အခန်း (၁၅၁-၁၅၂)
Vol. 13 Ch. 151-152
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၅၁
ကျေးလက်ကလူများသည် ဒီလို ဒဏ်ရာလေး တစ်ခုကြောင့် အလုပ် မလုပ်ဘူးဟု ပြောလိမ့်မည် မဟုတ်ပါ။ ခေါင်းဆောင်ရဲ့ တောင်းဆိုမှုကြောင့် သူတို့ ဒီတစ်ခေါက်မှာ ဝမ့်ရင်းနှင့် တွေ့ဖို့ လာကြတာတောင် အဲ့ဒါကို မကုဘူးဆိုရင် ပိုးဝင်လိမ့်မယ်ဟု ပြောခဲ့သည်။ အရင်နှစ်တွေတုန်းက သူတို့သည် အဲ့ဒါကို ရေဖြင့် ဆေးပြီး အလုပ် ဆက်လုပ်ခဲ့ကြသည်။ တကူးတကကြီး ဘယ်သူက ဆရာဝန်ဆီ သွားပြမှာလဲ။
ဝမ့်ရင်းက ဒါတွေအားလုံးကို သတိထားမိသည့်အတွက် သူမက ထျန်းယိုဖုကို ပြောထားပြီးသားဖြစ်ကာ အဖွဲ့ အားလုံးကို ဘာပြဿနာပဲဖြစ်ဖြစ် သွေးထွက်ရတာဆို သူမဆီ လာရမယ်ဟု သတိပေးထားခဲ့သည်။
ဆေးမထည့်ဘူးဆိုရင်တောင် အရက်ပြန်နှင့် ဆေးတာက ဒီတိုင်းထားတာထက် ပိုကောင်းသည်။
ဒီစာကြောင်းကို ဟာသတစ်ခုအဖြစ် ဇာတ်တိုက်ဖို့ ဝူကွေ့ဟွာက ကလေးတွေကို ပြောခဲ့သည်။ ကလေးတွေသည် အိမ်မှာ ဆီမရှိသည့် လူပျိုကြီး တစ်ယောက်အကြောင်းကို ပီပြင်စွာ သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့လျှာဖြင့် ဓားပေါ်က ဝက်ဆီကိို လျက်လိုက်သည်။ ရလဒ်အနေဖြင့် သူ့ရဲ့လျှာက ရှပြီး မေးခိုင်ရောဂါပိုးဖြင့် သေသွားခဲ့သည်။
ထိုဟာသကို သရုပ်ဆောင်ပြီးနောက် ဒဏ်ရာတစ်ခုကို သံချေးတက်သည့် ပစ္စည်းတစ်ခုခုနှင့် ထိမိပါက မေးခိုင်ရောဂါပိုးဝင်ပြီး ဒဏ်ရာက ထပ်ပြီး သွေးထွက်မည် မဟုတ်တော့ပါ။
ဂျုံရိတ်သိမ်းသည့် နေ့ခင်းပိုင်း ရောက်သည့်အခါ အမျိုးသမီးကြီး မစ္စရှုက ချက်ပြုတ်ဖို့ ပြန်သွားခဲ့သည်။
ချမ့်ကျွီဟွာ မပြန်တာကို မြင်သည့်အခါ ဝမ့်ရင်းက တွေဝေသွားခဲ့သည်။ “အစ်မဘာလို့ မပြန်တာလဲ။”
ချမ့်ကျွီဟွာက သူမရဲ့ ရင်ဘက်ကို ပုတ်ပြီး ပြောခဲ့သည်။ “ချမ့်ယုနဲ့ ငါ့အကူ နှစ်ယောက်လုံးက အိမ်မှာ။ သူတို့တွေ နေ့လည်မှ အဲ့ဒါကို ယူလာလိမ့်မယ်။”
ချမ့်ရှုဖန်းက လှည်းကိုတွန်းပြီး တစ်လျှောက်လုံး ယူလာခဲ့သည်။ သူမ ပညာရေး နောက်ခံက အားနည်းသည့်အတွက် အတော်လေး ပင်ပန်းသည့် ဒီလိုအလုပ်ကိုသာ တာဝန်ပေးခံရသည်။ သူမက ချမ့်ကျွီဟွာပြောတာကို ကြားသည့်အခါ တိတ်တခိုးလေး ပြုံးလိုက်မိသော်လည်း ကြောက်နေတာကို မြင်ရသည့်အတွက် အဲ့ဒါကို မြန်မြန် ထားခဲ့လိုက်သည်။
ချမ့်ကျွီဟွာက တီးတိုးပြောခဲ့သည်။ “အစ်မရှုဖန်း၊ ဒါက…. အာ။”
ဝမ့်ရင်း - “အကောင်းဘက်ကပဲ တွေးပါ။ အစ်မရှုဖန်းက အဲ့ဒါကို ခက်ခဲတယ်လို့ တွေးမှာ မဟုတ်လောက်ပါဘူး။”
တကယ်လည်း ချမ့်ရှုဖန်းက ပင်ပန်းတယ်လို့ မခံစားခဲ့ရပါ။ သူမက ဒီလို ကိုယ်ကာယ အလုပ်မျိုးကို အင်တင်တင်နှင့် လုပ်နိုင်သော်လည်း သူမက အဲ့ဒါကို မလုပ်နိုင်တဲ့သူတော့ မဟုတ်ပါ။ ထို့အပြင် သူမက ဒီကို အလုပ်လုပ်ဖို့ လာတယ်ဆိုရင်တောင် ပျော်နေခဲ့သည်။ အဲ့ဒါက ဝေဖန်ခံရတာထက်တော့ ပိုကောင်းသည်။
အချိန်ခနကြာပြီးနောက် စားစရာတွေကို အိမ်ထောင်စု တစ်ခုစီကို လိုက်ပို့ခဲ့ပြီး စားဖို့အတွက် လယ်ထဲမှာ လူတွေ စုဝေးခဲ့ကြသည်။
ဝမ့်ရင်းနှင့် ချမ့်ကျွီဟွာက သစ်ပင်အောက်မှာ အေးသည့် နေရာလေးတစ်ခုကို ရှာတွေ့ခဲ့သည်။ ထို့နောက် ချမ့်မိုင်စွေ့က ကြက်ဥ၊ အာလူးနှင့် ခရမ်းချဥ်သီးကို ဝက်ဆီဖြင့်ကြော်ပြီး ထမင်းကို အောက်မှာထားပြီး အပေါ်က အုပ်ထားသည့် နေ့လည်စာကို ယူလာခဲ့သည်။
ချမ့်ကျွီဟွာက စားရင်း မေးလိုက်သည်။ “သမီးရော စားပြီးပြီလား။ ဒီနေ့မနက် ရှောင်းယာက ငိုသေးလား။”
ချမ့်မိုင်စွေ့ရဲ့ မျက်နှာက နေရောင်အောက်မှာ ရဲနေခဲ့သည်။ “သမီးတို့ စားပြီးပါပြီ။ သမီးအစ်မနဲ့ အစ်မချမ့်ယုတို့ ချက်ထားတဲ့ ဟင်းတွေက အရသာ ရှိတယ်။ သမီး အများကြီး စားလိုက်တာ။ ရှောင်းယာက သိပ်ပြီး မဆူပါဘူး။ သူ့ကို မြင့်ရအောင် သမီးတို့က အိပ်ရာဘေးမှာ အဝတ်စလေးနဲ့ ပတ်ထားပေးတာ။ သူလည်း အရမ်းကို ပျော်နေတာ။”
ချမ့်ကျွီဟွာ - “ကောင်းတာပေါ့။ အိုး၊ ဒီဟင်းက ကြော်ထားတာ တကယ်ကို ကောင်းတာပဲ။ ဥတွေကလည်း ကောင်းကောင်း ကျက်တယ်။ အာလူးတွေ လှီးထားတာကလည်း ညီတယ်။”
ကလေးမလေးက ချီးကျူးခံရသည့်အခါ အရမ်းကို ပျော်နေခဲ့သည်။ “အစ်မက အမေ့ကို ပြောဖို့ မှာလိုက်တယ်။ မနက်ဖြန် အိမ်မှာ ဟင်းချိုချက်ဖို့ အဖုံးပါတဲ့ ခွက်တစ်ခွက်လောက် ဝယ်လာပေးလို့ ရမလားတဲ့။ အမေ၊ တစ်ခွက်လောက် ဝယ်ရအောင်။”
