အခန်း (၁၃၇-၁၃၈)
Vol. 12 Ch. 137-138
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၃၇
နောက်တစ်နေ့မှာတော့ ထျန်းတကျူးက မုဆိုးမယွီကို လက်ထပ်ခဲ့ပြီး မုဆိုးမယွီရဲ့ ယောက္ခမက သူမ ချွေးမဟောင်းဖြစ်သူရဲ့ ကိုယ်ဝန်ကို ကူညီပေးဖို့ ထျန်းတကျူးရဲ့ အိမ်သို့ ပြောင်းလာခဲ့သည်။
အပူချိန် မြင့်တက်လာတာကို အခွင့်ကောင်းယူပြီး ဝမ့်ရင်းက ဆေးဖက်ဝင် အပင်များကို စစ်ဆေးဖို့ တောင်ပေါ်သို့ တက်သွားခဲ့သည်။ ချမ့်ယုက အပင်တွေကို ကောင်းကောင်း ဂရုစိုက်သည့်အတွက် လယ်ကွင်းထဲမှာ ရှိနေသည့် အပင်တွေက ကောင်းမွန်စွာ ကြီးထွားလာခဲ့သည်။
ဝမ့်ရင်းက နောက်ထပ် ဆေးပင်များကို ထပ်ခူးပြီး လုပ်လိုက်ကာ နွေရာသီကို မရောက်ခင် မြို့ကိုသွားဖို့ ပြင်ဆင်ခဲ့သည်။ ပထမ ရည်ရွယ်ချက်ကတော့ ဆေးတွေကို သွားပို့ဖို့ဖြစ်ပြီး နောက်ထပ် ရည်ရွယ်ချက် တစ်ခုကတော့ ဆေးတွေ သွားဝယ်ရန် ဖြစ်သည်။
ဟုတ်တယ်။ ဆေးတွေ သွားဝယ်မလို့။ ဝမ့်ရင်းက သူမကိုယ် သူမအတွက် စန်းဖု ကပ်ခွာတွေ လုပ်ဖို့ စီစဥ်ထားခဲ့သည်။
အရင်တစ်ခေါက် သူမလုပ်ခဲ့သော မျက်နှာကပ်တွေက အရမ်းကို အသုံးဝင်သည်။ ဒီလို ရာသီလာနေချိန်တွင်းမှာ သူမရဲ့ မျက်နှာကို ပိုပြီး ဖြူဖွေးသွားစေသည်။ သူမက မြို့မှာရှိတဲ့ ကောင်မလေးတွေထက် ပိုဖြူနေခဲ့သည်။
ထို့ကြောင့် ဝမ့်ရင်းက သူမကိုယ်သူမအတွက် စန်းဖု ကပ်ခွာတွေကို ပြင်ဆင်ဖို့ ကြိုးစားရန် ဆုံးဖြတ်ခဲ့ပြီး အဲ့လိုအချိန် ရောက်လာတဲ့အခါ သူမရဲ့ မိသားစုကို ပေးမည် ဖြစ်သည်။
ဝမ့်ရင်းက မြို့ထဲသို့ စက်ဘီးစီးသွားခဲ့ပြီး အရင်ဆုံး ဆေးရုံကို သွားခဲ့သည်။ ထို့နောက် ချမ့်တုန်အား အရွက်ခြောက်တွေ ပေးဖို့အတွက် ထုံးစံအတိုင်း စားသောက်ဆိုင်သို့ သွားခဲ့သည်။
ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတာကို ချမ့်တုန်က မြင်သည့်အတွက် ဝမ့်ရင်းကို အနီးအနားရှိ ထောင့်သို့ ဆွဲခေါ်ပြီး ပြောခဲ့သည်။ “မိန်းကလေးရင်း၊ ဒီနွေဦးမှာ မင်းတို့ အဖွဲ့ကရော မိုးသီးကြွေတဲ့ဒဏ်ကို ခံခဲ့ရလား။”
ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ “ဟုတ်တယ်။ ဘေးနားက တပ်မဟာတွေ အများကြီးကလည်း ခံစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်မတို့ တပ်မဟာက သိပ်မဆိုးပါဘူး။ အိမ်တွေက သိပ်ပြီး ဆိုးဆိုးရွားရွား မထိခိုက်သွားဘူး။ ပြီးတော့ အပင်တွေကိုကလည်း ပြန်စိုက်ပြီးပြီ။”
ချမ့်တုန်က မျက်မှောင်ကြုတ်လိုက်သည်။ “ဒီနားက အချို့ တပ်မဟာတွေကတော့ သူတို့ရဲ့ စိုက်ခင်းတွေကို အချိန်မှီ ပြန်မစိုက်ခဲ့ရဘူးလို့ ငါကြားလိုက်လို့။”
ဝမ့်ရင်း - “တကယ်တော့ ရှိမှာပဲလေ။ အဲ့ဒါတွေက အထက်ကို သတင်းပို့ထားတာလို့ ကျွန်မ ကြားထားတာ။ အဲ့အချိန်မှပဲ ပျိုးစေ့တွေကို ဝေတာလေ။ အဲ့ဒါက နည်းနည်း နောက်ကျသွားတယ်။ တစ်ချို့ အဖွဲ့တွေဆို မိုးသီးကြောင့် တော်တော်လေး ထိသွားတယ်တဲ့။ ပြီးတော့ ပြန်ပြင်ရမှာတွေကလည်း တော်တော်ကြီးကို များတယ်။”
ချမ့်တုန်က သူ့ရဲ့လက်ကိုပွတ်ပြီး ဟိုဘက်ကို လှည့်ထွက်သွားခဲ့သည်။ “ဒါက မကောင်းဘူးနော်။ အဲ့ဒါက အလုပ်ဖြစ်မယ်လို့ ငါတော့မထင်ဘူး။ ရှုရွှမ်းကို ဂျုံသိမ်းချိန်ရောက်ရင် ငါ့ဆီ အသီးရွက်ခြောက်တွေနဲ့ ကုန်ခြောက်ပစ္စည်းတွေ ပိုပြီး ပို့ပေးဖို့ ပြောလိုက်။ ပြီးတော့ အဲ့ဒါတွေကို ဂျူလိုင်လမှ မပို့နဲ့လို့။ ဒီနှစ်တော့ ငါအဲ့ဒါကို ထပ်ပြီး မလုပ်ရဲဘူး။”
ဝမ့်ရင်း - “ဘာလို့လဲ။”
ချမ့်တုန်က သက်ပြင်းချလိုက်သည်။ “မင်း အဲ့ဒါကို နားမလည်ပါဘူး။ ဒီလို ကိစ္စမျိုးတွေက အမြဲတမ်း စွန့်စားရတယ်။ ငါတို့ အဲ့ဒါကို တိတ်တခိုးလေး လုပ်တယ်ဆိုပေမယ့် အဲ့ဒါက တစ်ချို့ အဆင်ပြေမှုတွေ ရှိတယ်။ ဒါပေမယ့် ပျက်စီးမှုတစ်ခုခု ရောက်လာတဲ့အခါ ငါတို့တွေ အဲ့ဒါကို လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲ့ဒါကို တွေးကြည့်လိုက် အပျက်အစီးတစ်ခုခု ရှိလာခဲ့ရင် မှောင်ခိုစျေးကွက်မှာရှိတဲ့ စျေးတွေက တက်လာမှာ။ ငါတို့တွေ အဲ့တက်လာတဲ့စျေးတွေကို မလိုက်ခဲ့ရင် သေချာပေါက် ဝယ်သူတွေ များလာလိမ့်မယ်။ ပြီးတော့ မဝယ်နိုင်တဲ့သူတွေက သတင်းပေးလိမ့်မယ်။ ပြီးမှ ငါတို့တွေ အဲ့ဒါကိုရဖို့ သေချာလိမ့်မယ်။ အရင်ဆုံး အဲ့ဒါက မကောင်းတဲ့ဟာတွေ ဖြစ်လာလိမ့်မယ်။ ဒုတိယအနေနဲ့က စျေးတွေ အရမ်းတင်လိုက်ရင် အထက်ပိုင်းမှာရှိတဲ့သူတွေက မင်းကို မစစ်ဆေးဘူး ထင်လို့လား။ တကယ်လို့ အဲ့နေရာမှာ မိန်းမတစ်ယောက် ရှိနေမယ်ဆိုရင် ပထမဆုံး စစ်ဆေးမယ့်နေရာက မှောင်ခိုစျေးကွက်ပဲ။"
