အခန်း (၁၁၅-၁၁၆)
Vol. 10 Ch. 115-116
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၁၅
စုံစမ်းစစ်ဆေးပြီးနောက် ဝမ့်ယောင်ကျုံးက အိမ်ကို ရှေးဟောင်းမဆန်တဲ့ စာအုပ်တွေကလွဲလို့ တစ်ခြား ဘာပစ္စည်းမှ မယူလာခဲ့တာကို တွေ့ရှိခဲ့ကြသည်။
သို့သော် ပုံမှန်မဟုတ်တဲ့ ပစ္စည်းတစ်ခုကိုတော့ ဝမ့်ယုံရွှင်းရဲ့အိမ်မှာ ရှာတွေ့ခဲ့သည်။
ပထမတစ်ခုက ရှေးဟောင်းပစ္စည်းဟု ခံစားရသည့် လက်ကိုင်အရာလေးတစ်ခု ဖြစ်သည်။ အဲ့ဒါက တစ်ခုလုံးကို ကျောက်စိမ်းအပြည့် ဖုံးထားပြီး ရှေးဟောင်းပစ္စည်း တစ်ခုနှင့်တူသည်။
ဝမ့်ယုံရွှင်းက အတော်လေး ကြောက်သွားပြီး မတ်တပ်တောင် မရပ်နိုင်တော့ပါ။ “ခေါင်းဆောင်၊ ဒါကို ကျွန်တော် တောင်ရဲ့ အနောက်ဘက်ကနေ ကောက်လာတာပါ။ ကျွန်တော့်ကို ယုံပါ။ ဒါက ဘာလဲဆိုတာတောင် ကျွန်တော် မသိပါဘူး။ ကျွန်တော်က အဲ့ဒါကို ကောက်ပြီး သိမ်းထားရုံပါ။ ဘာလို့လဲဆိုတော့ အဲ့ဒါက ကောင်းတယ်လို့ တွေးမိလို့ပါ။”
တစ်ဖက်လူက နှာခေါင်းရှုံ့ပြခဲ့သည်။ “ငါက ကန်းနေတယ်လို့ မင်းထင်နေတာလား။ ဒီမှာ မြင်နေရတဲ့ ပုံစံတွေက မင်း ဒါကို ကိုင်ထားတယ်လို့ ငါ့ကို ပြောပြလို့ရတယ်။ ဒီပစ္စည်းက တန်ဖိုးကြီးတယ်လို့ မင်းထင်ရင် မင်းက အဲ့ဒါကို ကောက်ရတဲ့နေ့ထဲက နေ့တိုင်း အဲ့ဒါကို ဘေးနားထားပြီး ဘာလို့ ဖွက်ထားရတာလဲ။”
ဝမ့်ယုံရွှင်းက မတရားမှုကို အော်ငိုပြီး ပြောခဲ့သည်။ “ကျွန်တော် တကယ်ကို မသိတာပါ။ ကျွန်တော်က အဲ့ဒါကို အရုပ် တစ်ရုပ်လိုပဲ ထားထားရုံပါ။ အဲ့ဒါက အဖိုးတန်မှန်း ကျွန်တော်က ဘယ်လိုလုပ် သိနိုင်မှာလဲ။”
တစ်ဖက်လူက ထိုလက်ကိုင်ပစ္စည်းလေးကို ချလိုက်ပြီး ရွှေလက်ကောက်ကို ကောက်ယူပြီး မေးခဲ့သည်။ “ဒါကရော ဘာလဲ။ မင်းရဲ့သား အရင်တစ်ခေါက် ဓားပြတိုက်တုန်းက မင်းမှာ ဘာပိုက်ဆံမှ မရှိဘူးဆိုပြီးလေ။ အဲ့တော့ ဒီရွှေလက်ကောက်က ဘာလဲ။”
'ဒီတောက်ပနေတဲ့ ရွှေလက်ကောက်က တော်တော်လေး လေးတဲ့ပုံပဲ။ မင်းက အဲ့ဒါကို ပြန်သုံးဖို့ ပို့လိုက်ရင် ဒီကောင်ရဲ့စျေးက ယွမ်ကို ရာနဲ့ချီတယ်။'
ဝမ့်ယုံရွှင်းက သူ့ရဲ့ သားဖြစ်သူ ဝမ့်ယောင်ကျုံးကို တန်ဖိုးထားတာ သိသာသော်လည်း သူက ဒီလက်ကောက်ကို ဘာလို့ သိမ်းထားပြီး ပိုက်ဆံအတွက် မလဲရမှာလဲ။
အခုဆိုရင် သူတို့က အဟောင်း လေးခုကို ဖျက်စီးနေပြီ ဆိုပေမယ့်လည်း ရွှေကိုတော့ လုံးဝကြီး မပိတ်ပင်သေးဘူးဆိုတာကို သိသင့်သည်။ နိုင်ငံထဲမှာ ရွှေတွေကို ပုံမှန် အရင်းအမြစ်တွေကနေလည်း ပြန်ပြီး အသုံးပြုနေကြတယ်။
'ဒီပစ္စည်းက ကိုင်ထားတာလောက် ရောင်းဖို့က မခက်ဘူး။ ပြီးတော့ မင်းက ဒီပစ္စည်းရဲ့ တန်ဖိုးကို မသိဘူးပြောပြီး တစ်ခြားသူတွေကို အရူးလုပ်လို့ မရဘူး။'
' ဒါက ဘာအတွက်လဲ။'
လီချွမ်းကျင်က ဝမ့်ယုံရွှင်းကို မယုံကြည်စွာ ကြည့်လိုက်သည်။ သူမက သူမရဲ့သားအတွက် တော်လှန်ရေး အဖွဲ့ထဲမှာ ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးသည့်အတွက် အိပ်လို့တောင် မရခဲ့ပါ။ ထိုအချိန်တွင်းမှာ သူမက မိသားစုရဲ့ ပိုက်ဆံကို ပိုပြီးတော့တောင် ကပ်စေးနဲခဲ့ပြီး အဲ့ဒါကို မသုံးရဲတော့ပါ။ သို့သော် ထိုလူက ဒီရတနာ နှစ်ခုကို အိပ်ရာရဲ့ဘေးမှာ ဖွက်ထားခဲ့သည်။
သူက ဝမ့်ယောင်ကျုံးအတွက် အလုပ်တစ်ခု ရှာပေးပြီး တစ်မိသားစုလုံး မြို့ကို ပြောင်းနေဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
တော်လှန်ရေး အဖွဲ့ထဲရှိ လူတွေက လျှို့ဝှက်ချက်များကို မြင်ပြီးနောက်မှာ ကိစ္စများကို အောက်ခြေကနေ ရအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
“မင်း အဲ့ဒါကို အခု ရှင်းပြချင်လား။ ဒါမှမဟုတ် ငါတို့နဲ့ အတူတူ လိုက်ပြီးမှ ရှင်းပြမလား။”
လက်ကိုင်ပစ္စည်းတွေကို သေသေချာချာ စစ်ဆေးခဲ့သော်လည်း ဝမ့်ယုံရွှင်းက ရွှေလက်ကောက်ကို ပိုက်ဆံဖြင့် လဲဖို့အတွက် ဘာကြောင့် မယူရဲရတာလဲ။
လျှော့ပြောရမယ်ဆိုရင် ဒါဟာ ဘယ်သူမှ မသိနိုင်တဲ့ ချမ်းသာမှုကြီးတစ်ခု ဖြစ်သည်။ ပိုပြီး သေသေချာချာ ပြောရမယ်ဆိုရင် ဝမ့်ယုံရွှင်းက တစ်ယောက်ယောက်နှင့် စပ်တူ စီးပွားရေးတွေများ လုပ်နေတာလား။
ဝမ့်ယုံရွှင်းသည် တစ်ဖက်လူက သူ့ကို ဘယ်လို တွေးနေမလဲဆိုတာကို သိနေခဲ့သည့်အတွက် သူ့မျက်နှာက ကြောက်လန့်ပြီး ဖြူဖျော့လာခဲ့သည်။
