← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 13 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 13 Ch. 147-148

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၄၇

ဆရာမာက ပိုပြောမိလေလေ၊ ခေါင်းပိုခါမိလေလေ ဖြစ်နေခဲ့သည်။ ချမ့်တုန်က သူ့ရဲ့ ဟင်းချက်လက်ရာနဲ့ ဆိုင်က မန်နေဂျာတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုပြီး မာယုံကျန်းက တကယ် ထင်နေခဲ့တာလား။ သူ့ကို အသက်ကြီးတဲ့ လူတွေလောက်ပဲ သဘောကျကြတယ် ဆိုတာကို ဆရာစုကလည်း သိနေခဲ့တာပဲလေ။

မိသားစုရဲ့ စီးပွားရေးတွေ အကုန်လုံးကို လှူပြီးနောက် ချမ့်တုန်က ပေကျင်းမှာ အခြေချခဲ့သော်လည်း သူက အဲ့ကို မသွားချင်ဘဲ အစားစားဖို့သာ သွားပြီး စားဖိုမှူး တစ်ယောက် ဖြစ်ဖို့အတွက် နန့်ရှောင်ကို ပြန်ချင်တယ်ဟု ပြောနေခဲ့သည်။ ချမ့်တုန်က သူ့ရဲ့ အင်တာဗျူး အားလုံးကိုတောင် ငြင်းခဲ့ပြီး ဘာအကျိုးအမြတ်မှ ယူဖို့ ဆန္ဒမရှိခဲ့ဘဲ သာမန် စားဖိုမှူးအနေဖြင့် စတင်ဖို့ကိုသာ ရည်ရွယ်ထားခဲ့သည်။

နောက်ပိုင်းမှာ ချမ့်တုန်ကို အဆင့်သုံးမှ အဆင့်နှစ်သို့ တိုးပေးခဲ့သည်။ ခေါင်းဆောင်တွေကတောင် သူ့ကို လေးစားကြသည်။ ဒီအဖိုးကြီးမှာ ဘယ်လောက်ကြီးတဲ့ နောက်ခံရှိလဲဆိုတာကို ဘယ်သူက မသိဘဲနေမှာလဲ။

ရလဒ်အနေဖြင့် သူ့တပည့်က ချမ့်တုန်ကို တကယ်ကြီး အကွက်ချရဲခဲ့သည်။

ချမ့်တုန်ကို ထည့်တွက်ကြည့်လိုက်။

'သေစမ်း၊ ဒါကို ပြောဖို့ဆိုတောင် ရှက်ဖို့ကောင်းတယ်။'

'ချမ့်တုန်က ဒီလို ကောက်ကျစ်တဲ့သူမျိုးပဲ။ အဲ့ဒါကို မင်းက သူ့ကို အကွက်ချချင်နေတုန်းပဲ။'

'မင်းက ဒီအဖိုးကြီးရဲ့ စည်းစိမ်တွေကို မက်မောတယ်ဆိုတာ မမြင်နိုင်တဲ့သူဆိုလို့ ဘယ်သူမှ မရှိဘူး။'

မာယုံကျန်းက ခေါင်းကို ငုံ့ထားပြီး အနည်းငယ် မယုံကြည်နိုင်ဆဲ ဖြစ်နေခဲ့သည်။ သူ့အမေက အရမ်း မတော်သော်လည်း သူတို့ရဲ့ မိသားစုထဲမှာ သားများစွာ ရှိသည်။

ဆရာချမ့်က မိန်းမတစ်ယောက်ကို လက်ထပ်ကောင်း လက်ထပ်နိုင်ပေမယ့် သားတစ်ယောက်လောက်ကို မလိုချင်လို့လား။

သူက ဆရာချမ့်ကို သေတဲ့အထိ ဂရုစိုက်ပေးနိုင်သည်။ တကယ်လို့ လိုအပ်ပါက သူ့ရဲ့ မျိုးရိုးနာမည်ကို ချမ့်ဟူ၍လည်း ပြောင်းတောင် ပြောင်းပေးနိုင်သည်။

ဆရာမာက မာယုံကျန်းရဲ့ ပုံစံကို ကြည့်လိုက်ပြီး သူ့ရဲ့ မျက်နှာကို သုတ်ကာ ဆုံးဖြတ်ချက်တခု ချခဲ့သည်။

သူ ဒီတပည့်ကို ဆက်ပြီး မထားနိုင်တော့ဘူး။

ဒီလို တုံးအမှုမျိုးက ကြောက်ဖို့ကောင်းသည်။

'ဒီလိုစကားတွေ အကုန်လုံးကို ထုတ်ပြောပြီးတာတောင် သူက သူ့ရဲ့ စိတ်ကူးယဥ်မှုထဲမှာပဲ နေနေတုန်း။'

'ပြီးတော့ ဒီမှာ သူနဲ့ ရွယ်တူ ပတ်ကစားပေးလို့ရတဲ့ ဝမ်းကွဲ မာတလင်လည်း ရှိနေတာပဲလေ။'

'တစ်ခြားသူတွေကို အရူးလို ဆက်ဆံရတာက အရမ်း မိုက်တယ်လို့ သူ့ကိုယ်သူ ထင်နေတာလေ။'

'စောင့်ကြည့်လိုက်ပါ။ ချမ့်တုန်က မကြာခင် သူတို့ကို စောင့်ရှောက်ပေးလိမ့်မယ်။'

ဆရာမာက ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်း ချခဲ့သည်။ 'ဒီတပည့်က အသုံးမကျဘူး။ ဆွေမျိုးနှစ်ဖက်ကြားက ဆက်ဆံရေးအနေနဲ့ သူတို့တွေ နောက်ပိုင်း လာလည်ချင် လည်လို့ရတယ်။ သူတို့ မလာချင်လည်း ထားလိုက်ပေါ့။ သူက သူ့ဝမ်းကွဲတို့ လင်မယားအတွက် စားသောက်ဆိုင်မှာ အလုပ်တစ်ခုကို စီစဥ်ပေးခဲ့ပြီးပြီ။ အဲ့ဒါက အရမ်းကို ညှာတာပေးထားတာ။ ငါက သူ့ကို ဘာအကြွေးမှ မရှိနေဘူး။'

ဆရာမာက စိတ်ကို ပြင်ဆင်ထားပြီး လှည့်ကာ လူတွေကို အမှတ်ဆက်ပေးဖို့ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ မတူညီတာ တစ်ခုက သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေခဲ့သည်။ အဲ့အပြုံးက ပွဲရဲ့ ပထမပိုင်းတုန်းကလို ဆူပုပ်နေတာမျိုးနဲ့ လုံးဝကို ကွဲပြားနေခဲ့သည်။

ချမ့်တုန်က စကားပြောသည့်အခါ ဆရာမက ချမ့်တုန်ရဲ့ ဦးဆောင်မှုနောက်သို့ လိုက်သွားပြီး သူ့ကို မျက်နှာချိုသွေးလုနီးပါး ဖြစ်နေခဲ့သည်။

ဆရာစု - …..

