အခန်း (၁၃၅-၁၃၆)
Vol. 12 Ch. 135-136
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၃၅
ချမ့်ကျွီဟွာရဲ့ ရင်ထဲမှာ ဒေါသထွက်ပြီး ပူလောင်နေခဲ့သည်။ အရင်က သူမ သမီးတွေရဲ့ နာမည်ကို ပြောင်းပစ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးပါ။ သူမက အဲ့အကြောင်းကို တွေးဖူးရင်တောင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် ထျန်းမိသားစုကလည်း ဒီနေရာမှာ ရှိနေဆဲ ဖြစ်ပြီး ထျန်းတကျုးက သဘောတူလိမ့်မည် မဟုတ်ပါ။
သူက ကလေးတွေရဲ့ အဖေအရင်းလည်း ဖြစ်သည်။ ချမ့်ကျွီဟွာရဲ့ ကွာရှင်း၊ စွန့်ပစ်မှုကို ခံရပြီးနောက် ချမ့်ကျွီဟွာက သားတစ်ယောက် မမွေးနိုင်သည့်အတွက် ကွာရှင်းခဲ့ခြင်းဖြစ်ကြောင်း ပြောနေရင်း သူ့ကိုယ်သူ နှစ်သိမ့်ပေးနေခဲ့သည်။ သို့သော် သူ့သမီးတွေရဲ့ နာမည်ကို ပြောင်းဖို့ ပြောလိုက်မည် ဆိုပါက သူက အဲ့ဒါကို လုပ်ဖို့အတွက် လုံးဝ ဆန္ဒရှိမည် မဟုတ်ပါ။
ဒါက အင်မတန်ကို ရှက်ဖို့ကောင်းသည်။ သူက သားမက်လည်း မဟုတ်တော့သည့်အတွက် ဘာလို့ ချမ့်ကျွီဟွာရဲ့ ကလေးတွေကို စောင့်ရှောက်ရမှာလဲ။
သို့သော် အခုချိန်မှာ ကိစ္စတွေက မတူတော့ပါ။ ချမ့်ကျွီဟွာရဲ့ အတွေးထဲမှာ အခုချိန် ထျန်းတကျူးက သားတစ်ယောက် ရတော့မည်ကို ပျော်နေခဲ့ပြီး သူမ သမီးတွေရဲ့ နာမည်ကို ပြောင်းဖို့ အဲ့အခြေအနေကို အခွင့်ကောင်း ယူသင့်သည်။ အဲ့ဒါက အရာအားလုံး ရှင်းသွားစေလိမ့်မည်။
'ထျန်းတကျူး၊ နင် နောက်မိန်းမ ထပ်ယူပြီး နင့်ရဲ့ ကလေးတစ်ယောက် ထပ်ရလာရင် ငါ့သမီး သုံးယောက်ရဲ့ မျိုးရိုးနာမည်တွေကို ပြောင်းပစ်မယ်။ မျိုးရိုးနာမည် ပြောင်းလိုက်တာနဲ့ နောက်ပိုင်းကျရင် ငါတို့တွေ ဆက်ဆံစရာ ဘာအကြောင်းမှ မရှိတော့ဘူး။ အဲ့ဒါအပြင် ငါတို့တွေက ဘာအမျိုးမှ မတော်တော့ဘူး။'
ချမ့်ကျွီဟွာ - “ဟုတ်ပြီ၊ ငါ သူတို့ကို အခုချက်ချင်း သွားမေးလိုက်မယ်။”
အစောပိုင်းတုန်းက သူမသည် ကလေးတွေရဲ့ အမြင်ကို နားထောင်ပေးသင့်တယ်ဟု ဝမ့်ရင်းက ပြောခဲ့သည်။ ထို့အပြင် ဒါက ကလေးသုံးယောက်ရဲ့ အနာဂတ်နှင့် ပတ်သက်သည့် အရေးကြီးကိစ္စ ဖြစ်သည့်အတွက် သူတို့ကို မေးဖို့ လိုအပ်သည်။
ဝမ့်ရင်း - “ ကျွန်မအမြင်တော့ သူတို့ရဲ့ မျိုးရိုးနာမည်တင် မကဘူး သူတို့ရဲ့ နာမည်ကိုလည်း ပြောင်းသင့်တယ်။ နာမည်ပြောင်အနေနဲ့ သူတို့ကို တယာ၊ အားရာလို့ ခေါ်တာက အဆင်ပြေတယ်ဆိုပေမယ့် ကျွန်မတို့တွေ သူတို့ရဲ့ နာမည်အပြည့်အစုံကို စဥ်းစားပေးဖို့လည်း လိုသေးတယ်လေ။”
ချမ့်ကျွီဟွာက ခဏလောက်တွေးပြီး ပြောခဲ့သည်။ “ သူတို့ကို ချမ့်မိုင်စွေ့၊ ချမ့်မိုင်မောင့်နဲ့ ချမ့်မိုင်ရာလို့ ခေါ်ရင်ရော ဘယ်လိုလဲ။ ငါ အရင်က သူတို့ကို အဲ့နာမည်တွေ ပေးဖူးတယ်ဆိုပေမယ့် အကြာကြီးတော့ မခေါ်လိုက်ရပါဘူး။”
ဝမ့်ရင်းက အဲ့အကြောင်းကို တွေးလိုက်ပြီး ဘယ်လို အဓိပ္ပါယ်မျိုးပဲ ရှိနေပါစေ ကိစ္စမရှိဘဲ အဲ့ဒါက အရမ်းကို သင့်တော်သည်။
ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ “ကျွန်မ ကြားရသလောက်တော့ အဲ့ဒါက အဆင်ပြေပါတယ်။ အဲ့အကြောင်း သူတို့ကို ပြောပြကြည့်လိုက်။”
ချမ့်ကျွီဟွာက ဝမ့်ရင်းကို လိုက်ပို့ပြီးနောက် သူမက ကလေးနှစ်ယောက်အား ဒီကိစ္စကို တရစပ် ပြောနေခဲ့သည်။
တယာနှင့် အားရာတို့ နှစ်ယောက်လုံးက ရှက်သွေးဖြာသွားခဲ့ကြသည်။
ချမ့်ကျွီဟွာက နာမည်ပြောင်းမယ့်အကြောင်းကို ပြောပြပြီးနောက် သူမက စကားဆက်ခဲ့သည်။ “သမီးတို့ မပြောင်းချင်ရင်လည်း ပြောင်းဖို့ မလိုပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ….”
