← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 13 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 13 Ch. 155-156

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၅၅

ဝမ့်လင်းလင်းက ဘေးအခန်းကို သွားပြီး သူမဘာသာ စားစရာတွေကို ဖယ်ထုတ်နေခဲ့သည်။ သူမက အရမ်းကို ဒေါသထွက်နေသည့်အတွက် အံကိုကြိတ်ကာ သူမက တကယ်ကို လီမိသားစုနှင့် ဆက်မလုပ်ချင်တော့ပါ။

ဒီမိသားစုက ကီလိနှစ်ရာရှိသည့် ဂျုံများမှ ၁၂ကီလိုကျော်ကို စားနိုင်တဲ့ အကြောင်းကို ကြည့်လိုက်ရုံဖြင့် သူမက ဒါကို ရောင်းတဲ့အချိန်မှာ သူမ အရင် သိမ်းထားသည့် ကီလိုတစ်ထောင်ဆိုရင်တောင် ဘာမှ ကျန်မည် မဟုတ်တာကို သိနေခဲ့သည်။

'အစားကြီးလိုက်တာ။'

လီမိသားစုရဲ့ ယောက်ျားသားက တံခါးကို ပိတ်ပြီး ဝမ့်လင်းလင်းကို ခြိမ်းခြောက်နေခဲ့သည်။ “ဒါက ငါပိုင်တဲ့ စားစရာတွေ။ ဘာလို့ ငါက ယူသွားလို့ မရတာလဲ။ ဒီနေ့ နင် ငါ့ကို ထပ်ထားဖို့ ကြိုးစားရင် ငါ ငါ့ဘဝကို စွန့်ပြီး အားလုံး အတူတူ သေရအောင် ငါ လုပ်မှာ။ နင့်ကို စားစရာတွေ ဖျက်လိုဖျက်စီး လုပ်ပါတယ်ဆိုပြီး ငါ သတင်းပေးလိုက်မှာ။”

ဝမ့်လင်းလင်းက ဒါကို ပြောရုံသာမက တကယ်လည်း အဲ့ဒါကို လုပ်ရဲသည်။ သူမက ကိစ္စတိုင်းကို သေခြင်းနှင့် ယှဥ်ခြင်းကြား ကြုံရအောင် အမြဲတမ်း လုပ်ခဲ့သည်။

လီမိသားစုရှိ လူတွေက ထိုအကြောင်းကို ကြားသည့်အခါ သူတို့တွေက အရမ်းကို လန့်သွားပြီး သူတို့ရဲ့ ခြေထောက်တွေက ထော့ခနဲ ဖြစ်သွားကာ သူတို့ရဲ့ အသံတွေကလည်း တုန်နေခဲ့သည်။

လီမိသားစုရဲ့ အကြီးဆုံး ချွေးမက အင်တင်တင်နှင့် ပြောလိုက်သည်။ “နင်လုပ်ရဲလား။ အဲ့ဒီ့ ဂျုံတွေ အားလုံး နင်တစ်ယောက်တည်းက ယူလာတာလေ။ တကယ်လို့ နင်က တစ်ခြားသူတွေကို သွားပြောရင် နင်ကလည်း ကောင်းမှာ မဟုတ်ဘူး။ ကွာရှင်းတာတောင် နင် ခံရနိုင်တယ်။”

ဝမ့်လင်းလင်း - “အိုး၊ ငါ ကွာရှင်းလိုက်ရင် နင်က အလုပ်ပြုတ်မှာလေ။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။”

တကယ်တမ်းမှာတော့ ဝမ့်လင်းလင်း မပြောခဲ့တဲ့ အရာကတော့ တကယ်လို့ လီမိသားစုက သူမရဲ့ စားစရာကို မပေးဘူးဆိုရင် သူမက လီမိသားစုကို သတင်းပေးပြီးနောက် သူမအတွက် ပြန်လုပ်ဖို့ကလည်း ခက်ခဲသွားလိမ့်မည် ဖြစ်သည်။ ထို့အပြင် စားစရာတွေ အားလုံးက လီမိသားစုမှာသာ ရှိပြီး သူမရဲ့ ကိုယ်ပိုင် မိသားစုမှာတော့ ဘာမှ မရှိပါ။ ထို့ကြောင့် အဲ့အချိန်ကျရင် သူတို့အတွက် ဘယ်သူကများ ရှင်းပြပေးနိုင်မှာလဲ။

