အခန်း (၁၂၇-၁၂၈)
Vol. 11 Ch. 127-128
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၂၇
တစ်ဖက်တွင် ရှိနေသော အမျိုးသမီကြီး မစ္စရှုက ထိုလူနှစ်ယောက်တွင် တစ်ယောက်က ကျန်းလိဖြစ်ပြီး နောက်တစ်ယောက်က ကျန်းလိနှင့် ပါလာပြီး သူမရဲ့အိမ်မှာ ပညာတတ် လူငယ်တွေ အားလုံးကို ဘာလို့ ပေးမနေတာလဲ ဆိုသည့်အကြောင်းကို မေးခဲ့သည့် လူငယ် ဖြစ်သည်။
'ဟဟ၊ အခုလေးတင်ပဲ သူတို့နှစ်ယောက်က ရန်သူကို မုန်းတဲ့စိတ်နဲ့ တက်ညီလက်ညီ ရောက်လာပြီး အကျပ်ကိုင်သွားကြတာလေ။ ဒါပေမယ့် အခုကျတော့ သူတို့က အချင်းချင်း ရန်ဖြစ်နေကြပြန်ပြီတဲ့လား။'
အမျိုးသမီးကြီး မစ္စရှုက စိတ်ထဲတွင် ကြိတ်ပျော်နေခဲ့သည်။ သူတို့က အဲ့ဒါနဲ့ တန်တယ်လေ။
ဝမ့်ရင်းက ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း သူတို့ကို ထပ်စစ်ဆေးပေးခဲ့သည်။
ယန်ဟုန်နှင့် လူတွေကို ခေါ်ဖို့ ရောက်လာသည့် ပညာတတ် လူငယ်များစွာတို့က ဘေးကနေ ရပ်ကြည့်နေခဲ့ကြသည်။ အမျိုးသား ပညာတတ် လူငယ်များစွာက ရှုရွှမ်းကို သူတို့ရဲ့ မျက်ဝန်း ထောင့်ကနေ ကြည့်နေခဲ့ကြသည်။
ဝမ့်ရင်းက သူ့ယောက်ျားရဲ့ အရှေ့မှာ တစ်ခြား လူငယ်တွေရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးဖို့က တကယ်ရော အဆင်ပြေပါ့မလား။
ပြောရရင် ရှုရွှမ်းက အဲ့ဒါတွေကို တကယ် ဂရုမစိုက်ခဲ့ပါ။
ဝမ့်ရင်းက ထိုလူနှစ်ယောက်ကို ဟိုလုပ်ဒီလုပ် ပြောပြီးနောက် လက်စသတ်ခဲ့သည်။ “အာဟာရ ချို့တဲ့လို့ပါ။”
'ဘာလို့မေ့လဲတာလို့ နင် ဆိုလိုချင်တာလဲ။ ဒီလူ နှစ်ယောက်က ကောင်းကောင်းလည်း အစားကြဘူးလေ။ အဲ့ဒါကြောင့် သူတို့က မူးလဲသွားကြတာ။'
ယန်ဟုန်က တွေဝေသွားခဲ့သည်။ “ဒီကိစ္စက မဖြစ်သင့်ဘူး။ သူတို့နဲ့ အတူတူနေတဲ့ ပညာတတ် လူငယ် အဟောင်းတွေကကျတော့ အဟာရ မချို့တဲ့ကြဘူးလေ။”
ယုဖမ်းချန်က ကျန်းလိနဲ့ နေတာလေ။ သူတို့ နှစ်ယောက်လုံး စာရေးကြီးရဲ့ အိမ်မှာပဲ နေကြတာ။ သူနဲ့နေတဲ့ နောက်ထပ် ပညာတတ် လူငယ်က ဝေ့ချန်းလေ။ သူက တပ်မဟာထဲကို ရောက်တာ ကြာလှပြီဖြစ်တဲ့ ပညာတတ် လူငယ် အဟောင်းပဲလေ။
ယုဖမ်းချန်နှင့် ဝေ့ချန်းတို့က တော်တော်လေး ဖြောင့်မတ်ပုံ ရသည်။ တစ်ခြားအဖွဲ့သားတွေက သူတို့ကို ပြင်းပြင်းထန်ထန် ဆက်ဆံခဲ့ပါက သူတို့က ထုတ်မပြောဘဲ ဘယ်လိုလုပ် နေကြမှာလဲ။
ဝေ့ချန်းကလည်း အနားမှာ ရပ်နေခဲ့သည်။ သူက အခုလေးတင် ကျန်းလိကို ဒီနေရာအထိ ခေါ်လာခဲ့သူလည်း ဖြစ်သည်။ သူကလည်း မျက်မှောင်ကြုတ်ပြီး တော်တော်လေးကို တွေဝေသွားခဲ့သည်။ “ငါတို့က ထျန်းတာရှူးရဲ့ အိမ်မှာ နေကြတာလေ။ ပြီးတော့ အမြဲလိုလို ငါတို့မှာ စားဖို့၊ သောက်ဖို့ လုံလုံလောက်လောက် ရှိပါတယ်။”
တပ်သားတစ်ယောက်အနေနဲ့ ထျန်းတာရှူးရဲ့ မိသားစုထဲမှာ ညီအစ်ကိုတွေ အများကြီးပဲ ရှိတယ်။ သူက လယ်လုပ်တဲ့နေရာမှာလည်း တော်တယ်။ ပြီးတော့ သူညီအစ်ကိုတွေ အားလုံးက အိမ်ထောင်မကျကြသေးဘူး။ အဲ့ဒါကြောင့် သူတို့မှာ စားစရာ ပြတ်လပ်တယ်ဆိုတာ မရှိပါပေ။
ဝမ့်ရင်းကလည်း မသေချာပါ။ သူမက အဖွဲ့သားများသည် ပိုက်ဆံကို ထုတ်မပေးဘဲ ချန်ထားတယ်ဟုလည်း မထင်ပါ။
ပညာတတ် လူငယ်တွေ နေရာသော မိသားစုတွေ အားလုံးက အထက်တန်းစား မိသားစုများ ဖြစ်ကြသည်။ ထိုမိသားစုတွေက အဆင်မပြေကြရင်တောင် သူတို့က ပညာတတ် လူငယ်တွေရဲ့ စားစရာတွေကို ယူသွားတယ် ဆိုပြီးတော့ အဲ့လောက်ထိ ရှက်ဖို့ကောင်းတဲ့ အရာများကို လုပ်ကြမှာတော့ မဟုတ်ဘူး။
ဒီလိုအခြေအနေမျိုးမှာ အမျိုးသမီးကြီး မစ္စရှုက တရားမျှတတဲ့ အရာတစ်ခုကို ပြောခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုကို ကြည့်ရတာ အထင်သေးနေပုံရပြီး ပြောလိုက်သည်။ “အဖွဲ့သားတွေကို သူတို့ရဲ့ဝေစု ပေးရမှာပဲ။ ပြီးတော့ သူတို့တွေကို အငတ်ထားမှာတော့ မဟုတ်ပါဘူး။ ဒီလူနှစ်ယောက်က စိတ်ပိုင်းဆိုင်ရာ တစ်ခုခု ဖြစ်နေပြီး သူတို့ရဲ့ ကိုယ်ပိုင် ပိုက်ဆံတွေကို တစ်ခြားသူတွေ ပေးပြီး လျှော့သွားတယ် လုပ်မှာကိုပဲ ငါက စိုးရိမ်ရုံပါ။”
ဝမ့်ရင်းက ချက်ချင်းပဲ နားလည်သွားခဲ့ပြီး သူမက ကျန်းလိနှင့် တစ်ခြား ပညာတတ် လူငယ် တစ်ယောက်ကို ကြည့်လိုက်သည့်အခါ ဝမ်းနည်းမှုအပြည့် ဖြစ်သွားခဲ့ရသည်။
'ဝိုး။ ပြဿနာနှစ်ခုကတော့ အေးအေးဆေးဆေး ရှိနေပါတယ်။ ပိုင်လင်းက တကယ်ကို ကြံကြံဖန်ဖန် လုပ်တတ်တာပဲ။'
