အခန်း (၁၅၃-၁၅၄)
Vol. 13 Ch. 153-154
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၅၃
ယောက်ျားနှစ်ယောက်က မိန်းကလေး တစ်ယောက်အတွက် ယှဥ်ပြိုင်နေသည့် ရှားပါးသော မြင်ကွင်းကို ဝမ့်ရင်းက စိတ်ဝင်တစား ကြည့်နေခဲ့ပြီး မုန်တိုင်းရဲ့ အလယ်မှာ ရှိနေသော ပိုင်လင်းက အတော်ကို ကျေနပ်နေခဲ့သည်။
သူမက ရန်ဖြစ်နေတာကို တားဖို့ ကြိုးစားသလို ဟန်ဆောင်ခဲ့သည်။ “ငါ့ကြောင့် ရန်ဖြစ်နေတာ ရပ်ပါတော့။ ကျန်းကျစ်ကျင်း၊ ငါက နင့်ကို အမြဲတမ်း ငါ့ရဲ့ အစ်ကို တစ်ယောက်လို ဆက်ဆံခဲ့တာပါ။ အချိန်တိုင်း ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါတို့က တစ်ယောက်အတွက် တစ်ယောက် တကယ် မသင့်တော်ပါဘူး။”
ကျန်းလိရဲ့ မျက်လုံးတွေက နီရဲနေခဲ့ပြီး ပိုင်လင်းရဲ့ ညှင်သာတဲ့ အသံကို နားထောင်နေရတာက သူ့ရဲ့ရင်ကို ဓားဖြင့် ထိုးစိုက်သလို ဖြစ်နေခဲ့သည်။ “ကျန်းကျစ်ကျင်း၊ မင်းက မင်းရဲ့ ကိုယ်ပိုင်အချစ်ကို ရှာတွေ့နိုင်ဖို့ ဆုတောင်းပေးပါတယ်။”
ပြင်းထန်တဲ့ ခံစားချက်တွေရဲ့အောက်မှာ ကျန်းလိက ကောင်းကင်ကို ကြည့်ပြီး အော်ဟစ်လိုက်သည်။
ဝမ့်ရင်းနှင့် အဖွဲ့သားများ - ……
ပညာတတ် လူငယ် ကျန်းပင်းက ဘေးနားမှာ ရပ်ပြီး ခေါင်းကိုငုံ့ကာ ကျန်းလီကို တိုးတိုးလေး မေးခဲ့သည်။
“အစ်မကျန်း၊ အစ်မရင်းနဲ့ စကားပြောကြည့်ပြီး သူတို့ သုံးယောက်ကို တစ်ခြား အဖွဲ့မှာ တာဝန်ချပေးလို့ ရမလား။”
အရမ်း ရှက်ဖို့ကောင်းလိုက်တာ။
တကယ်ကို ရှက်စရာ ကောင်းတာပဲ။
ကျန်းကျစ်ကျင်းနဲ့ ပိုင်ကျစ်ကျင်းကို မပြောနဲ့ဦး၊ ရုတ်တရက်ကြီး ယုကျစ်ကျင်းက ဘယ်လိုလုပ် ဒီလို လူမျိုး ဖြစ်လာရတာလဲ။
ကျန်းပင်းက သူမရဲ့ ထောင်ချောက်ထဲမှာ ပြန်ပြီး ပိတ်မိသွားခဲ့သည်။ “ ဒါမှမဟုတ်လည်း ငါ့ကို အဝေးပဲ ပို့လိုက်ကြပါ။”
သူမရဲ့ အသက် ၁၈ နှစ်လောက်ကတည်းက ဒီလိုမျိုး အရမ်းကြီး အရှက်မရခဲ့ဖူးပါ။
ကျန်းလီက ရှုယာ စိုက်ခင်းထဲကနေ သူတို့ သုံးယောက်ကို ခက်ခက်ခဲခဲ ကြည့်ကာ အသံ တိုးတိုးဖြင့် ပြောခဲ့သည်။ “စိတ်ကို ရှည်ရှည်လေး ထားပါ။ ငါ့အထင် သူတို့ မကြာခင် လူစု ကွဲသွားလိမ့်မယ်။ အဲ့ဒါကြောင့် ငါ့ကို ဂရုစိုက်မနေနဲ့ အစ်မကျန်း။”
ကျန်းလီကို ကြည့်ရတာ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ “နင်တို့အားလုံး ကျန်းလိကို အစ်ကိုကျန်းလို့ ခေါ်သင့်တယ်။ အဲ့ဒါကြောင့် ငါ့ကို အစ်မကျန်းလို့ မခေါ်ကြနဲ့။”
မင်းတို့ ဒါကို မသိဘူးဆိုရင် သူမက ကျန်းလီနဲ့ ပတ်သက်မှုတွေ ရှိမယ်လို့ ထင်ကြလိမ့်မည်။
ကျန်းပင်းက သူမရဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး မနေနိုင်ဘဲ ရယ်ချလိုက်သည်။
ဝမ့်ရင်းက အဲ့နေရာမှာရှိတဲ့ ပြပွဲလေးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ဝမ့်လင်းလင်းကရော ပြန်မွေးဖွားလာတာလားဆိုတာ မသေချာဘဲ ဒီလို မြင်ကွင်းမျိုးကို မြင်ရတာက အနည်းဆုံးတော့ ဒီလူ သုံးယောက်ကို ချမ့်ယောင် ဒရာမာရှိရာ နေရာသို့ ပို့ပေးမလားဆိုတာ သံသယ ဝင်လာမည် ဖြစ်သည်။
ဒါက စံနှုန်းမှီတဲ့ ပြကွက်တစ်ခုပဲ။
ပြီးတော့ ကျန်းလိနဲ့ သူ့ရဲ့အကျင့်က အခုလေးတင်၊ ဝိုး၊ သူက ကျေးလက်ဒေသကို ရောက်တုန်း ထုံးစံအတိုင်း လက်တွဲဖော်တစ်ယောက် ရှာဖို့ အခွင့်အရေးကို ဆုံးရှုံးသွားပြီ။
ဦးနှောက်ကတော့ အသစ်လိုပဲဆိုတော့ အဲ့ဒါကို စျေးကောင်းပေးပြီး ရောင်းလို့ရတာ သေချာတယ်။
ကျန်းလီက တုန်လှုပ်နေပြီး ထွက်သွားဖို့ လုပ်လိုက်ကာ သူ့ရဲ့ တံစဥ်က ပြုတ်ကျသွားခဲ့သည်။
သူက အသည်းကွဲနေခဲ့သည်။
ပိုင်လင်းက အခြားတစ်ယောက်ကို သဘောကျနေခဲ့ပြီး သူက အသည်းကွဲနေခဲ့သည်။
ကျန်းလိက စာရင်းစစ်ရဲ့ အိမ်ကို ဝိဉာဥ်တစ်ကောင်လို လျှောက်သွားခဲ့သည်။
သူက သူ့ကို လက်ညှိုးထိုးပြီး ဝေဖန်နေသည့် နောက်လိုက် ရွာသားများနှင့် ပညာတတ်လူငယ် အဖွဲ့ကို အနောက်တွင် ထားခဲ့ကာ ထွက်သွားခဲ့သည်။
“ဒီလူငယ်တွေက ဘာလုပ်နေတာလဲ။ သူတို့တွေက ဇာတ်တိုက်နေကြတာလား။”
“ဘာလဲ။ ဒါက ရန်ဖြစ်နေတာဟ။ တကယ် ဆိုးတဲ့ ရန်ပွဲဟ။”
“ဝိုး၊ ဒီကောင်မလေးက တကယ်ကို လုပ်နိုင်စွမ်း ရှိတာပဲ။ သူ့ကြောင့်နဲ့ လူငယ်နှစ်ယောက်ကို တကယ် ရန်ဖြစ်အောင် လုပ်ခဲ့တာပဲ။”
“ငါတို့တွေ ရန်မဖြစ်ခဲ့ရတာတော့ သနားစရာပဲ။”
…….
