← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 10 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 10 Ch. 119-120

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၁၉

တကယ်တမ်းမှာတော့ ဝမ့်ရင်းကလည်း ဝမ့်လင်းလင်း လာလည်တဲ့ ကိစ္စကို အတော်လေး သိချင်နေခဲ့သည်။

ဝမ့်လင်းလင်းက အိမ်ကိုပြန်တောင်းဖို့ လာတယ်လို့တော့ သူမ မထင်ပါ။ သူမက ဒီတပ်မဟာထဲမှာ မနေဘဲ သူမရဲ့ အိမ်ထောင်စု စာရင်းကလည်း ပြောင်းလိုက်ပြီး ဖြစ်သည်။ သူမက ဒီနေရာမှာ နေချင်သော်လည်း သူမက လယ်ထဲမှာသာ အလုပ် မလုပ်ဘူးဆိုရင် ဘယ်လို စားလို့သောက်လို့ ရမှာလဲ။

ထို့အပြင် အိမ်ကို သူမအား ပေးဖို့အတွက် တပ်မှူးနှင့် ထျန်းယိုဖုတို့က သေချာ ဆုံးဖြတ်ထားခဲ့ကြသည်။ သို့သော် ဝမ့်လင်းလင်းက သူမ ပြန်လာတာနှင့် ထျန်းယိုဖုကို သွားရှာခဲ့သည်။ သူမက ဝမ့်ရင်းရဲ့ အရှေ့မှာတော့ ပြဿနာရှာမည့်ပုံ ပေါ်မနေခဲ့ပါ။

ဝမ့်ရင်းက အရင်ဆုံး အိမ်ကို သူမရဲ့ နေ့လည်စာ ထမင်းဗူးလေးကို ကိုင်ကာ ပြန်သွားခဲ့သည်။ သူမက အိမ်ကို ရောက်တဲ့အခါ တံခါးနားကနေ အမျိုးသမီးကြီး မစ္စရှုနှင့် မိန်းမတစ်စုက စောင့်နေတာကို တွေ့ခဲ့ရသည်။

ဝမ့်ရင်းက ပြုံးလိုက်မိသည်။ “အမေ၊ ဘာလုပ်နေတာလဲ။ တစ်ယောက်ယောက်က မသိဘူးဆိုရင် အမေတို့က ရန်ဖြစ်တော့မယ့် အတိုင်းပဲ။”

အမျိုးသမီးကြီး မစ္စရှုက ခွေးခြေခုံကို ယူလိုက်ပြီး ခြံဝန်းရဲ့ အဝင်ဝရှိ မြေလမ်းပေါ်မှာ ထားလိုက်သည်။ သူမက အဲ့နေရာတွင် ထိုင်ပြီး သူမက တော်ဝင် အမှုထမ်းလိုမျိုး ဖြစ်နေခဲ့သည်။

ဘေးနား ပတ်ပတ်လည်တွင် အမျိုးသမီးကြီး တစ်စုက ရှိနေခဲ့ပြီး အချင်းချင်း တီးတိုးပြောနေခဲ့ပြီး အချိန်တိုင်း သူတို့ရဲ့ ကျိန်ဆဲနေတဲ့ အသံကိုတောင် ကြားနိုင်သည်။

ဝမ့်ရင်းက မေးလိုက်တာနှင့် တစ်ပြိုင်နက် အမျိုးသမီးကြီး တစ်စုကလည်း စတင် ပြောခဲ့ကြသည်။

“မိန်းကလေးရင်း၊ မင်းရဲ့ အခန်းကို ပြန်ပြီး ထိုင်နေ။ အပြင်မှာ ဘာတွေပဲ ဖြစ်နေပါစေ၊ ထွက်မလာနဲ့”

“အဲဲဒါတော့ ဟုတ်တယ်။ သူက တစ်ခြား မြို့က ယောက်ျား တစ်ယောက်ကို လက်ထပ်ပြီး သူ့ရဲ့ အာဏာတွေ လာပြမှာကို ငါတို့ကို ခွင့်ပြုလို့ ရမလား။ ငါတို့တွေ သူ့ကို သေအောင် ဆူပစ်မယ်။”

“သူ့မိဘတွေကလည်း လူကောင်းတွေ မဟုတ်သလို သူကလည်း မကောင်းဘူးလေ။”

ဝမ့်ရင်းက အမျိုးသမီးကြီး မစ္စရှုကို အံ့ဩတကြီး ကြည့်လိုက်သည်။ အမျိုးသမီးကြီး မစ္စရှုရဲ့ မျက်နှာက တည်ကြည်သည်။

ဘေးမှာရှိတဲ့ အမျိုးသမီးတွေကတော့ ဒေါသအပြည့် ထွက်နေကြဆဲ ဖြစ်သည်။

“သူက ယောင်လည်လည်နဲ့ သူမျိုး ဖြစ်ပုံရတယ်။ သူက မိထွေးဖြစ်ပြီး တဇွတ်ထိုး လုပ်နေပြီး ပါးလည်း မပါးနပ်ဘူး။ ဒီလိုလူက ရှုမိသားစုရဲ့ အကြီးဆုံးသားကို တကယ်တမ်း သတင်းသွားပို့တဲ့သူ ဖြစ်နေလိမ့်မယ်ဆိုပြီး ဘယ်သူကများ တွေးမိကြမှာလဲ။”

ဝမ့်ရင်းက ချက်ချင်းပဲ အမျိုးသမီးကြီး မစ္စရှု ဒေါသထွက်နေတာကို နားလည်သွားခဲ့သည်။ ထို့အပြင် သူမက ရှုမင်းကို မုန်းတီးနေဆဲ ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဝမ့်ယုံရွှင်းနှင့် ဝမ့်ယောင်ကျုံးတို့ နှစ်ယောက်လုံးကို ထောင်ထဲသို့ ပို့လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးကြီး မစ္စရှုက ဝမ့်လင်းလင်းသည် ရှုရွှမ်းနှင့် လက်ထပ်ပွဲကို ရှောင်ဖို့အတွက် မနှစ်က ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ သတင်းပို့လိုက်ခြင်း ဖြစ်ကြောင်းကို သူတို့အား ပြောပြခဲ့သည်။

သူမ အရင်က ပြောခဲ့သလိုပဲ၊ ကျေးလက်ဒေသမှာ လူတွေက ပြစ်ချက် ငါးခုရှိတဲ့ ဒီလို မိသားစုတွေငို ရှောင်ချင်ကြပေမယ့်လည်း သူတို့က ဒီလို သတင်းပို့တဲ့ သူတို့လို လူတွေကို ပိုပြီးတော့တောင် စက်ဆုပ် ရွံရှာကြသည်။

သူမတို့ အဲ့အကြောင်း ပြောမယ်ဆိုရင် တောင်ရဲ့ အနောက်ဘက်မှာရှိတဲ့ ဘယ်မိသားစုကများ သစ်ဥ၊ သစ်ဖုတွေ ကောက်ဖို့အတွက် သွားကြလို့လဲ။ တောင်ပေါ်မှာ ဘယ်မိသားစုက အမဲမလိုက်ကြလို့လဲ။ သူတို့မှာ ဘာလှည့်ကွက်မှ မရှိပါဘူးလို့ ဘယ်သူကများ ပြောနိုင်မှာလဲ။

တကယ်တမ်းတော့၊ တောင်ပေါ်မှာရှိတဲ့ အရာရာတိုင်းက အများပိုင်အရာတွေ ဖြစ်သင့်တာ။ ပြီးတော့ အဲ့ဒါတွေကို ယူလာပြီး တပ်မဟာကို လက်လွှဲပေးရမှာ။

