← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 13 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 13 Ch. 149-150

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၄၉

တကယ်တမ်းမှာတော့ ကျိုးယွမ်ချောင်က ဒါကို ကြားရလို့ အတော်လေးကို ပျော်သွားခဲ့သည်။ သူက တပ်မဟာရဲ့ စားသောက်ဆိုင်မှာ ရှုရွှမ်းလို စားဖိုမှူး တစ်ယောက် ဖြစ်သည်။ သူ့ဆရာက မည်မည်ရရ ဆရာတစ်ယောက် မဟုတ်သော်လည်း ရွာထဲရှိ ပွဲများကို ပြင်ဆင်ဖို့ ကူညီပေးရသည့် လူအိုကြီးတစ်ယောက် ဖြစ်သည်။

ကျိုးယွမ်ချောင်က ထိုလူအိုကြီးထံမှ နည်းအချို့ကို လေ့လာခဲ့ပြီး တစ်ချို့ တူညီသည့် ဟင်းပွဲများကို ထပ်ခါတလဲလဲ ချက်ပြုတ်ခဲ့သည်။ သူက သေချာ လုပ်တယ်ဟု သတ်မှတ်လို့ရသည်။ သူက စာကို မဖတ်နိုင်သော်လည်း တပ်မဟာထဲရှိ စာဖတ်တာကို သင်ကြားသည့် အတန်းမှာ လေ့လာနေသည့်အတွက် တဖြည်းဖြည်းနဲ့ ပါဝင်ပစ္စည်းများကို မှတ်မိလာပြီး သူတို့ရဲ့ ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။

ဒီစာမေးပွဲအတွက်တောင် ကျိုးယွမ်ချောင်က အရမ်း မကျေမနပ် ဖြစ်နေခဲ့သည်။ သူ့ဆရာက ဘယ်တုန်းကမှ စာမေးပွဲကို မဖြေခဲ့ဖူးဘဲ အဲ့ဒါကို ဘယ်လိုလုပ်ရမလဲကို မသိခဲ့ပါ။ သူက မြို့မှာ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ ဆယ်ယွမ်ကို သုံးခဲ့ရသည်။ သို့သော် စားဖိုမှူးက သူ့အား အသေးစိတ် မပြောပြဘဲ တည်တည်ငြိမ်ငြိမ်နဲ့သာ စာမေးပွဲကို ဖြေဖို့အတွက် ပြောခဲ့သည်။

အတော်လေး တည်ငြိမ်မယ်ဆိုရင် လုံးဝ ကျမှာ မဟုတ်ဘူး။

ကျိုးယွမ်ချောင်က သနားဖို့ကောင်းသော်လည်း ဆရာမာက ရတနာတစ်ခု ရှာတွေ့သလို ခံစားခဲ့ရသည်။

မလောပါနဲ့ အဆင်ပြေပါတယ်။

သူက သူ့လက်ကိုပွတ်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ကံက အကောင်းဘက်သို့ လှည့်လာပြီဟု ခံစားလာခဲ့ရသည်။ ငတုံးတပည့်ကတော့ ထွက်သွားပြီ။ အခုဆိုရင် တတိယအဆင့်ရှိတဲ့ လူကောင်းတစ်ယောက် ရောက်လာပြီ။

ဆရာမာက အဲ့ဒါကို တွက်ချက်လိုက်သည်။ “ငါက မင်းလို မဟုတ်ဘူး။ ငါက တပည့်တွေအများကြီးကို လေ့ကျင့်ပေးပြီးပြီ။ နောက်နှစ်နည်းနည်းလောက်ဆို ငါက အနားယူတော့မှာ။ ငါက တပည့် တစ်ယောက်ကို မြန်မြန် မလေ့ကျင့်ပေးဘဲ နေနိုင်မှာလဲ။”

စားဖိုမှူးမာက အကြီးဆုံး စားဖိုမှူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး အနားယူတော့မည် ဖြစ်သည်။

ဒါဟာ သူက မာယုံကျန်းကို စိတ်လှုပ်ရှားဖို့ တွန်းအားပေးနေရသည့် အကြောင်းပြချက်ဖြစ်ပြီး တကယ်လို့ သူသာ အနားယူသွားပါက ဆိုင်ထဲမှာရှိတဲ့ စားဖိုမှူးရာထူးကလည်း လစ်ဟာသွားမည် ဖြစ်သည်။ အဖိုးကြီးချမ့်ရဲ့ အကဲဖြတ်မှုအရဆို သူက သူ့ရဲ့ တပည့်ကို ရှုရွှမ်းရဲ့ နေရာမှာ အစားထိုးပေးမည် ဖြစ်သည်။

လောင်ချမ့်က ရာထူးမြင့်ပြီး သူ့တပည့်ကလည်း အရည်အချင်း မရှိသည့်အတွက် ဒီကိစ္စက ထုံးစံအတိုင်း သဘောတူညီမှု ရသွားလိမ့်မည် ဖြစ်သည်။

ဆရာမာရဲ့ အလုပ်အတွက် ဒီနေ့ခေတ် စားဖိုမှူးများ အကြားတွင် သာမန်အခြေအနေ တစ်ခုရှိသည့် သူ့ရဲ့ အငယ်ဆုံးသားအတွက်သာ သူက တာဝန်ရှိသည်။

ဆိုလိုသည်မှာ လိုအပ်တဲ့ အရည်အချင်းတွေကို တပည့်က အောင်မြင်ပြီး သူ့တပည့်ကို သူ့သားအား စောင့်ရှောက်ခိုင်းမည် ဖြစ်သည်။

ဆရာမာရဲ့ အငယ်ဆုံးသားက သိပ်ပြီး မကြီးသေးပါ။ သူ့ကို အသက်ကြီးမှ မွေးထားပြီး အခုဆိုရင် အသက် ၁၃နှစ် ၁၄နှစ်ခန့်သာ ရှိသေးသည်။ သူက တာဝန်ယူဖို့ နှစ်နှစ်လောက် စောင့်ရမည် ဖြစ်သည်။ သူ အရွယ် ရောက်သည့်အခါ တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီး စီနီယာ အကိုကြီးတွေက သူ့ကို လမ်းပြပေးလိမ့်မည် ဖြစ်သည်။

ကွက်တိပဲ။

ဆရာမာက သူ့ရဲ့ဘဝကို ပြည့်စုံစွာ စီစဥ်ထားခဲ့ပြီး ဖြစ်သော်လည်း အရူးမာယုံကျန်းက ထွက်ပြေးမယ်လို့ ဘယ်သူကများ သိခဲ့ပါ့မလဲ။

ဆရာမာက သက်ပြင်းချခဲ့သည်။ “ကျွတ်၊ လောင်ချမ့်၊ ငါ့ဘဝက သနားစရာပါ။”

သူက ချမ့်တုန်ကို ထောင့်နားသို့ ဆွဲပြီး သူ့ရဲ့ အခက်အခဲတွေနှင့် ပြဿနာတွေက ထပ်ခါထပ်ခါ ဖြစ်နေကြောင်း ငြီးတွားခဲ့သည်။

'အဓိကကတော့ ငါ့တပည့် မာယုံကျန်းက ငတုံး။ ပြီးတော့ ငါ့ဝမ်းကွဲကလည်း နည်းနည်းတုံးတယ်။ သူတို့ ဘာတွေလုပ်နေလဲဆိုတာ ငါတကယ် မသိတော့ပါဘူး။ မင်း ဒေါသထွက်တယ်ဆိုလည်း ရင်ဖွင့်လို့ရပါတယ်။ ဒါပေမယ့် ဝင်ပါလာရတာကတော့ ငါကံဆိုးတာပါ။'

အများကြီး ရှင်းပြထားပြီးနောက် ချမ့်တုန်က ပြုံးနေဆဲ ဖြစ်သည်။

ဆရာမာက အဲ့ဒါကို မခံနိုင်တော့ပါ။ “အဖိုးကြီးချမ့်၊ မင်းကို ကြည့်ပါဦး။ မင်းက တော်တော်လေး စိတ်ဓာတ် သေးသိမ်တဲ့သူပဲ။ မိန်းမကြီးလိုပဲ။ ငါက ငါ့ရဲ့ခေါင်းထဲ ပြဿနာရှိရင်တောင် ငါက မင်းနဲ့ မာတလင်ကို အတူတူ ခေါ်မသွားနိုင်ဘူး။”