ချမ့်တုန်က နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။ “ဘာကိုမှ မပူဖို့ ရှုရွှမ်းကို ပြောလိုက်။ ငါတို့ ဘာအစေ့အဆန်မှ မယူဘူး။ အရွက်ခြောက်တွေနဲ့ ကုန်ခြောက်ပစ္စည်းတွေပဲ။ အများဆုံးကတော့ ဂျုံသိမ်းတဲ့ နွေရာသီ မတိုင်ခင်အထိပဲ။”
ဝမ့်ရင်းက အရေးကြီးတဲ့ ဒီကိစ္စကို နားလည်သွားခဲ့သည်။ သူမက အပေါ်ယံ အကာအကွယ်တွေကို တွေးနိုင်သော်လည်း သူမက ဒီလို အသက်ကြီးတဲ့သူတွေရဲ့ စားစရာအပေါ် အာရုံစိုက်မှာလောက်တော့ မတွေးနိုင်ခဲ့ပါ။ ဆာလောင်မှုကို တွေ့ကြုံခဲ့ရသော လူတွေ ရှိနေခဲ့ပြီး ရိတ်သိမ်းတာက ကောင်းလား၊ မကောင်းလားဆိုသည့် စံနှုန်းတစ်ခုလည်း ရှိသည်။
ဝမ့်ရင်း - “ကောင်းပြီ။ ဒါဆို ဆရာ နောက်မှာ စာတစ်စောင် ရေးပေးလိုက်ပါ။ တစ်ခြားသူတွေကို မပူနဲ့။ ဆရာလိုတာကိုပဲ ရေးပို့ပေးလိုက်။ ဆရာ့အတွက် အဲ့ဒါတွေကို ပြင်ပေးဖို့ ကျွန်မ ရှုရွှမ်းကို ပြောလိုက်မယ်”
ကျေးလက်ဒေသက ရိတ်သိမ်းမှုတွေက အဆင်မပြေရင် မြို့မှာလည်း ဒုက္ခရောက်လိမ့်မည်။ လူတွေက အနည်းဆုံး တစ်လ၊ နှစ်လလောက်တော့ ငတ်ကြရလိမ့်မည်။
ချမ့်တုန်က သူ့ရဲ့ ရင်ဘက်ကိုပွတ်ပြီး ပြောခဲ့သည်။ “မဟုတ်တာ။ ငါက ဒီမှာ ဘာကိုမှ မလိုပါဘူး။ ပြီးတော့ ငါအလျင်မလိုဘူး။ အလယ်လောက်မှာ မလောက်ရင် ငါက ထပ်ပေးဖို့ ပြောလို့ရတယ်။ ဒါနဲ့ မင်းက ဒီကို ရောက်လာတော့ ငါ မင်းကို ဒီဟာပေးမယ်။”
ဝမ့်ရင်းက ယူပြီး ကြည့်လိုက်သည်။ ထို့နောက် ပျော်သွားခဲ့သည်။ ဒါက အပ်ချုပ်စက်ရဲ့ လက်မှတ်ပဲ။
ချမ့်တုန်က တတွတ်တွတ် ပြောနေဆဲ ဖြစ်သည်။ “ဒီတစ်ခေါက်တော့ ပိုက်ဆံမခွဲပေးနိုင်တော့ဘူး။ ဒါက ရဖို့ခက်တယ်။ ဒါက ဝယ်လိုအားများတယ်။ ငါ လူတွေ အများကြီးကို မေးခဲ့တာ။ ဒါလေးတစ်ခုရဖို့ကို စီရင်စု မြို့အထိ သွားခဲ့ရတာ။”
ဝမ့်ရင်းသည် ထိုအပ်ချုပ်စက်က ဘယ်လောက် တန်ဖိုးကြီးလဲ ဆိုတာကို သိနေခဲ့သည်။ ထို့ကြောင့် သူ့ကို ထပ်ခါထပ်ခါ ကျေးဇူးတင်ခဲ့သည်။ သူမ အရင်က အပ်ချုပ်စက်တစ်လုံး ဝယ်ချင်တာကို ပြောပြခဲ့သည်။ သို့သော် သူမမှာ လက်မှတ်မရှိသည့်အတွက် အကြာကြီး စောင့်ခဲ့ရသည်။
သတင်းကောင်းရော၊ သတင်းဆိုးရောကို ကြားပြီးနောက် ဝမ့်ရင်းက စိတ်ထဲတွင် အပ်ချုပ်စက်ကို တွေးရင်း စက်ဘီးစီးလာခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုက အပ်ချုပ်ရတာကို အရမ်း ကြိုက်ပုံရသည်။ ဒီစက်နဲ့ဆို သူမက အိမ်မှာ အဝတ်တွေ ချုပ်တဲ့အခါ အပ်တွေနဲ့ အကြာကြီး အချိန်ကုန်စရာ မလိုတော့ဘူး။ သူမက အိမ်မှာ အိပ်ရာခင်းတွေ၊ စောင်တွေကိုတောင် လုပ်လို့ရသည်။
အခုဆိုရင် အရာရာက အဆင်ပြေသွားပြီ။ အိမ်မှာဆို အိပ်ရာခင်း တစ်ခုပဲရှိတော့ သူမမှာ လဲတောင် မလဲရဲပေ။ ရာသီဥတု ကောင်းမှပဲ အဲ့ဒါကို လျှော်ဖြစ်တာပင်။ နေရောင်အောက်မှာ တစ်ရက်လောက် လှမ်းပြီး ညဘက်ရောက်မှ ပြန်သိမ်းရသည်။
ဝမ့်ရင်းက စက်ဘီးနင်းကာ အိမ်ပြန်ရင်း ထိုအကြောင်းကို တွေးနေခဲ့သည်။
ဝမ့်ရင်းက လမ်းလျှောက်နေရင်း ရင်းနှီးသော အရိပ်တစ်ခုကို သူမရဲ့ မျက်လုံးထောင်ကနေ ဖျက်ခနဲ မြင်လိုက်ရသည်။
ဝမ့်ရင်းက စက်ဘီးကို ဘရိတ်အုပ်လိုက်ပြီး လမ်းကြားထဲမှ ထပ်ထွက်လာသော လူအနောက်ကို စက်ဘီးတွန်းရင်း လိုက်သွားခဲ့သည်။
လူနှစ်ယောက်က စက်ဘီးကို ရှေ့တစ်ယောက်၊ နောက်တစ်ယောက် စီးနေတာကို တွေ့ခဲ့ရပြီး သူတို့က သာမန်အတွဲနဲ့လည်း ဘာမှ မကွာခြားပါ။ သူတို့ရဲ့ ကျောပိုးအိတ်ထဲတွင် ပစ္စည်းများစွာ ထည့်ထားပုံရပြီး အဲ့ဒါက စက်ဘီးကို တစ်ဖက်ယိုင်နေစေခဲ့သည်။
ဝမ့်ရင်းက မလိုက်သွားခဲ့သော်လည်း စိတ်ရှုပ်နေဆဲ ဖြစ်သည်။
ဝမ့်လင်းလင်းက ကောင်စီမြို့ထဲမှာ ဘာလုပ်နေတာလဲ။ အဲ့လူကရော ဘယ်သူလဲ။
