အခန်း (၁၈၇-၁၉၀)
Vol. 16 Ch. 187-190
အခန်း (၁၈၇)။
“မင်းက အစ်ကိုရှင်းနဲ့အတူ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင် မိုနိုဂါတာရီနဲ့ တိုက်ခိုက်ဖို့ ရောက်လာတာ မဟုတ်ဘူးဆိုရင်, ဘာလို့ ရွှေရောင်ဝံပုလွေတပ်ဖွဲ့ကို ပင်လယ်ပြင်ထဲ ခေါ်ဆောင် လာတာလဲ။ ဒီပင်လယ်နယ်နမိတ်က တော်ဝင်ချန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသေးတယ်ဆိုတာ မင်း သိတယ်မဟုတ်လား။ ယွန်မင်သင်္ဘောတပ်ဖွဲ့တွေ ဒီနယ်မြေကို ဖြတ်သွားရင်၊ မလိုအပ်တဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။”
ချန်ယင်းရှာသည် ကောင်းကင်တုန်ခါလေးကို ကစားရင်း၊ ရှင်းယုဆန်ကို မကြည့်ဘဲ၊ ဟုန်ယွိနှင့် လက်ဖက်ရည်ဖျော်ရင်း စကားပြောနေသည့်အလား ဖြည်းညှင်းစွာ ပြောလိုက်သည်။
ဤအပြုမူက အခုနက သတ်ဖြတ်ခြင်းအငွေ့အသက်နှင့်အတူ ရှင်းယုဆန် ထုတ်ဖော်ပြသခဲ့သည့် လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံဖြင့် ကောင်းကင်ကြီးကို ဖုံးအုပ်ပြီး ကမ္ဘာမြေကြီးကို လွှမ်းမိုးနိုင်သော လေဆင်နှာမောင်းနှင့် လုံးဝ ကွဲပြားပါသည်။
သို့သော်၊ မည်သူမဆို ချန်ယင်းရှာသည် သူမဝတ်စုံလက်မောင်းထဲတွင် ဖုံးကွယ်ထားသော ဝှက်ဖဲတစ်ခုရှိကြောင်း သိမြင်နိုင်ပါသည်။
အမှန်တကယ်လည်း၊ ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲတွင် တစ်ဦးအပါဝင်ဖြစ်သည့် ချန်ယင်းရှာသည် မည်သူ့ကိုမျှ ကြောက်ရွံ့နေ ရန် မလိုအပ်ပေ။ အထူးသဖြင့် သူမလက်ထဲတွင် ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားတို့ ရှိနေသည့်ချိန်တွင် ဖြစ်သည်။
“ကျွန်မက အဖေနဲ့အတူ မိုနိုဂါတာရီကို တိုက်ခိုက်ဖို့ ရောက်လာတာ မဟုတ်ဘူး။ တိုင်ရှန်တာအို ဂိုဏ်းရဲ့ ဆက်ခံသူကို တိုက်ခိုက်ဖို့ ဒီနေရာကို ရောက်လာခဲ့တာပဲ။ ဒါပေမယ့် အခုကြည့်ရတာ၊ ငွေငါးမန်းဘုရင်က တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဆက်ခံသူကို ကာကွယ်ချင်နေတာလား။”
ရှင်းယုဆန်သည် သင်္ဘောရှေ့ အနည်းငယ် ဝေးကွာသော နေရာတွင် ရပ်နေရင်း၊ ချန်ယင်းရှာနှင့် သူမလက်ထဲရှိ ဧရာမလေးကြီးကို ကြည့်လိုက်ရင်း သူမမျက်လုံးများက တစ်စုံတစ်ခုကို စဉ်းစားနေ သည့်အလား လင်းလက်သွားပါသည်။
“တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဆက်ခံသူတဲ့လား။ ဟုန်ယွိက တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဆက်ခံသူလား၊ သူ့မှာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ပညာရပ်တွေ နည်းနည်း လေးတောင် ရှိမနေခဲ့ဘူး။ သူ့စိတ်ဝိညာဉ် ပညာရပ်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ စိတ်ဝိညာဉ် ပညာရပ်ဆိုတာ အသေချာပါပဲ။ ဒိုင်ဇင်ဘုရားကျောင်းနဲ့ တိုင်ရှန်တာအိုဂိုဏ်းက နှစ်ပေါင်းထောင်ချီကြာအောင် ရန်သူတွေ ဖြစ်ခဲ့ကြပြီး တိုက်ခိုက်နေခဲ့ကြတာကို မင်း သိတယ်မဟုတ်လား။ တိုင်ရှန်တာအို ဂိုဏ်းရဲ့ ဆက်ခံသူက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ပညာရပ်တွေကို သင်ယူမှာတဲ့လား။ တကယ်လို့, ဟုန်ယွိသာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဆက်ခံသူဆိုရင်၊ သူက တစ္ဆေအင်မော်တယ်ဖြစ်ပြီး၊ အတားအဆီးကို ဖြတ်ကျော်သွားလောက်ပြီ။”
ရှင်းယုဆန်၏စကားများကို ကြားလိုက်ရသည်နှင့်၊ ချန်ယင်းရှာ၏ စိတ်ထဲတွင် တစ်စုံတစ်ရာ လှုပ်ရှားသွားသော်လည်း၊ သူမက ပြုံးရင်း ပြောလိုက် သည်။
သူမနှင့် ဟုန်ယွိတို့သည် စကားများစွာ ပြောဆိုခဲ့ဖူးပြီး၊ အဆင်ပြေစွာ ပေါင်းသင်းနိုင်ခဲ့သည်။ ထို့အပြင်၊ သူမသည် ဟုန်ယွိနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့်၊ ဟုန်ယွိ၏ တာအိုပညာရပ်များ၏ ဇာစ်မြစ်ကို သူမအနေဖြင့် မသိဘဲ နေမည်မဟုတ်ပေ။ ဟုန်ယွိသည် တိုင်ရှန် တာအိုဂိုဏ်း၏ ဆက်ခံသူဖြစ်သည်ဟူသော စကားကို သူမအနေဖြင့် လုံးဝ ယုံကြည်မည် မဟုတ်ပေ။
သို့သော်၊ ဤအတွေးများသည် သူမစိတ်ထဲတွင် တခဏသာ ဖျတ်ခနဲ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ချန်ယင်းရှာသည် သဘာဝအတိုင်း ရှင်းယုဆန်နှင့် စကားများ ရန်ဖြစ်ရန် မလိုလားပေ။ သူမသည် ဉဒေါင်းဘုရင်နည်းတူ နာမည်ကျော် မဟာနတ်ဆိုးအင်မော်တယ်တစ်ဦး ဖြစ်သည်။ ရှင်းယုဆန်ကို သတ်ဖြတ်ပြီး ဉဒေါင်းဘုရင်ရှင်းရွှန်နှင့် ရန်သူဖြစ်လိုခြင်း မရှိသော်လည်း၊ သူမသည် သူ့သမီးနှင့် ပတ်သက်၍ မည်သည့်ရှင်းလင်းချက်ကိုမှ မပေးလိုပေ။
“ဟုတ်တယ်။ ဟုန်ယွိနဲ့ ငါက မိတ်ဆွေကောင်းတွေပဲ၊ ဒါကြောင့် သူ့ကို ငါ ကာကွယ်ပေးရမယ်။”
ချန်ယင်းရှာက တဟားဟား ရယ်မောလိုက်သည်။ “မင်းအနေနဲ့ သူ့ကို လိုက်လံသတ်ဖြတ်ချင်တယ်ဆိုရင်၊ ငါ့ကို အရင်ဆုံး ဖြတ်ကျော်ရမယ်။ မင်း ရှင်းအစ်ကိုဆီက ဒြပ်ကြီးငါးပါး သတ်ဖြတ်ခြင်းဓားသိုင်းကို ဘယ်လောက်အထိ ကျင့်ကြံထားပြီးလဲဆိုတာ ငါ့ကို ပြစမ်းပါဦး။”
“ကျွန်မလည်း စမ်းကြည့်ချင်ပါတယ်။ ငွေငါးမန်းဘုရင်၊ ငွေငါးမန်းဘုရင်ရဲ့ ကောင်းကင်နတ်ဘုရား မိုးကြိုးတာအိုပညာရပ်က ကျွန်မအဖေနဲ့ ယှဉ်နိုင်တယ် မဟုတ်လား။” ရှင်းယုဆန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဘာလဲ။ မင်းက တကယ်ပဲ ငါနဲ့ တိုက်ခိုက်ချင်တာလား။”
ချန်ယင်းရှာ၏ လေသံထဲတွင် အေးစက်မှုတစ်ခု ပါဝင်လာသည်။ မူလက သူမသည် ရှင်းယုဆန်၏ စိတ်ဝိညာဉ် စွမ်းအားက အစွမ်းထက်သော်လည်း၊ တစ္ဆေအင်မော်တယ်အဆင့်ကို မဖြတ်ကျော်နိုင်သေးသဖြင့်၊ သူမကို စိန်ခေါ်ရဲမည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော်၊ ဤလူငယ်မျိုးဆက်သည် ယခုလိုလေသံမျိုးဖြင့် ပြောဆိုလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
သူမက “ငွေငါးမန်းဘုရင်ရဲ့ မိုးကြိုးလျှပ်စီး တာအိုပညာရပ်က ကျွန်မအဖေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ” ဟု ပြောလိုက်ခြင်းသည်၊ “ရှင်ဆိုတဲ့ ငွေငါးမန်းဘုရင်က ကျွန်မအဖေ ဉဒေါင်းဘုရင်နဲ့ အဆင့်မတူဘူး” ဟူသော အဓိပ္ပာယ် သက်ရောက်နေသည်။
“ဟုတ်တယ်၊ ငွေငါးမန်းဘုရင်၊ ကျွန်မ ရှင်နဲ့ တိုက်ခိုက်ကြည့်ချင်သေးတယ်။ ရှင်ဆိုတဲ့ ငွေငါးမန်းဘုရင်က ကျွန်မတို့ ယွန်မင်အင်ပါယာရဲ့ ရန်သူပဲ။ ရှင်က ဘီရှီဟွာနဲ့ အမြဲတမ်း မတည့်ခဲ့ဘူး။ ယွန်မင်အင်ပါယာ စစ်သင်္ဘောတပ်ဖွဲ့တွေရဲ့ ပင်လယ်ပြင်မှာ လှည့်လည်သွားလာရာမှာလည်း ရှင်က ကြီးမားတဲ့ အတားအဆီးတစ်ခုပဲ။ ကျွန်မက ရှင်လောက် မစွမ်းပေမယ့်၊ အခု ထိပ်တိုက်ဆုံတွေ့ရပြီဆိုတော့ ကျွန်မအနေနဲ့ နောက်ဆုတ်မှာ မဟုတ်ဘူး။”
ရှင်းယုဆန်၏ လေသံက တည်ငြိမ်နေဆဲဖြစ်ပြီး၊ ချန်ယင်းရှာ၏ အေးစက်စက် လေသံကြောင့် အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိခဲ့ပေ။
ချန်ယင်းရှာ၏ လေသံက ပိုမိုအေးစက်လာသည်။ “နဂိုကတော့ အစ်ကိုရှင်းရဲ့ မျက်နှာကိုထောက်ပြီး၊ မင်းကို မထိခိုက်စေချင်ခဲ့ဘူး။ ဒါပေမယ့် အခုကြည့်ရတာ၊ မင်းက အခုလိုစကားမျိုးကို ပြောရဲတယ်ဆိုတော့၊ ငါ မင်းကို သတ်ပစ်ရမယ်။ ငါချန်ယင်းရှာဟာ ကန့်သတ်မဲ့ ပင်လယ်ပြင်ကြီးထဲမှာ နှစ်ပေါင်းရာချီ လှည့်လည်နေထိုင်ပြီး ကျင့်ကြံခဲ့တယ်။ ဘယ်သူ့ကို မကြောက်ခဲ့ဖူးဘူး။ ရှင်းယုဆန်၊ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်။ မင်း ဉဒေါင်းဘုရင်ရဲ့သမီး ဖြစ်နေတာကို လာမပြောနဲ့၊ နတ်ဘုရားဘုရင်ရဲ့ သမီးတော်ဖြစ်နေရင်တောင်၊ ဒီနေ့ ငါ မင်းကို သတ်ပစ်မယ်။”
ချန်ယင်းရှာက ရယ်မောနေပြီး၊ သူမလေသံက အေးစက်သထက် အေးစက်လာခဲ့ကာ၊ နောက်ဆုံးတွင်၊ သူမအသံက အေးခဲထားသော ရေခဲတုံးတစ်ခုနှင့် တူလာပြီး၊ ပင်လယ်ပြင်တစ်ခုလုံး ချန်ယင်းရှာ၏ အေးစက်စက် လေသံကြောင့် အေးခဲသွားသလို ခံစားရသည်။
မူလက နေရောင်ခြည်သည် အရှေ့ပင်လယ်ပြင်မှ ထွက်ပေါ်လာပြီး၊ ရွှေရောင်အလင်းအလုံးများက နေရာအနှံ့တွင် ကခုန်နေသည်။ သို့သော် ချန်ယင်းရှာ ပြောလိုက်သည်နှင့်၊ ညှို့မှိုင်းနေသော တိမ်စိုင် တိမ်မည်းများ ရုတ်တရက် တဟုန်ထိုး ရောက်ရှိလာပြီး၊ နေရောင်ခြည်ကို အကြီးအကျယ် ဖုံးအုပ်လိုက်သည်။ ထိုတိမ်စိုင်တိမ်မည်းများသည် အလွန်နိမ့်ဆင်းလာပြီး၊ သူတို့၏ခေါင်းထက်တွင် ရှိသလို ခံစားရကာ၊ ပင်လယ်ရေမျက်နှာပြင်တွင် ယင်ချီများဖြင့် ပြည့်နှက်လာနေသည်။
ဖျစ်….။ ဖျစ်…..၊ ဖျစ်….။ အလွန်နိမ့်ဆင်းလာသော တိမ်စိုင်တိမ်မည်းများပေါ်တွင် မိုးကြိုးလျှပ်စီးများ တစ်ခုပြီးတစ်ခု လင်းလက်သွားသည်။ ဤတိမ်စိုင်တိမ်မည်းများသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေဆယ်ဂဏန်းအကွာတွင် ရှိနေသည်။
“လခွမ်း…၊ ချန်ယင်းရှာ တကယ် ဒေါသထွက်သွားပြီ။ ယန်ကျင့်ကျုံကို ကိုင်တွယ်တုန်းကတောင်၊ သူမ ဒီလောက် ကြောက်စရာကောင်းတဲ့ပုံမပေါ်ဘူး။”
ဟုန်ယွိနှင့် သခင်ကျိုးတို့သည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ပြီး၊ ထို့နောက် ရွှေပင့်ကူနှင့်ပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တာအိုပညာရှင် သုံးဦးသည် အချင်းချင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှု ကို ရှင်းလင်းစွာ မြင်နိုင်သည်။
ရုတ်တရက် တဟုန်ထိုး ရောက်ရှိလာပြီး အလွန်နိမ့်ဆင်းလာသော တိမ်မည်းများသည် တကယ့် တိမ်မည်းများ မဟုတ်ပေ။ ထိုတိမ်မည်းများသည် ချန်ယင်းရှာက တာအိုပညာရပ်ကို အသုံးပြုကာ၊ ရေခိုးရေငွေ့များကို စုစည်းပြီး လေထဲတွင် မျှောလွင့်စေခြင်းကြောင့် ဖြစ်ပေါ်လာသည့် တိမ်စိုင်း တိမ်မည်းပုံစံ ရေတိမ်များ ဖြစ်သည်။
ထိုတိမ်မည်းထဲရှိ မိုးကြိုးလျှပ်စီးများသည်လည်း အစစ်မှန် မိုးကြိုးလျှပ်စီးများ မဟုတ်ပေ။ ၎င်းတို့သည် ယခင်က စုစည်းဖူးသည့် ရေမိုးကြိုးလျှပ်စီးများ ဖြစ်သည်။ သို့သော်၊ အငွေ့အသက်အရ၊ ၎င်းတို့သည် အစစ်မှန် မိုးကြိုးလျှပ်စီးများနှင့် မခြားနားပေ။ အမှန်ဆို၊ မိုးကြိုးလျှပ်စီး တစ်ချက်ချင်းစီ၏ စွမ်းအားသည် သံမဏိကိုပင် ဖြိုခွဲစေနိုင်ပါသည်။
ဤတိမ်မည်းသည် ဧရာမအနက်ရောင်အိုးအဖုံးကြီး တစ်ခုကဲ့သို့ ပင်လယ်ရေမျက်နှာပြင် အချင်းဝက် ၅လီ ၆လီခန့် ဖုံးလွှမ်းထားပြီး၊ အရာအားလုံးကို ဖုံးအုပ်ထားသည်။ ကောင်းကင်ကြီးသည် မှောင်မိုက်သွားပြီး၊ ပြိုကျလာတော့မည့်အလား ခံစားရသည်။ မြင်ကွင်းက ထိတ်လန့်ဖွယ်ရာပင်။
တိမ်မည်းနှင့် မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းနေသော ထိုကမ္ဘာကြီးတွင်၊ ချန်ယင်းရှာ၏ အမျက်ဒေါသ အတွေးများကို လူတိုင်း ခံစားနိုင်ပါသည်။
ဝေလျံချန်း၏ မျက်နှာအမူအရာသည် ထပ်မံ ပြောင်းလဲသွားသည်။
ဟုန်ယွိကို သတ်ဖြတ်ရန် ဝေတိုင်ကန် စေလွှတ်ခဲ့သော ကျွမ်းကျင်သူများ အားလုံးသည် သူတို့၏ ဦးခေါင်းထက်မှာ ဖိနှိပ်ထားသော တိမ်မည်းနှင့် မိုးကြိုးလျှပ်စီးများကို ကြည့်ရင်း၊ သူတို့၏ မျက်နှာအမူအရာများသည် တည်ကြည်လေးနက်လာကြသည်။ သူတို့သည် ဓားများနှင့် လေးများကို ကိုယ်စီဆွဲထုတ်လိုက်ပြီး၊ သတ်ဖြတ်ခြင်း အငွေ့အသက်ကို စုစည်းလိုက်ကြသည်။
ဝေတိုင်ကန် ဟုန်ယွိကို သတ်ဖြတ်ရန် စေလွှတ်ခဲ့သော အဖွဲ့သည် အင်အားကြီးမားလှသည်။ ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူ ၃၃ ဦးနှင့် တိုက်ပွဲရာချီ ဖြတ်သန်းခဲ့ဖူးသော လက်ရွေးစင် သိုင်းသခင် ၃၀၀ ပါဝင်သည်။
အခြားအရာများကို မဆိုထားနှင့် ထိုစုစည်းထားသော သတ်ဖြတ်ခြင်း အငွေ့အသက်ကပင် နတ်ဆိုး ဝိညာဉ်များကို ဖယ်ရှားနိုင်ရန် လုံလောက်ပါသည်။ ထို့အပြင်, ယခုအခါ လူတိုင်းသည် ဓားများနှင့် လေးများကို ကိုယ်စီဆွဲထုတ်ထားပြီး၊ သူတို့၏ သတ်ဖြတ်ခြင်း အငွေ့အသက်သည် ယန်ချီ အားကောင်းပြီး၊ သူတို့၏ စိတ်ဆန္ဒကို အစိုင်ခဲအလုံးများအသွင် စုစည်းထားသည်။ သို့သော်၊ ၎င်းတို့သည် ကောင်းကင်ထက်ရှိ တိမ်မည်းများအပေါ် သက်ရောက်မူမရှိပေ။ တိမ်မည်းများသည် ဖြည်းညှင်းစွာ ဆက်လက် ဖိနှိပ်လာနေပြီး၊ လှိုင်းကျခွပ်လေး တစ်ခုတစ်လေမျှ မဖြစ်ပေါ်ပေ။
ဤသည်မှာ ချန်ယင်းရှာ၏ တာအိုပညာရပ်၏ အစွမ်းထက်မှုကို ပြသနေသည်။
“သခင်လေး၊ ဒီရှင်းယုဆန်အကြောင်း ကျွန်တော် ကြားဖူးတယ်။ သူမက ယွန်မင်နိုင်ငံမှာ ထူးချွန်ဆုံး လူငယ်ကျွမ်းကျင်သူပဲ။ ဒါ့အပြင်, ဉဒေါင်း ဘုရင်ရဲ့ သမီးလည်း ဖြစ်နေတယ်။ အခု ငွေငါးမန်းဘုရင်က သူမကို သတ်လိုက်ရင်၊ ကျွန်တော်တို့လည်း ဉဒေါင်းဘုရင်ရဲ့ အမျက်ဒေါသကနေ မလွတ်မြောက်နိုင်ဘူး။”
သခင်ကျိုးက ဟုန်ယွိကို ပြောလိုက်သည်။ သူသည် အကယ်၍, ချန်ယင်းရှာသာ ရှင်းယုဆန်ကို သတ်ဖြတ်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ ခံစားရမည်ကို စိုးရိမ်နေသည်။
ဉဒေါင်းဘုရင်ကို အမှန်တကယ် ဒေါသထွက်စေပါက ကျောက်စိမ်းမြို့တော်ရှိ မင်းသားများကဲ့သို့ အစွမ်းထက်သော မိသားစုများပင်လျှင်၊ သေဆုံးမှု ကံကြမ္မာကနေ မလွတ်မြောက်နိုင်ပေ။ တော်ဝင်ချန်ဧကရာဇ်ပင်လျှင် ဉဒေါင်းဘုရင်က သူ့ကို လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်ထားပါက၊ စိတ်မသက်မသာ ဖြစ်နေရပြီး၊ စားမဝင် အိပ်မပျော် ဖြစ်ရလိမ့်မည်။ ဟုန်ယွိကဲ့သို့ အခြေခံအုတ်မြစ် မတည်ငြိမ်သေးသည့် လူတစ်ဦးဆို ပြောစရာပင် မလိုပေ။
“စဉ်းလှီးတုံးပေါ်ရောက်နေတဲ့ ငါးတစ်ကောင်တောင် အနည်းငယ် ရုန်းကန်သေးတာပဲ။ ငါတို့လို လူတွေဆို ပြောစရာတောင် မလိုဘူး။ အခု ချန်ယင်းရှာက ရှင်းယုဆန်ကို ကြောက်လန့်ပြီး ထွက်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ သူမက ငါ့ကို သတ်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ငါ့တို့ရဲ့ မူလ အစီအစဉ်ဖြစ်တဲ့ သူမကို ခြိမ်းခြောက်ပြီး၊ နောက်ပြန်ဆုတ်သွားအောင် လုပ်မယ့်ရည်ရွယ်ချက်က အလုပ်မဖြစ်တော့ဘူး။ ငါက ဉဒေါင်းဘုရင်ကို ကြောက်ပြီး၊ သူမကို ငါ့လည်ပင်းပေါ် ဓားထောက်ခွင့် ပေးရမှာလား။ ငါကရော မခုခံရတော့ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ်, သူမက ငါ့ကို ဓားနဲ့ထိုးမှာပဲ လေ။ ဒါဆို သူမကို သတ်ပစ်လိုက်တာ ပိုကောင်းတယ်။ သူမက ရွှေရောင်ဝံပုလွေတပ်ဖွဲ့ရဲ့ တပ်မှူးတစ်ဦးပဲ။ ဘီရှီဟွာလို ပုဂ္ဂိုလ်မျိုးနဲ့ မယှဉ်နိုင်ပေ မယ့်၊ ယွန်မင်နိုင်ငံရဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ ယှဉ်နိုင်တယ်။ သူမကိုသတ်ပြီး သူမဦးခေါင်းကို ယူဆောင်ကာ၊ ဂုဏ်ပြုဆုချီးမြှင့်ဖို့ တောင်းဆိုရင်၊ မြင့်မြတ်တဲ့ ဖန်ယုံဘွဲ့တစ်ခုတော့ ရလောက်တယ်။ ဒါ့အပြင်၊ ဝေတိုင်ကန်က ယွန်မင်နိုင်ငံက ကျွမ်းကျင်သူတစ်ဦးနဲ့ ပူးပေါင်းပြီး ပစိတ်ဖိတ်ရေ တပ်ဖွဲ့ရဲ့ စစ်ဆင်ရေး ဗိုလ်ကြီးတစ်ဦးကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်။ ဒါကို သက်သေယူပြီး၊ သူ့ကို မင်းသားယုကို တိုင်ကြားလိုက်မယ်။ ဒါဆို သူ ရာထူးမပြုတ်ကျမှာ စိုးရိမ်နေစရာ မလိုတော့ဘူး။” (ဖန်ယုံဘွဲ့ဟူသည် ရဲစွမ်းသတ္တိနှင့် ဆုံးဖြတ်ချက်စွာ လုပ်ဆောင်သူများအား ပေးသောဘွဲ့တစ်ခု ဖြစ်ပါသည်)။