'တစ်ခါတစ်လေ မင်းရဲ့ ပြိုင်ဘက်က မင်းကို အကောင်းဆုံး နားလည်ပေးတဲ့သူဖြစ်ပေမယ့် ငါကတော့ မင်းကို တကယ် နားမလည်တော့ဘူး။'

ချမ့်တုန်က သူလုပ်ရမယ့်အရာကို လုပ်ပြီးနောက် စားစရာတွေကို ပျော်ရွှင်စွာ စားပြီး မှတ်ချက် ပေးနေခဲ့သည်။

အပြင်ဘက်ကနေ စကားဝိုင်း တစ်ခုလုံးကို နားထောင်ခဲ့သော ဝမ့်ရင်း - ငါတော့ အရမ်းကို စိတ်ရှုပ်သွားပြီ။

သူက ချမ့်တုန်နဲ့ အကြာကြီး အဆက်အသွယ် ရှိခဲ့သော်လည်း ဒီလူကြီးမှာ ဒီလိုအတိတ်မျိုး ဘယ်လိုလုပ် ဖြစ်ခဲ့ရလဲဆိုတာ သူမ မသိခဲ့ပါ။

'အမြဲလိုလို သူက အတွေ့အကြုံရှိတဲ့ စားသောက်သူနဲ့ပဲ တူနေတာလေ။'

သူ့မိသားစုက ဒီလောက်ထိ ချမ်းသာမယ်လို့ သူမ မထင်ခဲ့ပေ။ သူက တောင်ပေါ်ကထွက်တဲ့ ပစ္စည်းတွေ ရောင်းတုန်းက တစ်ခြားသူတွေဆီကနေ သူက ပြားအနည်းငယ်ကို ခြိမ်းခြောက်ယူခဲ့သေးသည်။ သူ ဒေါသထွက်လာရင် ဘယ်သူ့ကိုမှ ထပ်မရောင်းတော့ဘူးလို့လည်း ပြောသေးသည်။

ဝမ့်ရင်းရဲ့ ခံစားချက်တွေက ဖော်ပြလို့တောင် မရပါ။ ချမ့်တုန်ရဲ့ မျက်လုံးထဲတွင် ဒါက သူ့တပည့်ရဲ့ဇနီးက စားချင်လို့ဖြစ်မယ်ဟု ထင်နေခဲ့သည်။

အသီးရွက်ချဥ်ဖက်တွေကို မြည်းကြည့်ဖို့အတွက် ချမ့်တုန်က ဝမ့်ရင်းအား ပေးခဲ့သည်။

ဆရာစုက မျက်နှာကို လွှဲလိုက်ပြီး မမြင်ချင်ယောင် ဆောင်ခဲ့သည်။ သို့သော် ဆရာမာက ဝမ့်ရင်းအတွက် ရေတစ်ခွက်ကို တက်တက်ကြွကြွနှင့် ခပ်ပေးခဲ့သည်။

ဝမ့်ရင်း - …..

အသီးအရွက်တွေ စားကြရအောင်။

ဒုတိယတစ်ယောက်ကလည်း စားဖိုမှူး တတိယအဆင့်ကို ဖြေဖို့လာသည့် ဂတုံးနှင့် လူငယ်တစ်ယောက် ဖြစ်သည်။ သူရဲ့ မျက်နှာက စိတ်လှုပ်ရှားနေပြီး ချွေးသုတ်ဝတ်တန်းကို ကိုင်ပြီး ဘေးနားမှာ ရပ်နေခဲ့သည်။

ချမ့်တုန်က အရသာ အဆင်ပြေပြီး ညီညီညာညာ လှီးထားသည့် မုန်လာဥကြော်ကို တစ်လုပ် စားခဲ့သည်။ သူ့ရဲ့ ဓားကိုင်ကျွမ်းကျင်မှုက စိတ်ချလို့ရသည်။ ထို့နောက် အဲ့အပေါ်မှာ ကြက်သွန်မြိတ်နှင့် သိုးသားကြော်ထားသည့် ပန်းကန်နှင့် ငါးအရသာနှင့် ဝက်သားမျှင်ကြော်ထားသည့် ပန်းကန်တွေလည်း ရှိသေးသည်။

သိုးသားကို ကြက်သွန်မြိတ်နှင့် ကြော်ဖို့ဆိုတာက မလွယ်ပါ။ သိုးသားက နူးညံ့ပြီး သွားမှာ လာမကပ်ဖို့ သေချာ လုပ်ရသလို အပူချိန်ကလည်း အရမ်း အရေးကြီးသည်။

သူချက်ထားထားတဲ့ ဟင်းပွဲတွေက မွှေးကြိုင်ပြီး တကယ်ကို ရှားပါးတဲ့ သိုးသားဟင်းပင်။ ပြီးတော့ ချက်တဲ့အချိန်ကိုလည်း သေချာ ထိန်းချုပ်ထားသည်။

ချမ့်တုန်က မတုံ့မဆိုင်းဘဲ သူ့ကို အအောင်ပေးခဲ့ပြီး ကျန်တဲ့နှစ်ယောက်ကလည်း အတူတူပဲဖြစ်သည်။ ထိုဂတုံးနဲ့ လူငယ်လေးက အရမ်းကို ပျော်ရွှင်ပြီး ခုန်ပေါက်နေခဲ့သည်။

တတိယလူ ဝင်လာသည့်အခါ အဲ့ဒါက အသက်လေးဆယ်အရွယ် အမျိုးသမီးကြီးတစ်ယောက် ဖြစ်နေခဲ့သည်။ သို့သော် သူမက တစ်ခြား အသက်ကြီးတဲ့ လူတွေနဲ့တော့ မတူဘဲ ခွန်အားအပြည့် ဖြစ်နေခဲ့သည်။

သူမ ချက်ပြုတ်ခဲ့သော ဟင်းပွဲသုံးပွဲမှာ တို့ဟူးကြော်၊ မန်ပိုတို့ဟူးနှင့် နောက်ဆုံးတစ်ပွဲကတော့ တို့ဟူးနှင့် ကြက်ဥကြော်လို့ခေါ်သည့် အိမ်မှာချက်တဲ့ ဟင်းပွဲတစ်ပွဲ ဖြစ်သည်။

အစ်မကြီးက ယုံကြည်ချက်ရှိရှိ ပြောခဲ့သည်။ “ငါတို့ရဲ့ မိသားစုက တို့ဟူးဆိုင် ဖွင့်ထားတာ။ ပြီးတော့ ငါက တို့ဟူးလုပ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ ဒီကြက်ဥတို့ဟူးက ငါ့ရဲ့ကိုယ်ပိုင်အကြံပဲ။ တို့ဟူးကြော်ကို ယူပြီး အလယ်ကိုဖောက်လိုက်။ ပြီးရင် အဲ့ထဲ ကြက်ဥကိုထည့်ပြီး ပြန်ကြော်လိုက်တာ။ နောက်ဆုံးမှာ ဆော့စ်၊ ငရုတ်သီး၊ မှိုအမဲနဲ့ ထုတ်ထားတဲ့ ဟာကို ပြည့်ထည့်ပြီး ခနလောက် ကြော်လိုက်တယ်။ ပြီးရင် ကြက်ဥနဲ့ တို့ဟူးကို အိုးထဲထည့်ကြော်ပြီး နောက်ဆုံးမှ ကော်ရည်ကို ထည့်လိုက်တာ။”

ဆရာစု - “ခဗျားရဲ့ နာမည်က နည်းနည်းတော့ သတိလက်လွတ် ဖြစ်နေမယ်။”

အစ်မကြီးက သူမရဲ့လက်ကို ခါယမ်းပြပြီး ပြောလိုက်သည်။ “ဘာဖြစ်လဲ။ သူ့ရဲ့အရသာက ကောင်းတယ်မဟုတ်လား။ ငါက နှစ်တွေအကြာကြီး ဒီဟင်းပွဲကို လုပ်ခဲ့တာ။ အခုငါက စားသောက်တန်းမှာ အလုပ်လုပ်နေတာ။ ငါက ဒါကို တရုတ်နှစ်သစ်ကူးမှာမှ တစ်ခါလောက်ပဲ လုပ်ဖြစ်တော့တာ။ လူငယ်တွေက အမြဲတမ်း ပန်းကန်ကိုပါ ဝါးစားလုနီးပါးပဲ။”

ဝမ့်ရင်းက တစ်လုပ် စားလိုက်သည်။ ရွှေအိုရောင် တို့ဟူးကို နူးညံ့သော ကြက်ဥနှင့် ပတ်ထားခဲ့သည်။ အပြင်ဘက်က ဆော့စ်ကလည်း စားကောင်းသည်။ တို့ဟူးထဲမှာလည်း ဆော့စ်အပြည့် ဖြည့်ထားပြီး ကိုက်လိုက်သည့်အခါ အရည်ပါနေခဲ့သည်။

အဲ့အရသာက မွှေးကြိုင်ပြီး လေးလေးပင်ပင်ရှိသလို နည်းနည်းလည်း စပ်သည်။ အဲ့ဒါကို ထမင်း တစ်ပန်းကန် ဒါမှမဟုတ် ထမင်းတစ်အိုးလုံးနဲ့လည်း စားလို့ရသည်။