ဘေးပတ်လည်မှာ ဘယ်သူမှမရှိတာကို မြင်သည့်အခါ ဝမ့်လင်းလင်းက မှောင်ခိုစျေးကွက်ရှိရာ လမ်းကြားသို့ မြန်မြန် ဝင်သွားခဲ့သည်။ သူမ မဝင်ခင်မှာ အသက်ကို ဝအောင် ရှူလိုက်သည်။ သူမ ဒီလို လုပ်ခဲ့သည်မှာ အခြား အကြောင်းကြောင့် မဟုတ်ဘဲ မနှစ်တုန်းက သူမ ဖမ်းခံခဲ့ရခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် သူမရဲ့ နှလုံးက ထိုလမ်းကြားနှင့် နီးလာသည်နှင့်အမျှ ပိုပြီး ရင်ခုန်လာခဲ့သည်။
သူမသည် ကောက်ရိုးဦးထုပ်ကို ဆောင်းရင်း ခြင်းတောင်းကြီး တစ်တောင်းကို သယ်ကာ လမ်းဘေးတွင် ရပ်နေသော လူတစ်ယောက်ကို မြင်သည့်အခါ အသံတိုးတိုးလေးနှင့် မေးလိုက်သည်။ “ရှင် ရောင်းနေတာတွေက ဘယ်လောက်လဲ။”
ထိုလူက သူ့ရဲ့ဦးထုပ်ကို အောက်သို့ ပို့ချလိုက်ကာ ပြန်ပြီး တီးတိုးပြောခဲ့သည်။ “ပြောင်းမှုန့်က ၁.၂ ပြား၊ အဖြူရောင် ဂျုံမှုန့်က ၁.၈ ပြား။”
ဝမ့်လင်းလင်းက သူမရဲ့အသံကို မထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ “အဲဲဒါတွေက ဘာလို့ ဒီလောက်ထိ စျေးကြီးနေရတာလဲ။”
အခုလေးတင် သူမက ထိုလမ်းထဲရှိ လူတစ်ယောက်ထံမှ ပြောင်းဆန်ကို ဝယ်လာခဲ့တာတောင် ၁.၁ပြားပဲ ရှိသည်။
ဦးထုပ်နှင့် လူကြီးက လုပ်ကိုင်နေကြသူဖြစ်ပြီး သူမကို စျေးညှိဖို့အတွက် အခွင့်အရေးတစ်ခုတောင် မပေးခဲ့ပါ။ “ဝယ်တာ၊ မဝယ်တာကတော့ မင်းသဘောပဲ။”
ဒါက ဒုတတိယအကြိမ် ကောက်ရိန်သိမ်းတဲ့ ရာသီလေ။ ပြီးတော့ ဒီနှစ်မှာ အထွက်နှုန်း မကောင်းဘူး ဆိုတာကို ဉာဏ်ကောင်းတဲ့ လူတိုင်းက သေချာပေါက် သတိထားမိနေပြီ။ အရင်လတုန်းက မြို့ထဲမှာရှိတဲ့ စျေးကတောင် ၉ပြားပဲ။ အခုက ဘယ်လိုဖြစ်လို့ ဒီလောက် တက်သွားရတာလဲ။ မင်း အခုချိန် မဝယ်ရင် နောက်ပိုင်း စျေးတွေက ပိုတက်သွားလိမ့်မယ်။
ဝမ့်လင်းလင်းရဲ့ အိတ်ကပ်ထဲတွင် ပိုက်ဆံ အနည်းငယ် ရှိသည်။ အကြာကြီး တွေဝေနေပြီး နောက်ဆုံးမှာတော့ အံကိုကြိတ်ပြီး တစ်တောင်းလုံးကို ဝယ်လိုက်သည်။ “ကျွန်မ ပြောင်းဆန်တွေ အကုန်ယူမယ်။ ပြီးတော့ ဂျုံ တစ်ဆယ်ကီလိုဂရမ်လည်း လိုချင်တယ်။”
ဦးထုပ်နဲ့လူက အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက ကုန်သွယ်ဖို့ မြို့ကို မကြာခန လာလေ့ရှိသည့်အတွက် ဘယ်လို လူတွေက မှောင်ခိုစျေးကွက်ကို လာပြီး စားစရာတွေ ဝယ်လဲဆိုတာ သူက မြင်တွေ့နေကြ ဖြစ်သည်။
သူတို့အားလုံးက အရမ်း စျေးဆစ်ကြသည်။ ထို့အပြင် တစ်ကီလိုဂရမ်၊ နှစ်ကီလိုဂရမ်လောက်သာ ဝယ်သော လူတွေက ရက်ရောကြသည်။ တကယ်လို့ အဲ့ထက်ပိုပြီး ဝယ်ချင်တဲ့သူ တစ်ယောက်ယောက်နဲ့ တွေ့ခဲ့မယ်ဆိုရင် မင်းတို့က စျေးညှိရလိမ့်မည်။ ပြီးတော့ မင်းက အမြဲ တစ်ဆယ်ကီလိုဂရမ်အတွက် ပြားအနည်းငယ်တော့ ပေးရလိမ့်မည်။
ထို့ကြောင့် သူက ဝမ့်လင်းလင်း မေးတဲ့အခါတုန်းက စျေးကို တင်ထားခဲ့ပြီး ပြားအနည်းငယ် မဆစ်ခင်အထိ ဝမ့်လင်းလင်း လက်ခံလာတာကို စောင့်နေခဲ့သည်။
တစ်ဖက်လူက ချက်ချင်းကြီး လက်ခံလိုက်တာလား။
ဝမ့်လင်းလင်းသည် ဦးထုပ်နှင့်လူက သူ့ရဲ့ စကားတွေ ပြန်ရုတ်သိမ်းသွားမှာ စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမက ခြင်းတောင်းကို လက်ညှိုးထားပြီး ပြောခဲ့သည်။ “အဲ့ ခြင်းတောင်းနဲ့ အစေ့အဆန်တွေအတွက် ကျွန်မကို စျေးလေး ညှိပေးပါ။”
သူမယူလာခဲ့တဲ့ ခြင်းတောင်းနှစ်တောင်းက ပြည့်လုနီးပါး ရှိနေခဲ့ပြီ ဖြစ်သည့်အတွက် သူမက ပစ္စည်းတွေ ဝယ်ဖို့အတွက် သေချာပေါက် ခြင်းတောင်းကို ယူရမည် ဖြစ်သည်။ ထို့အပြင် ခြင်းတောင်း တစ်လုံးက ဆယ်ပြားထက်တော့ မပိုပါ။ ထို့အပြင် သူမက အဓိက ပစ္စည်းတွေကို ဝယ်သွားပြီးပြီ ဖြစ်သည့်အတွက် ဒီလောက် ပမာဏ နည်းနည်းလေးကို ဘာလို့ ခြွေတာနေရမှာလဲ။
အများကြီးကို ခြွေတာပြီး နောက်ဆုံး ဒီလောက် ဆုံးရှုံးမှု နည်းနည်းလေးကို ဘာလို့ ထည့်တွက်မှာလဲ။
ဦးထုပ်နှင့်လူက ခနလောက် မှင်သက်သွားခဲ့သည်။
ဒီလိုအရာမျိုးကို မြင်ရတာဟာ သူ့အတွက် ပထမဆုံး အကြိမ်သာ ဖြစ်သည်။ ဒီလုပ်ရပ်က ရဲပုံရသော်လည်း တကယ်တမ်းမှာတော့ အနည်းငယ် ရိုးနေခဲ့သည်။
မင်းက စျေးပြောနေတုန်းပဲ ရှိသေးတာလေ။ ဒါပေမယ့် မင်းက အဲ့ဒါ ဘယ်လောက်လဲဆိုတာတောင် မမေးဘဲနဲ့ သူများ ပြောတဲ့အတိုင်း ပေးလိုက်တာပဲလား။
