အခန်း (၁၁၃-၁၁၄)
Vol. 10 Ch. 113-114
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၁၃
ကွာခြားချက်က သိပ်မများသော်လည်း အဲ့ဒါက ရွာသားတွေ အတွက်တော့ ဝင်ငွေတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
ဝမ့်ရင်းက လူတိုင်းကို အကျိုးပြုချင်ခဲ့သည်။ ဒုတိယအနေဖြင့် ဒါက မြို့ကို အချိန်တိုင်း သွားဖို့ သူမအတွက် အကြောင်းပြချက်များ ဖြစ်လာမည်ဟု တွေးနေခဲ့သည်။ ထို့ကြောင့် အချို့ အချိန်များတွင် သူမက ဆေးပစ္စည်းများ လိုက်လံ စုဆောင်းနေသည်ဟု သတင်းများ လွှင့်နေခဲ့သည်။
ဝမ့်ရင်းက ပိုင်လင်း ခူးလာသော ဆေးပင်များကို တစ်ချက် ကြည့်လိုက်သည်။ သူမက အဲ့ဒါတွေကို ခူးဖို့အတွက် အတော်လေး အားထုတ်ခဲ့ရတာ သိသာသည်။ ဆေးပင်များကို အမြစ်ကနေ တူးလာခဲ့ပြီး အဲ့ဒါတွေက လတ်ဆက်ပြီး စိမ်းစိုနေခဲ့သည်။ သူတို့တွေကို အမျိုးအစားလိုက် ခွဲပြီး ကြိုးအနီရောင်ဖြင့် ချည်ထားခဲ့သည်။
ပိုင်လင်းက ဆေးပင်တွေကို ဝမ့်ရင်းရဲ့ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြောခဲ့သည်။ “ယူပြီး တစ်ချက်လောက် ကြည့်ပေးပါဦး။ အဲ့ဒါတွေက သုံးလို့ရလားဟင်။”
ဝမ့်ရင်း - “ဆေးဖက်ဝင် အပင်တွေ ဆိုတာရော မင်းသိရဲ့လား။”
ပိုင်လင်းက အနည်းငယ် ရှက်သွားပြီး ပြောခဲ့သည်။ “နည်းနည်းတော့ သိပါတယ်။”
တကယ်တော့ သူမက အဲ့ဒါတွေ အားလုံးကို မသိပါ။ သူမက ထိုဆေးဖက်ဝင် အပင်များကို အနီးအနားရှိ အဖွဲ့သားများထံမှသာ သင်ယူဖူးပြီး တောင်ပေါ်မှာ အဲ့ဒါတွေကို တူးခဲ့တဲ့ သူကလည်း ကျန်းလီသာ ဖြစ်သည်။
ဝမ့်ရင်းက ဆေးပင်တွေကို ယူလိုက်ပြီး တစ်ခုချင်း ရေတွက်နေခဲ့သည်။ စုစုပေါင်း တစ်ယွမ်နှင့် လေးဆယ့်ခုနစ်ဆင့် ဖြစ်သည်။ သူမက အိမ်ထဲကို ပြန်ဝင်သွားပြီး ပိုင်လင်းအား ပိုက်ဆံကို ပေးခဲ့သည်။
ပိုင်လင်းက လုံးဝကို ငြင်းခဲ့သည်။ “ဟင့်အင်း၊ မယူဘူး။ မယူဘူး။ ဆရာဝန် ဝမ့်ရင်း။ ငါက ဒီဟာတွေကို တွေ့ခဲ့တယ် ဆိုပေမယ့်လို့ သိပ်ပြီး အားမထုတ်ခဲ့ရပါဘူး။ ယူသာ ယူလိုက်ပါ။ အဲ့ဒါတွေအတွက် ငါ့ကို ပိုက်ဆံပေးဖို့ မလိုဘူး”
ဒီလူက အတုအယောင် တစ်မျိုးပဲဟု ဝမ့်ရင်းက ပိုပိုပြီး ခံစားလာခဲ့ရသည်။ သူမ အခုလေးတင် ပိုက်ဆံယူဖို့ ဝင်သွားတုန်းက သူမဟာ မတားခဲ့ဘဲ အခုကျမှ ငြင်းနေခဲ့သည်။
ဝမ့်ရင်းက သူမကို အကြောင်းပြချက်ပေးဖို့ ဘာအချိန်မှ မပေးဘဲ ပိုက်ဆံကို သူ့လက်ထဲသို့ ချက်ချင်းပဲ ထိုးပေးခဲ့သည်။ “ဒါကိုသာ ယူသွားလိုက်ပါ။ ငါကလည်း ဒီဆေးပင်တွေကို မြို့က ဆေးရုံဆီ ပို့ပေးနေရတာ။ အဲ့ဒါကြောင့် ဒီပိုက်ဆံက ယူလို့ရပါတယ်။”
'ပိုင်လင်းက ပိုက်ဆံကို ယူထားခဲ့ပြီး သူမရဲ့ ပုံစံကတော့ အရမ်းကြီး အဆင်ပြေတဲ့ပုံမျိုး ပေါ်မနေခဲ့ပါ။'
အစတုန်းက သူမသည် စကားချိုချိုလေးများ ပြောကာ အခွင့်ကောင်းယူပြီး သွယ်ဝိုက်ကာ မေးခွန်းအချို့ မေးဖို့ တွေးထားခဲ့သည်။ သို့သော် ပစ္စည်းကို ပိုက်ဆံနှင့် လဲပေးသည့် တစ်ဖက်လူရဲ့ အေးစက်သော အပြုအမူကြောင့် သူမက အတော်လေး တုန်လှုပ်သွားခဲ့ရသည်။
ပိုင်လင်းက အသက်ကို ဝအောင် ရှုလိုက်သည်။ “ဆရာဝန်ဝမ့်ရင်း၊ ကျွန်မကို ရှင်က သဘောမကျလို့လား။”
ဝမ့်ရင်း - “မဟုတ်ပါဘူး။”
အဲ့ဒါကတော့ အမှန်ပဲ။ အဆိုးဆုံးက သူမက လူတွေကို နားမလည်သလို သူတို့နဲ့ အဆင်ပြေဖို့ မညှိချင်ကြဘူး။ တကယ်လို့ သူတို့ကသာ စိတ်အနှောက်ယှက်ဖြစ်ရတဲ့ လူတွေအကြောင်း ပြောမယ်ဆိုရင် ပိုင်လင်းကတော့ ထိပ်ဆုံးပဲ ဖြစ်တော့မှာ မဟုတ်ဘူး။
ပိုင်လင်းက တုံ့ဆိုင်းသွားခဲ့သည်။ “အဲဲဒါဆို ကျန်းလိကြောင့်လား။ ဒီဟာကို ငါ ရှင်းပြဖို့ လိုတယ်။”
ဝမ့်ရင်းက သူမကို ကြားဖြတ် ပြောခဲ့သည်။ “ပိုင်ကျစ်ကျင်း၊ ငါ့မှာ ဘာငဲ့နေစရာမှလည်း မရှိဘူး။ ငါ့ကို မင်းနဲ့ ကျန်းကျစ်ကျင်းတို့ရဲ့ ဆက်ဆံရေးအကြောင်း ရှင်းပြနေဖို့လည်း မလိုဘူး။ တကယ်လို့ မင်းမှာ ပြောစရာ တစ်ခုခု ရှိတယ်ဆိုရင်လည်း တည့်သာပြော။”
'ဒီလိုမျိုး ဝေ့လည်ကြောင်ပတ်တွေ လုပ်နေရတာ နင် မပင်ပန်းဘူးလား။'
ပိုင်လင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ကာ ဘာမှ မမေးခင်မှာဘဲ ခနလောက် တိတ်ဆိတ်သွားခဲ့သည်။ “ဆရာဝန် ဝမ့်ရင်း၊ ငါ့မှာ မေးချင်တာ ရှိတယ်။ အိမ်အိုကြီးထဲမှာ အခန်းလွတ် သုံးခန်း ရှိတယ်မဟုတ်လား။ ငါတို့တွေ အဲ့ကို ပြောင်းနေလို့ရလား။”
ဝမ့်ရင်း - ????
