အခန်း (၁၂၅-၁၂၆)
Vol. 11 Ch. 125-126
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၂၅
ဝမ့်ရင်းက ပန်းကန်လုံးကို ကိုင်ထားရင်း မီးဖိုဘေးတွင် ထိုင်ချလိုက်ကာ အမဲသားအိုး ကျက်တော့မှာကို မျှော်လင့်တကြီး စောင့်နေခဲ့သည်။
ရှုရွှမ်းသည် သူ့ခေါင်းက ချွေးတွေကို သုတ်လိုက်သည်။ သူက အမဲသားနှင့် ခရမ်းချဥ်သီးကို ချက်ဖို့အတွက် အမဲသားအတုံးကြီးကြီး တစ်တုံးကို သုံးခဲ့ပြီး ဝမ့်ရင်းရဲ့ အကြံပေးချက်အတိုင်း ချက်ခဲ့သည်။ သူက အခြား အပိုင်းများကို အစာသွပ်ဖို့အတွက် သေးသေးလေးတွေ လှီးလိုက်ပြီး ဝမ့်ရင်း အကြံပေးသည့်အတိုင်း အသားညှပ်မှုန့်ကို လုပ်ခဲ့သည်။
ဝမ့်ရင်း - “အညှီနံ့ ပျောက်အောင်လို့ ကြက်သွန်မြိတ်နဲ့ ဂျင်းရည်ကို ထည့်လိုက်။ ပြီးရင် ကြက်သွန်ထည့်ပြီး နှပ်ထားလိုက်။ ပြီးမှ လက်တစ်ချောင်းစာ အထူလောက်ရှိတဲ့ အသားတွေဖြစ်အောင် လှီးပြီးတော့ အဲ့ဒါကို ကြော်လိုက်။”
ဒါကို ဘယ်လိုမျိုး စားရမလဲဆိုတာ ရှုရွှမ်းက နားမလည်ခဲ့ပါ။ ဖက်ထုပ်ဖြစ်ဖြစ်၊ ပေါက်စီဖြစ်ဖြစ် လုပ်ရမည့်အစား သူတို့က ဒီလို အစာသွပ်မုန့် လုပ်နေခဲ့ကြတာလား။ ပြီးတော့ အသား အစာသွပ်မုန့်တွေက မမာဘူးလား။ မမာဖို့ဆိုရင် ဆီတွေ အများကြီး ဖြစ်နေလိမ့်မယ် မဟုတ်ဘူးလား။
ဝမ့်ရင်းက မျက်လုံးပြူးပြူးနှင့် ကြည့်နေခဲ့သည်။ “ဒီလိုဟာမျိုးကို ဟမ်ဘာဂါလို့ ခေါ်တယ်ဆိုတာ ကျွန်မ ကျောင်းတက်တုန်းက ကျွန်မရဲ့ အတန်းဖော်တွေ ပြောတာကို ကြားဖူးတယ်။ ရှင်က ပေါက်စီကို အလယ်ကနေ လှီးပြီးတော့ အသားပြားတွေ၊ ကြက်သွန်နီနဲ့ ခရမ်းချဥ်သီး အချဥ်ရည်ကို အဲ့အပေါ်ကနေ ထည့်ပြီး ဘန်းမုန့် လို စားလို့ရတယ်။”
ရှုရွှမ်း - “ဒါက အရသာရော ရှိပါ့မလား။”
ဝမ့်ရင်း - “ဒါက အရသာတော့ မရှိပါဘူး။ ဒါပေမယ့် အပျော်အတွက်ပါပဲ။”
အဲ့ဒါဆို လူတစ်ယောက်က အစားကောင်းတွေ အများကြီး စားမိရင် အတိတ်ဘဝက ဒီလို အသင့်စား စားစရာတွေကို သေချာပေါက် စားကြည့်ချင်လိမ့်မည်။ ဟမ်ဘာဂါ၊ အာလူးကြော်နဲ့ Coke က တွေးကြည့်ရုံနဲ့တင် တော်တော်လေး ကြည်နူးဖို့ ကောင်းသည်။ အခု အာလူးကြော်က ဆီအရမ်းများသည်။ Coke အကြောင်းကိုတော့ တွေးမနေနဲ့တော့။ အခုချိန်မှာ ဟမ်ဘာဂါကိုပဲ စားလို့ရသည်။
ဝမ့်ရင်းက ခြေဟန်လက်ဟန် ပြနေဆဲ ဖြစ်သည်။ “နောက်ထပ် ပန်ကိတ်တစ်ခု လုပ်ပေး။ ပြီးရင် အဲ့အပေါ်မှာ ဂေါ်ဖီကို ထည့်လိုက်။ ပြီးတော့ ကြော်ထားတဲ့ အမဲသားချောင်းတွေကို အဲ့အပေါ်မှာ ထပ်ပြီး ထည့်လိုက်။ ပြီးရင် ပြောင်းဖူးမှုန့်တွေလည်း ထည့်လိုက်ဦး။ အဲ့ဒါပြီးမှ ဘေးဘက်တွေကို ထုပ်လိုက်”
ဟီးဟီး။ နူးအိနေတဲ့ အမဲသားနဲ့ အရသာ ငါးမျိုးပဲ။
ဝမ့်ရင်းက ဟမ်ဘာဂါနှင့် နူးအိနေသော အမဲသားတုံးများကို သူမရဲ့ လက်ထဲတွင် ကိုင်ထားပြီး အရင်ဆုံး ရှုရွှမ်းကို တစ်ကိုက် ကိုက်ခိုင်းခဲ့သည်။
ရှုရွှမ်းကိုယ်တိုင်က စိတ်ပျက်နေခဲ့သည်။ သူက စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ချက်ပြုတ်တာ၊ ကြော်တာ၊ ရေလုံပြုတ်တာ၊ ကင်တာတို့ကိုသာ အမြဲလိုလို လုပ်ခဲ့ရသည်။ ဒါပေမယ့် သူက ဒီလို အစိမ်းနှင့် ချက်ထားပြီးသား အရာများကို ဒီလိုနည်းနဲ့ ရောတာမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ထို့အပြင် ဒါက ဘာနည်းမှလည်း မလိုအပ်ပါ။
ဝမ့်ရင်းက ပျော်နေခဲ့သည်။ ဒါက ရိုးရှင်းတဲ့ နည်းတစ်ခုပဲ မဟုတ်ဘူးလား။ အသင့်စား အမေရိကန် စားစရာတွေမှာ ဘာနည်းတွေက လိုမှာလဲ။ လိုအပ်တာက အမြန်နှုန်းပဲ။ မြန်မြန် ကြော်လှော်ပြီး စားစရာနဲ့ ရောပေးလိုက်။
သို့သော် ရှုရွှမ်းက အဲ့ဒါကို စားကြည့်လိုက်သည့်အခါ အနည်းငယ် အံ့ဩသွားခဲ့ရသည်။
အမဲသား အစာသွပ်ကို ခရမ်းချဥ်၊ အသီးအရွက်နှင့် ကြက်သွန်နီတို့ဖြင့် လုပ်ထားခဲ့သည်။ အဲ့ဒါက ချက်ထားသလို မနူးညံ့ဘဲ အရသာမရှိတာမျိုး မဟုတ်ဘဲ သူတို့မှာ ထူးခြားတဲ့ အရသာမျိုးရှိပြီး မဆိုးလှပါ။
သူက နူးညံ့သော အမဲသားပေါ်တွင် ငရုတ်ချဥ်ကို စမ်းခဲ့ပြီး ဝမ့်ရင်း အကြံပေးသလို အရန်ဟင်းပွဲ ငါးမျိုးကိုလည်း လုပ်ပေးခဲ့သည်။ အဲ့ဒါက စပ်ပြီး မွှေးသော်လည်း ဂျုံသားက အရမ်းကို ထူပြီး အရသာကတော့ အရမ်းကြီး မကောင်းပါ။ ရှုရွှမ်းက ဂျုံမုန့်ထဲမှာ တဆေးကို ထည့်ဖို့ အကြံပေးခဲ့သော်လည်း ဝမ့်ရင်းကတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါ။ တဆေးပါသော ဂျုံမုန့်ကို စမ်းကြည့်လို့ရတယ်ဟု သူက ပြောခဲ့သည်။ ဘယ်လိုပဲ ဖြစ်နေပါက ဒါက အိမ်မှာပဲ စားဖို့သာ ဖြစ်ပြီး ရောင်းချဖို့ မဟုတ်ပါ။ တဆေးပါသော ဂျုံမုန့်က အချိန်ပေးရမလား ဆိုတာကိုလည်း သူက ဆုံးဖြတ်ရဦးမည် ဖြစ်သည်။
ဝမ့်ရင်းက တစ်လုပ်ကိုက်လိုက်ပြီး ဝိုးတိုးဝါးတား ပြောခဲ့သည်။ “နို့ထွက်ပစ္စည်း တစ်ခုခု ရရင် ပိုကောင်းမှာပဲ။ နို့ထွက်ပစ္စည်းနဲ့ ဆော့ လုပ်လို့ရတယ်။”
ဆော့မရှိတာကလွဲလို့ ဒီစားစရာရဲ့ အရသာက အဆင်ပြေသည်။
ရှုရွှမ်းက မျက်လုံးကျယ်သွားခဲ့သည်။ “ကိုယ် ရက်နည်းနည်းလောက်နေရင် တိရိစ္ဆာန် စောင့်ရှောက်ရေး ဌာနကို သွားပြီး သူတို့ဆီမှာ နို့ရောင်းလားလို့ ကိုယ်သွားမေးလိုက်မယ်။”
အခုချိန်မှာ ကျေးလက်ဒေသရှိ ဘဝတွေက မလွယ်ကူကြပါ။ ပုံမှန်ဆိုရင် အဲ့နေရာတွေမှာ ဘယ်သူကမှ နို့မသောက်ကြရပါ။ မြို့မှာဆိုရင် သူတို့တွေက လတ်ဆက်တဲ့ နို့တွေကို ခွဲတမ်းနဲ့ ရကောင်း ရကြလိမ့်မည်။ ဒါပေမယ့် ကျေးလက်မှာတော့ ဒီလိုကိစ္စမျိုးတွေကတော့ မရှိပေ။ ပြီးတော့ မြို့မှာဆိုရင်တောင် ခွဲတမ်းကို အချို့ တပ်သားတွေရဲ့ မိသားစုတွေကပဲ ရနိုင်တာ။ သာမန် တပ်သားတွေကတော့ ဒီလို အနေအထားမျိုးကို မရနိုင်ကြပေ။
“တိရိစ္ဆာန် စောင့်ရှောက်ရေး ဌာနမှာ ကျွဲတွေ ရှိတယ်။ အဲ့မှာ ကျွဲနို့တွေ ဘာတွေများ ဝယ်လို့ ရမလားဆိုတာ ကိုယ်သွားမေးလိုက်မယ်။”
ဝမ့်ရင်း - “တကယ်လား။ ကျွန်မ နို့ကြော် စားချင်တယ်။”
ရှုရွှမ်းက မကြာခင်မှာပဲ ဝမ့်ရင်းသည် ဒီလောက်များတဲ့ စားစရာများကို ဘယ်ကနေ သိလာလဲဆိုတာ မေးလိုက်သည်။ တိုတိုပြောရရင် ဝမ့်ရင်းသည် သူ ဘယ်တုန်းကမှ မမြင်ဖူးသည့် စားစရာများကို အမြဲတမ်း အကြံပေးနေခဲ့သည်။ သူမ ပြောသလို ချက်လိုက်တိုင်းမှာလဲ အဲ့ဒါတွေရဲ့ အရသာက မဆိုးလှဘူးဆိုတာကို သူသိခဲ့သည်။
ဒါပေမယ့်…..