“ကျွန်တော် မလုပ်ပါဘူး။ ခေါင်းဆောင်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါဗျာ။ ကျွန်တော့်ရဲ့ ဘဝမှာ တစ်ခါမှ ကောင်စီမြို့ရဲ့ အပြင်ဘက်ကို မထွက်ဖူးပါဘူး။ ကျွန်တော့်ကို ယုံပါဗျာ။”
ဝမ့်ယုံရွှင်းက တရားမျှတဖို့အတွက် ငိုယိုပြီး ပြောခဲ့သည်။
လီချွမ်းကျင်က သူ့ကိုရိုက်ဖို့ အော်ပြီး ပြေးလာခဲ့သည်။ “ရှင်က မကောင်းတဲ့ကောင်။ ရှင်က ရှင့်ကိုယ်ရှင်ပဲ ဂရုစိုက်တယ်။ ကျွန်မတို့ သားက အဲ့ထဲမှာ ဘာမှ မစားရ၊ မသောက်ရနဲ့။ ရှင်ကတော့ ရှင့်ကိုယ်ရှင်ပဲ ဂရုစိုက်နေတယ်။”
လီချွမ်းကျင်က သောကတွေ၊ ပူဆွေးမှုတွေနှင့် ပြည့်နေခဲ့ပြီ ဖြစ်သည်။ ဒီအရာတွေက ဘယ်ဟာကမှ သူမကို ထိချက်မပြင်းခဲ့ပါ။
သူမရဲ့ ချစ်လှစွာသောသားက မြို့ကို သွားလို့ရနိုင်သည်။ သူတို့မိသားစု တတ်နိုင်သမျှ သူ့ရဲ့သားကို မြို့သို့ အလုပ်သမားအဖြစ် ပို့ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် သူတို့က ဆင်းဆင်းရဲရဲလည်း နေစရာ မလိုတော့သလို ဆောင်းတွင်းမှာ ကြက်သားတွေ ခိုးဖို့လည်း မလိုတော့ပါ။ အရာရာကလည်း ဖြစ်မလာခဲ့သင့်ပါ။
'ဒါက ဝမ့်ယုံရွှင်းရဲ့ အမှားပဲ။ သူက အရင်ဆုံး မိသားစုရဲ့ ပိုက်ဆံတွေကို ဖွက်ထားခဲ့တယ်။ ပြီးတော့ ရတနာတွေကို ဖွက်ထားတယ်။ နောက်ဆုံးတော့ ဒီအဆင့်ထိ ဖြစ်လာအောင် သူက လှည့်စားခဲ့တယ်။'
လီချွမ်းကျင်က ဝမ့်ယုံရွှင်းကို ထိုးပစ်ပြီး သေလောက်အောင် ရိုက်ပစ်ဖို့ ဆုတောင်းနေခဲ့သည်။
သူတို့ လင်မယားကြားရှိ ပြဿနာက တော်လှန်ရေး အဖွဲ့ရှိ လူများကို တွေးရအောင် ဖြစ်စေခဲ့သည်။ “အဲ့နှစ်ယောက်ကို အရင် ခွဲလိုက်ကြ။”
လီချွမ်းကျင်က မကျေနပ်ဘဲ ပြောစရာတွေ အများကြီး ရှိနေခဲ့သည်။
ဝမ့်ယုံရွှင်းရဲ့ မျက်နှာက စိတ်ပျက်နေခဲ့သည်။ အခုဆိုရင် အခြေအနေတွေက မျှော်လင့်ချက် မရှိဘူးဆိုတာ သိနေခဲ့သည်။
လီချွမ်းကျင်က တုံးအပြီး သူမ မိသားစုရဲ့ ပိုက်ဆံတွေဟာ ဝမ့်ရင်းရဲ့ အမေဆီကနေ ရလာကြောင်းကို သိနေခဲ့သည်။ သူမကို တစ်ယောက်ယောက်က ဖမ်းပြီး ထိန်းသိမ်းထားပါက သူမက အဲ့လူကို သူမနှင့် စာရင်းရှင်းဖို့ စောင့်နေရုံသာ တတ်နိုင်သည်။
သူက တစ်ခုခုကို ပြောဖို့ ပြင်လိုက်ချိန်မှာ တံခါးနားကနေ တကျွတ်ကျွတ် အသံတစ်သံက ထွက်လာခဲ့သည်။
“တပ်သား။ ဒီလက်ကောက်က ငါ့အမေ ပိုင်တာ ဖြစ်လောက်မယ်။ အဲ့ဒါလေး တစ်ချက်လောက် ပြလို့ရမလား။”
ဝမ့်ရင်းက တံခါးနားကနေ ရပ်ပြီး သေချာ ပြောလိုက်သည်။ “ကျွန်မက ဝမ့်ယုံရွှင်းရဲ့ တူမပါ။ ကျွန်မအမေ မသေခင်က ကျွန်မအတွက် အမေထားခဲ့တဲ့ ပစ္စည်းနဲ့ ပိုက်ဆံတွေကို သူယူသွားတာ ဖြစ်ရမယ်။”
တံခါးနားမှာ ရပ်နေသော ဝမ့်ရင်းက ဝမ့်ယုံရွှင်းရဲ့ စကားတွေကိုပဲ ပြန်သုံးပြီး ရင်ထဲထိအောင် ပြောခဲ့သည်။ မကြာခင်မှာပဲ ခန့်မှန်းမှုတစ်ခု ဖြစ်လာခဲ့သည်။
ဝမ့်ယုံရွှင်းက ရွှေအတွက် ဘာလို့ ပိုက်ဆံကို မသုံးရဲရမှာလဲ။ ဘာလို့လဲဆိုတော့ သူသာ ရွှေအတွက် ပိုက်ဆံကို သုံးလိုက်ရင် တစ်ခုခု လွဲနေတာကို ဝမ့်ရင်းက ရိပ်မိမှာပဲ။ ပြီးတော့ အရင်ကလည်း ဝမ့်ရင်းက အဲ့ဒါကို ကိုင်ဖူးတဲ့ပုံ ရသည်။ ပြီးတော့ မူလပိုင်ရှင်ရဲ့ အမေမှာ တစ်ခါတုန်းက ကျောက်စိမ်းရောင် ဆေး ကျည်ပွေ့လေးတစ်ခု ရှိတယ်။ ဒါပေမယ့် သူမရဲ့အမေ ဆုံးပြီးတော့ အဲ့ဆေးကြိတ်တဲ့ ကျည်ပွေ့ကလည်း ပျောက်သွားတာပဲ။
တော်လှန်ရေး အဖွဲ့ရှိ လူတွေက မျက်မှောင်ကို ကြုတ်ပြီး ပြောခဲ့သည်။ “မင်းက ဝမ့်ယုံရွှင်းရဲ့ တူမပဲ။ ဒီကိစ္စမှာ သံသယရှိတာတွေကနေ မင်း ရှောင်နေသင့်တယ်။”
ဝမ့်ရင်းက ဝမ့်ယုံရွှင်းကို အပြစ်က လွတ်အောင် ကူညီပေးဖို့ လာခဲ့တယ်ဟု သူက တွေးမိခဲ့သည်။
ဝမ့်ရင်းက ပြောခဲ့သည်။ “ကျွန်မက ဝမ့်ယုံရွှင်းတွက် ဘက်လိုက်ပြီး ပြောပေးဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ကျွန်မအမေ ချန်ထားခဲ့တဲ့ အမွေပစ္စည်းတွေကို အလွဲသုံးစား လုပ်သွားတယ်ဆိုတာတော့ သေချာတယ်။ ကျွန်မရဲ့ အမေက တပ်မဟာထဲမှာဆို အလွတ်တမ်း ဆရာဝန်တစ်ယောက်။ ပြီးတော့ သူက တပ်မဟာရဲ့ ရိက္ခာလှည်းတွေကို ကာကွယ်ပေးရင်း ဆုံးသွားခဲ့တာ။ အဲ့ဒါကို ဝမ့်ယုံရွှင်းက ကျွန်မအမေ ထားခဲ့တဲ့ ပစ္စည်းနဲ့ ယွမ်ငါးရာကို ယူသွားတယ်။ ပြီးတော့ ကျွန်မကို ရက်ရက်စက်စက် ဆက်ဆံခဲ့တယ်။ အဲ့ဒါတွေက ကျွန်မ မနှစ်က အိမ်ထောင်မကျခင်အထိပဲ။ အဲ့နောက်ပိုင်းမှ ကိစ္စတွေက အဆင်ပြေလာခဲ့တာ။”