ဒါပေမယ့် ထျန်းယိုဖုကတော့ ဒီကိစ္စကို ဘေးဖယ်ဖို့ ကြိုးစားနေဆဲ ဖြစ်သည်။ အကြောင်းပြချက် တစ်ခုကတော့ သူသည် ဒီကိစ္စကို တကယ် မကိုင်တွယ်နိုင်ပါ။ တောင်ရဲ့ အနောက်ဘက်နှင့် ဆက်နေသော တပ်မဟာတွေ အများကြီးက အဲ့မှာ ရှိသည်။ အခြား တပ်မဟာတွေက သူတို့ရဲ့ စားဝတ်နေရေးအတွက် တောင်ပေါ်က အရာများကို မှီခိုနေကြရတာပင်။ တကယ်လို့ သူက အဖွဲ့သားတွေကို ထိန်းချုပ်ပြီး သူတို့ကို တောင်ပေါ် မသွားခိုင်းဘူးဆိုရင် အဲ့ဒါက သူ့ရဲ့ အဖွဲ့သားတွေကိုပဲ ဆုံးရှုံးရမှာ မဟုတ်ဘူးလား။

ဒုတိယတစ်ချက်က အခုချိန်မှာ လူတိုင်းက ခက်ခဲနေကြတာ။ ပြီးတော့ တင်းကြပ်တဲ့ တောင်းဆိုမှုတွေကို လုပ်ဖို့ကလည်း ခက်ခဲသည်။ အဲ့ဒါက လူတိုင်းကို အလွယ်တကူ ခံစားသွားရနိုင်ုည်။

ထျန်းယိုဖုက ဂရုမစိုက်သော်လည်း ဒီကိစ္စက တရားဝင်တယ်ဟု မဆိုလိုပါ။

တကယ်လို့ တစ်ယောက်ယောက်က ယုတ်မာပြီး အဲ့ကိစ္စကို သတင်းပို့လိုက်ပါက တပ်မဟာ တစ်ခုလုံးက ထိုအကျိုးဆက်ကို ခံစားရလိမ့်မည်။

ထိုအခြေမနေတွင် သတင်းပေးတဲ့သူက ဝမ့်လင်းလင်းဆိုတာကို လူတိုင်းက သိနေခဲ့ပြီး သူတို့ကလည်း သူမကို စိတ်ပျက်နေခဲ့ကြသည်။

'တကယ်လို့ သူမသာ လက်မထပ်ချင်ရင် လက်မထပ်ချင်ဘူးလို့ပဲ ပြောပေါ့။ ရှုမိသားစုရဲ့ လူငယ်လေးက မိန်းမရှာဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။'

အဖွဲ့ထဲကရော၊ တပ်မဟာထဲကရော မိန်းကလေးတွေ အများကြီးက သူမပြီးတော့ အပြေးအလွှား လိုက်နေခဲ့ကြတာ။ ရှုရွှမ်းက ကြည့်ကောင်းတဲ့အတွက် သူက ကံစမ်းပြီး မြို့မှ ကောင်မလေးတစ်ယောက်ကို ရှာဖို့အတွက် ကြိုးစားကြည့်ရင်တောင် ရနိုင်သည်။

သူမက ဒီမှာလာပြီး တစ်ခြားသူတွေကို အထင်သေးဖို့ လိုလို့လား။

တကယ်လို့ သူမက အဲ့ဒါကို မကြိုက်ဘူးဆိုရင် မကြိုက်ဘူးဘဲ ထားလိုက်ပေါ့။ ဒါပေမယ့် သူ့ အကိုကြီးကို သတင်းပေးစရာ ဘာအကြောင်း ရှိလို့လဲ။

အဲ့တော့ ကိစ္စတွေက သူမရဲ့နည်းအတိုင်း ဖြစ်မလာရင် သူမက သေအောင် ချချင်လို့လား။ ဒါက သူမလုပ်ရမယ့် အရာတွေ မဟုတ်ဘူး။

မိန်းမကြီးများက အမျိုးသမီးကြီး မစ္စရှုနှင့် ဆက်ဆံရေး ကောင်းကြပြီး သူတို့က ရှုမိသားစုရဲ့ ကလေးနှစ်ယောက် ကြီးပြင်းလာပုံကို စောင့်ကြည့်ခဲ့ကြသည်။

စကားနည်းသော ရှုရွှမ်းနှင့် မတူဘဲ ရှုမင်းသည် ငယ်ငယ်လေးကတည်းက အပြောချိုသည်။ သူက အရမ်းလည်း ဉာဏ်ကောင်းပြီး စာတော်သည်။ သူက အခြားမိသားစုရှိ ကလေးများလိုပဲ ဖြစ်သည်။ ထိုမိန်းမကြီးများထဲတွင် ဘယ်သူကများ အမျိုးသမီးကြီး မစ္စရှုရဲ့ သားသမီး မွေးနိုင်တဲ့ စွမ်းရည်ကို မနာလိုဘဲ ရှိကြမှာလဲ။

သူမမှာ သားနှစ်ယောက် ရှိသည်။ တစ်ယောက်က အရမ်း လုပ်နိုင်စွမ်းရှိပြီး မြင်တတ်ကာ နောက်တစ်ယောက်က အရမ်း လက်တွေ့ဆန်ပြီး လူတွေကို ဂရုလည်း စိုက်နိုင်သလို ပိုက်ဆံလည်း ရှာနိုင်သည်။

ရှုမင်းက ရိုးသားတဲ့သူတစ်ယောက် ဖြစ်သည်။ ကောင်စီမြို့မှာ နေတုန်းက တစ်ယောက်ယောက် တစ်ခုခု လိုအပ်သည့်အခါ သူက အဲ့ဒါကို ရဖို့ နည်းလမ်းတစ်ခု အမြဲတမ်း ရှာပေးတတ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကောလိပ် ဝင်ခွင့် စာမေးပွဲ မပယ်ချခံရခင်က သူ့ရဲ့ အားလပ်ရက်များတွင် သူက တပ်မဟာထဲရှိ ကလေးများကို စာသင်ပေးလေ့ ရှိသည်။

တော်လိုက်တဲ့ လူငယ်လေးပဲ။ သူက ကောလိပ်ကျောင်းမှာ သူ့ရဲ့ ဆရာနဲ့ လေကြောင်းနဲ့ ပတ်သက်တာကြီးကိုတွေ လေ့လာနေတာဆိုပြီး ကြားထားကြသည်။

အကျိုးဆက်အနေနဲ့ကတော့ သူ့ရဲ့ ညီငယ်ကို လက်ထပ်ဖို့ ဝမ့်လင်းလင်း ငြင်းတာကြောင့် သူက အလုပ်ပြုတ်သွားပြီး အနောက်မြောက်ပိုင်းကို ပို့ခံလိုက်ရသည်။

မိန်းမကြီးများက အမျိုးသမီးကြီး မစ္စရှုထက်တောင် ဒေါသထွက်နေခဲ့သည်။ သူတို့က ဒီလို လူတော်လေးကို အညွန့် ချိုးခံလိုက်ရသည့်အတွက် ဒေါသထွက်ကြခြင်း ဖြစ်သည်။ သူတို့က ရှုမင်း အနောက်မြောက်သို့ သွားရတာကို မြင်တဲ့အခါ ပိုပြီးတော့တောင် ဒေါသထွက်ကြရသည်။ အခုဆိုရင် သူတို့က ရှုမင်းအား သူတို့အတွက် တစ်ခုခု ဝယ်ခိုင်းဖို့ တောင်းဆိုလို့တောင် မရတော့ပါ။

ဝမ့်လင်းလင်းက မကောင်းတဲ့သူပဲ။

အမျိုးသမီးကြီး မစ္စရှုက ဝမ့်လင်းလင်းကို ဘယ်လောက်ထိ မုန်းလဲဆိုတာ ဝမ့်ရင်းက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ ပြီးတော့ ဝမ့်ရင်းက အမျိုးသမီးကြီး မစ္စရှုကိုလည်း မတားခဲ့ပါဘူး။

