← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 12 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 12 Ch. 133-134

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၃၃

ထျန်းတကျူးရဲ့ အမေက အနည်းငယ် ရူးနေတယ်ဟု ဝမ့်ရင်း ခံစားမိခဲ့သည်။ သူမမှာ သားနှစ်ယောက်ရှိပြီး တစ်ယောက်က လုပ်နိုင်စွမ်းရှိပြီး နောက်တစ်ယောက်က အပျင်းကြီးသည်။ သူမက လုပ်နိုင်စွမ်းရှိသည့် သားအကြီးကို မိသားစုနှင့် ကွဲဖို့အတွက် တွန်းအားပေးခဲ့ပြီး သားအငယ်ရဲ့ မိသားစုမှာ ကပ်နေဖို့ အတင်းလုပ်ခဲ့သည်။

ဘဝဆိုတာ တစ်ခါတစ်လေတော့ အဲ့လိုပါပဲ။ မိဘတွေ အများကြီး မျှော်လင့်ထားတဲ့ သားသမီးက သူတို့ရဲ့ မိဘတွေကို စိတ်ပျက်စေရပြီး အဲ့လိုအချိန်မှာ လျစ်လျူရှုခံရတဲ့ သားသမီးက ပိုပြီး သိတတ်ကြသည်။

ထျန်းအာကျူးရဲ့ မျက်နှာက လှည့်ဖျားတတ်တဲ့ ပုံစံကို ကြည့်လိုက်ရင် သူမ အသက်ကြီးလာတဲ့အခါ သူမကို ဂရုစိုက်ပါ့မလား။

မလိုပါဘူး။

တကယ်လို့ သူမက အကြီးဆုံးသားကို ဂရုစိုက်ပြီး အငယ်ဆုံးသားနဲ့ ရင်းနှီးအောင် အကောင်းဆုံး ကြိုးစားမယ်ဆိုရင်တောင် နောက်ဆုံးမှာ သားအငယ်ရဲ့ ကလေးတွေ မြေးတွေရဲ့ ချစ်ခင်တာတွေကို ခံရနိုင်မှာ မဟုတ်ဘူး။

ထိုအချိန်မှာ ထျန်းအာကျူး မိသားစုရဲ့ အခြေအနေက မကောင်းပါ။

ထျန်းအာကျူးရဲ့ မိန်းမက လက်ဆွဲအိတ်ကို ယူပြီး အဝတ်တွေကို ထည့်ကာ ကုတင်ပေါ် ပစ်တင်လိုက်သည်။ ထို့နောက် သူမက ဒေါသတကြီး ကုတင်ပေါ်ကို ထိုင်ချလိုက်သည်။ သူမက ထိုအကြောင်းကို ပိုတွေးမိလေလေ၊ ပိုပြီး ဒေါသထွက်ရလေလေ ဖြစ်လာခဲ့သည်။ သူမက အပြင်ကို လက်ညှိုးထိုးပြီး စတင် ကျိန်ဆဲခဲ့သည်။

“ရှင်က ရှင့်ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကိုတောင် မထိန်းနိုင်တဲ့ မယားငယ်နေတဲ့ကောင်။ ရှင်က အဲ့လို ကောင်မမျိုးနဲ့ ပရောပရည် လုပ်နေတာ။ ဘယ်လိုတောင် အရှက်မရှိတဲ့ ကောင်တွေလဲ။ ရှင်က မယားငယ်ထားတဲ့ကောင်။”

သူမက အားနဲ့မာန်နဲ့ ကျိန်ဆဲနေသည့်အတွက် ထျန်းအာကျူးက နံရံကိုမှီပြီး တုန်နေခဲ့ကာ လှုပ်တောင် မလှုပ်ရဲပါ။

ထျန်းတကျူးရဲ့ အမေက တံခါးကို ပိတ်ပြီး အခုချိန်မှာ ထျန်းအာကျုးရဲ့ မိန်းမက သူ့ကို ဘယ်လိုပဲ ဆူပူနေပါစေ သူမက သဘောတူမှာ မဟုတ်သလို၊ ဝင်ဆူမှာလည်း မဟုတ်ပါ။

ထျန်းအာကျူးရဲ့ မိန်းမက အတွင်းကနေရော အပြင်ကနေပါ ဆူပူ အော်ဟစ်နေခဲ့သည်။

ထျန်းအာကျုးရဲ့ မိန်းမက ဒေါသထွက်လွန်းလို့ သူမရဲ့ ဒေါသကိုတောင် မထိန်းနိုင်တော့ပါ။ သူမက ပစ္စည်းတွေကို ရိုက်ခွဲချင်သော်လည်း ပိုက်ဆံကုန်မှာကို စိုးရိမ်နေခဲ့သည်။ သူမက အတော်လေး ဒေါသထွက်လွန်းလို့ အခန်းထဲမှာ ဟိုသွားဒီသွား လုပ်နေခဲ့သည်။

ထျန်းတကျူးရဲ့ အမေက နံရံနားကို လမ်းလျှောက်သွားခဲ့ပြီး ထျန်းအာကျူးရဲ့ နားကို လိမ်ဆွဲလိုက်ကာ ထျန်းအာကျူးက ညည်းတွားနေခဲ့သည်။

သူ့အမေက ပြဿနာကို ဖြေရှင်းခဲ့သော်လည်း သူမက စိတ်ရှုပ်နေခဲ့ပြီး ထိုအချိန်အတွင်းမှာ သူ့ရဲ့နားကို တော်တော်လေး လိမ်ဆွဲထားခဲ့သည်။

“ကြည့်၊ မင်းက ကိုယ့်မိသားစုကိုတောင် မထိန်းနိုင်ဘူး။ တစ်ယောက်ယောက်က မင်းကို အပိုင်ကြံပြီး မင်းအိမ်ကို ပြဿနာတက်အောင် လုပ်ခွင့်ပြုရလားဟဲ့။”

ထျန်းတကျူးရဲ့ အမေက သူမရဲ့သားကို အသံ တိုးတိုးလေးဖြင့် ဆူပူနေခဲ့သည်။ “မင်း ဘာလုပ်ခဲ့လဲဆိုတာကို ကြည့်လိုက်။ မင်း မိန်းမရဲ့ မိသားစုက အရမ်းမဆိုးဘူး ဆိုရင်တောင် သူမက အခုချိန် သူမ မိဘတွေရဲ့ အိမ်ကို ပြန်ပြေးသွားတော့မှာ။ နောက်ပိုင်း မင်း ပိုဉာဏ်ကောင်းမှဖြစ်မယ်။ ဘာအမှားမှ ထပ်မလုပ်နဲ့တော့။”

ထျန်းအာကျူးက ငြီးတွားနေခဲ့ပြီး ဘာကိုမှ ဂရုမစိုက်ခဲ့ပါ။ “သူ သွားတော့လည်း သွားပေါ့။ ကျွန်တော်က မုဆိုးမယွီကို ထပ်ယူပြီး ဒီလို တူညီတဲ့ ဘဝမှာပဲ ကျွန်တော်လို့ ထပ်နေလို့ ရတယ်။ သူက ဒီနှစ်တွေမှာ သားတစ်ယောက်ပဲ မွေးပေးခဲ့တာ။ ဘာသားသမီးမှလည်း ထပ်မမွေးခဲ့ဘူး။ အားးး”