ပုံမှန်ဆိုရင် ဒီလို ပါဝင်ပစ္စည်း နည်းနည်းပဲသုံးရတဲ့ ဟင်းပွဲတွေကို ခွင့်မပြုထားဘူး။

ဆရာစု - “ခဗျားက ဘယ်လိုအတွေးမျိုးနဲ့ လက်မှတ်ရဖို့ လာခဲ့တာလဲ။ သာမန် စားသောက်တန်းတွေမှာက လက်မှတ်မလိုဘူးလေ၊ ဟုတ်တယ်မလား။”

အစ်မကြီး - “မလိုဘူးလို့ ဘယ်သူကပြောလဲ။ ငါတို့ရဲ့ ဆိုင်မှာ လက်မှတ်ရှိတဲ့ အဖိုးကြီးထျန်းက သူ့ကိုယ်သူ အရမ်း ဂုဏ်ယူနေတာလေ။ သူက ဘာဖြစ်လို့များ မီးဖိုချောင်ရဲ့ တာဝန်ခံ ဖြစ်ရတာလဲ။ ဘာလို့လဲဆိုတော့ သူ့မှာ လက်မှတ်ရှိလို့ပဲလေ။ လက်မှတ်ရဖို့ ငါလည်း စာမေးပွဲ ဖြေရမယ်။ သူ့ရဲ့ စီမံမှုအောက်မှာတော့ ငါ မနေနိုင်ဘူး။”

ချမ့်တုန်က ပြုံးပြီး ပြောခဲ့သည်။ “ငါ့အထင်တော့ ဒီအစ်မကြီး ချက်ထားတဲ့ဟင်းပွဲက တော်တော်လေး ကောင်းတယ်။ သူ့ကို အအောင်ပေးသင့်တယ်။”

သုံးထားတဲ့ ပါဝင်ပစ္စည်းတွေက နည်းနည်းလေး နည်းတယ်ဆိုပေမယ့် ကိုယ်ပိုင်အကြံဉာဏ်နဲ့ ဟင်းပွဲကို ဖန်တီးဖို့ဆိုတာက ပထမအဆင့်မှာရှိတဲ့ လူအတွက် ခက်ခဲတဲ့ လိုအပ်ချက်တစ်ခုဖြစ်သည်။

သူမကို တတိယအဆင့် လက်မှတ်ပေးဖို့ဆိုတာက မလွန်နေဘူးဟု ချမ့်တုန်က ခံစားမိခဲ့သည်။

ဆရာမာက ချမ့်တုန်ကို သူ့ဘက်သို့ ဘယ်လို ပြန်ခေါ်ရမလဲဆိုပြီး တွေးပူနေခဲ့သည်။ ထို့ကြောင့် သူက စကားရောဖောရော လိုက်ခဲ့သည်။ “ငါအထင် ငါတို့ လုပ်နိုင်ပါတယ်။”

လူသုံးယောက်မှာ နှစ်ယောက်က ထောက်ခံပြီးပြီ ဖြစ်သည့်အတွက် ဆရာစုမှာ ရွေးချယ်စရာမရှိတော့ဘဲ သဘောတူခဲ့သည်။

ထို့အပြင် ကြက်ဥနှင့် တို့ဟူးကို ကြော်ထားတဲ့ဟင်းပွဲက တကယ်ကို အရသာရှိပြီး လုပ်ဖို့လည်း မလွယ်ပါ။ ဒါဟာ အိမ်ချက် ဟင်းလျာတစ်ခု ဖြစ်သည်။ ဒီဟင်းပွဲကို အအောင်ပေးဖို့က အဆင်ပြေသည်။

ပထမ အဆင့်သုံးကို အရင်ဆုံး ယှဥ်ပြိုင်ခိုင်းပြီးနောက် နောက်ဆုံး အဆင့်နှင်သာ ကျန်တော့သည်။

ရှုရွှမ်းနှင့် နောက်ထပ် ယောက်ျားတစ်ယောက်က မီးဖိုဘေးမှာ ရပ်နေခဲ့သည်။ ဆရာစုက သူတို့အား မဲနှိုက်ဖို့ ပြောပြီးနောက် အတူတူ စတင်ခဲ့သည်။

အဆင့်သုံးအတွက် လိုအပ်ချက်တွေက မမြင့်ပါ။ တစ်ပွဲပြီးတစ်ပွဲ စားလို့ရသည့် ဟင်းပွဲသုံးပွဲသာ ရှိသည်။ သို့သော် အဆင့်နှစ်အတွက်တော့ ဟင်းပွဲလေးပွဲ လိုအပ်ပြီး မတူညီတဲ့ သတ်မှတ်ချက်တွေ ရှိနေဆဲ ဖြစ်သည်။ တစ်ပွဲပြီးတစ်ပွဲကို စားဖို့ဆိုတာက အရမ်းကို နောက်ကျနေပြီ ဖြစ်သည့်အတွက် သူတို့နှစ်ယောက်ကို အတူတူ စခိုင်းခဲ့ခြင်း ဖြစ်သည်။

ဝမ့်ရင်းက ရှုရွှမ်းကို တောက်ပနေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ ဒီရက်တွေ အိမ်မှာ ရှုရွှမ်းက သူ့ရဲ့ ဟင်းချက်လက်ရာကို လေ့ကျင့်နေခဲ့သည်။ သို့သော် ထူးဆန်းတဲ့ အရာကတော့ ရှုရွှမ်းက တူညီတဲ့ ဟင်းပွဲကို ချက်ဖို့ အာရုံမစိုက်နိုင်သော်လည်း အချိန်တိုင်းလိုလို သူက မတူညီတဲ့ ဟင်းပွဲတွေကို ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ရှုရွှမ်းက ဘယ်ခေါင်းစဥ်ကို ရွေးမိပြီး ဘာလုပ်မလဲဆိုတာကို ဝမ့်ရင်းကိုယ်တိုင် မသိခဲ့ရပါ။ ရှုရွှမ်းက အချဥ်တည်ထားတဲ့ အသားများ၊ ဝဥများကို သန့်ရှင်းပြီး ကြက်သားကို လှီးကာ အလုပ်ရှုပ်နေတာကို ဝမ့်ရင်း တွေ့ခဲ့ရသည်။

တစ်ဖက်မှာရှိတဲ့လူကလည်း အတော်လေး အရည်အချင်းရှိသည်။ သူတို့ နှစ်ဖက်လုံးက ဉာဏ်ကောင်းပြီး သွက်သွက်လက်လက် ရှိသည်။

အမျိုးသမီးကြီး မစ္စရှုက အပြင်ကနေ ခနလောက် စောင့်နေခဲ့ပြီး ရှုရွှမ်းရဲ့အလှည့်သို့ ရောက်ပြီဆိုတာကို မြင်သည့်အခါ ကြည့်ဖို့အတွက် ဝင်သွားခဲ့သည်။ အဲ့မှာ သူတို့နှစ်ယောက်တည်း မဟုတ်ဘဲ မီးဖိုချောင် တံခါးမှာ ကြည့်နေကြသည့် စားပွဲထိုးအဖွဲ့ တစ်ဖွဲ့ကလည်း ရှိနေခဲ့သည်။

“ဝိုး၊ သူတို့နှစ်ယောက်က တော်လိုက်တာ။ အရင်နှစ်တွေမှာ အဆင့်နှစ်စာမေးပွဲကို အောင်မယ့်သူ ရှာဖို့ဆိုတာက ခက်တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ နှစ်ယောက်တောင်။”

“အဓိကကတော့ ပါရမီပါပဲ။ ဆရာချမ့်ရဲ့တပည့်က တကယ်ကို ကြည့်ကောင်းတာပဲ။”

“အဲဲဒါကို ကြည့်မနေနဲ့။ သူက လက်ထပ်ပြီးသွားပြီ။ ပြီးတော့ သူ့မိန်းမက ဆရာချမ့်ကို လက်ဆောင်တွေ ပေးဖို့ လာတယ်။”

“ငါသိပြီ၊ အရင်တစ်ခေါက်က ယောင်ရွှင်းကျင်းနဲ့ စကားပြောနေတဲ့တစ်ယောက်ပဲ။ ဟဲ့။ ဒီနေ့ ရွှင်းကျင်း မလာဘူးလား။”

“ရွှင်းကျင်းက အိမ်မှာ တစ်ခုခုဖြစ်နေလို့ဆိုပြီး ခွင့်ယူထားတယ်။”

“ထင်သားပဲ။ သူက သူ့ကိုယ်သူပဲ တော်တော်လေး ဂရုစိုက်တာ။ ဒီနေ့ ဒီမှာသာ သူရှိနေရင် သေချာပေါက် အရှေ့မှာ အရည်ညှစ်ခံရပြီပဲ။”

“ဝိုး၊ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို မြန်တာပဲ။”

…….

