← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 11 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 11 Ch. 131-132

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၃၁

သို့သော် မုဆိုးမယွီက ဘာမှမဖြစ်ခဲ့သလို ပြုမူကာ အဖွဲ့ထဲမှာ လျှောက်သွားနေခဲ့သည်။ တစ်ခါတစ်လေ ယောက်ျားတစ်ယောက်က သူမကို စက္ကန့်အနည်းငယ်လောက် ငေးကြည့်မိပါက သူ့မိန်းမက သူ့ရဲ့နားကို ဆွဲလိမ့်မည် ဖြစ်သည်။

ဒါပေမယ့် မုဆိုးမယွီနှင့် ထျန်းတကျူးတို့ကို ပြောရရင်….

ဒီလူနှစ်ယောက်က အသွင်တူကြမလား ဆိုတာကို ဝမ့်ရင်းက မသေချာပါ။

ဝမ့်ရင်းက သူမရဲ့ဘေးတွင် ရပ်နေသော ကလေးမလေး နှစ်ယောက်ကို ကြည့်ခဲ့သည်။ သူတို့ နှစ်ယောက်ရဲ့ စိတ်ထဲတွင် အတွေးတွေ အများကြီး ရှိနေကာ စိတ်ပူနေပုံရသည်။

သူမက မေးလိုက်သည်။ “မင်းတို့ စိတ်ပူနေတာ မင်းတို့ရဲ့အမေက မင်းတို့အဖေ လက်ထပ်တာ သိသွားမှာကိုလား။ သူ့ကို စိတ်ပူနေတာလား။”

တယာက လေးလံစွာ ခေါင်းကို ငြိမ့်ပြခဲ့သည်။ သူမက တီးတိုးပြောခဲ့သည်။ “တကယ်လို့ အဖေသာ လက်ထပ်သွားရင် အမေက ဒေါသထွက်လိမ့်မယ်။ ပြီးတော့ သမီးတို့က ဝန်ပိုတစ်ခုလို့ တွေးလိမ့်မယ်။”

ဝမ့်ရင်းက သူတို့ကို နှစ်သိမ့်ပေးခဲ့သည်။ “မင်းတို့ရဲ့ အမေက အရမ်းကြီး ဒေါသကြီးတယ်လို့ မတွေးပါနဲ့။ ပြီးတော့ ဘာတွေပဲ ဖြစ်နေပါစေ၊ မင်းတို့က ဝန်ပိုတစ်ခုလိုမျိုး သူက တွေးမှာမဟုတ်ဘူး။”

“ကြည့်လိုက်။ မင်းအမေက မင်းကို ဝန်ပို တစ်ခုလို့ ခံစားရတယ်ဆိုရင် သူမ ကွာရှင်းတော့ မင်းတို့ကို ထျန်းမိသားစုထဲမှာ ထားခဲ့မှာပေါ့။ တယာ၊ သူတို့က မင်းကို ခေါ်ထားဖို့ အတင်း ပြောနေတာကို မှတ်မိလား။ ဒါပေမယ့် မင်းရဲ့ အမေက သဘောမတူခဲ့ဘူးလေ။”

တယာရဲ့ မျက်ခုံးတွေက တဖြည်းဖြည်း ပြေလျော့သွားသည်။ သူမသည် ထျန်းတကျူး လက်ထပ်တော့မည့် သတင်းကို စကြားတော့ စိတ်ရှုပ်သွားခဲ့သည်။ သူမသည် သူမအဖေရဲ့ လက်ထပ်ပွဲကို စိတ်မကောင်းဖြစ်တာ မဟုတ်ဘဲ ချမ့်ကျွီဟွာကို စိုးရိမ်နေခဲ့ရုံသာ ဖြစ်သည်။

ဝမ့်ရင်းက သူ့တို့ကို အားပေးခဲ့သည်။ “မင်းတို့ အားလုံးက တော်ကြပါတယ်။ မင်းတို့တွေ မကြောက်သင့်ဘူးလို့ အစ်မ ထင်တယ်။ မင်းတို့ရဲ့ အမေက ဒီကိစ္စအတွက်လောက်နဲ့ မင်းတို့ကို ဒေါသထွက်မှာ မဟုတ်တာ သေချာတယ်။”

ဝမ့်ရင်းရဲ့ ပြတ်သားတဲ့ ပုံစံက ကလေးမလေး နှစ်ယောက်ကို အနည်းငယ် တည်ငြိမ်စေခဲ့သည်။ သို့သော် အားရာကတော့ အနည်းငယ် ဒေါသထွက်နေဆဲ ဖြစ်သည်။

သူမ ဘာအတွက် ဒေါသထွက်နေလဲဆိုပြီး မေးလာခဲ့ရင် သူမက အသက် ငါးနှစ်သာ ရှိသေးသည့်အတွက် သူမက အဲ့ဒါကို တိတိကျကျ မပြောပြနိုင်သော်လည်း ဒေါသ ထွက်နေခဲ့သည်။

ဝမ့်ရင်းက သူတို့နှစ်ယောက်ကို ပြန်ချော့ခဲ့သည်။

အိမ်ကို ပြန်လာပြီးနောက် သူမက ထိုကိစ္စကို အမျိုးသမီးကြီး မစ္စရှုအား ပြောပြခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ပေါင်ကို သူမဘာသာ ပြန်ရိုက်ကာ ပြောခဲ့သည်။ “လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက မစ္စယွီ အဝတ်အစား အသစ်တွေ ဝတ်ထားတာကို မြင်ခဲ့တယ်။ ပြီးတော့ သူ့အိမ်မှာ ပျော်စရာ ပွဲတစ်ပွဲ ရှိတယ်ဆိုပြီးလည်း ပြောသွားခဲ့တာ။ သူပြောတဲ့ ပျော်စရာပွဲဆိုတာ ဒီဟာဖြစ်မယ်။”

အမျိုးသမီးကြီး မစ္စရှုက အတော်လေး စိတ်လှုပ်ရှားနေပုံရကာ သူမက ဝမ့်ရင်းကို ရှင်းရှင်းလင်းလင်းနှင့် ပုံမှန် အရာတစ်ခုကို ပြောပြခဲ့သည်။ “ဒီလောက် နှစ်တွေအများကြီး ကြာပြီးမှတော့ ဒီမိန်းမက နောက်ဆုံး သူ ချုပ်ကိုင်လို့ရတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားခဲ့ပြီပဲ။”

ဝမ့်ရင်းက ဖရုံစေ့ လက်တစ်ဆုပ်စာကို ယူပြီး စားပွဲခုံပေါ် တင်လိုက်ကာ ခွာစားနေရင်း သူမရဲ့ မျက်လုံးတွေက အရောင်တောက်နေခဲ့သည်။ “အမေ၊ သမီးကို အသေးစိတ် ပြောပြ”

သူအရမ်းကြီး အတင်းပြောခံရတာကလည်း သူ့အမှားတော့ မဟုတ်ပါပေ။ ကျေးလက်မှာက ဒီလောက် စိတ်ပြေလက်ပျောက်ဟာတွေက တကယ်တော့ သိပ်မရှိချေ။ တကယ်လို့ ရုပ်ရှင်အဖွဲ့က လာပြီး ရုပ်ရှင်တွေ ပြရင်တောင် သူတို့က တပ်မဟာထဲမှာပဲ ပြလို့ရတာ။ သူတို့ရဲ့ တပ်မဟာထဲမှာက ဒီလောက်ကောင်းတဲ့အရာ မရှိဘူးလေ။ ဒီလို ပျင်းစရာကောင်းတဲ့ နေ့မှာ သူတို့က ဖရုံစေ့တွေ မစားဘဲနဲ့ ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ။

အမျိုးသမီးကြီး မစ္စရှုက ဖရုံစေ့ လက်တစ်ဆုပ်စာ ယူပြီး စားရင်း ပြောခဲ့သည်။ “ သမီး မသိပါဘူး။ ဒီမိန်းမက ဆိုးတယ်။ အမေတို့ တပ်မဟာထဲမှာရှိတဲ့ မိန်းမတွေကြားထဲမှာဆို သူက ယုတ်မာပြီး ကောက်ကျစ်ဆုံးပဲ။”