“နို့ကြော်ဆိုတာ ဘာလဲ”
ဝမ့်ရင်း - “အဲဲဒါက ကြက်ဥနဲ့ နို့နဲ့ကို လောင်းပြီး အိုးထဲမှာ ထည့်ကြော်တာလေ။”
ဒါက သူမရဲ့ အကြိုက်ဆုံး စားစရာ ဖြစ်သည်။
ရှုရွှမ်း - “ကောင်းပြီ။ ကိုယ်ပြန်လာရင် မင်းအတွက် နို့ကြော် လုပ်ပေးမယ်။”
ကြက်ဥကို နို့လောင်းပြီး ကြော်တာလား။ ဝမ့်ရင်းပြောတဲ့ နို့ကြော်ဆိုတဲ့ အသံကို ကြားရတာ စိတ်လေးမိတယ်။ စားဖိုမှူး ဒုတိယအဆင့် အောင်မည်ဟု အတော်လေး ယုံကြည်ချက်ရှိနေသော ရှုရွှမ်းကတောင် ရုတ်တရက် စိတ်လေးသွားခဲ့ရသည်။ သူက ဒါကို မလုပ်နိုင်မှာ စိုးရိမ်နေခဲ့သည်။
ဝမ့်ရင်းသည် ရှုရွှမ်းရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို သိသိသာသာ ကျဆင်းသွားအောင် လုပ်နိုင်တာကိုတော့ သူမ မသိခဲ့ပါ။ အဲ့ဒီ့အစား သူမက တစ်ခုပြီးတစ်ခု စားကာ အတော်လေး ပျော်နေခဲ့သည်။
စားစရာတွေ အကုန်လုံး ကျက်တဲ့အခါ အမျိုးသမီးကြီး မစ္စရှုက ရောက်လာခဲ့ပြီး သူတို့ သုံးယောက်က စားပွဲခုံမှာ ထိုင်ခဲ့ကြသည်။
ဝမ့်ရင်းသည် ဒီနေ့ သူမမှာ စာမေးပွဲ ရှိတာကို အမျိုးသမီးကြီး မစ္စရှုအား မပြောခဲ့ပါ။ အကြောင်းမှာ ဝမ့်ရင်းက သူမကို ဝမ်းနည်းအောင် မလုပ်ချင်သောကြောင့် ဖြစ်သည်။ ဝမ့်ရင်းက ထိုစာမေးပွဲကို အောင်ပြီးမှ ပြောတဲ့အခါ အမျိုးသမီးကြီး မစ္စရှုက အတော်လေး အံ့ဩသွားခဲ့သည်။
“အောင်သွားပြီလား။ ငါတို့ မိန်းကလေးရင်းက သေချာပေါက် အောင်မှာပါလို့ ငါပြောသားပဲ။ မင်းက အရည်းချင်းကောင်းတွေနဲ့မှ မအောင်ရင် အဲ့ဒါက ဆေးခန်းရဲ့ အမှားပဲ ဖြစ်ကိုဖြစ်ရမယ်။”
ဝမ့်ရင်းက ပြောလိုက်သော်လည်း ဆေးခန်းမှ ဆရာဝန်ဝေ့သည် သူမကို အကြံဉာဏ် အများကြီး ပေးခဲ့ကြောင်းကို မပြောပြခဲ့ဘဲ တပ်မဟာက အခြေခံရှိသော ဆေးလုပ်သားများကို ခန့်အပ်ဖို့ ဆန္ဒရှိကြောင်းကိုသာ ပြောပြခဲ့သည်။
ဝမ့်ရင်းက ဆေးကျောင်းသူတစ်ယောက် မဟုတ်သော်လည်း သူမက ဆရာဝန်တစ်ယောက်အဖြစ် ရွှေ့ပြောင်းပေးဖို့ ဆေးပေးခန်းကို လျှောက်ထားလို့ ရနိုင်သည်။
ဝမ့်ရင်းက အဲ့ဒါကို ထပ်ခါ၊ ထပ်ခါ တွေးနေခဲ့သော်လည်း နောက်ဆုံးမှာတော့ ငြင်းလိုက်သည်။
သူမက တပ်မဟာနှင့် အဝေးကြီးမှာ နေခဲ့ရပြီး….
သူမ ထွက်သွားသည့်အခါ အဖွဲ့ထဲတွင် ဆေးကုပေးမယ့် ဆရာဝန် တစ်ယောက်မှ ကျန်ခဲ့မည် မဟုတ်ပါ။
ကိစ္စအများကြီးကို ဖြတ်သန်းခဲ့ရသော်လည်း ဝမ့်ရင်းက တပ်မဟာထဲရှိ အချို့သော အဖွဲ့သားများအတွက် ခံစားချက်တွေ ရှိနေဆဲ ဖြစ်သည်။
ဝမ့်ရင်းသည် သူမရဲ့ လက်ရှိဘဝက အဆင်ပြေနှင့်ပြီးသားပဲဟု ခံစားခဲ့ရသည်။ သူမက တပ်မဟာထဲတွင် ဆေးခန်းတစ်ခု ဖွင့်ဖို့အတွက် ထျန်းယိုဖုအား တောင်းဆိုရန် အချိန်ကောင်း တစ်ခုကို စောင့်နေဖို့သာ လိုအပ်သည်။ သို့မှသာ အဖွဲ့သားတွေရဲ့ ဘဝတွေက ပိုပြီး အဆင်ပြေလာလိမ့်မည်။
ရှုရွှမ်းမှာလည်း အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် သူ့ရဲ့ အနေအထား မြင့်လာသည့်အခါ ဝမ့်ရင်းက ကောင်စီမြို့ကို ပြောင်းရွှေ့ခံရသင့်ပြီး ဆရာဝန် တစ်ယောက်အနေနဲ့ ကောင်စီမြို့မှာ အလုပ်ရှာဖို့ သွားရလိမ့်မည် ဖြစ်သည်။
ဝမ့်ရင်းရဲ့ အကြံက ရှုရွှမ်းရဲ့ အကြံနဲ့ တိုက်ဆိုင်နေခဲ့သည်။ ရှုရွှမ်းသည် ချမ့်ကျွီဟွာ ကလေးမွေးတုန်းက ကြုံခဲ့ရသည့် အရေးပေါ် အခြေနေကို မှတ်မိနေဆဲ ဖြစ်သည်။ အခုဆိုရင် သူက ဝမ့်ရင်း ကလေးမမွေးခင်အထိ သူနဲ့ ဝမ့်ရင်းက မြို့ကိုပြောင်းပြီး စောင့်နေရမည်ဟု ခံစားခဲ့ရသည်။ သေချာတဲ့ အချိန်တစ်ခုက ဝမ့်ရင်းရဲ့ ကိုယ်ပိုင် ဆန္ဒအပေါ်မှာပဲ လုံးဝကို မူတည်နေလိမ့်မည်။ ထုံးစံအတိုင်း ရှုရွှမ်းက ဝမ့်ရင်းသည် သူမရဲ့ အသက်မွေးဝမ်းကြောင်း တိုးတက်ဖို့အတွက် စီစဥ်မှုများကို အပြည့်အဝ ထောက်ခံပေးလိမ့်မည် ဖြစ်သည်။
အိမ်ထဲတွင် သူတို့ သုံးယောက်က စားသောက်နေကြသည်။ အမဲသားပြုတ်ကို ပဲပင်ပေါက်၊ ပဲပြားတို့နှင့် ရောချက်ထားတာက လတ်ဆက်ပြီး စပ်သည်။ အပေါ်မှာလည်း ဆီနီကို လောင်းထားခဲ့ကာ ထမင်းနှင့် အုပ်ထားခဲ့သည်။ ဆီနီကို ထမင်းနှင့် နယ်ထားပြီး သူ့ရဲ့ အစပ်အရသာက လူတွေကို ချွေးစို့စေခဲ့သည်။
အမဲသားနဲ့ ခရမ်းချဥ်သီးက ချိုချို၊ ချဥ်ချဥ်နဲ့ အသားတွေကလည်း အများကြီးပဲ။ အမဲသားက အကြာကြီး ချက်ထားသည်။ အဲ့ဒါကြောင့် အဲ့ဒါက နူးညံ့ပြီး ဆီတွေလည်း ထွက်မနေပေ။ သူ့ရဲ့ အနှစ်ကလည်း ထမင်းနဲ့ တော်တော်လေး စားကောင်းသည်။
စားပွဲခုံပေါ်မှာ ထိုင်ဝမ်မုန်ညှင်းကို ကြက်သွန်ဖြူဖြင့် ကြော်ထားသော ပန်းကန် တစ်ပန်းကန်နှင့် ဘေးနားမှာ ကြက်ဥ ဟင်းချို တစ်ခွက်က ရှိနေခဲ့သည်။
ဝမ့်ရင်းက ထမင်း နှစ်ကန်းကန် စားခဲ့သည်။ သူမအတွက် အသားစားရတာက ရှားပါးတဲ့ ကိစ္စမျိုး ဖြစ်သည့်အတွက် ရှုရွှမ်းက ဆန်ထဲမှာ ဘာမှတောင် မထည့်ထားခဲ့ပါ။ ထမင်းဖြူချည်းသာ ဖြစ်သည်။ အမဲသားနှင့် ဟင်းရည်ကို အပေါ်ကနေ ထားပြီး ထမင်းကို ဟင်းရည်နှင့် နှယ်စားတာက အတော်လေး အရသာရှိသည်။
စားပြီးသွားတာတောင် ထွက်သွားဖို့ကို ဝမ့်ရင်းက ငြင်းနေဆဲ ဖြစ်သည်။ “နောက်တစ်ခေါက် ဘယ်တော့မှ ကျွန်မ အသား ထပ်စားရမလဲဆိုတာ သိမှမသိတာ။”
ရှုရွှမ်းက အပြင်ဘက်ရှိ ဝက်ခြံကို ညွှန်ပြပြီး မေးခဲ့သည်။ “အဲဲဒါက ဝက်တွေအတွက်ရော အတူတူပဲမလား။”
ဝမ့်ရင်းက ထိုဝက်တွေကို နှစ်ဝက်နီးပါးလောက် မွေးထားခဲ့ပြီး ဖြစ်သည်။ အခုဆိုရင် ထိုဝက်က တပ်မဟာထဲတွင် အရင်က မွေးထားသော ဝက်ထက် ပိုပြီးတောင် ကြီးလာခဲ့ပြီ ဖြစ်သည်။ အဲ့ဒါက အလေးချိန် ချိန်ဖို့တောင် မလိုဘဲ သူ့ရဲ့ အလေးချိန်က ကီလိုဂရမ် နှစ်ရာကျော်ပြီး ဖြစ်သည်။
ဝမ့်ရင်းက အချိန်ကို တွက်လိုက်သည်။ “အဲဲဒါက အချိန်ကျပြီ။ နောက်လကုန်လောက်ကျရင် ကျွန်မတို့တွေ သူ့ကို ပို့လို့ရပြီ။”
ဒါက ဂျုံပင်များ ရိတ်သိမ်းချိန် ဖြစ်ပြီး အလုပ် ကြိုးစားရသည့် အချိန်တစ်ချိန်လည်း ဖြစ်သည်။ တပ်မဟာထဲရှိ မိသားစုတွေ အများကြီးက သူမဆီကို ရောက်လာကြပြီး စောစောစီးစီး နေရာယူထားကြသည်။ အချိန်ကျလာသည့်အခါ မိသားစုတိုင်းက ဝမ့်ရင်းတို့ ဝေပေးသော ဝက်သားအချို့ကို လာလဲလှယ်ကြလိမ့်မည် ဖြစ်သည်။
သူတို့ အဲ့ဒါကို သွားလဲရမယ်။ တကယ်လို့ အိမ်မှာ စားဖို့ ကောင်းတာ တစ်ခုခု မရှိဘူးဆိုရင် ဒုတိယအကြိမ် ကောက်သိမ်းတဲ့အချိန်ကျရင် ပင်ပန်းနေရလိမ့်မည်။
“ရှင့်ရဲ့ စာမေးပွဲကရော အဲ့အချိန်မှလား။”
ရှုရွှမ်းရဲ့ စားဖိုမှူး ဒုတိယအဆင့် စားမေးပွဲကလည်း ရောက်ခါနီးပြီ ဖြစ်သည်။
ရှုရွှမ်း - “ဟုတ်တယ်။ အဲ့ဒါက ကောင်စီမြို့မှာပဲ ဖြေရလိမ့်မယ်။ ကိုယ့်ဆရာကလည်း အဲ့မှာ ရှိနေတာ။ မင်း အဲ့ကိုသွားပြီး ပျော်စရာတွေ ကြည့်ချင်လား။”
ဝမ့်ရင်းက အရမ်း စိတ်လှုပ်ရှားသွားခဲ့သည်။ “ကျွန်မရော လိုက်လို့ရလား။”
သူမက ဒီလို အရသာရှိတဲ့ စားစရာတွေကိုရော စားလို့ရပြီး အဆင့် သတ်မှတ်ပေးလို့ ရလား။
ရှုရွှမ်း - “မိသားစုဝင် တစ်ယောက်က အဲ့ကို သွားဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ဆရာကတော့ အဲ့မှာ ရှိနေလိမ့်မယ်။ မင်း သူနဲ့ လိုက်ဝင်သွားလို့တော့ ရတယ်။ အဆင့် သတ်မှတ်ပေးတဲ့ စားဖိုမှူးက အပြင်လူကို ကြီးကြပ်ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ ကိုယ်ကြားထားတယ်။ အဲ့ဒါက အခုထိတော့ ရသေးလား ကိုယ်မသိဘူး။”
အများကြီး ကြီးကြပ်ကြမှာပဲ။
ဝမ့်ရင်းရဲ့ မျက်လုံးတွေက ချက်ချင်းပဲ အရောင်တောက်လာခဲ့သည်။
“ကျွန်မ သွားမယ်။”
အရူးကပဲ မသွားဘဲနေမှာ။ ဒီလိုမျိုး ကောင်းတဲ့ အရာမျိုးတွေက ကြုံရခဲသည်။
လူငယ်အတွဲက စီစဥ်မှုကို သဘောတူခဲ့သည်။ စာမေးပွဲရှိ တစ်ခြားသူတွေကို ရှိန်လောက်တဲ့ ပြိုင်ဘက်တွေဟု သတ်မှတ်ပြီး သူတို့ကို မတူသလို ဆက်ဆံခဲ့ကြသည်။
.........