ဟုန်ယွိ၏မျက်လုံးများက လင်းလက်သွားခဲ့ပြီး၊ သူက အာဏာရှင်ဆန်သော လေသံဖြင့် ပြောလိုက်သည်။ သူသည် ပညာရှင်တစ်ဦး၏ စိတ်နေ သဘောထားကို မထိန်းသိမ်းတော့ဘဲ၊ စစ်တပ်၏ ရှစ်ယောက်မြောက်သခင်တစ်ဦးနှင့် ပိုတူလာသည်။
ယခုအခါ ဟုန်ယွိသည် ပညာရှင်တစ်ဦးထက် ဗိုလ်ချုပ်တစ်ဦးနှင့် ပိုတူလာသည်။
အစပိုင်းတွင်၊ သူသည် ဉဒေါင်းဘုရင်ကို တကယ် ကြောက်ရွံ့ပြီး၊ ချန်ယင်းရှာကို အသုံးပြုကာ တစ်ဖက်လူကို ကြောက်လန့်ပြီး ဆုတ်ခွာသွားအောင် လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည်။ ထို့နောက်၊ သူ့စွမ်းအားကို စုဆောင်းပြီး အချိန်ကို စောင့်ဆိုင်းရန် စီစဉ်ခဲ့သည်။
သို့သော်၊ တစ်ဖက်လူသည် ချန်ယင်းရှာကို ဒေါသထွက်စေခဲ့ပြီး၊ နောက်ဆုတ်မသွားဘဲ ဤမျှပြင်းထန်စွာ စိတ်ပိုင်းဖြတ်ထားမည်ဟု မမျှော်လင့်ထား ပေ။ ယင်းက အကြေးခွံကို စားရန် စိတ်ပိုင်းဖြတ်ထားသော လိပ်တစ်ကောင်နှင့် တူသည်။
ယုန်တစ်ကောင်ပင်လျှင် ထောင့်ကျဉ်းထဲအထိ တွန်းပို့ခံရပါက, ပြန်ကိုက်တတ်သေးသည်။ ဟုန်ယွိဆို ပြောစရာပင် မလိုပါချေ။
ရှင်းယုဆန်လို ပုဂ္ဂိုလ်မျိုးကို သတ်ဖြတ်ပြီး ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရန် တောင်းဆိုပါက၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဘွဲ့တစ်ခု သေချာပေါက် ရရှိပါလိမ့်မည်။ ဖန်ယုံဘွဲ့ သို့မဟုတ် ကျုံးယုံဘွဲ့တို့လို စစ်ရေးဂုဏ်ဆောင် ဘွဲ့များသည် မြို့စားဘွဲ့လောက် ဩဇာအာဏာ မကြီးမားသော်လည်း၊ သူ့အနေဖြင့် မြင့်မြတ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုရလျှင် လုံလောက်ပါပြီ။
အနာဂတ်တွင် သူ ပျော်ရွှင်ဘေးကင်းစွာ နေထိုင်နိုင်ခြင်း ရှိမရှိကိုတော့ ဟုန်ယွိသည် ဂရုမစိုက်ပေ။
“အချိန်တန်ရင် ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရမယ်။ သခင်ကျိုး၊ ခင်ဗျား ဘာမှ ထိန်းချုပ်မထားနဲ့။ ငါနဲ့ လက်တွဲပြီး ဒီအမျိုးသမီးကို သတ်ကြစို့။ ဒါပေမယ့် ဒီအမျိုးသမီးက တကယ်ပဲ ရဲရင့်လွန်းတယ်။ သူမက တစ္ဆေအင်မော်တယ် မဟုတ်ပေမယ့် ချန်ယင်းရှာကို တိုက်ခိုက်ရဲတယ်။ တကယ်ပဲ သူမမှာ အားကိုးစရာ နောက်ခံရှိတာပဲ။” ဟုန်ယွိက ညွှန်ကြားလိုက်သည်။
“ဒါက တစ်ခုတည်းသော နည်းလမ်းပဲလေ။” သခင်ကျိုးက ခါးသီးစွာ ပြုံးလိုက်သည်။
“ဒြပ်ကြီးငါးပါးဓားသိုင်း…..၊ ဖျက်ဆီးစမ်း….။”
ဟုန်ယွိသည် စိတ်ပိုင်းဖြတ်လိုက်ချိန်မှာ ရှင်းယုဆန်က သူမ၏လှုပ်ရှားမှုကို စတင်လိုက်ပါသည်။
ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှ တစ်ဦးနှင့် တိုက်ခိုက်ရဲသော ဤအမျိုးသမီး သည် စတင်တိုက်ခိုက်ကတည်းက အပြင်းထန်ဆုံး သတ်ဖြတ်ခြင်း သိုင်းကွက်တစ်ခုကို အသုံးပြုလိုက်သည်။ သူမလက်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ၊ သူမဘေးမှ သစ်ကြားသီးအရွယ် ပုတီးငါးလုံး ပျံထွက်လာသည်။
ဤသစ်ကြားသီးအရွယ် ပုတီးငါးလုံးသည် သာမန်ပုံစံပေါက်သော်လည်း၊ ဟုန်ယွိ၏ ပင်ကိုယ်ဗီဇ အသိဉာဏ်အရ ၎င်းတို့သည် သာမန်မဟုတ်ကြောင်း ခံစားနိုင်ပါသည်။
“ဓားပုတီး။ ဒါက တကယ်ပဲ ဉဒေါင်းဘုရင်ရဲ့ ထိပ်တန်းတာအိုပညာရပ်ဖြစ်တဲ့ ဒြပ်ကြီးငါးပါး ဓားသိုင်းပဲ။” ဟုန်ယွိသည် ဗုဒ္ဓတိုက်ပွဲမှတ်တမ်းတွင် ဉဒေါင်းဘုရင်၏ တာအိုပညာရပ်နှင့် ပတ်သက်သော မှတ်တမ်းများကို ပြန်လည် အမှတ်ရလိုက်သည်။
ဒဏ္ဍာရီအရ၊ ဉဒေါင်းဘုရင်၏ ဒြပ်ကြီးငါးပါးဓားသိုင်းကို အဆုံးစွန်ထိ သိပ်သည်းနိုင်သည့်အခါ, ပုတီးငါးလုံးအဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ဒြပ်စင်ငါးမျိုးမှ သန့်စင်ထားသော ဓားပုတီးတစ်မျိုးဖြစ်ပြီး၊ လူတစ်ယောက်၏ နတ်ဘုရား စိတ်ဝိညာဉ်၊ သွေးစွမ်းအင်တို့ဖြင့် ပေါင်းစပ်ထားသည်။
ဤပုတီးငါးလုံးထဲမှ၊ ပထမပုတီးသည် သွေးနီရောင်နှင့်တူပြီး၊ ပုတီးအတွင်းမှာ မီးလျှံပုံစံ မှော်သင်္ကေတများစွာ ပါဝင်နေသည်။
ဒုတိယပုတီးသည် ရွှေရောင်ဖြစ်ပြီး၊ ယွမ်ယန်ကောင်းကင်ပုလဲကဲ့သို့ ရွှေရောင်အလင်းများဖြင့် တောက်ပနေသည်။ သို့သော်၊ ထိုရွှေရောင်အလင်းသည် ပိုမိုပြင်းထန်သည်။ ၎င်းကို စိုက်ကြည့်ပါက၊ မျက်လုံးများကို နာကျင်စေပြီး၊ ထိုရွှေရောင်အလင်းက မျက်လုံးများကို သွေးထွက်အောင် လုပ်နိုင်စွမ်းရှိသည်။
တတိယပုတီးသည် မှင်နက်ရောင် ဖြစ်သည်။ ထိုပုတီးသည် ဟုန်ယွိသည် ဝေလဲ့၏လက်အောက်ခံ၊ ဖန်ရှင်တာအိုဂိုဏ်း၏ အစွန့်ပစ်ခံ တပည့်များ ဖြစ်သော ရှောင်ရှန်း၊ ရှောင်ယုတို့နှင့် တိုက်ခိုက်စဉ် တုန်းက ရှောင်ရှန်းသိပ်သည်းခဲ့သည့် အမည်းရောင်သလင်းကျောက်ပုဆိန်ကို ပြန်အမှတ်ရစေသည်။
ယခုအခါ ဟုန်ယွိသည် ထိုပုတီးက ကောင်းကင်နှင့်မြေကြီးအကြား နေရာအနှံ့ပြားတွင် ရှိနေသည့် ကာဗွန်ချီဟုလည်း လူသိများသော ဒြပ်ကြီးငါးပါး ထဲက သစ်သားချီ ဖြစ်ကြောင်းကို သိထားပြီး ဖြစ်သည်။
နတ်ဘုရားလက်နက်ပုံစံ သံမဏိပေါ်များရှိ ပုံစံများသည် ကာဗွန်ချီကို စုစည်းခြင်းဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယွန်မင်နိုင်ငံ၏ ဆေဘာသခင်များ လက်နက်ဖန်တီးရာတွင် အရေးကြီးဆုံး အဆင့်မှာ ကာဗွန်ချီပေါင်းစပ်ခြင်း ဖြစ်သည်။ အအေးခံထားသော ဆေဘာနှင့် ဓားရှည်များကို သန့်စင်သော ကာဗွန်မှုန့်ထဲတွင် ထည့်စိမ်ထားရပြီး၊ ကာဗွန်ချီကို ဓားကိုယ်ထဲသို့ စိမ့်ဝင်စေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုပေးရသည်။ ထိုမှသာ၊ သံမဏိနှင့် ကာဗွန်ချီတို့သည် ပြီးပြည့်စုံသော ဖွဲ့စည်းမူပုံစံကို ဖန်တီးပေးပြီး၊ နတ်ဘုရားလက်နက်တစ်ခုကို ဖန်တီးနိုင်သည်။
စတုတ္ထပုတီးသည် သလင်းကျောက်ရောင် ဖြစ်သည်။ ပုတီးစေ့အတွင်းမှာ အတွေးများစွာဖြင့် ဖွဲ့စည်းထားသော စာလုံးလေးများက သေးငယ်သော မှော်သင်္ကေတများအဖြစ် လည်ပတ်နေသည်။
ပဉ္စမပုတီးသည် မြေဝါရောင်ဖြစ်ပြီး၊ အလွန်လေးလံသော ခံစားမှုကို ပေးစွမ်းသည်။ ဤသည်မှာ မြေကြီး၏ အနှစ်သာရမှ ဖြစ်ပေါ်လာသော ဓားပုတီးဖြစ်သည်။
ဤဓားပုတီးငါးလုံးကို ထုတ်လွှတ်လိုက်သည်နှင့်၊ မြေဝါရောင်ပုတီးသည် ချက်ချင်း ပေါက်ကွဲသွားပြီး၊ သင်္ဘောရာချီကို ဖုံးအုပ်ထားသော ထူထဲသော အဝါရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
ပြင်းထန်သော မြေကြီးအနံ့က လူတိုင်း၏ နှာခေါင်းကို နှိုးဆွကျီစယ်နေပြီး၊ ပင်လယ်ရေ၏ ငါးပုပ်အနံ့ကို ချက်ချင်း ဖုံးအုပ်သွားခဲ့သည်။
ဟုန်ယွိသည် ပင်လယ်ရေပြင်ကြီးက ပိုးစာကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသလို ခံစားရသည်။
သင်္ဘောရာချီကို ဖုံးအုပ်ထားသော အဝါရောင်မြူခိုးသည် ကြီးမားသော အဝါရောင်ဥခွံကြီးကဲ့သို့ အနည်းငယ် လည်ပတ်ကာ မာကျောသွားသည်။
“ဒြပ်ကြီးငါးပါးဓားသိုင်းရဲ့ မြေနတ်ဆိုးချီက တကယ်ကို အစွမ်းထက်လွန်းတယ်။ ဒီလိုကာကွယ်မှု မျိုးကို ဘာနဲ့မှ မဖျက်ဆီးနိုင်လောက်ဘူး ထင်တယ်။” ဟုန်ယွိသည် ကြီးမားသော အဝါရောင်ဥခွံကြီးကို ကြည့်ရင်း၊ ၎င်းသည် မြေနတ်ဆိုးချီ ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် မြေကြီးနတ်ဆိုးချီကို အင်အားသုံးပြီး ဖျက်ဆီးရန် ကြိုးစားပါက၊ သစ်သားနတ်ဆိုးချီက ၎င်းကို ပြန်လည် ကုစားပေးလိမ့်မည်။ ဒြပ်ကြီးငါးပါးဓားကျိန်စာကို ဓားပုတီး အဖြစ် သန့်စင်ပြီးနောက်၊ ၎င်းသည် တိုက်ခိုက်ရန်နှင့် ကာကွယ်ရန်အတွက်ပါ နှစ်မျိုးစလုံး အသုံးပြုနိုင်သည်။ ဒြပ်ကြီးငါးပါးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်သည်နှင့် လူတစ်ယောက်၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာမှာဖြစ်ပြီး၊ တာအိုပညာရပ်က အဆပေါင်းများစွာ နက်ရှိုင်းသိမ်မွေ့လာကာ အခြေခံအားဖြင့် ဖျက်ဆီး၍မရနိုင်တော့ပေ။ ထိုပညာရပ်သည် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး တာအိုပညာရပ်များထဲမှ တစ်ခုဖြစ်သည်။
ဤသည်မှာ အတိတ်က ဒြပ်ကြီးငါးပါးဂိုဏ်း၏ တာအိုပညာရပ် ဖြစ်သည်။
ဒြပ်ကြီးငါးပါးဂိုဏ်းသည် တချိန်တုန်းက တိုင်ရှန်တာအိုဂိုဏ်း၊ ဒိုင်ဇင်ဘုရားကျောင်းတို့နှင့် ပခုံးချင်း ယှဉ်နိုင်သော ကြီးမားသော တာအိုဂိုဏ်းကြီး တစ်ခု ဖြစ်ခဲ့ဖူးသည်။
သို့သော်၊ မင်းဆက်ပြောင်းလဲမှုများ အတွင်းမှာ ထိုတာအိုဂိုဏ်းသည် ဖျက်ဆီးခံခဲ့ရသည်။
ဉဒေါင်းဘုရင်သည် ဒြပ်ကြီးငါးပါးဂိုဏ်း၏ အမြင့်ဆုံးရတနာဖြစ်သည့် ဒြပ်ကြီးငါးပါးစာအုပ်ကို ရရှိခဲ့ပြီး၊ ထိုစာအုပ်က သူ့ကို မဟာနတ်ဆိုးအင်မော်တယ်များ၏ ခေါင်းဆောင်အဖြစ် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
ဤမိတ်ဆက်စကားကို ဗုဒ္ဓတိုက်ပွဲမှတ်တမ်းတွင်လည်း ဖော်ပြထားသည်။
ဟုန်ယွိသည် ဒြပ်ကြီးငါးပါးဓားသိုင်း၏ စွမ်းအားကို အံ့ဩနေစဉ်၊ ရှင်းယုဆန်၏ သတ္တုချီမှ သန့်စင်ထားသော ဓားပုတီးသည် ရုတ်တရက် ချန်ယင်းရှာ၏ တိမ်မည်းများဆီသို့ တဟုန်ထိုး ဝင်ရောက်လာသည်။ ထိုဓားပုတီးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး၊ ရွှေရောင်ဓားချီ ၃၆၀ အဖြစ် ပြောင်းလဲသွားသည်။
ထိုဓားချီ ၃၆၀ သည် ပြီးပြည့်စုံစွာ ပွင့်လန်းနေသော ဂန္ဓမာပန်းများကဲ့သို့ ပေါက်ကွဲသွားသည်။ ဓားချီများသည် အနှိုင်းမဲ့ ထက်ရှမှုဖြင့် လေထုကို ဖြတ်တောက်ပြီး၊ တိမ်မည်းများတွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။ တစ်ချိန်တည်းမှာပင်၊ ဓားချီများသည် ကြီးမားသော အစီအရင်တစ်ခုအဖြစ် ယှက်နွယ်သွားပြီး၊ တိမ်မည်းများကို ဖြိုခွဲလုနီးပါးဖြစ်စေခဲ့သည်။
“ဒါက တကယ်ပဲ ဒြပ်ကြီးငါးပါးဓားသိုင်းရဲ့ သတ္တုအနှစ်သာရနတ်ဆိုးချီပဲ။”
ချန်ယင်းရှာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ တိမ်မည်းများသည် ပြန်လည် စုစည်းလာသည်။ တိမ်မည်းများအတွင်းရှိ မိုးကြိုးလျှပ်စီးများသည် ပိုမိုပြင်းထန်လာပြီး၊ ရွှေရောင်ဓားပုတီးကို တင်းတင်းကျပ်ကျပ် ပတ်ရစ်ပြီး ပြင်းထန်စွာ တိုက်ခိုက်သည်။
တစ်ချိန်တည်းမှာပင်၊ တိမ်မည်းအတွင်းမှ ရေပုံစံမိုးကြိုးလျှပ်စီးများသည် အဝါရောင်ဥခွံပေါ်တွင် ပြင်းထန်စွာ ရိုက်ခတ်နေသည်။
မိုးကြိုးလျှပ်စီးများသည် ဥခွံကို ရိုက်ခတ်တိုင်း၊ ပြင်းထန်သော အဝါရောင်မြူခိုးနှင့် မြေကြီးအနံ့များ ထွက်ပေါ်လာသည်။ သို့သော်၊ ထူထဲသော အဝါရောင်မြူခိုးဥခွံကို ဖျက်ဆီးနိုင်ခြင်း မရှိပေ။
“ကျွန်မရဲ့ ကောင်းကင်သစ်သား နတ်ဆိုးချီကို ခံစမ်း။” ရှင်းယုဆန်၏အသံကို ကြားရပြီး၊ အမည်းရောင် သလင်းကျောက်ပုံစံဓားပုတီးသည် အဝါရောင်ဥခွံထဲမှ ပျံထွက်လာသည်။ ရုတ်တရက် ထိုဓားပုတီးသည် ထပ်မံပေါက်ကွဲသွားပြီး၊ အမည်းရောင်သလင်းကျောက် ပုဆိန်များစွာအဖြစ် ပြောင်းလဲသွားကာ ပြင်းထန်စွာ ထုရိုက်ချသည်။ ထိုရိုက်ချက်က ယခင်က သတ္တုအနှစ်သာရ နတ်ဆိုးချီထက် ပိုမိုပြင်းထန်သည်။
ရှူး….။
အမည်းရောင် သလင်းကျောက်ပုဆိန်များသည် မိုးကြိုးလျှပ်စီးများ၏ ရိုက်ခတ်မှုကို လုံးဝ မကြောက်ရွံ့ပေ။ ၎င်းတို့၏ တောင်ကဲ့သို့ လေးလံသော အင်အား, ရက်စက်မှုတို့ဖြင့်၊ ချန်ယင်းရှာ၏ တိမ်မည်းများကို ထပ်မံရိုက်ချပြီး ဖယ်ရှားလိုက်သည်။
“မင်းက သေချင်နေတာပဲ”။
ချန်ယင်းရှာက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ တိမ်မည်းများ အားလုံးသည် လှိမ့်ထွက်သွားပြီး ပြန်လည် ဖြည့်တင်းလာသည်။ ၎င်းတို့သည် မြင်းတစ်ကောင်ကဲ့သို့ တဟုန်ထိုး ပြေးလွှားလာပြီး၊ ချက်ချင်း ဆိုသလို ယန်ကျင့်ကျုံကို ဖျက်ဆီးခဲ့သော မိုးကြိုးလျှပ်စီးအလုံးကြီး တစ်ခုအဖြစ် စုစည်းသွားသည်။
သတ္တုအနှစ်သာရ နတ်ဆိုးချီနှင့် အမည်းရောင် သလင်းကျောက်ပုဆိန်များသည် တိမ်မည်းများနှင့် မိုးကြိုးလျှပ်စီးများ၏ ပြင်းထန်သော စွမ်းအားဖြင့် အတင်းကြပ် စုစည်းခံရလိုက်ပြီး၊ ရွှေရောင်နှင့် အမည်းရောင်ဓားပုတီးနှစ်လုံးအဖြစ် ပြန်လည် ထုပ်ပိုးခံလိုက်ရသည်။
ချန်ယင်းရှာသည် သူမ၏ အလွန်ကြီးမားသော နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး၊ ရွှေရောင်အနှစ်သာရ နတ်ဆိုးချီနှင့် ကောင်းကင်သစ်သား နတ်ဆိုးချီကို ၎င်းတို့၏ မူလအခြေအနေ သို့ အတင်းအဓမ္မ ပြန်လည်ပြောင်းလဲလိုက်သည်။ ယင်းက လက်သီးပညာရှင်တစ်ဦးက အခြား ကျွမ်းကျင်သူတစ်ဦးကို အင်အားသုံးပြီး ဖက်ထားသလို ဖြစ်သည်။ ၎င်းသည် နည်းစနစ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှု မဟုတ်ဘဲ၊ အင်အားကို အဓိကအသုံးပြုသည့် တိုက်ပွဲဖြစ်သည်။
“ခွေ ရေနတ်ဆိုးချီ….၊ လီ မီးနတ်ဆိုးချီ!”
ရှင်းယုဆန်၏ အသံက ထပ်မံ ထွက်ပေါ်နေပြီး၊ သလင်းကျောက်ရောင် ရေနတ်ဆိုးချီ ဓားပုတီးနှင့် မီးနတ်ဆိုးချီ ဓားပုတီးတို့သည် တစ်ပြိုက်နက်တည်း ပျံတက်လာသည်။ ၎င်းတို့သည် လေထဲတွင် ထိတွေ့လိုက်သည်နှင့်၊ ချက်ချင်းဆိုသလို ထပ်မံ ပေါက်ကွဲသွားပြီး၊ ကောင်းကင်တစ်ခွင်ကို မီးလျှံနှင့် ရေများ ပြည့်သွားစေသည်။
မီးလျှံနှင့် ရေများသည် အားလုံး မှော်သင်္ကေတ ပုံစံများအဖြစ်သို ပြောင်းလဲသွားသည်။ မီးမှော်သင်္ကေတပုံစံနှင့် ရေမှော်သင်္ကေတ ပုံစံတိုင်းသည် ကောင်းကင်ထဲတွင် ပေါင်းစည်းသွားပြီး လည်ပတ်ကြသည်။ ၎င်းတို့သည် လေဆင်နှာမောင်းတစ်ခုကဲ့သို့၊ ချန်ယင်းရှာ၏ တိမ်မည်းများကို ဖယ်ရှားပစ်လိုက်သည်။
ဘန်း….။
သင်္ဘောပေါ်တွင် ရပ်နေသော ချန်ယင်းရှာသည် ခြေတစ်လှမ်း ဆုတ်ခွာလိုက်သော်လည်း၊ သူမမျက်နှာအမူအရာက ပုံမှန်ဖြစ်သည်။
ဟုန်ယွိသည် ချန်ယင်းရှာအနေဖြင့် ဤတိုက်ပွဲတွင် အနည်းငယ်ထိခိုက်ခဲ့ပြီး၊ သူမဝိညာဉ်သည် အနည်းငယ် ဒဏ်ရာရသွားခဲ့ကြောင်း သိလိုက်သည်။
တစ်ဖက်လူ၏ ဒြပ်ကြီးငါးပါး ဓားနတ်ဆိုး ချီများသည် မယုံနိုင်လောက်အောင် ထူးခြားနက်နဲပြီး၊ နှစ်ပေါင်းများစွာ သန့်စင်ထားသော ပြင်ပမှော်ဆေးလုံး ဓမ္မရတနာများ ဖြစ်သည်။ ထို့အပြင်၊ ဤမှော်ဆေးလုံး ဓမ္မရတနာများသည် ဉဒေါင်းဘုရင်ရှင်းရွှန်ကိုယ်တိုင် သန့်စင်ထားခြင်း ဖြစ်ရမည်။ ရှင်းယုဆန်၏ တာအိုပညာရပ်ဖြင့်၊ ဒြပ်ကြီးငါးပါးယွမ်ချီကို နတ်ဆိုးချီ မှော်ဆေးလုံးများအဖြစ် သန့်စင်ရန် မဖြစ်နိုင်ပေ။ ချန်ယင်းရှာသည် သူမကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအားဖြင့် တိုက်ခိုက်နေသဖြင့် သဘာဝအတိုင်း အနည်းငယ် ထိခိုက်ခဲ့သည်။
နတ်ဆိုးချီကို မှော်ဆေးလုံးအဖြစ် သန့်စင်ခြင်းသည် မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးမှသာ လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။
ယခင်က မုရုံယန် ရုပ်လုံးဖော်ရန် အသုံးပြုခဲ့သည့် အခြား ခဲပြဒါး ဆေးဝါးများသည် တစ်ကြိမ် အသုံးပြုပြီးနောက် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ သို့သော်၊ ဤဓားပုတီး ပြင်ပ မှော်ဆေးလုံး သည် အကန့်အသတ်မရှိ အသုံးပြုနိုင်သည်။ ဟုန်ယွိသည် လီ မီးနတ်ဆိုးချီ မှော်ဆေးလုံး၏ ပေါက်ကွဲမှု စွမ်းအားသည် ပေါက်ကွဲမီးလျှံနတ်ဘုရားအဆောင်ဓားထက် နိမ့်ကျသော်လည်း၊ ဖန်ရှင်တာအိုဂိုဏ်း၏ ခရမ်းရောင်မိုးကြိုးယမ်းမှုန့်၏ စွမ်းအားနှင့် သေချာပေါက် တန်းတူဖြစ်ပြီး၊ တစ္ဆေအင်မော်တယ်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်ဟု သူ ယုံကြည်စိတ်ချစွာ ပြောနိုင်သည်။
ရှူး!