သူမရဲ့ အတွေးအရ ဝမ့်လင်းလင်းက သူမရဲ့ လုပ်ရပ်တွေကို ပြန်ပြီး ပေးကို ပေးဆပ်ရမည် ဖြစ်သည်။

ဝမ့်ယုံရွှင်းက သူမ မိသားစုရဲ့ ပိုက်ဆံနှင့် ပစ္စည်းများကို ယူသွားခဲ့သည်။ ထို့ကြောင့် သူက အဲ့ဒါကို ပြန်ပေးပြီး အပြစ်ပေးခံရမည် ဖြစ်သည်။ ဝမ့်ယောင်ကျုံးကတော့ ပစ္စည်းတွေ ခိုးခဲ့သည့်အတွက် သူက အရင်ဆုံး အဲ့ဒါအတွက် ပြန်ပေးပြီးနောက် ထောင်ထဲသို့ သွားရမည် ဖြစ်သည်။

'ဝမ့်လင်းလင်းက ဘယ်မှာလဲ။'

ဝမ့်လင်းလင်း ရှုမင်းကို သတင်း ပို့ပြီးကတည်းက သူမက ဒီလို အထင်အမြင် သေးခံရတာကို ခံကို ခံနိုင်မှ ဖြစ်သည်။

'နင်က သူများကို သတင်းပို့ပြီး ဒုက္ခရောက်အောင် လုပ်သွားတာ။ ဒါပေမယ့် အဲ့ဒါကို နင်က ဖုံးကွယ်ထားချင်တာလား။ ဒါက စိတ်ပျက်စရာကောင်းတဲ့ အတွေးပဲ။'

ဝမ့်ရင်းသည် သူမအိမ်က ဖရုံစေ့ အနည်းငယ်ကို လက်တစ်ဆုပ်စာ ယူလာခဲ့ပြီး သစ်သားဖြင့် ပြုလုပ်ထားသော ဗန်းထဲကို ထည့်ကာ အမျိုးသမီးကြီးများ စားဖို့အတွက် ယူသွားပေးခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းကို ခါးသီးသော ခံစားချက်မျိုးဖြင့် ကြည့်ခဲ့သည်။ သူမက ဝမ့်လင်းလင်းကို သူမကြောင်း ကောင်းကောင်းသိအောင် လှန့်တော့မည် ဖြစ်သည်။ ထို့အပြင် အနောက်မှာရှိတဲ့ အိမ်ကလည်း သူမ ချွေးမရဲ့ အပိုင်သာ ဖြစ်သည်။ ထိုအိမ်သည် ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမက ဝမ့်ရင်းကို အလျော်အနေဖြင့် ပေးထားခြင်း ဖြစ်သည်။ သူမက ထိုအိမ်ကို ဝမ့်လင်းလင်းအား မပေးနိုင်ပါ။

'ဝမ့်လင်းလင်း၊ နင် အိမ်ထဲဝင်ဖို့ တွေးတောင် မတွေးလိုက်နဲ့။'

'အခု သူမ ဖရုံစေ့ စားနေတဲ့အချိန်မှာ သူမရဲ့ နဂိုက သတ်ချင် ဖြတ်ချင်တဲ့ စိတ်တွေက ပျောက်သွားပြီ။'

ဝမ့်ရင်းက ပြုံးပြီး ပြောခဲ့သည်။ “ နှောင့်နှေးဖို့ မလိုပါဘူး။ စားပြီးတဲ့ အချိန်မှာပဲ ကျိန်ဆဲလို့ရတယ်”

'သူမ ဝမ့်လင်းလင်းနဲ့ ညှိတဲ့အချိန်ကျရင် ပိုပြီး လေးလေးနက်နက်ထားရမယ်။ သူမကို အများကြီး မျှော်လင့်ထားတယ်။'

ဝမ့်ရင်းသည် သူမရဲ့ ဝမ်းကွဲအစ်မက ပြန်ပြီး မွေးဖွားလာတယ်ဟု ခံစားရသော်လည်း အရမ်း ဉာဏ်ကောင်းတဲ့ပုံ မရပါ။

မိုးသီးကြွေကျခြင်းကြောင့် ဒီအချိန်မှာ မိသားစုတိုင်းက အခက်ကြုံနေကြရသည်။ ဖရုံစေ့တွေက စားလို့ရတဲ့ အစားအစာအဖြစ် သတ်မှတ်ထားသည့်အတွက် အမျိုးသမီးကြီးတွေရဲ့ မျက်လုံးက အရောင် တောက်လာခဲ့သည်။ သူတို့ တစ်ယောက်စီက နည်းနည်းစီ ယူပြီး စားခဲ့ကြသည်။ ထို့နောက် သူတို့ရဲ့ အိတ်ကပ်ထဲသို့လည်း မသိမသာ ထည့်သွားပြီး သူတို့ရဲ့ မြေးတွေ စမ်းပြီး စားကြည့်ဖို့အတွက် ယူသွားခဲ့ကြသည်။

ဝမ့်ရင်းက ဖရုံစေ့ကို စားနေရင်း ထိုင်စရာ ခုံလေးတစ်ခုံကို တွေ့ခဲ့သည်။

ထို့ကြောင့် ဝမ့်လင်းလင်းက သူမ အရင် နေခဲ့သော အိမ်တံခါးနားကို ရောက်တဲ့အခါ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။

မိန်းမကြီး တစ်စုက သူမရဲ့ တံခါးရှေ့မှာ ဖရုံစေ့ကို အေးအေးဆေးဆေး စားနေခဲ့ကြသည်။ ဖရုံခွံတွေကိုလည်း ကြမ်းပြင်ပေါ်မှာ မွစိကြဲထားကြသည်။

ဝမ့်လင်းလင်းသည် တစ်ဖက်က ကလေးကို ချီပြီး နောက်တစ်ဖက်က ကလေးကို ဆွဲကာ အဝတ်ထုပ်ကို ယူပြီး ပြန်လာတာကို မြင်သည့်အခါ လူတစ်စုက သူတို့ရဲ့ စိတ်ထဲတွင် “တံတွေး”ဖြင့် ထွေးနေခဲ့ကြသည်။

“ဟေ့၊ အဲ့ဒါက ဘယ်သူလဲ။ အဲ့ဒါက အရမ်း ဝေးလွန်းလို့ ငါတော့ သေချာ မမြင်ရဘူး။ အဲ့ဒါက ဝမ့်မိသားစုက ကောင်မလေး ဝမ့်လင်းလင်းမလား။ နင်က ဘာဖြစ်လို့ ဒီအချိန်မှ ပြန်လာရတာလဲ။”

“နင့်ရဲ့ မောင်လေးကို သွားတွေ့ဖို့ ပြန်လာတာလား။ ဒါမှမဟုတ် နင့်ရဲ့ အမေကို ဂရုစိုက်ပေးဖို့ ပြန်လာတာလား။”

“နင်ပြောလိုက်တာကိုလည်း ကြည့်ပါဦး။ လင်းလင်းက သူ့ကလေးတွေကို သူနဲ့ အတူတူ ခေါ်လာတာပဲ။ သူက အမျိုးတွေဆီ လာလည်ဖို့ ကလေးတွေကို ခေါ်လာတာပဲ ဖြစ်ရမယ်။”

မိန်းမကြီးတွေက ဟာသတွေ လုပ်နေခဲ့ပြီး သူတို့ရဲ့ စကားလုံးတွေက ထေ့ငေါ့နေခဲ့သည်။

ဝမ့်လင်းလင်း ခေါ်လာသော ကျောက်တုန်နှင့် ကျောက်ရှီတို့ နှစ်ယောက်လုံးက အကျင့် သိပ်မကောင်းကြပါ။ သူတို့သည် အခြေအနေက သိပ်ပြီး မူမမှန်တာကို သေသေချာချာ သတိထားမိနေကြပြီး စိတ်မရှည်စွာဖြင့် သူတို့ရဲ့ နှုတ်ခမ်းတွေကို ပြင်နေခဲ့ကြသည်။