ဦးထုပ်နှင့်လူက တစ်စက္ကန့်တောင် မတွေးဘဲ ကီလိုများစွာကို အလေးခိုးပြီး ချိန်ပေးလိုက်သည်။ ဝမ့်လင်းလင်းက ဂရုမစိုက်ခဲ့ပါ။ သူမက ပိုက်ဆံကို ထုတ်ပြီး လက်ခါပြပြီး ခြင်းတောင်းကို အနောက်မှာ ထားကာ ထွက်သွားဖို့ ပြောလိုက်သည်။
ဦထုပ်နဲ့လူက ပိုက်ဆံကိုယူပြီး လမ်းကြားထဲကနေ အလျင်အမြန်ပဲ ပျောက်သွားခဲ့သည်။
ဝမ့်လင်းလင်းက စားစရာတွေကို သေချာ မတွေးဘဲ ဝယ်နေတာကို သူမရဲ့ ဘေးနားမှာ ရပ်နေသော လီကျင်းက မြင်နေခဲ့သည်။
သူဟာ ဝမ့်လင်းလင်းရဲ့ ခဲအို၊ ဝမ့်ပင်းပင်း၏ ခင်ပွန်းဖြစ်သူ လီကျင်းဖြစ်သည်။
လီကျင်းက တစ်ခုခုကို ပြောချင်ခဲ့သော်လည်း ဘာကိုမှ မပြောခင် အကြာကြီး တုံ့ဆိုင်းနေခဲ့သည်။ သူက ဝမ့်လင်းလင်း ဝယ်လာသည့် စားစရာတွေကို ယူသွားပြီး စက်ဘီးရဲ့ နောက်ခုံမှာ တင်ကာ တွန်းသွားခဲ့သည်။ ဘယ်၊ ညာ တစ်ဖက်စီမှာလည်း ခြင်းတောင်း နှစ်လုံးကို ချိတ်ထားပြီး သူ့ရဲ့ ကျောပေါ်မှာ နောက်ထပ် ခြင်းတောင်းတစ်လုံးကို သယ်ထားခဲ့သည်။
ဝမ့်လင်းလင်းက ပြီးခါနီးဖြစ်တာကို မြင်သည့်အတွက် သူမက စိတ်ကျေနပ်စွာ လက်ခုပ်တီးပြီး ပြောခဲ့သည်။ “အရင်ဆုံး ပြန်ကြရအောင်။ မနက်ဖြန်မှ ပြန်လာမယ်”
လီကျင်းက ရိုးသားနေသည့်အတွက် အနည်းငယ် စိတ်ပူနေခဲ့သည်။ “လင်းလင်း၊ ဒါက အရမ်း များမနေဘူးလား။ ဒီရက်ပိုင်း ငါတို့ဝယ်နေတာ တစ်ရာ ကီလိုဂရမ်လောက် ရှိနေပြီ။ ငါတို့ အခန်းမှာလည်း ပြည့်နေပြီ။ ငါတို့တွေ ဒီထပ် ပိုထည့်လို့လည်း မရတော့ဘူး။”
ဝမ့်လင်းလင်းက သူမ ခဲအိုရဲ့ သူရဲဘောကြောင်မှုကို အထင်သေးစွာ ကြည့်လိုက်သည်။ အထူးသဖြင့် သူမရဲ့ အတိတ်ဘဝမှာ ဒီလူက ဆယ်စုနှစ်များစွာ သူရဲဘောကြောင့်သည့် ဘဝမျိုးဖြင့် နေခဲ့ပြီး သူမရဲ့ အစ်မဖြစ်သူ ဝမ့်ပင်းပင်းနှင့်လည်း ကလေးမရှိခဲ့ပါ။ နောက်ပိုင်းတွင် သူက တီဘီရောဂါဖြင့် ဆုံးသွားပြီး ဝမ့်ပင်းပင်းက နောက်အိမ်ထောင် ပြုခဲ့သည်။
နောက်အိမ်ထောင်ပြုပြီး နောက်ထပ်နှစ်လမှာတော့ ဝမ့်လင်းလင်းက တူရင်းကို ယူပြီး လီပင်းနှင့် သူမရဲ့ ယောက္ခမဟောင်းဖြစ်သူ အမျိုးသမီးကြီး မစ္စလီတို့ရဲ့ အုတ်ဂူကို တူးဖို့အတွက် သွားခဲ့သည်။
အဲ့ဒါက ဘာအတွက်လဲ။
ဝမ့်လင်းလင်း နောက်ပိုင်းမှ သိခဲ့ရသည်မှာ တကယ်တမ်း လီကျင်းကသာ မြုံနေခဲ့ခြင်း ဖြစ်သည်။
ဝမ့်ပင်းပင်း လက်မထပ်ခင် သူမက အပျိုလေး ဖြစ်သည့်အတွက် အဲ့ဒါကို ပြောဖို့က မလွယ်ပါ။ လက်ထပ်ပြီးနောက်မှာတော့ လိင်ဆက်ယှက်တယ်ဆိုတာ အိပ်ရာတစ်ခုတည်း အိပ်နေတယ်ဆိုသည့် အတွေးဖြင့် အရူးလုပ်ခံခဲ့ရသည်။ ကလေးမရတာဟာ သူမရဲ့အမှား မဟုတ်ပါ။
သူမဘဝရဲ့ အချိန်အများစုမှာ အမျိုးသမီးကြီး မစ္စလီ လုပ်ထားသော လက်ထပ်စာချုပ် အတုဖြင့် အရူး လုပ်ခံခဲ့ရပြီး သူမက မြုံနေတာဟု တကယ် တွေးထင်နေခဲ့သည်။
နောက်အိမ်ထောင်ပြုပြီးတော့မှ ဒီကိစ္စတွေ တကယ် မဟုတ်ဘူးဆိုတာ သူမ သိခဲ့ရတာပင်။
လီကျင်းက သူပုံမှန်မဟုတ်ဘူးဆိုတာ အမြဲလိုလို သိနေခဲ့ပြီး အမျိုးသမီးကြီး မစ္စလီကလည်း အဲ့ဒါကို ကောင်းကောင်း သိခဲ့သည်။
ထို့ကြောင် သူတို့သားအမိနှစ်ယောက်က ဝမ့်ပင်းပင်းကို ချွေးမအဖြစ် ရွေးချယ်ခဲ့သည်။ အကြောင်းမှာ သူတို့က လီကျင်းအတွက် မိန်းမတစ်ယောက် ရှာပေးနိုင်ပြီး သို့မှသာ သူတို့က ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ ကောင်းကောင်း နေနိုင်လိမ့်မည် ဖြစ်သည်။
ဝမ့်လင်းလင်းက လီကျင်းကို အထင်သေးသည်။ သူမရဲ့ မျက်လုံးထဲတွင် လီကျင်းက မြုံနေတဲ့သူ တစ်ယောက်နှင့် ဘာမှ မကွာပါ။
ဒါကို ယောက်ျားတစ်ယောက်လို့ ခေါ်လို့ရတာလား။
သို့သော် သူမက ဝမ့်ပင်းပင်းကို အမှန်တိုင်း မပြောခဲ့ပါ။ ထို့အပြင် အခုဆိုရင် သူမက စားစရာတွေ ရဖို့အတွက် လီမိသားစုနှင့် ပတ်သက်နေရပြီ ဖြစ်သည်။ သူမက တွေးထားသလို ချမ့်ရှုဖန်းရဲ့ ရွှေလက်စွပ်ကို မရခဲ့ပါ။ ထို့ကြောင့် သူမက လီမိသားစုနှင့် အတူတူရှိဖို့ကို ခွင့်ပြုခဲ့ရသည်။ လီမိသားစုနှင့် လမ်းခွဲဖို့ကလည်း မလွယ်ပါ။
ဝမ့်လင်းလင်းနှင့် အမျိုးသမီးကြီးလီတို့က အစေ့အဆန်တွေ ရောင်းတဲ့အခါ နောက်ဆုံးစျေးကို ၇၀/၃၀နှင့် လီမိသားစုက ၇၀ ရာခိုင်နှုန်းကိုယူပြီး ဝမ့်လင်းလင်းက ၃၀ ရာခိုင်နှန်း ယူဖို့အတွက် သဘောတူခဲ့သည်။ အကြောင်းမှာ ဝမ့်လင်းလင်းက ကျေးရွာမှာ အိမ်ထောင်စုစာရင်း ရှိနေခဲ့ပြီး နောက်ပိုင်း သူမက အဲ့ဒါတွေကို ရောင်းရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူမက လီမိသားစုကို ဝင်ပါခွင့် မပေးခဲ့ပါ။ အဲ့လိုမှ မဟုတ်ရင် လီမိသားစုမှာ အလုပ်သမားများစွာ ရှိသည်။ အစေ့အဆန်တွေ ရောင်းရုံဖြင့် သူတို့ရဲ့ အလုပ်ကို ဆုံးရှုံးရင် တန်မည် မဟုတ်ပါ။