ဝမ့်ရင်း နားလည်လွယ်အောင် ပြောဖို့အတွက် အမျိုးသမီးကြီး မစ္စရှုက ဥပလေးတစ်ခု ပေးခဲ့သည်။

“အရင် နှစ်တွေတုန်းက ရှုရွှမ်းက ငယ်ငယ်လေးပဲရှိသေးတယ်။ သူ့အဖေက တပ်မဟာထဲမှာရှိတဲ့ ခေါက်ဆွဲဆိုင်လေး တစ်ဆိုင်မှာ စားဖိုမှူး ဝင်လုပ်တာလေ။ အစပိုင်းမှာတော့ မစ္စယွီက ငါ့ဆီ အမြဲတမ်း လာတယ်။ အဲ့အချိန်တုန်းက ငါကလည်း တာဝန်ခံလေ။ ပြီးတော့ ငါက လူတွေကို သိပ်ပြီး သတိမထားမိဘူး။ သူက အမြဲတမ်း ငယ်တဲ့ မိန်းမလိုပဲ နေနေတော့ ငါနဲ့ သူနဲ့ကလည်း အကြာကြီး အဆင်ပြေခဲ့ကြတာပဲလေ။”

“ဒါပေမယ့် နောက်ပိုင်း ဘာဆက်ဖြစ်လဲဆိုတာ သမီး သိလား။ သူတို့ မိသားစုထဲမှာ ဆယ်နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ သူက ငါ့ဆီကို လာတဲ့အချိန်တိုင်း အဲ့ကလေးမလေးကို သူနဲ့အတူတူ ခေါ်လာတယ်။”

“ငါထင်တာက ကောင်မလေးက ငယ်ငယ်လေးပဲ ရှိသေးတယ်ဆိုတော့ လာပါစေပဲပေါ့။”

“ဒီကောင်မလေးက မကြာမကြာ လာမယ်လို့ ဘယ်သူက သိထားမှာလဲ။ သူ ရောက်လာတဲ့ အချိန်တိုင်း သူက ရှုမင်း ဘေးမှာချည်းပဲ။ အဲ့အချိန်တုန်းက ရှုမင်းက စာသင်တုန်းလေ။ ပြီးတော့ သူက ရှုမင်းအပေါ်ကို ရေတွေ လက်ဖက်ရည်တွေ လောင်းချဖို့ လုပ်နေတာ။ မသိရင် ရှုမင်းက သူ့ကို ကလေးမလေးလို ဆက်ဆံနေတယ်လို့ ထင်နေမှာ။”

“ငါလည်း စိတ်မသက်မသာ ဖြစ်လာတော့ အဲ့ကိစ္စ သူ့ကို ပြောလိုက်တယ်။”

ဝမ့်ရင်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့သည်။ “အမေ ဘာပြောလိုက်တာလဲ။”

“သူကပြောတယ်။ ရှုမင်းက အရမ်း အောင်မြင်တာကို သူမြင်ထားတယ်တဲ့။ အဲ့ဒါကြောင့် သူက အဲ့ကလေးမလေးကို ဒီနေရာဆီ ကလေးသတို့သမီးအဖြစ် ပို့လိုက်တာတဲ့။ သူ ငါ့ဆီက ဘာပိုက်ဆံမှလည်း မလိုချင်ဘဲ ရှုမင်းရဲ့ ဇနီးပဲ ဖြစ်ချင်တာတဲ့။”

ဝမ့်ရင်း - “ကောင်စီမြို့က ဒါတွေကို ဥပဒေ ပြထားပြီးသား မဟုတ်ဘူးလား။”

“အဲဲဒါက ဟုတ်တယ်။ အခု ဒါက ပတ်ဝန်းကျင် အသစ်ဆိုပေမယ့် သူမက အဲ့လို ကိစ္စတွေကို တွေးနေတုန်းပဲ။ သူဘာတွေ စီစဥ်နေလဲဆိုတာ ငါလည်း မပြောတတ်ဘူး။ အဲ့ကောင်မလေးကို ဒီနေရာ ပို့လိုက်ရင် ရှုမင်း ကြီးလာတဲ့အခါ အဲ့ဒါကို ရှင်းပြနိုင်မှာ မဟုတ်ဘူးလို့ သူမ တွေးနေပုံပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒါတွေက ပြီးသွားပါပြီ။ အခုအချိန်မှာ ကလေးသတို့သမီး လက်မခံကြတော့ဘူး။ ပြီးတော့ သူတို့က ခမည်းခမက်တွေ ဖြစ်လာကြလိမ့်မယ်။ သူတို့ ခမည်းခမက် ဖြစ်လာတဲ့ အချိန်ကျရင် သူတို့ကို ထုံးစံအတိုင်း အချင်းချင်း ပြန်ကူညီရလိမ့်မယ်။ ဒီနေရာကို ပိုက်ဆံမပေး၊ ဘာအကျိုးအမြတ်မှ မရှိဘဲ ပို့လိုက်ပုံရရင် သူက အဲ့ဒါကို ပြန်ယူဖို့ အနှေးနဲ့ အမြန်ပဲ ပြန်လာလိမ့်မယ်။”

ဝမ့်ရင်း - “သူက ဒီလိုလူဆိုတာ သမီးဖြင့် ပြောတောင် မပြောနိုင်တော့ဘူး။”

တပ်မဟာထဲမှာ ကြားရက်တွေဆို မစ္စယွီက တစ်ခြား မိန်းမကြီးတွေနဲ့ မထူးမခြားနားပင်။ ကွယ်ရာမှာ သူမက သူမရဲ့ သမီးတွေကို အကျိုးအမြတ်ရဖို့ ရောင်းစားလိမ့်မယ့် သူမျိုးလို့ ဘယ်သူကများ တွေးမိမှာလဲ။

အမျိုးသမီးကြီး မစ္စရှု - “သူမ အရူးလုပ်တာ မခံနဲ့။ ဒါက မိသားစုကောင်းတစ်ခု မဟုတ်ဘူး။ ငါက တော်တော် ဒေါသထွက်လွန်းလို့ သူ့ကို မောင်းထုတ်ပြီး ဘယ်တော့မှ ထပ်ပြီးလည်း မလာခိုင်းတော့တာ။ တစ်ခြား တပ်မဟာက မိသားစုတစ်ခုနဲ့ သူမ ဘယ်လိုလုပ် လက်ထပ် ဖြစ်သွားလဲဆိုတာ အမေလည်း မသိဘူး။ ပြီးတော့ သူ့သမီးကိုတောင် အဲ့နေရာကို ပို့လိုက်သေးတာ။ အခုဆိုရင် သူတို့က ခမည်းခမက်တွေ ဖြစ်နေပေမယ့် သူက သူ့ရဲ့ သမီးကို ကလေးသတို့သမီးအဖြစ် ပို့လိုက်တာ လူတိုင်းက သိတယ်။ အဲ့မိသားစုရဲ့ နေထိုင်မှု အဆင့်အတန်းက သိပ်ပြီးတော့လည်း မဆိုးလှပါဘူး။ ဒါပေမယ့် အဲ့ဒါက မကြာသေးခင် နှစ်လောက်ကတည်းက အဆင်မပြေတာ သိသာတယ်။ ဒါတွေ အားလုံးက သူ့ရဲ့ သမီးကောင်းလေးတွေက ယောက်ျားဘက်က မိသားစုနဲ့ နည်းနည်း အလှမ်းဝေးပြီး သူ့ရဲ့ ကိုယ်ပိုင် မိသားစုနဲ့ပဲ အနေနီးနေလို့။”

