← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 12 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 12 Ch. 143-144

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၄၃

ဝမ့်ရင်းမှာက ကံကြမ္မာကောင်းတစ်ခု ရှိသော်လည်း သူမက မကောင်းတဲ့ အငွေ့အသက် တစ်ခုခုကို ခံစားမိနေခဲ့သည်။

အပ်ချုပ်စက်ဝယ်ဖို့က ယွမ်နှစ်ရာနီးပါးလောက် ကုန်လိမ့်မည်။ ပြီးတော့ ဒုတိယအကြိမ် ကောက်ရိတ်သိမ်းချိန်ပြီးရင် သူမက ဘေးအိမ်ကို ဖြိုချပြီး ပြန်ဆောက်ရဦးမည်။ ဒီလောက် ပိုက်ဆံကုန်စရာတွေ အများကြီးဖြစ်နေတော့ မိသားစုရဲ့ ပစ္စည်းတွေနဲ့ လုံလောက်အောင် အနိုင်နိုင် နေရမှာပင်။

ဝမ့်ရင်းက စိုးရိမ်စိတ်အပြည့်နှင့် ပစ္စည်းတွေကို စတင် ထုပ်ပိုးပြီး ရှုရွှမ်းက ဝမ်ကောတုန်တို့ဆီက ခွင့်ယူဖို့ ပြောခဲ့သည်။

ဝမ်ကောတုန် စားသောက်ဆိုင်ကို သွားတယ်ဆိုတာက ရှားသည်။ ရှုရွှမ်းက ဒုတိယအဆင့် စားဖိုမှူး လက်မှတ်အတွက် ခွင့်ယူမယ်လို့ ပြောလိုက်တာက ပထမဆုံးအကြိမ်ဖြစ်သည်။ သူက ရင်တွေတောင် တုန်သွားခဲ့သည်။

“မင်းက စားဖိုမှူးစာမေးပွဲကို ဝင်ဖြေချင်တာကို ငါက ဘယ်လိုလုပ် မသိလိုက်ရတာလဲ။”

ရှုရွှမ်း - “ကျွန်တော် မပြောမိဘူးလား။ ကျွန်တော့်ရဲ့ လျှောက်လွှာပေါ်မှာ အရင်က တံဆိပ်ဆုံး မထုခဲ့ဘူးလား။”

ဝမ်ကောတုန်က ဒေါသထွက်ပြီး တွန်တိုတတ်တဲ့ လူတစ်ယောက်လို ရှုရွှမ်းအား တိတ်တခိုးလေး ကျိန်ဆဲနေခဲ့သည်။ သူက ဆိုင်ထဲက ပစ္စည်းတွေကို မကြည့်ဘဲနဲ့ အမြဲတမ်း ဒီတိုင်းသာ တံဆိပ်တုံး ထုခဲ့တာ သိနေခဲ့သည်။

ဝမ်ကောတုန်က ပညာကောင်းကောင်း မတတ်ဘဲ သူ အသက်ကြီးလာတဲ့အခါ ပစ္စည်းတွေကို ဖတ်ဖို့အတွက် ခက်ခဲသည့် အချိန်တစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် စာရွက်စာတမ်းတွေ လုပ်ဖို့အတွက် အမြဲတမ်း ရှုရွှမ်းကို စောင့်နေပြီး လိုအပ်သည့် နေရာကိုသာ တံဆိပ်တုံး ထုပေးခဲ့သည်။

ဘယ်ဟာက စာမေးပွဲလျှောက်လွှာ ဖြစ်နေမလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။

ဝမ်ကောတုန်က ရင်ဘက်တွေ အောင့်သွားခဲ့သည်။ ဒီနှစ် နွေရာသီအစမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စပြီးတဲ့နောက်မှာ သူက ရှုရွှမ်းကို အတော်လေး မကျေမနပ် ဖြစ်ခဲ့သည်။ ခေါင်းဆောင်က သူ့အတွက် တစ်ခုခုကို စီစဥ်ပေးခဲ့သည်။ သို့သော် သူက အမြဲတမ်းလိုလို ဆင်ခြေတွေသာ ပေးခဲ့သည်။ ဒါဟာ ဝမ်ကောတုန်က လေးလေးနက်နက်မရှိတာ သိသာနေခဲ့သည်။

အစတုန်းက ရှုရွှမ်းရဲ့ စာမေးပွဲကို နှောင့်နှေးအောင် လုပ်ဖို့အတွက် စီစဥ်ထားခဲ့တာ။ ဒါပေမယ့် အဲ့ဒါက အရမ်းကို မြန်မြန်နဲ့ ဒီနှစ်ထဲမှာပဲ ရသွားပြီ။

ဒါက သူ့ကို အတော်လေး စိုးရိမ်စေခဲ့သည်။ ရှုရွှမ်းမှာ အရည်ချင်းကောင်းတွေ ရှိပြီး လက်မှတ်ကို ရပြီးတာနှင့် တစ်ပြိုင်နက် တရုတ်နှစ်ကူး ပြီးတဲ့နောက်မှာ သူက ကောင်စီမြို့ကို ပြောင်းနိုင်တော့မည် ဖြစ်သည်။

နောက်မှ ရှုရွှမ်းက သူ့ကို သတင်းပို့ရင်ရော ဘယ်လိုလုပ်မလဲ။

ဒါမှမဟုတ် ပြောရဆိုရ ပိုခက်တဲ့ လူငယ်တစ်ယောက် ထပ်ရောက်လာခဲ့ရင် ရှဲ့ယွဲ့ကျင်းနဲ့ သူဘာဆက်လုပ်ရမလဲ။

ဝမ်ကောတုန်ရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ချွေးစီးတွေ ကျလာခဲ့သည်။ အခုချိန်မှာ သူက ရှုရွှမ်းကို အရှက်မရစေချင်ဘဲ ရှုရွှမ်းကိုသာ ခေါ်ထားချင်ခဲ့သည်။ တကယ်လို့ သူခွင့်ယူချင်ရင်တောင် ရှဲ့ယွဲ့ကျင်း မယူခင် ယူလို့ရနိုင်သည်။ ရှဲ့ယွဲ့ကျင်းက စားဖိုမှူးတစ်ယောက် ဖြစ်လာသည့်အတွက် သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ အလုပ်ကို ဆက်လုပ်နိုင်သည်။

ဒီနှစ် ရှုရွှမ်း ဒုတိယအဆင့် စားဖိုမှူးစာမေးပွဲကို ဝင်မဖြေရင်တော့ အကောင်းဆုံးပဲ။ တတိယအဆင့် စားဖိုမှူးဖြစ်တော့ရော ဘာဖြစ်မှာမလို့လဲ။

ဒါပေမယ့် သူက ရှုရွှမ်း စာမေးပွဲမဖြေရအောင် ရပ်ဖို့ ဘာနည်းလမ်းမှ မတွေးနိုင်ခဲ့ပါ။ ထို့ကြောင့် သူက ရှုရွှမ်းရဲ့ လျှောက်လွှာမှာ တံဆိပ်တုံး ထုပေးခဲ့ရကာ ခွင့်ပေးလိုက်ရသည်။

ဝမ်ကောတုန်က ရှဲ့ယွဲ့ကျင်းကို စိတ်ပျက်စွာ တွေ့ခဲ့ပြီး ပြောလိုက်သည်။ “ ရှောင်ရှဲ့ မင်းလည်း အလုပ်ကို ပိုကြိုးစားသင့်တယ်။ မင်းလည်း ဒီနှစ် အငယ်တန်း စာမေးပွဲကို အောင်ရင်တော့ အကောင်းဆုံးပဲ။”

