← Chapters

အခန်း (၁၉၁-၁၉၃)

Vol. 17 Ch. 191-193

အခန်း (၁၉၁-၁၉၃)

Vol. 17 Ch. 191-193

အခန်း (၁၉၁)။

သေချာပါသည်။ ဟုန်ယွိသည် ဝေလျှံချန်းကို လုံးဝ ယုံကြည်မည် မဟုတ်ပေ။

အကယ်၍, တစ်ဖက်လူသည် သူ့ထံ အမှန်တကယ် ပူးပေါင်းလိုသည် ဆိုစေကာမူ, ဟုန်ယွိသည် သူ့အနေဖြင့် လုံးဝ ယုံကြည်မည် မဟုတ်ပေ။ အဆုံးတွင် တစ်ဖက်လူသည် သူ့ထံ အမှန်တကယ် ပူးပေါင်းလိုခြင်း လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။ သူသည် လျှို့ဝှက်ချက်များစွာကို ထုတ်ဖော် ပြောဆိုခဲ့ပြီး၊ သူ့အတွက် အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကျင့်စဉ်ကိုပင် ရေးသားပေးခဲ့သည်။

အကယ်၍ သူ့နေရာမှာ တစ်စုံတစ်ယောက်သာ ဖြစ်ခဲ့ပါက၊ ဤမျှ ကမ္ဘာကြီးကို လှုပ်ခတ်စေနိုင်သော လျှို့ဝှက်ချက်များကို ကြားသိရပြီး၊ ဆေဘာ သူတော်စင်၏ ခန္ဓာကိုယ်သန့်စင်ခြင်း လျှို့ဝှက်ကျင့်စဉ်များကို လက်ခံရရှိပြီးနောက်၊ သူတို့၏ စိတ်သည် သေချာပေါက် လှုပ်ရှားသွားပြီး ရှင်းရှင်း လင်းလင်း တွေးတောနိုင်စွမ်း ဆုံးရှုံးသွားပါလိမ့်မည်။

ထို့အပြင်၊ ဤအရာအားလုံးသည် လုံးဝ မဖြစ်နိုင်ပေ။ တစ်ဖက်လူသည် ဟုန်ယွိ၏အတိတ်ကို သူကိုယ်တိုင်နှင့် နှိုင်းယှဉ်ပြီး စိတ်ခံစားမှုအခြေအနေကို အသုံးချကာ ဟုန်ယွိ၏ စိတ်အခြေနေကို ထိခိုက်စေလိုခြင်း ဖြစ်သည်။

သူသည် ထိုကဲ့သို့ လျှို့ဝှက်ချက်မျိုးကို မည်သည့်ကုန်ကျစရိတ်မျှ မရှိဘဲ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ စိတ်ခံစားမှုကို အသုံးပြု၍ တဖက်လူကို စိတ်လှုပ်ရှား စေနိုင်သည်။ အကယ်၍, သူ့နေရာမှာ တစ်စုံတစ်ယောက်သာ ဖြစ်ခဲ့ပါက၊ မည်မျှ စိတ်အာရုံ ထက်မြက်သူ ဖြစ်စေကာမူ၊ အနည်းဆုံး ဝေလျှံချန်းသည် အသုံးဝင်သေးပြီး၊ တန်ဖိုးများစွာရှိသည်ဟု ခံစားမိကာ၊ သူ့ကို အသက်ရှင်ခွင့် ပေးပါက အသုံးဝင်နိုင်သည်ဟု ထင်မှတ်ကြလိမ့်မည်။

သို့သော်၊ ဟုန်ယွိသည် သမိုင်းစာအုပ်များကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့သူ ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ကောက်ကျစ် စဉ်းလဲပြီး နားလည်ရခက်သော လူသားတို့၏ စိတ်နှလုံးနှင့် နက်နဲမှုများကို သိရှိနားလည်ထားသည်။ သူ့စိတ်ထဲတွင် ရှင်းလင်းသည့် အတွေးတစ်ခု ကိုသာ သိမ်းဆည်းထားပြီး၊ သူ၏စိတ်သည် အထူးတည် ငြိမ်သည်။ သို့ဖြစ်ရာ၊ သူသည် မည်သို့ လှုပ်ခတ်နိုင်မည်နည်း။

ထို့အပြင်၊ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်တွင် ကောင်းကင်မြွေအသက်ရှူနည်းနှင့် ဝိညာဉ်လိပ်အသက်ရှူနည်း ပေါင်းစပ်ရာမှာ အားနည်းချက် အနည်းနှင့်အများ ရှိနေပါသည်။

အကယ်၍ အခြားသိုင်းပညာရှင်သူတစ်ဦး ဆိုပါက၊ ထိုကျမ်းစာကို ကြည့်ရှုပြီးနောက် အားနည်းချက်များကို မတွေ့မြင်နိုင်ပေ။ သို့သော်၊ ဟုန်ယွိသည် ထိုသိုင်းပညာနှစ်ခုကို အမြဲလေ့လာခဲ့ပြီး၊ အတွေးမရှိငြိမ်သက်မူ အခြေအနေကို အသုံးပြု၍ ထိုသိုင်းပညာနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန်ပင် ကြိုးစားခဲ့သည်။ သူသည် ထိုပညာရပ်နှစ်ခု ပေါင်းစပ်မူကို အချိန်ကြာရှည်စွာ တွေးတောခဲ့သည်ဖြစ်ရာ၊ ဤအနည်းငယ်သော အားနည်းချက်များကို မည်သို့ မမြင်နိုင်ဘဲ ရှိနေမည်နည်း။

ဤဝေလျှံချန်းသည် သိုင်းပညာဖြင့် သူ့ကို လှည့်ဖြားနေခြင်း ဖြစ်သည်။ ထိုအရာမှတဆင့် သူသည် အခြားနယ်ပယ်များတွင်လည်း လှည့်ဖြားနေသည် ကို ဖော်ပြနေသည်။ သူ၏ စကားများသည် မမှန်ကန်မှုများနှင့် ပြည့်နှက်နေပြီး ယုံကြည်၍ မရပေ။

ဟုန်ယွိ သေချာပေါက် ပြောနိုင်သည်မှာ၊ အကယ်၍ သူသည် ဝေလျှံချန်း ရေးပေးထားသော အစစ်မှန် သိုင်းသူတောာ်စင် ခန္ဓာကိုယ်ကျင့်စဉ်အတိုင်း အမှန်တကယ် ကျင့်ကြံခဲ့ပါက၊ သူ၏ ကိုယ်အတွင်းအင်္ဂါ ကလီစာများသည် အနည်းဆုံး နေရာရွှေ့သွားပြီး သွေးအန်မူများ ဖြစ်ပေါ်လာနိုင်သည်။

အသက်ရှူနည်းပညာရပ်များသည် ကြွက်သားများ၊ အရိုးများနှင့် အသားများကို လေ့ကျင့်ခြင်းနှင့် မတူပေ။ အကယ်၍, ကိုယ်အတွင်းအင်္ဂါကလီစာများ ထိခိုက်ပျက်စီးသွားပါက၊ ကုသရန် ခက်ခဲလိမ့်မည်။

ယင်းက ဟုန်ယွိသည် ကောင်းကင်မြွေအသက်ရှူနည်းနှင့် ဝိညာဉ်လိပ်အသက်ရှူနည်းကို ပေါင်းစပ်၍ မရနိုင်ခဲ့သည့် အမှန်တကယ် အကြောင်းပြ ချက် ဖြစ်သည်။

ဤသိုင်းပညာနှစ်ခုကို ပေါင်းစပ်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ဟုန်ယွိ၏ သိုင်းပညာအတွေ့အကြုံမှာ အပေါ်ယံဆန်ပြီး နက်ရှိုင်းမူ မရှိသေးရာ၊ ပေါင်းစပ်မူကို ပြုလုပ်ရန် ပို၍ခက်ခဲကါသည်။

“ဟမ့်။ ဝေလျှံချန်း၊ မင်းက အသက်ရှူနည်းလမ်းကို အတုလုပ်ပြီး ငါ့ကို လှည့်ဖြားနိုင်မယ်လို့ ထင်နေတာလား။ မင်း မသိတာက၊ ငါက ကောင်းကင်မြွေအသက်ရှူနည်းလမ်းကို သိရုံတင်မကဘူး၊ ဝိညာဉ်လိပ်အသက်ရှူနည်းကိုပါ သိထားတယ်။ ဒါက အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကျင့်စဉ် ဖြစ်ပြီး ငါကျင့်လို့မရပေမယ့်၊ ဒါက ငါ့ကို အများကြီး လှုံ့ဆော်မှုပေးနိုင်ခဲ့တယ်။ ငါက တိတိကျကျ သတ်မှတ်ထားတဲ့ ကျင့်ကြံခြင်း နည်းလမ်းကို မလိုချင်ဘူး။ ဒီသိုင်းကျမ်းထဲက အတွေ့အကြုံနဲ့ တွေးခေါ်စဉ်းစားပုံပဲ လိုချင်တာ။ ဆေဘာသူတော်စင် ဂွန်ယန်ယုရဲ့ တွေးခေါ်မှု လမ်းကြောင်းကို ငါ ဆက်လက် ရှာဖွေနိုင်သေးတယ်။ ဒီကျမ်းတွေက ငါ့အတွက်၊ သိုင်းပညာအတွေ့အကြုံနဲ့ ပတ်သက်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ။”

ဟုန်ယွိသည် ဝေလျှံချန်းကို သိုင်းပညာဖျက်ဆီးရန် အမိန့်ပေးပြီးနောက် သူသည် ထိုင်ရာမှ ဆုတ်ခွာလိုက်ပြီး၊ သူ၏ လက်ထဲတွင် အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကျင့်စဉ်ကို ကိုင်ထားလိုက်သည်။

သူသည် ဝေလျှံချန်းအား ကျင့်စဉ်များကို ရေးသားခိုင်းခြင်းက တစ်ဖက်လူ၏ သတိထားမှုကို လျော့ရဲစေရန်နှင့် သူ့အပေါ်ထားရှိသော ကန့်သတ်မှုများ ကို ဖယ်ရှားပြီး ဝေလျှံချန်းကို စိတ်အေးလက်အေး ဖြစ်စေရန် ဖြစ်သည်။

သို့သော်၊ သူသည် ဝေလျှံချန်းမှ ရုတ်တရက် ပေါက်ကွဲပြီး သူ့ကို တိုက်ခိုက်လာနိုင်သည်ကို မကြောက်ရွံ့ခဲ့ပေ။

သိုင်းပညာရှင်များ၏ ပြောစကားအရ “သိုင်းပညာရှင်တစ်ဦး အနီးနားရှိနေခြင်းက နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်တစ်ခု ဖြစ်သွားနိုင်သည်” ဟူသော ဆိုရိုးစကားရှိသော်လည်း၊ ဟုန်ယွိသည် သူကိုယ်တိုင်က ရှင်တန်သိုင်းသခင်တစ်ဦးဖြစ်ပြီး၊ သူ့အနားတွင် အစောပိုင်းအဆင့် မဟာဆရာသခင် ဖြစ်သည့် ချီဇီယန် ရှိနေသည်။ ထို့အပြင် ချန်ယင်းရှာသည် မဟာဆရာသခင် နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိပြီး၊ သိုင်းသူတော်စင်နယ်ပယ်သို့ ဝင်ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။ ဝေလျှံချန်းသည် သာမန်အထွတ်အထိပ် ရှင်တန်သိုင်းသခင်တစ်ဦးသာ ဖြစ်သည်။ သူ မည်သို့ လှုပ်ရှားလာသည်ဖြစ်စေ, မည်သည့်လှည့်ကွက်မျိုးမှ မထုတ်ဖော်နိုင်ပေ၊ ထို့ကြောင့် ဟုန်ယွိသည် စိတ်ကြီးမြတ်သူတစ်ဦးအဖြစ် ပြုမူနေခြင်းသည်။

တစ်ချိန်တည်းမှာပင်၊ ဟုန်ယွိသည် စိတ်ကြီးမြတ်သူတစ်ဦးအဖြစ် ဟန်ဆောင်ရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ တစ်ဖက်လူအား အခွင့်အရေးရှိသေးသည်ဟု ခံစားရစေရန်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူသည် လျှို့ဝှက်ချက်များစွာကို ထုတ်ဖော်ပြောဆိုခဲ့ သည်။

ဟုန်ယွိသည် သမိုင်းစာအုပ်များထဲမှ အကြံဆိုးမြေခွေးအိုကြီးများကဲ့သို့ လှည့်ဖြားကောက်ကျစ်သူ မဟုတ်သော်လည်း၊ ဤစိတ်ပိုင်းဆိုင်ရာ ခန့်မှန်းမှုများနှင့် လိမ်ညာလှည့်ဖြားမှုများကို အလွန်ရင်းနှီးကျွမ်းဝင်သည်။

ယခုအလိုအခြေအနေမျိုး အန္တရာယ်ကျရောက်နေသူ လူတစ်ဦးသည် အခွင့်အရေးရှိသည်ဟု ခံစားရသောအခါ၊ သူသည် မည်သည့် ကြိုးစားအားထုတ်မူမှ ပြုလုပ်စရာမလိုဘဲ လျှို့ဝှက်ချက်များ ကို အမှန်တကယ် ထုတ်ဖော်ပြီး၊ တစ်ဖက်လူကို သတိလျော့ရဲစေရန်နှင့် ဤအခွင့်အရေးကို ရနိုင်သမျှချဲ့ထွင်ရန် ကြိုးစားကြလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း၊ ဟုန်ယွိသည် ရန်လိုသည့်ပုံစံသို့ ပြောင်းလဲလိုက်ပြီး၊ နောက်ပြန် ဆုတ်ခွာကာ “သိုင်းပညာ ဖျက်ဆီးလိုက်” ဟူသော စကားလုံးကို ပြောလိုက်သည့်အခါ၊ ဝေလျှံချန်း၏ အငွေ့အသက်သည် ရုတ်တရက် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ မျက်ဝန်းများ သည် သွေးနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ ရုတ်တရက် သူ၏အစွမ်းကို ပြသတော့သည်။

ဟုန်ယွိသည် အမှန်ပင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

ဝေလျှံချန်းသည် ဟုန်ယွိကို သတိလျော့ရဲစေရန်အတွက် လျှို့ဝှက်ချက်များစွာကို ထုတ်ဖော်ခဲ့ပြီး၊ နောက်ဆုံးတစ်ကြိမ် ကြိုးစားရန် ရည်ရွယ်ခဲ့သည်။ တာအိုပညာရှင်များသည် မည်မျှ အစွမ်းထက်သည်ဖြစ်စေ၊ အနီးကပ်တိုက်ပွဲများတွင်၊ သိုင်းပညာကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရသောအခါ သတိထားရမည်။ အနည်းငယ်မျှသော အမှားယွင်းလေးကပင် သေဆုံးမှုကို ဖြစ်ပေါ်စေနိုင်သည်။

အနီးကပ်တိုက်ပွဲတွင်၊ သိုင်းပညာသည် လွှမ်းမိုးနိုင်စွမ်း ကြီးမားသည်။ အနီးကပ်တိုက်ပွဲတွင်၊ သိုင်းပညာရှင်တစ်ဦးသည် နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်သဖွယ် ဖြစ်သွားနိုင်ပါသည်။

ဤသည်မှာ သိုင်းတာအို၏ အစစ်မှန် အဓိပ္ပါယ် ဖြစ်သည်။

ဝေလျှံချန်းသည် ရုတ်တရက် ပေါက်ကွဲလိုက်ပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများနှင့် အရွတ်များသည် မီးရှူးမီးပန်းများနှယ် တဖြည်းဖြည်း ကွဲအက်သံများ ထွက်ပေါ်စ ပြုလာသည်။ ထိုအခိုက်အတန့်တွင်၊ သူ၏ညာလက်သည် ဓားကြီးတစ်ချောင်းသဖွယ် ရုတ်တရက် ကွေးညွတ်သွားပြီး၊ စွမ်းအားစုဆောင်းကာ၊ ထို့နောက် ဖြောင့်စင်းစွာ ထိုးထွက်သွားခဲ့သည်။ သူ့ရှေ့တွင် လှီးဖြတ်ခံရသော လေစီးကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ ဤကဲ့သို့ စွမ်းအားသည် ရှေးဟောင်း နတ်ဆိုးဓားတစ်ချောင်း လူ့လောကသို့ ဆင်းသက်လာသည့်နှယ် ဖြစ်သည်။

သူ၏ဘယ်လက်သည် အစပိုင်းတွင် ဖြောင့်စင်းစွာ ရှိနေရာမှ တံစဉ်ကောက်သဖွယ် ကွေးကောက် သွားပါသည်။ သူ၏တံတောင်ဆစ် ကွေးညွတ်သွားသည့်အခါ၊ သေးငယ်သော ကြွက်သားများနှင့် အရိုးမျှင်များသည် အနည်းငယ် တုန်ခါလှုပ်ရှားလာပြီး၊ သေလုနီးပါး အလွန်တရာ အရေးတကြီး ဖြစ်နေချိန် ဒူးခေါင်းက ရှေ့သို့ကွေးညွှတ်ပြီး တဆတ်ဆတ် တုန်ခါသံများ ထွက်ပေါ်နေသည့်အလား မရပ်မနား အသံများ ထွက်ပေါ်နေသည်။