လီမိသားစုမှ လူတွေအများကြီးက ဘာတွေ ဖြစ်နေလဲဆိုတာ သေချာ နားလည်နေကြပြီး သူတို့ရဲ့ မျက်နှာတွေက ချက်ချင်းဆိုသလို ရှုံ့မဲ့သွားခဲ့ကြသည်။

ဝမ့်ပင်းပင်းသည် သူမရဲ့ ညီမက သူမကို ဒီလို ပြဿနာမျိုး ထပ်ရှာနေတာကို တွေ့သည့်အခါ သူမက စိုးရိမ်ပြီး ပြောလိုက်သည်။ “ဝမ့်လင်းလင်း။ နင် အဲ့ဒါကို လုပ်ရဲရင် ငါ့ကို အစ်မအနေနဲ့ ဘယ်တော့မှ မသတ်မှတ်နဲ့တော့။ နင်က ငါတို့ တစ်မိသားစုလုံးကို သေစေချင်နေတာပဲ။ နင့်ခဲအိုက အလုပ်ရှိပေမယ့် သူက ကျန်းမာရေး မကောင်းဘူး။ နင် ဒါကို မလုပ်ရဘူး။”

ဝမ့်လင်းလင်းက ဝမ့်ပင်းပင်းကို အမုန်းဆုံး ဖြစ်သည်။ လီမိသားစုက သူမနှင့် လုပ်စရာ ဘာမှ မရှိပါ။ တကယ်လို့ အဲ့ဒါက ဝမ့်ပင်းပင်းကြောင့်သာ မဟုတ်ရင် သူမက လီမိသားစုနှင့် လက်တွဲဖို့ ဆန္ဒရှိမှာ မဟုတ်ဘဲ လီမိသားစုကို ဒီလို အကျိုးရှိသည့် စီးပွားရေးအကြောင်း ပြောပြမည် မဟုတ်ပါ။

ရလဒ်အနေဖြင့် သူခိုးတစ်ယောက်ဖြစ်သည့် သူမရဲ့ အစ်မက လီမိသားစု သူမရဲ့ စားစရာတွေကို ခိုးဖို့အတွက် တကယ် ကူညီပေးခဲ့သည်။

“ဘာ၊ နင့်ကိုယ်နင် ဘာထင်နေတာလဲ။ နင်က ငါ့ရဲ့ အစ်မလို ဘယ်လိုလုပ် ဟန်ဆောင်နိုင်ရတာလဲ။ နင် ဒါကို မှတ်ထား၊ ဝမ့်ပင်းပင်း။ ငါ့ကို ညီမလို့ ထပ်မခေါ်နဲ့။ ငါက နင့်ကို ငါ့ရဲ့အစ်မအနေနဲ့ သတ်မှတ်မှာ မဟုတ်ဘူး။”

ဝမ့်ပင်းပင်းက ဒေါသထွက်ပြီး ရန်ထပ်ဖြစ်ဖို့ လုပ်လိုက်သော်လည်း အပြင်ကနေ အမျိုးသမီးကြီး မစ္စလီရဲ့ အသံကို ကြားလိုက်ရသည်။ အခြေအနေတွေက သိပ်မကောင်းတာကို လီကျင်းက တွေ့လိုက်ရပြီး သူက သူ့အမေ ပြောသမျှ အရာအားလုံးကို နားထောင်တဲ့သူ ဖြစ်သည့်အတွက် ထုံးစံအတိုင်း အမျိုးသမီးကြီး မစ္စလီကို ရှာဖို့အတွက် နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်ကို ပြေးသွားခဲ့သည်။

နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်မှာ ရှဲ့ယွဲ့ကျင်းနှင့် လက်ထပ်ဖို့ကိစ္စ ဆွေးနွေးနေသည့် မစ္စလီက အိမ်က ကိစ္စကို ကြားသည့်အခါ သူမက ကျိန်ဆဲရင်း အိမ်ကို လမ်းလျှောက်လာခဲ့သည်။

ထိုမိန်းမကြီးက အတော်လေး အရှက်မရှိကာ တံခါးမှ ဝင်လာလိုက်တာနှင့် လူတိုင်းကို အရူးလုပ်ဖို့ ကြိုးစားခဲ့သည်။ “မိန်းကလေးလင်း၊ နင်က ဒီမှာ ရှိနေတာလား။ စားစရာတွေကို စားလိုက်တာက ကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူးဆိုတာ ငါနင့်ကို သေချာ မပြောလိုက်ရဘူး။ ဒါပေမယ့် ငါတို့တွေက စီးပွားရေးကို အတူတူ လုပ်နေကြတာပဲ။ နောက်ပိုင်း ငါတို့ စားစရာတွေ ရောင်းတဲ့အခါမှ ဒီဝေစုကို ဖယ်လို့ ရတာပဲ၊ မဟုတ်ဘူးလား။ နင်က ဘာလို့ အရမ်းကြီး ဒေါသထွက်နေရတာလဲ။”