ကျောက်တုန်က သူ့ရဲ့လက်ကို ပြန်ရုတ်လိုက်ပြီး ဝမ့်လင်းလင်းက သူ့အား ဆွဲခေါ်သွားတာကို မလိုချင်ဘဲ ထအော်ခဲ့သည်။ “ကျွန်တော် ဒီမှာ ထပ်ပြီး မနေနိုင်တော့ဘူး။ ကျွန်တော့ကို သကြားလုံးတွေ သွားဝယ်ပေး။”

သူတို့ကို လမ်းတစ်လျှောက် ခေါ်လာဖို့အတွက် ဝမ့်လင်းလင်းက သူတို့ ရောက်တဲ့အခါ သကြားလုံး ဝယ်ပေးမယ်ဟု ကတိပေးထားခဲ့သည်။

ကျောက်တုန် - “မိထွေး၊ ခဗျားရဲ့ အလုပ်တွေ ပြီးသွားပြီလား။ သွားကြမယ်လေ။”

ကျောက်ရှီကလည်း တတွတ်တွတ် ပြောနေခဲ့သည်။ “မိထွေး၊ သွားကြမယ်။”

မိန်းမကြီးတွေက ဝမ့်လင်းလင်းကို အနိုင်ကျင့်ဖို့ စောင့်နေခဲ့ကြသော်လည်း သူတို့က ကလေးနှစ်ယောက် ပြောတဲ့စကားကို ကြားတဲ့အခါ အားလုံးလည်း မျက်မှောင် ကြုတ်သွားခဲ့သည်။

သူတို့ ဝမ့်လင်းလင်းကို ကြည့်နေသော အကြည့်က အရူးတစ်ယောက်ကို ကြည့်နေတာနှင့် ဘာမှ မခြားနားတော့ပါ။

'စေ့စပ်ပွဲကို ဖျက်လိုက်ပြီး ပြသနာတွေ အများကြီး ရှာပြီးတော့ ထွက်သွားတာ ဒီမိန်းမ ဟုတ်တယ်မလား။ ပြီးတော့ သူက မိထွေးလို့ အခေါ်ခံနေရတာလား။'

ဝမ့်လင်းလင်းက အတော်လေး ရှက်သွားပြီး ကျောက်ရှီကို ချော့ပြောခဲ့သည်။ “ အမေတို့ မကြာခင် သွားကြတော့မှာပါ။ သမီး ခနလောက် စောင့်ပေးနော်။”

ကျောက်တုန်က ဒေါသထွက်ပြီး သူမရဲ့ လက်ကို ဖယ်ချကာ ထွက်ပြေးသွားခဲ့သည်။

ဝမ့်လင်းလင်း - “အဝေးကြီး မပြေးနဲ့နော်။ ဂရုစိုက်ပြီး သွားဦး။”

သူတို့ တပ်မဟာထဲရှိ အခြေအနေတွေက အဆင်ပြေသည်။ ထို့ကြောင့် ဝမ့်လင်းလင်းက ကလေးတွေ ပျောက်သွားမှာကို စိတ်မပူခဲ့ပါ။

ဝမ့်လင်းလင်းက ကျောက်ရှီကို ချီပြီးနောက် ဝမ့်ရင်းကို နားလည်ရခက်တဲ့ ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။

ဝမ့်လင်းလင်းသည် ဝမ့်ရင်းက သူမတို့ မိသားစုရဲ့ အိမ်ကို ယူသွားတာက တစ်ခုခု မှားနေတယ်လို့ တွေးနေမိတာမျိုး မဟုတ်ဘဲ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က လက်ထပ်ပြီးပြီကို တပ်မဟာမှူးထံမှ သိရှိခဲ့ပြီးဖြစ်ကာ သူမတို့ မိသားစုရှိ ပြဿနာများကိုလည်း သိရှိပြီး ဖြစ်သည်။

ဝမ့်ယောင်ကျုံးနှင့် ဝမ့်ယုံရွှင်းတို့ ထောင်ထဲသို့ ပို့ခံလိုက်ရတာကို ဝမ့်လင်းလင်းကတော့ မအံ့ဩပါ။ ထို့အပြင် ဝမ့်ယောင်ကျုံးသည် အရင်ကတည်းက အကျင့်မကောင်းပါ။ သူက ကောင်စီမြို့တွင် အလုပ်သမားအဖြစ် အလုပ် လုပ်သည်။ သို့သော် သူက ဘာအလုပ်ကိုမှ သေသေချာချာ မလုပ်ပါ။ သူက အမှားတစ်ခု လုပ်ပြီး အလုပ် ထုတ်ခံခဲ့ရသည်။ ထို့နောက် သူက လူဆိုးများနှင့် အပေါင်းအသင်း လုပ်ခဲ့ပြီး ဘဝကို ပျင်းရိစွာပဲ နေထိုင်ခဲ့သည်။

သို့သော် ဝမ့်လင်းလင်းသည် သူမ လက်ထပ်ပြီးနောက် ဝမ့်ရင်းက ရှုရွှမ်းကို တကယ်ပဲ လက်ထပ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။ ထို့အပြင် ရှုရွှမ်းက ဝမ့်ရင်းကို လက်ထပ်ပြီးတဲ့နောက်မှာ အလုပ်လည်း မပြုတ်သွားခဲ့ပါ။

သူမရဲ့ ဆန္ဒတွေက ပြည့်သွားခဲ့သော်လည်း သူမက အနည်းငယ် ဆုံးရှုံးသွားရတယ်ဟု ခံစားခဲ့ရကာ ဘာကြောင့်လဲဆိုတာတော့ သူမလည်း မသိပါ။

သူမက ရှုရွှမ်းနှင့် ဝမ့်ရင်းတို့ အတူတူ ရှိဖို့အတွက် ပေါက်စီကိုးလုံး စားဖို့ ဝမ့်ရင်းအတွက် မှာပေးခဲ့တဲ့ အကြောင်းရယ်၊ သူမက ရှုရွှမ်းကို လက်မထပ်ရဖို့အတွက် ထွက်ပြေးသွားပြီး ရှုမင်းကို ဘယ်လိုမျိုး သတင်းပို့ခဲ့လဲ ဆိုတာကိုရယ် တွေးနေခဲ့သည်။

ဝမ့်ရင်းက အလွတ်တမ်း ဆရာဝန်အဖြစ် အလုပ်လုပ်ကာ ပိုက်ဆံများစွာ ရှာနိုင်ပြီး သူမနှင့် မယှဥ်နိုင်သည့် လက်တွဲဖော် တစ်ယောက်ကို ရှာတွေ့ခဲ့တယ်ဟု အောင်သွယ်တော် အမျိုးသမီးကြီး တစ်ယောက်က ကားပေါ်မှာ ပြောသွားတာကို သူမ ကြားခဲ့ရသည်။

တကယ်လို့ ဝမ့်ရင်းသာ ရှုရွှမ်းနှင့် အတူတူ ရှိဖို့အတွက် ကံပါလာတယ်ဆိုရင် ဒီလို ကိစ္စလေးတွေ အားလုံးကို ရှုရွှမ်းက ရှင်းဖို့ ဘာများ လုပ်လို့ရမှာလဲ။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၂၀

တကယ်လို့ သူမသာ အစွန်းရောက်တဲ့ ပုံစံမျိုး မလုပ်ခဲ့ဘူးဆိုရင် သူမက ရှုရွှမ်းနဲ့ ဝမ့်ရင်းတို့ အတူတူရှိအောင် လုပ်နိုင်ပါဦးမလား။ ပြီးတော့ သူမက ကျောက်မိသားစုနဲ့ ဒီလိုမျိုးကြီး အဆုံးမသတ်ဘူးဆိုရင် အောင်အောင်မြင်မြင် မထွက်သွားခင် နှစ်ဝက်လောက် ဘယ်ဟာကများ သူ့ကို ခံစားရအောင် လုပ်ခဲ့တာလဲ။

သို့သော် ထိုမေးခွန်းအတွက် ဘာအဖြေမှ မရှိပါ။ ဝမ့်လင်းလင်းက သူမရဲ့ လင်ပါသမီးကို ဖက်လိုက်ပြီး သူမရဲ့ လင်ပါသားကို ကြည့်ကာ သူမက ကိုယ်ပိုင် လမ်းကြောင်းတစ်ခုအား ရွေးရတော့မှာကို ရင်ထဲကနေ သိနေခဲ့သည်။

ပြီးတော့….