တစ်ဖက်လက်က ဓားတစ်ချောင်းအသွင်၊ တစ်ဖက်က တံစဉ်ကောင်တစ်ခုအသွင်ဖြင့် သူ၏ ခန္ဓာကိုယ်သည် ကြီးမားသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။ သူ၏ ခြေထောက်များ လှုပ်ရှားသွားသည့်နှင့် ၎င်းတို့သည် မြေတူးစက်နှစ်ခုသဖွယ် ကြမ်းပြင်ကို ထိုးဖောက်သွားသည်။ ထင်းရူးဆီဖြင့် စိမ်ထားသော ခိုင်ခံ့သော သံမဏိသစ်သား ကြမ်းပြင်သည်၊ ဓားဖြင့် ခုတ်ပိုင်းလျှင်ပင် မီးပွင့်ထွက်လာနိုင်သည့်အဆင့်အထိ မာကြောသော်လည်း၊ ဝေလျှံချန်း၏ မြေတူးစက်သဖွယ် ခြေထောက်များ အောက်တွင် တို့ဖူးပြားပမာ ချက်ချင်း စုတ်ပြတ်သွားသည်။

ဝေလျှံချန်း၏ ခြေထောက်နှစ်ဖက်ရှိ အရိုးများသည်၊ ဘယ်ညာလှည့်ပတ်သွားသည့်အခါ၊ အတွင်းရှိ အရိုးများသည် ဆက်တိုက် ကွဲအက်သံများ ထွက်ပေါ်နေသည်။ ထိုအသံကို ကြားရသူတိုင်း ခေါင်းရေပြားများ ထုံကျဉ်သွားသည်ကို ခံစားရသည်။

လူတစ်ယောက်၏ အရိုးများသည် ထိုသို့ လှည့်ပတ်၍ ရနိုင်သည်လား။ အရိုးများသည် ထိုမျှပျော့ပြောင်း၍ ပြောင်းလွဲနိုင်သည်လား။ ၎င်းတို့သည် စပျစ်နွယ်ပင်များသဖွယ် ဖြစ်နေပါသည်။

ဤသိုင်းကွက်ဖြင့်၊ ဝေလျှံချန်းသည် ဟုန်ယွိထံမှ အသက်ရှင်လွတ်မြောက်ရန် ကြိုးစားကာ တိုက်ခိုက်လာသည်။ သူ၏ လှုပ်ရှားမှုများသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး၊ မီးတောင်သဖွယ် ပေါက်ကွဲထွက်ကာ၊ မြက်ပင်များကို လှီးဖြတ်ပြီး လူ့ခေါင်းများကို ဖြတ်တောက်ပစ်မည့် လေပြင်းပမာ ပြင်းထန်လွန်းသည်။

ဟုန်ယွိသည် ဆုတ်ခွာလိုက်သည့် အခိုက်အတန့်မှာပင်, ဝေလျှံချန်း၏ အငွေ့အသက်ကို ခံစားရသည်။ တဖက်လူ၏ ပုံရိပ်ကို ကြည့်ရှုလိုက်သည့်အခါ၊ သူသည် အကန့်အသတ်မဲ့ ငရဲဘုံထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားရသည်။ သူသည် ရုန်းကန်၍ မရနိုင်တော့ဘဲ၊ အိပ်မက်ဆိုးတစ်ခုထဲသို့ နစ်မြှုပ်သွားခဲ့သည်။

“ယင်ယန်ကပ်ဘေး။ ယင်ယန်ကပ်ဘေး။ မင်းက ရှင်တန်ကျွမ်းကျင်သူတစ်ယောက်ပဲ။ မိုးကြိုးလျှပ်စီးဆေဘာကျမ်းရဲ့ ယင်ယန်ကပ်ဘေးကို ဘယ်လို အသုံးပြုနိုင်တာလဲ။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ မဟာဆရာသခင်အဆင့် ကျွမ်းကျင်တောင် ယင်ယန်ကပ်ဘေးကို အသုံးပြုဖို့ အလွန်ခက်ခဲတယ်။”

ဟုန်ယွိသည် စိတ်ထဲတွင် အော်ဟစ်လိုက်သော်လည်း၊ ဘာမှမပြောနိုင်ခဲ့ပေ။ အကြောင်းမှာ ဝေလျှံချန်း၏ အရှိန်ဟုန်သည် အလွန်မြန်ဆန်လွန်း သည်။ သူ စကားလုံးတစ်လုံးပင် မပြောနိုင်လောက်အောင် မြန်ဆန်သည်။ အစွမ်းထက်သော အငွေ့အသက်၊ ပြင်းထန်သော လေပြင်းနှင့် ထွက်ပေါ်လာသော ဖိအားအငွေ့အသက်က ဟုန်ယွိကို မည်သည့်စကားမှ မပြောနိုင်စေခဲ့ပေ။

ဝေလျှံချန်း၏ အသက်ရှင်ရန် ရုန်းကန်တိုက်ခိုက်မှုသည် မိုးကြိုးလျှပ်စီးဆေဘာကျမ်း၏ အဆုံးစွန် သတ်ဖြတ်ခြင်း သိုင်းအကွက်ဖြစ်သော ယင်ယန်ကပ်ဘေး ဖြစ်သည်။

အဆုံးစွန်သတ်ဖြတ်ြခင်း သိုင်းသုံးကွက်မှာ လျှပ်တပြက် မိုးကြိုးစက်ဝိုင်း၊ ယင်ယန်ကပ်ဘေးနှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုတို့ ဖြစ်သည်။ ဤယင်ယန်ကပ်ဘေးသည် အလယ်လတ် သို့မဟုတ် နှောင်းပိုင်း မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူများသာ အသုံးပြုနိုင်သော သိုင်းပညာရပ် ဖြစ်သည်။ သိုင်းသူတော်စင်တစ်ဦးပင်လျှင် ထိုသိုင်းကွက်ကို ယာယီရှောင်တိမ်းရလိမ့်မည်။

ဝေလျှံချန်းသည် အထွက်အထိပ် ရှင်တန်သိုင်းသခင်တစ်ဦး၏ စွမ်းအားဖြင့် ယင်ယန်ကပ်ဘေးကို အသုံးပြုခဲ့သည်။ ဤသည်မှာ အလွန်အံ့သြစရာ ဖြစ်ပြီး၊ သိုင်းပညာရှင်တစ်ဦး၏ သာမန်အသိဥာဏ် နှင့် လူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ဟုန်ယွိ၏ နားလည်မှုကို ကျော်လွန် သွားပါသည်။

ဤအခိုက်အတန့်တွင်၊ ဝေလျှံချန်း၏ သွေးနီရောင် မျက်ဝန်းများတွင် ဝင့်ကြွားမူအရိပ်မြွက်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့သည်။ ဟုန်ယွိက သူ့ကို လုံးဝ အထင်သေးပြီး၊ ဝေမျိုးရိုး၏ သိုင်းပညာကို အထင်သေးနေမည်ဟု သူ ခန့်မှန်းထားခဲ့သည်။

အစွမ်းထက်ဆုံး တာအိုပညာရပ် ကျွမ်းကျင်သူပင်လျှင် ဤသိုင်းကွက်ကို တုံ့ပြန်ရန် ခက်ခဲလိမ့်မည်။

ဘုန်း…။

ထိုအန္တရာယ်ဆိုးကြီး ကျရောက်လုနီး အခိုက်အတန့်တွင်၊ သန့်စင်သော အဖြူရောင်လက်ဖဝါးတစ်ခု က ဟုန်ယွိ၏ရှေ့တွင် ပေါ်ထွက်လာပြီး သူ့ကို ကာကွယ်ပေးသည်။ ဤလက်ဖဝါး ပေါက်ကွဲထွက်လာ သည့်အခါ၊ အရိုးများမှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ အရေပြားက တင်းကျပ်စွာ ရစ်ပတ်သွားပုံ ရပြီး၊ လက်မောင်းပေါ်တွင် အစိမ်းရောင်သွေးကြောများစွာ ပေါ်ထွက်လာသည်။ သွေးက အရေပြားတစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီး၊ သန့်စင်သော အဖြူရောင်လက်ဖဝါး၏ အရောင်သည် ပြောင်းလဲသွားသည်။ လက်ဖဝါးသည် သွေးပုံဆောင်ခဲတစ်ခု၏ အသွင်အပြင်အလား သွေးကြည်နီရောင် ဖြစ်လာခဲ့သည်။

ထိုလက်ဖဝါးအရိပ်သည် ဟုန်ယွိ၏ရှေ့တွင် ပိတ်ဆို့ထားသည်။ ဘယ်ညာလှုပ်ရှားမှုဖြင့်၊ လက်ဖဝါးသည် မီးရှူးမီးပန်းများကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည့် အရိပ်ကိုးခုအဖြစ် ပြောင်းလဲသွားသည်။ အရိပ်ကိုးခုသည် ကွင်းဆက်တစ်ခုအဖြစ် ဖွဲ့စည်းကာ၊ ကြီးမားသော လက်ဖဝါးကြီး တစ်ခု အဖြစ် ပြောင်းလဲသွား ပြီး၊ တူတစ်ချောင်း၏ ခေါင်းအဖြစ်သို့ ပြောင်းလဲကာ ပြင်းထန်စွာ ထိုးနှက်လိုက်လေသည်။

ချက်ချင်းပင်၊ ထိုတူကြီးစွမ်းအားသည် ရုတ်တရက် ကောင်းကင်ယံတွင် မိုးခြိမ်းသကဲ့သို့ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ၎င်းသည် တစ်ခဏအတွင်း ပေါက်ကွဲထွက်လာပြီး၊ ယင်ယန်ကပ်ဘေး၏ လက်ဓားနှင့် လက်တံစဉ်တို့ကို ပြည့်စုံစွာ ပိတ်ဆို့လိုက်ပြီး၊ ပြောင်းလဲမှုအားလုံးကို ပိတ်ဆို့ထား သည်။

“ကောင်းကင်ဘုံကိုးဆင့်မိုးကြိုး….။”

ဝေလျှံချန်း၏ လက်သီးနှင့် ထိုလက်ဖဝါးသည် ပြင်းထန်စွာ ထိတွေ့သွားခဲ့သည်။ ဘုန်း….။

ပုံရိပ်နှစ်ခုသည် လွင့်ထွက်သွားသည်။ ပုံရိပ်တစ်ခုသည် ခြေသုံးလှမ်းအကွာ နောက်ဆုတ်ခွာသွားပြီး၊ နောက်ပုံရိပ်တစ်ခုက ဆယ်ပေအကွာသို့ လွင့်ထွက်သွားသည်။ အစောပိုင်း စာရေးနေသည့် စားပွဲ သည် အစိတ်အပိုင်းများ ကွဲအက်သွားသည်။ မင်၊ မင်သွေးကျောက်နှင့် စုတ်တံများ အားလုံးသည် လွင့်စင်ပြီး မှင်များ စွန်းထင်းသွားသည်။

ခြေသုံးလှမ်း ဆုတ်ခွာသွားသူမှာ ချန်ယင်းရှာ ဖြစ်ပြီး၊ ဆယ်ပေခန့် လွင့်ထွက်သွားသူမှာ ဝေလျှံချန်း ဖြစ်သည်။

“မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ ကောင်းကင်ဘုံကိုးဆင့် မိုးကြိုးတူပညာရပ်။” ဒီသိုင်းကွက်က တကယ် အားကောင်းပြီး အစွမ်းထက်လွန်းတယ်။”

ဝေလျှံချန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း၊ ပြန်မထနိုင်တော့ပေ။ သူ၏ မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ ချန်ယင်းရှာကို စူးစိုက်ကြည့်လိုက်သည်။ ယခုလေးတင်၊ သူသည် ချန်ယင်းရှာ၏ တူအဖြစ်သို့ ပြောင်းလဲသွားသော လက်ဖဝါးဖြင့် ထိမှန်ခံရပြီး၊ သူ၏ သွေးများသည် လှုပ်ခတ်သွားသည်။ သူ၏ပါးစပ်၊ မျက်လုံး၊ နား၊ နှာခေါင်းများမှ သွေးများ ထွက်လာပြီး၊ သူသည် တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားပြီ ဖြစ်သည်။

ချန်ယင်းရှာသည် ခြေသုံးလှမ်း ဆုတ်ခွာသွားပြီး၊ သူမ၏မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေပြီး၊ အသက်ရှူသံက မညီမညာ ဖြစ်နေသည်။ သူမသည် အသက်ရှူအောင့်ပြီး အကြိမ်အနည်းငယ် နက်ရှိုင်းစွာ ရှူသွင်းပြီးမှသာ ပြန်လည် မှန်လာခဲ့သည်။ သူက အေးစက်စွာ ပြောလိုက်သည်၊ “ဒီကောင်းကင်ဘုံ ကိုးဆင့်မိုးကြိုးပညာရပ်က ထူးခြားတဲ့အရာ ဘာမှမရှိဘူး။ စွမ်းအားပိုင်းမှာဆို၊ ဒီပညာရပ်က အစစ်မှန်ခုနှစ်စင်ကြယ်ဂိုဏ်းရဲ့ ဧရာမဝိညာဉ်ကောင်းကင်ဖျက်တူထက် အများကြီး အားနည်းတယ်။ ယန်ယွဲ့ရဲ့ ရူလိုင်လက်သီးနဲ့ မဟာမိုးကြိုးတံဆိပ်ထက်လည်း အားနည်းတယ်။ မင်းရဲ့ယင်ယန်ကပ်ဘေးကတော့, အထွတ်အထိပ် ရှင်တန်သိုင်းသခင်အဆင့် စွမ်းအားနဲ့၊ ငါ့လို မဟာဆရာသခင်အဆင့် အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦး ကို တကယ်ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီသတင်းသာ ပျံ့နှံ့သွားခဲ့ရင်၊ မင်း တဟုန်ထိုး နာမည်ကြီးသွားလိမ့်မယ်။”

“ဟီး….၊ ဟီး….၊ နာမည်ကြီးဖို့လား…။ နာမည်ကြီးတော့ရော ဘာအသုံးဝင်မှာလဲ။ ငါ ရှုံးသွားခဲ့ပြီး မဟုတ်ဘူးလား။ ငါ့ဘဝတောင် ဆုံးရှုံးခဲ့ရပြီ။ ဟုန်ယွိ၊ မင်း ကံကောင်းတယ်…” ဝေလျှံချန်းသည် ဟုန်ယွိကို ကြည့်လိုက်ပြီး၊ သူ၏ တိုက်ခိုက်မှု မအောင်မြင်ခဲ့သည့်အပေါ် နောင်တရသည့်စိတ်ဖြင့် ပြောလိုက်သည်။

ချီဇီယန်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး၊ ကွဲအက်သံ နှစ်ချက်ဖြင့်၊ ဝေလျှံချန်း၏ လက်မောင်းအရိုးများနှင့် အရွတ်များကို ဖျက်ဆီးလိုက်သည်။

ဤအချိန်တွင်၊ ဝေလျှံချန်းသည် သူ၏ မယိမ်းယိုင်သော စိတ်ဓာတ်ကို ပြသပြီး အသံတစ်ချက်မျှ မထွက်ပေ။

ချီဇီယန်သည် အလွန်ဒေါသထွက်နေသည်။ ဝေလျှံချန်းသည် ယခုလေးတင် ရုတ်တရက် တိုက်ခိုက်ခဲ့စဉ်မှာ၊ သူသည် တစ်လှမ်း နောက်ကျသွားခဲ့ သည်။ ထို့အပြင်၊ ယင်ယန်ကပ်ဘေး၏ အငွေ့အသက်ကြောင့် သူသည် ထိတ်လန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ အကယ်၍ သူသည် ဝေလျှံချန်းကို ယခုလေးတင် တားဆီးခဲ့ပါက၊ လုံးဝ တားဆီးနိုင်စွမ်း မရှိသည်ကို သူ သိသည်။

“ချီဇီယန်၊ သူ့ကို မသတ်နဲ့။”

ဟုန်ယွိသည် ရှေ့သို့ လှမ်းလာသည်။

“ဟမ်..။” ဝေလျှံချန်းသည် အံ့သြသွားပြီး ဟုန်ယွိကို ကြည့်လိုက်ကာ ရယ်မောလိုက်သည်၊ “ငါ မင်းကို ပြောပြခဲ့တဲ့ လျှို့ဝှက်ချက်တွေက အများစုက အတုတွေပဲ။ ငါ မင်းကို ရေးပေးခဲ့တဲ့ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကလည်း အများစုက အတုပဲ။ အားလုံးက မင်းကို အခုနက ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက်ပဲ။ မင်း ငါ့ကို ဘာလို့ မသတ်တာလဲ။”