ဝမ့်လင်းလင်းက အဲ့ဒါကို မယုံနိုင်ခဲ့ပါ။ သူမက နှာခေါင်းကို ရှုံ့ပြီး ပြောလိုက်သည်။ “အဖွားကြီးရယ်၊ ဟန်ဆောင်နေတာ ရပ်လိုက်ပါတော့။ ငါ ဒီနေ့ ဒီကို လာတာ ဖြေရှင်းချက် တစ်ခု တောင်းဖို့ပဲ။ ဒါပေမယ့် ရှင့်မိသားစုက ကျွန်မကို ပေးဖို့ ငြင်းလိုက်တယ်လေ။ ရှင် ပိုက်ဆံရတော့မှ ရှင့်ကိုယ်ရှင်အတွက် ပြန်ပြီး မဖြေရှင်းနိုင်မှာကို စိုးရိမ်မိတယ်။”

ဝမ့်လင်းလင်းရဲ့ အတွေးတွေးက ဒေါသဖုံးနေခဲ့ပြီး အတိုချုပ်ပဲ ပြန်ပြောခဲ့သည်။

သူမကို အလေးနက်မထားသည့် လီမိသားစုမှ လူတွေရဲ့ အပြုအမူတွေကြောင့် သူမက အတော်လေးကို ဒေါသထွက်နေခဲ့ရသည်။ လီမိသားစုကလည်း သူမ ဘာပြဿနာမှ ထပ်မရှာတာ သေချာအောင် လုပ်ခဲ့သည်။

ဝမ့်လင်းလင်းက စိတ်ရှုပ်သွားခဲ့သည်။ တကယ်လို့ သူမက အဲ့ဒါကို စောစောသိခဲ့မယ်ဆိုရင် လီမိသားစုနှင့် အတူတူ လုပ်ကိုင်ဖို့ထက် သူမဘာသာ ဆိုင်ခန်းလေး တစ်ဆိုင်ကို ပြေးဖွင့်မည် ဖြစ်သည်။

လီမိသားစုထဲမှာ ယောက်ျားတွေ အများကြီး ရှိသည်။ ဂျုံတွေကို ရောင်းပြီး ပိုက်ဆံ ခွဲတဲ့အချိန် တစ်ဖက်လူက သူမကို တွန်းအားပေးလိမ့်မည်။ အဲ့ဒါက ရှင်းပြဖို့ ခက်လိမ့်မည်။ အမြတ်ကို ၇၀/၃၀ ခွဲဖို့ ငါတို့တွေ သဘောတူထားတော့ သူ ကံကောင်းမှပဲ ၃၀ ရာခိုင်နှုန်းကို ရလိမ့်မယ်လို့ ခန့်မှန်းမိသည်။

'ဘယ်လိုပဲဖြစ်ဖြစ် စားစရာတွေ ကုန်သွားပြီဆိုရင်တော့ ဘာသက်သေမှ ရှာလို့ရမှာ မဟုတ်ဘူး။ အကျင့် မကောင်းတဲ့ အမျိုးသမီး မစ္စလီကလည်း စားစရာတွေကို သေချာပေါက် အလွဲသုံးစား လုပ်လိမ့်မယ်။'

ဝမ့်လင်းလင်းက အဲ့အကြောင်းကို တွေးမိလေလေ၊ ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သူမ ခံစားရလေလေ ဖြစ်လာခဲ့သည်။ သူမက အခုချက်ချင်း လီမိသားစုနှင့် လမ်းခွဲရတော့မည် ဖြစ်သည်။

အမျိုးသမီးကြီး မစ္စလီမှာ ဒီအကြံ ရှိနေခဲ့သည်။ သူမက မျက်မှောင်ကို ကြုတ်ပြီး မေးလိုက်သည်။ “ငါတို့တွေ ဒါကို သဘောတူထားတယ် မဟုတ်ဘူးလား။ ငါတို့တွေ ဂျုံတွေကို အတူတူရောင်းပြီး အချိန်ကျလာတဲ့အခါ အလုပ် တူတူလုပ်မယ်လို့လေ။ အခုကျမှ နင်က ဘယ်လိုဖြစ်လို့ လက်တွဲမလုပ်ချင်ရတော့တာလဲ။”