ထျန်းတကျူးရဲ့ အမေက အတော်လေး ဒေါသထွက်သွားပြီး သူမသားရဲ့ နားရွက်ကို ဆွဲကာ စတင် ဆူပူခဲ့တော့သည်။ “မင်းရူးနေလား။ မင်း မုဆိုးမယွီကို ယူရင် ငါတို့ မိသားစုရဲ့ ဂုဏ်သတင်းတွေက ပြန်ပြီး အဖက်ဆည်နိုင်မှာလား။ မင်းကို ပြန်ပြီး အရောင်တင်ပေးမယ့် လူတစ်ယောက်ကို ရှာတွေ့လား။ အဓိပ္ပါယ်မရှိတာတွေ တွေးနေတာကို ရပ်တန်းက ရပ်တော့။ ငါရှိနေသ၍ မုဆိုးမယွီကို ယူဖို့ မစဥ်းစားနဲ့။ မင်းမိန်းမက ဇနီးကောင်းတစ်ယောက် မဟုတ်ဘူးဆိုပေမယ့် သူ့မိသားစုထဲမှာ မှီခိုဖို့ ဘယ်သူမှ ရှိမနေဘူး။ မင်းမြင်လား။ သူက ဘယ်လောက်ပဲ ပြဿနာတွေ ရှာနေပါစေ၊ ထွက်မသွားဘူး။ သူက နင့်ရဲ့သားကို ရိုးရိုးလေးပဲ ပျိုးထောင်ပေးခဲ့တာ။ တကယ်လို့ နင်က သူ့ကိုကွာပြီး မုဆိုးမယွီကို ယူခဲ့ရင် သားနှစ်ယောက်က မင်းကို ပြဿနာရှာမှာ။ မင်း အသက်ကြီးလာရင် ဂရုစိုက်ပေးခံရဖို့ကို ဘယ်သူ့ဆီကမှ မျှော်လင့်လို့ မရနိုင်ဘူး။”

ထျန်းအာကျူးက သူ့အမေရဲ့ ထိုစကားတွေကို ကြားသည့်အခါ မိန်းမထပ်ယူဖို့ တွေးနေတာကို ရပ်လိုက်ပြီး စိုးရိမ်စပြုလာခဲ့သည်။ “ဒါပေမယ့် သူ့ရဲ့ ဒီလိုပုံကို ကြည့်ဦး။”

ထျန်းအာကျူးရဲ့ မိန်းမက မကြာသေးခင်ကမှ ချက်ပြုတ်၊ လျှော်ဖွတ်တာကို မလုပ်တော့ပါ။ အိမ်မှာ လုပ်စရာတွေ တစ်ပုံကြီး ရှိသော်လည်း သူမက အဲ့ဒါတွေကို ဘာမှ ဂရုမစိုက်တော့ပါ။

ထျန်းတကျူးရဲ့ အမေက သူ့မိန်းမကို ဆူပြီး အကြံပေးခဲ့သည်။ “အခုသွားပြီး သူမကို ချော့လိုက်။ နင်က ဘာမှမဟုတ်ဘဲနဲ့ နောက်ထပ် သားတစ်ယောက်ကို မွေးပြန်တာပဲ။ သူမက ငါတို့ တပေါင်ဆီကနေ ဘာမှ မယူဘူးဆိုပေမယ့် အဲ့ကလေးက နင့်ရဲ့ အကိုအကြီးဆုံးဆီကနေ ယူသွားခဲ့ပြီ။ သေချာတာကတော့ နင့်မိန်းမက သူမ ဆုံးရှုံးလိုက်ရပြီလို့ ခံစားလိုက်ရပြီလေ။”

မုဆိုးမယွီရဲ့ ဗိုက်ထဲက ကလေးသာ မရှိရင် အိမ်မှာရှိတဲ့ အရာအားလုံးက တပေါင်အတွက်ပဲ။ ထျန်းတကျူးရဲ့ ပိုင်ဆိုင်မှုနဲ့ အိမ်တွေက အနှေးနဲ့ အမြန်ပဲ ထျန်းအာကျူးရဲ့ လက်ထဲကို ရောက်လာမှာပဲ။ ဒီလို အရာမျိုးကို ထျန်းအာကျူးရဲ့ မိန်းမက ဆုံးရှုံးလိုက်ရတော့ သူမ ဒေါသထွက်တာ ဖြစ်သင့်သည်။

ထျန်းတကျူးရဲ့ အမေက ပြောခဲ့သည်။ “နင့်ကို ဂရုမစိုက်ဖို့ ဘယ်သူက ပြောလိုက်တာလဲ။ နင်က မုဆိုးမတစ်ယောက်နဲ့ ဖောက်ပြန်တာကို သူ့ယောက္ခမက လက်ပူးလက်ကြပ်မိတာပဲ။”

ထျန်းအာကျုးက စိတ်ဓာတ်ကျနေခဲ့သည်။ သူက ဘာလို့ ဒီလောက်ထိ အားနည်းရလဲဆိုတာ သူ မသိခဲ့ပါ။ သူက ထိုမုဆိုးမငယ်လေးနှင့် တစ်ခုခု လုပ်နေချိန်မှာ သူမရဲ့ ယောက္ခမက တံခါးကို ကန်ဖွင့်ပြီး ဝင်လာခဲ့သည်။

သူက မထိုင်နိုင် မထနိုင်လောက်အောင် လန့်သွားခဲ့သည်။

“နင် သူ့ကို ဖြေသိမ့်ပေးသင့်တယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဒါက အစကတည်းက အဲ့လိုပဲ။ တကယ်လို့ နင် အဲ့ဒါကို မုဆိုးမယွီကို မစီစဥ်ပေးရင် နင့်ရဲ့ ယောက္ခမက အဝတ်တွေ သိမ်းပြီး သွားတိုင်လိမ့်မယ်။ နင်သိလား။ တပ်မဟာထဲမှာ အရင်က ပြောထားတယ်လေ။ တစ်ယောက်ယောက်က မုဆိုးမတစ်ယောက်ကို ခိုးခဲ့ရင် အဲ့မုဆိုးမက တိုင်ကြားတယ်ဆိုရင် အဲ့လူက အနောက်မြောက်ပိုင်းမှာရှိတဲ့ လယ်ကွင်းတွေဆီကို အပို့ခံရလိမ့်မယ်။ အဲ့လို မဟုတ်ဘူးဆိုရင် မင်းရဲ့ အကြီးဆုံးအကိုက မုဆိုးမယွီကို လက်ထပ်ဖို့ ပြောရမှာ မဟုတ်ဘူး”

ထျန်းတကျူးရဲ့ အမေက ဘက်လိုက်တယ် ဆိုပေမယ့်လည်း ဒါက သူမရဲ့ သားအကြီးကို မတရားဘူးဆိုတာတော့ သူမက သိနေခဲ့သည်။