ပိုင်လင်းက ဆက်ပြောခဲ့သည်။ “ငါတို့ ပညာတတ် လူငယ်တွေက တစ်ခန်းထဲမှာ အများကြီးစုပြီး နေလို့ရပါတယ်။ အခုဆိုရင် ငါတို့က ခွဲပြီး နေနေရတာ။ အဲ့ဒါက ငါတို့တွေ အတူနေဖို့ အဆင်မပြေ ဖြစ်စေလို့ပါ။ ငါ့အထင်တော့ ပညာတတ် လူငယ်စခန်း ဆောက်လို့ မပြီးခင်မှာ အတူတူ နေလို့ရရင် ငါတို့အတွက် ပိုကောင်းမယ်လို့ တွေးမိလို့ပါ။ နင်တို့ မိသားစုက အဆင်ပြေတယ်ဆိုပြီး တပ်မဟာထဲမှာရှိတဲ့ လူတွေက ပြောကြတယ်။ ငါ့ရဲ့ အကြံပေးတာက အရမ်းများတာကိုတော့ ငါသိပါတယ်။”
ဝမ့်ရင်း - “အဲဲဒါက လွန်တယ်ဆိုတာ သိရင်လည်း မပြောနဲ့ပေါ့။”
သူမက မတ်တပ်ထရပ်ပြီး သူ့ကို ကြည့်လိုက်သည်။ “ပိုင်ကျစ်ကျင်း၊ အခုဆိုရင် မင်းက ငါ့အမြင်မှာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတဲ့သူပဲ။ မင်းက တစ်ခြားသူရဲ့အိမ်ကို ပြောင်းလည်း ပြောင်းချင်သေးတယ်။ မင်းရဲ့ ကိုယ်ပိုင် အစီအစဥ်တွေကိုလည်း လာပြီး ပြောနေသေးတယ်။ မင်း ငါ့ဆီကို လာတယ် ဆိုတာ မင်းတို့ရဲ့ ပညာတတ် လူငယ်တွေရဲ့ ခေါင်းဆောင်ဖြစ်သူ ယန်ဟုန်ကိုရော ပြောခဲ့လား။ မင်းက ပညာတတ် လူငယ်တွေ အားလုံးရဲ့ ခေါင်းဆောင်လုပ်လို့ရတာလား။ ဒါမှမဟုတ် မင်းက အဖွဲ့ခေါင်းဆောင်ထက် ပိုပြီးတဲ့ ခေါင်းဆောင်လား။ မင်းက ငါ့ဆီကို လာပြီး ဒီလို အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ။ ဒါက နည်းနည်းလေး လွန်တယ်လို့ မင်း မထင်ဘူးလား။”
“ငါ့အိမ်မှာ အခန်း ဘယ်နှစ်ခန်း လွတ်လဲဆိုတာ မင်းသိလား။ မင်းရဲ့ စစ်ဆေးတာတွေက အရမ်းကို စေ့စပ်တာပဲနော်။ အဲ့အခန်းကလည်း ငါ့ယောက္ခမ နေနေတဲ့အခန်းပဲ။ အခုချိန်မှာ သူက ဒီမှာ နေနေတယ်ဆိုပေမယ့် အဲ့အခန်းက သူ့ရဲ့အခန်း ဖြစ်နေတုန်းပဲနော်။ အဲ့နေရာမှာ ဘာကိုထားပြီး ဘယ်သူက နေရမယ်ဆိုတာ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး။”
ဝမ့်ရင်းက အဲ့လူကို တံခါးအပြင်ဘက်သို့ မောင်းထုတ်လိုက်သည်။ “မင်းက ဘာပြောနေလဲဆိုတာ မင်းကိုယ်မင်းတောင် မသိဘူး။”
ပိုင်လင်းက ဝမ့်ရင်းရဲ့ အော်ငေါက်တာကို ခံလိုက်ရသည်။ သူမက ဒေါသကြီးပြီး သနားဖို့ ကောင်းတယ်ဟု ခံစားခဲ့ရသည်။ သူမက ဝမ့်ရင်းရဲ့ တံခါးကိုတောင် ထပ်ပြီး မခေါက်ရဲဘဲ စိတ်ဓာတ်ကျနေသော မျက်နှာနှင့် ဝူကွေ့ဟွာရဲ့ အိမ်ကို ပြန်သွားရုံသာ တတ်နိုင်သည်။
သူမပြောတာရော ဘာမှားလို့လဲ။ အဲ့ဒါက အမှန်ပဲလေ။ အမျိုးသမီးကြီး မစ္စရှုပြောတော့ သူက ပညာတတ်လူငယ် နှစ်ယောက်အတွက် စီစဥ်ပေးလို့ ရတယ်တဲ့။ ဒါပေမယ့် တကယ်တမ်းကျတော့ သူမရဲ့ အိမ်ကြီးက တော်တော်ကို ကျယ်တာပဲလေ။
အခု ကျန်းပင်းနှင့် ကျန်းလီတို့ အခု နေနေတဲ့ အခန်းက ကျယ်ပြီး အလင်းရောင် ဝင်ကာ လူသုံး၊ လေးယောက်လောက် ထပ်နေလို့တောင် ရသေးသည်။
ပိုင်လင်းက အတော်လေး ဝမ်းနည်းသွားသည်။ သူမရဲ့ တုံ့ဆိုင်းမှုကြောင့် သူမက ရှုမိသားစုရဲ့ အိမ်မှာ နေလို့ရတယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ သူမက အဲ့ဒါကို တွေးမိတိုင်း အတော်လေးကို နောင်တရရသည်။
ရှုမိသားစုက ဘာကိုမှ မထောက်ပံ့ပေးဘဲ ပညာတတ် လူငယ်တွေအတွက် အခြေခံ စားစရာများကို ပေးထားသော်လည်း အခြားသူတွေနဲ့ တစ်မိုးအောက်တည်း နေရာတာက သူတို့ဘာသာ တံခါးတွေပိတ်ပြီး ကိုယ့်ဘာသာ နေရတာလောက် မဆိုးပါ။
ပိုင်လင်းက အဲ့ဒါကို ယန်ဟုန်နှင့် မဆွေးနွေးခဲ့သော်လည်း သူမရဲ့ အကြံက လုံးဝကို မှန်ကန်တယ်ဟု ခံစားနေရဆဲ ဖြစ်သည်။
အမျိုးသမီးကြီး မစ္စရှုက အခန်းတစ်ခန်းကို ငှားထားပြီး ဖြစ်သည်။ ထို့ကြောင့် သူမက ကျန်တဲ့ အခန်းသုံးခန်းမှာ နေလို့ရတယ် မဟုတ်ပါလား။ သူတို့ နေလို့ရတာ သေချာသည်။
ပိုင်လင်းက အဲ့ဒါကို တွေးမိရင်း အရင်ဆုံး ဝမ့်ရင်းထံသွားရန် လမ်းဖောက်ကြည့်ဖို့ကို ဆုံးဖြတ်ခဲ့သည်။ သို့မှသာ သူမက ဒီကိစ္စကို အတည်ပြုပြီးမှ ယန်ဟုန်နှင့် စကားပြောလို့ ရနိုင်မည် ဖြစ်သည်။ ဒီလိုနည်းနဲ့မှပဲ သူမသည် လူတိုင်းကို ဂရုစိုက်ကြောင်း ပြနိုင်ပြီး သူမရဲ့ ဂုဏ်သတင်းတွေကိုလည်း မြှင့်တင်လို့ ရနိုင်မည် ဖြစ်သည်။
ရလဒ်အနေနဲ့ကတော့ ဝမ့်ရင်းက သဘောတူဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘဲ အဲ့ဒါကို အစပိုင်း နားထောင်ပြီးတာနှင့် သူမကို ကန်ထုတ်ခဲ့သည်။
