← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 11 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 11 Ch. 121-122

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၂၁

အခုဆိုရင် သူမက တစ်ခုခု မှားနေတာကို သိလာခဲ့သည်။ တကယ်လို့ သူမကို အဲ့လိုမျိုး သွားမေးခဲ့ပါက တစ်ခြားသူတွေသည် သူမက ရူးနေတယ်ဟု တကယ် တွေးကြလိမ့်မည် ဖြစ်သည်။

သို့သော် ဝမ့်လင်းလင်းက အရမ်း စိုးရိမ်နေခဲ့သည်။ သူမရဲ့ အဖေနှင့် မောင်လေးက အဖမ်းခံရပြီး အလုပ်သမား တန်းလျားသို့ ပို့ခံလိုက်ရတာကို သူမ ယောက်ျားရဲ့ မိသားစုထံမှ သိခဲ့ရခြင်း ဖြစ်သည်။ ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို သူမရဲ့ အတိတ်ဘဝတုန်းက ကိစ္စများကို သတိရသွားခဲ့သည်။

တစ်ခုကတော့ ချမ့်ယုနှင့် ချမ့်ရှုဖန်းတို့ကို သူတို့ရဲ့ တပ်မဟာထဲသို့ ပို့ခံလိုက်ရသည်။ သူမရဲ့ အတိတ်ဘဝတွင် ထိုလုပ်ခရမှတ်တွေ ရဖို့အတွက် လီချွမ်းကျင်က ချမ့်ရှုဖန်းကို စောင့်ရှောက်မယ့် တာဝန်အား ယူခဲ့သည်။

တကယ်တမ်းမှာတော့ ကျေးလက်ဒေသကို ပို့ခံလိုက်ရသော သူတို့လို လူတွေကို အရမ်းကြီး ဂရုစိုက်ပေးဖို့က မလိုအပ်ပါ။ လီချွမ်းကျင်က သူတို့ကို အချိန်တိုင်း ဂရုစိုက်နေခဲ့သည်။ သို့သော် လီချွမ်းကျင်က သူတို့ကို တမင်တကာ ပြင်းပြင်းထန်ထန် ဆက်ဆံခဲ့ခြင်း မဟုတ်ပါ။ သူမသည် ဘာကိုမှ ဂရုမစိုက်ဘဲ သူမရဲ့ အလုပ်ကိုသာ ပုံမှန်အတိုင်း လုပ်ခဲ့သည်။

ထို့နောက် နွေဦးစပြီး သိပ်မကြာခင်မှာပဲ ချမ့်ရှုဖန်းက ဖျားနာပြီး ဆုံးသွားခဲ့သည်။ သူမ မဆုံးခင်မှာ အစာ ပြတ်လပ်သွားခဲ့ရသည်။ ထို့ကြောင့် ချမ့်ယုက ငိုပြီး သူတို့ကို ကောင်းတဲ့ စားစရာ နှစ်နပ်ကို ပေးခဲ့သည့် ထျန်းယိုဖုကို တောင်းပန်ခဲ့သည်။ သို့သော် သူမကိုတော့ မကယ်တင်နိုင်ခဲ့ပါ။

ချမ့်ရှုဖန်း ဖျားနာပြီး သေဆုံးသွားသည့်နောက် ချမ့်ယုက မြို့ကို မပြန်ဘဲ ဒီမှာသာ တစ်ယောက်တည်း သည်းခံပြီး နေသွားခဲ့သည်။

ချမ့်ယုက တပ်မဟာထဲတွင် မြင်ရခဲသောသူမျိုး ဖြစ်သည်။ အဖွဲ့ခေါင်းဆောင် ထျန်းယိုဖုက သူမကို သနားပြီး စားစရာများကို တိတ်တဆိတ် ပေးခဲ့သည်။ ချမ့်ယုသည် တောင်ပေါ်ထွက် ပစ္စည်းများနှင့် အဖွဲ့ထဲကပေးသော စားစရာတွေကို မှီခိုပြီး အသက်ရှင်ခဲ့ရသည်။

ထို့နောက် နှစ်အနည်းငယ် ကြာပြီးနောက် ဝတ်ကောင်းစားလှရှိပြီး အတော်လေး ချမ်းသာပုံရတဲ့ အသက်လတ်ပိုင်းရှိသော ယောက်ျားတစ်ယောက်က ချမ့်ရှုဖန်းကို တွေ့ဖို့အတွက် ရောက်လာခဲ့သည်။

သို့သော် ချမ့်ရှုဖန်းက ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ထိုလူက ချမ့်ရှုဖန်း၏ အုတ်ဂူမှာ ဝမ်းနည်းစွာ ငိုချခဲ့သည်။ လီချွမ်းကျင်က သူမရဲ့ အခန်းထဲတွင် လန့်နေခဲ့သည်။ ထိုလူက သူမကို ချမ့်ရှုဖန်းသေသည့် ကိစ္စနှင့် ပတ်သက်ပြီး တာဝန်ယူခိုင်းမှာကို ကြောက်နေခဲ့သည်။

ကံကောင်းစွာဖြင့် ထိုလူက ဘာမှ သိပ်မပြောဘဲ သူက ချမ့်ယုကို ခေါ်သွားချင်ကြောင်းကိုသာ ပြောခဲ့သည်။

ချမ့်ယု ထွက်မသွားခင်မှာ အဖွဲ့ခေါင်းဆောင် ထျန်းယိုဖုက ရွှေလက်စွပ် တစ်ကွင်းကို ထုတ်လိုက်ပြီး ထိုလူထံ ပြန်ပေးခဲ့သည်။ ထိုလက်စွပ်ကို ချမ့်ရှုဖန်းက သူမ ဆုံးခါနီး အချိန်မှာ သူ့အား ပေးခဲ့ပြီး သူမက ချမ့်ယုကို စောင့်ရှောက်ပေးဖို့ မျှော်လင့်နေခဲ့သည်။

ထိုလူက လက်စွပ်ကိုကြည့်ပြီး အကြာကြီး တိတ်ဆိတ်နေခဲ့ကာ နောက်ဆုံးမှာတော့ လက်စွပ်ကို ထျန်းယိုဖုထံမှာပဲ ထားခဲ့သည်။

ဝမ့်လင်းလင်း ဒီအချိန် ပြန်လာရသည့် အကြောင်းမှာ ချမ့်ရှုဖန်းက ဒီအချိန် ဝန်းကျင်မှာ ဆုံးသွားခြင်းကြောင့် ဖြစ်သည်။

သူမက ရွှေလက်စွပ်ကို ဆွဲယူလိုက်ချင်ပြီး တစ်ချိန်ထဲမှာပဲ ချမ့်ရှုဖန်းမှာ အခြား အမွေတွေ ရှိသေးလားဆိုတာကို ရှာဖွေနေခဲ့သည်။

ထျန်းယိုဖုက ချမ့်ရှုဖန်းကို သိပ်ပြီး ဂရုမစိုက်ဘူးဟု ဝမ့်လင်းလင်းက တွေးခဲ့သည်။ 'သူမ မသေခင်မှာ စားစရာ နှစ်နပ်သာ ပေးခဲ့တာ မဟုတ်ဘူးလား။ သူမကလည်း အဲ့ဒါကို လုပ်နိုင်တယ်။'

သူမ ဒီတစ်ခေါက် လာဖို့ စီစဥ်ခဲ့သည်မှာ ချမ့်ရှုဖန်းရဲ့ ရွှေလက်စွပ်ကို ပေးဖို့အတွက် ချော့ပြောရန် ဖြစ်သည်။