ချမ့်ကျွီဟွာ - “အဲဲဒါက ဘာမှမဖြစ်ပါဘူး။ သူ့မှာ ပိုက်ဆံရှိရင် သွာဝယ်ဖို့ ပြောလိုက်။ ဒီနေ့လည်ကျရင် သမီးတို့နှစ်ယောက် မြို့ကို အတူတူ သွားလိုက်ကြ။ နောက်မှ လက်မှတ်တွေ လဲပေးဖို့ လူတစ်ယောက်ကို အမေ ရှာလိုက်မယ်။”
ဝမ့်ရင်းကလည်း သူမရဲ့ နေ့လည်စာ ထမင်းဗူးကို ဖွင့်ပြီး ကြားဖြတ်ပြောခဲ့သည်။ “အပင်ပန်းမခံနဲ့တော့။ ငါ့အိမ်မှာ ကြွေအိုးအတွက် လက်မှတ်တစ်ခု ရှိတယ်။ ပြီးရင် ငါနင့်ကို အဲ့ဒါ ပေးလိုက်မယ်။”
ဒါဟာ နောက်ဆုံး တစ်ခေါက် သူမ ချမ့်တုန်ဆီ သွားတုန်းက ထည့်ပေးလိုက်သည့် လက်မှတ်တွေ ဖြစ်သော်လည်း သူမက အဲ့ဒါကို မသုံးခဲ့ပါ။
ချမ့်ကျွီဟွာ - “ဟုတ်ပြီလေ၊ အဲ့ဒါဆို ငါ အားမနာတော့ဘူး။”
အခုဆိုရင် သူမက လုပ်ခရမှတ်တွေ ရနေခဲ့ပြီးဖြစ်ကာ အဲ့ဒါကို ပြောဖို့အတွက် ယုံကြည်ချက် ရှိလာခဲ့ကာ တွန့်ဆုတ်နေစရာ မလိုသလို အရင်ကလို အခြားသူတွေ အပေါ်မှာ အကြွေးတင်စရာ မလိုတော့ပါ။ သူမက ဝမ့်ရင်းကို ပေးစရာရှိတာ ပေးမည် ဖြစ်သည်။ သေချာ ကျေးဇူးတင်ဖို့အတွက် နှစ်ကုန်သည့်အခါ သူမက ဝမ့်ရင်းအတွက် အဝတ်အစား ဝယ်ပေးလိမ့်မည် ဖြစ်သည်။
နေ့လည်စာအတွက် အမျိုးသမီးကြီး မစ္စရှုက ထမင်းကို အောက်မှာထားပြီး ဝက်သားကိုကြော်ကာ အပေါ်ကနေ မီးခိုးကြပ်တိုက်ထားသော ငါးအနည်းငယ်ကို တင်ကာ ဘေးမှ ပဲသီးနှင့် ခရမ်းသီးကို ကြော်ထည့်ပေးခဲ့သည်။
ကြီးပြီး ဆီများသည့် နေ့လည်စာ ထမင်းဗူးရဲ့ အရသာက စားကောင်းသည်။ အသားက ကြွတ်ယွပြီး မွှေးကြိုင်ကာ မီးခိုးကြက်တိုက်ထားသည့် ငါးတွေက ရှုရွှမ်းလုပ်ထားခဲ့တာဖြစ်၍ အပူပေးပြီးတာတောင် အရသာ ရှိနေခဲ့သည်။ ပဲသီးနှင့် ခရမ်းသီးက နူးညံ့ပြီး လက်ဆတ်သည်။ ဝက်သားကြော်ရဲ့ အနံ့က မွှေးကြိုင်နေခဲ့သည်။
တစ်ဖက်တွင် တစ်ချို့က ဝမ့်ရင်းနှင့် ချမ့်ကျွီဟွာကို ခပ်ခွာခွာ နေကြသည်။ ချမ့်ရှုဖန်းသည် အစကတည်းက လူတိုင်းကို ရှောင်နေခဲ့သည်။ ချမ့်ယု ပို့ပေးလိုက်သည့် နေလည်စာက ပေါက်စီနှစ်လုံးကလွဲပြီး ဘာမှမပါဘဲ ရိုးရှင်းနေခဲ့သည်။
သို့သော် ချမ့်ရှုဖန်းက ပေါက်စီကို ကိုက်လိုက်သည့်အခါ အနှစ်များကို စားမိခဲ့သည်။
အာရုံစိုက်ခံရတာကို ရှောင်ဖို့အတွက် ချမ့်ယုက အဆာပလာတွေကို အထဲမှာ ထည့်ခဲ့သည်။ ဒီနှစ်ခုက တကယ့် ပေါက်စီတွေ ဖြစ်သည်။
ပေါက်စီနှစ်လုံးတွင် တစ်လုံးကို အသားဖြင့်လုပ်ပြီး နောက်တစ်လုံးကို မုန်လာဥနီရယ် ကြက်ဥရယ်နှင့် လုပ်ထားခဲ့သည်။
ချမ့်ရှုဖန်းက သူမရဲ့စားစရာကို အားရပါးရ စားပြီးနောက် ဘယ်သူမှ မပြောနိုင်အောင် သူမရဲ့ ပါးစပ်ကို သုတ်လိုက်သည်။
ညစာစားပြီး ခနနားယူပြီးနောက် လူအနည်းငယ်က အလုပ်ကို ပြန်စလုပ်ခဲ့ကြသည်။
ဂျုံတွေကို အခြောက်ရတာက လယ်ထဲမှာ ရိတ်သိမ်းရတာနှင့် ယှဥ်လိုက်ရင် ပင်ပန်းသည့်အလုပ် မဟုတ်ပါ။ သို့သော် တကယ်တမ်းမှာတော့ အရမ်းကို လက်ဝင်သည်။ ရိတ်သိမ်းထားသော ဂျုံတွေကို ဖြန့်ခင်းရမည် ဖြစ်သည်။ ထို့နောက် အဖွဲ့သားတွေက အဲ့ဒါတွေကို ခြွေဖို့အတွက် နွားတွေကို ကျောင်းရသည်။ ကြိမ်ဖန်များစွာ လုပ်ပြီးနောက် ကောက်ရိုးတွေကို စုပြီး ခြွေတာကို စောင့်ရမည် ဖြစ်သည်။
ဂျုံစေ့တွေ ထွက်လာတာ သေချာအောင် နှစ်ခေါက်၊ သုံးခေါက်လောက် ခြွေပြီးနောက် ဂျုံစေ့တွေကို သိမ်းပြီး ကောက်ရိုးတွေကို ဆောင်းတွင်းမှာ နွားတွေကို ကျွေးဖို့ ကောက်ရိုးပုံမှာ ထားခဲ့ကြသည်။
ရှုရွှမ်း ရောက်လာသည့်အခါ အလုပ်က နေ့လည်အထိ ကြာခဲ့သည်။ သူက ဆီးသီးစွပ်ပြုတ်အိုးကို သယ်လာပြီး သူရောက်တဲ့အခါ အမျိုးသမီးကြီး မစ္စရှုနှင့် ဝမ့်ရင်းကို ခေါ်လာခဲ့သည်။ “ခနနားကြဦး။”
အိုးထဲက ဇီးသီးဟင်းချိုရဲ့ ပါဝင်ပစ္စည်းတွေကို ဝမ့်ရင်းက ပေးခဲ့သည်။ သူက စားသောက်ဆိုင်မှာ အဲ့ဒါကို လုပ်ပြီး အဲ့ထဲကို သကြားခဲ လက်တစ်ဆုပ်စာ ထည့်ခဲ့သည်။ သူ့ရဲ့အရသာက ကောင်းသော်လည်း သိပ်ပြီး မအေးပါ။
ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုက အိုးတစ်ဝက်ကို အားရပါးရ သောက်ပြီး ချမ့်ကျွီဟွာကိုလည်း အနည်းငယ် ပေးခဲ့သည်။ ဂျုံတွေကို လှည်းဖြင့် ပို့ပေးဖို့ ရောက်လာသည့် ဝူကွေ့ဟွာကတောင် တစ်လုပ် တိုက်ခဲ့သည်။
ဝူကွေ့ဟွာက သူမရဲ့ နှုတ်ခမ်းကို သပ်လိုက်သည်။ “ဝိုး၊ ဒါက တကယ်ကို အရသာရှိတာပဲ။ ချိုချဥ်လေး။”
ဝမ့်ရင်း - “နင် အဲ့ဒါကို ချက်ကြည့်ချင်လား။ ငါနင့်ကို ပါဝင်တဲ့ဟာတွေ လုပ်ပေးမယ်။ ငါတော့ အဲ့ထဲကို အပူငြိမ်းဆေးလည်း ထည့်ထားသေးတယ်။”