'ဒီဝမ်းကွဲက နဂိုကတည်းက မနာလိုတတ်တဲ့သူမျိုး။ ပြီးတော့ ဦးနှောက်လည်း မရှိဘူး။ သူမက အိမ်မှာဆို သူမရဲ့ ချွေးမကို လက်နက်တစ်ခုလို အသုံးချနေတာ။ တစ်ခါတစ်လေဆို တည့်ပြီး တစ်ခါတစ်လေဆို ထပ်ပြီး ဖိနှိပ်ပြန်ရော။ မိသားစုကိစ္စတွေကို ဘေးဖယ်ထားရင် သူမရဲ့ ဦးနှောက်က တစ်ခြားသူတွေနဲ့ မတူဘူး။'

ဆရာမာ - “ငါဘာလုပ်ရမလဲဆိုတာကို ပြောပါ။ ငါ ဒီကိစ္စကို မျက်နှာလွှဲပြီး မနေနိုင်ဘူး။ အဲ့ခွေးသား ယုံကျန်းက မင်းကို အသုံးချခဲ့တာ။ ငါ ဘာလုပ်ရမလဲ ဆိုတာကိုသာ ပြောပါ။ ပန်းကန်တွေဆေးဖို့အတွက် ငါ မာယုံကျန်းကို ပြောလိုက်မယ်။”

ချမ့်တုန် - “အဖိုးကြီးမာ၊ မင်းပြောတာကို မင်းပြန်ကြည့်ပါဦး။ အဲ့ဒါက မင်းတပည့်ပဲလေ။ ပန်းကန်တွေ သိမ်းရတယ်ဆိုတာ သူ့အတွက် နည်းနည်း ခက်တယ်။ မင်း သူ့ကို တစ်ခြားစားသောက်ဆိုင်မှာ တာဝန်ပေးလို့ရပါတယ်။ လူငယ်တွေက အတွေ့အကြုံ လိုနေတုန်းပဲ။”

ဆရာမာ - “…ကောင်းပြီ၊ ငါအခုချက်ချင်း အဲ့ဒါကို လုပ်လိုက်မယ်။”

သူက ကံမကောင်းဘူးဟု တွေးနေခဲ့သည်။ သူ့ကို ဆရာတစ်ယောက်လုပ်ဖို့ ဘယ်သူကများ ပြောခဲ့တာလဲ။

သို့သော် ဆရာမာက သူ့ကို တည့်မေးဖို့အတွက် ပြဿနာ အများကြီးကို ဘာလို့ ဖြတ်ကျော်ခဲ့လဲဆိုတာကို သဘောပေါက်သည်။ ချမ့်တုန်က သတိရှိသည့် လူတစ်ယောက် ဖြစ်သည်။ လွန်ခဲ့တဲ့နှစ်နှစ် အခြေအနေ ဆိုးရွားချိန်မှာ သူက ပါသွားတော့မလို ဖြစ်ခဲ့ရသည်။ သို့သော် ဒီလူက သတိလက်လွတ်ဖြစ်ပြီး မြေပေါ်မှာ လှဲချကာ သေရပါတော့မယ်ဟု ပြောခဲ့သည်။

သူအဲ့ဒါကို ဘယ်လိုလုပ်လဲတော့ သူလည်း မသိပေ။ အဲ့ဒါက တကယ်ဖြစ်နေသလိုပဲ။ သူ့မျက်နှာက ဖြူပြီး သရဲတစ်ကောင်လိုပင်။ အိမ်မှာကလည်း ဘာမှမရှိဘဲ စောင်အစုတ်လေးနဲ့ပဲ အခန်းထဲမှာ လှဲခဲ့ရတာ။ သူ့ကို ဘယ်သူကများ အဲ့လို လုပ်ရဲတာလဲ။

ဒီလူကြီးက သေမလို ဖြစ်နေခဲ့တာ။ သူဘယ်အချိန် သေမလဲဆိုတာက ပြောဖို့ခက်သည်။ မင်းက သူ့ကို သွားရှုပ်ပြီး မင်းရဲ့ ဂုဏ်သတင်းကို ထိန်းချင်တာလား။ မင်းက နန့်ရှောင်မှာနေဖို့ စီစဥ်နေတုန်းလား။

ထို့အပြင် ချမ့်တုန်က အရာအားလုံးကို လှူခဲ့ပြီး သူ့အိမ်မှာ ပိုက်ဆံတစ်ပြားမှတောင် မရှိဘဲ ဟိုတယ်မှာ အလုပ်လုပ်ပြီး ရတဲ့လစာဖြင့်သာ စားနေခဲ့ရကြောင်းကို ချမ့်တုန်ရဲ့ခေါင်းဆောင်က ပြောပြခဲ့သည်။ သူ့အိမ်မှာ အဖိုးအတန်ဆုံး အရာက အဖွဲ့ခေါင်းဆောင်နှင့် ရိုက်ထားသည့် ဓာတ်ပုံသာ ဖြစ်သည်။ သူက အဲ့ပုံကို အမြင်သာဆုံး နေရာမှာ ချိတ်ထားခဲ့သည်။

ဒီလို လှည့်စားမှုနှင့် ချမ့်တုန်က တကယ်ကို လုံခြုံအောင် လုပ်ထားခဲ့သည်။

ချမ့်တုန်က တစ်ညလုံး သေလောက်အောင် ငိုခဲ့တာကို တွေးမိသည့်အခါ ဒေါသထွက်ခဲ့ရသည်။

ချမ့်တုန်က နှစ်ဝက်လောက် ဒီလိုမျိုး လှည့်စားထားခဲ့ပြီး နောက်ဆုံးမှာတော့ နန့်ရှောင်မှာရှိတဲ့ အခြေအနေတွေ ငြိမ်သွားသည့်အခါ သူက ပြန်ပေါ်လာပြီး စားဖိုမှူး တစ်ယောက်အဖြစ် ဆက်လုပ်ကိုင်ခဲ့သည်။ သူက အမြဲတမ်း လူမသိသူမသိ နေခဲ့ပြီး အခြားသူတွေနှင့် ပြဿနာကို ရှောင်ဖို့အတွက် တစ်ခါတစ်လေ ဆုံးရှုံးမှု အနည်းငယ်ကို ခံစားခဲ့ရသည်။

'ကျွတ်၊ အဲ့ဒါက လုပ်ဖို့ခက်တယ်။'

'ငါက လူတွေ စော်ကားမှာကို မကြောက်ပါဘူး။ ဒါပေမယ့် မကောင်းတဲ့သူတွေက စော်ကားမှာကိုတော့ ကြောက်တယ်။'

'မကောင်းတဲ့သူကို အစွန်ထိ ပို့ပေးလိုက်ရင် သူက ဘာမဆို လုပ်လိမ့်မယ်။'

ဆရာမာက သူ့ရဲ့ကံတရားကို လက်ခံခဲ့ပြီး မာယုံကျန်းနှင့် ညှိဖို့အတွက် သွားခဲ့သည်။ သူက မာယုံကျန်းရဲ့ ဇနီးကို အခြားစားသောက်ဆိုင်မှာ သားသတ်သမားအဖြစ် ပို့ပေးဖို့ စီစဥ်ခဲ့သည်။

ဆရာ၊ တပည့် ဆက်ဆံရေးကြောင့် ဘာကိုမှပြောဖို့ မလိုပါ။ ဆရာမာက သူ့ကို တပည့်ကြီးအဖြစ် ဆက်ဆံပေးခဲ့သည်။ သူက တစ်ခြားတပည့်တွေကို လက်ခံနေဆဲ ဖြစ်သည်။ သူက အိုးနင်းခွက်နင်းနှင့် ပြဿနာတွေကို ဖြေရှင်းခဲ့သည်။ သူအနားယူသည့်အခါ သူက ဒီကိစ္စတွေကို ဝင်ပါဖို့ လိုတော့မည် မဟုတ်ပါ။

ချမ့်တုန်က ခနလေးအတွင်းမှာတင် ပြဿနာကို ဖြေရှင်းပြီးသည့်အတွက် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက သူ့တပည့်လုပ်ထားသည့် ဟင်းပွဲကို စားနေရင်း တေးသံလေးကို ညည်းခဲ့သည်။

မာယုံကျန်းကို ဆရာမာရဲ့ ထိန်းချုပ်မှုအောက်မှာ ထားထားသ၍ သူ့ရဲ့ နောက်ဖေးခြံမှာ တံခါးလေးတစ်ခု ဆောက်ရမည် ဖြစ်သည်။ အဲ့ဒါက ဝင်ပေါက်တံခါးကို ပိတ်ပြီး အရှေ့ခြံနှင့် ဘာအဆက်အသွယ်မှ ရှိတော့မည် မဟုတ်ပါ။