သို့သော် ဝမ့်လင်းလင်းက နှုတ်ဖြင့်သာ သဘောတူခဲ့သည်။ သို့သော် သူမရဲ့ စိတ်ထဲမှာတော့ မပျော်ခဲ့ပါ။
သူမက ဟိုဟိုဒီဒီ ပြေးနေခဲ့ရပြီး အများဆုံး ခံစားခဲ့ရကာ လီမိသားစုကလည်း ၇ဝ ရာခိုင်နှုန်းကို ယူဖို့အတွက် ယာယီ ကူညီပေးဖို့ လူတစ်ယောက်ကို ပို့ပေးခဲ့သည်။
ဒီအတွေးက ကောင်းသားပဲ။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၃၈
လီကျင်းက မြုံနေတယ်ဆိုတာ ဝမ့်ပင်းပင်းကို မပြောသင့်ဘူးဟု ဝမ့်လင်းလင်းက တွေးလိုက်မိသည်။ ထို့ကြောင့် သူမက အဲ့ဒါကို အသုံးချပြီး အမျိုးသမီးကြီး မစ္စလီကို ထိန်းချုပ်ဖို့ စီစဥ်ခဲ့သည်။
ထိုအချိန်မှ တစ်ဝက်စီ ခွဲလိုက်မည် ဖြစ်သည်။ တကယ်လို့ တစ်ဖက်လူက သဘောမတူပါက လီကျင်းရဲ့ အကြောင်းကို တစ်ခြားသူတွေထံ သွားပြောမည် ဖြစ်သည်။
လီမိသားစုက မြို့မှာ အလုပ်ရှိ၊ ဂုဏ်သရေရှိ မိသားစုလည်း ဖြစ်သည်။ တကယ်လို့ ထိုသတင်းတွေ ပေါက်ကြားသွားပါက လီမိသားစုရဲ့ ယောက်ျားတွေကို ဘယ်သူကများ လေးစားတော့မှာလဲ။
ဝမ့်လင်းလင်းက သေချာ တွေးပြီးနောက် အားအင်အပြည့် ဖြစ်သွားခဲ့သည်။
သူမက ပြောင်းမှုန့်ကို ၁.၂ပြားနှင့် ဝယ်ခဲ့သော်လည်း ပစ္စည်းပြတ်သည့် အချိန်မှ ထပ်ပြီး သွားမယ်ဆိုရင် သူမက အနည်းဆုံး ၂.၄ပြားနှင့် ဝယ်ရလိမ့်မည် ဖြစ်သည်။
သူမရဲ့ အရင်ဘဝမှာတုန်းက စားစရာ၊ သောက်စရာ ပြတ်သွားခြင်းမျိုး မရှိသော်လည်း ရှုရွှမ်းက သူ့ရဲ့ ဆရာကို စားစရာတွေ သွားပို့ဖို့ မြို့ကို သွားလေ့ရှိသည်။ ထိုလူကြီးက စားစရာတွေကို အထူးတလည် စုထားတာမျိုး မရှိဘဲ စားစရာ ပြတ်လပ်တာက အချိန် ခနလောက်သာ ကြာမည်ဟု တွေးနေခဲ့သည်။ သို့သော် သူက ဒုက္ခရောက်ခဲ့ရသည်။ ရှုရွှမ်းက စားစရာတွေ သွားပို့သည့်အခါ သူမက မြို့ထဲသို့ သူနှင့်အတူ လိုက်သွားခဲ့ပြီး ကောင်စီမြို့မှာရှိတဲ့ ပြောင်းမှုန့်တွေက ပြားနှစ်ဆယ်ကျော်ဖြင့် ရောင်းပြီး အချို့ဆို ပြားသုံးဆယ်ကျော်ဖြင့် ရောင်းတာကို မတော်တဆ တွေ့ခဲ့ရသည်။
သူမက အရမ်းကို စိတ်လှုပ်ရှားသွားခဲ့ပြီး အိမ်မှာရှိတဲ့ အစေ့အဆန်များကို ရောင်းဖို့အတွက် ရှုရွှမ်းအား စည်းရုံးဖို့ ကြိုးစားခဲ့သည်။ သို့သော် ရှုရွှမ်းက သူမကို လျစ်လျူရှုခဲ့ပြီး ရောင်းမယ်ဆိုရင် အပြစ်ဒဏ် ခံရမည်ဟုသာ ပြောခဲ့သည်။
'အပြစ်ဟုတ်လား။' ဝမ့်ပင်းပင်းက ဆူပုပ်ကာ ပြောခဲ့သည်။ 'အဖြစ်မရှိတဲ့ အပြစ်ဒဏ်တွေ။'
ဒီလောက်များတဲ့ ငွေတွေကို မရှာဘဲ ထားတာက တကယ်ကို မှားတာပဲ။
ဒီတစ်ခါမှာတော့ သူမက ယွမ်လေးဆယ်ကို သုံးခဲ့ပြီး လီမိသားစုက သူတို့ရဲ့ စုထားတာတွေကို ထုတ်ပြီး ယွမ်တစ်ရာကျော် သုံးခဲ့သည်။
ထိုအစေ့အဆန် ပမာဏက ပြောင်းဆန် အမျိုးမျိုး ကီလိုတစ်ထောင်ကျော်လောက် ဝယ်နိုင်သည်။ ဒါက အရမ်းကြီး မများသော်လည်း အဲ့ဒါကို သုံးကြိမ်၊ လေးကြိမ်လောက် ပြန်ရောင်းနိုင်သည်။
အဲ့ဒါက ဘယ်လိုလုပ် လူတွေကို စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။
ရာသီဥတုက ပူနေခဲ့သော်လည်း ဝမ့်လင်းလင်းရဲ့ ရင်ထဲမှာ ပိုပြီးတော့တောင် ပူနေခဲ့သည်။
သူမက လီကျင်းရဲ့ ပူပန်မှုနဲ့ အကြောက်တရားတွေကို ကြားသည့်အခါ စိတ်ဝင်စားမှု မရှိတော့ပါ။
“ ခဲအို။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ယောက်ျား တစ်ယောက်ပါ။ ရှင့်မှာ ဘယ်လိုဖြစ်လို့ ဒီလို ခွန်အားမျိုး မရှိရတာလဲ။ ရှင်က အရမ်းကို တုံ့ဆိုင်းနေတာပဲ။ ပြီးတော့ ရှင်က ပိုက်ဆံတွေ အများကြီး လိုချင်နေတုန်းလား။”
ဝမ့်လင်းလင်းက မရှက်မကြောက်ဘဲ ပြောလိုက်ကာ အဲ့ဒါတွေက သူမရဲ့ စကားတွေဆိုတာတောင် မသိခဲ့ပါ။ “ဘယ်လိုပဲဖြစ်ဖြစ်၊ ရှင်က ယောက်ျား တစ်ယောက်ပဲလေ” အဲ့စကားတွေက လီကျင်းရဲ့ နားထဲမှာ တကယ်ကို ထိခိုက်စေခဲ့သည်။
လီကျင်းက စိတ်မသက်သာစွာ လှည့်လိုက်သည်။ “ဒါပေမယ့် ဒါက အရမ်းများနေပြီလေ။”