ဝူကွေ့ဟွာက အဲ့ဒါကို ခနလောက် အရသာခံပြီးနောက် ချိုချဥ် ဆေးအနံ့လေးကို ရလိုက်သည်။ “ကောင်းပြီ၊ ငါ ဒီည ရှင်းဟွာကို ပိုက့်ဆ့ယူပြီး နင့်ဆီကိုလာဖို့ ပြောလိုက်မယ်။”
ချမ့်ကျွီဟွာက သူမရဲ့ လက်ကို မြှောက်ပြီး ပြောခဲ့သည်။ “ငါ၊ ငါ၊ ငါ၊ ငါလည်း တစ်ခုလောက် လိုချင်တယ်။ ဘယ်လောက်ကျလဲဟင်။”
ဝမ့်ရင်း - “ငါးပြား၊ ဒါပေမယ့် အဲ့ထဲမှာ သကြားတော့ မပါဘူး။ အဲ့ဒါကို ယူသွားပြီး နင်တို့စိတ်တိုင်းကျ အရသာရအောင် သကြားကို ထည့်လို့ရတယ်။”
ငါးပြားဆိုတာ လုံးဝ စျေးမကြီးဘဲ ကြက်ဥ တစ်လုံးစာသာ ရှိသည်။
ချမ့်ကျွီဟွာ - “ဒါဆို ငါနှစ်ခုလောက် မှာမယ်နော်။ ငါ့အိမ်မှာက လူများတယ်။ သူတို့အတွက် မလောက်မှာ စိုးရိမ်လို့။”
ဝမ့်ရင်း - “မလုပ်နဲ့။ အဲ့ထဲမှာ ဆူးနှင်းဆီတွေပါတယ်။ ကလေးတွေ အများကြီးစားဖို့ မသင့်တော်ဘူး။”
ချမ့်ကျွီဟွာက ထိုအကြောင်းကို တွေးလိုက်ပြီး သဘောတူခဲ့သည့်အတွက် သူမက အဲ့ဒါကို တွန်းအား မပေးခဲ့ပါ။
ဝမ့်ရင်းက ဝူကွေ့ဟွာကို ထပ်မေးခဲ့သည်။ “ရှင်းဟွာရော ဘယ်လိုလဲ။ သူက လေ့ကျင်းရေးမှာပဲ ရှိသေးတာလား။”
ဟုတ်သည်။ ထျန်းရှင်းဟွာက ဝမ့်ရင်းနဲ့အတူရှိနေတာ တစ်လကျော်ပြီပင်။ ပြီးတော့ နောက်ဆုံ အဲ့ဒါက လေ့ကျင့်ဖို့ အချိန်ဖြစ်သည်။ အခုဆို သူမက ဂျုံရိတ်သိမ်းဖို့ကိုတောင် ဝင်မပါနိုင်ဘဲ တစ်နေ့လုံး တပ်မဟာက ကျန်းမာရေး စင်တာမှာပဲ လေ့ကျင့်ရေး ဆင်းနေရသည်။
အဲ့အကြောင်းကို ပြောရရင် ဝူကွေ့ဟွာက ပျော်နေခဲ့သည်။ “ကောင်းတယ်။ ကောင်းတယ်။ ဘာလို့ မဟုတ်ရမှာလဲ။ သူက သူလုပ်နိုင်တယ်လို့ ပြောတယ်။”
ဝမ့်ရင်းက ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့သည်။ ထျန်းရှင်းဟွာက အလုပ်အတွက် သေချာသည့် လောင်းကြေးတစ်ခု ဖြစ်ပုံရသည်။ လေ့ကျင်းရေး ပြီးသွားသည့်နောက် ကောင်စီမြို့ရဲ့ သားဖွားမီးယပ် ဌာနကို နောက်ထပ်တစ်လ ပို့ပေးဖို့ အတည်ပြုလိုက်ပြီ ဖြစ်သည်။
ကုန်ကုန်ပြောရရင် အဖွဲ့ထဲက ကလေးမွေးနှုန်းမြင်တဲ့ အချိန်ကို မှီအောင်တော့ ပြန်လာနိုင်သည်။
အခုဆိုရင် ဝူကွေ့ဟွာက အမျိုးရေးရာဌာနရဲ့ ဒါရိုက်တာ ဖြစ်နေပြီး တပ်မဟာထဲမှာ ဘယ်သူက ကိုယ်ဝန်ရှိနေလဲဆိုတာ တိတိကျကျ သိသည်။ “ ဒီနှစ် ငါတို့ရဲ့ တပ်မဟာထဲမှာ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ ဆယ်ယောက်ကျော်တယ်။”
တကယ်လို့ ရှင်းဟွာကိုသာ ရွေးခဲ့ရင် သူမက အခက်အခဲတွေကို အတော်လေး ရင်ဆိုင်ရမည် ဖြစ်သည်။
ရှုရွှမ်းက ဘေးဘက်မှာ ကြိုးကြိုးစားစား အလုပ်လုပ်နေချိန် လူအနည်းငယ်က ခနလောက် စကားပြောနေခဲ့သည်။ သူက သန်မာပြီး လယ်ကွင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်သည်။ သူက လူနှစ်ယောက်စာလောက် လုပ်ခဲ့ပြီး အပိုကိုလည်း ရခဲ့သည်။
ညနေစောင်းသို့ ရောက်ခါနီးချိန်တွင် ရှုရွှမ်းက စားသောက်ဆိုင်ကို ထပ်ပြီး စက်ဘီးနှင့် ပြန်သွားခဲ့သည်။
ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုတို့က ညနေစောင်းတဲ့အထိ အလုပ်ရှုပ်နေခဲ့ပြီးနောက် သူတို့ရဲ့ အထုပ်တွေကိုယူပြီး အိမ်ပြန်လာခဲ့ကြသည်။ သူတို့က ညစာကို မြန်မြန်စားပြီး၊ ရေမိုးချိုးကာ အိပ်ရာ ဝင်ခဲ့ကြသည်။
အလုပ်ရှုပ်တဲ့ ဂျုံရိတ်သိမ်းတာက လေးရက် ကြာခဲ့သည်။ ငါးရက်မြောက်နေ့မှာ ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ထိုကိစ္စက ပညာတတ် လူငယ်တွေကြောင့် စတင် ဖြစ်ခဲ့ရသည်။ ဒီနှစ်မှာ ပညာတတ် လူငယ်က အတော်ကို နည်းသည်။ ထျန်းယိုဖု ကိုယ်တိုင်က ပညာတတ် လူငယ်တွေကို အများကြီး မျှော်လင့်ချက်တွေ မထားခဲ့ပါ။ ဒီပညာတတ် လူငယ်တွေကို အလုပ် ပိုပြီး ကြိုးစားဖို့ ပြောရန် မဖြစ်နိုင်ကြောင်း ပညာတတ် လူငယ် အဖွဲ့ကို ဦးဆောင်တဲ့ အဖွဲ့ခေါင်းဆောင်ကလည်း သိနေခဲ့သည်။ ထို့အပြင် သူတို့က ကျေးလက်ဒေသကို အလုပ်လုပ်ဖို့ လာတာသာဖြစ်ပြီး အခြေချနေထိုင်ဖို့ မဟုတ်ပါ။ အဲ့မှာ စားစရာ လုံလုံလောက်လောက် မရှိဘူးဆိုရင် သူတို့က ငတ်ပြီး သေရမှာလား။
ထို့ကြောင့် ပညာတတ် လူငယ်အဖွဲ့ရဲ့ ရိတ်သိမ်းနှုန်းက အမြဲလိုလို အနိမ့်ဆုံး ဖြစ်နေခဲ့သည်။ အချို့လူတွေက အဲ့နေရာမှာ တကယ်ကို မကျွမ်းကျင်ပါ။ သူတို့သည် အဲ့ဒါကို အရင်က မလုပ်ခဲ့ဖူးဘဲ အချို့ဆိုရင် မတော်တဆ ဒဏ်ရာတွေတောင် ရခဲ့ကြသည်။ အချို့တွေက ပျင်းပြီး အချောင်ခိုကြသည်။ လေးလေးနက်နက် လုပ်သော လူအချို့ ရှိသော်လည်း အတော်လေးကို နည်းသည်။