မကြာခင်မှာ သူတို့နှစ်ယောက်က ကိုယ်ပိုင် ဟင်းပွဲ လေးပွဲကို ပြင်ဆင်လို့ ပြီးသွားခဲ့သည်။

ရှုရွှမ်းက ကြက်သားချောင်းကို ကြာညှို့ဖြင့် ကြော်ပြီး ဝဥကို ယိုထိုးကာ၊ ငါးအသားများကို မီးမြှိုက်ခဲ့သည်။ ထို့အပြင် အသီးအရွက်များကိုလည်း အရောင်အသွေး စုံလင်အောင် ကြော်ထားခဲ့သည်။

တစ်ဖက်က လူငယ်ကလည်း အရမ်းကို မပျော်တဲ့ပုံ ဖြစ်နေခဲ့သည်။

ရှုရွှမ်းလုပ်ခဲ့သည့် ဟင်းပွဲတွေ အားလုံးက အတော်လေး ခက်ခဲပြီး လူငယ်က အရမ်းကို တွေဝေနေခဲ့သည်။ တကယ်လို့ သူက ခက်ခဲသည့် မေးခွန်းတစ်ခုကို ရခဲ့ရင်တောင် ရှုရွှမ်းက ဘာလို့ သူ့အတွက် လွယ်ကူတဲ့ ဖြေရှင်းချက်တစ်ခုကို မရွေးနိုင်ရမှာလဲ။

ဒါကို ယှဥ်ကြည့်ရင် သူလုပ်ခဲ့တဲ့ ဟင်းပွဲလေးပွဲက နည်းနည်း သာမန်ပဲလို့ ထင်ရသည်။

တစ်ခြားလူငယ်တစ်ယောက် လုပ်ထားသည့် ဟင်းပွဲတွေကတော့ ဝက်အူချိုချဥ်ချက်၊ အာလူးကြော်၊ ဝက်သားချက်နှင့် ဝက်သားချောင်းကို ပေကျင်းဆော့စ့်ဖြင့် ကြော်ထားသည့် ဟင်းပွဲတို့ ဖြစ်သည်။

ပစ္စည်းတွေက ရှုရွှမ်းလို မများသလို အရမ်း အဆင်မြင့်တဲ့ ပုံစံမျိုးလည်း ပေါ်မနေခဲ့ပါ။

ချမ့်တုန်က သူ့တပည့် လုပ်ထားသည့် ဟင်းပွဲလေးပွဲကို သူ့အရှေ့မှာ လာချပြီး ပထမဆုံး ဟင်းပွဲအနေဖြင့် အာလူးကြော်ကို မြည်းလိုက်သည်။ ထိုဟင်းပွဲကို ပူတုန်း စားရသည်။ အဲ့လိုမှ မဟုတ်ဘဲ နည်းနည်းလောက် အေးသွားပါက အရသာ ရှိတော့မည် မဟုတ်ပါ။

သကြားခဲဖြင့် ဖုံးနေသော ဝဥကလည်း ချိုပြီး ဝါးလို့ကောင်းသည်။ ဝဥက စိုနေပြီး အပ်ချည်မျှင်လို ဆွဲလို့ရသည်။

ဆရာစုက ချမ့်တုန်အား ဒီလောက် လုပ်နိုင်စွမ်းရှိသည့် တပည့်မျိုးကို ရထားသည့်အတွက် အားကျစွာဖြင့် ကြည့်နေခဲ့သည်။

ဆရာမာက ဝမ်းနည်းနေခဲ့သည်။

သူတို့တွေ အားလုံးက တပည့်တွေချည်းသာ ဖြစ်သည်။ ချမ့်တုန်ရဲ့ တပည့်က အခုဆိုရင် ဒုတိယအဆင့် စာမေးပွဲကို ဖြေနေပြီဖြစ်ကာ သူ့တပည့်ကတော့ အရူးတစ်ယောက်သာ ဖြစ်သည်။

'ဝိုးဝိုးဝိုး၊ ဘာလို့ အရှင်ဘုရားက ဒီလောက်ထိ မတရားရတာလဲ။'

ဆရာစု - “ဒီဝဥယိုက အရမ်းစားကောင်းတာပဲ”

ပြီးတော့ သူက ငါးအသားကိုလည်း ကြော်ထားတယ်။ ငါးအသားကိုလည်း အနေတော်ပဲ ကြော်ထားသလို ဆောစ့်ကလည်း အတော်ပင်။ ငါးအသားက နူးညံ့ပြီး မွှေးနေသလို ငါးအသားတွေရဲ့ အရွယ်နဲ့ အထူက အတူတူပဲ။ ငရုတ်ပွအနီနဲ့ အစိမ်းက ငါးကြော်နဲ့ လိုက်သည်။ ပိုလှပြီး အရသာရှိတဲ့ပုံမျိုးပင်။

အရောင်စုံနေတဲ့ အရွက်ကြော်တွေက ခေါင်းစဥ်မှာ ပေးထားတဲ့ ဓားကိုင်ကျွမ်းကျင်မှုကိုပြတဲ့ ဟင်းပွဲပင်။ ကြာဇံ၊ သခွားသီး၊ ကြက်ဥ၊ မုန်လာဥနဲ့ အာလူးတွေကို အရွယ်အတူတူလှီးပြီး ဆောစ့်နဲ့ ရောလိုက်သည်။ အရောင်အသွေးတွေ စုံလင်ပြီး နှမ်းဆီလေး နှစ်စက်လောက်ဆို သူ့အနံ့က မွှေးကြိုင်နေသည်။

နောက်ဆုံးမှ ငါတို့တွေ ကြက်သားနဲ့ ကြာညှို့ဖြင့် ကြော်တာကို စားရပြီ။ ရိုးရိုးသားသားပြောရရင် ဒီဟင်းပွဲက အသားရဲ့ပုံစံကို ပြောင်းရမယ်ဆိုတဲ့ လိုအပ်ချက်တစ်ခုကိုပဲ ပေးထားတာ။ စားဖိုမှူးစုက ထိုဟင်းပွဲကို ယူလာသည့်အခါ သူက မတူညီတဲ့ တည်ခင်းမှုမျိုးဖြင့် ပြုလုပ်ပေးချင်ခဲ့သည်။ စစ်ဆေးမှုရ ပုံစံကိုပဲ။

ရလဒ်အနေဖြင့် ရှုရွှမ်းက သူ့ကို အံ့ဩစရာတစ်ခု လုပ်ခဲ့ပြီး ကြာရွက်ဖြင့် ကြက်သားကြော်ကို တည်ခင်းပေးခဲ့သည်။

ဆရာစုက စိတ်ထဲကနေ မှင်သက်နေခဲ့ရသည်။ သူက ဒီလိုဟင်းပွဲမျိုး လုပ်နိုင်မလားဆိုတာ သူ့ကိုယ်သူတောင် မပြောနိုင်ခဲ့သော်လည်း ရှုရွှမ်းကတော့ မတုံ့မဆိုင်းဘဲ အဲ့ဒါကို ရွေးချယ်ခဲ့သည်။