တစ်ချိန်တည်းမှာပဲ အနောက်မြောက်အရပ်က မိုင်ထောင်ချီ ဝေးကွာသည့်နေရာ၌
နေရာတွေ မတူသလို ရာသီတွေကလည်း မတူဘဲ အနောက်မြောက်ပိုင်း နေရာက ဒီအချိန်ထိကို အေးနေဆဲ ဖြစ်သည်။ ခြောက်သွေ့တဲ့ မြက်ခင်းတွေက နေရာတိုင်းမှာ ရှိနေခဲ့ပြီး ထိုမြင်ကွင်းက စိတ်မကြည်စရာ ဖြစ်နေခဲ့သည်။
ထိုနေရာကို ကူညီဖို့ မိုင်ထောင်ချီ အဝေးကြီးက လာကြသူများက ပေါက်တူးများ ယူလာကြသည်။ အရမ်း မကျယ်တဲ့ လယ်ထဲတွင် ပညာတတ် လူငယ် အချို့ကို တာဝန်ချထားပေးခဲ့ပြီး အချို့ကိုတော့ မြေနေရာ အကျယ်ကြီးတွင် ကူညီပေးဖို့အတွက် တာဝန်ပေးခံခဲ့ရသည်။ စက်ရုံတွေ တိုးတက်ဖို့အတွက် အဲ့ကနေ ပို့လိုက်သော လူအနည်းငယ်လည်း ရှိနေခဲ့သည်။
ရှုမင်းက လူအုပ်ကြားထဲကနေ လမ်းလျှောက်လာခဲ့ကာ ဖာထေးထားသော ခပ်ပါးပါး ချည်အနွေးထည်ကို ဝတ်ထားသည်။ လက်ရှိမှာ သူက အဖွဲ့ငါးမှာ တာဝန်ကျနေခဲ့သည်။ ထိုအဖွဲ့ရဲ့ တာဝန်က အနီးအနားရှိ ကျောက်စရစ် မြေနေရာကို တူးဖို့အတွက် ဖြစ်သည်။
အနာဂတ်မှာ ဆီထုတ်ဖို့အတွက် အဲ့နေရာမှာ စက်ပစ္စည်း တစ်ခုခု တည်ထားတော့မည် ဖြစ်သည်။
ကျစ်ဆံမြီး ကျစ်ထားသော မိန်းကလေးငယ် တစ်ယောက်က စက္ကူအိတ်လေး တစ်အိတ်ကို ရှုမင်းရဲ့ လက်ထဲသို့ ရှက်ကိုးရှက်ကန်း ထည့်ပေးခဲ့သည်။ ထို့နောက် ရှုမင်းက ဘာမှ မပြောနိုင်ခင်မှာဘဲ ထွက်ပြေးသွားခဲ့သည်။
စနောက်နေတဲ့ အသံတွေက ချက်ချင်းဆိုသလို အနောက်ကနေ ထွက်လာခဲ့သည်။
“အို့။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကောလိပ် ကျောင်းသားပဲ ရှိသေးတာဆိုပေမယ့် သဘောကျချင်စရာပဲ။ သူက ဒီမှာ ရှိနေတာ မကြာသေးဘူး။ ပြီးတော့ သူက ငါတို့ အဖွဲ့ရဲ့ ပန်းလေးကိုတောင် အနိုင်ယူထားပြီးပြီ။”
“အဲဲဒါ ဒီလူက ကြည့်ကောင်းနေလို့ပဲလေ။ အဲ့နေရာမှာ ငါသာဆိုရင် သူ့ထက်တောင် ပိုပြီး လူသိများမှာ သေချာတယ်။”
“ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့ ငါက သူ့ထက်ပိုပြီး သန်မာလို့လေ။”
“လာကြွားနေတယ်ကွာ။ ကောင်မလေး ငယ်ငယ်လေးတွေက မင်းလို သန်မာတဲ့ လူမျိုးကို မကြိုက်ဘူး။ သူတို့က ညှင်သာပြီး ကျက်သရေရှိတဲ့ လူမျိုးတွေကိုပဲ ကြိုက်တာ။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၂၇
တစ်ဖက်တွင် ရှိနေသော အမျိုးသမီကြီး မစ္စရှုက ထိုလူနှစ်ယောက်တွင် တစ်ယောက်က ကျန်းလိဖြစ်ပြီး နောက်တစ်ယောက်က ကျန်းလိနှင့် ပါလာပြီး သူမရဲ့အိမ်မှာ ပညာတတ် လူငယ်တွေ အားလုံးကို ဘာလို့ ပေးမနေတာလဲ ဆိုသည့်အကြောင်းကို မေးခဲ့သည့် လူငယ် ဖြစ်သည်။
'ဟဟ၊ အခုလေးတင်ပဲ သူတို့နှစ်ယောက်က ရန်သူကို မုန်းတဲ့စိတ်နဲ့ တက်ညီလက်ညီ ရောက်လာပြီး အကျပ်ကိုင်သွားကြတာလေ။ ဒါပေမယ့် အခုကျတော့ သူတို့က အချင်းချင်း ရန်ဖြစ်နေကြပြန်ပြီတဲ့လား။'
အမျိုးသမီးကြီး မစ္စရှုက စိတ်ထဲတွင် ကြိတ်ပျော်နေခဲ့သည်။ သူတို့က အဲ့ဒါနဲ့ တန်တယ်လေ။
ဝမ့်ရင်းက ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း သူတို့ကို ထပ်စစ်ဆေးပေးခဲ့သည်။
ယန်ဟုန်နှင့် လူတွေကို ခေါ်ဖို့ ရောက်လာသည့် ပညာတတ် လူငယ်များစွာတို့က ဘေးကနေ ရပ်ကြည့်နေခဲ့ကြသည်။ အမျိုးသား ပညာတတ် လူငယ်များစွာက ရှုရွှမ်းကို သူတို့ရဲ့ မျက်ဝန်း ထောင့်ကနေ ကြည့်နေခဲ့ကြသည်။
ဝမ့်ရင်းက သူ့ယောက်ျားရဲ့ အရှေ့မှာ တစ်ခြား လူငယ်တွေရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးဖို့က တကယ်ရော အဆင်ပြေပါ့မလား။
ပြောရရင် ရှုရွှမ်းက အဲ့ဒါတွေကို တကယ် ဂရုမစိုက်ခဲ့ပါ။
ဝမ့်ရင်းက ထိုလူနှစ်ယောက်ကို ဟိုလုပ်ဒီလုပ် ပြောပြီးနောက် လက်စသတ်ခဲ့သည်။ “အာဟာရ ချို့တဲ့လို့ပါ။”
'ဘာလို့မေ့လဲတာလို့ နင် ဆိုလိုချင်တာလဲ။ ဒီလူ နှစ်ယောက်က ကောင်းကောင်းလည်း အစားကြဘူးလေ။ အဲ့ဒါကြောင့် သူတို့က မူးလဲသွားကြတာ။'
ယန်ဟုန်က တွေဝေသွားခဲ့သည်။ “ဒီကိစ္စက မဖြစ်သင့်ဘူး။ သူတို့နဲ့ အတူတူနေတဲ့ ပညာတတ် လူငယ် အဟောင်းတွေကကျတော့ အဟာရ မချို့တဲ့ကြဘူးလေ။”
ယုဖမ်းချန်က ကျန်းလိနဲ့ နေတာလေ။ သူတို့ နှစ်ယောက်လုံး စာရေးကြီးရဲ့ အိမ်မှာပဲ နေကြတာ။ သူနဲ့နေတဲ့ နောက်ထပ် ပညာတတ် လူငယ်က ဝေ့ချန်းလေ။ သူက တပ်မဟာထဲကို ရောက်တာ ကြာလှပြီဖြစ်တဲ့ ပညာတတ် လူငယ် အဟောင်းပဲလေ။
ယုဖမ်းချန်နှင့် ဝေ့ချန်းတို့က တော်တော်လေး ဖြောင့်မတ်ပုံ ရသည်။ တစ်ခြားအဖွဲ့သားတွေက သူတို့ကို ပြင်းပြင်းထန်ထန် ဆက်ဆံခဲ့ပါက သူတို့က ထုတ်မပြောဘဲ ဘယ်လိုလုပ် နေကြမှာလဲ။
ဝေ့ချန်းကလည်း အနားမှာ ရပ်နေခဲ့သည်။ သူက အခုလေးတင် ကျန်းလိကို ဒီနေရာအထိ ခေါ်လာခဲ့သူလည်း ဖြစ်သည်။ သူကလည်း မျက်မှောင်ကြုတ်ပြီး တော်တော်လေးကို တွေဝေသွားခဲ့သည်။ “ငါတို့က ထျန်းတာရှူးရဲ့ အိမ်မှာ နေကြတာလေ။ ပြီးတော့ အမြဲလိုလို ငါတို့မှာ စားဖို့၊ သောက်ဖို့ လုံလုံလောက်လောက် ရှိပါတယ်။”
တပ်သားတစ်ယောက်အနေနဲ့ ထျန်းတာရှူးရဲ့ မိသားစုထဲမှာ ညီအစ်ကိုတွေ အများကြီးပဲ ရှိတယ်။ သူက လယ်လုပ်တဲ့နေရာမှာလည်း တော်တယ်။ ပြီးတော့ သူညီအစ်ကိုတွေ အားလုံးက အိမ်ထောင်မကျကြသေးဘူး။ အဲ့ဒါကြောင့် သူတို့မှာ စားစရာ ပြတ်လပ်တယ်ဆိုတာ မရှိပါပေ။
ဝမ့်ရင်းကလည်း မသေချာပါ။ သူမက အဖွဲ့သားများသည် ပိုက်ဆံကို ထုတ်မပေးဘဲ ချန်ထားတယ်ဟုလည်း မထင်ပါ။
ပညာတတ် လူငယ်တွေ နေရာသော မိသားစုတွေ အားလုံးက အထက်တန်းစား မိသားစုများ ဖြစ်ကြသည်။ ထိုမိသားစုတွေက အဆင်မပြေကြရင်တောင် သူတို့က ပညာတတ် လူငယ်တွေရဲ့ စားစရာတွေကို ယူသွားတယ် ဆိုပြီးတော့ အဲ့လောက်ထိ ရှက်ဖို့ကောင်းတဲ့ အရာများကို လုပ်ကြမှာတော့ မဟုတ်ဘူး။
ဒီလိုအခြေအနေမျိုးမှာ အမျိုးသမီးကြီး မစ္စရှုက တရားမျှတတဲ့ အရာတစ်ခုကို ပြောခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုကို ကြည့်ရတာ အထင်သေးနေပုံရပြီး ပြောလိုက်သည်။ “အဖွဲ့သားတွေကို သူတို့ရဲ့ဝေစု ပေးရမှာပဲ။ ပြီးတော့ သူတို့တွေကို အငတ်ထားမှာတော့ မဟုတ်ပါဘူး။ ဒီလူနှစ်ယောက်က စိတ်ပိုင်းဆိုင်ရာ တစ်ခုခု ဖြစ်နေပြီး သူတို့ရဲ့ ကိုယ်ပိုင် ပိုက်ဆံတွေကို တစ်ခြားသူတွေ ပေးပြီး လျှော့သွားတယ် လုပ်မှာကိုပဲ ငါက စိုးရိမ်ရုံပါ။”
ဝမ့်ရင်းက ချက်ချင်းပဲ နားလည်သွားခဲ့ပြီး သူမက ကျန်းလိနှင့် တစ်ခြား ပညာတတ် လူငယ် တစ်ယောက်ကို ကြည့်လိုက်သည့်အခါ ဝမ်းနည်းမှုအပြည့် ဖြစ်သွားခဲ့ရသည်။
'ဝိုး။ ပြဿနာနှစ်ခုကတော့ အေးအေးဆေးဆေး ရှိနေပါတယ်။ ပိုင်လင်းက တကယ်ကို ကြံကြံဖန်ဖန် လုပ်တတ်တာပဲ။'
ဟန်ဟုန်က ဒါကို ကောင်းကောင်းနားလည်တာ သိသာနေခဲ့သည်။ သူမရဲ့ မျက်နှာက သုန်မှုန်သွားပြီး ဒီပြဿနာကို တကယ်ပဲ လျစ်လျူရှုချင်နေခဲ့သည်။