“အဲဲဒါကြောင့် ကျွန်မကို ပစ္စည်းတွေ ကြည့်ခွင့်ပေးပါ။ အဲ့ဒါက ကျွန်မအမေရဲ့ ပစ္စည်းတွေဆိုတာကို အတည်ပြုပြီးရင် ကျွန်မက ဝမ့်ယုံရွှင်းကို အာဇာနည် ကလေးငယ်ရဲ့ ပိုင်ဆိုင်မှုတွေကို မလျော်မကန် သုံးပြီး ရည်ရွယ်ချက်ရှိရှိ နှိပ်စက်တာကို ကျွန်မ အစီရင်ခံစာ တင်ပါမယ်။”
ထိုစကားများကို ကြားပြီးတဲ့နောက် ဝမ့်ယုံရွှင်းရဲ့ သွေးတွေက အေးစက်သွားခဲ့သည်။
ဝမ့်ရင်းက အရာရာကို သိနေလိမ့်မည်ဟု သူက ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။ သူမက ယွမ်ငါးရာ အတိအကျကိုတောင် သိနေခဲ့သည်။
လီချွမ်းကျင်က တုန်လှုပ်နေပြီး ဘာစကား တစ်ခွန်းမှ မပြောဘဲ ဘေးနားတွင် ရှိနေခဲ့သည်။
သူမက ကြောက်စရာပဲ။
ဝမ့်ရင်းက သူ့ကို တရားစွဲမှာ ကြောက်နေခဲ့သည်။
ဝမ့်ရင်းက ထိုစကားကို ပြောတဲ့အသံ ကြားလိုက်ရတဲ့အခါ တော်လှန်ရေး အဖွဲ့ထဲရှိ လူတွေက မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်။
“သူက မင်းအမေရဲ့ ယွမ်ငါးရာကို ယူသွားတယ်ဆိုတာ မင်းက ဘယ်လိုလုပ် သိနေရတာလဲ။”
သူတို့တွေ ရောက်လာတာက ခနလေးပဲ ရှိသေးတယ်။ တကယ်လို့ ဝမ့်ရင်းက အဲ့ကိစ္စကို သိတာ ကြာလှပြီဆိုရင် ဘာလို့ စောစောစီးစီးထဲက အစီရင်ခံစာ မတင်ဘဲ အခုမှ ထပြောရတာလဲ။
ဝမ့်ရင်း - “အကြောင်းကတော့ ကျွန်မမှာ သက်သေတွေ ရပြီးပြီ။ မျက်မြင်သက်သေနဲ့လည်း တွေ့ထားပြီးပြီ။”
သူမက တည်တည်ငြိမ်ငြိမ်နှင့် ပြောခဲ့သည်။ “ကျွန်မအမေ ဆုံးတုန်းက သူနဲ့ လူနာဆောင် တူတဲ့ လူနာတွေက အဲ့အဆောင်ကို ပြန်လာတဲ့ အချိန်မှာ ကြားခဲ့တဲ့အကြောင်း အဲ့ဒါတွေ အားလုံးကို သက်သေပြနိုင်တယ်။”
သူမက ယောင်ဟွေ့ကျင်းဆီကနေ အချက်လက် တိတိကျကျ မရသေးသော်လည်း ဝမ့်ရင်းက ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်ခံဖို့ ဆန္ဒမရှိပါ။
သူတို့တွေကို ရွှေလက်ကောက်တွေ ယူသွားဖို့ ခွင့်ပြုပေးလိုက်မယ်ဆိုရင် နောက်ပိုင်း အဲ့ဒါတွေ ပြန်ယူဖို့က ခက်ခဲသွားလိမ့်မည်။
ဒါက မူလပိုင်ရှင်ရဲ့ အမေ ထားခဲ့တဲ့ ပစ္စည်း တစ်ခုခုပဲ။ ပြီးတော့ ဝမ့်ရင်းကလည်း အဲ့ဒါကို မယူသွားချင်ခဲ့ပါ။
ဝမ့်ရင်းက အဲ့ဒါတွေကို ပြောခဲ့တဲ့အခါ တစ်ဖက်လူက သနားလာပြီး လက်ကောက်ကို စစ်ကြည့်ဖို့ ပြောလိုက်တာ သေချာသည်။
ဝမ့်ရင်းက လက်ကောက်ကို ကြည်လိုက်ပြီး နောက်ဆုံးမှာတော့ အထဲရဲ့ ထောင့်နားမှာ ချယ်ရီပန်းပွင့်လေး တစ်ပွင့်ကို တွေ့ခဲ့သည်။
ဝမ့်ရင်းက ထိုရှာဖွေမှုကြောင့် ပျော်သွားခဲ့ပြီး ဝမ့်ယုံရွှင်းကလည်း ထိုကိစ္စကြောင့် ကြားညပ်သလို ခံစားခဲ့ရသည်။
ဝမ့်ယုံရွှင်းက စိတ်ပျက်စွာဖြင့် မြေပေါ်မှာ ထိုင်ချလိုက်သည်။ ဝမ့်ရင်းက ဒီအခွင့်ရေးကို စောင့်နေပြီး ဒီနှစ်ထဲမှာ ဖြစ်ပျက်သမျှကို ဖော်ထုတ်ပစ်လိမ့်မည်ဟု ဘယ်တုန်းကမှ သူမထင်ထားခဲ့ပါ။
ဝမ့်ရင်း - “ခေါင်းဆောင်တွေ အားလုံးက ဒီမှာ ရှိနေတော့ အရင်က ဘာတွေ ဖြစ်ခဲလဲဆိုတာကို ပြန်ဖော်ထုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်မအမေက အာဇာနည် သူရဲကောင်း တစ်ယောက်ပါ။ ပြီးတော့ ကျွန်မရဲ့ အဖေက စစ်သားတစ်ယောက်ပါ။ ကျွန်မက နှစ်တွေ အများကြီး အနိုင်ကျင့်ခံခဲ့ရတယ်။ အခု နောက်ဆုံးတော့ ကျွန်မရဲ့ နာမည်တွေကို ရှင်းလင်းဖို့ အခွင့်ရေးတစ်ခု ရလာခဲ့ပြီ။ ကျွန်မ အမေရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ယူတာတွေ ကူညီပေးဖို့ မျှော်လင့်ပါတယ်။”
ထိုအချိန်မှာပဲ ထျန်းယိုဖုက ရောက်လာခဲ့သည်။
ထျန်းယိုဖုက အံကို ကြိတ်ထားခဲ့သည်။ ဝမ့်ယုံရွှင်းရဲ့ မိသားစုက အောက်ဆုံးထိကို ရောက်သွားခဲ့ပြီ ဖြစ်သည်။ ထျန်းယိုဖုကလည်း ဒါက အခွင့်အရေး တစ်ခုပဲဆိုတာ သိနေခဲ့သည်။
ဝမ့်ရင်းက ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ပြန်ပြောပြဖို့ အခွင့်အရေး ယူခဲ့သည်။ ထို့နောက် သူက ဝမ့်ရင်းရဲ့ ဘေးကနေ ရပ်နေခဲ့သည်။ ဒီလိုနည်းနဲ့ပဲ သူက သူ့ရဲ့ အမှားတွေကို ပြင်ဆင်နိုင်မှာဖြစ်ပြီး သူတို့ရဲ့ တပ်မဟာထဲရှိ တပ်သားတွေက မသိချင်ယောင် ဆောင်မည့်အစား အာဇာနည်ရဲ့ ကလေးကို ကူညီပေးကြတာကို ပြသခဲ့သည်။