သက်သာလိုက်တာ။

ရှုရွှမ်းက ဟင်းပွဲအချို့ကို ချက်ပြုတ်ပြီး ချမ့်တုန်က ဆရာစုထံမှ ဝိုင်ကို ရခဲ့သည်။ စာမေးပွဲအောင်သွားတဲ့ ရှုရွှမ်းကို ဂုဏ်ပြုပေးဖို့အတွက် လူများစွာက အတူတူ စားသောက်ခဲ့ကြသည်။

ညစာစားပြီးနောက် အပ်ချုပ်စက်သွားယူဖို့ လူတွေအများကြီးက သွားပြီး ဘက်စ်ကားမှတ်တိုင်ကို ပို့ပေးခဲ့ကြသည်။ ရှုရွှမ်းက ကားနောက်ကနေ လိုက်သွားခဲ့သည်။ ထိုအချိန်တွင် အမျိုးသမီးကြီးရှုကို ဝမ့်ရင်းက စက်ဘီးနှင့် ခေါ်သွားခဲ့သည်။

အပ်ချုပ်စက်က အဖွဲ့ထဲကို ရောက်သည့်အခါ ခနလေး အတွင်းမှာပဲ လူတွေအများကြီးက ဝမ့်ရင်းရဲ့ အိမ်နားမှာ ဝိုင်းလာခဲ့ကြသည်။

'ဝိုး၊ ဒါက ပစ္စည်းကောင်းပဲ။ ပြီးတော့ လူအများစုက အဲ့ဒါကို မမြင်ဖူးကြဘူး။ ' အဲ့ဒါကို ကြည့်ဖို့အတွက် မိန်းကလေး၊ လူကြီးအစုံက ရောက်လာကြပြီး မိန်းမကြီးတွေက အမျိုးသမီးကြီးရှုကို အလယ်တွင် ထားကာ သူတို့ အလကားသုံးရတော့မလို့ သူမအား ချီးကျူးနေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက သူမရဲ့မိသားစုမှာ အပ်ချုပ်စက်တစ်လုံး ဝယ်တော့မယ်ဆိုတာ ကြေညာပြီးသား ဖြစ်ပေမယ့် သူတို့က အဲ့ဒါကို ကိုယ်တိုင် မမြင်ရသ၍တော့ အားမကျကြပေ။

'ရှုမိသားစုက တကယ်ကို သာယာတာပဲ။'

အပ်ချုပ်စက်ကို နေရာချပြီးတာနှင့် အဖွဲ့ထဲရှိ လူတိုင်းက အရှေ့မှာ တန်းစီနေကြတော့သည်။

အပ်ချုပ်စက်ကို ဝယ်ပြီးနောက် အမျိုးသမီးကြီး မစ္စရှုက အဲ့ဒါကို ဝမ့်ရင်းတို့အိမ်မှာ ထားဖို့အတွက် ပြောခဲ့သည်။ သို့သော် ဝမ့်ရင်းက ချက်ချင်းဆိုသလို ငြင်းလိုက်သည်။ သူမက လူတွေအများကြီး ဝင်ချည်၊ ထွက်ချည် လုပ်မှာကို မခံစားနိုင်ပါ။

နောက်ပိုင်းမှာ တစ်ယောက်ယောက်က ဒီလို တန်ဖိုးကြီးပစ္စည်းကို ငှားဖို့ရောက်လာတာ ဒါမှမဟုတ်၊ သဘောကျလို့ အမျိုးသမီးကြီး မစ္စရှုထံမှ လာငှားတာမျိူး ဖြစ်လာနိုင်သည်။ ဝမ့်ရင်းက အခြားသူတွေနှင့် သိပ်ပြီး မရင်းနှီးသလို ဘယ်သူက အမျိုးသမီးကြီး မစ္စရှုနှင့် အဆင်ပြေလဲဆိုတာကိုလည်း သူမ မသိပါ။ ထို့ကြောင့် အဲ့ဒါကို အမျိုးသမီးကြီး မစ္စရှုနေထိုင်သည့် အခန်းထဲမှာ ထားတာက ပိုကောင်းလိမ့်မည် ဖြစ်သည်။

အမျိုးသမီးကြီး မစ္စရှုက မငြင်းနိုင်ဘဲ သဘောတူခဲ့သည်။

လူအုပ်က အမျိုးသမီးကြီး မစ္စရှုရဲ့ အခန်းနှစ်ခန်းမှာ စုပြုံနေခဲ့ကြသည်။ ဝမ့်ရင်းက မီးလင်းဖိုနားမှာ အေးအေးလူလူ လှဲနေခဲ့သည်။ သူမက အဲ့ဒါကို အပြင်ထွက်တဲ့အထိ သတိမထားမိခဲ့ပါ။ သို့သော် သူမ ပြန်လာပြီး လှဲချသည့်အခါ အိမ်ကို အံ့ဩသွားခဲ့ရသည်။

ဧည့်ဆောင်က ဘယ်လောက်ပဲ တန်ဖိုးကြီးနေပါစေ ကိစ္စမရှိဘဲ အိမ်က ဧည့်ခန်းကတော့ အဲ့လိုမျိုး သက်တောင့်သက်သာ မဖြစ်နိုင်ပါ။

ရှုရွှမ်းက နေ့ခင်းပိုင်းမှာ ဝိုင်ကို သောက်ခဲ့သည်။ ထို့ကြောင့် သူက စားသောက်ဆိုင်ကို သွားဖို့အတွက် မလောဘဲ ဝမ့်ရင်းဘေးမှာ ဝင်လှဲနေခဲ့သည်။

သူတို့လင်မယားက မျက်နှာချင်းဆိုင် ရှိနေခဲ့ပြီး ရုတ်တရက် ဝမ့်ရင်းက အရှေ့တိုးပြီး ရှုရွှမ်းရဲ့ ပါးစပ်ကို ထိကာ ပြုံးလိုက်သည်။ “ကျွန်မအထင် ရှင် ဝိတ်နည်းနည်း တက်လာသလိုပဲ။”

အဲ့ဒါက မှန်သည်။ ရှုရွှမ်းက ကြည့်ကောင်းသော်လည်း အတော်လေး အရပ်ရှည်သည်။ ဒီခေတ်မှာ အဲ့လိုက အဆင်ပြေတယ်ဆိုသော်လည်း ဝမ့်ရင်းရဲ့အမြင်မှာ သူက နည်းနည်းလေး ပိန်သည်။

သို့သော် သူတို့ လက်ထပ်ပြီး ခြောက်လပြည့်သည့်အခါ ရှုရွှမ်းက သိသိသာသာ ဝိတ်တက်လာခဲ့ပြီး ပိုပြီး ကျန်းမာကာ ပိုချောလာခဲ့သည်။

ဝမ့်ရင်းက သူမရဲ့ မျက်နှာကို ပြန်ကိုင်ကြည့်ခဲ့သည်။ “ ကျွန်မလည်း ဝလာတယ်။”

သူမက သိသိသာသာကို ပြောင်းလဲသွားခဲ့သည်။ သူမ အရင်က ပိန်ကပ်ကပ်ဖြစ်နေခဲ့သော်လည်း အခုဆိုရင် သူမရဲ့ အသားရည်က ဖြူဖွေး၊ နူးညံ့ပြီး ကျန်းမာကာ သွယ်လျလျ ခန္ဓာကိုယ်လေး ဖြစ်လာခဲ့သည်။

ဝမ့်ရင်းသည် ဒါဟာ သူမရဲ့ ရွှေလက်အစွမ်းကြောင့် ဖြစ်တာ သေချာတယ်ဟု တွေးလိုက်သည်။ ထိုအသုံးမဝင်သည့် ရွှေလက်က တစ်ခြားအရာအတွက် အဆင်မပြေသော်လည်း ကိုယ်ခန္ဓာကို ညှိဖို့နှင့် သန်မာဖို့အတွက်တော့ အကောင်းဆုံး ဖြစ်သည်။

ရှုရွှမ်းက မျက်ရည်တွေဝဲနေသည့် သူမရဲ့မျက်လုံးကို ကြည့်လိုက်ပြီး လည်ချောင်းတွေ ခြောက်နေသလို ခံစားခဲ့ရသည်။ ဒါဟာ နေ့လည်တုန်းက သူဝိုင်တွေကို သောက်ခဲ့တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျေးလက်မှာ ဝိုင်ပြင်းပြင်းတွေကို သောက်ဖို့ဆိုတာ သူတို့အတွက် ခဲယဥ်းသည်။

