← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 12 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 12 Ch. 141-142

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၄၁

ဝူကွေ့ဟွာက ထိုအကြောင်းကို တွေးပြီး သဘောတူလိုက်သည်။ ထို့အပြင် အဖွဲ့သားတွေကသာ ကလေးတွေအတွက် ဇာတ်ညွှန်တွေ ရေးပေးလို့ လုပ်ခရမှတ် အနည်းကို ရကြမယ်ဆိုရင် သူတို့က အဲ့ဒါကို သေချာပေါက် ကျေကျေနပ်နပ် လုပ်ကြမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်မှာကလည်း ငါတို့ရဲ့ ကလေးတွေပဲဆိုတော့ ငါတို့ သူ့ကို လုပ်ခရမှတ်အချို့ ပေးသင့်ပါတယ်။

ဝူကွေ့ဟွာက တက်တက်ကြွကြွနှင့် ထွက်သွားခဲ့သည်။

ဝမ့်ရင်းက ခရမ်းချဥ်သီးကို ယူပြီး ရေဆေးကာ တစ်ကိုက် ကိုက်လိုက်သည်။ အဲ့ဒါက မြေနံ့လေး သင်းနေပြီး ချိုချို၊ ချဥ်ချဥ်လေးနှင့် စားကောင်းသည်။ အဲ့ဒါက ဖန်လုံအိမ်ထဲမှာ စိုက်ပျိုးတာနှင့် လုံးဝကို ကွာခြားသည်။ ဖန်လုံအိမ်ထဲမှာ စိုက်ပျိုးသည့် ခရမ်းချဥ်သီးတွေက ဘာအရသာမှ မရှိပါ။ ဒါကသာ တကယ့် ခရမ်းချဥ်သီးအစစ်ရဲ့ အရသာ ဖြစ်သည်။

ဝမ့်ရင်းက တစ်လုံးကို စားပြီး မနေနိုင်ဘဲ နောက်ထပ်တစ်လုံးကို ခွဲလိုက်ကာ အပေါ်မှာ သကြားဖြူးပြီး စားခဲ့သည်။

သကြားဖြူးထားသော ခရမ်းချဥ်သီးတွေက ချိုချဥ်လေးဖြစ်ပြီး အရသာရှိသည်။ ကျန်နေသော သကြားရည်များကိုလည်း အလဟဿ မဖြစ်စေဘဲ တစ်ကြိုက်ထဲ မော့သောက်လိုက်သည်။

ဝမ့်ရင်းက ခရမ်းချဥ်သီးများကို အားရပါးရ စားပြီးနောက် တစ်ရေးအိပ်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နွေရာသီကို မြန်မြန်ပဲ ရောက်သွားခဲ့သည်။

ဝမ့်ရင်းနှင့် ရှုရွှမ်းက တောင်ပေါ်ကို နောက်တစ်ကြိမ် ထပ်သွားခဲ့ကြသည်။ ဒီတစ်ခေါက်မှာတော့ ပစ္စည်းတွေ သေချာ ပြင်ဆင်ဖို့အတွက်ဖြစ်သည်။ ထို့ကြောင့် သူတို့ တောင်ပေါ်ကနေ ဆင်းလာသည့်အခါ သူတို့ နှစ်ယောက်လုံးက တောယုန်နှင့် ရစ်ငှက်တွေပါသော ခြင်းတောင်းတစ်တောင်းနှင့် ငါးတောင်း တစ်တောင်းကို ယူလာခဲ့သည်။

ထိုငါးကန်လေးကို ဘယ်သူကမှ အခုထိ ရှာမတွေ့သေးပါ။ သို့သော် ဝမ့်ရင်း ငါးဖမ်းတုန်းက အဲ့ထဲမှာ လက်ဖဝါးအရွယ်ရှိသော ငါးတစ်စုကို တွေ့ခဲ့သည်။ အဲ့ဒါတွေက ဒီနှစ်နွေမှာ ကြီးလာမည့်ပုံ ရသည်။

သူမနှင့် ရှုရွှမ်းတို့က အကြီးဆုံးတွေကိုသာ ရွေးပြီး ငါးကောင်၊ ခြောက်ကောင်လောက် ဖမ်းခဲ့သည်။

အဲ့ဒါကို အိမ်ပြန်ယူသွားပြီးနောက် ရှုရွှမ်းက ငါးတွေကို အခြောက်ခံခဲ့ရုံသာမက မီးခိုးကြပ်တိုက်ထားခဲ့သည်။ ဒီနည်းက ငါးတွေကို အကြာကြီး ထားလို့ရမည် ဖြစ်သည်။

ရှုရွှမ်းက ရက်တွေအကြာကြီး အလုပ်ရှုပ်နေခဲ့ပြီး ခြင်းတောင်း နှစ်တောင်းစာ ငါးတွေကို ကြပ်တိုက်ထားခဲ့သည်။ အကြောင်းမှာ ဝမ့်ရင်းက ယုန်ခေါင်းအစပ်ဟင်းကို စားချင်နေခြင်းကြောင့် ဖြစ်သည်။ သူက ယုန်တစ်ကောင်ချင်းစီရဲ့ ခေါင်းတွေကို ထားပြီး ကျန်တာတွေကို ယုန်သားခြောက် လုပ်ခဲ့သည်။

အရာအားလုံး အဆင်သင့်ဖြစ်ခါနီး အချိန်မှာ ရှုရွှမ်းက ပစ္စည်းတွေ အပြည့်ထည့်ထားသော ခြင်းတောင်းကြီး တစ်တောင်းကို သယ်ပြီး သူ့အဒေါ်တွေ နေထိုင်သော တပ်မဟာထဲသို့ သွားခဲ့သည်။

သူအဲ့ဒီ့ကို သွားသည့်အခါ ညနေစောင်းသည်အထိ သူက လူတွေကို ရည်ရွယ်ချက်ရှိရှိ ရှောင်ခဲ့သည်။ သူ အဲ့ကို ရောက်သွားသည့်အခါ ပစ္စည်းတွေကို ချပေးပြီး ပြန်လာခဲ့သည်။

ရှုရွှမ်းက အိမ်ကို ချွေးတသီးသီးနှင့် ပြန်လာခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုက စောင့်နေသေးတာကို မြင်သည့်အခါ သူက ပြောပြခဲ့သည်။ “အမေ၊ ကျွန်တော် အဒေါ်ကို ပြောထားပြီးပြီ။ သူက စိတ်မပူနဲ့ဆိုပြီး ပြောလိုက်တယ်။ စားစရာတွေ သွားယူဖို့အတွက် ရွာကို သွားဖို့ သူ့ရဲ့ ဝမ်းကွဲတွေကို ပြောပေးမယ်တဲ့။ သူက ဘယ်သူ့ကိုမှလည်း မပြောပြဘူးတဲ့။ နောက်ထပ် သုံးလစာလောက် စားစရာတွေကို လောက်အောင်သာ စုထားတဲ့။”

အမျိုးသမီးကြီး မစ္စရှုက သက်ပြင်းချခဲ့သည်။ “ငါက သူ့ရဲ့ လုံခြုံရေးအတွက် စိတ်မပူပါဘူး။ ပြီးတော့ နင့်ရဲ့ ဝမ်းကွဲတွေ အကုန်လုံးက အိမ်မှာပဲလေ။ ပြီးတော့ ဘယ်သူကမှ သူ့ကို ဓားပြမတိုက်ရဲဘူး။ အဲ့ဒါက ဒီလိုပါပဲ။ ဗိုက်ဆာခံရတာ ကျေနပ်စရာမှ ဟုတ်မနေတာ”