ထျန်းယိုဖုက ရောက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။ မိတ်ဆက်ပြီးနောက် သူက ပြောခဲ့သည်။ “ဝမ့်ရင်း မှန်တယ်လို့ ငါထင်တယ်။ သူ့အမေ တပ်သား စုမိန်က ငါတို့ရဲ့ တပ်မဟာထဲက သေခါနီးလူတွေ၊ ဒဏ်ရာရတဲ့လူတွေကို ကူညီပေးခဲ့ရုံသာမက၊ ငါတို့ရဲ့ တပ်မဟာအတွက် သူ့ရဲ့ အသက်ကိုလည်း ပေးဆပ်ခဲ့တယ်။ ဒီကိစ္စက စုံစမ်းသင့်တယ်။ တပ်သား။ ဒီမှာ ခနလောက် နေပြီး ဒီကိစ္စကို နောက်ဆက်တွဲတွေ သိရအောင် အရင်ဆုံး လုပ်ကြမယ်။”
အစတုန်းက တော်လှန်ရေး အဖွဲ့ရှိ လူများသည် သူတို့က အရေးကြီး စုံစမ်းစရာ ကိစ္စရှိလို့ ဝမ့်ယုံရွှင်းရဲ့ အိမ်ကို ရုတ်တရက် ရောက်လာခဲ့ကြသော်လည်း အခုဆိုရင် ဒီမှာ ဘာအရေးကြီး ကိစ္စမှ မရှိဘဲ သူတို့က ပျက်စီးစေသည့် ဘာအရာကိုမှ မစုထားနိုင်တော့ပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ တကယ်တမ်းမှာတော့ ဝမ့်ယုံရွှင်း လုပ်ခဲ့တဲ့ အရာကလည်း တော်တော်လေးကို ဆိုးရွားသည့်အတွက် ဒီကိစ္စကို အထူးတလည် ကိုင်တွယ်ရမည် ဖြစ်သည်။
ခေါင်းဆောင်ကလည်း သေချာ တွေးပြီးနောက် သဘောတူခဲ့သည်။
ဝမ့်ယုံရွှင်းက ကောင်းတာရော၊ ဆိုးတာတွေရော ကြုံခဲ့ဖူးပြီး ဖြစ်သော်လည်း တော်လှန်ရေး အဖွဲ့ရှိ လူတွေက သူ့ကို ဘာတွေပဲ မေးနေပါစေ၊ သူက ဟုတ်တယ်ဟုသာ ဖြေလိမ့်မည် ဖြစ်သည်။
ဝမ့်ယုံရွှင်းက ဝမ့်ရင်းရဲ့အမေ စုမိန်၏ ယွမ်ငါးရာကို ယူထားကြောင်း ဝန်ခံဖို့လည်း ဆန္ဒမရှိပါ။
ဒါမှမဟုတ် သူက အများကြီး ယူထားတာကို ဝန်ခံဖို့ ဆန္ဒမရှိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
ထို့အပြင် သူက ထျန်းယိုဖုရဲ့ ဒေါသကို သိနေခဲ့သည်။ သူယူထားသမျှ အရာရာကို သေချာပေါက် ပြန်ပေးရလိမ့်မည် ဖြစ်သည်။
ယွမ်ငါးရာဆိုတာ သူနဲ့ လီချွမ်းကျင်ရဲ့ အလေးချိန်ကို ချိန်လိုက်ရင်တောင် သူတို့က ပြန်ပေးနိုင်မှာ မဟုတ်ဘူး။
ဝမ့်ရင်းက ထိုအကြောင်းကို ခနလောက် တွေးလိုက်ပြီး လောင်ကုန်းကို ရှာဖို့အတွက် ချက်ချင်း ပြောလိုက်ကာ နိုင်ငံပိုင် အဆင့်ရှိတဲ့ စားသောက်ဆိုင်က ရှုရွှမ်းနှင့် သတင်းတွေကို မေးဖို့အတွက် မြို့မှာရှိသော ယောင်ဟွေ့ကျင်းကိုပါ ရှာဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်ခဲ့သည်။
အကြောင်းကတော့ သူတို့တွေ ဝမ့်ယုံရွှင်းကို ဝန်ခံအောင် တွန်းအားပေးဖို့ သက်သေတွေကို ရှာရဦးမယ်။
ခွေးအိုကြီး လောင်ကုန်းကို ဖမ်းပြီး ဘေးနားမှာ ထားထားသည့်အတွက် ကြောက်လန့်ပြီး သူ့ဘောင်းဘီထဲမှာ အလေးစွန့်မိတော့မလို ဖြစ်နေခဲ့သည်။
မေးခွန်းများစွာ မေးပြီးနောက် လောင်ကုန်းက ဝမ့်ယုံရွှင်းကသာ စုမိန်ကို အဲ့နေ့ညတုန်းက ပို့ပေးခဲ့ကြောင်းကို ရှင်းပြခဲ့သည်။
“ငါက သိချင်နေတုန်းပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲ့မှာ ရှိနေရမယ့်သူက လီချွမ်းကျင်လေ။ ပြီးရင် သူတို့က ယောင်းမတွေပဲလေ။ အဲ့ဒါကို ဘာလို့ ဦးလေးက အဲ့မှာ ရှိနေရတာလဲ။”
တစ်ခြားဘာကိုမှ ခွေးအိုကြီး လောင်ကုန်းက မမှတ်မိပါ။
ဝမ့်ယုံရွှင်းက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ သူက အဲ့ဒါကို မပြောနိုင်သ၍ သူကလည်း ပေးရမည် မဟုတ်ပါ။
သို့သော် ထိုစိတ်သက်သာရာ ရမှုကြီးက မကြာခင်မှာပဲ ပျောက်ကွယ်သွားခဲ့သည်။ ရှုရွှမ်းက နဖူးပြောင်ပြောင်ပြီး စူးရှသည့် မျက်လုံးများရှိသည့် ယောက်ျားတစ်ယောက်က သူ့ရဲ့ စက်ဘီး အနောက်ကနေ လိုက်စီးခဲ့သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၁၆
ရှုရွှမ်း ရောက်လာတဲ့အခါ သူက ဝမ့်ရင်းရဲ့ ဘေးနားတွင် သွားထိုင်ပြီး သူမရဲ့လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားခဲ့သည်။
ဝမ့်ရင်းက သူ့ကို အားပေးတဲ့ အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး လာနေသည့် လူငယ်ကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေခဲ့သည်။
ထိုလူငယ်ရဲ့ နာမည်က ယောင်မင်း ဖြစ်သည်။
ယောင်မင်းသည် အဲ့နေ့ညက ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ “ကျွန်တော့် အစ်မက ကောင်စီ ဆေးရုံမှာပဲ မီးဖွားခဲ့တာပါ။ ပြီးတော့ အဲ့နေ့တုန်းက တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်နေတာ။ အဲ့ဒါကြောင့် ကျွန်တော်က သူ့ကို လူနာဆောင် ပြောင်းပေးဖို့ အကြံပေးခဲ့တာ။”
“ကျွန်တော်တို့တွေ လူနာဆောင် ပြောင်းပြီးတော့ ကျွန်တော့်ရဲ့ အစ်မလည်း မွေးသွားတာပဲ။ မီးဖွားနေတဲ့ အချိန်အတွင်းမှာ ကျွန်တော်တို့ ယူလာတဲ့ စောင်တွေက အခန်း ၃၀၅ထဲ ကျန်ခဲ့တာတော့ ကျွန်တော် မှတ်မိတယ်။ အဲ့ဒါကြောင့် ကျွန်တော်က အဲ့ဒါတွေကို ပြန်သွားယူဖို့အတွက် အခန်း ၃၀၅ကို ပြန်သွားခဲ့တာပဲ။”