'ဒါကဘာလဲ။ အမျိုးသား ပညာတတ် လူငယ်တွေက အသစ်ရောက်လာတဲ့ အမျိုးသမီး ပညာတတ် လူငယ်လေးကို မေတ္တာရှိကြောင်း ပြဖို့အတွက် ပြိုင်နေကြတာ။ ပြီးတော့ သူတို့က သူတို့ရဲ့ မေတ္တာတရားတွေကို ပြသဖို့ တော်တော်လေး စိတ်အားထက်သန်ပြီး မူးတောင် လဲသွားကြတယ်။'
'သူတို့နှစ်ယောက်ရဲ့ ခေါင်းထဲမှာ ဝါဂွမ်းတွေပဲ ရှိတာလား။'
ဝမ့်ရင်း - “ရှင် ဒီလူကို ခေါ်သွားသင့်တယ်။ ရှင့်မှာ သကြားရည်လေး ရှိတယ်ဆိုရင် သူ့ကို တိုက်လိုက်ပါ။ သောက်ပြီးလို့ ခနလောက် နားလိုက်ရင် သက်သာသွားလိမ့်မယ်။”
လူငယ်တွေထဲရှိ တစ်ယောက်က မြန်မြန်ပဲ ပြောခဲ့သည်။ “အိမ်မှာ ဘာသကြားရည်မှ မရှိဘူးမလား။”
ဝေ့ချန်းက အမျိုးသား ပညာတတ် လူငယ်ကို ချက်ချင်း ဆွဲလိုက်ကာ ကြားဖြတ် ပြောခဲ့သည်။
ဝမ့်ရင်းက ပြုံးပြီး ပြောလိုက်သည်။ “ငါ့အိမ်မှာ ပိုက်ဆံရှိတယ်။ တကယ်လို့ ဒီလူတွေက ငါ့ဆီကို ဆင်းရဲတယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ လာခဲ့ရင် ငါက သူတို့ကို ပိုက်ဆံ ပေးမှာပါ။ ဒါပေမယ့် သူတို့က ငါ့ယောက္ခမဆီကို လာပြီးတော့ သူတို့ ပညာတတ် လူငယ်တွေ အားလုံးကို ငါ့ ယောက္ခမရဲ့ အိမ်မှာ ထားသင့်တယ်ဆိုပြီးတော့ လာပြောသွားကြတာ။ ငါ့ယောက္ခမက သတိရှိပေလို့ သူတို့ကို အဲ့မှာနေဖို့အတွက် ငြင်းလိုက်တာ။ ပြီးတော့ သူတို့က ငါ့ဆီကနေ ပိုက်ဆံ ဖြတ်သွားသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့က တစ်ခြားသူတွေကိုပဲ မှီခိုနေရတာလေ။ ငါက သူတို့ရဲ့ အမေလည်း မဟုတ်ဘဲနဲ့ ဘာလို့ သူတို့ကို အလိုလိုက်ရမှာလဲ”
ဝမ့်ရင်းသည် ပညာတတ် လူငယ်က မသက်မသာ ဖြစ်နေတာကို မြင်ခဲ့ရပြီး သူတို့တွေ အများစုက ရှုမိသားစုရဲ့ အိမ်ကို ပြောင်းနေကြမည့် အစီအစဥ်ကို သိပြီးသားဟု ခန့်မှန်းမိခဲ့သည်။ ကျန်းလိနှင့် အမျိုးသား ပညာတတ် လူငယ်တစ်ယောက်ကသာ ရောက်လာကြသော်လည်း ထိုလူတွေက အဲ့ဒါကို ကောင်းကောင်း သိထားပြီးသား ဖြစ်သည်။
'ဟုတ်တယ်။ ရွာသားတစ်ယောက်ရဲ့အိမ်မှာ နေရတာ၊ စားသောက်ရတာက ပညာတတ် လူငယ်တွေကို ဘယ်လိုလုပ် တစ်ယောက်တည်း နေခိုင်းပြီး စိတ်ကျေနပ်နိုင်မှာလဲလို့။'
ဝမ့်ရင်းက အဖွဲ့ခေါင်းဆောင် ယန်ဟုန်ကို ကြည့်ပြီး ပြောခဲ့သည်။ “ခေါင်းဆောင်ယန်၊ ရှင်နဲ့ ပတ်သက်ပြီးတော့ ကျွန်မ ဘာတစ်ခုမှ မပြောသင့်ပါဘူး။ ပြီးတော့ ရှင်တို့တွေ ဒီကို လာတာ ရွာကို တည်ဆောက်ပေးကြဖို့ပဲလေ။ ဒါပေမယ့် အခုလက်ရှိ အခြေအနေကို ကြည့်ပါဦး။ ကျွန်မ ယောက္ခမဆီကို လာပြီးတော့ ပညာတတ် လူငယ်တွေကို လက်ခံဖို့ ပြောသွားကြတယ်။ ဘာလို့လဲဆိုတော့ သူက တော်တော်လေးကို သတိရှိလို့လေ။ ရှင်တို့ အဲ့ဒါကို ဘယ်လောက်ပဲ လက်ခံကြပါစေ၊ ဒါ ကျွန်မတို့ လက်ခံတာရဲ့ သင်္ကေတ တစ်ခုပဲလေ။ ဒါပေမယ့် ရလဒ်ကတော့ ဘာဖြစ်သွားလဲ။ ဝင်ပါခဲ့တဲ့ ကျွန်မတို့တွေမှာ သတိသေချာ မထားနိုင်ခဲ့ဘူး။ လုပ်ပေးတာတွေက မလုံလောက်ဘူးဆိုပြီးပဲ ဆုံးဖြတ်ခဲ့ကြတယ်။”
“ဒီ ကိစ္စကြောင့်သာဆိုရင် ကျွန်မတို့တွေ အားလုံးက ဘာလို့ ဒီပြဿနာထဲကို ဝင်ပါရမှာလဲ။ ကျွန်မတို့က ပထမနေရာကို ဝင်မပါခဲ့သင့်ရုံပဲ ဟုတ်တယ်မလား။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ကျွန်မတို့ရဲ့ အားထုတ်မှုတွေကို အပြစ်တင်ကြမှာပဲလေ။”
ဝမ့်ရင်း ပြောတဲ့ စကားတွေကို ကြားသည့်အခါ ယန်ဟုန်ရဲ့ မျက်နှာက ရှက်သွားခဲ့သည်။ သူမက ဒီလို သတင်းများကို မကြာသေးခင်ကမှ ကြားခဲ့ပြီး ဖြစ်သော်လည်း ကျန်းလိနှင့် ဒီလူငယ်က အမျိုးသမီးကြီး မစ္စရှုကို တွေ့ဖို့ သွားမှာကိုတော့ သူမ တကယ်ကို မသိခဲ့ပါ။
သူမသာ အဲ့ကိစ္စကို သိခဲ့မည်ဆိုပါက သေချာပေါက် တားမှာ ဖြစ်သည်။
ဝမ့်ရင်း - “ခေါင်းဆောင်ယန်၊ ရှင်တို့အားလုံး ကျေးလက်ဒေသကို လာရတဲ့ လမ်းတွေက တော်တော်လေး ခက်ခဲမယ် ဆိုတာကို ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မတို့တွေ ဒါကိုတော့ သဘောမတူနိုင်ပါဘူး။ ရှင်တို့တွေ အားလုံးက ကျွန်မ ယောက္ခမရဲ့ အိမ်မှာ ပြောင်းနေကြရင် ရှင်တို့တွေထဲက တစ်ချို့တွေက မကျေမနပ် ဖြစ်ကြလိမ့်မယ်။ ကျွန်မရဲ့ ယောက္ခမ အိမ်က မထွက်သွားပေးဘဲ ရှင်တို့ကို အဲ့အိမ်မှာ ပြောင်းနေဖို့ ခွင့်မပြုတာကို မကျေမနပ် မဖြစ်ခင် ရှင်တို့တွေက အခု ကျွန်မတို့ လင်မယား စားတာတွေက ရှင်တို့တွေနဲ့ မတူတဲ့ ကိစ္စကို မကျေမနပ် ဖြစ်ကြလိမ့်မယ်။ အဲ့ကျရင် နောက်ပိုင်း မကျေနပ်ချက်တွေ ပိုပြီး များလာလိမ့်မယ်မလား။”
ဝမ့်ရင်းမှာ ပိုင်လင်းအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ပါ။ ဒီကောင်မလေးက တစ်ခြားသူတွေ လိုက်လာဖို့ မစည်းရုံးနိုင်ခဲ့ဘဲ လောဘတက်ခဲ့သည်။
ဒီလူတွေ အားလုံးကို ရှုမိသားစုရဲ့အိမ်မှာ နေဖို့အတွက် ခွင့်ပြုခဲ့ပါက ဆောင်းရာသီ ကောက်သိမ်းချိန် ပြီးတဲ့အခါကျရင် သူတို့က အဲ့နေရာကနေ မပြောင်းချင်တော့ဘူးတွေ ဖြစ်လာလိမ့်မည်မလား။
ယန်ဟုန်ရဲ့ မျက်နှာက ရှက်လာပြီး သူမရဲ့ နားတွေကတောင် ပူထူလာသလို ခံစားခဲ့ရသည်။ “မဟုတ်ဘူး။ မဟုတ်ဘူး။”
ဟန်ဟုန်က အတော်လေး ရှက်လွန်းလို့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရသည်။ သို့သော် သူမက ဝမ့်ရင်းရဲ့ စကားလုံးတွေကို မယုံကြည်နိုင်ဘဲ ပြန်ခုခံဖို့ အားနည်းတာကို သိနေခဲ့သည်။
ဟုတ်တယ်။ ဒီတစ်ခေါက်လည်း ကျန်းလိနဲ့ အခြားလူငယ် တစ်ယောက်က သူမကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ထားခဲ့ပြီး လမ်းလျှောက် ထွက်သွားကြတာ။ ဒါဟာ သူမက ပညာတတ် လူငယ် အသစ်တွေကို တကယ် မထိန်းနိုင်ဘူးဆိုတာကို ပြနေတာပဲ။
သူတို့တွေ ဘာဖြစ်နေကြလဲဆိုတာ သူမလည်း မသိတော့ဘူး။ သူတို့က အဖွဲ့သားတွေနဲ့ ဘာတစ်ခုမှ မတိုင်ပင်ဘဲ ညှိနှိုင်းတာတွေ သွားလုပ်နေကြသည်။
ယန်ဟုန်က ရှက်သွားခဲ့သည်။ “ငါတို့ ဒီကိစ္စကို ကြည့်လုပ်လိုက်ပါ့မယ်။”
ဝမ့်ရင်းက ကိစ္စအားလုံး အဆင်ပြေသွားတာကို မြင်သည့်အခါ ရပ်လိုက်သည်။ “ဒါဆိုလည်း ကျေးဇူးပါပဲ”
လှဲနေသည့် လူနှစ်ယောက်အတွက်တော့ ဝမ့်ရင်းက လုံးဝကို မစိုးရိမ်ခဲ့ပါ။
သူက သူ့ရဲ့ စားစရာတွေကို တစ်ခြားသူတွေ ကျွေးလိုက်ပြီး သူက သေအောင် အငတ်ခံပြီး သူမကို ဆရာဝန်တစ်ယောက်အနေနဲ့ ပြန်ပေးဆွဲလာတာလား။
ဒါက ထူးဆန်းပြီး မဆိုးလှတဲ့ အတွေးမျိုးပဲ။
ပညာတတ်လူငယ်အဖွဲ့က ခေါင်းငိုက်စိုက်ပြီး ဝမ့်ရင်းရဲ့ အိမ်ထဲကနေ ထွက်သွားခဲ့ကြသည်။ ဒီလူတွေမှာ အစောကတည်းက လက်တွေ့မဆန်တဲ့ အတွေးတွေကို တွေးပြီး သူတို့ဘာသာ ရှုအိမ်မှာ နေဖို့ သင့်တော်မယ်ဆိုရင်…..
