူ့သားက နှစ်သစ်ကူး ပြီးကတည်းက အသား စားဖို့ကို ထပ်ပြီး မပြောတဲ့ပုံပဲ။'

ဝမ့်ယုံရွှင်းက အိပ်ရာ ခေါင်းရင်းမှာ ထိုင်ပြီး ပြောခဲ့သည်။ “စောင့်ပြီးသာ ကြည့်လိုက်စမ်းပါ။”

ဝမ့်ယောင်ကျုံးက သူပိုက်ဆံတွေကို သုံးလိုက်ရင်တောင် သူမကို လက်ထပ်နိုင်ဦးမည် ဆိုတာကို သေချာနေခဲ့သည်။

'အဲ့ဒါက ယွမ်နှစ်ဆယ်တည်းပဲ။ ပြီးတော့ သူ့သားက အဲ့ပိုက်ဆံတွေ အားလုံးကို ရက်နည်းနည်းလေး အတွင်းမှာပဲ ဖြုန်းလိုက်တာ။'

ဝမ့်ယုံရွှင်းက အတော်လေး စိတ်ပျက်သွားပုံ ရသည်။ “ငါ သူ့ကို ထပ်ပြီး မထိန်းနိုင်တော့ဘူး။”

ဝမ့်ယောင်ကျုံးက ကြီးလာပြီ ဖြစ်ပြီး သူ့ရဲ့ အဖေတစ်ယောက် အနေနဲ့လည်း သူ့ကို ထပ်ပြီး ရိုက်နိုင်မည် မဟုတ်ပါ။ သူက ဘာများ လုပ်နိုင်မှာလဲ။ စောင့်ကြည့်ရုံသာ တတ်နိုင်သည်။

နောက်တစ်နေ့မှာတော့ ဝမ့်ရင်းက မြို့ကို သွားဖို့အတွက် မိတ်ဆက်စာ တစ်စောင် ရခဲ့သည်။ ဝမ့်ရင်းက ဂျင်ဆင်းကို သူမ လွယ်အိတ်ရဲ့ အောက်ခြေမှာ ထည့်ပြီး စျေးပေါသော ဆေးဖက်ဝင် အပင်များ၊ အသီးအရွက်များနှင့် အထပ်ထပ် ဖုံးခဲ့သည်။

ဝမ့်ရင်းက ကောင်စီမြို့သို့ ရောက်တဲ့အခါ သူမက နိုင်ငံပိုင် စားသောက်ဆိုင်ကိုသာ တည့်တည့် ဆက်သွားခဲ့ပြီး ယောင်ရွှင်းကျင်းကို အောင်အောင်မြင်မြင် တွေ့ခဲ့ရသည်။

ယောင်ရွှင်းကျင်းရဲ့ မျက်လုံးတွေက ဝမ့်ရင်းကို မြင်တဲ့အခါ အရောင်များ တောက်လာခဲ့သည်။ ဂျင်ဆင်းရှာဖို့ သူတို့နှစ်ယောက် သဘောတူပြီးကတည်းက မတွေ့ရတာ ရက်များစွာ ကြာခဲ့ပြီ ဖြစ်ပြီး ဝမ့်ရင်းက အဲ့ဒါကို မရှာနိုင်ခဲ့ဘူးဟု ယောင်ရွှင်းကျင်းက တွေးမိခဲ့သည်။

ယောင်ရွှင်းကျင်းကို ဝမ့်ရင်းကို ချိန်းဆိုထားသော နေရာဆီ ဆွဲခေါ်သွားပြီး စိတ်လှုပ်ရှားစွာ သူမရဲ့ လက်တွေကို ပွတ်နေခဲ့သည်။ “အဲဲဒါ ဘယ်မှာလဲ။”

ဝမ့်ရင်းက စက္ကူကို ဂရုတစိုက် ဖွင့်လိုက်သည်။ အထဲမှာရှိတဲ့ ဂျင်ဆင်းက လတ်ဆက်ပြီး အဲ့ပေါ်မှာရှိတဲ့ မြေကြီးတွေကလည်း စိုနေခဲ့သည်။

ယောင်ရွှင်းကျင်းက အသက်ကိုတောင် အနိုင်နိုင် ရှူနေခဲ့ရသည်။ သူမရဲ့ အစ်မအတွက် ဆေးရှာမယ့် သတင်းကို လွှင့်ပြီးနောက် သူမက ဂျင်ဆင်းများစွာကို တွေ့ခဲ့ရသည်။ သို့သော် အဲ့ဒါတွေ အားလုံးက ခြောက်နေသည့် အရာများသာ ဖြစ်ပြီး အဲ့ဒါတွေ တစ်ခုကမှ သူမရဲ့ အရှေ့ကဟာနှင့် မတူနေခဲ့ပါ။ အခုဟာက လုံးဝကို လတ်ဆက်သည်။

ယောင်ရွှင်းကျင်း - “ဒါက ဘယ်နနှစ် ကြာပြီလဲ။”

ဝမ့်ရင်းက ပြုံးပြီး ပြောခဲ့သည်။ “ကျွန်မရဲ့ အထင်အရ ဒါက အနည်းဆုံး သုံးဆယ့်ငါးနှစ်ပဲ။”

ယောင်ရွှင်းကျင်းက ဝမ့်ရင်းရဲ့ လက်ကို ဆွဲပြီး ပြောခဲ့သည်။ “လာခဲ့ဦး။ ကျွန်မရဲ့ အမေကို သွားရှာဖို့ ကျွန်မနဲ့ လိုက်ခဲ့။”

သူမက ဂျင်ဆင်းအကြောင်း သိပ်ပြီး မသိသော်လည်း ဒီတစ်ခုက အတော်လေး အဆင်ပြေတာကိုတော့ သူမက ပြောနိုင်သည်။ သက်တမ်း အတိအကျကို ပြောဖို့ဆိုရင် သူမ အမေ့ရဲ့ ခွင့်ပြုချက်ကို သွားပြရမည် ဖြစ်သည်။

ဝမ့်ရင်း - “ရှင်က အလုပ် မသွားဘူးလား။”

ယောင်ရွှင်းကျင်းက ခပ်မြန်မြန်ပဲ ဖြေလိုက်သည်။ “ခွင့်တိုင်ဖို့ ကျွန်မက ပြန်သွားပြောမှာ။ ရှင် ကျွန်မကို စောင့်နေ။”

ယောင်ရွှင်းကျင်းက နှစ်မိနစ်တောင် မကြာဘဲ အလောတကြီးဖြင့် မြန်မြန် ပြန်ထွက်လာတာကို ဝမ့်ရင်းက မြင်ခဲ့ရသည်။ ထို့အပြင် တစ်ဖက်လူက ပိုက်ဆံပြတ်တာမျိုး မရှိဘူးဆိုတာ သူမရဲ့ စိတ်ထဲကနေ သိနေခဲ့သည်။

အဲ့အချိန်တုန်းက အလုပ်လုပ်နေကြတဲ့ လူတွေဆိုတာ အရမ်း ရိုးသားကြတယ်ဆိုတာ သိသင့်သည်။ သူတို့မှာ ရှောင်လို့ ရတဲ့ ကိစ္စမျိုး ရှိနေရုံနဲ့ သူတို့က ခွင့်ယူကြမှာ မဟုတ်ပေ တကယ်လို့ လုပ်ခဲ့ရင်လည်း အဲ့ဒါက တော်တော်လေး အဆင်မပြေလို့ပင်။ ဒါပေမယ့် ယောင်ရွှင်းကျင်းကတော့ အဲ့ဒါကို လုပ်နိုင်သည်။ ပြီးတော့ သူမက တောင်ပေါ်က သုံးဆယ့်ငါးနှစ် သက်တမ်းရှိတဲ့ ဂျင်ဆင်းရဲ့ အကြောင်းကို ကြားရတာတောင် မျက်မှောင် ကြုတ်သွားတာမျိုး မရှိခဲ့ပေ။