ဝမ့်ရင်းက မြန်မြန် စပြောခဲ့သည်။ “ရှင် မြို့ကိုသွားဖို့ ဆရာက ပြောတယ်။ အဲ့ဒါကြောင့် ကျွန်မလည်း မြို့ကို သွားမယ်။ ကျွန်မအတွက် အဲ့ဒါလေး တွေးပေးပါဦး။ ကျွန်မ မြို့ကို ဘယ်လို သွားလို့ရမလဲ။”

စားဖိုမှူးတွေက စာမေးပွဲ ဖြေလို့ရသည်။ ဒါပေမယ့် သူမက ဆရာဝန်တစ်ယောက်လေ၊ စာမေးပွဲတွေ ဖြေလို့မရဘူး၊ ဟုတ်တယ်မလား။

ရှုရွှမ်းထက် သူမက တာဝန်တွေ ပြောင်းဖို့ ပိုခက်ခဲကြောင်း ခံစားမိခဲ့သည်။

ရှုရွှမ်းက သူမကို ဖက်ပြီး ပြောခဲ့သည်။ “ဘာများလဲလို့။ ကိုယ်တို့တွေ အလုပ်တစ်ခု ဝယ်လို့ရတာပဲ။ ကိုယ် မင်းအတွက် နိုင်ငံပိုင် စက်ရုံက ဆေးပေးခန်းမှာ အလုပ် ဝယ်ပေးမယ်။”

ရှုရွှမ်း - “ကိုယ်တို့တွေ ကိုက်ညီတဲ့နေရာကို သွားရင် အနာဂတ်မှာ ကိုယ့်ဘာသာ ရပ်တည်လို့ရပြီ။”

ဝမ့်ရင်း - “အဲဲဒါတော့ မှန်တယ်။”

သူမက ဆေးရုံသွားဖို့ကို အခုလေးတင် တွေးခဲ့သည်။ ထိုအချိန်တုန်းက ဆေးရုံတွေမှာ ပုံမှန် ဆေးကျောင်းနှင့် သူနာပြုကျောင်းမှ ဘွဲ့ရများကိုသာ အလုပ်ခန့်သည်။ အထက်တန်းကျောင်းမှ ဘွဲ့ရပြီး ကောလိပ် မတက်ခဲ့ရသည့် သူမလို တောမှကလေးက အဲ့မှာလုပ်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့သော် အဲ့အချိန်တုန်းက နိုင်ငံပိုင် စက်ရုံမှာ ဆေးပေးခန်းရှိလားဆိုတာကို သူမက သတိမထားမိဆဲ ဖြစ်သည်။

ဒီနေ့ခေတ် နိုင်ငံပိုင် စက်ရုံတွေမှာ ကလေးမွေးတာ၊ အသက်ကြီးတဲ့သူတွေကို ကုသပေးတာ၊ သူတို့ရဲ့ အလုပ်သမားတွေ ဖျားနာတာ၊ သေတာတွေ အားလုံးကို သူနာပြုတွေ၊ ဆေးရုံတွေနဲ့ လုံခြုံရေးဌာနတွေကပဲ ဂရုစိုက်ပေးတာပင်။

ဝမ့်ရင်းက ထိုအကြောင်းကို တွေးမိလေလေ၊ ဒါဟာ အကြံကောင်းတစ်ခုပဲဟု တွေးမိလေလေ ဖြစ်လာခဲ့သည်။ သူမက ဆေးရုံကို မသွားချင်ရင် မသွားလို့ ရသည်။ လူနာဆောင်ကို သွားတာက အဆင်ပြေလိမ့်မည် ဖြစ်သည်။

ဘာမှမပြောခင်မှာ ရှုရွှမ်းက ခနလောက် တိတ်ဆိတ်သွားခဲ့သည်။ “မင်း အဆင်ပြေတယ်လို့ တွေးနေသ၍ ကိုယ့်အတွက် ကြည့်ထားပေးဖို့ ဆရာ့ကို ပြောလိုက်မယ်။”

ဒီလို ရည်ရွယ်ချက်မျိုးနဲ့ အလုပ်ရှာဖို့ဆိုတာက အရမ်း ခက်ခဲသည်။ အဲ့ဒါကြောင့် သူတို့ စောစောစီးစီး ပြင်ဆင်ထားသင့်သည်။

ဝမ့်ရင်းက နှလုံးသားမရှိစွာ ပြောခဲ့သည်။ “ကျွန်မက ဘာလို့ မလိုချင်ရမှာလဲ။ ကျွန်မ အဲ့ဒါ လုပ်ချင်တယ်။”

ရှုရွှမ်း - “.......”

ဝမ့်ရင်းက သေချာပေါက် ဆန္ဒရှိနေခဲ့သည်။ သူမသည် နဂိုကတည်းက ပျင်းသည်။ အတိတ်ဘဝတုန်းက သူမရဲ့ အစောပိုင်း နှစ်သုံးဆယ်လောက်ကို ရှင်သန်နေထိုင်ဖို့ လေ့လာရင်း အချိန်ကုန်ခဲ့ရသည်။ သူမမှာ ခရီးထွက်ဖို့၊ အခြားဝါသနာပါတာများကို လုပ်ဖို့အတွက် သူမမှာ အချိန်မရှိခဲ့ပါ။ သူမရဲ့ ကျန်တဲ့အချိန်တွေကို စားစရာ ရှာဖို့အတွက် ကုန်ဆုံးခဲ့ရသည်။

ရလဒ်အနေဖြင့် သူမရဲ့ အသက်မွေးဝမ်းကြောင်းကို တွေ့ပြီး ရုန်းကန်ရတာတွေ ပြီးသွားသည့်နောက်မှာ ကမ္ဘာကြီးရဲ့ အဆုံးသတ်က ရောက်လာခဲ့သည်။

ဝမ့်ရင်းက နှစ်တွေအကြာကြီး ပင်ပန်းခဲ့ရသည်။ သူမက ဆေးပညာအကြောင်းကို မလေ့လာခဲ့ပါက ဟိုးအရင်ကတည်းက သူမ သေသွားလိမ့်မည် ဖြစ်သည်။

အလုပ်ဝန်က ပင်ပန်းပြီး တာဝန်ခံမှုက မွန်းကျပ်စေသည်။

ထို့ကြောင့် သူမ ဒီကို ရောက်လာပြီးနောက် သူမရဲ့ ကိုယ်ပိုင်ဘဝကို သတ်မှတ်ထားပြီးသား ဖြစ်နေခဲ့သည်။

ဒါက မကောင်းတဲ့အရာတွေနဲ့ နေနေရသလိုပဲ။

သူမက သာမန် ဆရာဝန်တစ်ယောက်ဖြစ်ဖို့ စီစဥ်ထားခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်စသည့်အခါ သူမက ဆေးတက္ကသိုလ်ကို လျှောက်လိမ့်မည် ဖြစ်သည်။ ထို့နောက်…….

သူမက ပညာဆက်သင်ဖို့ စီစဥ်ထားပြီး တဖြည်းဖြည်းနဲ့ ဆရာမတစ်ယောက်အဖြစ် နေတော့မည် ဖြစ်သည်။

ဝမ့်ရင်းက ခက်ထန်စွာ ပြောလိုက်သည်။ “တပ်သား ရှုရွှမ်း၊ စက်ရုံက ဆေးပေးခန်းကို အထင်မသေးနဲ့။ ကျွန်မအထင် ဒီအလုပ်က ကျွန်မနဲ့ တော်တော်လေး သင့်တော်တယ်။”

'အဲ့ဒါက လုပ်စရာလည်းနည်းတော့ ကျွန်မ အေးဆေး နေလို့ရတယ်။ ကွက်တိပဲ။'

ဝမ့်ရင်းက ဟန်ဆောင်နေတာ မဟုတ်ဘဲ တကယ် ဆန္ဒရှိတာကို ရှုရွှမ်း မြင်သည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။ “ကောင်းပါတယ်။”

ဝမ့်ရင်းက အရက်ဒဏ်ကနေ ပြန်အဆင်ပြေဖို့ နှေးသည်။ ထို့အပြင် သူမရဲ့ မျက်လုံးတွေက တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။ ထို့ကြောင့် သူတို့ နှစ်ယောက်က တစ်ရေးအိပ်ခဲ့ကြသည်။

…….