ယုကျစ်ကျင်းက သူတို့ရဲ့ စကားတွေကို နားထောင်ပြီး သူ့ရဲ့ အမူအရာတွေက တဖြည်းဖြည်း အကျည်းတန်လာခဲ့သည်။ ပိုင်လင်းက ရှက်ရှက်နှင့် သူမရဲ့ လက်ကိုင်ပုဝါကို ပေးလိုက်ပြီး မဝံ့မရဲ ပြောခဲ့သည်။ “ ကျေးဇူးတင်ပါတယ်။ အဲ့ဒါက ရှင့်ကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မ တကယ်ကို ငိုမိမှာ။”
ယုကျစ်ကျင်းက ရင်ကိုကော့ပြီး ပြောလိုက်သည်။ “ဒါက ငါ့ရဲ့ တာဝန်ပဲ။”
သူက ရပ်ပြီး ပြောလိုက်သည်။ “ပိုင်ကျစ်ကျင်း၊ အခုတော့ ငါ အဲ့ဒါကို ကျန်းကျစ်ကျင်းကို သေချာ မရှင်းပြခဲ့ရဘူး။ အဲ့ဒါကြောင့် သူက ငါတို့ရဲ့ ဆက်ဆံရေးကို နားလည်မှုလွဲသွားတာ ဖြစ်လိမ့်မယ်။ ဒီနေ့ အလုပ်ပြီးမှ ငါသူ့ကို ထပ်ပြီး ရှင်းပြလိုက်ပါ့မယ်။ မကြောက်နေနဲ့။ ငါတို့ ပညာတတ် လူငယ်တွေဆိုတာက မိသားစုကြီး တစ်ခုပဲလေ။ ပြီးတော့ ငါတို့တွေက အချင်းချင်း ကူညီကြရမှာပဲ။ ငါတို့တွေ ကျေးလက်ကို လာရကတည်းက ငါတို့တွေက လူ့အဖွဲ့အစည်းထဲ ပါဝင်ရတော့မှာ။ အဲ့ဒါကြောင့် ငါတို့တွေ အလုပ်ပေါ်မှာ ကိုယ်ပိုင် စိတ်ခံစားချက်တွေကို ထည့်ပြီး တွန့်ဆုတ်နေလို့ မရဘူး။ မကောင်းတဲ့ အခြေအနေကြောင့် ဖြစ်လာတဲ့ ကျန်းကျစ်ကျင်းရဲ့ အပြုအမူတွေကိုက မသင့်တော်ဘူး။ ပြီးတော့ ငါတို့ သူ့ဆီကနေ လေ့လာလို့ မရဘူး။ အစားအစာ လုံခြုံရေးက ထိုက်တောင်ထက် ပိုအရေးကြီးတယ်။ ငါတို့တွေ ရွာသားတွေရဲ့ နောက်ကို လိုက်ပြီး ပညာတွေကို နှစ်မြှုပ်ထားဖို့ လိုတယ်။”
ပိုင်လင်း - … ….
ပိုင်လင်းက အံကိုကြိတ်ပြီး သဘောတူကာ သူမရဲ့ လက်ကိုင်ပဝါကို ပြန်ယူပြီး တံစဥ်ကို စလွှဲလိုက်သည်။
ယုကျစ်ကျင်းက သူမကို ဂုဏ်ယူနေဆဲ ဖြစ်သည်။ “ပိုင်ကျစ်ကျင်း၊ အဲ့ဒါပဲလေ။ ငါတို့က တရုတ်ပြည်ရဲ့ သားကောင်း၊ သမီးကောင်းတွေပဲလေ။ ငါတို့ရဲ့ နိုင်ငံကို တည်ဆောက်ဖို့အတွက် ငါတို့က ကျေးလက်ဒေသကို လာကြတာ။ ရာထူး အနိမ့်၊ အမြင့်လည်း မရှိသလို မြို့ထဲနဲ့ မြို့အပြင်မှာလို့ ရုန်းကန်ဖို့ ဘာကွာခြားချက်မှ မရှိဘူး။ နင် အဲ့ဒါကို လုပ်နိုင်ပါတယ်…”
ကူညီလိုက်ပါ။
နောက်ဆုံးမှာတော့ ယုဖမ်းချန်က ဘာလို့ အမြဲတမ်း သူ့ကိုယ်သူ ထိန်းနေလဲဆိုတာကို ပိုင်လင်းက နားလည်သွားခဲ့သည်။
ဒီလူရဲ့ ခေါင်းထဲမှာ အမှန်တရားတွေနဲ့သာ ပြည့်နေခဲ့သည်။
ပိုင်လင်းက သူမရဲ့လက်ကို ခါယမ်းနေပြီး မရပ်ရဲခဲ့ပါ။
အခုဆိုရင် သူမက ကျန်းလိနှင့် လမ်းခွဲခဲ့သော်လည်း ယုဖမ်းချန်ကို အခုထိ ကပ်မရသေးပါ။ သူမက ယုဖမ်းချန်ကို အထင်မသေးစေချင်ပါ။
ပိုင်လင်းရဲ့ လက်မောင်းက နာနေခဲ့ပြီး သူမရဲ့ လက်ကောက်ဝတ်ကို အနိုင်နိုင် မြှောက်နေခဲ့ရသည်။ သူမရဲ့ ဆံပင်က ချွေးတွေကြောင့် နဖူးမှာ ကပ်နေသော်လည်း ပင်ပန်းတဲ့ ပုံစံမျိုးတောင် မပြခဲ့ပါ။ ထိုအစား၊ သူမက အားအင်အပြည့် လူတိုင်းနှင့် အလုပ် လုပ်နေခဲ့သည်။
မင်းသိလား။ သူမရဲ့ အရင်က စိတ်အတိုင်းသာဆို သူမက မပျင်းဘူးဆိုရင်တောင် သူမအတွက် အခြား ယောက်ျားတွေက အလုပ်လုပ်ပေးဖို့ လှည့်စားမည်သာ ဖြစ်သည်။
ပိုင်လင်းရဲ့ စိတ်ထဲမှာ ပေါက်ကွဲနေခဲ့သော်လည်း ဒီကိစ္စနှင့် ပတ်သက်ပြီး သူမလုပ်နိုင်တာ ဘာတစ်ခုမှ မရှိဘူးဆိုတာ သိနေခဲ့သည်။
ယုဖမ်းချန်နှင့် ကျန်းလိက မတူညီတဲ့ လူနှစ်ယောက် ဖြစ်သည်။ သူမက ကျန်းလိကို ဆက်ဆံခဲ့သည့်အတိုင်း ကူးချလို့လည်း မရပါ။
သူမ လုပ်နိုင်တာ အလုပ်ကြိုးစားဖို့ပဲ ရှိသည်။
ပညာတတ် လူငယ်တွေ ယူလာပေးသည့် အပိုင်း အနည်းငယ်က ရက်အနည်းငယ်ကြာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲနေခဲ့သည်။ ထို့အပြင် အချို့လူတွေက ဂျုံသိမ်းလို့ ပြီးတဲ့အချိန်ထိတိုင်အောင် ဒီအကြောင်းကို အားရပါးရ ပြောနေကြဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ဟိုပြေး၊ ဒီပြေးလုပ်ပြီး သရုပ်ဆောင်နေသည့် စိတ်ရှုပ်စရာ ကလေးတွေလည်း ရှိသေးသည်။
“ပိုင်လင်း၊ မင်း ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရမယ်။ မင်း ငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိလား။”
“ကျန်းကျစ်ကျင်း၊ တစ်ခြားသူတွေကို အသရေ မဖျက်နဲ့။”
…….