“ကျွန်တော် အဲ့ဒါကို သေသေချာချာ မှတ်မိတယ်။ ကျွန်တော် အဲ့ကို ရောက်သွားတော့ ကျွန်တော့်အစ်မ နေခဲ့တဲ့ အိပ်ရာပေါ်မှာ မသပ်မရပ်နဲ့ လူတစ်ယောက်က အိပ်နေတယ်။ ပြီးတော့ တစ်ခြား အိပ်ရာအပေါ်မှာလည်း မိန်းမတစ်ယောက် ရှိနေတာ။”
“အဲ့မိန်းမက စကားတွေ ပြောရင်း နာပြီး အော်နေခဲ့တာ။ ပြီးတော့ ရွှေလက်ကောက်အတွက် ယွမ်ငါးရာနဲ့ ပတ်သက်ပြီး တစ်ခုခုလည်း ပြောနေခဲ့တာ။”
“အဲ့မိန်းမက တစ်ခုခု ဖြစ်နေတာတော့ ကျွန်တော် မြင်ခဲ့တယ်။ ပြီးတော့ သူ့နားမှာ ဘယ်သူမှလည်း ရှိမနေခဲ့ဘူး။ အဲ့ဒါကြောင့် ကျွန်တော်က ခေါင်းလောင်းကိုတီးပေးပြီး သူနာပြုတစ်ယောက်ကိုတောင် ခေါ်ခိုင်းခဲ့သေးတယ်။”
ဝမ့်ရင်းက သတိလက်လွတ်နှင့် သူမရဲ့ လက်တွေကို ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့သည်။ ဒါက မူလပိုင်ရှင်ရဲ့ အမေဖြစ်သူ ဘယ်လို ဆုံးသွားလဲ ဆိုတာလား။
သူမရဲ့ စိတ်ထဲမှာ နာကျင်မှုတွေကို ခံစားနေခဲ့ရသည်။ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်က သူမရဲ့ ရင်ထဲတွင် ကျန်ရှိနေသည့်အတွက် အဲ့ဒါတွေက သူမကို ငိုချင်အောင် လုပ်နေခဲ့သည်။
ယောင်မင်းရဲ့ စကားတွေက အတော်လေး အကူအညီဖြစ်ကာ လောင်ကုန်းရဲ့ မှတ်ဉာဏ် အချို့ကို နိုးထစေခဲ့သည်။
လောင်ကုန်း - “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ကျင်းကိုလည်း ငါမှတ်မိတယ်။ အဲ့တုန်းက ဘယ်သူ စကားတွေ ပြောနေလဲ ဆိုတာကို ငါသိချင်နေခဲ့တာ။”
အခုဆိုရင် သက်သေတွေ အားလုံးကလည်း ရှိနေပြီ။ ဝမ့်ယုံရွှင်းရဲ့ ဆင်ခြေတွေက လုံးဝကို အကျုံးမဝင်တော့ဘူး။
ဝမ့်ယုံရွှင်းက ရှိုက်ကြီးတငင် ငိုချလိုက်ပြီး ချက်ချင်းပဲ ဝမ့်ရင်းက ခြေထောက်နားကို ပြေးသွားပြီး အသနားခံခဲ့သည်။
“စန်းယာ၊ စန်းယာ။ မင်းရဲ့ ဦးလေးကို ကယ်ပါဦး။ မင်းဦးလေးက တန်ဖိုးမရှိတဲ့ လူတစ်ယောက်ပါ။ အရင်က မင်းကို ဦးလေးက ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်။ ငါတို့တွေ ခနလောက်တော့ စိတ်လိုက်မာန်ပါ လုပ်ခဲ့တယ်။ ပြီးတော့ ငါတို့က မင်းအမေ မင်းအတွက် ချန်ထားပေးခဲ့တဲ့ ပစ္စည်းတွေကိုလည်း ယူခဲ့မိပါတယ်။ စန်းယာ။ မင်းဦးလေးက အဲ့ဒါတွေကို မလုပ်ချင်ခဲ့ပါဘူး။ မင်းဦးလေးက ဆင်းရဲမှာကို ကြောက်ခဲ့မိလို့ပါ။ ပထမတုန်းက ဦးလေး အဲ့ဒါတွေကို မင်းအတွက် သိမ်းထားပေးချင်ရုံပါ။ ဦးလေး အဲ့ဒါကို တကယ် မယူချင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်တော့ ငါ….”
ဝမ့်ရင်းက စိတ်ပျက်ရွံရှာက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ဝမ့်ရင်းက စိတ်ပျော့တဲ့သူ မဟုတ်ပါ။
“ရှင်က အရမ်းကို တပ်မက်စိတ်တွေ ရှိနေတဲ့ သူမျိုးပဲ။ ကျွန်မကို စောင့်ရှောက်ပေးဖို့ ဆိုတာတွေ အကုန်လုံးက ဆင်ခြေတွေချည်းပဲ။ တကယ်တော့ ရှင်က အဲ့ဒါတွေကို အစီအစဥ် ချထားပြီးသားပဲ။ ရှင်က အရင်ဆုံး ကျွန်မကို ခေါ်ထားတယ်။ ပြီးရင် ကျွန်မရဲ့ အဒေါ်က ရက်ရက်စက်စက် ဆက်ဆံတာတွေကို ခွင့်ပြုပေးထားတယ်။ ပြီးရင် ရှင်က လူကောင်းလို ဟန်ဆောင်ပြီး ရှင့်မိသားစုက ကျွန်မကို မွေးဖို့ ဆန္ဒရှိတယ်ဆိုတာတွေ ချော့ပြီး ပြောတယ်။ ကျွန်မက သိပ်ပြီး တန်ဖိုးမရှိရင် ရှင်တို့က လူများပြီး ရှုပ်ထွေးတဲ့ မိသားစုကြီး တစ်ခုကို ကျွန်မအတွက် ရှာပေးတော့မှာ။ ကျွန်မကို ယောက်ျားဘက်က မိသားစုထဲမှာ ထားထားပြီး ကျွန်မ ဘယ်တော့မှ ပြန်မလာနိုင်ရင် အကောင်းဆုံးပဲလေ။”
“ဟိုအရင်တုန်းက ရှင် ပိုက်ဆံတွေကို ယူသွားတယ်။ ပြီးရင် နှစ်တွေအများကြီး အဲ့ပိုက်ဆံတွေကို ထိုင်သုံးတယ်။ ရှင်က ပစ္စည်းတွေကိုတောင် ရှင့် အသုဘအတွက် ထားထားတာ၊ ဟုတ်တယ်မလား။ လွန်ခဲ့တဲ့ နှစ်တုန်းက ကျွန်မမှာ ပိုက်ဆံရှိတယ်ဆိုပေမယ့် အဲ့ဒါကို ပိုက်ဆံနဲ့ မလဲပေးခဲ့ဘူး။ နောက်ပိုင်း ကျွန်မက ပြောစကား နားမထောင်တာကို သိသွားတော့ ရှင်က အဲ့ဒါတွေကို ထုတ်ပြီး မလဲရဲတော့ဘဲ ကျွန်မက ရှင့်ကို ပစ်မှတ်ထားပြီး ပိုက်ဆံအကြောင်း မေးမှာကို ကြောက်နေတာလေ။”
“အဲဲဒါကတော့ သနားစရာပါပဲ၊ ဦးလေး။ ရှင်က အဲ့လိုချည်းပဲ။ အရမ်းလည်း ဉာဏ်ကောင်းတယ်။ ပြီးတော့ တစ်ခြားသူတွေကို အမြဲတမ်း အရူးလိုပဲ ဆက်ဆံတယ်။”