ယောင်ရွှင်းကျင်းက ဝမ့်ရင်းကို လမ်းတွေ၊ အိမ်တွေ အကြားကို ဖြတ်ပြီး မကြာခင်မှာပဲ အဆောက်အဦးကြီး တစ်ခုဆီ ရောက်လာခဲ့သည်။

ဝမ့်ရင်းက ဂိတ်ဝကို ဖြတ်လာသည့်အခါ တစ်ချက် ကြည့်လိုက်ပြီး အဲ့ဒါက မီးရထား ဌာနရဲ့ အိမ်ရာဝန်းကြီးဆိုတာကို သိခဲ့ရသည်။

တစ်ဖက်လူက မျက်တောင်တစ်စက် မခတ်ဘဲ ဂျင်ဆင်းကို ဝယ်ချင်သည်မှာ အံ့သြစရာတော့ မဟုတ်ပါ။

ယောင်ရွှင်းကျင်းသည် ဝမ့်ရင်းကို အဆောက်အဦရဲ့ ဒုတိာအထပ်ကို ခေါ်သွားခဲ့သည်။ တံခါးကို အနည်းငယ် ခေါက်ပြီးနောက် တစ်ယောက်ယောက်က တံခါးကို လာဖွင့်ခဲ့သည်။

တံခါးလာဖွင့်သည့် အသက်လတ်ပိုင်းရှိသော အမျိုးသမီး တစ်ယောက်က သူမရဲ့ သမီးကို ကြည့်ပြီး အင်မတန် အံ့ဩသွားခဲ့သည်။ “နင် ဘာလို့ ဒီအချိန်ကြီး ပြန်လာရတာလဲ။”

ယောင်ရွှင်းကျင်းက အရမ်း စိတ်လှုပ်ရှားနေခဲ့သည်။ “အမေ၊ သမီး အစ်မအတွက် ဆေး ရှာတွေ့ခဲ့ပြီ။”

အသက်လတ်ပိုင်းရှိသည့် အမျိုးသမီးကြီးက အရင်ဆုံး အလောတကြီးနှင့် ဟိုဟိုဒီဒီကို ကြည့်လိုက်သည်။ ထို့နောက် သူမရဲ့ သမီးကို တံခါးထဲသို့ ဆွဲခေါ်လိုက်သည့်အခါ ဝမ့်ရင်းကလည်း ပါသွားခဲ့သည်။

ယောင်ရွှင်းကျင်းက သူမအမေရဲ့ လက်ကို ကိုင်ပြီး တရစပ် ပြောခဲ့သည်။ “သမီး၊ သုံးဆယ့်ငါးနှစ် ရှိပြီဖြစ်တဲ့ ဂျင်ဆင်းရိုင်းကို ရှာတွေ့ခဲ့ပြီ။ အဲ့ဒါက သမီးကို အဖိုးပြောပြတဲ့ တစ်ခုနဲ့ တူတယ်။”

ထိုအမျိုးသမီး ဘာတစ်ခွန်းမှ မပြောခင်မှာဘဲ ယောင်ရွှင်းကျင်းက မြန်မြန်ပဲ ဝမ့်ရင်းကို အရှေ့ တွန်းပို့လိုက်သည်။ “အဲဲဒါ သူ့ရဲ့ဟာပဲ။ အမေ၊ သူက သမီးတို့ ဟိုတယ်က စားဖိုမှူးရဲ့ တပည့်ပဲ။ ပြီးတော့ သူက တပ်မဟာထဲမှာဆို ဆရာဝန် တစ်ယောက်ပဲ။ အဲ့ဒါကို တွေ့ခဲ့တာက သူပဲလေ။”

ဝမ့်ရင်းက အခုလေးတင် သူမ ဝင်လာခဲ့သည့် တံခါးကို ပိတ်လိုက်သည့်အတွက် ထိုအမျိုးသမီးက အဲ့ဒါကို စိတ်ပူဖို့ မလိုပါ။ သူမက အတော်လေး ပျော်နေခဲ့ပြီး ပြောလိုက်သည်။ “တကယ်လား။ တပ်သား၊ ကျွန်မ အဲ့ဒါကို တစ်ချက်လောက် ကြည့်လို့ရမလား။”

ဝမ့်ရင်းက ခေါင်းငြိမ့်ပြပြီး ဂျင်ဆင်းကို တစ်ဖက်လူရဲ့ လက်ထဲသို့ ထည့်ပေးလိုက်သည်။ အမျိုးသမီးကြီးက အဲ့ဒါကို ယူလိုက်ပြီး စိတ်ကျေနပ်ပြီးရင်း ကျေနပ်ကာ ကြည့်နေခဲ့သည်။

“ဟုတ်တယ်။ အနည်းဆုံးတော့ သုံးဆယ့် ငါးနှစ်ပဲ။ တော်တော် များမှာပဲ။”

အသက်လတ်ပိုင်းရှိသော အမျိုးသမီးသည် မကြာသေးခင်ကမှ ရင်မောနေခဲ့ရသည်။ သူမရဲ့ မိသားစုထဲမှာ အဆက်အသွယ်များစွာ ရှိသော်လည်း ဒီလို အရာမျိုး တစ်ခုမှတော့ သူမ မတွေ့ခဲ့ရသေးပါ။ သူမ အကြီးဆုံး သမီးရဲ့ ကျန်းမာရေး အခြေအနေက ပိုဆိုးလာတာကို မြင်ရတဲ့အခါ သူမကလည်း စိတ်ပူနေခဲ့ရသည်။

အခုဆိုရင် သူမမှာ ဒီဂျင်ဆင်းက ရှိနေပြီ ဖြစ်သည့်အတွက် သူမက ဘာတစ်ခွန်းမှ မပြောဘဲ အဲ့ဒါအတွက် ကျသလောက် ပေးဖို့ကို အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ “ဆယ်နှစ်ကျော်ပြီဖြစ်တဲ့ သုံးဆယ့် ငါးနှစ် သက်တမ်းရှိတဲ့ ဂျင်ဆင်းဆိုတော့ တစ်နှစ်ကို ယွမ်သုံးဆယ်ပေါ့။ တပ်သား။ ငါ မင်းကို ယွမ်ခြောက်ရာ့ငါးဆယ် ပေးမယ်။”

အသက်လတ်ပိုင်းရှိသည့် အမျိုးသမီးကြီး - “ဒီ ဂျင်ဆင်းက အရည်အသွေး ကောင်းတယ်။ နောက်ထပ် ငါးဆယ်ကျော် ထပ်ရတာက ငါကံကောင်းတာပဲ။”

ဝမ့်ရင်းက အဲ့ဒီ့ ယွမ်ခြောက်ရာကျော်ကို ကြားလိုက်ရသည့်အခါ သူမရဲ့ စိတ်ထဲမှာ ပေါက်ကွဲလုမတက် ဖြစ်သွားခဲ့ရသည်။ အခုဆိုရင် သူမတို့ မိသားစု၏ ပိုင်ဆိုင်မှုသည် ယွမ်သုံးရာကျော်ကနေ လေးဆလောက် ပိုများသွားခဲ့သည်။

“ ကျေးဇူး အများကြီး တင်ပါတယ်။ ဒါနဲ့ အဒေါ်တို့ ဒီဂျင်ဆင်းကို သုံးတဲ့အခါကျရင် ဆေးရဲ့ ပမာဏကို သေချာ ဂရုစိုက်ပြီး ကောင်းကောင်း ရောစပ်သင့်တယ်။ အဲ့ဒါကို ဆေးအဖြစ် သုံးမယ်ဆိုရင်တောင် အဒေါ်တို့ အဲ့ဒါတွေ အကုန်လုံးကိုတော့ သုံးဖြစ်မှာ မဟုတ်တာ သေချာတယ်။ အဒေါ်တို့ အဲ့ဒါကို ဆေးဖက်ဝင် ဝိုင်လုပ်ဖို့ သိမ်းထားလို့လည်း ရတယ်။ နှစ်တွေ ကြာလာရင် အဲ့ဒါက အဖိုးတန် အရာတစ်ခု ဖြစ်လာလိမ့်မယ်။”