အဖွဲ့ခေါင်းဆောင်က အတော်လေး ဒေါသထွက်သည့်အတွက် အကြာကြီး ထျန်းယိုဖုကို တိုင်ကြားခဲ့သည်။
ထျန်းယိုဖုသည် ဒီပညာတတ်လူငယ်တွေက အလုပ်ကို မလုပ်နိုင်ကြောင်း တွေးမိသည့်အတွက် သူတို့ကို လယ်ထဲမှာ အိပ်ဖို့ စီစဥ်ပေးတာက ပိုကောင်းလိမ့်မည် ဖြစ်သည်။
မြေပေါ်မှာ အိပ်ရသည့် ပထမ အကြောင်းပြချက် တစ်ခုမှာ ညလယ်ခေါင်ကြီး မိုးရွာတာကို ကာကွယ်ဖို့ ဖြစ်သည်။ နွေရာသီမှ မိုးရွာမယ်ဆိုရင် အမြဲလိုလို မိုးကြီးလေ့ရှိပြီး တလင်းပြင်က ဂျုံများကို ကာကွယ်ဖို့ တစ်ယောက်တည်း လုပ်တာထက် ပိုမြန်မြန် စုမိမည် ဖြစ်သည်။ နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ လူတွေ ခိုးတာကို ကာကွယ်ဖို့ ဖြစ်သည်။
ထျန်းယိုဖုက တွေးလိုက်သည်။ မင်းတို့အားလုံးက အလုပ်ကို ဒီလောက် အသုံးမကျရင် ဘာအတွက်နဲ့ လယ်တွေကို လာစောင့်ကြည့်ကြတာလဲ။
များစွာသော အမျိုးသား ပညာတတ် လူငယ်တွေကို ညဘက် လယ်ထဲမှာ အိပ်ဖို့ ချက်ချင်း တာဝန်ချခဲ့သည်။ သူတို့ကြားထဲတွင် ကျန်းလီက ပြဿနာအိုး ဖြစ်သည်။
ကျန်းလိက စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ ပိုင်လင်းက သူ့ကို လျစ်လျူရှုထားပြီး သူမက သူ့ကို မြင်သည့်အခါတိုင်း ရှောင်နေခဲ့သည်။ သူတို့က တစ်လယ်ထဲမှာ လုပ်နေကြတယ်ဆိုရင်တောင် ပိုင်လင်းက သူ့ကို ရသလောက် ရှောင်နေမည် ဖြစ်သည်။
အဲ့ဒါသာမက ကျန်းလိက ပိုင်လင်းနှင့် ယုဖမ်းချန်ကို အနီးကပ် အေးတိအေးစက် ကြည့်နေခဲ့သည်။
ကျန်းလိရဲ့ နှလုံးသားက ပင်လယ်အောက်က ချော်ရည်လို အပေါ်ပိုင်းမှာ အေးစက်သော်လည်း အတွင်းထဲမှာတော့ ဒေါသအပြည့် ဖြစ်နေခဲ့သည်။
ပိုင်လင်းက ဘာလို့ ဒီလိုဖြစ်နေလဲဆိုတာ သူနားမလည်နိုင်ခဲ့ပါ။
သူနှင့် ပိုင်လင်းတို့ အတူတူ ရှိနှင့်ကြတာ သိသာသည်။ ထို့ကြောင့် သူမက ဘယ်လိုလုပ် ယုဖမ်းချန်နှင့် သွားနိုင်ရတာလဲ။
ဒီအကြောင်းကို ပြောရရင် ပညာတတ် လူငယ်များ အလုပ်သွားချိန်မှာ ပိုင်လင်းကို ရှာပြီး သူမကို ရပ်ဖို့ အချိန်ကောင်းကို ယူမည် ဖြစ်သည်။
ပိုင်လင်းက သူမကိုယ်သူမ တွေးလိုက်သည်။ အဲ့ကို လာပြီဆိုရင် အချိန်ကျပြီပဲ။
ကျန်းလိက ပိုင်လင်းကို သူမအား လေးစားသည်ကို ပြောနေခဲ့ပြီး ပိုင်လင်းက သူ့ကို တိကျတဲ့ အဖြေတစ်ခု ပေးလိမ့်မည်ဟု အခိုင်အမာ ဖြစ်နေခဲ့သည်။
ကျန်းလိကို အရင်လို အရူးလုပ်ဖို့ မလွယ်ဘဲ သူ့ကို လက်ထပ်ဖို့ ပိုင်လင်းကို သဘောတူစေချင်သည်။
ပိုင်လင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ပြီး သနားစဖွယ် ကြည့်လိုက်သည်။ “ငါ့ကို တွန်းအားမပေးနဲ့။”
ကျန်းလိက သူ့ခေါင်းကို ဆွဲလိုက်ပြီး ပူထူပြီး တွေဝေသွားခဲ့သည်။ “ငါ နင့်ကို ဘာတွေများ တွန်းအား ပေးခဲ့လို့လဲ။ ပိုင်လင်း၊ ငါတို့က အလယ်တန်း ကတည်းက အတန်းဖော်တွေ၊ ပြီးတော့ ငါကနင့်ကို သဘောကျတယ်။ နင်ငါ့ကို လက်ထပ်ရင် ငါတို့တွေ အတူတူ ရှိနိုင်တယ်။ အခွင့်ရေးကောင်း တစ်ခုရရင် ငါတို့ကို မြို့ပြန်ခေါ်ဖို့ ငါပြောလိုက်မယ်။ အဲ့ဒါကို နင်က ဘာလို့ သဘောမတူရတာလဲဆိုတာ ငါနားမလည်ဘူး။”
ပိုင်လင်းက ငိုချလိုက်သည်။ “ငါက ကျန်းမာရေး မကောင်းဘူး။ နင့်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုပဲ ဖြစ်လိမ့်မယ်။”
ကျန်းလိ - “မင်းက ဒါကို ခနခနပြောနေတာ။ ပြီးတော့ မင်းကို တာဝန်ယူဖို့ကိုလည်း ငါမကြောက်ဘူး။ ငါတို့ နှစ်ယောက်လုံး မြို့က လာတာပဲလေ။ အဲ့တော့ ငါတို့က ဘယ်လိုလုပ် ဆိုးရွားတဲ့ ဘဝမျိုးမှာ နေရမှာလဲ။ နင်သာ ငါ့ကို လက်ထပ်ဖို့ သဘောတူတယ်ဆိုရင် ငါ့မိသားစုကို ပိုက်ဆံတောင်းလိုက်မယ်။ ပြီးရင် ငါတို့ အဖွဲ့ထဲမှာ အိတ်အလွတ် တစ်လုံးလောက် ငှားနေလိုက်မယ်။ အဲ့လိုဆို ငါတို့ရဲ့ ဘဝတွေက အနာဂတ်မှာ ပိုပိုပြီး ကောင်းလာလိမ့်မယ်။”
ပိုင်လင်းရဲ့ ခေါင်းထဲမှာ လန့်သွားခဲ့သည်။
သူမရဲ့ တုံ့ဆိုင်းနေပြီး တိကျတဲ့ အဖြေတစ်ခုပေးဖို့ ငြင်းဆန်နေတဲ့ ပုံစံမျိုးက ပိုင်လင်းကို စိတ်ပျက်စေခဲ့သည်။
“အဲ့တော့ နင်ဘာလိုချင်တာလဲ။”
ပိုင်လင်းရဲ့ ခေါင်းထဲမှာ အံ့သြနေဆဲ ဖြစ်သည်။
ကျန်းလိက ဒေါသထွက်လာပြီး သူ့ရဲ့ အတော်လေး စိတ်ရှည်ထားရတာတွေကို ပိုင်လင်းအပေါ် ပုံချခဲ့သည်။ အခုဆိုရင် သူမက မငြင်းရဲသလို သဘောလည်း မတူရဲတော့ပါ။ ကျန်းလိက ဒေါသတကြီး လက်ကို လွဲလိုက်ပြီး သူ့ဘေးက သစ်ပင်ကြီးကို ထိုးလိုက်သည်။