အမျိုးသမီးကြီး မစ္စရှုက ဒေါကြီးမောကြီးနှင့် ပြောခဲ့သည်။ “ဒီလူက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သူမျိုးပဲ။ သူက သူ့သမီးကို ဒီလို ငယ်ရွယ်တဲ့ အချိန်မှာ အဝေးကို ပို့လိုက်ရင် သူ့သမီး တောင့်ခံရမယ့် ဝေဒနာတွေကို တွေးတောင် မတွေးဘူး။ သူမက နေမကောင်းချင်ယောင် ဆောင်နေပြီး ပစ္စည်းတွေအတွက်ပဲ မေးနေတာ။ သူ့ချွေးမကိုတောင် လှည့်စားပြီး သူနဲ့နေဖို့ ပြောနေတာ။”

“ဒီတစ်ခေါက်က ထျန်းတကျူးရဲ့ ကိစ္စ အတွက်ပဲ။ အမေ သမီးကို ပြောပြမယ်။ ဆယ်ခါမှာ ကိုးခါက ဒီလို ကိစ္စမျိုးတွေကို လုပ်ဖို့အတွက် ဆုံးဖြတ်ချက်ချတာ သူပဲ။ ဒီမိန်းမကြီးက တကယ်ကို ရက်စက်တာ။ သူက သူ့ချွေးမကို သူ့အသက်ကြီးလာတဲ့အခါ ထောက်ပံ့ပေးဖို့ ထောက်တိုင်တစ်ခု အနေနဲ့ ခေါ်ထားခဲ့တာ။ ပြီးတော့ သူ့ချွေးမကလည်း သူ့ကို ထောက်ပံ့ဖို့ မျှော်လင့်နေတာ။”

ဝမ့်ရင်း - “အဲဲဒါဆို သူ့ချွေးမက ဒါတွေကို မမြင်နိုင်ဘူးလား။ သူ့ကို တစ်ခြားသူတွေက အသုံးချတာခံဖို့ ဆန္ဒရှိတာလား။”

အမျိုးသမီးကြီး မစ္စရှုက လှောင်ကာ ပြောခဲ့သည်။ “သူ့ချွေးမက ဉာဏ်ကောင်းတယ်။ ဒါပေမယ့် တကယ်တမ်း သူက ငတုံး။ အဲ့ဒီ့ကို သွားမနေနဲ့။ အဲ့ဒါက နင့်ကို စိတ်မသက်မသာ ဖြစ်စေရလိမ့်မယ်။ လူတွေက နင့်ကို အဲ့ဒါပြောရင်တောင် နင်က သူ့ကို မနာလိုလို့ ပြောတယ်ဆိုပြီး လူတွေးက ထင်ကြလိမ့်မယ်။ ငါတို့တွေ ဒီကိစ္စကို အရင်က မပြောဖူးဘူးလို့ နင်ထင်လို့လား။ ငါတို့တွေ အဲ့ကိစ္စကို အခေါက်ခေါက်၊ အခါခါ ပြောပြီးပြီ။ လူတွေက ကမ္ဘာပေါ်မှာ သူ့ယောက္ခမက အကောင်းဆုံး ယောက္ခမလို့ပဲ ထင်ကြတာ။ ပြီးတော့ သူက ထပ်ပြီး လက်ထပ်မှာထက် အသေပဲ ခံမယ့်သူမျိုး။”

အမျိုးသမီးကြီး မစ္စရှုက ခေါင်းတငြိမ့်ငြိမ့် လုပ်ကာ ခနလောက် တွေးလိုက်သည်။ “အခု သူက နောက်အိမ်ထောင်ပြုဖို့ သဘောတူလိုက်ပြီ။ ကြည့်ရတာ တစ်ခုခုတော့ ဖြစ်တော့မယ်။ ငါ့အထင် သူက ထျန်းတကျူးကို အရင်ရွေးမယ့်ပုံမျိုးတော့ မဟုတ်ဘူး။”

တပ်မဟာထဲမှာ ဒီမုဆိုးမငယ်ငယ်လေးကို လိုချင်တဲ့ မုဆိုးဖိုတွေ၊ ပညာတတ်တွေမှ အများကြီးပင်။ ပြီးတော့ သူမ လယ်ထဲသွားရင် သူ့အတွက် ရေသယ်ပေးတဲ့သူတွေကလည်း အများကြီးပဲ။ မုဆိုးမယွီက တစ်ခြားသူတွေကို သူမရဲ့ အလုပ်တွေကို ကူညီပေးဖို့ အမိန့် ပေးနေချိန်မှာ သူမက အဲ့လူတွေထဲက တစ်ချို့နဲ့လည်း အဆက်အသွယ်ရှိတာ သိသာသည်။

အဲ့လူတွေ အများကြီးထဲမှာမှ မုဆိုးမယွီက ဘာဖြစ်လို့ ထျန်းတကျူးကို ရွေးခဲ့တာလဲ။

အဲ့ကိစ္စက တွေးဖို့တောင် မဖြစ်နိုင်ဘူး။

သူတို့နှစ်ယောက် လက်ထပ်ဖို့ တွန်းအားပေးတဲ့ အကြောင်းပြချက်တွေ ရှိကို ရှိရမယ်။

ဝမ့်ရင်းက ခနလောက် တွေးပြီး ပြောခဲ့သည်။ “သူက မကြာခင် သားတစ်ယောက် ရတော့မှာလို့ ထျန်းတကျူး ကိုယ်တိုင်ပြောတာ သမီးကြားခဲ့တယ်။….. မုဆိုးမယွီက ကိုယ်ဝန်ရှိနေတာများလား။”

အစပိုင်းမှာတော့ အမျိုးသမီးကြီး မစ္စရှုက အံ့ဩသွားခဲ့ပြီး ထို့နောက်မှာတော့ သူမက အဓိပ္ပါယ်ရှိစွာ ပြောခဲ့သည်။ “အဲဲဒါက ပြောဖို့တော့ ခက်တယ်။”

သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲက မုဆိုးမယွီ ကိုယ်ဝန်ရသွားလို့လားဆိုတာ ပြောဖို့ ခက်တာက အထင်အမြင် သပ်သပ်ပါပင်။

ဝမ့်ရင်းက ကျေနပ်စွာ ဖရုံစေ့များကို စားပြီး သက်ပြင်းချခဲ့သည်။ “မြို့မှာက လှည့်စားမှုတွေ အပြည့်ပဲ။ ပြီးတော့ ဒီကျေးလက်မှာကလည်း အတူတူပဲ။”

အဲ့ အရောင်စုံနေတဲ့ ဖရုံစေ့တွေက အော်ပရာ အဖွဲ့ကြီး အတိုင်းပဲ။

'ဒါက သီချင်းဆိုတဲ့ပွဲသပ်သပ်ပဲ မဟုတ်ဘူးလား။'

'ထျန်းတကျူးက လက်ထပ်တော့မယ်'

'ပညာတတ် လူငယ်တွေနဲ့ ဖြစ်သွားတဲ့ ကိစ္စတွေမှ အများကြီးပဲ။'

လွန်ခဲ့သော ရက်ပိုင်းတုန်းက ယန်ဟုန်သည် ပညာတတ် လူငယ်များနှင့် အစည်းအဝေး တစ်ခုကို ပြုလုပ်ခဲ့ပြီး ကျန်းပင်းနှင့် ကျန်းလီမှ လွဲလို့ ဘယ်သူကမှ ရှုမိသားစုရဲ့ အိမ်ကို မပြောင်းရဘူးဆိုတာ သေသေချာချာ ဖြစ်အောင် လုပ်ခဲ့သော်လည်း အဲ့ကိစ္စနှင့် ပတ်သက်ပြီး ရှုမိသားစုက မပျော်နေခဲ့ပါ။ ထို့အပြင် တပ်မဟာကလည်း အဲ့ကိစ္စကို ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့ကာ ပညာတတ် လူငယ် တစ်ယောက်ချင်းစီရဲ့ လုပ်ရပ်များကို ထည့်တွက်မည် မဟုတ်ပါ။

ထိုကိစ္စကလွဲလို့ ပိုင်လင်းကြောင့် ကျန်းလီနှင့် ရှုကျစ်ကျင်းတို့ ပြဿနာတက်ပြီး သတိလစ်ကာ ပြီးသွားသည့် နေရာတွင် ကိစ္စတစ်ခုလည်း ရှိနေခဲ့သည်။ ထို့အပြင် ကျစ်ကျင်း အဖွဲ့ထဲတွင် ကမောက်ကမ ပြဿနာများစွာကလည်း ရှိနေခဲ့သည်။