ဒါပေမယ့်လည်း ဘာများ လုပ်နိုင်မှာလဲ။ မုဆိုးမယွီရဲ့ ယောက္ခမက သက်သေတွေ ရှိနေပြီး သူ့ချွေးမက ကိုယ်ဝန် နှစ်လလောက် ရှိနေပြီဆိုတာကို ပြောပြခဲ့သည်။ ဖြေရှင်းချက် တစ်ခုခု မပေးပါက တပ်မဟာနှင့် ကောင်စီကို တိုင်မည်ဟု သူမက အကြပ်ကိုင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမမှာ သက်သေတွေ၊ သက်သေခံတွေ၊ ကလေးတွေ ရှိနေခဲ့ပြီ ဖြစ်သည်။ သူမက အဲ့ကိစ္စကို သက်သေ မပြနိုင်ရင်တောင် သူမက အပြစ်ပေးခံရမှာပဲ။

ထျန်းတကျူးရဲ့ အမေက အံကိုကြိတ်ပြီး ထိုအရာကို တွေးနေခဲ့သည်။ သူမက သားငယ်ရဲ့ မကောင်းမှုအတွက် သားကြီးကို စတေးခံမည် ဖြစ်သည်။

ဟုတ်ပြီ။ သားအကြီးက ဒီနှစ်တွေမှာ သားယောက်ျားလေး ရဖို့ကို စိတ်ကူးယဥ်နေတာ။ အဲ့တော့ သူ့အတွက် သားတစ်ယောက် ရှိခွင့်ပေးလိုက်ကြတာပေါ့။ ထျန်းအာကျူးရဲ့ ကလေးနဲ့ သူ့တူကြားမှာ ဘာကွာခြားချက်ရှိလို့လဲ။ သူတို့တွေ အားလုံးက ထျန်းမျိုးဆက်တွေပဲမလား။

ထျန်းတကျုးရဲ့ အမေက ထျန်းအာကျူးရဲ့ နားကိုဆွဲပြီး ထပ်ခါထပ်ခါ သတိပေးခဲ့သည်။ “နင် နင့်မိန်းမကို သေချာ ချော့သင့်တယ်။ နင့်အစ်ကိုသာ စောစော သေသွားရင် နင် သူတို့ကို အတူတူ ပြန်ခေါ်ထားလို့ ရတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ နင့်မှာ သားနှစ်ယောက် ရှိနေပြီပဲ။ အဲ့တော့ ဘယ်သူ့ကို ပိုင်တယ်ဆိုတာက ကိစ္စမရှိတော့ဘူးလေ။ နင့်မိန်းမကို ပြောလိုက်။ သူ့ဘာသာ ကောင်းကောင်း နေတတ်မယ်ဆိုရင် နောက်ပိုင်းကျရင် ငါတို့အိမ်ရဲ့ ပိုင်ဆိုင်မှု အနည်းငယ်က သူမရဲ့အပိုင် ဖြစ်လာမယ်လို့။

ထျန်းအာကျူးက တီးတိုးရေရွတ်လိုက်သည်။ သူက တစ်ခုခုကို ဆုံးရှုံးလိုက်ရတယ်ဟု ခံစားခဲ့ရသည်။

ထို့အပြင် ထိုမုဆိုးမငယ်လေးက သူ့ရဲ့ မိန်းမထက်တောင် ပိုလှသည်။

ဟုတ်ပါပြီ။ ထားလိုက်ပါတော့။ သူက မုဆိုးမငယ်လေးကို တရားဝင် လက်ထပ်လို့ မရနိုင်ဘူးဆိုတော့ သူ့အကိုကြီးရဲ့ အနောက်ကို လိုက်ခိုင်းတာကပဲ သူမအတွက် အဆင်ပြေမှာ။ ပြီးတော့ သူ့သားကလည်း တစ်ခြားသူကို “အဖေ” ခေါ်မှာမဟုတ်ဘဲ သူ့အစ်ကိုကို ခေါ်မှာပဲလေ။ အဲ့တော့ သူက အဲ့ဒါကို လက်ခံနိုင်မှာပါ။

ထျန်းအာကျုး မိသားစုရဲ့ အခြေအနေတွေက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ ထျန်းတကျူးက ဝမ့်ရင်းဆီကိုလာပြီး ဝက်သားနှင့် လဲလှယ်ဖို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူလက်ထပ်မည့် ကိစ္စကို ဆက်ပြီး ဖုံးကွယ်ထားလို့ ရတော့မည် မဟုတ်ပါ။

ထိုအချိန်မှာပဲ ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုက ဝက်သားတွေ ပို့ပေးဖို့အတွက် စက်ဘီး အနောက်မှာ အသားကို ကီလိုဂရမ်များစွာ သယ်လာခဲ့သည်။ တပ်မဟာထဲရှိ လူတိုင်းက မုဆိုးမယွီကို ထျန်းတကျူး လက်ထပ်တော့မည့် အကြောင်းကို ပြောနေခဲ့ကြသည်။

“ထျန်းတကျူးက ဘာတွေ တွေးနေတာလဲ။ သူက ဘာလို့ မုဆိုးမယွီကို ယူမှာလဲ။”

“သူ့အကြောင်းကို ဘယ်သူက သိလို့လဲ။ သူ့အမေက ဘာဖြစ်လို့များ ကူညီဖို့ မထွက်လာလဲဆိုတာကိုပဲ ငါ သိချင်နေတာ။ ဒီမိန်းမကြီးက သူ့သားအငယ်ကိုပဲ ထောက်ပံ့ဖို့ အာရုံစိုက်ပြီး သူ့သားအကြီးက မိန်းမရှာပြီး သပ်သပ်နေမှာကို ထိုင်ကြည့်နေတာပဲ။”

“ကြည့်ပါဦး။ နင်က အတွေးလွန်နေပြီပဲ။ ပြီးတော့ သူက ငါ့အမေပဲလေ။ အဲ့တော့ ဘယ်လိုလုပ် ငါက သူ့အတွက် အကောင်းဆုံးကို မတွေးဘဲ နေနိုင်မှာလဲ။ သူ့အတွက်က လူပျို တစ်ယောက်လို နေဖို့က မလွယ်ဘူးလေ။ အဲ့တော့ သူ့အတွက် မိန်းမရှာတယ်ဆိုတာက ပုံမှန်မဟုတ်တာမျိုးမှ မဟုတ်ဘဲ။”

“အဲ့မုဆိုးမယွီက လက်ထပ်ပြီးရင် သူ့ရဲ့ ယောက္ခမကို သူနဲ့အတူတူ ခေါ်ထားမယ်လို့ ပြောသေးတယ်။ ဒီမိသားစုကလည်း တကယ် သဘောတူခဲ့ကြတာလေ။ အဲ့ဒါက တကယ်ကို ကံကောင်းတာပဲ။”

“ဒါက ကောင်းတဲ့ ရလဒ်လား ဆိုးတဲ့ ရလဒ်လားဆိုတာ ပြောဖို့က ခက်တယ်။”