ဝမ့်လင်းလင်းက စိတ်မသက်သာစွာဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ “အဲဲဒါက ဘယ်မှာလဲဆိုတာသာ ပြောစမ်းပါ။ ပြီးတော့ အဲ့ကို ငါ့ဘာသာ သွားနိုင်တယ်။”

ဝမ့်ရင်းသာ လိုက်မလာရင်တော့ အကောင်းဆုံးပဲ။ သူမက သေခြင်းနဲ့ ရှင်ခြင်းအကြားမှာ လွန်ဆွဲနေရတဲ့ ချမ့်ရှုဖန်းကို စိတ်သက်သာရာရအောင် လုပ်ပေးဖို့ပဲလေ။

ဝမ့်ရင်း - “ဝမ့်လင်းလင်း၊ နင်နေမကောင်းရင်လည်း ဆေးသွားကုလိုက်။”

'နင်က ဘာအသိဉာဏ်မှ မရှိဘဲနဲ့ ပြန်ပြီး မွေးဖွားလာတဲ့ပုံပဲ။ နင့်ရဲ့ အရင်ဘဝမှာ ဘာတွေလုပ်ပြီး နေခဲ့တာလဲ။'

ဝမ့်ရင်းက ဝမ့်လင်းလင်းကို ကြည့်နေရင်း သူမရဲ့ အသိတရားတွေကို ဒီထပ်ပိုပြီး မရိုမသေ လုပ်လာတော့မည်ဟု ရုတ်တရက် ခံစားခဲ့ရသည်။

“နင်ဘာတွေ လုပ်မလဲဆိုတာတော့ ငါလည်း မသိတော့ပါဘူး။ ဒါပေမယ့် ငါနဲ့တော့ ဝေးဝေးလေး နေပေးပါ။”

ဝမ့်ရင်းသည် ဒေါသတွေ ထွက်ပြီးနောက် အနည်းငယ် မူးဝေနေသော အမျိုးသမီးကြီး မစ္စရှုကို ကူညီကာ ပြန်ထိုင်ခဲ့သည်။

ဝမ့်ရင်းက သူမကို လှောင်ရယ်ပြီးနောက် ဝမ့်လင်းလင်းက စကားစကို ရပ်လိုက်သည်။ ထို့နောက် သူမသည် ဝမ့်ရင်းကို တစ်ခုခု ဖြစ်အောင် သွားလုပ်ဖို့ ကြိုးစားရင်တောင် ဘာမှ မထူးမှာကို သိနေခဲ့သည်။

“ဟမ်၊ နင် ငါ့ကို မပြောချင်ရင်လည်း မပြောနဲ့ပေါ့။ ငါက တစ်ယောက်ယောက်ကို သွားမေးလို့ မရဘူးလို့ နင် ထင်နေတာလား။”

ရိုက်ခံထားရသော ဒဏ်ကြောင့် မျက်နှာကြီး ရဲနေသော ဝမ့်လင်းလင်းက ကျောက်ရှီကို ချီ၍ ကျောက်တုန်ကို ခေါ်ကာ လမ်းလျှောက်ပြီး ထွက်သွားခဲ့သည်။ “ငါ တစ်ယောက်ယောက်ကို မေးလိုက်မယ်။”

သူမ ဒီကို ရောက်မလာခင် အရင်ဘဝတုန်းက ချမ့်ရှုဖန်း နေခဲ့သည့် စုတ်ပြတ်နေသော အိမ်ကို ရောက်ဖူးပြီး ဖြစ်သည်။ သို့သော် ဒီဘဝမှာတော့ ချမ့်ရှုဖန်းနှင့် သူမရဲ့ ယောက်ျားက အတူတူ အဲ့မှာ မနေဘူးဆိုတာ သိသာသည်။

ဝမ့်လင်းလင်းက လုံးဝ လက်မလျှော့ပါ။ သူမက ပိုက်ဆံလိုနေခဲ့သည့်အတွက် ချမ့်ရှုဖန်း၏ ရွှေလက်စွပ်က သူမအတွက်တော့ အတော်လေး အရေးကြီးသည်။

သူမသည် ထိုလက်စွပ်ကို သူမရဲ့ အကြံအတိုင်း ယူသွားဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့သည်။

မေးခွန်းထဲက အကြံဉာဏ်သည် ဝမ့်လင်းလင်း သူမရဲ့ အတိတ်ဘဝမှာတုန်းက မှတ်မိခဲ့သည့် ဒုတိယမြောက် အရာဖြစ်သည်။

ဒီနှစ် နွေဦးပိုင်းမှာ မိုးသီးတွေ ကြွေကျပြီး ဘေးနားရှိ တပ်မဟာများစွာကို ကြီးမားတဲ့ ပျက်စီးမှုတွေ ဖြစ်စေခဲ့သည်။ သူမရဲ့ အတိတ် ဘဝတွင် ခုနစ်ခုမြောက် တပ်မဟာက မြန်မြန်ပဲ နလန်ထူနိုင်ခဲ့သည်။ အစေ့ဆန် ထုတ်လုပ်မှုက အဲ့နှစ်တွင် အနည်းငယ် ကျဆင်းခဲ့သော်လည်း လူတွေ မငတ်ရအောင်တော့ လုပ်ပေးနိုင်ခဲ့သည်။

သို့သော် အခြား တပ်မဟာများစွာကတော့ အရမ်းကြီး ကံမကောင်းခဲ့ပါ။

အချို့ တပ်မဟာတွေက အချိန်မှီ ပြန်စိုက်ပျိုးဖို့ မအောင်မြင်ခဲ့ဘဲ ကောက်သိမ်းချိန်မှာ အဆင်မပြေခဲ့ပါ။ အချို့ တပ်မဟာတွေက အစောကြီး မျိုးစေ့ချခဲ့ပြီး နွေရာသီ တစ်ခုလုံး အစေ့တွေက သေကုန်ကြသည်။ တပ်မဟာထဲ အပင်တွေ ပြန်စိုက်ဖို့ မလုံလောက်ခဲ့ပါ။ ထို့ကြောင့် အစေ့အဆန်တွေရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ စိုက်ပျိုးနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် အစေ့အဆန်တွေ တစ်ဝက်က လျှော့သွားခဲ့သည်။ အချို့ တပ်မဟာထဲတွင် စားစရာ ဝေပေးတဲ့ စီစဥ်မှုတွေက အဆင်မပြေခဲ့ပါ။ ထို့အပြင် မြေပြင်တွေ အကုန်လုံးကလည်း အလကား ဖြစ်ခဲ့ရသည်။

ထိုအချက်တွေ အားလုံးကြောင့် ဒီနှစ် ဆောင်းဦးတွင် စားစရာ ပြတ်လပ်ခဲ့ရသည်။

ထိုပြတ်လပ်မှုက ကျေးလက်ဒေသတွက် အကန့်အသတ် မရှိပါ။ မြို့တွေမှာလိုပဲ စားစရာ ဝေပေးတဲ့ ဌာနတွေမှာ လူတန်းအရှည်ကြီးတွေ ဖြစ်နေခဲ့ရသည်။

ဝမ့်လင်းလင်းက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။ သူမက ဆန်စပါးတွေ ရောင်းဖို့အတွက် ဒီအခွင့်အရေးကို အရယူပြီး သူမကိုယ်သူမနှင့် ကျောက်ကျွင်းအတွက် အရင်ဆုံး ရွှေတွေ စုထားဖို့ စီစဥ်ထားခဲ့သည်။