ဝမ့်ရင်းသည် သူမ ဘောင်းဘီရှိ ဖုန်များကို ခါချပြီး ပြောလိုက်သည်။ “ကျွန်မကို မတောင်းပန်နဲ့။ ကျွန်မက စိတ်ပျော့သွားမှာ မဟုတ်သလို ရှင့်ကို သနားမှာလည်း မဟုတ်ဘူး။ အရင်ကဆို ရှင်က ကျွန်မအတွက် ကျောက်မိသားစုကို ရွေးပေးခဲ့တယ်။ ကျွန်မ သူတို့နဲ့ လက်ထပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ ရှင်သိရဲ့လား။”
ဝမ့်လင်းလင်းက လက်ထပ်ဖို့ စိတ်အားထက်သန်နေသော်လည်း မိထွေးတစ်ယောက် ဖြစ်ရတာက လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ဘူးဆိုတာကို ဝမ့်ရင်းက ကောင်းကောင်း သိနေခဲ့သည်။
'အဲ့ဒါက သူမရဲ့ ကလေးတွေ မဟုတ်ဘူး။ အဲ့တော့ သူတို့ကို စီစဥ်ပေးဖို့က အဆင် မပြေဘူး။ တကယ်လို့ နင်က သူတို့ကို ကောင်းကောင်း စီမံပေးရင် ဒါက နင့်ရဲ့ တာဝန်ပဲ။ ပြီးတော့ ဒါက သူတို့ရဲ့ အမေရင်းနဲ့ ပင်ကိုစရိုက် ကောင်းလို့ပဲဆိုပြီး လူတွေက ပြောကြလိမ့်မည်။ တကယ်လို့ သူမ သူတို့ကို ကောင်းကောင်း မစီမံနိုင်ရင် ဒါက နင့်ရဲ့ အမှားပဲ။ ပြီးရင် သူမက လင်ပါကလေးတွေကို တမင်တကာ အလိုလိုက်ထားတယ်၊ နင့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုပြီး လူတွေက ပြောကြလိမ့်မယ်။'
'သူမမှာ သားသမီးတွေ ရလာတဲ့ အခါကျရင် ဒီလို ကိစ္စသေးသေးလေး တစ်ခုကနေ ပြဿနာတွေ ဖြစ်လာနိုင်တယ်။'
'တကယ်လို့ နင့်မှာ သားသမီးတွေ မရှိဘူးဆိုရင် သူတို့ကို ဘဝရဲ့ နောက်ဆုံးအချိန်အထိ နင့်ရဲ့ တစ်ဘဝလုံး သူတို့ကို ပေးထားရင်တောင် နင်က အရမ်း ချုပ်ခြယ်ပြီး အစောကြီး သေသွားရတဲ့ သူ့တို့အမေကို သတိရအောင် လုပ်တယ်ဆိုပြီး လူတွေက ပြောကြလိမ့်မယ်။'
ဝမ့်လင်းလင်းသည် သူမရဲ့ အရင်ဘဝက အထင်တွေကြောင့် ကျောက်ကျွင်းကို လက်ထပ်တာက အကြံကောင်း တစ်ခုပဲဟု ထင်နေတာလည်း ဖြစ်နိုင်သည်။ သို့သော် ဝမ့်ရင်းကတော့ ဒါဟာ အရမ်းကို အကျိုးမရှိတဲ့ ကိစ္စတစ်ခုဟု ခံစားခဲ့ရသည်။
မူလပိုင်ရှင်က အထက်တန်းကျောင်းကနေ ဘွဲ့ရခဲ့ပြီး ထူးချွန်တဲ့ပုံလည်း ရှိသည်။ ထို့ကြောင့် သူမက သူမရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို အပါခံပြီး ကွာရှင်းပြီးသား ယောက်ျားတစ်ယောက်ကို လက်ထပ်ရမှာလဲ။
အကျိုးသင့် အကြောင်းသင့် မရှိတဲ့ ကျောက်မိသားစု၏ အမျိုးသမီးကြီးကြောင့် ထိုလူက မင်္ဂလာဆောင် အတွင်းမှာတောင် ပေါ်မလာခဲ့ပါ။
ဝမ့်ရင်းရဲ့ စကားတွေက အရမ်းကို ရှင်းလင်းပြီး ဝမ့်ယုံရွှင်း ပြဿနာရဲ့ အဖြေကို ရှာရမည့် အချိန်ရောက်ပြီဆိုတာ ထျန်းယိုဖုက သိနေခဲ့သည်။
“ဝမ့်ယုံရွှင်း၊ မင်းက ဝမ့်ရင်းကို အကြွေး ယွမ်ငါးရာ တင်နေပြီ။ အခု အဲ့ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးမလဲဆိုတာ ပြောရအောင်။”
လီချွမ်းကျင်က ရှိုက်ကြီးတငင် ငိုခဲ့သည်။ “ငါတို့က သူ့ကို ဘယ်လိုလုပ် ပြန်ပေးနိုင်မှာလဲ။ သူ့ကို ငါ့ဘဝကြီးပဲ ပေးလိုက်မယ် အဆင်ပြေလား။ ငါတို့ မိသားစုက သူ့ကို ဘာများ ပေးနိုင်မှာလဲ။ သူက ချမ်းသာနေပြီပဲ။ ဘာလို့ ငါတို့ရဲ့ ပိုက်ဆံတွေကို လိုချင်မှာလဲ။”
ဝမ့်ရင်း - “ဒါက ကျွန်မမှာ ဘယ်လောက်ရှိလဲနဲ့ မဆိုင်ဘူး။ ပြဿနာက ရှင်တို့တွေ အရင်က သုံးခဲ့တာပဲ။ ကျွန်မကလည်း သိချင်တယ်လေ။ ရှင်တို့တွေ ဒီနှစ်နှစ်အတွင်းမှာ ယွမ်ငါးရာကို ဘယ်လိုတောင် သုံးခဲ့တာလဲ။”
လီချွမ်းကျင်က ငိုနေသည့်အတွက် ဘေးနားရှိ လူတွေက ဝေးဝေးကို သွားခဲ့ကြသည်။ ထို့နောက် ဝမ့်ရင်းရဲ့ မိသားစုက အတော်လေး အဆင်ပြေပြေ နေနေရသည့်အတွက် သူတို့က တပ်မဟာထဲတွင် ထူးခြားတယ်ဟုတောင် ပြောလို့ ရနိုင်သည်။
ဒီအခြေအနေမှာ သူမဦးလေး မိသားစုက အကြွေးတွေနဲ့ နေနေရတာတောင် လူမဆန်ကြသေးဘူး။
သို့သော် ဝမ့်ရင်းက အဲ့လူတွေကို စကား တစ်ခွန်းထဲဖြင့် နှိုးဆွပေးခဲ့သည်။ သူမက ပိုက်ဆံလိုချင်တယ် ဆိုပေမယ့် သူမက အဲ့ဒါကို မရဘူးဘူး မဟုတ်လား။
'ဘယ်လိုလုပ် ဝမ့်ယုံရွှင်းနဲ့ သူတို့ မိသားစု သုံးယောက်က ယွမ်ငါးရာကို နှစ်နှစ်အတွင်း သုံးနိုင်ကြတာလဲ'
'ဘုရားရေ၊ ကောင်စီမြို့က လူတွေတောင်မှ ဒီလိုမျိုး မသုံးနိုင်ကြဘူး။'
'သူတို့မှာ တပ်မဟာ အဖွဲ့ကြီး တစ်ခုလုံးကို စားစရာတွေ ဝေပေးလို့ ရတယ်။ ရှင်တို့က အဲ့ဒါကို ကိုယ့်အတွက်ကိုယ် မသုံးဘဲနဲ့ ဘယ်လို ဒီလောက် အများကြီး သုံးနိုင်မှာလဲ။'