ပိုင်လင်းက ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့ပြီး နောက်ဆုံးမှာတော့ သူမရဲ့ ပန်းတိုင်ကို ရောက်ခဲ့ပြီ ဖြစ်သည်။
ကျန်းလိက ထွက်သွားပြီး ခနလောက် တွေးဖို့အတွက် ပိုင်လင်းက အဲ့မှာ နေခဲ့သည်။
သူမဘာသာ တွေးပြီးနောက် သူမရဲ့ နားနေရာကို ငိုပြီး ပြေးသွားခဲ့သည်။ အမျိုးသမီးရေးရာဌာနရဲ့ ဒါရိုက်တာ တစ်ယောက်အနေဖြင့် ဝူကွေ့ဟွာက သူမရဲ့ ဒီလိုပုံစံကို မြင်သည့်အခါ သေချာပေါက် ရောက်လာပြီး သူမကို မေးခွန်းတွေ မေးတော့မည် ဖြစ်သည်။
ပိုင်လင်းက ငိုပြီး ရှိုက်နေခဲ့သည်။ “ဒါရိုက်တာဝူ၊ ကျွန်မ ကျန်းလိကို တိုင်ချင်ပါတယ်။ သူက ကျွန်မကို မကောင်းတာလုပ်ဖို့ ကြိုးစားခဲ့တယ်။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၅၂
ပိုင်လင်းက အတော်လေး သနားစရာကောင်းအောင် ငိုနေသည့်အတွက် ဝူကွေ့ဟွာကတောင် လန့်သွားခဲ့သည်။
သူမက ပိုင်လင်းကို သိပ်ပြီး မကျေနပ်နေရင်တောင် ဒီလို အခြေအနေမျိုးဖြင့် ကြုံရသည့်အခါ ဝူကွေ့ဟွာက သူမကို အိမ်ထဲသို့ ခေါ်ပြီး အသေးစိတ်ကို မမေးခင် တံခါးနှင့် ပြတင်းပေါက်တွေကို သေချာအောင် ပိတ်ထားလိုက်သည်။
“ပိုင်ကျစ်ကျင်း၊ စိတ်လျှော့ပြီး ဖြည်းဖြည်းချင်းပြော။”
ဝူကွေ့ဟွာက ပိုင်လင်းအတွက် ရေတစ်ခွက်ကို ခပ်ပေးပြီး သကြားခဲ တစ်ခဲကိုလည်း ထည့်ပေူခဲ့သည်။
ပိုင်လင်းက ခွေးခြေခုံမှာ ထိုင်လိုက်ပြီး အတော်လေး ကူကယ်ရာမဲ့သလို ခံစားနေခဲ့ရသည်။ “အခုလေးတင် ငါပြန်ရောက်တော့ ကျန်းလိက ငါ့ကို အထဲ ဆွဲခေါ်ပြီး ငါ့ကို လက်ထပ်ချင်တယ်လို့ ပြောတယ်။ တကယ်လို့ ငါက သဘောမတူဘူးဆိုရင် သူက အပြင်ဘက်ကို အော်လိုက်မယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် ငါလည်း ငါ အတော်လေးကို ကြောက်သွားတာ။ ပြီးတော့ သူက ငါ့ကို ဖက်ချင်ပေမယ့် ငါက သူ့ကို မဖက်ချင်ဘူးလေ။”
ပိုင်လင်းက မထိန်းနိုင်ဘဲ တုန်ရီနေခဲ့သည်။ “သူက သစ်ပင်ကိုလည်း ထိုးပြီး ငါ့ကို ထိုးချင်သလိုမျိုးကြီးကို ကြည့်နေတာ။”
ဝူကွေ့ဟွာက ထိုကစကားကို ကြားသည့်အခါ ဒေါသ ထွက်သွားခဲ့သည်။ အမျိုးသမီးရေးရာဌာနရဲ့ ဒါရိုက်တာ တစ်ယောက်အနေဖြင့် ယောက်ျားတစ်ယောက်က အခြားသူတွေအား ရိုက်တာကို သူမ လက်မခံနိုင်ပါ။ အထူးသဖြင့် ဒီလို အဆင့်နိမ့်တဲ့သူမျိုးအတွက် ဖြစ်သည်။
သူမက အတော်ကို ဒေါသထွက်သွားပြီး ခေါင်းဆောင်ကို သွားရှာဖို့ ထလိုက်သည်။ ကျန်းလိရဲ့ အပြုအမူက သားရိုင်းတစ်ကောင်လို ဖြစ်နေခဲ့သည်။
ဝူကွေ့ဟွာ - “စောင့်နေ။ ငါ နင့်အတွက် သေချာပေါက် တရားမျှတမှုကို ရှာပေးမယ်။ ငါတို့ရဲ့ ခုနစ်ခုမြောက် တပ်မဟာက ဒီလိုအကျင့်နဲ့လူတွေကို သည်းမခံနိုင်ဘူး”
ဝူကွေ့ဟွာက ချက်ချင်းပဲ ထရပ်လိုက်ပြီး ကျန်းလိနှင့် သွားတွေ့ဖို့အတွက် ပြင်ဆင်လိုက်သည်။
ပိုင်လင်းက မှင်သက်သွားခဲ့သည်။
'မဟုတ်ဘူး။ ဒါက ဘယ်လို ပြောင်းလဲသွားတာလဲ။'
ဝူကွေ့ဟွာက သူမအတွက် နှုတ်ဆိတ်နေပေးဖို့ ပြောသည့်အခါ သူမက အဲ့ဒါကို အခွင့်အရေးယူပြီး တောင်းဆိုမှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ထားခဲ့သည်။ ဥပမာအနေဖြင့် သူမရဲ့ အလုပ်ကို ပြောင်းပြီး ကျန်းလိနှင့် အဝေးမှာ နေနိုင်ဖို့။ ဒါမှမဟုတ် သူမရဲ့ စိတ်မကောင်းဖြစ်မှုကြောင့် သူမကို အထူးတလည် ဆက်ဆံပေးဖို့ ဖြစ်သည်။
ကျန်းလိကို တစ်ခါတည်းနဲ့ သေအောင် ရိုက်ဖို့အထိတော့ သူမ မရည်ရွယ်ခဲ့ပါ။
ပိုင်လင်းက မတုံးအပါ။ တကယ်လို့ သူမက ကျန်းလိကို တုံ့ပြန်မိပါက သူမကို ထိုအကြောင်းနှင့် ပတ်သက်ပြီး သေချာပေါက် အတင်းတုပ်ကြလိမ့်မည်။ ဒါဟာ ဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မည်။ သူမရဲ့ အကောင်းဆုံး အခြေအနေကတော့ ကျန်းလိရဲ့ ကြမ်းတမ်းမှုနှင့် စွဲလမ်းမှုတို့ကို အပြင်က လူတွေဆီသို့ ထုတ်ပြရန် ဖြစ်သည်။ သူမက သူ့ကို ရှောင်ရမှာ ကြောက်သည်။ သူမကို အခြားသူတွေက သနားပြီး ပုံမှန်အတိုင်း ဖမ်းချန်အနားသို့ ကပ်ဖို့သာ ဖြစ်သည်။
ယောက်ျားတွေ အားလုံးက သူရဲကောင်းဝင်လုပ်ဖို့ စိတ်ကူးရှိကြပြီး သူမကို သဘောကျသည့် ကျန်းလိက အရူးလို ဖြစ်နေသည့်အတွက် ယုဖမ်းချန်ကို အနိုင်ရဖို့ သူ့အတွက် အဆင်ပြေသည်။ တကယ်လို့ လိုအပ်ပါက သူမရဲ့ အလှတရားဖြင့် တစ်ခါ သို့မဟုတ် နှစ်ခါ ကယ်တင်နိုင်ပြီး အရာအားလုံးက အဆင်ပြေပြေ ပြီးသွားလိမ့်မည် ဖြစ်သည်။