ကလေးတွေက စကားတွေကိုသာ ပြောနေခဲ့ကြပြီး ဝူကွေ့ဟွာ စီစဥ်ပေးသည့် သရုပ်ဆောင်မှုတွေကလည်း ကလေးတွေ သရုပ်ဆောင်ချင်စိတ်ကို တော်တော်လေး လှုံ့ဆော်ပေးခဲ့သည်။ သူတို့တွေက ပညာတတ် လူငယ်တွေ ကြားမှာရှိတဲ့ ချစ်ခြင်း၊ မုန်းခြင်းတို့ကို မသိဘဲ သူတို့ လေ့လာမိခဲ့သည့် စကားများကိုသာ ရွေးပြောနေခဲ့သည်။
လူကြီးတွေက ထိုစကားကို ကြားသည့်အခါ ပျော်နေခဲ့ကြသော်လည်း ပညာတတ် လူငယ်တွေ အားလုံးက မကျေနပ်တဲ့ ပုံစံမျိုးဖြင့် ကြည့်နေခဲ့ကြသည်။
တော်တော်ကို ရှက်ဖို့ ကောင်းတာပဲ။
ဘေးနားက ဒီလူတွေနဲ့ဆိုရင် ပညာတတ် လူငယ်တွေရဲ့ ဂုဏ်သတင်းက ခုနစ်ခုမြောက် တပ်မဟာထဲမှာ ဆိုးရွားလာခဲ့သည်။
ကောက်ရိတ်သိမ်းတာ တစ်ခုလုံးက လဝက်နီးပါး ကြာသည်။ ကံကောင်းစွာဖြင့် ထိုအချိန်အတွင်းမှာ မိုးဖွဲဖွဲလေး နှစ်ခါသာ ရွာပြီး မိုးမကြီးခဲ့ပါ။ တပ်မဟာက အကုန်လုံး ရိတ်သိမ်းပြီး ဖြစ်သည်။
လဝက်အတွင်းမှာ ဝမ့်ရင်းကလွဲလို့ လူတိုင်းက နေလောင်ခဲ့ကြရသည်။ သို့သော် ဒီနှစ်မှာတော့ တပ်မဟာက ညှာတာ ထောက်ထားပြီး ဝက်တွေကို စောစောစီးစီး ဝေပေးခဲ့သည်။ ထို့ကြောင့် မိသားစု တစ်စုချင်းစီမှာ ပြဿနာကို ဖြေရှင်းဖို့ ပိုက်ဆံအချို့ ရှိမည် ဖြစ်သည့်အတွက် ဘယ်သူကမှ အရမ်းကြီး မပင်ပန်းခဲ့ပါ။
ဒဏ်ရာရတဲ့သူတွေမှာ လူအများစုက သွေးတွေ ထွက်နေကြသည်။ အကြောင်းမှာ သူတို့ရဲ့ ခြေထောက်တွေကို ငုတ်ဆူးတာ ဒါမှမဟုတ် မြေပေါ်က အရာတစ်ခုခုဖြင့် မတော်တဆ ရှမိခြင်းတို့ကြောင့် ဖြစ်သည်။ အချို့ ကလေးတွေက ကစားရင်း ဒဏ်ရာတွေ ရကြပြီး အချို့က တောင်ပေါ်မှာ စားနေရင်း အစာအိမ် ပြဿနာတွေ ဖြစ်ခဲ့ကြသည်။
ကံကောင်းစွာဖြင့် သူတို့အားလုံးက ပြဿနာ အသေးအမွှားသာ ဖြစ်ခဲ့ကြပြီး ဘာမှ ကြီးကြီးမားမား မဖြစ်ခဲ့ကြပါ။
တပ်မဟာက အရက်ပြန်ကို ပေးခဲ့ပြီး ဝမ့်ရင်းက သူမဘာသာ သွေးတိတ်အောင်လုပ်ဖို့ အမှုန့်ကို ပြင်ဆင်လာခဲ့သည်။ ပစ္စည်းနှစ်ခုလုံးကို တပ်မဟာက ပေးခဲ့သည်။ လူတိုင်းက သူတို့အတွက် ဒီလို နေရာမျိုး ထားပေးသည့်အတွက် ပျော်နေခဲ့ကြသည်။
ဂျုံတွေ နောက်ဆုံးတစ်သုတ် ရိတ်သိမ်းပြီးတဲ့နောက် လူတိုင်းက စိတ်သက်သာရာ ရခဲ့ကြသည်။
တကယ်တမ်းမှာတော့ သူတို့ရဲ့ တပ်မဟာက ဂျုံစေ့ တစ်ဝက်ကို ရပြီးနောက် ဘေးနားရှိ တပ်မဟာတွေက အစေ့တွေကို တစ်ခုပြီးတစ်ခု စစုခဲ့ကြသည်။
အဲ့ဒါပဲ……
“ငါးခုမြောက် တပ်မဟာက ဂျုံတွေ နည်းရုံတင် မကဘူး၊ တော်တော်လေးလည်း မဖြစ်ထွန်းဘူး။”
“ကျွတ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ငါ့အမေရဲ့ မိသားစုဘက်က ဝမ်းကွဲတစ်ယောက်က ညဘက်ကြီး ငါတို့ရဲ့ တပ်မဟာထဲကို လာပြီး စားစရာ ချေးပေးဖို့ ငါ့ကို ပြောတယ်။”
“မဟုတ်ဘူး။ ငါတို့ရဲ့ တပ်မဟာကတောင် စားစရာတွေ မဝေရသေးဘဲနဲ့ ငါက ဘယ်လိုလုပ် ချေးပေးလို့ ရမှာလဲကွာ။”
“ဒါက အကြံကောင်းတစ်ခုလို့တော့ ငါ မထင်ဘူး။ ဂျုံတွေကို အမြန်ဆုံး ဝေပေးဖို့ ငါတို့က ယိုဖုကို ဘယ်လို နားချရမှာလဲ။”
“ငါ့အထင်တော့ အဲ့ဒါက အဆင်ပြေပါတယ်။ အရင်ဆုံး စားစရာတွေကို ဝေပေးလိုက်ရင် ငါတို့တွေလည်း အဆင်ပြေတယ် ခံစားရလိမ့်မယ်။”
“သွားမယ်၊ သွားမယ်။ ဂျုံတွေကို လက်လွှဲပေးပြီး အဲ့ဒါကို ဝေပေးဖို့ ထျန်းယိုဖုကို သွားပြောကြမယ်။”
……..