ဝမ့်ရင်းက ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီး ဂျင်ဆင်းကို ဘယ်လို သုံးရမလဲနှင့် ဘယ်လောက် သုံးလို့ရလဲ ဆိုတာကိုပါ တစ်ဖက်လူအား ပြောပြခဲ့သည်။

အသက်လတ်ပိုင်းရှိတဲ့ အမျိုးသမီးကြီးက ပိုနားထောင်မိလေလေ၊ ဝမ့်ရင်းက ရိုးသားတယ်ဟု သူမက ပိုပြီး ခံစားရလေလေ ဖြစ်သည်။ တကယ်လို့ အဲ့နေရာမှာ တစ်ခြား တစ်ယောက်သာဆိုရင် ပစ္စည်းတွေကို ထားခဲ့၊ ပိုက်ဆံကိုယူပြီး ထွက်သွားမှာပဲ။ သူတို့ကို ဘာလို့ ဒီလောက်ထိ အသေးစိတ် ရှင်းပြနေမှာလဲ။

“ငါ့အထင် မင်းရဲ့ ဆေးပညာကလည်း တော်တော်လေးကို ကောင်းတယ်။”

ဝမ့်ရင်းက ပြုံးပြီး ပြောခဲ့သည်။ “အဲဲဒါက အဆင်ပြေပါတယ်။ ကျွန်မက ကျွန်မရဲ့ အမေဆီကနေ ဆေးပညာကို သင်ထားတာ။ အခုဆိုရင် တပ်မဟာထဲမှာ နေမကောင်းဖြစ်တဲ့ အသေးစား ကိစ္စလေးတွေအတွက်ဆို ရွာသူ၊ ရွာသားတွေကို ကျွန်မက ကူညီပေးတယ်။”

အမျိုးသမီးကြီးက သတိထားမိခဲ့သည်။ “ဆေးအညွှန်းကို ကြည့်ပြီး ဆေး ဘယ်လို ဖော်ရမလဲဆိုတာ အဒေါ့်ကို ကူညီပေးလို့ ရနိုင်မလား။ ရိုးရိုးသားသား ပြောရရင် အဒေါ်တို့ မိသားစုက ဒီလို စျေးကြီးတဲ့ ဆေးပင်တွေနဲ့ ထိတွေ့ဖူးတာ ဒါက ပထမဆုံး အကြိမ်ပါ။ အဲ့ဒါကြောင့် အဒေါ်တို့က နည်းနည်း စိုးရိမ်နေတာပါ။”

ပြီးတော့ ဒီဆေးက ယွမ်ခြောက်ရာမက တန်ပါသည်။ အဲ့ဒါသာ တစ်ခုခု လွဲသွားရင် သူတို့က ဘယ်လောက်ပဲ ချမ်းသာနေကြပါစေ၊ ဝမ်းနည်းကြရလိမ့်မည်။

ဝမ့်ရင်းက ချက်ချင်းပဲ သဘောတူလိုက်သည်။ သူမက ရလဒ်ကို မြင်ရဖို့အတွက် အများကြီး ပြောပြခဲ့ပြီး ဖြစ်သည်။

ယောင်ရွှင်းကျင်းက ဆေးညွှန်းကို ပြောပြတဲ့အသံ ကြားရတဲ့အခါ ဝမ့်ရင်းက အရမ်း စိတ်ဝင်စားနေခဲ့သည်။ ထိုကဲ့သို့ တရုတ် ဆေးညွှန်းတဲ့သူတွေ အားလုံးမှာ ထူးခြားတဲ့ ကိုယ်ပိုင် အရည်အချင်းတွေ ရှိနေခဲ့ကြသည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူတို့က အကြောင်း အမျိုးမျိုးတို့ကြောင့် ပျောက်သွားခဲ့ကြကာ သနားဖို့ ကောင်းသည်။

“ကိစ္စ မရှိပါဘူး။ ကျွန်မ ဒီမှာ ခဏလောက် နေပြီး လူနာတွေကို ကြည့်လိုက်ပါ့မယ်။”

ဆေးညွှန်းက လူနာနဲ့လည်း တည့်ရမည်။ ဝမ့်ရင်းက ဆေးအညွှန်းကို ဖတ်ပြီးနောက် သူမက လူနာနှင့် တွေ့ပြီး သွေးပေါင်ချိန် တိုင်းကို တိုင်းရမည် ဖြစ်သည်။

အသက်လတ်ပိုင်းရှိသည့် အမျိုးသမီးကြီးက ချက်ချင်းပဲ သူမကို အရမ်း ကျေးဇူးတင်ခဲ့ကာ သူမရဲ့ သမီးကို အကြောင်းကြားပြီး ဝမ့်ရင်းကို ဝင်ခဲ့ဖို့ ပြောလိုက်သည်။ ဝမ့်ရင်းက ဆေးညွှန်းကို ယူပြီး သေသေချာချာ ကြည့်လိုက်သည်။ သူမက အဲ့ဒါကို ကြည့်လေလေ၊ ဆေးညွှန်းက သေသေချာချာ ရေးထားတာကို သူမ ခံစားမိလေလေ ဖြစ်လာခဲ့သည်။

ဖြူဖျော့နေသော မျက်နှာနှင့် အမျိုးသမီးက ခေါင်းအုံးကို မှီပြီး ဝမ့်ရင်းကို သွေးပေါင်ချိန် တိုင်းဖို့အတွက် ခွင့်ပြုပေးခဲ့သည်။

နှစ်ခါပြန် ချောင်းဟန့်ပြီးနောက် သူမက ပြောခဲ့သည်။ “အဲဲဒါက ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ကျန်းမာရေးက ဘယ်တုန်းကမှ မကောင်းခဲ့လို့ပါ။ အဲ့ဒါ ကျွန်မက အရင်တစ်ခေါက် နွေရာသီတုန်းက ကလေး မွေးခဲ့ပြီး ကံမကောင်းဘဲ ဖြစ်သွားရတာပါ။ ဆေးရုံမှာ ကိစ္စကြီး တစ်ခုက ဖြစ်သွားခဲ့တာ။ အဲ့ညတုန်းက ကျွန်မ ကလေးမွေးတော့ အရမ်း စိုးရိမ်နေရပြီး ဆေးရုံ ကုတင်ပေါ်ကနေလည်း မထနိုင်လုနီးပါး ဖြစ်ခဲ့ရတယ်။”

ဝမ့်ရင်း - “ရှင့်ရဲ့ အခြေနေက မကောင်းဘူး ဆိုပေမယ့် ဒီဆေးညွှန်းကတော့ အဆင်ပြေပါတယ်။ ရှင် အဲ့ဒါကို သောက်ပြီး နောက်ထပ် နှစ်နည်းနည်းလောက် အနားယူဖို့ပဲ အာရုံစိုက်ထား။ အဲ့ဒါကို ရှင်က တဖြည်းဖြည်းနဲ့ သက်သာလာလိမ့်မယ်။”

ခန ရပ်ပြီးနောက် ဝမ့်ရင်းက ထပ်မေးခဲ့သည်။ “အဲ့အချိန်တုန်းက ဆေးရုံပေါ်မှာ ကိစ္စကြီး တစ်ခုက ဖြစ်သွားတယ်လို့ ရှင်ပြောတယ်နော်။ အဲ့ကိစ္စကြီးက ဘာလဲ။”