ချန်ယင်းရှာသည် ပြင်းထန်စွာ ဆုတ်ခွာလိုက်ပြီး၊ ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားကို အသက်သွင်းလိုက်သည်။
ပြင်းထန်သော လေတိုးသံများကြားတွင်၊ မီးပွားများ ပေါက်ကွဲသွားပြီး၊ အကန့်သတ်မဲ့မြှား ကိုးစင်း သည် အလုံးတစ်ခုအဖြစ် စုစည်းသွားသည်။ ကောင်းကင်နှင့်မြေကြီးအကြား၊ အမည်းရောင်နှင့် အဖြူရောင်များ ဆင်းသက်လာသည်။ နားထဲစူးဝင်လောက်သည့် လေတိုးသံတွေက ပင်လယ်ပြင် တစ်ခွင်ကို တုန်ခါစေသည်။
အကန့်သတ်မဲ့မြှား ကိုးစင်းသည် တရှီးရှီးလေတိုးအသံဖြင့် ပစ်လွှင့်ပြီး၊ အဝါရောင်ဥခွံဆီသို့ တည့်မတ်စွာ ဦးတည်သွားလေသည်။
ချန်ယင်းရှာ၏ အစွမ်းထက်သော ကျင့်ကြံမှုနှင့်အတူ ဤအချိန်တွင်၊ ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားတို့ကို အမြင့်ဆုံးအဆင့်သို့ လှုံ့ဆော်လိုက်သည်။ အခုနက သတ်ဖြတ်ခံခဲ့ရသော အဆင့်မြင့် မဟာသခင်ဆရာသုံးဦး၏ ဝိညာဉ်များ၊ ယင်စိတ်ဝိညာဉ် ရုပ်လုံးဖော်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဝိညာဉ်နှင့်အတူ အကန့်သတ်မဲ့မြှား၏ စွမ်းအားကို လှုံ့ဆော်ပေးနိုင်သော ယင်ယန်ဖရိုဖရဲတွင်းနက် မဟာအစီအရင်ကြောင့် အကန့်သတ်မဲ့မြှားသည် ကောင်းကင်နှင့်မြေကြီး ကို အရောင်ပြောင်းလဲစေသည်အထိ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
“ကောင်းကင်တုန်ခါလေး…။ အကန့်သတ်မဲ့မြှား…..။ ဘယ်လိုလုပ် ရှင့်လက်ထဲမှာ ရှိနေရတာလဲ!”
အဝါရောင်ဥခွံအတွင်းမှ ရှင်းယုဆန်သည် ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားကို နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူမသည် အံ့အားသင့်စွာ အော်ဟစ်လိုက် သည်။ ရုတ်တရက်၊ ကျန်ရှိသော ဓားပုတီးလေးလုံးသည် အလွှာငါးလွှာဖြင့် ဥခွံများအဖြစ် ပြောင်းလဲ သွားပြီး၊ အလွှာတစ်ခုပြီးတစ်ခု အပြင်ဘက်မှနေ၍ ဖုံးအုပ်လိုက်သည်။
အကန့်သတ်မဲ့မြှားသည် ဥခွံအလွှာကို ပြင်းထန်စွာ ထိုးဖောက်နေသော်လည်း၊ အလွှာသစ်တစ်ခုက ထိုးဖောက်ခံရသော အလွှာဟောင်းနေရာတွင် ချက်ချင်း အစားထိုးလိုက်သည်။
ဤကဲ့သို့ဖြင့်၊ ၎င်းသည် အဆုံးမရှိ ပြန်လည် ပေါက်ဖွားလာနေသည်။ ဒြပ်ကြီးငါးပါး၏ သဘောတရား အဆုံးစွန်ထိ လည်ပတ်လိုက်သည်နှင့် ၎င်းသည် အပြည့်အဝ ကာကွယ်မှုကို ပေးစွမ်းနိုင်သည်။ ရှင်းယုဆန်သည် ချန်ယင်းရှာက ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားကို အသုံးပြုလာ သည့် အခါ၊ သူမသည် ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သိသွားခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏ စွမ်းအားအားလုံးဖြင့် ကာကွယ်ရန်သာ လုပ်ဆောင်နိုင်သည်။
“မင်းရဲ့ တာအိုမှော်ပညာရပ်တွေနဲ့၊ အကန့်သတ်မဲ့မြှားကို ပိတ်ဆို့နိုင်မယ်လို့ ထင်နေတာလား။”
ချန်ယင်းရှာက အေးစက်စွာ ပြုံးလိုက်သည်။ “ဟုန်ယွိ၊ မင်း ဘာမှ မလုပ်နဲ့။ ငါ ဒီကောင်မလေးကို ကိုယ်တိုင် သတ်မယ်….”
သူမက ပြောနေရင်း၊ အကန့်သတ်မဲ့မြှား၏ စွမ်းအားက ထပ်မံတိုးမြှင့်လာသည်။ ဖုန်း၊ ဖုန်း၊ ဖုန်း၊ ဖုန်း၊ ဥခွံအလွှာလေးလွှာသည် ပြိုကွဲသွားသည်။
“ချန်ယင်းရှာ! မင်း ဘယ်သူ့ကို သတ်ချင်နေတာလဲ?”
ဤအချိန်တွင်၊ အနည်းငယ် ဝေးကွာသော နေရာမှ၊ အလွန်တရား ကြီးကျယ်ခမ်းနားသော အသံတစ်ခုက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ဟုန်ယွိသည် ထိုအသံကို ကြားလိုက်သည်နှင့်၊ သူ့အဆုတ်ထဲရှိ လေတွေအားလုံးကို ညှစ်ထုတ်လိုက် သလို ခံစားရသည်။ သူ့စိတ်ဝိညာဉ်သည် မထိန်းနိုင်ဘဲ တုန်ခါပြီး၊ မူးဝေသွားသည်။ သူသည် မြေပြင်ပေါ်သို့ လဲကျတော့မလို ခံစားရသည်။ သူသည် အတိတ်ကျမ်းကို လှည့်ပတ်ပြီး သူ့စိတ်ဝိညာဉ်ကို ဖိနှိပ်ထားရုံသာ လုပ်ဆောင်နိုင်ခဲ့သည်။
သူ့ဘေးတွင်ရှိသော သခင်ကျိုးသည် ချက်ချင်းဆိုသလို မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး၊ သူ့ပုံရိပ်ကို ဂရုမစိုက်ဘဲ သင်္ဘောပေါ်တွင် ထိုင်ချလိုက်သည်။
ရွှေပင့်ကူသည် အဆိပ်သင့်ထားသလို မြေပြင်ပေါ်တွင် လှိမ့်သွားပြီး၊ သူမ၏ခြေလက်ရှစ်ဖက်က ကောင်းကင်ပေါ် ထောင်လျှက် သတိလစ်သွားသည်။
အသံတစ်ခု၏ဖိအားက ဤမျှ ပြင်းထန်လွန်းသည်။
ဟုန်ယွိ၏စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိတော့သည်။ “လူငယ်တစ်ယောက် ရိုက်နှက်ခံရပြီးနောက်၊ အဘိုးကြီးတစ်ယောက် ရောက်လာခဲ့ပြီ….။ ဒါ ဉဒေါင်းဘုရင်ပဲ ဖြစ်မယ်။”
အခန်း (၁၈၈)
“ရှင်းရွှန်, ရှင်က အသံနဲ့တင် ကျွန်မကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား။ ဒီနေ့ ရှင့်သမီးက ကျွန်မကို စော်ကားခဲ့တယ်။ ကျွန်မတို့ထဲက တစ်ယောက်မသေမချင်း ကျွန်မ မရပ်ဘူး…။”
ချန်ယင်းရှာက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူမသည် ကောင်းကင်တုန်ခါလေးကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ရပ်တန့်မသွားဘဲ၊ သူမ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်း ကာ၊ အနှစ်သာရ၊ ချီနှင့် ဝိညာဉ် အားလုံးကို ထုတ်လွှတ်ပြီး နောက်ထပ်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
“ဟမ်! တစ်ယောက်မသေမချင်း မရပ်ဘူးတဲ့လား။ ဒါဆိုလည်း ဒီနေ့ ငါက ငွေငါးမန်းဘုရင်ကို ပင်လယ်ထဲမှာ ငါးမန်းသေတစ်ကောင်အဖြစ် ပြောင်းလဲပေးမယ်!”
ကြီးကျယ်ခမ်းနားပြီး၊ တင်စီးလွန်းသည့် ဖိအားပေးသံက ကောင်းကင်ပေါ်မှ တဟုန်ထိုး ပျံ့နှံ့ရောက်ရှိလာသည်။ အသံလှိုင်းများသည် ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာသည့်အတိုင်း တွန့်လိမ်ပြီး လှိုင်းထနေသည်။ အဝါရောင် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ပင်လယ်ပြင်အထက်ရှိ လေထု အားလုံးသည် ဉဒေါင်းဘုရင် ရှင်းရွှန်၏အသံနှင့်အတူ တုန်ခါလှုပ်ရှားသွားပြီး၊ နာခံလိုသည့် ခံစားချက်ကို ပေးစွမ်းသည်။
ဤအသံပိုင်ရှင်သည် ကောင်းကင်နှင့်မြေကြီ၏ အရှင်သခင်နှင့် တူသည်။ ဤအသံအောက်ရှိ လူတိုင်းသည် ကောင်းကင်နှင့်မြေကြီးထံ နာခံရမည်ဖြစ်သည်။
“အသံတစ်ခုတည်းနဲ့တင် ကောင်းကင်နှင့်မြေကြီးအကြား နေရာအားလုံး ထိန်းချုပ်နိုင်တယ်။ ဒီလူရဲ့ တာအိုပညာရပ်တွေက တကယ်ပဲ ကြောက်စရာကောင်းလွန်းတယ်။ သူက မဟာနတ်ဆိုး အင်မော်တယ်ရှစ်ပါးရဲ့ ခေါင်းဆောင်ဖြစ်တာ မဆန်းပါဘူး။ ဒီလိုစွမ်းအားနဲ့ဆို ငါ တန်ပြန် တိုက်ခိုက်နိုင်စွမ်းတောင် မရှိလောက်ဘူး….။”
ဟုန်ယွိသည် ဉဒေါင်းဘုရင် ရှင်းရွှန်၏ တာအိုပညာရပ်များ၏ အစွမ်းထက်မှုကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။ သူ၏မူလပုံစံကို မပြဘဲ၊ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးမှပင်၊ အတွေးလှိုင်းတစ်ခုကို ပို့လွှတ်ပြီး အသံအဖြစ် ပြောင်းလဲနိုင်သည်။ စကားလုံး အနည်းငယ်ဖြင့်ပင်၊ သူသည် မိုင်ပေါင်းများစွာအကွာအဝေးအတွင်း ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်နိုင်သည်။ ရွှေပင့်ကူကဲ့သို့ တာအိုကျင့်ကြံမူတွင် ရုပ်လုံးဖော်ခြင်းနယ်ပယ် ကျွမ်းကျင်သူပင်လျှင် အသံတစ်ချက် ကြောင့် သတိလစ်သွားသည်။
ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေပြီး၊ စိတ်ဝိညာဉ်ကို အတွေးများအဖြစ် ခွဲထုတ်နိုင်သော သခင်ကျိုးပင်လျှင်၊ ဤကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးထားသော အစွမ်းထက်သော အတွေးလှိုင်းကြောင့် အသက်ရှူကြပ်သွားပြီး၊ သူ့တာအိုပညာရပ်များကို အသုံးပြုနိုင်ခြင်း မရှိပေ။
ဟုန်ယွိသည် အတိတ်ကျမ်းစာကဲ့သို့ လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး၊ သူ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ထိခိုက်မှုမဖြစ်အောင် အနည်းငယ်မျှသာ ထိန်းချုပ်နိုင်ခဲ့သည်။ တန်ပြန်တိုက်ခိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဤကဲ့သို့ ရန်သူတစ်ဦးကို ရင်ဆိုင်ရခြင်းသည် ဆင်းရဲသားတစ်ဦးက ဧကရာဇ်တစ်ပါးကို ရင်ဆိုင်ရသ လို ဖြစ်သည်။ မည်သို့ပင် ခုခံသည်ဖြစ်စေ၊ ၎င်းသည် အချည်းနှီးပင် ဖြစ်ရလိမ့်မည်။
ကျင့်ကြံမှုအဆင့်နှင့် အင်အားကွာဟချက်က တိုင်းတာဖို့ မဖြစ်နိုင်လောက်အောင် အလွန်ကြီးမားလွန်းနေသည်။
ပထမဆုံးအကြိမ်အဖြစ်၊ ဟုန်ယွိသည် ထိပ်တန်းတာအိုပညာရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းမူကို ခံစားလိုက်ရသည်။
ဤကြောက်မက်ဖွယ်ကောင်းမူက ဝူအိမ်တော်ထိန်းထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။
ဤကဲ့သို့ ရန်သူမျိုးကို ရင်ဆိုင်ရာတွင်၊ သေခြင်းတရားကို စောင့်ဆိုင်းနေရုံမှလွဲ၍ အခြား ဘာမှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ခုခံလျှင်ပင် အလဟဿ ချည်းနှီးသာ ဖြစ်ပြီး၊ ခုခံခြင်းက အဓိပ္ပာယ် မရှိပေ။
တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသော အသံလှိုင်းများနှင့် အတွေးလှိုင်းများသည် ကောင်းကင်တုန်ခါ လေးဖြင့် ထိန်းချုပ်ထားသော အကန့်သတ်မဲ့မြှားတို့ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
ဖျစ်….၊ ဖျစ်…၊ ဖျစ်…. ဖျစ်….။ ပြင်းထန်သော မီးပွားများ ထွက်ပေါ်လာပြီး၊ အကန့်သတ်မဲ့မြှားသည် အလွန်ကြီးမားသော ခုခံမှုတစ်ခုနှင့် ထိတွေ့လိုက်ရသလို ဖြစ်နေသည်။ မြေကြီးနတ်ဆိုးဓားပုတီးဖြင့် ဖွဲ့စည်းထားသော နောက်ဆုံးဥခွံအလွှာတစ်ခုသာ ကျန်ရှိတော့သော်လည်း၊ ၎င်းသည် ထပ်မံ တိုးမလာနိုင်ပေ။
“ချန်ယင်းရှာ၊ ငါ မင်းကို တကယ့် ဒြပ်ကြီးငါးပါးဓားသိုင်းကို ပြမယ်…..။”
ဉဒေါင်းဘုရင်သည် အကန့်သတ်မဲ့မြှား၏ တိုက်ခိုက်မှုကို ပိတ်ဆို့ပြီးနောက်၊ ကြီးမားသော အတွေးလှိုင်းတစ်ခုက ပင်လယ်ပြင်ကို ကီလိုမီတာပေါင်းများစွာအထိ တုန်ခါစေသည်။ ရုတ်တရက်၊ ဓားပုတီးငါးလုံးသည် ပေါက်ကွဲသွားသည်။
ရွှေရောင်အနှစ်သာရ နတ်ဆိုးဓားပုတီးသည် တဖန် ရွှေရောင်ဓားချီ ၃၆၀ အဖြစ် ဖွဲ့စည်းသွားပြန် သည်။ သို့သော်၊ ဤရွှေရောင်ဓားချီများသည် အရှည် ပေဆယ်ပေါင်းများစွာ ရှိသည်။ ဓားသွား၊ ဓားကျောရိုး၊ ဓားအမြီးနှင့် ဓားအရိုးတို့သည် ထင်ရှားစွာ ပေါ်လွင်နေပြီး လိုက်လျောညီထွေ ရှိသည်။ ရှင်းယုဆန်က ပြသခဲ့သော ရွှေရောင်အနှစ်သာရ နတ်ဆိုးဓားချီနှင့် နှိုင်းယှဉ်ပါက၊ ၎င်းသည် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းသည်။
ဤကြီးမားသော ရွှေရောင်ဓားများသည် ဟုန်ယွိ၏မျက်လုံးထဲတွင် ရှင်းလင်းစွာ ပေါ်လွင်သည်။ ဓားများသည် နှစ်ဖက်ခွဲထားသည်။ တစ်ဖက်တွင် ထူးဆန်းသော ရှေးဟောင်းပုံစံများ၊ နောက်တစ်ဖက်တွင်မူ ငှက်ပုံစံအက္ခရာများ ရှိနေသည်။
ဓားလက်ကိုင်သည် (ဓားအရိုး) သားရဲတစ်ကောင်၏ ဦးခေါင်းပုံစံဖြစ်ပြီး၊ ၎င်းသည် နဂါးနှင့်တူသော် လည်း နဂါးမဟုတ်သလို၊ ချီလင်နှင့်တူသော်လည်း ချီလင်လည်း မဟုတ်ပေ။ ဓားပေါ်ရှိ စုစည်းထား သော စိတ်ဆန္ဒသည် ဟုန်ယွိအား ရှေးခေတ်သူတော်စင်များ ဖန်တီးထားသော သူတော်စင် ဓားတာအိုကို သတိရစေသည်။
“ဒီဒြပ်ကြီးငါးပါးဓားသိုင်းက အစစ်မှန် ဓားဆန္ဒနဲ့ စိတ်ဆန္ဒပဲ။ ဒါက ရှေးခေတ် ဓားသူတော်စင်တွေရဲ့ တာအိုပဲ…..။”
ဟုန်ယွိသည် ရှေးဟောင်းမှတ်တမ်းများတွင် ရှေးခေတ်သူတော်စင်များ ကိုင်ဆောင်သော ဓားများစွာ ကို မြင်ဖူးသည်။ ၎င်းတို့သည် ဤပုံစံအတိုင်းပင်။ ရှေးခေတ်သူတော်စင်များသည် ဆူးပင်များကို ရှင်းလင်း ဖြတ်တောက်ကာ၊ သူတို့၏ဖြောင့်မတ်သော စိတ်ဆန္ဒကို အသုံးပြုပြီး စိတ်နှလုံးကို သန့်စင်ကြသည်။ သူတို့သည် ထက်ရှသော ဓားသွားကို သူတို့၏စိတ်ဆန္ဒဖြင့် သန့်စင်ကာ၊ သားရဲများနှင့် နတ်ဆိုးများစွာကို တိုက်ခိုက်ပြီး၊ လူသားများအတွက် နေထိုင်ရာနေရာများကို ဖွင့်လှစ်ပေးခဲ့သည်။ ဤဆန္ဒမျိုးသည် သူတော်စင်တာအို ဖြစ်သည်။
ယခု ဉဒေါင်းဘုရင်သည် ဒြပ်ကြီးငါးပါးဓားသိုင်းကို ကျင့်ကြံပြီးစီးခဲ့ပြီး၊ သူထုတ်လွှတ်သော သတ္တုနတ်ဆိုး အနှစ်သာရဓားများတွင် ရှေးဟောင်းသူတော်စင်တာအို၏ စိတ်ဆန္ဒများ ပါဝင်သည်။ ၎င်းသည် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိပေ။ အတွေးတစ်ခုတည်းဖြင့်ပင် လူများကို သူသည် ဤကမ္ဘာကြီး၏ အုပ်စိုးသူဖြစ်သည်ဟု ခံစားရစေသည်။
ဓား ၃၆၀ ဖွဲ့စည်းပြီးသည်နှင့်၊ ၎င်းတို့သည် စည်းချက်ကျကျ လည်ပတ်ကာ၊ ပို၍ကြီးမားသော ဓားအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ အကန့်သတ်မဲ့မြှား ကိုးစင်းသည် ချက်ချင်းဆိုသလို ဓားအစီအရင်ထဲတွင် ပိတ်မိသွားပြီး၊ ပြင်းထန်စွာ ထိမှန်သွားသည်။
“ရှင်းရွှန်….၊ ရှင် အတော်ကို မာန်တက်နေတာပဲ။ အတွေးတစ်ခုလေးနဲ့ ဒြပ်ကြီးငါးပါးဓားပုတီးကို ထိန်းချုပ်ပြီး ကျွန်မကို အနိုင်ယူနိုင်မယ်လို့ ထင်နေလား….။”
ချန်ယင်းရှာက ထပ်ကာထပ်ကာ ဟိန်းဟောက် ပြောဆိုလိုက်သည်။ ရုတ်တရက်၊ ကျယ်လောင်သော ဟစ်ကြွေးသံတစ်ခုနှင့်အတူ၊ အကန့်သတ်မဲ့မြှားသည် ပို၍အစွမ်းထက်လာသည်။ ၎င်းသည် ဓားအစီအရင်အတွင်း အပေါ်အောက် လှည့်ပတ်သွားလာပြီး၊ မီးလျှံအလုံးကြီးများက အကန့်သတ်မဲ့မြှားမှ ပေါက်ကွဲထွက်လာပြီး၊ ဓားအစီအရင်အတွင်း လှည့်ပတ်နေသည်။
ယန်ကျင့်ကျုံ၏လက်ထဲတွင်၊ အကန့်သတ်မဲ့မြှားသည် လက်ဖဝါးအရွယ်မီးလျှံများသာ ပစ်လွှတ်နိုင်ခဲ့ သော်လည်း၊ ချန်ယင်းရှာ၏ လက်ထဲတွင်မူ၊ ၎င်းသည် ဧရာမမီးလျှံအလုံးကြီးအဖြစ် ပေါက်ကွဲထွက်လာသည်။
“ရှန်ရှောင်တာအိုသခင်”။
ချန်ယင်းရှာသည် အကန့်သတ်မဲ့မြှား၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့်၊ သူမ၏ ဝှက်ဖဲမှော်ပညာကို အပြည့်အဝ အသက်သွင်းပြီး အားလုံး ထုတ်သုံးလိုက်သည်။
၎င်းသည် ငှက်လူသားမိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီး မဟုတ်တော့ဘဲ၊ ကျောက်စိမ်းသရဖူ ဆောင်းထားပြီး၊ ဖဲကြိုးငါးခုပါ ဝတ်ရုံဝတ်ထားသည့် တာအိုသခင် တစ်ဦးဖြစ်သည်။ ထိုတာအိုသခင်၏ မျက်နှာသည် အသက်ဝင်လှပြီး၊ သူ၏အမူအရာသည် တောင်တန်းများကဲ့သို့ မပြောင်းလဲပေ။ သူ့မျက်လုံးများထဲတွင် အကန့်အသတ်မရှိ မိုးကြိုးများ ယှက်နွယ်နေသည်။ ဖဲကြိုးငါးခုပါ သူ့ဝတ်ရုံပေါ်မှာလည်း နဂါးမြွေပုံစံ မိုးကြိုးလျှပ်စီးများကို စီတန်းထားသည်။ မိုးကြိုးလျှပ်စီး ကိုးသွယ်တိုင်းသည် နိုင်ငံတော်ကျောက်စိမ်းတံဆိပ်ကဲ့သို့ စတုရန်းပုံစံ မိုးကြိုးတံဆိပ်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။
“ဒါက ရှန်ရှောင်တာအိုသခင်လား”
ဟုန်ယွိသည် ထိုတာအိုသခင်ကို မြင်လိုက်ရသည်နှင့်၊ သူ့နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားသည် မိုးကြိုးလျှပ်စီးဖြင့် ထုပ်ပိုးခံထားရသလို ခံစားရပြီး၊ သူ့အတွေးများအားလုံး ထုံကျဉ်သွားသည်။
ချန်ယင်းရှာ၏ တာအိုဆရာသခင်သည် မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ အမြင့်ဆုံး လျှို့ဝှက်ချက် ဖြစ်ကြောင်း သူ သိထားသည်။ ရှန်ရှောင်တာအိုသခင်သည် ဖျက်ဆီးခြင်းသူတော်စင်ဘုရင်ကဲ့သို့ အကန့်အသတ်မရှိ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသည်။ (ရှေ့မှာတုန်းက နတ်ဘုရာတိမ်တာအိုဂိုဏ်းဟု ပြန်ဆိုခဲ့ပါသည်။ နောက်အခန်းများတွင် မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းဟု ပြောင်းလဲပြန်ဆိုပါတော့မည်။
ရှန်ရှောင်တာအိုသခင် ထင်ရှားထွက်ပေါ်လာသည်နှင့်၊ သူ၏မျက်လုံးနှစ်လုံးက ပထမဆုံး ချန်ယင်းရှာကို စိုက်ကြည့်လိုက်သည်။
ချန်ယင်းရှာသည် တုန်လှုပ်သွားသည်။ ထို့နောက် ရှန်ရှောင်တာအိုသခင်သည် သတ္တုနတ်ဆိုး အနှစ်သာရ ဓားအစီအရင်ကို လှည့်ကြည့်လိုက်သည်။ ရုတ်တရက်၊ သူ့မျက်လုံးများမှ စတုရန်းပုံစံ မိုးကြိုးလျှပ်စီး တံဆိပ်နှစ်ခု ပစ်လွှတ်လိုက်သည်။ ၎င်းသည် မိုးကြိုးကို ထိန်းချုပ်သော ကောင်းကင်ဘုရားတစ်ပါးက သူ့တံဆိပ်ကို အောက်သို့ ဖိနှိပ်ချလိုက်သည့်အတိုင်းပင်။
ဒိန်း!