အစတုန်းက သူမသည် ဂျုံရောင်းလို့ရသမျှ ပိုက်ဆံတွေ အကုန်လုံးကို သူမအတွက် သိမ်းထားဖို့ စီစဥ်ထားခဲ့သည်။ ထို့ကြောင့် အနည်းငယ် လန့်နေတဲ့ ဝမ့်လင်းလင်းက ပစ္စည်းတွေ ပို့ပေးခအတွက် သူမကို ဆယ်ယွမ် သို့မဟုတ် ယွမ်နှစ်ဆယ် ပေးရမည် ဖြစ်သည်။

တိုက်ဆိုင်စွာဖြင့် ဝမ့်လင်းလင်းကလည်း အရင်က အလားတူ တွေးခဲ့သည်။ လီကျင်းက အမျိုးသမီးကြီး မစ္စလီကို ထိန်းချုပ်ဖို့ လီကျင်းက မြုံနေတဲ့သူဆိုသည့် အချက်ကို အသုံးချဖို့ စီစဥ်ခဲ့ပြီး နောက်ဆုံးမှာတော့ ငါးဆယ်၊ ငါးဆယ် ခွဲပေးဖို့ ပြောခဲ့သည်။

ပြောရရင် မစ္စလီက တကယ်ကို အရှက်မရှိပါ။ သူမက ဝမ့်လင်းလင်းကို ပိုက်ဆံ ခွဲပေးဖို့ ရည်ရွယ်ချက်လည်း မရှိပါ။

ဝမ့်လင်းလင်းကလည်း အခုချိန်မှာ သူတို့နဲ့ လမ်းမခွဲချင်ပါ။

“နင် ငါ့ကို မပြောရင် ငါ အခု အပြင်ထွက်ပြီး နင့်ကို တရားစွဲမယ်။”

မစ္စလီက ထပ်ပြီး ငြင်းချင်သေးသော်လည်း ဝမ့်လင်းလင်းက သူမရဲ့ ချက်ကောင်းကို အသုံးချထားပြီး ဖြစ်သည်။ “ရှင့်ရဲ့ လီကျင်းအကြောင်း ကျွန်မကို ပြောပြစေချင်တာလား”

မစ္စလီက တုန်လှုပ်သွားခဲ့သည်။

လီကျင်းရဲ့ အကြောင်း…

သူမရဲ့ မျက်လုံးတွေက အဆိပ်ရှိတဲ့ ဓားတစ်ချောင်းလို ဝမ့်လင်းလင်းရဲ့ မျက်နှာကို ဖျက်ခနဲ ကြည့်လိုက်သည်။

ခနကြာပြီးနောက် သူမက သက်ပြင်ူချလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလည်း အဲ့လိုပဲ ခွဲကြတာပေါ့။”

သူမရဲ့ သားတွေကြားမှာ လီကျင်းက အရေးမကြီးသော်လည်း သူမရဲ့ သားက မြုံနေတယ်ဆိုသည့် သတင်းကိုတော့ ပေါက်ကြားခွင့် မပြုနိုင်ပါ။

သူမက ဝမ့်ပင်းပင်းကို ချွေးမတစ်ယောက်အနေဖြင့် ဂရုမစိုက်ပါ။ အကြောင်းမှာ မိသားစုထဲတွင် သားတွေ အများကြီးရှိပြီး လီကျင်းက အမြုံတစ်ယောက် ဖြစ်နေသည့်အတွက် ဒီကောလဟာလကြောင့် သူမရဲ့ တစ်ခြားသားတွေကိုပါ သေချာပေါက် ထိခိုက်စေမည် ဖြစ်သည်။

ဝမ့်ပင်းပင်းက ဆက်ပြောခဲ့သည်။ “အမေ၊ သမီးတို့ သူ့ကို စားစရာတွေ ဒီတိုင်း ယူသွားခွင့် မပြုနိုင်ဘူး။ လီကျင်းနဲ့ သမီးက သူပြောမှာတွေကို မကြောက်ပါဘူး။ သူပြောချင်တာ သူပြောနေတာပဲလေ။”