သူမတွင် အကြံကောင်းတစ်ခု ရှိနေခဲ့သည်။ အငတ်ဘေးသည် တစ်လခွဲခန့် ကြာခဲ့သည်။ အခြားနေရာက ဆန်စပါးတွေ မရခင်အထိ ဖြစ်ပြီး ထို့နောက်မှာတော့ အခြေအနေတွေက တဖြည်းဖြည်း အဆင်ပြေလာခဲ့သည်။

သူမ ဒီတစ်ခေါက် လုပ်ချင်တာကတော့ သိုလှောင်ထားသော စားစရာများကို လဝက်လောက် ရောင်းချဖို့ ဖြစ်သည်။

အနည်းဆုံးတော့ အဲ့ဒါကို ခနခန ပွားလို့ရသည်။

အဲ့တော့ သူမ လိုအပ်တာက စားစရာနဲ့ ပိုက်ဆံပဲ။

တကယ်လို့ သူမမှာသာ ရွှေလက်စွပ် ရှိခဲ့ရင် သူမက အဲ့ဒါကို ပိုက်ဆံနဲ့ သွားလဲလို့ ရသည်။ သူမရဲ့ အတိတ်ဘဝမှာ အဲ့လက်စွပ်ကို မြင်ဖူးခဲ့သည်။ အဲ့မှာသာ ဘာမှ မထွင်းထားပါက ဒါဟာ အကြမ်းလုပ်ထားသော လက်စွပ်ဖြစ်ပြီး တစ်ဆယ်ဂရမ် ဒါမှမဟုတ် နှစ်ဆယ်ဂရမ်လောက် ရှိပုံရသည်။

သူမက အဲ့ဒါကို ပြန်ပြီး ပြင်ဆင်လိုက်ပါက ယွမ်နှစ်ရာနှင့် ရောင်းလို့ရသည်။ သူမက အဲ့ပိုက်ဆံတွေကို စားစရာတွေ ပြန်ဖြည့်ဖို့တွက် သုံးရန် စီစဥ်ထားခဲ့သည်။

ဝမ့်လင်းလင်းက သူမရဲ့ ကလေးနှစ်ယောက်ကို ဆွဲခေါ်သွားပြီး ချမ့်ရှုဖန်း ဘယ်နေရာမှာ နေလဲဆိုတာ လူတစ်ယောက်အား မေးခဲ့သည်။

ဝမ့်ရင်းကတော့ လိုက်မလာခဲ့ပါ။ ဝမ့်လင်းလင်းသည် သူမရဲ့ အတိတ်ဘဝက အတွေ့အကြုံတွေကို ဒီဘဝမှာ ပြန်ပြီး အသုံးချနေတယ်ဆိုသည့် အကြောင်းပြချက်မျိုး သူမမှာ ရှိနေခဲ့သည်။

ချမ့်ရှုဖန်းမှာ ဘာအခွင့်အရေးတွေ ရှိနေလို့ သူမက ဘာလိုချင်လဲဆိုတာ သူမလည်း မသိတော့ဘူး။

ဝမ့်လင်းလင်း ထွက်သွားတာနှင့် တစ်ပြိုင်နက် များစွာသော မိန်းမကြီးများက ချက်ချင်းပဲ စတင် ပြောဆို၊ ခန့်မှန်းခဲ့ကြသည်။

“သူမက အဲ့လူတွေနဲ့ ဘာလုပ်ချင်ပြန်တာလဲ။”

“ဒီလူ နှစ်ယောက်က မိန်းကလေးရင်းကို ပြဿနာရှာမှာကို ဒီတိုင်းပဲ ထားထားဖို့ စီစဥ်နေကြတာလား။”

“အဲ့လိုဖြစ်မယ့်ပုံစံမျိုးတော့ မထင်ပါဘူး။ ဝမ့်လင်းလင်းကို သရဲတွေ ဘာတွေများ ဝင်စီးနေတယ်လို့ နင်တို့ထင်ကြလား။”

“ဒါက ငါထင်နေတဲ့ အရာပဲ။ ဒီကလေး နှစ်ယောက်က သူနဲ့ မရင်းနှီးကြဘူး။ အဲ့တော့ သူ့ကို မိထွေးဖြစ်ဖို့ ဘာလို့ အတင်းတွေ လုပ်နေရတာလဲ”

“ပြီးတော့ သူဘာတွေ ဝတ်လာလဲဆိုတာရော နင်တွေ့လား။ သူ့ဘောင်းဘီတွေက အရမ်း ပွပြီး ပါးနေတာ။ သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”

“ဘယ်သူကများ သိမှာလဲ။ ရုတ်တရက် ဒီလူက စိတ်ပျက်ဖို့ ကောင်းလာတာကို။ သူလုပ်ခဲ့တဲ့ အရာတွေကိုလည်း ကြည့်ကြပါဦး။ ပုံမှန်လူသာဆို ဒီလိုမျိုးတွေ လုပ်မှာ မဟုတ်ဘူး”

ဝမ့်ရင်းက ဘာမှမပြောဘဲ ပြုံးလိုက်သည်။ သူမတို့တွေ ပြန်မွေးလာကို ထည့်တွေးကြည့်ရင် ဝမ့်လင်းလင်းက ဘာတွေ လုပ်ခဲ့လို့ ဒီလောက် ရက်စက်နေရတာလဲ။

ဘယ်လို ပုံမှန်လူကမှ သူမကို နားလည်နိုင်မှာ မဟုတ်ဘူး။

သူမတို့တွေ စကားပြောနေချိန် ဝူကွေ့ဟွာက ရောက်လာခဲ့သည်။

ဝူကွေ့ဟွာက ဝမ့်ရင်းအား နားလည်ရခက်စွာ မေးလိုက်သည်။ “ဝမ့်လင်းလင်း ဘာလို့ ပြန်လာလဲဆိုတာ နင်ရော သိလား။”

ဝူကွေ့ဟွာ - “သူက တပ်မဟာရုံးကို လာတာပါ။ ပြီးတော့ သူက ဘာစကား တစ်ခွန်းမှ မပြောဘဲ ခေါင်းဆောင်ဆီကနေ စားစရာတွေ တောင်းနေတာ။”

ဝမ့်ရင်းက တွေဝေသွားခဲ့သည်။ “ဘာစားစရာတွေလဲ။”

ဝမ့်လင်းလင်းကို ထောက်ပံ့ထားတဲ့ စားစရာတွေက သူမယောက်ျားရဲ့ မိသားစုဆီ ပို့လိုက်ပြီးပြီပဲ မဟုတ်ဘူးလား။

ဝူကွေ့ဟွာက သူမတွေ့ခဲ့သည့် အရာကို တစ်ချက် ပြန်တွေးနေခဲ့သည်။ “သူက ဝမ့်ယုံရွှင်းနဲ့ ဝမ့်ယောင်ကျုံးတို့ အကြောင်းကို ပြောနေကြတာ။ သူတို့ နှစ်ယောက်လုံးက ဒီနှစ် အလုပ်လုပ်ကြတယ်။ အဲ့တော့ သူတို့ရဲ့ လုပ်ခ ရမှတ်တွေကို ပေးရမယ်။”

ဝမ့်ရင်း - “ဒါပေမယ့် ငါတို့တွေ တကယ် လက်ထပ်ချင်ရင် လီချွမ်းကျင်က လာပြီး အဲ့ကိစ္စကို မေးရမယ်၊ ဟုတ်တယ်မလား။”

ဝူကွေ့ဟွာက အတင်းတုတ်နေပုံရသည်။ “ဟဟ၊ လီချွမ်းကျင်က သေချာပေါက် မလာနိုင်ဘူး။”