ယောင်ဟွေ့ကျင်းက ချောင်းဆိုးကာ ပြောလိုက်သည်။ “အဲ့နှစ်တုန်းက တောင်ပြိုတာ ဖြစ်သွားတာလေ။ မြို့အပြင်ဘက်က လှည်းကြီး နှစ်ခုကို အဲ့ဒါက ဖျက်စီးလိုက်တာ။ လူတွေ အများကြီး ထိကုန်ကြတာ။”

ဝမ့်ရင်းက ထပ်မေးခဲ့သည်။ “အဲ့တုန်းက ရှင်က လူနာဆောင် ၃၀၅ မှာ ရှိနေခဲ့တာလား။”

ယောင်ဟွေ့ကျင်း - “မင်းက ဘယ်လို သိတာလဲ။ အဲ့နေ့တုန်းက ငါ တကယ်ကို အခန်း ၃၀၅မှာ နေနေခဲ့ရတာ။ ဝင်လာသမျှ လူနာတွေ အကုန်လုံးက သွေးတွေထွက်ပြီး ဝမ်းလျှောနေကြတာချည်းပဲ။ အဲ့ဒါကြောင့် ငါ့အမေက ငါ့ကို တစ်ခြား လူနာဆောင်ဆီ ပြောင်းပေးခဲ့တာ။ အဲ့ကို ရွှေ့ပြီး မကြာပါဘူး၊ ငါလည်း ကလေးမွေးလိုက်တာ။”

ဝမ့်ရင်းက သူမရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ပြောခဲ့သည်။ “တပ်သားယောင်၊ ဒါက နည်းနည်းလေး ရဲလွန်းနေတယ် ဆိုပေမယ့် ကျွန်မ မေးစရာ ရှိသေးတယ်။ အဲ့ညက ရှင့်ကို လာစောင့်ပေးတဲ့ လူနာစောင့်က အခန်း ၃၀၅ကို ပြန်လာခဲ့သေးလား။ အဲ့လူကို ကျွန်မ တွေ့လို့ရနိုင်မလား။”

ဘာတွေ ဖြစ်နေလဲဆိုတာ ယောင်ဟွေ့ကျင်ကး မသိသော်လည်း သူမက လေးလေးနက်နက်နှင့် ပြန်ဖြေနေဆဲ ဖြစ်သည်။ “ငါတို့ မိသားစုဝင်တွေ အားလုံး အဲ့နေ့က ငါနဲ့ပဲ အတူတူ နေကြတာ။ ပြီးတော့ သူတို့က ၃၀၅ကို ပြန်သွားကြတယ်။ ငါက သွားရှာဖို့ ပြောလိုက်လို့။”

ဝမ့်ရင်းက ယောင်ဟွေ့ကျင်းရဲ့ လက်ကို မြဲမြံစွာ ကိုင်ပြီး ပြောခဲ့သည်။ “ ကျေးဇူးပါနော်။”

သူမက ဒီနေရာမှာ ပြဿနာရဲ့ အဖြေကို ရှာနိုင်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။

ယောင်ဟွေ့ကျင်းကို နားလည်အောင် လုပ်ပေးဖို့အတွက် ဝမ့်ရင်းက သူမရဲ့ လျှို့ဝှက်ချက် အချို့ကို ပြောပြခဲ့သည်။

“အဲ့ညတုန်းက ကျွန်မအမေက အခန်း ၃၀၅မှာ ဆုံးသွားတာ။ ဒါပေမယ့် အဲ့နေ့တုန်းက သူ့ရဲ့ ဘေးနားမှာ ကျွန်မက ရှိမနေခဲ့ဘူး။ ကျွန်မရဲ့ ဦးလေးကပဲ အဲ့မှာ ရှိနေခဲ့တာ။ အဖွဲ့ထဲမှာ လူနာဆောင်တူတဲ့ တစ်ယောက်ယောက်များ ရှိမလားဆိုပြီး ကျွန်မက လိုက်ရှာနေတာ။ ပြီးတော့ ညသန်းခေါင်ကြီး ကိုယ်ဝန်သည် အမျိုးသမီးရှိတဲ့ မိသားစုတစ်စုကပဲ အဲ့ကို လာတယ်ဆိုပြီး သူက ပြောတယ်။ အဲ့ဒါကြောင့် ကျွန်မက ရှင့်ကို လိုက်ရှာနေခဲ့တာ။ ကျွန်မမှာ တစ်ခြား ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး။ ကျွန်မရဲ့ အမေ မဆုံးခင်မှာ စကားလေး နည်းနည်းလောက် ချန်ထားခဲ့လား ဆိုတာလေး သိချင်ရုံပါ။”

ဝမ့်ရင်းရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ဟွေ့ကျင်းက သူမကို ကူညီပေးဖို့ ပိုပြီးတော့တောင် ဆန္ဒရှိလာခဲ့သည်။ “မပူပါနဲ့။ ငါနားလည်ပါတယ်။”

မိခင်တစ်ယောက် ဖြစ်လာပြီးကတည်းက ယောင်ဟွေ့ကျင်းသည် သူမအမေရဲ့ ခံစားချက်တွေကို နားလည်လာခဲ့သည်။ ဥပမာအနေဖြင့် သူမရဲ့ အမျိုးသား ဆုံးပြီးနောက် သူမက မိဘတွေရဲ့ အိမ်ကို ကိုယ်ဝန်ကြီးနှင့် ပြန်ခဲ့ရပြီး သူမရဲ့ အမေက လုံးဝကို အထင်မသေးဘဲ သူမကို သေချာ ဂရုစိုက်ပေးခဲ့သည်။ အခုဆိုရင် သူမရဲ့ ကျန်းမာရေးအတွက် အဆက်အသွယ် များစွာကို သုံးပြီး ဆေးများလည်း ရှာပေးသည်။ ယောင်ဟွေ့ကျင်းက သူမ အမေရဲ့ ပုံစံကို မြင်ရတဲ့အခါ ဝမ်းနည်းရပြီး သူမရဲ့ အမေကို နှစ်သိမ့်ပေးဖို့ ချက်ချင်းကြီး မသက်သာလာနိုင်တာကိုသာ စိတ်ပျက်နေခဲ့သည်။

ယောင်ဟွေ့ကျင်း - “မနက်ဖြန် ပြန်လာခဲ့။ ငါ မင်းမေးတာတွေ သေချာပေါက် ဖြေပေးမယ်။ ငါ့အထင်တော့ အဲ့ဒါက ငါ့ရဲ့ ဝမ်းကွဲတွေထဲက တစ်ယောက်ပဲ။ အဲ့နေ့တုန်းက ငါ့ရဲ့ ပစ္စည်းတွေ ရွှေ့ပေးဖို့ သူတို့ပဲ ကူညီပေးခဲ့တာ။”

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၁၂

ဝမ့်ရင်းက ယောင်ဟွေ့ကျင်းကို ကျေးဇူးတင်လိုက်ပြီး သူမကို ကျေးဇူးဆပ်သည့် အနေဖြင့် ဆေးကို တစ်ချက် ကြည့်လိုက်စဥ် အချိန်အတွင်းမှာပဲ ဝိဉာဥ် စမ်းရေကို လောင်းထည့်လိုက်သည်။

ဝမ့်ရင်းက မြို့ကိုပြန်ဖို့ သူမရဲ့ စက်ဘီးကို စီးသွားပြီး ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ရှုရွှမ်းအား ပြောပြခဲ့သည်။

ရှုရွှမ်းကတောင် ဒီလောက် အံ့ဩစရာကောင်းတဲ့ ကံကြမ္မာကို လက်ဖျားခါသွားခဲ့သည်။

“ဒါဆို ကိုယ် မနက်ဖြန်ကျရင် မင်းနဲ့ မြို့ကို သွားမယ်။”

ရှုရွှမ်းက ဝမ့်ရင်းက ဝက်သားပေါင်းခေါက်ဆွဲ တစ်ပွဲကို ကျွေးခဲ့ပြီး အဲ့ဒါက အသားများကို အလွှာလိုက် လှီးထားပြီး အဲ့ဒါကို အရိုးပြုတ် အရည်ဖြင့် ရောလိုက်သည်။