ဝမ့်ရင်းက ရှုရွှမ်းနဲ့ လက်ထပ်လိုက်ရင်တောင် သူမက နောက်ပိုင်းကျရင် ခက်ခဲတဲ့ဘဝကို ရလာလိမ့်မည်။

ဝမ့်လင်းလင်းက တဖြည်းဖြည်းချင်း စိတ်ပိုင်းဖြတ်ခဲ့ပြီး နောက်ပိုင်းအထိ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ ကျောက်ကျွင်းက တပ်မဟာက ထွက်ပြီး နှစ်နှစ်အတွင်းမှာ အိမ်ပြန်လာခဲ့သည်။ ထို့အခါ သူမက ကျောက်ကျွင်းနှင့်အတူ ကိုယ်ပိုင် စီးပွားရေးလေးအချို့ လုပ်နိုင်မည် ဖြစ်သည်။

ဒီအရာက လွန်ခဲ့သော ဆယ်နှစ်ကတည်းက ရှိနေခဲ့တာ ဖြစ်သော်လည်း ဒီနှစ်မှာတော့ အဲ့ဒါက အနည်းငယ် လျော့ရဲလာခဲ့ပြီ ဖြစ်သည်။ သူတို့ လင်မယားမှာက ကလေးတစ်ယောက် ရှိနေပြီး တိုးတက်မှုတွေ လုပ်ဖို့ ရှိနေဆဲ ဖြစ်သည်။

သူက ချမ်းသာလာသည့်အခါ ဝမ့်ရင်းကတော့ ဒီလိုမျိုး ဆင်းရဲသည့် စားဖိုမှူး တစ်ယောက်နှင့် နေရဦးမည် ဖြစ်သည်။ ရှုရွှမ်းက ဘာကိစ္စနဲ့ အလုပ် ပြုတ်သွားရတာလဲ။ သူ့လို စားဖိုမှူး တစ်ယောက်က ဘယ်လောက်များ အရည်ချင်း ရှိနိုင်မှာမလို့လဲ။

ဝမ့်လင်းလင်းက ထိုအကြောင်းကို တွေးမိလိုက်သည့်အခါ အစတုန်းက သူမ ခံစားနေရသည့် ဆုံးရှုံးသွားရသည်ဟူသော ခံစားချက်က ပျောက်သွားခဲ့သည်။

သူမက မိန်းမကြီးများကို ကြည့်ပြီး ဝမ့်ရင်းဘက်ကို လှည့်ကာ အော်လိုက်သည်။ “ဟေ့။”

ဝမ့်ရင်းက ဖရုံစေ့ကို စားနေခဲ့သည်။ တစ်ခြားသူတွေရဲ့ ပုံစံတွေက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာကို သူမက တွေ့ခဲ့ရသည်။ အထူးသဖြင့် ဝမ့်လင်းလင်းရဲ့ မျက်နှာပေါ်တွင် အရာရာက ပေါ်နေခဲ့သည်။ သူမက ဘာစကားမှ မပြောတဲ့အခါ သူမရဲ့ စိတ်ထဲတွင် အတော်လေး ဗလောင်ဆူနေခဲ့သည်။

ဝမ့်ရင်းကို ဝမ့်လင်းလင်းက လှမ်းခေါ်ခဲ့သည်။ ဝမ့်လင်းလင်းက ဘယ်သူ့ကို ခေါ်နေလဲဆိုတာ သူမက သိသော်လည်း ဘာတစ်ခွန်းမှတော့ မပြောခဲ့ပါ။

'ဘယ်သူက နှုတ်ဆက်လို့လဲ။ နင်က မယဥ်ကျေးဘူးဆိုရင် သူ့ရဲ့ ပါးစပ်ငှားလို့ ရပါတယ်။ ကျေးဇူးပဲနော်။'

ဝမ့်လင်းလင်းသည် သူမကို နှိမ့်ချတယ်ဟု ခံစားခဲ့ရပြီး ဒါဟာ ဝမ့်ရင်း ပြန်လာတုန်းက သူမ ခံစားခဲ့ရသည့် ခံစားချက်နှင့် အတူတူပဲ ဖြစ်သည်။

သူမက အတော်လေး စိတ်ညစ်လွန်းလို့ ဒေါသတောင် ထွက်ချင်လာခဲ့သည်။

သို့သော် အမျိုးသမီးကြီး မစ္စရှုက သူမအား ထိုအခွင့်အရေးကို မပေးခဲ့ပါ။ သူမက အဲ့ဒါကို တောင့်ခံထားဖို့ ထပ်ခါ၊ ထပ်ခါ ကြိုးစားခဲ့သည်။ သို့သော် မနေနိုင်ဘဲ သူမကို စအော်ခဲ့သည်။

“နင်ဘာပြောနေတာလဲ။ နင့်မိဘတွေက နင့်ကို ဒီလိုပဲ မကောင်းသူတစ်ယောက် ဖြစ်လာဖို့ကို သင်ပေးခဲ့တာလား။ ပြီးတော့ နင်က နင့်နာမည်တောင် မပြောနိုင်ဘူးလား။”

“အစတုန်းက နင်ပဲ ရှုမင်းကို သတင်းပေးခဲ့တာ။ အဲ့ဒါကို အခု နင်က ငါ့ဆီကို လာရဲပြီး ငါ့ကို ခယနေတယ်။ ငါက နင့်ကို အရမ်းများ မျက်နှာသာ ပေးမိလို့လား။ ငါက စကားပြောဖို့ လွယ်မယ်လို့ နင်ထင်နေတာလား။”

“သတင်းပို့တယ်၊ သတင်းပို့တယ်လား။ မင်းက ယုတ်မာတဲ့သူပဲ။ နင့်မှာ ပါးစပ်ရှိပေမယ့် စကားတော့ မပြောနိုင်ဘူး၊ ဟုတ်တယ်မလား။ တကယ်လို့ နင်က ငါ့သားကို လက်မထပ်ချင်ရင် ဘာလို့ ငါ့ကို မပြောခဲ့တာလဲ။ ဘာလို့ ငါ့ကို သေလောက်အောင် ကြိုးစားခိုင်းခဲ့တာလဲ။ နင်က အရင်ဆုံး တစ်ခြားသူတွေကို ပုံစံပေးပြီး အဲ့လိုအရာတွေနဲ့ ပေးဆပ်ခိုင်းတာလား။ အဲ့ဒါမှပဲ နင်က ထူးခြားတဲ့ သူတစ်ယောက်အဖြစ်နဲ့ ပေါ်လာလို့ ရမှာတဲ့လား။”

“နင့်ဘာသာ ပြဿနာတွင်းထဲ ခုန်ဆင်းတာက နင့်အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခြားသူတွေကိုပါ ပြဿနာထဲ ပါစေချင်ရတာလဲ။”