မိုးကြိုးလျှပ်စီး တံဆိပ်နှစ်ခုသည် သတ္တုနတ်ဆိုး အနှစ်သာရဓားပေါ်တွင် ရိုက်ချလိုက်သည်။ ရုတ်တရက်၊ မိုးကြိုးလျှပ်စီးများ လက်သွားသည်။ ကောင်းကင်နှင့်မြေကြီးအကြား၊ ပြိုးပြိုးပျက်ပျက် အလင်းတစ်ခု လက်ခနဲဖြစ်သွားသည်။ ကမ္ဘာတစ်ခုလုံးသည် မိုးကြိုးလျှပ်စီးကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။ လူတိုင်းသည် ဤကမ္ဘာကြီး စတင်ဖြစ်ပေါ်စဉ်အခါ၊ နေရာအနှံ့ မိုးကြိုး လျှပ်စီးများရှိနေသည့် ရှေးဉီးခေတ်သို့ ပြန်လည်ရောက်ရှိသွားသလို ခံစားရသည်။
ထို့အပြင်၊ ချီဇီယန်နှင့် အခြားသိုင်းပညာရှင်များသည် သူတို့၏ခန္ဓာကိုယ်များ ထုံကျဉ်သွားသည်ကို ခံစားရသည်။
ရွှေရောင်နတ်ဆိုးဓားချီ တစ်ခုလုံးသည် ဤမိုးကြိုးလျှပ်စီးတံဆိပ်နှစ်ခုကြောင့် ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရသည်။
ရွှေရောင်ဓားပုတီးသည် သေးငယ်သော အလုံးတစ်ခုအဖြစ် စုစည်းသွားပြီး၊ ၎င်းပေါ်ရှိ တောက်ပမှု က မှိန်ဖျော့သွားသည်။ ၎င်းသည် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိသာသည်။
ချန်ယင်းရှ စုစည်းထားသော ရှန်ရှောင်တာအိုသခင်သည်လည်း မိုးကြိုးလျှပ်စီးတံဆိပ်ကို ထုတ်လွှတ်ပြီးနောက် ပျံ့လွင့်သွားသည်။ သူမခန္ဓာကိုယ်သည် အနည်းငယ် ဆုတ်ခွာသွားပြီး၊ သူမမျက်နှာက ဖြူဖျော့သွားသည်။
“ချန်ယင်းရှာ၊ ရှန်ရှောင်တာအို မိုးကြိုးပညာရပ်က အထွက်အထိပ် ပညာရပ်တစ်ခုပဲ။ မင်း မိုးကြိုး ကပ်ဘေးဒုက္ခကို မဖြတ်ကျော်နိုင်ခဲ့တာ အားနည်းချက်ပဲ။ မဟုတ်ရင်၊ မင်းအနေနဲ့ ရှန်ရှောင်တာအိုသခင်ကို အလွယ်တကူ အသုံးပြုနိုင်ပြီး၊ သူ့စွမ်းအားကလည်း သိသိသာသာ တိုးလာလိမ့်မယ်။ ဒါပေမယ့်၊ သတ္တုနတ်ဆိုးဓားချီ အစီအရင်ရဲ့ ပထမအလွှာကို ဖျက်ဆီးနိုင်ခဲ့တာ ချီးကျူးစရာပဲ။ ငါ့မျက်စိရှေ့ကနေ ထွက်သွားတော့။ ငါ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်!”
ဉဒေါင်းဘုရင်၏အသံက အကွာအဝေးမှ ရောက်ရှိလာသည်။ ထို့နောက်၊ အသံလှိုင်းများသည် လေထဲတွင် လှုပ်ခတ်ပြီး၊ ပိုးသားဝတ်ရုံဝတ်ဆင်ထားပြီး ခါးတွင် ငါးရောင်ချယ် ဖဲကြိုး ချည်နှောင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် စုစည်းသွားသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားကာ၊ ကမ္ဘာကို ငုံ့ကြည့်နေသည်။
ထိုအမျိုးသား၏ မျက်လုံးများသည် ဖြတ်ကျော် ကြည့်လိုက်သည်နှင့်၊ ဟုန်ယွိသည် သူ့ဝိညာဉ်က မီးလောင်နေသလို ခံစားရသည်။
“ဉဒေါင်းဘုရင်…..၊ နောက်ဆုံးတော့ ရှင့်ကိုယ်ပွားတစ်ခုကို ဒီကို ပို့လိုက်ပြီပဲ။ ရှင့်ရဲ့အတွေးလှိုင်း ကျွန်မကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ပြီ။ ရှင် ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းနေတယ်။ သတ္တုနတ်ဆိုးဓားချီ အစီအရင်ကို ကျွန်မ ဖျက်ဆီးပစ်လိုက်ပြီ။ ရှင့်မှာ ဘာဂုဏ်ယူစရာရှိသေးလဲ….။”
ချန်ယင်းရှာ၏မျက်လုံးများက လေထဲတွင် ပေါ်ထွက်လာသော အသက်ပိုင်းအရွယ် အမျိုးသားကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
ဤအခိုက်တန့်တွင်, ချန်ယင်းရှာ၏မျက်လုံးများသည် ပင်လယ်ထဲရှိ သွေးဆာသော ငါးမန်းတစ်ကောင်၏ မျက်လုံးများနှင့်တူသည်။
“ချန်ယင်းရှာ၊ မင်း ငါ့မျက်စိရှေ့က ထွက်မသွားဘူးဆိုရင်, ငါ ဒြပ်ကြီးငါးပါးကို တစ်ပြိုက်နက် အသုံးပြုပြီး မင်းကို ဖျက်ဆီးပစ်ရလိမ့်မယ်။” ဉဒေါင်းဘုရင်၏ ကိုယ်ပွားက လက်ကို ဝှေ့ယမ်းလိုက် ပြီး၊ ဓားပုတီးငါးလုံးက တိတ်ဆိတ်စွာ မျှောလွင့်နေသည်။
“ရှင်းရွှန်….။ ရှင် မိုနိုဂါတာရီကို လိုက်လံသတ်ဖြတ်နေတယ်လို့ ကျွန်မ ကြားထားတယ်။ ရှင် ကျွန်မနဲ့ တိုက်ခိုက်ရင် ရှင့်ကိုယ်ပွား ထိခိုက်ပြီး ဘေးအန္တရာယ် ဖြစ်ပေါ်လာမှာ မကြောက်ဘူးလား?” ချန်ယင်းရှာက သူမခါးကို ကွေးကာ အင်အားစုစည်းပြီး၊ ရုတ်တရက် ပြောလိုက်သည်။
“ဒီတစ်ကြိမ် ငါ မိုနိုဂါတာရီကို သတ်ဖြတ်ဖို့ ထွက်လာခဲ့တယ်။ ကောင်းကင်မြွေဘုရင် ဇနီးမောင်နှံ၊ သူတော်စင်တူယွမ်၊ ပိုင်ဖေးရှန်တို့နဲ့ ပူးပေါင်းပြီး မိုနိုဂါတာရီကို တိုက်ခိုက်ခဲ့တယ်။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ထွက်ပြေးသွားပြီ။ သေဖို့ သိပ်မလိုတော့ဘူး…..။”
ရှင်းရွှန်၏ကိုယ်ပွားက ချန်ယင်းရှာကို စူးစိုက်ကြည့်နေရင်း စကားလုံးတစ်လုံးချင်းစီကို ရှင်းလင်းစွာ ပြောလိုက်သည်။
“ရှက်မရှိ ကြွားဝါနေတာပဲ……။”
ရှင်းရွှန် ထိုစကားပြောပြီးသည်နှင့်၊ ကောင်းကင်ဘုံကိုးအဆင့်မှ စကားသံအချို့ မထင်မရှား ထွက်ပေါ်လာပါသည်။ ဤစကားလုံးများသည် အလွန်ရှေးကျပြီး၊ ၎င်းတို့၏ရှေးကျမှုကို ဖော်ပြရန်ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဤကမ္ဘာကြီး မဖြစ်ပေါ်မီ ရှေးခေတ်ကတည်းက ဖြစ်ပေါ်လာသည့် အတိုင်းပင် ခံစားရသည်။
“ငါတို့ဂိုဏ်းခေါင်းဆောင်က ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးဒုက္ခကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာပဲ။ သူ့မှာ မင်းတို့လို ပုရွက်ဆိတ်တွေနဲ့ ကစားဖို့ အချိန်မရှိဘူး။ သူက ငါတို့ ကိုးယောက်ကို ထားခဲ့ပြီး မင်းတို့နဲ့ တိုက်ခိုက်ခိုင်းခဲ့တာ။ ငါတို့တစ်ဖက်ဆီးမှာ အနိုင်အရှုံး ရှိခဲ့တယ်။ ဒါပေမယ့် မင်းက သူ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး ထွက်ပြေးသွားတယ်လို့ ပြောနေတယ်။ ရှင်းရွှန်…. မင်းရဲ့အရှက်ကင်းမူက မင်းရဲ့တာအိုပညာထက်တောင် ပိုအရေထူတာပဲ….။”
ရှေးဟောင်းအသံသည် ကောင်းကင်ဘုံကိုးဆင့်မှ ထွက်ပေါ်လာသည်။
ရုတ်တရက်၊ ကောင်းကင်သည် လင်းထိန်လာသည်။ အလွန်မြင့်မားသော နေမင်းကြီး၏ အနားအစွန်းတွင်၊ မီးလျှံတိမ်တိုက်တစ်ခု ဝိုးတဝါး ပေါ်ထွက်လာသည်။ ထိုမီးလျှံတိမ်တိုက်အတွင်း၊ အနည်းဆုံး အချင်းဝက် သုံးလေးမိုင်ပတ်လည်ရှိသည့် ဧရာမနဂါးခြေသည်းကြီးတစ်ခုသည် ကောင်းကင်ဘုံကိုးဆင့်မှ ဆင်းသက်လာခဲ့သည်။
ထိုနဂါးခြေသည်းကြီးနှင့် ၎င်း၏အကြေးခွံများသည် မီးနီရောင်ဖြစ်ပြီး၊ တောက်လောင်နေသော ချော်ရည်အရောင်နှင့်တူသည်။ ၎င်းသည် မည်သည့်ပုံရိပ်ယောင်မှ မဟုတ်ဘဲ၊ တကယ့် အစစ်မှန် နဂါးတစ်ကောင် ဖြစ်သည်။
ဤကမ္ဘာပေါ်ရှိ လူတိုင်း သိရုံသာသိပြီး မည်သူမျှ တစ်ကြိမ်မှ မမြင်ဖူးသော အစစ်မှန် နဂါးတစ်ကောင်သည် ကောင်းကင်ဘုံကိုးဆင့်မှ ခြေသည်းကြီးကို ချနင်းလာလေပြီ။
ထိုခြေသည်းကြီး၏ ရက်စက်ကြမ်းကြုတ်သော အစွမ်းသည် လူတစ်ဦး၏ အူအသည်းများကို အစိပ်စိပ်မွှာမွှာ ဖြစ်သွားစေရန် လုံလောက်သည်။
ဖုန်း။ ချီဇီယန်၊ လီလဲ့နှင့် အခြားသူများသည် ဤဖိအားဒဏ်ကို မခံနိုင်ဘဲ၊ စိတ်ဓာတ်ပြိုလဲကာ၊ မျက်လုံးများ မှောင်မိုက်သွားပြီး မြေပေါ်သို့ ပစ်လဲကျသွားသည်။
ဟုန်ယွိ၏ ဝိညာဉ်သည်လည်း ၎င်းကို တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ပျံ့လွင့်သွားခဲ့သည်။ သူ့မျက်လုံးများတွင် ကြယ်များ မြင်လိုက်ရပြီး၊ နဂါးကြီး၏ စွမ်းအင်လှိုင်း ရိုက်ခတ်မှုကြောင့် ထိခိုက်သွားခဲ့ကြောင်း ထင်ရှားသည်။
သခင်ကျိုးသည် ချက်ချင်း သတိလစ်သွားသည်။
ချန်ယင်းရှာ၏ နဖူးတွင် ချွေးစီးများ စီးကျလာသည်။
ဧရာမနဂါးခြေသည်းကြီးသည် ဉဒေါင်းဘုရင် ရှင်းရွှန်၏ ကိုယ်ပွားဆီသို့ ဖိချလာသည်။
ဉဒေါင်းဘုရင် ရှင်းရွှန်သည် နဂါးခြေသည်းကြီးကို ကြည့်ပြီး ဝင့်ကြွားစွာ အော်ဟစ်လိုက်သည်။ “မီးလျှံနဂါးကိုးကောင်၊ ငါ့စိတ်ဝိညာဉ်ကိုယ်ပွားက မင်းနဲ့ တိုက်ခိုက်ဖို့ အချိန်မရှိဘူး။ ငါ့သမီးကိစ္စ ဖြေရှင်းပြီးတာနဲ့၊ မင်းတို့ကို တခါတည်း ဖယ်ရှားပစ်မယ်။ မင်းတို့ညီအစ်ကို ကိုးကောင်ကို ဖယ်ရှား လိုက်တာနဲ့၊ မိုနိုဂါတာရီလည်း ခြေသည်းနဲ့ သွားမပါတဲ့ ကျားတစ်ကောင် ဖြစ်သွားလိမ့်မယ်!”
“ဒါဆိုလည်း မင်းတို့ ကြိုးစားကြည့်လေ။ ငါတို့ညီအစ်ကိုတွေက ငါတို့ဂိုဏ်းခေါင်းဆောင် အဆုံးမဲ့နတ္ထိသဘောတရားကနေ ဖန်တီးထားတဲ့ သက်ရှိတွေပဲ။ ငါတို့ ဖျက်ဆီးခံရရင်တောင်၊ သူက အသစ်တွေ ထပ်ဖန်တီးနိုင်သေးတယ်။ ဉဒေါင်းဘုရင်…. မင်း တကယ်ပဲ မသေနိုင် မဖျက်ဆီးနိုင်တဲ့ လူလားဆိုတာ ငါ ကြည့်ချင်မိသား…..။”
ရှေးဟောင်းအသံက ရယ်မောရင်း အော်ပြောလိုက်သည်။
“ယုဆန် သွားမယ်!”
ဓားပုတီးငါးလုံးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး၊ ဧရာမဥခွံငါးခုအဖြစ် ပြောင်းလဲကာ ဉဒေါင်းဘုရင်နှင့် ရှင်းယုဆန်ကို ရစ်ပတ်ထုပ်ပိုးလိုက်သည်။ ရုတ်တရက်၊ ထိုဥခွံများသည် နဂါးခြေသည်းကြီးနှင့် ထိတွေ့လိုက်သည်နှင့်၊ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်နှင့်အတူ၊ မြေကြီး၊ ရေနှင့် အခြားပြင်းထန်သော အနံ့များ ပေါက်ကွဲထွက်လာသည်။
နဂါးခြေသည်းကြီးသည်လည်း ပေါက်ကွဲမှုအပြီးတွင် ကောင်းကင်ထဲသို့ ပြန်လည် ဆုတ်ခွာသွား သည်။ မီးလျှံတိမ်တိုက်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ၎င်းတို့ မည်သည့်နေရာ ရောက်ရှိသွား ကို မည်သူမျှ မသိပေ။
ချက်ချင်းဆိုသလို၊ ကမ္ဘာကြီးတစ်ခုလုံး ကြည်လင်သွားသည်။
ပင်လယ်တစ်ခုလုံးသည် ဘာမှမဖြစ်ခဲ့သလို ငြိမ်သက်သွားသည်။ မြေကြီး၊ သတ္တုနှင့် အခြား ပြင်းထန်သော အနံ့များလည်း ပျံ့လွင့်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်၊ ဝေတိုင်ကန် လိုက်လံဖမ်းဆီးရန် စေလွှတ်ထားသော သင်္ဘောရာပေါင်းများစွာနှင့် ဟုန်ယွိ၏ သင်္ဘောခုနစ်စီးသာ ကျန်ရှိတော့သည်။
ထွန်းတောက်လာသော နေရောင်အောက်တွင်၊ နှစ်ဖက်သင်္ဘောပေါ်ရှိ လူများသည် အိပ်မက်ထဲ ရောက်နေသလို တစ်ဦးနှင့်တစ်ဦး ကြည့်နေကြသည်။
“ရှူး…..” ဟုန်ယွိသည် သူ့စိတ်ကို ထိန်းချုပ်လိုက်ပြီး၊ သူ့ရှေ့တွင်ရှိသော ရွှေရောင်ပန်းလည်း ပျောက်ကွယ်သွားသည်။
“ဒါက မီးလျှံနဂါးကိုးကောင်လား။ အခုနက ဖိအားက ငါ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလုမတတ် ပဲ။”
ဟုန်ယွိက ထရပ်လိုက်သည်။
“မင်းတို့ ဘာကို စောင့်နေသေးလဲ။ သူတို့ကို ဖျက်ဆီးလိုက်!” ချီဇီယန်၊ လီလဲ့နှင့် အခြားသူများသည် သတိပြန်လည်ရရှိလာပြီး၊ အပြင်ဘက်တွင် လိုက်လံဖမ်းဆီးရန် ရောက်နေကြသော သင်္ဘောများကို မြင်လိုက်ရသည်နှင့်၊ ဟုန်ယွိနှင့် အကြည့်ချင်း ဖလှယ်ကာ၊ ဟုန်ယွိက သတ်ဖြတ်ရန် ပြင်းထန်စွာ အမိန့်ထုတ်လိုက်သည်။
ဤအချိန်တွင်၊ ဟုန်ယွိသည် ဉဒေါင်းဘုရင်၏ကိုယ်ပွား တိုက်ခိုက်လာချိန် သူဖျက်ဆီးခံရတော့မည် ဟု နားလည်ထားစဉ် မီးလျှံနဂါးကိုးကောင်က ဉဒေါင်းဘုရင်နောက်ကို လိုက်လံလာခဲ့ပုံရသည်။ ဉဒေါင်းဘုရင်သည် ရှင်းယုဆန်နှင့်အတူ ထွက်ခွာသွားသည်။
“ရှင်းယုဆန်က သွေးသားပိုင်ဆိုင်တဲ့ ရုပ်ခန္ဓာကိုယ်ပဲ။ ဉဒေါင်းဘုရင်က သူမကို ခေါ်ဆောင်ပြီး ပျံသန်းသွားနိုင်တယ်။ သူ့တာအိုပညာရပ်က တကယ်ကို ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ ဒီနေ့ရောက်လာတာက သူ့ကိုယ်ပွားတစ်ခုပဲ။ သူ့အစစ်မှန် စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။ မီးလျှံနဂါးကိုးကောင်ကရော ဘယ်လို ဖြစ်တည်မှုမျိုးလဲ။ ငါကြားဖူးတာတော့ အဲဒီနဂါးတွေက မီးလျှံကိုယ်ပွားတွေတဲ့။ ဒီနေ့ ငါ ဘာလို့ အဲဒီလို မခံစားရတာလဲ။ အဲဒီနဂါးကြီးက သန့်စင်တဲ့ သွေးသားကို ပိုင်ဆိုင်ထားတဲ့ နဂါးတစ်ကောင် ပါ။”
ဟုန်ယွိသည် သတ်ဖြတ်ရန် အမိန့်ထုတ်ရင်း၊ သူ့စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ထွက်လာသည်။
ဒီနေ့ တိုက်ပွဲသည် အိပ်မက်တစ်ခုလို ဖြစ်ပြီး၊ သူ့အတွက် အံ့အားသင့်စရာများစွာ ပေးခဲ့သည်။
အစစ်မှန် တာအိုပညာရှင်တစ်ဦးသည် ဤမျှ ထိတ်လန့်ဖွယ်ရာ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။
ဒီနေ့၊ ဟုန်ယွိသည် “မြင့်မားတဲ့ကောင်းကင်ဘုံနှင့် အစွမ်းပိုထက်သူတစ်ယောက် အမြဲရှိနေတယ်” ဟူသော စကား၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်လိုက်သည်။
ဉဒေါင်းဘုရင်ကို ဥပမာပေး၍ ရပါသည်။ သူသည် အတွေးတစ်ခုတည်းဖြင့်ပင် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ အကယ်၍ ကိုယ်ပွားတစ်ခု ရောက်လာခဲ့ပါက၊ သူ့ နတ်ဘုရား စိတ်ဝိညာဉ် သည် ဖျက်ဆီးခံရမည်ဖြစ်ပြီး၊ မည်သည့်မှော်ရတနာမှ အသုံးမဝင်နိုင်ပေ။
“ဒါက ဒီကမ္ဘာကြီးရဲ့ ထိပ်တန်းတာအိုပညာရှင်တစ်ဦး၊ နတ်ဘုရားလို ပုဂ္ဂိုလ်တစ်ဦးပဲ။ တကယ်ကို အစွမ်းထက်လွန်းတယ်။ ဧကရာဇ်အာဏာထက် သာလွန်ပြီး ကောင်းကင်နဲ့ မြေကြီးအကြား လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်တာ မဆန်းတော့ဘူး။”
ဒါပေမယ့် အခုအချိန်မှာတော့၊ ငါ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး တိတ်တဆိတ်ပဲ နေနိုင်သေးတယ်။ အခုနက ဉဒေါင်းဘုရင်က ချန်ယင်းရှာကိုပဲ သတိထားမိပြီး၊ ငါ့ကို သတိမထားမိဘူး။ ငါလို သာမန် လူတစ်ယောက်က သူ့အာရုံထဲ ထည့်ရအောင် ထိုက်တန်တဲ့လူ မဟုတ်ဘူးထင်တယ်။ မီးလျှံနဂါး ကိုးကောင်ကလည်း ငါ့ကို သတိမထားမိဘူး။ ဒါက ပိုကောင်းပါတယ်လေ။ ဝေတိုင်ကန်ရဲ့ လိုက်လံဖမ်းဆီသူတွေကို ဖယ်ရှားပြီးရင်၊ ငါ အချိန်ယူပြီး အင်အားစုဆောင်းနိုင်ပြီ။ အထွက်အထိပ် ပုဂ္ဂိုလ်ကြီးတွေ သူတို့အချင်းချင်း တိုက်ခိုက်ကြပါစေ။ အခုအချိန်မှာ ငါ့မှာ ဘာစွမ်းအားမှ မရှိဘူး။”
ဟုန်ယွိသည် အချိန်ယူပြီး အင်အားစုဆောင်းရန် ဆုံးဖြတ်လိုက်သည်။
ယခုအခါ ဉဒေါင်းဘုရင်နှင့် အခြားထိပ်တန်းကျွမ်းကျင်သူများသည် ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်နေကြပြီး၊ ဤလူများသည် တာအိုပညာရှင်များ ဖြစ်ကြပြီး၊ သိုင်းပညာရှင်များ မဟုတ်ကြပေ။ သူတို့တိုက်ခိုက်ကြည့်အခါ, တဖက်လူကို ပြတ်ပြတ်သာသား အနိုင်ယူနိုင်ခြင်း မရှိကြဘဲ၊ လအတော်ကြာအောင် အနိုင်ရသူကို မဆုံးဖြတ်နိုင်ကြပေ။
ဝေတိုင်ကန်၏ လိုက်လံဖမ်းဆီးသူများကို ဖယ်ရှားပြီးသည်နှင့်၊ သူသည် အေးအေးဆေးဆေး အနားယူပြီး ကျင့်ကြံရန် အချိန်ရရှိလိမ့်မည်ဟု ယူဆသည်။
ဟုန်ယွိသည် အနားယူရန် ဆုံးဖြတ်လိုက်ချိန်မှာ နီးကပ်သော တိုက်ပွဲတစ်ခုက စတင်လာခဲ့သည်။