အမျိုးသမီးကြီး မစ္စရှုက စားဖိုမှူးတစ်ယောက်ကို လက်ထပ်ခဲ့သော်လည်း ခက်ခဲခဲ့ရသည့် နှစ်တွေမှာ သူမက ဗိုက်ဟောင်းလောင်း ဖြစ်ခဲ့ရသေးသည်။

သုံးနှစ်လောက် မိုးခေါင်ရေရှား ဖြစ်တာက စားဖိုမှူး တစ်ယောက်ကို သေလောက်တဲ့အထိ ငတ်စေမှာ မဟုတ်ဘူးလို့ လူတွေက ပြောခဲ့သည်။

သို့သော် ကောက်ပဲသီးနှံတွေက ရိတ်သိမ်းလို့ မရနိုင်ရင် စားဖိုမှူးကလည်း အဲ့ဒါတွေကို စားစရာတွေအဖြစ် ပြောင်းလဲပေးနိုင်မည် မဟုတ်ပါ။ အဲ့တော့ သူကရော ဘယ်လိုဖြစ်လို့ ဗိုက်မဆာဘဲနေမှာလဲ။

ရှုရွှမ်းကလည်း မျက်နှာကောင်းနေပုံ မရပါ။ “ကျွန်တော့် အဒေါ်ရဲ့အိမ်မှာ ဖြစ်နေတဲ့ အခြေအနေက ပိုပြီးတောင် ပြင်းထန်သေးတယ်။ သူတို့ လယ်ထဲက ဂျုံပင်တွေက နည်းနည်းဆိုတာ ကျွန်တော် မြင်ခဲ့တယ်”

တကယ်တော့ ငါတို့အားလုံးမှာ ကိုယ်ပိုင်လယ်ကွက်တွေ ရှိကြပါတယ်။ ပြီးတော့ ဘယ်သူကမှ ပြည်သူပိုင် မြေတွေကို သိပ်ပြီး အာရုံမစိုက်ကြဘူး။ အဲ့ဒါအပြင် နွေရာသီ အစောပိုင်းမှာလည်း မိုးသီးက ကြွေသွားသေးတာ။

ရေစုန်ပိုင်းမှာရှိတဲ့ ပျင်းရိနေသော ယောက်ျားတွေရဲ့ တပ်မဟာထဲမှာ စားစရာတွေ ရှိကြောင်းကိုလည်း ရှာရွှမ်းက ကြားခဲ့ရသည်။ အဲ့ကလူတွေရဲ့ မြေက ပြည်သူပိုင် မြေယာများ ဖြစ်သည့်အတွက် သူတို့ အဲ့ဒါကို ပြန်စိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ ကိစ္စမရှိဘဲ အဲ့ဒါက သူတို့ရဲ့မြေလည်း မဟုတ်သလို အဲ့ဒါတွေက သူတို့ရဲ့ အစေ့အဆန်တွေလည်း မဟုတ်ပါ။ ထို့အပြင် သူမတို့ မကြာခင် အစေ့အဆန်တွေ ရလိမ့်မည်ဟု တွေးနေခဲ့သညိ။ ထို့ကြောင့် သူတို့က အဲ့မှာသာ လှဲပြီး ဘာအပင်မှ ပြန်မစိုက်ခဲ့ကြပါ။

အခုဆိုရင် လူတိုင်းက အိမ်မှာပဲ လှဲနေခဲ့ကြပြီး သူတို့ရဲ့ ရိက္ခာတွေ ဝေမယ့်အချိန်ကိုသာ စောင့်နေခဲ့ကြသည်။

အမျိုးသမီးကြီး မစ္စရှုက ဘုရားမှ လွှတ်ပေးထားတဲ့ လယ်သမားတွေအတွက် ဝမ်းနည်းနေခဲ့သည်။ သူမက ထိုတပ်မဟာက လုပ်ခဲ့သော ကောင်းတဲ့အရာတွေကို နည်းနည်းလေးမှ သနားစိတ် မဖြစ်ခဲ့ပါ။

“ဒီလူတွေက အလကားပဲ။ သူတို့က စိုက်ခင်းတွေကို ပစ်တောင် ပစ်ထားရဲတယ်။ ကောင်းတဲ့ နှစ်ပဲဖြစ်ဖြစ်၊ မကောင်းတဲ့ နှစ်ပဲဖြစ်ဖြစ် အဲ့ဒါက ပြဿနာမှ မဟုတ်ဘဲ။ တကယ်လို့ စိုက်ခင်းတွေ ပျက်စီးသွားရင် ကောက်သိမ်းတာလည်း ပျက်စီးရလိမ့်မယ်။ ငါ့အထင် သူတို့သာ ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် လူတွေက အနှေးနဲ့အမြန်ပဲ ငတ်ပြီး သေကြလိမ့်မယ်။”

လွန်ခဲ့တဲ့ နှစ်တွေတုန်းက လူတွေရဲ့ ဘဝတွေက သိသိသာသာကို ကောင်းလာခဲ့ကြတယ်။ အဲ့နှစ်တွေမှာ သဘာဝ ဘေးအန္တရာယ်တွေ ရှိခဲ့ကြတယ်ဆိုပေမယ့် ငါတို့အတွက် လူကြီးက ပေးဆပ်ထားပြီးပြီလေ။ ငါတို့ အားလုံးမှာ ခက်ခဲတဲ့အချိန်တွေ ကြုံခဲ့ကြပြီးပြီ။ ဒါပေမယ့် အခုဆိုရင် ပိုကောင်းလာတယ်ဆိုတာ သိသာနေပြီပဲ။ နင်တို့တွေ အလုပ်ကို ကြိုးကြိုးစားစား လုပ်ဖို့အတွက် ဆန္ဒရှိနေသ၍ လွန်ခဲ့တဲ့ နှစ်နှစ်ကလို လူတွေက ငတ်ပြီးသေတယ်ဆိုတာ ကြားချင်မှ ကြားရတော့မှာ။

ဒါပေမယ့် သူတို့က အဲ့ဒါကို ကျော်ပြီးတောင် လုပ်နိုင်သည်။

အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ အတွေးတွေကို စုလိုက်ပြီး သူမရဲ့ ပြဿနာတွေကို တတွတ်တွတ် ပြောနေခဲ့သည်။ “ဒါဆိုလည်း ထပ်ပြီး မစောင့်နဲ့တော့။ နောက်ထပ် ရက်နည်းနည်းလောက်နေရင် အပ်ချုပ်စက် သွားယူကြရအောင်။ အဲ့လိုမှမဟုတ်ရင် ကောင်စီမြို့က ဝရုန်းသုန်းကား ဖြစ်ရင် ဖြစ်လိမ့်မယ်။”