အပ်ချုပ်စက်ကြောင့်ဖြစ်သော လူအုပ်က ဆက်ဖြစ်နေပြီး ကလေးသရုပ်ဆောင်အဖွဲ့ကို တဖြည်းဖြည်း ပုံဖော်ဖို့အတွက် ဝူကွေ့ဟွာက စီမံခဲ့သည်။ ကျေးလက်ဒေသကို လာခဲ့ကြသော ပညာတတ် လူငယ်တွေကတောင် တဖြည်းဖြည်းချင်း ထိုနေရာနှင့် ရင်းနှီးပြီး အလုပ်ကို လုပ်လာကြသည်။ သူတို့ထဲရှိ အချို့က သူတို့ရဲ့ ခက်ခဲနေချိန်မှာ ပျော်စရာ လုပ်ဖို့အတွက် ဝူကွေ့ဟွာအတွက် စာရေးပေးခဲ့သည်။

နောက်ဆုံးမှာတော့ ဒီလိုအခြေအနေမှာ နှစ်တစ်နှစ်ရဲ့ အပူဆုံး အချိန်သို့ ရောက်လာခဲ့ပြီး ကောက်ရိတ်သိမ်းရာသီကို ရောက်တော့မည် ဖြစ်သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၅၀

ဝမ့်ရင်းသည် သူမရဲ့ အတိတ်ဘဝမှာတုန်းက ဒီလို ကျေးလက်ဒေသမှာ အကြာကြီး ဘယ်တုန်းကမှ မနေခဲ့ဖူးပါ။ သူမရဲ့ ကျေးလက်ဒေသအပေါ် အကြီးဆုံး ထင်မြင်ချက်ကို သူမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ထံမှ ရခဲ့သည်။ သူမရဲ့ မိဘတွေက မြို့မှာ မနေချင်ဘဲ မွေးရပ်မြေမှာ လယ်စိုက်ချင်ကြသည်။ သူတို့က တစ်ချိန်လုံး သူတို့ရဲ့ သမီးထံသို့ စိုက်ပျိုးရေး ပစ္စည်း မျိုးစုံကို ပို့ပေးခဲ့ကြသည်။ ထို့ကြောင့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်က ကောက်ရိတ်သိမ်းရာသီအတွင်း စားဖို့ ဂျုံမှုန့်များကို သူတို့အား ပေးလေ့ရှိသည်။

ဂျုံစေ့တွေ အဝါရောင်သို့ မပြောင်းသွားခင်မှာ သူတို့က နူးညံ့ပြီး ဒီတိုင်းစားလို့ရသည့်အတွက် အဲ့အချိန်ကို ဂျုံစိမ်းဟု ခေါ်သည်။ နှစ်တိုင်း လတစ်ဝက်နှင့် ဂျုံသိမ်းချိန် မတိုင်မီ တစ်လမှာ အစိမ်းရောင် ဂျုံစေ့တွေက သူ့ဘာသာ ဂျုံနံ့လေး သင်းလာခဲ့သည်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက်လို အမြဲတမ်း ဝိတ်ချနေသည့် သူနာပြုအများစုက နှစ်တိုင်း သူတို့ကို အကူအညီပေးဖို့ သူမအား ပြောခဲ့ကြသည်။ ထို့နောက် ဂျုံစေ့အစိမ်းကို ကြက်ရင်ပုံ၊ မုန်လာဥနှင့် မှိုဖြင့်ရောပြီး ကြော်ခဲ့သည်။ အဲ့ဒါတွေက ဝါးလို့ကောင်းပြီး အဆီကျသည်။

ဝမ့်ရင်းကိုယ်တိုင်ကတော့ ဂျုံစေ့စိမ်းကို အမြဲတမ်း ဟင်းချို လုပ်လေ့ရှိပြီး မြေစာဥနှင့် တွဲပြီး ထမင်းလုံး အနည်းငယ် ထည့်လိုက်သည့်အခါ သူ့ရဲ့အရောင်က အတော်လေး လက်ဆတ်ပြီး အရသာရှိသည်။

လုပ်ဖော်ကိုင်ဖက်တွေက ဂျုံစိမ်းကို နည်းလမ်းမျိုးစုံ စမ်းပြီး စားကြည့်ထားသလို သက်ပြင်းချလိုက်သည်။ “ငါ့မြို့မှာဆိုရင် အဲ့ဒါ မမှည့်ခင် ခူးပြီး အစိမ်းလိုက် စားရင် ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ဒါပေမယ့် မကြာသေးခင် နှစ်တွေအတွင်းမှာ ဂျုံစိမ်းတွေက အတော်လေးကို အထွက်တိုးလာတာ။ အရင်တုန်းကဆို ငါ့မိဘတွေက ငါ့ကိုပြောတယ်။ တစ်ယောက်ယောက်က ငါတို့နေရာကို ဂျုံသိမ်းဖို့ လာရင် သူတို့က အဲ့ဒါတွေကို နွားတွေကို ကျွေးဖို့လာယူကြတာ။ ရွာသူရွာသားတွေက သူတို့ကို မတားဘူးဆိုရင် လူတွေအများကြီးက အဲ့ဒါကို ရောင်းကြမယ်လို့ ငါထင်တယ်။ ဂျုံစိမ်းတွေရဲ့စျေးက မှည့်ပြီးသား ဂျုံတွေထက်တောင် စျေးကြီးသေးတယ်”

နှစ်သုံးဆယ်၊ လေးဆယ်လောက်နဲ့ လူတွေက ဂျုံတွေကို နည်းလမ်းမျိုးစုံနဲ့ စားလာနိုင်ကြမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ။

ဒါပေမယ့် ဒီအဆင့်လောက်ထိပဲ မတွေးနဲ့။

ဝမ့်ရင်းက ကောက်ရိုးဦးထုပ်ကို ဆောင်းပြီး တက်ကြွဖို့ကောင်းသည့် ကောက်သိမ်းရာသီမှာ ဝင်ပါဖို့ လယ်ကွင်းဘေးမှာ ရပ်နေခဲ့သည်။

“ကောက်သိမ်းချိန်က ခနလေးပဲ။”ဆိုသည့် ဆိုရိုးတဲ့ အဓိပ္ပါယ်မှာ ဂျုံတွေက အတော်လေး အကြီးမြန်သည်။ ဘယ်လောက်တောင် မြန်လို့လဲ။ လွန်ခဲ့သော တစ်ရက်က ဂျုံခင်းထဲတွင် ဂျုံပင်တွေက စိမ်းနေတုန်း ရှိကြောင်းကို ဝမ့်ရင်းက မှတ်မိသွားခဲ့သည်။ နေနှင့် ထိတွေ့ပြီး နှစ်ရက်လောက်အကြာ သုံးရက်မြောက် မနက်ခင်းမှာ မောင်းသံကို ကြားခဲ့ရသည်။

သူတို့က အိမ်မှာ စားသောက်နေကြဖို့ပဲဖြစ်ဖြစ်၊ လယ်ကွင်းထဲမှာ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ သူတို့ အားလုံးက တလင်းပြင်မှာ ချက်ချင်း လူစုကြသည်။

ထျန်းယိုဖုက လက်ခါပြပြီး အကျယ်ကြီး အော်ခဲ့သည်။ “ရဲဘော်တို့၊ အခုက အရေးကြီးတဲ့ အခိုက်အတန့်ပဲ။ ငါတို့တွေက အစေ့အဆန်တွေ ထုတ်လုပ်ဖို့အတွက် တာဝန်ကြီးတစ်ခု ရှိတယ်။ လတွေအများကြွး အလုပ် ကြိုးစားပြီးတော့ အခုက အဲ့ဒါကို စစ်ဆေးရတော့မယ့် အချိန်ပဲ။”

“ငါတို့တွေ မြန်မြန် ရိတ်သိမ်းမှ ဖြစ်မယ်။ အဖွဲ့ တစ်ဖွဲ့ချင်းစီရဲ့ ခေါင်းဆောင်တွေက ငါတို့ နယ်မြေတွေ မခွဲခင်မှာ လိုက်နာမှ ဖြစ်မယ်။ ရိတ်သိမ်းလိုပ မပြီးခင် အချိန်ထိ အိမ်ပြန်ရမှာ မဟုတ်ဘူး။ မိသားစုတိုင်းရဲ့ စားစရာတွေကို လယ်ထဲ လာပို့ပေးလိမ့်မယ်။ ငါတို့တွေ ရိတ်သိမ်းပြီးတာနဲ့ နားလို့ရပြီ။”