အခန်း (၁၈၉)။
ဖန်း…..၊ ဖန်း….၊ ဖန်း…..၊ ဖန်း….၊ ဖန်း…..၊ ဖန်း…….။
ဝှီး…..။ ဝှီး……။ ဝှီး….။ ဝှီး…။ ဝှီး…..။ ဝှီး….။ ဝှီး…..။
ပင်လယ်ပြင်ထက်တွင် လက်နက်များ ထိပ်တိုက်တွေ့ဆုံနေသည့် အသံနှစ်မျိုးသာ ကြားနေရတော့ သည်။ တစ်မျိုးမှာ “တဝှမ်းဝှမ်း”နှင့် လေးညှို့ဆွဲသံများဖြစ်ပြီး၊ နောက်တစ်မျိုးမှာ မြှားများ လေထုထဲ ဖောက်ထွင်းပျံသန်းသွားသည့် “တဝှီးဝှီး” လေတိုးသံများပင် ဖြစ်သည်။
ထိပ်သီးကျင့်သူများ၏ တိုက်ပွဲကြီးကြောင့် လူတိုင်း ထိတ်လန့်သွားခဲ့သော်လည်း၊ ယခုအခါ ထိုတိုက်ပွဲကြီး ပြီးဆုံးသွားသည့်အခါ သူတို့၏ သတိစိတ်များ ပြန်လည်နိုးကြားလာခဲ့သည်။ ဤနေရာရှိ လူများသည် သွေးထွက်သံယိုတိုက်ပွဲများကို ဖြတ်သန်းခဲ့ဖူးပြီး ကောင်းစွာ လေ့ကျင့်ထားသည့် စစ်သည်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ရာနှင့်ချီသော တိုက်ပွဲများကို ဖြတ်သန်းခဲ့ဖူးသည့် ရှင်တန်သိုင်းသခင်များလည်း ပါဝင်နေသည်။
“ရေနတ်ဆိုးတပ်ဖွဲ့၊ ရေထဲသို့ ဆင်းပါ။ ဝံပုလွေအစောင့်တပ်၊ ဘဲလက်စတာ့ပစ်စင်နဲ့ မြှားကြီးတွေကို အသင့်ပြင်ထားပါ။ ကောင်းကင်ဓားစစ်သည် ၂၄ ဦး၊ မင်းတို့လည်း ရေထဲဆင်းပြီး သင်္ဘောတွေဆီ ချဉ်းကပ်ပြီး တိုက်ခိုက်ကြပါ။”
ဤအချိန်တွင် ဉဒေါင်းဘုရင် ချင်းရွှန်သည် ရှင်းယုဆန်နှင့်အတူ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း၊ ဟုန်ယွိကို လိုက်လံဖမ်းဆီးနေသည့် အင်အားများသည် အလွန်အားကောင်းနေဆဲ ဖြစ်သည်။
ဝေတိုင်ကန်၏ အင်အားစုဖြစ်သည့် ရှင်တန်သိုင်းသခင် ၃၃ ဦးသည် တစ်ဦးမှ ဆုံးရှုံးခြင်း မရှိသေးပေ။ ယွန်မင်နိုင်ငံ၏ ရွှေရောင်ဝံပုလွေစစ်တပ်မှ ကျွမ်းကျင်ပညာများသည် သင်္ဘော ၃၀ မှ ၄၀ အထိ ရှိနေသည်။
ထိုသူများသည် လက်ရှိတွင် အနည်းဆုံး ၅၀၀ ခန့်ရှိပြီး၊ အားလုံးသည် လက်ရွေးစင် ကျွမ်းကျင်သူများ ဖြစ်သည်။ ရေကြောင်းတိုက်ပွဲစွမ်းရည်အရ သူတို့သည် ဆက်လက်တိုက်ခိုက်နိုင်စွမ်းရှိသည်။
ထို့ကြောင့် ဝေလျံချန်းသည် တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ဟုန်ယွိ၏ သင်္ဘောပေါ်တွင် တာအိုကျင့်သူများရှိနေသော်လည်း၊ သင်္ဘောနှစ်စင်းသည် နီးကပ်လျက် ရှိသည်။ အကယ်၍ သူတို့ သင်္ဘောများကိုသာ ချဉ်းကပ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါက၊ ဝေလျံချန်း၏ လက်အောက်ရှိ ရှင်တန် သိုင်းသခင်များဖြင့်ပင် တစ္ဆေအင်မော်တယ်တစ်ပါးကိုတောင် ကြီးကြီးမားမား ဆုံးရှုံးမူကြုံတွေ့ရ အောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။
အနီးကပ်တိုက်ပွဲများတွင် တာအိုကျင့်သူများသည် အားနည်းချက်များစွာ ရှိပေလိမ့်မည်။ ထို့အပြင် ဝေလျံချန်းထံတွင် သူ့ဝှက်ဖဲဖြစ်သည့် ဘဲလက်စတာ့ပစ်စင်ဖြင့်ပစ်ရသော ဒုံးမီးလျှံမြှားကြီး ၅,၀၀၀ လည်း ရှိနေသေးသည်။
ရှင်းယုဆန်၏ ၃၀ မှ ၄၀ ခန့်ရှိသော ရွှေရောင်ဝံပုလွေတပ် သင်္ဘောများတွင်လည်း လျှို့ဝှက် ပညာရှင်များ ရှိနေပြီး၊ ရေကြောင်းတိုက်ပွဲအတွက် သင့်လျော်သော အင်အားကြီးလက်နက်များ တပ်ဆင်ထားသည်။
“ဘဲလက်စတာ့ပစ်စင် ဒုံးမီးလျှံမြှားများ။ ဤသည်မှာ တားမြစ်ထားသော လက်နက်များ ဖြစ်သည်။ ဝေတိုင်ကန်သည် ၎င်းတို့ကို ပုဂ္ဂလိကအနေဖြင့် သိုလှောင်ထားရဲသည်တကား။ ထို့အပြင်, ဤမျှလောက် များပြားစွာပင်။ ဤပြစ်မှုတစ်ခုတည်းကိုပင် ဧကရာဇ်တရားရုံးသို့ အစီရင်ခံပါက၊ သူ့တစ်မိသားစုလုံး သုတ်သင်ခံရလိမ့်မည်။”
ဟုန်ယွိသည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေရင်း အမိန့်ပေးခဲ့သည်။ သူသည် မည်သည့် တာအိုပညာရပ်မှ အသုံးမပြုခဲ့ပေ။ ပထမချက်အနေဖြင့်၊ သူ၏ စစ်သည်များကို လေ့ကျင့်ပေးရန် ရည်ရွယ်သည်။ သူ့အနားတွင် ကျင့်သူများစွာ ရှိနေသော်လည်း၊ အစိမ်းရောင်တပ် စစ်သည်များသည် နောက်ထပ် လေ့ကျင့်မှုများ လိုအပ်နေသေးသည်။
ဒုတိယချက်အနေဖြင့်၊ ဝေတိုင်ကန်၏ လိုက်လံဖမ်းဆီးသူများသည် အလွန်များပြားသည်။ ၎င်းတို့ အားလုံးသည် သိုင်းသခင်များနှင့် အထွက်ထိပ် သိုင်းစစ်သည်တော်အဆင့်များ ဖြစ်သည်။ ၎င်းတို့ကို အကုန်သတ်ပစ်လိုက်ရင် အလွန်နှမြောစရာ ဖြစ်သည်။ သူသည် ၎င်းတို့ကို ထိန်းသိမ်းပြီး သူ့လက်အောက်တွင် အမှုထမ်းလာစေရန် သေချာပေါက် ဖမ်းဆီးထားရမည်။ ၎င်းတို့သည် ဝေတိုင်ကန်အပေါ် သစ္စာစောင့်သိသူများ ဖြစ်သော်လည်း၊ ကိုယ့်သခင်အတွက် မိမိကိုယ်ကို သတ်သေသူများသည် အနည်းငယ်သာ ရှိပေလိမ့်မည်။
တတိယချက်အနေဖြင့်၊ ရှင်းယုဆန်သည် ဉဒေါင်းဘုရင် ချင်းရွှန်၏ကိုယ်ပွားနှင့်အတူ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် သူ့ကို လိုက်လံဖမ်းဆီးနေသူများထဲတွင် အင်အားကြီးမား သည့် ပုဂ္ဂိုလ်များ မရှိတော့ပေ။ ချန်ယင်းရှာ၊ သူကိုယ်တိုင်နှင့် သခင်ကျိုးဟူသည့် တာအို ကျင့်ကြံသူ သုံးဦးဖြင့်ပင် အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်သည်။ ဤသည်မှာ သုံ့ပန်းများကို ဖမ်းဆီးရန် လက်တွေ့တိုက်ပွဲဝင် လေ့ကျင့်မှု၏ အစပင်ဖြစ်သည်ဟု ဆိုနိုင်သည်။
ဟုန်ယွိသည် ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်လွတ်မခံချင်ပေ။
သို့သော် သူမှားယွင်းခဲ့သည်။
အကြောင်းမှာ သူသည် အဝေးမှ သင်္ဘောများပေါ်တွင် ထူးထူးခြားခြား အရပ်မြင့်မားပြီး၊ ထူးကွဲစွာ သန်မာကြသည့် လူသန်ကြီးတစ်ရာကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရှန်ထိုက်ဇူကဲ့သို့ သန်မာကြပြီး သားရေသံချပ်ကာများကို ဝတ်ဆင်းထားကြသည်။ ၎င်းတို့ပုံစံက လူသားဝက်ဝံများသဖွယ် ဖြစ်ပြီး၊ သူတို့၏ အနက်ရောင်သံမဏိလေးများကို ဆွဲဖွင့်နေကြသည်။ တစ်ချိန်တည်းမှာပင်၊ သေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်လိုက်ရာ ယမ်းအနံ့နှင့် ခြောက်သွေ့သော ဆေးမှုန့်အနံ့များကို ရှုရှိုက်မိသည်။
ထို့နောက် ဤလူသန်ကြီးများသည် အလွန်ကျွမ်းကျင်သော လှုပ်ရှားမူများနှင့်အတူ ယမ်းအနံ့များ သင်းထုံလျက်ရှိသော ရှည်လျားသည့် မြှားများကို ထုတ်ယူကာ သေတ္တာများပေါ်တွင် ဆွဲခြစ်လိုက်ကြ သည်။ ထို့နောက် မီးကြိုးစွကို မီးဆွဲလောင်ကျွမ်းနေသည့်အသံများကို ကြားရသည်။
ထို့နောက် ဤလူသန်ကြီးများသည် လေးများကို ဆွဲပြီး ပစ်လွှတ်လိုက်သည်။ ရှည်လျားသော မြှားတစ်စင်းသည် ရုတ်တရက် ကောင်းကင်သို့ ပျံတက်သွားပြီး၊ အနုစိတ်သော မျဉ်းကွေးတစ်ခုဖြင့် လေထဲတွင် မီးနီရောင်လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေကာ သင်္ဘောများဆီသို့ ပြင်းထန်စွာ ရောက်ရှိလာသည်။
ချက်ချင်းဆိုသလို၊ ကောင်းကင်မှ ဥက္ကာပျံမိုးများ ရွာသွန်းလာသည့်နှယ် မီးလျှံများ ကျရောက် လာသည်။
ဟုန်ယွိသည် အော်ဟစ်လိုက်သည်။ သူသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ထိခိုက်ဒဏ်ရာရနေမှုကို ဂရုမစိုက်အားဘဲ၊ လက်ကို မြှောက်လိုက်ရာ အေးစိမ့်သော လေပြင်းများစွာက ပင်လယ်ရေ မျက်နှာပြင်ဆီသို့ လျင်မြန်စွာ တိုက်ခတ်သွားသည်။ ချက်ချင်းဆိုသလို၊ ပင်လယ်ရေမျက်နှာပြင်မှ ရေစက်များ ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး၊ ရေကန့်ကာတစ်ခုကို ဖြစ်ပေါ်စေကာ ပစ်လွှတ်လာသော မီးမြှားများကို တားဆီးလိုက်သည်။
ဘန်း….။ ဘုန်း….၊ ဘုန်း….။
ဤမီးမြှားများသည် ရေကန့်လန့်ကာနှင့် ထိတွေ့သည့်အခါ၊ ချက်ချင်းဆိုသလို မီးပွားများနှင့်အတူ တုန်ခါမှုလှိုင်းများအဖြစ် ပေါက်ကွဲသွားသည်။ ဧရာမဗြောက်အိုး ဂိုဒေါင်ကြီးတစ်ခု ပေါက်ကွဲသည့် နှယ်ပင်။
ဤမြှားများ၏ ပေါက်ကွဲအားသည် ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓား၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ မမီသော်လည်း၊ ၎င်းတို့တွင် ကျောက်တောင်များကို ဖျက်ဆီးနိုင်သည့် စွမ်းအား ရှိကြောင်း ဟုန်ယွိ သိရှိသည်။ ၎င်းတို့သည် သာမန်ဗြောက်အိုးများထက် ဆယ်ဆမက ပိုမိုအားကောင်းသည်။ အကယ်၍ လူတစ်ယောက်၏ဦးခေါင်းပေါ်သို့ ကျရောက်ခဲ့ပါက၊ သွေးစွန်းဒဏ်ရာများ ဖြစ်သွားလိမ့်မည်။
ဟုန်ယွိသည် သမိုင်းစာအုပ်များကို ဖတ်ရှုခဲ့ဖူးသည်။ ဤမြှားများသည် တော်ဝင်ချန် ဧကရာဇ်တရားရုံး၏ လျှို့ဝှက်ဆန်းကြယ်သော မီးကျည်လက်နက်များ ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံ၏ အပြင်းထန်ဆုံး လက်နက်များဖြစ်ပြီး၊ အလွန်လိုအပ်သည့်အခါမှသာ အသုံးပြုလေ့ရှိသည်။
ဤမြှားများကို တော်ဝင်ချန်ဧကရာဇ်တရားရုံးက ဖန်တီးထားခြင်းဖြစ်ပြီး၊ ဖန်ရှင်းတာအိုဂိုဏ်းမှ တာအိုကျင့်ကြံသူများကို ငှားရမ်းကာ ဖန်တီးထားခြင်း ဖြစ်သည်။ ပေါက်ကွဲမီးလျှံ အဆောင်ဓားနှင့် မတူသည်မှာ, ၎င်းတို့သည် တာအိုပညာရှင်များ၏ အတွေးများဖြင့် အသက်သွင်းရန် မလိုအပ်ပေ။ သာမန်လူများပင် ၎င်းတို့ကို မီးညှိပြီး ကောင်းကင်ယံသို့ ပစ်လွှတ်နိုင်သည်။ ၎င်းတို့သည် မြှားများ၏ ဖောက်ထွင်းအားပေါ် မမှီခိုဘဲ၊ ကျရောက်သည့်အခါ ပေါက်ကွဲအားပေါ်တွင်သာ မှီခိုသည်။
သို့သော် ဤမြှားများကို ပစ်လွှတ်ရန်မှာ အလွန်မင်း အန္တရာယ်များသည်။ အနည်းငယ်မျှ ဂရုမစိုက်မိပါက၊ ပေါက်ကွဲမှုကြောင့် မိမိကိုယ်ကို ဒဏ်ရာရစေနိုင်သည်။ သေချာလေ့ကျင့်မှုမရှိသည့် မြှားပစ်သူများသည် ယမ်းမှုန့်၏ သဘာဝကို ဖမ်းဆုပ်ကိုင်ရန် မဖြစ်နိုင်ပေ။ ထို့သို့ဖြစ်လျှင်, သူတို့သည် အကြောင်းရင်းအမျိုးမျိုးကြောင့်၊ ဤမြှားများကို ရန်သူများကို သတ်ဖြတ်ရာတွင် အသုံးမပြုနိုင်တော့ပေ။
ဤမြှားများကို လေ့ကျင့်သူဆယ်ဦးအနက် ကိုးဦးသည် သေဆုံးရခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်တတ်သည်။ ထို့ကြောင့် ဤမြှားများကို အကြီးစားဖျက်ဆီးရာတွင် အသုံးပြုရန် မဖြစ်နိုင်ပေ။ သို့သော် ၎င်းတို့သည် နိုင်ငံ၏ အပြင်းထန်ဆုံးလက်နက်များအဖြစ် အသုံးပြုနိုင်သည်။
ထို့အပြင် ဤမီးကျည်လက်နက်များသည် ဖန်တီးရာတွင် ပေါက်ကွဲတတ်သည်။ အလွန်အန္တရာယ် များသည်။ ဖန်ရှင်းတာအိုဂိုဏ်း၏ တာအိုကျင့်ကြံသူများပင်လျှင် ပေါက်ကွဲမှုကြောင့် အလွယ်တကူ သေဆုံးနိုင်သည်။
ဖန်တီးပြီးနောက် သိမ်းဆည်းရာတွင်လည်း အလွန်သတိထားရသည်။ ၎င်းတို့ကို ထိန်းသိမ်းရန် ခြောက်သွေ့သော ဆေးမှုန့်များစွာ လိုအပ်ပြီး၊ အချိန်ပြည့် လူအင်အားဖြင့် စောင့်ကြပ်ရသည်။ ရန်သူကို ဖျက်ဆီးရန်အတွက် ကျင့်ကြံသူတစ်ဦးသည် လျှို့ဝှက်ဝင်ရောက်ပြီး မီးပွားအနည်းငယ်ဖြင့် ပင် ၎င်းတို့ကို ဖျက်ဆီးဖောက်ခွဲပစ်နိုင်သည်။
ထို့ကြောင့် ဧကရာဇ်တရားရုံးသည် ဤမြှားများကို များစွာထိန်းချုပ်ထားခြင်း မရှိပေ။ ထို့အပြင် ဤအရာများသည် တားမြစ်ထားသည့်အရာများ ဖြစ်သည်။ အကယ်၍ ဧကရာဇ်တရားရုံး၏ အရာရှိများသည် ၎င်းတို့ကို ပုဂ္ဂလိကအနေဖြင့် ဖန်တီးခဲ့ပါက၊ ရာထူးမည်မျှ မြင့်မားသည်ဖြစ်စေ, ပြစ်ဒဏ်ခံရလိမ့်မည်။
ဟုန်ယွိသည် ဝေတိုင်ကန်အနေဖြင့် ဤမျှအတင့်ရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် ဤမြှားများကို ပုဂ္ဂလိကအနေဖြင့် ဖန်တီးထားသည်။ ထို့အပြင်၊ ဤမျှလောက်များပြားသော လက်ရွေးစင် မြှားပစ်သူများကိုပင် လေ့ကျင့်ပေးထားသေးသည်။
ဝက်ဝံသဖွယ် လူသန်မြှားပစ်သူများကို ကြည့်ရင်း၊ ၎င်းတို့တစ်ဦးစီသည် လက်ရာမြောက် ကျွမ်းကျင်မူနှင့်အတူ တိကျသောထိန်းချုပ်မှုများ ရှိသည်။ မြှားများ၏ မီးကြိုးစကို မီးညှိပြီးနောက် သူတို့သည် လုံးဝ မထိတ်လန့်ဘဲ၊ တိကျစွာ ပစ်လွှတ်နိုင်သည်။ ဟုန်ယွိသည် သူတို့ကို လေ့ကျင့်ရာတွင် လူပေါင်းများစွာ သေဆုံးခဲ့ရမည်ကို သိရှိထားသည်။
ဤမြှားပစ်သူတစ်ဦးစီသည် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။
ဝေတိုင်ကန်သည် နန်ကျိုးပြည်နယ်၏ ဘုရင်ခံ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဩဇာအာဏာကြီးမားသူ ဖြစ်သော်လည်း၊ ဤမီးမြှားများကို ဖန်တီးပြီး ၎င်းတို့ကို ပစ်ခတ်ရန် ထိပ်တန်း ပစ်ခတ်သူများကို လေ့ကျင့်ထားသည်။ ဟုန်ယွိသည် ယခုထိ အံ့သြထိတ်လန့်နေမိသည်။ ဤအုပ်ချုပ်ရေးမှူးသည် အမှန်တကယ် အတင့်ရဲလွန်းသည်။ သူသည် ဤကဲ့သို့အရာမျိုးကို လုပ်ရဲသည်။ သူ၏ဆွေမျိုးများကို လုံးဝ ဂရုမစိုက်ပေ။
“သခင်ကျိုး၊ ခင်ဗျား, သင်္ဘောတွေကို ကာကွယ်ဖို့ တာအိုပညာရပ်ကို အသုံးပြုပါ။ ရေထဲကို သတိထားပါ။ ရောက်လာသူမှန်သမျှ သတ်ပစ်လိုက်ပါ။ ချန်ယင်းရှာ၊ ခင်ဗျားလည်း လှုပ်ရှားရဉီးမယ်။ အဲဒီဝက်ဝံလူသန်ကြီး မြှားပစ်သူတွေကို မသတ်နဲ့။ ကျွန်တော် သူတို့ကို အရှင်ဖမ်းချင်တယ်။”
မီးမြှားတစ်ရာကို တားဆီးပြီးနောက်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်က ထပ်မံပြင်းထန်စွာ တုန်ခါသွားသည်။ သူသည် သူ၏ အတွေးများကို ပြန်လည်ရုပ်သိမ်းလိုက်ရာ ကြယ်များကို ထပ်မံ မြင်လိုက်ရပြန်သည်။
ချန်ယင်းရှာသည် သင်္ဘောရာပေါင်းများစွာပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသော ဝက်ဝံလူသန်ကြီး မြှားပစ်သူတစ်ရာကို တွေ့လိုက်ရသည်။ ဥက္ကာပျံများသဖွယ် မြှားမိုးများ ရွာသွန်းလာသည်ကို မြင်လိုက်ရပြီး၊ သူမသည် အနည်းငယ် အံ့သြသွားသည်။
သူမသည် တာအိုကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ ဖန်ရှင်းတာအိုဂိုဏ်း၏ ယမ်းမှုန့်လက်နက်များ၏ စွမ်းအားကို သိရှိထားသည်။ ဖန်ရှင်းတာအိုဂိုဏ်းသည် ယမ်းမှုန့်လက်နက်များဖြင့် ဆေးပြားများကို မီးရှို့ကာ၊ ခဲပြဒါးကို လောင်ကျွမ်းစေရန် အသုံးပြုသည်။ ဖန်ရှင်းတာအိုဂိုဏ်း၏ ခဲပြဒါးဖြင့် ပြုလုပ် ထားသည့် သန့်စင်ထားသော ဆေးလုံများသည် ရှေးယခင်ကတည်းက တာအိုဂိုဏ်းအမျိုးမျိုးမှာပင် ထင်ရှားသည်။ ၎င်းတို့အနက် ခရမ်းရောင်မိုးကြိုးယမ်းမှုန့်ဆေးလုံးသည် တစ္ဆေအင်မော်တယ်များပင် ကြောက်ရွံ့ရသည့်အရာ ဖြစ်သည်။ တစ္ဆေအင်မော်တယ်များသည် ခရမ်းရောင်မိုးကြိုး ယမ်းမှုန့် ဆေးလုံးဖြင့် ထိမှန်ပါက၊ သေဆုံးခြင်းမရှိသော်လည်း အရေပြားများ တစ်လွှာပြီးတစ်လွှာ ဆုံးရှုံးရလိမ့်မည်။