လူတစ်စုက သူရဲကောင်းဆန်ဆန် ရောက်လာခဲ့ကြသည်။ သို့သော် ထျန်းယိုဖုက အဲ့ဒါကို တွေးပြီးသားဆိုတာ သူတို့ မသိခဲ့ပါ။
သူက တပ်မဟာထဲက အဖွဲ့သားတစ်ယောက် မဟုတ်ပါ။ ဒီအချိန်အတွင်းမှာ အလုပ်ကို သွားတာအပြင် ရှုရွှမ်းရဲ့ စက်ဘီးကို စီးဖို့အတွက် တိတ်တဆိတ် ငှားလေ့လည်း ရှိသည်။ သူက နေရာ အဝေးကြီးတွေကို မသွားသော်လည်း အနီးအနားရှိ တပ်မဟာတွေကို သွားရတာက သူ့ကို စိတ်ပျက်စေခဲ့သည်။
အနီးအနားရှိ တပ်မဟာထဲတွင် စိုက်ခင်းတွေက အခြေနေ မကောင်းဘဲ အရင်နှစ်တွေတုန်းက တစ်ဝက်ကနေ သုံးပုံတစ်ပုံလောက်သာ အထွက်နှုန်း ရှိသည်။ အဆိုးဆုံး တစ်နှစ်မှာဆိုရင် မနှစ်ကရဲ့ သုံးပုံ တစ်ပုံကိုသာ ရိတ်သိမ်းလို့ ရခဲ့သည်။
ဒီ သုံးပုံ တစ်ပုံကို လျှော့မတွက်သင့်ပေ။ လယ်သမားတွေက သူတို့ရဲ့ စားဝတ်နေရေးအတွက် ရာသီဥတုအပေါ်မှာ မှီခိုနေရသည်။ ပြီးတော့ လူတိုင်းက သူတို့ရဲ့ မြေကနေ ဝင်ငွေရတာပင်။
တစ်ပုံက ပျောက်နေတာ။ ငါတို့ ဒီနှစ်ရဲ့ ဂျုံစေ့တွေကို ပေးသင့်ရဲ့လား။ ဒါမှမဟုတ်ရင် ငါတို့ နောက်နှစ်မှ ပေးသင့်လား။ အနည်းဆုံး ပမာဏကိုတော့ နောက်မှ ငါတို့တွေ ပေးလိုက်ရမလား။ ငါတို့ ရပါဦးမလား။
ထျန်းယိုဖုက အပင်တွေ ပြန်စိုက်ဖို့အတွက် ရေရာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ရတာကို ဝမ်းသာနေခဲ့သည်။ တပ်မဟာရဲ့ ကျန်နေသည့် ဂျုံများက ပိုနေခဲ့ပြီး ဖြစ်ကာ တပ်မဟာက ယူထားပြီး ဖြစ်သည်။ ဒီနှစ် ဂျုံရဲ့ အထွက်နှုန်းက မနှစ်ကထက် နည်းသော်လည်း ပုံမှန် အနေအထား တစ်ခုမှာတော့ ရှိနေဆဲ ဖြစ်သည်။
တကယ်ကို ကျေနပ်ဖို့ကောင်းသည့် အံ့အားသင့်မှု တစ်ခု ဖြစ်သည်။
ထျန်းယိုဖုက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ “ခွဲပေးလိုက်။ ဒီနေ့ပဲ ဘာတွေ ဝေပေးရမလဲဆိုတာ တင်ပေးလိုက်။ ငါတို့ အဲ့ဒါတွေကို ဒီနေ့ည ခွဲပေးမယ်။”
သူက ဓာတ်မီးငှားဖို့ ဝမ့်ရင်းတို့ မိသားစုကို ပြောခဲ့သည်။ “ခွဲတာတွေကို လက်စသတ်ရအောင်။ နောက်မှ စာရင်းတွေကို လုပ်ကြမယ်။”
သိုလှောင်ရုံထဲမှာ စားစရာတွေ အများကြီး သိမ်းမိမှာကို သူကို စိုးရိမ်နေခဲ့သည်။
ထိုနေ့မှာတော့ ခုနစ်ခုမြောက် တပ်မဟာက ပျော်ပျော်ပါးပါး စားနပ်ရိက္ခာတွေပို ပို့ဆောင် ဝေပေးခဲ့သည်။ ထျန်းယိုဖုကတောင် နောက်ပိုင်း တပ်မဟာကို သတင်းပို့ဖို့ စောင့်ရမည် ဖြစ်သည်။
ညဘက် အမှောင်ထဲမှာ ဂျုံတွေကို အဆင်ပြေပြေ ဝေပေးခဲ့သည်။
ဘယ်လိုပဲ ဖြစ်နေပါစေ အဲ့နေ့က ကောင်းကင်မှာ လသာနေခဲ့သည်။ လူတိုင်းကလည်း စားစရာတွေ ဝေပေးသည့်အတွက် ပျော်နေခဲ့ပြီး နောက်ကျတာကို ဘယ်သူကမှ စောဒက မတက်ခဲ့ပါ။
စားစရာဝေတာက မိုးချုပ်သွားခဲ့ပြီး ပြောင်းဆန်နှင့် လဲလို့ရမယ့် ဂျုံစေ့တွေ အားလုံးက အဆင်ပြေသည်။ ဝေရမယ့်ဟာ အားလုံးကို ဝေပြီးနောက် ဂိုဒေါင်ထဲမှာ အနည်းငယ်သာ ကျန်တော့ပြီး ကျန်တာကိုလည်း ဝေပေးခဲ့သည်။
ဝမ့်ရင်းရဲ့ မိသားစုထဲမှာ အလုပ်လုပ်တဲ့သူ အနည်းငယ်သာ ရှိသည့်အတွက် သူတို့က အများကြီး မရပါ။ ဝမ့်ရင်းနှင့် ရှုရွှမ်းက ထိုအကြောင်းကို ဆွေးနွေးပြီး နောက်ဆုံးမှာတော့ အပို ပိုက်ဆံကို ဝမ့်ရင်းရဲ့ နာမည်ဖြင့် ပေးခဲ့သည်။
စားစရာက လက်ထဲမှာရှိတဲ့ ပိုက်ဆံထက် ပိုကောင်းသည်။
ဝေပေးထားသော စားစရာအားလုံးကို ဝမ့်ရင်းက သိုလှောင်ထားခဲ့သည်။ ထျန်းယိုဖုက တစ်ခုခု မှားနေတာကို ခံစားမိသည့်အတွက် ဒီနှစ်မှာ တစ်ခါတည်း စားစရာတွေကို နှစ်ခါပြန် ဝေပေးသင့်တယ်ဟုဆိုကာ ဝေပေးခဲ့သည်။
ရုတ်တရက်ဆိုသလို သူတို့ရဲ့ အိမ်မှာ စားစရာတွေ အများကြီး ရှိနေခဲ့သည်။
ဝမ့်ရင်းက မြေအောက်ခန်းကို ဆင်းသွားသည့်အခါ အသီးအရွက်ခြောက် ပေါင်းစုံ၊ အသားခြောက်၊ ကုန်ခြောက်နှင့် အစေ့အဆန်များနှင့် ပြည့်နေတာကို တွေ့ခဲ့ရသည်။
သူမက ကျေနပ်စွာဖြင့် အပေါ်ကို ပြန်တက်လာခဲ့သည်။ ကမ္ဘာကြီး အဆုံးသတ်မှာ သူမက ကုန်ခြောက်များကို စုဆောင်းတဲ့ အကျင့်လေး ရလာခဲ့ပြီး အခုဆိုရင် သူမက စားစရာ အများကြီးကို တွေ့ရလို့ ပျော်နေခဲ့သည်။
ဝမ့်ရင်းက ပျော်နေခဲ့သော်လည်း တစ်ဖက်က ဝမ့်လင်းလင်းသည် ဒေါသထွက်နေခဲ့သည်။
ဂျုံရိတ်သိမ်းတာ နီးလာသည့်အတွက် ကျေးလက်ရော၊ မြို့က လူတွေက ဒီနှစ် အထွက်နှုန်းက တစ်ခုခု မှားနေတာကို သတိထားမိကြပြီး ဖြစ်သည်။
ဝမ့်လင်းလင်း စုထားတဲ့ ပမာဏက သိပ်ပြီး မများပါ။ ထို့အပြင် ဒီလို စျေးကစားသူကြီးတွေနှင့် ယှဥ်လိုက်ရင် သူမက ဂျုံစေ့ ကီလိုဂရမ် ထောင်ဂဏန်းလောက်သာ စုထားတာ ဖြစ်သည်။
သို့သော် ဝမ့်လင်းလင်းက လီအိမ်ကိုရောက်ပြီး ဘေးအခန်းကို ဖွင့်လိုက်သည့်အခါ သူမက မှင်သက်သွားခဲ့သည်။
အစတုန်းက အဲ့အခန်းထဲမှာ အထုတ်တွေအပြည့် ဖြစ်နေခဲ့ပြီး အခုချိန်မှာတော့ အနည်းငယ်သာ ကျန်တော့သည်။
အစတုန်းက အဲ့အထုပ်လေးနေရာမှာ သူမ စုထားသည့် ဂျုံဖြူတွေကို နေရာချထားခဲ့သည်။
ဝမ့်လင်းလင်းက မြို့လေးမှာ နေသည့်အတွက် သူမက ရိတ်သိမ်းထားသော ပြောင်းဆန်နှင့် ဂျုံစေ့တွေကို သေသေချာချာ ရွေးထားခဲ့သည်။ သူမက ပြောင်းဆန်ကို ထပ်ဖြည့်ခဲ့သေးသည်။ အကြောင်းမှာ မြို့တွင် စားစရာ ပြတ်လပ်သည့်အခါ လူတိုင်းရဲ့ ပထမဆုံး တုံ့ပြန်ချက်မှာ အရေးပေါ် သုံးဖို့အတွက် ပြောင်းဆန်တွေ ဝယ်ရန် ဖြစ်သည်။
ကောင်းတဲ့ ဂျုံစေ့တွေက မှောင်ခိုစျေးကွက်ထဲမှာ ရောင်းအား အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် ထိုအရာတွေကို မှောင်ခိုစျေးထဲမှာ ဝယ်ရဲတဲ့သူတွေက ပိုက်ဆံပြတ်လို့ မဟုတ်ဘဲ သူတို့မှာ ဆီ၊ ရေနှင့် စားစရာ ပြတ်လို့သာ ဖြစ်သည်။ ဂျုံစေ့တွေက ပြောင်းဆန်ထက် ပိုပြီး အာဟာရ ရှိသည်။