ပိုင်လင်းက မြေပေါ်ရှိ ရွှံ့အိုင် တစ်အိုင်ကို ကန်ချလိုက်သည်။
အခုဆိုရင် သူမက ဝူကွေ့ဟွာရဲ့ အိမ်မှာ နေနေရပြီး ဝူကွေ့ဟွာရဲ့ သမီးဖြစ်သူရယ် အခြား ပညာတတ် လူငယ်များရယ်နှင့် မီးလင်းဖိုကို ဝေမျှကာ သုံးနေခဲ့ရသည်။ သူတို့က စားဖို့၊ သောက်ဖို့အတွက် အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ရပြီး အခြားသူများထံကနေလည်း ဘာအခွင့်အရေးမှ မရနိုင်ပါ။
ဒါဟာ သူမ ပညာတတ် လူငယ်စခန်းမှာ နေရတုန်းကလို မခံစားခဲ့ရပါ။ ပထမဆုံးနေ့မှာတင်ပဲ သူမက ဘာမှ မစားနိုင်ဘူးဟု ပြောတဲ့အခါ များစွာသော ပညာတတ် လူငယ်တွေက သူမအတွက် ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို လုပ်ပေးခဲ့သည်။ အဲ့ဒါတွေကို ပြောင်းဆန် အရောတွေနဲ့ လုပ်ထားတယ် ဆိုပေမယ့်လည်း ခြောက်ကပ်ကပ်ကြီး ဖြစ်နေတုန်းပဲ။
ဝူကွေ့ဟွာရဲ့ မိသားစုထဲတွင် တစ်နေ့ကို သုံးနပ် စားကြသည်။
ပိုင်လင်းက အဲ့အကြောင်းကို ပိုပြီး တွေးမိလေလေ၊ မကောင်းတဲ့ အရာတစ်ခုကို ပိုပြီး ခံစားရလေလေ ဖြစ်သည်။
အခုဆိုရင် သူမမှာ အထူး ဆက်ဆံခံရမှုမျိုး မရှိတော့ပါ။ ဝူကွေ့ဟွာကလည်း သူမကို အဲ့လိုမျိုး ဆက်ဆံမည့်သူမျိုး မဟုတ်ပါ။ သူမကို အမြဲတမ်း အဲ့လိုမျိုး ပြောကြသည်မှာ သူမက အားနည်းပြီး ဘာကိုမှ မလုပ်နိုင်သည့်အတွက် သူမကသာ အလုပ်ကို ပိုပြီး လုပ်သင့်သည်။ ဝူမိသားစုရဲ့ အိုး၊ ခွက်၊ ပန်းကန်နှင့် ဇွန်းများကို တစ်လှည့်စီ ဆေးပေးခဲ့ကြသည်။
ပိုင်လင်းက ပန်းကန်တွေ မဆေးချင်သည့်အတွက် သူမက ပညာတတ် လူငယ်တွေနှင့် အတူတူ နေရတာက အဲ့ဒါတွေ လုပ်တဲ့အခါ သူမအတွက် ပိုပြီး လွယ်ကူတယ်ဟု ခံစားခဲ့ရသည်။
ပိုင်လင်းရဲ့ စိတ်ဓာတ်ကျနေသည့် ပုံစံကို ကျန်းလီက မြင်ခဲ့ရသည်။ ကျန်းလီရဲ့ မျက်လုံးတွေက သေချာ ကြည့်လိုက်ပြီး သူမရဲ့ လက်ထဲရှိ အလုပ်တွေကို ချထားကာ ပိုင်လင်းဆီ ပြေးသွားခဲ့သည်။
“ပိုင်ကျစ်ကျင်း၊ ဘာဖြစ်လို့လဲ”
လူတိုင်းရဲ့ အရှေ့မှာ ကျန်းလီနှင့် ဝေးဝေးနေဖို့ အခုဆိုရင် ပိုင်လင်းက ကျန်းလီကို ပိုင်ကျစ်ကျင်းဟု ခေါ်ဖို့ တောင်းဆိုခဲ့သည်။
“ဝမ့်ရင်းက နင့်ကို အနိုင်ကျင့်လို့လား။”
ပိုင်လင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ကာ ပြောခဲ့သည်။ “ငါက အသုံးမဝင်ဘူး”
ကျန်းလီက တစ်ခုခု ပြောဖို့အတွက် ပြင်လိုက်သော်လည်း ပိုင်းလင်းက ညှင်သာစွာ ပြောခဲ့သည်။ “အဲဲဒါက အဆင်ပြေပါတယ်။ တပ်သားကျန်း၊ အခုလို မေးပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။”
ကျန်းလီ - “အဲ့လို မပြောနဲ့။ နင့်ကိုယ်နင်လည်း ကြည့်ဦး။ ဝိတ်ကျသွားပြန်ပြီ။ နင် အဲ့ဒါ ကောင်းကောင်းမစားလို့ပဲ ဖြစ်ရမယ်။”
ကျန်းလီရဲ့ ရင်ထဲမှာတော့ စိတ်လှုပ်ရှားမှုတွေဟာ ပေါက်ကွဲတော့မလို ဖြစ်နေခဲ့သည်။ “ငါ မနက်ဖြန်တစ်ရက် ခွင့်ယူလိုက်မယ်။ ပြီးတော့ မြို့ကိုသွားပြီး နင်နဲ့ ကြက်ပေါင် သွားဝယ်မယ်။”
သူ့လက်ထဲမှာ ပိုက်ဆံ အနည်းငယ် ကျန်နေသေးသည်။ အဲ့ဒါက ကျေးလက်မှာ နေဖို့အတွက် သူ့ရဲ့ နောက်ဆုံးလက်ကျန် ပိုက်ဆံလည်း ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ပိုင်လင်းအတွက် ဒီပိုက်ဆံတွေကို သုံးပစ်ဖို့က အဆင်ပြေတယ်ဟု ကျန်းလီက ခံစားခဲ့ရသည်။ ထို့အပြင် သူတို့ နှစ်ယောက်က အချင်းချင်း နားလည်မှု ရှိကြပြီး မကြာခင်မှာပဲ ပိုင်လင်းက သူ့ကို လက်ထပ်တော့မည် ဖြစ်သည်။
ပိုင်လင်းက ရှက်နေခဲ့သည်။ “ဒါက နင့်အတွက် အရမ်းကြီး ဒုက္ခများမနေဘူးလား။”
ကျန်းလီရဲ့ စိတ်ထဲတွင် တွန်းအားပေးနေသလို ခံစားခဲ့ရသည်။ “ဘာလို့လဲ။ ငါ မနက်ဖြန် မနက်ကျရင် အဲ့ကို သွားမယ်။”
ပိုင်လင်းက နှစ်ခါပြန် ငြင်းခဲ့သော်လည်း နောက်ဆုံးမှာတော့ သူက ကျန်းလီကို မတားနိုင်ဘဲ ဖော်ရွေသော အမူအရာဖြင့်သာ သူ့ကို ကျေးဇူးတင်ခဲ့သည်။
သို့သော် ကျန်းလီက နောက်နေ့မှာတော့ ချန်မြို့ကို မသွားခဲ့ပါ။
အကြောင်းမှာ တော်လှန်ရေး တပ်မဟာနှင့် လူထု လုံခြုံရေး အစိုးရ အဖွဲ့က ခုနစ်ခုမြောက် တပ်မဟာကို လာခဲ့ပြီး တပ်မဟာထဲရှိ လူတိုင်းက တိတ်ဆိတ်ပြီး သူတို့တွေကို ပစ်မှတ် ထားခံရမှာ ကြောက်နေခဲ့ကြသည်။ ကျန်းလီက စိတ်တည်ငြိမ်သော်လည်း ဒါက တပ်မဟာကနေ ထွက်သွားဖို့ အချိန်ကောင်း မဟုတ်ဘူးဆိုတာ သိနေခဲ့သည်။ သူက ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ လူတွေကို မတွေးမိစေနဲ့။ အဲ့လိုမှ မဟုတ်ရင် သူ ဒုက္ခရောက်လိမ့်မယ်။