ဟုန်ယွိသည် မီးမြှားများကို ကြားဖြတ်ဟန့်တားရန် တာအိုပညာရပ်ကို အသုံးပြုနေသည်ကို မြင်လိုက်ရလျှင်, ချန်ယင်းရှာသည် ၎င်းတို့အားလုံးကို သတ်ဖြတ်ရန်အတွက် တာအိုပညာရပ်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။ သူမ၏ရုပ်ခန္ဓာကိုယ်သည်လည်း သင်္ဘောပေါ်တွင် ရှိနေသည်ကို သိထားရမည်။ အကယ်၍ မီးမြှားများသည် သင်္ဘောပေါ်သို့ ကျရောက်ပြီး ပေါက်ကွဲခဲ့ပါက၊ သူမပင်လျှင် ထိတ်လန့်တကြားဖြစ်ရမည့် အခြေအမျိုးကို ကြုံတွေ့ရနိုင်သည်။
ချန်ယင်းရှာက သတ်ဖြတ်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသဖြင့်၊ ဟုန်ယွိသည် သူမကို ချက်ချင်း တားဆီးလိုက်သည်။ ထိုလူသန်ကြီးများသည် ကျွမ်းကျင်သူများ ဖြစ်ရုံသာမက၊ ပိုအရေးကြီးသည်မှာ ၎င်းတို့သည် မြှားပစ်ရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မီးမြှားပစ်ခတ်ခြင်းကို ကျွမ်းကျင်စွာ ဆုပ်ကိုင်ထားနိုင်ပြီး၊ ယမ်းမှုန့်၏ သဘာဝကို ကောင်းစွာ နားလည်ထားသည်။ ဤကဲ့သို့ ကျွမ်းကျင်သူများကို အရှင်လတ်လတ် မဖမ်းဆီးနိုင်ပါက အလွန်နှမြောဖွယ် ကောင်းပေလိမ့်သည်။
ဟုန်ယွိ စကားပြောနေစဉ်မှာ……၊ ဘုန်း….။
ရုတ်တရက် “ဖုန်း” ဟူသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ အမြန်သင်္ဘောတစ်စင်းသည် ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ ယခင်မီးမြှားများထက် ဆယ်ဆမက ကြီးမားပြီး လူကြီးလက်မောင်း အရွယ်စားရှိသော မီးမြှားကြီးတစ်ချောင်းသည် ရုတ်တရက် ပျံထွက်လာသည်။ ဤမီးမြှားကြီးသည် ဘဲလက်စတာ့ပစ်စင်ဖြင့် ပစ်လွှတ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ချန်ယင်းရှာသည် လှုပ်ရှားလိုက်ပြီး၊ သူမ၏ အကန့်အသတ်မဲ့ မြှားများသည် သူ့အလိုလို ပျံတက်သွား ကာ၊ လေထဲတွင် မီးမြှားများကို တိကျစွာ ဖြတ်တားလိုက်သည်။ “ဖုန်း” ဟူသော ပေါက်ကွဲသံနှင့် အတူ၊ မှိုပွင့်ပုံစံ လိမ္မော်ရောင် မီးတောက်တစ်ခုသည် ပေါက်ကွဲသွားပြီး၊ ယမ်းမှုန့်၏ ပြင်းပြင်းရှရှ အနံ့က ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပါသည်။
“ဘဲလက်စတာ့ပစ်စင်တွေပါ ထည့်သွင်းထားသေးတာပါလာ။ ဝေတိုင်ကန်၊ ကျုပ်က ခင်ဗျားရဲ့ သားတစ်ယောက်ကိုပဲ သတ်ခဲ့တာလေ။ ခင်ဗျား ကျုပ် တကယ်ကြီး အသေသတ်ဖို့ ကြံစည်နေတာလား။” ဟုန်ယွိသည် စိတ်ထဲတွင် လျှို့ဝှက်စွာ ထိတ်လန့်သွားပါသည်။
ဤအကြိမ်တွင်၊ ဝေတိုင်ကန်သည် သူ့ကို သတ်ဖြတ်ရန်အတွက် ကျွမ်းကျင်သူများစွာကို စေလွှတ်ရုံ သာမက၊ ဘဲလက်စတာ့ပစ်စင်များနှင့် မီးလျှံမြှားများကိုပါ အသုံးပြုခဲ့သည်။ သူ့ကို သေသည်ထိ မသတ်နိုင်မချင်း ရပ်တန့်မည်မဟုတ်ကြောင်း ထင်ရှားသည်။
သခင်ကျိုးလည်း လှုပ်ရှားလိုက်သည်။ သူ့လက်ကို တစ်ချက်လှုပ်ခါလိုက်နှင့် ဆေဘာနှင့် ဓားရှည် ဆယ်ချောင်းကျော်က ပျံတက်သွားပြီး၊ ပင်လယ်မြွေများသဖွယ် ရေထဲသို့ ထိုးဆင်းသွားခဲ့သည်။ ချက်ချင်းဆိုသလို၊ ပင်လယ်အောက်ခြေမှ သွေးပန်းများ ထောင်ပေါင်းများစွာ ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင်, ငါးမန်းများစွာသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ အလျင်အမြန် စုရုံး ရောက်ရှိလာသည်။ ရေထဲတွင် ပုန်းအောင်းနေပြီး သင်္ဘောကို ဖျက်ဆီးရန် ကြံစည်နေသော ရေနတ်ဆိုးတပ်စု စစ်သည်များသည် ချက်ချင်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံရတော့သည်။
“မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်။”
ဝက်ဝံသဖွယ် လူသန်ကြီးများက ဒုတိယအကြိမ် မီးမြှားများကို ပစ်လွှတ်စဉ်၊ ဟုန်ယွိသည် ရုတ်တရက် မဟူရာနတ်ဆိုးကျီးကန်းအစီအရင်ကို အသုံးပြုလိုက်သည်။ ထိုအစီအရင်သည် သူ မုရုန်ယန်ထံမှ သင်ယူခဲ့သော ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ နတ်ဘုရား စိတ်ဝိညာဉ်ထိန်းချုပ် အစီအရင်တစ်ခု ဖြစ်သည်။
ဟုန်ယွိ၏ လက်ရှိ စိတ်ဝိညာဉ် စွမ်းအားဖြင့် အသုံးပြုသော မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်သည် မုရုန်ယန် အသုံးပြုစဉ်ကထက် ဆယ်ဆမက သာလွန်သည်။ ပြင်းထန်သော သွေးစွမ်းအားကို ပိုင်ဆိုင်ထားသည့် ရှင်တန်သိုင်းသခင်များမှလွဲ၍၊ သိုင်းစစ်သည်တော်များနှင့် သိုင်းသခင်များ အားလုံးသည် သင်္ဘောပေါ်တွင် လဲကျသွားကာ မလှုပ်ရှားနိုင်တော့ပေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များ သည် ထိန်းချုပ်ခံလိုက်ရသည်။
သူသည် မဟူရာနတ်ဆိုး ကျီးကန်းအစီအရင်ကို ဆယ်ကြိမ်ကျော် ဆက်တိုက် အသုံးပြုလိုက်ရာ၊ တစ်ကြိမ်လျှင် သိုင်းစစ်သည်တော် ဆယ်ဦးကျော်သည် သင်္ဘောပေါ်တွင် လဲကျသွားသည်။ ချက်ချင်း ဆိုသလို၊ ဝံပုလွေအစောင့်တပ်၏ မြှားသမား လူသန်ကြီးများအားလုံးသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းသွားကြသည်။
“ဒီလူရဲ့ တာအိုအစီအရင်က အမှန်တကယ် ထူးကဲလှတယ်။”
ဝေလျံချန်းသည် သူ၏တပ်သည် တစ်ခဏအတွင်း ကြီးကြီးမားမား ဆုံးရှုံးသွားသည်ကို မြင်လိုက်ရ သည်။ မီးမြှားများ၊ ဘဲလက်စတာ့ပစ်စင်များနှင့် ဒုံးမီးလျှံမြှားများပင်လျှင် အသုံးမဝင်တော့ပေ။
အထူးသဖြင့် အရပ်မျက်နှာအသီးသီးမှ ငါးမန်းများသည် ပိုမိုများပြားစွာ ရောက်ရှိလာကြသည်။ ဤတကြိမ်တွင် သူသည် အလွန်အန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း သူ သိရှိလိုက်သည်။
“ဒုတိယသခင်လေး၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဒါက ချန်ယင်းရှာရဲ့ ငါးမန်းတစ်သောင်းဝင်္ကပါ ပဲ။ ဟုန်ယွိက ချန်ယင်းရှာနဲ့ ပူးပေါင်းထားလိမ့်မယ်လို့ ကျွန်တော်တို့ မထင်မှတ်ထားဘူး။ ချန်ယင်းရှာ မရှိဘူးဆိုရင်၊ ဟုန်ယွိကို သတ်ဖို့က မခက်ခဲတော့။ ဒါပေမယ့်, ဒီလို ဆက်ပြီး လက်တိုက်ခိုက်နေရင် လည်း ကျွန်တော်တို့က သူ့ကို မယှဉ်နိုင်ဘူး။”
အိမ်တော်ထိန်းဖြစ်သူ ရှန်ယာက ဝေလျံချန်းအား ကြည့်ပြီး အခြေအနေကို အကဲဖြတ်ကာ ပြောကြားသည်။
“ငါတို့ လက်နက်ချကြတာပေါ့။” ဝေလျံချန်း၏ မျက်ဝန်းများက လက်ခနဲ တောက်ပသွားသည်။ “ငါတို့က အရာအားလုံးကို တွက်ဆခဲ့ပေမယ့်လည်း၊ ချန်ယင်းရှာနဲ့ ရှင်းယုဆန်ကိုလည်း ဉဒေါင်း ဘုရင် ချင်းရွှန်ကိုယ်တိုင် ကယ်ထုတ်သွားမယ်လို့ မထင်မှတ်ထားဘူးလေ။”
အမှန်တကယ်ဆို, သူတို့၏ အင်အားဖြင့် ဟုန်ယွိကို သတ်ရန် မခက်ခဲသော်လည်း၊ သူတို့၏ တွက်ဆမှုတွေက မှာယွင်းသွားခဲ့သည်။
“ဟုန်ယွိ။ တိုက်ပွဲကို ရပ်ကြရအောင်။ ငါ အရှုံးကို ဝန်ခံပါတယ်။ မင်းက ငါ့ညီလေး ဝေလဲ့ကို သတ်ပြီး၊ သူ့ ဖြိုခွဲခြင်းဆေဘာနဲ့ မိုးကြိုးလျှပ်စီး ဆေဘာကျမ်းကို ခိုးယူသွားခဲ့တယ်။ ငါတို့ မင်းဆီ လက်စားချေဖို့ ရောက်လာခဲ့တာက တရားမျှတပါတယ်။ အခု ငါ လက်နက်ချလိုက်ပြီ၊ မင်း သတ်ဖြတ်တာကို ရပ်တန့်ပေးရမယ်။”
ရုတ်တရက်၊ ဝေလျံချန်းသည် အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ လက်အောက်ငယ်သားများအား မလှုပ်ရှားရန် အမိန့်ပေးလိုက်သည်။
“လက်နက်ချတယ်ပေါ့။”
ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်သည်။ “ဒါဆို လွယ်ပါတယ်။ မင်းရဲ့ လူတွေ, လက်နက်တွေနဲ့ သံချပ်ကာတွေဝတ်စုံကို သင်္ဘောပေါ်မှာ ထားခဲ့ပြီး၊ ချက်ချင်း ရေထဲခုန်ဆင်းကြ။ ငါးမန်းတွေက မင်းတို့ကို သယ်ဆောင်သွားလိမ့်မယ်။ ငါ သုံးအထိ ရေတွက်မယ်။ တကယ်လို့, မင်းတို့က ရေထဲ ခုန်မချဘဲ ငါးမန်းတွေကို သယ်ဆောင်ခွင့် မပြုဘူးဆိုရင်, ငါ ချက်ချင်း မင်းတို့ကို သတ်ပစ်ပြီး၊ မင်းတို့အားလုံးကို ပင်လယ်ထဲမှာ သုတ်သင်ပစ်မယ်။”
“ဒီလှုပ်ရှားမှုက တကယ် ပြတ်သားလွန်းတယ်။” သခင်ကျိုးသည် ဟုန်ယွိကို လေးစားမှုဖြင့် ကြည့်လိုက်သည်။
တစ်ဖက်မှ လက်နက်ချခြင်းသည် အကြံအစည်မရှိဘဲ ဖြစ်ပေါ်လာခြင်း မဖြစ်နိုင်သော်လည်း၊ ယခု ဟုန်ယွိသည် ၎င်းတို့အား တစ်ယောက်ချင်း ရေထဲသို့ ခုန်ချရန်နှင့် လက်နက်များနှင့် သံချပ်ကာ အဝတ်များကို သင်္ဘောပေါ်တွင် ထားခဲ့ရန် အမိန့်ပေးလိုက်သည်။ ၎င်းသည် ၎င်းတို့၏ ပြန်လည် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို လုံးဝ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
“ဒုတိယသခင်လေး၊ ကျွန်တော်တို့ သူ့ကို သေတဲ့အထိ တိုက်ခိုက်ကြမယ်။” ရှန်ယာက အလျင်အမြန် ပြောကြားသည်။
“စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သံချပ်ကာအဝတ်တွေကို ချွတ်လိုက်ကြပါ။” ဝေလဲ့၏ မျက်ဝန်းများက ဖျတ်ခနဲ တောက်ပသွားပြီး၊ သူ၏အဝတ်အစားများကို ချွတ်လိုက်ရာ ငွေမီးခိုးရောင် သံချပ်ကာ တစ်ခုကို ထွက်ပေါ်လာသည်။ ၎င်းသည် ငွေမန်းသံချပ်ကာ ဖြစ်သည်။ သံချပ်ကာကို ချွတ်လိုက်ပြီး နောက်၊ သူ၏အတွင်းခံအဝတ်အစားများသာ ကျန်ရှိတော့သည်။ ထို့နောက် သူ၏လက်ထဲရှိ တန်ဖိုးရှိ သော ဓားရှည်တစ်ချောင်းကို သင်္ဘောပေါ်တွင် ပစ်ထားခဲ့ပြီး၊ “ဗွမ်း” ဟူသော အသံနှင့်အတူ ရေထဲသို့ ခုန်ချလိုက်သည်။
ထင်မထားဘဲ၊ ဧရာမငါးမန်းတစ်ကောင်သည် ရောက်ရှိလာပြီး၊ သူ့ကို ကျောပေါ်တင်ကာ ကျယ်ပြောလှသော ပင်လယ်ပြင်၏ အဝေးတနေရာသို့ ရေကူးသွားလေသည်။
သူတို့သခင်လေးဖြစ်သူက စံနမူနာပြခဲ့သည်ကို မြင်လိုက်ရသောအခါ၊ ဝံပုလွေအစောင့်တပ်၏ တပ်မှူးများ၊ ကောင်းကင်ဓားအစောင့် ၂၄ ဦးနှင့် လျှို့ဝှက်စွာ ပုန်းကွယ်နေသော တပ်မှူးများ၊ ရေနတ်ဆိုးတပ်စု၏ တပ်ဖွဲ့မှူးတို့သည်လည်း ၎င်းတို့၏ သံချပ်ကာများကို ချွတ်ကာ၊ လက်နက်များ ကို ပစ်ထားခဲ့ပြီး၊ ရေထဲသို့ ခုန်ချလိုက်ကြသည်။ ၎င်းတို့ကို နွားအရွယ်ရှိ ငါးမန်းများက သယ်ဆောင်ကာ အဝေးပင်လယ်ထဲသို့ ရေကူးသွားကြသည်။
“ထင်မထားဘူး၊ သူက အတော်လေး ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။”
ဝေလျံချန်း၏ ပြတ်သားမှုကို မြင်လိုက်ရသောအခါ၊ ဟုန်ယွိသည် စိတ်ထဲတွင် အနည်းငယ် လေးစားမှု ပေါက်ဖွားလာသည်။
ခဏအတွင်းမှာပင်၊ ယွန်မင်နိုင်ငံ, ရွှေရောင်ဝံပုလွေတပ်၏ သင်္ဘော ၃၀ မှ ၄၀ ပေါ်ရှိ ကျွမ်းကျင်သူ များစွာသည် ရပ်တည်နေကြသည်။ လူတိုင်းသည် ဟုန်ယွိ၏ သင်္ဘောပေါ်ရှိ လူများကို ဝံပုလွေ မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
“ချီဇီယန်၊ မင်း ယွန်မင်ဘာသာစကားနဲ့ သူတို့ကို ပြောလိုက်ပါ။” ဟုန်ယွိက ပြောသည်။
“ကောင်းပြီ။” ချီဇီယန်က ယွန်မင်ဘာသာစကားကို အသုံးပြုပြီး အသံကျယ်ကျယ်ဖြင့် အော်ပြော လိုက်သည်။ “မင်းတို့ အဝတ်အစားတွေကို ချွတ်ပြီး ရေထဲခုန်ချကြ။ ဒါဆိုရင် အသက်ရှင်နိုင်မယ်။ မဟုတ်ရင် အားလုံး သေရလိမ့်မယ်။”
“သတ်…..။”
ယွန်မင်ဘာသာစကားကို ကြားလိုက်ရသောအခါ၊ သင်္ဘော ၃၀ မှ ၄၀ ပေါ်ရှိ ရွှေရောင်ဝံပုလွေတပ်မှ ကျွမ်းကျင်သူ ၂၀၀ ကျော်သည် တစ်ညီတစ်ညွတ် အော်ဟစ်လိုက်ကြသည်။ ရုတ်တရက်၊ သင်္ဘောများသည် ရူးသွပ်သွားသည့်အလား သူတို့ဆီသို့ တဟုန်ထိုး တိုးဝင်လာကြသည်။
“ဉာဏ်နည်းလိုက်ကြတာ။ ဒီလူတွေက ဘီရှီဟွာရဲ့လူတွေလိုပဲ ဆင်ခြင်မဲ့လွန်းတယ်။”
ချန်ယင်းရှာက ခက်ထန်စွာ ပြောလိုက်သည်။ သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ၊ မက်မွန်နတ်ဘုရားဓားက ပျံတက်သွားပြီး၊ လေထဲတွင် အစိမ်းရောင်အရိပ်များ ဖြည့်လျှံသွားသည်။ ဓားစွမ်းအင်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး၊ ရွှေရောင်ဝံပုလွေတပ်မှ ကျွမ်းကျင်သူများ၏ လည်ပင်းများကို ဖြတ်တောက်လိုက်သည်။
ထမင်းတစ်နပ်စား အချိန်အတွင်းမှာပင်၊ ဤကျွမ်းကျင်သူများသည် အားလုံး သေဆုံးသွားကြသည်။ ၎င်းတို့အနက် အချို့သည် သူတို့၏ အဖိုးတန် ဓားရှည်များကို ထုတ်ယူကာ မက်မွန်နတ်ဘုရားဓားနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး၊ သူတို့၏ ထူးကဲသော ဓားစွမ်းရည်များကို ပြသခဲ့ကြသည်။
သို့သော်၊ မက်မွန်နတ်ဘုရားဓား၏ ထက်မြမှုသည် သွေးပုံစံသံမဏိနှင့်ပင် ယှဉ်နိုင်သည်။ မည်သည့် အဖိုးတန်ဓားရှည်ကမှ ၎င်းကို ထိခိုက်နိုင်ခြင်း မရှိပေ။
“အလွန်နှမြောစရာပဲ။ ဒီလူတွေထဲမှာ ရှင်တန်အဆင့် ကျွမ်းကျင်သူအနည်းတောင် ပါဝင်နေတယ်။ ရွှေရောင်ဝံပုလွေတပ်က ဧကရာဇ်အစောင့်တပ် ဖြစ်ပြီး၊ တစ်ဦးချင်းစီကလည်း အထွက်အထိပ်အဆင့် သိုင်းသခင်တွေချည်းပဲ။” ချီဇီယန်က သက်ပြင်းချလိုက်သည်။
ဟုန်ယွိ၏ မျက်နှာအမူအရာက မပြောင်းလဲပေ။ ဤပြည်ပကျွမ်းကျင်သူများကို သူ့လက်အောက်သို့ ခေါ်ယူ၍မရသည်ကို သူ သိရှိထားသည်။ သူတို့အားလုံးကို သတ်ဖြတ်လိုက်ခြင်းကသာ ကောင်းမွန်သည့် အဖြေတစ်ခု ဖြစ်သည်။
“အစိမ်းရောင်တပ်ဖွဲ့ စစ်သည်တွေ၊ သင်္ဘောတွေကို ရှင်းလင်းပြီး လက်နက်တွေကို စုဆောင်းပါ။” ဟုန်ယွိက ရိုးရှင်းသော အမိန့်တစ်ခု ပေးလိုက်သည်။
သူ့ကို သတ်ဖြတ်ရန် စေလွှတ်ခံရသူများ အားလုံးသည် လက်ရွေးစင် ကျွမ်းကျင်သူ ဖြစ်ကြသည်။ သူတို့လက်ထဲရှိ ဓားရှည်များနှင့် လေးများသည် ထိပ်တန်းပစ္စည်းများ ဖြစ်သည်။ ထို့အပြင်၊ အမြန်သင်္ဘောများစွာသည် အလွန်အသုံးဝင်သည်။
စစ်မြေပြင်ကို ရှင်းလင်းပြီးနောက်၊ “ငါ ဝေတိုင်ကန်ရဲ့ လူတွေကို ဘယ်လို ကိုင်တွယ်ရမလဲ။ ဒီလူတွေကို ကိုင်တွယ်ဖို့ မလွယ်ဘူး။”
ဟုန်ယွိသည် သံချပ်ကာတပ် သင်္ဘောပျံ အနည်းငယ် ရောက်ရှိလာပြီး၊ အမြန်သင်္ဘောများကို ထိန်းချုပ်နေသည်ကို ကြည့်ရင်း၊ ဝေတိုင်ကန်၏ လူများကို မည်သို့ကိုင်တွယ်ရမည်ကို စိတ်ထဲတွင် စဉ်းစားနေလေသည်။
အခန်း (၁၉၀)။
သင်္ဘောကုန်းပတ်ပေါ်တွင် စစ်ပွဲ၏ ဆုလာဘ်များကို အပုံကြီးတစ်ပုံအဖြစ် စုစည်းထားသည်။ ထိုအထဲတွင် ထက်မြသော ဓားရှည်များ၊ ခိုင်ခံ့သော လေးများနှင့် မြှားများ၊ လှပမြောက်လှပပြီး ကြံခိုင်သော သံချပ်ကာများ ပါဝင်သည်။
ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် စာရေးကူများနှင့်အတူ ဤဆုလာဘ်များကို စီစစ်ရေတွက်နေကြ သည်။ စာရင်းများကို မှတ်တမ်းတင်ပြီးနောက်၊ ၎င်းတို့ကို သင်္ဘောကုန်းပတ်ပေါ်ရှိ ထိုင်ခုံတွင် ထိုင်နေသော ဟုန်ယွိထံ လွှဲပြောင်းပေးကြသည်။