သို့သော် ဂျုံစျေးတွေ တက်လာသည့်အခါ ကောင်းတဲ့ ဂျုံစေ့တွေရဲ့ အကျိုးအမြတ်က ပျောက်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဝမ့်ရင်းက ပြောင်းဆန်ကို အဓိက သိုလှောင်ထားခြင်း ဖြစ်သည်။
သူမက ဂျုံဖြူကို ကီလိုဂရမ် နှစ်ရာလောက်ကို သိုထားခဲ့သည်။
ဒါပေမယ့် အခုရော ဘယ်လိုလဲ။
မူလ ဂျုံဖြူက တစ်ဝက်ကျော်လောက် ပျောက်နေသည်။
ဝမ့်လင်းလင်းက ဒေါသထွက်သွားခဲ့သည်။ သူမက ဝမ့်ပင်းပင်းကို စိုက်ကြည့်လိုက်သည်။ သူမက မကြာခင်ကမှ အလေးချိန်ကို ချိန်ထားခဲ့တာ သိသာသည်။ ထို့နောက် လီမိသားစုကိုလည်း ဒေါသတကြီး ကြည့်နေခဲ့သည်။
“ငါ့ကို ဖြေရှင်းချက် တစ်ခုပေး။ ဒါက ရောင်းဖို့ လိုအပ်တဲ့ စားစရာတွေပဲ။ နင်တို့တွေက အဲ့ဒါရဲ့ ကီလိုဂရမ် တစ်ရာကျော်ကို စားသွားကြတာပဲ။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၅၄
လီမိသားစုက စိတ်မသက်သာစွာဖြင့် သူတို့ရဲ့ နှာခေါင်းကို ပွတ်နေခဲ့ကြပြီး ဝမ့်ပင်းပင်းကတော့ လီမိသားစုဝင်တွေရဲ့ အနောက်မှာ ပုန်းနေပြီး ထွက်မလာရဲပါ။
သူမကလည်း ဒီလိုမျိုး မဖြစ်လာချင်ခဲ့ပါ။
သို့သော် သူမက ကလေးမရနိုင်ဘဲ အတော်လေး အားနည်းသည့်အတွက် ထုံးစံအတိုင်း အိမ်မှာ ဘာမှ ပြောပိုင်ခွင့် မရှိပါ။ ထို့အပြင် ဂျုံဖြူကလည်း တကယ် အရသာရှိပြီး သူမကသာ ပေါက်စီကို စားနေချိန်မှာ မိသားစု တစ်စုလုံးကို ဂျုံကောင်း မစားစေချင်ခဲ့ပါ။
ရလဒ်အနေဖြင့် ဂျုံမှုန့်အဖြူရဲ့ ပမာဏကတော့ များနေဆဲ ဖြစ်သည်။ လီရင်းက သူမရဲ့ ကောင်လေးကို အနည်းငယ် ပေးခဲ့သေးသည်။
လီမိသားစုက လူများပြီး စုစုပေါင်း ၁၂ယောက်ကျော် ရှိသည်။ သူတို့က နေ့တိုင်း ခေါက်ဆွဲလုပ်ဖို့ ဂျုံမှုန့် ခုနစ် သို့မဟုတ် ရှစ်ကီလိုရမ်လောက် စားနိုင်ကြသည်။ ဝမ့်လင်းလင်းက ဂျုံယူဖို့ သွားပြီးကတည်းက မိသားစုက ပြောင်းဆန်ကို ထပ်ပြီး စားခဲ့ကြရသည်။ နေ့တိုင်း သူတို့က မနက်နှင့် ညနေဆို ခေါက်ဆွဲ စားကြပြီး ညနေပိုင်းမှာ ခေါက်ဆွဲပြားကို စားကြသည်။ လီရင်းက သူမရဲ့ ကောင်လေးကို လုပ်ခိုင်းခဲ့သည့် အသားဟင်းနှင့် အရွက်ဟင်းကိုပါ စားရသည့်အတွက် လူတိုင်းရဲ့ ပါးစပ်တွေက ဆီကွက်နေခဲ့သည်။
ယေဘူယျအားဖြင့် ပြောရရင် နွေရာသီက စားမဝင်တဲ့ အချိန်မျိုး ဖြစ်ပြီး နွေရာသီ ရောက်တဲ့အခါ လူတွေက ဝိတ်ချချင်ကြပြီး အရွက်တွေကိုသာ ပိုစားကြသည်။
သို့သော် ဒီနွေရာသီမှာတော့ လီမိသားစုဝင်တိုင်းက အလေးချိန် တက်လာပြီး အဆီလည်း တက်လာကြသည်။
ဝမ့်ပင်းပင်းကတောင် ဝလာခဲ့ပြီး အရင်လို ပိန်ပိန်လေး မဟုတ်တော့ပါ။
ဝမ့်ပင်းပင်းက သူ့ညီမရဲ့ ဒေါသကို သိနေသည့်အတွက် သူမရဲ့ လည်ပင်းကို တွန့်ပြီး အနောက်မှာ ပုန်းနေကာ ဝမ့်လင်းလင်းရဲ့ စကားများကို နားထောင်နေခဲ့သည်။
ဝမ့်လင်းလင်းက စိတ်ရှုပ်သွားခဲ့သည်။ သူမက မိသားစုနှင့် ခွဲနေတာဟု ပြောခဲ့သောလည်း တကယ်တမ်းမှာ သူမယောက်ျားရဲ့ မိသားစုက သူမရဲ့ ဘေးမှာ ရှိနေဆဲ ဖြစ်သည်။ ဘေးမှာ ဘာနံရံမှလည်း မရှိဘဲ အလယ်မှာ ခြံစည်းရိုး တစ်ခုသာ ရှိသည်။ သူမရဲ့ အိမ်မှာ ကလေးနှစ်ယောက် ရှိသည်။ တကယ်လို့ သူမက ဘာစားစရာမှာ ပြန်မယူသွားရင် သူမရဲ့ ယောက္ခမနှင့် ယောင်းမတွေကို မဆိုထားနှင့် ကလေး နှစ်ယောက်ကတောင် သူမကို စကား တစ်ခွန်းမှ ပြောမည် မဟုတ်ဘဲ ဝမ့်လင်းလင်းက ပြဿနာတက်မည် ဖြစ်သည်။
ဒါကြောင့် သူမက ဆောင်းရိတ်သိမ်းချိန် မတိုင်ခင် တစ်လအလိုအထိ ဂျုံများကို လီအိမ်မှာ သိမ်းထားဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှာပဲ မြို့မှာရှိတဲ့ စားစရာတွေက ပြတ်လပ်တော့မှာ သေချာသည်။ အဲ့လိုမှ မဟုတ်ရင်တောင် အထွက်နှုန်းကျတဲ့ သတင်းက ပြန့်သွားလိမ့်မည် ဖြစ်သည်။
လူတိုင်းက အလောတကြီးနှင့် သူတို့ရဲ့ အစားကူပွန်တွေကို ဂျုံဆိုင်မှာ စားစရာတွေနှင့် သွားလဲမှာ သေချာသည်။ စားစရာ ကူပွန်တွေကို လကုန်ခါနီးမှ သွားလဲမည့်သူတွေက စားစရာတွေကို ထပ်ပြီး ဝယ်ထားကြမှာ သေချာသည်။ ဂျုံဆိုင်က စားစရာ စျေးတွေကလည်း တက်လာမှာ မဟုတ်တာ သေချာသည်။ ထို့အပြင် လူတန်းအရှည်ကြီး ရှိလာပြီး သူတို့တွေ အားလုံးက စားစရာအတွက် လဲလှယ်ဖို့ ကြိုးစားနေကြမည် ဖြစ်သည်။
ဘဏ်ကို ပြန်သွားကြသည့်အခါ စားစရာတွေက ပိုပြီးတော့တောင် ရှားပါးလာမည် ဖြစ်သည်။ စားစရာ ရှားလာသည့်အခါ လူတွေက စိုးရိမ်လာကြလိမ့်မည်။ လူတွေက ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရဖို့ မှောင်ခိုစျေးသို့ သွားကြမှာ သေချာသည်။
ဝမ့်လင်းလင်းက အဲ့အချိန်ကို ပစ်မှတ်ထားနေခဲ့သည်။
သူမက စားစရာတွေ အားလုံးကို စျေးတင်ရောင်းဖို့ အဆင်သင့် ပြင်ထားခဲ့သည်။
စားစရာတွေကို သိုလှောင်ထားရသည့်အတွက် ဝမ့်လင်းလင်းက စျေးနည်းနည်းဖြင့် ရောင်းမိပါက ပိုက်ဆံတွေ ဆုံးရှုံးရသလို ခံစားရလိမ့်မည် ဖြစ်သည်။
ဝမ့်လင်းလင်းက ဂျုံတွေကို စျေးတင်ပြီး ရောင်းဖို့ကို စီစဥ်နေခဲ့သည်။ ဘဝက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကိစ္စမရှိဘဲ အဲ့ဒါကို လွယ်ကူအောင် လုပ်ဖို့အတွက် မိသားစုက ရှိနေဦးမည် ဖြစ်သည်။ ထို့အပြင် ဂျုံစေ့ အကောင်းများကို စားရသည့် ထူးခြားသော အခြေနေဖြင့် မိသားစု အချို့လည်း ရှိနေသေးသည်။ ဝမ့်လင်းလင်းက ဂျုံများကို ဆေးရုံမှာ ရောင်းဖို့အတွက် စီစဥ်ထားခဲ့ပြီး အဲ့ဒါက စျေးကောင်းရမှာ သေချာသည်။
ဒါပေမယ့် အခုတော့….