အခုချိန်မှာ တစ်ခုတည်းသော ဖြေရှင်းချက်က ရှဲ့ယွဲ့ကျင်းကို ရှုရွှမ်းရဲ့တာဝန်တွေ ယူခိုင်းဖို့ပဲ။ သူတို့တွေ ဆိုင်ကိုတော့ ဘာမှမရှိဘဲ မထားနိုင်ဘူး။ တစ်ယောက်ယောက်လောက် ပို့ပေးဖို့ကို အထက်က လူကြီးတွေကိုပြောရလိမ့်မည်။

ရှဲ့ယွဲ့ကျင်းက စောဒက တက်ခဲ့သည်။ သူက စာမေးပွဲကို ဖြေချင်ခဲ့သော်လည်း ပြဿနာကတော့ သူက အဲ့ဒါကို မအောင်နိုင်တာပဲ ဖြစ်သည်။

တကယ်လို့ ရှုရွှမ်းသာ သူ့ကို မထောက်ခံပေးရင် ပြဿနာကို ဖြေရှင်းဖို့အတွက် သူက လူတစ်ယောက်ကို ရှာရမည် ဖြစ်သည်။ သို့သော် အရင်တုန်းက သူသည် မြို့ကိုလာပြီး စားဖိုမှူးတစ်ယောက်ကို ရှာတွေ့ကာ သူ့ကို လေ့ကျင့်ပေးဖို့အတွက် အဲ့လူကို ပြောခဲ့သေးသည်။ အနည်းဆုံးတော့ သူက အငယ်တန်းအဆင့် စာမေးပွဲကို ဖြေနိုင်မည် ဖြစ်သည်။

သို့သော် တစ်ဖက်လူက အငယ်တန်းအဆင့် စာမေးပွဲရဲ့ ခေါင်းစဥ်တွေကို ပြောပြသည့်အခါ သူက စိတ်ဓာတ်ကျသွားခဲ့သည်။

သူက ဓားကိုင်တာ ကျွမ်းကျင်လားဆိုသည့် စစ်ဆေးမှုကိုတောင် မဖြတ်ကျော်နိုင်ခဲ့ပါ။

ရှဲ့ယွဲ့ကျင်းက စိတ်ညစ်စွာ ပြန်ပြောခဲ့သည်။ “ဟုတ်ကဲ့ပါ၊ ခေါင်းဆောင်။ ကျွန်တော် ကြိုးစားပါ့မယ်”

အဲ့ဒါဆို ဘယ်လို အလုပ်ကြိုးစားရမှာလဲ။ ကူညီဖို့ သူတို့က ရှုရွှမ်းကို မေးနေရတုန်းလေ။

ရှဲ့ယွဲ့ကျင်းသည် ကိစ္စတွေက သူ့အတွက် သိပ်ပြီး အဆင်မပြေတာကို ခံစားမိလာခဲ့သည်။ ပထမဆုံး သူက မင်္ဂလာပွဲ ကျင်းပမည့် ကိစ္စအတွက် ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပြီး သူက စာမေးပွဲကိစ္စလည်း ဖြေရဦးမည် ဖြစ်သည်။

သူတို့နှစ်ယောက်လုံးက ရှုရွှမ်းကို မှီခိုကြရသည်။

ရှဲ့ယွဲ့ကျင်းက သက်ပြင်းချဖို့တောင် ခွန်အား မရှိတော့ပါ။

ရှုရွှမ်းက မိတ်ဆက်စာနှင့် ကုန်ခြောက်ပစ္စည်းတွေ ထည့်ထားသော ခြင်းတောင်းကို ယူလိုက်သည်။ ဝမ့်ရင်းက ဘက်စ်ကားစီးဖို့ အမျိုးသမီးကြီး မစ္စရှုကို ခေါ်သွားပြီး အရင်ဆုံး မြို့ထဲမှာ ချမ့်တုန်ကို ရှာဖို့အတွက် ရှုရွှမ်းအား ပြောခဲ့သည်။

သူတို့သုံးယောက်က မြို့ထဲက ချမ့်တုန်ရဲ့အိမ်မှာ ဆုံခဲ့ကြသည်။

ချမ့်တုန်ရဲ့ အိမ်ခြံဝန်းထဲမှာ နေ့လည်စာကို ပျော်ရွှင်စွာ စားနေခဲ့ကြသည်။ ဝမ့်ရင်းက အမျိုးသမီးကြီး မစ္စရှုကို ဆွဲသွားခဲ့သော်လည်း ခြံဝန်းရဲ့ အရှေ့ဘက်မှာရှိသည့် မျက်ခုံးကို ပင့်ထားသော မိန်းမကြီးတစ်ယောက်ရဲ့ တားဆီးခြင်းကို ခံခဲ့ရသည်။ ထိုမိန်းမကြီးက အမျိုးသမီးကြီး မစ္စရှုကို ဘယ်ပြန်၊ ညာပြန် ကြည့်နေခဲ့ကာ အဲ့ဒါကပဲ သူမကို စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

တစ်ဖက်လူရဲ့ အကြည့်တွေကို ကာပေးဖို့ ဝမ့်ရင်းက အရှေ့ထွက်ပြီး ရပ်လိုက်သည်။

“အဒေါ်၊ ကျွန်မ အဒေါ့်ကို ဘာများ ကူညီပေးရမလဲ။”

မိန်းမကြီးက အရှေ့ကနေ မျက်မှောင်ကိုကြုတ်ပြီး ပွစိပွစိ ပြောခဲ့သည်။ “မြေခွေးလို စိတ်မျိုးပဲ။”

ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှု - ????

သူတို့နှစ်ယောက်က စိတ်ရှုပ်သွားခဲ့ကြပြီး အခြား မိန်းမကြီးက ကြားဖြတ် ပြောခဲ့ကြသည်။ “ဟေ့၊ မစ္စ ဘာလုပ်နေတာလဲ။ ရှင့်ကိုယ်ရှင် ဆရာချမ့်ရဲ့ မိန်းမလို့ တကယ် ထင်နေတာလား။ ရှင်က မိန်းမကြီး တစ်ယောက်ကိုမြင်ပြီး သူ့အကြောင်းကို ပြောနေရင် မသိတဲ့သူတွေက ရှင်တို့ကို ဆရာချမ့်နဲ့ တရားဝင် လက်ထပ်ထားတာလို့ ထင်ကြမှာပဲလေ။”

ဝမ့်ရင်းက အဲ့လိုမျိုး ထေ့ငေါ့သည့် စကားကို ချက်ချင်း နားလည်လုနီးပါး ဖြစ်သွားခဲ့သည်။

'အိုး၊ အဲ့ဒါက ဆရာချမ့်ရဲ့ မက်မွန်ပွင့်လေးပဲ။'

အမျိုးသမီးကြီး မစ္စရှုက ကူကယ်ရာမဲ့နေပုံ ရသည်။ သူမနှင့် ချမ့်တုန်တို့က အဲ့လို ဆက်ဆံရေးမျိုး မရှိခဲ့ပါ။ ရှုရွှမ်းက ချမ့်တုန်ဆီကနေ ပညာသင်ယူခဲ့သော်လည်း သူတို့နှစ်ယောက်က လုံးဝကို မရင်းနှီးခဲ့ကြပါ။