လူတိုင်းမှာ သူတို့ရဲ့ အမြင်ကိုယ်စီ ရှိကြသော်လည်း အမျိုးသား ပညာတတ် လူငယ်တွေက ပိုင်လင်းရဲ့ အပြုအမူတွေကို သိပ်ပြီး ဂရုမစိုက်ကြပါ။ သို့သော် သူတို့မှာ ကျန်းလိနှင့် ပတ်သက်ပြီးတော့ အမြင်များစွာ ရှိနေခဲ့သည်။ အမျိုးသမီး ပညာတတ် လူငယ်တွေမှာက ပိုင်လင်းအကြောင်းကို အတွေးများစွာ ရှိနေခဲ့သည်။ ပိုင်လင်းနှင့် အတူတူနေသည့် ယန်ဟုန်ကတောင် သူမကို အာရုံမစိုက်ချင်တော့ပါ။

ပိုင်လင်းက ဒေါသထွက်လွန်းလို့ အံကို ကြိတ်နေခဲ့သည်။ သူမက အဖိုးတန်သည့် ရှုကျစ်ကျင်းကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။ တကယ်လို့ သူမက ကျန်းလိအပေါ်မှာသာ မှီခိုခဲ့ပါက သူမက လုံလုံလောက်လောက် မစားရရုံသာမက ဝေဒနာတွေကိုလည်း ခံစားရဦးမည် ဖြစ်သည်။

ကျန်းလိရဲ့ ပိုက်ဆံတွေက သုံးလိုက်ပြီ ဖြစ်သည်။ သူက နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်ကို သွားပြီး ပိုင်လင်းအတွက် ဘာအသားမှ သွားဝယ်ပေးတော့မည် မဟုတ်ပါ။ ထို့အပြင် သူက လယ်ထဲမှာ အလုပ် လုပ်ရမှာဖြစ်ပြီး အမျိုးသမီးနှင့် အမျိုးသားများရဲ့ အလုပ်တွေကိုလည်း ခွဲထားသည်။ ထို့ကြောင့် သူက ပိုင်လင်းကို ကူညီနိုင်ရင်တောင် အဲ့ဒါက အကန့်အသတ်နဲ့ပဲ ဖြစ်သည်။

ပထမဆုံး ဝမ့်ရင်းက သူ့ကို မဖမ်းမိခဲ့ပါ။ ထို့နောက် ရှုကျစ်ကျင်းက ဖမ်းဆွဲခံလိုက်ရပြီး အသုံးမဝင်ဘဲ ပြဿနာရှာတတ်သော ကျန်းလိကို ချန်ထားခဲ့သည်။

ပိုင်လင်းက ဒီတိုင်း ပြီးသွားမှာ မဟုတ်ဘူးဟု ခံစားခဲ့ရသည်။ ရှုကျစ်ကျင်းရဲ့ အဖြစ်ပျက်က ပညာတတ် လူငယ်တွေရဲ့ အကြားမှာ သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပြီးသား ဖြစ်နေခဲ့သည်။ ထို့အပြင် သူမက ဝူကွေ့ဟွာရဲ့ အိမ်မှာ နေရပြီး ဝူကွေ့ဟွာက သူမကို သဘောမကျခဲ့ပါ။

သူမက အပြင်မှာ ဘာကိစ္စမှ ထပ်မလုပ်သော်လည်း သူမရဲ့ အကြောင်းကို သိနေတဲ့သူတွေက သေချာပေါက် သူမရဲ့ အကြောင်းကို တိုင်ကြလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် ဝမ့်ရင်းက ဝူကွေ့ဟွာရဲ့ တိုင်ကြားမှုများကို ကြားသည့်အတွက် သူမက သူ့အပေါ်မှာ အရမ်း ခက်ထန်လိမ့်မည် ဖြစ်သည်။

အခုချိန်မှာ သူမအတွက် ဘယ်အရာကမှ အဆင်မပြေနေတော့ပါ။

ထို့ကြောင့် ပိုင်လင်းက သူမအနားရှိ ယောက်ျားများ အားလုံးကို ကြည့်ပြီးနောက် သူမက ပစ်မှတ်အသစ်ကို ရွေးခဲ့သည်။

အဲ့လူကတော့ ယုဖမ်းချန် ဖြစ်သည်။

သူမက တစ်လျှောက်လုံး ယုဖမ်းချန်ရဲ့ လုပ်ပုံကိုင်ပုံကို ပြန်တွေးနေခဲ့ပြီး ယုဖမ်းချန်က တော်တော်လေး အခြေနေ ကောင်းပုံရသည်။ သူက ကျေးလက်ဒေသကို လာရတာတောင် အမြဲတမ်း နာရီဝတ်ထားတာ မမြင်ဘူးလား။

ကျန်းလိ ပြောသွားပုံအရ သူက ကျန်းလိနှင့် နေပြီး တစ်ခါတစ်လေ ယုဖမ်းချန်နှင့် မြို့သို့ သွားတာကို တွေ့ခဲ့ရသည်။ သူက လယ်ထဲမှာ လုပ်ခရမှတ် အများကြီး မရရင်တောင် တစ်ဖက်လူက လုံးဝ ဂရုမစိုက်ခဲ့ဘဲ စားစရာ ဝေမျှတဲ့အခါ သူရဲ့ လုပ်ခရမှတ်တွေကို ပိုက်ဆံနှင့် လဲကာ အသုံးပြုဖို့ စီစဥ်ထားခဲ့သည်။

ကျန်းလိက အဲ့ဒါကို ပြောတဲ့အခါ ယုဖမ်းချန်က အလုပ် မလုပ်သလို လုပ်နိုင်စွမ်း မရှိတဲ့သူဟု ဆိုလိုကာ တိုင်ကြားခြင်း ဖြစ်သည်။ သို့သော် ပိုင်လင်းက ယုဖမ်းချန်၏ မိသားစု ကျောထောက် နောက်ခံကို အသေးစိတ် စုံစမ်းပြီးမှ သေချာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နာရီတစ်လုံးနဲ့ဆိုရင် သူက ပိုက်ဆံနဲ့ လုပ်ခ ရမှတ်တွေ ဝယ်လို့ရတယ်။ ပြီးတော့ သူရဲ့ စားစရာတွေကို ကောင်းတာနဲ့ သွားလဲဖို့ မြို့ကြီးတွေကို သွားလို့လည်း ရသည်။

ဒီလူရဲ့ အခြေအနေက သူမ ထင်ထားတာထက်ကို ပိုကောင်းတာပဲ။

ပိုင်လင်းက ယုဖမ်းချန်ကို ချိန်ဖို့အတွက် ပိုက်ဆံအချို့ကို ရင်းနှီးရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် သူမရဲ့ ကျန်းမာရေးက မကောင်းဘဲ ကျေးလက်မှာဆိုရင် သူမက ပိုက်ဆံ အရမ်း လိုအပ်သည်။

ပိုင်လင်းက သူမရဲ့ နွားပေါက်လေးများကို ကြည့်ပြီး ရက်အနည်းငယ် ထပ်စောင့်ရန် ဆုံးဖြတ်ခဲ့သည်။ သူမက ယုဖမ်းချန်ကို သူရဲကောင်း တစ်ယောက်ဖြစ်ဖို့ အခွင့်အရေး တစ်ခုကို ပေးခဲ့ပြီး လူတိုင်းက လယ်ထဲမှာ အလုပ်လုပ်နေချိန် ဒုက္ခရောက်နေသော မိန်းကလေးငယ် တစ်ယောက်ကို ကယ်တင်စေခဲ့သည်။