“သူက လူကောင်းလား၊ လူဆိုးလားဆိုတာကို ဘယ်သူက ဂရုစိုက်လို့လဲ။ ဒါပေမယ့် သူလည်း ကွာရှင်းထားတာ နှစ်ဝက်လောက်ရှိနေပြီပဲ။ အဲ့ကတည်းက သူက လက်တွဲဖော်အသစ်ကို ရှာနေတာလေ။ ချမ့်ကျွီဟွာက နည်းနည်းတော့ သနားဖို့ကောင်းတယ်။ သမီးသုံးယောက်နဲ့ နောက်ယောက်ျား ရှာဖို့ဆိုတာက သူ့အတွက် ခက်ခဲမှာပဲ။”

“နင်က အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ။ ချမ့်ကျွီဟွာ ကွာရှင်းတုန်းက ယွမ်နှစ်ရာတောင် ရခဲ့တာလေ။ နင် သူ့သမီးသုံးယောက်အတွက် စိတ်ပူနေဖို့ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးမလေးတွေက ငတ်သေမှာတော့ မဟုတ်ဘူး။ ငါတို့ တပ်မဟာထဲမှာ ချမ့်ကျွီဟွာကို လူတွေက စောင့်ကြည့်နေကြတာကို မင်း မသိပါဘူး။ ဒါပေမယ့် အဲ့မိန်းမက အတော်ကို ဒေါသကြီးတယ်။ သူရေခပ်တာ ဝက်တွေကို အစာကျွေးတဲ့ နေရာမျိုးမှာဆို ဘယ်သူ့ရဲ့ အကူအညီကိုမှ သူမလိုချင်ဘူး။ သူက အမြဲတမ်း ဆူပြီး အော်လွှတ်တာ။”

“ငါတကယ်ကို မသိခဲ့တာပါ။ နင်ပြောပုံအရဆို ချမ့်ကျွီဟွာက ယောက်ျားတစ်ယောက်ကို ထပ်ပြီး မလိုချင်တော့တာလား။”

“သူမက ကလေးလည်း ထပ်မရနိုင်တော့ဘူး။ အဲ့တော့ ဘာအတွက် ယောက်ျား ထပ်ရှာရမှာလဲ။ သားတစ်ယောက်ကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက်ကို ထပ်ရှာတယ်ဆိုတာက မင်းက တစ်ခြားသူရဲ့ မိသားစုကို ထောက်ပံ့နေတာပဲလေ။ အဲ့တော့ ငါ့အတွက်ဆို တစ်ယောက်တည်းနေတာက ပိုကောင်းပါတယ်။”

“မုဆိုးမယွီက ကိုယ်ဝန်ရှိနေတယ်ဆိုပြီး ငါကြားထားတယ်။ တကယ်လို့ သူသာ သားမွေးတယ်ဆိုရင် တယာ၊ အားရာနဲ့ တစ်ခြားတစ်ယောက်က သူတို့ရဲ့ အဖေအရင်း အပေါ်မှာ သေချာပေါက် မှီခိုလို့ မရနိုင်တော့ဘူး။ မိထွေးနဲ့ဆိုရင် သူတို့မှာလည်း ပထွေးရှိလိမ့်မယ်။ ချမ့်ကျွီဟွာနဲ့ လိုက်နေဖို့က ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူတို့ကတော့ ဘယ်တော့မှ သူတို့ရဲ့ အဖေအရင်းဆီ ပြန်သွားကြမှာ မဟုတ်တော့ဘူး။”

ဝမ့်ရင်းက ကြားနေခဲ့ရပြီး တစ်လမ်းလုံး သူတို့နောက်ကို လိုက်သွားကာ သူတို့ ပြောသမျှကို နားထောင်နေခဲ့သည်။ သူတို့ ပြောသမျှကို နားထောင်ပြီးနောက် ဝမ့်ရင်းက စိတ်ထဲမှာ တင်းကြပ်ကြပ် ဖြစ်လာခဲ့သည်။

တကယ်ကို အမြင်မျိုးစုံ ရှိကြတာပဲ။ တစ်ချို့က ချမ့်ကျွီဟွာက အတော်လေး ခေါင်းမာတယ်လို့ မြင်ကြသည်။ တစ်ချို့က ထျန်းတကျူးက အရူးလို့ မြင်ကြသည်။ တစ်ချို့ကျပြန်ရင်လည်း ထျန်းအာကျူးရဲ့ အမေက ကျပ်မပြည့်ဘူးလို့ ထင်ကြပြန်သည်။

ဝမ့်ရင်းက လှည်းကိုတွန်းပြီး အမျိုးသမီးကြီး မစ္စရှုနှင့် စကားပြောခဲ့သည်။ “ဒါက တကယ်ကို စည်ကားနေတာပဲ။”

သူမက ပျော်နေတာကို မြင်သည့်အခါ အမျိုးသမီးကြီး မစ္စရှုက ပြောခဲ့သည်။ “စောင့်ပြီးသာ ကြည့်နေစမ်းပါ။ ဒီကိစ္စက သေချာပေါက် စိတ်လှုပ်ရှားဖို့ကောင်းလွန်းလို့ ဘာမှ ကောင်းတာရယ်လို့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။”

ဒီကိစ္စမှာ ပါတဲ့သူတွေ အားလုံးက တကယ်ကို လွှမ်းမိုးနိုင်တဲ့ သူတွေချည်းပဲ။

မုဆိုးမယွီက တပ်မဟာထဲမှာဆို နာမည်ပျက် ရှိတဲ့သူတွေထဲက တစ်ယောက်လေ။ ချမ့်ကျွီဟွာက တပ်မဟာထဲမှာ ပထမဆုံး ကွာရှင်းခွင့် ရခဲ့တဲ့သူပဲ။ ထျန်းတကျူးရဲ့ အမေက တပ်မဟာထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူပဲ။

သူတို့အားလုံးက ပတ်သက်နေကြပြီး မကြာခင်က ပြောနေကြတဲ့ ခေါင်းစဥ်တွေက သူတို့ အကြောင်းတွေနဲ့ပဲ လည်နေတာ။

ဝက်သားကို အိမ်ပြန်သယ်သွားပြီးနောက် ကြိုတင် မှာယူထားတဲ့သူတွေက ဝက်သားနှင့် လဲလှယ်ဖို့ ရောက်လာကြမည် ဖြစ်သည်။

ဒါက လဲလှယ်တာလို့ ပြောတယ်ဆိုပေမယ့် တကယ်တမ်းကတော့ ရောင်းတာပါပဲ။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၃၄

ဝမ့်ရင်းက ဒီကိစ္စကနေ ပိုက်ဆံအများကြီး မရသည့်အတွက် လူတိုင်းအတွက် မြို့ထဲက ဝက်သားစျေးအတိုင်း တွက်ချက်ပြီး ပေးခဲ့သည်။ အသားလက်မှတ်တွေ မရှိတဲ့ ဝက်သားက အတော်လေးကို ဆွဲဆောင်နိုင်ခဲ့သည်။ အဲ့ဒါအတွက် လူတွေ သွားလာဖို့ အတော်လေး အချိန်ပေးရသည်။