သူမက ကျန်းလီနှင့် ရုတ်တရက် လမ်းခွဲဖို့အတွက် မရည်ရွယ်ခဲ့ပါ။ ထို့အပြင် သူမက ကျန်းလိအပေါ်မှာ ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးခဲ့လဲဆိုတာကို သိနေခဲ့သည်။ တကယ်လို့ သူမက ကျန်းလိနှင့် လမ်းခွဲလိုက်ပါက သူက ထိုပိုက်ဆံ အနည်းငယ်နှင့် တားမှာ သေချာသည်။
ထို့ကြောင့် ပိုင်လင်းက ဝူကွေ့ဟွာကို ပြောဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ သူမကိုယ်သူမတော့ လူလုံး ထွက်မပြဘဲ ဝူကွေ့ဟွာအား ကျန်းလိကို သူမရဲ့အနားမှ ခွဲခိုင်းခဲ့သည်။ ဒီနည်းဖြင့် ကျန်းလိနှင့် ပတ်သက်မည် မဟုတ်ဘဲ သူ့ဘာသာ တဖြည်းဖြည်း ဒေါသထွက်ပြီး ရှောင်သွားမည် ဖြစ်သည်။
သို့သော် ပိုင်လင်းက သူမ ပြောပြီးနောက် ဝူကွေ့ဟွာက တကယ်ကို ခေါင်းဆောင်ကို သွားတွေ့မယ်ဆိုပြီး ပြောမယ်လို့ သူမ လုံးဝကို မတွေးထားခဲ့ဖူးပါ။
သူမရဲ့ စကားအရဆိုရင် သူမက ပြဿနာဖြစ်ဖို့အတွက် စီစဥ်နေခဲ့ပြီ ဖြစ်သည်။
ပိုင်လင်းမှ မြန်မြန်ပဲ ပြောလိုက်သည်။ “ဒါရိုက်တာဝူ၊ သူ ငါ့ကို ဘာမှတော့ မလုပ်ခဲ့ပါဘူး။ သူက ငါ့ကို လက်ထပ်ချင်တယ်လို့ပဲ ပြောခဲ့တာပါ။ ပြီးတော့ ငါက သဘောမတူလို့ သစ်ပင်ကို ထိုးလိုက်တာ။”
ဝူကွေ့ဟွာက ခပ်တင်းတင်း ပြောလိုက်သည်။ “ပိုင်ကျစ်ကျင်း၊ နင် ဒီလို လုပ်နေစရာ မလိုပါဘူး။ အဲ့မှာ တစ်ခုခု မှားနေတယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။ ဒါက ပတ်ဝန်းကျင် အသစ်ပဲလေ။ အရင်ကလိုမှ မဟုတ်တော့ဘဲ။ တကယ်လို့ ဒီလူက တစ်ခုခု ဆိုးရွားတာ လုပ်ခဲ့ရင်တောင် နင် သူ့ကို လက်ထပ်စရာ မလိုဘူး။ သူတို့လို လူတွေက ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတာ။ သူတို့ကို သံတိုင်နောက်က အခန်းထဲပို့ပြီး အလကားရတဲ့ စားစရာတွေကိုပဲ စားခိုင်းသင့်တာ။”
ပိုင်လင်းက အရမ်းကို စိတ်မကောင်း ဖြစ်သွားခဲ့သည်။ သူမမှာ ကျန်းလိကို ထောင်ထမင်း၊ ထောင်ဟင်း စားစေချင်တဲ့ ရည်ရွယ်ချက်မျိုး မရှိကြောင်းကို ပြောပြချင်ခဲ့သည်။
ဝူကွေ့ဟွာက ဘာလို့ ဒီလောက် ခေါင်းမာနေလဲဆိုတာ သူမ နားမလည်နိုင်ခဲ့ပါ။ သူမက ဒီလူကို ဝင်ပါအောင် လုပ်ခဲ့ပေမယ့် ပြဿနာတစ်ခု မဖြစ်စေချင်ခဲ့ပါ။ ထို့ကြောင့် သူမက ဘာလို့ ပြဿနာကြီးတစ်ခုလုပ်ဖို့ တိုက်တွန်းနေရတာလဲ။
ဝူကွေ့ဟွာက မျှမျှတတ ပြောခဲ့သည်။ “ပိုင်ကျစ်ကျင်း၊ ငါအရင်က နင့်ကို သိပ်ပြီး အမြင်မကြည်ဘူးဆိုပေမယ့် ငါတို့ နှစ်ယောက်လုံးက အမျိုးသမီးတွေပဲ။ ငါတို့တွေက တစ်ဖက်တည်းကပဲ။ မကြောက်နဲ့။ သေချာပေါက်ကို ငါ နင့်ဘက်ကနေ ရပ်တည်ပေးမယ်။ ကျန်းကျစ်ကျင်းက သူ့လုပ်ရပ်ကြောင့် အပြစ်ပေးခံရမယ်။ တကယ်လို့ သူ့ကို အပြစ်မပေးဘူးဆိုရင် နောက်ပိုင်းကျရင် သူက ပိုပြီးတော့တောင် သောင်းကျန်းလာလိမ့်မယ်။ ကောလဟာလ စကားတွေကို မကြောက်နဲ့။ တကယ်လို့ ငါတို့ အဖွဲ့ထဲမှာ နင့်အကြောင်း အဓိပ္ပါယ်မရှိတာတွေ ပြောတဲ့သူရှိရင် ငါ့ဆီကိုသာ လာခဲ့လိုက်။ ငါ သူတို့ကို သေအောင် ဆူလိုက်မယ်။”
ပိုင်လင်း - “….. ကျေးဇူးတင်ပါတယ်။”
ပိုင်လင်း - “ဒါရိုက်တာဝူ၊ တကယ် ဒီလောက်ထိတော့ မလိုပါဘူး။ ငါ့အထင် ကျန်းရှီကျင်းက ခနလောက် သူ့ရဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်လို့ပါ။ ဒါမဟုတ် ငါ နောက်မှ သူ့ကို အဲ့ကိစ္စ ပြောလိုက်ပါ့မယ်။”
ပိုင်လင်းက ခါးခါးသီးသီး တိုင်ပြောခဲ့သည်။ သူမက ဝူကွေ့ဟွာသာ ဒီလို တုံ့ပြန်မှာကို သိခဲ့မယ်ဆိုရင် သူမကို ရှာခဲ့မှာတောင် မဟုတ်ပါ။
သေစမ်း၊ သူမ ကျေးလက်ဒေသကို မလာခင်က သေသေချာချာ မေးခဲ့ပြီး ဖြစ်ကာ ကျေးလက်မှာဆို ဒီလိုကိစ္စမျိုး ကြုံရသည့်အခါ လူတွေက မျက်စိပိတ်၊ နားပိတ် နေကြလိမ့်မည်ဟု ပြောခဲ့ကြသည်။ သူမက ဒီလိုဖြစ်ပြီး မြို့က အမျိုးတွေဆီ ပြန်လာခဲ့ရသည့် ပညာတတ် လူငယ်တစ်ယောက်ကို မေးခဲ့ပြီး သူက သူမကို ကိစ္စ အများကြီးကို ပြောပြခဲ့သည်။ အမျိုးသမီး ပညာတတ် လူငယ်တစ်ယောက်က ကျေးလက်ဒေသက ယောက်ျားတစ်ယောက်ရဲ့ အခွင့်ကောင်းယူတာကို ခံခဲ့ရပြီး ရွေးချယ်စရာ မရှိဘဲ သူမက ထိုလူကို လက်ထပ်ခဲ့ရသည်။
ထိုပညာတတ် လူငယ်ကလည်း သူမအား ကျေးလက်သို့ သွားသည့်အခါ သတိထားဖို့အတွက်လည်း သတိပေးခဲ့သည်။
ဝူကွေ့ဟွာက သူမ ရှက်နေမှာကို တွေးမိသည့်အတွက် သူမကို ဖျောင်းဖျခဲ့သည်။
“ပိုင်ကျစ်ကျင်း၊ ငါတို့ရဲ့ ခုနစ်ခုမြောက် တပ်မဟာက ဆင်းရဲတယ် ဆိုပေမယ့် ဒီလို လူရမ်းကားတွေနဲ့ မကောင်းတဲ့လူတွေကို ဘယ်တုန်းကမှ နေဖို့အတွက် ခွင့်ပြုမှာ မဟုတ်ဘူး။ မကြောက်နဲ့….”