လူတွေက ငတ်ပြီဆိုရင် ဘာမဆို လုပ်နိုင်ကြသည်။ အဲ့ဒါကြောင့် အိမ်မှာနေတာပဲ ကောင်းသည်။

ရှုရွှမ်းက အချိန်ကို တွက်ပြီး ပြောလိုက်သည်။ “အဲဲဒါက မှန်တယ်။ နောက်လအစပိုင်းမှာ ကျွန်တော်က စာမေးပွဲ ဖြေရတော့မှာ။ အဲ့တော့ တစ်ခါတည်း အပ်ချုပ်စက်ကို သွားဝယ်ကြရအောင်။ အတူတူ လုပ်ကြရအောင်။ ကျွန်တော် ပစ္စည်းအချို့ကို ဆရာ့ဆီ ပို့ရဦးမယ်။ ပြီးတော့ ကျွန်တော်တို့တွေ နောက်ထပ် နှစ်လလောက် မြို့ကို သွားလို့ရမှာ မဟုတ်ဘူး။”

ရှုရွှမ်းရဲ့ စာမေးပွဲက ရွှေ့သွားခဲ့ပြီး အဲ့ဒါကို ရွှေ့ခဲ့တဲ့သူက တစ်ခြားသူတွေ မဟုတ်ဘဲ ချမ့်တုန်သာ ဖြစ်သည်။

အစားအသောက် စျေးနှုန်းတွေ ကမောက်ကမ ဖြစ်မှာကို ချမ့်တုန်က အရင်ဆုံး တွေးမိခဲ့သည်။ ထို့နောက် သူက ပြဿနာရဲ့ အဓိကလူ မဖြစ်ချင်ခဲ့ပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ စာမေးပွဲကို လာဖြေမယ့်သူက ငါးယောက်သာ ရှိသည့်အတွက် မြန်မြန်ပဲ အဆင်ပြေပြေ လုပ်ရမည် ဖြစ်သည်။

ဝမ့်ရင်းက ခနလောက် နားထောင်ပြီးနောက် မေးခဲ့သည်။ “ဆရာက စာမေးပွဲ စစ်မယ့်သူလား။ ဆရာ ဘေးဖယ်နေသင့်တယ်နော်။ တစ်ခြားသူတွေက ဆရာ မေးခွန်းတွေ ပေါက်ကြားအောင်လုပ်တယ်ဆိုပြီး စွပ်စွဲရင် ဘယ်လိုလုပ်မလဲ။”

ရှုရွှမ်း - “စာမေးပွဲအခန်းထဲမှာ မေးခွန်းက နည်းနည်းပဲ ရှိတာ။ အဲ့တော့ မင်း သူတို့ကို နားလည်လား၊ နားမလည်ဘူးလားဆိုတာက ပြဿနာ မဟုတ်ဘူး။”

စားဖိုမှူးတစ်ယောက် ဖြစ်ရတာက အရည်အချင်းကြောင့်ပဲ။ အထူးသဖြင့် ဒုတိယအဆင့် စားဖိုမှူး လက်မှတ်ဆိုတာက အခြေခံ အရည်အချင်းကို စစ်တာပဲ။

ဝမ့်ရင်း - “စာမေးပွဲက ဘာတွေလဲ။”

ရှုရွှမ်း - “လှီးတာ၊ ချက်တာ၊ ဟင်းတွေ၊ ပါဝင်ပစ္စည်းတွေကို ဒုတိယအဆင့်မှာပဲ စစ်တာ။”

ရှုရွှမ်းက အသေးစိတ် ရှင်းပြခဲ့သည်။ “ ဥပမာကွာ၊ လှီးတာကိုစစ်တာ၊ အရောင်အသွေးတွေကို စစ်တာ၊ ပုံစံတွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေကို ကြည့်တာမျိုး။ ပုံမှန်ဆိုရင် အအေးစာ ဟင်းပွဲကို ခေါင်းစဥ်အနေနဲ့ ပေးထားတယ်။ ပြီးရင် မင်းက လှီးဖြတ်ပြီး ပါဝင်တဲ့ အရာတွေကို ကိုယ့်ဘာသာ လုပ်ရမယ်။ အရောင်ကို ရွေးရမယ်။ ချက်ပြုတ်တဲ့နေရာမှာဆို ကြော်တာ၊ အနှစ်၊ ပေါင်းတာ၊ ကင်တာ၊ ပြုတ်တာနဲ့ ဖုတ်တာတို့ ပါတာပေါ့။ ပိုပြီး ခက်တာက အသည်းကို ကြော်တာ၊ ဒါမှမဟုတ် ကြက်သား အချောင်းလေးတွေကို ချိတ်ရတာပဲ။ ဟင်းပွဲက မင်း ပြင်ဆင်ထားတဲ့ဟင်းနဲ့ အတူတူပဲ။ ပြည်တွင်းမှာပဲ သိတဲ့ဟင်းတွေကို ပိုပြီး ပေးပါတယ်။ ကုန်ကြမ်း ပစ္စည်းတွေက ကြက်သား၊ ဘဲသား၊ ငန်းသားနဲ့ ကြိုပြင်ဆင်ရမှာများစွာရယ်၊ အထူအပါး၊ အသာားနှပ်တွေကလည်း ဟင်းပွဲတစ်ခုပဲလေ။”

ဝမ့်ရင်းသည် အဲ့ဒါကို ပထမဆုံးအကြိမ် ကြားခဲ့ရပြီး စားဖိုမှူး စာမေးပွဲက ဒီလိုနည်းတွေနဲ့ ပတ်သက်တာကို သိရတဲ့အခါ အတော်လေး အံ့ဩသွားခဲ့သည်။ “အဲ့တော့ ရှင်က ရှင့်ကိုယ်ရှင်အတွက် မေးခွန်းအနည်းငယ် ပြင်သွားပြီး စာမေးပွဲ မေးခွန်းကို ကြည့်မယ်ပေါ့၊ ဟုတ်တယ်မလား။ ဒုတိယအဆင့်က အဲ့လောက်တောင် ခက်တာလား။”

ရှုရွှမ်းပြောတာကို နားထောင်ပြီးနောက် ဘာကမှ မလွယ်ပါ။

အစပိုင်းမှာတော့ ဝမ့်ရင်းက စားဖိုမှူး ဒုတိယအဆင့် စာမေးပွဲက အောင်ဖို့ ခက်ခဲမယ်ဟု တွေးမိခဲ့သည်။ သို့သော် အခုဆိုရင် အဲ့ဒါက အတော်လေး ခက်ခဲပုံ ရသည်။

ရှုရွှမ်း - “သိပ်တော့လည်း မဆိုးပါဘူး။ မင်း ပထမအဆင့်ပြီးလို့ ဒုတိယအဆင့်ကို ရောက်တဲ့အခါ ဟင်းပွဲတွေကို ပိုပြီး တီထွင်နိုင်ဖို့ လိုလာလိမ့်မယ်။”

ဝမ့်ရင်းက မျက်လုံးပြူးသွားခဲ့သည်။ “ဒါဆို ရှင်က ဒီရက်ပိုင်း အိမ်မှာပဲ စားစရာတွေ စမ်းချက်မှာပေါ့၊ ဟုတ်တယ်မလား။”

ရှုရွှမ်းက ပြုံးပြီး ပြောခဲ့သည်။ “ဟုတ်တာပေါ့။”

ဝမ့်ရင်းက တူကိုမြှောက်ပြီး ပြောလိုက်သည်။ “ဒိုင်အနေနဲ့ ကျွန်မလုပ်ပေးမယ်။”