သူမ စကားပြောလို့ မပြီးခင်မှာဘဲ အားရာက စိတ်အားထက်သန်စွာ ရောက်လာပြီး မြန်မြန် ပြောလိုက်သည်။ “သမီးကြိုက်တယ်။ သမီးနာမည်က မိုင်စွေ့၊ ဟုတ်တယ်မလား။ သမီးကို မိုင်စွေ့လို့ခေါ်တာ ကြိုက်တယ်။ အခုကနေစပြီးတော့ သမီးကို ချမ့်မိုင်စွေ့လို့ပဲ ခေါ်ရမယ်။”
တယာကလည်း ခေါင်းငြိမ့်ပြခဲ့သည်။ “သမီးနာမည်က ချမ့်မိုင်မောင့်။”
အားရာက အိပ်ပျော်နေသည့် သူမတို့ရဲ့ ညီမလေးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သမီးညီမလေးရဲ့ နာမည်က ချမ့်မိုင်ရာပဲ။”
ချမ့်ကျွီဟွာက ပြုံးပြီး သူမသမီးနှစ်ယောက်ရဲ့ ဆံပင်ကို ဖြီးပေးခဲ့သည်။ “ဟုတ်ပါပြီ။ အမေ မနက်ဖြန်ကျရင် သမီးတို့ရဲ့နာမည် ပြောင်းဖို့အတွက် ခေါ်သွားမယ်။”
သူမက သမီးသုံးယောက်ကို သူမရဲ့ မိဘအိမ်သို့ ခေါ်သွားခဲ့သည်။ သူမရဲ့ မိသားစုက ဆင်းရဲပြီး သူမရဲ့ အစ်ကိုအကြီးဆုံးက လက်ထပ်ပြီးနောက် ယောင်းမရဲ့ လက်အောက်မှာသာ နေရသော်လည်း သူမသမီးတွေရဲ့ နာမည်ပြောင်းမယ့် သတင်းကို သူမရဲ့ မိသားစုထံ ပေးသိရမည် ဖြစ်သည်။
မိသားစုထဲမှာ သူတို့ကို ထည့်တွက်သည်ဖြစ်စေ၊ ထည့်မထွက်သည်ဖြစ်စေ၊ ချမ့်ကျွီဟွာက အဲ့ဒါကို တွန်းအားမပေးခဲ့ပါ။
ဘယ်လိုပဲဖြစ်ဖြစ်၊ သူမသမီးတွေမှာ သူမမျိုးရိုးနာမည် ရှိသည်။ အဲ့တော့ နောက်ပိုင်းကျရင် သူတို့ကို တစ်ခြားသူတွေ ဘာမှလုပ်လို့ရမှာ မဟုတ်တော့ပေ။
ဝမ့်ရင်းက အသားတွေကို အိမ်ဆီ ပို့ပေးခဲ့ပြီးနောက် သူမမှာ မိသားစုအတွက် ခုနစ်ပေါင်၊ ရှစ်ပေါက်လောက် ကျန်နေသေးသည်။ အချို့အသားတွေက မိုးခိုသားတွေ ဖြစ်ပြီး၊ အချို့က နံရိုး၊ ဝက်မြှီးနှင့် ကျန်အပိုင်းတွေက ဝက်ဗိုက်သားတွေသာ ဖြစ်သည်။
အမျိုးသမီးကြီး မစ္စရှုက ဝက်မြှီးချက်တဲ့နေရာမှာ အတော်လေး ကျွမ်းကျင်သည်။ အခုလေးတင် ဝမ့်ရင်းက အသားတွေ သွားပို့ချိန်မှာ အိမ်မှာ သူမက ဝက်မြှီးတွေကို ကိုင်ထားပြီး ဖြစ်သည်။
ဝက်မြှီးကို ဆေးပြီး အမွှေးတွေ ဖယ်လိုက်။ ပြီးရင် ဝက်မြှီးတွေကို လှီးဖို့အတွက် အသားခုတ်ဓားကိုသုံး။ အပေါ်ယံတွေကို ဖယ်ဖို့အတွက် ရေအေးထဲကိုထည့်။ ပြီးမှ အိုးထဲကို ဆီထည့်ပြီး သကြားအရောင်လေးနဲ့ ကြော်လိုက်။ ဝက်မြှီးကို အိုးထဲထည့်။ အိုးရဲ့အခြေမှာ ဆီတော့ရှိတယ်။ ဝက်မြှီးက သူ့ဘာသာသူ အထပ်တွေ ဖြစ်သွားလိမ့်မယ်။ ဆီအိုးထဲကို ထည့်ပြီး ခနလောက် ကြော်လိုက်။ ပြီးရင် အစပ်တွေ၊ အရသာမှုန့်တွေ ထည့်ပြီး စချက်တော့။
နှစ်နာရီလောက် ဆူနေအောင် တည်ထားလိုက်။ အိုးထဲကို သကြား လက်တစ်ဆုပ်လောက် ထည့်ပြီး ဟင်းရည်က ရဲလာပြီး ဝက်မြှီး နူးလာတဲ့အထိ တည်ထားလိုက်သည်။
အမျိုးသမီးကြီး မစ္စရှုက ငရုတ်ပွ အစိမ်းနှင့် အနီကို အိုးထဲသို့ ထည့်လိုက်သည်။ ချို၊ စပ် အရသာလေးက အိုးထဲကနေ သင်းပျံ့နေခဲ့ပြီး ဝမ့်ရင်းကို လောဘ တက်စေခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုက ပြောခဲ့သည်။ “ရှုရွှမ်းရဲ့အဖေ ရှိတုန်းကဆို သူက ဝက်မြှီးစားရတာကို ကြိုက်တယ်။ ချိုစပ်အရသာ ဝက်မြှီးဟင်းက ဝိုင်နဲ့တွဲစားရတာ အကောင်းဆုံးပဲ။”
ဝမ့်ရင်းက စမ်းကြည့်ဖို့ စိတ်အားထက်သန်နေခဲ့သည်။ “အနံ့ကတော့ မွှေးနေတာပဲ။”
ဝမ့်ရင်း - “အမေ၊ သမီးတို့အိမ်မှာ ဆန်အရက်ရှိလား”
သွားရည်စာအကြောင်း ပြောပြီဆိုရင် သူမက ယိုးတိုးယွတ ဖြစ်နေခဲ့သည်။ ရှုရွှမ်း ပြန်လာတဲ့အထိ ဘာလို့ မစောင့်တာလဲ။ မြေပဲ တစ်ပန်းကန်လောက် ကြော်လိုက်ပြီးရင် မြေပဲလေးစားလိုက်၊ ဝက်မြှီးလေး စားလိုက်၊ ဝိုင်လေးသောက်လိုက်နဲ့မလား။ ကျွတ်၊ ဒါကို တွေးကြည့်လိုက်ရုံနဲ့ ပျော်နေရပြီ။
အမျိုးသမီးကြီး မစ္စရှုက ခေါင်းခါပြီး ငြင်းခဲ့သည်။ “ဟုတ်ပြီ၊ ဟုတ်ပြီ။ မင်း အဲ့ဒါ သောက်လို့မရဘူးနော်။ မင်းရဲ့ သာယာတဲ့ ဘဝလေးက မပြီးသေးဘူးဆိုတာကို မေ့နေပြီလား။ အဲ့ဒါပြီးမှ ဒီအကြောင်း ပြောရအောင်။”
ဝမ့်ရင်းက တကယ်ကို အဲ့အကြောင်း မေ့လုနီးပါး ဖြစ်နေခဲ့သည်။ မနေ့တုန်းက သူမသည် အတော်လေး ဒေါသထွက်နေခဲ့သည့်အတွက် ဒီနေ့ အသား စားရတော့မည့်အခါ အဲ့အကြောင်း လုံးဝကို မေ့သွားခဲ့သည်။
“အဲဲဒါဆိုလည်း ပြီးတာပါပဲ” ဝမ့်ရင်းက အရမ်း ဝမ်းနည်းသွားခဲ့သည်။