ထိုစကားက မှန်သည်။ အကြောင်းမှာ အတွင်းရေးမှူး ထျန်းယိုဖု ရှိသည့်အတွက် ခုနစ်ခုမြောက် တပ်မဟာက အခြား တပ်မဟာတွေမှာလို ဒီလို ကိစ္စမျိုးတွေ သိပ်ပြီး မဖြစ်ပါ။ အထူးသဖြင့် သူတို့လို အကြီးတန်း ပညာတတ်တွေကို ထျန်းယိုဖုက တစ်ချိန်လုံး မျက်စိ ဒေါက်ထောက် လိုက်ကြည့်နေခဲ့ကာ သူတို့က အရှက်မဲ့သည့် အရာတစ်ခုခု လုပ်မှာကို လန့်နေကြသည်။
ဝူကွေ့ဟွာက သူမကို နားချဖို့အတွက် ထပ်ခါတလဲလဲ ကြိုးစားခဲ့သော်လည်း ပိုင်လင်းက လက်လျှော့ဖို့ကိုသာ ငြင်းနေခဲ့သည်။
“ဒါရိုက်တာဝူ၊ အဲ့အကြောင်းကို ငါ ထပ်တွေးပြီးပါပြီ။ ကျန်းကျစ်ကျင်းက ဘာအန္တရာယ်မှ ပေးဖို့အတွက် မရည်ရွယ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ။ မြင်လား။ သူငါ့ကို မရိုက်ခဲ့ဘူးလေ။ ငါက သူ့ကို လက်ထပ်ဖို့ တောင်းပန်ခဲ့သေးတာလေ။ ငါ့အထင် ဒါက ကြီးကြီးမားမားတော့ မဖြစ်သင့်ပါဘူး။ စောနက ငါ့ရဲ့ ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘဲ နင့်ကို စိတ်ပူရအောင် လုပ်မိတာပါ…”
နောက်ဆုံးမှာတော့ ဘာတွေဖြစ်နေလဲဆိုတာ ဝူကွေ့ဟွာက အဖြေရှာလို့ ရသွားခဲ့သည်။ သူမက ပိုင်လင်းကို စိုက်ကြည့်နေခဲ့ပြီး အဲ့ဒါကြောင့် သူမက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
“ပိုင်ကျစ်ကျင်း၊ နင်ဘာကို ဆိုလိုလဲဆိုတာ ငါ နားမလည်ဘူး။ ခုနကပြောတော့ ကျန်းကျစ်ကျင်းက နင့်ကို မကောင်းတာ တစ်ခုခုလုပ်လို့ တိုင်မယ်ဆို။ အခု နင်ပြောတဲ့ဟာကို နင့်ဘာသာ ရပ်ဖို့ ပြောပြန်ပြီ။ ဘာတွေ ဖြစ်နေတာလဲ။ နင်က ငါ့ဆီ သတင်းပေးချင်တာလား။ ဒါမှမဟုတ် ငါ့ကို တစ်ခုခု လုပ်ခိုင်းစေချင်နေတာလား။ ပြီးတော့ နင်က ငိုပြီး ဝင်လာခဲ့တာလေ။ အခုထိလည်း ငိုနေတုန်းပဲ။ နင်က အဆင်ပြေပါတယ်ဆိုပြီး ပြောရုံနဲ့ ငါက နင့်ကိုယုံမယ်လို့ ထင်နေတာလား။”
ဝူကွေ့ဟွာက တစ်ခုခုကို ဝေ့လည်ကြောင်ပတ် လုပ်တတ်သည့် သူမျိုး မဟုတ်ပါ။ သူမက ပိုင်လင်းရဲ့ ဟိုမရောက် ဒီမရောက် စကားများကြောင့် အနည်းငယ် စိတ်ခုလာခဲ့ရပြီး ရိုင်းစိုင်းစွာ ပြောခဲ့သည်။
ပိုင်လင်းရဲ့ စိတ်ထဲမှာ စိမ့်ခနဲ ဖြစ်သွားခဲ့ရသည်။ “မဟုတ်ဘူး။ ကျွန်မ အဲ့ဒါကို သတင်းမပို့ခဲ့ပါဘူး။ အဲ့ဒါက ပိုင်ကျစ်ကျင်းက ကျွန်မကို ကြောက်အောင်လုပ်လို့ ငိုခဲ့တာပါ။”
ဝူကွေ့ဟွာ - “…. အဲ့တော့ နင်က ငါ့ကို ခေါင်းဆောင်ကို သွားမရှာစေချင်ဘူးပေါ့။”
ပိုင်လင်းက အံ့ကိုကြိတ်ပြီး ပြောလိုက်သည်။ “စောနက ကျွန်မ နည်းနည်း အကဲပိုသွားတယ် ထင်တယ်။ ကျွန်မသာ ဒီကိစ္စ ခေါင်းဆောင်ကို သတင်းသွားပေးလိုက်ရင် သိပ်ပြီး အဆင်ပြေမှာ မဟုတ်လောက်ဘူး။ ပြီးတော့ အဲ့ဒါက ဒါကြောင့် ဖြစ်တာလည်း မဟုတ်ဘူးလေ။ အဲ့ဒါအပြင် ငါက အဲ့အကြောင်း ပြောပြလိုက်ရင် အဲ့ဒါက ကျွန်မရဲ့ ဂုဏ်သတင်းအတွက် မကောင်းဘူးလေ။”
ဝူကွေ့ဟွာ - “ခေါင်းဆောင်ကိုတင် မဟုတ်ဘူး။ ငါ တစ်ခြား ဘယ်သူ့ကိုမှ အဲ့ကိစ္စကို မပြောနိုင်ဘူး။ ဟုတ်ပြီလား။”
ဝူကွေ့ဟွာက အပြစ်ရှိသလို ခံစားနေပြီး အသက်ရှူ မှားသလို ဖြစ်နေသည့် ပိုင်လင်းကို ကြည့်ကာ မေးချင်နေခဲ့သည်။ “နင်က ဘာလို့ ငါ့ကို ဒီဟာတွေ လာပြောနေတာလဲ။ နင်က ငါ့ကို ဒေါသထွက်ပြီး စိတ်ကုန် သေအောင် လုပ်နေတာလား။”
ပိုင်လင်း - “ကျွန်မက ကျန်းလိနဲ့ ကျွန်မကို ခွဲပေးစေချင်ရုံပါ။ ကျွန်မတို့ အလုပ်တွေ အတူတူ မလုပ်ရဘူးဆိုရင် အဲ့ဒါက အကောင်းဆုံး ဖြစ်မှာပါ။ ဒါနဲ့၊ အဲ့ဒါက အဆင်ပြေရင် ပညာတတ် လူငယ်ခေါင်းဆောင် ယန့်ဟုန်နဲ့ စကား ပြောကြည့်ပြီး ကျွန်မနဲ့ အတူတူ အလုပ်လုပ်ဖို့ အမျိုးသား ပညာတတ် လူငယ်တစ်ယောက်ကို စီစဥ်ပေးလို့ ရတယ်။ ကျွန်မအထင် ယုကျစ်ကျင်းကလည်း အဆင်တော့ ပြေပါတယ်။ ကျွန်မကြောက်တာက ကျန်းကျစ်ကျင်း၊ ကျွန်မကို ထပ်ပြီး လာရှာမှာကိုပဲ။”
ဝူကွေ့ဟွာက မတုံးအပါ။ သူမရဲ့ ဒီလိုပုံကို ကြည့်ရုံဖြင့် သူမပြောတဲ့ ငါးဆယ် ရာခိုင်နှုန်းလောက်ကို နားထောင်ရုံဖြင့် သူမက သိနေခဲ့ပြီ ဖြစ်သည်။