“ကျွန်မ ဒီနေ့ နေ့လည်ကျရင် ဆေးခန်းကို သွားရမယ်။”

"ကျွန်မ မနေ့က တစ်ရက်လုံး ခွင့်ယူထားတာ။ အဲ့ဒါကြောင့် ဒီနေ့တော့ သွားမှရမယ်။"

ရှုရွှမ်းက ဝမ့်ရင်းက ခေါက်ဆွဲကို မြန်မြန် စားတာကို ကြည့်နေခဲ့သည်။ ထို့နောက် သူမက စက်ဘီးကို စီးပြီး ထွက်သွားခဲ့သည်။

နေ့လည်ပိုင်းမှာ ဝမ့်ရင်းက လေ့ကျင့်ရေးအတွက် ကျန်းမာရေး စင်တာကို သွားခဲ့သည်။ ဆရာဝန်ဝေ့က ဝမ့်ရင်းကို အတော်လေး ခင်မင်နေဆဲ ဖြစ်သည်။ ဒီရက်တွေမှာ အခြား လူငယ်တွေက ထိခိုက် ဒဏ်ရာ ရကြပြီးနောက် သူတို့က ဝမ့်ရင်းရဲ့ အရေးပါမှုကို ပိုမြင်လာခဲ့ကြသည်။

ဝမ့်ရင်းက ဟိုဟိုဒီဒီ ကြည့်နေရင်း ကျောက်တိက ဘာလို့ မလာတာလဲ ဆိုတာကို သိချင်ခဲ့သည်။

အခုဆိုရင် စွန်းအားထောင်ကသာ အတန်းထဲတွင် ဝမ့်ရင်းနှင့် ဆက်ဆံရေးကောင်း တစ်ခု ရှိနေခဲ့သည်။ သူမက ဝမ့်ရင်းကို ပြန်ဖြေပေးခဲ့သည်။ “ ကျောက်တိက မလာဘူး။”

“အခုဆိုရင် သူတို့တွေက တပ်မဟာထဲမှာရှိတဲ့ လူတွေအကြောင်း ပြောနေကြတာ။ သူတို့က ဒီ ဆယ့်ရှစ်ဆင့် အကြောင်းကို စိတ်မဝင်စားဘူး။”

စွန်းအားထောင်ကို ကျောက်တိက စည်းရုံးခဲ့သည်။ ဒီလူက ဉာဏ်ကောင်းသည်။ သူမက အလွတ်တမ်း ဆရာဝန် ရာထူးကို သူနှင့် ယှဥ်ပြိုင်ချင်တဲ့အတွက် အတော်လေး ဉာဏ်နီဉာဏ်နက် များသည်။ အရင်ဆုံး သူမက ခေါင်းဆောင်ရဲ့ အိမ်ကို သွားပြီး ငိုပြခဲ့သည်။ ထို့နောက် သူမက ပညာတတ် လူငယ်များကို အပို လေ့ကျင့်ခန်းများ ထပ်ပေးဖို့ တောင်းဆိုခဲ့သည်။ သူမက စာဖတ်ဖို့နှင့် လာဖို့ကို တောင်းဆိုခဲ့သည်။

သို့သော် ရက်အနည်းငယ် ကြာပြီးနောက် ဝမ့်ရင်းက သူ့ကို အတော်လေး ထိအောင် လုပ်ထားမိသည့်အတွက် သူ့ရဲ့ ခေါင်းကိုတောင် မထောင်နိုင်ခဲ့ပါ။

'ဒါက ကိစ္စမရှိပါဘူး။ လူက စုစုပေါင်း ငါးယောက်ရှိတယ်။ သူတို့ထဲက လေးယောက်ကို ဝမ့်ရင်းက နာအောင် လုပ်လိုက်တယ်။ ဒါက လူတိုင်းအတွက်တော့ တူတူပါပဲ။ စွန်းအားထောင်ကလည်း အဲ့ဒါကို အသားကျနေတာပဲလေ။ လေ့ကျင့်ရေးတွေ ပြီးသွားတဲ့ အခါကျရင် ဝမ့်ရင်းက သေချာပေါက် အောင်မှာပဲ။ သူမ ကိုယ်တိုင်က အဖွဲ့ တစ်ခုပဲလေ။ အဲ့ဒါကြောင့် သူက ဒီမှာ တိုက်ခိုက်နေဖို့ မလိုဘူးလေ။'

'သူတို့လေးယောက်က သူတို့ဘာသာပဲ အချင်းချင်း တိုက်ခိုက်နေကြတာ။ '

'ကျောက်တိက သူမကို ကြည့်သင့်တယ်။'

"ဒါပေမယ့် ကျောက်တိက အဖွဲ့ထဲကို လေ့ကျင့်ဖို့ လာတယ်ဆိုတဲ့ ရည်ရွယ်ချက်က လိမ်နေတာကို ဘယ်သူကများ တွေးမိမှာလဲ။ တကယ်တော့ သူမရဲ့ ရည်ရွယ်ချက်က ယောက်ျားရှာဖို့ပဲ။"

"တပ်မဟာထဲမှာ သူမက ကလေးရှိတဲ့ မုဆိုးဖို တစ်ယောက်နဲ့ ညိစွန်းခဲ့ဖူးတာကလည်း ရက်နည်းနည်းပဲ ရှိသေးတာလေ။ သူမက ဘာတွေ တွေးနေလဲဆိုတာတော့ သူလည်း မသိတော့ပါဘူး။ ဒါပေမယ့် သူက ဒီကို မလာတော့ဘဲ အဲ့တစ်ယောက်နဲ့ပဲ ယူဖို့ ဆေးနွေးဖို့ကိုပဲ စီစဥ်ခဲ့တယ်။"

ဝမ့်ရင်းက ဘာမှ မပြောနိုင်ဘဲ အံ့ဩသွားခဲ့သည်။ “လက်ထပ်မယ်တဲ့လား။”

"သူတို့တွေ သိတာမှ ရက်နည်းနည်းပဲ ရှိသေးတာလေ။ အဲ့ဒါကို သူမက ဒီနေ့ လက်ထပ်ဖို့ စီစဥ်နေပြီတဲ့လား။'

စွန်းအားထောင်က ထိုစကားကို ပြောနေရင်း အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။ မိထွေးတစ်ယောက် ဖြစ်ဖို့ဆိုတာက သေချာပေါက် ကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူးလို့ သူမက ခံစားခဲ့ရသည်။ သို့သော် ကျောက်တိက ကျောက်တိက တပ်မဟာထဲက တစ်ယောက်နှင့် တွေ့ဆုံပြီး အတော်လေးလည်း အလားအလာရှိပုံ ရသည်။

သူလည်း တော်တော်လေး ဒွိဟ ဖြစ်နေတာ။ သူက မနာလို ဖြစ်သင့်ရဲ့လား ဆိုတာတောင် မသိတော့ဘူး။

“သူက နင့်အပေါ်မှာ ခဲလေးတစ်ပိုင်းအတွက် အကြွေးတင်နေသေးတယ်မလား။”

ဝမ့်ရင်း - “ဟင့်အင်း။”

သူမက ဂရုမစိုက်သော်လည်း ကိစ္စ အသေးအမွှားများအရ ဝမ့်ရင်းက ကျောက်တိကို ဒီလိုမျိုးတော့ မကြိုက်ပါ။

စွန်းအားထောင်က သူမရဲ့ နှုတ်ခမ်းကို သပ်လိုက်သည်။ “သူက ငယ်ငယ်လေးကတည်းက အဲ့လို လူမျိုးပဲ။”

'သူမက ပစ္စည်းတွေကို ငိုပြရင် ရတယ်ဆိုပေမယ့် အဲ့ဒါတွေကို ပြန်ပေးရမယ့် အချိန်ကျရင်တော့ မကျေမနပ် ဖြစ်နေလိမ့်မယ်။'