ထျန်းတကျူးကလည်း ရောက်လာခဲ့သည်။ ပျော်နေသော မျက်နှာနှင့် သူက ဝက်သား ငါးပေါင်ကို ယူကာ သူ့ရဲ့ မိတ်ဆွေကို သဘက်ခါကျရင် အတူတူဆုံပြီး သူတို့ကို ညစာ ဖိတ်ကျွေးဖို့ ပျော်ပျော်ရွှင်ရွှင် ပြောခဲ့သည်။

ဝမ့်ရင်းက ဖိတ်ကြားခြင်း မခံရတာကိုတောင် စိတ်မဝင်စားခဲ့ပါ။

ထျန်းတကျူးက ကွာရှင်းခံခဲ့ရတဲ့အတွက် အနည်းငယ် မကျေမနပ် ဖြစ်နေတာကို သူမ သိနေခဲ့သည်။ ထို့အပြင် အဲ့လိုလုပ်ဖို့အတွက် ချမ့်ကျွီဟွာကို တွန်းအားပေးခဲ့သူမှာလည်း သူမသာ ဖြစ်သည်။ အဲ့ဒါကပဲ သူ့ကို မျက်နှာ ပျက်စေခဲ့သည်။ ထို့ကြောင့် ထုံးစံအတိုင်း လာဖို့အတွက် သူမကို မဖိတ်ခဲ့ပါ။

ဝမ့်ရင်းကလည်း မသွားချင်ခဲ့ပါ။ သူမရဲ့ အိမ်မှာ ဝက်သားနှင့် နံရိုးတွေ ခုနစ်ကီလိုဂရမ်၊ ဒါမှမဟုတ် ရှစ်ကီလိုဂရမ်လောက် ထားခဲ့သည်။ ရှုရွှမ်းရဲ့ ဟင်းချက်စွမ်းရည်က အတော်လေး ကောင်းသည့်အတွက် သူမအတွက် အရသာရှိသော စားစရာများကို လုပ်ပေးဖို့ သူပြန်လာတာကို စောင့်နေခဲ့သည်။

ဝက်သားများကို လဲပေးပြီးနောက် ဝမ့်ရင်းက မထင်မှတ်ထားသော လူတစ်ယောက်ကို တွေ့ခဲ့ရသည်။

ကျန်းလိက ဝက်သား လဲဖို့အတွက် သူ့လက်ထဲတွင် ပိုက်ဆံကိုကိုင်ပြီး ဝမ့်ရင်းဆီ လာခဲ့သည်။

ဝမ့်ရင်းက ဝက်သားကိုယူပြီး ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး။ ငါတို့မှာ မရှိတော့ဘူး။”

ကျန်းလိက သည်နေရာကို စိတ်ပိုင်းဆိုင်ရာ သေချာ ပြင်ဆင်ပြီးမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ပိုင်လင်းသည် မကြာခင်ကမှ ကိုယ်အလေးချိန် အတော်လေး ကျသွားခဲ့သည်။ ဒီနေ့မှာ ဝမ့်ရင်းက ဝက်များ ဝေပေးမှာကို သူကြားခဲ့ရသည်။ ထို့ကြောင့် ပိုင်လင်း စားဖို့အတွက် ဒီကိုလာပြီး ဝက်သား အနည်းငယ် လဲပေးဖို့ကို သူတွေးမိခဲ့သည်။

သူ့အလှည့်ရောက်မှ ဝမ့်ရင်းက အသားကို ယူသွားလိမ့်မယ်ဟု ဘယ်သူကများ ထင်ခဲ့ပါ့မလဲ။

သူက ဒေါသတကြီး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ “အဲ့မှာ အများကြီးပဲ ကျန်သေးတယ်မဟုတ်ဘူးလား။”

ဝမ့်ရင်း - “ဒါက ငါတို့အတွက် သိမ်းထားတဲ့ အသားတွေ။”

ကျန်းလိ - “ငါသုံးကျပ်သား လိုချင်တယ်။”

ဝမ့်ရင်းက နည်းနည်းလေးမှ မလှုပ်ပါ။ “မရှိတော့ဘူး။”

ကျန်းလိက ဒေါသထွက်သွားခဲ့သော်လည်း သူစောဒကတက်လို့ရတဲ့ နေရာမျိုး မဟုတ်ပါ။ ဝမ့်ရင်းရဲ့ အသားတွေက သူမ ကြိုက်တဲ့သူကို ပေးလို့ ရသလို သူမကိုယ်တိုင်အတွက် သိမ်းထားရင်တောင် ဘယ်သူကမှ သူမကို ပြောလိမ့်မည် မဟုတ်ပါ။

သူ့ရဲ့ မျက်လုံးတွေက အသားဆယ်ပေါင်ကို မျက်စိကျနေခဲ့ပြီး သူ့ရဲ့ တံတွေးမျိုချတဲ့ အသံကိုတောင် ကြားရလုနီးပါး ဖြစ်နေခဲ့သည်။

သူက တော်တော်လေး လောဘကြီးတာပဲ။

ထုတ်လုပ်ရေးအဖွဲ့နဲ့ ကျေးလက်ဒေသကို အလုပ်လုပ်ဖို့ ရောက်လာပြီးကတည်းက သူ အသားမစားရတာ တော်တော့်ကို ကြာခဲ့ပြီ။

တစ်ခါတစ်လေ သူက ပိုင်လင်းအတွက် အသားတွေ သယ်သွားတဲ့အခါမျိုးဆို သူ့လက်ထဲက အသားရဲ့အနံ့တွေက သူ့ကို တော်တော်လေး ဆွဲဆောင်နေတာပင်။

ဝမ့်ရင်းက သူ့ကို ဘာအသားမှ မပေးတာ သေချာသွားသည့်အတွက် သူမကို ခနလောက် ဘုကြည့် ကြည့်လိုက်ပြီး ပွစိပွစိပြောကာ ထွက်သွားခဲ့သည်။

သူ ထွက်သွားတာနှင့်တစ်ပြိုင်နက် အသားများကို ထုံးစံအတိုင်းပဲ ဝင့်ရင်းက ပြန်တင်ထားလိုက်သည်။

သူမမှာ စံနှုန်းနှစ်ခု ရှိသည်။ သူမက အခြားသူတွေကို အသားတွေ ပေးနိုင်သော်လည်း ကျန်းလိကိုတော့ မပေးနိုင်ပါ။

ဒီလူက ဦးနှောက်မရှိပါ။ သူမက သူ့ကို အသားတွေလဲပေးခဲ့သော်လည်း သူမကို သူက မကောင်းတာ ဘာတစ်ခုမှ မပြောရဲခဲ့ပါ။ ဘာလို့ သူမက သူ့အတွက် မျက်နှာသာပေးရမှာလဲ။

မလဲပေးရုံပေါ့။

နောက်ပိုင်းမှာ လူတွေက သုံးကျပ်သား၊ လေးကျပ်သားဆိုတဲ့ ပမာဏ နည်းနည်းကို လဲဖို့အတွက် ရောက်လာခဲ့ကြပြီး ဝမ့်ရင်းက သူတို့ အားလုံးကို လဲပေးခဲ့သည်။