သို့သော် ရှုရွှမ်းရဲ့အဖေ အသက်ရှိစဥ်အခါတုန်းက ချမ့်တုန်နှင့် သူငယ်ချင်း ဆက်ဆံရေးမျိုး ရှိခဲ့သည်။

“အစ်မကြီး၊ ရှင် နားလည်မှု လွဲနေပြီ။ ကျွန်မက ချမ့်တုန် တပည့်ရဲ့ အမေအရင်းပါ။”

သူမက အဲ့ဒါကို မရှင်းပြခဲ့ရင် ပိုပြီး အဆင်ပြေလိမ့်မည်။ သူမက အဲ့ဒါကို ရှင်းပြလိုက်သည့်အခါ ထိုမိန်းမကြီးက မျက်ခုံးကို ပင့်ပြီး ပိုပြီးတောင် စိတ်လှုပ်ရှားသွားခဲ့သည်။

“ဟုတ်ပြီ။ ဒါဆို ရှင်က ဘယ်သူလဲ။ ရှင့်သားက နေ့တိုင်း သူ့ဆရာရဲ့ ပိုက်ဆံကိုခိုးဖို့ ဒီကို လာနေတာ။ သူ့ကို အဲ့လို လုပ်ဖို့ တိုက်တွန်းနေတာက သူ့ရဲ့အမေ ရှင်ပဲ ဖြစ်ကို ဖြစ်ရမယ်။ ကျွန်မတော့ ဒီလို အရှက်မရှိတဲ့ တပည့်မျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ သူက သူ့ရဲ့ဆရာကို လက်ဆောင်တွေ ပေးရမယ့်အစား ဆရာ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုတောင် မျက်စောင်းလာထိုးနေတယ်။”

ဒါက အဓိပ္ပါယ်မရှိသည့်အတွက် ဝမ့်ရင်းက အရှေ့ကို ထွက်လာပြီး ပြောခဲ့သည်။ “အန်တီ၊ ရှင့်အသက်ကို ကြည့်ရတာ ကြီးနေပြီလို့ မထင်ဘူးလား။ ရှင်ပြောတော့ ဆရာချမ့်က သူ့ရဲ့ပိုက်ဆံတွေ အကုန်လုံး သူ့တပည့်ဆီ ပေးတာဆို။ ဒါပေမယ့် အဲ့ဒါက ရှင်နဲ့ ဘာဆိုင်လို့လဲ။ ရှင်က ဆရာချမ့်နဲ့ အတူတူ နေနေလို့လား။ ဒါမှမဟုတ် လက်ထပ်ထားလို့လား။ ကျွန်မရဲ့ ယောက္ခမကို ဒီလို မေးခွန်းမျိုး မေးရအောင် ရှင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ။ တကယ်ကို ရယ်ချင်စရာပါလား။ သူက အိမ်နီးချင်းပဲလေ။ အမျိုးတောင် မဟုတ်ဘူးမလား။ ရှင်က တစ်ခြားသူရဲ့ ကိစ္စတွေမှာ ဝင်ပါနေတာပဲ။ ရှင်က ပစိဖိတ် သမုဒ္ဒရာလယ်မှာ နေနေသလိုပဲနော်။ ဒီကိစ္စက ရှင်နဲ့ ဘာမှဆိုင်ဘူး။”

ဝမ့်ရင်း ဆက်တိုက်ပြောသွားသော မှတ်ချက်တွေက ထိုမိန်းမကြီးကို မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်သွားစေသည်။

ဝမ့်ရင်းက ရန်မဖြစ်ချင်သည့်အတွက် လမ်းလျှောက်ဖို့ အမျိုးသမီးကြီး မစ္စရှုကို နောက်ဖေးခြံဘက်သို့သာ ဆွဲခေါ်သွားခဲ့သည်။ “အမေ၊ သွားကြမယ်။ အခု အိမ်နီးချင်းက အရမ်း နားငြီးတယ်ဆိုတာ ဆရာ့ကို သမီး သွားပြောလိုက်မယ်။ မသိရင် သူ့ရဲ့အိမ်က ရပ်ကွက်ရုံးကြီးလို့ ထင်မိမှာပဲ။”

ဝမ့်ရင်းက အခုလို ပြောလိုက်သည့်အတွက် နောက်ဖေးသို့ သူမ ရောက်သွားသည့်တိုင်အောင် အရှေ့ဘက်ရှိ ထိုမိန်းမကြီးရဲ့ အော်သံကိုတောင် ကြားခဲ့ရသည်။

“မကောင်းတဲ့ဟာမလေး။ ငါ့ရဲ့မကောင်းကြောင်းကို အကိုချမ့်ရဲ့အရှေ့မှာ ပြောရဲပြောကြည့် ငါ နင့်ရဲ့ ပါးစပ်ကို ဆွဲဖြဲပစ်မယ်။”

ရှုရွှမ်းက စောစော ရောက်သွားခဲ့ပြီး ချမ့်တုန်နှင့်အတူ လက်ဖက်ရည် သောက်နေခဲ့သည်။

သူမတို့နှစ်ယောက်လာတာကို တွေ့တော့ သူလည်း သူတို့ နှစ်ယောက်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။

ချမ့်တုန်က စပ်စပ်စုစုနှင့် မေးလိုက်သည်။ “ခြံရဲ့ အရှေ့မှာ ဘာဖြစ်နေတာလဲ။ ဒီကနေ အစ်မလျန်ရဲ့ အော်သံကို ငါဘာလို့ ကြားနေရတာလဲ။”

ဝမ့်ရင်း - “သူ့ကို အစ်မလျန်လို့ ခေါ်လိုက်တာလား။ ဘာမှတော့ မဟုတ်ပါဘူး။ ဆရာ့မှာ မက်မွန်ပွင့်တွေ အများကြီး ရှိတာပဲနော်။”

ချမ့်တုန်က ဗိုက်အင့်လာခဲ့သည်။ သူက တဖြည်းဖြည်း အသက်ရလာပြီ ဖြစ်သည့်အတွက် သူဘာတွေပဲ လုပ်ပါစေ ဗိုက်က ပြန်မချပ်တော့ပါ။ သူက ကိုယ်ဝန် ခြောက်လလောက် ရှိနေသလို ဖြစ်နေခဲ့သည်။ “မိန်းကလေးရင်း၊ ငါ့ရဲ့ ဒီပုံစံကို ကြည့်ပါဦး။ ငါက မက်မွန်ပွင့်နဲ့ တူနေလို့လား။”

ဝမ့်ရင်း - “အဲဲဒါဆို ဒီမှာ ဆရာ့ကို သဘောကျတဲ့သူ တစ်ယောက်လောက် ရှိမယ်ဆိုရင် ဆရာက အဲ့လိုမျိုး လုပ်ဖို့ ဆန္ဒရှိမှာလား။”

ချမ့်တုန်က အလန့်တကြား လက်ခါပြလိုက်သည်။ “ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ငါတော့ လက်မထပ်ချင်ဘူး။ အခုကတော့ ငါ့အတွက် အဆင်ပြေနေတာကို မလုံလောက်လို့လား။ ငါ့ဘာသာ အရသာရှိတဲ့ စားစရာတွေ အကုန်လုံးကို စားလို့ရတယ်။ ငါ့မှာ ထောက်ပံ့စရာ ဘာမိသားစုမှ မရှိဘဲနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် နေနိုင်တယ်။”