တော်လှန်ရေး အဖွဲ့ရှိ လူတွေက အတော်လေး တည့်တိုးလုပ်တတ်သည်။ သူတို့က အဖွဲ့သား တစ်ယောက်ရဲ့ အရှေ့မှာ ရပ်ပြီး မေးခဲ့သည်။ “တပ်သား၊ ငါတို့တွေ ဝမ့်ယုံရွှင်းရဲ့ အိမ်ကို သွားချင်တယ်။ ငါတို့ကို လမ်းပြပေးလို့ ရလား”
အဖွဲ့သားတွေက တုန်လှုပ်စွာပဲ ညွှန်ပြခဲ့ပြီး တော်လှန်ရေး အဖွဲ့ရှိ လူတွေက လိုက်လာပြီး တံခါးကို ခေါက်ခဲ့သည်။
“ဝမ့်ယုံရွှင်း၊ လီချွမ်းကျင်၊ အခု မင်းတို့ရဲ့သား ဝမ့်ယောင်ကျုံးက ဆိုးရွားတဲ့ ခိုးမှုနဲ့ ဓားပြမှု တစ်ခုမှာ ပါတယ်လို့ သံသယရှိတယ်။ အဲ့ဒါကြောင့် အပြင်ထွက်လာပြီး ငါတို့နဲ့အတူတူ စစ်ဆေးဖို့ လိုက်ခဲ့ပေးပါ။”
ဒီကိစ္စက ဝမ့်ယောင်ကျုံး လူတွေ လိုက်စုသည့် ကိစ္စကနေ စတင်ခဲ့သည်။
ဝမ့်ရင်း တပ်မဟာထဲကို ပြန်ရောက်ပြီးနောက် ဝမ့်ယောင်ကျုံးက လူငယ် သုံးယောက်ကို စည်းရုံးဖို့ အားထုတ်ခဲ့သည်။ အခြား လူငယ်တွေက အမြဲလိုလို သူ့နောက်ကို လိုက်လေ့ရှိသော်လည်း သူတို့ တစ်ယောက်ကမှ ဒီလိုမျိုး မရှင်းလင်းသည့် ကိစ္စများကိုတော့ မလုပ်ရဲကြပါ။
နောက်ဆုံးမှာတော့ ဝမ့်ယောင်ကျုံးနှင့် ထိုလူငယ် သုံးယောက်ကသာ ပိုက်ဆံကြောင့် စုံလုံးကန်းခဲ့ရသည်။
ဝမ့်ယောင်ကျုံးကို သူစည်းရုံးပေးလာသော လူတစ်ယောက်စီအတွက် တစ်ယွမ်စီ ပေးခဲ့သည်။ ထို့အပြင် ဝမ့်ယောင်ကျုံးက အခြား လူသုံးယောက်အတွက်လည်း နှစ်ယွမ်စီ ပေးဖို့အတွက် ကတိပေးခဲ့သည်။
တစ်ယောက်ကို နှစ်ယွမ်စီ ပေးတာက အရမ်း မများသော်လည်း တစ်ညတည်း လုပ်ရတာက လယ်ထဲကို ပြန်ပြီး တစ်လလုံး အလုပ် လုပ်ရတာထက်တော့ ပိုကောင်းသည်။ တကယ်လို့ မင်းက လယ်ထဲမှာ လုပ်မယ်ဆိုရင်တောင် တစ်လကို နှစ်ယွမ်တော့ ရမှာ မဟုတ်ဘူး။
တစ်ဖက်လူတွေက သစ္စာမရှိသည့်အတွက် ဝမ့်ယောင်ကျုံးကလည်း ဒေါသထွက်သွားခဲ့သည်။ သူတို့တွေက ရက်ပေါင်းများစွာ အတူတူ ရှိခဲ့ကြသော်လည်း တစ်ခုခု ဖြစ်ကြတဲ့အခါ သူတို့က သဘောတူဖို့ ငြင်းဆန်ခဲ့ကြသည်။ သူတို့က တကယ်ကို မနာလိုကြသည့် သူများသာ ဖြစ်သည်။
ဝမ့်ယောင်ကျုံးက သူတွေ့ခဲ့တဲ့သူကို သွားရှာဖို့ သူခေါ်လာသော လူသုံးယောက်ကို သူနှင့်အတူ ခေါ်သွားခဲ့သည်။
“အစ်ကိုထောင်၊ ဒါက ကျွန်တော့ရဲ့ ညီအကိုပါ။”
ဝမ့်ယောင်ကျုံးက အတော်လေး စမတ်ကျသည်။ သူက အချိန်အကြာကြီး လျှောက်သွားနေခဲ့ကာ ဆေးလိပ်သောက်သည့် မကောင်းတဲ့ အကျင့်ကလည်း ရလာခဲ့သည်။ သူက ဆေးလိပ်ဗူးကိုတော့ မတတ်နိုင်ခဲ့ပါ။ ထို့အပြင် ဆေးတံကလည်း အတော်လေး ခေတ်နောက်ကျနေခဲ့ပြီ ဖြစ်သည့်အတွက် သူက သူ့ရဲ့ ကိုယ်ပိုင် ဆေးလိပ်ကို စက္ကူဖြင့် လိပ်ခဲ့သည်။
ဝမ့်ယောင်ကျုံးက ဘေးနားရှိ လူတွေကို ခေါ်လာတဲ့အခါ သူက ဆေးလိပ်ကို မာန်ပါပါ သောက်နေခဲ့ကာ သူခေါ်လာတဲ့ လူတွေ အားလုံးကလည်း သူ့ရဲ့ လက်အောက်ငယ်သားများ ဖြစ်သည်။
အစ်ကိုထောင်ဟုခေါ်သော အမျိုးသားကလည်း မကျေနပ်တဲ့ပုံ ဖြစ်နေခဲ့သည်။ “ ငါတို့က လူလေးယောက်ရဖို့ သဘောတူခဲ့တာ မဟုတ်ဘူးလား။ အဲ့ဒါကို မေ့လိုက်တော့။ ငါ့နောက်ကို လိုက်ခဲ့။ ဒါပေမယ့် ငါတို့ကို ဘယ်သူကမှတော့ မတွေ့စေနဲ့။”
ဝမ့်ယောင်ကျုံးနှင့် လိုက်လာသော လူငယ်က အတော်လေး ပါးနပ်သည်။ “အစ်ကိုထောင်က ငါတို့ကို ဘယ်ခေါ်သွားနေတာလဲ။ ဒုတိယမြောက် တပ်ရင်းကိုလား။ ဒါမှမဟုတ် ရှစ်ခုမြောက် တပ်ရင်းကိုလား။”
ဒီမှာ ပြောပြခဲ့တဲ့ တပ်မဟာနှစ်ခုက အခု တပ်မဟာနှင့် နီးသည်။ အဲ့တပ်မဟာရှိ ဘဝတွေက တော်တော်လေး အဆင်ပြေကြသည်။ ဒါတွေဟာ ဝမ့်ယောင်ကျုံးနှင့် သူ့အဖွဲ့က ထိုတပ်မဟာ နှစ်ခုဆီသွားပြီး ခွေးတွေ၊ ကြက်တွေ မခိုးခင်ကတည်းက ဖြစ်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၁၄
အစ်ကိုထောင်က မျက်စိကို မှေးကြည့်လိုက်ကာ တစ်ဖက်မှာရှိတဲ့ လူငယ်လေးတွေက စိုးရိမ်နေဆဲ ဆိုတာကို သိခဲ့ရပြီး သူတို့သာ အဖြေတစ်ခုကို မရခဲ့ပါက သူတို့နှင့် အလွယ်တကူ လိုက်လာမည့်ပုံ မရပါ။
ထိုအချိန်မှာ ဝမ့်ယောင်ကျုံးက ပြောခဲ့သည်။
“မင်းက ဘာလို့ မေးခွန်းတွေ အများကြီးကို မေးနေရတာလဲ။ အစ်ကိုထောင်က ငါတို့ကို လိမ်လို့ရမှာလား။ ငါတို့တွေ အားလုံးက ညီအကိုတွေပဲလေ။ ပြီးတော့ အစ်ကိုထောင်က မင်းတို့ကို မညီမမျှ ဆက်ဆံမှာ မဟုတ်ပါဘူး။”