ဝမ့်ရင်းက ဖရုံသေ့ လက်တစ်ဆုပ်စာကို ယူလိုက်ပြီး ဝူကွေ့ဟွာ စားဖို့အတွက် ပေးကာ မေးခဲ့သည်။ “ကျွန်မကို အဲ့အကြောင်းလေး ပြောပြပါဦး။”

ဝူကွေ့ဟွာက ပြောဖို့အတွက် စိတ်လှုပ်ရှားနေခဲ့သည်။ “ငါတို့ မိသားစုရဲ့ ဘေးမှာက လီချွမ်းကျင်တို့ မိသားစုလေ။ လွန်ခဲ့တဲ့ ရက်တုန်းက ဝမ့်မိသားစုထဲမှာ တစ်ခုခု ဖြစ်သွားတဲ့ အချိန်တုန်းက အဲ့သတင်းတွေက ငါတို့ရဲ့ မိသားစုဆီ ရောက်လာသေးသည်။ ငါ့ကို မကြည့်နဲ့။ အဲ့သတင်းတွေကို ဖြန့်တဲ့သူက ငါမဟုတ်ဘူး။ အဲ့ဒါက အဓိကပဲ။ ဘာလို့လဲ ဆိုတော့ ဒီကိစ္စက ဝမ့်ယောင်ကျုံးနဲ့ ဝမ့်ယုံရွှင်းတို့ အရမ်း စိတ်လှုပ်ရှားလွန်းလို့ ဖြစ်တာလေ။ ဘေးနားမှာရှိတဲ့ တပ်မဟာတွေ အများကြီးက အဲ့အကြောင်းကို သိကြတယ်။ အဖွဲ့တွေကလည်း အဲ့ဒါကို သိတယ်။”

“ပြီးတော့ တစ်ရက် ငါ့မိသားစုဆီ ငါ ပြန်သွားတော့ လီချွမ်းကျင်ရဲ့ မိဘတွေက ဆုံးဖြတ်ချက် တစ်ခုချပြီး လီချွမ်းကျင်ကို ပြန်သွားဖို့ ပြောခဲ့တယ်ဆိုပြီး ငါ့အမေက ငါ့ကို ပြောပြတယ်။ ပြီးတော့ ဝမ့်ယောင်ကျုံးနဲ့ ဝမ့်ယုံရွှင်းတို့က ထောင်ထဲ ရောက်သွားပြီလို့ ပြောသေးတယ်။ အဲ့တော့ လီချွမ်းကျင်ကို သူ့မိဘတွေရဲ့ အိမ်ကို ပြန်သွားပြီး နောက်ထပ် ယောက်ျားတစ်ယောက် ရှာလိုက်တာကပဲ သူ့အတွက် ပိုကောင်းလိမ့်မယ်။”

လီချွမ်းကျင်က ဝူကွေ့ဟွာကို သေလောက်အောင် စိတ်အနှောက်ယှက် ပေးခဲ့သော်လည်း သူမက အဲ့အကြောင်းကို ပြောတဲ့အခါ ဝမ်းနည်းနေခဲ့သည်။

“သူ့အမေက ငိုပြီး တောင်းပန်နေခဲ့တာ။ သူက လီချွမ်းကျင်အကြောင်း တွေးနေတယ်ဆိုပြီး ပြောနေသေးတယ်။ ဒါပေမယ့် တကယ်တော့ သူက လီချွမ်းကျင်ကို ထပ်ပြီး အိမ်ထောင် ပြုစေချင်နေတာ။ ပြီးတော့ သူက အဲ့ကနေ တင်တောင်းငွေကို ထပ်လိုချင်နေတာလေ။”

လီချွမ်းကျင်က အသက်ကြီးသော်လည်း ကျေးလက်ဒေသထဲတွင် များစွာသော မုဆိုးမများနှင့် အပျိုကြီးများစွာ ရှိသည်။

လီချွမ်းကျင်က ကလေးများရှိသော မုဆိုးဖို တစ်ယောက်အား လက်ထပ်ခဲ့သည်။ သူမက တင်တောင်းငွေ အများကြီး မရခဲ့သော်လည်း အနည်းငယ်တော့ ရနိုင်ခဲ့သည်။

“သူ့အမေက လီချွမ်းကျင်ကို ဘယ်လိုမျိုး ဆွဲဆောင်လိုက်လဲတော့ ငါမသိဘူး။ ဒါပေမယ့် သူ့ကိုတော့ စည်းရုံးနိုင်ခဲ့တယ်။ အခုဆိုရင် သူက မိဘအိမ်ကို ပြန်ပြေးလာကတည်းက စပြီး ချိန်းတွေ့နေပြီ။ ငါ့အထင် သူတို့တွေ မကြာခင် လက်ထပ်ကြတော့မှာ။”

ဝူကွေ့ဟွာက သူမရဲ့ နှုတ်ခမ်းကို သပ်ပြီး ပြောခဲ့သည်။ “ငါ့အထင်တော့ လီချွမ်းကျင်က စားဖို့သောက်ဖို့ကို ထပ်ပြီး မပူပန်ချင်တော့လို့ ဖြစ်မယ်။ သူမက အဲ့ဒါကို ဂရုမစိုက်နိုင်ဘူး။”

ဝူကွေ့ဟွာ စကားပြောလို့ ပြီးတဲ့နောက်မှာ သူမက ဝမ့်လင်းလင်းရဲ့ အကြောင်းကို ပြန်ပြောခဲ့သည်။ “အဲဲဒါကြောင့် လီချွမ်းကျင်က စားစရာအတွက် လာမတောင်းဘူးဆိုရင် နွေဦး စားစရာတွေ ဖြန့်ဝေတဲ့အခါ ဝမ့်ယုံရွှင်းတို့ မိသားစုရဲ့ စားစရာတွေ အကုန်လုံးကို ဝမ့်လင်းလင်းက လာပြီး ယူသွားနိုင်တယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောတယ်။”

တကယ်လို့ သူမက အဲ့ဒါတွေကို ဝမ့်လင်းလင်းဆီ မပေးဘူးဆိုရင် ဘယ်သူကမှ ဘာမှ မလုပ်နိုင်ဘူး။ တစ်မိသားစုလုံးက ပြိုကွဲနေတာ။

ဝမ့်ရင်း - “ဘာလို့ ဝမ့်လင်းလင်းက စားစရာကို အဲ့လောက်ကြီး စွဲလမ်းနေရတာလဲ။ ဒီတစ်ခေါက် သူပြန်လာတဲ့အချိန် တံခါးကိုတောင် မကြည့်ဘူး။ သူက ဝမ့်ယုံရွှင်းရဲ့ အကြောင်းကိုတောင် လုံးဝ စိတ်ဝင်စားတဲ့ပုံ မရဘူး။”

ကံကောင်းစွာဖြင့် ဝမ့်ရင်းက ဝမ့်လင်းလင်းနှင့် ရန်ဖြစ်ဖို့ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ နောက်ဆုံးတော့ တစ်ဖက်လူက စိတ်ထဲတွင် ကိစ္စနှစ်ခုကို တွေးပြီး ပြန်ရောက်လာခဲ့သည်။ တစ်ခုကတော့ စားစရာအတွက် မေးဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ ချမ့်ရှုဖန်းကို ရှာဖို့အတွက် ဖြစ်သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၂၂