အမျိုးသမီးကြီး မစ္စရှုက ရှက်ရှက်နှင့် ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ချမ့်တုန်ကို ပြောပြခဲ့သည်။ ထို့နောက် သူ့ရဲ့မျက်နှာက ချက်ချင်းဆိုသလို အနီရောင် ပြောင်းသွားခဲ့သည်။

“ငါ မဟုတ်ပါဘူးကွာ။”

ချမ့်တုန်က သူ့ရဲ့ ရိုးသားမှုတွေကို စွပ်စွဲသွားသလို ခံစားခဲ့ရပြီး အရမ်းလည်း ဒေါသထွက်သွားခဲ့သည်။ “ငါက သူ့ကို ဘာစကားတစ်ခွန်းမှတောင် မပြောခဲ့ဘူး။ ငါတို့တွေ ပတ်သက်နေတယ်လို့ သူက ဘာဖြစ်လို့ တွေးနေရတာလဲ။ ငါက တစ်ယောက်ယောက်ကို ရှာခဲ့ရင်တောင် သူ့လိုလူမျိုးကို ရှာမှာ မဟုတ်ဘူး။”

ဝမ့်ရင်းက ပြုံးပြီး ပြောလိုက်သည်။ “ကျွန်မ အထင်တော့ အဲ့မိန်းမက ခွန်အားတွေအပြည့်ပဲ။ ဆရာတို့တွေ တကယ် အတူတူရှိရင် သူက ဆရာ့ကို ကောင်းကောင်း ဆက်ဆံရင် ဆက်ဆံနိုင်ပါတယ်။”

ချမ့်တုန်က အရမ်းကို တုန်လှုပ်သွားခဲ့ရကာ သူ့ရဲ့ မျက်နှာက ဖြူဖျော့ဖျော့ ဖြစ်သွားခဲ့သည်။ “အဲ့ကိစ္စကို ထားလိုက်ပါတော့။ သူက ငါ့ကို မဆွဲဆောင်နိုင်ပါဘူး။ ဒါပေမယ့် သူ့ယောက်ျားက မနှစ်ကမှ ဆုံးသွားတာ။ ပြီးတော့ သူ့မှာ သားသုံးယောက်ရယ် မြေးတွေ အများကြီးရယ် ရှိတယ်။ ဒီနေ့ ငါသာ အရှုံးပေးလိုက်ရင် သူက မနက်ဖြန်ကျရင် ငါ့အိမ်ထဲမှာ သူ့ကလေးတွေ၊ မြေးတွေနဲ့ လာနေနေလိမ့်မယ်။ သူက ငါ့ကိုလည်း ပြုစုပေးလိမ့်မယ်။ ဒါပေမယ့် သူက မကြာခင် ငါသေဖို့ မျှော်လင့်နေမှာကိုလည်း စိုးရိမ်မိတယ်။”

ဒီလို လျှို့ဝှက်ချက်မျိုး ရှိနေမယ်ဆိုတာ ဝမ့်ရင်းက မသိခဲ့သည့်အတွက် စစနောက်နောက်နှင့်ပဲ ပြောခဲ့သည်။ “ကျွန်မတို့တွေ ဘာလုပ်သင့်လဲ။ အဲ့မိန်းမကြီးက အရမ်းတွေ ယုံကြည်မှုရှိနေတာကို ကျွန်မ မြင်ခဲ့ရတယ်။ သူက ခြံရှေ့မှာ ပိတ်ရပ်နေတာ။ ပြီးတော့ မျက်လုံးတွေက အရမ်းကို စူးရှတာပဲ။”

သူက အသက်ရွယ်တူရှိသည့် မိန်းမကြီးတစ်ယောက်ကို မြင်သည့်အခါ မြန်မြန်ပဲ သူမကို တားပြီး သတိပေးခဲ့သည်။ သူက အရမ်းကို ခက်ထန်ပုံရသည်။

ချမ့်တုန်က စိုးရိမ်တကြီး လှည့်လိုက်သည်။ “တကယ်လို့ အဲ့မိန်းမ ထပ်လာမယ်ဆိုရင် ငါ သူ့အကြောင်း သူဌေးကို သတင်းသွားပို့လိုက်မယ်။”

ဒီခြံဝန်းဟာ ပုံမှန်အားဖြင့် နိုင်ငံပိုင် စားသောက်ဆိုင်မှ ဝန်ထမ်းများ နေထိုင်ရာ အိမ်ရာ ဖြစ်သည်။ အဲ့မှာရှိတဲ့ လူတိုင်းက အတူတူပဲ ဖြစ်သည်။ ထိုမိန်းမကြီးရဲ့ ယောက်ျား အသက်ရှိစဥ်အခါတုန်းက နိုင်ငံပိုင် စားသောက်ဆိုင်မှာ အသီးရွက် ဆေးတဲ့သူဖြစ်သော်လည်း မနှစ်ကမှ ဒီအလုပ်ကို သူ့ရဲ့ အငယ်ဆုံးသားကို လက်လွှဲပေးခဲ့သည်။ သူမရဲ့ အကြီးဆုံး သားကလည်း နိုင်ငံပိုင် စားသောက်ဆိုင်မှာရှိ အခြား စားဖိုမှူးတစ်ယောက်ရဲ့ လက်အောက်မှာ ဓားကိုင်တဲ့သူအဖြစ် လုပ်ကိုင်သည်။

ချမ့်တုန်ရဲ့ ဟင်းချက်လက်ရာက အရမ်းကြီး မကောင်းသော်လည်း အရင်နှစ်တုန်းက သူသည် သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုများစွာကို လှူဒါန်းပေးခဲ့သည်။ ထို့အပြင် နိုင်ငံပိုင် စားသောက်ဆိုင်ရဲ့ မြေနေရာနှင့် အိမ်သည် အစတုန်းက သူ့ရဲ့အပိုင် ဖြစ်သည်။ ထို့ကြောင့် သူက နိုင်ငံပိုင် စားသောက်ဆိုင် အပေါ်မှာ အများကြီး လွှမ်းမိုးမှု ရှိသည်။

ဒါက တကယ်လို့ အလုပ်မဖြစ်ပါက သူ့ရဲ့ ခေါင်းဆောင်ကို တရားစွဲမည်ဟု တွေးထားခဲ့သည်။

ခေါင်းဆောင်တွေက အမြဲတမ်း အဲ့ကိစ္စတွေကို ဂရုစိုက်နိုင်တာ ဟုတ်တယ်မလား။

ဝမ့်ရင်းက ချမ့်တုန်နှင့် အဲ့ကိစ္စကို ရှင်းလင်းအောင် ပြုလုပ်ခဲ့သည်။ “ ကျွန်မကို စောစောစီးစီးပြောပါ။ ဆရာရယ်။ အဲ့လိုလူတွေ ဆရာ့ရဲ့ ဂုဏ်သိက္ခာကို ထပ်ပြီး စွပ်စွဲနေမယ်ဆိုရင် ဆရာ ဒုက္ခရောက်လိမ့်မယ်။”

ချမ့်တုန်က ခေါင်းကိုငြိမ့်ပြီး ပြောလိုက်သည်။ “ချက်ချင်းလုပ်တော့။”

သူက လက်တွဲဖော်ရှာနေတယ်ဟု အခြားသူတွေကို မထင်စေချင်ပါ။ အဲ့ကိစ္စသာ ပေါက်ကြားသွားပါက ဖြေရှင်းဖို့ ခက်သွားလိမ့်မည် ဖြစ်သည်။

ရှုရွှမ်းက အဲ့ထက်ပိုတွေးထားတာ သိသာသည်။ “ဆရာ၊ အဲ့ကိစ္စကို ဟိုတယ်ရောက်ရင် ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါ။”