ဝမ့်လင်းလင်းက သူမရဲ့ အစ်မကို လှောင်ပြီး ကြည့်လိုက်သည်။ အစတုန်းက သူမရဲ့ အမကို လီကျင်းကအမြုံတစ်ယောက် ဖြစ်ကြောင်းကို သီးသန့်ပြောဖို့ စီစဥ်ထားခဲ့ပြီး သူမက လီမိသားစုနှင့် ပြဿနာ တက်ခဲ့ရသည်။

အခုဆိုရင် အဲ့ဒါက မလိုအပ်တော့ပုံ ရသည်။

'ဝမ့်ပင်းပင်း နင်က အဲ့ဒါနဲ့ ထိုက်တန်တယ်။'

လီကျင်း သေတဲ့အခါ ဝမ့်ပင်းပင်းက သေချာပေါက် ဒီလိုမျိုး ထပ်ဖြစ်မယ်ဆိုတဲ့ ဝမ့်လင်းလင်းရဲ့ အတိတ် ဘဝကို တွေးမိလိုက်သည်။

'ဖြစ်သင့်ပါတယ်။'

'အစ်မတစ်ယောက်အနေနဲ့ ဒီလိုမျိုး အသုံးမကျဖြစ်ဖို့ သူ့ကို ဘယ်သူက ပြောထားလို့လဲ။'

အမျိုးသမီးကြီး မစ္စလီကို ဂျုံတွေ ခွဲပေးဖို့အတွက် ဖိအားပေးခဲ့ပြီး ဝမ့်လင်းလင်းကို ပြောင်းဆန် ကီလိနှစ်ရာကျော်နှင့် ကျန်ရှိနေသည့် ဂျုံမှုန့်များကို ပေးလိုက်ရသည်။

ဝမ့်လင်းလင်းက လီမိသားစုကို လျစ်လျူရှုပြီး ထွက်သွားကာ သစ်သားပြား တစ်ပြားကို တွေ့ခဲ့ရသည်။ သူမက အဲ့အပေါ်မှာ စားစရာတွေကို တင်ပြီးနောက် ဆွဲယူသွားခဲ့သည်။

လီမိသားစုက တံခါးကို ပိတ်ပြီးနောက် သူမရဲ့ သားတွေက စတင် စိုးရိမ်လာကြသည်။

“အမေ၊ ဘယ်လိုလုပ် သူ့ကို ကတိပေးလိုက်ရတာလဲ။”

"အခုချိန် သားတို့ ဂျုံတွေကို ခွဲပေးလိုက်ရင် နောက်ပိုင်း အဲ့ဒါတွေကို ရောင်းတဲ့အခါကျရင် သားတို့ ဘာလုပ်ကြမလဲ။"

'ညီအစ်ကိုတွေ အဲ့ဒါကို မြို့မှာ သွားရောင်းဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား။'

အမျိုးသမီးကြီး မစ္စလီက ခုံကိုရိုက်ပြီး အကျယ်ကြီး ပြောလိုက်သည်။ “နင်က ငါ့ကို အပြစ်တင်နေတာလား။ နင်က ငါ့ကို ဒီကိစ္စအတွက် အပြစ်လာတင်နေတာလား။ စားစရာတွေက တစ်မိသားစုလုံး စားဖို့အတွက်ပဲလေ။ နင် အဲ့ဒါတွေ သူ့ကို မဝေပေးရင် အဲ့ကောင်မစုတ်က နင့်ကို သတင်းပေးလိုက်တာကိုသာ စောင့်နေတော့။ အဲ့ချိန်ကျရင် နင်က ဘာအလုပ်မှ ရမှာမဟုတ်တော့ဘူး”

အမျိုးသမီးကြီး မစ္စလီ - “သူက ဒီနေ့ ဘာဖြစ်လို့ ဒီကို ရောက်လာရတာလဲ။ ဂျုံတွေကို ရောင်းဖို့အတွက် အချိန် မကျသေးဘူးမလား။”

အကြီးဆုံး ချွေးမက ပြောလိုက်သည်။ “သူ့ ယောက်ျားရဲ့ တပ်မဟာထဲမှာ ဂျုံအထွက်နှုန်း မကောင်းဘူးလို့တော့ ပြောတယ်။ ပြီးတော့ ဝမ့်လင်းလင်းက ဂျုံတွေကို အရေးတကြီး ယူဖို့အတွက် ရောက်လာတာ။”

'ဟုတ်တယ်။ ဝမ့်လင်းလင်း နေနေတဲ့ တပ်မဟာက အထွက်နှုန်း မကောင်းတဲ့ဒဏ်ကို ခံနေကြရတာ။'