အခန်းထဲမှာရှိတဲ့ လူတွေအများကြီးက ထရယ်ကြသည်။

အမျိုးသမီးကြီး မစ္စရှုက ဝင်ပြောလိုက်သည်။ “နင်တို့ ဝမ့်ရင်းကို အကဲဖြတ်လုပ်ခိုင်းဖို့ ပြောလိုက်ပါ။ သူက အရသာခံတဲ့နေရာမှာ တော်တော်လေး တော်တယ်။”

အားလုံးအတူတူ အချိန်အကြာကြီး ကုန်ဆုံးပြီးနောက် အမျိုးသမီးကြီး မစ္စရှုကလည်း ဝမ့်ရင်းဟာ အစားအသောက် ချေးများတာကို သိလာခဲ့ရသည်။ သို့သော် ကံကောင်းစွာဖြင့် သူမက ချေးများရင်တောင် စားစရာတွေကို ဖြုန်းတီးပစ်မည် မဟုတ်ပါ။ တကယ်လို့ ဒါက အရသာမရှိရင်တောင် မစားနိုင်ဘူးဟု သူမက ပြောလိမ့်မည် မဟုတ်ပါ။ ထိုအစား သူမက ရှုရွှမ်းကို တည်တည်ငြိမ်ငြိမ် ပြောပြလိမ့်မည် ဖြစ်သည်။ ရှုရွှမ်းကလည်း တော်သည်။ သူမပြောသည့် အချိန်တိုင်း မှတ်စုများဖြင့် ရေးထားတတ်သည်။

လူတွေ ရယ်နေကြချိန်မှာ အပြင်ဘက်ကနေ စာပို့သမား တစ်ယောက်ရဲ့ အသံကို ကြားခဲ့ရသည်။

“ရှုရွှမ်း၊ အိမ်မှာ ရှုရွှမ်းရှိလား။ ဒီမှာ မင်းအတွက် စာလာတယ်။”

စာလာပို့တဲ့ စာပို့သမားက နောက်ထပ် စကားနှစ်ခွန်းကို ထပ်ပြောခဲ့သည်။ “မင်းက အနောက်မြောက်ပိုင်းမှာ ဆွေမျိုးတွေဘာတွေ ရှိတာလား။ ဒီနေရာကို စာပို့ဖို့က မလွယ်ဘူးကွ။ နှစ်လနီးပါးလောက် ကြာတယ်ကွာ။”

အမျိုးသမီးကြီး မစ္စရှုက စာကိုမြင်သည့်အခါ မျက်ရည် ဝဲသွားခဲ့ရသည်။ သူမရဲ့ သားငယ်လေးက နေ့တိုင်း ဘေးနားမှာ ရှိနေတာက အဆင်ပြေတယ်ဆိုသော်လည်း သူမရဲ့ သားအကြီးက အဝေးကိုသွားပြီး ဒုက္ခတွေကို ခံစားနေခဲ့ရသည်။ အဲ့ဒါကို အမေတစ်ယောက်အနေဖြင့် ဘယ်လိုလုပ် ဝမ်းမနည်းဘဲ နေပါ့မလဲ။

ဝမ့်ရင်းက စာပို့သမားနှင့် စကားအနည်းငယ် ပြောပြီးနောက် ပြန်လွှတ်လိုက်သည်။

ဒါက ဒီနေ့ခေတ်မှာလို ပျော်ပွဲရွှင်ပွဲတွေ မရှိခြင်းရဲ့ ပြဿနာလည်း ဖြစ်သည်။ လူတိုင်း ဘယ်သူနဲ့မဆို စကားပြောလို့ ရသော်လည်း အမျိုးသမီးကြီး မစ္စရှုက စိတ်လှုပ်ရှားတာကို မြင်ရတာက သနားဖို့ကောင်းသည်။ သူတို့တွေ အမေ့ကို ခနဘေးဖယ်ခိုင်းပြီး စာကို မြန်မြန် ဖွင့်ဖတ်ကြည့်သင့်သည်။

ရှုရွှမ်းက အလယ်တန်းကျောင်းကနေ ဘွဲ့ရပြီးပြီ။ အဲ့ဒါကြောင့် သူက စာတွေကိုဖတ်ဖို့ ပိုသင့်တော်သည်။

“ဒီနေရာမှာ အရာအားလုံးက အဆင်ပြေတယ်။ ကောင်းကင်က အရမ်း မြင့်တယ်။ လေကလည်း ထန်တယ်။ အဝါရောင် သိုးတွေကလည်း ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့။ သိုးကျောင်းတဲ့ သူတွေက ပြောတယ်။ အဝါရောင်သိုးရဲ့ အသားက အရမ်း လတ်ဆက်တယ်တဲ့။ မင်းပို့လိုက်တဲ့ ခေါက်ဆွဲခြောက်တွေက အရသာရှိလိုက်တာကွာ။ ဒါပေမယ့် နည်းနည်းတော့ သီးစေတယ်ကွ။ နောက်တစ်ခေါက် အဲ့ထဲကို pecan ထည့်ဖို့ကို မမေ့နဲ့။ အမေ့ကိုလည်း အရာရာ အဆင်ပြေတဲ့အကြောင်းကို ပြောလိုက်ဦး။ ငါ့ကောင်မလေးက ငါ့ဆီကို ကြက်ဥတွေ ပို့ပေးတယ်။…..”

ရှုမင်းက စာတွေအများကြီး ရေးထားခဲ့ပြီး ခုနစ်မျက်နှာ အပြည့်ဖြစ်နေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက မျက်ရည်တွေ ဝဲနေခဲ့ပြီး ပြုံးကာ ဆူလိုက်သည်။ “ဘာလိုတောင် အရှက်မရှိတဲ့သူလဲ။”

ဝမ့်ရင်းက ဒီဦးလေးကို တစ်ခါမှ မတွေ့ဖူးသော်လည်း သူ့ရဲ့ စာများကို ဖတ်ရုံဖြင့် ပျော်ရွှင်မှုတွေကို ခံစားမိခဲ့ရသည်။

ဘယ်သူကမှ အဝါရောင် သိုးသားနှင့် အပြာရောင် ကောင်းကင်များ အကြောင်းကို အနောက်မြောက်ရပ်မှာ မရေးနိုင်ကြပါ။ ဒီလူက အဝါရောင် သိုးသားကို တစ်ခါမှ မစားဖူးသော်လည်း သူက သိုးထိန်းတွေ ပြောပြတဲ့ အရသာကို အသေးစိတ် ပြောပြနေခဲ့သည်။ သူ့ကို ကောင်မလေး တစ်ယောက်က ကြက်ဥတွေ ပေးသွားတဲ့ အကြောင်းကို ပြောပြသည့်အခါ ပြုံးတောင် ပြုံးခဲ့သည်။

ရှုမင်းရဲ့ ပုံစံသည် ရှုရွှမ်းထက် ပိုပြီး ပျော်တတ်တာကို ဝမ့်ရင်းက အသေအချာ ခံစားမိခဲ့သည်။