ဝမ့်ရင်းက ဂရုမစိုက်တဲ့ ပုံစံမျိုးပဲ ပြခဲ့သည်။ “ဒါက ကိစ္စ မရှိပါဘူး။”

'ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူတို့တွေက ဘဝတစ်ကွေ့မှာ တွေ့ကြတဲ့ သူတွေပါပဲ။ အနာဂတ်မှာ သူမတို့က တွေ့ချင်မှလည်း တွေ့ရတော့မှာလေ။'

တစ်နေ့ခင်းလုံး လေ့ကျင့်ရေး ဆင်းပြီးနောက် ဝမ့်ရင်း အိမ်ပြန်လာတဲ့အခါ သူမက အချိန် အကြာကြီး မတွေ့ခဲ့ရသော တစ်စုံတစ်ယောက်ကို တွေ့ခဲ့ရသည်။

ဝမ့်ယောင်ကျုံးက တပ်မဟာရဲ့ လမ်းထောင့်မှာ ဆေးလိပ် တစ်လိပ်ကို လက်မှာကိုင်ထားရင်း ရပ်နေခဲ့သည်။ အနည်းငယ် ရမ်းကားပုံရသည့် လူငယ်လေးတွေကလည်း သူ့ဘေးနားမှာ ရပ်နေခဲ့ကြသည်။ သူတို့က ဘေးချင်းကပ် ရပ်နေခဲ့ကြပြီး အမျိုးသမီးငယ် တစ်ယောက် ဖြတ်သွားတာကို မြင်တဲ့အခါ သူတို့က စော်ကားတဲ့ ပုံစံမျိုးဖြင့် လေချွန်ခဲ့ကြသည်။

စွန်းအားထောင်က အနည်းငယ် ကြောက်နေခဲ့သည်။ သူမက ဝမ့်ရင်းရဲ့ လက်ကို ကိုင်ထားပြီး အဲ့ကို မသွားရဲခဲ့ပါ။

ဝမ့်ရင်းက ဘာအမူအရာမှ မလုပ်ပြဘဲ ဝမ့်ယောင်ကျုံးကို ခနလောက် လေ့လာခဲ့သည်။ တရုတ် နှစ်သစ်ကူး အချိန်အတွင်း သူ အဖမ်းခံရသည့် ကာလနှင့် ယှဥ်ကြည့်ပါက ဝမ့်ယောင်ကျုံးသည် အနည်းငယ် ဝလာသည်။ သူက ဘာကိုမှ ဂရုမစိုက်ဘဲ ဆေးလိပ်ကို ကျေနပ်စွာ ဖွာနေခဲ့သည်။ ဘေးအခန်းရှိ ပိုက်ဆံ ကိစ္စနှင့် ရန်ဖြစ်နေသော လင်မယား နှစ်ယောက်က သူ့မိဘများ မဟုတ်သလိုကို စိတ်မဝင်စားနေခဲ့ပါ။

ဝမ့်ရင်းက သူမရဲ့ ခေါင်းကို ခါပြခဲ့သည်။ ဝမ့်ယုံရွှင်းက ဉာဏ်ကောင်းတဲ့ သူတစ်ယောက် ဖြစ်သော်လည်း အသိဉာဏ် ကင်းမဲ့သည်။

ဝမ့်ယုံရွှင်းသည် နောက်ဆုံးတစ်ခေါက် သူ ကြက်ခိုးပြီးကတည်းက သင်ခန်းစာ ရခဲ့သည်။ သို့သော် ဝမ့်ယုံရွှင်းက သူ့ရဲ့ သားကိုတော့ မထိန်းနိုင်ခဲ့ပါ။

အခုဆိုရင် ဝမ့်ယောင်ကျုံးက ပျော်တတ်တဲ့ သူမျိုးတွေနဲ့ သူငယ်ချင်း ဖြစ်နေပုံရပြီး ပြဿနာ အကြီးကြီးမှာ ဝင်ပါတော့မည်လည်း ဖြစ်သည်။

သို့သော် ဝမ့်ရင်းက ဝမ့်ယောင်ကျုံးကို ကြပ်မတ်ပေးဖို့ စိတ်ကူးမျိုး မရှိခဲ့ပါ။ သူမက ဘာအတွက် စည်းကမ်းလုပ်ပေးရမှာလဲ။ မူပိုင်ရှင် အနားမှာ ရှိတုန်းက သူတို့ မောင်နှမ ဝမ်းကွဲတွေက သူမကို အနိုင်ကျင့်ခဲ့ကြပြီး သူ့အတွက် အဝတ်တွေ လျှော်ပေးဖို့ကိုလည်း ခိုင်းခဲ့ကြသည်။ ဘာအတွက်ကြောင့်များ လုပ်ပေးရမှာလဲ။

ဝမ့်ရင်းသည် ဒီနေ့မှာတော့ မူလပိုင်ရှင် မိခင် ဖြစ်သူရဲ့ သေဆုံးရခြင်း အကြောင်းမှန်ကို ပြန်ဖော်ထုတ်ဖို့ မြို့ကနေ သိခဲ့ရပြီ ဖြစ်သည်။ အခုဆိုရင် သူမက သူမဦးလေးရဲ့ မိသားစု အပေါ်မှာ ခံစားချက်ကောင်းတွေ သိပ်ပြီး မရှိတော့ပါ။

“လာခဲ့။ နင့်ကို ငါနဲ့ ခေါ်သွားမယ်။”

ဝမ့်ရင်းက စွန်းအားထောင်ကို သူမနှင့် ခေါ်သွားခဲ့ပြီး သူတို့နှစ်ယောက်က ဝမ့်ယောင်ကျုံးနှင့် သူ့အဖွဲ့ အရှေ့ကနေ ခပ်တည်တည်ပဲ ဖြတ်သွားခဲ့ကြသည်။

ဝမ့်ယောင်ကျုံးက ဆေးလိပ်ကို တစ်ချက် ရှိုက်လိုက်ပြီး ဝမ့်ရင်းရဲ့ နောက်ကျောကိုသာ မှုန်သုန်နေသော အကြည့်မျိုးဖြင့် စိုက်ပြီး ကြည့်နေခဲ့သည်။

ဝမ့်ရင်းကို ငေးကြည်နေတဲ့ ဘေးမှာရှိသော လူငယ်ကလည်း သူမကို အကြာကြီး မကြည့်လိုက်ရပါ။ ထို့နောက် သူက အင်တင်တင်နှင့် ပြောခဲ့သည်။ “အဲ့ ကောင်မလေးက တော်တော် လှတာပဲကွာ။ သူက ဘယ်တပ်မဟာကလဲ ဆိုတာကို ငါ သိချင်လိုက်တာ။ ငါ သူ့ကို သွားပြီး ပရောပရည် လုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ။”

သူက ကြည့်မကောင်းသော်လည်း ဘယ်လိုပဲ ဖြစ်နေပါစေ တပ်မဟာထဲက ဖြစ်နေခဲ့သည်။ ထို့ကြောင့် ခနလေး မြင်လိုက်ရသည့် မြို့က ကောင်မလေးများကို အလွယ်တကူ ဆွဲဆောင်လို့ ရနိုင်သည်။

သူ့ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေက ဝမ့်ယောင်ကျုံးရဲ့ စကားတွေကြောင့် တစ်စစီ ကြေကွဲသွားခဲ့ရသည်။ “သူက လက်ထပ်ပြီးပြီ”

လူငယ်လေးက သူ့ရဲ့ နှုတ်ခမ်းကို သပ်ပြီး အတော်လေး စိတ်မကောင်းစွာ ပြောခဲ့သည်။ “သူက အရမ်းလှတာပဲကွာ။ အဲ့ဒါကို ဘာလို့ ကျေးလက်က သူနဲ့ ယူလိုက်ရတာလဲ။”