ဝမ့်ယောင်ကျုံးက အကြွင်းမဲ့ ယုံကြည်မှုကို အခြားသူတွေ မြင်ရတဲ့အခါ ဒါဟာ စာကြောင်း တစ်ကြောင်းတည်းဖြင့် ပေါင်းစည်းလို့ ရနိုင်သည်။
ဒီလောက် တုံးအနေတဲ့ အရာမျိုးကို ငါတော့ တစ်ခါမှ မမြင်ဖူးပါဘူး။
တကယ်တမ်းမှာတော့ ဝမ့်ယောင်ကျုံးက တုံးအတယ် ပြောလို့မရပါ။ သူက အထင်ကြီးခံချင်ရုံသာ ဖြစ်သည်။ ဥပမာ သူ့ကို ယွမ်ရှစ်ဆယ် လိမ်သွားသော ညီအကို နှစ်ယောက်နှင့် တစ်ခြားသူက အရင်ဆုံး ကောင်းကောင်း ဝတ်စားကာ ဝမ့်ယောင်ကျုံး လက်မှတ်များ ရဖို့အတွက် ကော်ဖီဆိုင်ထဲမှာ ကြိမ်ဖန်များစွာ ကူညီပေးခဲ့ပြီး မကြာခင်မှာပဲ ဝမ့်ယောင်ကျုံးက သူတို့ကို အကြွင်းမဲ့ ယုံကြည်သွားခဲ့သည်။
အဲ့ဒါက အခုကိစ္စနှင့် အတူတူပဲ ဖြစ်သည်။ ညစာစားဖို့အတွက် အစ်ကိုထောင်က ဝမ့်ယောင်ကျုံးကို ကြိမ်ဖန်များစွာ ဖိတ်ခဲ့ပြီး ဘာအရှုပ်အထွေးမှ မလုပ်ဘဲ သူ့ရဲ့ ငွေရေးအရ လုပ်နိုင်စွမ်းများကို ပြသခဲ့သည်။
ဝမ့်ယောင်ကျုံးက ဘာသံသယမှ မဝင်ဘဲ ချက်ချင်း အဲ့ဒါကို ယုံကြသည်သွားခဲ့သည်။
လိုက်လာခဲ့ကြသော လူအနည်းငယ်ကသာ အချင်းချင်း ကြည့်ပြီး ပြန်ဖို့ စတင်ခဲ့သည်။
သူတို့က ပိုက်ဆံ လိုချင်သော်လည်း မတုံးအပါ။ အဓိက အကြောင်းပြချက်တွေထဲမှ တစ်ခုမှာ ဝမ့်ယောင်ကျုံးက တစ်ညတည်းနှင့် နှစ်ယွမ်ကို ဘယ်လိုမျိုး ရှာခဲ့လဲဆိုတာကို မြင်ချင်လို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။
သူတို့က အဲ့ဒါကို အဖြေရှာပြီးတာနှင့် တစ်ပြိုင်နက် သူတို့က အဲ့ဒါကို ကိုယ့်ဘာသာ လုပ်လို့ရလားဆိုတာ ကြည့်ကြလိမ့်မည် ဖြစ်သည်။
များစွာသော လူတွေက နောက်ပြန်ဆုတ်မှာကို မြင်လိုက်ရသည့်အခါ ထောင်ကောက တည်ငြိမ်စွာ ပြောခဲ့သည်။ “အုတ်ဂူတွေကို လိုက်ခိုးတူးနေတာ။ မင်းတို့ သိကြလား။”
အစ်ကိုထောင်က အသံကိုတိုးပြီး လျှို့ဝှက်ပြီး စိတ်ဝင်စားဖို့ကောင်းစွာ ပြောခဲ့သည်။ “ငါတို့ရဲ့ တပ်မဟာက ဖုန်းရွှေ လုပ်တဲ့နေရာမှာ အရမ်း တော်ကြတယ်။ မြေပိုင်ရှင်တွေ အများကြီးနဲ့ အဖွဲ့အစည်းဟောင်းတွေက ရာထူးကြီးတဲ့ သူတွေကိုဆို တောင်ပေါ်မှာ မြှုပ်ထားတယ်လို့ လူတွေ ပြောတာကို ငါကြားထားတယ်။ ငါနဲ့ သိတဲ့ လူတစ်ယောက်ကလည်း မကြာခင်ကမှ တောင်းကြီးနဲ့အပြည့် ရလာခဲ့တာ။ အဲ့ဒါတွေကို သူနဲ့အတူတူ ကောက်ဖို့ အနောက်ကနေ လိုက်မယ့် လူတစ်ယောက်လောက် ရှာပေးဖို့ ငါ့ကို တောင်းဆိုထားတာ။ မင်းတို့တွေရော သွားချင်ကြလား။”
အစ်ကိုထောင် -“ငါက ပိုက်ဆံရရုံတင် မကဘူး အဲ့ထဲမှာ ပါလာတဲ့ ပစ္စည်းလေးတွေကို ငါက မင်းတို့ဆီ ပေးလို့လည်း ရတယ်။”
ထိုစကားတွေကို ပြောလိုက်ပြီးနောက် ဝမ့်ယောက်ကျုံးက သူ့ရဲ့ အသက်ရှူနှုန်းကို ထိန်းထားရရုံသာမက အခြားသူတွေရဲ့ အထင်ကြီးမှုကလည်း လျှော့မသွားခဲ့ပါ။
တပ်မဟာ တစ်ခုထဲကနေ ကြီးပြင်းလာသော ထိုလူတွေ အားလုံးက အစ်ကိုထောင် ပြောတာက အမှန်ပဲဆိုတာကို သိနေခဲ့သည်။ ရှန်လိ တပ်မဟာက ပထဝီဝင် အနေအထားအရ အကျိုးအမြတ်တစ်ခု ရှိပြီး သူတို့ရဲ့ ဖုန်းရွှေ ပညာကြောင့်လည်း ကျော်ကြားသည်။
ထို့ကြောင့် လူကြီး လေးယောက်ကို လွန်ခဲ့သော နှစ်နှစ်က ဖျက်စီးလိုက်ချိန်မှာ ဘေးနားရှိ တပ်မဟာတွေရဲ့ လှုပ်ရှားမှုတွေက အပြင်းထန်ဆုံး ဖြစ်သွားခဲ့ကာ ပစ္စည်းဟောင်းတွေ အများကြီးက ပျောက်သွားခဲ့သည်။
သို့သော် လူတွေက ဒီလို အရာတွေကို စိတ်မဝင်စားဘူးလို့ ဆိုလိုခြင်း မဟုတ်ပါ။ တစ်ဖက်က ကြည့်လျှင် ပိုများတဲ့ လူတွေက အဲ့ဒါတွေကို ဖျက်စီးပစ်ပါက အဲ့နေရာမှာ ပိုပြီး အဖိုးတန်တဲ့ အရာတွေက မကျန်တော့မည် မဟုတ်ပါလား။
လူငယ်များစွာရဲ့ လက်ဖဝါးတွေက စိတ်လှုပ်ရှားသည့်အတွက် ချွေးများ ပြန်လာကြသည်။
သူတို့သည် အိမ်မှာတုန်းက အုတ်ဂူဖောက်တဲ့ အကြောင်းကို လူကြီးတွေဆီကနေ အနည်းငယ် ကြားသိခဲ့ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်တုန်းက အဲ့နေရာမှာ အရေးခင်းနှင့် စစ်ပွဲတွေ ရှိခဲ့တုန်းက ဒီနေရာကို အုတ်ဂူ ဖောက်ဖို့ ရောက်လာကြသော ကျွမ်းကျင်သည့် ဖုန်းရွှေ ပညာရှင်တွေ ရှိခဲ့ကြောင်း ပြောခဲ့ကြသည်။