ဝမ့်လင်းလင်းကိုလည်း အစောင့်တွေ ဖမ်းမိသွားခဲ့သည်။ သူမရဲ့ အတိတ်ဘဝတွင် သူမက ဒီလို ကိစ္စတွေကို သိပ်ပြီး ဂရုစိုက်နေဖို့ မလိုပါ။ သူမက ခုနစ်ခုမြောက် တပ်မဟာတွင် စားနပ်ရိက္ခာ မပြတ်ဘူး ဆိုတာကိုသာ သိသည်။ သို့သော် သူမက ဟုန်ကျိ တပ်မဟာရဲ့ ငါးခုမြောက် အဖွဲ့က စားနပ်ရိက္ခာ ပြတ်လတ်နေတာကိုတော့ မသိခဲ့ပါ။ ထို့အပြင် ရိက္ခာ ပြတ်လပ်မှုက အတော်လေး ကြာသည်။

ဒီနေ့ ဝမ့်လင်းလင်း ရောက်လာတာဟာ စားစရာတွေကို လာကြည့်ဖို့ မဟုတ်ဘဲ စားဖို့အတွက် စားစရာ ကီလိုနှစ်ဆယ်ကို လာယူရုံသာ ဖြစ်သည်။

ကိစ္စတွေကို တွေ့သည့်အခါ အခုလို ဖြစ်သွားခဲ့ရသည်။

အမျိုးသမီးကြီး မစ္စလီက ရယ်ပြီး ပြောလိုက်သည်။ “ဝမ့်လင်းလင်းက အရူးကြီးပဲ။”

ဒီနေ့ သူမက စားစရာတွေ ကီလိုဂရမ် အနည်းငယ်ပဲ ယူသွားတယ်ဆိုရင် သူမက ပြန်လာဖို့ အဆင်ပြေမှာပဲ။

တစ်ခေါက်တည်းနဲ့ သူမက ကီလိုသုံးရာနီးပါးကို ယူသွားတဲ့အပြင် သူမ ယောက်ျား မိသားစုရဲ့ အနားမှာတောင် နေနေသေးသည်။

အမျိုးသမီးကြီး မစ္စလီရဲ့ ဒေါသက အတော်လေး ပြေသွားခဲ့သည်။ ဝမ့်လင်းလင်းက သူမထက်ပိုပြီး ကံဆိုးနေသ၍ သူမက အဆင်ပြေသည်။

အမျိုးသမီးကြီး မစ္စလီက စီစဥ်ခဲ့သည်။ “ငါတို့ရဲ့အိမ်မှာ ဒီ စားစရာ နည်းနည်းလေးပဲ ကျန်တော့တယ်။ အဲ့ဒါတွေ မြို့မှာ ရောင်းဖို့ဆိုတာက ရက်နည်းနည်းတော့ကြာမှာ သေချာတယ်။ နင့်ရဲ့ စက်ရုံကနေ ခွင့်ယူဖို့ ပြောကြည့်။ အဆိုးဆုံးဆိုရင် နင့်ရဲ့လစာ ဖြတ်ခံရလိမ့်မယ်။ နင် အိမ်က စားစရာအားလုံး ငါတို့ကို ပေးလိုက်ရင် နောက်ပိုင်း ငါတို့တွေ ပိုက်ဆံ ရလာလိမ့်မယ်။”

မစ္စလီရဲ့ စီစဥ်မှုကို ဘယ်သူကမှ သဘောမတူခဲ့ကြပါ။ လီမိသားစုရဲ့ ဒုတိယသားက ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ “အမေ၊ အဲ့ဒါကို ကျွန်တော်တို့ မလုပ်ချင်ဘူး။ အဲ့ဒါက…. အဲ့ဒါက အရမ်း အန္တရာယ်များတယ်။”

တကယ်လို့ အဲ့ဒါက ရောက်လာတဲ့ ဝမ့်လင်းလင်းသာဆို သူတို့တွေက ပိုက်ဆံရရင် ပျော်နေကြမှာ။ ဒါပေမယ့် အဲ့ဒါက သူတို့သာဆိုရင် ပျော်ရမှာ မဟုတ်ဘူး။