အဲ့မိန်းမကြီးရဲ့သားက ဆိုင်မှာ ဓားကိုင်တဲ့အလုပ်ကို လုပ်နေတာလေ။ သူက ချမ့်တုန်ရဲ့ နာမည်ကိုသုံးပြီး တစ်ခုခုလုပ်ဖို့ ကြံစည်နေတာလားဆိုတာကို ဘယ်သူက သိမှာလဲ။

ချမ့်တုန်သည် အရင်က စကားတွေကို ဟာသအဖြစ် သတ်မှတ်နိုင်သော်လည်း ရှုရွှမ်းက အဲ့စကားကို ပြောပြီးနောက် ချမ့်တုန်က ပိုပိုပြီးတော့ လေးနက်တာ သိသာလာခဲ့သည်။ သူက ခေါင်းငြိမ့်ပြီး ပြောခဲ့သည်။ “ဟမ်။”

အရေးမပါတဲ့ လူတွေအကြောင်းကို ပြောပြီးနောက် သူတို့က ညစာစားဖို့အတွက် ပျော်ပျော်ရွှင်ရွှင်နှင့် စတင် ပြင်ဆင်ခဲ့ကြသည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၄၄

ရှုရွှမ်းက ငါးနှင့် ယုန်သားကို ယူလာခဲ့ပြီး ချမ့်တုန်းက ပိုပြီး ပျော်ရွှင်စွာ အသားတွေကို အတုံးလေးတွေအဖြစ် လှီးလိုက်သည်။

နေ့လည်စာအတွက် ဟင်းပွဲများထဲမှာ ယုန်သားကို ဂျင်းအတက်နှင့် ငရုတ်ကောင်း၊ ဆန်မှုန့်နှင့် ဝက်သားပေါင်း၊ ငရုတ်သီးနှင့် ငါးခေါင်း၊ ငါး ဗိုက်သားချက်နှင့် ငါးအသားလုံးချက်တို့ ပါဝင်သည်။

ဟင်းပွဲအများစုက အဓိက စားစရာတွေသာ ဖြစ်သည်။ ချမ်တုန်ကလည်း ဝိုင်တစ်အိုးကို ယူလာခဲ့သည်။ သူက ဝိုင်ကို သောက်ပြီးတဲ့နောက် မျက်နှာက နီရဲသွားခဲ့သည်။

ဝမ့်ရင်းက တစ်ခုပြီးတစ်ခုကို အရသာမြည်းခဲ့သည်။ ငရုတ်ကောင်းနှင့် ယုန်သားက စပ်ပြီး ထုံကာ လတ်တက်၍ အရသာရှိသည်။ ယုန်သားက အရမ်းကို နူးညံ့ပြီး သူမအရင်စားဖူးသော အခြောက်ခံထားသည့် ယုန်သားရဲ့ အရသာနှင့် လုံးဝကို ကွာခြားသည်။ အိပြီး နူးညံ့သော ယုန်သားက ငရုတ်ကောင်းကြောင့် ချဥ်စပ် အရသာမျိုးရှိပြီး အရသာခံဖုလေးတွေကို အသက်ဝင်စေခဲ့သည်။

ဆန်မှုန့်ဖြင့် ပေါင်းထားသော ဝက်သားက နူးညံ့ပြီး အရသာရှိသည်။ ငရုတ်သီးနှင့် ငါးခေါင်းက စပ်ပြီး အနံ့က စူးသည်။ ငါးဗိုက်သားက အရသာအပြည့်ရှိပြီး ငါးအသားတုံးက ငါးရဲ့ လတ်ဆက်မှုကို အများဆုံး ခံစားမိခဲ့ရသည်။

ဝမ့်ရင်းက ထိုဟင်းပွဲတွေကို အရမ်း သဘောကျခဲ့သည်။

ချမ့်တုန်က သူ့ကို လက်မထောင်ပြခဲ့သည်။ “ဟုတ်ပြီ၊ မနက်ဖြန် မင်း စာမေးပွဲအောင်ဖို့ ဘာပြဿနာမှ မရှိတော့ဘူး။”

ဒီဟင်းပွဲတွေရဲ့ အရသာက သူ့ဟင်းပွဲထက် ပိုကောင်းသည်။ သူက ဒုတိယအဆင့် လက်မှတ်ကို မရနိုင်ပါက မကောင်းတာ တစ်ခုခုတော့ ရှိနေမည် ဖြစ်သည်။

သူတို့ စားစရာရှိတာကို စားပြီးနောက် သူတို့ သုံးယောက်က ထွက်လာကြပြီး အရင်ဆုံး ဆေးဖက်ဝင် ပစ္စည်းများကို သွားပို့ခဲ့ကြသည်။ ထို့နောက် အပ်ချုပ်စက်ကို ကြည့်ဖို့အတွက် ထွက်သွားခဲ့ကြသည်။

အပ်ချုပ်စက်ကို ဝယ်တဲ့သူက အများကြီး မရှိပါ။ ထို့အပြင် အဲ့ပစ္စည်းတွေက လက်မှတ်ဖြင့်သာ ဝယ်လို့ ရသည့်အခါ အဲ့ဒါကို ဝယ်ဖို့အတွက် ဘယ်သူကမှ အလျင်လိုနေဖို့ မလိုသလို ဘယ်သူကမှလည်း အဲ့ဒါကို ဆွဲလုမည် မဟုတ်ပါ။

သူတို့သုံးယောက်က အဲ့နေရာကို ရောက်လာခဲ့ကြသည်။ ပစ္စည်းရောင်းတဲ့သူက သူတို့ကို နွေးထွေးစွာ ပြုံးပြပြီး ပြောလိုက်သည်။ “ဒါက ပစ္စည်းအသစ်တွေပါ။ တစ်ချက်လောက် လိုက်ကြည့်ချင်သေးလား။”

တကယ်လို့ မင်းမှာ အပ်ချုပ်စက်ဝယ်ဖို့ ပိုက်ဆံရှိရင် အရောင်းဝန်ထမ်းက ပုံမှန်ထက်ပိုပြီး ကောင်းကောင်း ဆက်ဆံလိမ့်မည်။ အပ်ချုပ်စက်အတွက် လက်မှတ် တစ်စောင် ရဖို့ဆိုတာက မလွယ်ပေ။ ပြီးတော့ မြို့က တပ်သားတွေရဲ့ မိသားစုတိုင်းမှာလည်း မရှိချေ။

ရောင်းချတဲ့ အပ်ချုပ်စက် တံဆိပ်တွေက တစ်ခုထပ်မက ရှိသည်။ လိပ်ပြာ၊ ပျား၊ စန္ဒြနဲ့ ပျံလွှားဆိုပြီး ပါဝင်သည်။

အရောင်းဝန်ထမ်းက တစ်ဖက်တွင်ရှိသော လိပ်ပြာတံဆိပ်ကို ညွှန်ပြကာ ပြောလိုက်သည်။ “ဒါတွေ အားလုံးက လိပ်ပြာတံဆိပ်တွေပဲ။ တကယ်လို့ အဲ့တံဆိပ်ကို မလိုချင်ဘူးဆိုရင် တစ်ခြားတံဆိပ်ကို ပြောင်းပေးလို့ ရပါတယ်။”