အခုချိန်မှာ သူတို့က အဲ့လိုခွန်အားမျိုးတွေ မရှိကြတော့ပါ။
ဝမ့်ရင်းရဲ့ စကားတွေက အရမ်းကို တည့်တိုးပြီး ဒါက မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူတို့အား တိုက်ရိုက် ပြောခဲ့သည်။
ပညာတတ် လူငယ်တွေက ဘာမျှော်လင့်ချက်မှ မရှိတော့သည့်အတွက် သူတို့ နေထိုင်ရမည့် ရွာသားတွေရဲ့ အိမ်ကိုပဲ သေသေချာချာ ပြန်သွားခဲ့ကြသည်။
မည်သို့ပင် ဖြစ်စေကာမူ ယန်ဟုန်က ရှက်ပြီး ဒေါသထွက်လာခဲ့သည်။ သူမက အခြေအနေကို မေးမြန်းဖို့ ပညာတတ် လူငယ် အနည်းငယ်ကို ရှာလိုက်ပြီး မကြာခင်မှာပဲ ကိစ္စ တစ်ခုလုံးရဲ့ ဖြစ်ရပ်တွေကို သိသွားခဲ့သည်။
ပိုင်လင်း။
ယန်ဟုန်က အတော် ဒေါသထွက်နေခဲ့သည်။ ပိုင်လင်းသည် အစတုန်းက နူးညံ့ပြီး အေးဆေးသည့် မိန်းကလေးမျိုး ဖြစ်ပုံရသည်။ သို့သော် သူမက ပညာတတ် လူငယ်တွေရဲ့ အကြားမှာ ပြဿနာတွေ ပတ်ရှာလိမ့်မည်ဟု ဘယ်သူကများ တွေးမိခဲ့ပါ့မလဲ။
အရင်ဆုံး သူမက အလုပ်လုပ်နေချိန် သုံးလေးခါလောက် ခနခန မူးလဲခဲ့သည်။ သူမ မူးလဲလို့ ဝမ့်ရင်းဆီ ပို့သည့်အခါတိုင်း သူမက ဖြည်းဖြည်းချင်းထပြီး သွေးတွင်း သကြားဓာတ် နည်းပြီး ဘာမှ ကောင်းကောင်း မစားရဘူးဟုလည်း အတင်းပြောတတ်သည်။ ထို့အပြင် မူးလဲတာက ကြီးကြီးမားမား ကိစ္စ မဟုတ်ဘူးဟုလည်း ပြောတတ်သည်။ သူမက ဆရာဝန်နှင့် မတွေ့ချင်ခဲ့ပါ။ အဲ့ဒါကြောင့် သူမက ပိုက်ဆံမရှိဘဲ ဝမ့်ရင်းကို ပေးရမည့် နှစ်ဆင့်၊ သုံးဆင့်ကိုလည်း မတတ်နိုင်ဘူးဟု ပြောခဲ့သည်။
ပညာတတ် လူငယ်တွေထဲက လုပ်ခတွေကို စုပြီး ဝမ့်ရင်းကို ပေးလို့ရကြောင်း ယန်ဟုန်က တစ်ကြိမ်မက ပြောခဲ့သည်။ ထို့အပြင် အဲ့ဒါက သူမကို ဆေးကုသပေးဖို့လည်း နှောင့်နှေးစေမည် မဟုတ်ပါ။
သို့သော် ပိုင်လင်းက လက်မခံနိုင်ခဲ့ပါ။
အချိန်ကျလာတဲ့အခါ ယန်ဟုန်က ပိုင်လင်းရဲ့ ရည်ရွယ်ချက်တွေကို နားလည်ဖို့ မလုပ်နိုင်တော့ပါ။
သူမက အလုပ်မလုပ်ချင်တာ။ ဒါမှမဟုတ် ပညာတတ် လူငယ် အဖွဲ့ခေါင်းဆောင်က သူမအတွက် ပိုပြီး လွယ်ကူသက်သာတဲ့ နေရာတစ်ခုကို ပြောင်းစေချင်ရုံသာ ဖြစ်သည်။
ယန်ဟုန်က သူမကို အလိုမလိုက်ခဲ့ပါ။ နောက်ပိုင်းမှာတော့ သူမသည် မူးလဲတာက အသုံးမဝင်တော့တာကို သိလာခဲ့သည်။ ထို့အပြင် သူမသာ မကြာခဏ မူးလဲမည်ဆိုပါက လူတွေက ဝူကွေ့ဟွာသည် သူမကို သေချာ မထားဘူးဟု သေချာပေါက် တွေးလာကြမည် ဖြစ်သည်။ တကယ်လို့ သူမက အမျိုးသမီး အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဝူကွေ့ဟွာကို ထပ်ပြီး စိတ်ခုသွားအောင် လုပ်မိမည် ဆိုပါက အခြေအနေ မကောင်းတော့ပါ။
ထို့ကြောင့် ဒီနည်းလမ်းက အလုပ်မဖြစ်တာကို သိလာတဲ့အခါ ပိုင်လင်းက သူမကိုယ်သူမ လူတွေကို ကူညီပေးဖို့ကိုသာ ရွေးချယ်ခဲ့သည်။
တုံးအလွန်းတဲ့ ကျန်းလိကိုတော့ မဆိုထားနှင့် သူက ပုံမှန်ဆိုရင်တောင် မိသားစုက ပေးတဲ့ ပိုက်ဆံတွေကိုတောင် ပိုင်လင်းအတွက် သုံးနေခဲ့ခြင်း ဖြစ်သည်။
ပိုင်လင်း ဝင်လာသည့်အခါ သူမက အိတ် တစ်အိတ်ကိုသာ ယူလာခဲ့သည်။ ထို့အပြင် သူမက အမြဲတမ်း တစ်ခုခု လိုအပ်မှသာ လာသည်။ ကျန်းလိက မြို့မှာ ပစ္စည်းတွေ ဝယ်ဖို့ သူမရဲ့ လက်မှတ်တွေကို လဲပေးမည့် လူတစ်ယောက်လောက် ရှာရမည် ဖြစ်သည်။
သို့သော် ကျန်းလိရဲ့ ပိုက်ဆံတွေက ကုန်ခါနီး ဖြစ်နေတာကို မြင်တဲ့အခါ ပိုင်လင်းက ကျန်းလိအား အထာပေးတာတွေ ရပ်လိုက်သည်။
ကျန်းလိမှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိသည့်အတွက် သူက ပိုင်လင်းရဲ့ အလုပ်ကိုသာ ကူပေးနိုင်သည်။ ထို့အပြင် အချိန်တိုင်း သူက သူ့ရဲ့ ရိက္ခာတွေကို ပိုင်လင်းနှင့် ဝေမျှပြီး စားလေ့ရှိသည်။
ထိုအခြေအနေမျိုးက အကပ်ခံခဲ့ရသည့် အခြား ပညာတတ် လူငယ်တစ်ယောက်မှာလည်း အလားတူ ဖြစ်ခဲ့ဖူးသည်။ သူကလည်း သူမကို အလုပ်တွေ ကူလုပ်ပြီး စားစရာတွေ ဝေမျှ စားသောက်ခဲ့သည်။ သို့သော် သူက အဲ့မှာ အကြာကြီး ရှိခဲ့ပြီး သူမိသားစုက သူ့အတွက် ပေးလိုက်သည့် ပိုက်ဆံတွေ အားလုံးကိုလည်း သုံးခဲ့လိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် သူ ကူညီနိုင်တာဆိုလို့ အလုပ်နှင့် စားစရာပဲ ရှိသည်။
ပိုင်လင်းရဲ့ အပြုအမူတွေက အမျိုးသား ပညာတတ် လူငယ်တွေရဲ့ အကြားမှာ ရေပန်းစားနေခဲ့သည်။ ထို့အပြင် သူမက အကျိုးအမြတ်တွေ ရယူခဲ့သော်လည်း သူမက အဲ့ဒါကို အပေါ်ယံမှာတော့ ထုတ်မပြခဲ့ဘဲ အမျိုးသား ပညာတတ် လူငယ် အားလုံးကို တစ်ပုံစံတည်းပဲ ဆက်ဆံခဲ့သည်။
သို့သော် အမျိုးသမီး ပညာတတ် လူငယ်တွေကတော့ ဘယ်သူကမှ သူမကို အထင်မကြီးခဲ့ပါ။
သူမက အလုပ်လည်း သေချာ မလုပ်သလို သူမက ကျန်းမာရေး မကောင်းဘူးဟုသာ အမြဲတမ်း ပြောနေခဲ့သည်။ သို့သော် သူမက ဆရာဝန်နှင့် သွားပြဖို့ကိုလည်း ငြင်းခဲ့ပြီး သူမက မွေးရာပါ အားနည်တာပါဟုသာ ပြောခဲ့သည်။ အမျိုးသမီး ပညာတတ် လူငယ်တွေ အားလုံးက ပိုင်လင်းကို ရှောင်ကြပြီး ဘယ်သူကမှ သူမကို မကြည့်ပေးကြပါ။
သို့သော် ပိုင်လင်းက အမျိုးသမီး ပညာတတ် လူငယ်တွေ သူမကို ဘယ်လိုမျိုး တွေးမလဲ ဆိုတာ သူမက ဂရုမစိုက်ခဲ့ပါ။ အမျိုးသားများကသာ သူမကို ချီးကျူးနေဖို့ လိုအပ်သည်။ ထို့အပြင် ပိုင်လင်းက သူတို့ဆီက ရလာမည့် အကျိုးအမြတ်များကိုသာ ကြည့်နေခဲ့သည်။ အဲ့ဒါဆို အမျိုးသမီး ပညာတတ် လူငယ်တွေကရော။ သူတို့တွေ တစ်ယောက်ချင်းဆီက သူမနဲ့ဆိုရင် ပြိုင်ဖက်တွေပါပဲ။
အဲ့တော့ သူတို့နဲ့ အဆက်အဆံ မရှိတာက ကောင်းပါသည်။
ယန်ဟုန်က အဲ့အကြောင်းကို ပိုပြီး တွေးမိလေလေ ပိုပြီး ဒေါသထွက်လာရလေ ဖြစ်နေခဲ့သည်။ သူမက လူတွေကို သယ်လာတဲ့ ပညာတတ် လူငယ်တွေကို ရိုးရိုးလေးပဲ ပြောလိုက်သည်။ “ပြန်ပြီး အချင်းချင်း အကြောင်းကြားလိုက်။ ဒီည ငါတို့တွေ တွေ့ဖို့ ရှိတယ်ဆိုတာ။”
သူမတို့တွေ ဒီတိုင်းတော့ သွားလို့ မရဘူး။ သူမတို့က အဆင်ပြေတဲ့ ပညာတတ် လူငယ် အဖွဲ့ပဲလေ။ ဘဝဆိုတာ လူတိုင်းအတွက် ခက်ခဲတာပဲ။ ဒါပေမယ့် သူမတို့တွေသာ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ထောက်ပံ့ပေးမယ်ဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး။