လီမိသားစုရဲ့ အကြီးဆုံးသားက ကြားဖြတ်ကာ ဝင်ပြောခဲ့သည်။ “ဟုတ်တယ်၊ အမေ။ ကျွန်တော်တို့မှာ ရေရာတဲ့ အလုပ်တွေ ရှိတယ်။ ကျွန်တော်တို့ အဲ့ကို သွားပြီး အလုပ်သမားတွေက အမှားတစ်ခုခု တွေ့ခဲ့ရင် ကျွန်တော်တို့တွေ နောက်ပိုင်း ဒီလိုမျိုး နေနိုင်မှာတောင် မဟုတ်တော့ဘူး။”

သားတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ပြောခဲဲ့ကြသည်။

အမျိုးသမီးကြီး မစ္စလီက သူရဲ့ ချွေးမတွေအတွက် ထပ်ပြီး စီစဥ်ပေးဖို့ ပြင်လိုက်သည်။ သို့သော် ဝမ့်ပင်းပင်းကလွဲလို့ ဘယ်သူကမှ မတုံးအကြပါ။

ချွေးမတွေကလည်း မြို့ကနေ လာတာဖြစ်ပြီး ဒီလို အရှုပ်တော်ပုံထဲမှာ ဘယ်သူကမှ ဝင်မပါချင်ကြပါ။

မစ္စလီက ဝမ့်ပင်းပင်းကို တစ်ယောက်တည်း သွားဖို့ ပြောချင်သော်လည်း အမျိုးသမီး တပ်သားအနေဖြင့် သူမက အိတ်တစ်အိတ်ကိုတောင် မသယ်နိုင်သလို တစ်ခုခု ဖြစ်လာခဲ့ပါက သူမကို စိတ်သက်သာစေမည် မဟုတ်ပါ။

အမျိုးသမီးကြီး မစ္စလီက အနည်းငယ် ဘေးကျပ်နံကျပ် ဖြစ်နေခဲ့သည်။

ရုတ်တရက် သူမရဲ့ အကြီးဆုံး ချွေးမက ပြောလိုက်သည်။ “ကျွန်မတို့တွေ မြို့ကို မသွားနိုင်ဘူးလား။ ယောက်မရဲ့ ကောင်လေးက နိုင်ငံပိုင် စားသောက်ဆိုင်မှာ အလုပ် လုပ်နေတာ မဟုတ်လား။ သူကတော့ တစ်ယောက်ယောက်ကို သိမှာပဲလေ။ သူ့ကို စီစဥ်ခိုင်းဖို့ လာဖို့ပြောပြီး စားစရာတွေကို တိုက်ရိုက် ယူသွားခိုင်းလိုက်ရင်ရော။ စားစရာတွေကို ပိုက်ဆံနဲ့ လဲဖို့ဆိုရင် ဒါက လွယ်တယ်။”

မစ္စလီက ထိုအကြောင်းကို တွေးပြီး တကယ့် ဒီကိစ္စကို သိသွားခဲ့သည်။ ဒီကိစ္စက သူ့သမီးနဲ့လည်း ဆိုင်ပြီး ရှဲ့ယွဲ့ကျင်းနဲ့က မင်္ဂလာပွဲအတွက် ရက်ကို ဆုံးဖြတ်ပြီး ဖြစ်သည်။ အဲ့ဒါက ဆောင်းဦးပွဲရဲ့ အလယ်လောက်မှာ ဖြစ်သည်။ အဲ့ဒါက သေချာသည်။ သူမက ရှဲ့ယွဲ့ကျင်းရဲ့ တင်တောင်း လက်ဆောင်ကို စိတ်မဝင်စားသော်လည်း ရှဲ့ယွဲ့ကျင်းကို သူမရဲ့ မိသားစုအား ကူညီပေးဖို့ရန် အဆက်အသွယ် တစ်ခုကို ရှာပေးဖို့ တောင်းဆိုခဲ့သည်။ အဲ့ဒါက ဖြစ်သင့်တယ်မလား။

“သားကြီးရဲ့ မိန်းမပြောတာ မှန်တယ်။ ယွဲ့ကျင်းက စားသောက်ဆိုင်မှာ အလုပ်လုပ်တာ။ စားစရာတွေကို သူက ဘယ်လိုလုပ် မကိုင်တွယ်နိုင်ဘဲ နေမှာလဲ။ သူကတော့ တစ်ယောက်ယောက်ကို သိမှာပဲ။”