အပ်ချုပ်စက်အတွက် ထူးခြားတဲ့ တံဆိပ်ဆိုပြီး မရှိပါ။ အဓိကကတော့ တစ်ခုလောက်ရှိတာက ကောင်းတဲ့ အရာဖြစ်သည်။ အဲ့ဒါက အရေးအသွေးပိုင်းနှင့် ခွဲခြားလို့ရသည့် စက်ဘီးနှင့် မတူပါ။ အခုခေတ်မှာ အပ်ချုပ်စက်တွေကို တိတိကျကျနှင့် အရည်အသွေး ကောင်းကောင်း ထုတ်လုပ်လာခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက ရွေးချယ်စရာတွေကြောင့် စိတ်ရှုပ်သွားခဲ့ပြီး ဒါက ကောင်းသလို ဒီတစ်ခုကလည်း မဆိုးပါဘူးဟု တွေးနေခဲ့သည်။

ဝမ့်ရင်းက ကူညီပေးခဲ့ပြီး နောက်ဆုံးမှာတော့ ယန်တံဆိပ်ကို ရွေးခဲ့သည်။

“အစ်မတို့က အမြင်ရှိသားပဲ။ ဒီတံဆိပ်က မြို့ကနေ လာတာ။ ဒါက မြို့မှာဆို လူတိုင်းဝယ်နေတဲ့ တံဆိပ်ပဲ။”

မြို့အကြောင်းကို ပြောသည့်အခါ အမျိုးသမီးကြီး မစ္စရှုက ဂုဏ်ယူမိသွားခဲ့ပြီး အပ်ချုပ်စက်ကို မြင်သည့်အခါ သူမရဲ့ မျက်လုံးတွေက ပိုပြီးတော့ ပျော်ရွှင်နေခဲ့သည်။ သူမက အရောင်းဝန်ထမ်းကို တံဆိပ် လဲပေးသည့်အတွက် နောက်ထပ် နှစ်ယွမ်ကို ထပ်ပေးခဲ့သည်။

အရောင်းဝန်ထမ်းက အမျိုးသမီးကြီး မစ္စရှုကို ပြေစာ ပေးပြီး လက်မှတ်နှင့် ပိုက်ဆံကို ယူလိုက်သည်။ သူမက ပျော်နေခဲ့သည်။ တကယ်တမ်းမှာတော့ ဒီတစ်ခေါက် ရောက်လာသည့် အပ်ချုပ်စက်တွေက မှာထားပြီးသား ဖြစ်ပြီး အနည်းအကျဥ်းသာ ကျန်တော့သည်။ အကြောင်းမှာ အပ်ချုပ်စက်အတွက် ပြေစာတွေ အကုန်လုံးမှာ သူတို့ရဲ့ တံဆိပ်ကို မရေးထားသောကြောင့် ဖြစ်သည်။ အချို့သော တစ်လုံးတစ်လေမှာသာ ရေးထားခဲ့သည်။ သူတို့က တံဆိပ် လဲသည့်အခါ ပြဿနာ အနည်းငယ်ကို ဖြေရှင်းရနိုင်သည်။ ထို့ကြောင့် အပိုနှစ်ယွမ်က သူတို့ရဲ့ အလုပ်ကြိုးစားခ ဖြစ်သည်။

အရောင်းဝန်ထမ်းက တက်တက်ကြွကြွ ပြောခဲ့သည်။ “တပ်သား၊ ဒီအပ်ချုပ်စက်ကို ဘယ်လို ပြန်ယူသွားမှာလဲ။ အဲ့ဒါက ကောင်စီမြို့ထဲမှာဆို ဆိုင်ဘက်က အစ်မတို့ရဲ့အိမ်အထိ ပို့ပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။”

သမဝါယမစျေးမှ ပစ္စည်းတွေ လိုက်ပို့ပေးဖို့အတွက် ကုန်တင်ကား အကြီးကြီးတွေ ရှိသည့်အတွက် ဒီလို ပစ္စည်းကြီးတွေကို ကူညီပြီး ပို့ပေးရတာက ပုံမှန်သာ ဖြစ်သည်။

ဝမ့်ရင်း - “ ရပါတယ်။ မနက်ဖြန်မှ ကျွန်မတို့ စက်ကို လာယူပါ့မယ်။ ပို့ပေးဖို့ မလိုပါဘူး။”

ရှုရွှမ်းက အသီးအရွက် သယ်ယူပို့ဆောင်တဲ့ ကားကို အပ်ချုပ်စက်အား မြို့ဆီ ကူပို့ပေးဖို့အတွက် ပြောခဲ့သည်။ တောင်တက်လမ်းတွေက သွားလာဖို့ ခက်ခဲသည့်အတွက် ဦးလေးထျန်းက မြည်းလှည်းကို မောင်းပြီး တပ်မဟာထဲသို့ ယူသွားပေးလိမ့်မည် ဖြစ်သည်။

အပ်ချုပ်စက်ကို ဝယ်ပြီးနောက် သူတို့သုံးယောက်က ပစ္စည်းတွေကို ပို့ဖို့အတွက် ထပ်ထွက်သွားကြသည်။ ဒီတစ်ခေါက်မှာတော့ ရှုမင်းအတွက် အထုပ်က ဖောင်းပြီး အိတ်အကြီးကြီး ဖြစ်နေကာ အရွက်ခြောက် မျိုးစုံ၊ ပဲခြောက်၊ အာလူးခြောက်၊ မှိုခြောက်နှင့် ခရမ်းသီးခြောက်တို့ ပါဝင်သည်။ ထို့အပြင် သကြားလုံး အချို့ကိုလည်း ပြင်ဆင်ထားခဲ့ပြီး စာတစ်စောင်ကို အထဲမှာ ညှပ်ထည့်ထားခဲ့သည်။ အမျိုးသမီးကြီး မစ္စရှုက ရှုမင်းအတွက် အဝတ်နှစ်ထည်ကို ပြင်ဆင်ပေးလိုက်သည်။

ပြောဆိုပြီးတဲ့နောက် လူတွေများစွာက ရှုမင်းထံသို့ ပိုက်ဆံမပို့ဖို့ ဆုံးဖြတ်ခဲ့ကာ အဲ့ဒါကို သုံးဖို့နေရာလည်း မရှိဘူးဟု ပြောခဲ့သည်။ သို့သော် သူက အပြင်မှာ ရှိသည့်အခါ ပိုက်ဆံနှင့် ပစ္စည်းတွေကို ဝယ်ဖို့က ပိုပြီး လွယ်ကူသည်။ အမျိုးသမီးကြီး မစ္စရှုက ရှုမင်းရဲ့ အင်္ကျီမှာ အိတ်ကပ်လေးတစ်ခု ချုပ်ပြီး အဲ့ထဲမှာ ယွမ်နှစ်ဆယ်ကို ထည့်ပေးခဲ့သည်။

ပိုက်ဆံကို အထဲမှာ အထပ်တစ်ထပ်ဖြင့်သာ ဖွက်ထားသည့်အတွက် ရှုမင်းက အဲ့ဒါကို ထိကြည့်ရုံဖြင့် ခံစားမိနိုင်သည်။

မိုးချုပ်လာတာကို မြင်သည့်အခါ အမျိုးသမီးကြီး မစ္စရှုက တည်းခိုခန်းကို အရင်ဆုံး ပြန်သွားခဲ့သည်။ ထိုအချိန်မှာ ဝမ့်ရင်းက ဆေးပစ္စည်းတွေကို ပို့ပေးဖို့ ဆေးရုံသို့ ထွက်သွားခဲ့သည်။

နောက်နေ့မနက် အစောပိုင်းမှာတော့ ရှုရွှမ်း စာမေးပွဲဖြေဖို့ အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။