အမျိုးသမီးကြီး မစ္စရှုက အကုန်လုံးကို ပေါက်ကွဲထုတ်လိုက်ပြီး ဝမ့်လင်းလင်းကို ကျေနပ်စွာ ပြောလွှတ်လိုက်သည်။

ဝမ့်လင်းလင်းက ခနလောက် မှင်သက်သွားခဲ့သည်။ သူမရဲ့ အတွေးထဲတွင် ရှုမင်းကို သတင်းပို့တာက အသေးအဖွဲ့ ကိစ္စတစ်ခုပဲဟု တွေးနေခဲ့ပြီး အဲ့ကိစ္စတွေ အားလုံးကိုလည်း သူမရဲ့ စိတ်ထဲတွင် မထားခဲ့ပါ။

ပြီးတော့ သူမက ဘာမှားလို့လဲ။

'ရှုမင်းက သေသွားသင့်တာ။ သူမက သူ့ကို ကျိန်ဆဲနေတာတော့ မဟုတ်ဘူး။ ရှုမင်းက လွန်ခဲ့တဲ့ နှစ်တွေထဲက သေဖို့ ကံပါလာတာ။ သူ့ကို အဲ့ကိစ္စ သတင်းပို့တော့ရော ဘာဖြစ်လဲ။ အဲ့ဒါကို အကောင်းဆုံး အသုံးချလိုက်ပေါ့။'

အစတုန်းက ဝမ့်လင်းလင်းက မှင်သက်နေခဲ့သည်။ ထို့နောက်မှာတော့ သူမ ဒေါသတွေ ထွက်သွားခဲ့သည်။

သူမရဲ့ အတိတ်ဘဝတွင် အမျိုးသမီးကြီး မစ္စရှုနှင့် သူမက ဆက်ဆံရေး မကောင်းပါ။ အမျိုးသမီးကြီး မစ္စရှုက သူမကို တင်ကျွေးထားခဲ့ရသည်။ အကြောင်းမှာ သူမက ရှုရွှမ်းရဲ့ အလုပ်ကို ဖျက်စီးမိသောကြောင့် ဖြစ်သည်။ သူမကို ထွက်သွားဖို့ရော ကွာရှင်းဖို့ရော မတောင်းဆိုခဲ့သော်လည်း နေ့တိုင်း သူမတို့ နှစ်ယောက်ကတော့ ဘယ်တုန်းကမှ အဆင်မပြေခဲ့ပါ။

ဝမ့်လင်းလင်းက အနိုင်ကျင့်ခံရတာကို သည်းခံနိုင်မည့် သူမျိုးတော့ မဟုတ်ပါ။ သူမက ပုံမှန်အတိုင်းပဲ အမျိုးသမီးကြီး မစ္စရှုကို လျစ်လျူရှုလိုက်ပြီး စားစရာရှိတာကို စားပြီး သေဖို့ကိုသာ တစ်ချိန်လုံး စောင့်နေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက သူမနှင့် ရှိနေရတာကို စိတ်ရှုပ်သော်လည်း သူမကိုတော့ ရက်စက်စွာ ဆက်ဆံတာမျိုး မရှိခဲ့ပါ။

နောက်ပိုင်းတွင် သူမက ရှုမင်း သေတဲ့ သတင်းကို ကြားတဲ့အခါ အမျိုးသမီးကြီး မစ္စရှုက တစ်နှစ်အတွင်းမှာပဲ အတော်လေး ဝမ်းနည်းကာ ဆုံးပါးသွားခဲ့သည်။

ဝမ့်လင်းလင်းသည် သူမ အတိတ်ဘဝရဲ့ ခံစားချက်များထဲတွင် နစ်မြှုတ်နေဆဲ ဖြစ်ကာ အဲ့ထဲကနေ မရုန်းထွက်နိုင်ခဲ့ပါ။ အမျိုးသမီးကြီး မစ္စရှုက ထိုအကြောင်းကို အော်ကြီးဟစ်ကျယ် စပြောခဲ့သည့်အခါ သူမက ချက်ချင်းပဲ ဒေါသထွက်လာခဲ့သည်။

“အဲဲဒါက ရှင်နဲ့ ဘာဆိုင်လို့လဲ။ ကျွန်မက ဝမ့်ရင်းကို ပြောနေတာလေ။”

“ပြီးတော့ ရှင့်ရဲ့သား စစ်ဆေးခံရတာကို သူ့ဘာသာ အာရုံမစိုက်တာကို ရှင်က ဘာလို့ သူ့ကို အပြစ်သွားမတင်တာလဲ။ ကျွန်မက အဲ့ကိစ္စကို သတင်းပို့ခဲ့ပေမယ့် သူ့မှာ ပြဿနာတွေ ရှိနေတယ်ဆိုတာ သူတို့က ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။"

ဝမ့်လင်းလင်းသည် သူမက မှားနေတယ်ဟု လုံးဝ မထင်ခဲ့ပါ။ သူမက ရှုမင်းကို သဘောမကျတာ ကြာလှနေပြီ ဖြစ်သည်။ သူမရဲ့ အရင်ဘဝမှာတုန်းက သူမသည် ရှုရွှမ်းကို လက်ထပ်တုန်းက ရှုမင်းသည် မင်္ဂလာပွဲကို လုံးဝ မလာခဲ့ပါ။ နောက်ပိုင်းတွင် သူက မြန်မြန် ပြန်လာတဲ့အခါ သူက သူမအား စည်သွပ်ဗူး အနည်းငယ်နှင့် ပိုးပဝါ တစ်ထည်ကို မင်္ဂလာလက်ဖွဲ့ဟု ပြောပြီးသာ ပေးခဲ့သည်။

စည်သွပ်ဗူးတွေပဲ။

ဝမ့်လင်းလင်းက ပဝါကို မြင်တဲ့အခါ စိတ်ရှုပ်သွားခဲ့ရသည်။ သူမက ရှုရွှမ်းကို စောဒက တက်ခဲ့ပြီး အမျိုးသမီးကြီး မစ္စရှုက ဘက်လိုက်တယ်ဟု ခံစားခဲ့ရသည်။

ရှုမင်းက ကျောင်းမှာ စာလေ့လာနေသည်။ ထို့ပြင် အခုဆိုရင် ဘွဲ့ရပြီးနောက်မှာတောင် သူက ကျောင်းမှာပဲ ရှိနေဆဲ ဖြစ်သည်။ သူက မိသားစုကို လတိုင်း ပိုက်ဆံပို့ပေးဖို့အတွက် ပြောခဲ့သည်။ ဘယ်လောက်တောင် အရှက်မရှိလိုက်တာလဲ။

အဲ့လို စာလေ့လာတဲ့သူတွေက အနိမ့်ဆုံး လူတန်းစားပဲဟု လူတွေက အမြဲတမ်း ပြောလေ့ရှိသည်။ ရှုမင်းက စာတွေ အများကြီး လေ့လာခဲ့သော်လည်း အသုံးမဝင် ဖြစ်နေဆဲ ဖြစ်သည်။ သူက ပိတ်ရက်တွေမှာတောင် ဘယ်တုန်းကမှ အိမ်ကို ပြန်မလာခဲ့ပါ။ သူ အိမ်ကို ပြန်လာတဲ့အခါမှာလည်း မိသားစုကို ခနသာ ကြည့်ပြီးနောက် ပြန်ထွက်သွားခဲ့သည်။ မိသားစုကို ထောက်ပံ့ပေးရမယ့် တာဝန်က အငယ်ဆုံးသား ရှုရွှမ်းအပေါ် ကျလာခဲ့သည်။ ရှုရွှမ်းရဲ့ လစာ တစ်ချို့ကို အကြီးဆုံးသားထံ ပေးဖို့အတွက် ခွဲပေးထားရသည်။