ဟန်ဟုန်က ဒါကို ကောင်းကောင်းနားလည်တာ သိသာနေခဲ့သည်။ သူမရဲ့ မျက်နှာက သုန်မှုန်သွားပြီး ဒီပြဿနာကို တကယ်ပဲ လျစ်လျူရှုချင်နေခဲ့သည်။
'ဒါကဘာလဲ။ အမျိုးသား ပညာတတ် လူငယ်တွေက အသစ်ရောက်လာတဲ့ အမျိုးသမီး ပညာတတ် လူငယ်လေးကို မေတ္တာရှိကြောင်း ပြဖို့အတွက် ပြိုင်နေကြတာ။ ပြီးတော့ သူတို့က သူတို့ရဲ့ မေတ္တာတရားတွေကို ပြသဖို့ တော်တော်လေး စိတ်အားထက်သန်ပြီး မူးတောင် လဲသွားကြတယ်။'
'သူတို့နှစ်ယောက်ရဲ့ ခေါင်းထဲမှာ ဝါဂွမ်းတွေပဲ ရှိတာလား။'
ဝမ့်ရင်း - “ရှင် ဒီလူကို ခေါ်သွားသင့်တယ်။ ရှင့်မှာ သကြားရည်လေး ရှိတယ်ဆိုရင် သူ့ကို တိုက်လိုက်ပါ။ သောက်ပြီးလို့ ခနလောက် နားလိုက်ရင် သက်သာသွားလိမ့်မယ်။”
လူငယ်တွေထဲရှိ တစ်ယောက်က မြန်မြန်ပဲ ပြောခဲ့သည်။ “အိမ်မှာ ဘာသကြားရည်မှ မရှိဘူးမလား။”
ဝေ့ချန်းက အမျိုးသား ပညာတတ် လူငယ်ကို ချက်ချင်း ဆွဲလိုက်ကာ ကြားဖြတ် ပြောခဲ့သည်။
ဝမ့်ရင်းက ပြုံးပြီး ပြောလိုက်သည်။ “ငါ့အိမ်မှာ ပိုက်ဆံရှိတယ်။ တကယ်လို့ ဒီလူတွေက ငါ့ဆီကို ဆင်းရဲတယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ လာခဲ့ရင် ငါက သူတို့ကို ပိုက်ဆံ ပေးမှာပါ။ ဒါပေမယ့် သူတို့က ငါ့ယောက္ခမဆီကို လာပြီးတော့ သူတို့ ပညာတတ် လူငယ်တွေ အားလုံးကို ငါ့ ယောက္ခမရဲ့ အိမ်မှာ ထားသင့်တယ်ဆိုပြီးတော့ လာပြောသွားကြတာ။ ငါ့ယောက္ခမက သတိရှိပေလို့ သူတို့ကို အဲ့မှာနေဖို့အတွက် ငြင်းလိုက်တာ။ ပြီးတော့ သူတို့က ငါ့ဆီကနေ ပိုက်ဆံ ဖြတ်သွားသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့က တစ်ခြားသူတွေကိုပဲ မှီခိုနေရတာလေ။ ငါက သူတို့ရဲ့ အမေလည်း မဟုတ်ဘဲနဲ့ ဘာလို့ သူတို့ကို အလိုလိုက်ရမှာလဲ”
ဝမ့်ရင်းသည် ပညာတတ် လူငယ်က မသက်မသာ ဖြစ်နေတာကို မြင်ခဲ့ရပြီး သူတို့တွေ အများစုက ရှုမိသားစုရဲ့ အိမ်ကို ပြောင်းနေကြမည့် အစီအစဥ်ကို သိပြီးသားဟု ခန့်မှန်းမိခဲ့သည်။ ကျန်းလိနှင့် အမျိုးသား ပညာတတ် လူငယ်တစ်ယောက်ကသာ ရောက်လာကြသော်လည်း ထိုလူတွေက အဲ့ဒါကို ကောင်းကောင်း သိထားပြီးသား ဖြစ်သည်။
'ဟုတ်တယ်။ ရွာသားတစ်ယောက်ရဲ့အိမ်မှာ နေရတာ၊ စားသောက်ရတာက ပညာတတ် လူငယ်တွေကို ဘယ်လိုလုပ် တစ်ယောက်တည်း နေခိုင်းပြီး စိတ်ကျေနပ်နိုင်မှာလဲလို့။'
ဝမ့်ရင်းက အဖွဲ့ခေါင်းဆောင် ယန်ဟုန်ကို ကြည့်ပြီး ပြောခဲ့သည်။ “ခေါင်းဆောင်ယန်၊ ရှင်နဲ့ ပတ်သက်ပြီးတော့ ကျွန်မ ဘာတစ်ခုမှ မပြောသင့်ပါဘူး။ ပြီးတော့ ရှင်တို့တွေ ဒီကို လာတာ ရွာကို တည်ဆောက်ပေးကြဖို့ပဲလေ။ ဒါပေမယ့် အခုလက်ရှိ အခြေအနေကို ကြည့်ပါဦး။ ကျွန်မ ယောက္ခမဆီကို လာပြီးတော့ ပညာတတ် လူငယ်တွေကို လက်ခံဖို့ ပြောသွားကြတယ်။ ဘာလို့လဲဆိုတော့ သူက တော်တော်လေးကို သတိရှိလို့လေ။ ရှင်တို့ အဲ့ဒါကို ဘယ်လောက်ပဲ လက်ခံကြပါစေ၊ ဒါ ကျွန်မတို့ လက်ခံတာရဲ့ သင်္ကေတ တစ်ခုပဲလေ။ ဒါပေမယ့် ရလဒ်ကတော့ ဘာဖြစ်သွားလဲ။ ဝင်ပါခဲ့တဲ့ ကျွန်မတို့တွေမှာ သတိသေချာ မထားနိုင်ခဲ့ဘူး။ လုပ်ပေးတာတွေက မလုံလောက်ဘူးဆိုပြီးပဲ ဆုံးဖြတ်ခဲ့ကြတယ်။”
“ဒီ ကိစ္စကြောင့်သာဆိုရင် ကျွန်မတို့တွေ အားလုံးက ဘာလို့ ဒီပြဿနာထဲကို ဝင်ပါရမှာလဲ။ ကျွန်မတို့က ပထမနေရာကို ဝင်မပါခဲ့သင့်ရုံပဲ ဟုတ်တယ်မလား။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ကျွန်မတို့ရဲ့ အားထုတ်မှုတွေကို အပြစ်တင်ကြမှာပဲလေ။”
ဝမ့်ရင်း ပြောတဲ့ စကားတွေကို ကြားသည့်အခါ ယန်ဟုန်ရဲ့ မျက်နှာက ရှက်သွားခဲ့သည်။ သူမက ဒီလို သတင်းများကို မကြာသေးခင်ကမှ ကြားခဲ့ပြီး ဖြစ်သော်လည်း ကျန်းလိနှင့် ဒီလူငယ်က အမျိုးသမီးကြီး မစ္စရှုကို တွေ့ဖို့ သွားမှာကိုတော့ သူမ တကယ်ကို မသိခဲ့ပါ။
သူမသာ အဲ့ကိစ္စကို သိခဲ့မည်ဆိုပါက သေချာပေါက် တားမှာ ဖြစ်သည်။
ဝမ့်ရင်း - “ခေါင်းဆောင်ယန်၊ ရှင်တို့အားလုံး ကျေးလက်ဒေသကို လာရတဲ့ လမ်းတွေက တော်တော်လေး ခက်ခဲမယ် ဆိုတာကို ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မတို့တွေ ဒါကိုတော့ သဘောမတူနိုင်ပါဘူး။ ရှင်တို့တွေ အားလုံးက ကျွန်မ ယောက္ခမရဲ့ အိမ်မှာ ပြောင်းနေကြရင် ရှင်တို့တွေထဲက တစ်ချို့တွေက မကျေမနပ် ဖြစ်ကြလိမ့်မယ်။ ကျွန်မရဲ့ ယောက္ခမ အိမ်က မထွက်သွားပေးဘဲ ရှင်တို့ကို အဲ့အိမ်မှာ ပြောင်းနေဖို့ ခွင့်မပြုတာကို မကျေမနပ် မဖြစ်ခင် ရှင်တို့တွေက အခု ကျွန်မတို့ လင်မယား စားတာတွေက ရှင်တို့တွေနဲ့ မတူတဲ့ ကိစ္စကို မကျေမနပ် ဖြစ်ကြလိမ့်မယ်။ အဲ့ကျရင် နောက်ပိုင်း မကျေနပ်ချက်တွေ ပိုပြီး များလာလိမ့်မယ်မလား။”