ဝမ့်ရင်းက ချမ့်တုန်နှင့် ရှုရွှမ်းကို တွေ့ဖို့အတွက် အမျိုးသမီးကြီး မစ္စရှုအား နိုင်ငံပိုင် စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။ သူတို့က လမ်းမှာပဲ မနက်စာကို စားသွားခဲ့ကြသည်။ ဒီမြို့မှာရှိတဲ့ မနက်စာတွေက အရမ်းကို စုံလင်တယ်ဟုတောင် ပြောလို့ရသည်။

နိုင်ငံပိုင် စားသောက်ဆိုင်က မနက်တိုင်း ပဲနို့၊ ဂျုံချောင်းကြော်၊ အသားပေါက်စီနှင့် တို့ဟူးပူတင်းကို ကျွေးသည်။ ဘေးမှာလည်း ပိုင်မုန့်တွေ ထည့်ထားသော ခြင်းတောင်းတစ်ခုလည်း ရှိသည်။ အဲ့ထဲမှာ အဆာပလာ မပါသည့် အသား၊ အရွက်နှင့် ကြက်သွန်နီ ပန်ကိတ်များလည်း ရှိသည်။

ချမ့်တုန်က အသက်ကြီးပြီ ဖြစ်သည့်အတွက် အသားစားရတာကို သဘောကျသည်။ သူက မနက်ပိုင်းမှာ ကြက်သားစွပ်ပြုတ်ကို တစ်ဇွန်းအပြည့် ထည့်သည်။ အဲ့ထဲကို ကြက်သားကို မွကာထည့်ပြီး တစ်ဝက်ကို မှိုအမဲနှင့် ကြာပန်းထည့်ပြီး ပန်းကန်ကြီးဖြင့် တို့ဟူးပူတင်းကိုလည်း ထည့်သည်။ အရသာရှိသော ကြက်သားစွပ်ပြုတ်နှင့် တို့ဟူးပူတင်းက အရမ်းကို အရသာရှိသည့်အတွက် လူတွေကို နိုးကြားသွားစေသည်။

ဝမ့်ရင်းက ပူတင်းကို စားပြီး အီကြာကွေးကို ပဲနို့နှင့် တို့စားခဲ့သည်။ ကျွတ်ယွနေသော အီကြားကွေးကို ပဲနို့ချိုချိုလေးထဲမှာ နှစ်လိုက်သည့်အခါ အပြင်က ကျွတ်ယွပြီး အထဲမှာ နူးညံ့ပြီး ပူပူလေး ဖြစ်နေသည်။

အမျိုးသမီးကြီး မစ္စရှု - “မြို့က အစားအစာတွေက ပိုပြီး အရည်များတုန်းပဲ။”

သူတို့ အိမ်ပြန်ရောက်သည့်အခါ ဆီနှင့် သကြားအတွက် ပိုပြီး စိုးရိမ်နေရသည်။ သူတို့က အသားကို ရနိုင်မည့် နည်းလမ်းတစ်ခုကိုတောင် ရှာနိုင်ခဲ့သည်။ သို့သော် သကြားနှင့် ဆီဝယ်ဖို့မှာ ခက်ခဲနေခဲ့သည်။ တကယ်လို့ ဆီနှင့် သကြားဝယ်ဖို့ ကူပွန်ကို ချမ့်တုန်ကသာ သူတို့အား မကူညီခဲ့ဘူးဆိုရင် သူတို့မိသားစုရဲ့ အဲ့ပစ္စည်းနှစ်ခုမှာ ဟိုးအရင်ကတည်းက ကုန်နေလိမ့်မည် ဖြစ်သည်။

သို့သော် ဝမ့်ရင်းက အဲ့လိုမထင်ပါ။ သူမက အဲ့ဒါကို ဒီနေ့ မနက်ကနေ မြင်ခဲ့ရပြီး သွားလာနေကြသော လူအချို့က ပဲနို့နှင့် ပူတင်းကို လာဝယ်နေကြသော်လည်း လူအနည်းငယ်က အီကြာကွေးနှင့် အသားပေါက်စီကို ဝယ်နေခဲ့ကြသည်။

ချမ့်တုန်က ပျော်ရွှင်စွာဖြင့် ကြက်စွပ်ပြုတ်နှင့် ပဲပြားကို စားပြီး ဗိုက်ကိုပွတ်ကာ ပြောလိုက်သည်။ “အစ်မကြီး၊ ခဗျား မှားနေပြီ။ မြို့ကလူတွေရဲ့ ဘဝက ခဗျားတို့ တပ်မဟာက လူတွေလောက် အဆင်မပြေလောက်ဘူး။ ခဗျားတို့က အရာရာကိုဝယ်ဖို့အတွက် လက်မှတ်တွေ လိုအပ်တယ်။ ပြီးတော့ ခဗျားတို့မှာ လက်မှတ် ရှိရင်တောင် အဲ့ဒါကို မဝယ်နိုင်လောက်ဘူး။ ခဗျားတို့ အဲ့ဒါကို စောင့်ပြီးမှ ဝယ်လို့ရတယ်။ ဆီထွက်တဲ့ စိုက်ခင်းတွေမှာ နစ်တိုင်း တိကျတဲ့ ပမာဏတစ်ခု ရှိတယ်။ အဲ့ဒါတွေကို ဖိလိုက်ရင် အဲ့မှာ ဆီတွေ သိပ်အများကြီး မကျန်တော့ဘူး။ ဆီထွက်တဲ့ အခင်းတွေကို စားစရာအနေနဲ့ စားဖို့ဆိုတာ ပြောစရာတောင် မလိုဘူး။”

ချမ့်တုန် - “ဒါပေမယ့် ငါတို့ဟိုတယ်က သေချာပေါက် စိတ်အပန်းပြေတယ်။ ရှုရွှမ်းက စာမေးပွဲ အောင်ပြီးသွားပြီ။ နောက်ပိုင်း သူက မြို့ကို လာဦးမှာလား။ နောက်နှစ်နှစ်လောက်ဆို ငါတို့ရဲ့ ပထမဆုံး သူငယ်ချင်းဟောင်းကြီးက အနားယူတော့မှာ။”

ချမ့်တုန်က ရှုရွှမ်း မြို့ကိုလာမှာကို စောင့်နေခဲ့သည်။ အကြောင်းပြချက် တစ်ခုကတော့ သူ့ရဲ့ တပည့်က ကောင်းကောင်း တိုးတက်လာဖို့ကို မျှော်လင့်ခဲ့သည်။ ထို့အပြင် မြို့ထဲမှာ သူနှင့် အသက်အရွယ် တူညီသည့် လူများစွာ ရှိနေခဲ့ပြီး သူတို့က ဖလှယ်ပြီး လေ့လာနိုင်သည်။ ရှုရွှမ်းက အရည်အချင်းရှိသည်။ ချမ့်တုန်က သူ့တပည့် မြို့ကိုလာပြီး သူ့ကိုယ်သူ ဂုဏ်ရတော့မှာကို စောင့်နေခဲ့သည်။ သူက အလုပ်ကြိုးစားပြီး ပိုမြင့်တဲ့ အဆင့်တစ်ခုကို ရခဲ့ရင် သူက ဆရာတစ်ယောက်အနေဖြင့် ဂုဏ်ယူရမည်မှာ အကောင်းဆုံး ဖြစ်လိမ့်မည်။