သူမကို သောက်ခွင့်မပြုသော်လည်း အမျိုးသမီးကြီး မစ္စရှုက ထမင်းတွေ အများကြီး တည်ထားခဲ့သည်။ ဝက်မြှီးရဲ့ အနံ့တွေက အကြာကြီး မခံနိုင်ခင်မှာဘဲ ထမင်းက ကျက်သွားခဲ့ပြီ ဖြစ်သည်။
ရှုရွှမ်းက အထဲကို ဝင်လာခဲ့ပြီး လက်ထဲမှာလည်း နေ့လည်စာ ထမင်းဗူးကို ကိုင်ထားခဲ့သည်။
သူက ဝမ့်ရင်းလက်ထဲသို့ နေ့လည်စာ ထမင်းဗူးကို ကမ်းပေးလိုက်သည်။ “ဒါက ဒီနေ့ ဆိုင်မှာ ကိုယ်တို့ လုပ်ထားတဲ့ အသီးခြောက်တွေပဲ။”
စားသောက်ဆိုင်မှာ အသီးခြောက်တွေကို အမြဲလိုလို လုပ်လေ့မရှိချေ။ အဓိက အကြောင်းကတော့ အဲ့ဒါက ဆီအရမ်းသုံးရသည်။ သူတို့တွေ အဲ့ဒါကို မကြာမကြာ လုပ်မယ်ဆိုရင် သူတို့က အများကြီး လုပ်ရပြီးတော့ သုံးရက်ကနေ ငါးရက်အတွင်း ရောင်းလို့ရသည်။
ဘာမှ မပြောခင်မှာဘဲ ရှုရွှမ်းက ရေတစ်ခွက် သောက်လိုက်သည်။ “ရှဲ့ယွဲ့ကျင်းက အိမ်ထောင် ပြုတော့မယ်။ ပြီးတော့ ဒီအသီးခြောက်တွေကိုလည်း သူ မှာသွားတာ။”
ဝမ့်ရင်းက အရင်တစ်ခေါက်က စားသောက်ဆိုင်မှာ တွေ့ခဲ့ရသော သူမနှင့် နာမည်တူသည့် “အစ်မရင်း” အကြောင်းကို တွေးမိခဲ့ပြီး သေချာပေါက် သူမက ရှဲ့ယွဲ့ကျင်းရဲ့ အိမ်ထောင်ဖက် ဖြစ်ကြောင်းကို ခန့်မှန်းမိခဲ့သည်။ ယခုခေတ်တွင် မကြာခနဆိုသလို လက်တွဲဖော် ပြောင်းတဲ့သူဆိုတာ မရှိသလောက် ရှားသည်။ ထို့ပြင် လူအများစုက တစ်ခါတွေ့ဖူးတာနှင့် လက်ထပ်ကြသည်။
“ဒါက ကောင်းတာပေါ့။ သူက ရှင်တို့ဟိုတယ်မှာ လုပ်ဖို့ စီစဥ်နေတာလား။”
ရှုရွှမ်းက ပြောစရာစကားမရှိ ဖြစ်သွားခဲ့ရသည်။ “ဟုတ်တယ်။ စားပွဲအတွက် ကြိုမှာကြရအောင်။”
အမျိုးသမီးကြီး မစ္စရှုက ကြားဖြတ်ပြောခဲ့သည်။ “စားပွဲဝိုင်း ကြိုမှာတယ်ဟုတ်လား။ ဘယ်နှစ်ဝိုင်းလဲ။”
ရှုရွှမ်း - “အကုန်လုံး အပါအဝင်ပဲ။”
ဝမ့်ရင်းက အတော်လေး လန့်သွားခဲ့ပြီး သူမလက်ထဲရှိ အသီးခြောက်တွေက ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ဒီလူက တကယ်ကို ရက်ရောတာပဲ။ စားသောက်ဆိုင်မှာ စားပွဲက ဆယ်ဝိုင်းကျော်သည်။ တစ်ခါတည်းနဲ့ ဘယ်လိုလုပ် အကုန်လုံးကို ကြိုမှာလို့ရမှာလဲ။
အဲ့ဒါက ဘယ်လောက် ကုန်မှာလဲ။
ရှုရွှမ်း - “တစ်ရာနီးပါးပဲ။”
အသားဟင်းတစ်ပွဲကို တစ်ယွမ်ကျော်သည်။ ပြီးတော့ အရွက်ဟင်းက ဆင့်အနည်းငယ်ပဲ။ ရှဲ့ယွဲ့ကျင်းက အအေးစာ လေးပွဲ၊ အပူစာက ရှစ်ပွဲနဲ့ စားပွဲတစ်ဝိုင်းကို ဟင်းချိုတစ်ခွက်။ အဲ့ဒါက ခုနစ်ယွမ်၊ ရှစ်ယွမ်လောက် ကုန်လိမ့်မည်။ စားပွဲက ဆယ့်နှစ်ဝိုင်းကျော်ဆိုတော့ ယွမ်တစ်ရာ ပတ်ချာလည်လောက် ကုန်လိမ့်မည်။
ဝမ့်ရင်းက အံ့ဩသွားခဲ့သည်။ “ဒါက အရမ်းကို….”
အခုခေတ် လက်ထပ်သည့်အခါ လူအနည်းငယ်ကသာ အဲ့လိုမျိုး လုပ်နိုင်သည်။ တစ်ခုခု မဝယ်ဘဲနဲ့ ဘာလို့ မင်္ဂလာပွဲအတွက် ယွမ်တစ်ရာလောက်ကို သုံးရတာလဲ။ အခုခေတ်မှာ လက်ဖွဲ့တွေက အရင်ကလောက် စျေးမကြီးဘဲ အဲ့ဒါကကို လက်ဆောင်ကြီးတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
မင်္ဂလာပွဲက အရမ်း ကြီးကျယ်လွန်းလို့ လက်ဖွဲ့တွေကို တွက်ကြည့်ရုံနဲ့ ပိုက်ဆံတွေကို ပြန်ရနိုင်မှာ မဟုတ်ဘူး။
ရှုရွှမ်းက ဟင်းပွဲတွေကို ချပေးဖို့အတွက် မီးဖိုချောင်သို့ တိတ်တဆိတ် ဝင်သွားခဲ့သည်။ သူ မပြောခဲ့တာ တစ်ခုက ရှဲ့ယွဲ့ကျင်းသည် သူ့အိတ်ကပ်ထဲသို့ ဆယ်ယွမ်ကို ထည့်ပေးခဲ့ပြီး သူက စားသောက်ဆိုင်ရဲ့ စားဖိုမှူး တစ်ယောက်ဆိုတာကို မိန်းကလေးရှင်ဘက်သို့ မပြောဘဲ လျှို့ဝှက်ပေးထားရန် ရှုရွှမ်းအား ပြောခဲ့သည်။ မင်္ဂလာပွဲအတွက် ရှုရွှမ်းကိုလည်း အကူအညီ တောင်းချင်ခဲ့သည်။
ရှဲဲ့ယွဲ့ကျင်းက ဒူးထောက်မတက် ရှုရွှမ်းကို ပြောနေခဲ့သည်။ “ဆရာရှု၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပြီး ကူညီပေးပါဗျာ။ ကျွန်တော့် ကောင်မလေးရဲ့ မိသားစုက ပိုက်ဆံရှိတယ်။ ပြီးတော့ သူမက ဓာတ်ဘူး စက်ရုံမှာ အလုပ်လုပ်နေတာ။ ကျွန်တော်သာ စားဖိုမှူး တစ်ယောက် မဟုတ်တာကို သိသွားရင် ကျွန်တော့်ကို ကန်ထုတ်မှာ စိုးရိမ်လို့ပါဗျာ။ နောက်ဆုံး ကျွန်တော် လက်ထပ်ပြီးတဲ့အထိ ကျွန်တော့်ကို ကူညီပေးပါဗျာ။”
အစပိုင်းမှာတော့ ရှုရွှမ်းက သူ့ကို အာရုံမစိုက်ချင်ခဲ့ပါ။ တိတိကျကျ ပြောရရင် ရှဲ့ယွဲ့ကျင်းရဲ့ အပြုအမူက လိမ်ပြီး လက်ထပ်တာမျိုး ဖြစ်သည်။