ဝမ့်ရင်းမှာ ပိုင်လင်းအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ပါ။ ဒီကောင်မလေးက တစ်ခြားသူတွေ လိုက်လာဖို့ မစည်းရုံးနိုင်ခဲ့ဘဲ လောဘတက်ခဲ့သည်။
ဒီလူတွေ အားလုံးကို ရှုမိသားစုရဲ့အိမ်မှာ နေဖို့အတွက် ခွင့်ပြုခဲ့ပါက ဆောင်းရာသီ ကောက်သိမ်းချိန် ပြီးတဲ့အခါကျရင် သူတို့က အဲ့နေရာကနေ မပြောင်းချင်တော့ဘူးတွေ ဖြစ်လာလိမ့်မည်မလား။
ယန်ဟုန်ရဲ့ မျက်နှာက ရှက်လာပြီး သူမရဲ့ နားတွေကတောင် ပူထူလာသလို ခံစားခဲ့ရသည်။ “မဟုတ်ဘူး။ မဟုတ်ဘူး။”
ဟန်ဟုန်က အတော်လေး ရှက်လွန်းလို့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရသည်။ သို့သော် သူမက ဝမ့်ရင်းရဲ့ စကားလုံးတွေကို မယုံကြည်နိုင်ဘဲ ပြန်ခုခံဖို့ အားနည်းတာကို သိနေခဲ့သည်။
ဟုတ်တယ်။ ဒီတစ်ခေါက်လည်း ကျန်းလိနဲ့ အခြားလူငယ် တစ်ယောက်က သူမကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ထားခဲ့ပြီး လမ်းလျှောက် ထွက်သွားကြတာ။ ဒါဟာ သူမက ပညာတတ် လူငယ် အသစ်တွေကို တကယ် မထိန်းနိုင်ဘူးဆိုတာကို ပြနေတာပဲ။
သူတို့တွေ ဘာဖြစ်နေကြလဲဆိုတာ သူမလည်း မသိတော့ဘူး။ သူတို့က အဖွဲ့သားတွေနဲ့ ဘာတစ်ခုမှ မတိုင်ပင်ဘဲ ညှိနှိုင်းတာတွေ သွားလုပ်နေကြသည်။
ယန်ဟုန်က ရှက်သွားခဲ့သည်။ “ငါတို့ ဒီကိစ္စကို ကြည့်လုပ်လိုက်ပါ့မယ်။”
ဝမ့်ရင်းက ကိစ္စအားလုံး အဆင်ပြေသွားတာကို မြင်သည့်အခါ ရပ်လိုက်သည်။ “ဒါဆိုလည်း ကျေးဇူးပါပဲ”
လှဲနေသည့် လူနှစ်ယောက်အတွက်တော့ ဝမ့်ရင်းက လုံးဝကို မစိုးရိမ်ခဲ့ပါ။
သူက သူ့ရဲ့ စားစရာတွေကို တစ်ခြားသူတွေ ကျွေးလိုက်ပြီး သူက သေအောင် အငတ်ခံပြီး သူမကို ဆရာဝန်တစ်ယောက်အနေနဲ့ ပြန်ပေးဆွဲလာတာလား။
ဒါက ထူးဆန်းပြီး မဆိုးလှတဲ့ အတွေးမျိုးပဲ။
ပညာတတ်လူငယ်အဖွဲ့က ခေါင်းငိုက်စိုက်ပြီး ဝမ့်ရင်းရဲ့ အိမ်ထဲကနေ ထွက်သွားခဲ့ကြသည်။ ဒီလူတွေမှာ အစောကတည်းက လက်တွေ့မဆန်တဲ့ အတွေးတွေကို တွေးပြီး သူတို့ဘာသာ ရှုအိမ်မှာ နေဖို့ သင့်တော်မယ်ဆိုရင်…..
အခုချိန်မှာ သူတို့က အဲ့လိုခွန်အားမျိုးတွေ မရှိကြတော့ပါ။
ဝမ့်ရင်းရဲ့ စကားတွေက အရမ်းကို တည့်တိုးပြီး ဒါက မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူတို့အား တိုက်ရိုက် ပြောခဲ့သည်။
ပညာတတ် လူငယ်တွေက ဘာမျှော်လင့်ချက်မှ မရှိတော့သည့်အတွက် သူတို့ နေထိုင်ရမည့် ရွာသားတွေရဲ့ အိမ်ကိုပဲ သေသေချာချာ ပြန်သွားခဲ့ကြသည်။
မည်သို့ပင် ဖြစ်စေကာမူ ယန်ဟုန်က ရှက်ပြီး ဒေါသထွက်လာခဲ့သည်။ သူမက အခြေအနေကို မေးမြန်းဖို့ ပညာတတ် လူငယ် အနည်းငယ်ကို ရှာလိုက်ပြီး မကြာခင်မှာပဲ ကိစ္စ တစ်ခုလုံးရဲ့ ဖြစ်ရပ်တွေကို သိသွားခဲ့သည်။
ပိုင်လင်း။
ယန်ဟုန်က အတော် ဒေါသထွက်နေခဲ့သည်။ ပိုင်လင်းသည် အစတုန်းက နူးညံ့ပြီး အေးဆေးသည့် မိန်းကလေးမျိုး ဖြစ်ပုံရသည်။ သို့သော် သူမက ပညာတတ် လူငယ်တွေရဲ့ အကြားမှာ ပြဿနာတွေ ပတ်ရှာလိမ့်မည်ဟု ဘယ်သူကများ တွေးမိခဲ့ပါ့မလဲ။
အရင်ဆုံး သူမက အလုပ်လုပ်နေချိန် သုံးလေးခါလောက် ခနခန မူးလဲခဲ့သည်။ သူမ မူးလဲလို့ ဝမ့်ရင်းဆီ ပို့သည့်အခါတိုင်း သူမက ဖြည်းဖြည်းချင်းထပြီး သွေးတွင်း သကြားဓာတ် နည်းပြီး ဘာမှ ကောင်းကောင်း မစားရဘူးဟုလည်း အတင်းပြောတတ်သည်။ ထို့အပြင် မူးလဲတာက ကြီးကြီးမားမား ကိစ္စ မဟုတ်ဘူးဟုလည်း ပြောတတ်သည်။ သူမက ဆရာဝန်နှင့် မတွေ့ချင်ခဲ့ပါ။ အဲ့ဒါကြောင့် သူမက ပိုက်ဆံမရှိဘဲ ဝမ့်ရင်းကို ပေးရမည့် နှစ်ဆင့်၊ သုံးဆင့်ကိုလည်း မတတ်နိုင်ဘူးဟု ပြောခဲ့သည်။
ပညာတတ် လူငယ်တွေထဲက လုပ်ခတွေကို စုပြီး ဝမ့်ရင်းကို ပေးလို့ရကြောင်း ယန်ဟုန်က တစ်ကြိမ်မက ပြောခဲ့သည်။ ထို့အပြင် အဲ့ဒါက သူမကို ဆေးကုသပေးဖို့လည်း နှောင့်နှေးစေမည် မဟုတ်ပါ။
သို့သော် ပိုင်လင်းက လက်မခံနိုင်ခဲ့ပါ။
အချိန်ကျလာတဲ့အခါ ယန်ဟုန်က ပိုင်လင်းရဲ့ ရည်ရွယ်ချက်တွေကို နားလည်ဖို့ မလုပ်နိုင်တော့ပါ။