“မင်းပြောတဲ့ လျှို့ဝှက်ချက် အများစုက အမှန်တွေပဲ။ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်က အနည်းငယ် အတုဖြစ်ပေမယ့်၊ အများစုက အမှန်ပဲ။” ဟုန်ယွိက ပြောသည်။ “မင်းက ငါ့ကို သတိလျော့ရဲစေချင်ရင်၊ ဘာလို့ စစ်မှန်တဲ့အရာကို မသုံးတာလဲ။ မင်းကို မလှုပ်ရှားအောင် လုပ်နိုင်ဖို့ ငါလည်း ဝမ်းသာပါတယ်။ မင်းရဲ့ အခုနက ချောင်းမြောင်းတိုက်ခိုက်မှုက ငါ့မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့ပေမယ့်၊ ဒါက ငါ့ကို မထိခိုက်စေခဲ့ဘူး။ ငါကလည်း ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားပဲ။ မဟုတ်ရင် ငါကရော ဘာလို့ ငါ့အသက်နဲ့ စွန့်စားရမှာလဲ။ မင်းက မင်းတို့ညီအစ်ကိုတွေ အဆင်မပြေကြဘူးလို့ ပြောခဲ့ပေမယ့်၊ ဒီစကားတွေက ငါ့ကို ဘာလှုပ်ရှားမူမှ မပေးနိုင်ဘူး။ ဝေတိုင်ကန်က ငါ့ရန်သူဖြစ်ပေမယ့်၊ သူက ရက်စက်ပြီး ရည်မှန်းချက်ကြီးတဲ့ လူမျိုးတော့ မဟုတ်ဘူး။ ဒါ့အပြင်, သူက ဖခင်ကောင်းတစ်ယောက်ပဲလို့ ငါ မြင်တယ်။ မဟုတ်ရင်၊ ဝေလဲ့သေဆုံးမူကြောင့် သူက ကမ္ဘာကြီးနဲ့ စွန့်စားပြီး မီးလျှံမြှားတွေနဲ့ ငါ့ကိုလုပ်ကြံဖို့ ဘာလို့ ကြိုးစားမှာလဲ။ တကယ်လို့, သူသာ ရက်စက်ပြီး ရည်မှန်းချက်ကြီးတဲ့လူတစ်ဦးဆိုရင်၊ သူ့သားသေဆုံးသွားရင်တောင် မျက်တောင်တစ်ချက် ခတ်မှာမဟုတ်ဘူး။ ဒါမျိုးက ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်ပြီး၊ ရက်စက်ပြီး ရည်မှန်းချက်ကြီးတဲ့လူတွေလောက်ပဲ လုပ်ဆောင်နိုင်တာ။ ဒါ့အပြင်, ဝေတိုင်ကန်ရဲ့ မီးလျှံမြှားတွေ လျှို့ဝှက်သိုလှောင်ရုံဟာ ပုန်ကန်ဖို့အတွက် မဟုတ်ဘူး၊ ဧကရာဇ်ရဲ့ လျှို့ဝှက်အမိန့်ကြောင့်ပဲ။ ဧကရာဇ်မှာ တစ်ခုခု အသုံးပြုဖို့ ရည်ရွယ်ချက်ရှိမှာပဲ။”

“မင်း… မင်းရဲ့ တွေးခေါ်မှုတွေက တကယ့်ကို သေချာလွန်းတယ်။ ဒီကမ္ဘာမှာတော့ ရှားရှားပါးပါးပဲ။ မင်းက လျှို့ဝှက်ကြံစည်တွေနဲ့ အဝေးကြီးကို ကြို မြင်နိုင်တဲ့လူပဲ။” ဝေလျှံချန်းက ပြောသည်။

“သူ့ကို ဖိနှိပ်ပြီး၊ ချုပ်နှောင်ထားလိုက်။” ဟုန်ယွိက လက်ဝှေ့ယမ်းလိုက်သည်။

ကြံ့ခိုင်သန်မာသော စစ်သားအနည်းငယ်သည် ဝေလျှံချန်းကို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ကုန်းပတ်ကို သန့်ရှင်းရေးလုပ်သည်။

“သခင်လေး၊ ဘာလို့ သူ့ကို မသတ်တာလဲ။” အခုနက ရုတ်တရက် တိုက်ခိုက်မူကြောင့် ကြောက်လန့်သွားသော ဟွာနွန်ယင်က မေးလိုက်သည်။

“ဟုတ်တယ်။ သခင်လေး၊ ဒီလူတွေမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိပေမယ့်၊ သူတို့ကို ထိန်းချုပ်ဖို့ ခက်ခဲတယ်။ ကျွန်မတို့ သူတို့ကို စီမံနိုင်စွမ်း မရှိဘူး။” ဟွာနွန်းယွီက ပြောသည်၊ “အခုချိန် ပင်လယ်ပြင်မှာ စီမံခန့်ခွဲဖို့ ခက်ခဲတယ်၊ အစားအသောက်နဲ့ ရေတောင် မဖူလုံဘူး။”

“သခင်လေး၊ အခုလုပ်နိုင်တာက သူတို့အားလုံးကို သတ်ဖြတ်ဖို့ပဲ။” သခင်ကျိုးက ပြောသည်။

“ရှေးခေတ်ကတည်းက၊ သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့အရာက လက်နက်ချသူတွေကို သတ်ဖြတ်သူတွေဟာ ဘယ်တော့မှ ကောင်းကျိုး မရခဲ့ဘူး။” ဟုန်ယွိက ဖြည်းညှင်းစွာ ပြောပြီး၊ လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ ဆက်ပြောသည်၊ “ငါ့ကို မကြည့်ကြနဲ့။ ငါက ကံတရားကို မကြောက်ဘူး။ ကံတရားဆိုတာ ကိုယ်ကျင်းသီလရဲ့ ပုံစံတစ်ခုပဲ။ ငါတို့ ကျင့်ကြံသူတွေက ကိုယ်ကျင့် သီလကို ကျင့်ကြံကြတယ်။ ကိုယ်ကျင့်သီလကို စုဆောင်းတာတွေ, မစုဆောင်းတာတွေက အရေးမကြီးဘူး။ ကိုယ်ကျင်းသီလစုဆောင်းပြီး ကုသိုလ်ကောင်းမှုပြုတာက သာမန်လူတွေအတွက် နောက်ဘဝကို ရှာဖွေဖို့ပဲ။ ကျင့်ကြံသူတွေကကတော့ ထွက်မြောက်မှုကို ရှာဖွေကြပြီး၊ နောက်ဘဝကို မရှာဖွေကြဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ပြန်လည်ဝင်စားမှုနဲ့ ပြန်လည်မွေးဖွားမှုတွေကို သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်ကြတယ်။ ဒါကြောင့် ငါက သတ်ဖြတ်တာတွေ လက်နက်ချတာတွေကို ဂရုမစိုက်ဘူး။ ဒါပေမယ့်၊ ပုရွတ်ဆိတ်တောင်မှ အသက်ရှင်ဖို့ ကြိုးစားတယ်။ ဒါကြောင့် ငါ အများကြီး သတ်ဖြတ်ဖို့ မလိုလားဘူး။ ဒီလူတွေက ငါ့ကို သတ်ဖြတ်ဖို့ ရောက်လာခဲ့တာ။ ဒါကြောင့် ငါ သူတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ အခု ငါ ပင်လယ်ရပ်ခြားမှာ စီးပွားရေး လုပ်နေတာ၊ ကျွန်တွေ ရောင်းဝယ် ဖောက်ကားတဲ့အလုပ်လည်း လုပ်ရမှာပဲ။ သိုင်းသမားတစ်ယောက်ရဲ့ တန်ဖိုးက အရမ်းမြင့်မှာပဲ။ ဒီလူတွေကို သင်္ဘောအနည်းငယ်ပေါ်မှာ ထုပ်ပိုးပြီး ပင်လယ်ရပ်ခြားနိုင်ငံ အသီးသီးကို ရောင်းချမယ်။ ငါတို့ သူတို့ကို စီမံနိုင်စွမ်း မရှိပေမယ့်၊ ပင်လယ်ရပ်ခြားနိုင်ငံတွေကတော့ စီမံနိုင်မှာပါ။”

“မဆိုးဘူး။”

ဟွာနွန်ယင်က ထိုစကားကို ကြားသောအခါ၊ သူမမျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ သူမသည် ဟုန်ယွိကို ကြည့်လိုက်သည်။ ဟုန်ယွိတွင် ဤကဲ့သို့ စီစဉ်မျိုးရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

အမှန်ပင်၊ ယခုအခါ ပင်လယ်ရေလမ်းကြောင်း ကုန်သွယ်မှုတွင်၊ အရွယ်အစား အမျိုးမျိုးနှင့် နိုင်ငံပေါင်းရာချီရှိကာ အခြေခံအားဖြင့် ကျွန်စနစ်ရှိသည်။ ယွန်မင်နိုင်ငံသည် နေရာအနှံ့ တိုက်ခိုက်ကာ၊ လူများကို လုယက်ဖမ်းဆီးပြီး၊ ထို့နောက် ရောင်းချခြင်းဖြင့် စည်းစိမ်ဥစ္စာများကို ရှာဖွေကြသည်။

ထို့အပြင်၊ ဤလူများကို ဟုန်ယွိအနေဖြင့် စီမံနိုင်စွမ်းမရှိပေ။ သို့သော် ပင်လယ်ရပ်ခြား နိုင်ငံများသို့ ရောင်းချပါက၊ ဘုရင်များနှင့် မင်းမျိုးမင်းနွယ် များတွင် ၎င်းတို့ကို နာခံစေရန် နည်းလမ်းများစွာ ရှိသည်။ ၎င်းတို့သည် မည်မျှပင် ခိုင်မာနေပါစေ၊ အသုံးမဝင်ပေ။

ပို၍အရေးကြီးသည်မှာ၊ ပင်လယ်ရပ်ခြား ကျွန်ရောင်းဝယ်ဖောက်ကားမှုသည် အတော်အတန် ဖွံ့ဖြိုးပြီး ဖြစ်သည်။ သာမန်ကျွန်တစ်ယောက်သည် တန်ဖိုးမများပေ၊ သို့သော် သိုင်းပညာလေ့ကျင့်ဖူးသူဖြစ်ပါက, မတူတော့။

သိုင်းသမားတစ်ယောက်၊ သိုင်းသမားတစ်ယောက်သည် ငွေကြေးများစွာ ရှိနိုင်သည်။ အထူးသဖြင့် ဖမ်းဆီးထားသူ သုံးရာကျော်သည် အားလုံး သိုင်းသခင်များ ဖြစ်ကြပြီး၊ ရှင်တန်အဆင့် ကျွမ်းကျင်သူများပင် ပါဝင်သည်။

ရှင်တန်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ငွေကြေးမည်မျှဖြင့် ရောင်းချနိုင်မည်နည်း။ ငွေကြေးမည်မျှဖြင့် လဲလှယ်နိုင်မည်နည်း။ ဟွာနွန်ယင် တစ်ယောက် စိတ်ကူးမယဉ်နိုင်တော့ပေ။

“ဒီလူတွေကို တစ်ယောက်ချင်း ရောင်းချမယ်ဆိုရင်၊ သခင်လေးဟာ ဘယ်လောက် ချမ်းသာကြယ်ဝသွားမလဲ။” ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

“ဒါပဲ။ သခင်လေးက ဉာဏ်ထက်မြက်တယ်။ ဝေလျှံချန်းကို မသတ်ဘဲ၊ သူ့အသက်ကို အသုံးပြုပြီး အဲဒီလူတွေရဲ့ စိုးရိမ်မှုတွေနဲ့ လဲလှယ်လိုက်တာ။ ဒါ့အပြင်၊ သူတို့အားလုံးကို သတ်ဖြတ်သင့်တယ်။ ဒါပေမယ့် သခင်လေးက သူတို့ကို မသတ်ဘဲ ရောင်းချလိုက်တာ။ ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလို့ ယူဆလို့မရပေမယ့် သူတို့ကို အပြစ်ပေးခြင်းတစ်မျိုးပဲ။ ပိုအရေးကြီးတာက၊ သူတို့ကို သီးခြားရောင်းချမယ်ဆိုရင်, ကျွန်းနိုင်ငံတွေရဲ့ မင်းမျိုးမင်းနွယ်တွေမှာ သူတို့ကို နာခံစေဖို့ နည်းလမ်းတွေ ရှိတယ်။ ပင်လယ်ရပ်ခြား ကျွန်တွေအတွက်ကတော့၊ သူတို့ကို စီမံခန့်ခွဲဖို့ နည်းလမ်း မျိုးစုံရှိတယ်။ ဒါကြောင့် သူတို့ကို စွန့်ပစ်လို့ မဖြစ်ဘူး။ သူတို့ကို သတ်လိုက်ရင်၊ ဘာမှမရဘဲ၊ သတ်ဖြတ်မှုဆိုတဲ့ အပြစ်ကြီးပါ ကျူးလွန်ရမယ်။”

သခင်ကျိုးသည် ဟုန်ယွိ၏ စကားကို နက်နက်ရှိုင်းရှိုင်း ယုံကြည်လက်ခံသည်။

ဤလူများကို သတ်ဖြတ်ခြင်းသည် မသင့်လျော်ပေ၊ သို့သော် ၎င်းတို့ကို လွှတ်ပေးရန်မှာလည်း မဖြစ်နိုင်ပေ။ သူတို့ကို ကျွန်အဖြစ် ရောင်းချခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ ပို၍အရေးကြီးသည်မှာ၊ ပင်လယ်ကျွန် ရောင်းဝယ်ဖောက်ကားမှုသည် ကြီးမားသော လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပြီ။ ကျွန်များကို ရောင်းချပြီးနောက်၊ ၎င်းတို့ကို တင်းကြပ်စွာ စီမံခန့်ခွဲမည်။ သီးသန့်ထွက်ပြေးမှု၊ ကလဲ့စားချေမှု၊ သို့မဟုတ် လျှို့ဝှက်ချက် ပေါက်ကြားမှုမျိုး မရှိပေ။ အထူးသဖြင့်၊ ကျွန်များသည် ပို၍အားကောင်းသန်မာလေ၊ စီမံခန့်ခွဲမှုက ပို၍တင်းကြပ်လေ ဖြစ်သည်။

မက်မွန်နတ်ဘုရားဂိုဏ်းက နှစ်စဉ်နှစ်တိုင်း ယွန်မင်နိုင်ငံမှ ကျွန်တွေစွာကို ရောင်းချတယ်လို့ ပြောခဲ့ဖူးတယ်။

“ဒါပေမယ့် အစားအသောက်နဲ့ ရေက ဘယ်လိုလုပ်မလဲ။” ချီဇီယန်က ပြောသည်။

“ဒီလူတွေက အားလုံး ကျွမ်းကျင်သူတွေပဲ၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေက သန်မာတယ်။ ငါးရက်ကနေ ခြောက်ရက်လောက် အစာမစားရ၊ ရေမသောက်ရ ရင် အားနည်းသွားရုံပဲ။ သူတို့အနေနဲ့ သေမှာမဟုတ်ဘူး။ ဒါ့အပြင်၊ ငါ သူတို့ကို အားနည်းစေချင်တယ်။ ဒါမှ ငါတို့ နတ်ဘုရား လေနိုင်ငံကို လုံခြုံစွာ သွားရောက် ကုန်သွယ်နိုင်မှာလေ။”

ဟုန်ယွိ၏ မျက်လုံးများက လျှပ်တစ်ပြက် တောက်ပလာသည်။ “နတ်ဘုရားလေနိုင်ငံကို ရောက်ဖို့ ရက်ခုနစ်ရက်ပဲ လိုတော့တယ်။ အရှိန်ဟုန် အပြည့်အဝ မြင့်တင်ပြီး သွားကြစို့။ အားလုံးပဲ အာရုံစူးစိုက်ပြီး လေ့ကျင့်ထားကြပါ။ ယင်းရှာမိန်းကလေး၊ အခု ကျွန်တော် အာရုံစူးစိုက်ပြီး အစစ်မှန် သိုင်းသူတော်စင်ခန္ဓာကိုယ်နဲ့ လျှို့ဝှက်ချီအထက်ပိုင်းသန္ဓေသားကျင့်စဉ်ကို နားလည်အောင် ကြိုးစားချင်တယ်။ ကျွန်တော့်မှာ တာအိုပညာ၊ သိုင်းပညာတွေနဲ့ ပတ်သက်ပြီး ခင်ဗျားလို ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ကို မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိသေးတယ်။”

“ဝေတိုင်ကန်နဲ့ ဟုန်ရွှန်ကျိကို နှိုင်းယှဉ်ကြည့်ရင်၊ ဝေတိုင်ကန်က ဖခင်တစ်ယောက်လို့ ငါခံစားရတယ်…”

အရာအားလုံး ပြီးစီးပြီးနောက်၊ ဟုန်ယွိသည် အာရုံစူးစိုက်ပြီး တံခါးပိတ်ကျင့်ကြံဖို့ မဝင်ခင်, အကြောင်းတစ်ခုခုကြောင့်၊ ဝေထိုင်ချန်နှင့် ဟုန်ရွှန်ကျိကို နှိုင်းယှဉ်ပြီး တွေးတောနေမိသည်။

ထပ်ခါတလဲလဲ နှိုင်းယှဉ်ပြီးနောက် ဟုန်ယွိသည် သက်ပြင်းရှည်ကြီး တစ်ချက်သာ ချနိုင်ခဲ့ပြီး၊ အချိန်ကြာအောင် စကားမပြောနိုင်ခဲ့ပေ။

ရန်သူအုပ်စုနှစ်ခုကို သတ်ဖြတ်ပြီးနောက်၊ ပင်လယ်ပြင်ခရီးသည် နောက်ဆုံးတွင် ငြိမ်းချမ်းလာသည်။ ဟုန်ယွိသည် သူ့စွမ်းအားကို တိုးတက်အောင် လုပ်ဆောင်ရန် အချိန်တန်ပြီ ဖြစ်သည်။ သူသည် ချန်ယင်းရှာကို အနားမှာ ထားရှိထားပြီး၊ ဤမဟာနတ်ဆိုး အင်မော်တယ်တစ်ဦး၏ လမ်းညွှန်မှုဖြင့်၊ သူသည် သေချာပေါက် လျင်မြန်စွာ တိုးတက်လာနိုင်သည်။

သင်္ဘောကုန်းပတ်ပေါ်တွင်၊ အလွန်သန့်ရှင်းလှပသော အခန်းတစ်ခန်း ရှိသည်။ အခန်းက မြက်ခြောက်ရောင် တောက်ပနေကာ၊ ကြမ်းပြင်တွင် တန်ဖိုးကြီးသော နှင်းဖြူရောင် ကော်ဇောကို ခင်းထားသည်။ ၎င်းပေါ်တွင် ခြေလှမ်းလိုက်သည့်အခါ၊ မြက်ပင်၏ မွှေးရနံ့ကို ရရှိနိုင်သည်။ ၎င်းသည် အနောက်ပိုင်းဒေသတွင် အယ်လ်ပါကာဟုခေါ်သော ရှားပါးသော တိရစ္ဆာန်၏ အမွေးဖြစ်ပြီး၊ အလွန်တန်ဖိုးရှိသည်။

ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လျက် ဒူးချထားသည်။ ကြမ်းပြင်ပေါ်တွင် ယွမ်ယန် ကောင်းကင်ပုလဲ၊ ကောင်းကင်တုန်ခါးလေးနှင့် အကန့်အသတ်မဲ့ မြှားတွေ၊ မက်မွန်နတ်ဘုရားဓားနှင့် အခြားရတနာများ ရှိသည်။

လျှို့ဝှက်ကျမ်းစာများ၏ စာမျက်နှာများကိုလည်း ကြမ်းပြင်ပေါ်တွင် ထားရှိထားပြီး၊ စက္ကူဖိသည့် အရာများဖြင့် ဖိထားကာ၊ ၎င်းတို့ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ဟုန်ယွိသည် ယခုအခါ သိုင်းပညာကို လေ့လာလိုသည်။ အကြောင်းမှာ သူ၏ တာအိုပညာရပ်ကျင့်စဉ်သည် အတားအဆီးတစ်ခုသို့ ရောက်ရှိနေပြီး၊ ဖြတ်ကျော်ရန် မလွယ်ကူပေ။ သို့သော်၊ သိုင်းပညာတွင် သူသည် ရှင်တန်သခင်အဆင့်သို့ ယခုမှ ဝင်ရောက်ထားခဲ့ပြီး၊ တိုးတက်ရန် နေရာများစွာ ကျန်ရှိသေးသည်။

အစစ်မှန် သိုင်းသူတော်စင်ခန္ဓာကိုယ်ကျင့်စဉ် ကျမ်းစာကို ကြည့်ရင်း၊ ဟုန်ယွိသည် တွေးတောနေသည်။ သူသည် ချန်ယင်းရှာကို မေးမြန်းရန် ပြင်ဆင်နေစဉ်မှာ ချန်ယင်းရှာက စကားစပြောလိုက်သည်။

“ဟုန်ယွိ၊ မင်း ဧကရာဇ်ဖြစ်ချင်လား။” ချန်ယင်းရှာ၏ စကားက ဟုန်ယွိကို အံ့သြသွားစေသည်။

ဟုန်ယွိသည် ဘယ်ညာကြည့်လိုက်ပြီး၊ အနားတွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ၊ ချန်ယင်းရှာကို ပြောလိုက်သည်၊ “ယင်းရှာမိန်းကလေး၊ ဘာလို့ ဒီလိုပြောတာလဲ။”

“တောင်ဝင်ချန်မင်းဆက်က ငြိမ်းချမ်းနေပေမယ့်၊ လျှို့ဝှက်အန္တရာယ်တွေ ရှိနေတယ်။ အပြင်မှာ ရန်သူတွေ ရှိတယ်၊ အတွင်းမှာလည်း လယ်ယာမြေ သိမ်းပိုက်မှုတွေ ရှိနေတယ်။ ဆင်းရဲသားတွေက ပိုဆင်းရဲလာပြီး၊ ချမ်းသာသူတွေက ပိုချမ်းသာလာတယ်။ မကြာသေးခင် နှစ်တွေအတွင်းမှာ၊ ယွန်မင်နဲ့ ဟွာလျိုနိုင်ငံတို့ စစ်ပွဲတွေ ဖြစ်လာနိုင်တယ်။ စစ်ပွဲမှာ အောင်မြင်သွားရင် ဘာမှမဖြစ်ပေမယ့်၊ တကယ်လို့ မအောင်မြင်ခဲ့ရင်၊ အတွင်းပိုင်းနဲ့ အပြင်ပိုင်းမှာ ပြဿနာတွေ ပေါ်ပေါက်လာပြီး၊ ချက်ချင်း ပြဿနာတွေ ဖြစ်ပေါ်လာမယ်။ ကမ္ဘာပေါ်က တာအိုဂိုဏ်းတွေအားလုံးလည်း လေလာရာကို ကြည့်ပြီး အခြေအနေအရ လှုပ်ရှားကြလိမ့်မယ်။ တကယ်လို့, ပုန်ကန်မှုတစ်ခုခု ဖြစ်ပေါ်လာခဲ့ရင်၊ သူတို့က ဖိနှိပ်ဖို့ ဒါမဟုတ် သတ်ဖြတ်ဖို့အတွက် အင်ပါယာတရားရုံးကို သေချာပေါက် ကူညီကြမှာ မဟုတ်ဘူး။ သူတို့က မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ အကျိုးအမြတ် ရှာမယ်။ ကမ္ဘာကြီး ပိုပြီး မငြိမ်မသက် ဖြစ်လေလေ၊ တာအိုဂိုဏ်းတွေက ပိုပြီး သာယာဝပြောလာလေလေ။ ကမ္ဘာကြီး ငြိမ်းချမ်းလေလေ၊ တာအိုဂိုဏ်းတွေ ပိုပြီး နိမ့်ကျလာလေ ပဲ။ တကယ်လို့, အဲဒီလိုနေ့မျိုး တစ်နေ့ အမှန်တကယ် ရောက်လာခဲ့ရင်၊ ဟုန်ယွိ မင်းလည်း သွေးဆူလာမှာပဲ။ မင်းက အင်ပါယာတရားရုံကို ကာကွယ်မှာလား၊ ဒါမှမဟုတ် မင်းရဲ့ ကိုယ်ပိုင်အုတ်မြစ်ကို တည်ဆောက်မှာလား။”

ချန်ယင်းရှာက ဟုန်ယွိကို ကြည့်လိုက်ပြီး၊ သူမမျက်နှာပေါ်တွင် တစ်ခါမျှ မတွေ့ဖူးသည့် ဉာဏ်ပညာထက်မြက်မူကို ပြသလိုက်သည်။

ဟုန်ယွိက ချန်ယင်းရှာကို ကြည့်လိုက်ပြီး၊ သူ့ပါးစပ်ဖွင့်လိုက်သည်။ သူသည် ထိုတခဏ၌ စကားမပြောနိုင် ဖြစ်နေခဲ့သည်။ ချန်ယင်းရှာတွင် ယခုလို ထိုးထွင်းသိမြင်မူမျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယခုလိုအတွေးမျိုးကို သူ တစ်ခါမျှ မတွေးဖူးခဲ့ပေ။

“မင်း ငါ့ကို အရင် ဖြေစရာမလိုဘူး။” ချန်ယင်းရှာက ပြုံးလိုက်သည်၊ “ဒါပေမယ့်၊ မင်းမှာ ရည်ရွယ်ချက်ရှိတယ်ဆိုရင်၊ မင်းအနေနဲ့ တာအိုပညာရပ်တွေ ကို မကျင့်ကြံနဲ့။ သိုင်းပညာကိုပဲ အာရုံစိုက် လေ့ကျင့်ပါ။ မဟုတ်ရင်၊ မင်း တစ္ဆေအင်မော်တယ် ဖြစ်လာခဲ့ရင်၊ မင်းရဲ့ မှော်ပညာရပ်တွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ မင်း ဧကရာဇ်ဖြစ်လို့ မရဘူး။ အကြောင်းကတော့ တိုင်ရှန်တာအိုဂိုဏ်းက မင်းကို လာရောက် သတ်ဖြတ်မှာမို့လို့ပဲ။”

အခန်း (၁၉၂)

“ယင်းရှာမိန်းကလေး။ ခင်ဗျား ဘာလို့ ဒီလိုမေးတာလဲ။” ဟုန်ယွိသည် အံ့သြသွားပါသည်။

ချန်ယင်းရှာသည် ကျင့်ကြံမူ ပြုလုပ်နေစဉ်အတွင်းမှာ ဤမျှ အဓိပ္ပါယ်မဲ့ပြီး နိုင်ငံရေးအရ ပုန်ကန်မူနှင့် သက်ဆိုင်သည့် မေးခွန်းမျိုးကို ထုတ်မေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယခုအချိန်ထိ၊ ဟုန်ယွိ၏ နာမည်ကျော်ကြားမှုနှင့် ကြွယ်ဝမှုကို ရှာဖွေနေခြင်းသည် မင်းမျိုးမင်းနွယ်ဘွဲ့တစ်ခုကို ရရှိရန်နှင့် မိသားစုတစ်ခု တည်ဆောက်ရန်အတွက်သာ ဖြစ်သည်။ ဒါမှသာ သူသည် သူ့မိခင်၏ နာမည်ကို ပြန်လည် မြင့်တင်ပေးနိုင်မည် ဖြစ်သည်။

ဧကရာဇ်တစ်ပါး ဖြစ်လာရန်နှင့် ပတ်သက်၍မူ၊ သူ၏ စိတ်ထဲတွင် တစ်ခါမျှ မစဉ်စားခဲ့ဖူးချေ။

ထို့အပြင်၊ ဟုန်ယွိသည် ပညာရှင်တစ်ဦး ဖြစ်သည်။ ဧကရာဇ်တစ်ပါး ဖြစ်လာရန် အတွေးမျိုး သူ့ စိတ်နှလုံးတွင် မရှိပေ။

သူသည် လွန်ခဲ့သော တစ်နှစ်အတွင်း မိုင်းပေါင်းသောင်းချီ ခရီးနှင်ခဲ့ပြီး၊ လူထုများစွာ၏ ဘဝအခြေနေများကို အနည်းငယ် နားလည်ခဲ့ပြီး၊ တော်ဝင်ချန် မင်းဆက်သည် သာယာဝပြောသော ခေတ်တွင် ရှိနေသော်လည်း ပြဿနာများစွာ ကျန်ရှိနေသေးသည်ကို သူ သိရှိခဲ့သည်။

သူသည် သမိုင်းစာအုပ်များစွာ ဖတ်ရှုခဲ့သည်။ ရှေးအခါကတည်းက၊ မည်မျှ ထွန်းကားသော မင်းဆက်မဆို၊ ထွန်းကားမှုနှင့် ဆုတ်ယုတ်မှုသည် ကံကြမ္မာအပေါ် မူတည်သည်။ သဘာဝဘေးအန္တရာယ် သို့မဟုတ် စစ်ပွဲကြီးတစ်ခု ကျရောက်လာခဲ့ပြီး၊ ရည်မှန်းချက်ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးကို မီးညှိပေးလိုက်ပါက၊ ကမ္ဘာကြီးသည် ချက်ချင်း ခြောက်သွေ့သော ထင်းတုံးများသဖွယ် ဖြစ်လာပြီး၊ မီးတောက်မီးလျှံများဖြင့် လောင်ကျွမ်းသွား လိမ့်မည်။ အင်ပါယာတရားရုံးက အတင်းအကြပ် ဖိနှိပ်ခဲ့သည့်တိုင်၊ ကြီးကြီးမားမား အားနည်းသွားမည် ဖြစ်ပြီး၊ ကမ္ဘာကြီးသည် ထိုအချိန်မှစ၍ ပြဿနာများ ဖြစ်ပေါ်လာတော့မည်။ ထွန်းကားမှုမှ ဆုတ်ယုတ်မှုသို့၊ သူရဲကောင်းအုပ်စုများ ထွန်းကားလာမည်ဖြစ်ပြီး၊ တစ်ဦးချင်းစီက ကမ္ဘာ့ပလ္လင် ကို ရှာဖွေကြလိမ့်မည်။

နိုင်ငံတော်၏ ကြီးကျယ်ခမ်းနားသော အစောက်ဦးများသည် ခြကောင်များဖုံးလွှမ်းနေသော ခြတောင်ပို့ တစ်ခုသဖွယ် ရုတ်တရက် ပြိုကျပျက်ဆီးသွားမည်ကို သတိထားမိလျှင် အမှန်တကယ် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းဖြစ်သည်။

သို့သော်၊ အကယ်၍, အမှန်တကယ် ထိုနေ့မျိုး တစ်နေ့နေ့ ရောက်ရှိလာပါကာ ဟုန်ယွိသည် ထိုမြင်ကွင်းမျိုးကို မမြင်လိုပေ။ အကြောင်းမှာ လူတိုင်းသည် ငြိမ်းချမ်းသာယာပြီး၊ အေးချမ်းသည့် နေ့ရက်များဖြင့် သာယာဝပြောသော ဘဝကို ခံစားလိုသောကြောင့် ဖြစ်ပါသည်။

“ဒီနတ်ဆိုးအင်မော်တယ်က ကျင့်ကြံဖို့လောက်ပဲ သိမယ်လို့ ငါထင်ခဲ့တာ။ သူမက ကမ္ဘာ့ရေးရာတွေ ကို မသိဘူးလို့ ငါထင်ခဲ့တာ။ သူမက ဒီလို ရှင်းလင်းစွာ မြင်နေနိုင်မယ်လို့ ငါ မထင်မှတ်ခဲ့ဘူး။” ဟုန်ယွိသည် ချန်ယင်းရှာကို ပထမဆုံး တွေ့ဆုံသည့်နှယ် ခံစားရပြီး၊ သူမ၏ လှုပ်ရှားမှုတိုင်းကို တွေးတောနေသည်။

ချန်ယင်းရှာ၏ လှုပ်ရှားမှုများသည် ဘယ်တော့မှ ကြုံရာကျပန်း မလုပ်ဆောင်ခဲ့ပေ။ နောက်ကွယ်တွင် အကြောင်းအရင်းတစ်ခု ရှိရမည်။

“မေ့လိုက်ပါ။ ဒီအကြောင်း မပြောနဲ့တော့။” ချန်ယင်းရှာက ပြုံးလိုက်ပြီး အခြား ဘာမှမပြောခဲ့ပေ။ တခဏမျှ တိတ်ဆိတ်နေပြီးနောက်၊ သူမသည် ထပ်မံ စကားစလိုက်သည်။ ဤအကြိမ်တွင်၊ သူမက အတိတ်ကို ပြန်ပြောင်း ပြောဆိုလိုက်သည်၊ “လွန်ခဲ့တဲ့ အနှစ် ၃၀၀ ကဆို, ငါက ပင်လယ်ထဲက ငါးမန်းတစ်ကောင်အနေနဲ့ပဲ ရှိခဲ့တယ်။ ငါ ဘာမှ မသိခဲ့ဘူး။ စားမယ်၊ အမဲလိုက်မယ်၊ ပျော်ရွှင်မယ်၊ ဒီလောက်ပဲ ငါ သိခဲ့တယ်။ ဒါပေမယ့် ငါ့ဆရာနဲ့ တွေ့ဆုံခဲ့ပြီး၊ ငါ့ကို ဉာဏ်ရည်ဉာဏ်သွေး ရရှိအောင်၊ ကျင့်ကြံတတ်အောင် ကူညီပေးခဲ့တယ်။ နောက်ပိုင်း၊ ငါ့ဆရာ မိုးကြိုးကပ်ဘေးကျော်လွှားနေစဉ်မှာ, ဘာကိုမှ ဂရုမစိုက်တတ်တဲ့ သူ့ဗီဇကြောင့် သူ့စိတ်ဝိညာဉ် ပျက်စီးသွားခဲ့တယ်။ သူ့ရဲ့ တစ်ခုတည်း သော ဆန္ဒက ငါ့ကို မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းကို ဆက်ခံပြီး၊ ဂိုဏ်းကို ထွန်းကားအောင် လုပ်ပေးစေချင်တယ်…”

စကားအနည်းငယ် ပြောပြီးနောက်၊ ချန်ယင်းရှာသည် သူ့ဘေးရှိ ပုလွေကို ထိကြည့်လိုက်ပြီး ပြုံးလိုက်သည်၊ သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာသည်။

“ခင်ဗျားကို တာအိုဂိုဏ်းကို ဆက်ခံပြီး ထွန်းကားအောင် လုပ်ပေးစေချင်တာလား။ ဒါဆို, မင်းဆက် တစ်ခု ပြောင်းလဲတိုင်း၊ ဉာဏ်ပညာရှိတဲ့ အုပ်စိုးသူတစ်ပါးကို ရှာဖွေပြီး၊ သူ့ကို ကူညီပေး။ အင်ပါယာ တရားရုံးရဲ့ တရားဝင်ဘွဲ့တစ်ခု ပေးအပ်ခြင်းခံရရင်၊ ခင်ဗျားလည်း တကယ့် ကြီးကျယ်ခမ်းနားတဲ့ တာအိုဂိုဏ်းတစ်ခုကို တည်ထောင်နိုင်မယ်။ မရေမတွက်နိုင်တဲ့ ဆီမီးခွက်တွေနဲ့ ပူဇော်မူတွေကို လက်ခံရရှိပြီး၊ ယုံကြည်မှုတွေကို စုဆောင်းနိုင်မယ်။”