ဝူကွေ့ဟွာက အလေးမထားဘဲ နေခဲ့သည်။ “ဒီလူက ဘာတွေးနေလဲဆိုတာကို ဘယ်သူက သိမှာလဲ။ နင် အဲ့ဒါကို မမြင်ဘူးလား။ အခုပဲ တပ်မဟာရုံးမှာ သူခေါ်လာတဲ့ ကောင်လေးက ရုံးရဲ့ ပြတင်းပေါက်မှာ ရှိတဲ့ ဆေးလုံးတွေကို ထိချင်နေတာ။ ငါက သူ့ကို အဲ့ဒါတွေ မထိဖို့ ပြောသေးတယ်။ ငါ အဲ့လိုပြောတော့ ဝမ့်လင်းလင်းက ငါ့ကို ဝါးစားတော့မလို ကြည့်နေတာ။ ကလေးက ဒါတွေကို ထိတော့ ဘာဖြစ်လဲဆိုပြီး သူကတောင် ငါကို ပြန်ပြောသေးတာ။ ပြီးတော့ ငါ့မှာ အကြင်နာတရား မရှိဘူးတဲ့။ သူ့ရဲ့ အဖွားကို ချစ်တဲ့အချစ်မျိုးတဲ့။ ငါသာ သူ့ကို မတားရင် အဲ့ကောင်စုတ်လေးက ဆေးတွေကို မျိုချတော့မှာ။”

ဝူကွေ့ဟွာ - “သူ ဘာတွေ တွေးနေလဲဆိုတာ ငါလည်း တကယ်ကို မသိတော့ဘူး။ သူက မိထွေးတစ်ယောက်လို အရူးမျိုးပဲ။ သူ့ရဲ့ ကလေးနှစ်ယောက်ကို ဘေးနားကနေ အမိန့်တွေ ပေးနေပြီး အမေလို့တောင် ဟိုက မခေါ်ခဲ့ဘူး။ သူ့ကို မိထွေးလို့ပဲ ခေါ်နေကြတာ။ သူ ဘာကို လိုချင်တယ်လို့ နင်ထင်လဲ။”

ဝမ့်လင်းလင်းအကြောင်း ပြောတဲ့ ခေါင်းစဥ်တွေ အားလုံးက အဆုံးသတ်မှာတော့ တစ်ခုတည်းသာ ဖြစ်သွားခဲ့သည်။ “သူမက ဘာကို လိုချင်တာလဲ။”

ဝမ့်ရင်းက အဲ့ဒါကို မဖြေနိုင်ခဲ့ပါ။ ထို့ကြောင့် ဘယ်သူကများ ဝမ့်လင်းလင်းရဲ့ အတွေးတွေကို နားလည်နိုင်မှာလဲ။

သူ့ကြည့်ရတာ အရင်ဘဝတုန်းက သာယာတဲ့ ဘဝမျိုးမှာ မနေခဲ့ရတဲ့ပုံပဲ။ အဲ့ဒါကြောင့် သူက သူ့ရဲ့ ဘဝအသစ်မှာ ကံကြမ္မာကို ပြောင်းလဲဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတာ။

'အဓိက အချက်ကတော့ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ တစ်ခုတည်းသော အရာက တကယ်ကို မဖြစ်နိုင်တဲ့ ယောက်ျားချင်း လဲဖို့ပဲ။'

“ဘယ်သူကများ သိနိုင်မှာလဲ။ သူက ကလေးတွေလိုပဲဖြစ်မယ်။”

ဝူကွေ့ဟွာက သူမရဲ့ နှုတ်ခမ်းတွေကို သပ်ပြီး ပြောခဲ့သည်။ “ဘာလို့နင်က နင့်ရဲ့ သားသမီးအရင်းတွေ ရှိရမှာလဲ။ ဘာလို့ နင်က တစ်ခြားသူရဲ့ ကလေးတွေကို ဂရုစိုက်ရမှာလဲ။ ပြီးတော့ နင်က သူတို့ကို ခယပြီး မွေးနေရတာ။ ဒီကလေးနှစ်ယောက်ရဲ့ အရှေ့မှာဆို နင်က သူတို့ရဲ့ အမေအရင်းထက်တောင် ပိုပြီး ကာကွယ်ပေးနေသေးတယ်။ သူတို့က နင့်ကို မိထွေးလို့ ခေါ်နေတုန်းပဲဆိုတာက သနားစရာပဲ။”

နောက်ဆုံးမှာတော့ မိထွေးဖြစ်သူ ဝမ့်လင်းလင်းက ချမ့်ရှုဖန်းနှင့် ချမ့်ယုတို့ နေထိုင်သော နေရာကို ရှာတွေ့ခဲ့သည်။

သူမက သေခါနီးဆဲဆဲ ဖြစ်နေသော ချမ့်ရှုဖန်းကို ဂရုစိုက်ဖို့အတွက် သူမရဲ့ ကလေး နှစ်ယောက်ကို ခေါ်လာခဲ့သည်။

မထွက်သွားခင်မှာပဲ ဝမ့်လင်းလင်းက ကျောက်တုန်နှင့် ကျောက်ရှီကို အတူတူ ခေါ်သွားပြီး ကြင်နာစွာ ပြောလိုက်သည်။ “အမေ ခနလောက် လုပ်စရာလေး ရှိနေလို့။ အဲ့ဒါကြောင့် အမေ့ကို မနှောက်ယှက်နဲ့နော်။ ဟုတ်ပြီလား။ အမေ့ရဲ့ အလုပ်တွေ ပြီးသွားရင် အမေ မင်းတို့အတွက် သကြားလုံးတွေ ကားသေးသေးလေးတွေကို ဝယ်ပေးမယ်။ အဲ့ဒါကို ဆွဲပြီး လိုက်မောင်းနေလို့ ရတယ်။”

ကျောက်တုန်က ကို့ရို့ကားရား ဖြစ်နေခဲ့သည်။ အခုဆိုရင် သူက ဝမ့်လင်းလင်းသည် သူ့အပေါ် ကောင်းတာကို သိနေခဲ့သော်လည်း ကလေးရဲ့ ပင်ကိုယ်စိတ်အရ ဝမ့်လင်းလင်းကို မြင်တဲ့အခါ သူ့ကို စိတ်တိုစေခဲ့သည်။

ကျောက်တုန်က အနည်းငယ် အသက် ကြီးလာသော်လည်း သူ့ကို ဝမ့်လင်းလင်း ကြည့်နေတဲ့ပုံက “ဒင်္ဂါးပြား တစ်ပြားကို ကြည့်နေသလို” နောက်ပိုင်း မျိုးဆက်များက ဖော်ပြသည့်အလား ဖြစ်နေခဲ့သည်။

သူတို့ကို တစ်ယောက်ယောက်က အဲ့လိုမျိုးသာ ကြည့်နေမယ်ဆိုရင် စိတ်မသက်မသာ ခံစားရမှာပဲ။

ကျောက်တုန်က စူပုတ်စွာ ပြောခဲ့သည်။ “ဟုတ်ပြီ၊ မြန်မြန်လုပ်။”

အစတုန်းက သူသည် မလာချင်သော်လည်း ဝမ့်လင်းလင်းက သူမရဲ့ မိသားစုကို ခွဲလာပြီး အဲ့ဒီ့မှာ သူမရဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ ဘယ်သူမှ မရှိသည့်အတွက် သူမက ကလေး နှစ်ယောက်ကို သူမနှင့်အတူ ခေါ်လာခဲ့သည်။