သူမက အလုပ်မလုပ်ချင်တာ။ ဒါမှမဟုတ် ပညာတတ် လူငယ် အဖွဲ့ခေါင်းဆောင်က သူမအတွက် ပိုပြီး လွယ်ကူသက်သာတဲ့ နေရာတစ်ခုကို ပြောင်းစေချင်ရုံသာ ဖြစ်သည်။
ယန်ဟုန်က သူမကို အလိုမလိုက်ခဲ့ပါ။ နောက်ပိုင်းမှာတော့ သူမသည် မူးလဲတာက အသုံးမဝင်တော့တာကို သိလာခဲ့သည်။ ထို့အပြင် သူမသာ မကြာခဏ မူးလဲမည်ဆိုပါက လူတွေက ဝူကွေ့ဟွာသည် သူမကို သေချာ မထားဘူးဟု သေချာပေါက် တွေးလာကြမည် ဖြစ်သည်။ တကယ်လို့ သူမက အမျိုးသမီး အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဝူကွေ့ဟွာကို ထပ်ပြီး စိတ်ခုသွားအောင် လုပ်မိမည် ဆိုပါက အခြေအနေ မကောင်းတော့ပါ။
ထို့ကြောင့် ဒီနည်းလမ်းက အလုပ်မဖြစ်တာကို သိလာတဲ့အခါ ပိုင်လင်းက သူမကိုယ်သူမ လူတွေကို ကူညီပေးဖို့ကိုသာ ရွေးချယ်ခဲ့သည်။
တုံးအလွန်းတဲ့ ကျန်းလိကိုတော့ မဆိုထားနှင့် သူက ပုံမှန်ဆိုရင်တောင် မိသားစုက ပေးတဲ့ ပိုက်ဆံတွေကိုတောင် ပိုင်လင်းအတွက် သုံးနေခဲ့ခြင်း ဖြစ်သည်။
ပိုင်လင်း ဝင်လာသည့်အခါ သူမက အိတ် တစ်အိတ်ကိုသာ ယူလာခဲ့သည်။ ထို့အပြင် သူမက အမြဲတမ်း တစ်ခုခု လိုအပ်မှသာ လာသည်။ ကျန်းလိက မြို့မှာ ပစ္စည်းတွေ ဝယ်ဖို့ သူမရဲ့ လက်မှတ်တွေကို လဲပေးမည့် လူတစ်ယောက်လောက် ရှာရမည် ဖြစ်သည်။
သို့သော် ကျန်းလိရဲ့ ပိုက်ဆံတွေက ကုန်ခါနီး ဖြစ်နေတာကို မြင်တဲ့အခါ ပိုင်လင်းက ကျန်းလိအား အထာပေးတာတွေ ရပ်လိုက်သည်။
ကျန်းလိမှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိသည့်အတွက် သူက ပိုင်လင်းရဲ့ အလုပ်ကိုသာ ကူပေးနိုင်သည်။ ထို့အပြင် အချိန်တိုင်း သူက သူ့ရဲ့ ရိက္ခာတွေကို ပိုင်လင်းနှင့် ဝေမျှပြီး စားလေ့ရှိသည်။
ထိုအခြေအနေမျိုးက အကပ်ခံခဲ့ရသည့် အခြား ပညာတတ် လူငယ်တစ်ယောက်မှာလည်း အလားတူ ဖြစ်ခဲ့ဖူးသည်။ သူကလည်း သူမကို အလုပ်တွေ ကူလုပ်ပြီး စားစရာတွေ ဝေမျှ စားသောက်ခဲ့သည်။ သို့သော် သူက အဲ့မှာ အကြာကြီး ရှိခဲ့ပြီး သူမိသားစုက သူ့အတွက် ပေးလိုက်သည့် ပိုက်ဆံတွေ အားလုံးကိုလည်း သုံးခဲ့လိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် သူ ကူညီနိုင်တာဆိုလို့ အလုပ်နှင့် စားစရာပဲ ရှိသည်။
ပိုင်လင်းရဲ့ အပြုအမူတွေက အမျိုးသား ပညာတတ် လူငယ်တွေရဲ့ အကြားမှာ ရေပန်းစားနေခဲ့သည်။ ထို့အပြင် သူမက အကျိုးအမြတ်တွေ ရယူခဲ့သော်လည်း သူမက အဲ့ဒါကို အပေါ်ယံမှာတော့ ထုတ်မပြခဲ့ဘဲ အမျိုးသား ပညာတတ် လူငယ် အားလုံးကို တစ်ပုံစံတည်းပဲ ဆက်ဆံခဲ့သည်။
သို့သော် အမျိုးသမီး ပညာတတ် လူငယ်တွေကတော့ ဘယ်သူကမှ သူမကို အထင်မကြီးခဲ့ပါ။
သူမက အလုပ်လည်း သေချာ မလုပ်သလို သူမက ကျန်းမာရေး မကောင်းဘူးဟုသာ အမြဲတမ်း ပြောနေခဲ့သည်။ သို့သော် သူမက ဆရာဝန်နှင့် သွားပြဖို့ကိုလည်း ငြင်းခဲ့ပြီး သူမက မွေးရာပါ အားနည်တာပါဟုသာ ပြောခဲ့သည်။ အမျိုးသမီး ပညာတတ် လူငယ်တွေ အားလုံးက ပိုင်လင်းကို ရှောင်ကြပြီး ဘယ်သူကမှ သူမကို မကြည့်ပေးကြပါ။
သို့သော် ပိုင်လင်းက အမျိုးသမီး ပညာတတ် လူငယ်တွေ သူမကို ဘယ်လိုမျိုး တွေးမလဲ ဆိုတာ သူမက ဂရုမစိုက်ခဲ့ပါ။ အမျိုးသားများကသာ သူမကို ချီးကျူးနေဖို့ လိုအပ်သည်။ ထို့အပြင် ပိုင်လင်းက သူတို့ဆီက ရလာမည့် အကျိုးအမြတ်များကိုသာ ကြည့်နေခဲ့သည်။ အဲ့ဒါဆို အမျိုးသမီး ပညာတတ် လူငယ်တွေကရော။ သူတို့တွေ တစ်ယောက်ချင်းဆီက သူမနဲ့ဆိုရင် ပြိုင်ဖက်တွေပါပဲ။
အဲ့တော့ သူတို့နဲ့ အဆက်အဆံ မရှိတာက ကောင်းပါသည်။
ယန်ဟုန်က အဲ့အကြောင်းကို ပိုပြီး တွေးမိလေလေ ပိုပြီး ဒေါသထွက်လာရလေ ဖြစ်နေခဲ့သည်။ သူမက လူတွေကို သယ်လာတဲ့ ပညာတတ် လူငယ်တွေကို ရိုးရိုးလေးပဲ ပြောလိုက်သည်။ “ပြန်ပြီး အချင်းချင်း အကြောင်းကြားလိုက်။ ဒီည ငါတို့တွေ တွေ့ဖို့ ရှိတယ်ဆိုတာ။”
သူမတို့တွေ ဒီတိုင်းတော့ သွားလို့ မရဘူး။ သူမတို့က အဆင်ပြေတဲ့ ပညာတတ် လူငယ် အဖွဲ့ပဲလေ။ ဘဝဆိုတာ လူတိုင်းအတွက် ခက်ခဲတာပဲ။ ဒါပေမယ့် သူမတို့တွေသာ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ထောက်ပံ့ပေးမယ်ဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး။
သူတို့တွေ ပိုင်လင်းကို ဒီတိုင်း ပြဿနာရှာခွင့် ပေးမယ်ဆိုရင် ပညာတတ် လူငယ် အဖွဲ့ ဘယ်ပဲသွားသွား လူတိုင်းက မုန်းနေတော့မှာပဲ။