ရှာတွေ့ခဲ့သော ကြွေထည်နှင့် ကျောက်စိမ်း ပစ္စည်းတွေကို မဆိုထားနှင့် ရှာတွေ့ခဲ့သည့် ပစ္စည်းလေးတွေကတောင် ယွမ်များစွာ တန်သည်။ အဲ့ဒါတွေက အခုချိန် ရောင်းဖို့ ခက်ခဲနေရင်တောင် တိတ်တဆိတ် တူးပြီး အနည်းငယ် ဝင်ငွေရှာသည့် လူတွေကလည်း ရှိနေသည်။ ထို့အပြင် သူတို့က အဲ့ဒါတွေကို ရောင်းလို့ မရရင်တောင် မိသားစုရဲ့ အမွေအဖြစ် ထားခဲ့ကြသည်။ ဒါက မိသားစုရဲ့ လာဘ်တစ်ခု ဖြစ်မလားဆိုတာ ဘယ်သူကများ သိနိုင်မှာလဲ။
ဝမ့်ယောင်ကျုံးက သူရလာသော ပစ္စည်းတွေကို ဘယ်လိုမျိုး သုံးရမလဲဆိုတာတောင် တွေးနေခဲ့သည်။
အချိန်ကျလာတဲ့အခါ ဝမ့်ရင်းတို့ကို ဖိနှိပ်ဖို့ သူ့ရဲ့ အိမ်ကို အုတ်ဖြင့် နှစ်ထပ်တိုက် အမြင့်ကြီး သေချာပေါက် ဆောက်လိမ့်မည် ဖြစ်သည်။
သူက မြို့ကို စတိုင်နဲ့သွားပြီး မြို့သူ တစ်ယောက်ကို ဇနီးအဖြစ် သွားရှာချင်နေပြီ ဖြစ်သည်။
ဝမ့်ယောင်ကျုံးက ထိုအကြောင်းကို တွေးလိုက်သည့်အခါ သူက အလှအပကြောင့် အတော်လေးကို စိုးမိုးခံလိုက်ရသည်။
အဲ့ဒါကို ပြောလိုက်တဲ့သူကတော့ အစ်ကိုထောင် ဖြစ်သည်။ “ဒီညကနေ စကြမယ်။ တောင်ခြေမှာ လူစုမယ်။ အဲ့တောင်ပေါ်မှာ ပစ္စည်းကောင်းကြီးတွေ ရှိတယ်ဆိုရင် အဲ့ဒါကို သယ်ဖို့အတွက် မင်းတို့ကောင်တွေ လာကူကြ”
ဝမ့်ယောင်ကျုံးက ခေါင်းငြိမ့်ပြခဲ့သည်။ “ကိစ္စမရှိပါဘူး။ အစ်ကိုထောင်၊ စိတ်မပူပါနဲ့။”
ညဘက်မှာတော့ လူတစ်စုက တပ်မဟာရဲ့ လူခြေတိတ်တဲ့နေရာမှာ စုခဲ့ကြပြီး အဲ့မှာ သူတို့နှင့် မရင်းနှီးသည့် လူကြီး အနည်းငယ်ကလည်း ရှိနေခဲ့သည်။
အစ်ကိုထောင်က ဝမ့်ယောင်ကျုံးကို သူ့ဘာသာ မိတ်မဆက်ပေးဘဲ အဲ့လူကြီးတွေ အနောက်မှ လိုက်ဖို့ကိုသာ အသံတိုးတိုးဖြင့် ပြောခဲ့သည်။
အမှောင်ထဲမှာ လူတစ်စုက တောင်ပေါ်ကို တက်သွားကြပြီး အနည်းငယ် လမ်းလျှောက်ပြီးနောက် သူတို့ရဲ့ သတ်မှတ်ထားသည့် နေရာကို ရောက်လာခဲ့ကြသည်။ အတော်လေး ကျွမ်းကျင်ပုံရသည့် လူများစွာက အုတ်ဂူပေါ်သို့ ဆင်းသွားကြပြီး မကြာခင်မှာပဲ လျှို့ဝှက် အချက်ပြမှု တစ်ခုကို ရခဲ့သည်။
အစ်ကိုထောင်က အတော်လေး ပျော်နေခဲ့သည်။ “ရပြီ။”
အောက်မှာရှိတဲ့ လူတွေကလည်း ပစ္စည်းတွေကို ဆက်တိုက် သယ်ယူနေခဲ့ကြသည်။ မမျှော်လင့်ထားဘဲ သူတို့ ထုတ်လာကြသော ပစ္စည်းတွေ အားလုံးက အသုဘသုံး ပစ္စည်းကြီးများ ဖြစ်ပြီး အဲ့ဒါတွေရှိ အသေးဆုံးကတော့ ကြေးမြင်းရုပ်တစ်ရုပ် ဖြစ်သည်။
ဝမ့်ယောင်ကျုံးနှင့် အခြားသူတွေက ကြည့်ဖို့ အဲ့ဒါတွေရဲ့ လည်ပင်းတွေကို ဆွဲလိုက်ကြသော်လည်း နောက်ဆုံးမှာတော့ သူတို့က ဘာပစ္စည်းအသေးလေးတွေကိုမှ မတွေ့ရဆဲ ဖြစ်သည်။
ပစ္စည်းတွေကို ယူဖို့ကြိုးစားနေကြသည့် အောက်က လူအနည်းစုကလည်း တက်လာကြပြီး ဒီတစ်ခေါက် ယူစရာ ပစ္စည်းတွေ ကုန်သွားပြီဆိုတာ ကြေညာခဲ့သည်။ အောက်မှာရှိတဲ့ ပစ္စည်းတွေကို အရင်က လာခဲ့တဲ့ သူတွေက ယူသွားကြပြီ ဖြစ်ပြီး ပစ္စည်းကြီးတွေသာ ကျန်တော့သည်။
ဒါက လူနည်းစုနှင့် ပစ္စည်းတွေကို ခွဲဝေဖို့က အစ်ကိုထောင်အတွက်တော့ ပုံမှန်သာ ဖြစ်သည်။
မင်းက တစ်ခုယူ။ ငါက တစ်ခုယူမယ်။ နောက်ဆုံး သူတို့က ဝမ့်ယောင်ကျုံးကို ဘာပစ္စည်းမှ ပေးဖို့မပြောဘဲ အကုန်လုံးကို ခွဲလိုက်ကြပြီ။
ခွဲဝေပြီးတဲ့နောက် အစ်ကိုထောင်က ဝမ့်ယောင်ကျုံးနှင့် အခြားသူတွေအား တောင်ပေါ်ရှိ ပစ္စည်းများကို ကူချပေးဖို့ ပြောခဲ့သည်။
ဝမ့်ယောင်ကျုံး - “အကိုထောင်၊ ကျွန်တော့ဟာကရော ဘယ်မှာလဲ။ ကျွန်တော်တို့ ဝေစုကရော။”
ဝမ့်ယောင်ကျုံးက သူ့ကို ဘာပစ္စည်းလေးတွေမှ မပေးတာကို သိနေခဲ့သော်လည်း အနည်းဆုံးတော့ သူနှင့် သူ့သူငယ်ချင်းတွေက ကြေးမြင်းရုပ်ကို ရကြလိမ့်မည်ဟု တွေးထားခဲ့ကြသည်။
သို့သော် အစ်ကိုထောင်နှင့် သူ့ညီကိုတွေကတော့ ထိုကဲ့သို့ မတွေးမိခဲ့ကြပါ။
သူတို့ထဲရှိ တစ်ယောက်က နှာခေါင်း ရှုံ့လိုက်ပြီး ပြောခဲ့သည်။ “မင်းက လူသစ်လေးပဲ ရှိသေးတာကို ဘယ်လိုဖြစ်လို့ အဲ့ဒါကို မေးရဲရတာလဲ။ ဒီထဲကလူတွေ ဘယ်သူမဆို မင်းခေါ်လာတဲ့ လူတွေထက် ပိုပြီး အတွေ့အကြုံ ရှိကြတဲ့သူတွေပဲ။”
ထိုစကားတွေက ဝမ့်ယောင်ကျုံးကို လှုံ့ဆော်ပေးခဲ့သည်။ သူအရင်က အစ်ကိုထောင်ကို ယုံကြည်ခဲ့သည်။ အကြောင်းမှာ သူက လုပ်နိုင်စွမ်းရှိတယ်ဟု တွေးမိခြင်းကြောင့် ဖြစ်သည်။
သို့သော် အခုဆိုရင် သူက အဲ့လိုမျိုး မထင်တော့ပါ။
သူတို့တွေက ဘာလို့ လူတိုင်နဲ့ မဝေမျှနိုင်ရတာလဲ။