ကြာရွက်ထဲမှာ ကြက်သားချောင်းတွေကို လုပ်ဖို့ ဘာမှ မရောတဲ့ ကြက်ရင်ပုံနဲ့ ကြက်ဥအကာကို ထောင်းပေးဖို့ လိုအပ်သည်။ ပူရီက ဖြူပြီး အရည်နည်းနည်းတော့ ပါရမည်။ ပြီးမှ ကြက်သားချောင်းတွေကို အိုးထဲမှာ စကြော်ဖို့လိုသည်။ လုပ်ဖို့လိုတဲ့ အရာတစ်ခုက မီးကို အရမ်းလည်း မများသွားသလို အရမ်းလည်း နည်းနေလို့ မရပေ။ ဆီအပူချိန်က အရောင်ပြောင်းဖို့ ကြော်တဲ့အခါ အရမ်း ပူနေလို့ မရဘဲ မီးအေးအေးထဲမှာ ပုံစံပေါလာအောင် ကြော်ရမည်။

ကြော်ပြီးသွားတဲ့ ကြက်သားတွေက အပေါ်ယံမှု ဘာအဖောင်းအပွမှမရှိဘဲ ဝိုင်းဝိုင်းလေးနဲ့ နူးညံ့နေရမည်။

သူက နည်းနည်းတော့ ပြဿနာရှိတယ်ဟု ဆရာစုက ခံစားမိခဲ့သည်။

ဆရာမာက အဲ့ဒါကို မြည်းပြီးနောက် လက်ခုပ်ထတီးခဲ့သည်။ “အရမ်းတော်တာပဲကွာ။”

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၄၈

ရှန်တုန့် ဟင်းပွဲတွေမှာတောင် ကြက်သားချောင်းနှင့် ကြာရွက်ဟင်းပွဲက အတော်လေး ခက်ခဲသည့် ဟင်းပွဲ တစ်ပွဲ ဖြစ်သည်။ ရှုရွှမ်းက ဒီဟင်းပွဲကို အရသာရှိအောင် လုပ်နိုင်တယ်ဆိုတာက အတော်လေး တော်သည်။

ဆရာမာက ပိုက်ဆံအတွက် မပြောဘဲ လူတွေကို ကြွားလိုက်သည်။ “အဖိုးကြီးချမ့်၊ မင်းရဲ့တပည့်က ဒီပထမအဆင့် စာမေးပွဲကိုတောင် အောင်တော့မှာကို ငါစိုးရိမ်မိတယ်။”

ဒီမှာ မူလဟင်းလျာတွေ မရှိဘူးဆိုပေမယ့် အခြားဟင်းပွဲတွေရဲ့ အရည်အသွေးကလည်း အတော်လေး ကောင်းပြီးသား ဖြစ်သည်။

ချမ့်တုန် - ….. ချမ့်တုန်က စားသောက်ရင်း အလုပ်ရှုပ်နေသည့်အတွက် ဝိုးတိုးဝါးတားနှင့် ပြန်တုံ့ပြန်ခဲ့သည်။

ဝမ့်ရင်းက ဗိုက်ခေါက်တွေနှင့် ဖြစ်နေပြီး သူမနှင့် အချို့အရာတွေကို အင်တင်တင် ဝေမျှပေးခဲ့သည့် ချမ့်တုန်ကို ပုတ်လိုက်သည်။ စားနေရင်း ဝမ့်ရင်းရဲ့ မျက်လုံးက ပြူးသွားခဲ့သည်။ ဒါဟာ ရှုရွှမ်းချက်သည့် ကြက်သားချောင်းတွေကို ပထမဆုံးအကြိမ် သူမ စားခဲ့ဖူးခြင်း ဖြစ်သည်။ အဲ့ဟင်းပွဲက တကယ်ကို သူ့ဂုဏ်ပုဒ်အတိုင်း စားကောင်းလွန်းသည်။ ကြက်သားချောင်းတွေက နူးညံ့မွှေးကြိုင်ပြီး ဟင်းရည်က အရသာအပြည့် ဖြစ်နေခဲ့သည်။

လူတွေအများကြီးက အဲ့ဒါကို မြည်းကြည့်ခဲ့ကြသည်။

သူ့ဘေးနားရှိ လူငယ်လေးက အခုဆိုရင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

စားဖိုမှူးစုက မျက်မှောင်ကိုကြုတ်ပြီး ငြီးနေဆဲ ဖြစ်သည်။ “ဝက်အူချိုချဥ်ချက်က သေချာ မကြော်ထားဘူး။ သူ့ရဲ့ ချိုချဥ်ဆော့စ်က အရမ်းကို ချိုလွန်းတယ်။”

“ ပေကျင်းပုံစံ ဝက်သားကလည်း ဆားအရမ်း များတယ်။ အဲ့ဒါက နည်းနည်း ငန်တယ်။”

“နှစ်ခါပြန်ချက်ထားတဲ့ ဝက်သားနဲ့ အားလူးကြော်က စားကောင်းတယ်။”

စားပွဲခုံအနောက်ရှိ လူအနည်းက စကားသံတွေ ထွက်လာပြီး နောက်ဆုံးမှာတော့ အအောင်မပေးဖို့ကို ဆုံးဖြတ်ခဲ့ကြသည်။

လူငယ်လေးရဲ့ အသက်ရှုသံက မြန်လာခဲ့သည်။ “ငါ အဲ့ဒါကို လက်မခံနိုင်ဘူး။”

သူက စိုးရိမ်တကြီး ရှုရွှမ်းကို ညွှန်ပြခဲ့သည်။ “ငါ အကုန်လုံး ကြားပြီးပြီ။ သူက မင်းတို့ဒိုင်တွေရဲ့ တပည့်လေ။ သူ့ကို ဘက်လိုက်ကြတာပဲ။ သူက ဘာလို့ အောင်ပြီး ငါက မအောင်ရတာလဲ။ ငါ စားဖိုမှူး ဖြစ်လာတာ ဆယ်နှစ်လောက်ရှိနေပြီ။ အဲ့ဒါကို ငါက ဘာလို့ အဆင့်နှစ်ကို မရောက်နိုင်ရတာလဲ။”

အစပိုင်းမှာတော့ သူက သိပ်ပြီး အားမစိုက်ခဲ့ပါ။ သို့သော် သူပြောလေလေ၊ သူ့ရဲ့ စကားတွေက သူ့ကို စွပ်စွဲနေတာ တကယ်မှန်လေလေဟု ခံစားခဲ့ရသည်။

“ငါ အဲ့ဒါကို လက်မခံနိုင်ဘူး။ ခဗျားတို့တွေက အဆက်အသွယ်တွေကို သုံးနေကြတာပဲ။ ခဗျားက အတွင်းလူကို အသုံးချနေကြတာပဲ။ ငါ့ရဲ့ လက်ရာက အရမ်းမဆိုးတာကို ဘာဖြစ်လို့ မအောင်ရတာလဲ။ ခဗျားတို့က ခဗျားတို့တပည့်ကို လမ်းကြောင်းပေးဖို့ အပြစ်မရှိ မပြစ်ရှာနေကြတာပဲ။ ပြီးတော့ ငါ့ဟာကို အရင်မစားဘဲ ဘာလို့ သူ့ဟာကိုမှ အရင်စားကြတာလဲ။ ခဗျားတို့တွေက ငါ့ကို တမင်တကာ ပယ်ထားကြတာ ဟုတ်တယ်မလား။”

ထိုလူငယ်က ပိုပိုပြီး ပြောလာသည့်အတွက် ဆရာစုရဲ့ မျက်နှာက သုန်မှုန်သွားခဲ့သည်။

သူက ပထမအဆင့် စားဖိုမှူးတစ်ယောက် ဖြစ်သည့်အတွက် ဒီလို လူစိမ်းတစ်ယောက်ကို စာမေးပွဲဖြေခိုင်းရတာက တကယ်ကို ရှက်ဖို့ကောင်းသည်။