ဒီနေရာကို နင်းလိုက်တာ ဘယ်သူလဲ။

ဘယ်သူများ ဖြစ်နိုင်မှာလဲ။

အခုချိန်မှာ ပိုင်လင်းက ကျန်းလိကို အရမ်း ရွံရှာနေခဲ့သည်။ ဒီလူက တကယ်ကို အမှိုက်ပဲ။ သူက ဘေးနားမှာရှိတဲ့ လူတွေအတွက် ပြဿနာတွေပဲ သယ်လာတာ။ သူ့ကို လုံးဝ ဖိနှိပ်ထားတာက ပိုကောင်းလိမ့်မည်။ အဲ့ဒါက ယုဖမ်းချန်ဆီ သွားတဲ့ သူမရဲ့ လမ်းမှာ အုတ်တွေ၊ ခဲတွေကို ထပ်ထည့်ပေးသလိုပဲလို့ သတ်မှတ်လို့ ရသည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၃၂

ရာသီဥတု ပူလာတဲ့အခါ ဝမ့်ရင်းက ပူတဲ့ စားစရာတွေကို စားရတာ မကြိုက်ပါ။ သူမက ညဘက် အိပ်ရာတာတောင် ပူလာတာကို ခံစားမိခဲ့သည်။ သူမက ရှုရွှမ်းနှင့် ဘေးမှာ ခွဲအိပ်ခဲ့သည်။

“အရမ်းပူတာပဲ။”

ကြောက်စရာအကောင်းဆုံး အရာကတော့ နွေရာသီရဲ့ ပထမဆုံးနေ့ကို မရောက်သေးပါ။ နွေရာသီ ရောက်တဲ့အခါကျရင် ဒီထက်တောင် ပိုပူလိမ့်မယ် မဟုတ်ပါလား။

ရှုရွှမ်းက အဆိုးဘက်က ပြောခဲ့သည်။ “ နွေရာသီဆို တောင်ပေါ်က အပူချိန်တွေက ဘယ်လိုမှ မခံနိုင်တာကို မင်းမြင်ဖူးလား။ ပြီးတော့ အခုက အဲ့လောက် တကယ် မပူသေးဘူး ဟုတ်တယ်မလား။”

သူက အရမ်းကို စိတ်ရှုပ်နေခဲ့သည်။ သူက လုံးဝကို အဆင်ပြေတယ်ဟု ခံစားနေရသည်။ အဲ့ဒါဆို ဘာလို့ ဝမ့်ရင်းက အရမ်း ပူနေရတာလဲ။

ဝမ့်ရင်းက အဲ့ဒါကို မယုံခဲ့ပါ။ ထို့ကြောင့် သူမက နှလုံးခုန်နှုန်းကို စစ်ဆေးခဲ့သော်လည်း သူမက ဘာကိုမှ ရှာမတွေ့ခဲ့ပါ။

ရုတ်တရက်ဆိုသလို သူမရဲ့ ဝမ်းဗိုက် အောက်နားက ပူသလိုလို ခံစားခဲ့ရသည်။ သူမက ရပ်လိုက်ပြီး စစ်ဆေးဖို့ မြန်မြန် လုပ်လိုက်သည်။

သူက ပြန်လာတဲ့အခါ ဝမ်းနည်းစွာ ပြောခဲ့သည်။ “အိုး၊ ဒါ ကိုယ့်ရဲ့ အမှားပါ။”

သူမရဲ့ ဘဝက အဆုံးသတ်သွားသလို မကောင်းတဲ့ အရာမျိုးကို ခံစားနေရသည့်အတွက် သူမက ပူနေခဲ့ခြင်း ဖြစ်သည်။

ရှုရွှမ်းက သူမကို ဒီလိုမျိုး မြင်ရတဲ့အခါ လာပြီး ဖက်ထားပေးချင်ခဲ့သည်။

ဝမ့်ရင်းကလည်း သူ့ကို ဖက်ထားချင်ခဲ့သည်။ မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ် အခြေအနေက အနည်းငယ် တိုးတက်လာခဲ့သည်။ သို့သော် သူမရဲ့ ဒီနေ့စဥ် ဘဝကိုတော့ မညှိရသေးပါ။ သူမရဲ့ အခြေအနေက ပုံမှန် မဟုတ်ရုံသာမက စပ်စပ်ထိမခံ ဖြစ်ပြီး နာကျင်မှုတွေကိုလည်း ဖြစ်စေခဲ့သည်။

ဝမ့်ရင်း - “ဟင်း…”

ဝမ့်ရင်း ဘာလို့ သက်ပြင်းချနေလဲဆိုတာကို ရှုရွှမ်းက သိနေခဲ့ပြီး မြန်မြန်ပဲ ပြောခဲ့သည်။ “ဟုတ်ပြီ။ ကိုယ်တို့ ပြောနေတဲ့ အကြောင်းက အမျိုးသမီး လစဥ်သုံး အကြောင်းပဲ။ ကိုယ် နိုင်ငံခြားက ကူပွန်တွေနဲ့ လဲဖို့ ကိုယ့်ရဲ့ ဆရာကို ပြောထားပြီးပြီ။ ဆရာ အဲ့ဒါတွေကို ရလာရင် ကိုယ် မင်းအတွက် ဝယ်ပေးမယ်။”

ဝမ့်ရင်းက မူမမှန်စွာ လှည့်လိုက်သည်။ 'တကယ်တော့ အဲ့ဒါက….'

သူမကိုယ်တိုင်ကလည်း အချိန်အကြာကြီး ခရီးထွက်ပြီးနောက် အမျိုးသမီး လစဥ်သုံးများကို ရလိမ့်မည်ဟု သူမကိုယ်တိုင်လည်း မထင်ထားခဲ့ပါ။ ထိုအချိန်တုန်းက အမျိုးသမီး လစဥ်သုံးများက ရင်းနှီးသော ဆိုင်များတွင်သာ ရနိုင်သည်။ နိုင်ငံခြား ကူပွန်များမရှိဘဲ ဝယ်ယူလို့ မရပါ။ ဒီကိစ္စကို လူအများကတောင် မသိကြပါ။ ထို့ပြင် အဲ့အချိန်တုန်းက ဒိတ်အောက်နေသော လစဥ်သုံး ခါးပတ်များကိုသာ သုံးခဲ့ကြသည်။

“ဟုတ်ပါပြီ။ အိပ်ရာဝင်ကြမယ်။”

ရှုရွှမ်းက ဆက်ပြောခဲ့သည်။ “မနက်ဖြန် ကိုယ်မင်းအတွက် ကြက်ဥဟင်းရည် လုပ်ပေးရမလား။ ပြီးတော့ ကြက်သား ခေါက်ဆွဲ လုပ်ပေးရမလား။”

ဝမ့်ရင်းက စားစရာအကြောင်း ကြားတဲ့အခါ တက်ကြွလာခဲ့သည်။ “ကြက်သားခေါက်ဆွဲ မလုပ်ရအောင်။ ကျွန်မတို့ အိမ်မှာ ကြက်က နှစ်ကောင်ပဲ ရှိတာ။ ငါတို့သာ အဲ့ဒါတွေကို စားလိုက်ရင် ဥဥမယ့် ကြက်တွေ တစ်ကောင်မှ ရှိတော့မှာ မဟုတ်ဘူး။ ကျွန်မတို့ ဝက်တွေကို ပို့လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။”

နောက်လဆိုရင် ဂျုံတွေကို ရိတ်သိမ်းတော့မည် ဖြစ်ပြီး လဝက်လောက်သာ လိုတော့သည်။ ဒီအချိန်မှာတော့ ဝက်တွေကို အရင်ဆုံး ပို့ရမည် ဖြစ်ပြီး အလားအလာရှိသော ဖြန့်ဝေတာကို လုပ်ရမည် ဖြစ်သည်။ ဒီနှစ်တော့ တပ်မဟာက ဒုတိယအကြိမ် ကောက်သိမ်းချိန်ရောက်ရင် ဝက်တွေကို ထပ်ဝေပေးမယ်လို့ ကြားထားသည်။ ဝမ့်ရင်းက စမ်းကြည့်ဖို့ အားသန်နေကာ ဒါက မဆိုးဘူးဟု တွေးနေခဲ့သည်။