ထိုအချိန်အတွင်းမှာ ဝမ့်လင်းလင်းက မိသားစုနှင့် ခွဲသွားတုန်းကထက် ပိုပြီးတောင် ပိန်လာခဲ့ပြီး သူမက ထိုဒဏ်တွေကို နေ့ရော၊ ညပါ သည်းခံခဲ့ရသည်။

နေ့ပိုင်းမှာဆို သူမက လုပ်ခရမှတ်တွေ ရဖို့ လယ်ထဲမှာ အလုပ်လုပ်ရသည်။ အဲ့အချိန်မှာပဲ သူမက အဝတ်လျှော်ရသည်။ ကလေး နှစ်ယောက်အတွက် ချက်ပြုတ်ရသည်။ ပြီးရင် သူတို့တွေ အဝေးကြီးကို မပြေးသွားအောင် ကြည့်နေရသည်။ ညဘက်မှာဆို သူတို့တွေ အိပ်ရာထဲမှာ သေးပေါက်ချလားဆိုတာကိုလည်း မျက်စိဒေါက်ထောက် ကြည့်နေရသည်။ သူတို့က အိပ်ရာထဲမှာ သေးပေါက်ချခဲ့ရင် ငါက စောင်တွေကို နေပြပေးရသည်။

အချိန်တိုလေးအတွင်းမှာ ဝမ့်လင်းလင်းက အိမ်အလုပ်တွေ အားလုံးကို လုပ်နိုင်လာခဲ့ပြီး ဒါဟာ သူမဘဝရဲ့ တစ်ဝက်လောက်မှာ ရှားရှားပါးပါး လုပ်ခဲ့ခြင်း ဖြစ်သည်။

အခုဆိုရင် ဝမ့်လင်းလင်းက ဘာလို့ ပိုက်ဆံကို အသည်းအသန် ရှာနေရတာလဲဆိုသည့် အကြောင်းပြချက်လည်း ဖြစ်သည်။

လတိုင်း ကျောက်ကျွင်းပေးသည့် ဆယ့်ငါးယွမ်က ကလေးနှစ်ယောက်ကို ထောက်ပံ့ပေးဖို့သာ လုံလောက်သည်။ သူတို့ ကြီးတဲ့အထိ လုံလောက်အောင် ထောက်ပံ့ဖို့က အများကြီး လိုသေးသည်။

ဝမ့်လင်းလင်းက သူမကိုယ်သူမ တွန်းအားပေးခဲ့သည်။ ဒီကိစ္စကြောင့်သာ ရောက်လာခဲ့တယ်ဆိုရင် သူမက ရွှေလက်စွပ်ကို ဘာတွေဖြစ်ဖြစ် ရအောင် ယူမည် ဖြစ်သည်။

သူမက ငိုချင်ယောင်ဆောင်ပြီး ဂျုံမှုန့် ငါးပန်းကန်၊ ခြောက်ပန်းကန်နှင့် ပေါက်စီ သုံးလေးလုံးပါသော အဝတ်အိတ်ကို ထုတ်လိုက်သည်။

ဝမ့်လင်းလင်းက ယုံကြည်ချက်တွေ ရှိနေခဲ့သည်။ သူမရဲ့ အတိတ်ဘဝမှာ ထျန်းယိုဖုက အဲ့ဒါကို ဂရုမစိုက်နိုင်ခင်မှာဘဲ တွေ့ခဲ့သည်။ သူက ဂျုံမှုန့်တွေ ရောထားတဲ့ ပေါက်စီနှင့် အဖြူရောင် ဂျုံကိတ် နှစ်ခုကိုသာ ပေးခဲ့သည်။

ဒီအချိန်မှာတော့ သူမက အဲ့ဒါကို နှစ်ဆ လုပ်ခဲ့သည်။

လုံခြုံရေး ထိန်းသိမ်းမှုက ချမ့်ရှုဖန်းကို အတော် လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လုပ်ခဲ့သည့်အတွက် သူမက ရွှေလက်စွပ်ကို သူမရဲ့ လက်နှစ်ဖက်ဖြင့်ကို ပေးခဲ့သည်။

ဝမ့်လင်းလင်းက သူမရဲ့ မျက်ရည်တွေကို ညှစ်ချခဲ့ပြီး တစ်ဝက်ပွင့်နေသော ချမ့်ရှုဖန်း၏ တံခါးကို တွန်းဖွင့်ကာ ငိုပြီး အိမ်ထဲကို ဝင်သွားခဲ့သည်။

“ကျွန်မရဲ့ သနားဖို့ကောင်းလိုက်တဲ့ အစ်မရယ်။ နင်က မကြာခင်ပဲ သေတော့မယ်။ တကယ်ကို ရင်တွေလည်း ကွဲရပါတယ်။ ငါက ငါတို့ရဲ့ တပ်မဟာထဲမှာ လက်ထပ်ခဲ့ရတဲ့ သမီးပါပဲ။ ငါက ဒီတစ်ခေါက် ငါ့ရဲ့ မိဘအိမ်ကို ပြန်လာခဲ့တာပါ။ အဲ့မှာ တစ်ခုခုက ဖြစ်သွားပြီး သူတို့က ဒီဆန်စပါးတွေကိုလည်း မလိုပါဘူး။ နင်မဆုံးခင်မှာ ငါနင့်ကို ဒါတွေ ပေးပါ့မယ်။ နောက်ဘဝကျရင် အော်ပရာအဖွဲ့မှာ သီချင်း မဆိုပါနဲ့။ ဒီကိတ်မုန့်တွေကို ကြည့်ပါဦးဟာ။”

ဝမ့်လင်းလင်းက မျက်ခွံကို လှန်ကြည့်ခဲ့သည်။ သို့သော် သူမ စကားများကို ပြောလို့ မဆုံးခင်မှာ ထိုစကားလုံးတွေက သူမရဲ့ လည်ချောင်းထဲ တစ်သွားခဲ့ပြီး ဘာအသံမှ မထွက်နိုင်တော့ပါ။

တစ်ဝက်ဖွင့်ထားသော တံခါးရဲ့ အနောက်ကနေ မိုးခိုးလုံးကြီး တစ်ခုက အခန်းအပြင်ကို ထွက်လာခဲ့သည်။

ချမ့်ရှုဖန်းက အားရှိသော မျက်နှာမျိုးဖြင့် မီးဖိုနားမှာ ထိုင်နေခဲ့သည်။ တစ်ဖက်တွင် ကောင်မလေး နှစ်ယောက်၊ သုံးယောက်က ထိုင်နေခဲ့ပြီး အကြီးကနေ အငယ်အထိ ပါးလေးတွေက ဖောင်းနေခဲ့သည်။

မီးဖိုပေါ်တွင် အရိုးပြုတ်အိုးကို တည်ထားခဲ့ပြီး ကောင်မလေးတွေထဲမှ တစ်ယောက်က ပန်ကိတ်ကို ဟင်းရည်ထဲသို့ နှစ်နေခဲ့သည်။

ဝမ့်လင်းလင်း - …. မဟုတ်သေးဘူး။ ဒါက ငါတို့တွေ သဘောတူထားတာနဲ့ တစ်ခြားစီပဲ။

ချမ့်ရှုဖန်း၊ ချမ့်ယု၊ အားရာနှင့် တယာတို့ - ????