သူတို့က ဘယ်သူ့ကို လာပြီး အထင်သေးနေကြတာလဲ။
ဝမ့်ယောင်ကျုံးနှင့် အတူတူ လိုက်လာကြသော လူသုံးယောက်ကလည်း အတူတူပဲ ဖြစ်သည်။ ဒီလောက် ရတနာတွေ အများကြီး တွေ့ရတာကို ဘယ်သူက ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်ကမှ အဲ့ဒါတွေကို ဘာမှ မလုပ်ချင်ကြဘူးလား။
လူငယ် အနည်းငယ်က ဘေးချင်းကပ် ရပ်ရင်း အစ်ကိုထောင်သာ ဖြေရှင်းချက်တခုခု မပေးပါက သူတို့တွေက ဘာမှ ဖြေရှင်းလို့ မရနိုင်တဲ့ အကြည့်မျိုးဖြင့် ကြည့်နေခဲ့သည်။
ဝမ့်ယောင်ကျုံးနှင့် သူ့အဖွဲ့ရှိ လူတွေ အကုန်က အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်းနှင့် လူငယ်များသာ ဖြစ်ကြသည်။ သူတို့တွေက အသက်လတ်ပိုင်းရှိသည့် ထောင်ကောဘက်ရှိ လူကြီးများနှင့် မျက်နှာချင်းဆိုင် တွေ့ပါက အရေအတွက်အရ မသာသော်လည်း သူတို့တွေကို လျှော့မတွက်သင့်ပါ။
အစ်ကိုထောင်က လေးလေးနက်နက် ဖြစ်သွားခဲ့သည်။ “ဝမ့်ယောင်ကျုံး၊ မင်းက ဘာကို ဆိုလိုချင်တာလဲ။ ငါမင်းကို ဒီနေရာ ခေါ်လိုက်တယ်ဆိုတာက မင်းနဲ့အတူ ပစ္စည်းလေးတွေ ဝေမျှချင်လို့။ ဒီတစ်ခေါက် မင်းယူလာတဲ့ ပစ္စည်းလေးတွေကိုလည်း ကြည့်လိုက်ဦး။ ဘယ်တစ်ခုက သေးလို့လဲ။ ကောင်းပြီ။ ပစ္စည်းတွေ အကုန်လုံးကို မြန်မြန် အောက်ကိုချလိုက်။ နောက်တစ်ခေါက်ကျရင် ငါမင်းနဲ့ ဝေခွဲယူမယ်။”
ငါတို့ ဒီနေရာကို မလာခင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ စီနီယာ တစ်ယောက်က ငါ့ကို ပြောတယ်။ ဒီအုတ်ဂူက တော်တော်လေး ကြာလှနေပြီ ဖြစ်လိမ့်မယ်တဲ့။ ပြီးတော့ ဒီပစ္စည်းတွေကို ကူညီပြီး ရွှေ့ပေးဖို့ လူတစ်ယောက်ကို သွားရှာဖို့ အစ်ကိုထောင်ကို သွားပြောတဲ့။
အစ်ကိုထောင်က ဒီလို ပစ္စည်းလေး တစ်ခုကို ပေးရမည့် အခြေအနေကြောင့် တစ်ခုခုကို ပြောဖို့အတွက် တွန်းအားပေးခြင်း ခံခဲ့ရသည်။ အဲ့ဒါက လူအနည်းငယ်ကို ဆွဲဆောင်မိခဲ့သည်။
သို့သော် ဒီလူသစ်တွေက အတော်လေး အတင့်ရဲကာ သူတို့က ထိုပစ္စည်းများကို ခွဲဝေချင်နေကြသည်။
သူတို့က ဘာလို့ ဒီလိုမျိုး လုပ်ကြတာလဲ။
သူတို့က အုတ်ဂူ တူးဖော်တဲ့နေရာမှာ မကူညီကြသလို အုတ်ဂူထဲကို ဝင်တုန်းကလည်း မကူညီပေးခဲ့ကြပါ။ သူတို့က အချို့အရာတွေကို ရွှေ့ပေးလိုက်ရုံဖြင့် သူတို့က ဝေစုတစ်ခု လိုချင်နေကြသည် မဟုတ်ပါလား။ ဒါဟာ ကောင်းတဲ့အရာတစ်ခုတော့ ဟုတ်မနေခဲ့ပါ။
သို့သော် ဝမ့်ယောင်ကျုံးကတော့ အဲ့လိုမျိူး မတွေးမိပါ။ သူက တွေ့ခဲ့ရသော ပစ္စည်းဟောင်းများကို သဘောကျသွားခဲ့သည်။
အစ်ကိုထောင်ရဲ့ စကားတွေကို သူ ပိုပြီး နားထောင်မိလေလေ၊ သူက အဲ့ဒါကို ပိုပြီး လက်မခံနိုင်လေလေပဲ။
လွန်ခဲ့သော နာရီပိုင်းလောက်တုန်းက သူက ပိုက်ဆံ အနည်းငယ်ကို မက်မောမိသော်လည်း အခုဆိုရင် သူက တောင်ပေါ်မှာရှိတဲ့ ရွှေတွေ၊ ငွေတွေကိုလည်း ဆုံးရှုံးခဲ့ရသည်။ သူ့ကိုသာ ပိုက်ဆံ အနည်းငယ် ပေးခဲ့မယ်ဆိုရင်….
ဝမ့်ယောင်ကျုံးရဲ့ မျက်လုံးတွေက နီရဲသွားခဲ့သည်။ “ကျွန်တော် ဂရုမစိုက်ဘူး။ ခဗျား ကျွန်တော်တို့ကို ကြေးမြင်းရုပ်တော့ ပေးရမယ်။”
“မရဘူးနော်။”
အစ်ကိုထောင်က ခက်ထန်စွာ ပြောခဲ့သည်။ “ကောင်လေး၊ မင်းက ဝင်လာမယ်ဆိုရင်လည်း အဲ့အကြောင်းကို တွေးမိခဲ့ရမှာ။”
သူက အမြဲလိုလို ဝမ့်ယောင်ကျုံးကို အထင်သေးပြီး သူကလည်း သူ့ကို ပိုပြီးတောင် အထင်သေးခဲ့သည်။
'မင်းမှာ ဘာရှိလဲဆိုတာတောင် မင်းက မကြည့်မိဘူးလား။ မင်းကရော တန်လို့လား။'
ဝမ့်ယောင်ကျုံးရဲ့ မျက်လုံးတွေက ဒေါသထွက်ပြီး အနီရောင်သို့ ပြောင်းသွားခဲ့ကာ သူ့စိတ်ကလည်း ဒေါသပုန်ထနေခဲ့သည်။ အဲ့ဒါတွေ အားလုံးက ထိုကြေးရုပ်နှင့် ကြွေထည် ပစ္စည်းများကြောင့် ဖြစ်သည်။
ဝမ့်ယောင်ကျုံးက လူငယ်များစွာကို ပြေးပြီး လုဖို့ ဆွပေးခဲ့သည်။ ဝမ့်ယောင်ကျုံးက ဒီလောက် သတိလက်လွတ် ဖြစ်လိမ့်မည်ဟု အစ်ကိုထောင်က ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပါ။
ရုတ်တရက် ဆိုသလိုပဲ သူတို့ နှစ်ယောက်လုံးက စပြီး ပြဿနာ တက်ခဲ့ကြသည်။
အဲ့အချိန်က ညပိုင်းဖြစ်ပြီး တောင်ကလည်း အရမ်းတော့ မမြင့်ပါ။
မကြာခင်မှာ တပ်မဟာထဲရှိ အဖွဲ့သားတွေက ဆူညံသံကို ကြားပြီး လူတိုင်းကို ဖမ်းဖို့အတွက် အဖွဲ့ထဲရှိ လူတွေနှင့် ရောက်လာခဲ့ကြသည်။
အခုဆိုရင်…..