“ဟမ်း။ မီးလျှံမြှားသေတ္တာ အလုံးသေတ္တာ။ သေတ္တာတစ်လုံးမှာ မီးလျှံမြှား အချောင်းနှစ်ရာကျော် ပါဝင်ပြီး၊ စုစုပေါင်း လေးထောင်ကျော်ရှိတယ်။ ဝေတိုင်ကန်မှာ ဒီလောက်များတဲ့ မီးလျှံမြှားတွေ ရှိနေတာပါလား။ သူ ဘယ်ကရထားတာလဲ။”
စာရင်းစာအုပ်ကို ကြည့်ပြီးနောက်၊ ဟုန်ယွိသည် စာအုပ်ကို သူ့ဘေးရှိ ချန်ယင်းရှာထံ လွှဲပေးကာ သေတ္တာတစ်ခုမှ မီးလျှံမြှားတစ်ချောင်း ထုတ်ယူလိုက်သည်။
ဤလျှံမီးမြှားသည် သာမန်မြှားတစ်ချောင်းလောက်သာ ရှည်လျားသော်လည်း၊ မြှားခေါင်းကို သံမဏိဖြင့် ပြုလုပ်ထားခြင်း မရှိပေ။ မြှားခေါင်းကို အနီရောင် ဖော့စဖရပ်မှုန့်ဖြင့် ထူထဲစွာ ဖုံးအုပ်ထားပြီး၊ ထိုမှုန့်ထဲတွင် ယမ်းမှုန့်၏ ပြင်းထန်သော အနံ့များ ထွက်ပေါ်နေသည်။
ဟုန်ယွိသည် ယမ်းမှုန့်အကြောင်း အနည်းငယ် သိရှိထားသည်။ ကောင်းကင်မှတ်တမ်းများတွင် ယမ်းမှုန့် ထုတ်လုပ်ပုံနှင့် အသုံးပြုပုံကို ဖော်ပြထားသည်။ ဤလျှံမီးမြှား၏ မျက်နှာပြင်ကို ဖော့စဖရပ်မှုန့်ဖြင့် ဖုံးအုပ်ထားပြီး၊ အနည်းငယ် ပွတ်တိုက်မိရုံဖြင့် မီးလောင်ကျွမ်းနိုင်သည်။ အတွင်းတွင် ယမ်းမှုန့်ပါရှိပြီး၊ လေးဖြင့် ပစ်လွှတ်လိုက်လျှင်, ဖော့စဖရပ်မှုန့်သည် မီးလောင်ကာ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ပြင်းထန်သော သတ်ဖြတ်ခြင်း စွမ်းအားကို ဖန်တီးနိုင်သည်။
ချီဇီယန်သည်လည်း ဤလျှံမီးမြှားတစ်ချောင်းကို ယူကာ သေတ္တာပေါ်ရှိ သံမဏိအပိုင်းနှင့် ပွတ်တိုက် ကြည့်လိုက်သည်။ ထို့နောက် လေထဲသို့ ပစ်လွှတ်လိုက်ရာ “ဘုန်း” ဟူသော ပေါက်ကွဲသံနှင့်အတူ အနီးအနားတွင် ပေါက်ကွဲသွားသည်။ ကံကောင်းစွာဖြင့်၊ သူ၏ သိုင်းစွမ်းရည်သည် ခိုင်ခံ့သောကြောင့် ဒဏ်ရာမရရှိခဲ့ပေ။
“ဒီမြှားတွေက ယမ်းမှုန့်ရဲ့ဂုဏ်သတ္တိတွေနဲ့ ရင်းနှီးကျွမ်းကျင်ဖို့အတွက် အထူးလေ့ကျင့်ထားဖို့ လိုအပ်တယ်။ ဒါမှပဲ မြှားတွေရဲ့အင်အားကို အပြည့်အဝ ထုတ်ဖော်နိုင်မယ်။ မဟုတ်ရင်, တော်ဝင်ချန် ဧကရာဇ်က ဒီကမ္ဘာကြီးကို အမှန်တကယ် ပေါင်းစည်းနိုင်လိမ့်မယ်” ချီဇီယန်က သက်ပြင်းချလိုက်သည်။
ဟုန်ယွိသည် သေတ္တာထဲရှိ အခြောက်မှုန့်များစွာကို ကြည့်ပြီး လက်ဖြင့် ထိကြည့်လိုက်သည်။
“ဒီအခြောက်မှုန့်တွေကို ဘယ်လိုဖန်တီးထားတယ်ဆိုတာ မသိရပေမယ့်၊ ငါတို့ မြှားပစ်ရာမှာ အသုံးပြုတဲ့ မှုန့်တွေထက် အများကြီး ပိုကောင်းတယ်။”
လေးနှင့် မြှားများသည် ပင်လယ်ပြင်တွင် အပြင်းထန်ဆုံး လက်နက်များ ဖြစ်သည်။ သို့သော် ပင်လယ်ပြင်၏ လေထုသည် စိုစွတ်ပြီး၊ လေးနှင့် မြှားများသည် အလွယ်တကူ စိုစွတ်သွားတတ် သည်။ ထို့ကြောင့် အခြောက်မှုန့်များ သုတ်လိမ်းရန် လိုအပ်ပါသည်။
“ဒီအခြောက်မှုန့်တွေက ထူးခြားတယ်။ ဖန်ရှင်းတာအိုဂိုဏ်းမှာပဲ ထုတ်လုပ်ပုံ နည်းလမ်းရှိတယ်” ဟွာနွန်ယင်က ပြောသည်။ “ငွေကုန်သည်အသင်းက အဲဒီနည်းလမ်းကို အမြဲ ဝယ်ယူချင်နေခဲ့တာ။”
“ဒါကို မေ့လိုက်တော့။” ဟုန်ယွိက ရှေ့ကို လျှောက်လှမ်းလိုက်ပြီး၊ ဖြိုခွဲခြင်းဆေဘာနှင့် အတိအကျ တူညီသည့် ဆေဘာတစ်ချောင်းကို တွေ့ရှိသွားသည်။ ထိုဆေဘာတွင် ငါးမန်းသားရေဖြင့် ပြုလုပ်ထားသော ဓားအိမ်ပါရှိသည်။ ဆေဘာကို ဆွဲထုတ်လိုက်ရာ၊ ဆေဘာသွားတစ်ခုလုံးသည် ရေခဲအက်ကြောင်းလွှာများဖြင့် တောက်ပနေသည်။ ဆေဘာပေါ်တွင် ဂျူလူးဆေဘာ ဟူသော စာလုံးနှစ်လုံး ရေးထိုးထားသည်။
“ဂျူလူးဆေဘာ” ချီဇီယန်က ပြောသည်။ “ဒီဆေဘာက မဟာကျိုးမင်းဆက်, ဆေဘာသခင် ဝေယက်ဇီက ဖန်တီးခဲ့တဲ့ နာမည်ကျော် ဆေဘာဆယ်ချောင်းထဲက တစ်ချောင်းပဲ။ ဒီဆေဘာက ရွှေကို ဖြတ်တောက်နိုင်ပြီး ကျောက်စိမ်းကို ဖျက်ဆီးနိုင်တယ်။”
“မဆိုးဘူး…။ နာမည်ကျော် ဆေဘာဆယ်ချောင်းအနက် အကျဉ်းထောင်ဖိနှိပ်ခြင်းဆေဘာက ဟုန်ရှီရဲ့ လက်ထဲမှာပဲ။” ဟုန်ယွိက စိတ်ထဲတွင် တွေးတောလိုက်သည်။
ဤဂျူလူးဆေဘာသည် ဝေလျံချန်း ထားခဲ့သော လက်နက် ဖြစ်သည်။ ဝေမျိုးရိုး၏ ဒုတိယသခင်လေး ဖြစ်သူသည် သဘာဝအားဖြင့် ကောင်းမွန်သော ဆေဘာတစ်ချောင်းကို ပိုင်ဆိုင်ထားသည်။
“လီလဲ့…..၊ ဒီဂျူလူးဆေဘာက ခင်ဗျားအတွက်ပဲ။ ဒါ့အပြင်, ကျုပ်က ခင်ဗျားအတွက် ရွှေနက်ရောင်ကာဇယာ တစ်စုံလည်း ပေးအပ်မယ်။ မနက်ဖြန်ကစပြီး ခင်ဗျား မိုးကြိုးလျှပ်စီး ဆေဘာကျမ်းကို စတင်လေ့ကျင့်ရမယ်။” ဟုန်ယွိက သူ့လက်အောက်ငယ်သား တစ်ဦးအား ဂျူလူးဆေဘာနဲ့ ရွှေနက်ရောင်ကာဇယာတစ်စုံကို လဲ့လီထံ လွှဲပြောင်းပေးရန် အမိန့်ပေးလိုက်သည်။
“သခင်လေးကို အထူးကျေးဇူးတင်ရှိပါတယ်။”
လီလဲ့သည် အလွန်ဝမ်းမြောက်သွားသည်။
“ဒါ့အပြင်၊ မင်းတို့တစ်ဦးစီလည်း ငွေမန်းသံချပ်ကာနဲ့ ရွှေနက်ရောင်ကာဇယာ တစ်စုံစီ ဝတ်ဆင်ရ မယ်။ ဒီရတနာအဝတ်အစား နှစ်စုံကို တပြိုင်နက် ဝတ်ဆင်ထားမယ်ဆို, ဒီမီးလျှံမြှားတွေကတောင် ခင်ဗျားတို့ကို ထိခိုက်နိုင်မှာ မဟုတ်သလို၊ ဘယ်လိုအဖိုးတန်ရတနာဓားမျိုး ဖြစ်ပစေ တချက်တည်းနဲ့ ဖြတ်တောက်နိုင်မှာ မဟုတ်တော့ဘူး။”
ဟုန်ယွိသည် သူ့ဘေးရှိ ကျွမ်းကျင်သူများအား ပြောကြားလိုက်ပါသည်။
ဤအကြိမ်တွင်၊ သူသည် ရွှေနက်ရောင်ကာဇယာ ၂၂ စုံနှင့် ငွေမန်းသံချပ်ကာ အစုံ ၄၀ ကို ရရှိခဲ့သည်။ ၎င်းသည် သူ၏လက်အောက်ရှိ ထူးခတ်ကျင့်သူများအားလုံးကို သံချပ်ကာနှစ်ထပ်ဖြင့် တပ်ဆင်ရန် လုံလောက်သည်။
“သခင်လေး၊ ဝေလျံချန်းကို ခေါ်ဆောင်လာပါပြီ။”
ဤအချိန်တွင်၊ မုကလေး၊ ရှန်ထိုက်ဇူ၊ ဝမ်ဖေယန်နှင့် အကြီးအကဲရှန်တို့သည် ဝေလျံချန်းကို ခေါ်ဆောင်လာကြသည်။ ဝေမျိုးနွယ်၏ ဒုတိယသခင်လေးဖြစ်သူသည် ဝေလဲ့နှင့် အနည်းငယ် ဆင်တူသော်လည်း၊ သူ၏မျက်နှာပေါ်တွင် မည်သည့်ထိတ်လန့်မှု အရိပ်အယောင်မျှ မရှိပေ။ သူ၏အမူအရာသည် တည်ငြိမ်အေးဆေးပြီး၊ အလွန်ထက်မြက်သူတစ်ဦးဖြစ်ကြောင်း ပြသနေသည်။
ဤပုံစံသည် ဟုန်ယွိ၏ စိတ်ကို လျှို့ဝှက်စွာ လှုပ်ရှားစေသည်။ ဝေမျိုးရိုး၏ ဒုတိယသခင်လေးသည် ရိုးရှင်းသူမဟုတ်ကြောင်း သူ သိရှိလိုက်သည်။
“ဟုန်သခင်လေး၊ မင်း ငါ့ကို လွှတ်ပေးမယ်ဆို, ငါက သေမင်းအစောင့်တပ်သား တစ်ရာကို မင်းဆီမှာ သစ္စာခံဖို့ ကျိန်ဆိုခိုင်းမယ်။ ဒါ့အပြင်၊ ကောင်းကင်ဓားအစောင့် ၂၄ ဦး၊ ရေနတ်ဆိုးတပ်ဖွဲ့နဲ့ လူသားဝက်ဝံအစောင့်တပ်ရဲ့ တပ်မှူးတွေလည်း မင်းဆီမှာ သစ္စာခံဖို့ ကျိန်ဆိုခိုင်းမယ်။” (ဝေတိုင်ကန် စေလွှတ်ခဲ့စဉ်က ဝံပုလွေအစောင့်တပ်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းမှာ human bear guard ဟု ပါလာသောကြောင့် ပါသည့်အတိုင်း ပြန်ဆိုလိုက်ပါသည်။)
ဝေလျံချန်းသည် ဟုန်ယွိကို တွေ့သောအခါ တည်ငြိမ်စွာ ပြောကြားသည်။
“ဝေသခင်လေးရဲ့ သိုင်းပညာက မဆိုးပါဘူး။ မင်းက ရှင်တန်သိုင်းသခင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီ မဟုတ်ပါလား။ ဒါပေမယ့် မိုးကြိုးလျှပ်စီးဆေဘာကျမ်းက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ သခင်လေးတို့ မိသားစု လက်ဆင့်ကမ်း ဆက်ခံလာတဲ့ အဆုံးစွန် သိုင်းပညာရပ်က ဘာများဖြစ်မလဲ။” ဟုန်ယွိက ထရပ်လိုက်ပြီး ခြေနှစ်လှမ်းခန့် ရှေ့သို့ လှမ်းလျှောက်လိုက်ပါသည်။ သူက ဝေလျံချန်းကို စူးစိုက်ကြည့်ရင်း၊ ၎င်း၏ သစ္စာကျိန်ဆိုမှုကြောင့် လှုပ်ရှားသွားခြင်း မရှိပေ။
ဝေမျိုးရိုး၏ ရှင်တန်သိုင်းသခင်အဆင့်ကျင့်သူ ၃၃ ဦးသည် အလွန်ဆွဲဆောင်မှုရှိသော အင်အားတစ်ခု ဖြစ်ပြီး၊ သူသာ ၎င်းတို့ကို ရယူနိုင်ပါက သူ၏အင်အားသည် သိသိသာသာ တိုးမြှင့်လာမည် ဖြစ်သည်။ သို့သော် ထိုကိစ္စက မဖြစ်နိုင်သည်မှာ ထင်ရှားပါသည်။ ထိုကျွမ်းကျင်သူများသည် သစ္စာစောင့်သိသူများ ဖြစ်သည်။ အကယ်၍ သူတို့ကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့သည့်တိုင်၊ သူတို့သည် သူ့အနားတွင် အချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။
ဟုန်ယွိ၏ အတွေးများသည် သလင်းကျောက်ကဲ့သို့ ကြည်လင်ပြီး သန့်စင်သည်။ ဝေလျံချန်းသည် သူနှင့် ယဉ်ကျေးပျူငှာစွာ ပြုမူနေခြင်း၏ အကြောင်းအရင်းကို သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။
သို့သော်၊ ဟုန်ယွိသည် ဝေမျိုးနွယ်အကြောင်းကို အလွန်စိတ်ဝင်စားသည်။ လီလဲ့သည် ဝေမျိုးနွယ်၏ အိမ်တော်ထိန်းတစ်ဦးဖြစ်သော်လည်း၊ ၎င်းတို့၏ လျှို့ဝှက်ချက်များစွာကို မသိရှိပေ။
ယခုအခါ ဝေမျိုးနွယ်သည် သူ၏ သေစေလောက်သည့် ရန်သူတော်ကြီး ဖြစ်နေသည်။ အကယ်၍, သူသည် သူတို့၏ လျှို့ဝှက်ချက်များကို အဆုံးထိ မစူးစမ်းနိုင်ပါက, သူတို့၏ လျှို့ဝှက်အကွက်များကို မရိပ်စားနိုင်ဘဲ ဟုန်ယွိသည် စိတ်အေးချမ်းမှု မရရှိနိုင်ပေ။ အကယ်၍ တစ်ဖက်တွင် လျှို့ဝှက်အကွက် များ ကျန်ရှိနေသေးပါက၊ အနာဂတ်တွင် ၎င်းတို့ကို ကိုင်တွယ်ရာတွင် အားကိုးစရာ ရှိလာမည် ဖြစ်သည်။
ဝေမျိုးနွယ်၏ ကျင့်စဉ်များနှင့် ပတ်သက်၍လည်း ဟုန်ယွိသည် အလွန်စိတ်ဝင်စားသည်။
ဝေလျံချန်းသည် ဟုန်ယွိကို ကြည့်လိုက်သည်။ ရုတ်တရက်၊ သူ၏မျက်ဝန်းများက ဖျတ်ခနဲ လင်းလက်သွားသည်။ “ငါတို့ ဝေမျိုးနွယ်က မူလက ဝေမျိုးနွယ် မဟုတ်ဘူး။ ငါတို့ရဲ့ မူလမျိုးရိုးက ဂွန်ယန်ဖြစ်ပြီး၊ ယွန်မင်နိုင်ငံက ဆေဘာသူတော်စဉ် ဂွန်ယန်ယုရဲ့ ဆက်ခံသူတွေပဲ။ ဝေမျိုးရိုးဆိုတာက ယခင်ဧကရာဇ်က ချီးမြှင့်ပေးခဲ့တဲ့ မျိုးရိုးနာမည်ပဲ။”
“ဘာရယ်။” ဟုန်ယွိသည် အလွန်ထိတ်လန့်သွားသည်။ ၃၀ နှစ်ကြာ ပြည်နယ်ဘုရင်ခံအဖြစ် အုပ်ချုပ်နေသူသည် ယွန်မင်နိုင်ငံသား ဖြစ်နေသည် တကား။ “ဝေလျံချန်းက ဒီလောက်အရေးကြီးတဲ့ လျှို့ဝှက်ချက်ကို ငါ့ကို ပြောပြရဲတယ်လား။ သူသက အချိန်ဆွဲဖို့ အမှန်တကယ် ကြံစည်နေပုံရ တယ်။”
သူ့စိတ်ထဲတွင် အတွေးများက လျှပ်တစ်ပြက် ဖြတ်သန်းသွားရင်း ဟုန်ယွိက ပြုံးလိုက်သည်။ “ဒါက ဘာမျှမဟုတ်ပါဘူးလေ။ သမိုင်းစာအုပ်တွေမှာ, ယခင်မင်းဆက်ရဲ့ ဧကရာဇ်ဝူက အခြားနိုင်ငံက မင်းသားတစ်ပါးကို ဖမ်းဆီးပြီး မြင်းမောင်းသူအဖြစ် ခန့်အပ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ အဲဒီမင်းသား လည်း တဖြည်းဖြည်း တိုးတက်လာပြီး ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့တယ်။ ဒါတွေက ကောလဟာလတွေ ဆိုပေမယ့် မရှိခဲ့တာ မဟုတ်ဘူး။”
“ဒီအကြောင်းကိုရော ဟုန်သခင်လေး သိပါရဲ့လား။ အမှန်တကယ်ဆို, ငါ့အဖေမှာ နတ်လက်ကောင်းကင်ဓားဆိုတဲ့ အမည်ပြောင်တစ်ခုရှိတယ်။ သူက ယခင်ဧကရာဇ်ရဲ့ လျှို့ဝှက် ကိုယ်ရံတော်တစ်ဦးဖြစ်ပြီး၊ ကောင်းကင်နဂါးအစောင့်တွေရဲ့ တပ်မှူးတစ်ဦးလည်း ဖြစ်ခဲ့တယ်။ သူသည် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိပြီးနေပြီ” ဝေလျံချန်းသည် လျှို့ဝှက်ချက်များကို တစ်ခုပြီး တစ်ခု ထုတ်ဖော်ပြောကြားလိုက်သည်။ ထိုလျှို့ဝှက်ချက်များသည် ယခင်ကတည်းက တန်ဖိုးမရှိသည့် ရွံ့များအလားပင်။
“အိုး။ ဝေတိုင်ကန်က တကယ်ကို သိုင်းသူတော်စင်တစ်ပါး ဖြစ်နေတာလား… ဘယ်လိုဖြစ်နိုင်မှာ လဲ။” ဟုန်ယွိသည် ထိုစကားများမှ သတင်းအချက် အလက်များစွာကို ရယူနိုင်ခဲ့သည်။ သူသည် စိတ်ထဲတွင် လျှို့ဝှက်ထိတ်လန့်သွားသော်လည်း၊ မျက်နှာပေါ်တွင် ထုတ်မပြပေ။
“သူက ကုန်းယန်ယူရဲ့ ဆက်ခံသူဖြစ်ပြီး၊ ယခင်ဧကရာဇ်ရဲ့ လျှို့ဝှက် ကိုယ်ရံတော်တစ်ဦး ဖြစ်ခဲ့ပါက, သူ သိုင်းသူတော်စင် ဖြစ်နေတာက အံ့ဩစရာ မဟုတ်ဘူး။ ဒါပေမယ့်, ကျောက်စိမ်းမြို့တော်မှာ ကောင်းကင်နဂါးအစောင့်အကြောင်းကို ငါ ဘာလို့ မကြားဖူးရတာလဲ။”
“ကောင်းကင်နဂါးအစောင့်တွေက ဧကရာဇ်နဲ့ ဧကရာဇ်သင်္ချိုင်းကို ကာကွယ်ပေးရတယ်။ သူတို့က အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ ကိုယ်ရံတော် တွေပဲ။ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ မင်းသားတွေနဲ့ အိမ်ရှေ့စံမင်းသားတွေတောင် သူတို့အကြောင်းကို မသိရှိကြဘူး။ ဒါပေမယ့်, တကယ်လို့ ဟုန်သခင်လေးသာ ကောင်းကင်နဂါးအစောင့်တွေနဲ့ ပတ်သက်တဲ့ အချို့ကိစ္စတွေကို မင်းသားယုထံ ပြောပြလိုက်မယ်ဆိုရင်, ဒါက ကမ္မကုသိုလ်ကြီးတစ်ခု ပြုလုပ်တာပဲ…” ဝေလျံချန်းသည် ဟုန်ယွိ၏ အမူအရာကို ကြည့်ရင်း ဖြည်းညှင်းစွာ ပြောကြားသည်။
“မင်းသားယုက မသိဟန်ဆောင်နေတာ ဖြစ်နိုင်တယ်… ပြီးတော့, ငါက ဧကရာဇ်မိသားစုရဲ့ ကိစ္စတွေကို နားမထောင်ချင်ဘူး။” ဟုန်ယွိသည် ပိုမိုသက်တောင့် သက်သာဖြစ်စွာ ထိုင်လိုက်သည်။ သူသည် ကောင်းကင်နဂါးအစောင့်များတွင် မည်သည့်ပညာရှင်များရှိနေပြီး ၎င်းတို့ကို မည်သို့ တပ်ဖြန့်ထားသည်ကို အမှန်တကယ် သိရှိလိုသော်လည်း၊ ဝေလျံချန်း၏ရှေ့တွင် ၎င်းကို မည်သို့ ထုတ်ဖော် ပြသနိုင်မည်နည်း။
“ဒါဆို, ဟုန်သခင်လေးက ငါ့အဖေ ကျင့်ကြံထားတဲ့ သိုင်းပညာကို သိလိုပါသလား။ ဒါ့အပြင်၊ အိမ်ရှေ့စံမင်းသား လေ့ကျင့်ထားတဲ့ သိုင်းပညာကို သိလိုပါသလား။ တိုင်ရှန်တာအိုဂိုဏ်းက ယခင် ဧကရာဇ်နှစ်ပါးဖြစ်တဲ့ ထိုက်ကျုံးနဲ့ ကောင်းကျုံးတို့ကို ဘာ့ကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ရလဲဆိုတာ ရော မသိချင်ဘူးလား။” ဝေလျံချန်းက ထပ်မံ မေးမြန်းလိုက်သည်။
“တိုင်ရှန်တာအိုဂိုဏ်းက ယခင်ဧကရာဇ်နှစ်ပါးဖြစ်တဲ့ ထိုက်ကျုံးနဲ့ ကောင်းကျုံးတို့ကို လုပ်ကြံ သတ်ဖြတ်ခဲ့တာ အမှန်ပဲ။” ဟုန်ယွိသည် ထိတ်လန့် သွားသည်။ ဧကရာဇ်တစ်ပါးကို လုပ်ကြံ သတ်ဖြတ်ခြင်းသည် အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ ဟုန်ယွိသည် ရဲရင့်သူဖြစ်သော်လည်း၊ ဤရွှေခေတ်တွင် ၎င်းကို စိတ်ကူးပင် မယဉ်ရဲပါချေ။
“ဘာလို့လဲ။” ဟုန်ယွိသည် အသံအနည်းငယ် ခြောက်ကပ်ကပ်အသံဖြင့် မေးမြန်းလိုက်သည်။
“ထိုက်ကျုံးနဲ့ ကောင်းကျုံးတို့ဟာ တာအိုကျင့်စဉ်တွေကို ကျင့်စဉ်ခဲ့ပြီး၊ သူတို့ရဲ့ကျင့်ကြံမူကလည်း အလွန်နက်ရှိုင်းတယ်။ သူတို့က တစ္ဆေအင်မော်တယ်နယ်ပယ်အထိ ရောက်ရှိခဲ့တယ်။ ရှေးယခင်ကတည်းက၊ ဧကရာဇ်တွေဟာ သိုင်းပညာကိုပဲ လေ့ကျင့်နိုင်ပြီး၊ တာအို ကျင့်စဉ်တွေ ကို မကျင့်ကြံနိုင်ကြဘူး။ တိုင်ရှန်တာအိုဂိုဏ်းက ကမ္ဘာကြီးကို စောင့်ကြည့်ပြီး၊ တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင့်ကြံထားတဲ့ ဘယ်ဧကရာဇ်မဆို သတ်ဖြတ်လိမ့်မယ်။”