……

ဝမ့်ရင်းက အစွန်းနားမှာ ရပ်နေခဲ့ပြီး ထိုအခြေအနေကို ကူးစက်သွားခဲ့သည်။

ချမ့်ရှုဖန်း၊ ချမ့်ယုနှင့် ချမ့်ကျွီဟွာတို့ကလည်း ရောက်လာခဲ့သည်။ ထျန်းယိုဖု အပါအဝင် အဖွဲ့ထဲရှိ လူတိုင်းကို ခေါ်ခဲ့သည်။

ဝမ့်ရင်းက ထျန်းယိုဖုရဲ့ နီရဲနေသော မျက်နှာနှင့် လည်ပင်း တုတ်တုတ်ကြီးကို မြင်ခဲ့ပြီး သူက အားအင်အပြည့် ဖြစ်နေခဲ့သည်။ ထို့အပြင် ဘေးနားကနေ တီးတိုးပြောသံများ ထွက်လာခဲ့သည်။

“ဒီလို ကောင်းချီးပေးခံရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ ဒီနှစ်က အရင်နှစ်တွေနဲ့ မတူဘူး။”

“ဟ…. မင်း တစ်ခြားတပ်မဟာတွေကို မသိဘူးလား။”

“ဘာကိစ္စလဲ။”

“ငါတို့ဘေးက တပ်မဟာနှစ်ခုမှာ ငါတို့ ဖြတ်သွားတုန်းက သူတို့ရဲ့ ဂျုံခင်းတွေက နည်းနည်းပဲ ရှိတာကို ငါတွေ့ခဲ့တယ်။ သူတို့က သေချာ ပြန်ပြီး မစိုက်နိုင်ကြဘူးဆိုပြီးလဲ ကြားထားတယ်။ ပြီးတော့ အောက်ပိုင်းက ပျင်းတဲ့ တပ်မဟာမှာလည်း စားစရာတွေ ပြတ်လပ်နေပြီတဲ့။”

“ဒါ နွေရာသီတုန်းက မိုးသီးကြောင့်လား။ ဘုရားရေ။”

“ ယိုဖုက ရုတ်ရုတ်သဲသဲ ဖြစ်မှာကို စိုးရိမ်နေတော့ အဲ့ဒါတွေ မှည့်တာနဲ့ ရိတ်သိမ်းဖို့ ငါတို့ကို ပြောတယ်။ တစ်ခြား အဖွဲ့တွေ စတောင် မစရသေးခင် ငါတို့က ငါတို့ရဲ့ ဝေစုတွေကို ရဖို့ အချိန်ပေးပြီး အလုပ် လုပ်ထားတာ။”

“အဲဲဒါတွေကို မြန်မြန် ရိတ်သိမ်းကြ။ ဒီနှစ် ရာသီဥတုက မကောင်းဘူးဆိုတာ ငါသိတယ်။ နှစ်စမှာကတည်းက မိုးသီးတွေ ကြွေနေတာ။ အဆင်ပြေသွားအောင် အဲ့ဒါတွေကို မြန်မြန်လေး ရိတ်သိမ်းကြရအောင်။”

“အဲဲဒါ မဖြစ်ဘူးလို့ ဘယ်သူပြောလဲ။ ကံကောင်းလို့ပေါ့၊ ရှေ့ရက်ကတင် ငါ ဝက်တွေကို လိုက်ဝေထားတာ။ ငါ ဒီရက်တွေမှာ အသားစားဖို့ စီစဥ်ထားတာ။ ရိတ်သိမ်းဖို့ လောနေချိန် ဆီနဲ့ရေ မရှိရင် ငါမလုပ်နိုင်ဘူး။”

“နင့်ကလေးတွေ ပြန်လာပြီလား။ နင့်ရဲ့ ဂျုံရိတ်ဖို့ အားလပ်ရက်ကရော ပြီးသွားပြီလား။”

“သူ့ကို ထွက်ပြီး ရက်နည်းနည်းလောက် ပြန်လာမှာ။ သူ့ကိုလည်း အလုပ်သွားဖို့ ငါပြောထားတာ။”

……

ထျန်းယိုဖုက နည်းလမ်းတွေ ပေးနေဆဲ ဖြစ်သည်။ “လယ်ကွက်တိုင်းမှာ လူနည်းနည်းဆီ လွှတ်ထားလိုက်။ ညကျမှ တစ်ဖွဲ့ချင်းစီက လူနည်းနည်းကို ခေါ်သွား။ ပြီးရင် ညဘက် လယ်ထဲမှာနေပြီး သတိပေးဖို့ လူတစ်ယောက်က အဲ့ထဲမှာအိပ်ဖို့ လွှတ်ထား။”

ထျန်းယိုဖုရဲ့ စကားကို ဘယ်သူကမှ မကန့်ကွက်ခဲ့ပါ။ လူတွေကို မြေပေါ်အိပ်ဖို့ ဘာလို့ စီစဥ်ထားတာလဲ။ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ လူတိုင်းကို မြေပေါ်မှာ အိပ်ဖို့ လွှတ်ထားတာက အဆင်ပြေမှာပါ။

ထျန်းယိုဖု - “အရင်ဆုံး မင်းတို့ရဲ့ ကိုယ်ပိုင် လယ်ကွက်က အလုပ်တွေ အားလုံးကို ဘေးဖယ်ထား။ ဦးစားပေးရမယ့် အရာတွေနဲ့ မရောနဲ့။”

အဲ့လို ပြောကြတဲ့လူတွေက အပြင်မှာဆို ပျင်းကြသည်။ သို့သော် သူတို့ရဲ့ ကိုယ်ပိုင် လယ်ကွက်တွေမှာဆိုရင် ကြိုးစားကြသည်။

“မပူပါနဲ့။ ယိုဖုရယ်။ ငါတို့ သေချာပေါက် အဲ့ဒါကို မလုပ်နိုင်ပါဘူး။”

သူတို့က မတုံးပါပေ။ ကိုယ်ပိုင်မြေကွက်တွေမှာ စိုက်တဲ့ လယ်တွေ၊ သီးပင်စားပင်တွေက ဒီလို လယ်ကြီးထဲမှာ စိုက်ထားတဲ့ အပင်တွေလောက် အရေးမကြီးချေ။

ထျန်းယိုဖုရဲ့ အမိန်ဖြင့် တပ်မဟာထဲရှိ လူတွေ အားလုံးက စတင် ပြင်ဆင်ခဲ့ကြသည်။

ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုကလည်း ဝင်ပါခဲ့သည်။ ဝမ့်ရင်းအတွက် လယ်အလုပ် လုပ်ရတာ ဘာအမှားမှ မရှိပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမက အဲ့ဒါကို နေ့တိုင်း မလုပ်ခဲ့ရပါ။ ဒါက ဂျုံရိတ်သိမ်းခြင်း ဖြစ်သည့်အတွက် နားမလည်နိုင်ပါ။

အဖွားကြီးရှုဆီကနေ သူမကြားထားတာ ရှိသည်။ အရင် နှစ်တွေတုန်းက ရှုရွှမ်းက နေခင်းဘက်ဆို ဆိုင်ကနေ ပြန်လာပြီး အလုပ် ခန လာလုပ်သည်။ ချမ့်ရှုဖန်းလို လူမျိုးကတောင် ကောက်ရိတ်ဖို့ တာဝန်ပေးခံရသည်။

ချမ်ကျွီဟွာကလည်း ဝမ့်ရင်းနှင့် ရပ်နေခဲ့သည်။ သူမက ပေါင်ချိန် ၁၅၀ရှိသော ဝက်တစ်ကောင်ကို အောင်မြင်စွာ မွေးခဲ့ပြီး လုပ်ခရမှတ် အပြည့်ရခဲ့သည်။ သူမက လာဖို့ မလိုသော်လည်း ထျန်းယိုဖုက လူတိုင်းကို လာဖို့ပြောပြီး အမြန်ဆုံး ရိတ်သိမ်းနိုင်ရင် လုပ်ခရမှတ်အပိုတွေ ပေးမည်ဟု သူတို့ကို ပြောခဲ့သည်။