ကိုယ်ကျိုးအတွက် ကောင်မလေးကို လှည့်စားခြင်း ဖြစ်သည်။
ထို့ကြောင့် ရှုရွှမ်းက ထိုစကားကို မတုံ့ပြန်ခဲ့ပါ။
သို့သော် ရှဲ့ယွဲ့ကျင်းက လက်မလျှော့တာ သိသာနေခဲ့ပြီး ရှုရွှမ်းကို နားချဖို့ ဆက်ကြိုးစားနေဆဲ ဖြစ်ကာ ဆယ်ယွမ်ကနေ ဆယ့်ငါးယွမ်သို့ တိုးသွားခဲ့သည်။
ရှုရွှမ်းက သူ့ရဲ့ အရှုပ်ထုပ်ကို ဝင်မပါခဲ့ပါ။ သူက ရှဲ့ယွဲ့ကျင်းရဲ့ ကောင်မလေးကို အရမ်းကြီး အမြင် မကြည်သော်လည်း လိမ်ပြီး လက်ထပ်တာက လက်ထပ်တာပဲ ဖြစ်သည်။
ရှဲ့ယွဲ့ကျင်းသည် သူက စားဖိုမှူးတစ်ယောက် ဖြစ်ကြောင်း ကောင်မလေးကို လိမ်ခဲ့ရုံသာမက သူ့ကို အိမ်တစ်လုံး ပေးထားသေးကြောင်းကိုလည်း ပြောခဲ့သေးသည်။ တကယ်တမ်းမှာတော့ အဲ့အိမ်က သူ့ကို ပေးထားမျိုး မဟုတ်ဘဲ သူ့ဘာသာ ငှားထားခြင်း ဖြစ်သည်။
ဒါက အကြာကြီးခံမှာ မဟုတ်ဘူးလို့ ရှုရွှမ်းက ခံစားမိခဲ့သည်။ ရှဲ့ယွဲ့ကျင်းရဲ့ အကြောင်းတွေက အနှေးနဲ့ အမြန် ပေါ်လာလိမ့်မည် ဖြစ်သည်။ တကယ်လို့ အဲ့ကိစ္စသာ ပေါ်သွားပါက ထိုကောင်မလေးက သူ့ကို အလွယ်လေး လွှတ်ပေးမည် မဟုတ်တာ သေချာသည်။
ရှုရွှမ်းက ခေါင်းကို ခါလိုက်ပြီး အလုပ်မှာ ထိုအရှုပ်အား တွေးနေတာကို ရပ်လိုက်သည်။
အိုးထဲမှာရှိတဲ့ ဝက်မြှီးဟင်းကို မြင်လိုက်ရသည့်အခါ သူက အရွက်တွေကို ကြော်ပြီး သခွားသီးနှင့် ရောလိုက်သည်။
သူတို့ သုံးယောက်က ဆီမီးအိမ်အောက်မှာ စတင် စားခဲ့ကြသည်။ အကြောင်းမှာ ရှုရွှမ်းက နောက်ကျမှ ပြန်လာသည့်အတွက် ဖြစ်သည်။ သူတို့ မိသားစုက ညစာကို လက်ဆုံ စားလေ့ရှိကြသည်။
မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ ဝက်မြှီးဟင်းက နီရဲနေခဲ့ပြီး အဲ့ဒါကပဲ ပိုပြီးတော့တောင် စားချင်စဖွယ် ဖြစ်နေခဲ့သည်။ ဝမ့်ရင်းက အမြှီးကို ထမင်းပေါ်သို့ သေသေချာချာ တင်လိုက်ပြီး ထမင်းပေါ်ကို စမ်းလိုက်သော ဟင်းအနှစ်က မွှေးနေခဲ့ကာ ထမင်းကို ရဲသွားစေခဲ့သည်။
ဝက်မြှီးက နူးညံ့၊ လက်ဆက်ပြီး မွှေးကြိုက်နေသည်။ ချိုစပ် အရသာလေးကလည်း အရမ်း ထူးကဲနေသည်။ အရေခွံကို အားရပါးရ ကိုက်လိုက်ရင် ပါးစပ်ထဲမှာ တမြုပ်မြုပ် ဖြစ်နေတဲ့ အသံကိုတောင် ကြားရသည်။ အပြင်ပိုင်းက အတော်လေး ကျက်နေပြီး အနှစ်ကြောင့် မွှေးနေတာပဲ။ ဒါပေမယ့် အထဲမှာတော့ နူးညံ့၊ အိစက်ပြီး ဝါးလို့ကောင်းသည်။ အဆီနေရာကလည်း လျှာပေါ်ကနေ အဖြူရောင် အဆီတွေ စီးကျလာသလို လူတွေကို ထင်ယောင်ထင်မှား ဖြစ်စေသည်။
ထိုဟင်းအိုးက အချိန်ခနလေး အတွင်းမှာပဲ ကုန်သွားခဲ့သည်။
ဝမ့်ရင်းက စိတ်မကောင်း ဖြစ်နေဆဲ ဖြစ်သည်။ ဒါကို ဘာလို့ စိတ်မကောင်း ဖြစ်နေရတာလဲ။ ဝက်မြှီးက တစ်ချောင်းပဲရှိတာ စိတ်မကောင်းစရာပေါ့။
သူမတို့မှာသာ အဲ့ထက်ပိုရှိရင် ကောင်းမှာပဲ။
နောက်တစ်နေ့မှာတော့ ဝမ့်ရင်း နိုးသည့်အခါ သူမ ဆရာဝန် ပြဖို့အတွက် ရောက်လာသည့် လူတစ်ယောက်နှင့် တွေ့ခဲ့ရသည်။
ထိုလူရဲ့ နဖူးမှာ အကောင် ကိုက်ခံရလို့ ရောင်နေပြီး ဝမ့်ရင်းကို ပြောပြခဲ့သည်။ “အတုပ်ခံရပြီးကတည်းက ငါ ဘာကိုမှ မခံစားရတော့ဘူး။ အဲ့ဒါကြောင့် ငါ အဲ့ဒါကို ပစ်ထားပြီး ဆပ်ပြာရည်နဲ့ ဆေးချလိုက်တာ။ ဒါပေမယ့် အဲ့ဒါက ဘာလို့ ပိုကြီးလာရတာလဲ။ ဆရာဝန်မလေး၊ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး။”
ဝမ့်ရင်း - “နကျယ်ကောင်ရဲ့ အဆူးက အထဲမှာမလို့ပါ။ တကယ်လို့ ရှင်က အဲ့အဆူးကို မထုတ်ဘဲ ပိုးဘဲ သတ်လိုက်ရင် အဲ့ဒါက ရောင်လာမှာပေါ့ ဟုတ်တယ်မလား။”
သူမက အနာကို ဆေးထည့်ပေးပြီး ဆေးညွှန်းအချို့ ပေးလိုက်ကာ နောက်ဆုံးမှာတော့ ဆေးကုခ ငွေဆယ်ပြားကို တောင်းခံခဲ့သည်။
အဲ့အချိန်မှာပဲ ထျန်းရှင်းဟွာက ရောက်လာခဲ့ပြီး ဆေးဖက်ဝင် အပင်တွေကို လေ့လာဖို့ ဝမ့်ရင်းက သူမကို ခေါ်သွားခဲ့သည်။
အပြင်ဘက်ကနေ တစ်ယောက်ယောက်က ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသည်အထိ သူတို့က အဲ့မှာ ခနလောက် ရှိနေခဲ့သည်။
ဝူကွေ့ဟွာက ရောက်လာခဲ့ပြီး ပြောလိုက်သည်။ “ဝမ့်ရင်း၊ နင် ငါနဲ့လိုက်မလား။ မုဆိုးမယွီက ပြဿနာ တစ်ခုကို ရှာနေပြီ။ သူမက ပြောတယ်။ ချမ့်ကျွီဟွာရဲ့ သမီးတွေ မျိုးရိုးနာမည် ပြောင်းမှာကို သူမက မလိုချင်ဘူးတဲ့။ ပြီးတော့ သူက တယာနဲ့ အားရာကို ပြန်ခေါ်သွားပြီး ထျန်းတကျူးနဲ့ပဲ နေစေချင်တာတဲ့။”