ဝမ့်လင်းလင်းက ရက်တော်တော်ကြာအောင် မြို့ကို ဆက်တိုက်လာခဲ့ပြီး သူမ ဝယ်ခဲ့သည့် ပစ္စည်း ပမာဏကလည်း လန့်ဖို့တောင် ကောင်းသည်။
ဝမ့်လင်းလင်း - “အာ၊ ခဲအိုရယ်။ ကျွန်မ ရှင့်ကို ပိုက်ဆံသုံးဖို့ မပြောခဲ့ပါဘူး။ ရှင်က အရမ်းကို ကပ်စေးနဲတာပဲ။ ရှင့်အမေကို ကြည့်လိုက်ဦး။ သူက သူ့ရဲ့ အသက်အရွယ်မှာတောင် စွန့်စားရဲတုန်းပဲ။”
တကယ်တမ်းမှာတော့ ဝမ့်လင်းလင်းက အမျိုးသမီးကြီး မစ္စလီအတွက် ငွေရှင်းပေးလိုက်ရုံသာ ဖြစ်သည်။ အမျိုးသမီးကြီး မစ္စလီက မကြာခင်မှာပဲ ဘာတွေဖြစ်နေလဲဆိုတာ သတိထားမိခဲ့သည်။
ယွမ်တစ်ရာကျော် ရင်းနှီးလိုက်ရုံနဲ့ ရှင်က ချက်ချင်းပဲ ယွမ်သုံးရာကျော် ရနိုင်တယ်။ သေချာတာကတော့ မစ္စလီက ဒီလိုကောင်းတဲ့ အရာမျိုးတွေကို လုပ်ဖို့ အရမ်း ဆန္ဒရှိနေတာ။
တစ်ဖက်ကကြည့်ရင် လီမိသားစုထဲက တစ်ခြား မိသားစုဝင်တွေက မသေမချာ ဖြစ်နေခဲ့ပြီး အဲ့ဒါကို မလုပ်ရဲခဲ့ပါ။
သို့သော် ဒီတစ်ခေါက်မှာတော့ ဝမ့်ပင်းပင်းက အဓိက နေရာကနေ ပါဝင်ခဲ့သည်။ သူမက ကလေးမရှိလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဝမ့်ပင်းပင်းက သူမ ယောက်ျားရဲ့ မိသားစုထဲမှာ နေရာတစ်ခုရဖို့အတွက် စိတ်အားထက်သန်နေခဲ့သည်။
ဝမ့်လင်းလင်းရဲ့ စကားတွေရောင်းဖို့ အကြံက ဝမ့်ပင်းပင်းအတွက် အခွင့်ရေးကြီးတစ်ခု ဖြစ်သွားခဲ့သည်။
စဥ်းစားကြည့်လိုက်။ တကယ်လို့ ဝမ့်လင်းလင်းက တစ်ခါတည်းနဲ့ လီမိသားစုကို ပိုက်ဆံတွေ အများကြီး ရအောင် ကူညီပေးလိုက်မယ်ဆိုရင် အနည်းဆုံးတော့ သူမက ယောင်းမတွေရဲ့အရှေ့မှာ ဦးမော့နိုင်လိမ့်မည်။
အဲ့တော့ သူမမှာ သားမရှိတော့ရော ဘာဖြစ်လဲ။ သူမရဲ့ ညီမက လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပဲ။
သူမရဲ့ မိဘတွေမှာ တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် လင်းလင်းရဲ့ ဘေးကနေပြီးတော့ သူမကိုယ်သူမ ဂုဏ်ယူနိုင်နေလိမ့်မည်။
ပြောရရင် ဝမ့်ပင်းပင်းက တစ်ခုခုပဲ။ ဝမ့်ယုံရွှင်းနဲ့ လီချွမ်းကျင်တို့ ပြဿနာဖြစ်တဲ့အခါဆို သူမက မိဘတွေရဲ့အိမ်ကို ပြန်တောင် မပြန်ရဲခဲ့ပေ။ ဝမ့်ယောင်ကျုံးနဲ့ ဝမ့်ယုံရွှင်းတို့က ထောင်ကျသွားပြီး အလုပ်သမားရေးရာကို ပို့ခံလိုက်ရတော့ သူတို့ကို ပတ်လည်း မပတ်သက်ခဲ့သလို အိတ်တစ်လုံးသာ ပြင်ပေးထားခဲ့သည်။
ဝမ့်မိသားစုရဲ့ အတွင်းရေးကို သိတဲ့သူတွေက သူတို့ရဲ့ သမီးနှစ်ယောက်က သွေးအေးတယ်လို့ ပြောကြသည်။
ဘာတွေပဲဖြစ်ဖြစ်၊ ဝမ့်ယုံရွှင်းက သူမတို့ရဲ့ အဖေအရင်းပဲလေ။ ဒီနှစ်တွေမှာ သူက သမီးတွေကို ခက်ခက်ထန်ထန် မဆက်ဆံခဲ့ပါ။ သူတို့ ပြဿနာ ဖြစ်တဲ့အချိန်မှာ သူတို့တွေ ပေါ်မလာဘူးဆိုတာက ရင်နာဖို့ ကောင်းသည်။
ဝမ့်ပင်းပင်းက ပြေးလွှားပြီး လာခဲ့ကာ သူမနှင့် အဲ့လူက ဝမ့်လင်းလင်းကို ကူညီပြီး အစေ့အဆန်တွေ စုဖို့ အကြံပေးခဲ့သည်။ သူမရဲ့ အပြုအမူတွေက အရမ်းကို အကောင်းမြင်ဖို့ ကောင်းနေခဲ့သည်။ ထို့ကြောင့် နောက်ဆုံးမှာတော့ လီမိသားစုက သဘောတူသွားခဲ့ကြသည်။
ဒီအခွင့်အရေးကို အသုံးချပြီး အကျိုးအမြတ်တွေ ယူဖို့ ပြင်လိုက်ကြသည်။
ဝမ့်လင်းလင်း ပြောတာကို ကြားပြီးနောက် လီကျင်းက စကားစ ရပ်လိုက်သည်။
လူနှစ်ယောက်က လှည်းကို တွန်းသွားခဲ့ကြပြီး သူတို့ သွားပြီး သိပ်မကြာခင်မှာဘဲ ကင်းလှည့်အဖွဲ့နှင့် တွေ့ခဲ့သည်။ အဲ့ဒါကြောင့် ဝမ့်လင်းလင်းက လန့်သွားခဲ့သည်။ သူတို့နှစ်ယောက်က အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပြီး လမ်းမကြီးကို မရောက်ခင် ဟိုကွေ့၊ ဒီပတ်နှင့် အကြာကြီး သွားနေခဲ့သည်။
အပြန်လမ်းမှာတော့ သူတို့က လမ်းလျှောက် ပြန်ခဲ့ရသည်။ အကြောင်းမှာ ဝမ့်လင်းလင်း ပစ္စည်းတွေ အများကြီး ဝယ်ခဲ့ပြီး ခြင်းတောင်းနှစ်တောင်းကို လှည်းပေါ် တင်ခဲ့ကာ လီကျင်းက တစ်တောင်းကို သယ်ခဲ့သည်။ ခရီးအနည်းငယ် သွားပြီးနောက် လီကျင်းက ဆက်မသယ်နိုင်တော့သည့်အတွက် လှည်းကို တွန်းဖို့အတွက် ဝမ့်လင်းလင်းကို ပြောခဲ့သည်။
ဝမ့်လင်းလင်းရဲ့ စိတ်ထဲမှာတော့ မြုံနေတဲ့သူ့ကို ကျိန်ဆဲခဲ့သည်။ သို့သော် အဲ့နေရာမှာ သူတို့ နှစ်ယောက်သာ ရှိသည်။ ထို့ကြောင့် သူမက ဘယ်လိုပဲ စိတ်မတင်မကျ ဖြစ်နေပါစေ ပြဿနာရှာလို့ မရနေခဲ့ပါ။ သူတို့နှစ်ယောက်က အိမ်အပြန်လမ်းမှာ ထိုခြင်းတောင်း သုံးတောင်းကို တွန်းပြီး ပြန်လာခဲ့သည်။