ချမ့်ရှုဖန်းက စိတ်လှုပ်သွားကာ အတော်လေး လန့်သွားခဲ့သည်။ နွေရာသီ ပြီးတဲ့နောက်မှာ သူမရဲ့ ဘဝက နေ့ပိုင်းတွင် ချမ့်ကျွီဟွာကို ကူပြီး ဝက်ရဲ့ မစင်များကို သယ်ပေးကာ နေ့ပိုင်းတွင် ကန်စွန်းဥခင်းလေးထဲတွင် ကြည့်ပေးရသည်။ ထို့နောက် သူမ အားလို့ အိမ်မှာနေသည့်အခါ ကလေးသုံးယောက်ကို လူတွေဆီကနေ စာရေးတတ်၊ ဖတ်တတ်အောင် သင်ပေးရင်း ရံဖန်ရံခါတွင် တောင်ရဲ့ အနောက်ဘက်ကို ချမ့်ယု သွားဖို့အတွက် လမ်းပြပေးရသည်။

နွေဦးအစောပိုင်းမှာ မိုးသီး ကြွေခြင်းကြောင့် တပ်မဟာက အတော်လေး အလုပ်ရှုပ်သွားပြီး မကြာသေးခင်ကမှ သူမ လုပ်ခဲ့သော အရာများကို မှတ်ချက်ပေးဖို့ အချိန်တောင် မရှိခဲ့ပါ။

ဒီလို ဘဝမျိုးကို ချမ့်ရှုဖန်းက အတော်လေး ကျေနပ်နေခဲ့ပြီး သူမရဲ့ ဘဝက မြို့မှာ ရှိတုန်းကထက် ပိုပြီးတောင် သာယာတယ်ဟု ခံစားခဲ့ရသည်။

မရင်းနှီးတဲ့ အမျိုးသမီး တစ်ယောက်က ရုတ်တရက် တံခါးကို ဖွင့်ပြီး ငိုကာ အထဲသို့ ဝင်လာတာကို မြင်ရသည့်အခါ ချမ့်ရှုဖန်းက အရမ်း စိတ်ရှုပ်သွားခဲ့ပြီး သူမရဲ့ လက်တွေကို ဆွဲပြီး ဘယ်ခေါ်သွားရမှန်းမသိ ဖြစ်ခဲ့ရသည်။

အချိန်ကျလာတဲ့အခါမှာ ချမ့်ယုက ဉာဏ်ပြေးသည်။ သူမက အိုးထဲရှိ အသားနှင့် အရိုးပြုတ်ရည် ထည့်ထားသော အိုးကို တယာထံ ထိုးပေးခဲ့သည်။ တယာကလည်း လန့်နေခဲ့သည်။ သို့သော် သူမက သူမရဲ့ ခွန်အားကို စုပြီး အိုးကို သူမဘက်သို့ ရွှေ့လိုက်သည်။

ချမ့်ယုက အတော်လေး သတိရှိသည်။ “နင်ဘယ်သူလဲ။”

အိမ်ခန်းထဲရှိ လူကြီး၊ လူငယ် အားလုံးက ဝမ့်လင်းလင်းကို စိုက်ကြည့်နေခဲ့ကြသည်။

ဝမ့်လင်းလင်းကလည်း စိတ်ရှုပ်သွားခဲ့သည်။ သူမက ဒီလို ဖြစ်ရပ်မျိုးကို ကြုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။

အစတုန်းက သူမ ဝင်လာတဲ့အခါ သူမက မလှုပ်နိုင်ဘဲ အိပ်ရာပေါ်တွင် လှဲနေသော ချမ့်ရှုဖန်းနှင့် ငိုနေသော ချမ့်ယုကို သေချာပေါက် တွေ့ရမည်ဟု တွေးထားခဲ့သည်။

'ဒါပေမယ့် အခု ငါ့အရှေ့မှာ ရှိနေတဲ့ အရာ အားလုံးက ငါ့ကို လှောင်နေသလိုပဲ။'

ချမ့်ရှုဖန်းက ပိန်သော်လည်း သူမရဲ့ မျက်နှာကသာ ဖြူဖျော့နေပြီး သေခါနီး လူတစ်ယောက်လိုတော့ ပင်ပန်းပြီး ဖြူဖျော့နေတဲ့ ပုံစံမျိုး မရှိပါ။

ချမ့်ယုရဲ့ ပါးတွေက ပိုပြီးတော့တောင် ဖောင်းနေခဲ့သည်။ သူမက မစားနိုင်ဘဲ သေခါနီး လူတစ်ယောက်နှင့် ဘယ်လိုလုပ် တူနိုင်ပါ့မလဲ။

ပြီးတော့ သူတို့ ဘေးနားမှာရှိတဲ့ ကောင်မလေး နှစ်ယောကိုလည်း ရင်းနှီးသလို ရှိတယ် ဆိုပေမယ့် သူတို့က ဘယ်သူတွေလဲ။

ချမ့်ယုက မျက်မှောင်ကို ကြုတ်ပြီး အခုလေးတင် ဝမ့်လင်းလင်း ဝင်လာတုန်းက ဖြစ်ခဲ့သည့် ကိစ္စများကို ပြန်တွေးနေခဲ့သည်။

“ရှင် ဒီမှာ ဘာလုပ်နေတာလဲ။”

ချမ့်ယုရဲ့ သတိပေးသံက ဝမ့်လင်းလင်းအား မတူညီတဲ့ ခံစားချက်တစ်ခုကို ပေးနိုင်သည်။

ဝမ့်လင်းလင်းက သူမဘာသာ ရေရွတ်ခဲ့သည်။ “ဘယ်လိုလုပ် ဒီလူတွေက အဆင်ပြေပြေ ရှိနေရတာလဲ။”

'ဒါ မဖြစ်သင့်ဘူးလေ။'

'ဘယ်လိုဖြစ်လို့ ဒါတွေ အားလုံးက ရှုပ်ကုန်တာလဲ။'

ချမ့်ယုက သူမ ပြောတဲ့စကားကို ကြားတဲ့အခါ ဒေါသထွက်သွားခဲ့သည်။ 'ဒီမိန်းမကြီးက ရူးနေတာလား။'

သူမ ဘာကိုမှ မတုံ့ပြန်ခင်မှာဘဲ ချမ့်ကျွီဟွာက ဝင်လာခဲ့သည်။

ချမ့်ကျွီဟွာက သူမရဲ့ ကလေးကို ကျောပိုးပြီး သူမရဲ့ လက်ထဲတွင် စွပ်ပြုတ်ပန်းကန်ကို ကိုင်ကာ ပြောခဲ့သည်။ “လာကြပါဦးဟဲ့။ ငါ့ကို တံခါးလေး ဖွင့်ပေးပါဦး။”

အခုချိန်မှာ သူမနှင့် ချမ့်ရှုဖန်းတို့က ရင်းနှီးကြသည်။ ထိုမိန်းမ နှစ်ယောက်လုံးမှာ ဆိုးရွားတဲ့ အခြေအနေတွေ ရှိခဲ့ပြီး လူတွေရဲ့ လျစ်လျူရှုတဲ့ဒဏ်ကို ခံခဲ့ရကာ သူတို့အတူတူ ဝက်တွေကို မွေးခဲ့ကြသည်။ သူတို့ရဲ့ ဆက်ဆံရေးက အခင်ဆုံး သူငယ်ချင်းတွေလို့ ပြောလို့တောင် ရသည်။ ချမ့်ယုက သူမရဲ့ ကလေးတွေကို ကူကြည့်ပေးခဲ့သည့်အတွက် သူတို့ နှစ်မိသားစုက သတင်းကောင်း တစ်ခုခု ပြောစရာ ရှိတဲ့အခါ အတူတူ စားသောက်လေ့ ရှိကြသည်။