ထို့အပြင် ရှုရွှမ်း ပြင်ဆင်လာသည့် ဟင်းပွဲတွေက အရမ်းကို ခက်ခဲပြီး ဒုတိယအဆင့် လုံးဝ မဟုတ်ဘူးဆိုတာ မျက်စိရှိတဲ့လူတိုင်း မြင်နိုင်သည်။

ထို့အပြင် သူတို့က စာမေးပွဲကို အတူတူ ဖြေကြရုံသာ ဖြစ်ပြီး အချင်းချင်း ယှဥ်ပြိုင်နေကြခြင်း မဟုတ်ပါ။ ဒီလူက ရှုရွှမ်းကို မကျော်နိုင်လို့ ဒေါသထွက်တယ်ဆိုတာ တကယ်ကို အကျိုးအကြောင်း မသင့်တော်ပါ။

“အဲဲဒါက ဘယ်သူလဲ။ ကျိုးယွမ်ချောင်မလား။ ငါ နင့်ကို ပြောပြရဦးမယ်။ ဒါငါတို့ရဲ့ နိုင်ငံပိုင် စားသောက်ဆိုင်က ပြိုင်ပွဲမဟုတ်ဘူး။ ဒီမှာ ဆုံးဖြတ်ချက်ချရတာ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်တည်း မဟုတ်ဘူး။ မင်းတို့နှစ်ယောက်လုံးက စာမေးပွဲဖြေဖို့ ဒီမှာ ရှိနေကြတာ။ ပြီးတော့ ငါတို့က မင်းတို့ရဲ့ အဆင့်အရ သတ်မှတ်ချက်တွေ ပေးရတယ်။ သူက အောင်သွားတယ်ဆိုတာ သူ့ရဲ့ အရည်အချင်းကြောင့်ပဲ။ ဒါပေမယ့် မင်းမအောင်ဘူးဆိုရင်တော့ အဲ့ဒါက မင်းရဲ့ မကောင်းတဲ့ အရည်အချင်းကြောင့်ပဲ။ ငါပြောတာ ရှင်းလား။ တကယ်က မင်းမအောင်တာက တစ်ခြားသူတွေနဲ့ မဆိုင်ဘူး။ အဲ့ဒါက မင်းမှာ အရည်အချင်းမရှိလို့ဆိုတာ ရှင်းရှင်းလေးပဲ။ မင်းက တစ်ခြားသူတွေရဲ့ အရည်အချင်းအပေါ်မှာ မှီခိုနေတာ။ ပြန်ပြီး မင်းဘာသာ လေ့ကျင့်နေ။”

ဝမ့်ရင်းက မှင်သက်သွားခဲ့သည်။ ဒီဆရာစုက တကယ်ကို အပြောကြမ်းသည်။ သူပြောနေတဲ့ပုံက တစ်ဖက်လူကို လက်ညှိုးထိုးပြီး သူတို့ရဲ့ ညံ့ဖျင်းသော လက်ရာတွေကို ဆူပူနေသလို ဖြစ်နေခဲ့သည်။

သေချာတာကတော့ ဆရာစုရဲ့ စကားတွေက မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်နေခဲ့ကာ လူငယ်လေးရဲ့ မျက်လုံးတွေက နီရဲသွားခဲ့သည်။

“ခဗျား လိမ်နေတာ။ ဘယ်လိုလုပ် ကျုပ်ရဲ့ လက်ရာက မကောင်းဘဲနေမှာလဲ။ လူတိုင်းက ကျုပ်ရဲ့ ဟင်းပွဲတွေကို ချီးကျူးနေကြတာ။ ကျုပ်တို့ရဲ့ စားသောက်ဆိုင်ကို ကျုပ်တစ်ယောက်တည်းနဲ့ လည်ပတ်နေတာ။ ကျုပ်ရဲ့ လက်ရာက ကောင်းတယ်လို့ လူတော်တော်များများကလည်း ပြောတယ်။ ကျုပ် လေ့လာနေတာ ဆယ်နှစ်ကျော်ပြီ။ အဲ့ဒါကို ကျုပ်ရဲ့ ဟင်းချက်လက်ရာက ဘယ်လိုလုပ် ဆိုးနိုင်မှာလဲ။”

ဒီလိုနဲ့ ခေါင်းစဥ်က အဆင့်သတ်မှတ်တာကနေ သူ့လက်ရာက ကောင်းလား၊ မကောင်းဘူးလားဆိုသည့် အခြေအတင် စကားဝိုင်းသို့ ပြောင်းသွားခဲ့သည်။

ဆရာစုက ခွန်အားအပြည့် ဖြစ်နေခဲ့သည်။ “တပ်သား၊ အကျိုးသင့်အကြောင်းသင့် ပြောစမ်းပါ။ မင်းလုပ်တဲ့ ဟင်းပွဲတွေရဲ့ ခက်ခဲမှုက သာမန်ပဲ။ အဆင့်သုံးရှိတဲ့ စားဖိုမှုးတစ်ယောက်က ဝက်အူချိုချဥ်ကြော်ကို လုပ်နိုင်တယ်။ ပြီးတော့ နှစ်ခါပြန်ချက်ထားတဲ့ ဝက်သားကို အဆင့်သုံးမအောင်သေးတဲ့ ဆရာမာရဲ့ တပည့်ကတောင် အကောင်းဆုံး ချက်နိုင်တယ်။”

ဘာအကြောင်းပြချက်မှမရှိဘဲ ခလုတ်တိုက်ခံခဲ့ရသော ဆရာမာ - ….. ကျေးဇူးပါ။ ဆိုးရွားလွန်းတဲ့ ငါ့ရဲ့ တပည့်အကြောင်းကို ထည့်မပြောပါနဲ့။

ဆရာစု - “အာလူးကြော်ကို ဥပမာအနေနဲ့ ယူလိုက်။ အခုလေးတင် အဆင့်သုံး စာမေးပွဲကို ဝင်ဖြေခဲ့တဲ့လူက အဲ့ဟင်းပွဲကို လုပ်သွားတာ။ မင်းက အဆင့်နှစ် စာမေးပွဲကို အောင်ဖို့အတွက် အဆင့်သုံးမှာရှိတဲ့ ဟင်းပွဲတွေကို ချက်ပြုတ်နေတာပဲ။ အဲ့ဒါကို မင်းက အောင်မယ်ဆိုပြီး ဘာလို့ ထင်နေရတာလဲ။”

ဆရာစု - “ငါတို့တွေက ငါတို့ရဲ့ ဟင်းချက်လက်ရာနဲ့ နေထိုင်စားသောက်နေရတာ။ အခုလေးတင် ရှောင်ရှု လုပ်ထားတဲ့ ဟင်းပွဲတွေကို မြင်ပြီးပြီပဲ။ ငါဘာကိုမှ မပြောချင်ပါဘူး။ ငါးအသားကြော်နဲ့ ဝဥယိုကိုပဲကြည့်။ မင်း ငါ့အတွက် တစ်ပွဲလောက် လုပ်ပေးနိုင်လား။ ကြာရွက်နဲ့ ကြက်သားချောင်းကို ကြော်လာနိုင်ရင် ငါမင်းကို အရှက်ရအောင် မလုပ်တော့ဘူး။ အဓိကက မင်းကျန်တဲ့ အပူစာ ဟင်းပွဲနှစ်ပွဲကို လုပ်လို့ရတယ်။ မင်း ရှောင်ရှုနဲ့ ယှဥ်ပြိုင်ချင်တယ်ဆိုရင် ဒီဟင်းပွဲတွေကို မင်းချက်ရမယ်။ မင်း သူ့ထက်ကောင်းအောင် ချက်နိုင်ရင် ဒုတိယအဆင့်ကို အောင်လိမ့်မယ်။”

ဆရာစုရဲ့ အပြစ်တင်တာကို ခံရပြီးနောက် ကျိုးယွမ်ချောင်ရဲ့ မျက်နှာက နီရဲလာခဲ့သည်။ “ငါမလုပ်ဘူး။ ခဗျားက ကျုပ်ကို ထပ်ပြီး ထားဦးမလား ဆိုတာကို ဘယ်သူကများ သိနိုင်မှာလဲ။”