စားစရာတွေ ချပြီးတာနဲ့ လီကျင်းက ရေသောက်ဖို့ အိမ်ခန်းထဲသို့ တည့်တည့် သွားခဲ့သည်။ ဝမ့်ပင်းပင်းက ဝမ့်လင်းလင်း ထွက်သွားတာကို မြင်သည့်အခါ သူမကို အမျိုးသမီးကြီး မစ္စလီက တားလိုက်သည်။
“ဟင်းသွားချက်ချည်။ ခေါက်ဆွဲဖြူတွေ သွားလုပ်ပေး”
ဝမ့်ပင်းပင်းက ချက်ချင်း တုံ့ပြန်ခဲ့ပြီး မီးဖိုချောင်ထဲသို့ ဝင်ကာ အမျိုးသမီးကြီး မစ္စလီကို ပြောပြလိုက်သည်။ “အမေ၊ ကျွန်မတို့အိမ်မှာ ဂျုံမှုန့် ကုန်နေတယ်။”
မစ္စလီက ရုတ်တရက်ဆိုသလို ကံဆိုးတယ်ဟု ခံစားလိုက်ရသည်။ ဒီချွေးမက တကယ်ကို တုံးတာပဲ။ “နင်ကန်းနေလား။ ဘေးခန်းထဲမှာရော တစ်ခုခု မရှိဘူးလား။ ငါကိုယ်တိုင် နင့်လက်ကို ကိုင်ပြီး အဲ့ဒါကို သွားခပ်ပေးရမှာလား။”
ဝမ့်ပင်းပင်းက သူမရဲ့လက်ကို ပြန်ဆွဲလိုက်ပြီး ဒါတွေက ရောင်းဖို့အတွက် ဝမ့်လင်းလင်း ဝယ်လာတာဟု တွေးလိုက်သည်။ ဒါကို ပိုက်ဆံနှင့် လဲရမည် ဖြစ်သည်။ မိသားစု နှစ်စုပေါင်းပြီး ဝယ်ထားတဲ့ ဂျုံမှုန့်တွေကို ဘယ်လိုလုပ် သူတို့အပိုင်လို စားလို့ရနိုင်မှာလဲ။
ခနလောက် တုံ့ဆိုင်းနေပြီးနောက် မစ္စလီက သူမကို ထပ်ပြီး တွန်းအားပေးခဲ့သည်။ “မြန်မြန်လုပ်လေ။ မကြာခင် မိသားစုထဲမှာရှိတဲ့လူတွေက ညစာစားဖို့ ပြန်လာကြတော့မှာ။”
ဝမ့်ပင်းပင်းက ရွေးချယ်စရာ မရှိဘဲ သူမရဲ့ မကျေနပ်ချက်တွေကို မြိုသိပ်ကာ ခေါက်ဆွဲလုပ်ဖို့ ဗူးသီးခြောက်ဖြင့် ဂျုံမှုန့်ခပ်ရန် သွားခဲ့သည်။း
ထိုအချိန်မှာပဲ လီရင်းက သူမနောက်ကနေ လိုက်လာပြီး ဘေးအခန်းထဲသို့ ဝင်လာကာ လေသံမာမာ ပြောလိုက်သည်။ “ယောင်းမ၊ နင်က တော်တော်လေးကို ကပ်စေးနဲတာပဲ။ ခေါက်ဆွဲလုပ်ဖို့ ဘာလို့ ဒီလောက် နည်းနည်းလေးပဲ ခပ်ရတာလဲ။ နည်းနည်းလောက် ပိုထည့်ပါဦး။ ဒီညတော့ ခေါက်ဆွဲတွေ အများကြီး လုပ်ရအောင်။”
ဝမ့်ပင်းပင်းက ရွေးချယ်စရာ မရှိဘဲ နောက်ထပ် ဂျုံမှုန့်တွေကို ခပ်ခဲ့သည်။
လီရင်းက ခေါက်ဆွဲလုပ်နေသော သူ့ရဲ့ယောင်းမကို ကြည့်နေခဲ့သည်။ ထို့နောက် သူက အမျိုးသမီးကြီး မစ္စလီရဲ့ အခန်းထဲသို့ သီချင်းလေး တဆိုဆိုနှင့် ဝင်သွားခဲ့သည်။
“အမေရယ်။ သမီး အဲ့သွားလိုက်လို့ တော်သေးတယ်။ အဲ့လိုမှ မဟုတ်ရင် ယောင်းမက အရမ်း တွန့်တိုတယ်။ ပြီးတော့ သမီးတို့တွေ ဒီည ခေါက်ဆွဲကို ရေလုံပြုတ်ပဲ သေချာပေါက် စားရမှာ။”
ဘာတွေဖြစ်ခဲ့လဲဆိုတာ လီရင်းက အမျိုးသမီးကြီး မစ္စလီကို ပြောပြခဲ့သည်။ သူမက မျက်လုံးကိုပြူးပြီး ကြည့်လိုက်သည်။ “ဘာကလေးမှ မမွေးနိုင်တဲ့ ကောင်မစုတ်က ဘာမှမဟုတ်ဘူး။ တန်ဖိုးမရှိတဲ့ လူတစ်ယောက်ပဲ။”
အမျိုးသမီးကြီး မစ္စလီက သူမက ရောင်းရမည့် ဂျုံမှုန့်တွေကို စားနေတာက တစ်ခုခုမှားနေပြီဆိုတာကို မတွေးခဲ့ပါ။ သူမရဲ့ မိသားစုထဲမှာ လူဘယ်နှစ်ယောက် ရှိတာလဲ။ တကယ်လို့ သူတို့က နည်းနည်းပဲ စားမယ် ဆိုရင်တောင် သူတို့ ဘယ်လောက် စားနိုင်မှာမလို့လဲ။ ပြီးတော့ သူမက အဲ့ဒါအတွက် ပေးပြီးသားဆိုတော့ မိသားစုရဲ့ စားစရာတွေကို ဘာလို့ မပေးနိုင်ရမှာလဲ။ အခုကနေစပြီး ဒုတိယအကြိမ် ကောက်ရိတ်သိမ်းချိန် ရောက်တဲ့အထိ သူမတို့ မိသားစုက ဂျုံဖြူကိုပဲ စားမည်ဟု ဆုံးဖြတ်ခဲ့သည်။ မိသားစုထဲမှာရှိတဲ့ ကလေးတွေကို အာဟာရပြည့်အောင် လုပ်ပေးဖို့ပဲ။
လီရင်းက စောဒက တက်ခဲ့သည်။ ထို့နောက် ရှုံ့မဲ့မဲ့နှင့် မီးလင်းဖိုကို ကျောပေးလိုက်သည်။ ထို့နောက် စားဖို့ စားပွဲခုံပေါ်သို့ ဖရုံစေ့တွေက ရောက်လာခဲ့သည်။
မစ္စလီက သူမရဲ့ သမီးကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။ “သမီး ယွဲ့ကျင်းကို ရှာဖို့အတွက် သွားပြီးပြီလား။ ယွဲ့ကျင်းက ဘာပြောလဲ။”
လီရင်းက ထေ့ငေါ့ကာ ပြောလိုက်သည်။ “သူက ဆိုင်ထဲမှာ အလုပ်ရှုပ်နေတယ်ဆိုပြီး တွန်းထုတ်တယ်။ နောက်ရက်လောက်မှ သမီးတို့ကိစ္စကို ပြောမယ်ဆိုပြီး ပြောသေးတယ်။ အမေ၊ ရှဲ့ယွဲ့ကျင်းက ဘာတွေ တွေးနေတယ်လို့ အမေထင်လဲ။ သူက သမီးကို လက်မထပ်ချင်လို့လား။”