တစ်လကျော်လောက်မှာတင် သူတို့တွေ သိမ်းထားတဲ့ ဂျုံကောင်းတွေ ၂၀၀ ကီလိုဂရမ်ရဲ့ တစ်ဝက်ကျော်က ကုန်သွားပြီ။
ဝမ့်လင်းလင်းက ဒေါသထွက်နေခဲ့ပြီး တစ်မိသားစုလုံးကို ဖျက်စီးပစ်ချင်နေသလိုမျိုး ကြည့်နေခဲ့သည်။
လီမိသားစုရဲ့ ယောက်ျားရော၊ မိန်းမရောကပါ ဒီဟာက ရှက်ဖို့ကောင်းတာကို သိနေခဲ့သည်။ ဒီဂျုံတွေက ရောင်းဖို့ဆိုတာ ဘယ်လိုလုပ် သူတို့က မသိဘဲ နေမှာလဲ။
ဒါပေမယ့် ဒါက အဲ့လိုတော့ မဟုတ်ဘူးလေ….
သူမ ဒါကို လက်မခံနိုင်ဘူး။
လီမိသားစုရဲ့ သားတွေက အဲ့အချိန်တုန်းက သူတို့ စားခဲ့ကြသည့် စားစရာများကို ပြန်ပြောခဲ့ကြသည်။ သူတို့ရဲ့ ဘဝမှာ ဂျုံများကို ဗိုက်တင်းအောင် စားရတဲ့ ခံစားချက်က ပထမဆုံးအကြိမ် ဖြစ်နေခဲ့သည်။
ထို့အပြင် အဲ့မှာ လူတွေအများကြီး ရှိသည်။ အခုဆိုရင် သူတို့က အတူတူ ရပ်နေကြချိန်မှာ အထင်ကြီးနေကြသည်။ သို့သော် သူတို့ ငယ်ငယ်တုန်းက ဘဝတွေသည် တကယ်ကို ခက်ခဲသည်။ သူတို့ရဲ့ မိသားစုမှာ ဘယ်တုန်းကမှ စားစရာ လုံလုံလောက်လောက် မရှိဘဲ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ ဆာလောင်ရတဲ့ ဒဏ်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရသည်။
'အိမ်မှာ ပြောင်းဆန်နှင့် ဂျုံအပြည့်ရှိတဲ့ ဂိုဒေါင်တစ်ခု ရှိနေခဲ့တာလေ။ သူတို့က ဒါတွေ အားလုံးကို မပိုင်ရင်တောင် အချိန်တိုင်း သူတို့က ဘေးအခန်းကနေ ခေါက်ဆွဲတွေကို ခပ်ပြီး ဂျုံတွေကို အိုးတွေထဲ ဖြည့်တာ ကြည့်နေရမှာပေါ့။ အဲ့ဒါကြောင့် သူ့စိတ်ထဲမှာ ပျော်သလို ခံစားလိုက်ရတာ။'
ထို့ကြောင့် လီမိသားစုမှာရှိတဲ့ လူတိုင်းက ထိုအကြောင်းကို ရှောင်ပြီး သူတို့ရဲ့ စားစရာတွေထဲမှာ ထမင်းကို ထပ်ထည့်ခဲ့ကြသည်။ ပိုဆိုးတာကတော့ သူတို့က နေ့လည်ပိုင်းမှာ ဂျုံကို တစ်ဆယ်ကီလိုနီးပါး စားနိုင်ကြပြီး အဲ့ဒါက မိသားစု တစ်စုလုံးကို ဗိုက်ဝစေသည်။
ဒီလို သာယာတဲ့ ရက်တွေက သိပ်မကြာတော့ဘူးဆိုတာ လူတိုင်းက သိနေသည့်အတွက် သူတို့က သူတို့ရဲ့ ဝမ်းစာ ပြည့်ဖို့ကိုသာ ခက်ခက်ခဲခဲ ကြိုးစားနေကြသည်။
ထိုအချိန်မှာပဲ၊ ဝမ့်လင်းလင်းက သူတို့ရဲ့ မျက်နှာတွေကို ကြည့်လိုက်သည်။ လီမိသားစုရဲ့ ယောက်ျားက အနည်းငယ် ချောင်းဟန့်ပြီး ရှက်နေခဲ့သည်။ မိန်းမတွေကလည်း အရှေ့ကို မတိုးဘဲ ထိုအစား ဝမ့်လင်းလင်းကိုသာ တွန်းထုတ်လိုက်ကြသည်။
ထို့အပြင် လီမိသားစုနှင့် ဝမ့်မိသားစုတို့ အကြားက တစ်ခုတည်းသော ဆက်သွယ်မှုမှာ ဝမ့်ပင်းပင်းသာ ဖြစ်သည်။
'သူမ မသွားဘူးဆိုရင် ဘယ်သူက သွားမှာလဲ။'
ဝမ့်ပင်းပင်းကို သူမရဲ့ ယောင်းမတွေက အရှေ့ကို တွန်းပို့လိုက်ကြသည်။ သူမက အနောက်ကို ပြန်ဆုတ်နေခဲ့သော်လည်း လူတွေ အများကြီးက သူမကို တွန်းနေသည့်အတွက် မခံနိုင်ခဲ့ပါ။
ဝမ့်လင်းလင်းက ဒေါသထွက်နေခဲ့သည်။ သူမက လီမိသားစုဆီ သွားပြီး သူတို့နှင့် ရန်ဖြစ်ဖို့ လုပ်လိုက်သည့်အတွက် သူမက ဝမ့်ပင်းပင်းဆီ ပြေးသွားပြီး ပါးကို သုံးကြိမ် ရိုက်လိုက်သည်။ ဝမ့်ပင်းပင်းရဲ့ နားတွေက အူသွားခဲ့သည်။
“နင်က ငါ့အစ်မမလား။ ဘယ်လိုလုပ် ငါ့စားစရာတွေကို စားရဲရတာလဲ။ နင့်မှာ အရှက်မရှိဘူးလား။”
ဝမ့်လင်းလင်းက အကျယ်ကြီး အော်မေးလိုက်ပြီး သူမကို ရိုက်ဖို့အတွက် လက်ကို မြှောက်လိုက်သည်။
ဝမ့်ပင်းပင်းက ပါးအရိုက်ခံထားရသည့်အတွက် မှင်သက်နေခဲ့ပြီး သူမ ပြန်တုံ့ပြန်သည့်အခါ သူမရဲ့ လက်တွေကို တားဖို့ ကြိုးစားခဲ့သည်။ သူမကလည်း မကျေနပ်ချက်အပြည့် ဖြစ်နေခဲ့သည်။ မိသားစုထဲမှာ လူဆယ့်နှစ်ယောက်ကျော် ရှိပြီး သူမက မိသားစုရဲ့ အကြီးအကဲမလို့လား။
သူမက မိသားစုထဲမှာ နေရာလေး တစ်နေရာသာ ရပြီး အလုပ်သမားတစ်ယောက် သာသာမျှသာ ရှိသည်။