ဒါက ဘယ်လိုလုပ် အဓိပ္ပါယ် ရှိမှာလဲ။ ဝမ့်လင်းလင်းက ရှုရွှမ်းကို မိသားစုထဲကနေ ခွဲထွက်စေချင်တာ ကြာလှပြီလေ။ ဒါပေမယ့် ရှုရွှမ်းက ကျောက်ကျွင်းလိုမျိုး စည်းရုံးဖို့က လွယ်ကူမနေဘူး။ နောက်ဆုံးတော့ သူမကပဲ ဆန္ဒမရှိဖြစ်နေတာလေ။

ဝမ့်လင်းလင်းသည် ရှုမင်းက ရာထူးချခံရတာကို ကြားသည့်အခါ သူက လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ဘာလို့ ရာထူးချမခံရတာလဲဆိုတာကို အံ့ဩသွားခဲ့သည်။ သို့မှသာ သူက နေ့တိုင်း ပိုက်ဆံကို တောင်းနေတော့မည် မဟုတ်တော့ပါ။

ရှုမင်းက ရာထူးချခံရပြီးနောက် ရှုရွှမ်းက သတင်းတွေကို စုံစမ်းနေဆဲ ဖြစ်ကာ ရှုမင်းထံ တစ်ခုခု ပို့ပေးဖို့အတွက် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

သူက ပစ္စည်းတွေ အများကြီးကို ပို့ခဲ့သည်။ အဲ့ဒါကပဲ ဝမ့်လင်းလင်း၊ ရှုမင်းနှင့် သူ့အမေတို့ ကြားထဲမှာ ပြဿနာမျိုးစုံ ဖြစ်ခဲ့ရသည်။ သို့သော် ထိုလူတွေကလည်း တစ်နှစ်အတွင်းမှာပဲ ဆုံးသွားခဲ့ကြသည်။

ဝမ့်လင်းလင်းရဲ့ အတွေးများထဲတွင် အခုဆိုရင် ဘဝနှစ်ခုက ထပ်တူကျနေခဲ့သည်။ သူမက ရှုမင်းကို အတော်လေး မုန်းနေခဲ့ပြီး လုံးဝကို ကိုယ်ချင်းစာစိတ်မျိုး မခံစားခဲ့ရပါ။

“ကျွန်မ ပေးလိုက်တဲ့ သတင်းက မှန်လား၊ မမှန်ဘူးလားဆိုတာကိုပဲ ပြောစမ်းပါ။ နိုင်ငံခြားက စာအုပ်တွေဖတ်ဖို့ သူ့ကို ဘယ်သူကများ ပြောခဲ့လို့လဲ။ သူသာ စစ်ဆေးမခံရရင် မတရားဘူးလေ။”

သူမရဲ့ အတိတ်ဘဝတွင် ရှုမင်းသည် ကားမတော်တဆတစ်ခု ဖြစ်ပြီးနောက်မှာ စစ်ဆေးခံခဲ့ရသည်။ ထို့အပြင် တိုင်းတစ်ပါးမှ စာအုပ်တွေ ဖတ်တာက သူ့ရဲ့ အပြစ်မှု တစ်ခုလည်း ဖြစ်သည်။ ဝမ့်လင်းလင်းသည် သူ့ကို အရင်တစ်ခေါက်က သတင်းပို့ခဲ့ပြီး တစ်ခြား ကိစ္စများကိုတော့ မမှတ်မိသည့်အတွက် သူမက ပြဿနာတစ်ခုကိုသာ ရှာခဲ့သည်။

'ဝမ့်လင်းလင်းက မီးလောင်ရာ လေပင့်တဲ့နေရာမှာ ဆရာကြီးပဲလို့တော့ သူမ ပြောရတော့မယ်။'

'သူမက အမျိုးသမီးကြီး မစ္စရှု တကယ်ကို ဒေါသထွက်အောင် ချက်ချင်းပဲ ရေလောင်းခဲ့တာ။'

အမျိုးသမီးကြီး မစ္စရှုက ထိုင်တောင် မထိုင်နိုင်ဘဲ ထလာပြီး သူ့ကို ရိုက်ခဲ့သည်။

များစွာသော မိန်းမကြီးများက သူမတို့ကို တားဖို့အတွက် ရောက်လာကြသော်လည်း သူတို့ထဲက တစ်ယောက်သည် ဝမ့်လင်းလင်းရဲ့ လက်ထဲက ကလေးမလေးကို ခေါ်သွားပြီး ဘေးနားမှာ ထားခဲ့ကာ တစ်ခြားတစ်ဖက်က ဝမ့်လင်းလင်းကို တားနေခဲ့သည်။ လူတွေများစွာက သူမနားမှာ ဝိုင်းလာခဲ့ပြီး ပုံမှန်အတိုင်းပဲ သူမကို ခေါ်သွားဖို့ ကြိုးစားခဲ့သည်။ သို့သော် တကယ်တမ်းမှာတော့ သူတို့က ပြောစရာမရှိ ပြောစရာ ရှာနေကြခြင်း ဖြစ်သည်။

အမျိုးသမီးကြီး မစ္စရှုကို လွှတ်ထားလိုက်ပြီး ဝမ့်လင်းလင်းရဲ့ လက်နှစ်ဖက်ကို ချုပ်ကာ သူမကို ပါးရိုက်ခဲ့ကြသည်။

အမျိုးသမီးကြီး မစ္စရှုက မနာလိုတဲ့စိတ်ကို သူမရဲ့ ရင်ထဲတွင် သိုဝှက်ထားခဲ့ရပြီး ဝမ့်လင်းလင်းကို ထပ်ပြီး ရိုက်ခဲ့သည်။

“နင်ရူးနေလား။ နင်ရူးနေလားဟဲ့။”

အမျိုးသမီးကြီး မစ္စရှုက ဒေါသထွက်လွန်းလို့ ရူးတောင်သွားတော့မည် ဖြစ်သည်။ ဘေးနားရှိ အခြားမိန်းမတွေကလည်း သူမကို နားလည်နိုင်ကြသည်။

"တစ်ယောက်ယောက်က တိုင်းတစ်ပါးက စာအုပ်တွေ ဖတ်တော့ရော နင်နဲ့ဘာဆိုင်လဲ။ ရှုမင်းက သုတေသနတွေ လုပ်ဖို့အတွက် သူ့ဆရာ ပြောတဲ့အတိုင်း လိုက်နာနေတဲ့ ကောလိပ် ကျောင်းသား တစ်ယောက်ပဲလေ။ အဲ့တော့ သူ တိုင်းတစ်ပါးက စာအုပ်တွေကို ဖတ်တယ်ဆိုတာ ပုံမှန်ပဲလေ။ နင့်မှာကရော ဘာအမှားမှ မရှိလို့လား။ နင်က သတင်းပို့ဖို့ကို အာရုံစိုက်နေတာ။ ဒါပေမယ့် စုံစမ်းမှုတွေကို ဘယ်နှစ်ယောက်ကများ ထောက်ခံပေးလို့လဲ"

"ဝမ့်ယုံရွှင်းနဲ့ ဝမ့်ယောင်ကျုံးတို့ အကြောင်းကို မပြောပါနဲ့ဦး။ နင့်အဖေနဲ့ နင့်အစ်ကိုတို့ကရော အပြစ်မရှိကြလို့လား။ တစ်ယောက်ယောက်က နင့်အမေရဲ့ မိသားစုအကြောင်းကို ပြောမယ်ဆိုရင် နင်က နင့်ရဲ့ ကိစ္စတွေကိုရော ဖြတ်နိုင်လို့လား။"

အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ပါးတွေ နီရဲလာသည်အထိ ဝမ့်လင်းလင်းကို ဆက်တိုက် ပြောနေခဲ့သည်။ ဝမ့်လင်းလင်းက အနေထား တစ်ခုကို ရောက်သွားခဲ့ပြီး သူမရဲ့ မျက်လုံးတွေက နီရဲလာခဲ့ကာ အတော်လေး ဒေါသထွက်နေခဲ့သည်။