ဒါက ပိုက်ဆံအတွက် လဲပေးတာမျိုး မဟုတ်ဘူး။ ဥပမာပေးရရင် ဒီမှာ အရမ်း ဆင်းရဲတဲ့ မိသားစုတစ်စု ရှိသည်။ ဒါပေမယ့် အဖိုးအိုက ဝါးတူတွေ လုပ်တဲ့နေရာမှာ သိပ်ပြီး မကျွမ်းကျင်ဘူး။ အဲ့တော့ ဝမ့်ရင်းက သူတို့ကို ခြင်းတောင်း အသေးလေး ငါးတောင်းနဲ့ တောင်းကြီးနှစ်ခုကို လဲပေးခဲ့သည်။

အခုဆိုရင် သူမတို့ရဲ့အိမ်မှာ အခြောက်ခံထားတဲ့ ဟင်းသီးဟင်းရွက်တွေ အများကြီး ရှိသည်။ အဲ့ဒါက တောင်းနဲ့တောင် မလောက်ပေ။ ဒါက ပြန်လဲဖို့အတွက် အဆင်အပြေဆုံး နည်းလမ်း တစ်ခုပဲလေ။

တစ်ယောက်ယောက်က ကြက်ဥတွေ လဲချင်တယ်ဆိုရင် ဝမ့်ရင်းကလည်း လိုချင်လိမ့်မည်။ အသားက နေ့တိုင်း မရနိုင်ပေ။ အဲ့တော့ ကြက်ဥတွေကပဲ တော်တော်လေးကို တန်ဖိုးကြီးတာ။

နောက်ဆုံးမှာတော့ ဝမ့်ရင်းက အသားနှစ်တုံးကို သိမ်းထားပြီး တစ်တုံးက တစ်ပေါင်ရှိတဲ့ ဗိုက်သားဖြစ်ပြီး နောက်ထပ် တစ်တုံးက အလေးချိန် တစ်ဝက်သာရှိသော ဝက်ရဲ့ မိုးခိုသား ဖြစ်သည်။

ဝမ့်ရင်းက အမျိုးသမီးကြီး မစ္စရှုကို နှုတ်ဆက်ခဲ့ပြီးနောက် ချမ့်ကျွီဟွာနှင့် ချမ့်ယုကို ရှာဖို့အတွက် အသားတွေကို သယ်ယူသွားပြီး တောင်ရဲ့ အနောက်ဘက်သို့ သွားခဲ့သည်။

ချမ့်ကျွီဟွာရဲ့ လက်ထဲမှာ ပိုက်ဆံရှိပြီး မိသားစုကို ကျွေးဖို့အတွက် ဝမ့်ရင်းထံမှ အသား တစ်ပေါင်ကို မှာထားပြီး ဖြစ်သည်။ ချမ့်ယုက အလယ်အလတ်ရှိသော မြွေကို တောင်ပေါ်ကနေ ဖမ်းမိလာခဲ့သည်။ ဝမ့်ရင်းက ဆေးဖက်ဝင်သည့် မြွေရဲ့ သည်းခြေနှင့် အရေခွံကို ယူပြီး အဖိုးခအနေဖြင့် ငါးယွမ်ကို ပေးခဲ့သည်။

ပိုက်ဆံရသည့်အခါ ချမ့်ယုက ပျော်ရွှင်စွာ ထခုန်ခဲ့ပြီး ချက်ချင်းပဲ အသားဝယ်ဖို့အတွက် တစ်ယွမ်ကို ပေးခဲ့သည်။

ဝမ့်ရင်းကလည်း မငြင်းဘဲ လက်ခံခဲ့သည်။

ဝမ့်ရင်းက မိုးခိုသားကို ချမ့်ယုတို့ဆီ ပို့ခဲ့သည်။ ချမ့်ရှုဖန်းက အသားကို ရသည့်အခါ အလွန် ပျော်သွားခဲ့သည်။ “ဒီမိုးခိုသားက လတ်တဲ့ပုံပဲ။ ဒီည ငါတို့တွေ မိုးခိုသား ကြော်စားလို့ရတယ်။”

ဝက်ရဲ့ မိုးခိုသားအပြင် ဝမ့်ရင်းက ချမ့်ရှုဖန်းကို ဝက်နှလုံး တစ်ပိုင်းကို ပေးခဲ့သည်။ “ဒါကို စွပ်ပြုတ်လုပ်သောက်ဖို့ ယူသွားလိုက်။ အဲ့ထဲကို ဆေးဖက်ဝင် အပင်တစ်ချို့ ထည့်ပြီးလုပ်ဖို့ ချမ့်ယုကို ကျွန်မ ပြောထားပြီးပြီ။ ရှင် အဲ့ဒါကို ချက်ပြီးစားလည်း ရတယ်။ အဲ့ဒါက ရှင့်ရဲ့ လည်ချောင်းအတွက် အထောက်အကူ ဖြစ်လိမ့်မယ်။”

ချမ့်ရှုဖန်းက ရပ်လိုက်သည်။ သူမသည် သူမရဲ့ အသံကို အတော်ကြာ မျှော်လင့်ချက် မဲ့နေခဲ့ပြီ ဖြစ်သည်။ ကျေးလက်ဒေသမှာ အကြာကြီး နေပြီးနောက် သူမရဲ့ ကျန်းမာရေးက တဖြည်းဖြည်း တိုးတက်လာခဲ့သော်လည်း သူမရဲ့ အသံက ကွဲအက်နေဆဲ ဖြစ်သည်။

“ဟုတ်ပါပြီ။ ကျေးဇူးပါကွယ်။”

သူမအထင် ဒါ ချမ့်ယုက ဝမ့်ရင်းကို သွားမေးတော့ ဝမ့်ရင်းက သူ့ကို ဆေးနဲ့ဆိုင်တဲ့ စားသောက်တဲ့ပုံစံတွေကို ပြောပြလိုက်တာပဲ။ ချမ့်ရှုဖန်းရဲ့ ရင်ထဲတွင် နွေးထွေးသွားခဲ့သည်။ သူမ လည်ချောင်းက ပြန်မကောင်းရင်တောင် သူမက ဒါကို လက်ခံလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ချမ့်ယုရဲ့ အတွေးအခေါ်ကြောင့် ဖြစ်သည်။

ဝမ့်ရင်းက ဝက်ဗိုက်သားကို သယ်ပြီး ချမ့်ကျွီဟွာကို ရှာဖို့ ထပ်ထွက်သွားခဲ့သည်။

ဒီနေ့မှာတော့ ချမ့်ကျွီဟွာသည် တပ်မဟာထဲရှိ ကောလဟာလများကို ကြားထားပြီးသား ဖြစ်သည်။ ထို့အပြင် သူမက မသိရင်တောင် ဒီလို သတင်းကောင်းမျိုးကို သူမဆီ လာပြောကြလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက အသားလာပေးသည့်အခါ စကားပြောဖို့ တုံ့ဆိုင်းနေတာကို သတိထားမိပုံ ရလိုက်သည်။ ထို့နောက် သူမက ညှင်သာစွာ ပြောခဲ့သည်။ “နင် ဒီကိုရောက်လာတာ ငါ့ကို နှစ်သိမ့်ဖို့လား။ ငါ့ကို နှစ်သိမ့်ဖို့ မလိုပါဘူး။ အဲ့ကိစ္စက ငါ့စိတ်ထဲမှာ မရှိပါဘူး။”