'ဘာလို့ ဝမ့်လင်းလင်းက သူမကို လာပြီး ရိုက်ရတာလဲ။ ဝမ့်လင်းလင်းက ဘာလို့ မိထွေးတစ်ယောက် အတင်း ဖြစ်ချင်နေတာလဲဆိုတာကို သူမက မေးတောင် မမေးခဲ့ဘဲ သူမ ယောင်းမတွေရဲ့ ဆူပူတာကို ခံခဲ့ရတယ်။ ဘာလို့ သူမရဲ့ ညီမက သူမယောက်ျားရဲ့အိမ်မှာ ခံစားနေရတဲ့ နာကျဥ်းမှုတွေကို နားမလည်နိုင်ရတာလဲ။'
'ညီအစ်မ နှစ်ယောက်လုံးက မခံချင်စိတ်၊ နာကျဥ်းစိတ် အပြည့် ဖြစ်နေခဲ့သည်။ ငါ့ကို တစ်ချက်ရိုက်ရင် ငါက နှစ်ချက်ရိုက်မယ်' ထို့နောက် ချက်ချင်း ရန်ထဖြစ်ခဲ့ကြသည်။
ဝမ့်ပင်းပင်းက အခွင့်အရေးကို ရှာပြီး ဝမ့်လင်းလင်းကို နှစ်ခါပြန် ပါးရိုက်ခဲ့သည်။ သူတို့နှစ်ယောက်လုံးက နှာခေါင်းသွေး လျှံနေကြပြီ ဖြစ်သည်။
ဝမ့်လင်းလင်း - “နင်က အစ်မအကြီး မဟုတ်ဘူးလား။ နင်က မကောင်းဆိုးတဲ့ တစ်ကောင်သာသာပဲ။ ဒီစားစရာတွေကို ရဖို့ ငါ့အတွက် ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ နင်သိလား။ နင်က ဘယ်လိုလုပ် အဲ့ဒါကို စားရဲရတာလဲ။ မကောင်းတဲ့ဟာမ။”
ဝမ့်ပင်းပင်း - “နင်က ငါ့ကို အပြစ်တင်နေတာလား။ ဒီစားစရာတွေကို နင်တစ်ယောက်တည်း ပိုင်တာလား။ ငါတို့ မိသားစုက ဘာလို့ အဲ့ဒါကို စားလို့မရမှာလဲ။”
ဝမ့်ပင်းပင်းက ပိုပိုပြီး ယုံကြည်ချက်ရှိရှိ ပြောလာခဲ့သည်။ “နင်က ပိုက်ဆံလေး နည်းနည်းပဲ ပေးပြီး ဘာလို့ ငါတို့ရဲ့ စားစရာတွေကို စားခွင့် မပေးနိုင်ရတာလဲ။”
ဝမ့်လင်းလင်းက သူမရဲ့ ဆံပင်ကို ဆွဲပြီး နှစ်ခါ ထိုးလိုက်သည်။ “နင့်မှာ အရှက်လေးဘာလေး မရှိဘူးလား။”
ဝမ့်ပင်းပင်းနဲ့ သူ့ယောင်းမတွေက မျက်စပစ်လိုက်ပြီး အရင်ဆုံး သူတို့ရဲ့ ယောက်ျားတွေကို ထွက်သွားဖို့ ပြောခဲ့သည်။ ဝမ့်လင်းလင်း ပြဿနာ ရှာမှာကို ဘယ်သူကမှ မစိုးရိမ်ကြပါ။
'ဘယ်လို ဟာသမျိုးလဲ။ ဝမ့်လင်းလင်းက သူတို့ကို တရားစွဲတာ ဒါမှမဟုတ် သတင်းပို့တာမျိုး လုပ်နိုင်လား။ ပိုက်ဆံတွေ ခွဲဖို့ ဖြစ်လာရင်တောင် ဝမ့်လင်းလင်းက ပိုမသာဘူး။'
'ဒါက တရားဝင် လုပ်လို့မရတဲ့ စီးပွားရေး တစ်ခုပဲ။'
လီမိသားစုရဲ့ ယောက်ျားတွေ ထွက်သွားပြီးနောက် သူတို့ရဲ့ အနောက်မှာ ရန်ဖြစ်နေသည့် ဝင့်လင်းလင့်းနှင့် ဝမ့်ပင်းပင်းကို ထားခဲ့လိုက်ကြသည်။ ဝမ့်ပင်းပင်းရဲ့ ယောက်ျားဖြစ်သူ လီကျင်းကတောင် ဝမ့်ပင်းပင်းကို ကူညီပေးဖို့ စိတ်ကူးမရှိဘဲ ထွက်သွားခဲ့သည်။
ဝမ့်လင်းလင်းက ထွက်သွားတဲ့ လူတွေကို သူမရဲ့ မျက်လုံး ထောင့်ကနေ တစ်ချက် ကြည့်လိုက်သည်။ သူမက လျစ်လျူရှုခံရပြီး လှည့်စားခံရသလို ခံစားရပြီး သူမရဲ့ ဒေါသတွေကို မထိန်းနိုင်တော့ပါ။
“ကောင်မ၊ ငါ နင်နဲ့ စာရင်းရှင်းရမယ်။ နင်က စားဖို့တောင် လုံလုံလောက်လောက် မရတဲ့ ကျိုင်းကောင်တွေလိုပဲ။ ငါတော့ နင်နဲ့ ဘယ်လိုမှ ထပ်ပြီး လက်မတွဲနိုင်တော့ဘူး။ ငါတို့ သဘောတူထားတဲ့ ငါ့ဝေစုကိုပေး။ ငါ အဲ့ဒါကို ယူပြီး ထွက်သွားတော့မယ်။”
ဝမ့်လင်းလင်းသည် ဘယ်တုန်းကမှ တစ်ခြားသူ အနိုင်ကျင့်တာကို မခံခဲ့ဖူးပါ။
သူမ ပြန်မွေးဖွားလာပြီးနောက် သူမရဲ့ ကလေး နှစ်ယောက်ရဲ့ ဒဏ်ကိုသာ ခံစားခဲ့ရသည်။ သို့သော် ဒါကလည်း အနာဂတ်မှာ ဒီကလေးနှစ်ယောက်က ကောင်းကောင်း ကြီးပြင်းလာပြီး သူမကို အရင်ဆုံး သေချာ ပြန်ဆက်ဆံပြီး ချိုမြိန်မှုတွေကို ခံစားဖို့ရန် ဖြစ်သည်။
သို့သော် ဒါက အခုပုံစံမျိုးတော့ မဟုတ်တာ သေချာသည်။ လူတွေက အနိုင်ကျင့်ခံရသည့်အခါ ပြန်မလုပ်ကြပါ။
ဝမ့်လင်းလင်းက ကိစ္စတစ်ခုကို လုပ်လိုက်ပြီး လီမိသားစုက သူမရဲ့ ဝေစုကို အခုချက်ချင်း ပေးဖို့ အတင်း ပြောခဲ့သည်။ သူမက အဲ့ဒါကို လီမိသားစုမှာ ထပ်ပြီး ထခဲ့တော့မည် မဟုတ်ပါ။ သူမက ဂျုံတွေကို သူမရဲ့ အိမ်သို့ ပြန်ယူသွားချင်သည်။
နောက်ဆုံးမှာတော့ အခြေနေတွေ ဆိုးလာချိန်မှာ သူမရဲ့ အစ်မအရင်းကတောင် သူမကို မကူညီနိုင်ကြောင်း နားလည်သွားခဲ့သည်။ တကယ်တမ်းမှာတော့ သူမရဲ့ စားစရာတွေကို ခိုးပြီး လီမိသားစုက စားလို့ရအောင် လီပင်းပင်းက ကူညီပေးခဲ့သည်။ ' သူမက ဘယ်လို အစ်မမျိုးလဲ။'