“ဝမ့်ယောင်ကျုံးက ကျောင်းမှာဆို ပေါက်စီ အဖြူနဲ့ အသားကို ထမင်း အနပ်တိုင်းမှာ စားတယ်လို့ ငါကြားထားတယ်။”
“ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက လီချွမ်းကျင်က ရာသီတွေပြောင်းတိုင်း အဝတ််အစား အသစ်တွေ ဝယ်တယ်။”
“ဝမ့်ယုံရွှင်းကလည်း အတူတူပဲ နေမှာပေါ့။”
ဘယ်သူကမှ ဝမ့်ယုံရွှင်းကို ထပ်ပြီး မသနားကြတော့ပါ။ ယွမ်ငါးရာကလည်း သူ့ရဲ့အပိုင် မဟုတ်ပါ။ ထို့ကြောင့် သူက အဲ့ဒါကို ဘာလို့ မဆင်မခြင် သုံးရမှာလဲ။
'ဒါက တကယ်ကြီးကို အရှက်မရှိတာပဲ။'
ထျန်းယိုဖုက ဝမ့်ယုံရွှင်းနှင့် လိုက်ညှိနေရတာကို တကယ် ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
“မင်းမှာ ယွမ်ငါးရာ မရှိဘူးဆိုတော့ ဒါက လွယ်ပါတယ်။ အိမ်ကို ဝမ့်ရင်းဆီ ပေးလိုက်ရုံပေါ့။”
ဝမ့်ယုံရွှင်းရဲ့ အိမ်သည် အစောကြီးကတည်းက ဆောက်ထားခဲ့ပြီး ဝမ့်ရင်းတို့ အိမ်ထက်လည်း ပိုပြီး ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ထိုအိမ်တွင် ဆောက်လက်စ အခန်းနှင့် အုတ်ဖြင့် လုပ်ထားသော အခန်း တစ်ခန်းသာ သုံးသည်။ အိမ်ဆောက်တဲ့ စုစုပေါင်း ကုန်ကျစရိတ်မှာ သိပ်မများပါ။ အဲ့ဒါကို ရောင်းလိုက်ရင်တောင် အများဆုံး ယွမ်သုံးရာသာ ရလိမ့်မည်။
လီချွမ်းကျင်က မှင်သက်သွားခဲ့ပြီး အော်ငိုခဲ့သည်။ “ငါတို့ရဲ့ အိမ်ကို သူတို့က ဘယ်လိုလုပ် အဝေးကို ယူသွားလို့ ရမှာလဲ။ အဲ့ဒါကို သူတို့ ယူသွားကြရင် ငါတို့က ဘယ်မှာ နေရမှာလဲ။”
တော်လှန်ရေး အဖွဲ့ရှိ လူတွေက ပွဲကြီး တစ်ပွဲကို ကြည့်နေခဲ့ကြပြီး အဆုံးထိ ကြည့်ပြီးနောက် သူတို့က အဲ့မှာ ဆက်ပြီး မနေချင်ကြတော့ပါ။
သူတို့က ဝမ့်ရင်းရဲ့ ပစ္စည်းနှစ်ခုကို ပြန်ပေးခဲ့သည်။
သူက လက်ကိုင်ကို ကောက်ယူပြီး ဝမ့်ရင်းကို မေးခဲ့သည်။ “ဒါက ဘာလဲ။”
ဝမ့်ရင်းက တည်ငြိမ်စွာပဲ ပြန်ဖြေခဲ့သည်။ “ဒါက ကျောက်တုံး တစ်တုံးပါ။ ကျွန်မတို့ မိသားစုက ဆေးတွေ ကြိတ်တဲ့ ကျောက်ဆုံလို သုံးကြတာ။”
ဝမ့်ရင်းက ဒါဟာ ကျောက်စိမ်း မဟုတ်ဘဲ ကျောက်တုံးတစ်တုံးဟုသာ အခိုင်အမာ ပြောနေခဲ့သည်။
တော်လှန်ရေး အဖွဲ့ရှိ လူတွေက ခနလောက် တွေးပြီးနောက် လွှတ်ပေးခဲ့သည်။
သေသေချာချာ ပြောရရင် ဝမ့်ရင်းရဲ့ ရွှေလက်ကောက်ကို ပြန်ရသော်လည်း ဒီလက်ကိုင်က နိုင်ငံတောင် ဘဏ္ဍာအဖြစ် သိမ်းယူနိုင်သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဝမ့်ရင်းကို အာဇာနည်ရဲ့ ကလေးငယ်အဖြစ် သတ်မှတ်ထားသည့်အတွက် သူတို့က ဒါဟာ ဝေဖန်တာ မဟုတ်ဘဲ ပစ္စည်းတစ်ခုသာ ဖြစ်ကြောင်းကို အခိုင်အမာ ပြောခဲ့သည်။
တော်လှန်ရေး အဖွဲ့ရှိလူတွေက ဒါဟာ ရှေးဟောင်းပစ္စည်း ဖြစ်တဲ့အတွက် သိမ်းထားလို့ မရနိုင်ဘဲ ယူသွားဖို့ကိုသာ ပြောနေခဲ့တယ် မဟုတ်ပါလား။
ဒါပေမယ့် မင်းတို့ အဲ့ဒါကို ကျောက်စိမ်းဖြစ်ကြောင်း အတည်ပြုချင်လို့ အဲ့ဒါကို ပို့လိုက်ရင် ပြဿနာတွေ အများကြီးကို ကျော်ဖြတ်ရလိမ့်မည်။ အဲ့ဒါက အရမ်းကို စိတ်ညစ်ရလိမ့်မည်။
အရေးအကြီးဆုံး အရာကတော့ လာကြည့်တဲ့သူတွေ ကြားထဲမှာ ကျွမ်းကျင်သူ တစ်ယောက် ပါရှိနေခဲ့သည်။ သူက မြန်မြန် တစ်ချက် ကြည့်လိုက်ပြီး ထိုကျည်ပွေ့က အဖိုးမတန်ဘူးဟု ခံစားခဲ့ရပြီး သုံးထားသော ပစ္စည်းကလည်း စျေးကြီးသည့် ကျောက်စိမ်း မဟုတ်ပါ။
'သူတို့တွေ အဲ့ဒါကို ဒီတိုင်း တိုင်းကြည့်တဲ့အခါ အဲ့ဒါက အဖိုးတန်မှာ မဟုတ်ဘူး။ '
'မလိုအပ်တဲ့ ဘာပြဿနာမှာ မဖန်တီးတာ ပိုကောင်းလိမ့်မယ်။'
“ငါတို့တွေ ဝမ့်ယုံရွှင်းကို ခေါ်သွားမယ်။ ဒီကိစ္စက အရေးကြီးတယ်။ ငါတို့တွေ သူ့ကို စစ်ဆေးဖို့ ပြန်ခေါ်သွားမယ်။”
အုတ်ဂူဖောက်ခြင်း၊ ရန်ဖြစ်ခြင်း၊ ခိုးမှုနှင့် ဓားပြတိုက်ရန် ကြိုးပမ်းမှုတို့မှာ ဝမ့်ယောင်ကျုံးက တာဝန်ခံ ဖြစ်သည်။
ဝမ့်ယောင်ကျုံးက အခြားသူတွေရဲ့ ပိုင်ဆိုင်မှုကို အလွဲသုံးစား လုပ်ခဲ့ပြီး အာဇာနည် ကလေးငယ်ကိုလည်း နှိပ်စက်ခဲ့သည်။
သူတို့ နှစ်ယောက်လုံးက ပြစ်မှုကြီးတွင် အပြစ်ရှိသူများ ဖြစ်ကြသည်။
လီချွမ်းကျင်မှာ ပြဿနာတွေ အများကြီး ရှိသော်လည်း ဒီနှစ်ယောက်ရဲ့ ကိစ္စက သူမနှင့် မဆိုင်သည့်အတွက် သူမကို မဖမ်းခဲ့ကြပါ။
လီချွမ်းကျင်ကတော့ အိမ်ထဲတွင် စကားများနေဆဲ ဖြစ်သည်။ သို့သော် သူမက သူ့ရဲ့ ယောက်ျား ဆွဲခေါ်ခံရတာကို မြင်တဲ့အခါ သူမက ပိုပိုပြီး ကြောက်လာခဲ့သည်။