နောက်ထပ် အကြောင်းချက်တစ်ခုကတော့ သူက လောဘကြီးသည်။ ရှုရွှမ်းက ကျေးလက်ဒေသမှာ နေသော်လည်း သူ့တပည့်က သားသမီးဝတ္တရားကို ကျေပွန်ဖို့ဆိုတာ သူ့အတွက် ခက်ခဲသည်။

ဘာတွေဆက်ဖြစ်မလဲဆိုတာကို ချမ့်တုန်က သိနေခဲ့သည်။ မြို့မှာ လောင်စာဆီတွေ ပြတ်တော့မှာကို သူပြောပြလိုက်ရင် ဘာဖြစ်မှာလဲ။ သူက သူ့တပည့်ကို ခြောက်လှန့်ပြီး မြို့ကို သွားချင်စိတ်မရှိအောင် လုပ်ရင် ဘာဖြစ်သွားမလဲ။

ချမ့်တုန်က အလောတကြီး ရှင်းပြခဲ့သည်။ “မင်းက ဒုတိယအဆင့် စာမေးပွဲကို အောင်ပြီးသွားပြီ။ အဲ့တော့ မင်း မြို့ကိုရောက်ရင် ပိုပြီး လစာကောင်းတဲ့နေရာကို ရလိမ့်မယ်။ ငါတို့ရဲ့ စားသောက်ဆိုင်မှာ ဒုတိယအဆင့် စားဖိုမှူးအတွက် တစ်လကို ၃၇ယွမ်ပဲ ပေးတာ။ လုပ်သက်ကို ထည့်တွက်လိုက်ရင် အနည်းဆုံးတော့ ယွမ်၄၀ပဲ။ အဲ့ဒါ မင်း မြို့မှာရနိုင်တာထက်ကို ပိုတယ်။”

ရှုရွှမ်းက မြို့ကိုသွားဖို့ စီစဥ်ထားသော်လည်း သူက အဲ့ကို ဒီမိသားစု တစ်စုလုံးနှင့် သွားဖို့ကို စီစဥ်ထားခဲ့သည်။

ဝမ့်ရင်းရဲ့ အလုပ်ကို ညှိလို့မရရင် သူက မြို့ကို တစ်ယောက်တည်း သွားနိုင်မည် မဟုတ်ပါ။ သူတို့တွေ ခွဲနေဖို့က တကယ်ကို မလိုအပ်ပါ။

ချမ့်တုန်က စိုးရိမ်တကြီး ရင်ဘက်ကို ပွတ်လိုက်သည်။ “ဒါက မလွယ်ဘူးမလား။ မင်းရဲ့ မိန်းမအတွက် အလုပ်တစ်ခု ရှာပေးလို့ရတယ်လေ။ အဲ့ဒါမျိုးကို မင်းတို့ မတတ်နိုင်တာမှ မဟုတ်တာဘဲကွာ။”

မြို့မှာရှိတဲ့ အလုပ်တစ်ခုအတွက် ယွမ်လေးရာ သို့မဟုတ် ငါးရာသာ ပေးရသည်။ အဲ့ဒါက အခြားနေရာတွေအဖို့ များတယ်ဟု တွေးလို့ရသော်လည်း ရှုရွှမ်းကတော့ သေချာပေါက် တတ်နိုင်သည်။

ရှုရွှမ်းက ဘာတစ်ခုမှ မပြောလိုက်ခင်မှာပဲ ဝမ့်ရင်းက ပြုံးပြီး ဝင်ပြောခဲ့သည်။ “အခုတော့ အဲ့အကြောင်းကို မပြောကြရအောင်။ နောက်ပိုင်းမှ ကျွန်မလည်း မြို့ကို ပြောင်းလို့ရတယ်မလား။ အဲ့ဒါအပြင် ဆရာရယ်၊ ကျွန်မက ဆရာဝန်တစ်ယောက်ပါ။ တကယ်လို့ ဆရာက ကျွန်မကို အလုပ်ရုံကိုသွားဖို့ ပြောမယ်ဆိုရင် ကျွန်မ အဲ့ဒါကို မလုပ်နိုင်ဘူး။”

အခုခေတ်မှာ အလုပ်ရုံတွေမှာ အလုပ်ဝယ်တာနဲ့ ရောင်းတာတွေ အားလုံးကို လုပ်ကြတယ်။ ဒါမှမဟုတ် လုပ်အား သိပ်မစိုက်ထုတ်ရဘဲ ဝင်ငွေများတဲ့ အလုပ်တွေကို ကြေညာတယ်ဆိုတာ အဲ့ဒါတွေက အရည်အချင်း မပြည့်မှီတဲ့ အလုပ်မျိုးပဲ။ ဘယ်သူကမှ အဲ့ဒါတွေကို ရောင်းကြမှာ မဟုတ်ဘူး။ အဲ့ဒါတွေက သူတို့ရဲ့ သားသမီးတွေကတောင် ရဖို့အတွက် ရန်ဖြစ်ကြရတဲ့ အရာမျိုးတွေပဲ။

အဲ့ထဲမှာတော့ ဆရာဝန်တွေ မပါပေ။ အဲ့ဒါအပြင် ဒါတွေက နည်းပညာမြင့်တဲ့ အလုပ်မျိုးပဲ။ တကယ်လို့ သူတို့က အဲ့အလုပ်ကို တကယ် ဝင်ကြပြီဆိုရင် သူတို့က ဘာကိုမှ မသိသလို လူနာတွေကိုလည်း ကုပေးနိုင်မှာ မဟုတ်ချေ။

ဝမ့်ရင်းက အဲ့ကိစ္စကို စိတ့ထဲမှာသာ ထားခဲ့သည်။ ရှုရွှမ်း ဒုတိယအဆင့် စာမေးပွဲကို အောင်ပြီးတာနှင့် သူမက မြို့ကိုပြောင်းရတဲ့ အခြေအနေတွေကို ကြုံရလိမ့်မည်။ သူမက မြို့မှာ သူမအလုပ်ကို ပြောင်းဖို့ နယ်ပယ်တစ်ခုခု ရှိလားဆိုတာကို ရှာဖွေဖို့အတွက် အချိန်ပေးရဦးမည် ဖြစ်သည်။

ချမ့်တုန်က စိတ်သက်သာရာ ရသွားခဲ့သည်။ “မင်းတို့နှစ်ယောက် ဒါကိုသိတာ ကောင်းပါတယ်။ တပ်မဟာထဲမှာ မင်းတို့ရဲ့ဘဝတွေ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ၊ လူငယ်တွေအနေနဲ့ အဲ့မှာပဲ အမြဲ နေဖို့ဆိုတာက မသင့်တော်ဘူး။ အပြင်ဘက်မှာ မင်းတို့ရဲ့ ဘဝတွေကို တိုးတက်ဖို့ လုပ်ရမယ်။”

သူ့ရဲ့ မနက်စာကို မြန်မြန် စားပြီးနောက် ချမ့်တုန်က သူတို့အတွက် စီစဥ်ပေးဖို့ ထွက်သွားခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းကို တိုးတိုးတိတ်တိတ် မေးခဲ့သည်။ “ရှင့်ဆရာရဲ့ ဟင်းချက်လက်ရာက သိပ်ပြီးတော့ မကောင်းဘူးလို့ ရှင်ပြောခဲ့တယ်မလား။ အဲ့ဒါကို သူက ဘယ်လိုလုပ် မီးဖိုချောင်ရဲ့ တာဝန်ရှိသူ ဖြစ်လာတာလဲ။”

All Chapters