သူသာ တပ်မဟာထဲကို စောစောစီးစီး လာခဲ့ပါက သူက စောစော လှုပ်ရှားလို့ ရနိုင်မည် ဖြစ်သည်။

ဝမ့်ယောင်ကျုံးက ဆေးလိပ်ကို ဖွာလိုက်သည်။ “အဲ့မိန်းမက ရူးနေတာ။”

လူငယ်လေးက မျက်လုံး ပြူးသွားခဲ့သည်။ “မဟုတ်သေးပါဘူး။ တကယ်လား။ အခုလေးတင် ငါ သူ့ကို မြင်လိုက်တာတော့ ဘာမှ မဖြစ်ပါဘူး။ သူက သူ့ဘာသာပဲ စက်ဘီးကို စီးသွားတာ မဟုတ်ဘူးလား။”

ဝမ့်ယောင်ကျုံးက ဒေါသထွက်လာခဲ့သည်။ သူက ပိုပြီး တွေးမိလေလေ၊ ဝမ့်ရင်းကြောင့် ဖြစ်ခဲ့ရသော သူတို့ မိသားစုရဲ့ ကံဆိုးမှုတွေ အားလုံးကို ပြန်ခံစားမိလေလေ ဖြစ်ခဲ့ရသည်။

တကယ်လို့ ဝမ့်ရင်းသာ သူတို့ မိသားစုနှင့် ပြဿနာ တစ်ခုခု မဖြစ်ခဲ့ဘူးဆိုရင် သူ့ရဲ့ အဖေကလည်း တတ်နိုင်သမျှ အမြန်ဆုံး အိမ်ထောင်ချပေးမယ့် အတွေးမျိုးကို တွေးမိလိမ့်မည် မဟုတ်ပါ။ တကယ်လို့ အဲ့လိုသာ မလုပ်ဘူးဆိုရင် သူကလည်း ကျောက်ကျွင်းနှင့် တွေ့ရမည် မဟုတ်ပါ။ အဲ့ဒါက ကျောက်ကျွင်းသာ မဟုတ်ဘူးဆိုရင် သူ့ရဲ့ ဒုတိယမြောက် အစ်မကလည်း ကျောက်ကျွင်းနှင့် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့မည် မဟုတ်ပါ။ အဲ့လိုဆိုရင် သူတို့ မိသားစုကလည်း ရှုရွှမ်းရဲ့ ပိုက်ဆံတွေကို ပြန်ပေးဖို့ မလိုသလို သူတို့က ပိုက်ဆံလည်း ပြတ်ကြမည် မဟုတ်ပါ။ ထို့အပြင် သူ့အိမ်မှာရှိတဲ့ ယွမ်ရှစ်ဆယ်ကလည်း ပျောက်မှာ မဟုတ်သလို သူကလည်း ကြက်တွေ သွားခိုးရမည် မဟုတ်ပါ။

ဝမ့်ယောင်ကျုံးက ဘာကိုမှ ထပ်ပြီး မတွေးတော့ပါ။ သူက သူတို့ မိသားစုထဲမှာ ကြုံရသမျှ ကံဆိုးမှုတွေ အားလုံးက ဝမ့်ရင်းကြောင့် ဖြစ်ရတာဟုသာ ခံစားခဲ့ရသည်။

အဲ့တော့ ဝမ့်ရင်းက ပြဿနာရှာတဲ့ လူတစ်ယောက်ပဲမလား။

'သူမက သူ့မိဘတွေ တစ်ယောက်ပြီး တစ်ယောက်ကိုလည်း သတ်ပစ်နိုင်တယ်။ အဲ့တော့ သူမမှာ မကောင်းတဲ့ အရာတစ်ခုခု ရှိကို ရှိရမယ်။ အခု သူ့ရဲ့ မိသားစုက ဘာဖြစ်သွားလဲ ဆိုတာကိုပဲ ကြည့်လိုက်ပါဦး။ အခုဆိုရင် သူက ကျောင်းသွားလို့လည်း မရတော့ဘူး။'

ဝမ့်ယောင်ကျုံးက ဒေါသတကြီးနှင့် ဆေးလိပ်ကို ဖွာပြီး ပြောခဲ့သည်။ “သူ့အကြောင်း လာမပြောနဲ့။ အဲ့ဒါက ကံဆိုးတာပဲ။ ဒီည ဘာဖြစ်သွားလဲ ဆိုတာကိုပဲ ပြောရအောင်။”

ဟုတ်ပါတယ်။ ဝမ့်ယောင်ကျုံးက သူ့မိသားစုရဲ့ ပိုက်ဆံတွေကို သုံးခဲ့ရုံသာမက သူ့ရဲ့ ကိုယ်ပိုင် အလုပ် တစ်ခုကိုလည်း ရှာတွေ့ခဲ့ပြီ။

ဝမ့်ယောင်ကျုံးက သူ့ရဲ့ ရှုံးနိမ့်မှုကို သုံးသပ်ခဲ့ပြီး သူမှားတယ်ဟုလည်း ခံစားခဲ့ရသည်။ အကြောင်းမှာ သူက သူ့ရဲ့ ကိုယ်ပိုင် တပ်မဟာထဲရှိ ကြက်များအား ခိုးဖို့ကိုသာ အာရုံစိုက်ထားခဲ့သည်။ အဲ့ဒါကပဲ သူ့ကို ကံဆိုးသွားစေခဲ့သည်။ ထို့အပြင် လီချွမ်းကျင်နှင့် ဝမ့်ယုံရွှင်းတို့က ဉာဏ်မကောင်းဘဲ လိုက်လျောညီထွေ မရှိကြဘဲ အဲ့ဒါကပဲ သူ့ကို အောက်သို့ ဆွဲချသွားခဲ့သည်။

ထို့ကြောင့် အခုဆိုရင် သူက တပ်မဟာနှင့် အခြား အနီးအနားရှိ တပ်မဟာများတွင် ရာဇဝတ်မှုများ ကျူးလွန်နေသည့် သူခိုးလေးများ တစ်စုနှင့် အဖွဲ့ကျသွားခဲ့သည်။

သူတို့က တစ်ခါ၊ တစ်ခါ ခိုးတဲ့အခါ အများကြီး မခိုးဘဲ ကြက်တစ်ကောင်၊ ခွေးတစ်ကောင်လောက်သာ ခိုးခဲ့ကြသည်။ ထို့ကြောင့် သူတို့က အဲ့ဒါကို တိတ်ဆိတ်တဲ့ နေရာမှာ သူတို့ဘာသာပဲ ခွဲခဲ့ကြသည်။ သူတို့က ပိုက်ဆံကို မခိုးရဲဘဲ တစ်ယောက်ယောက်က သူတို့ရဲ့ စားစရာများကို တွေ့သွားမှာ ကြောက်နေခဲ့သည်။ သူတို့တွေက ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားပါက အဖမ်းခံရမှာကို စိုးရိမ်နေခဲ့သည်။

တကယ်လို့ တစ်ယောက်ယောက်က တစ်ခုခုကို ခိုးခဲ့ပါက သူသည် အဲ့ဒါကို အပြင်မှာပဲ စားခဲ့မယ်ဆိုရင် အဲ့ဒါကို ဘယ်သူကမှ သက်သေ ပြနိုင်မည် မဟုတ်ပါ။ သို့သော် သူက ပိုက်ဆံ ခိုးလို့ မိသွားခဲ့ရင် သူက နှစ်ပေါင်းများစွာ ထောင်ကျမည် ဖြစ်သည်။

သို့သော် ဒီနေ့ကတော့ မတူပါ။ ဝမ့်ယောင်ကျုံးက အင်မတန် ရက်ရောသည့် လူကြီးတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူက ဝမ့်ယောင်ကျုံးကို တစ်ခါတည်းနှင့် နှစ်ယွမ်ကို ပေးခဲ့ပြီး သူ့မှာ ကံစမ်းလို့ရမယ့် နည်းတစ်ခု ရှိကြောင်းကို ပြောခဲ့သော်လည်း သူက လူအားကိုသာ လိုနေခြင်း ဖြစ်သည်။