ချမ့်ကျွီဟွာက သူမရဲ့ ကျောမှာ ပိုးထားသည့် ရှောင်းယာကို ချလိုက်ပြီး တယာရဲ့ လက်ထဲသို့ ပေးလိုက်သည်။ “သမီးတို့နှစ်ယောက် ညီမလေးကိုချီပြီး မမချမ့်ယုနဲ့ သွားဆော့ချည်။ အဝေးကြီးတော့ မပြေးကြနဲ့နော်။”

သူမရဲ့ သမီးသုံးယောက်ကို ပထုတ်ပြီးနောက် ချမ့်ကျွီဟွာက ဝမ့်ရင်းအတွက် လက်ဖက်ရည် တစ်ခွက်ကို ငှဲ့ပေးပြီး တဖြည်းဖြည်း ပြောခဲ့သည်။ “စစချင်း အဲ့အကြောင်းကို ငါကြားတုန်းက နည်းနည်းတော့ ဒေါသထွက်ရတယ်။”

“ ဘာပဲဖြစ်ဖြစ် ငါတို့က ဆယ်နှစ်ကျော်လောက် အတူတူ နေခဲ့ကြတာလေ။ ငါတို့ ကွာရှင်းပြီး အချိန်တိုလေးအတွင်းမှာပဲ သူက နောက်ထပ် တစ်ယောက်ကို ရှာတွေ့ခဲ့တာလေ။ အဲ့ဒါက ငါ့ရဲ့ အတိတ်က ဆယ်နှစ်တာကို လှောင်လိုက်သလိုပဲ။”

လူငယ်တွေအနေနဲ့ သူတို့မှာ ကောင်းမွန်တဲ့ အချိန်တွေ ရှိခဲ့ကြသည်။ အခုချိန်မှာ ချမ့်ကျွီဟွာက ထိုအကြောင်း တွေးလိုက်တိုင်း စိတ်မကောင်း ဖြစ်ရသည်။ သူမတို့ ကလေးတွေ မရှိခင်က တော်တော်လေး အတိုင်အဖောက် ညီခဲ့ကြတာ။ ဒါပေမယ့် အကြီးဆုံး သမီးကို မွေးပြီးတဲ့နောက်ပိုင်း အရာရာ ပြောင်းလဲသွားတဲ့ပုံပင်။

သို့သော် ချမ့်ကျွီဟွာသည် ဒီကိစ္စတွေက သူမရဲ့ သမီးအကြီးဆုံး မရောက်လာခင်ကတည်းက ဖြစ်ပြီး သူမနှင့် ထျန်းတကျူးရဲ့ ပြဿနာဟာ သူတို့ လက်ထပ်ပြီးကတည်းက ဖုံးကွယ်ထားခြင်း ဖြစ်ကြောင်း သူမ သိနေခဲ့သည်။ ပြဿနာတွေကို ဖုံးကွယ်ထားသည့်အတွက် အစပိုင်းမှာ သူတို့ လက်မယားက အတော်လေး အဆင်ပြေပုံ ရသော်လည်း အခုချိန် အဲ့ကိစ္စကို ပြန်ပြီး တွေးကြည့်လိုက်ရင် အဲ့အချိန်ကတည်းက အဆင်မပြေနေခဲ့ပါ။

ထိုအချိန်တုန်းက ထျန်းတကျူးရဲ့ အမေသည် သူမကို အထင်သေးပြီး အမြဲတမ်း ဘက်လိုက်သည်။ ပစ္စည်းတွေ ယူပြီး သူမရဲ့ သားအငယ်ကို ပေးဖို့အတွက် သားအကြီးရဲ့ အိမ်ကို အချိန်တိုင်း လာနေခဲ့သည်။ ထျန်းတကျူးက သူမကို စိတ်ရှည်ဖို့သာ နှစ်သိမ့်ခဲ့ပြီး သူမက သူ့ရဲ့ အမေအရင်းဟု ပြောနေခဲ့သည်။

“ဒါပေမယ့်လည်း သူ့ကို လွှတ်ထားလိုက်ပါ။ သူက သားယောက်ျားလေး အရမ်းကို လိုချင်နေတာလေ။ ပြီးတော့ အခုဆိုရင် သူလိုချင်တာ သူရသွားပြီပဲ။ အခုကစပြီး သူက ငါ့ကို ဘာမှလုပ်လို့မရတော့ဘူး။”

လွန်ခဲ့သောလက ချမ့်ကျွီဟွာရဲ့ အမေသည် သူမဆီ လာပြီး ခေါင်းမာတာကို ရပ်ပြီး ထျန်းတကျူးနှင့် ငြိမ်းချမ်းရေးယူဖို့အတွက် လာပြောခဲ့သည်။ သူမမှာ သားယောက်ျားလေး ရဖို့ကံ မပါသည့်အတွက် သူမက ငြိမ်ခံရမည်ဟု ပြောခဲ့သေးသည်။ အဲ့ဒါက အဆင်ပြေသည်။ အကြောင်းမှာ မိန်းမတွေက ဒီလိုမျိုးပဲ ဖြစ်သည်။ တစ်ချိန်လုံး ခေါင်းငုံ့ခံနေပြီး သူတို့ရဲ့ ဘဝတွေက အဆုံးသတ်သွားခဲ့သည်။

“အခုဆိုရင် သူ့မှာ နောက်မိန်းမလည်း ရသွားပြီ။ သူက သေချာပေါက် တယာနဲ့ နောက်ထပ် သမီးနှစ်ယောက်ကို ထပ်ပြီး ပြဿနာရှာမှာ မဟုတ်တော့ဘူး။ ဘာလို့ဆို နောက်ပိုင်း သူနဲ့မှ မဆိုင်တော့တာ။”

ချမ့်ကျွီဟွာက ထိုစကားတွေ ပြောဖို့အတွက် အတော်လေး တည်ငြိမ်နေကာ ဘာမျက်ရည်မှ မကျခဲ့ပါ။ သူမရဲ့ လက်ထပ်ပွဲမှာတင် သူမရဲ့ မျက်ရည်တွေ အားလုံးက ကုန်သွားခဲ့ပြီ ဖြစ်သည်။

ထျန်းတကျူးရဲ့ လက်ထပ်ပွဲသည် သူမ ထင်ထားတာထက် ပိုမြန်နေခဲ့သော်လည်း သူက အိမ်ထောင်ထပ်မပြုဘူးဟု သူမ တွေးထားခြင်း မဟုတ်ပါ။ ဒါဟာ ထျန်းတကျူးက ဒီလောက် မြန်မြန်ကြီး လက်ထပ်လိမ့်မယ်လို့ မမျှော်လင့်ထားရုံသာ ဖြစ်သည်။