ဟုန်ယွိသည် ချန်ယင်းရှာ၏ ရည်ရွယ်ချက်ကို နားလည်သွားပုံရသည်။

သို့သော်၊ သူသည် ထိုကိစ္စကို နက်နက်ရှိုင်းရှိုင်း မတွေးချင်ခဲ့ပေ။

“ကောင်းပြီ။ သိုင်းပညာ လေ့ကျင့်ကြစို့။ ငါ မဟာဆရာသခင်အဆင့်ရဲ့ အထွတ်အထိပ်မှာ ထစ်ဆို့နေတာ အချိန်အတော်ကြာခဲ့ပြီ။ အဲဒီ အတားအဆီးကို ငါ မဖြတ်ကျော်နိုင်ခဲ့ဘူး။ အခု ငါ ယွမ်ယန်ကောင်းကင်ပုလဲရဲ့ စွမ်းအားအားလုံးကို အသုံးပြုပြီး ငါ့ကြွက်သားတွေ၊ အရိုးတွေ၊ ကိုယ်အတွင်းအင်္ဂါ ကလီစာတွေ သန်မာစေပြီး၊ ငါ့ရဲ့စွမ်းအင်နဲ့ သွေးကို တည်ငြိမ်အောင် လုပ်ဆောင်တော့မယ်။ ငါ စစ်မှန်တဲ့ သိုင်းသူတော်စင်အဆင့်ကို ရောက်ရှိရမယ်။ ပြီးရင်၊ သိုင်းသူတော်စင်ခန္ဓာကိုယ်ရဲ့ အစွမ်းထက်တဲ့ စွမ်းအင်နဲ့ သွေးကို အသုံးပြုပြီး အထက်ပိုင်း သန္ဓေသားကျင့်စဉ်ထဲကအတိုင်း စိတ်ဝိညာဉ်ကို အားဖြည့်ပြီး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်မယ်။ ဒါဆို မဟူရာမြေခွေးဘုရင် ဘီရှီဟွာကို သတ်ဖြတ်ဖို့ နီးကပ်လာပြီ။”

ချန်ယင်းရှာသည် ဟုန်ယွိကို ပြောလိုက်သည် “ငါ ကျင့်ကြံနေစဉ်မှာ မင်းက ငါ့ဘေးမှာနေပြီး၊ နားလည်ဆင်ခြင်နိုင်တယ်။ ငါ မင်းကိုကူညီပြီး သိုင်းပညာနဲ့ပတ်သက်တဲ့ မေးခွန်းအချို့ကို ဖြေကြားပေးမယ်။ ဒါပေမယ့် ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာက ကိုယ့်စိတ်နှလုံးအပေါ်မှာ လုံးလုံး မူတည်နေ တယ်။ ဒါကို ဘယ်သူမှ မကူညီနိုင်ဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို အားမကိုးနဲ့။”

ထိုစကားပြောပြီးသည်နှင့် ချန်ယင်းရှာသည် မျက်လုံးမှိတ်လိုက်ပြီး၊ သူမလက်ချောင်းက ကြက်ဥအရွယ် ယွမ်ယန်ကောင်းကင်ပုလဲကို ညွှန်ပြလိုက်ပါ သည်။

ဗုံး။

ရွှေရောင်အလင်းရောင်နှင့် မွှေးရနံ့သင်းထုံနေသော ယွမ်ယန်ကောင်းကင်ပုလဲသည် ရွှေရောင်မြူခိုး တိမ်တိုက်တစ်ခုအဖြစ် ပျံ့နှံ့သွားပြီး၊ အခန်းတစ်ခု လုံးကို လွှမ်းခြုံသွားပါသည်။

ချန်ယင်းရှာသည် သူ့အတွက် အချိန်နှင့် အားစိုက်မူကို ချွေတာရန်အတွက် သူမလက်ချောင်းဖြင့် ညွှန်ပြပြီး ပုလဲလုံးကို ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း ဟုန်ယွိ သိရှိသည်။

ရွှေရောင်မြူခိုးတိမ်တိုက်များသည် ပျံ့နှံ့သွားပြီး၊ အခန်းထဲတွင် လွင့်မျှောနေသည်။ ၎င်းတို့ကို တစ်ခုခုက ထိန်းချုပ်ထားနေသည့်အတိုင်း ပျံ့နှံ့၍ မထွက်သွားခဲ့ပေ။

အသက်တစ်ချက် ရှူရှိုက်လိုက်ရင်း ဟုန်ယွိသည် ရွှေရောင်မြူအငွေ့များကို ရှူရှိုက်လိုက်ပါသည်။ ချက်ချင်းပင်၊ ပြင်းထန်သော မွှေးရနံ့က သူ၏ အဆုတ်ကို ပိတ်ဆို့စေပြီး၊ သူ့ကို ချောင်းဆိုးလုနီးပါး ဖြစ်စေသည်။

“ဆေးစွမ်းအားက ပြင်းထန်လွန်းတယ်။ ငါ မခံနိုင်ဘူး။” သူ ချက်ချင်း သိရှိလိုက်သည်မှာ၊ ယွမ်ယန်ကောင်းကင်ပုလဲသည့် အငွေ့ပျံသွားပြီးနောက် ရွှေရောင်မြူခိုးများသည် အလွန်ပြင်းထန်သည်။ မူလက ယွမ်ယန်ကောင်းကင်ပုလဲတစ်လုံးသည် လူ ၁၀ ယောက်ကျော်အတွက် အသုံးပြုခဲ့ပြီး၊ ဆေးရည်အဖြစ် အကြိမ်များစွာ ကျိုချက်ခဲ့သည်။ ဆေးအဖြစ် သန့်စင်ခဲ့ကာ မြင်းများကိုလည်း ကျွေးခဲ့ပြီး အနည်းငယ်သာ အသုံးပြုခဲ့သည်။

သို့သော် ယခုအခါ ချန်ယင်းရှာသည် ကျန်ရှိနေသော ပုလဲတစ်ဝက်ကို ခွန်အားဖြင့် ဖျေမွပစ်ခဲ့ပြီး၊ အစွမ်းထက်သော ဆေးစွမ်းအားကို ထုတ်လွှတ်ကာ ဟုန်ယွိကို စုပ်ယူစေခဲ့သည်။ ယင်းက အားနည်းသော လူနာတစ်ဦးကို ဖြည်းဖြည်းချင်း ကုသရမည်ဖြစ်သော်လည်း၊ ဂျင်ဆင်း၊ သမင်ချိုနှင့် နှင်းကြာပန်းစသည့် အစွမ်းထက်သော ဆေးဝါးများကို အတင်းအဓမ္မ တိုက်ကျွေးနေသည့်သဖွယ် ဖြစ်သည်။

ဆေးသည် မူလက အားဆေးဖြစ်သော်လည်း၊ မှန်ကန်စွာ အသုံးမပြုပါက၊ ချက်ချင်း ပြင်းထန်သော ဆေးတစ်ခွက် ဖြစ်သွားလိမ့်မည်။

“မစိုးရိမ်နဲ့။ ဆေးစွမ်းအားက ပြင်းထန်လွန်းပေမယ့်၊ မင်းက လူလတ်ပိုင်းအရွယ် ဒါမှမဟုတ် လူအိုကြီးတစ်ယောက် မဟုတ်သေးဘူး။ မင်းက အခုမှ အသက် ၁၆ နှစ် ၁၇ နှစ်ပဲ ရှိသေးတယ်။ မင်းရဲ့ သွေး၊ အရိုးတွေနဲ့ အရိုးချဉ်ဆီတွေက အထွတ်အထိပ်မှာ ရှိနေတယ်။ ဒီအချိန်မှာ၊ မင်းရဲ့ ခန္ဓာကိုယ်၊ အရေပြားနဲ့ အသားတွေကို နှိုးဆွပေးဖို့ ပြင်းထန်တဲ့ အားဖြည့်ဆေးတွေ လိုအပ်တယ်။ အရင်က ပုလဲလုံးကို ပြုတ်ခဲ့သလိုမျိုး၊ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်း လုပ်နေရင်၊ ဒါက လီလဲ့၊ အကြီးအကဲရှန် နဲ့ အခြားလူတွေအတွက်ဆို မဆိုးပါဘူး။ သူတို့ရဲ့ သွေးစွမ်းအားက ဖြည်းဖြည်းချင်းပဲ နှိုးဆွနိုင်တယ်၊ ပြင်းထန်တဲ့ အားဖြည့်ဆေးဝါးတွေကို မခံနိုင်တော့ဘူး။ ဒါပေမယ့် မင်းကတော့ မတူဘူး။ မင်းအနေနဲ့ လူကြီးတစ်ယောက်လို တည်တည်ငြိမ်ငြိမ် သွားနေဖို့ မလိုအပ်ဘူး။ မင်းအနေနဲ့ ကြံ့ခိုင်သန်မာပြီး ပြင်းပြတဲ့စိတ်ဓာတ်မျိုး လိုအပ်တယ်။ လူငယ်တွေဟာ သန်မာတဲ့ အရွယ်မှာ ရှိကြတယ်။ သန်မာတဲ့ လူတစ်ယောက်ဟာ ပြင်းထန်တဲ့ ဆေးဝါးနဲ့လှုံ့ဆော်မူကို ခံယူနိုင်ရမယ်။ ဒါက ကောင်းကင်တာအို လမ်းစဉ်ပဲ။ လူငယ်တစ်ယောက်ဟာ လူအိုတစ်ယောက်လို နူးညံ့သိမ်မွေ့ပြီး၊ ဖြည်းဖြည်းချင်း သင်ယူနေရင်၊ ဒါက ကောင်းကင်တာအိုလမ်းစဉ်ကို ဆန့်ကျင်နေတာပဲ။”

ဟုန်ယွိသည် သူ့အသက်ရှူသံကို ထိန်းချုပ်ရင်း ချန်ယင်းရှာကို မေးမြန်းနေစဉ်မှာ ချန်ယင်းရှာ၏ အသံကို ကြားရသည်။

“စိတ်ဓာတ်မာကျောတဲ့ လူတစ်ယောက်ဟာ ပြင်းထန်တဲ့ အားဖြည့်ဆေးတွေ လိုအပ်တယ်။ လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့အတူ ယှဉ်ပြိုင်တိုက်ခိုက်မူပဲ။ ယောင်္ကျားပီပီ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ လုပ်ဆောင်မှပဲ အောင်မြင်မှု ရရှိနိုင်မယ်။ ကောင်းကင်တာအိုရဲ့ စည်းမျဉ်းနဲ့လည်း ကိုက်ညီမယ်။ ဒါကမှ တကယ့် ငွေငါးမန်းဘုရင်ပဲ။ သူမက ငါ့ကို ခေါင်းထဲ သံမှိုဆွဲသလို ရိုက်ထည့်ပေးနိုင်တယ်။ ငါ အရင်က သိုင်းပညာ လေ့ကျင့်ရင် အရမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ သတိကြီးကြီး ထားခဲ့တယ်။ ဒါက နည်းလမ်းကောင်း ဆိုပေမယ့်၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရုံလောက်ပဲ။ ယှဉ်ပြိုင်လိုစိတ် ချို့တဲ့နေသမျှ အထွက်အထိပ်ကို မရောက်ရှိနိုင်ဘူး။”

ဟုန်ယွိသည် ဉာဏ်ရည်ထက်မြက်သူတစ်ဦး ဖြစ်သည်။ ချန်ယင်းရှာသည် သူ့ကို အနည်းငယ် ညွှန်ပြလိုက်ရုံဖြင့်၊ သူ၏ သိုင်းပညာ လေ့ကျင့်ရခြင်း၏ အဓိကအချက်ကို နားလည်သွားသည်။

ယခင်က သူသည် သိုင်းပညာ လေ့ကျင့်ရာတွင်, အရမ်းကို ဂရုစိုက်ခဲ့သည်။ အရာအားလုံးကို နားလည်ပြီးမှ ဖြည်းညှင်းစွာ လေ့ကျင့်ခဲ့သည်။ အကယ်၍, သူ နားမလည်သေးဘူးဆိုရင် ဘယ်တော့မှ ကန့်သတ်ချက်ကို မဖြတ်ကျော်ခဲ့ပေ။

ဤသည်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကောင်းသော နည်းလမ်းဖြစ်သော်လည်း၊ အရမ်းကို သတိကြီးလွန်းခဲ့သည်။ လူငယ်တစ်ယောက်သည် သိုင်းပညာ လေ့ကျင့်ရာတွင် ပြင်းထန်သည့် စိတ်ဆန္ဒအပေါ် မှီခိုရမည်။ အကယ်၍, သူ မအောင်မြင်သေးဘူးဆိုလျင်, သေလုမတတ် ကြိုးစားရမည်။ ထိုကဲ့သို့ ပြင်းပြသောစိတ်ဆန္ဒဖြင့် ကြိုးစားမှသာ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

“ခင်ဗျားပြောတဲ့ စကားတစ်ခွန်းက ဉာဏ်အလင်းရရှိစေတယ်လို့ ပြောလို့ရတယ်။ ယင်းရှာမိန်းကလေး၊ ဒီနေ့ ခင်ဗျားရဲ့လမ်းညွှန်မှုကို ကျွန်တော် ဘယ်တော့မှ မမေ့နိုင်ဘူး။” ဟုန်ယွိသည် သူ့ကိုယ်သူ တွန်းအားပေးကာ အတင်းကြပ် အသံမြှင့်ပြောလိုက်ပြီးနောက် ပါးစပ်ကို ပိတ်လိုက်ပါသည်။

ပါးစပ်ဖွင့်လိုက်ရုံဖြင့်၊ များပြားလှသော ရွှေရောင်မြူခိုးတိမ်တိုက်များက သူ့အဆုတ်ထဲသို့ ဝင်ရောက်လာပြီး၊ သူ့ကို အသက်ရှူရန် ခက်ခဲစေသည်။

“မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားနဲ့ ချွေးထွက်ပေါက်တွေကို ဖွင့်ထားလိုက်ပါ။ မင်းအရေပြားရဲ့ စွမ်းအားကို သုံးပြီး မြူခိုးတွေကို စိမ့်ဝင်စေပြီး မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ပါ။” ချန်ယင်းရှာ၏ အသံကို ထပ်မံကြားရသည်။ တစ်ချိန်တည်းမှာပင်၊ အခန်းထဲရှိ ရွှေရောင်မြူခိုး တိမ်တိုက်အများစုသည် ရှည်လျားသော မြွေနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ သူမ၏ နှာခေါင်းဝမှ ဝင်ထွက်နေသည်။ တဖြည်းဖြည်း၊ သူမ၏ အရေပြားသည် ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။

ဟုန်ယွိအနေဖြင့်လည်း, သူသည် ကျန်ရှိနေသော ရွှေရောင်မြူခိုးတစ်ဝက်ဖြင့် လုံးဝ ဖုံးလွှမ်းခံရသည်။ သူသည် ခိုင်ခံ့သော ရွှေရောင်ဥခွံထဲတွင် ထုပ်ပိုးခံရသည့်သဖွယ် ဖြစ်နေပြီး၊ သူ့ကို လုံးဝ မမြင်နိုင်တော့ပေ။

ဤအချိန်တွင်၊ ဟုန်ယွိသည် ဥခွံထဲတွင် ထုပ်ပိုးခံရပြီး သားဖောက်နေသလို ခံစားရသည်။

ရွှေရောင်မြူခိုးများသည် သံမဏိပြားကဲ့သို့ သူ့ကို တင်းတင်းကြပ်ကြပ် ဖိအားပေးနေပြီး၊ သူ၏ ချွေးပေါက်တိုင်းကို စိမ့်ဝင်ရန် ကြိုးစားနေသည်။

“ဒါက သည်းမခံနိုင်လောက်အောင်ပဲ။”

ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို မျက်ခုံးကြားရှိ လျှို့ဝှက်စမ်းအင် အထက်ပိုင်း သန္ဓေသားထဲတွင် ပုန်းအောင်းခိုင်းထားသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို သေးငယ်သော အစက်တစ်စက်အဖြစ် ကျုံ့လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်မှ လွှတ်ပေးလိုက်ပြီး၊ ရွှေရောင်မြူခိုးတွေကို သူ့ကို ဖိအားပေးခွင့် ပြုလိုက်ပါသည်။

ရွှေရောင်မြူခိုးတိမ်တိုက်ထဲတွင်၊ ချန်ယင်းရှာ၏ အတွေးများကို သူ ခံစားရသည်။

သူသိရှိလိုက်သည်မှာ၊ ချန်ယင်းရှာသည် တာအိုပညာရပ်ကို အသုံးပြု၍ သူ့ကို ဆေးစွမ်းအား စုပ်ယူနိုင်ရန် ကူညီပေးနေခြင်း ဖြစ်သည်။

“မင်း ရွှေရောင်မြူခိုးတွေထဲမှာ မင်းရဲ့လက်သီးပညာရပ်တွေကို လေ့ကျင့်သင့်တယ်။ ငါက အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကို နားလည်ဖို့ ကြိုးစားရမယ်။ ဂွန်ယန်ယုရဲ့ သိုင်းသူတော်စင် ခန္ဓာကိုယ် ကျင့်စဉ်က သိုင်းပညာရပ်, လက်သီးပညာရပ်၊ အသက်ရူနည်းလမ်း၊ ခြင်ဆီသန့်စင်ခြင်းနည်းလမ်းနဲ့ သွေးပြောင်းလဲခြင်းနည်းလမ်းအပါဝင် သိုင်းပညာရပ် ရာပေါင်းများစွာနဲ့ ပေါင်းစပ်ထားတာ။ ဝေလျံချန်းက အမှားအချို့ ရေးသားထားပေမယ့်၊ ငါတို့ရဲ့ စူးစမ်းလေ့လာမူ၊ လက်ရည်စမ်း တိုက်ခိုက်မူနဲ့ဆို အသက်ရူခြင်းနည်းလမ်းကို ပေါင်းစပ်နိုင်ဖို့ ငါတို့အတွက် ပြဿနာ မရှိသင့်ဘူး။ ဒါပေမယ့်, ခြင်ဆီသန့်စင်ခြင်းနဲ့ သွေးပြောင်းလဲဖို့ကတော့ ဂရုမစိုက်လို့ မရဘူး။ တကယ်လို့, တစုံတရာ မှားယွင်းသွားတာနဲ့ ငါ့ခန္ဓာကိုယ်တစ်ခုလုံး အဆုံးသတ်သွားလိမ့်မယ်။ ဒါကြောင့်, ငါတို့က ဒီပညာရပ်ကို ကိုးကားလို့မရနိုင်ဘူး။ အရင်က သိုင်းပညာ လေ့ကျင့်ရာမှာ ငါ ပြုလုပ်မိခဲ့တဲ့ အမှားသေးသေးလေးတွေ အများကြီး ရှိခဲ့တယ်။ အဲဒါတွေကိုလည်း ဒီအခွင့်အရေး အသုံးချပြီး ပြင်ဆင်ရမယ်။ ငါ့ခန္ဓာကိုယ်ကို ပြည့်စုံတဲ့အဆင့် ရောက်အောင် လေ့ကျင့်ရမယ်။ မင်း မေးစရာ မေးခွန်းရှိရင်၊ ငါတို့ စိတ်ချင်းဆက်သွယ်ပြီး မေးမြန်းနိုင်တယ်။”