သူမနှင့် ဝမ့်ယုံရွှင်းက သူစိမ်းများ ဖြစ်ကြရင်တောင် သူမက ယောက်ျားမရှိတဲ့သူ မဖြစ်ချင်ပါ။ ထို့အပြင် ဝမ့်ယုံရွှင်းရော၊ ဝမ့်ယောင်ကျုံးရောက အဖမ်းခံခဲ့ရပြီး အဖွဲ့ထဲတွင် သူမတစ်ယောက်တည်း ကျန်ခဲ့ပြီ မဟုတ်ပါလား။
ထျန်းယိုဖုက လူတွေကို တပ်မဟာထဲကနေ ထွက်သွားဖို့ ပြောခဲ့ပြီးနောက် ပြန်လာပြီး လီချွမ်းကျင်ကို ရွေးချယ်စရာ နှစ်ခု ပေးခဲ့သည်။
တစ်ခုကတော့ လျော်ကြေးအနေဖြင့် အိမ်နှင့် အိမ်ထဲရှိ အချို့ ပစ္စည်းများကို လဲပြီး ဝမ့်ရင်းထံ ပေးဖို့ ဖြစ်သည်။ ဝမ့်ရင်းကလည်း ခြေတစ်လှမ်း နောက်ဆုတ်ပြီး သူမမှာ ပိုက်ဆံ နည်းနည်းပဲ ရှိနေခဲ့ရင်တောင် စာရင်းကို ချက်ချင်း ရှင်းပေးဖို့အတွက် ဆန္ဒ ရှိနေခဲ့သည်။
ဒုတိယ တစ်ခုကတော့ ထုတ်လုပ်ရေး အဖွဲ့က ပေးသမျှ လုပ်ခရမှတ်တိုင်းကို ပေးရန် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဝမ့်ယုံရွှင်းနှင့် ဝမ့်ယောင်ကျုံးတို့ နှစ်ယောက်က ပါသွားပြီ ဖြစ်ပြီး သူတို့ ဘယ်အချိန် ပြန်လာမလဲ ဆိုတာကို မသိကြပါ။ ထိုလုပ်ခ ရမှတ်တွေကို လီချွမ်းကျင်ထံကနေ လျှော့မည် ဖြစ်သည်။
အစတုန်းက လီချွမ်းကျင်သည် အိမ်ကို မပေးဖို့ စိတ်ထဲမှာ ပြင်ဆင်ထားခဲ့သော်လည်း ထျန်းယိုဖုက သူမကို ရွေးချယ်စရာ နှစ်ခု ပေးတဲ့အခါ သူမက ခနလောက် တုံ့ဆိုင်းသွားခဲ့သည်။
နောက်ဆုံးမှာတော့ လီချွမ်းကျင်က သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်များ စို့ကာ ဝမ့်ရင်းထံ အိမ်ကို ပေးဖို့ကိုသာ ရွေးချယ်ခဲ့သည်။
ဝမ့်ရင်းက ပျော်နေရင်း လီချွမ်းကျင်က သူမရဲ့ အိမ်ကို ပေးဖို့အတွက် ဘာကြောင့် ဆန္ဒရှိနေလဲ ဆိုတာကို အနည်းငယ် တွေဝေသွားခဲ့သည်။ သူမက အိမ်ကို ပေးလိုက်ရင် သူမတို့က တပ်မဟာထဲရှိ ပျက်စီးနေသော အိမ်တွင် သွားနေရလိမ့်မည် ဖြစ်သည်။
ရှုရွှမ်း - “တကယ်လို့ ဝမ့်ယောင်ကျုံးနဲ့ ဝမ့်ယုံရွှင်းသာ ပြန်မလွတ်လာရင် သူမက မကြာခင် ထပ်ပြီး အိမ်ထောင်ပြုလိမ့်မယ်။”
သူမရဲ့ လုပ်ခ ရမှတ်တွေကို သူမ(ဝမ့်ရင်း)ဆီ အလျော်ပေးဖို့ ဒီနေရာမှာ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရမှာထက် သူမက အိမ်ကို ထားခဲ့ပြီး သူမကို ပေးလိုက်တာက ပိုကောင်းလိမ့်မည်။
ဝမ့်ရင်းက ရုတ်တရုက် နားလည်သွားခဲ့သည်။
'ဟုတ်တယ်။ ဝမ့်ယောင်ကျုံးနဲ့ ဝမ့်ယုံရွှင်းတို့ရဲ့ ပြစ်ဒဏ်က ပေါ့မှာ မဟုတ်လောက်ဘူး။ ဒါက သူတို့တွေ အဲ့မှာ ဘယ်နနှစ် နေရမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။'
'အချိန်က နည်းရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် နည်းနည်းလောက် ကြာသွားရင် ငါ့အဒေါ်က ထွက်ပြေးသွားမှာကို ငါ စိုးရိမ်မိတယ်။'
လူတိုင်း အံ့ဩသွားရတာက လီချွမ်းကျင်သည် ထွက်ပြေးရုံသာမက အိမ်ကို ဝမ့်ရင်းထံ ပေးပြီး ဘာမှ ထေ့ငေါ့မပြောဘဲနဲ့တောင် ထွက်ပြေးသွားခဲ့သည်။
ဝမ့်ရင်းက ဘာမှမရှိသည့် ထိုအိမ်ကြီးကို မြင်တဲ့အခါ ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။
“ သူက ဒီလိုပဲ ထွက်ပြေးမှာလား။ သူက ဝမ့်ယောင်ကျုံးရဲ့ သတင်းတွေကို မစောင့်တော့ဘူးလား”
ရှုရွှမ်း - “မင်းက ဘာကို စောင့်နေတာလဲ။ ဒါက အနည်းဆုံးတော့ ခုနစ်နှစ်၊ ရှစ်နှစ်လောက် ကြာလိမ့်မယ်။”
ဝမ့်ယောင်ကျုံး အုတ်ဂူတူးတဲ့ သတင်းက ပျံ့သွားခဲ့သည်။ လူတိုင်းက အံ့ဩခဲ့ရသည်။ သို့သော် သူက ကြေးထည်များကို အဲ့နေ့ညက ခိုးခဲ့ရုံသူမက ပစ္စည်းတွေ အများကြီးကို ခိုးခဲ့ကြောင်းလည်း ကြားခဲ့ရသည်။ ထောင်ကောရဲ့ အဖွဲ့က အရမ်းကို ရဲတင်းပြီး ရှာဖွေမှု အပြီးမှာတော့ သူတို့တွေရဲ့ အိမ်ထဲတွင် အဖိုးတန် ပစ္စည်းများစွာ ဖွက်ထားတာကိုလည်း တွေ့ခဲ့ရသည်။
ဝမ့်ရင်းက အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ “ဒါဆို ဒီဟာတွေက….”
ဒါတွေက ဖျက်စီးခံရတော့မှာ မဟုတ်ဘူးလား။
ဒါဆို ဝမ့်ယောင်ကျုံးနဲ့ တစ်ခြားသူတွေ ဖမ်းခံရတာ ကြောင့်ပဲ မဟုတ်လား။
အနည်းဆုံးတော့ ဝမ့်ယောင်ကျုံးနှင့် သူ့အဖွဲ့က အဲဲ့ဒါကို မဖျက်စီးခဲ့ကြပါ။ သူတို့က အဲဲ့ဒါတွေကို အနာဂတ်တွင် ချမ်းသာလာသည့်အခါ သုံးဖို့အတွက် သိမ်းထားခဲ့ကြခြင်း ဖြစ်သည်။
ရှုရွှမ်းက သူမရဲ့ ခေါင်းကိုကိုင်ပြီး ပြောခဲ့သည်။ “ကိုယ် ပေကျင်းက လူတစ်ယောက်ဆီကနေ ကြားခဲ့ရတာ ရှိတယ်။ သူတို့က ဒီပစ္စည်းတွေကို ပြန်ယူချင်တယ်လို့ ပြောကြတယ်။”