ဝမ့်ရင်းက ထရပ်ကာ ညှင်ညှင်သာသာ ပြောခဲ့သည်။ “ငါသွားမယ်။”
ဝမ့်ရင်းက သူမနဲ့အတူ ရှင်းဟွာကိုပါ လိုက်ဖို့အတွက် ခေါ်ခဲ့သည်။ “လာလေ။ ကွင်းဆင်းပြီး လေ့လာဖို့ နင့်အတွက် အချိန်ကျပြီ။ ကိုယ်ဝန်သည် ပြေးတယ်ဆိုတာ ရှားတယ်လေ။ အဲ့တော့ သူ့ရဲ့ အခြေအနေကို သွားစစ်ပေးလိုက်။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၃၆
သူတို့ သုံးယောက်က တပ်မဟာရဲ့ ရုံးခွဲကို ရောက်သည့်အခါ အဝေးကနေတောင် ချမ့်ကျွီဟွာရဲ့ အသံကို ကြားခဲ့ရသည်။
“ထျန်းတကျူး။ စကားပြောဖို့ ထွက်ခဲ့စမ်း။ နင့်အစား ဒီမိန်းမကို စကားလာမပြောခိုင်းနဲ့။ ငါတို့တွေ အရင်က သဘောမတူခဲ့လို့လား။ သမီးတွေကို ငါ ပိုင်တယ်လို့။ ပြီးတော့ သူ့ကို မွေးခိုင်းမှာ မဟုတ်သလို သူသေရင် မြှုပ်ခိုင်းမှာလည်း မဟုတ်ဘူး။ နင်က သူတို့ကို မစောင့်ရှောက်ရင် နင်ကြီးလာရင်လည်း သူတို့က နင့်ကို စောင့်ရှောက်မှာ မဟုတ်ဘူး။ ဒါက ရှင်းရှင်းလေးပဲ။ အခုမှ ဘယ်လိုလုပ် နင်က နောက်တရသွားရတာလဲ။”
“အခုမှ နင့်စကားတွေကို ပြန်ပြင်လို့ မရတော့ဘူး။ နင်က နောက်မိန်းမလည်း ယူပြီးပြီ။ အခုချိန် နင်လိုတာ အိမ်ဖော်တစ်ယောက်ပဲ။ အဲ့ဒါကြောင့် နင်က နင်တို့ကို ပြုစုပေးဖို့ ငါ့သမီးတွေကို ပြန်ခေါ်ချင်ကြတာလေ။ ငါက နင့်လို မကန်းနေဘူး။ ငါ့သမီးတွေကို နင့်ရဲ့ ပထွေးတွေ၊ မိထွေးတွေဆီ ပြန်မပို့ပေးနိုင်ဘူး။”
“ယောင်းမ၊ ငါအဲ့လိုမျိုး ဆိုလိုတာ မဟုတ်ပါဘူး။ ငါနဲ့ အစ်ကိုတကျုးက အဲ့လိုမျိုး တစ်ခါမှ မတွေးဖူးပါဘူး။ ကလေးတွေက နင်နဲ့ဆိုရင် ဒုက္ခရောက်မယ်ဆိုပြီး ခံစားရလို့ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ငါတို့…..”
ဝူကွေ့ဟွာက ဒီအခြေအနေကို မြှောက်ပေးဖို့ ရည်ရွယ်ချက် မရှိခဲ့ပါ။ အခုဆိုရင် သူမက အမျိုးသမီးရေးရာဌာနရဲ့ ခေါင်းဆောင် ဖြစ်နေခဲ့ပြီး ဒီအလုပ်က တကယ်ကို ပူလောင်တယ်ဟု သူမက ခံစားခဲ့ရသည်။
အဲ့ဒါကြောင့် ဒီတာဝန်ကို လက်ခံမယ့်သူမရှိတာ အံ့ဩစရာ မရှိတော့ဘူး။
ဘာအရှုပ်အထုပ်တွေပဲ ဖြစ်နေပါစေ ဒီလို ကိစ္စတွေကို အရှေ့ကနေ အရင်ဆုံး ဝင်ပါရမယ့်သူက သူမ ဖြစ်နေခဲ့သည်။
မင်း မမြင်ဘူးလား။ သူမ အဲ့တာဝန်ကို ယူလိုက်ကတည်းက ထျန်းယိုဖုက ဆယ်နှစ်လောက် ပိုငယ်သွားသလိုပဲမလား။ သူက လေပေါ်မှာတောင် မြောက်နေပြီ။
တစ်ဖက်ကကြည့်ရင်လည်း သူမ အစတုန်းက အရမ်းကို တက်ကြွနေတာ။ ဒါပေမယ့် အခုတော့ သူမက ဖရုံစေ့ကိုတောင် မစားနိုင်တော့ဘူး။
ဝူကွေ့ဟွာက သက်ပြင်းချပြီး ထိုနေရာဆီသို့ ဝမ့်ရင်းနှင့် သူမရဲ့ သမီးကို ခေါ်သွားခဲ့သည်။
ဝမ့်ရင်းက လူအုပ်ကြားထဲမှာ ရှိနေသည့် မုဆိုးမယွီကို တစ်ချက် ကြည့်လိုက်သည်။ အဲ့ဒါက သူမကို ဝမ့်ရင်းက အပြစ်ရှာနေတာမျိုး မဟုတ်သော်လည်း မုဆိုးမယွီက အတော်လေးကို ထင်းနေအောင် ဝတ်ထားခြင်းကြောင့် ဖြစ်သည်။
အကြောင်းမှာ သူမက နောက်နေ့မှာ လက်ထပ်တော့မည် ဖြစ်သောကြောင့် ဖြစ်သည်။ မုဆိုးမယွီက အနီရောင် ဂါဝန်အကြပ်၊ ဘောင်းဘီအသစ်နှင့် အဝတ်ဖိနပ် အသစ်များကို ဝတ်ထားခဲ့သည်။ သူမရဲ့ လှပသော မျက်နှာက လူအုပ်ကြားထဲမှာ ထင်းထွက်နေခဲ့သည်။
ထျန်းတကျူးက သူမရဲ့ လက်ကို ကိုင်ထားပြီး ပြန်သွားဖို့ နားချရန် ကြိုးစားနေခဲ့သည်။
တစ်ဖက်မှာတော့ ချမ့်ကျွီဟွာက ကြမ်းတမ်းသော စကားများကို ပြောနေခဲ့သော်လည်း သူမက ဒေါသထွက်နေပုံ မရပါ။
ဝူကွေ့ဟွာက အသက်ကို ဝအောင်ရှုပြီး ကျယ်လောင်စွာ အော်ချလိုက်သည်။ “လမ်းဖယ်ပေး။”
သူမက ဝမ့်ရင်းကို သူမနှင့်အတူ ခေါ်သွားခဲ့ပြီး အလယ်မှာ ရှိနေတဲ့ လူတွေက ချက်ချင်းဆိုသလို ပျောက်သွားခဲ့ကြသည်။
ဒီမှာ ဘယ်သူကမှ နေမကောင်းတာမျိုးလည်း မရှိသလို မူးလဲတာမျိုးလည်း မရှိပါချေ။ အဲ့ဒါကို ဘာလို့ ဆရာဝန် ခေါ်ရတာလဲ။
ဝမ့်ရင်းက ဘေးမှာ ရပ်နေပြီး နည်းနည်းလေးမှ မလှုပ်ပါ။
မုဆိုးမယွီက ဝမ့်ရင်းလာတာကို မြင်သည့်အခါ အင်တင်တင် ပြုံးပြခဲ့သည်။ “ဒါရိုက်တာဝူ၊ နင် ဘာလို့ ဆရာဝန် ခေါ်လာတာလဲ။ ငါက အဆင်ပြေပါတယ်။”
ထိုအဖွဲ့ထဲမှာ သူမကသာ ကိုယ်ဝန်ရှိနေခဲ့သည့်အတွက် ဝမ့်ရင်းက ဘာအတွက် လာတာလဲဆိုတာ ခန့်မှန်းဖို့ လွယ်ကူသည်။