ယန်ဟုန်က တကယ် ဒေါသထွက်နေတာကို မြင်တဲ့အခါ အမျိုးသား ပညာတတ် လူငယ်တွေ အားလုံးက လည်ပင်းထဲ စို့နင့်နင့် ဖြစ်သွားပြီး ဘာစကားမှ မပြောရဲကြတော့ပါ။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၂၈
ဝေ့ချန်းကသာ အဆင်ပြေသည်။ သူက မြေပေါ်မှာရှိတဲ့ လူနှစ်ယောက်ကို လက်ညှိုးထိုးပြီး မေးလိုက်သည်။ “ငါတို့တွေ သူတို့ နှစ်ယောက်ကို ဘာလုပ်သင့်လဲ။”
ဝမ့်ရင်းက သကြားနဲ့ ရေနဲ့ဖျော်ပြီး တိုက်ရမယ်လို့ ပြောလိုက်သည်။
ယန်ဟုန်က သက်ပြင်းချခဲ့သည်။ သူမက သူတို့ကို တကယ် ထွက်သွားစေချင်ပြီး သူတို့နှစ်ယောက် သေသေရှင်ရှင် ဂရုမစိုက်ချင်တော့ပါ။ သူမကို ငတ်ပြတ်ပြီး သေအောင်ထားဖို့အတွက် သူမက ဘယ်လိုတောင် တော်တော်လေး အသုံးမကျ ဖြစ်နေနိုင်ရတာလဲ။
“အဲဲဒါကို ကျန်းပင်းဆီကနေ သွားချေးလိုက်။ ပြီးရင် ငါတို့ တပ်မဟာရဲ့ အိမ်ထောင်စု စာရင်းထဲကနေ လုပ်ခရမှတ် အပိုတစ်မှတ် ပေးဖို့ကိုလည်း ပြောလိုက်။”
ကျန်းပင်းက အမျိုးသမီးကြီး မစ္စရှုရဲ့ အိမ်တွင် နေထိုင်နေတဲ့ ကောင်မလေးဖြစ်ပြီး သူမက ထိုပညာတတ် လူငယ် အဖွဲ့ထဲတွင် အခြေအနေ အကောင်းဆုံး လူတစ်ယောက်လည်း ဖြစ်သည်။
ကျန်းပင်းက ထိုအကြောင်းကို ကြားတဲ့အခါ အစက တွေဝေသွားပြီး ထို့နောက်မှာတော့ သူမက ဒေါသထွက်ကာ လန့်သွားခဲ့သည်။
သူမ ဒေါသထွက်သွားတာ ဘာလို့လဲဆိုတော့ သူတို့က အမျိုးသမီးကြီး မစ္စရှုရဲ့ အကြောင်းကို အတင်းတုပ်နေကြတယ်လို့ပဲ ထင်ခဲ့တာပင်။ ပြီးတော့ သူတို့က အမျိုးသမီးကြီး မစ္စရှုကို သွားပြီး စိတ်အနှောက်အယှက် လုပ်ကြမယ်လို့ မသိလိုက်ပေ။
သူမ စိုးရိမ်နေတာ တစ်ခုက သူမသည် ဒီနေရာကို ဘယ်သူ့မှ မပြောင်းလာစေချင်ခဲ့ပါ။ ဒီလူတွေက အမျိုးသမီးကြီး မစ္စရှုကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ကြမှာကို ပိုပြီးတော့တောင် စိုးရိမ်နေခဲ့သည်။ ထို့အပြင် အမျိုးသမီးကြီး မစ္စရှုက ကျန်းလီနှင့် သူမကိုပါ နှင်ချမှာကို စိတ်ပူနေခဲ့သည်။
ကျန်းပင်းက ယန်ဟုန်ကို သကြားလုံးထုပ်လေး တစ်ထုပ်ကို ပေးခဲ့ပြီး ကျန်းလီနှင့် သတင်းတွေ ဖလှယ်ပြီး မြန်မြန် ထွက်သွားခဲ့သည်။
“အစ်မကျန်းလီ၊ ကျွန်မတို့တွေ ဘာလုပ်သင့်လဲ။ သူတို့သာ ဒေါသထွက်ပြီး ကျွန်မတို့ကို နေဖို့အတွက် ခွင့်မပြုရင် ကျွန်မတို့ကရော ထွက်သွားရမှာလား။”
ကျန်းပင်းက မပြောင်းချင်ခဲ့ပါ။ သူမက အဲ့မှာ နေရတာ အတော်လေး သက်တောင့်သက်သာ ရှိခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုက သူမတို့ကို ဘာမှအများကြီး မပြောခဲ့ပါ။ သူမ ပြောခဲ့သည့် တစ်ခုတည်းသော အရာကတော့ အိမ်မှာ မညစ်ပတ်ဖို့နှင့် အိမ်မှာရှိတဲ့ ပရိဘောဂတွေကို မဖျက်စီးဖို့သာ ပြောခဲ့သည်။
သူတို့က ဒီမှာနေကာ တစ်ခါတည်း တံခါးပိတ်ပြီး သူတို့ဘာသာပဲ နေခဲ့သည်။ သူမရဲ့ လက်ထဲမှာ ပိုက်ဆံရှိပြီး အသားကို တိတ်တိတ်လေး ဝယ်လာခဲ့သည်။ အဲ့အသားကို သူမနှင့် ကျန်းလီတို့က အိမ်ထဲမှာ ချက်စားခဲ့သည်။
ကျန်းပင်းက သူမယူလာတဲ့ ချောကလက် သကြားလုံးတွေကို အမျိုးသမီးကြီး မစ္စရှုအား နှစ်ခါ ပေးခဲ့သည်။ ထို့နောက် အမျိုးသမီးကြီး မစ္စရှုကလည်း သူမရဲ့အိမ်က မုန့်များကို တစ်ခါ၊ နှစ်ခါလောက် ပြန်ပေးခဲ့သည်။
မှိုကြော်နှင့် ချဥ်ဖက်ရှစ်မျိုးဖြစ်တဲ့ အရံဟင်းများကို ရှုရွှမ်းက လုပ်ခဲ့သည်။
ကျန်းပင်းက မှိုခေါက်ဆွဲကို စားလိုက်ပြီး သူမရဲ့ စိတ်ကူးထဲက အရသာအတိုင်းပဲဟု တွေးနေခဲ့သည်။ တကယ်လို့ ကျန်းလီကသာ သူမကို မတားခဲ့ပါက သူမက မှိုဆီ နှစ်ပုလင်းလောက် ရှုရွှမ်းဆီကနေ ဝယ်ပြီး သူမရဲ့ မိဘတွေ စမ်းစားကြည့်လို့ရအောင် အိမ်ကို ပို့ပေးမှာ ဖြစ်သည်။
ကျန်းပင်း - “အစ်မကျန်းလီ၊ ကျွန်မတို့တွေ ဘာလုပ်သင့်တယ်လို့ ထင်လဲ။ ကျွန်မတို့ အဖွားရှုဆီ သွားပြီး လက်ဆောင်တစ်ချို့ သွားပေးရင်ရော ကောင်းမလား။”
ကျန်းလီက ကျန်းပင်းကို နှစ်သိမ့်ပေးခဲ့သည်။ “မလိုပါဘူး။ အဖွားရှုက အဲ့လိုလူမျိုး မဟုတ်ပါဘူး။ ငါတို့တွေ အရင်က နေ့ခဲသလိုပဲ နေကြရအောင်။ အချိန်တိုင်း တစ်ယောက်ဆီ တစ်ယောက် စားစရာတွေ ပို့ပေးကြမယ်။ အဖွားရှုက သူ့ရဲ့ ဒေါသတွေကို အခြားသူတွေ အပေါ် ပုံချမယ့်သူမျိုးတော့ မဟုတ်ဘူးလို့ ငါ ထင်တယ်။”