သူမ ဝက်သားစားထားတာ ကြာလှနေပြီဆိုတော့ အခုက အချိန်ကိုက်ပဲ။

ရှုရွှမ်းက မတုံ့မဆိုင်းဘဲ သဘောတူခဲ့သည်။ “ကောင်းပြီ။ ကိုယ် မင်းအတွက် ဝက်သားကြော်တို့၊ ကြိတ်သားနဲ့ ခရမ်းသီးတို့၊ ဝက်နံရိုးပေါင်းတို့ လုပ်ပေးမယ်။”

ဒါတွေက ဝမ့်ရင်းပြောနေကြ ဟင်းတွေ ဖြစ်ပြီး အသားမရှိဘဲနဲ့ အဲ့ဒါတွေကို လုပ်လို့ရမည် မဟုတ်ပါ။

ဝမ့်ရင်းက ထိုအကြောင်းကို တွေးမိလေလေ၊ သားရည်ကျလေလေ ဖြစ်သည်။ “ဟုတ်ပြီ။”

နောက်နေ့မှာတော့ ဝမ့်ရင်းက ဝက်သား လဲချင်တယ်ဟု ပြောနေသည့် ထိုမိသားစုများကို စတင် သတိထားမိခဲ့သည်။ သူမက သူတို့ရဲ့ ဝက်တွေကို လွှဲပေးရမည်ဟု ပြောခဲ့ပြီး အထူး လိုချင်တဲ့သူများက သူမကို ပြောရန် ပြောခဲ့သည်။ အချိန်ကျလာသည့်အခါ သူမက လူတိုင်းကို ဝက်များ ဝေမျှပေးလိမ့်မည် ဖြစ်သည်။

ဝက်များ လဲလှယ်တာက ကိစ္စကြီးတစ်ခု ဖြစ်သည်။ အချို့ မိသားစုများရဲ့ အိမ်ထောင်ဦးစီးတွေက ဘေးမှာ မရှိသည့်အတွက် သူတို့က ဘယ်လောက် လိုချင်လဲဆိုတာကို မပြောခဲ့ကြပါ။ သူတို့က ဝမ့်ရင်းကို မပြောခင် အရာရာကို ဆွေးနွေးလို့ ပြီးတဲ့အချိန်ထိ စောင့်နေခဲ့ကြသည်။

ဝမ့်ရင်းက နားလည်သွားပြီး သူ့ကို အနည်းငယ် တိုက်တွန်းကာ အမြန်ဆုံး ဆုံးဖြတ်ချက်ကို ချရမည်ဟု ပြောလိုက်ပြီး ဝက်တွေက နေ့လည်ပိုင်းမှာ ခွဲပေးတော့မည် ဖြစ်သည်။

ဝမ့်ရင်း အိမ်ပြန်လာတဲ့အခါ ပထမဆုံး သူမအိမ်ကို မထင်ထားတဲ့ လူတစ်ယောက်က ရောက်လာခဲ့သည်။

ထျန်းတကျူးက တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ဆရာဝန်ဝမ့်ရင်း၊ ကျွန်တော် ဝက်သား ငါးကီလိုဂရမ်လောက် မှာလို့ရနိုင်မလားဆိုတာ မေးချင်လို့ပါ။”

ထိုအချိန်မှာ ထျန်းတကျူးက အနည်းငယ် မြောက်ကြွ၊ မြောက်ကြွ ဖြစ်နေခဲ့ကာ ရင်ကို ကော့ပြီး ပြောခဲ့သည်။ “ကျွန်တော်က လက်ထပ်ပြီး မကြာခင် သားတစ်ယောက် ထပ်မွေးတော့မှာ။ ကျွန်တော် မင်္ဂလာပွဲကို ကျင်းပချင်တာ။ ပြီးတော့ ကျွန်တော့်ရဲ့သားကို ဆိုးဆိုးရွားရွား မဆက်ဆံချင်ဘူး။”

နောက်ဆုံးမှာတော့ ထျန်းတကျူးသည် ဇနီးတစ်ယောက် ရှာပြီး ကလေးမွေးတော့မည် ဖြစ်သည်။ သူက ဒီသတင်းကို အဖွဲ့ထဲရှိ လူတိုင်းကို ပြောချင်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူ့မှာ သားမရှိဘဲ မိန်းမပစ်ခံရတဲ့သူလို့ လှောင်ချင်နေသူများကို သူ့အတွက် မိန်းမ မရှားဘူးဟု သိစေချင်သည်။

သူက သူ့ရဲ့ဒေါသကို ထိန်းထားခဲ့ရပြီး အဲ့ဒါကို ပေါက်ကွဲချင်နေခဲ့သည်။ တကယ်လို့ မုဆိုးမယွီက သူ့ကို အဲ့လို လုပ်ဖို့ ထပ်ခါ၊ ထပ်ခါ မပြောခဲ့ဘူးဆိုရင် သူက ဒါကို အရင်ထဲက လုပ်မိလိမ့်မည် ဖြစ်သည်။

ကံကောင်းစွာဖြင့် မုဆိုးမယွီက အကြာကြီး အချိန်ဆွဲမထားခဲ့ပါ။ အခုဆိုရင် သူမက တိကျတဲ့ အဖြေကို သူ့အား ပေးခဲ့ပြီ ဖြစ်သည်။

သူတို့က ဒီသတင်းကို ဒုတိယအကြိမ် ကောက်သိမ်းချိန် မရောက်ခင်ကတည်းက လိုက်ပြောချင်ခဲ့သည်။ သို့မှသာ ကိစ္စတွေကို စောစောစီးစီး စီစဥ်နိုင်လိမ့်မည်။

မင်္ဂလာပွဲများကို အမြဲလိုလို အလုပ်ပါးသော ဆောင်းဦးမှာ ကျင်းပလေ့ ရှိသော်လည်း အချိန်တစ်ခု ရောက်လာသည့်အခါ သူမရဲ့ ဗိုက်က ဗူးပေါ်သလို ပေါ်လာလိမ့်မည်ဟု မုဆိုးမယွီက ပြောခဲ့ပြီး ဗိုက်ကြီးမှ လက်ထပ်တာက အဆင်ပြေလိမ့်မည် မဟုတ်ပါ။

အခုဆိုရင် ထျန်းတကျူးက သားသမီး ရဖို့ကိုသာ မျှော်လင့်နေခဲ့ပြီး သူက အရာရာကို လိုက်လျောပေးလိမ့်မည် ဖြစ်သည်။

မုဆိုးမယွီက သူ့သမီးနှစ်ယောက်ကို ပြန်ခေါ်ဖို့ ပြောတာကိုတောင် သူက လုပ်ခဲ့သည်။ သူဟာ ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်သည့်သူမျိုး မဟုတ်ပါ။ သူက မုဆိုးမယွီ ပြောသမျှကိုသာ လုပ်နေခဲ့သည်။ မုဆိုးမယွီရဲ့ ဗိုက်ထဲမှာရှိတဲ့ သားအတွက်သာဆိုရင် သူက မြေတွေ၊ မိုင်းတွေကိုတောင် သယ်ဖို့ ဆန္ဒရှိသည်။

ဝမ့်ရင်းသည် သူ့မျက်နှာပေါ်က အပျော်တွေကို တွေ့တဲ့အခါ သူမရဲ့ ဒေါသကို ထိန်းပြီး မေးလိုက်သည်။ “ရှင့်အမေကရော ဒါကို သဘောတူတာပဲလား။”

ဒီကိစ္စက မဖြစ်သင့်ဘူးလေ။ ထျန်းတကျူးရဲ့ အမေက ရန်ပွဲကို စနှင့်ပြီးပြီ မဟုတ်လား။

ဒီကိစ္စတွေကို ဖြေရှင်းပြီးတာတောင် ဒီမိန်းမကြီးက မကျေနပ်ဘူးဆိုပြီး ဘယ်လို ပြောထွက်ရတာလဲ။