သူတို့တွေ ပိုင်လင်းကို ဒီတိုင်း ပြဿနာရှာခွင့် ပေးမယ်ဆိုရင် ပညာတတ် လူငယ် အဖွဲ့ ဘယ်ပဲသွားသွား လူတိုင်းက မုန်းနေတော့မှာပဲ။
ယန်ဟုန်က တကယ် ဒေါသထွက်နေတာကို မြင်တဲ့အခါ အမျိုးသား ပညာတတ် လူငယ်တွေ အားလုံးက လည်ပင်းထဲ စို့နင့်နင့် ဖြစ်သွားပြီး ဘာစကားမှ မပြောရဲကြတော့ပါ။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၂၆
ရှုမင်းကတော့ လုံးဝ စိတ်မရှုပ်နေခဲ့ပါ။ သူက သာသာလေးပဲ ပြုံးခဲ့သည်။ သူ့ရဲ့ ဘေးနားရှိ လူငယ်က သူ့ကို ကြည့်လိုက်သည်။
“ကောလိပ်ကျောင်းသားတွေက ဘာဖြစ်လို့လဲ။ သူတို့က ဒီမှာရှိနေတာ ငါတို့လို နယ်မြေသစ် တစ်ခုကို စပြီး အခြေချချင်ရုံ မဟုတ်ဘူးလား။ ဒီမှာဆို ပညာရေးက အလကားပဲလေ။ ပြီးတော့ ပညာတွေ အများကြီး ရှိနေ ပိုကောင်းတယ်လို့ ဆိုလိုတာလား။ သိပ်ပြီးလည်း မလိုအပ်ပါဘူး”
ထိုမှတ်ချက်က အရမ်းကို ချဥ်ဖို့ကောင်းပြီး မနာလိုဖြစ်ကာ မယဥ်ကျေးရာကျသည်။
ရှုမင်းက ပေါက်တူးကို သယ်ပြီး တစ်ခြားသူတွေ သူ့ကို ပြောနေသမျှ အရာအားလုံးကို ဘာမှ မခံစားနေခဲ့ပါ။ သူက အရမ်းကို လေးလေးနက်နက် ရှိပုံရသည်။
စကားပြောနေတဲ့လူက ပိုပြီးတော့တောင် ဒေါသထွက်လာခဲ့သည်။ “သူက ခံ့ညားတဲ့ မျက်နှာထားမျိုး ရှိနေပေမယ့် ဘာမှ မစား၊ မသောက်ဘူး။ သူ့ရဲ့ အနောက်ကို လိုက်ရင် ဘယ်သူကများ မှားသွားမှာတဲ့လဲ။”
ထိုစကားက အနည်းငယ် ရန်စကားမျိုး ဆောင်သော်လည်း ဘယ်သူကမှ သူ့ကို ဂုဏ်မယူခဲ့ကြဘဲ ရှုမင်းဘက်ကသာ လူတိုင်းက ပြောပေးခဲ့ကြသည်။
“ ရှောင်ကျွင်း၊ မင်း ဘာကို ပြောနေတာလဲ။ ရှုမင်းက မင်းထက်ပိုပြီး လုပ်နိုင်စွမ်း ရှိတယ်။ သူက စက်တွေလည်း ပြင်နိုင်တယ်။ နိုင်ငံခြားက စာလုံးတွေကိုလည်း ဖတ်နိုင်တယ်။ မင်းက အဲ့ဒါတွေကို လုပ်နိုင်လို့လား။”
“ဟုတ်တယ်။ သူက ဘက်စုံတော်တယ်။ ပြီးတော့ ရှုမင်းနောက်လိုက်တဲ့ ဘယ်သူမဆို လမ်းမှားရောက်မှာ မဟုတ်ဘူး။”
“မင်းက မိန်းကလေးငယ် တစ်ယောက်အတွက် ရှုမင်းရဲ့ လူသိများမှုတွေကို မနာလို ဖြစ်နေတာပဲ။”
ရှုမင်းက ဘာတစ်ခွန်းမှ မပြောသော်လည်း သူ့ဘေးနားရှိ လူတွေ ပြောသမျှ စကားတိုင်းက ရှောင်ကျွင်းဟု ခေါ်သော လူကို ပိုပြီး ဒေါသထွက်စေခဲ့သည်။
“ငါပြောတာ ဘာမှားလို့လဲ။ သူက အမှားလုပ်လို့ ဒီကို ရောက်လာခဲ့တာ မဟုတ်ဘူးလား။”
ရှုမင်းရဲ့ ကိစ္စကို စိတ်ဝင်စားတဲ့ ဘယ်သူမဆို အဲ့အကြောင်း ရှာဖွေလို့ ရသည်။ ပြီးတော့ သူတို့တွေက လယ်ထဲမှာဆို ဘာလျှို့ဝှက်ချက်မှ မထားကြပေ။
ရှုမင်းသည် ထိုလူက သူ့ကိုပဲ မဲနေတာကို မြင်ရတဲ့အခါ စိတ်တိုလာခဲ့သည်။
“ကျွန်တော် ဘယ်ကနေလာတယ်၊ ဒီကို ဘယ်လို ရောက်လာလဲဆိုတာကို ခဗျားက ဘာလို့ ဂရုစိုက်နေရတာလဲ။ ကျွန်တော်တို့တွေ ဒီမှာ ရှိကတည်းက ကျွန်တော်တို့ လူတွေ အားလုံးက နယ်မြေသစ် ချဲ့ထွင်မယ့် လူတွေချည်းပါပဲ။ အဲ့ဒါကို ခဗျားက ကျုပ်ကို လာပြီး အပြစ်တင်နေတာပဲ။ အဲ့လိုမှ မဟုတ်ရင်လည်း ခဗျားက အဖွဲ့ခေါင်းဆောင်ကို သွားရှာပြီး ကျွန်တော် ဒီမှာ ရှိနေသင့်လား ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် သွားမေးလိုက်ပါလား။ အဆိုးဆုံးကတော့ ကျွန်တော့်ကို ပြန်ပို့ရုံပဲပေါ့။”
ရှုမင်းက စကားပြောတဲ့နေရာမှာ မတုံးအပါ။ ထို့အပြင် သူတောက်လျှောက် ပြောလိုက်သော စကားတွေက ရှောင်ကျွင်းကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
အပြင်ဘက်မှာ အလုပ်လုပ်နေသော အဖွဲ့က တန်းမစီခင်မှာ ခနလောက် တိတ်ဆိတ်သွားပြီး သူတို့ရဲ့ အိပ်ဆောင်ဆီ ပြန်သွားခဲ့ကြသည်။
သူ အိပ်ဆောင်ကို ရောက်တော့ စာပို့သမား တစ်ယောက်က အိတ်ကြီး တစ်အိတ် သယ်ပြီး လာနေတာကို မြင်ခဲ့ရသည်။
လူတစ်ယောက်က လက်ညှိုးထိုးပြလိုက်သည်။ “ ရှောင်ကျွင်း၊ မင်းအိမ်က မင်းအတွက် တစ်ခုခု ထပ်ပြီး ပို့ပေးလိုက်ပြန်ပြီ။”
သူက အားကျစွာ ပြောလိုက်သည်။ “မင်းရဲ့ မိဘတွေက တော်တော်ကို ကောင်းကြတာပဲ။ သူတို့က မင်း ဒီကို ရောက်လာကတည်းက သုံးလတစ်ခါလောက်နီးပါး အိတ်တစ်အိတ် ပို့ပေးခဲ့ကြတာ။ ပြီးတော့ ဒီတစ်ခေါက်လည်း အိတ်ကြီး အကြီးကြီးပဲ။”
ဒီနေ့မှာတော့ ရှောင်ကျွင်းက ရှုမင်းနှင့် အခြားသူတွေ ဆူတာကို ခံခဲ့ရသည့်အတွက် စိတ်အခြေအနေ မကောင်းပါ။ သူက ရုတ်တရက် အထုပ်ကို မြင်လိုက်ရသည့်အခါ ဂုဏ်ယူသွားခဲ့သည်။
နယ်မြေသစ် တူးဖော်တဲ့နေရာကို ရောက်လာတဲ့ ပညာတတ် လူငယ်များအကြား သူ့မိဘတွေကသာ သူ့ကို အများဆုံး ဂရုစိုက်ကြပြီး နှစ်တိုင်းလည်း သူ့ထံကို လက်ဆောင်တွေ အများဆုံး ပို့ပေးခဲ့သည်။
“တကယ်ကို စိတ်အနှောက်ယှက်ဖြစ်စရာပဲ။ သူတို့က ဒီလို အထုပ်ကြီးကို ပို့ပေးခဲ့ကြတာ။ ငါ့အထင်တော့ သူတို့ စားစရာတွေပဲ ထပ်ပို့ကြပြန်ပြီ။ အိုး၊ စောစောတုန်းက ငါ မင်းကို ပြောခဲ့တယ်လေ။ ဒီနေရာမှာ စားစရာ သွားလဲလို့ရမယ့် နေရာတစ်ခု ရှိတယ်ဆိုတာ။ မင်းတို့ အဲ့ဒါကို ပို့ပေးဖို့လည်း မလိုပါဘူး။”
ရှောင်ကျင်းက အဲ့ဒါကို ရှုမင်းရဲ့ အရှေ့မှာ အော်ပြောခဲ့သည်။
ဒါက သူသည် ရှုမင်းကို ဖိနှိပ်လို့ရမည့် နေရာ တစ်ခုသာ ဖြစ်သည်။
ရှုမင်းသည် သူ့မိသားစုနှင့် အဆက်သွယ် မရှိတာကလွဲလို့ အရာရာမှာ သာလွန်သည်။ ပညာတတ် လူငယ်များ အကြားတွင် သူက မိသားစု အထောက်အပံ့ အနည်းငယ်သာရသည့် လူတွေထဲမှ တစ်ယောက်ဖြစ်သည်။
သူကတော့ မတူညီပါ။ သူ့မိသားစုက သူ့ကို အရမ်း တန်ဖိုးထားသည်။ သူက မကြာခင်မှာ ပြန်သွားနိုင်တော့မှာဟုလည်း ပြောနေခဲ့သည်။
စာပို့သမား ရောက်လာတဲ့အခါ ရှောင်ကျွင်းက သူ့ကို ပြုံးပြပြီး ချက်ချင်းပဲ နှုတ်ဆက်ခဲ့သည်။ “အဖိုးကြီးထျန်း၊ ဒီနေ့တော့ စောလှချည်လား”
အဖိုးကြီးထျန်းက အထုပ်ကို သူ့လက်ထဲသို့ မအပ်ခဲ့ပါ။ ထိုအစား သူက ရှောင်ကျွင်းကို ထူးဆန်းစွာ ကြည့်လိုက်ပြီး အိမ်ဆောင်ထဲကို အော်ခေါ်လိုက်သည်။ “ရှုမင်း၊ ဒီမှာ မင်းရဲ့ အထုပ်။”
ရှုမင်းက အပ်ချုပ်တာကို ရပ်လိုက်သည်။ “ကျွန်တော့်ဟာလား။”