ဒါပေမယ့် အမြဲလိုလို လုပ်စရာရှိတဲ့သူတွေကိုရော ဒီတစ်ခေါက် ဖိအားပေးဦးမှာကိုလည်း သူတို့ ဆုံးဖြတ်ရမည်။ အဲ့ဒါကြောင့် သူတို့တွေက ပညာတတ် လူငယ်တွေနဲ့ အဖွဲ့ ဖွဲ့လိုက်တာပင်။

အဖွဲ့ခေါင်းဆောင်က အမျိုးသမီးကြီး မစ္စရှုနှင့် ဝမ့်ရင်းကို အပင်တွေကို ချပြီး အခြောက်ခံဖို့ ကူညီရန် တာဝန်ပေးခဲ့သည်။

ချမ့်ကျွီဟွာကလည်း ဂျုံ၊ စပါးတို့ကို အခြောက်ခံခဲ့သည်။

ခွဲဝေပေးတာ ပြီးသွားသည့်အခါ ပညာတတ် လူငယ်များ အကြားတွင် ဆူညံမှုတစ်ခု ရှိခဲ့သည်။

ဝမ့်ရင်းက ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ အမျိုးသမီးကြီး မစ္စရှုက မအံ့ဩနေခဲ့ပါ။ “ဒီလို ခွဲပေးတာက မတရားဘူးလို့ သူခံစားမှာကို ငါ စိုးရိမ်တာ။”

သေချာတာကတော့ အဖွဲ့ခေါင်းဆောင်ရဲ့ ဒေါသတကြီး အော်သံကို အဝေးကနေတောင် ကြားနိုင်သည်။ “ငါ ဒီလို ခွဲပေးတော့ရော ဘာဖြစ်လဲ။ ဒီလူတွေ တစ်ယောက်ချင်းဆီမှာ သူတို့အလုပ်ကိုယ်စီ ရှိတယ်။ ဝမ့်ရင်းဆို ဆရာဝန်။ ဆောင်းတွင်း ရိတ်သိမ်းချိန်မှာ တစ်ယောက်ယောက်က မတော်တဆဖြစ်မှာ သေချာတယ်။ အဲ့ဒါကြောင့် သူက အရေးပေါ်အတွက် ပြင်ဆင်ထားရမှာ။ အလယ်မှာဆို ချမ့်ကျွီဟွာက ဝက်တွေကို အစာကျွေးတယ်။ ပြီးတော့ အိမ်မှာလည်း တစ်နှစ်တောင် မပြည့်သေးတဲ့ ကလေးက ရှိတယ်။ ပြီးတော့ အဖွားကြီးရှုကရော ဘာဖြစ်လို့လဲ။ သူက အရမ်း အသက်ကြီးနေပြီ။ ဂျုံရိတ်ဖို့ သူ့ကို ခေါ်လို့ ဖြစ်မှာလား။”

အဖွဲ့ခေါင်းဆောင်သည် သူ့ခွဲဝေပေးမှုက ညီမျှတယ်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ပညာတတ် လူငယ်တွေကို မပျင်းရအောင် သူတို့အလှည့်ကိုလည်း စီစဥ်ပေးခဲ့သည်။ သို့သော် ကျန်းလိကတော့ စိတ်မပါနေဆဲဖြစ်ကာ သူက ပညာတတ် လူငယ်အစား အဖွဲ့သားတွေကို ကူညီဖို့ကို အပြစ်တင်နေခဲ့သည်။

အဖွဲ့ခေါင်းဆောင်က ကျန်းလိရဲ့ မျက်နှာကိုကြည့်ပြီး ပြောဆိုခဲ့သလို ပိုင်လင်းကလည်း ထပ်ပြီး စကား မပြောချင်တော့ပါ။

အခုဆိုရင် သူမက အဲ့ဒါကို နောင်တရနေခဲ့သည်။

နင့်ရဲ့ ဂုဏ်သတင်းတွေကို ဒီလိုလူနဲ့ ပတ်သက်မိတာက တကယ်ကို ဆိုးဆိုးရွားရွားပဲ။

ပိုင်လင်းက ကျန်းလိကို ကြည့်လိုက်ပြီး သူမရဲ့ အကြည့်က မသိလိုက်ခင်မှာပဲ လွှဲသွားခဲ့သည်။

ယုဖမ်းချန်က သူ့ဘေးနားမှာ ရပ်နေခဲ့သည်။

ယုဖမ်းချန်က သူများတွေလိုပဲ အလားတူ ဝတ်ထားခဲ့သည်။ သူက လယ်ထဲ ဆင်းတုန်းကလို အဝတ်မျိုးကို ဝတ်ထားခဲ့သည်။ လူအနည်းငယ်ကသာ သူတို့ရဲ့ အကောင်းဆုံး အဝတ်အစားများကို ဝတ်လာကြသည်။ သူတို့က ဝတ်နေကြ အဝတ်များကို ဝတ်လာပြီး ပြဲသွားရင်တောင် ဘယ်လိုမှ ခံစားရမည် မဟုတ်ပါ။ ယုဖမ်းချန်က အဖြူရောင် တီရှပ်အဖြူနှင့် ဒူးလောက်ရှိသည့် အိတ်ကပ်ပါသော ဘောင်းဘီကို ဝတ်ထားခဲ့သည်။

ပိုင်လင်းက အရမ်း တွက်ချက်နေခဲ့သည်။ ယုဖမ်းချန်ရဲ့ အဆိုးဆုံး ဘောင်းဘီက ဖာထေးထားတာ တစ်ခုသာ ရှိသည်ဟု သူမကိုယ်သူမ တွေးမိခဲ့သည်။

ဒီအချိန်မှာ ပိုင်လင်းက ယုဖမ်းချန်ကို အတော်လေး လေ့လာခဲ့ပြီး ထိုအသေးစိတ်တွေကနေ ယုဖမ်းချန်ရဲ့ တန်ဖိုးကို တဖြည်းဖြည့် ခန့်မှနမိခဲ့သည်။

ယုဖမ်းချန်သည် ပစ္စည်းဝယ်ဖို့ အချိန်တိုင်း မြို့သို့ သွားသည့် အချက်အရ ဒီလူက မဆင်းရဲနိုင်ပါ။ သူ့ရဲ့ လက်ထဲတွင် ယွမ်တစ်ရာနီးပါး ရှိတာကို ရိုးရိုးလေးနဲ့ ခန့်မှန်းလို့တောင် ရသည်။

ပိုင်လင်းက ဒါကို အတည်ပြုခဲ့ပြီး သူမရဲ့ အံကို ကြိတ်ထားခဲ့သည်။ ယုဖမ်းချန်ရဲ့ မိသားစုက ဘာလုပ်လဲဆိုတာကို သူမ အခုထိ မသိသေးသော်လည်း သူမက တစ်ခုခုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

သူမ ကျေးလက်ဒေသကို ပထမဆုံး လာတုန်းက ဒီမှာ တစ်နှစ် နေဖို့တောင် အစီစဥ်မရှိဘူးဆိုတာ သိသင့်တယ်။ ပြီးတော့ တကယ့် အဆက်သွယ်ရှိတဲ့ လူတွေသာဆို သူတို့မိသားစုက အလုပ်တွေ စီစဥ်ထားပြီးသား။ ပြီးတော့ ကျေးလက်ဒေသမှာ ဒီလို အဆုံးသတ်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်ဘူး။

ဒါပေမယ့် အဲ့မှာ ကောင်းတဲ့အရာတစ်ခုခုသာ ရှိရင် ပိုင်လင်းက အတူတူနေဖို့ လူတစ်ယောက်ရှာဖို့ အတိုက်အခံလုပ်မှာ မဟုတ်ပေ။ သူမရဲ့ မိသားစုထဲမှာ မောင်နှမတွေ အများကြီးပဲ။ ပြီးတော့ သူမ ကလေးကတည်းက ရုန်းကန်ပြီး အခွင့်အရေးတွေကို ရှာခဲ့ရတာ။ ဒီတစ်ခေါက် သူမ ကျေးလက်ဒေသကို ပို့ခံလိုက်ရတာ ကျေးလက်ဒေသကို သွားရမယ့် သူ့အစ်မက လက်ထပ်မယ့်လူကို ရုတ်တရက် တွေ့သွားလို့ သွားရမယ့်ကိစ္စက သူမရဲ့ပေါ်ကို ရောက်လာတာပဲ။

ကျေးလက်ဒေသကို မသွားရဖို့ သူ့အစိမက ခြေထောက် မကောင်းတဲ့ ဘွိုင်လာအလုပ်သမား တစ်ယောက်ကို ရှာခဲ့သည်။