ထျန်းတကျူးက မပျော်မရွှင် ဖြစ်နေခဲ့သည်။ သူကိုယ်တိုင်က သူ့အမေရဲ့ ဘက်လိုက်မှုတွေကို မကျေနပ်တာအချို့ ရှိခဲ့ဖူးသော်လည်း ဒီတစ်ခေါက်မှာ သူ့အမေက မုဆိုးမယွီကို မိတ်ဆက်ပေးခဲ့ပြီး လုံးဝကို မကန့်ကွက်ခဲ့ပါ။ ထို့အပြင် သူမက သူ့အတွက် မင်္ဂလာပွဲ ကျင်းပပေးမည်ဟုတောင် ပြောခဲ့သည်။ သူသည် ဘယ်လိုပဲဖြစ်နေပါစေ အမေက အမေပါပဲဟုတောင် ခံစားနေခဲ့ရသည်။

'သူမစိတ်ထဲမှာ သူ့သားရှိတယ်။'

ထို့ကြောင်း ထျန်းတကျူးက ဝမ့်ရင်းမေးတာကို ကြားသည့်အခါ သူက စိတ်မသက်မသာ ဖြစ်သွားခဲ့ရကာ ဝမ့်ရင်းက ဆရာဝန်တစ်ယောက် ဖြစ်သည့်အတွက် သူက ပိုကောင်းလာဖို့ကို ဘာဖြစ်လို့ မမျှော်လင့်တာလဲဟု တွေးနေခဲ့သည်။

ပြန်တွေးကြည့်ရရင် ဝမ့်ရင်းနှင့် ချမ့်ကျွီဟွာက ရင်းနှီးသည်။

ချမ့်ကျွီဟွာက သူနဲ့ပြန်ပေါင်းဖို့ကို မျှော်လင့်နေတာ ဖြစ်နိုင်မလား။

မိန်းမတစ်ယောက်အနေဖြင့် အိမ်ထောင်စုမှာ ယောက်ျားမရှိဘဲ သမီးသုံးယောက်ကို ပျိုးထောင်ဖို့ဆိုတာက ခက်ခဲလိမ့်မည် ဖြစ်သည်။

ထျန်းတကျူးက ခံစားချက်တွေ ရောထွေးနေခဲ့သည်။ ချမ့်ကျွီဟွာက သူ့ကို ကွာရှင်းပြီး မျက်နှာပျက်အောင် လုပ်လို့ အပြစ်တင်သော်လည်း ဒါဟာ ချမ့်ကျွီဟွာမှာ သားသမီး မရှိခြင်းကြောင့် ဖြစ်သည်။

ချမ့်ကျွီဟွာက အဲ့ဒါကို မပြောရင်တောင် သူတို့ နှစ်ယောက်က အနှေးနဲ့အမြန် ကွဲကြတော့မှာ ဖြစ်သည်။

အခုဆိုရင် သူက ဇနီးအသစ်နှင့် ကလေးတွေ ရတော့မည်ဖြစ်ပြီး ချမ့်ကျွီဟွာက ခေါင်းမာပြီး ပြောရခက်ပုံရသည်။ သူမက ကွာရှင်းဖို့ကို အတင်းလုပ်ခဲ့သော်လည်း နောင်တရနေခဲ့ပြီ ဖြစ်သည်။

ကောင်းပြီ။ သူတို့က ဆယ်နှစ်ကျော် အတူတူ နေခဲ့ကြပြီး ထျန်းတကျူးက ချမ့်ကျွီဟွာကို ခံစားချက်အချို့ ရှိနေခဲ့တာ။ ဒီလို မသေချာတဲ့ အပြစ်ရှိသလို ခံစားချက်မျိုးအောက်မှာ ဝမ့်ရင်းရဲ့ မေးခွန်းတွေကို သူက ပိုပြီး သည်းခံခဲ့ရသည်။

“မဟုတ်ဘူး။ ငါ့အမေက ပြောတယ်။ မုဆိုးမယွီက မိန်းမကောင်း တစ်ယောက်တဲ့။ သူ့ကို ကောင်းကောင်း ဆက်ဆံတဲ့။ နောက်ပိုင်း ငါတို့မှာ သားလေးတစ်ယောက် ရလာရင် ငါက ပိုပြီးတောင် အားတက်လာသင့်တယ်တဲ့။”

ဝမ့်ရင်း - ????

ထျန်းတကျူးက ဝမ့်ရင်းကို မေးခွန်းများစွာဖြင့် ထားကာ ထွက်သွားခဲ့သည်။

ထျန်းတကျူးရဲ့ အမေက ဘာတွေ တွေးနေလဲဆိုတာ ဝမ့်ရင်း နားမလည်နိုင်တော့ပါ။

အမျိုးသမီးကြီး မစ္စရှုက အခန်းထဲမှာ ချည်ပန်းထိုးနေခဲ့သည်။ သူမက အံ့ဩဖို့ ကောင်းသည်။ သူမသည် ငယ်ငယ်တုန်းက အရမ်းကို ပင်ပန်းခဲ့ရပြီး သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရောဂါ အသေးအမွှားလေးတွေ ဖြစ်ခဲ့ရသည်။ သို့သော် သူမက အမြင်တော့ ကောင်းသည်။ သူမရဲ့ အသက်အရွယ်မှာ အမြင်တွေ ဝေဝါးတာမျိုး၊ နှစ်ထပ်ဖြစ်တာမျိုး မရှိခဲ့ပါ။ ထို့အပြင် သူမ ချည်ထိုးချိန်မှာတောင် အကြောတက်တာမျိုး မရှိခဲ့ပါ။

ချမ့်ရှုဖန်းက ရှုပ်ထွေးလှသည့် ချည်ပန်းထိုး နည်းလမ်းများကို သိသည်။ အမျိုးသမီးကြီးက ချမ့်ရှုဖန်းရဲ့ အနောက်ကို လိုက်ပြီး အခြေခံမှ တစ်ဆင့်ချင်းကို လေ့လာခဲ့သည်။ အစပိုင်းမှာ သူမရဲ့ ချည်ပန်းများက သာမန်သာ ဖြစ်သည်။ သူမ ထိုးထားသော ရွှေငါးရဲ့ မျက်လုံးတွေက အသက်ဝင်လား မဝင်လားဆိုတာ ဝမ့်ရင်းကို အမြဲတမ်းလိုလို ခေါ်ပြလေ့ ရှိသည်။

အစပိုင်းမှာတော့ ဝမ့်ရင်းက သူမကို ဝေဖန်ဖို့ မတွေးမိဘဲ ချီးကျူးပေးခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက အားတက်ပြီး နေ့တိုင်း လေ့ကျင့်ခဲ့သည်။ သူမ ထိုးထားသော ရွှေငါးရဲ့ မျက်လုံးတွေက အခုထိ အသက်မဝင်သော်လည်း အရင်ကထက်တော့ ပိုကောင်းလာခဲ့သည်။

သို့သော် အခုဆိုရင် အပြင်ဘက်မှာ ချည်ပန်းထိုး ရွှေငါးများကို ဝတ်ဖို့က မလွယ်ပါ။ အကြောင်းမှာ အဲ့ဒါက အရမ်းကို ရှုပ်ထွေးပြီး ဒါဟာ အပျော်ရှာတယ်ဟု လူတွေက တွေးကြလိမ့်မည်။ အပြင်ဘက်မှာ ဝတ်လို့ရသည့် ပုံစံတွေက ပန်းပွင့်လေးများ၊ မြက်ပင်နှင့် လှိုင်းပုံစံ အစင်းများ ဖြစ်သည်။ ထို့အပြင် ရှုပ်ထွေးသော ချည်ပန်းထိုးများကို အင်္ကျီ၏ ကော်လံပေါ်မှာသာ ထိုးကြသည်။

ထို့ကြောင့် အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ အိမ်မှာရှိသည့် အဝတ်စုတ်များအပေါ်မှာ ပုံဖော်ထိုးဖို့ မျက်စိကျနေခဲ့သည်။ သူမ လုပ်ပြီးသည့်အခါ အဲ့ဒါကို ပစ္စည်းတွေ ပတ်ဖို့ သုံးခဲ့သည်။ ထို့အပြင် အဲ့ဒါတွေက ညစ်ပတ်ရင်တောင် ဘယ်သူကမှ သူမကို ပြောလိမ့်မည် မဟုတ်ပါ။