ကျန်းပင်းက အချိန်ရှိသ၍ စိတ်ကို လျှော့ထားခဲ့သည်။ သို့သော် အခုချိန်မှာ သူမက အဲ့အကြောင်းကို တွေးမိလိုက်သည့်အခါတိုင်း ဒေါသထွက်နေခဲ့သည်။ “ပိုင်လင်းက ဘာလို့ အဲ့လောက်ထိ တွက်ကပ်နေရတာလဲ။ သူမက ကျန်းလိကိုတောင် ပြဿနာလုပ်ဖို့ ပြောတယ်။ ဒါပေမယ့် သူမကိုယ်တိုင်က ဘာမှ ကောင်းတာ မလုပ်ဘူး။ သူက တစ်ခြားသူတွေ အမျိုးသမီး ပညာတတ် လူငယ်တွေ အပေါ်မှာပါ အထင်သေးအောင် လုပ်နေတာပဲ။”
တပ်မဟာထဲရှိ အဖွဲ့သားတွေက သူတို့ ပညာတတ် လူငယ်တွေကိုတော့ အနည်းငယ် လေးစားမှု ရှိကြသေးသည်။ အခုဆိုရင် ပိုင်လင်းနှင့် အခြားသူတွေက ဝင်ရှုပ်ခဲ့သည့်အတွက် ပညာတတ် လူငယ်တွေ အပေါ်ကို အဖွဲ့သားတွေရဲ့ အမြင်တွေက ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ။
ပညာတတ် လူငယ်တွေ အားလုံးက သတိရှိပြီး တွေးခေါ်တတ်ကြမယ်လို့ သူတို့ရော ထင်ကြလား။
ကျန်းလီက ဒီမှာရှိနေတာ ကြာလှပြီ ဖြစ်ပြီး ကျန်းပင်းထက်လည်း ပိုပြီး တည်ငြိမ်သည်။ “သူက ဘာကောင်းတာမှ မလုပ်ပေမယ့် ဘယ်သူ့ကိုမှလည်း ထိခိုက်အောင် မလုပ်ခဲ့ဘူး။ တကယ်လို့ ကျန်းလိက အဓိပ္ပါယ်ရှိတာ တစ်ခုခု လုပ်မယ်ဆိုရင် ငါတို့အားလုံး ပြောင်းနေလို့ ရတယ်။ ကျန်းလိသာ ပါးရိုက်ခံရရင် သူ့ကိုယ်သူ အပြစ်တင်တာကနေ ရှောင်ထွက်လို့ ရတယ်။ အဲ့ဒါကို ယုံယုံ မယုံယုံ ဒီည တွေ့ဆုံပွဲကျရင် ပိုင်လင်းက သေချာပေါက် ငိုပြီး သူဘာမှ မသိပါဘူးလို့ ပြောလိမ့်မယ်။”
ကျန်းပင်းက တုန့်ဆိုင်းသွားခဲ့သည်။ “ဒါပေမယ့် သူသိတာကို လူတိုင်းက သိတယ်လေ။ ဒီအချိန်မှာ ကျန်းလိနဲ့ အခြား အမျိုးသား ပညာတတ် လူငယ်ကပဲ သူ့ဘေးမှာ ရှိနေတာကို မြင်ခဲ့တာလေ။”
ကျန်းလီက ပြုံးပြီး ပြောခဲ့သည်။ “ပြောင်းတာက ဘာဖြစ်လို့လဲ။ သူတို့ကလွဲပြီး ဘယ်သူကမှ သက်သေတွေ မရှာနိုင်ဘူး။ စောင့်သာကြည့်နေ။ သေချာပေါက် ပိုင်လင်းက သူတို့ နှစ်ယောက်ကို လွှဲချလိမ့်မယ်။ သူက သူ့ကိုယ့်သူပဲ ဂရုစိုက်တာလေ။”
ကျန်းပင်းက မယုံမကြည် ဖြစ်နေခဲ့သည်။ သို့သော် ပညာတတ် လူငယ်တွေရဲ့ တွေ့ဆုံမှုက ကျန်းလီတွေးထားတာနှင့် အတူတူပဲ ဖြစ်သည်။
ပိုင်လင်းက ထိန်းမရအောင် ငိုနေခဲ့သည်။ “ငါက ကျန်းမာရေး မကောင်းတာကို ငါ သိပါတယ်။ ပြီးတော့ ငါက လူတိုင်းအတွက် ဝန်ပိုတစ်ခု ဖြစ်နေတာလေ။ ငါ့ကို လူတိုင်းက သဘောမကျကြဘူး။ ဒါပေမယ့် ငါက ရှုမိသားစုကို ဒုက္ခပေးဖို့အတွက် ငါ တကယ် ကျန်းကျစ်ကျင့်ကို မပြောခဲ့ပါဘူး။ ငါက အဲ့ဒါကို ဘယ်လိုလုပ် လုပ်ရဲမှာလဲ။”
ယန်ဟုန်က ဆက်မေးခဲ့သည်။ “ဒါဆို ငါ့ကိုပြော။ ဘာလို့ ကျန်းကျစ်ကျင့်နဲ့ ရှုကျစ်ကျင်းတို့က ဘာဖြစ်လို့ သူတို့ရဲ့ ရိက္ခာတွေကို နင့်ဆီ ပေးကြတာလဲ။”
ပိုင်လင်းက မရပ်တမ်း ငိုနေခဲ့ဘဲ ပြောခဲ့သည်။ “ကျန်းကျစ်ကျင့်နဲ့ ရှုကျစ်ကျင်းတို့က သူတို့ရဲ့ ရိက္ခာတွေကို ဘာလို့ ငါ့ဆီ ပေးကြလဲဆိုတာ ငါဘယ်လိုလုပ် သိမှာလဲ။ လူတိုင်း ရိက္ခာတွေ ဘယ်လောက်ရလဲတောင် ငါမသိဘူး။ ဒါက အားလုံးနဲ့ အတူတူပဲ ဖြစ်မှာလို့ ငါထင်ခဲ့တာ။ ငါ့မှာ ကလေးကတည်းက ငါ့ထက်ငယ်တဲ့ မောင်လေးတစ်ယောက်ရှိတယ်။ ငါ့ထက်ကြီးတဲ့ အစ်ကိုမှ မရှိတာ။ ဒီ ပညာတတ် လူငယ်ဆိုတဲ့ အသိုက်အဝန်းကြီးထဲကို ငါဝင်တော့ ငါက အားလုံးကို ငါ့ရဲ့ မောင်နှမတွေလို့ သတ်မှတ်ထားခဲ့တာ…”
ယန်ဟုန်က စိတ်ကို ပြင်ဆင်ပြီး လာခဲ့တာတောင် ပိုင်လင်းက သူမကို ဒေါသထွက်အောင် လုပ်နိုင်နေဆဲ ဖြစ်သည်။
သို့သော် အဲ့နေရာမှာ အရူးလိုဖြစ်နေသော ကျန်းလိက သူ့ဘေးနားသို့ ရောက်လာခဲ့သည်။ “ငါက ကူညီပေးခဲ့တာ။ ပိုင်လင်းက အဲ့ဒါကိုပဲ ပြောခဲ့တာ။ သူက အဲ့ဒါအတွက် ငါ့ကို တစ်ခါမှ မတောင်းဆိုခဲ့ပါဘူး။ သူက ငါ့ကို အမြဲတမ်း ကောင်းကောင်းစားဖို့ကိုပဲ အကြံပေးခဲ့တာ။ ပြီးတော့ သူ့ရဲ့ ပစ္စည်းတွေကိုလည်း မပို့ခိုင်းခဲ့ဘူး။”
တစ်ဖက်က ရှုကျစ်ကျင်းက တိတ်နေခဲ့သည်။ သူက ကျန်းလိလိုတော့ မတုံးအပါ။ ပိုင်လင်းက အမြဲတမ်း ရိက္ခာတွေကို ငြင်းပယ်ခဲ့သည်။ သို့သော် သူက ဘယ်တုန်းကမှ မငြင်းဘဲ အရမ်း ရိုးသားသည်။ နောက်ဆုံးမှာတော့ သူက သူမကို အဲ့ဒါတွေ ပေးလိုက်သည်။
ကျန်းလိ ရောက်လာတာတောင် ရှုကျစ်ကျင်းက တိတ်ဆိတ်နေခဲ့သည်။
ယန်ဟုန်က သူမရဲ့ မျက်ခုံးကို ပွတ်ပြီး ပြောခဲ့သည်။ “ဒါဆိုပြောလေ။ နင်တို့ နှစ်ယောက်က ဘာအတွက် ရန်ဖြစ်နေကြတာလဲ။”
အဲ့ဒါက ပိုင်လင်းအတွက်ပဲ ဖြစ်ရမယ်။
ကျန်းလိက သူရဲဘောကြောင်စွာ တိတ်ဆိတ်နေခဲ့သည်။ သို့သော် ရှုကျစ်ကျင်းက ခပ်တင်းတင်း မျက်နှာထားမျိုးဖြင့် ပြောခဲ့သည်။