နောက်ဆုံးမှာတော့ ရှုမင်းက သူ့ရဲ့ခယ်မဖြစ်သူ ဝမ့်ရင်းကို နှုတ်ဆက်ခဲ့သည်။ သူမကို ဘယ်တုန်းကမှ မဆုံခဲ့ဖူးပါ။ ထို့အပြင် သူမဆီသို့ သိုးမွှေးဖြင့် လုပ်ထားသော ဦးထုပ်ကို နောက်မှ ပို့ပေးမယ်ဟုလည်း ပြောခဲ့သည်။ တစ်ချို့ သိုးထိန်းတွေက ဦးထုပ်တွေကို ရက်လုပ်ပြီး ကြည့်ရတာ အရမ်း နွေးနွေးထွေးထွေး ရှိတယ်ဟုလည်း ပြောနေခဲ့သည်။

ဝမ့်ရင်းက စိတ်သက်သာရာ ရနေခဲ့ပြီး ရှုမင်းက အရမ်းကို အတွေးအခေါ်ကောင်းတဲ့သူဟုလည်း တွေးနေခဲ့သည်။

ရှုရွှမ်းက စာကို ဖတ်ပြီးတဲ့နောက် အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး ပြန်စာ တစ်စောင် မြန်မြန် ရေးပေးဖို့အတွက် ရှုရွှမ်းအား ပြောလိုက်သည်။

ဝမ့်ရင်း - “အလျင်မလိုပါနဲ့။ သမီးတို့တွေ နောက်ထပ် ရက်နည်းနည်းလောက်နေမှ တစ်ခုခုနဲ့အတူ စာကို အဲ့ထဲ ထည့်ပေးလိုက်ပါ့မယ်။ ပြီးရင် မြို့ကိုသွားပြီး အတူတူ ပို့လိုက်မယ်။”

ဒီကနေ အနောက်မြောက်ပိုင်းကို သွားဖို့ဆိုတာက အရမ်း ဒုက္ခများသည်။ လမ်းမှာတင် တစ်လကျော် ကြာနိုင်ပြီး ခရီးတစ်ခုလုံးဆို သုံးလလောက် ကြာသည်။ သူတို့တွေ တကယ် မစောင့်နိုင်ပေ။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၄၂

ရှုမင်းက သူတို့ လုပ်ပေးလိုက်တဲ့ ခေါက်ဆွဲ အများစုကို စားပြီးလောက်ပြီပင်။ အဲ့တော့ ကိုယ်တို့ သူ့ကို ထပ်ပို့ပေးရမည်။ ဝမ့်ရင်းသည် သူမက အရွက်ခြောက်နှင့် သကြားကိုလည်း ပို့ပေးနိုင်မည်ဟု တွေးနေခဲ့သည်။ အနောက်မြောက်ပိုင်းမှာက အရွက်ခြောက်တွေ ရဖို့ဆိုတာက မလွယ်ပါ။ ရှုမင်းကိုယ်တိုင်က ပြောင်းဆန်တွေ မပြတ်ဘူး ဆိုပေမယ့် အသီးအရွက်တော့ သိပ်မရပေ။

ဝမ့်ရင်းက ထိုစကားကို ပြောပြီးနောက် ရှုရွှမ်းက သဘောတူခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းရဲ့ လက်ကို ကိုင်ထားပြီး အနည်းငယ် စိုးရိမ်နေခဲ့သည်။

ဝမ့်ရင်းက ဒါဟာ ကိစ္စကြီးတစ်ခုဟု မတွေးခဲ့ပါ။ ဒီမိသားစု မရှိဘဲနဲ့ ဘယ်သူကများ နေနိုင်မှာလဲ။ ထို့ပြင် ထိုနေရာကို ရှုမင်းအား ရာထူးချပြီး ပို့လိုက်တာက မတရားပါ။ သူက မြို့မှာ သုတေသန ပညာရှင်အဖြစ် ကောင်းမွန်စွာ လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သော်လည်း အနောက်မြောက်ပိုင်းကို အလုပ်သမားအဖြစ် ပို့ခံခဲ့ရသည်။ 'ဟုတ်ပြီလေ၊ ငါတို့တွေ ကူညီနိုင်ရင် ကူညီကြမယ်။'

ဝမ့်ရင်းက မြို့ကိုသွားပြီး ချမ့်ရှုဖန်းနှင့် ချမ့်ယုတို့ကို သတင်းမပေးခင် အခွင့်အရေးတစ်ခု ယူလိုက်သည်။ ချမ့်ယုနှင့် ချမ့်ရှုဖန်းတို့အတွက် စားနပ်ရိက္ခါက အမြဲလိုလို ပြဿနာ ဖြစ်ခဲ့ရသည်။ တပ်မဟာထဲမှာ သူတို့ရဲ့ ကိုယ်ပိုင်လယ်ကွက်လည်း မရှိပါ။ သူတို့က အရွက်တွေအတွက် ချမ့်ကျွီဟွာကိုသာ မှီခိုကြရသည်။ အပြန်လှန်အနေဖြင့် တစ်ခါတစ်လေ ချမ့်ယုက အသားအတွက် တောရိုင်း တိရိစ္ဆာန်များကို ပြန်ယူလာပေးသည်။

ချမ့်ယုက ငါးဖမ်းတတ်တာကို ချမ့်ရှုဖန်းကလည်း သိထားသင့်တယ်ဟု ဝမ့်ရင်းက တွေးမိခဲ့သည်။ သို့သော် ချမ့်ကျွီဟွာက ငါးတွေ ဘယ်ကနေ ရလာလဲ ဆိုတာကို ဘယ်တုန်းကမှ မမေးခဲ့ကြောင်း ချမ့်ယုက ဝမ့်ရင်းအား တိုးတိတ်စွာ ပြောခဲ့သည်။ အဲ့အစား သူမက အချိန်တိုင်း အဲ့ငါးတွေကို ဖွက်ထားဖို့သာ ကူညီပေးခဲ့သည်။

ဒါက တော်တော်လေး သင့်တော်တယ်ဟု ဝမ့်ရင်းက ချမ့်ယုအား သတိပေးခဲ့သည်။

“မကြာခင် နင့်ရဲ့ အန်တီကျွီဟွာကို ပြောလိုက်။ ပြီးရင် တောင်ပေါ်ကို တက်ပြီး ငါးတွေ တောကောင်တွေ သွားဖမ်းဖို့ ပြောလိုက်။ အဲ့ဒါတွေကို အန်တီကျွီဟွာရဲ့ ရေတိုင်ကီထဲမှာ ဖွက်ထားတာဖြစ်ဖြစ်၊ နေရောင်နဲ့ အခြောက်ခံတာဖြစ်ဖြစ် လုပ်လိုက်။ အိမ်မှာ စားဖို့တွေ ပိုလုပ်ထားတာက ကောင်းတယ်။ ပြီးရင် အိမ်မှာ အရွက်ခြောက်တွေ လုပ်ထားလို့လည်း ရတယ်။”

သူမက ချမ့်ယုက နည်းလမ်းကောင်းတွေ ပေးခဲ့သည်။ အကြောင်းမှာ အခုဆိုရင် မိသားစုနှစ်စုက ဆက်ဆံရေးကောင်းတစ်ခု ရှိနေခဲ့ပြီး တစ်ခါတစ်လေ အတူတူ စားသောက်လေ့ ရှိကြသည်။ ပစ္စည်းတွေကို ချမ့်ရှုဖန်းနှင့် အတူတူ ထားဖို့ဆိုတာက မလုံခြုံဘူးဟု ဝမ့်ရင်းက ခံစားမိခဲ့သည်။ သို့သော် အဲ့ပစ္စည်းတွေကို ချမ့်ကျွီဟွာနှင့် ထားမည်ဆိုပါက ဘာပြဿနာမှ ရှိမည် မဟုတ်ပါ။