ဝမ့်ရင်း အမျိုးသမီးကြီး မစ္စရှုကို တွေ့ဖို့ သွားသည့်အခါ သူမက အဝတ်ဟောင်း တစ်ခုမှာ အနီရောင် ရွှေငါးပုံစံ ချည်ထိုးနေခဲ့သည်။

ဝမ့်ရင်းက ထိုင်ချလိုက်ပြီး ထျန်းတကျူးက ဝက်သားတွေ လဲဖို့အတွက် လာခဲ့ကြောင်းကို အမျိုးသမီးကြီး မစ္စရှုအား ပြောပြခဲ့သည်။ ထိုအချိန်မှာ သူမက စိတ်ရှုပ်သွားခဲ့သည်။

“ဘာတွေ ဖြစ်နေတယ်လို့ အမေထင်လဲ။ သမီးတော့ နားမလည်ဘူး။ ထျန်းတကျူးရဲ့ အမေက ဘယ်လိုလုပ် ဒီလောက်ထိ ကြင်နာနိုင်ရမှာလဲ။”

အမျိုးသမီးကြီး မစ္စရှုက တပ်မဟာထဲရှိ လူတွေနှင့် သိတာ ကြာလှပြီ ဖြစ်သည်။ မုဆိုးမယွီရဲ့ ယောက္ခမနှင့် ထျန်းတကျူးရဲ့ အမေက သက်တူရွယ်တူဖြစ်ပြီး အရင်တုန်းက သူမတို့ဟာ တော်တော်လေး အဆက်အသွယ် ရှိကြသည်။

အခုဆိုရင် ဝမ့်ရင်း ပြောပြတာကို ကြားပြီးနောက် သူမက နှာခေါင်းရှုံ့ခဲ့သည်။

“မုဆိုးမယွီ ကိုယ်တိုင်ကိုက တစ်ယောက်ယောက်နဲ့ မရှင်းလင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်။ အဲ့တော့ သူ့ဗိုက်ထဲမှာရှိတဲ့ ကလေးက ထျန်းတကျူးရဲ့ ကလေးလို့ နင်ထင်လား။”

မုဆိုးမယွီသည် ပိုက်ဆံအတွက် သူမရဲ့ သမီးအား ရောင်းပစ်တာကို အမျိုးသမီးကြီး မစ္စရှုက မြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ပိုကောင်းတဲ့ ပိုကောင်းတဲ့ ဘဝမျိုး ရဖို့အတွက် သူမရဲ့ ချွေးမကို ရောင်းတာက ပုံမှန်သာ ဖြစ်သည်။ တပ်မဟာထဲမှာ ပြောနေကြသည့် ကောလဟာလတွေက အကြောင်းမဲ့သပ်သပ် မဟုတ်ပါ။ ဒီလူက သူမရဲ့အိမ်ကို အဝင်၊ အထွက် ရှိနေတာကို လူအချို့က မြင်ခဲ့ရလို့သာ ဖြစ်သည်။

ဝမ့်ရင်းက အသက်ကိုဝအောင် ရှူလိုက်သည်။ “ဒါပေမယ့် သမီးက ပိုပြီး လက်မခံနိုင် ဖြစ်သင့်တယ် မဟုတ်ဘူးလား။”

'တကယ်လို့ မုဆိုးမယွီရဲ့ ကလေးက ထျန်းတကျူးရဲ့ ကလေးမဟုတ်ဘူးဆိုရင် ထျန်းတကျူးရဲ့ အမေက ဘာဖြစ်လို့ သူမရဲ့ အကြီးဆုံးသားကို အလောတကြီးလုပ်ဖို့ ပြောရတာလဲ။ သူမရဲ့ သားက လှည်းကျိုးထမ်းဖို့ မလုံလောက်သေးဘူးလို့ ထင်နေတာလား။'

အမျိုးသမီးကြီး မစ္စရှုက အပ်ချည်ကြိုးကို ကိုက်ပြီး ပြောခဲ့သည်။ “မုဆိုးမယွီရဲ့ ဗိုက်ထဲက ကလေးကို ထျန်းလို့ နာမည်ပေးရင် ဘယ်လို လုပ်ကြမလဲ။”

ဝမ့်ရင်း - !!!!

“မင်းဆိုလိုတာက….. အဲ့ဒါ ထျန်းအာကျူးရဲ့ ကလေးလား။”

အမျိုးသမီးကြီး မစ္စရှုက အတွင်းကိစ္စကို မသိသော်လည်း သူမက လူတွေရဲ့ သဘောကို နားလည်သည်။ 'ထျန်းတကျူးရဲ့ အမေက သူမရဲ့ သားအငယ်အတွက် ဒီလောက်ထိ ကြိုးစားနေပုံထောက်ရင် သူမရဲ့သားအတွက် အကျိုးမရှိဘဲ ဒီလိုမျိုး သဘောတူပါ့မလား။'

“ဒါက ပြောဖို့တော့ ခက်တယ်။ ဒါပေမယ့် ဒီအကြံက ထျန်းတကျူး အမေဆီကနေ ထွက်လာတာဆိုရင် ဒါက ဖြစ်နိုင်ပါတယ်။”

အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူမက ဘာလို့ မုဆိုးမယွီကို ခေါ်လာမှာလဲ။

' သူမတို့ တပ်မဟာထဲမှာ လူပျိုကြီးတွေမှ အများကြီးပဲ။ ဒါပေမယ့် မုဆိုးမယွီက သူတို့ထဲက ဘယ်သူ့ကိုမှ လက်မထပ်ခဲ့ဘူး။ သူတို့ထဲက အချို့လူတွေဆို ဆင်းရဲတယ်။ အဲ့ဒါကြောင့် မုဆိုးမယွီက အဲ့ကိစ္စကို သဘောမကျဘူး။ အချို့တွေကျ ချမ်းသာပေမယ့် မုဆိုးမယွီကို လက်ထပ်ဖို့ ခွင့်မပြုကြဘူး။'

ဒါက ထျန်းတကျူးရဲ့အမေ ယွီကွာဖုကို လက်ထပ်ပေးဖို့ ဆုံးဖြတ်ပြီး သဘောတူခဲ့လဲဆိုတဲ့ အကြောင်းပြချက်ပဲ။

ဝမ့်ရင်းက အတော်လေး အံ့ဩလွန်းလို့ ဘာစကားမှတောင် ရေရေရာရာ မပြောနိုင်တော့ပါ။ “သမီး မတွေးမိခဲ့ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ဖျော်ဖြေရေး လောကကြီးက အမျိုးမျိုး ကွဲပြားလာတယ် ဆိုပေမယ့်လည်း ဒီလိုမျိုး စိတ်ပျက်ဖို့ကောင်းတဲ့ အရာကို မြင်နေရတယ် ဆိုတာက တော်တော်လေး အံ့သြဖို့ ကောင်းတာပဲ။

အမျိုးသမီးကြီး မစ္စရှုက သဘောမတူခဲ့ပါ။ “ထျန်းတကျူးရဲ့ အမေက ကြံစည်နေတဲ့ နေရာမျိုးမှာ တော်တယ်လို့တော့ မထင်လိုက်နဲ့။ သူမကလည်း အရူးပဲ။ သူငယ်ငယ်ကတည်းက ဒီလိုပဲ။ သူမက အမြင့်ရောက်နေတယ်ဆိုရင် အမြဲတမ်း ကျေနပ်နေတာ။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူမက ရူးနေတာ။ သမီးမြင်ရမှာပါ။ သူနဲ့ အဖွားယွီနဲ့ အဆင်ပြေနေရင် ဘယ်သူက ဘယ်သူ့အပေါ် မကောင်းကြံမလဲဆိုတာ ပြောဖို့ ခက်တယ်။”

ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ မုဆိုးမယွီရဲ့ ယောက္ခမမှာ ငယ်ငယ်ကတည်းက ကိုယ်ကျင့်တရား မကောင်းဘဲ မကောင်းတဲ့သူဟု အသံထွက်ခဲ့သည်။

All Chapters