ချန်ယင်းရှာ၏ အတွေးများက လှိုင်းလုံးများသဖွယ် ဖြစ်ပေါ်လာပြီး၊ ဟုန်ယွိ၏ စိတ်ထဲသို့ ကူးပြောင်းလာသည်။

“ကောင်းပြီ။ ကျွန်တော်လည်း သိုင်းပညာမှတ်စု စာအုပ်တွေ အများကြီး ဖတ်ခဲ့ဖူးတယ်။ အထူးသဖြင့် ဘုန်းတော်ကြီး ယန်ယွဲ့ မှတ်ချက်ရေးခဲ့တဲ့ သိုင်းပညာကျမ်းတွေ။ ဗုဒ္ဓတိုက်ပွဲမှတ်တမ်းနဲ့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ သိုင်းကျမ်းတွေလည်း ပါဝင်တယ်။ ခင်ဗျားအတွက် အမြင်သစ် အကြံဉာဏ်သစ်တွေ အများကြီး ပေးနိုင်မယ်လို့ ကျွန်တော် ထင်တယ်။”

ဟုန်ယွိသည် စိတ်ချင်း ဆက်သွယ်ပြီး ပြောလိုက်သည်။

“အိုး။ မင်းက ဒီလိုစာအုပ်တွေ အများကြီး ဖတ်ခဲ့တယ်လား။ ယန်ယွဲ့က သိုင်းပညာကျမ်းတွေ မှတ်ချက်ရေးရာမှာ နာမည်ကြီးတယ်။ မင်းက ထင်ရှားတဲ့ မိသားစုက ဆိုတော့၊ မင်းရဲ့ စုဆောင်းမှုထဲ သူ မှတ်ချက်ရေးခဲ့တဲ့ ကျမ်းတွေ ရှိနေတာ မအံ့သြပါဘူး။ ကောင်းပြီ။ စတင်ကြစို့။” ချန်ယင်းရှာက ပြောသည်။

“ကောင်းပြီ။” ဟုန်ယွိက ‘ကောင်းပြီ’ ဟု နောက်တစ်ကြိမ် ပြောလိုက်သည်။ သူသည် သူ့တစ်ကိုယ်လုံး ပြင်းထန်သော အားဖြည့်ဆေး၏ နှိုးဆွမှုကို ခံစားရပြီး၊ သွေးစွမ်းအားများ လှိုင်းလုံးများသဖွယ် လှုပ်ရှားလာသည်။ လူငယ်တစ်ဦး၏ ပူပြင်းလာသော သွေးနှင့်အတူ သူသည် ချက်ချင်း ဖနှောင့် တစ်ချက် ပေါက်လိုက်ပြီး၊ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကို လေ့ကျင့်ပြီး၊ တစ်ချိန်တည်းမှာပင်၊ သူသည် အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ် အခြေခံကျင့်ကြံခြင်း နည်းလမ်းများကို စတင်လေ့ကျင့်လိုက်ပါသည်။

သူတို့နှစ်ဦးသည် တစ်ခါတစ်ရံ စိတ်ချင်း ဆက်သွယ်ပြောဆိုကြသည်။

အစစ်မှန် သိုင်းသူတော်စင်ခန္ဓာကိုယ်သည် ပထမဆင့် ကြွက်သားကျင့်စဉ် ဖြစ်သည်။ ထိုကျင့်စဉ်သည် သိုင်းပညာရှင်များအတွက် နားလည်ရန် လွယ်ကူသောကြောင့်၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် တခဏမျှ ဆွေးနွေးပြီးနောက်၊ ထိုကျင့်စဉ်တွင် မှားယွင်းမှုမရှိကြောင်း ခံစားရပြီး၊ ချက်ချင်း လေ့ကျင့်လိုက်ကြသည်။

လေ့ကျင့်နေစဉ်အတွင်းမှာ ဟုန်ယွိသည် ရုတ်တရက် သူ့လက်နှစ်ဖက်ကို ကလေးတစ်ယောက်ကို ပွေ့ဖက်ထားသည့် ကိုယ်နေဟန်ကို လုပ်ဆောင် ရင်း၊ သူသည် ၎င်းကိုယ်နေဟန်၏ သိမ်မွှေ့နက်ရှိုင်းပြီး၊ ထူးဆန်းသော သဘောတရားကို ခံစားရပါသည်။

“ဒါက တိုင်ရှန်တာအိုဂိုဏ်းရဲ့ မွေးကင်းစကလေးပွေ့ဖက်ခြင်းပညာရပ်ထဲက ကိုယ်နေဟုန်တစ်ခုပဲ။ ဂွန်ယန်ယုက ဒါကိုလည်း ထည့်သွင်းခဲ့တယ်။” ချန်ယင်းရှာ က ပြောသည်၊ “တိုင်ရှန်တာအိုဂိုဏ်းရဲ့ အရိုးမဲ့ပျော့ပျောင်းလက်သီးပညာရပ်လည်း ရှိတယ်။ မင်း သတိထားရမယ်။” (ရှေ့မှာတုန်းက လမင်းရင်ခွင်ဆိုပြီး ပြန်ဆိုခဲ့ပါသည်။ အခုကစပြီး မွေးကင်းစကလေးပွေ့ဖက်ခြင်းဆိုပြီး ပြန်ဆိုပါမည်)။

ဟုန်ယွိ နားလည်ပြီးနောက်၊ သူသည် ရွှေရောင်ဥခွံထဲတွင် ရုတ်တရက် ခွန်အား စိုက်ထုတ်လိုက်ပြီး၊ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် အရိုးများကို လှုပ်ရှားစေပြီး၊ ပြင်းထန်သော လက်သီးထိုးချက်များ၊ ခြေကန်ချက်များ၊ လက်ဖဝါးရိုက်ချက်များ၊ တဆောင်စောင့်ချက်များနှင့် အခြားအကွက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။

အကွက်တိုင်းနှင့် ကိုယ်နေဟန်တိုင်းကို ပြင်းထန်စွာ လေ့ကျင့်သည်။

တဖြည်းဖြည်း၊ ဟုန်ယွိသည် အတွေးမရှိငြိမ်သက်ခြင်း အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် မည်သည့်အရာကိုမှ မကြားနိုင်၊ မမြင်နိုင်တော့ပေ၊ သို့သော် သူ့ခန္ဓာကိုယ်သည် အဆက်မပြတ် လှုပ်ရှားနေသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက် ကြာသွားခဲ့သည်။ ငါးရက်မြောက်နေ့တွင်၊ ဟုန်ယွိနှင့် ချန်ယင်းရှာ၏ ဆက်သွယ်မူသည် အလွန်သဟဇာတ ဖြစ်လာခဲ့သည်။

ဤငါးရက်အတွင်း၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် ဘာမှ မစား မသောက်ခဲ့ပေ။ သို့သော် ၎င်းတို့၏ စွမ်းအင်နှင့် ခွန်အားသည် မကြုံစဖူး အဆင့်သို့ ရောက်ရှိခဲ့သည်။ အကြောင်းမှာ ယွမ်ယန်ကောင်းကင်ပုလဲ၏ အာဟာရဖြည့်တင်းပေးမူသည် သူတို့ခန္ဓာကိုယ်၏ လိုအပ်ချက် အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်လောက်အောင် လုံလောက်သည်ဖြစ်ရာ၊ သူတို့သည် ဘာကိုမှ မစားရသော်လည်း အခြားမည်သည့်အရာမဆို စားခြင်းထက် ပိုမိုကောင်းမွန်နေပါသည်။

အခန်း (၁၉၃)။

ငါးရက်နှင့်ငါးညလုံးလုံး၊ ဟုန်ယွိသည် သူသင်ယူခဲ့သော သိုင်းပညာအားလုံးနှင့် ၎င်းတို့အပေါ် သူ၏ထိုးထွင်းသိမြင်မူအားလုံးကို ချန်ယင်းရှာအား ပြန်လည် ပြောပြခဲ့သည်။

“နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ရဲ့ ခွန်အားကြီးမားကြီးမှု”၊ “ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါး”၊ “ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်”၊ “လိပ်ပြာအကလက်သီး”၊ “လရောင်ဝံပုလွေဓားသိုင်း”၊ “နတ်ဆိုးမျောက်ဝံဖရိုဖရဲနတ်ဘုရားတုတ်သိုင်း”၊ “ကောင်းကင်မြွေ အသက်ရှူနည်း”၊ “ဝိညာဉ်လိပ်အသက်ရှူနည်း”၊ “နဂါးဆင်တံဆိပ်”၊ “မိုရာနတ်ဘုရားတူ” နှင့် ဧရာမဝေလငါးကျွန်းကို တိုက်ခိုက်ရာမှ ရရှိခဲ့သော သိုင်းပညာကျမ်းများစွာ၏ အနှစ်သာရများ၊ အားလုံးကို ချန်ယင်းရှာ၏ လမ်းညွှန်မှုအောက်တွင် အားလုံးကို ပေါင်းစပ်လိုက်သည်။ (ယခင်က ကောင်းကင်မြွေပုံစံအသက်ရူခြင်းနည်းလမ်းဟု ပြန်ဆိုခဲ့ပါသည်။)

နောက်ဆုံး အခိုက်အတန့်တွင်၊ သိုင်းပညာအားလုံး၊ လက်သီးပညာရပ်များ၊ ကြွက်သားကျင့်စဉ်၊ အရေပြားချဲ့ထွင်မှု၊ အရိုးလှည့်ပတ်မှုနှင့် ကိုယ်အတွင်းအင်္ဂါများ၏ လှုပ်ရှားမှုအားလုံးကို လုံးလုံး ပေါင်းစပ်နိုင်ခဲ့ပါသည်။

ဟုန်ယွိသည် သူ့ခန္ဓာကိုယ်အပေါ် ဤမျှပြည့်စုံသော နားလည်မှုနှင့် ထိန်းချုပ်မှုကို တစ်ခါမျှ မရရှိခဲ့ဖူးပေ။

ချန်ယင်းရှာနှင့် အမြင်ချင်း ဖလှယ်ပြီးနောက်၊ သူသည် ပြင်းထန်စွာ လေ့ကျင့်ခဲ့ပြီး ယွမ်ယန်ကောင်းကင်ပုလဲ၏ ဆေးစွမ်းအားကို စုပ်ယူခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပြည့်စုံသည်ဟု ခံစားရသည်။ သူ့ကြွက်သားများ၊ အရိုးများနှင့် ကိုယ်အတွင်းအင်္ဂါများသည် သန့်စင်ပြီး အညစ်ကြေးကင်းကာ မွှေးရနံ့များ သင်းထုံနေသည်။ ၎င်းတို့အတွင်းရှိ မသန့်ရှင်းမှု အားလုံးကို သန့်စင်ပြီး လုံးဝ ဖယ်ရှားနိုင်ခဲ့သည်။

သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို သူဆန္ဒသလို လွတ်လပ်စွာ အသုံးပြုနိုင်ပြီး။ အတားအဆီး သို့မဟုတ် နာကျင်မှုမရှိသလို၊ အလွန်အကျွံ အားထုတ်မှုကြောင့် တင်းမာမှု၊ အရိုးဆစ်လွဲမှု၊ သို့မဟုတ် အသက်ရှူမဝမှုမျိုး မဖြစ်ပေါ်တော့ပေ။

သူ အားထုတ်လိုက်သည့်အခါ၊ ဟုန်ယွိသည် သူ၏ ပွက်ပွက်ဆူနေသော သွေးများသည် ယွမ်ယွန်ပုလဲကဲ့သို့ ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်ကို ခံစားရသည်။

မူး၊ မူး။ “ဟစ် ဟစ် ဟစ်။”

သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော ရွှေရောင်မြူခိုးများသည် ထူးထူးခြားခြား ပါးလျသွားသည်။ ဆေးစွမ်းအားအားလုံးကို ဟုန်ယွိမှ စုပ်ယူပြီး သူ့ခန္ဓာကိုယ်အတွက် အာဟာရအဖြစ် ပြောင်းလဲခဲ့ပြီ ဖြစ်သည်။

“သိုင်းသူတော်စင် ခန္ဓာကိုယ်။ ဒါက ဒီလိုလား။ သူလျှောက်ခဲ့တဲ့ လမ်းက ငါနဲ့ အတူတူပဲ။ ဒါပေမယ့် သူ့ရဲ့ နည်းစနစ်တချို့က ငါ့ထက် အများကြီး နက်ရှိုင်းတယ်။ ဒီဆေဘာသူတော် ဂွန်ယန်ယုဟာ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်တစ်ဦးပဲ။ ငါ သူနဲ့ လုံးဝ နှိုင်းယှဉ်လို့ မရဘူး။”

အဆုံးသတ် အခိုက်အတန့်တွင်၊ ဟုန်ယွိသည် အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်၏ ကျင့်စဉ်နည်းလမ်းကို လေ့ကျင့်လိုက်ပါသည်။ သူသည် ကောင်းကင်မြွေ အသက်ရှူနည်းနှင့် ဝိညာဉ်လိပ် အသက်ရှူနည်းကို တလှည့်စီ လေ့ကျင့်ကာ၊ ကိုယ်အတွင်းအင်္ဂါများကို လေ့ကျင့်ရန် အသက်ရှူခြင်း နည်းလမ်းနှစ်ခုကို အပြည့်အဝ ပေါင်းစပ်ပြီး လေ့ကျင့်ခဲ့သည်။

ဟုန်ယွိ၏ ကိုယ်အတွင်းအင်္ဂါ ကလီစာများထဲမှ မြွေတစ်ကောင် မြှားတွေကို ထွေးထုတ်နေသည့် အလား တဟစ်ဟစ်မြည်အသံများ ထွက်ပေါ်လာ သည်။ ထိုအသံကို ကြားရသူများသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းမြွေကြီးတစ်ကောင် ပုန်းအောင်းနေပြီး၊ သူ့သားကောင်ကို ဝါးမျိုရန် စောင့်ဆိုင်းနေသည်ဟု ထင်မှတ်ကြလိမ့်မည်။ ကြောက်ရွံ့မှုနှင့် အေးစက်မှုက သူတို့စိတ်နှလုံးထဲတွင် ပေါ်ထွက်လာသည်။

မြွေပုံစံအသက်ရှူ မြှားပစ်လွှတ်ခြင်း နည်းလမ်းသည် ယင်သဘောလွန်ကဲပြီး အလွန်မင်း လျင်မြန်သည်။ ၎င်းသည် လျင်မြန်စွာ အသက်ရှူ ထုတ်နိုင် ပြီး၊ အတွင်းကလီစာများကို စုစည်းကာ၊ စွမ်းအင်နှင့် သွေးကို နှိုးဆွပေးနိုင်သည်။

ဤအခိုက်အတန့်တွင်, အသက်ရှူသံက ရုတ်တရက် ပြောင်းလဲသွားသည်။ နွားတစ်ကောင် သို့မဟုတ် ဆင်တစ်ကောင်၏ ဟိန်းဟောက်သံက နဂါးတစ်ကောင်၏ ဟောက်သံကဲ့သို့ ထွက်ပေါ်လာသည်။ ဟုန်ယွိ၏ အသက်ရှူသံက နှေးကွေးပြီး လေးလံလာသည်။ အသက်ရူသံက တောင်များနှင့် မြေကြီးကဲ့သို့ တည်ငြိမ်ပြီး နှေးကွေးသည်။

ဝိညာဉ်လိပ်အသက်ရှူနည်းသည် ယန်သဘောလွန်ကဲပြီး အလွန်နှေးကွေးသည်။ ၎င်းသည် ဖြည်းညှင်းစွာ ခွန်အားစုဆောင်းပြီး၊ တည်ငြိမ်သော အသက်ရှူသံဖြင့် ပေါက်ကွဲထွက်သည်။

ဤအသက်ရှူနည်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်သည်။

“ကောင်းကင်မြွေဘုရင်ဟာလည်း ပါရမီရှင်တစ်ယောက်ပဲ။ ဒီနတ်ဆိုးဘုရင်ဟာ ဉဒေါင်းဘုရင်အောက်မှာ ရှိပေမယ့်၊ မြွေပုံစံအသက်ရှူ မြှားပစ်လွှတ်နည်းကို ကြည့်ရင်၊ သူမက ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်တယ်။” ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ထွက်လာသည်။

သို့သော်၊ ထိုအတွေးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ဟုန်ယွိသည် အစစ်မှန် သိုင်းသူတော်စင်ခန္ဓာကိုယ်၏ နောက်ဆုံးအဆင့်ဖြစ်သော ပြောင်းလဲမှုနှစ်ခုကို စိတ်နှလုံးအကြွင်းမဲ့ လေ့ကျင့်လိုက်သည်။

ကောင်းကင်မြွေအသက်ရှူနည်နှင့် ဝိညာဉ်လိပ်၏ ဟိန်းဟောက်သံသည် ပြင်းထန်စွာ တလှည့်စီ ဖြစ်ပေါ်လာနေသည်။