ထို့အပြင် သူတို့ ကွာရှင်းတုန်းက ထျန်းတကျူးကို သူ့အမေက အတော်လေး တင်းတင်းကြပ်ကြပ် ထိန်းထားသည့်အတွက် နှစ်သစ်ကူးမှာ ဘာမှစားဖို့တောင် ခွင့်မပြုခဲ့ပါ။ ဒီမိသားစုက ထျန်းတကျူးကို မသေမချင်း လွှတ်ထားပေးမှာ မဟုတ်ဘူးဟု သူမက တွေးနေခဲ့သည်။

ညဘက် မိုးချုပ်သွားသည့်အခါ လူတိုင်းက အိပ်ပျော်နေကြချိန်မှာ ထျန်းတကျူးက ဘယ်မှ သွားစရာနေရာ မရှိဘဲ သူမရဲ့ သမီးတွေကို ဂုတ်သွေးစုတ်မည်မှာ သေချာကြောင်း တွေးပူနေခဲ့သည်။

အဲ့အချိန်တုန်းက ကွာရှင်းဖို့ စာရွက်ပေါ်မှာ လက်မှတ်ထိုးခဲ့ကြသော်လည်း ထိုခေတ်မှာ လူကြီးတွေကို လေးစားဖို့က အတော်လေးကို အရေးပါပြီး ထျန်းမိသားစုကလည်း မိသားစုကြီးတစ်စု ဖြစ်နေဆဲ ဖြစ်သည်။ တကယ်လို့ ထျန်းတကျုးသာ အိပ်ရာထဲ လဲသွားပါက ညီအစ်မ သုံးယောက်က မိဘတွေကို ရိုသေလေးစားမှု မရှိကြောင်း လူတွေက သေချာပေါက် စောဒက တက်ကြလိမ့်မည်။

အခုဆိုရင် ထျန်းတကျုးက လက်ထပ်ပြီး သူ့ရဲ့ သားသမီးတွေ ရလာတော့မည် ဖြစ်သည်။ နောက်ပိုင်း သူဘာဒုက္ခပဲ ခံစားရပါစေ ကိစ္စမရှိဘဲ အဲ့ဒါတွေကို တယာနှင့် အခြားသူတွေအပေါ်မှာ အပြစ်တင်လို့ မရတော့ပါ။

ပြီးတော့ သူက နောက်တစ်ကြိမ် ပြန်ပြီး အိမ်ထောင်ပြုတာလေ။ သူအသက်ရလာရင် သူ့နောက်မိန်းမက သူ့ကို ဂရုမစိုက်လို့ အရင်မိန်းမကို ပြန်ရှာတာမျိုးတွေ သူမ ဘယ်တုန်းကမှ မကြားခဲ့ဖူးပေ။

ချမ့်ကျွီဟွာကို ကြည့်ရတာ စိတ်သက်သာရာ ရနေခဲ့သည်။ “အခု သူက လက်ထပ်ပြီးပြီ။ သူက တယာတို့နားမှာ ထပ်ပြီး ရှိနေတော့မှာ မဟုတ်ဘူး။ ငါစိတ်ပူတာ တစ်ခုက တယာတို့ကို တစ်ခြားသူတွေ ဝေဖန်မှာကိုပဲ။”

ကမ္ဘာကြီးက အတော်လေး မတရားပေ။ မကောင်းပြောချင်တဲ့ လူတွေက ကလေးတွေကို ကြည့်နေကြပြီး မမေးသင့်တဲ့ မေးခွန်းတွေကိုလည်း မေးနေခဲ့ကြတာ။

'နင့်အဖေက မိထွေးအသစ်ရှာပေးတာ ဘယ်လိုလဲ။ နင့်အဖေနဲ့ အမေမှာဆို ဘယ်သူ့ကို ပိုချစ်လဲ။ နင့်ရဲ့မိထွေးက နင်တို့ကို မောင်လေး တစ်ယောက် မွေးပေးရင် ဘယ်လိုလုပ်မလဲ။ နောက်ပိုင်း နင့်မောင်လေးနဲ့ဆိုရင် ဘာတွေ ဆက်ဖြစ်မှာလဲ။'

ချမ့်ကျွီဟွာသည် ဒီလူတွေက ကလေး သုံးယောက်ကို ဒီလိုမေးခွန်းတွေ မေးပြီး ကလေးတွေ ငိုကြတဲ့အခါ အားရပါးရ ရယ်ကြတော့မည်ကို တွေးကြည့်လို့တောင် ရနိုင်သည်။ ထို့နောက် သူတို့က ဒါကို ဟာသကြီး တစ်ခုလို လှောင်နေကြလိမ့်မည် ဖြစ်သည်။

ချမ့်ကျွီဟွာက ဘယ်အရာကိုမှ စိတ်ကူးမယဥ်ပါ။ တကယ်တမ်းမှာတော့ ဒီကိစ္စတွေက အရှေ့မှာတုန်းက ဖြစ်သွားခဲ့ပြီး ဖြစ်သည်။ ပြဿနာရှာချင်သည့် လူတစ်ယောက်က အားရာကို အဲ့လိုမျိုး မေးနေခဲ့သည်။

ကံကောင်းစွာဖြင့် အားရာက သန်မာသည့် ကလေးတစ်ယောက်ဖြစ်ပြီး အဲ့လိုမျိုး မေးခံရသည့်အခါ မငိုခဲ့ပါ။ တစ်ယောက်ယောက်က ပြန်လာပြီး သူမကို လာခေါ်ရင်တောင် သူမကို ဒီလိုမျိုး မမေးရဲဘဲ ဘေးမှာသာ ရပ်နေခဲ့ရသည်။

နောက်ပိုင်းတွင် ချမ့်ယုက အဲ့ဒါကို သည်းမခံနိုင်ဘဲ သူမဆီကို လာပြောပြခဲ့သည်။

ချမ့်ကျွီဟွာက အံကိုကြိတ်ပြီး ပြောခဲ့သည်။ “ငါတကယ် သူတို့ကို လုပ်ချင်လိုက်တာ။”

သူမ အရမ်း ဒေါသထွက်နေတာကို မြင်သည့်အခါ ဝမ့်ရင်းက ထိုအကြောင်းကို တွေးလိုက်ပြီး သူမကို အကြံပေးခဲ့သည်။

“တယာတို့ရဲ့ နာမည်တွေကို ပြောင်းလိုက်ရင်ရော ဘယ်လိုလဲ။”

ချမ့်ကျွီဟွာက နားမလည်ခဲ့ပါ။ “နာမည်ပြောင်းမယ် ဟုတ်လား။ ဘယ်လိုလဲ။”

ဝမ့်ရင်းက သူမရဲ့ ခေါင်းကို ကုတ်လိုက်သည်။ “အဲဲဒါ သူတို့ကို ရှင့်ရဲ့ မျိုးရိုးနာမည်ပဲ ပေးလိုက်လေ။”

ချမ့်မျိုးရိုး နာမည်လား။

ချမ့်ကျွီဟွာရဲ့ အကြည့်က တောက်ပသွားခဲ့သည်။

All Chapters