ချမ့်ကျွီဟွာက ဝက်တွေ မွေးသည်။ ဝက်တွေရဲ့ အနံ့က အရမ်းကိုပြင်းပြီး လူလာနည်းသည်။ ထို့အပြင် ချမ့်ကျွီဟွာက နာမည်ဆိုးနှင့် ကျော်ကြားသည့်အတွက် တစ်ယောက်ယောက်က သူမရဲ့ ဝက်တွေကို ခိုးဖို့ ကြိုးစားတာ မြင်သည့်အခါ သူမက ထျန်းယိုဖုအား သူမရဲ့ ဝက်တွေကို တစ်ယောက်ယောက်က ခိုးဖို့ ကြိုးစားနေကြောင်း သွားပြောလိမ့်မည် ဖြစ်သည်။

အစပိုင်းမှာတော့ ဝမ့်ရင်းက ပြောစရာစကားမရှိ ဖြစ်သွားခဲ့သည်။ ဝက်အမြှီးတွေကို ခိုးတာက ဘာပြစ်မှုမလို့လဲ။

သို့သော် ချမ့်ကျွီဟွာသည် သူမက ဟိုးအရင်ကတည်းက ဝက်အမြှီးတွေ ခိုးတဲ့အကြောင်းကို ကြားခဲ့ပြီးသား ဖြစ်ကြောင်း ပြောခဲ့သည်။ ဝက်တွေက သူတို့ရဲ့အမြှီး မရှိရင်တောင် သေကြလိမ့်မည် မဟုတ်ပါ။ ထို့အပြင် ဝက်အမြှီးတွေကို ယူသွားပြီး အိမ်မှာ အသားဟင်း ချက်စားလို့လည်း ရနိုင်သည်။ ထို့ကြောင့် အချို့သော လူတွေက ဝက်မြှီးတွေကို ပစ်မှတ်ထားပြီး ခိုးကြခြင်း ဖြစ်သည်။

ချမ့်ကျွီဟွာရဲ့ တိုင်ကြားချက်အရ အိမ်ထဲကို တိတ်တခိုး ဝင်ရောက်လာတဲ့သူတွေက ထပ်ပြီး ဝင်လာရဲတော့မည် မဟုတ်ပါ။

အခုဆိုရင် ဝက်ရဲ့အမြှီးကို ဖြတ်တာက အများပိုင် ပစ္စည်းရဲ့ အမြှီးကို ဖြတ်တာဟုတောင် ခေါ်နိုင်သည်။

ဘယ်သူကမှ အဲ့ဒါကို မလုပ်ရဲကြပါ။

အကျဥ်းချုပ်ပြောရရင် ချမ့်ကျွီဟွာက ဒီမှာရှိနေရင် သူမက တည်ငြိမ်နေအောင် ဖိအားပေးနေလိမ့်မယ်။ ပြီးရင် ချမ့်ယုနဲ့ ချမ့်ရှုဖန်းတို့က တစ်ယောက်တည်း ရှိနေလို့ဆိုပြီးလည်း အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး။

ဝမ့်ရင်းက ထိုစကားကို ပြောပြီးနောက် ချမ့်ယုက နားလည်သွားခဲ့ပြီး ခေါင်းငြိမ့်ကာ သဘောတူခဲ့သည်။ “သမီး အခုချက်ချင်း သွားလိုက်မယ်”

တစ်ချို့အချိန်မှာဆို အစ်မရင်းက ပြောတယ်။ ဒီနှစ် စားစရာတွေ ပြတ်လပ်လိမ့်မယ်တဲ့။ ပြီးတော့ အဲ့ဒါအတွက် ပိုပြီး အာရုံစိုက်ဖို့ကိုလည်း ပြောသည်။

ဘာကို အာရုံစိုက်ရမှာလဲ။ သေချာတာကတော့ ပစ္စည်းတွေ စောစော ဖြည့်ထားဖို့နေမှာ။

ချမ့်ယုက ဝမ့်ရင်းကို အသေးစိတ် မပြောပြသော်လည်း သူမက တောင်ပေါ်မှာ ခြောက်သွေ့နေသော ဂူဟောင်း တစ်ဂူကို တွေ့ထားခဲ့ပြီး ဖြစ်သည်။ သူမက စားလို့ရတဲ့ အသီးအရွက်တွေကို အဲ့နေရာမှာ ထားထားပြီး ကောက်ရိုး အချို့ကိုလည်း ထားထားသေးသည်။

အခုဆိုရင် ချမ့်ယုက ဒါဟာ ပစ္စည်းဖြည့်ရမယ့် အချိန်ဟု ခံစားနေခဲ့ရသည်။

ချမ့်ယုက နှစ်ဖက်လုံးအတွက် ပြင်ဆင်ထားခဲ့ပြီး ပထမဆုံး ချမ့်ကျွီဟွာရဲ့ မိသားစုအတွက် တောရိုင်းသားအချို့နှင့် အသီးအရွက်များကို သိုလှောင်ထားခဲ့ပြီးနောက် ဂူထဲမှာ အသားခြောက် အချို့ကို ထည့်ထားခဲ့သည်။ ထို့အပြင် အဲ့နေရာကို သူမ တစ်ယောက်တည်းကသာ သိသည့်အတွက် အဲ့ဒါတွေကို ပြင်ဆင်ထားတာက ပိုကောင်းသည်။

ချမ့်ယုကို သတင်းပေးပြီးနောက် ဝမ့်ရင်းက အိမ်ထဲတွင် စာရေးနေသော ချမ့်မိုင်မောင့်နှင့် ချမ့်မိုင်စွေ့တို့ကို ဖက်လိုက်သည်။

သူတို့နှစ်ယောက်က အဝတ်အစားအသစ်တွေ ဝတ်ထားခဲ့သော်လည်း အဲ့ဒါတွေကို ချမ့်ကျွီဟွာ ဆင်ပေးထားတာ မဟုတ်ဘဲ ချမ့်ကျွီဟွာရဲ့အမေက ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။

အရင်တစ်ခေါက်တုန်းက ချမ့်ကျွီဟွာက သူမသမီး သုံးယောက်ရဲ့ နာမည်တွေ ပြောင်းပေးတုန်းက ကလေးတွေကို သူမရဲ့မိဘအိမ် ခေါ်သွားပြီး သူတို့အား အရာအားလုံးကို ပြောပြခဲ့သည်။

ချမ့်ကျွီဟွာရဲ့ မိသားစုသည် သူမ ဒီလိုမျိုး လုပ်နိုင်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။ ထို့ကြောင့် တစ်မိသားစုလုံးက မှင်သက်သွားခဲ့သည်။

နောက်ဆုံးမှာတော့ ချမ့်ကျွီဟွာရဲ့အဖေက ဦးလေးချမ့်ကို ရှာဖို့အတွက် ထွက်သွားခဲ့သည်။ သူက စီးကရက်တစ်လိပ်ကိုဖွာပြီး စကားသွားပြောခဲ့သည်။