ဟုန်ယွိသည် တဖြည်းဖြည်း လေ့ကျင့်နေရင်း၊ အတွေးမရှိ ငြိမ်သက်ခြင်း အခြေအနေသို့ တဖန် ဝင်ရောက်သွားပြန်သည်။

“ဟင်…။” ကြာရှည်တိတ်ဆိတ်နေပြီး နှေးကွေးစွာ အသက်ရှူနေသော ချန်ယင်းရှာသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူမသည် ဟုန်ယွိအား ပြင်းထန်စွာ အသက်ရှူ သွင်းထုတ်နေသည်ကို မြင်လိုက်သည်။ အသက်ရူအသံနှစ်ခု တလှည့်စီ ဖြစ်ပေါ်နေသည့် အခိုက်အတန့်တွင်၊ သူမ၏ အတွေးများဖြင့် ကြည့်ရူစစ်ဆေးကြည့်လိုက်ရာ၊ ဟုန်ယွိ၏ နောက်တွင် ဝိုးတဝါး ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်သည်။ တစ်ခုမှာ ဧရာမမြွေကြီးတစ်ကောင် ဖြစ်ပြီး၊ နောက်တစ်ခုမှာ ဧရာမလိပ်ကြီးတစ်ကောင် ဖြစ်သည်။ ဤဝိညာဉ်သတ္တဝါ နှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ယှက်နွယ်လျက်၊ ကြီးမားသော နတ်ဘုရားတစ်ပါးအသွင် ဖြစ်ပေါ်စေသည်။

“အစစ်မှန်သိုင်းအော်ရာ။” ချန်ယင်းရှာ၏ စိတ်နှလုံးသည် တဒိတ်ဒိတ် ခုန်လာခဲ့သည်။

ဟုန်ယွိ၏ နောက်တွင် ပေါ်ထွက်လာသော ဧရာမကောင်းကင်မြွေနှင့် ဧရာမလိပ်ကြီးတို့၏ ပုံရိပ်များသည် အစစ်မှန် မဟုတ်ပေ။ ၎င်းတို့သည် သူ့ခန္ဓာကိုယ်၏ လှုပ်ရှားမှုမှ ဖြစ်ပေါ်လာသော အော်ရာတစ်မျိုး ဖြစ်သည်။ ၎င်းတို့သည် လက်တွေ့တွင် မရှိပေ။ အလွန်ခံစားမူအားကောင်းသော နတ်ဘုရား စိတ်ဝိညာဉ်ကျွမ်းကျင်သူများသာ ၎င်းတို့ကို ခံစားနိုင်မည် ဖြစ်သည်။ သာမန်လူများအတွက်မူ၊ ၎င်းတို့သည် စိတ်ဝိညာဉ်ဖိအားတစ်ခု အဖြစ်သာ ခံစားရမည်ဖြစ်သည်။

အကြောင်းမှာ၊ စိတ်ဝိညာဉ်နှင့် နှိုင်းယှဉ်ပါက၊ ဤအော်ရာသည် အစစ်မှန် မဟုတ်ပေ။ ၎င်းသည် လုံးဝ တည်ရှိနေခြင်း မရှိပေ။ သို့သော်၊ ၎င်းသည် ဝိညာဉ်နှင့် နတ်ဘုရား စိတ်ဝိညာဉ်အပေါ် ကြီးမားသော ဖိအားတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။

အစစ်မှန် သိုင်းပညာရှင်များဖြစ်သည့် သိုင်းသူတော်စင်နှင့် မဟာဆရာသခင်တို့သည် သူတို့၏ လက်သီးပညာရပ်များကို အသုံးပြုသည့်အခါ၊ မမြင်နိုင် သော အော်ရာတစ်မျိုးက လေးလံသော တောင်ကြီးတစ်ခုကဲ့သို့ နတ်ဘုရား စိတ်ဝိညာဉ် ပညာရှင်များ၏ စိတ်ဝိညာဉ်များကို ဖိနှိပ်နိုင်သည်။

တာအိုပညာရှင်များအတွက်မူ၊ ၎င်းတို့သည် ဤကဲ့သို့ စိတ်ဝိညာဉ်ဖိအားမျိုးကို ဖန်တီးနိုင်ရန် နတ်ဘုရား စိတ်ဝိညာဉ်ကို ရှုပ်ထွေးစေသည့် ပုံရိပ်ယောင် နည်းပညာများကိုသာ အသုံးပြုနိုင်သည်။ သို့သော်၊ အစစ်မှန် သိုင်းပညာရှင်များ၏ ဖိအားနှင့် နှိုင်းယှဉ်ပါက၊ ၎င်းသည် လက်တွေ့ဆန်မူ ကင်းမဲ့သည်။ သိုင်းပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တစ်ခုတည်းဖြစ်လာသော အခါ၊ ၎င်းတို့သည် တာအိုပညာရပ်များကို အသုံးမပြုနိုင်သော်လည်း၊ စိတ်ဝိညာဉ်ဖိအားကို သွေးနှင့် စိတ်ဝိညာဉ်တို့၏ ယန်စွမ်းအင်နှင့် ပေါင်းစပ်ထားသည်။ ထိုအစွမ်းထက်သော အော်ရာသည် တစ္ဆေအင်မော်တယ်များပင် အနီးအနားသို့ ချဉ်းကပ်မလာနိုင်စေရန် လုံလောက်သည်။

ကြီးကျယ်ခမ်းနားသည့် ရိုးဖြောင့်မတ်မှုဖြင့်ဆို၊ တစ္ဆေသရဲများနှင့် နတ်ဘုရားများပင် ချဉ်းကပ်မလာနိုင်။

တဟုန်ထိုး ပျံ့နှံ့နေသည့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့်ဆို, အင်မော်တယ်များနှင့် ဗုဒ္ဓများပင် ဆုတ်ခွာသွားရမည်။

ဤသည်မှာ အစစ်မှန် သိုင်းပညာများ၏ ဖိအားဖြစ်သည်။ ဤသည်မှာ သိုင်းသူတော်စင်၊ လူသားအင်မော်တယ်တစ်ဦးကို နတ်ဘုရား စိတ်ဝိညာဉ် ကျွမ်းကျင်သူများ ကြောက်ရွံ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ (နတ်ဘုရားစိတ်ဝိညာဉ် ကျွမ်းကျင်သူများဟူသည် တာအိုပညာရှင် များကို ဆိုလိုပါသည်။ ပါရှိသည့်အတိုင်း ပြန်ဆိုထားပါသည်။)

အကယ်၍, သာမန်လူတစ်ဦးသည် အချိန်တွင်ကို ဟုန်ယွိကို ကြည့်မည်ဆိုပါက၊ သူ့နောက်တွင် ယှက်နွယ်နေသော ဧရာမလိပ်ကြီးနှင့် ဧရာမမြွေကြီးကို မမြင်နိုင်ပေ။ သူတို့သည် ဟုန်ယွိ၏ အော်ရာက သူ့တို့ကို ဖိအားပေးနေသည်ဟုသာ ခံစားရမည်ဖြစ်ပြီး၊ အဆုံးမရှိသော စွမ်းအားတစ်ခုက ၎င်းတို့ကို အသက်ရှူရန် ခက်ခဲစေလိမ့်မည်။

သို့သော်၊ ချန်ယင်းရှာကဲ့သို့ တာအိုပညာရှင်တစ်ဦးသည် ဤမျှကြီးမားသော နတ်ဘုရားပုံရိပ်များကို ထက်မြက်စွာ ခံစားနိုင်သည်။ ၎င်းသည် စိတ်ဝိညာဉ်ဖြင့် “မြင်နိုင်” သောအရာ မဟုတ်ဘဲ၊ ခံစားရသည့်အရာဖြစ်သည်။

အော်ရာသည် လက်တွေ့တွင် မရှိပေ၊ သို့သော် စိတ်ထဲတွင် ရှိသည်။ ၎င်းသည် ဝိညာဉ်ထက်ပင် ပို၍ မမြင်နိုင်သည့်အရာ ဖြစ်သည်။

ဤကြီးမားသော နတ်ဘုရားကြီး၏ အော်ရာအကွာအဝေးအတွင်း၊ သာမန်တာအိုပညာရှင်များ၏ အတွေးများသည် ချဉ်းကပ်မလာနိုင်ပေ။

“အဲဒီတုန်းက၊ ဘုန်းတော်ကြီး ယန်ယွဲ့ သူ့လက်သီးပညာကို အသုံးပြုခဲ့ချိန်မှာ၊ သူ့ပတ်ပတ်လည်ရှိ အော်ရာက ဗုဒ္ဓရဲ့ဓမ္မခန္ဓာကိုယ်ထဲက ထွက်ပေါ်လာတဲ့အတိုင်းပဲ။ ဆယ်မိုင်အတွင်း၊ ငါ့ရဲ့မသိစိတ်ကနေ ရွှေရောင်အလင်းတန်းကို ခံစားရပြီး၊ ချဉ်းကပ်ဖို့တောင် ခက်ခဲခဲ့တယ်။ နောက်ဆုံး, ငါ အားစိုက်ထုတ်ပြီး၊ တာအိုပညာရပ်ကို အသုံးပြုကာ သူ့အနီးသို့ ချဉ်းကပ်နိုင်ခဲ့ပေမယ့် ရိုးရှင်းတဲ့ လက်သီးတစ်ချက်က ငါ့စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တယ်။”

ချန်ယင်းရှာသည် သူမ ဘုန်းတော်ကြီး ယန်ယွဲ့ထံသို့ လျှို့ဝှက်ချဉ်းကပ်ခဲ့စဉ်က မြင်ကွင်းကို ပြန်လည် အမှတ်ရလိုက်သည်။

ယခုအခါ ဟုန်ယွိနှင့် နှိုင်းယှဉ်ပါက၊ ယင်ယွဲ့၏ အော်ရာသည် သဘာဝအားဖြင့် အဆထောင်ပေါင်းများစွာ သာလွန်သည်။ သို့သော်၊ ဟုန်ယွိသည် အနည်းဆုံး ဤအဆင့်ကို ဖြတ်ကျော်ခဲ့ပြီးနောက်၊ သူ့ရုပ်ခန္ဓာကိုယ် ခွန်အားသည် ဤအော်ရာကို ပိုင်ဆိုင်သည်။

“ထူးဆန်းတယ်။ စိတ်ဝိညာဉ် ကျင့်ကြံသူတစ်ဦးမှာ ဒီလိုအော်ရာမျိုး ရှိမနေသင့်ဘူး။ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် တစ်ခုတည်း ဖြစ်အောင် လေ့ကျင့်နိုင်သူတွေမှာပဲ ဒီလိုခံစားမှုမျိုးကို ရရှိနိုင်တာလေ။ သူက သိုင်းပညာရှင်တိုင်း အိပ်မက်မက်ရတဲ့ အတွေးမရှိ ငြိမ်သက်ခြင်း အခြေအနေထဲ ဝင်ရောက်နိုင်တာများလား။ တနည်းအားဖြင့်ဆို, ဒီအစစ်မှန် သိုင်းအော်ရာက သူ့နတ်ဘုရား စိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်လာတာ မဟုတ်ဘဲ၊ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကနေ ဖြစ်ပေါ်လာတာပဲ။”

အကယ်၍ ဟုန်ယွိ၏ အစစ်မှန် သိုင်းနတ်ဘုရားပုံရိပ်သည် သူ၏ စိတ်ဝိညာဉ်မှ ဖြစ်ပေါ်လာခဲ့ပါက၊ ချန်ယင်းရှာသည် မည်သည့်ဖိအားကိုမျှ ခံစားရမည် မဟုတ်ပေ။ အကြောင်းမှာ စိတ်ဝိညာဉ်သည် ယင်သဘောရှိပြီး၊ တာအိုပညာရှင်သူတစ်ဦးအတွက်၊ အင်အား ကွာခြားမှသာလျှင် ဖိအားကို ဖြစ်ပေါ်စေနိုင်သည်။

သို့သော်၊ ဟုန်ယွိ၏ အစစ်မှန်သိုင်းနတ်ဘုရားပုံရိပ်သည် ယင်သဘောတရား တစ်စက်မျှ မရှိပေ။ ၎င်းသည် လုံးဝ ယန်သဘော ဖြစ်သည်။ ဤသည်မှာ ချန်ယင်းရှာ၏ စိတ်ဝိညာဉ်သည် ထိုဖိအားကို ခံစားရရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

၎င်းသည် သဘာဝဖိအားတစ်ခု ဖြစ်သည်။ ၎င်းသည် ကြောင်ပေါက်စတစ်ကောင်က ကြွက်ကြီးတစ်ကောင်ကို အသံတစ်ချက် ပေးလိုက်ရုံဖြင့် ကြောက်ရွှံ့ ထိတ်လန့်စေနိုင်သည့် အလားတူသည်။

ချန်ယင်းရှာသည် အတွေးတစ်ခုဖြင့် ဟုန်ယွိ၏ အော်ရာကို ဖျက်ဆီးနိုင်သော်လည်း၊ အကယ်၍ သာမန် တာအိုပညာရှင်များ ဖြစ်နေပါက၊ ဥပမာ၊ ခန္ဓာကိုယ်မှ ထွက်ခွာသူများ၊ ညလှည့်လည်သူများ၊ သို့မဟုတ် နေ့လှည့်လည်သူများဆိုပါက၊ ၎င်းတို့သည် ချဉ်းကပ်နိုင်မည် မဟုတ်ပေ။

“လျှပ်တပြက် မိုးကြိုးစက်ဝိုင်း ။”

ချန်ယင်းရှာ တွေးတောနေစဉ်တွင်၊ ဟုန်ယွိသည် သူ့အသက်ရှူသံကို ရပ်တန့်လိုက်ပြီး သူ့သိုင်းပညာကို အသက်သွင်းလိုက်ပါသည်။

သူ တိုက်ခိုက်သည့်အခါ၊ သူသည် လက်ကို ဓားအဖြစ်အသုံးပြုပြီး မိုးကြိုးအကျဉ်းထောင် လျှပ်တပြက်စက်ဝိုင်းကို ထုတ်လွှတ်သည်။ ယခင်က၊ ဤသတ်ဖြတ်အကွက်ကို ထုတ်ဖော်ရန် သူ၏ ကြွက်သားများနှင့် ကိုယ်အတွင်းကလီစာများကို လှည့်ပတ်ရသည်။ ယခုမူ၊ သူသည် ၎င်းကို လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူသည် ထိုသိုင်းကွက်ကို ထမင်းစား ရေသောက်သည့်အလား လွယ်ကူစွာ ထုတ်ဖော်နိုင်ပြီ။

“ယင်ယန်ကပ်ဘေး။”

“လျှပ်တပြက် မိုးကြိုးစက်ဝိုင်း” ကို ထုတ်ဖော်ပြီးနောက်၊ ဟုန်ယွိသည် မဟာဆရာသခင်အဆင့်တွင်သာ ထုတ်ဖော်နိုင်သော “ယင်ယန်ကပ်ဘေး” ကို ထပ်မံ အသက်သွင်းလိုက်ပါသည်။

မျှော်လင့်ထားသည့်အတိုင်း၊ ထိုသိုင်းကွက်ကို ထုတ်ဖော်ရာတွင် သူသည် ပိုမိုခက်ခဲလာသည်။ သူ့ ခြေထောက်များသည် ခရုပတ်ပုံစံဖြင့် လှည့်ပတ် သွားခဲ့ပြီး၊ သူ့ခြေထောက်အရိုးများသည် ကြိုးများနှင့် သံမဏိဝိုင်ယာကြိုးများသဖွယ် တွန့်လိမ်သွားခဲ့ကာ၊ သူ့အူတွေက ဆန့်ကျင်ဘက်သို့ လှည့်ပတ် သွားပါသည်။ လက်တစ်ဖက်က ဆေဘာသဖွယ်ဖြစ်သွားပြီး၊ နောက်တစ်ဖက်က တံစဉ်သဖွယ်ဖန်တီးကာ၊ သူသည် ၎င်းတို့ကို တစ်ပြိုက်နက် ဝှေ့ယမ်း လိုက်သည်နှင့် သူ့ခန္ဓာကိုယ် အတွင်းရှိ အရိုးများသည် ကျယ်လောင်စွာ ကွဲအက်သံပေးလာခဲ့သည်။

သို့သော်၊ ဟုန်ယွိသည် ဤအကွက်ကို ပြီးမြောက်ဖို့အတွက် အလွန်ခက်ခဲစွာ လုပ်ဆောင်ခဲ့ရသည်။

“နောက်ဆုံးတော့ ငါ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ရဲ့ အစောပိုင်းအဆင့်ကို အောင်မြင်ခဲ့ပြီ။ အခုချိန်မှာတောင် ဒီလောက်သန်မာတယ်ဆိုရင်၊ မဟာဆရာသခင်အဆင့်ရဲ့ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ် ဘယ်လောက်သန်မာမလဲ။ အထွက်ထိပ် သိုင်းသူတော်စင်တစ်ပါးရဲ့ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ဆိုရင်ရော ဘယ်လောက်သန်မာမလဲ။”

ဟုန်ယွိသည် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ ရွှေရောင်မြူခိုးများသည် သူ့အသက်ရှူသွင်းမှုဖြင့် လုံးဝ စုပ်ယူခံလိုက်ရသည်။ လျှို့ဝှက်စွမ်းအင် အထက်ပိုင်းသန္ဓေသားထဲတွင် အိပ်မောကျနေသော သူ့ နတ်ဘုရား စိတ်ဝိညာဉ်သည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့ ဝင်ရောက် သွားခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး မျက်လုံးဖွင့်လိုက်သည်။