တော်လှန်ရေး အဖွဲ့ထဲရှိ လူတွေက ချက်ချင်းပဲ ဒီကိစ္စကို အရေးကြီး ကိစ္စအဖြစ် သတ်မှတ်ပြီး စုံစမ်း စစ်ဆေးခဲ့ကြသည်။
တပ်မဟာ လုံခြုံရေး အဖွဲ့ကတောင် ဝင်လာပါခဲ့ရသည်။
အဲ့ကိစ္စထဲကို ဝင်မပါဖို့ဆိုတာက မဖြစ်နိုင်ပေ။ ထောင်ကောရဲ့ အဖွဲ့ထဲမှာ မိတ်ဆက်စာ မပါတဲ့ လူတစ်ချို့ ရှိနေခဲ့တာ။ သူတို့က အရေးကြီး အမှုတစ်ခုကို လိပ်ပြာမလုံသလို ဖြစ်နေလား ဆိုတာတော့ သူလည်းမသိပေ။
အဖမ်းခံလိုက်ရတဲ့ အစ်ကိုထောင်က အတော်လေး ဒေါသထွက်ကာ အံကိုတောင် ကြိတ်ထားခဲ့သည်။
သူက ဒီလို ကိစ္စမျိုးကို ဝမ့်ယောင်ကျုံးရဲ့ လက်ထဲမှာ ပျက်စီးသွားလိမ့်မယ်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပါ။
သူက တံတွေး ထွေးလိုက်ကာ ဒီအချိန်မှာသာ သူက အဲ့ဒါကို မရခဲ့ရင် နောက်ပိုင်းကျရင် သူက ဝမ့်ယောင်ကျုံးကို စကားပြောဖို့ သွားရှာမယ်ဟု တွေးနေခဲ့သည်။
ဝမ့်ယောင်ကျုံးကတော့ အတော်လေး ရူးသွပ်သည်။
အခြားသူတွေနဲ့ မတူတာက သူသည် တစ်ခုခု လုပ်တဲ့အခါ ပြေးပြေးလွှားလွှား လုပ်လေ့ရှိပြီး အဲ့ဒါကို လုပ်ပြီးနောက်မှာ ပြန်လာတတ်သည်။
သူက တော်လှန်ရေး အဖွဲ့ကို မြင်တဲ့အခါ အတော်လေး ကြောက်နေသည့်အတွက် အရာရာကို ပြောဖို့အတွက် စတင်လိုက်သည်။
တော်လှန်ရေး အဖွဲ့က တစ်ချက်ကြည့်ပြီး တွေးလိုက်သည့်အခါ အသိအဟောင်းတွေ ဖြစ်နေခဲ့သည်။
'ကောင်းပြီ။ အခြားသူတွေ ဖွင့်ပြောလာဖို့ အချိန်နည်းနည်းတော့ ယူလိမ့်မယ်။ ပြီးတော့ ဝမ့်ယောင်ကျုံးက အကောင်းဆုံးဆိုတာကို သိတယ်။'
သို့သော် တော်လှန်ရေး အဖွဲ့နှင့် လူထု ကာကွယ်ရေး အဖွဲ့ကတော့ ဝမ့်ယောင်ကျုံးက ဒါကို ပထမဆုံးအကြိမ် လုပ်တဲ့အရာလားဆိုတာ သံသယ ဝင်နေဆဲ ဖြစ်သည်။ အဲ့လိုမှ မဟုတ်ရင် အိမ်မှာ ဖွက်ထားတာတွေရော ရှိသေးလား။
ထို့ကြောင့် သူတို့က ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့ကို အရင်ဆုံး စုံစမ်းဖို့ ဆုံးဖြတ်ခဲ့သည်။
ဝမ့်ယောင်ကျုံးနှင့် လီချွမ်းကျင်တို့က တံခါးကို ဖွင့်လိုက်သည့်အခါ သူတို့ရဲ့ ဒူးတွေက ခွင်သွားခဲ့သည်။
ဝမ့်ယုံရွှင်းက တုန်လှုပ်ကာ မေးခဲ့သည်။ “ခေါင်းဆောင်၊ ခဗျား ဘာပြောလိုက်တာလဲ။ ဝမ့်ယောင်ကျုံးက ဘာလုပ်လို့လဲ။ ခဗျားတို့ အမှတ်မှားနေတာလား။ ယောင်ကျုံးက ခိုးတာ၊ ဓားပြတိုက်တာတွေ ဘယ်လို လုပ်နိုင်မှာလဲ။”
လီချွမ်းကျင်ကလည်း တုန်လှုပ်စွာ ပြောခဲ့သည်။ “အဲဲဒါတော့ မှန်တယ်။ ယောင်ကျုံးက အများဆုံး ကြက်တစ်ကောင်ပဲ စားတာလေ။ အဲ့တော့ သူက ဒီလို ပြဿနာ ကြီးကြီးမားမားတွေ လုပ်နိုင်မှာ မဟုတ်ဘူး။”
တော်လှန်ရေး အဖွဲ့ရှိ လူတွေက သူတို့နှင့် စကားပြောပြီး အချိန် မဖြုန်းခဲ့ကြပါ။ သူတို့က ဝမ့်ယောင်ကျုံးသည် အုတ်ဂူဖောက်တဲ့ ဒီကိစ္စမှာ ဘယ်လို ပါဝင်ခဲ့လဲနှင့် ဓားပြမှုတွင် ဘယ်လို ရည်ရွယ်ချက်မျိုးဖြင့် အခြားသူတွေနဲ့ ရန်ဖြစ်ခဲ့လဲဆိုတာကို ချက်ချင်း လိုရင်းတိုရှင်း ပြောခဲ့သည်။
“အခု ငါတို့က အထဲဝင်ပြီး အဲ့ဒါတွေကို စစ်ဆေးရမယ်။”
ဝမ့်ယောင်ကျုံးက အိမ်ရဲ့ တစ်နေရာရာမှာ ပုန်းနေလားဆိုတာကို ကြည့်ရမယ်။
လူတစ်စုက ဝင်ပြီး ရှာခဲ့ကြသည်။
ဝမ့်ရင်းသည် အစတုန်းက အပြင်ထွက်ကြည့်ဖို့ စီစဥ်ခဲ့သော်လည်း သူမက ဘေးအခန်းတွင် တစ်ခုခု ဖြစ်တဲ့အသံကို ကြားတဲ့အခါမှာတော့ အိမ်ထဲမှာသာ နေပြီး မထွက်ကြည့်ဖို့ကို ဆုံးဖြတ်ခဲ့သည်။
ဝမ့်ယုံရွှင်းရဲ့ နဖူးမှာ ဇောချွေးတွေ ပြန်လာခဲ့ပြီး ဒူးထောက်ကျမတက် ဖြစ်သွားခဲ့သည်။ “တပ်သား၊ ငါတို့တွေ ငါတို့ရဲ့ အမှားကို ဝန်ခံပါတယ်။ ဒါပေမယ့် တကယ်ကို ယောင်ကျုံးက ဘာတစ်ခုမှ မယူလာတာပါ။ သူက ကံခေသွားပြီး ဒါကလည်း သူ့ရဲ့ ပထမဆုံးအကြိမ်ပါပဲ။ မင်းတို့တွေ ငါ့ကို ယုံကြပါကွာ။”
လီချွမ်းကျင်ကလည်း ငိုပြီး တောင်းပန်ခဲ့သည်။
ခေါင်းဆောင်တဲ့သူက ပြောခဲ့သည်။ “ငါတို့တွေ စစ်ကြည့်တဲ့အခါကျရင် ရှိလား၊ မရှိလားဆိုတာကို သိရမှာပါ။”