“ငါတို့ရဲ့ မိသားစုအကြောင်းကို နောက်မှ ပြောကြမယ်။ ပြီးတော့ သူတို့မှာ ငါတို့လိုပဲ ချမ့်မျိုးရိုးနာမည် ရှိတယ်။ အဲ့တော့ ငါတို့တွေရဲ့ ဘိုးဘွားတွေက အတူတူပဲ။ မင်းရဲ့ သမီးကို မေးလိုက်။ တကယ်လို့ သူသာ ငါတို့အဖွဲ့ထဲ ပြန်လာမယ်ဆိုရင် အဆင်ပြေမလားဆိုတာ အဖွဲ့ ခေါင်းဆောင်ကို ငါမေးလိုက်မယ်။”

ထိုမေးခွန်းကို မေးလိုက်သည့်အခါ ချမ့်ကျွီဟွာက ဘာတစ်ခွန်းမှ မပြောဘဲ ငြင်းလိုက်သည်။

သူမက ကလေးတွေရဲ့ မျိုးရိုးနာမည်ကို ပြောင်းခဲ့တာ ဘိုးဘွားတွေကို အသိမှတ်ပြုချင်တဲ့ ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ ထျန်းတကျူးလို ထျန်းမိသားစုရဲ့ မျိုးရိုးနာမည်ကို မပေးချင်သောကြောင့် ဖြစ်သည်။

မိသားစုထဲ ပြန်ဝင်ဖို့ သူမရဲ့ မိဘအိမ် ပြန်သွားမည် ဆိုပါက သူမ ပျော်ရလိမ့်မည် မဟုတ်ပါ။ ဘာလို့ သူမက ပြန်ရမှာလဲ။ သူမရဲ့ မိဘအိမ်ဆို သူမရဲ့အိမ် မဟုတ်ဘူး။ သူမရဲ့ ယောင်းမတွေက လက်ထပ်ပြီး မိသားစုထဲကို ဝင်လာပြီ။ သူမရဲ့ အစ်ကိုတွေကလည်း မိသားစုတစ်စုကို စတင်ခဲ့ကြပြီဆိုတော့ အဲ့ဒါက သူမရဲ့ ယောင်းမနဲ့ အစ်ကိုရဲ့ အိမ်ဖြစ်သွားပြီ။ သူမရဲ့အိမ် မဟုတ်တော့ဘူး။

သူမရဲ့အိမ်က ကောရှန်ရွာမှာရှိပြီး သူမရဲ့ သူငယ်ချင်းတွေကလည်း အဲ့မှာပဲ ရှိသည်။

ချမ့်ကျွီဟွာက သူမရဲ့ မိဘတွေကို ဖြေရှင်းချက်တစ်ခု ပေးဖို့အတွက် ကလေးတွေကို ပြန်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့မှသာ သူမရဲ့ တပ်မဟာထဲရှိလူတွေက အဲ့အကြောင်းကို မကြားရတော့ဘဲ ဘာခန့်မှန်းမှုကိုမှ လုပ်နိုင်လိမ့်မည် မဟုတ်ပါ။

ချမ့်ကျွီဟွာရဲ့ အဖေက သူ့ရဲ့ဦးလေးထံ သတင်းကို ပေးပို့ခဲ့သည်။ သူက အဲ့ကိစ္စကို စိတ်မဝင်စားဘဲ ချမ့်ကျွီဟွာရဲ့ အဖေကို စကားတစ်ခွန်းသာ အကြံ ပေးခဲ့သည်။

“သူ့မှာ ငါတို့ရဲ့ မျိုးရိုးနာမည်ရှိပြီးကတည်းက သူက ငါတို့ချမ့်မိသားစုဝင်ပဲ။ အဲ့ဒါက ယောက်ျားလေးပဲ ဖြစ်နေပါစေ၊ မိန်းကလေးပဲ ဖြစ်နေပါစေ။ မင်းတို့ နှစ်ယောက်က သူ့ကို ပိုပြီး ဂရုစိုက်ကြရမယ်။ ပြီးရင် မင်းရဲ့သမီးကို လက်ကမ်းပေးရမယ်။ သူ့ဘာသာ သမီးသုံးယောက်ကို စောင့်ရှောက်ပေးဖို့ဆိုတာက မလွယ်ဘူး။”

မိသားစုထဲကို ဝင်ဖို့ဆိုတာက လူကိုယ်တိုင် ရောက်လာဖို့ မလိုပါပေ။ ဒီကောင်မလေးက နောက်ပိုင်းကျရင် ချမ့်မိသားစုကနေ ထပ်ပြီး လက်ထပ်ဦးမှာလားဆိုတာ ဘယ်သူကများ သိနိုင်မှာလဲ။

ချမ့်ကျွီဟွာရဲ့ မိဘတွေက ပြန်လာပြီး ထိုအကြောင်းကို တွေးမိသည့်အခါ သူတို့က အဲ့စကားရဲ့ အဓိပ္ပါယ်ကို ခံစားမိခဲ့ကြသည်။

ကလေးတစ်ယောက်က အမေ့ရဲ့ မျိုးရိုးနာမည်ကို ရတယ်ဆိုတာ ရှားသည်။ သူမ ဒီလို လုပ်လိုက်ပြီဆိုတော့ သူ့ရဲ့ အဖိုးအဖွားတွေက သူတို့ရဲ့ အပြုအမူတွေကို ပြသပေးသင့်သည်။

အဲ့တော့ ချမ့်ကျွီဟွာရဲ့ ယောင်းမက ငြင်းနေပေမယ့် ချမ့်ကျွီဟွာရဲ့ အမေကတော့ စောင်လုပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ အစကြီးကို ရှာပြီး ကလေး နှစ်ယောက်အတွက် အင်္ကျီတစ်ထည်စီ ချုပ်ပေးခဲ့သည်။

အဲ့ဒါက ပစ္စည်းကောင်းတစ်ခုတော့ မဟုတ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ပထမဆုံးအကြိမ်ပဲလေ။

ချမ့်ကျွီဟွာသည် လက်ထပ်ပြီးကတည်းက သူမရဲ့ မိဘတွေဆီက လက်ဆောင်ရတယ်ဆိုတာ ဒါက ပထမဆုံးအကြိမ် ဖြစ်နေခဲ့ပြီး သူမရဲ့ ခံစားချက်တွေ ရှုပ်ထွေးနေခဲ့သည်။

သို့သော် မိုင်မောင့်နှင့် မိုင်စွေ့တို့ ညီအစ်မတွေက အဲ့လိုမျိုး မတွေးမိခဲ့ပါ။ သူတို့က အရွယ်ရောက်လာပြီ ဖြစ်ပြီး အဝတ်အစားအသစ်တွေကို ဝတ်ရတာက သူတို့အတွက် ရှားပါးသည်။ ထို့အပြင် ဒါက နှစ်သစ်ကူးလည်း မဟုတ်ပါ။

သူမက အဝတ်အစား အသစ်တွေနှင့် လှနေသည့်အတွက် ချွတ်ဖို့ကို ငြင်းနေခဲ့သည်။ သူမက ဆံပင်ကို သပ်သပ်ရပ်ရပ်နှင့် ကျစ်ဆံမြီး ကျစ်ထားပြီး မျက်နှာကို သစ်ခဲ့သည်။ သူမက အတော်လေးကို ချစ်ဖို့ကောင်းသည်။