အမျိုးသမီးကြီး မစ္စလီက ခုံကိုရိုက်ပြီး ပြောလိုက်သည်။ “ဒါက မဖြစ်နိုင်ဘူးလေ။ သမီး သူ့ကို တွေ့တာ ကြာလှနေပြီပဲ။ ဘယ်လိုလုပ် သမီးကို လက်မထပ်နိုင်ရမှာလဲ။ အဲ့ဒါသာ ပေါက်ကြားသွားရင် ဟာသတစ်ခုဖြစ်မှာ မဟုတ်ဘူးနော်။ သမီး သူ့ကို တိုက်တွန်းလို့ ရတာပဲလေ။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူ့မှာ အိမ်အဆင်သင့်ရှိတယ်။ အမေတို့တွေ အဲ့ဒါကို သူ့ရဲ့ စားသောက်ဆိုင်မှာ လုပ်လို့ရတယ်။ အများကြီး ကုန်ကျမှာ မဟုတ်ဘူး။”
လီရင်း - “ဒါပေမယ့် သူက ခနခန ရွှေ့ဆိုင်းနေတာလေ။ သူက အလုပ်မှာ အာရုံ မစိုက်နိုင်ဘူးဆိုပြီး အကြောက်အကန်ကို ပြောနေတာ။ အမေ…. သမီးတို့ရဲ့ တောင်းဆိုချက်တွေက အရမ်းကို များနေတယ်လို့ ထင်လားဟင်။”
လီရင်းကလည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ “ငါတို့ မြို့ထဲမှာ စားပွဲ ဆယ်ဝိုင်းကျော်ကို အအေးစာ လေးပွဲနဲ့ အပူစာ ရှစ်ပွဲလောက် စီစဥ်တဲ့သူက အများကြီး မရှိဘူးလေ။”
အမျိုးသမီးကြီး မစ္စလီက မျက်ခုံးကိုပင့်ပြီး ပြောလိုက်သည်။ “အဲ့တော့ ဘာဖြစ်လဲ။ ငါတို့ရဲ့ မိသားစုက အကြီးကြီးပဲ။ ပြီးတော့ အမျိုးတွေလည်း အများကြီးရှိတယ်။ အဲ့ဒါကြောင့် ဆယ်ဝိုင်းကျော်ကို စီစဥ်တာတောင် သိပ်မလောက်ချင်ဘူး။ အဲ့ဒါက ဘာလို့လဲဆိုတော့ ယွဲ့ကျင်းက စားသောက်ဆိုင်မှာလေ။ အဲ့တော့ ငါတို့က မင်္ဂလာဆောင်ကို အဲ့မှာပဲ လုပ်မယ်။ ငါ့အထင်တော့ ငါတို့တွေ အဲ့ဒါကို ကောင်စီမြို့ထဲမှာ လုပ်သင့်တယ်။ အဲ့ဒါမှ ငါတို့ရဲ့ အမျိုးတွေက သမီး လက်ထပ်တာကို သေသေချာချာ မြင်ရမှာပေါ့။”
လီရင်းက ထိုစကားကို ကြားပြီးနောက် ရင်ထဲမှာ နေလို့ရသွားပြီး အရမ်းလည်း ဂုဏ်ယူနေခဲ့သည်။
'ဟုတ်တယ်။ အမျိုးတွေအကုန်လုံး ဝင်ပါရင်တောင် သူမရဲ့ လက်ထပ်ပွဲက အကောင်းဆုံး ဖြစ်နေဦးမှာ။'
'သူမ လက်ထပ်မယ့်သူက စားဖိုမှူးပဲ။ သူ့မှာ အရည်အချင်းရော၊ အလုပ်ရော ရှိတယ်။ ပြီးတော့ သူ့မှာ အိမ်လည်း ရှိတယ်။ သူက အသက်ဘယ်လောက် ရှိပြီမလို့လဲ။ အိမ်တစ်လုံးတောင် ရနေပြီဆိုတော့ အဲ့ဒါက ကောင်စီမြို့က အချို့တွေလောက် မဆိုးပါဘူး။'
လီရင်း - “အမေပြောတာ မှန်တယ်။ သမီးကတော့ တတိယလူ မဖြစ်ချင်ဘူး။ သမီးက သူ့ကို တစ်ခုခုလုပ်ဖို့ ပြောခဲ့ပေမယ့် သူက ငြင်းခဲ့တာ။ တကယ်လို့ သမီးက သူ့ကို လက်မထပ်ရင်တော့ မဖြစ်နိုင်ဘူးလေ။ အကူညီ တောင်းဖို့အတွက် ဘယ်သူကများ အသည်းအသန် လုပ်နေမှာလဲ။”
အမျိုးသမီးကြီး မစ္စရှုက သူ့ကို သိမ်းသွမ်းဖို့ ကြိုးစားခဲ့သည်။ “အဓိပ္ပါယ် မရှိလိုက်တာ။ သမီးက သူ့ကို လက်မထပ်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ ယွဲ့ကျင်းရဲ့ အခြေအနေက ကောင်းပါတယ်။ ပြီးတော့ သူက သေချာပေါက် ခက်ထန်မှာပဲလေ။ သမီး သူ့ကို ချော့ပြောဖို့ ကြိုးစားသင့်တယ်။ ကောက်သိမ်းချိန် မရောက်ခင် စီစဥ်ဖို့ သူ့ကို တွန်းအားပေး။ အဲ့ဒါက အကြံကောင်းတစ်ခု မဟုတ်ဘူးလား။ စိတ်ရှုပ်မနေနဲ့။”
ရှဲ့ယွဲ့ကျင်းရဲ့ အခြေအနေက အတော်လေး ကောင်းတာကို အမျိုးသမီးကြီး မစ္စလီက ကောင်းကောင်း သိနေခဲ့သည်။ သူ့မှာ အိမ်၊ အလုပ်နှင့် ပိုက်ဆံလည်း ရှိသည်။ သူ့မှာ ညီအကိုတွေ အများကြီး ရှိတယ်ဟု ပြောခဲ့သော်လည်း ဘယ်သူကမှ သူ့ကို ပြဿနာ ရှာကြမည် မဟုတ်ပါ။ သူက မြို့မှာ အလုပ် လုပ်နေခဲ့ပြီး ခွဲထွက်နေသော မိသားစုနှင့် ဘာမှ မခြားနားပါ။ သူ့ညီအကိုတွေ အားလုံးက ရွာမှာသာ ရှိနေခဲ့ကြပြီး သူ့မိဘတွေကလည်း သူ့ဆီကို လာကြမည် မဟုတ်ပါ။
အဲ့ဒါက သင့်တော်တယ်မလား။
သမီးက ယောက်ျားဘက်က လူတွေနဲ့လည်း သိပ်ပြီး ပြောဆို ဆက်ဆံနေဖို့ မလိုတော့ဘူး။ ပြီးတော့ အဲ့ဒါက မြို့နဲ့လည်း နီးသွားပြီလေ။ နောက်ပိုင်း သူမသမီးက ဟိုဒီ လျှောက်သွားပြီး စားဖို့ဆိုရင် နိုင်ငံပိုင် အဆင့်ရှိတဲ့ စားသောက်ဆိုင်ကို သွားလို့ရသည်။ အကျိုးအမြတ်က အများကြီးပဲ။
ထို့ကြောင့် အမျိုးသမီးကြီး မစ္စလီက အလားအလာရှိတဲ့ သားမက်လောင်းလေး ထွက်ပြေးသွားမှာကို စိုးရိမ်ပြီး လက်စွပ်တစ်ကွင်းနဲ့ တစ်ခြားအရာတွေကိုလည်း မျက်စိစုံမှိတ်ပြီး တင်းတင်းကြပ်ကြပ် မလုပ်ခဲ့ပါ။
သို့သော် မင်္ဂလာပွဲကိုတော့ ကြီးကြီးကျယ်ကျယ် လုပ်ဖို့ လိုအပ်သည်။ အဲ့ဒါက သတို့သမီး တင်တောင်းတာနဲ့ ကွာခြားသည်။
ဆွေမျိုးတွေရဲ့ အားကျမှုနဲ့ ချီးကျူးမှုတွေကို သူမ တွေးမိလိုက်တိုင်း မစ္စလီက အားအင်အပြည့် ဖြစ်သွားခဲ့သည်။