ဝူကွေ့ဟွာက လက်ကိုပြပြီး ပြောခဲ့သည်။ “ဒါက အဆင်သင့် မဖြစ်သေးဘူးလား။”
မုဆိုးမယွီရဲ့ ယောက္ခမက ဘေးကနေ ချောင်းဆိုးနေခဲ့သည်။ မုဆိုးမယွီက တစ်ခုခု ပြောတော့မှာကို မြင်သည့်အခါ သူမရဲ့ အင်္ကျီစကို ဆွဲလိုက်သည်။
မုဆိုးမယွီက ချက်ချင်းပဲ ပြောနေတာကို ရပ်လိုက်ပြီး ပါးစပ်ပိတ်သွားခဲ့သည်။
သူမက ဘာမှမပြောသော်လည်း ချမ့်ကျွီဟွာက ပြောလိုက်သည်။
ချမ့်ကျွီဟွာ - “အမျိုးသမီးရေးရာရဲ့ ဌာနမှူးကလည်း ဒီကို ရောက်နေပြီ။ အဲ့ကိစ္စကို ပြီးအောင် ပြောကြမယ်။ တယာ၊ အားရာနဲ့ ရှောင်းယာတို့ကို ငါ့စောင့်ရှောက်မှုရဲ့ အောက်မှာ ထားဖို့အတွက် သဘောတူခဲ့ပြီးသားလေ။ ထျန်းတကျူးက ငါ့ကို ပိုက်ဆံပေးရင်တောင် ငါက ကလေးတွေကို စောင့်ရှောက်ပေးမှာ မဟုတ်ဘူး။ အခု ကလေးတွေရဲ့ နာမည်ကို ငါ ပြောင်းပေးချင်တယ်။ ဒီမိသားစု နာမည်နဲ့က ငါဘာလုပ်ရမှာလဲ။ ပြီးတော့ ဒါက ထျန်းတကျုးရဲ့ ကိစ္စဆိုရင်တောင် ဒါက နင်နဲ့ မဆိုင်ဘူး ဟုတ်တယ်မလား၊ မုဆိုးမယွီ။ နင်တို့ နှစ်ယောက်က လက်ထပ်စာချုပ်တောင် မလုပ်ရသေးဘူး။ ပြီးတော့ နင်တို့မှာ ရှိတယ်ဆိုရင်တောင် နင် ငါ့အရှေ့မှာ ဘာမှ ပြောလို့မရဘူး။”
ချမ့်ကျွီဟွာက တကယ်ကို အဲ့လောက်ထိ မတွေးခဲ့ပါ။ သူမက သမီးတွေရဲ့ နာမည်ကို ပြောင်းတာက အကြံကောင်း တစ်ခုဖြစ်ပြီး ထျန်းတကျူးဆီကနေ ခွဲထွက်သွားဖို့က ပိုပြီး သေချာတယ်ဟုသာ တွေးမိခဲ့သည်။ အဲ့ဒါကို ပထမဆုံး သဘောမတူဘူးဟု ပြောခဲ့တဲ့သူက ထျန်းတကျုးလည်း မဟုတ်သလို၊ ထျန်းအာကျုးရဲ့ မိန်းမလည်း မဟုတ်ပါ။ ထျန်းတကျူးရဲ့ အမေကတောင် ဘာတစ်ခွန်းမှ မပြောခဲ့ပါ။ အဲ့ဒီ့အစား လက်မထပ်ရသေးသည့် မုဆိုးမယွီက မပျော်မရွှင် ဖြစ်နေပြီး ကလေးတွေကို သူမ မွေးချင်တယ်ဟု ပြောနေခဲ့သည်။
ချမ့်ကျွီဟွာက အတော်လေး စိတ်ပျက်နေခဲ့သည်။
မုဆိုးမယွီရဲ့ မကောင်းတဲ့ အကြံတွေက သူမရဲ့ မျက်နှာမှာ အထင်းသား ပေါ်နေခဲ့သည်။ ဒါဟာ သူမက ကလေးတွေရဲ့ နာမည်ကို မပြောင်းပေးချင်တာမျိုး မဟုတ်ဘဲ တယာနှင့် အားရာတို့ကို သူမ ဗိုက်ထဲက ကလေးအတွက် ပြန်ခေါ်ထားချင်ခြင်း ဖြစ်သည်။
ချမ့်ကျွီဟွာ - “နင်က စိတ်ကူးယဥ်နေတာပဲ။ တယာနဲ့ အားရာတို့ကို နင့်ရဲ့ အိမ်ဖော်တွေအနေနဲ့ ငါ့ဆီက လာတောင်းဖို့ တွေးနေတာပဲ။ စိတ်ကူးယဥ်နေလိုက်။ နင် ထပ်ပြီး ဝင်နှောက်ယှက်ရဲရင် နင်နဲ့ ထျန်းတကျူးက လက်မထပ်ခင် ကလေးရသွားတဲ့အကြောင်းကို စစ်ဆေးပေးဖို့ တပ်မဟာဆီ ငါသွားတိုင်မယ်။”
အစတုန်းက ဝမ့်ရင်းသည် ချမ့်ကျွီဟွာကို ကူညီဖို့ ရည်ရွယ်ပြီး လာခဲ့သော်လည်း သူမက ဘယ်လို အနှောက်ယှက်မျိုးကိုမဆိုလည်း စိတ်ပူနေခဲ့သည်။ သို့သော် ခနလောက် စောင့်ကြည့်ပြီးတဲ့နောက် သူမက ပုံမှန်ပဲဆိုတာကို သိသွားခဲ့ပြီး အခုဆိုရင် ချမ့်ကျွီဟွာက အတော်လေး အင်အားကောင်းနေခဲ့ပြီ ဖြစ်သည်။
သူမက ချက်ချင်းဆိုသလိုပဲ ထျန်းတကျူးနှင့် မုဆိုးမယွီရဲ့ ချက်ကောင်းကို ကိုင်လိုက်ခြင်း ဖြစ်သည်။
လက်မထပ်ခင် ကလေးရတာ သူတို့ နှစ်ယောက်အတွက် ကောင်းတဲ့ကိစ္စ မဟုတ်သော်လည်း ဒီလို မုဆိုးမ တစ်ယောက်နှင့် ကွာရှင်းပြီးသား ယောက်ျားတို့က တစ်ခြားသူတွေအတွက် စိတ်ဝင်စားဖို့ မကောင်းပါ။ ထို့ကြောင့် လူတိုင်းက ဒါကို ဟာသတစ်ခုလိုသာ ကြည့်ရုံ ကြည့်နေခဲ့ကြသည်။
သို့သော် တစ်ယောက်ယောက်က သူတို့ကို ပိုပြီး အဆင့်မြှင့်ပေးလိုက်ပါက အခြေအနေတွေက ပြောင်းလဲသွားလိမ့်မည်။
အခုဆိုရင် ကျေးလက်ဒေသမှာ ဖြစ်နေသည့် ကိစ္စ အများစုက ဒီအတိုင်းပဲ ဖြစ်သည်။ တကယ်လို့ လူတွေက အဲ့ကိစ္စကို သတင်းမပို့ပါက ရုံးဘက်ကလည်း အဲ့ဒါတွေကို စုံစမ်းလိမ့်မည် မဟုတ်ပါ။ ဒီကိစ္စတွေက ယောက်ျားနှင့် မိန်းမအကြားက ကိစ္စဆိုရင်တောင် ပိုမှန်သည်။ အဲ့ကိစ္စကို စစ်ဆေးဖို့ ပဏာမထားပါက သူတို့မှာ ပြဿနာတစ်ခုခု ရှိနေရင်တောင် ဘာများ လုပ်နိုင်မှာလဲ။
မုဆိုးမယွီကို ခေါ်သွားပြီး တံခါးပိတ်ထားလိုက်။ သူမက ကိုယ်ဝန်ကြီးနဲ့။
ထျန်းတကျူးအတွက်ကတော့ သူ့မိသားစုက အရမ်းကို ဆင်းရဲပြီး သူနဲ့ညှိမယ်ဆိုရင်တောင် ဘာအကျိုးမှ ရမည် မဟုတ်ပါ။