ဆရာစု - “အိုး၊ ငါက ဒေါသကြီးတာပဲ။ အဲ့ဒါကို လုပ်လိုက်စမ်းပါ။ အဆိုးဆုံးက ဒီမှာ ဘေးလူတွေ အများကြီးရှိနေတာဆိုတော့ ငါတို့တွေ မဆုံးဖြတ်ဘဲ လူတိုင်းကို ဆုံးဖြတ်ခိုင်းလိုက်မယ်။ အဲ့ဒါမှ အလုပ် မဖြစ်ဘူးဆိုရင် လမ်းပေါ်က လာတဲ့လူတွေကို ဆုံးဖြတ်ပေးဖို့ ငါပြောလိုက်မယ်။ မင်းက ဘာလို့ နားမထောင်တာလဲ။ မင်းက အဲ့ဒါကို မလုပ်နိုင်ဘူးဆိုတာ ငါပြောပြပေမယ့် မင်း ငါ့ကိုမှ မယုံတာ။ ငါက ထပ်ပြိုင်ဖို့ပဲ ပြောတာ။ ဒါပေမယ့် ငါက မင်းကို ထားခဲ့မှာ ကြောက်နေတာဆိုပြီး ပြောနေတာပဲ။ အဲ့တော့ မင်းက ဘာလိုချင်တာလဲ။ ငါက မင်းအတွက် ရှောင်ရှုကို ဖယ်ပေးရမှာလား။ အဲ့ရလဒ်ကို မင်းက လိုချင်နေတာလား။”

ကျိုးယွမ်ချောင်က တွေဝေနေသည်။ ပြတင်းပေါက်နှင့် တံခါးကို မှီနေသော စားပွဲထိုးတွေက လက်ညှိုးထိုးပြီး ပြောနေခဲ့ကြသလို အပြင်ကနေ စားဖို့ရောက်လာသော ဧည့်သည်တွေကတောင် ပွဲကို လာကြည့်ခဲ့ကြသည်။

သက်သေပြဖို့အတွက် သူ့ကိုယ်တိုင်က မလုပ်နိုင်ခဲ့ပါ။ ဒီအချိန်မှာ ထွက်သွားဖို့ဆိုတာကလည်း အရမ်းကို ရှက်ဖို့ကောင်းတယ်ဟု ခံစားနေခဲ့ရသည်။

အဲ့အချိန်တုန်းက သူက ပြဿနာတစ်ခု ရှာလိုက်ပေမယ့် အခုချိန်မှာ အဲ့ပြဿနာကနေ သူ့ကိုယ်သူ မကယ်တင်နိုင်တော့ပေ။

တပ်သား ကျိုးယွမ်ချောင်က ပြဿနာဖြစ်ဖို့အတွက် မရည်ရွယ်တာကို ဝမ့်ရင်းက မြင်နေခဲ့ရသည်။ သူက ဒေါသထွက်နေရုံသာ ဖြစ်သည်။ တစ်ခြားသူတွေက အောင်ပြီး သူက မအောင်တာကို မြင်ရသည့်အတွက် ခနလောက် ဒေါသထွက်သွားခဲ့ရခြင်း ဖြစ်သည်။

အချိန်တစ်ခုရောက်မှ ချမ့်တုန်က ကိစ္စတွေ အဆင်ပြေဖို့ အရှေ့ကို ထွက်လာခဲ့သည်။ “တပ်သားကျိုး၊ ငါက ရှောင်ရှုရဲ့ ဆရာပါ။ စောနက ငါဘာတစ်ခွန်းမှ မပြောဘူးဆိုတာ မင်းရဲ့ မေးခွန်းတွေနဲ့ ဘာမှ မဆိုင်လို့ပါ။ အဲ့ဒါကြောင့် ဝင်မပြောခဲ့တာ။ တကယ်တော့ မင်းရဲ့အသက်အရွယ်မှာ မင်းရဲ့ ဟင်းချက်လက်ရာက အတော်လေး ကောင်းပါတယ်။ အခုလေးတင် ဟင်းပွဲလေးပွဲနဲ့ နှစ်ခါပြန်ချက်ထားတဲ့ ဝက်သားက တော်တော်လေး ကောင်းတယ်။ အဲ့ဒါက မင်း ဒီအခြေခံ နည်းစနစ်တွေကို နှစ်တွေအကြာကြီး လေ့လာထားတယ်ဆိုတာ ပြသနေတာပဲ။”

လူငယ်က အခုလေးတင် အဆူခံခဲ့ရပြီး အခု ရုတ်တရက် ထောက်ခံပေးခံရပြန်သည်။ သူက ငိုမဲ့မဲ့ ဖြစ်နေခဲ့ကာ နှာသံဖြင့် ပြောခဲ့သည်။ “ဒါဆိုလည်း ဘာလို့ ကျုပ်ကို အအောင်မပေးတာလဲ။ ကျုပ်အသက် ၁၅နှစ် ကတည်းက ဟင်းချက်တာကို လေ့လာခဲ့တာ။ အခုဆိုရင် ၂၅နှစ် ရှိနေပြီ။ နောက်ဆယ်နှစ်နေရင်ရော ကျုပ်က ဒုတိယအဆင့် စာမေးပွဲကို မအောင်နိုင်သေးဘူးလား။”

ချမ့်တုန်က ပြုံးပြီး ခေါင်းခါပြခဲ့သည်။ “တကယ်တော့ အဲ့လို မဟုတ်ပါဘူး။ ချက်ပြုတ်ရေးကို လေ့လာတယ် ဆိုတာက ဆရာအပေါ်မှာ မူတည်တယ်။ ဒီတစ်ခေါက် မင်း ဟင်းပွဲလေးပွဲရဲ့ အကြီးမားဆုံး ပြဿနာက သူတို့မှာ ဘာဝိသေသမှ မရှိနေတာပဲ။ စားဖိုမှူးအနေနဲ့ စားသောက်ဆိုင်မှာ ဧည့်သည်တွေ အမှာများတဲ့ ဟင်းပွဲတွေကို ချက်ရုံပဲ ချက်လို့မရဘူး။ မင်းရဲ့ဆိုင်မှာ အမှာများဆုံး ဟင်းပွဲက အာလူးကြော်နဲ့ ဝက်သားဟင်း ဆိုတာကို သိဖို့အတွက် ငါမေးဖို့မလိုဘူးလေ ဟုတ်တယ်မလား။”

“မင်းမှာ ကိုယ်ပိုင် ထူးခြားချက်ရှိတာတော့ ကောင်းပါတယ်။ ဒါပေမယ့် မင်းထပ်ပြီး ကြိုးစားရင် မင်းကိုယ်မင်းအတွက် ပိုမြင့်တဲ့ အနေအထားတစ်ခုကို ရောက်နိုင်လိမ့်မယ်။”

“တည်ငြိမ်မှုက အရေးအကြီးဆုံးအရာဆိုတာကို မင်းရဲ့ ဆရာက သင်ပေးသင့်တာ ဟုတ်တယ်မလား။ ဟုတ်တာပေါ့။ တည်ငြိမ်တာက ကောင်းတယ်ဆိုပေမယ့် ငါတို့ရဲ့ တတိယအဆင့်က ဝင်ခွင့်အဆင့်ပဲလေ။ ပြီးတော့ အဆင့်နှစ်က နောက်ထပ်တစ်ဆင့်ပဲလေ။ ထုံးစံအတိုင်း အဆင့်နှစ်ရဲ့စံနှုန်းက အဆင့်သုံးရဲ့ စံနှုန်းနဲ့ မတူဘူး။”

“ဝက်အူချိုချဥ်က သေသေချာချာ မကျက်နေဘူး။ ဘာလို့လဲဆိုတော့ မင်းက အရမ်း ရင်ခုန်နေရလို့ပဲ။ မင်း အိုးထဲက ဆီကို အပူပေးတုန်းက အလောတကြီး ဖြစ်နေတာကို ငါမြင်တယ်။ ပြီးတော့ မင်းက အသားကို ထည့်ပြီးမကြာဘူး ပြန်ထုတ်ဖို့ လောနေတာလေ။ မင်းက အချိန်ကို လုံးဝ အာရုံမစိုက်ဘူး။ မင်းရဲ့ အဆင့်တွေကိုပဲ လိုက်လုပ်ခဲ့တာ။ ပြီးတော့ ပေကျင်းပုံစံ ဝက်သားကြော်မှာ ဆားထည့်တုန်းက မင်းရဲ့လက်တွေ တုန်နေတာ ငါတွေ့တယ်။”