“ရှင်ကများ ကျွန်မကို ရိုက်ရဲတယ်ပေါ့။”

သူမရဲ့ အတိတ်ဘဝတွင် အမျိုးသမီးကြီး မစ္စရှုနှင့် ရှုရွှမ်းတို့က သူမကို လုံးဝ မထိခဲ့ကြပါ။ ထို့အပြင် အခုချိန်မှာ အမျိုးသမီးကြီး မစ္စရှုက သူမကို ရိုက်လိမ့်မည်ဟု ဝမ့်လင်းလင်းသည် ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။

“ငါ နင့်ကို ရိုက်တော့ရော ဘာဖြစ်လဲ။ နင်က ငါ့သားကို သတင်းပို့ခဲ့တာလေ။ အဲ့တော့ ငါက နင့်ကို မရိုက်သင့်ဘူးလား။ စောင့်နေစမ်းပါ။ နင်က ငါ့သားကို သတင်းပို့ခဲ့တယ်ဆိုတော့ နင်နဲ့ နင့်ယောက်ျားက ကြည့်နေ ကြည့်စားတာ ပိုကောင်းလိမ့်မယ်။”

အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ ဘဝကို စွန့်စားခဲ့သည်။ “စောင့်ကြည့်နေလိုက်။ နင် ဘာအမှားမှ မလုပ်တာ ပိုကောင်းမယ်။”

ဝမ့်လင်းလင်းရဲ့ နှလုံးခုန်နှုန်းက မြန်လာပြီး သူမက အားနည်းသွားသလို ခံစားခဲ့ရသည်။

ဝမ့်လင်းလင်းသည် သူမကိုယ်သူမ ဂရုမစိုက်နိုင်ရုံသာမက ကျောက်ကျွင်းနှင့် သူ့ရဲ့ ကလေးနှစ်ယောက်ကိုလည်း ဂရုမစိုက်နိုင်ခဲ့ပါ။

သူမသာ တစ်ခုခု ဖြစ်သွားခဲ့ရင် အမျိုးသမီးကြီး မစ္စကျောက်က သူမကို လုပ်ခဲ့သလို သူမ ဘာပြန်လုပ်သင့်လဲ။

သူမက အတင်းအကြပ် ပြောနေခဲ့သည်။ “ငါ နင့်ကို မပြောဘူး။ ငါ့မှာ ဝမ့်ရင်းနဲ့ လုပ်စရာ တစ်ခုခု ရှိနေတာ။”

'သူမ ဒီကို မလာခဲ့သင့်ဘူး။ သူမက ဝမ့်ရင်းကို ခေါ်ဖို့အတွက် ကလေးတစ်ယောက်လောက်ကို အကူအညီ တောင်းသင့်တာ။'

ဝမ့်လင်းလင်းက အနည်းငယ် စိတ်အနှောက်ယှက် ဖြစ်သွားခဲ့သည်။ သူမက အမျိုးသမီးကြီး မစ္စရှုထက် နိမ့်ကျသည်။ ထိုအမျိုးသမီးကြီးက အကျိုးအကြောင်း မဆီလျော်ဘဲ သူမရဲ့ ယောက္ခမလိုပဲ ဖြစ်သည်။

ဝမ့်ရင်းက ဘေးနားမှာ စောင့်နေခဲ့သည်။ သူမက ဝမ့်လင်းလင်းကို စိုက်ကြည့်နေရင်း သူမက အမျိုးသမီးကြီး မစ္စရှု အခွင့်မသာတာကို မြင်တဲ့အခါ ကူညီပေးဖို့ တွေးနေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက သူမကို ဒီလောက် မြန်မြန်နှင့် အားပါပါ ရိုက်လိမ့်မည်ဟု ဘယ်သူကများ သိနေခဲ့မှာလဲ။ ထို့အပြင် ဝမ့်လင်းလင်းကလည်း နောက်ဆုတ်တာ မြန်သွားခဲ့သည်။

ဝမ့်လင်းလင်းက ဒီနေရာမှာ ပြဿနာတွေ ပိုဆိုးသွားမှာကို စိုးရိမ်နေသည့်အတွက် သူမက ဝမ့်ရင်းကိုပဲ တိုက်ရိုက် ပေးခဲ့သည်။ “ကောင်းပြီ။ ငါတို့ အဖွဲ့ထဲက မကောင်းတဲ့ လူနှစ်ယောက်က ဘယ်မှာလဲ။ ငါက အဖွဲ့ခေါင်းဆောင်ကို မေးခဲ့တာ။ သူပြောတော့ နင်က သူတို့ရဲ့ တာဝန်ခံတဲ့။”

ဝမ့်လင်းလင်း - “ သူတို့နဲ့ တွေ့ဖို့အတွက် ငါ့ကို ခေါ်သွားပေး။”

ဝမ့်ရင်း - ???

အခုဆိုရင် ဝမ့်ရင်းက ဝမ့်လင်းလင်းကို တကယ် နားမလည်နိုင်တော့ပါ။ 'သူတို့ အားလုံးက သူမအမေရဲ့ အိမ်ကို သွားတဲ့ လမ်းမှာ။ အဲ့ဒါက သူမမိဘတွေကို ခုခံဖို့လည်း မဟုတ်သလို အိမ်ကိစ္စ စကားများဖို့လည်း မဟုတ်ဘူး။'

'ချမ့်ရှုဖန်းကိုပဲ လာရှာတာလား။'

အမျိုးသမီးကြီး မစ္စရှုက ချက်ချင်းပဲ သတိကပ်သွားခဲ့သည်။ “နင် ဘာလုပ်ချင်လို့လဲ”

အခုဆိုရင် ဝမ့်ရင်းက လယ်ထဲကို မသွားတာ လူတိုင်းက သိပြီးသား။ ပြီးတော့ သူမက ချမ့်ရှုဖန်းနဲ့ ချမ်ယုကို စောင့်ရှောက်ပေးလို့ လုပ်ခရမှတ်တွေကိုလည်း ရသည်။

အမြင်အာရုံ စူးရှတဲ့ လူအချို့က ဝမ့်ရင်းသည် ပျက်စီးနေတဲ့ နေရာမှာ နေထိုင်နေသော ထိုမကောင်းတဲ့ လူနှစ်ယောက်ကို တိတ်တဆိတ် စောင့်ရှောက်ပေးပြီး လူတွေနှင့် တွေ့ဖို့ အပြင် သိပ်မထွက်ကြတာကို သိလာခဲ့ကြသည်။

ဒါပေမယ့် အဲ့ဒါက ဘာဆိုင်လို့လဲ။ ဝမ့်ရင်းက အဲ့ဒါကို လုပ်ဖို့အတွက် ဆန္ဒရှိတာပဲလေ။ ပြီးတော့ သူမက သူမတို့တပ်မဟာရဲ့ ဆရာဝန်ပဲ။ ဘယ်သူကမှ ဝမ့်ရင်းကို မစော်ကားချင်ကြပေ။

အမျိုးသမီးကြီး မစ္စရှုက ချက်ချင်းပဲ စိုးရိမ်လာခဲ့ပြီး ဝမ့်လင်းလင်းက ဝမ့်ရင်းကို တိုက်ခိုက်ဖို့အတွက် ချမ့်ရှုဖန်းကို ပြဿနာများ သွားရှာမှာကိုလည်း လန့်နေခဲ့သည်။

ဝမ့်လင်းလင်းက အံကိုကြိတ်ထားရကာ အမျိုးသမီးကြီး မစ္စရှု ပေးထားသော ဒဏ်ရာတွေက နာကျင်နေဆဲ ဖြစ်သည်။

All Chapters