“ငါက အရှက်မရှိ ပိုင်လင်းကို လိုက်ကပ်တယ်လို့ ကျန်းလိက ထင်မှာပေါ့။ သူက ငါ့ကို ထိုးနှက်ဖို့ အရင် လက်ဦးမှု ယူသွားတာ။ ပြီးတော့ ပိုင်လင်းနဲ့ ဝေးဝေးနေဖို့ ငါ့ကို ပြောခဲ့တယ်။”
ကျန်းလိ - “ပိုင်လင်းက ဘာမှလုပ်လို့မရဘူး။ ဒါက မင်းအရှက်မရှိလို့ဖြစ်တာ။”
ရှုကျစ်ကျင်းက မပျော်မရွှင် ဖြစ်နေခဲ့သည်။ သူက ပိုင်လင်းအနောက်ကနေ လိုက်သွားခဲ့သည်။ ဒါက ပိုင်လင်းရဲ့ အရိပ်အမြွက် ပေးတာမျိုးလည်း ဖြစ်သည်။ ပိုင်လင်းက သူ့ရဲ့အင်္ကျီကိုဖာပြီး ချွေးတွေကို သုတ်လိုက်သည်။
ဒါက ဘယ်လိုလုပ် ချစ်တာ ဖြစ်မှာလဲ။
ကျန်းလိကတော့ မယုံခဲ့ပါ။ “သူက အရှက်မရှိဘဲ သူများကောင်မလေးရဲ့ အနောက်ကို လိုက်နေတာ။”
ယန်ဟုန်က ပိုင်လင်းကို ကြည့်လိုက်သည်။ “နင် ငါ့ကို အဲ့အကြောင်းပြော။”
'အမျိုးသား ပညာတတ် လူငယ်နှစ်ယောက်က နင့်ရဲ့ အနောက်ကို လိုက်နေတာ။ နင် အနည်းဆုံးတော့ ဖြေရှင်းချက်တစ်ခုခု ပေးသင့်တယ်။'
ပိုင်လင်းက ကျန်းလိကို သူမရဲ့ စိတ်ထဲတွင် ကျိန်ဆဲနေခဲ့သည်။' ဒီလိုလူကပဲ ဒီလို ဦးနှောက်မျိုး ရှိတာလေ။ သူ့လို လူမျိုးကို ရှာလို့တောင် မတွေ့နိုင်ဘူး။ သူမကို လက်တွဲဖော် အနေနဲ့ သတ်မှတ်ခဲ့တာလား။'
'အရှက်မရှိလိုက်တာ။ '
ပိုင်လင်း - “ငါမသိဘူး။ ငါတို့အားလုံးက တစ်ဖွဲ့တည်းပဲလေ။ အဲ့တော့ ငါတို့က အချင်းချင်း ကူညီကြတာပဲလေ၊ ဟုတ်တယ်မလား။ ငါက ကျန်းကျစ်ကျင့်နဲ့ ရှုကျစ်ကျင်းကို ငါ့ရဲ့ အကိုတွေလို အမြဲတမ်း သဘောထားခဲ့တာ။”
ကျန်းလိက ဒါကိုကြားတဲ့အခါ ဘာကိုမှ မခံစားခဲ့ရပါ။ သူက အစ်ကိုအနေနဲ့ သတ်မှတ်ခံခဲ့ရသော်လည်း သူက ချစ်နေရတဲ့ အစ်ကိုပဲ မဟုတ်ဘူးလား။ ဒီကောင်မလေးက ရှက်တယ်ဆိုတာ ပုံမှန်ပဲဆိုတာ နားလည်နိုင်သည်။
ဒါပေမယ့် ရှုကျစ်ကျင်းကတော့ မတူပါ။ သူက ပြုံးပြီး ခေါင်းကိုလှည့်ကာ စကားပြောတာ ရပ်လိုက်သည်။
ပိုင်လင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ထားကာ အတော်လေး ဒေါသထွက်နေခဲ့သည်။ ကျန်းလီ လုပ်ခဲ့သည့် အရာကြောင့် ရှုကျစ်ကျင်းကလည်း သေချာပေါက် ထပ်ပြီး လှည့်စားလို့ရနိုင်မှာ မဟုတ်တော့ဘူး။
ဘာမှ မဟုတ်တာအတွက်နဲ့ ဒီလိုကြီးတဲ့ ငါးကို ငါဆုံးရှုံးရတာ သနားစရာပဲ။
ယန်ဟုန်က ထိုအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အဖြေ တစ်ခုကိုလည်း ရှာတွေ့ခဲ့သည်။ “ကျန်းလိ ဒီရန်ပွဲကို စခဲ့တဲ့သူက နင်ပဲ။ ဒီအချိန်အတွင်းမှာ နင်က ငါတို့ရဲ့ အပင်ပန်းဆုံး အလုပ်တွေကို တာဝန်ယူပေးရမယ်။ ပြီးတော့ ရှုကျစ်ကျင်းက အလုပ်အပိုတွေကို လုပ်ရမယ်။ ပိုင်ကျစ်ကျင်း…..”
ယန်ဟုန်က အပြစ်ကင်းသလို လုပ်နေတဲ့ ပိုင်လင်းရဲ့ မျက်နှာကို ကြည့်လိုက်သည့်အခါ စိတ်အနှောက်ယှက် ဖြစ်ခဲ့ရသည်။ “ပိုင်ကျစ်ကျင်း၊ ငါတို့က တစ်မိသားစုထဲက ညီအစ်ကို၊ မောင်နှမတွေပဲ။ ဒါပေမယ့် မောင်နှမတွေကလည်း သူတို့ရဲ့ အရှုပ်တွေကို ရှင်းထားသင့်တယ်။ ဘယ်သူကမှ စားစရာတွေ ပိုမနေကြဘူး။ နင်က တစ်ခြားသူတွေ ပေးတာကို လိုချင်တာလား။ နင်က တခြားသူရဲ့ အကြောင်းကို မတွေးမိဘူးလား။”
တကယ်တမ်းမှာတော့ ပိုင်လင်းကို အပြစ်ပေးဖို့ ဘာသက်သေမှ မရှိပါ။ သူမကို နှုတ်ဖြင့်သာ ဆူပူလို့ရသည်။
ရှုကျစ်ကျင်းကြည့်ရတာ မပျော်မရွှင် ဖြစ်နေခဲ့သည်။ “ငါ ဒီအပြစ်ဒဏ်ကို လက်ခံပါတယ်။”
သူက ဆုံးရှုံးမှုကြီး တစ်ခုကို ခံစားခဲ့ရသော်လည်း ရှုကျစ်ကျင်းက ပိုင်လင်းကို နှစ်သိမ့်ပေးနေသည့် ကျန်းလိကို ကြည့်လိုက်ပြီး ယန်ဟုန်ကို ကြည့်လိုက်သည့်အခါ ပိုင်လင်းရဲ့ အကျင့်စရိုက်ကို သိရတဲ့အတွက် ဒီလိုမျိုး ပေးဆပ်ရတာမှာ ဘာဆုံးရှုံးမှုကိုမှ မခံစားခဲ့ရပါ။ ဒါက ပိုင်လင်းကို အရာရာ ပေးပြီး ပြဿနာတွေ ရှာရတာထက် ပိုကောင်းသည်။
ကျန်းလိက အင်တင်တင် ဖြစ်နေခဲ့သော်လည်း ပညာတတ် လူငယ်တွေရဲ့ အဖွဲ့ထဲတွင် ယန်ဟုန်က ပြောခွင့်ဆိုခွင့်ရှိသူ ဖြစ်သည့်အတွက် သူတို့မှာ ရွေးချယ်စရာ မရှိဘဲ သဘောတူခဲ့ရသည်။
ပိုင်လင်းရဲ့ မျက်လုံးက တလက်လက် ဖြစ်သွားခဲ့သည်။ 'ယန်ဟုန်ရဲ့ စကားတွေက တကယ်ကို မကြားဝံ့ မနာသာ ဖြစ်နေသော်လည်း သူမက ဘာလုပ်နိုင်မှာလဲ။ သူမက သူမရဲ့ပုံရိပ်ကို မကျဆင်းစေချင်ပါ။'
ထို့ကြောင့် ပိုင်လင်းက တုံ့ဆိုင်းစွာ တုန့်ပြန်ခဲ့သည်။ “ငါ သေချာ မလုပ်နိုင်ခဲ့ဘူး။ ငါအရင်က အဖွဲ့နဲ့ပဲ မနေခဲ့မိဘူး။ အဲ့ဒါကြောင့် ငါ့အတွေးတွေ မှားသွားခဲ့တာ….”