အဖိုးကြီးထျန်း - “ဟုတ်တယ်။ မင်းဟာ။ ထွက်ပြီး မြန်မြန်လာယူကွာ။ ဒါက တော်တော်ကို လေးတယ်ကွ။ အဲ့ဒါက ဒီလောက်များတဲ့ ပစ္စည်းတွေသာ မဟုတ်ဘူးဆိုရင် ငါ မင်းရဲ့ နေရာကို ပထမဆုံး ရောက်လာမှာ မဟုတ်ဘူး”
ရှုမင်းက ထမကြည့်ဘဲနှင့်တောင် ရှောင်ကျွင်းရဲ့ မျက်နှာက အတော်လေး သုန်မှုန်နေမှာကို ခန့်မှန်းမိခဲ့သည်။
ရှုမင်းက အထုပ်ကို ယူလိုက်သည့်အခါ လေးလွန်းလို့ သူ့ခန္ဓာကိုယ်က ရုတ်တရက် လဲကျမလို ဖြစ်သွားခဲ့ကာ ဘေးနားရှိ လူတွေက လန့်သွားကာ ကူညီပေးဖို့ အပြေးလေး ရောက်လာခဲ့ကြသည်။
ရှုမင်းက ထပ်ကြည့်လိုက်သည့်အခါ ရှောင်ကျွင်းက တံခါးနားမှာ ရှိမနေတော့တာကို တွေ့ခဲ့ရသည်။
ရှုမင်းက အထဲကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲမှာ မွှေးကြိုင်နေသော ခေါက်ဆွဲခြောက် အထုပ်ကြီးကို တွေ့ခဲ့ရပြီး အခြောက်အခြမ်း ပစ္စည်းများနှင့် ယုန်သားများလည်း ပါလာခဲ့သည်။ အဲ့ဒါတွေက ရှုမင်းကို အတော်လေး စိတ်လှုပ်ရှားသွားစေခဲ့သည်။
ဘေးနားရှိ လူတွေက ဝိုင်းလာကြပြီး ပြောလိုက်သည်။ “ဝိုး။ ရှုမိသားစုက တော်တော်လေး ချမ်းသာတာပဲကွ။ သူတို့ ပို့ပေးလိုက်တဲ့ ဆန်ကောင်းတွေကိုလည်း ကြည့်ပါဦးကွာ။ အိတ်ကြီးက နည်းတာကြီး မဟုတ်ဘူး။”
ရှုမင်းက ခေါက်ဆွဲကြော်ကို ထုတ်ယူလိုက်ပြီး ပြောခဲ့သည်။ “ဒါဆို ကျွန်တော်တို့တွေ ဘာလို့ အတူတူ ခွဲမစားကြရမှာလဲ။”
ကြွေပန်းကန်ထဲတွင် ခေါက်ဆွဲခြောက်ကို ထည့်ပြီး ရေနွေးကို ထပ်ထည့်လိုက်သည့်အခါ အဲ့ဒါက အရမ်းကို အရသာရှိပြီး စိတ်ကျေနပ်ဖို့ ကောင်းသည်။
ရှုမင်းက ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် သူက ဘောပင်ကို ကောက်ကိုင်ပြီး သူ့ရဲ့ ညီလေးဆီ ပြန်စာရေးဖို့ ပြင်လိုက်သည်။
သူ့ရဲ့ညီက ဒီလောက်အစောကြီး ပစ္စည်းတွေကို ပို့လိမ့်မည်ဟု သူ မထင်ထားခဲ့သော်လည်း သူတို့အားလုံးက အဆက်အသွယ်တော့ ရှိကြသည်။ ရှုမင်းက သူ့ရဲ့ အခြေအနေ အချို့ကို ရေးပို့ပေးဖို့အတွက် ရွေးလိုက်သည်။
တကယ်တမ်းမှာတော့ သူ့ရဲ့ ပါမောက္ခကို ကူညီဖို့အတွက် ဒီနေရာကို တာဝန်ချလိုက်ရခြင်း ဖြစ်သည်။ အရင်ဆုံး သူက ရှုမင်းရဲ့ ဂုဏ်သတင်းကို ဖယ်ရှားဖို့ သူ့ရဲ့ အဆက်အသွယ် များစွာကို သုံးခဲ့သည်။ ထို့နောက် သူ့ကို ဆုံးဖြတ်ချက် တစ်ခုချဖို့ ကူညီပေးခဲ့သည်။ နေရာအသစ် တူးဖော်တဲ့ နေရာမှာ အကူအညီပေးဖို့အတွက် သူ့အား ခွင့်ပြုပေးခဲ့သည်။ ထိုနေရာရှိ ဘဝတွေက မလွယ်ကူသော်လည်း နေလို့တော့ ရနေဆဲ ဖြစ်သည်။
အရေးအကြီးဆုံးကတော့ ဒီနေရာတွင် ရှုမင်းရဲ့ အထောက်အထားက ပညာတတ် လူငယ်တစ်ယောက် ဖြစ်နေခဲ့သည်။
ထိုအရာက အဆင်ပြေသည်။
ရှုမင်းက ရှုရွှမ်းအား သူ့ရဲ့ အခြေအနေတွေ တစ်ခုချင်းဆီကို သတင်းပို့ပေးခဲ့သည်။ ထို့နောက် စာထဲမှာ အမျိုးသမီးကြီး မစ္စရှုအား သူ့ကို စိတ်ချထားဖို့နှင့် သူ့ကို စိတ်မပူဖို့ကိုလည်း ပြောခဲ့သည်။
ရာသီဥတုတွေက တဖြည်းဖြည်း ပူလာကာ အိမ်မှာရှိတဲ့ ထမင်းစားဝိုင်းက နောက်ဆုံးတော့ စုံလင်လာခဲ့ပြီလည်း ဖြစ်သည်။
ကိုယ်ပိုင် လယ်ကွက်ထဲက အသီးအရွက် မျိုးစုံကို ရိတ်သိမ်းပြီးနောက် ရှုရွှမ်းက အဲ့ဒါကို ချက်ချင်း အခြောက်ခံပြီး အချဥ်တည်ခဲ့သည်။
ပထမဦးစွာ သူက အသီးအရွက်များကို အခြောက်ခံခဲ့သည်။ ပဲများကို ရိတ်ပြီးနောက် အဲ့ဒါတွေကို ချက်ပြီး အခြောက်ခံခဲ့သည်။ အခြောက်ခံထားသော ပဲများ အားလုံးကို မြွေရေခွံအိတ်ထဲမှာ ထည့်ထားသည်။ ထို့နောက် ခြောက်သွေ့သော နေရာတစ်ခုမှာ သိမ်းခဲ့သည်။ ခရမ်းသီးများကိုလည်း ရှည်ရှည်လေးတွေ လှီးထားပြီး အခြောက်ခံထားခဲ့သည်။ နှမ်းရွက်များကိုလည်း ခူးပြီး အခြောက်ခံခဲ့သည်။ ထို့နောက် ဆောင်းရာသီ စားဖို့အတွက် ခေါက်ဆွဲများကိုလည်း ထပ်ထည့်ထားခဲ့သည်။ နှင်းပန်းများနှင့် မုန်လာဥဖြူခြောက်များလည်း ရှိသည်။
ရှုရွှမ်းက ဂေါ်ဖီချဥ်တော့ အများကြီး မတည်ခဲ့ပါ။ ဒါပေမယ့် ဒီအလုပ်တွေက ဆောင်းတွင်းမှ လုပ်ရမည့် အရေးကြီးသော အလုပ်များ ဖြစ်သည်။ အခုချိန်မှာ သူလုပ်ရမည့် အလုပ်ကတော့ သခွားသီးနှင့် ဂေါ်ဖီကို အနည်းငယ် အချဥ်တည်ရန်သာ ဖြစ်သည်။
တစ်အိမ်လုံး သိုလှောင်ထားသော ပစ္စည်းများနှင့် ပြည့်နှက်နေခဲ့သည်။ အိမ်ရဲ့ အတွင်းရော အပြင်မှာပါ အခြောက်ခံထားသော အသီးအရွက်မျိုးစုံ ဖြစ်နေခဲ့သည်။
ဝမ့်ရင်းက အံ့ဩသွားခဲ့သည်။ “ကျွန်မတို့ သုံးယောက် ဒီဆောင်းတွင်းမှာ စားဖို့အတွက် ဒီလောက်အများကြီး ပြင်ဆင်ထားဖို့ တကယ် လိုအပ်လို့လား။”
အခြောက်ခံထားတဲ့ အသီးအရွက်တွေချည်းပဲ မြွေရေခွံအိတ် သုံးအိတ်စာလောက် ရှိနေပြီ။ ကျွန်မတို့ အဲ့ဒါတွေ အကုန်လုံး တကယ်ကြီး စားနိုင်မှာလား။
ရှုရွှမ်း - “ကိုယ်တို့ရဲ့ စားစရာတွေချည်းပဲ မဟုတ်ဘူး။ ကိုယ့်ဆရာရဲ့ ဟာတွေရောပဲ။”
ဒီပစ္စည်းတွေက ကောင်စီမြို့ဆီ ပို့ရမှာကို ဝမ့်ရင်းက ချက်ချင်းပဲ နားလည်သွားခဲ့သည်။ ရှုရွှမ်းက သူ့ရဲ့ ကိုယ်ပိုင် လယ်ကွက်ထဲရှိ ပစ္စည်းများကို လက်စသတ်ခဲ့ပြီး သူ့အဒေါ်ဘက်ရှိ ကွဲဝမ်းမောင်နှမ များစွာအတွက် အသီးအရွက်တွေကို လဲလှယ်ဖို့ စီစဥ်ပေးခဲ့သေးသည်။
ရှုရွှမ်းက မျက်နှာကို သုတ်ပြီး မေးလိုက်သည်။ “ကိုယ်တို့တွေ နေ့လည်စာ ဘာစားကြမလဲ”
ဝမ့်ရင်းရဲ့ နှာခေါင်းထဲမှာ အသီးရွက်ခြောက် အနံ့များနှင့် ပြည့်နေခဲ့သည်။ “ခရမ်းသီးပဲ စားကြရအောင်။”
ဒယ်အိုးထဲကို ဝက်ဆီထည့်ပြီး မွှေးလာသည်အထိ ခရမ်းသီးကို ကြော်ခဲ့သည်။ ထို့နောက် သကြား၊ ဆားနှင့် ပဲငံပြာရည်ကို ထည့်ကာ နောက်ဆုံးမှာတော့ အိမ်တွင် လုပ်ထားသော ပဲငါးပိကို ထည့်လိုက်သည်။ ထို့နောက် ခရမ်းသီးချက်က အဆင့်သင့် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ခရမ်းသီးအနှစ်ကို ခေါက်ဆွဲပူပူလေးပေါ်မှာ ဆမ်းလိုက်။ အဲ့ခါကျရင် ခရမ်းသီး ခေါက်ဆွဲ ရလာလိမ့်မည်။
ဝမ့်ရင်းက မျက်နှာမကောင်းသော အမျိုးသမီးကြီး မစ္စရှုက အပြင်ဘက် လမ်းလျှောက် ထွက်လာတာကို မြင်သည့်အခါ သူမအား လှမ်းခေါ်ခဲ့သည်။