'အခု သူမ အဲ့အကြောင်းကို တွေးလိုက်ရင် ဝမ့်ပင်းပင်းက ဝမ့်ယုံရွှင်းနဲ့ လီချွမ်းကျင်တို့ ပြဿနာဖြစ်တာတောင် ပေါ်မလာခဲ့ဘူး။ သူမရဲ့ မိဘအရင်းတွေ ဒီလိုမျိုး ဖြစ်နေတာတောင် သူမရဲ့ ညီမလေးကို ဒီအတိုင်းပဲ တစ်ယောက်တည်း လွှတ်ထားတယ်။'
'တိုက်ဆိုင်စွာဖြင့် ဝမ့်ပင်းပင်းကလည်း အလားတူ အရာကို တွေးမိခဲ့ပြီး သူမက ဝမ့်လင်းလင်းနှင့် ရန်ဖြစ်ခဲ့ရသည်။ သူမက ဒေါသထွက်လာခဲ့ပြီး သူမရဲ့ အစ်မက အရမ်းကို အေးစက်ပြီး ပြောင်းလဲသွားတယ်ဟု တွေးနေခဲ့ကာ သူမ ယောက်ျားရဲ့ မိသားစုထဲရှိ သူမရဲ့ ပြဿနာတွေကို လုံးဝ နားမလည်ခဲ့ပါ။'
'သူမက ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ။ သူမမှာ သားလည်း မရှိသလို ယောက်ျားကလည်း ကျန်းမာရေး မကောင်းဘူး။ တကယ်လို့ သူမကသာ အလုပ် မကြိုးစားဘဲ သူမရဲ့ ယောင်းမတွေ သဘောကျအောင် မနေနိုင်ဘူးဆိုရင် သူမယောက်ျား ဆုံးသွားရင် ဒါမှမဟုတ် သူမ အသက်ကြီးလာတဲ့အခါ သူမကို နှင်ချကြလိမ့်မည် မဟုတ်ပါလား။'
'အဲ့လိုဆိုရင် သူမ ဘာဆက်လုပ်မှာလဲ။'
'ဟုတ်တယ်။ ငါ့ညီမလေးက တပ်ထဲက လူတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတာ။ သူမက မိထွေးဆိုပေမယ့် သူမရဲ့ ဘဝက မဆိုးပါဘူး။ ငါကြားထားတာတော့ သူတို့က ခွဲနေပြီး လတိုင်းလည်း ပိုက်ဆံရတယ်တဲ့။ သူမရဲ့ ဘဝကို စိတ်ပူနေစရာ မလိုဘူးဆိုပေမယ့် သူမက အစ်မတစ်ယောက် ဖြစ်ရတဲ့ အခက်အခဲတွေကို နားမလည်ဘူး။'
'ပြောရရင် ငါ့မိဘတွေ ဟိုအရင်က မတော်တဆတစ်ခု ဖြစ်ခဲ့တယ်။ အဲ့တုန်းက ငါက မြို့နဲ့ အဝေးကြီးပဲ။ ဒါပေမယ့် ငါ့အစ်မကတော့ အဲ့ကိစ္စကို ကြားမိမှာပါ။ အဲ့ဒါကို သူမက ပြန်လာပြီး မိဘတွေကို လာတောင် မတွေ့ခဲ့ဘူး။'
'ဟဟ၊ သူမက ဘယ်တော့မှ နွေးထွေးမှုမရနိုင်တဲ့ ကျေးဇူးမသိတတ်တဲ့ သူမျိုးပဲလေ။'
ညီအစ်မ နှစ်ယောက်လုံးက အဲ့လို တွေးမိခဲ့ကြသည်။ သို့သော် သူတို့ရဲ့ မျက်ဝန်းထဲတွင် သူတို့ကို ညီညီမျှမျှ ခွဲထားပေးခဲ့သည်။
ဝမ့်ပင်းပင်းရဲ့ ယောင်းမတွေက အေးတိအေးစက်ပဲ ကြည့်နေခဲ့ကြသည်။ သူတို့တွေက အစားကြီးတယ် ဆိုသော်လည်း သူတို့ ညီအစ်မ နှစ်ယောက်လိုတော့ မရူးကြပါ။ သူတို့က ဦးနှောက် မရှိရုံသာမက နဂိုကတည်းက သွေးအေးကြသည်။
ထို့အပြင် ဝမ့်မိသားစု တစ်စုလုံးက အဲ့လိုပဲ ဖြစ်သည်။
ဝမ့်ယုံရွှင်းရဲ့ သတင်းက အတော်လေးကို ပြန့်နေပြီး ဝမ့်ပင်းပင်းရဲ့ ယောင်းမတွေ အားလုံးကလည်း ထိုအကြောင်းကို ကြားပြီးကြပြီး ဖြစ်သည်။
အဖေက တရားမျှတမှုကို ရှာပေးတဲ့ ရွာသားတွေဆီက ပုန်းဖို့ တောင်ပေါက်ကို တက်သွားပေမယ့် သူက ပြုတ်ကျသွားခဲ့သည်။ အမေက သူမရဲ့ ယောက်ျားနဲ့ သားကို ခေါ်သွားတာ တွေ့တော့ ရက်နည်းနည်းတောင် မစောင့်ဘဲ သူမရဲ့ မိဘအိမ်ကို ပြန်သွားပြီး ဘာစကား တစ်ခွန်းမှ မပြောဘဲ နောက်အိမ်ထောင် ပြုသွားသည်။
သားက ပိုတောင် ဆိုးသေးသည်။ အိမ်မှာ သူတို့ကို စားစရာ မပေးရင် သူတို့က ခိုးမှာ။ သူတို့က တစ်ခြားသူရဲ့ အုတ်ဂူကို ဖောက်ပြီး ထောင်ထဲမှာ အဆုံးသတ်ကြရသည်။
ညီအစ်မတွေဖြစ်တဲ့ ဝမ့်ပင်းပင်းနဲ့ ဝင့်လင်းလင်းက အချင်းချင်း မကူညီကြပေ။ အဲ့ဒီ့အစား သူတို့က တစ်ခုခု ဖြစ်ပြီဆိုရင် ဒေါသပဲ ထွက်ကြသည်။ အိမ်မှာ တစ်ခုခု ဖြစ်ပြီဆိုရင်လည်း ဘယ်သူကမှ ပြန်ပြီး သွားမကြည့်ကြချေ။
ဒီမိသားစုက အစကတည်းက ဟုတ်ကို မဟုတ်တာ။
သို့သော် ယောင်းမတွေက ဝမ့်လင်းလင်း အကြံပေးသလို လက်တွဲဖြုတ်မယ့်ကိစ္စကို အခုထိ မဆုံးဖြတ်ရသေးချေ။
ဒီလက်တွဲလုပ်တဲ့ ကိစ္စကို အမျိုးသမီးကြီး မစ္စလီက စလုပ်ထားတာ ဖြစ်သည့်အတွက် ဘယ်သူကမှ အဲ့ဒါကို ဝင်ပြောခွင့် မရှိပါ။
အဲ့ဒါ ဖြစ်သွားသည့် အချိန်တွင် မစ္စလီက အိမ်မှာ မရှိဘဲ လီရင်းနှင့်အတူ နိုင်ငံပိုင် စားသောက်ဆိုင်ကို သွားနေခဲ့သည်။