“ပြန်ပြီး သေသေချာချာ လေ့ကျင့်။ ဒါက စာမေးပွဲအတွက်တင် မဟုတ်ဘူး။ ငါတို့နဲ့ ငါတို့ရဲ့ ဖောက်သည်တွေ အတွက်ရောပဲ။”

ချမ့်တုန်ရဲ့ စကားတွေက ကျိုးယွမ်ချောင်ကို မျက်ရည်ကျစေပြီး သူက ထိတ်ထိတ်ပျာပျာနှင့် ခေါင်းငြိမ့်ပြခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းရဲ့လက်ကို မြန်မြန်ဆွဲပြီး အသံတိုးတိုးဖြင့် မေးခဲ့သည်။ “ငါတို့ရဲ့ဆရာက အမြဲ အဲ့လိုပဲလား။ သူ ရှင့်ကို အရင်က သင်ပေးတုန်းကရော ဒီလိုပဲ ကြက်စွပ်ပြုတ်ကို ပေးတာပဲလား။”

ရှုရွှမ်းက ကြက်စွပ်ပြုတ်ဆိုတာ ဘာလဲမသိသော်လည်း အဲ့ဒါက ချမ့်တုန်ပြောနေသည့် အဓိပ္ပါယ်မရှိသည့် အရာတွေ ဖြစ်လိမ့်မယ်ဟု နားလည်ထားခဲ့သည်။

ရှုရွှမ်းက ငြီးလိုက်သည်။ “အစမှာဆို ဒီလိုပါပဲ။ နောက်ပိုင်း အဲ့လိုမဟုတ်တော့ဘူး။”

ဘာလို့လဲ။

အကြောင်းမှာ ချမ့်တုန်က ဒီအကြောင်းကို ပြောသည့်အခါတိုင်း ရှုရွှမ်းက မေးခွန်းသုံးခုကို ဆက်တိုက် မေးခဲ့သည်။ “ဆရာ အဲ့ဒါကို ပုံဖော်ပြနိုင်လား။ အဲ့ဒါက ဒီလိုလား။ ဒါဆို ဘာလို့ ကျွန်တော့်ကို လာဝေဖန်နေတာလဲ။”

ချမ့်တုန်က အရမ်း ဒေါသထွက်လွန်းလို့ ကြက်စွပ်ပြုတ်ကို သောက်တောင် မသောက်နိုင်ခဲ့ပါ။

ကျိုးယွမ်ချောင်က ပစ္စည်းတွေကို ထုပ်ပြီး ဆရာစုနှင့် ချမ့်တုန်ကို ခေါင်းငုံ့ပြီး ထွက်သွားခဲ့သည်။

သူက ခေါင်းကို ငုံ့ထားခဲ့ပြီး အရမ်း ဝမ်းနည်းနေသည်။

ဆရာမာက ကြည့်ပြီး မြန်မြန် ထွက်သွားခဲ့သည်။

ချမ့်တုန်က ရောက်လာပြီး ရှုရွှမ်းရဲ့ ပုခုံးကို ပုတ်လိုက်သည်။ “အဆင့်နှစ်ကိုအောင်တာ ဘယ်လို ခံစားရလဲ။”

ရှုရွှမ်းက သူ့လက်ကို ဖယ်ချလိုက်ပြီး မေးခဲ့သည်။ “ဆရာ ပထမအဆင့် စာမေးပွဲကို ဘယ်တော့ ဖြေမှာလဲဆိုတာ မေးချင်လို့။”

ချမ့်တုန်က ပြုံးပြီး ပြောလိုက်သည်။ “စောင့်သာ ကြည့်နေပါကွာ။ နောက်ထပ် နှစ်နည်းနည်းလောက် သည်းခံကြရအောင်။”

ပထမအဆင့် စာမေးပွဲကို စီရင်စုမြို့မှာ ဖြေရမှာပင်။ အဲ့ဒါက ရိုးရှင်းမနေပေ။

ချမ့်တုန် - “မင်းအရင်ဆုံး မြို့ကို ပြောင်းလာသင့်တယ်။ ပြီးတော့မှ ငါတို့တွေ ပထမအဆင့် စာမေးပွဲကိစ္စကို ပြောရအောင်။ ဟုတ်ပြီ။ မင်းက အောင်ပွဲခံဖို့အတွက် ဘာလို့ ဟင်းပွဲလေးတွေ မလုပ်တာလဲ။ အခုလုပ်တော့”

ရှုရွှမ်းမပြောနဲ့ ဆရာစုကတောင် ဆွံ့အနေခဲ့သည်။

'မင်းက အခုလေးတင် စာမေးပွဲအောင်ထားတဲ့ မင်းရဲ့ တပည့်ကို အောင်ပွဲခံဖို့ ချက်ပြုတ်ခိုင်းနေတာက တကယ်ကို သြချလောက်ပါတယ်ကွာ။'

ချမ့်တုန်က လုံးဝမရှက်ဘဲ ဟင်းပွဲတွေကို မှာခဲ့သည်။ “ငါက အသားကို ငံပြာရည်နဲ့စိမ်တာရယ်၊ ကြက်အမြစ် အစပ်ကြော်ရယ်နဲ့ ဝက်နံရိုးကင်ရယ် လုပ်ခဲ့မယ်။”

ဝမ့်ရင်း - “ဆရာ၊ အရွက်လေးဘာလေးလည်း စားပါဦး။”

မနက်ပိုင်းမှာတော့ သူတို့က ကြက်စွပ်ပြုတ်နှင့် ပဲနို့ကို စားခဲ့ကြသည်။ သူတို့က မနက်ပိုင်းမှာတင်ပဲ ဟင်းပွဲများကို ပြင်ဆင်ခဲ့ကြပြီး နေ့လည်ပိုင်းမှာတော့ အသားတွေကို ရခဲ့ကြသည်။ ဝမ့်ရင်းက ချမ့်တုန် သွေးတိုးမှာကို တကယ် စိတ်ပူနေခဲ့သည်။

ချမ့်တုန်က အင်တင်တင်နှင့် ပြောခဲ့သည်။ “ဒါဆို ပဲသီးကြော်စားရအောင်။”

ဝမ့်ရင်း - “အရွက်ကြော်မယ်။”

ချမ့်တုန်က ဝမ့်ရင်းကို အားငယ်စွာ ပြောလိုက်သည်။ “ဟုတ်ပြီ။ တစ်ခုလောက်ပဲ ကြော်ပါ။”

သူက အသီးအရွက်တွေ မကြိုက်ပါ။

ထိုအချိန်မှာပဲ ဆရာမာက သီချင်းလေးညည်းရင်း ဝင်လာခဲ့သည်။

ချမ့်တုန်က ပြုံးပြီး မေးလိုက်သည်။ “ဘာလို့လဲ။ တပ်သား ယွမ်ချောင်က မင်းရဲ့တပည့် လုပ်ချင်တယ် ဆိုလို့လား။”

ဆရာမာက ချောင်းဟန့်ကာ ပြောလိုက်သည်။ “မင်းက ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ ငါက တပည့် လက်ခံပါတယ်လို့ ဘယ်သူပြောလို့လဲ။ ဒီလူငယ်က လေ့လာသင်ယူဖို့ စိတ်အားထက်သန်တယ်ဆိုပြီး ငါက တွေးမိရုံပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ဆိုင်က မာကျိက ပြောင်းတော့မှာမလား။ ဒါ သူလာဖို့ ဆန္ဒရှိလားဆိုတာ မေးဖို့ အခွင့်အရေးကောင်းတစ်ခုပဲ မဟုတ်ဘူးလား။”

All Chapters