ပိုင်လင်းရဲ့ အစ်မက တကယ်ကို ရက်စက်တယ်လို့ ပြောလို့ရသက်။ ဘွိုင်လာ အလုပ်သမားက သူမရဲ့ အစ်မထက် ဆယ်နှစ်ကျော် အသက်ကြီးသည်။ သူက ပုပြီး ရုပ်ဆိုးသည်။

သူမအစ်မရဲ့ လုပ်ရက်က သူမကို အနာဂတ် ပျောက်သွားစေသည်။ အစတုန်းက သူမနှင့်တွေ့ဖို့ စီစဥ်ထားသည့် အလားအလာရှိသော လက်တွဲဖော် များစွာက နည်းနည်း သင့်တော်သော်လည်း ကျေးလက် ဒေသကို သူမ သွားချိန်တွင် တွေ့ရသည့် တစ်ခုတည်းသော အရာမှာ ကျန်းလီ ဖြစ်သည်။

ပိုင်လင်းသည် သူမရဲ့ အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ပြီး သူမရဲ့ မျက်နှာပေါ်က ချွေးတွေကို သုတ်ပြီး ကျန်းလိကို တီးတိုးပြောလိုက်သည်။ “ကျန်းရှီကျင်း၊ စကားပြောတာ ရပ်တော့။ ငါတို့တွေ ကျေးလက်ကို သွားမယ်ဆိုရင် တပ်မဟာက လူကြီးတွေပြောတာကို လိုက်နာရမှာက ပုံမှန်ပါပဲ။ ရွာသားတွေကတောင် ဒီလို လယ်အလုပ်ကို လုပ်နိုင်တာ၊ ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ။”

သူမ စကားပြောပြီးတဲ့နောက် သူမက ယုဖမ်းချန်ကို ခိုးပြီး ကြည့်လိုက်သည်။ အခုဆိုရင် သူတို့က အတူတူ မနေကြတော့ဘဲ သူ့အကြောင်းကို အနည်းငယ်သာ သိခဲ့ရသည့်အတွက် ယုဖမ်းချန်ကို အထင်ကြီးသည့် သူမရဲ့ ပုံစံအတိုင်းသာ ဆက်ဆံလို့ ရတော့မည်။

အရင်က ပညာတတ် လူငယ်တွေရဲ့ လုပ်ငန်းအချို့မှာ အတော်လေး တက်ကြွခဲ့သည်။ သူက အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေခဲ့သော်လည်း သူက စုပေါင်း လုပ်ငန်းများအကြောင်း ပြောသည့်အခါ သူ့တွင် အကြံများစွာ ရှိသည်။ အထူးသဖြင့် ကျေးလက်ကို သွားသည့် ပထမဆုံးနေ့တွင် ယုဖန်းချန်က ကျန်းလိကို လုံးဝ အတိုက်အခံ လုပ်ခဲ့ပြီး စုပေါင်းလုပ်ရတာက ဘယ်လိုလဲဆိုတာ ပြောခဲ့သည်။

ချက်ချင်းဆိုသလို ပိုင်းလင်းက စိတ်ပြောင်းသွားခဲ့သည်။ သူမက ကျန်းလိကို ချောသည့်အခါ အားနည်းသော်လည်း ဖမ်းချန်အတွက် သူမက သူ့ကို ကျေနပ်စေပြီး ပိုသန်မာလာသလို ပိုပြီးလည်း တွေးတတ်လာခဲ့သည်။

ယုဖန်းချန်က သူမကို ကြည့်လိုက်သည့်အခါ ယုဖမ်းချန်ရဲ့ မျက်ဝန်းထဲတွင် အံ့သြဖို့ကောင်းသည့် အရိပ်အမြွက်လေးတွေ ရှိနေခဲ့သည်။

ပိုင်လင်းက ဝမ်းသာပြီး ပြောခဲ့သည်။ “ကျန်းရှီကျန်း၊ နင်မြင်လား။ လူတိုင်းက နင့်ကြောင့် လုပ်ရမယ့် အရာတွေ အများကြီး နှောင့်နှေးကုန်ပြီ။ မြန်မြန်လေး စကြရအောင်။ ဆောင်းတွင်း ကောက်ရိတ်ချိန်ကိုတော့ နောက်ကျလို့ မရဘူး။ နင် ဆက်ပြီး ပြဿနာရှာနေရင် နင်က နင့်ရဲ့တာဝန်ကို လစ်ဟင်းနေတယ်လို့ လူတွေက သေချာပေါက် တွေးကြလိမ့်မယ်။ အဲ့ဒါက ငါတို့ ပညာတတ် လူငယ်တွေရဲ့ ဂုဏ်သတင်းအတွက် ကောင်းမှာ မဟုတ်ဘူး။”

အဖွဲ့ခေါင်းဆောင်ကလည်း ကျန်းလိကို ထပ်ခါထပ်ခါ ဆူနေခဲ့ပြီး ပိုင်လင်း ဝေဖန်တာကိုလည်း ခံခဲ့ရသည်။ သူ့မျက်နှာက တော်တော်လေး ကြည့်ရဆိုးနေခဲ့သည်။

ပညာတတ်လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ယန်ဟုန်က ပစ္စည်းအချို့ကို တစ်နေရာရာကနေ ရခဲ့ပြီး လူတိုင်းကို တံစဥ်တွေ ဝေပေးဖို့ ပြန်လာခဲ့ကာ ပညာတတ် လူငယ်တွေက အလုပ် စလုပ်ခဲ့ကြသည်။

ကျန်းလိရဲ့ မျက်နှာက သုန်မှုန်နေခဲ့သည်။ သူက ပိုင်လင်း ရောက်လာတာပြီး သူ့ရဲ့ ညှင်သာသည့် အသံနှင့် နှစ်သိမ့်ပေးတာကို စောင့်နေခဲ့သည်။

ပိုင်လင်းက လုံးဝ ဂရုမစိုက်ဘဲ အဓိကအဖွဲ့နှင့် လယ်ထဲမှာ အလုပ် လုပ်နေခဲ့သည်။

ကျန်းလိက အနည်းငယ် ဒေါသထွက်နေခဲ့သည်။ ပိုင်လင်းက ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတာ သူနားမလည်ပါ။ သူမအတွက် ယောက်ျားတစ်ယောက် ဝယ်ပေးဖို့အတွက် မနေ့က သူ့ကို ပြောခဲ့သည်။ ဒီလို တစ်ရက်တည်းနဲ့ သူမရဲ့ အပြုအမူတွေက ဘယ်လိုလုပ် ပြောင်းသွားရတာလဲ။

ဂျုံရိတ်မယ့် အခင်းထဲသို့ ကျန်းလီက အဆင်မပြေသော မျက်နှာထားမျိုးဖြင့် ဝင်လာခဲ့သည်။ ပိုင်လင်း လာနေတာကို မြင်သည့်အခါ ပိုင်လင်းက အခြားသူနှင့် နေရာပြောင်းပြီး ကျန်းလိနှင့် ဝေးဝေးမှာ နေနေခဲ့သည်။

ကျန်းလိ - ….

ပညာတတ် လူငယ်တွေကြားထဲက အကြောင်းတွေကို မဆိုထားနဲ့ ဝမ့်ရင်းရဲ့ အလုပ်ကလည်း မလွယ်ပါ။ နေ့တစ်ဝက် မရောက်ခင်မှာဘဲ လူ နှစ်ယောက် သို့မဟုတ် သုံးယောက်က သူမကို တွေ့ဖို့အတွက် ရောက်လာကြသည်။

တစ်ယောက်က တံစဥ်နဲ့ သူ့လက်ကို ရှသွားခဲ့သည်။ နောက်တစ်ယောက်က သူ့ရဲ့ခြေထောက်ကို မြေပေါ်ရှိ ဖြူကောင်နဲ့ ဆူးသွားခဲ့သည်။

ဝမ့်ရင်းက သူ့ကို အစည်းအဝေးခန်းထဲသို့ ခေါ်လာခဲ့ပြီး အရက်ပြန်ဖြင့် သူ့ကို ပိုးသတ်ပေးကာ သူ့ကို ဆေးလူးပေးခဲ့သည်။ သူ့ကို ပတ်တီးစည်းပေးပြီး ခနလောက် နားခိုင်းခဲ့သည်။ သူတို့နှစ်ယောက်က အထုပ်တွေ ထုပ်ပိုးပြီး အလုပ်သို့ ပြန်ခဲ့ကြသည်။

All Chapters