ထို့ကြောင့် ဒီကိစ္စကို ဘယ်သူကမှ အာရုံမစိုက်ခဲ့ပါ။ ထို့အပြင် တပ်မဟာက စုစုစည်းစည်း ရှိနေသည့်အတွက် ဒီယောက်ျားနှင့် မိန်းမရဲ့ ကိစ္စကို ထောက်ပြဖို့က ခက်ခဲနေလိမ့်မည် ဖြစ်သည်။ ဒီတစ်ခေါက် သူတို့က အဲ့လို လုပ်မယ်ဆိုရင် နောက်ပိုင်း ဒီလို မကောင်းတဲ့ ကိစ္စတွေက သေချာပေါက် ထပ်ပြီး ဖြစ်လာလိမ့်မည် ဖြစ်သည်။
ကျေးလက်ဒေသတွင် ဒီလို ကြည်နူးဖို့ကောင်းတဲ့ သတင်းတွေက ပြတ်သွားတယ်လို့ မရှိပါ။ ထို့ကြောင့် စုံစမ်းမှုတွေက အဆုံးသတ်မရှိပါ။ ထျန်းတကျူးကလည်း အရှေ့ထွက်မလာခဲ့ဘူး မဟုတ်လား။
သို့သော် ချမ့်ကျွီဟွာသာ ပြဿနာတစ်ခုခု ရှာခဲ့ပါက မတူညီတဲ့ ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။
အဲ့ဒါအပြင် တစ်ယောက်ယောက်က စောဒက တက်ခဲ့ရင် မင်းက စုံစမ်းစစ်ဆေးရုံတင်မကဘူး၊ အဖြေလည်း ပေးရတော့မှာ။ မဟုတ်ရင် တစ်ယောက်ယောက်က ဒေါသထွက်ပြီး အသိတရားမရှိဘဲ အထက်လူကြီးကို ဒီကိစ္စ လက်လွှဲပေးလိုက်ရင် ကံမကောင်းတဲ့သူကတော့ အောက်ခြေက အလုပ်ကို သေချာမလုပ်တဲ့ တပ်သားတွေပဲ။
ချမ့်ကျွီဟွာရဲ့ စကားတွေက အရမ်းကို ထိရောက်ပြီး မုဆိုးမယွီရဲ့ မောက်မာမှုတွေက ချက်ချင်းဆိုသလို ခဝါချသွားခဲ့ရသည်။
ထျန်းတကျူးရဲ့ မျက်နှာက ခါးသီးနေခဲ့သည်။ အခြေနေတွေက ဘယ်လိုလုပ် ဒီလိုမျိုး ပြောင်းသွားတာလဲဆိုတာကို သူနားမလည်နိုင်ခဲ့ပါ။
ချမ့်ကျွီဟွာက သူမသမီးရဲ့ နာမည်ကို ပြောင်းချင်တာကို ကြားသည့်အခါ သူ့ရဲ့ ပထမဆုံး တုံ့ပြန်ချက်က ချမ့်ကျွီဟွာကို ဒေါသထွက်နေပြီး သမီးတွေရဲ့နာမည် ပြောင်းသည့် ဒီအခြေအနေကို အသုံးချကာ မုဆိုးမယွီနှင့် လက်မထပ်ဖို့ တွန်းအားပေးလိမ့်မည် ဖြစ်သည်။
သူက ခနလောက် သူ့စိတ်ထဲမှာ မတင်မကျ ဖြစ်နေခဲ့ပြီး ချမ့်ကျွီဟွာရဲ့ လုပ်ရပ်တွေက သူ့အတွက် အရမ်း ခက်ခဲအောင် လုပ်နေတယ်ဟု တွေးနေခဲ့သည်။
သူက ဘယ်လိုလုပ် လက်မထပ်ရမှာလဲ။ မုဆိုးမယွီက သူမရဲ့ ကိုယ်ဝန့်ကြောင့်၊ အဲ့ကိုယ်ဝန်ကလည်း သားပဲ ဖြစ်ရမယ်ဟု ပြောနေခဲ့သည်။
ဒါဟာ သူ အကြာကြီး စောင့်နေခဲ့ရသည့် သားတစ်ယောက် ဖြစ်သည်။
ထျန်းတကျူးက ချမ့်ကျွီဟွာကို ပိုပြီး လက်ခံပြီး သူ့ကို ခက်ခဲအောင် လုပ်တာတွေကို ရပ်ဖို့ နားချခဲ့သည်။
သို့သော် ချမ့်ကျွီဟွာနှင့် မုဆိုးမယွီတို့ စတင် ရန်ဖြစ်သည့်အခါ တစ်ယောက်ယောက်က ထျန်းတကျူးကို လက်နှေးတဲ့သူလို့တောင် မြင်ခဲ့သည့်အတွက် ချမ့်ကျွီဟွာကို လက်မထပ်ဖို့ တွန်းအားမပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့ နှစ်ယောက်ကြားမှာ စည်းတစ်ခုထားဖို့ ကြိုးစားနေခဲ့သည်။
ထျန်းတကျူးက အရမ်းကို စိတ်ညစ်နေခဲ့သည်။ ထိုအချိန် မုဆိုးမယွီနှင့် သူမရဲ့ ယောက္ခမတို့က သမီးအကြီး နှစ်ယောက်ဆီကနေ ရနိုင်မည့် အကျိုးအမြတ်တွေကို ကပ်တိုးလေး ပြောနေဆဲ ဖြစ်သည်။
ထျန်းတကျူးက ကယောက်ဂယပ်တွေ ဖြစ်နေပြီး သူ့စိတ်သူ မချုပ်နိုင်ခဲ့ပါ။
အခုဆိုရင် သူက ဒွိဟဖြစ်ဖို့ မလိုတော့ပါ။ ချမ့်ကျွီဟွာက သူမရဲ့ ရည်မှန်းချက်ကို လိုချင်တာကို သေချာအောင် လုပ်လိုက်သည်။ သူမသာ ရှုံးသွားခဲ့မယ်ဆိုရင် ပြဿနာ တစ်ခုခုကို ရှာလိမ့်မည်။ တိုတိုပြောရရင် သူမက ကလေးရဲ့ နာမည်ကို ပြောင်းချင်ခဲ့သည်။
ထျန်းတကျူးက ခေါင်းကိုငုံ့ပြီး ပြောလိုက်သည်။ “ဂန္ဓမာပန်းလေး၊ ပြဿနာရှာတာ ရပ်လိုက်ပါတော့။ ငါမင်းကို ကတိပေးတာနဲ့တင် မလုံလောက်ဘူးလား။ မင်း ဒီကောင်မလေး သုံးယောက်ကို ခေါ်သွားလို့ ရတယ်။ ငါစိတ်မဝင်စားဘူး။ မင်းလုပ်ချင်တာသာ လုပ်”
မုဆိုးမယွီက တစ်ခြားသူတွေ တွေးထားခဲ့သလိုမျိုး ဒေါသထွက်မနေခဲ့ပါ။ သူမက ထူးထူးခြားခြား ပုခုံးကို တွန့်လိုက်သည်။ သူမက လောင်းကစားတစ်ခု လုပ်နေရုံသာ ဖြစ်သည်။ တကယ်လို့ သူမ နိုင်ပါက သူမမှာ သန်မာတဲ့ သမီးနှစ်ယောက် အိမ်မှာ ရှိပြီး သူတို့က အိမ်အလုပ်တွေလည်း လုပ်နိုင်သလို သူမတို့ ကြီးလာသည့်အခါ လက်ဆောင်တွေလည်း ရနိုင်မည် ဖြစ်သည်။ တကယ်လို့ သူမ ရှုံးသွားပါက ရှုံးတယ်လို့ သတ်မှတ်မည် ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက နာကျင်ရလိမ့်မည် မဟုတ်ပါ။
အဲ့ဒါက ရှက်စရာတစ်ခု ဖြစ်နေရင်တောင် ဒါက ကိစ္စကြီး တစ်ခုတော့ မဟုတ်ပါ။ အကျိုးအမြတ်တွေနှင့် ယှဥ်ကြည့်ပါက လူတွေကို ဆုံးရှုံးရတယ်ဆိုတာက ဘာမှ မဟုတ်ပါ။