ဝမ့်ရင်းက သူတို့နှစ်ယောက်ကို သကြားလုံး တစ်လုံးစီ ပေးခဲ့သည်။ အခုဆိုရင် သူမက ကလေးနှစ်ယောက်နှင့် အတော်လေး အဆင်ပြေနေခဲ့ပြီဖြစ်ကာ သူမရဲ့ အိတ်ကပ်ထဲမှာ အမြဲလိုလို သကြားလုံးအနည်းငယ်ကို ထည့်ထားတတ်သည်။

မိုင်စွေ့က သကြားလုံးကို ပါးစပ်ထဲသို့ ထိုးထည့်ခဲ့ပြီး သူမရဲ့ ပါးလေးတွေက ဖောင်းနေခဲ့သည်။ မိုင်စွေ့က အဲ့ဒါကို ဂရုတစိုက်နှင့် ဖယ်လိုက်ပြီး ပြန်ယူကာ နှစ်ပိုင်း ပိုင်းလိုက်ပြီး တစ်ဝက်ကို ချမ့်ကျွီဟွာအား ပေးလိုက်ကာ တစ်ဝက်ကိုတော့ သူမဘာသာ စားနေခဲ့သည်။

ဒီရက်တွေမှာ ချမ့်ကျွီဟွာက အရမ်းကို အလုပ်ရှုပ်နေခဲ့သည်။ အဖွဲ့ခေါင်းဆောင်က ဒုတိယအကြိမ် ကောက်ရိတ်သိမ်းပြီး သို့မဟုတ် မရိတ်သိမ်းခင်မှာ ဝက်တစ်ကောင်ကို သတ်မည်ဟု ပြောခဲ့သည်။ တကယ်လို့ အဲ့ဝက်က ကီလိုဂရမ် ၁၅၀ ကျော်ပါက သူမက လုပ်ခရမှတ်အပြည့် ရလိမ့်မည် ဖြစ်ပြီး သူမမွေးထားသော ဝက်တစ်ကောင်လောက်က ကီလိုဂရမ် ၁၅၀ ကျော်ဖို့ကို မျှော်လင့်နေခဲ့သည်။

ဝမ့်ရင်းက ထုံးစံအတိုင်း ဝိဉာဥ်စမ်းချောင်းမှရေကို ဖြန်းပေးဖို့ သွားခဲ့ပြီးနောက် ပျော်ရွှင်စွာပဲ အိမ်ကို ပြန်လာခဲ့သည်။

အချိန်တွေကုန်တာ မြန်နေခဲ့ပြီး ရက်အနည်းငယ် အတွင်းမှာတင်ပဲ မြို့ကိုသွားဖို့ အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။

ဒီတစ်ခေါက် မြို့မှာ လုပ်စရာတွေ အများကြီး ရှိသည်။ အရင်ဆုံး သယတို့တွေ ရှုမင်းကို စာသွားပို့ရမည်။ ပြီးရင် ချမ့်တုန်ကို အရွက်ခြောက်တွေ သွားပို့ရမည်။ စာမေးပွဲ သွားဖြေရမည်။ ပြီးရင် အပ်ချုပ်စက်လည်း သွားဝယ်ရမည်ပင်။

သူတို့ အချိန်ကို ကြည့်လိုက်ရင် တစ်ရက်တည်းနဲ့ လောက်မှာတော့ မဟုတ်ပေ။ ရှုရွှမ်းရဲ့ စာမေးပွဲက တစ်ရက်နီးပါး ကြာရုံတင်မကဘူး မနက် အစောပိုင်းလည်း စာမေးပွဲ ထပ်ဖြေရဦးမှာ။

ဝမ့်ရင်းက ကောင်စီမြို့မှာ တစ်ညအိပ်ဖို့အတွက် အကြံပေးခဲ့သည်။ သို့မှသာ အရာအားလုံးကို အချိန် နှစ်ရက်ဖြင့် လုပ်နိုင်မည် ဖြစ်သည်။

ရှုရွှမ်းက စာမေးပွဲဖြေရမည် ဖြစ်သည့်အတွက် ချမ့်တုန်ရဲ့အိမ်မှာ နေလို့ရမည် ဖြစ်သည်။ သို့သော် ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုအတွက်တော့ မသင့်တော်ပါ။ ထို့ကြောင့် သူတို့က တည်းခိုခန်းမှာ နေဖို့ စီစဥ်ခဲ့သည်။ တည်းခိုခန်းကလည်း ချမ့်တုန်ရဲ့အိမ်နှင့် သိပ်မဝေးပါ။

ထို့ကြောင့် နှစ်ဖက်လုံးက ခွဲနေဖို့ ပြင်ဆင်ခဲ့ကြသည်။ ဝမ့်ရင်းက မိတ်ဆက်စာ သွားယူဖို့ ထျန်းယိုဖုဆီကို သွားခဲ့သည်။ သူမက အမျိုးသမီးကြီး မစ္စရှုကို ဆေးရုံမှာ ဆေးစစ်ဖို့အတွက် ခေါ်သွားမည်ဟုလည်း ပြောခဲ့သည်။ သူမက ချက်ချင်းပဲ နှစ်ရက်စာအတွက် မိတ်ဆက်စာကို ရခဲ့သည်။ သူမသည် မကြာသေးခင်က ပြင်ဆင်ထားသော ဆေးပစ္စည်းများကို သူမနှင့်အတူ ယူသွားခဲ့ပြီး အချို့ဟာတွေက ပြင်တောင် မပြင်ဆင်ရသေးပါ။

အကြောင်းမှာ သူမက နောက်နှစ်လလောက်အထိ မြို့ကို သွားဖို့အတွက် မမျှော်လင့်ထားခဲ့ပါ။ ဝမ့်ရင်းက အိမ်ကနေ လက်မှတ်တွေအားလုံးကို ယူသွားခဲ့ပြီး ဝယ်ဖို့ ပြင်ဆင်သွားခဲ့သည်။

ဘာဝယ်ရမှာလဲ။

အိမ်မှာ ဆီမရှိတော့ဘူး။

ဒါက လက်တွေ့ကျတဲ့ ပြဿနာတစ်ခု ဖြစ်သည်။ သူတို့ မိသားစုက ဆီအရမ်းသုံးသည်။ ဝက်ဆီတစ်ပန်းကန်က အကြာကြီး မသုံးရပါ။ မိသားစုပိုင် လယ်ကွက်ကို ဆီထွက်တဲ့ အပင်တွေ စိုက်ထားခဲ့သော်လည်း အဲ့ဒါက သူတို့ရဲ့ သုံးစွဲမှုကိုတော့ မကာနိုင်ခဲ့ပါ။

ဝမ့်ရင်းက ဆီလက်မှတ်တွေ ရဖို့အတွက် မြို့မှာရှိသည့် မှောင်ခိုစျေးကို သွားရမယ်ဟု တွေးနေခဲ့သည်။

ဆီအပြင် အိမ်မှာ အသုံးများသော သကြားကလည်း အဲ့မှာရှိသည်။ ဆပ်ပြာ၊ သွားတိုက်ဆေး….

သူမ အဲ့အကြောင်းကို တွေးလိုက်ရင် ဒါက ပိုက်ဆံကုန်ဖို့ အပြင်ထွက်တာပဲ။

All Chapters