ဝမ့်ရင်း - “အမေ၊ ဘာဖြစ်လို့လဲ။”
အမျိုးသမီးကြီး မစ္စရှုက စိတ်ညစ်စွာ ပြောခဲ့သည်။ “နင်က ပညာတတ်လူငယ် ဖြစ်နေတုန်းပဲ။”
နောက်ဆုံးအကြိမ် ပိုင်လင်းက ဝမ့်ရင်းဆီကို ရောက်လာတုန်းက ပညာတတ် လူငယ်တွေ အားလုံးကို ရှုမိသားစုနဲ့ နေခိုင်းဖို့ မကောင်းတဲ့ စကားတွေ ပြောသွားတယ်။ ဒါပေမယ့် အဲ့ဒါက ဝမ့်ရင်းကို တိုက်ရိုက်ကြီး ဖိနှိပ်လိုက်သလိုပဲ။ ဝမ့်ရင်းက ထိုကိစ္စအား အမျိုးသမီးကြီး မစ္စရှုကို ပြောပြခဲ့သည်။
ထို့အပြင် အမျိုးသမီးကြီး မစ္စရှုက အိမ်ရဲ့ အကြီးအကဲ ဖြစ်သည်။ ဝမ့်ရင်းက ပိုင်လင်း လက်မလျှော့ဘဲ အမျိုးသမီးကြီး မစ္စရှုရဲ့ ဘက်ကနေ ဆက်ပြီး တွန်းအားပေးနေမှာကို စိုးရိမ်နေခဲ့သည်။
ရလဒ်အနေနဲ့ကတော့ ပိုင်လင်းက ချက်ချင်း အမျိုးသမီးကြီး မစ္စရှုကို သွားမရှာခဲ့ပါ။ သို့သော် ထိုအစား သူက ပညာတတ် လူငယ်များနှင့် အလုပ်ကို ကြိုးကြိုးစားစား စတင် လုပ်ကိုင်ခဲ့သည်။
တစ်ချို့ အချိန်တွေမှာဆို အမျိုးသမီးကြီး မစ္စရှုက ဝမ့်လင်းလင်းကို ရိုက်လေ့ရှိသည်။ အဲ့ဒါက တပ်မဟာထဲတွင် လူသိများလာခဲ့သည်။ ပိုင်လင်းက ကြောက်လန့်နေဟန်ရပြီး ခနလောက် တိတ်ဆိတ်နေခဲ့သည်။
သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ထိုကိစ္စသည် မကြာသေးခင်ကမှ ထပ်ပြီး ဖြစ်သွားခဲ့ရသည်။
အမျိုးသမီးကြီး မစ္စရှုက အတော်လေး ဒေါသထွက်သွားခဲ့သည်။ “ငါ့ကို ပြောစမ်း။ ဒီ ပညာတတ် လူငယ်တွေက ဘယ်လိုလုပ် ဒီလောက်ထိ လူပါးဝနိုင်ရတာလဲ။ ဒီအိမ်က ငါ့ အိမ်လေ။ ပြီးတော့ တပ်မဟာကတောင် အဲ့ဒါကို ငါ့ဆီကနေ မသိမ်းခဲ့ကြဘူး။ အဲ့ဒါကို ငါက ဘာလို့ သူတို့ကို အဲ့ထဲမှာ နေခွင့် ပေးရမှာလဲ။”
အဓိကကတော့ အမျိုးသမီး မစ္စရှုကို အဲ့အကြောင်း လာပြောတဲ့သူတွေက ကျန်းလိနဲ့ နောက်ထပ် ယောက်ျားလေး ပညာတတ် လူငယ် တစ်ယောက်ပင်။ ဒီလူငယ် နှစ်ယောက်က ဒီစကားကို သူမဆီလာပြောကြတာ မရှက်ကြဘူးလား။
ပြီးတော့ သူတို့က အဲ့ကိစ္စကိုပဲ ကြည့်ကြတဲ့ပုံပဲ။
အမျိုးသမီးကြီး မစ္စရှုက ဆူလိုက်သည်။ “ဒီစကားကို ပြောတဲ့သူက ကျန်းလိပဲ ဖြစ်ရမယ်။ ကျန်းလိနဲ့ နောက်ထပ် လူငယ် တစ်ယောက်က မကြာသေးခင်ကမှ သူနဲ့ နီးကပ်လာကြတာ။ ဘယ်လိုလုပ် ဒီကောင်လေးက ဒီလောက် ကောက်ကျစ်လာနိုင်ရမှာလဲ။ သူကိုယ်တိုင်က ဒီမှာ မနေချင်ရုံသာမကဘူး။ ပညာတတ် လူငယ်တွေကို သူနဲ့ တူတူနေဖို့ အတိုက်အခံ လုပ်ခဲ့သေးတာပဲလေ။”
ဝမ့်ရင်းက ထိုစကားကို ကြားတဲ့အခါ မျက်မှောင် ကြုတ်လိုက်သည်။ “သမီး အဲ့ဒါကို အန်တီ ကွေ့ဟွာဆီကနေ ကြားခဲ့တာ။ ပိုင်လင်းက သူ့ရဲ့အိမ်မှာ ဘယ်တုန်းကမှ နေသားမကျခဲ့ဘူးတဲ့။ သူက ဒီနေရာမှာ နေရတာ အဆင်မပြေတဲ့ အကြောင်းကိုပဲ အမြဲတမ်း စောဒက တက်နေခဲ့တာ။ တိုတိုပြောရရင် သူ့အတွက် အိပ်ရာကို သပ်သပ် လုပ်ပေးစေချင်နေတာ။”
အမျိုးသမီးကြီး မစ္စရှုက မယုံနိုင်ဘဲ ပြောခဲ့သည်။ “တကယ်လို့ သူလာနေရင်တောင် ငါကတော့ သူ့အတွက် အိပ်ရာ မပြင်ပေးနိုင်ဘူး။ ကျန်းပင်းနဲ့ ကျန်းလီတို့က အိပ်ရာတစ်ခုစီ ရှိကြတယ်။ ဘာလို့လဲဆိုတော့ အဲ့မှာ ကွပ်ပျစ်မှ မရှိတာ။ တကယ်လို့ သူသာ သွားနေရင် ငါက ဘာဖြစ်လို့ သူ့အတွက် အိပ်ရာ တစ်ခုကို ပြင်ပေးရမှာလဲ။”
ဝမ့်ရင်း - “သူ့ကို ပူမနေပါနဲ့။ သူက အိမ်မှာ နေလို့ မရပါဘူး။ ဒါက အလုပ်မဖြစ်ရင် သမီး အဖွဲ့ခေါင်းဆောင်ဆီ သွားလိုက်မယ်။ သမီးတို့ တစ်အိမ်ကို ပညာတတ် လူငယ် နှစ်ယောက်ဆီ ယူဖို့အတွက် သဘောတူခဲ့တာပဲလေ။ ပြီးတော့ အဲ့ဒါကလည်း ခွဲထားပြီးသားလေ။ အခုဆိုရင် မိသားစု တစ်စုရဲ့အိမ်မှာ နေဖို့ တောင်းဆိုပြီး ပညာတတ် လူငယ်တွေ အားလုံးကို အဲ့နေရာမှာ ထားဖို့ဆိုတာက အဓိပ္ပါယ်မှ မရှိတာ။”
အမျိုးသမီးကြီး မစ္စရှုသည် သူမရဲ့ချွေးမ ပြောတဲ့စကားကို ကြားပြီးနောက် စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိနေခဲ့သည်။ သို့သော် သူမက ဒေါသထွက်နေဆဲ ဖြစ်သည်။ “ကျန်းလိက ဦးနှောက်မရှိတဲ့ လူတစ်ယောက်ပဲ။ ပိုင်လင်းက အခြားသူတွေနဲ့ အပြင်ပဲ ထွက်ချင်နေတာ။ သူက နေ့တိုင်း ဒါတွေ၊ ဒါတွေကိုလည်း ပိုင်လင်းအတွက် ဝယ်ပေးနေတာ။”
တုံးအတဲ့ လူတစ်ယောက်က အနေအထား တစ်ခုကို ရောက်သွားတဲ့ အခါကျရင် သူ့ကို သဘောမကျတဲ့ သူတွေကတောင် သူ့ကို သည်းမခံနိုင်ဘဲ လာရှာကြလိမ့်မည်။
အခုဆိုရင် အမျိုးသမီးကြီး မစ္စရှုကတောင် သူ့ကို အထင်သေးနေခဲ့ပြီ ဖြစ်သည်။
ပိုင်လင်းက ဝူကွေ့ဟွာရဲ့ အိမ်မှာ နေကတည်းက သူက အခြား အမျိုးသား ပညာတတ် လူငယ်တစ်ယောက်ကို အထင်ကြီးခဲ့သည်။ ထို့အပြင် အမျိုးသမီးကြီး မစ္စရှုသည် ပိုင်လင်းက ယုဖမ်းချန်ရဲ့ အနားမှာ တစ်ဝဲလည်လည် ဖြစ်နေတာကို တစ်ခါမက မြင်ဖူးခဲ့ပြီး ဖြစ်သည်။
“သူ့ကို ဘယ်သူကမှ အရေးကြီးခွင်ကျယ် လုပ်မနေကြပါဘူး။ သူက သူ့ကိုယ်သူ ပိုင်လင်းရဲ့ ရည်းစားလို့ သတ်မှတ်ထားရင်တောင်မှပေါ့။”
ဝမ့်ရင်းက ပိုင်လင်းကို အချို့ နေရာတွေ၌ နားလည်ပေးနိုင်သည်။ သူမက လက်တွဲဖော် ရှာနေတာမျိုး မဟုတ်ဘဲ တကယ့် အကျိုးမြတ်ကိုသာ လိုချင်ရုံ ဖြစ်သည်။
ကျန်းလိထံမှ ဘာအကျိုးအမြတ်မှ ထုတ်ယူလို့ မရတော့သည့်အတွက် ပိုင်လင်းက ထုံးစံအတိုင်း သူ့နှင့် တွယ်ကပ်နေလိမ့်မည် မဟုတ်ပါ။
အမျိုးသမီးကြီး မစ္စရှုက ပိုင်လင်းအကြောင်း ပြောသည့်အခါ စိတ်ရှုပ်လာခဲ့ပြီး ပိုင်လင်းကို သူမရဲ့အိမ်မှာ နေခွင့်မပြုခဲ့သည့်အတွက်လည်း ဝမ်းသာနေခဲ့သည်။ ဒီလိုမျိုး အကြံအစည် ရှိတဲ့သူမျိုးကို သူမရဲ့ အိမ်မှာသာ နေခိုင်းခဲ့ရင် ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မည်။
ယန်ဟုန် - “ဆရာဝန်ဝမ့်ရင်း၊ ကျေးဇူးပြုပြီး လိုက်ကြည့်ပေးပါဦး။ သူတို့နှစ်ယောက်က ရန်ဖြစ်ပြီး တစ်ယောက်က မူးလဲသွားလို့။”
ဝမ့်ရင်းက တစ်ချက် ကြည့်လိုက်သည့်အခါ သူတို့ထဲရှိ တစ်ယောက်က ကျန်းလိဆိုတာကို တွေ့ခဲ့ရသည်။
ဒီကိစ္စက အမှန်ဆိုရင် သူမက မေးရတော့မယ်။ သူ့အသက် ဘယ်လောက်လဲ။
ဘာလို့ သူပဲ ထပ်ဖြစ်ရပြန်တာလဲ။