ချမ့်ကျွီဟွာက သက်ပြင်းချလိုက်သည်။ အခုလေးတင် သူမက လူတစ်ယောက်နှင့် စကားများထားရတာတောင် ဒေါသမထွက်ခဲ့ပါ။ သို့သော် အခုဆိုရင် ထျန်းတကျူးရဲ့ စကားတွေကြောင့် သူမ အတော်လေး ဒေါသ ထွက်ခဲ့ရသည်။
ဒါကလည်း သူ့သမီးတွေပဲလေ။
ထျန်းတကျူးမှာ သမီးသုံးယောက် ရှိသော်လည်း သူက ကလေးတွေရဲ့ အကြောင်းကို တစ်ခါမှ မမေးခဲ့ဖူးပါ။ သူတို့ ကွဲသွားပြီးနောက်မှာလည်း သူက ကလေးတွေကို တစ်ခါမှ ကြည့်တောင် မကြည့်ခဲ့ဖူးပါ။ အခုဆိုရင် သူက ကလေးတွေရဲ့ နာမည်ကိစ္စအတွက် ရန်ဖြစ်နေခဲ့သည်။ သို့သော် အဲ့ဒါက လောင်းကစားတစ်ခုအနေဖြင့် သူ့ရဲ့ မိန်းမကို လက်မထပ်ချင်သောကြောင့် ဖြစ်သည်။ ထျန်းတကျူးအတွက်ကတော့ ကလေးတွေရဲ့ ကိစ္စကို ဘယ်တော့မှ ဝင်မဆုံးဖြတ်ပါ။
ချမ့်ကျွီဟွာက နှာခေါင်းရှုံ့လိုက်ပြီး သူမရဲ့ သမီးတွေကို နာမည်ပြောင်းဖို့အတွက် ရုံးခွဲထဲသို့ ဝင်သွားခဲ့သည်။
အစပိုင်းမှာ အဆင်ပြေပြေ ရှိသော်လည်း အဆုံးသတ်က စိတ်ပျက်ဖို့ကောင်းသည်။ ရုတ်ချည်းဆိုသလို ဖြစ်သွားခဲ့သည်။ ဘေးနားက လူတွေကို ထားခဲ့ပြီး အကြာကြီး မနေနိုင်ခဲ့ပါ။
အရင်ကဆို တပ်မဟာထဲမှာ ဘယ်သူကမှ မကွာရှင်းခဲ့ပါ။ ထို့ကြောင့် ပုံမှန်ဆိုရင် တပ်မဟာထဲမှာ ဇနီးဟောင်းနှင့် လက်ရှိဇနီးတို့ အချင်းချင်း ရန်ဖြစ်သည့် အခြေအနေမျိုး မရှိခဲ့ပါ။ ဒါကို မြင်ဖို့ လူတိုင်းအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
လူတိုင်း ထွက်သွားခဲ့သည်။ မုဆိုးမယွီရဲ့ သွေးခုန်နှုန်းကို တိုင်းဖို့အတွက် ရှင်းဟွာကိုပြောရင် ဝမ့်ရင်းက တွေးလိုက်သည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ တကယ်လို့ ရှင်းဟွာက ဒီနေရာမှာ ဝမ်းဆွဲသည်အဖြစ် လေ့လာဖို့ သွားတယ်ဆိုပါက ပြန်လာသည့်အခါ ကိုယ်ဝန်သည်တွေကို ကလေးမွေးဖို့ လုပ်ပေးရမည် ဖြစ်သည်။ ထို့ကြောင့် ဒါတွေနှင့် အကျွမ်းတဝင် ရှိနေတာက မကောင်းတဲ့ အကြံတစ်ခုတော့ မဟုတ်ပါ။
မုဆိုးမယွီက မပျော်မရွှင် ဖြစ်နေခဲ့သည်။ “ရတယ်၊ မလိုဘူး။ ငါက ကျန်းမာတယ်။ ဘာလို့ ငါက သွေးခုန်နှုန်း တိုင်းရမှာလဲ။ အဲ့တော့မှ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ။”
ဝမ့်ရင်း - “ဒါက တကယ် ထူးဆန်းတာပဲ။ ရောဂါပိုးက သူ့ဘာသာတော့ ဖြစ်မလာဘူး။ သွေးခုန်နှုန်း တိုင်းရုံနဲ့ ဘာဖြစ်မှာမလို့လဲ။ သွေးခုန်နှုန်း တိုင်းတာကတော့ ပြဿနာတစ်ခု ဖြစ်မှာမဟုတ်ဘူး။ တကယ်လို့ ရှင်က မစစ်ဆေးဘူးဆိုရင် ကျန်းမာလားဆိုတာ ဘယ်လိုလုပ် သိရမှာလဲ။”
မုဆိုးမယွီက အဲ့လိုလုပ်ဖို့ ငြင်းဆန်သည့်အတွက် သူမရဲ့ ယောက္ခမကို လက်ဆွဲကာ မြန်မြန် ထွက်သွားခဲ့သည်။ “ငါ မလုပ်ချင်ဘူး။ နင်က ချမ့်ကျွီဟွာနဲ့ အရမ်းကို ကပ်နေတာ။ သူက ငါ့ကို နာအောင်လုပ်မလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ငါ့နောက် လိုက်မလာနဲ့။ နင် ငါ့ကို ကူညီမှာကို မလိုချင်ဘူး။”
မုဆိုးမယွီနှင့် သူမရဲ့ ယောက္ခမက မြန်မြန် ထွက်သွားကြပြီး လုံးဝကို ကိုယ်ဝန်သည်နှင့် မတူပါ။
ဝမ့်ရင်းက ဝူကွေ့ဟွာထံသို့ သူမရဲ့လက်ကို ဆန့်လိုက်သည်။
ဝူကွေ့ဟွာက တစ်ခုခုကို တွေးနေပုံ ရပြီး ခနကြာပြီးနောက် သူမက ပြောလိုက်သည်။ “ဘယ်သူက ဂရုစိုက်လို့လဲ။ သူကြည့်စေချင်ရင် ကြည့်ပေးလို့ ရတယ်။ အဲ့ဒါက သူ့ကို ကြည့်ပေးဖို့ တောင်းပန်နေတာနဲ့ မတူဘူး။”
သူမက တကယ် အဲ့ဒါကို လုပ်ချင်တာ။ အဲ့ဒါကြောင့် ဝမ့်ရင်းကို လာဖို့အတွက် ပြောလိုက်တာ။ သေချာတာပေါ့။ သူမက ရှင်းဟွာကို သူမဆီကနေ လေ့လာစေချင်လို့လေ။
တစ်ဖက်လူက သဘောမကျရင်လည်း မျက်ကွယ်ပြုလိုက်ရုံပေါ့။
ဝမ့်ရင်းက ချမ့်ကျွီဟွာ ထွက်လာတာကို စောင့်နေခဲ့ပြီး ကလေးနှစ်ယောက်ကို သကြားလုံးတစ်လုံးစီ ပေးခဲ့သည်။ အခုလေးတင် နာမည်ပြောင်းခဲ့ကြသော ချမ့်မိုင်မောင့်နှင့် ချမ့်မိုင်စွေ့တို့အား နောက်ဆုံးမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်နာမည် ရသွားကြတာကို အောင်ပွဲခံဖို့ ဖြစ်သည်။
ချမ့်မိုင်မောင့်က သူမကို ပြုံးပြပြီး ကျေးဇူးတင်ခဲ့ကာ တောင်အနောက်ဘက်သို့ ချမ့်ကျွီဟွာနှင့် ပြန်လိုက်သွားခဲ့သည်။