ကျန်းလိက သူမကို မကောင်းတာ တစ်ခုခု လုပ်တော့မည် ဖြစ်သော်လည်း အဲ့ဒါက ပြဿနာတစ်ခု မဟုတ်ပါ။ အဓိကက ဒါဟာ လက်ထပ်ခွင့် တောင်းတာသာ ဖြစ်သော်လည်း ပိုင်လင်းက သဘော မတူခဲ့ပါ။ ထို့ကြောင့် အခုဆိုရင် သူမက ခြယ်လှယ် အသုံးချလို့ရမယ့် လူတစ်ယောက် ရှာနေရုံသာ ဖြစ်သည်။
ဝူကွေ့ဟွာက သူမရဲ့ ဒေါသကို အတော်လေး ထိန်းကာ ပြောလိုက်သည်။ “ပိုင်ကျစ်ကျင်း၊ ငါတော့ နင့်ကို တကယ် နားမလည်တော့ဘူး။ နင်သာ တရားမျှတမှုကို လိုချင်တယ်ဆိုရင် ငါက နင့်အတွက် သေချာပေါက်ကို ရှာပေးမှာပါ။ ဒါပေမယ့် နင့်မှာ တစ်ခြားအကြံတွေ ရှိတယ်ဆိုရင်တော့ ငါ့ကို မပြောနဲ့။ ငါက နင်တို့ ကျစ်ကျင်းတွေရဲ့ အတွင်း ပြဿနာတွေကို မထိန်းနိုင်ဘူး။ အခု ယန့်ဟုန်ကလည်း ဒီမှာနေတာပဲ။ နင့်အတွက် ဘာပြဿနာမှ မရှိဘူးဆိုရင် သူ့ကိုပဲ တိုက်ရိုက် သွားပြောလိုက်လေ။ ဘာလို့ နင်က ငါ့ကို လာရှာနေသေးလဲ။ ငါက အမျိုးသမီးရေးရာ ဌာနရဲ့ ဒါရိုက်တာပဲလေ။ အဲ့ဒါကလွဲလို့ ငါ ဘာကိုမှ မလုပ်နိုင်ဘူး။ အလုပ်ခွဲပေးတာကရော ဘယ်လိုလဲ။ အဲ့ဒါတွေ အားလုံးက နင်တို့ ခေါင်းဆောင်တွေရဲ့ လက်ထဲမှာပဲလေ။ ငါက ဝင်ပြောလို့ မရဘူး။ ငါ နင့်ကို နောက်ဆုံးတစ်ကြိမ် မေးမယ်။ ကျန်းကျစ်ကျင်းနဲ့ ကိစ္စကို နင်ဘာလုပ်မှာလဲ။ စစ်ဆေးမှာလား။ ဒါမှမဟုတ် ဘာလဲ။”
ပိုင်လင်းက မုန်းတီးစွာ ပြောလိုက်သည်။ “ ကျွန်မ အဲ့ဒါကို လိုက်မှာ မဟုတ်ဘူး။”
ဝူကွေ့ဟွာက ချက်ချင်း မျက်နှာလွှဲပြီး ထွက်သွားခဲ့သည်။
ဒီလူကို ဆက်ပြီး စကားပြောဖို့ မလိုတော့ဘူး။
ဝူကွေ့ဟွာ ထွက်သွားပြီးနောက် ပိုင်လင်းက သူမရဲ့ ခုံမှာ ထိုင်ချလိုက်သည်။ သူမရဲ့ အကြံက ဝူကွေ့ဟွာရဲ့ တံခါးဝမှာ ကျရှုံးသွားမည်ဟု တကယ်ကို မထင်ထားခဲ့ပါ။
သို့သော် ဒီကိစ္စက သူမသာ သူမရဲ့ ရည်မှန်းချက်ကို အောင်မြင်ချင်ရင် သူမနှင့် သင့်တော်တဲ့သူမျိုးတွေကို ရွေးချယ်ရမည် ဖြစ်သည်။
ပိုင်လင်းက မြန်မြန် သရုပ်ဆောင်လိုက်သည်။ ဂျုံသိမ်းချိန် တစ်ဝက်လောက် ရောက်သည့်အခါ ကျန်းလိနှင့် ပိုင်လင်းကို ခွဲထုတ်ဖို့ လုပ်ခဲ့သည်။ ကျန်းလိရဲ့ မျက်နှာက ဒေါသထွက်နေခဲ့ပြီး ပိုင်လင်းက သူ့ကို ကြောက်နေပုံရပြီး သူ့ကို ရှောင်ဖို့ ကြိုးစားနေခဲ့သည်။
ထို့ကြောင့် အဲ့နေ့ ဝမ့်ရင်း အလုပ်ကို သွားချိန်မှာ သူမက ချမ်းယောင်ရဲ့ ဒရာမာလေးကို မျက်မြင် တွေ့ခဲ့ရသည်။
ချမ်းယောင်ရဲ့ ဒရာမာထဲက အမျိုးသမီး သူရဲကောင်းတွေက သူတို့မှာ ပါးစပ်တွေ မရှိသည့်အတွက် ငိုနေခဲဲ့ကြသည်။ သူတို့က အောက်နှုတ်ခမ်းကို ကိုက်ပြီး အခြားသူတေရဲ့ နောက်မှာ ပုန်းနေခဲ့ကြကာ သနားဖို့ကောင်းသည်။
ဒုတိယ အမျိုးသားက ကျယ်လောင်စွာ အော်ပြီး မေးလိုက်သည်။ “ပိုင်လင်း၊ နင် ငါ့ကို ဖြေရှင်းချက် တစ်ခုတော့ ပေးကို ပေးရမယ်။ နင် ငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိလား။”
အဖွဲ့သားတွေက သူတို့ရဲ့ နားတွေကို စွင့်ထားကြသည်။ ဂျုံရိတ်သိမ်းရတာက အလုပ်ရှုပ်ရုံတင်သာမက ပင်လည်း ပင်ပန်းသည်။ ဘယ်သူက ဒီလို အလကား ကြည့်ရတဲ့ ပွဲမျိုးကို ငြင်းနိုင်မှာလဲ။
“Heaven-dropping” စီးရီးရဲ့ အမျိုးသား ဇာတ်ဆောင်က အရှေ့ကို ထွက်လာပြီး ပြောခဲ့သည်။ “ကျန်းကျစ်ကျင်း၊ မသိချင်ယောင် ဆောင်မနေနဲ့။ ပိုင်ကျစ်ကျင်းနဲ့ နင်က ချိန်းတွေးနေတယ်ဆိုတာ အတည်မပြုရသေးဘူး။ ဒါပေမယ့် အခု နင်က သူ့ကို လက်ထပ်ဖို့ တွန်းအားပေးနေတယ်။ နင်က အရမ်း ညစ်ပတ်တယ်လို့ မထင်ဘူးလား။”
ကျန်းလိ - “သူက ဘာလို့ ငါနဲ့ မချိန်းတွေ့တာလဲ။ ငါတို့ အရင်က ချိန်းတွေ့ခဲ့တာ သေချာတယ်လေ။”
ယုဖမ်းချန် - “မင်းက ဒီဟာကို ပြောပြီး ဂုဏ်သတင်းကို မြင်သာအောင် လုပ်နေတာပဲ။”
ကျန်းလိ - “ငါ မင်းကို ပြောမှာ မဟုတ်ဘူး။ အဲ့ဒါက ဘာလို့လဲဆိုတော့ သူက မင်းကို လက်ထပ်ချင်လို့ပဲ။”
ယုဖမ်းချန် - “ကျန်းကျစ်ကျင်း၊ ပိုင်ကျစ်ကျင်းကို အသရေ မဖျက်နဲ့။ ငါ့ကိုလည်း အသရေ မဖျက်နဲ့။ ငါ အဲ့ဒါကို မလုပ်ခဲ့ဘူး။”