ယန်ဟုန်က အဖွဲ့ကို ခွဲခိုင်းလိုက်ပြီး အတော်လေး ပင်ပန်းနေခဲ့သည်။
ပညာတတ် လူငယ်တွေကို ဖိနှိပ်ဖို့ အမျိုးသမီးကြီး မစ္စရှုအား ဝမ့်ရင်းက ကူညီပေးခဲ့ပြီး အမျိုးသမီးကြီး မစ္စရှုက ပျော်လွန်းလို့ အဲ့ဒါကို စကားဖြင့် ဖော်ပြလို့တောင် မရနိုင်ခဲ့ပါ။
ရာသီဥတုက တဖြည်းဖြည်း ပူလာတဲ့အခါ ချမ့်ယုက တောင်ပေါ်မှာ ပျော်နေခဲ့ပြီ ဖြစ်သည်။ သူမက စိမ်းစိုနေသော မြက်ခင်းကြီးထဲရှိ သစ်ပင်ကြီး တစ်ပင်မှာ သိုးကို ချည်ထားပြီး အနီးအနားမှာ စားစရာ လိုက်ရှာခဲ့သည်။
ထို့ကြောင့် ဝမ့်ရင်းက ချမ့်ယုဆီက စားစရာ ရခဲ့သည်။
ရေငန်းသီးတွေပဲ။
ဝမ့်ရင်းက သူမသည် တောင်ပေါ်မှာ စားစရာ တစ်ခုခုတွေ့လို့ စားလို့ရလား မသေချာပါက အဲ့ဒါကို မစားဘဲ သူမဆီ ယူလာပြီး ပြဖို့ကို အရင်တုန်းက ပြောထားခဲ့သည်။
ချမ့်ယုကလည်း နားထောင်သည်။ သူမသည် ဝမ့်ရင်းကို ဆေးပင်တွေ ရှာဖို့ ကူညီကတည်းက သူမ မသိတဲ့ ဘယ်အပင်ကိုမဆို ယူလာခဲ့သည်။
ဝမ့်ရင်းကလည်း ရှားပါးသည့် အပင်များစွာကို သိမ်းထားခဲ့သည်။
ဒီတစ်ခေါက်မှာတော့ ချမ့်ယုက အနီရောင် ရဲနေသည့် အသီးများကဲ့သို့ ရေငန်းသီးကို သဘောကျနေခဲ့သည်။
သို့သော် ချမ့်ယုကိုတော့ အဲ့ဒါကို အမြဲတမ်း မစားဖို့ ဝမ့်ရင်းက သတိရနေခဲ့သည်။ ထို့ကြောင့် သူမက ရေငန်းသီးတွေကို ဝမ့်ရင်းအား ပြဖို့အတွက် ယူသွားခဲ့သည်။
ဝမ့်ရင်းက ပျော်သွားခဲ့သည်။ သူမက အချို့ကို ရေဆေးပြီး တစ်ချို့ကို ချမ့်ယုထံ ပေးလိုက်ပြီး ကျန်တာကို သိမ်းထားခဲ့သည်။
“ဒါက အသီးတင်မဟုတ်ဘူး ဆုံဆို့နာ၊ အူအတက်ပေါက်တာ၊ အသားဝါ ရောဂါတွေ အတွက်လည်း ဆေးအဖြစ် သုံးလို့ရတယ်။”
ချမ့်ယုက အတော်လေး သိချင်နေခဲ့သည်။ “ဒီလို အသီးသေးသေးလေးကလား။”
ဝမ့်ရင်းက ပြုံးပြီး ပြောလိုက်သည်။ “အဲ့ထက် အများကြီး ရှိသေးတယ်။ အစ်မ နောက်မှ နည်းနည်းဆီ ပြောပြမယ်။ အဲ့ဒါတွေ အိမ်ကို ထပ်ပြီး ယူသွားလိုက်။ ပြီးရင် အဲ့ထဲက နည်းနည်းကို အခြောက်ခံပြီး အိမ်သာထဲ ထည့်လိုက်။ ပြီးရင် ခြင်တွေ အများကြီးရှိတဲ့ နေရာတွေမှာ ဖြူးထားလိုက်။ ဒီအသီးက အဆိပ်လည်း ပြေစေတယ်။ ဒါပေမယ့် အဲ့ဒါက အဆိပ်လည်းရှိသလို အင်းစက်တွေကိုလည်း သတ်နိုင်တယ်။”
ရာသီဥတုက ပူလာတော့ မြွေတို့၊ ကြွက်တို့၊ ပိုးမွှား ပုရွက်ဆိတ်တို့လို ပြဿနာတွေက သေချာပေါက် ရှိလာမှာ ဖြစ်သည်။ ဝမ့်ရင်းမှာ ဆေးဖက်ဝင် အပင်မျိုးစုံကို ပြင်ဆင်ထးခဲ့ပြီး ဖြစ်သည်။ နွေရာသီမှာ ကျန်းမာရေးနှင့် မညီညွတ်သည့် အခြေအနေမျိုးစုံ၊ ရောဂါ မျိုးစုံကို ကာကွယ်ဖို့အတွက် အဲ့ဒါတွေကို သူမရဲ့ အိမ်ပတ်လည်မှာ ဖြန်းထားခဲ့ပြီး ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ဒါက ရောဂါ အဖြစ်အများဆုံး အချိန်လည်း ဖြစ်သည်။ ပူပြင်းတဲ့ နွေရာသီမှာ မကောင်းတဲ့ အစားအစာ သို့မဟုတ် သန့်ရှင်းမှု အားနည်းသည့် စားစရာများကို စားမိတာမျိုးတွေက ရောဂါကို အလွယ်တကူ ပြန့်ပွားစေသည်။ ထို့အတူ ရေမသန့်ရှင်းပါက ငှက်ဖျားရောဂါကို ဦးတည်စေသည်။
ဝမ့်ရင်းက ဒါတွေအားလုံးကို ရေငန်းသီးအား မြင်လိုက်ချိန်မှာ သတိရသွားခဲ့သည်။ သူမက ချမ့်ယုကို အဝေးသို့ ပို့လိုက်ပြီး ထပြီး အစည်းအဝေးအကြောင်း ပြောဖို့အတွက် ဝူကွေ့ဟွာကို ရှာဖို့ပြင်ရန် ထလိုက်သည်။
သူမလအဲ့ဒါကို တွေးနေတုန်းပဲရှိသေး ဝူကွေ့ဟွာက ရောက်လာခဲ့သည်။
ဝူကွေ့ဟွာက သူမဘာသာ လာရုံတင်မကဘူး သူမရဲ့သမီးလေး ရှင်းဟွာကိုပါ ခေါ်လာခဲ့သည်။
သူမရဲ့ ပုံမှန် ပျော်နေတဲ့ပုံမျိုး မဟုတ်ဘဲ ဒီတစ်ခေါက်မှာတော့ ဝူကွေ့ဟွာက အတော်လေး ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သည်။
ဝမ့်ရင်းက သူတို့ကို အိမ်ထဲ ဝင်ခိုင်းလိုက်ပြီး ရှင်းဟွာအား စားဖို့အတွက် ရေငန်းသီးများကို ပေးလိုက်သည်။
ဝူကွေ့ဟွာ - “ကဲ၊ မိန်းကလေးရင်း။ ငါတော့ တည့်ပဲမေးမယ်။ ငါ့ရဲ့သမီး ရှင်းဟွာက နင်အရင်က ပြောခဲ့တဲ့ ဝမ်းဆွဲသည်တွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ နင်ထင်လား။”