အခုဆိုရင် ဝမ့်ယောင်ကျုံးက ပြောင်းပြီး ဒီနေရာမှာ သူ့ရဲ့ အပေါင်းအပါများကို လာပြီး စည်းရုံးခဲ့သည်။

လူငယ်တွေ အားလုံးက ဒေါသကြီးသော်လည်း သူတို့ထဲက နည်းနည်းကသာ ဆုံးဖြတ်ချက် ချရဲသည်။ သူတို့ အားလုံးက ထိုလူက ဘယ်သူလဲ ဆိုတာကို စိတ်ပူနေကြပြီး သူတို့က ဝက်တစ်ကောင်လို အလုပ်လုပ်ရမှာလည်း ကြောက်နေခဲ့ကြသည်။

ဝမ့်ယောင်ကျုံး - “အဲဲဒါက ဖြစ်နိုင်လို့လား။ ငါတို့ တပ်မဟာက ဘယ်လောက်ထိ ပိုက်ဆံ ရှာနိုင်လို့လဲ။ အစ်ကိုကြီး ပြောတာကတော့ ငါတို့က ပစ္စည်းတွေ ကူမပေးရုံပဲတဲ့။ ပြီးတော့ ငါတို့တွေ ထွက်သွားရင် တစ်ခြားသူတွေကို ငါတို့က ဘာများ ပြောနိုင်မှာမလို့လဲ။”

ဝမ့်ယောင်ကျုံးက လူတွေကို စည်းရုံးဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။ ထို့အပြင် တစ်ဖက်လူကလည်း သူက လူအနည်းငယ်ကို ရှာတွေ့ခဲ့ပါက ပိုက်ဆံ အနည်းငယ် ပေးမည်ဟု ပြောခဲ့သေးသည်။

ဝမ့်ယောင်ကျုံးက ပိုက်ဆံလိုနေသည့်အတွက် သူက မနာလို ဖြစ်နေခဲ့သည်။ သူက ဒီကိစ္စနဲ့ ပိုက်ဆံရှာမှာ သေချာသည်။

“ပြီးတော့ ဒီမှာ ဘာပြဿနာမှ မရှိဘူးလို့ သူတို့ ကတိ ပေးပြီးပြီ။ အကောင်းဆုံးက ငါတို့တွေ အဲ့ကို ပြောင်းပြီးရင် အိမ်ပြန်ပြီးလည်း အိပ်လို့ ရတယ်။ ပြီးရင် ငါတို့တွေက အဲ့ကိုသွားတာ ဝန်ခံကြမှာ မဟုတ်ဘူးမလား။”

ဝမ့်ယောင်ကျုံးက သူတို့ကို ငွေဖြင့် လှည့်စားကာ အားစိုက် ခေါ်ပြီး နောက်ဆုံးမှာတော့ သူက လူသုံးယောက်ကို ခေါ်လာနိုင်ခဲ့သည်။

ဝမ့်ယောင်ကျုံးက အတော်လေး ဂုဏ်ယူနေခဲ့သည်။ ဝမ့်ရင်းက ကောင်းကောင်း နေရတော့ရော ဘာဖြစ်လဲ။ သူ့မှာကလည်း သိပ်ပြီး မဆိုးလှပါဘူး။ မကြာခင်မှာ သူက ဝမ့်ရင်းကို မောင်းထုတ်တော့မည် ဖြစ်သည်။ 'ဒုတိယအဒေါ် ချန်ထားခဲ့တဲ့ အိမ်ကလည်း သူ့အတွက်ပဲ ဖြစ်သင့်တယ်။'

ဝမ့်ရင်းက အိမ်ပြန်လာပြီး ဒီနေ့ ရလာခဲ့သော ယွမ်ခြောက်ရာ့ငါးဆယ်ကို မိသားစုရဲ့ စုငွေများနှင့် အတူတူ ထားခဲ့သည်။ ကြွက်ကိုက်တာကို ကာကွယ်ရန်အတွက် ဝမ့်ရင်းက ကြွက်ရှင်းဖို့ ရိုးရှင်းတဲ့ ဆေးရည်ကို ပြင်ထားခဲ့ပြီး ပိုက်ဆံသိမ်းထားတဲ့ ရေကရား တစ်ခုထဲမှာ ထားခဲ့သည်။

အစပိုင်းမှာတော့ ရေကရားလေးကို ကောင်းကောင်း ဖြည့်ထားခဲ့ပြီး အဲ့ဒါကို ကြည့်ရင်း ဝမ့်ရင်းက ပျော်နေခဲ့သည်။

ဝမ့်ရင်းက ထပ်ခါ ထပ်ခါ ရေတွက်ရင်း နောက်ဆုံးမှာတော့ အဲ့ထဲမှာ တစ်ထောင်နှင့် ဆယ့်ငါးယွမ် ရှိတာကို အတည်ပြုခဲ့သည်။

အခုဆိုရင် အမျိုးသမီးကြီး မစ္စရှုရဲ့ အပ်ချုပ်စက်ကို မဆိုထားနှင့် တစ်ခါတည်း ရေဒီယို တစ်လုံးကိုပါ ဝယ်လာလို့ ရသည်။

ဝမ့်ရင်းက အပြင်ကနေ တစ်ယောက်ယောက် ခေါ်သံကို ရုတ်တရက် ကြားလိုက်သည့်အခါ သူမက အိမ်ထဲတွင် ထျန်ကျိမေကို ခေါ်ထားခဲ့သည်။

“ဆရာဝန် ဝမ့်ရင်းရှိလား။ အိမ်မှာ ရှိလား။”

သူ ဒီမှာရှိနေတာ ဆရာဝန်နှင့် တွေ့ချင်တာ ဖြစ်မယ်ဟု ဝမ့်ရင်းက ထင်ခဲ့သော်လည်း သူမက တံခါးကို ဖွင့်လိုက်သည့်အခါ တွေ့လိုက်ရသည်မှာ……

ပညာတတ် လူငယ် ပိုင်လင်းက ခြံဝန်းထဲကို ဟိုကြည့်ဒီကြည့် လုပ်နေခဲ့သည်။ သူမ ထွက်လာတာကို မြင်တဲ့အခါ သူမရဲ့ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို မြင်ခဲ့ရသည်။

“ဆရာဝန် ဝမ့်ရင်း၊ ဒီနေ့ ငါ တောင်ပေါ်ကနေ ဒီဟာကို ခူးလာခဲ့တယ်။ နင်က ဆေးဖက်ဝင် အပင်တွေ စုနေတယ်လို့ ကြားထားမိလို့။ အဲ့ဒါကြောင့် ငါက အဲ့ဒါကို နင့်အတွက် ယူလာပေးတာ။”

ဒါက ဝမ့်ရင်းက မကြာခင်ကမှ စစိုက်ထားသည့် အရာလည်း ဖြစ်သည်။ နေ့တိုင်း တောင်ပေါ်ကို တက်ပြီး ဆေးပင်တွေ သွားခူးဖို့ သူမအတွက် မလိုတော့ပါ။ အရင်တုန်းက အဖွဲ့ထဲရှိ လူတွေက သူတို့ တောင်ပေါ်ကို တက်တဲ့အခါ ဆေးဖက်ဝင် ပစ္စည်း အချို့ရဲ့ ပုံစံကို မှတ်မိကြသည်။ အဲ့ဒါတွေကို တောင်အောက်သို့ ယူလာပြီးနောက် သူတို့က အဲ့ဒါတွေကို အလွတ်တမ်း ဆရာဝန်ထံ ပို့ပြီး ရောင်းလိုက်ကြသည်။

All Chapters