“တကယ်လို့, ဧကရာဇ်တစ်ပါးဟာ ကမ္ဘာကြီးကို ထိန်းချုပ်ပြီး တာအိုကျင့်စဉ်တွေကို ကျင့်ကြံကာ၊ တစ္ဆေအင်မော်တယ်အဆင့်အထိ ရောက်ရှိသွားပါ က၊ မျိုးဆက်တိုင်း ဧကရာဇ်တစ်ပါး ဖြစ်နိုင်မှာ မဟုတ်လား။ ဒါမျိုး ဖြစ်ခံမှာတဲ့လား။ ဒါပေမယ့်, ကမ္ဘာပေါ်မှာ ဧကရာဇ်အာဏာကို စောင့်ကြည့်နိုင်တဲ့ အင်အားစုမျိုး မရှိဘူး။ တိုင်ရှန်တာအိုဂိုဏ်းကတော့ ခြွင်းချက်ပဲ။” ချန်ယင်းရှာက ဘေးမှ အေးစက်စွာ ပြုံးလိုက်သည်။
“အိမ်ရှေ့စံမင်းသားက ဘယ်လိုသိုင်းပညာကို လေ့ကျင့်စဉ်ထားတာလဲ။ ဒီလိုဆို, စံမင်းသားမင်းသားရော တာအိုကျင့်စဉ်တွေကို ကျင့်ကြံထားသေး လား။” ဟုန်ယွိက မေးမြန်းလိုက်သည်။
“မှန်ပါတယ်။ အိမ်ရှေ့စံမင်းသားက ကောင်းကင်ဖန်ဆင်းခြင်းဆိုတဲ့ ဖန်ဆင်းခြင်းသိုင်းတာအိုကျမ်း ကို ကျင့်ကြံထားတယ်။ တခါတုန်းက ငါ့အဖေကိုလည်း ယခင်ဧကရာဇ်ကနေ ဖန်ဆင်းခြင်းသိုင်းတာအိုကျမ်းကို ပေးအပ်ခံတယ်။” ဝေလျံချန်းက ပြောသည်။
“ဖန်ဆင်းခြင်းတာအိုလား….။ ဒီကမ္ဘာပေါ်မှာ ဖန်ဆင်းခြင်းသိုင်းတာအိုကျမ်းက ရှိနေသေးတယ်လား။” ချန်ယင်းရှာသည် ဤစကားကို ကြားလိုက်ရသောအခါ ရုတ်တရက် ထရပ်လိုက်ပါသည်။
“ဖန်ဆင်းခြင်းတာအိုဆိုတာ ဘာလဲ။” ဟုန်ယွိက မေးလိုက်သည်။
“ရှေးဟောင်းတာအိုဂိုဏ်းတွေ အများကြီးရှိခဲ့တယ်၊ ဥပမာ တိုင်ရှန်တာအိုဂိုဏ်း၊ ကောင်းကင်နတ်ဘုရားတာအိုဂိုဏ်း၊ ဒြပ်ကြီးငါးပါးတာအိုဂိုဏ်းနဲ့ လျှိ့ဝှက်ယင်တာအိုဂိုဏ်းစတဲ့ ဂိုဏ်းတွေပေါ့။ သူတို့အားလုံးက အစွမ်းထက်တဲ့ တာအိုဂိုဏ်းတွေချည်းပဲ။ ဖန်ဆင်းခြင်းတာအိုဂိုဏ်းကတော့ တိုင်ရှန်တာအိုဂိုဏ်း၊ ဒိုင်ဇင်ဘုရားကျောင်းတို့နဲ့ တကယ့်ကို တန်းတူယှဉ်ပြိုင်နိုင်တဲ့ တာအိုဂိုဏ်းတစ်ခုပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက၊ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က ဒီဂိုဏ်းကို ဖျက်ဆီးခဲ့တယ်။ ဒါပေမယ့် တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လည်း သေဆုံးသွားခဲ့တယ်။ ကမ္ဘာကြီးရဲ့ လူတွေက ဒီတာအိုဂိုဏ်းကို မေ့လျော့ထားခဲ့တာ ကြလှပြီ။ ဖန်ဆင်းခြင်းကောင်းကင်ကျမ်းကတော့ တိုင်ရှန်တာအို ကျမ်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကျမ်းတို့နဲ့ တန်းတူဖြစ်တဲ့ အမြင့်မြတ်ဆုံး ရတနာတစ်ခုပဲ။” ချန်ယင်းရှာသည် ဝေလျှံချန်းကို စူးစိုက် ကြည့်လိုက်သည်။ “ဖန်ဆင်းခြင်းကောင်းကင်ကျမ်းကို အမြန်ထုတ်ပေးလိုက်။ မဟုတ်ရင်၊ ငါ မင်းရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပြီး နာကျင်မှုခံစားရ အောင် ချက်ချင်း လုပ်ပစ်မယ်။”
“ငါ ဖန်ဆင်းခြင်းကောင်းကင်ကျမ်းကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ငါ့ဖခင်တောင်မှ ဒီကျမ်းကို အနည်းငယ်လောက်ပဲ သင်ယူနိုင်ခဲ့တာ။ ဒီကျမ်းဟာ၊ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာသုံးခုနဲ့အတူ၊ ဧကရာဇ်ရဲ့ ဘဏ္ဍာတိုက်ထဲမှာ ရှိနေမှာပဲ။” ဝေလျှံချန်းက ခါးသီးစွာ ပြုံးလိုက်သည်။ “တော်ဝင်ချန် မင်းဆက် တည်ထောင်ချိန်တုန်းက၊ ကမ္ဘာပေါ်က ကျမ်းစာအားလုံးကို စုဆောင်းခဲ့တယ်။ သိုင်းပညာကျင့်စဉ်ကျမ်းတွေ၊ တာအိုကျမ်းတွေနဲ့ လျှို့ဝှက်ကျမ်းစာ အမျိုးမျိုးဟာ ဧကရာဇ်ရဲ့ ဘဏ္ဍာတိုက်ထဲမှာ ရှိတယ်။ ငွေငါးမန်းဘုရင်, ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင်၊ ခင်ဗျားရဲ့ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး ကျမ်းစာတွေကို ပြန်ယူမယ်ဆိုရင်, အခက်ခဲရှိမှာ မဟုတ်ပါဘူး။”
“ဟီး…၊ ဟီး…။” ချန်ယင်းရှာက သတ်ဖြတ်လိုသည့် အပြုံးတစ်ခုကို ထုတ်ဖော်ပြရင်း ပြောသည်၊ “နတ်ဘုရား စိတ်ဝိညာဉ် ကျင့်စဉ်အကြောင်းကို မပြောဘဲနေကြစို့။ ဖန်ဆင်းခြင်းကောင်းကင် ကျမ်းမှာ လူ့ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို တိုင်းတာတဲ့နည်းလမ်းတွေနဲ့ ကျင့်စဉ်နည်းလမ်းတွေ ပါဝင်နေတယ်။ ဒီကျမ်းက မက်မွန်နတ်ဘုရားဂိုဏ်း အနှစ်သာရဘုရားကျောင်း၊ လျှို့ဝှက်ကောင်းကင်စံအိမ်နဲ့ အစစ်မှန်ခုနှစ်စင်ကြယ်ဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး ကျမ်းစာတွေထက် အများကြီး သာလွန်တယ်။ တိုင်ရှန်တာအိုဂိုဏ်းနဲ့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာတွေနဲ့ပဲ နှိုင်းယှဉ်နိုင်တယ်။”
“ကောင်းပြီ။ ဝေလျှံချန်း၊ ဒီလို သွေးဆောင်တဲ့စကားတွေ မပြောနဲ့တော့။ ဒီအတိုင်းဆိုရင်၊ မင်းရဲ့ ဝေမျိုးရိုးက သင်ယူထားတဲ့ ဖန်ဆင်းခြင်း သိုင်းတာအိုကျမ်းကို ငါ့ကို ပေးလိုက်။”
ဟုန်ယွိက ခေါင်းမော့လိုက်သည်။
“ငါ မသိဘူး။” ဝေလျှံချန်းက အနည်းငယ် ပြုံးလိုက်သည်။ “ဝေမျိုးနွယ်မှာ၊ ငါဟာ ငါ့အဖေ့ရဲ့ အာရုံစိုက်မှုကို မရခဲ့ဘူး။ သူက ဝေလဲ့ကို အချစ်ဆုံးပဲ။ သူက ဖြိုခွဲခြင်းဆေဘာနဲ့ မိုးကြိုးလျှပ်စီး ဆေဘာကျမ်းကို ဝေလီကိုပင် သင်ပေးခဲ့တယ်။ သူ အရွယ်ရောက်လာတဲ့အခါ၊ ဖန်ဆင်းခြင်းသိုင်း တာအိုကျမ်းကိုလည်း သင်ပေးမှာပဲ။ သခင်လေး ဟုန်၊ မင်းလည်း ဟုန်မျိုးနွယ်ရဲ့ တရားမဝင် သားတစ်ယောက်ပဲ။ ငါ ဘယ်လိုတွေ ဖြတ်သန်းခဲ့ ရလဲဆိုတာ မင်းနားလည်မှာပါ။”
“ဒါကြောင့်၊ ဒီတစ်ကြိမ် ငါ လက်နက်ချခဲ့ပြီး၊ သခင်လေး ဟုန်ကို လျှို့ဝှက်ချက်တွေ အများကြီး ပြောပြခဲ့တာက သခင်လေး ဟုန်ကို တကယ့်စိတ်နှလုံးအကြွင်းမဲ့ ဆန့်ကျင်ချင်လို့ မဟုတ်ဘူး။ သခင်လေး ဟုန်၊ မင်းက ဝေလဲ့ကို သတ်ခဲ့တယ်။ ငါ့မှာ ညီလေးသတ်မှုအတွက် မင်းနဲ့ ရန်ငြိုးရှိ ပေမယ့်၊ မင်း ငါ့နေရာမှာ နေကြည့်စမ်းပါ။ တကယ်လို့ တစ်ယောက်ယောက်က ဟုန်ခမ်း၊ ဒါမှမဟုတ် ဟုန်ရှီကို သတ်ခဲ့ရင်၊ သခင်လေး ဟုန်ရော သူတို့ကို သတ်မှာလား။ သူတို့ကို မုန်းမှာလား။”
ဝေလျှံချန်းသည် ချောမောစွာ ပြောဆိုကာ၊ သူတွင် ဟုန်ယွိနှင့် ရန်ငြိုးမရှိကြောင်း အကောင်းဆုံး ရှင်းပြရန် ကြိုးစားသည်။
“ညီအစ်ကိုတွေ သတ်ဖြတ်ခံရတဲ့ ရန်ငြိုးက လုံးဝ ညှိနှိုင်းလို့ မရဘူး။ မင်းက ငါတို့ရဲ့ ရန်ငြိုးက ညှိနှိုင်း လို့ မရဘူးလို့ တွေးနေတာပေါ့၊ ငါက မင်းကို လက်အောက်ခံအဖြစ် လက်ခံမှာ မဟုတ်သလို မင်းရဲ့ အသက်ကိုလည်း ချမ်းသာပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် အခု မင်း ဒီလိုပြောလိုက်တော့၊ ငါ့သတိကို လျော့ရဲသွားစေပြီ။”
ဟုန်ယွိက ရယ်မောလိုက်သည်။
“ဟုတ်တယ်။ ငါ့နေရာမှာ မင်းဆိုရင်, သခင်လေး ဟုန်အနေနဲ့ ငါ့ကို သတ်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။” ဝေလျှံချန်းက ပြောသည်။
“ကောင်းပြီ၊ မင်းတို့ဝေမျိုးရိုးရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကို ချရေးပေးပါ။ မင်းက ဖန်ဆင်းခြင်း သိုင်းတာအိုကို မသိဘူးဆိုတော့၊ ငါ မင်းကို မဖိအားပေးတော့ဘူး။ ဒါပေမယ့် ဓားသူတော် ဂွန်ယန်ယုမှာ ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်တစ်ခု ရှိတယ်။ ပြီးတော့၊ မင်းရေးတဲ့အခါ၊ မင်းတို့ ဝေမျိုးရိုးရဲ့ အင်အားနဲ့ လျှို့ဝှက်ထားတဲ့ ပညာရှင်မှန်သမျှကိုလည်း ရေးပေးပါ။ ဒါ့အပြင်, အိမ်ရှေ့စံ မင်းသားရဲ့ လျှို့ဝှက်ချက်တချို့ကိုလည်း ရေးပေးရမယ်။ ငါ မင်းကို နာရီခြောက်နာရီ အချိန်ပေးမယ်။ ချရေးပြီးရင်၊ မင်း ငါ့ကို တစ်ခုခုကူညီပေးရမယ်။ အဲဒီနောက်မှ ငါ မင်းကို တကယ် ယုံကြည်မယ်။”
ဟုန်ယွိသည် ကြိုတင်ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“မှင်နဲ့ စက္ကူယူလာပေးပါ။”
“ဒီလူတွေကို သင်္ဘောအစီးနှစ်ဆယ်ပေါ်မှာ စုစည်းထားပါ။”
ထို့နောက်၊ ဟုန်ယွိ၏ စစ်သည်များသည် သင်္ဘောအစီးနှစ်ဆယ်ကို ဖယ်ထုတ်ပြီး အဝေးကို ရွက်လွှင့်သွားသည်။ ရေနတ်ဆိုးတပ်ဖွဲ့ဝင်များ၊ ကောင်းကင်ဓားအစောင့်များ၊ သေမင်းအစောင့်များ၊ နှင့် လူသားဝက်ဝံအစောင့်များ အားလုံးကို စုစည်းကာ၊ အလယ်ဗဟိုတွင် ငါးမန်းများ ဝိုင်းရံထားသည့် သင်္ဘောနှစ်ဆယ်ပေါ်တွင် စုဝေးခိုင်းလိုက်သည်။
နောက်ထပ် ခြောက်နာရီအကြာတွင်၊ နေ့လည်ခင်းသို့ ရောက်ရှိသွားခဲ့ပြီ။
ဝေလျှံချန်းသည် ခြောက်နာရီအတွင်း အဆက်မပြတ် ရေးသားနေခဲ့သည်။ သူသည် စာမျက်နှာ တစ်ခုပြီးတစ်ခု၊ ရုပ်ပုံများ၊ စကားလုံးများနှင့် အချက်အလက်များစွာကို ရေးသားခဲ့သည်။
“အို့။ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်လား။ ဒါက သိုင်းသူတော်စင် ခန္ဓာကိုယ် သန့်စင်နည်းလား။ ဘာလို့ အသက်ရှူနည်းက ကောင်းကင်မြွေ အသက်ရှူနည်းနဲ့ တူနေတာလဲ။ ဝိညာဉ်လိပ် အသက်ရှူနည်းနဲ့လည်း အတော်လေး ဆင်နေပြန်တယ်။ အဲဒီနှစ်ခုကို ပေါင်းစပ်ထားတာများလား။”
ဟုန်ယွိသည် ဝေလျှံချန်း ရေးမှတ်ထားသော သိုင်းပညာများကို ကြည့်လိုက်သည်။ သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ရုံဖြင့်၊ အသက်ရှူနည်း သည် ကောင်းကင်မြွေအသက်ရှူနည်းနှင့် ဝိညာဉ်လိပ်အသက်ရှူနည်းတို့ဖြင့် အနည်းငယ် တူနေသည်ကို ခံစားရသည်။ ၎င်းသည် ထိုပညာရပ်နှစ်ခုကို ရောစမ်းထားသည့်အတိုင်းပင်။
“အဲဒီတုန်းက၊ ဂွန်ယန်ယုဟာ သိုင်းပညာဝါသနာရှင် တစ်ယောက်ပဲ။ သူ့ရဲ့ ယခင်ဘဝမှာ၊ သူက ကောင်းကင်မြွေဘုရင်နဲ့ သိုင်းပညာအကြောင်း ဆွေးနွေးခဲ့ဖူးတယ်။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် မိုနိုဂါတာရီနဲ့လည်း သိုင်းပညာအမြင်တွေ ဖလှယ်ခဲ့တယ်။ ဒီလူက သူ့ရဲ့ သွေးကြောတွေကို စူးစမ်းလေ့လာခဲ့တယ်။ သူ့ရဲ့ သိုင်းပညာအပေါ် နားလည်မှုဟာ နက်ရှိုင်းပြီး နားမလည်နိုင်လောက်အောင်ပဲ။” ချန်ယင်းရှာက ဟုန်ယွိ၏ နားအနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်၊ “အဲဒီ ပြိုင်ဘက်ကင်း တာအိုပညာရှင်ကြီးတွေဟာ လူသားအင်မော်တယ်တွေ ဖြစ်လာပြီး လေဟာနယ်ဖြိုခွဲခြင်းနယ်ပယ်ကို ရောက်ချင်ကြတယ်။ ဒဏ္ဍာရီအရဆို၊ မိုးကြိုးကပ်ဘေး ကို အဆင့်ခုနစ်ဆင့်အထိ ဖြတ်ကျော်ပြီးရင်၊ နေနတ်ဘုရားအဖြစ် ကျင့်ကြံနိုင်ပြီ။ သိုင်းတာအိုမှာ လေဟာနယ် ဖြိုခွဲခြင်းနယ်ပယ်အထိ ဖြတ်ကျော်ပြီးရင်, အဲဒီနည်းလမ်းနှစ်ခုကို ပေါင်းစပ်နိုင်ပြီး လူတစ်ယောက်ဟာ တဖက်ကမ်းကို တက်လှမ်းပြီး၊ ပရမိတနယ်ပယ်ကို ရောက်ရှိနိုင်ပြီ။ သနားစရာကောင်းတာက တာအိုပညာရှင်တွေဟာ သိုင်းပညာတာအိုမှာ အများဆုံး သိုင်းသူတော်စင် အဆင့်အထိပဲ ရောက်ရှိနိုင်ကြတယ်။ သူတို့အနေနဲ့ လူသားအင်မော်တယ် ဖြစ်ဖို့ မျှော်လင့်ချက် မရှိဘူး။ မိုနိုဂါတာရီကိုယ်တိုင်တောင်မှ သူ့ခန္ဓာကိုယ်ကို လူသားအင်မော်တယ် အဆင့်အထိ မကျင့်ကြံနိုင်ခဲ့ဘူး။” (ရှေ့မှာတုန်းက နိဗ္ဗာနနယ်ပယ်ဟု အသုံးပြုခဲ့ဖူးသည်။ ပါရှိသည့်အတိုင်း ပြန်ဆိုထားခြင်း ဖြစ်ပါသည်)။
“အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်က ငါ့ဘိုးဘေးရဲ့ အစွမ်းထက်ဆုံး ခန္ဓာကိုယ်ကျင့်စဉ်ပဲ။ သူ့ရဲ့ မိုးကြိုးလျှပ်စီးဆေဘာကျမ်းဟာ ကိုယ့်ကိုယ်ကို ထိခိုက်စေပြီး ကြီးမားတဲ့ စွမ်းအားကို ထုတ်လွှတ် တယ်။ ဒါပေမယ့် ငါ့ဘိုးဘေးဟာ မိုးကြိုးလျှပ်စီးဓားကျမ်းကို ဘဝမှာ အကြိမ်များစွာ အသုံးပြုခဲ့ပေ မယ့်၊ သူ့ခန္ဓာကိုယ်ဟာ ဘယ်တော့မှ ထိခိုက်မှု မရှိခဲ့ဘူး။ ကောင်းကင်မြွေဘုရင်ကတောင် ငါ့ဘိုးဘေးဟာ လူသားအင်မော်တယ်အောက်မှာ အသန်မာဆုံးပုဂ္ဂိုလ်လို့ ပြောခဲ့တယ်။ ဒီအစစ်မှန် မဖျက်ဆီးနိုင်တဲ့ သိုင်းသူတော်စင် ခန္ဓာကိုယ်ကို ငါ့ဘိုးဘေးက ကမ္ဘာပေါ်က ကျွမ်းကျင်သူတွေ အားလုံးနဲ့ ဆွေးနွေးပြီး ဖန်တီးခဲ့တာပဲ။” ဝေလျှံချန်းက ပြောပြီး၊ သူ့မျက်လုံးများတွင် ထူးဆန်းသော အလင်းတစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
“ငါ အမြဲတမ်း ကောင်းကင်မြွေအသက်ရှူနည်းနဲ့ ဝိညာဉ်လိပ်အသက်ရှူနည်းကို ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပေမယ့်၊ ဘယ်တော့မှ အောင်မြင်မှုမရခဲ့ဘူး။ ကုန်းယန်းယူက ဒါကို အောင်မြင်ခဲ့တယ်ဆို တာ ငါ မသိခဲ့ဘူး။ ငါ့ရဲ့ သိုင်းပညာအတွေ့အကြုံက သူ့ရဲ့ သိုင်းပညာအတွေ့အကြုံနဲ့ နှိုင်းယှဉ်ရင်၊ တကယ့်ကို နှိုင်းယှဉ်လို့ မရဘူးပဲ။” ဟုန်ယွိက စိတ်ထဲတွင် တွေးတောလိုက်သည်။
“ဒါက ငါ့မိသားစုနဲ့ အိမ်ရှေ့စံမင်းသားရဲ့ သတင်းအချက်အလက်တွေပဲ။” ဝေလျှံချန်းက ဟုန်ယွိကို ပြောသည်၊ “သခင်လေး ဟုန်၊ အခု ငါ့ကို ယုံကြည်သင့်ပြီလေ။ နောက်ထပ် ဘာလုပ်ခိုင်းချင်သေးလဲ။”
“ဟင့်….။ မင်း ဒီကိစ္စကို လုပ်ပြီးပြီဆိုမှတော့ ငါ မင်းကို ယုံကြည်ပါပြီ။” ဟုန်ယွိက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ “အရင်ဆုံး မင်းရဲ့သိုင်းပညာကို ဖျက်ဆီးလိုက်မယ်၊ ပြီးတော့ မင်းရဲ့ လူတွေအားလုံး ကို ငါ့အပေါ် သစ္စာခံဖို့ ကျိန်ဆိုခိုင်းမယ်။ နောက်ဆုံးမှာ၊ ငါ မင်းကို ကျောက်စိမ်းမြို့တော်ကို ခေါ်သွား ပြီး၊ မင်းသားယုထံ အဆိုတင်သွင်းမယ်။ ဝေတိုင်ကန်က ယွန်မင်နိုင်ငံရဲ့ ရွှေရောင်ဝံပုလွေအစောင့် တပ်ရဲ့ တပ်မှူး ရှင်းယုဆန်နဲ့ ပေါင်းပြီး ပစိတ်ဖိတ်ရေတပ်ရဲ့ ဗိုလ်ကြီးတစ်ယောက်ကို လုပ်ကြံမှုနဲ့၊ မီးလျှံမြှားတွေကို လျှို့ဝှက်သိုလှောင်ထားမူနဲ့ စွဲချက်တင်မယ်။ မင်း ဝေတိုင်ကန်ရဲ့ မတရားမှုကို မကျေနပ်ဘူး မဟုတ်လား။ ဒါဆိုရင် ငါ မင်းအတွက် တရားမျှတမူရဖို့ သူ့ကို အပြစ်ပေးမယ်။ သူက မီးလျှံမြှားတွေကို လျှို့ဝှက်သိုလှောင်ထားပြီး ပြင်ပရန်သူတွေနဲ့ ပူးပေါင်းတယ်။ နိုင်ငံရဲ့ ဥပဒေတွေ အရ သူ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။”
“မင်း။” ဝေလျှံချန်းသည် ဟုန်ယွိတွင် ဤကဲ့သို့ အကွက်ဆိုး အကြံအစည်ဆိုးများ ရှိနေလိမ့်မည်ဟု မည်သည့်အခါမှ မမျှော်လင့်ခဲ့ပေ။
“ဟမ့်။ မလုပ်ချင်ဘူးလား။ မင်းက လိမ္မာပါးနပ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိတယ်။ ငါ မင်းကို ဘာလို့ ယုံကြည်ရမှာလဲ။” ဟုန်ယွိက ရယ်မောလိုက်သည်။ “မင်း ဒါလေးတောင် မလုပ်ချင်ဘူး။ ဒါနဲ့များ မင်းက ငါ့ယုံကြည်မှုကို ရယူချင်နေသေးတယ်။ ဘယ်နဲ့ညာ။ သူ့ကို ဖျက်ဆီးလိုက်စမ်း။”