သူ့မျက်လုံးများတွင် သံသယများ ရှိနေသည်။

“ငါ ယင်ယန်ကပ်ဘေးကို အတင်းကြပ် ထုတ်ဖော်ခဲ့တယ်။ ဝေလျှံချန်းလို လူတွေကို ကပ်ဘေးထဲ ကျရောက်စေတဲ့ အော်ရာမျိုး မရှိခဲ့ပေမယ့်၊ ဒီသိုင်းကွက် ပြီးမြောက်အောင် ထုတ်ဖော်နိုင်ဖို့က အရမ်းခက်ခဲခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ချီဇီယန်တောင်မှ ဒီသိုင်းကွက်ကို ထုတ်ဖော်နိုင်ခဲ့တာ မဟုတ်ဘူး။ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်က တကယ့်ကို ဒီလောက် အစွမ်းထက်တာလား။” “ဒါ့အပြင်၊ ငါ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့တုန်းက ငါ့ခန္ဓာကိုယ်ထဲက သွေးနဲ့ စွမ်းအင်တွေ ပြင်းထန်စွာ လည်ပတ်ခဲ့ပြီး၊ စိတ်ဝိညာဉ် ပုံရိပ်နဲ့ ဆင်တူတဲ့ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်ခဲ့တယ်။ မဟုတ်သေးဘူး၊ ဒီလို ပုံရိပ်ယောင်မျိုးက၊ နတ်ဘုရား စိတ်ဝိညာဉ်ရဲ့ ပုံရိပ်နဲ့ နှိုင်းယှဉ်ရင်၊ ပိုမိုစစ်မှန်ပြီး ယန်သဘော ရှိတယ်။ ဒါက ဘာလဲ။ ဘာကြောင့်လဲ စိတ်ဝိညာဉ်မရှိတဲ့ ခန္ဓာကိုယ်က သွေးနဲ့ စွမ်းအင်ကို လည်ပတ်ရုံနဲ့ ဒီလို အော်ရာမျိုးကို ဖြစ်ပေါ်စေနိုင်တာလဲ။”

ဟုန်ယွိသည် ယခုအချိန်တွင် သူ့ခန္ဓာကိုယ်၏ အခြေအနေကို အလွန်ရှင်းလင်းစွာ သိရှိလိုက်သည်။

“မင်းက တကယ့်ကို အတွေးမရှိ ငြိမ်သက်ခြင်း အခြေအနေထဲ ဝင်ရောက်နိုင်ခဲ့တာပဲ။ ဒါက သိုင်းပညာရှင်တွေ အားလုံး အိပ်မက်မက်တဲ့နယ်ပယ်ပဲ။” ချန်ယင်းရှာက ဟုန်ယွိကို ကြည့်ပြီး ပြောသည်၊ “မင်းရဲ့ခန္ဓာကိုယ်ထဲက သွေးနဲ့စွမ်းအင်ကို လည်ပတ်ပြီး၊ နတ်ဘုရား စိတ်ဝိညာဉ်မရှိဘဲ၊ သဘာဝ အော်ရာကို ဖြစ်ပေါ်စေနိုင်တာ မထူးဆန်းပါဘူး။ မြင့်မားလှတဲ့ တောင်တန်းကြီးတွေ၊ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီး၊ မြင့်မားလှတဲ့ ကောင်းကင်ဘုံကိုးခု၊ ထူထဲတဲ့ မြေကြီး၊ နေ၊ လနဲ့ ကြယ်တွေကို ကြည့်လိုက်စမ်းပါ။ အဲဒီအရာတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဝိညာဉ် မရှိပေမယ့်၊ သူတို့ရဲ့ ကြီးမားပြီး တွန်းလှန်လို့မရနိုင်တဲ့ အော်ရာကို မင်း မခံစားနိုင်ဘူးလား။”

“ဟုတ်တယ်။ မြင့်မားတဲ့ တောင်တန်းကြီးတွေ၊ ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကြီးတွေ၊ မြင့်မားလှတဲ့ ကောင်းကင်ဘုံကိုးခု၊ ထူထဲတဲ့ မြေကြီး၊ နေ၊ လနဲ့ ကြယ်တွေ။ ဒီအရာတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ဝိညာဉ်မရှိပေမယ့်၊ လူတိုင်းက သူတို့ရဲ့ ကြီးမားပြီး တွန်းလှန်လို့မရနိုင်တဲ့ အော်ရာကို ခံစားရနိုင် တယ်။” ဟုန်ယွိသည် ဤအခိုက်အတန့်တွင် များစွာ နားလည်သွားခဲ့။

“ဒါက သိုင်းတာအိုရဲ့ တကယ်ကို ကြောက်စရာကောင်းတဲ့ အရာပဲ။ သာမန်လူတွေအတွက်ဆို၊ သိုင်းပညာရှင်တွေရဲ့ ကြောက်စရာ အကောင်းဆုံး အရာက သူတို့ရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အားမှာ ရှိတယ်။ ဒါပေမယ့် ငါတို့လို စိတ်ဝိညာဉ်ကို ကျင့်ကြံကြတဲ့ တာအိုပညာရှင်တွေ အတွက်တော့၊ သိုင်းပညာရှင်တွေရဲ့ ကြောက်စရာအကောင်းဆုံး အရာက သူတို့ရဲ့ အော်ရာမှာ ရှိနေတယ်။ ဒါပေမယ့် သိုင်းတာအိုမှာ၊ အော်ရာကို အော်ရာလို့ မခေါ်ဘူး။ လက်သီးဆန္ဒလို့ ခေါ်တယ်။ စိတ်ဝိညာဉ် တာအိုပညာရပ်နဲ့ သိုင်းပညာရပ်ကို သိုင်းသူတော်စင်အဆင့်ထိ ကျင့်ကြံထားသူတွေတောင်မှ လက်သီးဆန္ဒကို မရရှိနိုင်ဘူး။ မင်းက အစစ်မှန် သိုင်းလက်သီးဆန္ဒကို ကျင့်ကြံနိုင်ခဲ့တယ်။ ဒါက အတွေးမရှိ ငြိမ်သက်ခြင်း အခြေအနေကြောင့်ပဲ။”

ချန်ယင်းရှာသည် သက်ပြင်းချပြီး ပြောသည်၊ “ဒီအခြေအနေက ရှားပါးတဲ့ အခွင့်ရေးနဲ့ ကြုံတွေ့မှသာ ရောက်ရှိနိုင်တာ။ တကယ်လို့, ငါသာ ဒီအခြေအနေမျိုး ရရှိခဲ့ရင်၊ လွန်ခဲ့တဲ့ အချိန်ကတည်းက သိုင်းသူတော်စင် ဖြစ်နေလောက်ပြီ။ အခုလို အချိန်စောင့်ဆိုင်းပြီး အတင်းကြပ် ဝင်ရောက်နေစရာ မလိုဘူး။ ဒါပေမယ့် ငါတောင် လက်သီးဆန္ဒကို မရရှိသေးဘူး။ အများဆုံး၊ ငါ့ရဲ့သက်တမ်းနဲ့ ငါ့ ခွန်အားတွေ အများကြီး တိုးလာရုံပဲ။”

“မင်း သိုင်းသူတော်စင် ဖြစ်သွားပြီလား။”

ဟုန်ယွိသည် ချန်ယင်းရှာကို ကြည့်လိုက်ရာ သူမ၏ အသားအရေသည် ပိုမိုဖြူစင်ပြီး ဖောက်ထွင်း မြင်နိုင်လောက်အောင် တောက်ပနေသည်။ သူမ၏ မျက်နှာပေါ်ရှိ အလင်းရောင်သည် ပိုမိုနူးညံ့ပြီး၊ သူမ၏အော်ရာသည် တည်ငြိမ်နေသည်။ သူ၏ အတွေးများဖြင့် လွှမ်းခြုံစစ်ဆေး ကြည့်လိုက်ရာ၊ သူမ၏ခန္ဓာကိုယ် ကောက်ကြောင်း၊ ကြွက်သားများနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ပြည့်စုံသည့် အနေထားကို ပြသနေသည်။ သူမ၏ အသက်ရှူသံသည်လည်း ယခင်ကထက် ပိုမိုပြေပြစ်ပြီး တည်ငြိမ်နေသည်။

“ငါ တကယ့်ကို သာမန်လူသားဘဝကို ကျော်လွန်ပြီး အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်အဆင့်ကို ဝင်ရောက်နိုင်ခဲ့ပြီ။ ဒါပေမယ့် ငါ မဟာဆရာ သခင်အဆင့်ကိုတောင် မရောက်ရှိသေးဘူး။” ဟုန်ယွိက ပြောသည်။

“မင်းရဲ့ လက်ရှိခန္ဓာကိုယ်ခွန်အားဟာ သိုင်းတာအိုရဲ့ သာမန်မဟာဆရာသခင်တွေထက်တောင် ပိုသန်မာနေပြီ။ မဟုတ်ရင် မင်း ယင်ယန်ကပ်ဘေးကို ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်မှာလဲ။ ဒါပေမယ့် အစစ်မှန် သိုင်းပညာရှင်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲတွေမှာ မင်းရဲ့ သိုင်းပညာကိုပဲ အားမကိုးဖို့ ငါ အကြံပေးချင်တယ်။ သိုင်းပညာကိုပဲ သီးသန့် လေ့ကျင့်တဲ့လူတွေဟာ အလွန်ကြောက်စရာ ကောင်းတယ်။ တကယ်လို့, မင်းသာ အစစ်မှန် သိုင်းသူတော်စင်တစ်ဉီးနဲ့ တွေ့ကြုံခဲ့ရင်၊ သူ့ရဲ့ အကြည့်တစ်ချက်၊ သူ့ရဲ့ ကိုယ်ဟန်အနေအထားရဲ့ အော်ရာ၊ သူ့ရဲ့ လက်သီးဆန္ဒတစ်ခုတည်း နဲ့တင် မင်းရဲ့ အသက်ရှူနှုန်းကို ဖိနှိပ်ပြီး မင်းရဲ့ အင်အားကို အများကြီး လျော့ကျစေနိုင်တယ်။ ပြီးတော့ တစ်ချက်တည်းနဲ့ မင်းကို သတ်ပစ်နိုင်တယ်။” ချန်ယင်းရှာက သတိပေးသည်။

“ငါ သိုင်းသူတော်စင်အဆင့်ထိ ကျင့်ကြံထားပြီးပြီ ဆိုပေမယ့်၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲတွေမှာ တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်နဲ့ ယှဉ်ပြိုင်ရရင်၊ အလယ်အလတ် မဟာဆရာသခင်အဆင့်၊ ဒါမှမဟုတ် အထွက်အထိပ် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ဦးကိုတောင် ကျော်ဖြတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်။ ဝေလျှံချန်းကို ကြည့်ပါ။ သူက ငါ့ထက် အများကြီး အားနည်းပေမယ့်၊ ငါ့ကို ပြန်တွန်းထုတ်နိုင်ခဲ့သေးတယ်။ တကယ်လို့, သူ့ရဲ့သိုင်းပညာအဆင့်သာ နည်းနည်းလေးပဲ ပိုမြင့်မားနေခဲ့ရင်၊ အဲဒီအချိန်မှာ ငါ မင်းကို ကာကွယ်နိုင်စွမ်း မရှိခဲ့ရင်, မင်းကို သူက ဖမ်းဆီးပြီး အနိုင်ယူသွားနိုင်ခဲ့မှာပဲ။”

“ဟုတ်တယ်။ ဝေလျှံချန်းရဲ့ သိုင်းပညာက တကယ့်ကို ကြောက်မက်ဖွယ်ပဲ။ ပညာရှိတောင်မှ တစ်ခါတစ်ရံ အမှားလုပ်မိတတ်တယ်။ ငါတောင် မျက်စိလည်သွားခဲ့တယ်။”

ဟုန်ယွိသည် ရုတ်တရက် ဝူအိမ်တော်ထိန်းကို အမှတ်ရလိုက်သည်။

“အဲဒီသိုင်းသူတော်စင် ဝူအိမ်တော်ထိန်းနဲ့ ငါ တိုက်ခိုက်နေတဲ့အချိန်မှာ၊ သူ့ရဲ့ လက်သီးဆန္ဒရော အော်ရာရော ဘာမှ မခံစားရခဲ့ဘူး။ ဖြစ်နိုင်တာက သူ တစ်ခုခု ဖုံးကွယ်ထားတာများလား။ ဟုတ်တယ်၊ ဟုန်ရွှန်ကျိရဲ့ အမိန့်က သူ့ကို ဖမ်းပြီး ပြန်ခေါ်လာဖို့ပဲ၊ သတ်ပစ်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ် ကောင်းကင်အထွဋ်ထိပ်နယ်မြေက ငါ့ကို လာသတ်တဲ့အချိန်မှာ၊ သူ ဘာလို့ မပေါ်လာတာလဲ။”

ဤအချိန်တွင်၊ ဟုန်ယွိသည် ချန်ယင်းရှာကို မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ သူသည် ဝူအိမ်တော်ထိန်း၊ သိုင်းသူတော်စင်နှင့် တိုက်ခိုက်ခဲ့သည့်အကြောင်းကိုပါ ပြောပြခဲ့သည်။

“ဝိညာဉ်နဲ့ သွေးစီးဆင်းမှုကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းထားပြီးဖြစ်တဲ့ သိုင်းသူတော်စင် အဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက်ဟာ သန့်စင်တဲ့ ယန်သဘော ဖြစ်လာတယ်။ သူ့ရဲ့စိတ်ဟာ အလွန်ထက်မြက်ပြီး၊ နတ်ဘုရားတစ်ပါးလို အရာအားလုံးကို ကြိုတင်သိမြင်နိုင်တယ်။ ဒါ့အပြင်၊ သူ့မှာ သေခြင်းရှင်ခြင်းနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကြိုတင်သိမြင်နိုင်စွမ်းတစ်ခုလည်း ရှိလာတယ်။ သူ မင်းကို ပင်လယ်ပြင်မှာ ဖမ်းဆီးဖို့ လာခဲ့ရင် ဘာမှ အကျိုးအမြတ်မရဘူးဆိုတာ သူ ကြိုတင် သိမြင်ထားနိုင်လို့ပ။ ဒါကြောင့် သူ လုံးဝမလာခဲ့တာ ဖြစ်နိုင်တယ်။” ချန်ယင်းရှာက ဟုန်ယွိအား ရှင်းပြသည်။

“ဝိညာဉ်နဲ့ သွေးစီးဆင်းမှုကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းပြီးနောက်၊ သန့်စင်တဲ့ ယန်သဘော ဖြစ်လာပြီးနောက်၊ သေခြင်းရှင်ခြင်းနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား သိမြင်နိုင်စွမ်း ရှိလာတယ် ဟုတ်လား။ ဒီလောက်ကြောက်စရာကောင်းတာလား။” ဟုန်ယွိ ထိတ်လန့်သွားပါသည်။ အကယ်၍ ထိုသို့ဖြစ်လျှင်, ဟုန်ရွှန်ကျိသည် သိုင်းသူတော်စင်နယ်ပယ်၏ အထွက်ထိပ်အဆင့်တွင် ရှိနေသည် သို့မဟုတ် လူသားအင်မော်တယ် အဆင့်ထိ ရောက်ရှိနေပါက၊ သူသည် အန္တရာယ်ကို ကြိုတင်သိမြင်နိုင်မည် ဖြစ်သည်။ ထိုအခါ သူ့ကို မည်သို့ရင်ဆိုင်ရမည်နည်း။

“ယင်းရှာမိန်းကလေး၊ ခင်ဗျားက တစ်ချိန်က ဘုန်းတော်ကြီး ယန်ယွဲ့ကို လျှို့ဝှက်တိုက်ခိုက်ခဲ့ဖူးသူဆိုတော့ အဲဒီတိုက်ပွဲရဲ့ ဖြစ်စဉ်က ဘယ်လိုလဲ။”

ဟုန်ယွိ၏ အသံက အနည်းငယ် အက်ကွဲသံထွက်နေသည်။ သူသည် အစစ်မှန် လူသားအင်မော်တယ်ကျွမ်းကျင်သူတစ်ဦး၏ လက်သီးဆန္ဒနှင့် အော်ရာ၏ အစွမ်းကို သိရှိလိုသည်။

“တကယ်လို့, ယန်ယွဲ့သာ သူ့လက်သီးဆန္ဒနဲ့ အော်ရာကို အပြည့်အဝ အသုံးပြုခဲ့ရင်၊ ငါ့နတ်ဘုရား စိတ်ဝိညာဉ်ဟာ သူနဲ့ ဆယ်မိုင်အကွာအဝေးအတွင်း ချဉ်းကပ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင်၊ သူ့ကို ခြုံခိုတိုက်ခိုက်ဖို့လည်း အလုပ်မဖြစ်နိုင်ဘူး။ မင်း သူ့ကို ခြုံခိုတိုက်ခိုက်ဖို့ စိတ်ကူးမိတဲ့ အခိုက်အတန့်မှာပဲ၊ သူ့စိတ်နှလုံးထဲမှာ အန္တရာယ်ကို သိမြင်သွားလိမ့်မယ်။” ချန်ယင်းရှာက သူမ၏ ခံစားချက်များကို ဖော်ပြသည်။

ဟုန်ယွိသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပါသည်။ အချိန်အတော်ကြာ ချုပ်တည်းထားပြီးနောက်၊ သူက စကားအနည်းငယ်ကို ပြောလိုက် သည်။ “ငါတို့ နတ်ဘုရားလေ နိုင်ငံကို ရောက်တော့မယ်။ အပြင်ထွက်ပြီး ကြည့်ကြစို့။”

All Chapters