အားရာက ဘယ်ပြန်၊ ညာပြန် ကြည့်လိုက်သည်။ သူမက ငယ်သေးပြီး ပြောနေတဲ့ စကား တစ်ဝက်လောက်ကို နားမလည်သည့်အတွက် ချီခိုင်းဖို့အတွက် ချမ့်ကျွီဟွာထံ ပြေးသွားခဲ့သည်။

ချမ့်ကျွီဟွာ အထဲကို ဝင်လာတာနှင့် တစ်ပြိုင်နက် ဝမ့်လင်းလင်းကို တွေ့ခဲ့သည်။

ချမ့်ကျွီဟွာ - “ငါသွားလိုက်မယ်။”

အထဲမှာ တစ်ယောက်ယောက် ရှိနေတာကို မြင်တဲ့အခါ ချမ့်ကျွီဟွာက တိတ်တိတ်လေး သူမရဲ့ လက်ထဲက ပစ္စည်းကို ဖွက်လိုက်သည်။

ဝမ့်လင်းလင်းက လန့်သွားခဲ့သည်။ “နင်က မသေသေးဘူးလား။”

နောက်ဆုံးမှာတော့ သူမက ထိုကောင်မလေး နှစ်ယောက်ကို ဘာလို့ ရင်းနှီးနေရလဲ ဆိုတာကို သိသွားခဲ့သည်။

ဒီနှစ်ယောက်က ထျန်းအာကျူးရဲ့ ကလေးတွေပဲ။

ထျန်းအာကျူးအကြောင်း ပြောရရင် ဝမ့်လင်းလင်းက သူ့မိသားစုနှင့် သိပ်ပြီး မရင်းနှီးသော်လည်း အရင်ဘဝတုန်းက ထျန်းအာကျူးရဲ့ မိသားစုထဲတွင် ပြဿနာကြီး တစ်ခု ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ဝမ့်လင်းလင်းက ထိုကလေးမလေး နှစ်ယောက်ကို ရင်းရင်းနှီးနှီး မြင်ဖူးသလို ဖြစ်နေခဲ့သည်။

သူမရဲ့ အတိတ်ဘဝမှာတုန်းက ချမ့်ကျွီဟွာသည် သူမရဲ့ သမီးအငယ်ဆုံးလေးကို ဆောင်းတွင်းမှာ မွေးခဲ့သည်။ သူမက နွေရာသီရောက်မှ မွေးဖို့ ရည်ရွယ်ထားသော်လည်း ဆောင်းတွင်းမှာတင် လမစေ့ဘဲ မွေးသွားခဲ့သည်။ သူမက အိမ်မှာ တစ်ရက်နဲ့ တစ်ည မွေးဖို့ ကြိုးစားခဲ့သည်။ သို့သော် ကလေးက ထွက်မလာခဲ့ပါ။ ထို့ကြောင့် အမေရော၊ ကလေးရောက ဆုံးသွားခဲ့သည်။

ဝမ့်လင်းလင်းက ဘာလို့ ဒီကိစ္စကို အရမ်းကြီး စိတ်ထဲထားနေရတာလဲ။

အကြောင်းမှာ သမီးနှစ်ယောက်ဖြစ်သော ထျန်းတယာနှင့် ထျန်းအာရာက ချမ့်ကျွီဟွာကြောင့် ထွက်သွားခဲ့ရသည်။

ချမ့်ကျွီဟွာ ဆုံးသွားပြီးသည့်နောက် ကလေးမလေး နှစ်ယောက်က ထျန်းအာကျူး၏ စောင့်ရှောက်မှုအောက်မှာ နေခဲ့ရသည်။ ထျန်းအာကျူးက ရိုးသားတဲ့သူ မဟုတ်ပါ။ ကလေးတွေကို သူ့ရဲ့ အမေနှင့် မောင်နှမများက ထိန်းချုပ်ခဲ့သည်။ သူတို့ကို စားဖို့၊ သောက်ဖို့ မပေးဘဲ အလုပ် လုပ်ဖို့သာ တွန်းအားပေးခဲ့သည်။

နောက်ပိုင်း နှစ်အနည်းငယ် အိမ်မှာ အလုပ်တွေ လုပ်ပြီးတဲ့နောက် တယာက ထျန်းအာကျူးရဲ့ အမေဖြစ်သူ စီစဥ်ပေးသည့် ခြေကျိုးနေသူ တစ်ယောက်နှင့် လက်ထပ်ခဲ့ရသည်။

အားရာ အရွယ်ရောက်သည့်အခါ သူမက ပိုပိုပြီး လှပလာခဲ့သည်။ ထျန်းအာကျူးရဲ့ အမေက သူမရဲ့ မြေးမလေးအတွက် စျေးကောင်းတစ်ခု ရချင်ခဲ့သည်။ ထို့ကြောင့် သူမက အားရာကို တယာထက် ဆိုးရွားသည့် မိသားစုနှင့် စီစဥ်ဖို့ကို ပြောခဲ့သည်။ ထျန်းအာကျူးရဲ့ အမေက အားရာကို တောင်ပေါ်မှာရှိတဲ့ ညီအစ်ကိုတွေ များစွာရှိသော ညီအစ်ကိုများထဲမှ မိန်းမ တစ်ယောက်သာ ယူလို့ရသည့် မိသားစု တစ်စုထံ ရောင်းချဖို့ ဆုံးဖြတ်ခဲ့သည်။

အားရာက တယာထက် ဉာဏ်ကောင်းသည်။ သူမက ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ သူမ မထွက်မပြေးခင်မှာ ထျန်းအာကျုးတို့ မိသားစု တစ်စုလုံးကို ကြွက်သတ်ဆေး ခတ်ခဲ့သည်။

သို့သော် အားရာသုံးခဲ့သော ကြွက်သတ်ဆေးက အတုသာဖြစ်ပြီး သူမက ဘယ်သူ့ကိုမှ မသတ်ခဲ့ပါ။

ထိုကိစ္စ ပြီးတဲ့နောက်မှာ ထျန်းအာကျူးရဲ့ အမေက ဒေါသထွက်သွားခဲ့သည်။ ထျန်းအားကျူးရဲ့ သမီးက ဘာကောင်းကျိုးမှ မပေးဘဲ သူမ တွေ့ရသမျှ လူတိုင်းကို ကျိန်ဆဲခဲ့သည်။ ထျန်းအာကျူးက ထျန်းတကျူးနှင့် အဆက်သွယ်တွေ အားလုံးကို ဖြတ်ခဲ့သည်။ ထိုနောက်ပိုင်းမှာ သူတို့ ညီအစ်ကို နှစ်ယောက်က ဘယ်တော့မှ ထပ်ပြီး အချင်းချင်း မတွေ့ကြတော့ပါ။

ဝမ့်လင်းလင်းက သူမရဲ့ မှတ်ဉာဏ်ထဲကနေ သိခဲ့ရပြီး ချမ့်ကျွီဟွာရဲ့ အသံအကျယ်ကြီးကို ကြားခဲ့ရသည်။ သူမက ဒီလို ခက်ခဲတဲ့ ကလေးမွေးတာကနေ ဘယ်လိုလုပ် မသေနိုင်တာလဲ။

ဝမ့်လင်းလင်းက လန့်သွားခဲ့သည်။ အရင်က သူမရဲ့ မိဘအိမ်တွင် မရှိခင်တုန်းက အဆင်ပြေနေခဲ့သော်လည်း ဒီတစ်ခေါက် သူမ ပြန်လာတဲ့အခါ သူမ မှတ်မိသမျှ အရာ အားလုံးက လုံးဝ ပြောင်းလဲသွားတာကို တွေ့ရှိခဲ့ရသည်။

All Chapters