လီမိသားစုရဲ့ ဒုတိယသားက ဖြတ်ပြောလိုက်သည်။ “ဒါဆို ညီမလေးကို သူ့ကောင်လေးနဲ့ စကားပြောဖို့ လွှတ်ပေးလိုက်မယ်။ စျေးကောင်းကောင်းအတွက် ညှိပေးဖို့ ပြောလို့ရရင် ပိုကောင်းမယ်။ အဲ့ဒါက ငါတို့ကို ပြဿနာတွေ အများကြီးကနေ ကယ်ပေးလိမ့်မယ်။”

လီရင်းက ဝင်ပြောလိုက်သည်။ “စျေးကောင်းရဖို့ မေးရမယ်ပေါ့။ ဘာကို ဆိုလိုတာလဲ။ ငါ့ကို ယွဲ့ကျင်းနဲ့ ဘာပြောစေချင်တာလဲ။”

သူမက အမျိုးသမီးကြီး မစ္စလီရဲ့ အရှေ့မှာ မလျှောက်ခဲ့သော်လည်း ပြန်မပေးခင် ရှဲ့ယွဲ့ကျင်းရဲ့ နေရာမှာ နောက်ထပ် ခေါက်ဆွဲတစ်ပန်းကန် ရှိနေခဲ့သည်။ သူမက အိမ်ကို အခုလေးတင် ရောက်လာခဲ့သည်။

မစ္စလီက သူမရဲ့ သမီးကို မြင်သည့်အခါ အဖိုးတန် ကလေးလေးကို တွေ့သလို သူမရဲ့ မျက်နှာက ချစ်ခင်မှု အပြည့် ဖြစ်သွားခဲ့သည်။

“လာပါဦး။ သမီးကို ပြောစရာ ရှိတယ်။ သမီးသာ အဲ့ဒါကို လုပ်မယ်ဆိုရင် အမေတို့က သမီးကို တင်တောင်းငွေတင် မကဘူး၊ ခန်းဝင်ပစ္စည်းတွေကိုပါ အမေတို့က သမီးကို ပေးမှာ။”

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၅၆

လီမိသားစုက လုပ်မယ့်အရာတွေကို အစီအစဥ် ချနေစဥ် ဝမ့်လင်းလင်းက စားစရာတွေကို ယူသွားခဲ့သော်လည်း အဝေးကြီးကိုတော့ မရောက်နိုင်သေးပါ။ သူမက ရပ်ပြီး ကူညီပေးဖို့ ဖြတ်သွားတဲ့ သူတွေကို အကူအညီ တောင်းခဲ့သည်။ သူမက စားစရာတွေကို ပြန်သယ်သွားဖို့ တစ်ခြားသူရဲ့ လှည်းကို ယူခဲ့ရသည်။ သူမက အဲ့ဒါတွေကို ကျောပေါ်မှာ သယ်ပြီး နောက်ဆုံးမှာတော့ အိမ်ကို ပြန်ရောက်လာခဲ့သည်။

သူမ အဖွဲ့ထဲ ဝင်လာတာကို မြင်သော်လည်း သူမကို ကူညီပေးဖို့ ဘယ်သူကမှ ရောက်မလာခဲ့ပါ။ လူတိုင်းက ဝမ့်လင်းလင်းကို အမြင်မကြည်ကြပါ။

ပထမတစ်ခုကတော့ သူမဘာသာ ကျောက်ကျွင်းကို အတင်း လက်ထပ်ခဲ့ပြီး ဒုတိယတစ်ခုကတော့ သူမရဲ့ မိသားစုက ဂုဏ်သတင်း မကောင်းပါ။ တတိယအနေဖြင့် သူမရဲ့ ယောက္ခမနှင့် ယောင်းမတွေက သူမ မကောင်းကြောင်းကို လူတွေကြားထဲ တစ်ခါတစ်လေ ပြောလေ့ရှိသည်။

သို့သော် ဒါက မကောင်းတဲ့ အရာတော့ မဟုတ်ပါ။ သူမက လက်ထပ်ပြီးကတည်းက ခွဲနေဖို့ကို နှစ်ဝက်လောက် ပြောနေခဲ့ရသည်။

ဒီအပြုအမူတွေက ထိုမိန်းမကြီးတွေနှင့်အတူ သူမကို သေအောင် နင်းခြေဖို့ လုံလောက်နေခဲ့သည်။

ဝမ့်လင်းလင်းကလည်း ဂရုမစိုက်ခဲ့ပါ။ အခုဆိုရင် သူမက ကလေးနှစ်ယောက်ကိုသာ အာရုံ စိုက်ထားသည့်အတွက် ဒီလို ကိစ္စတွေကို လုံးဝ ခေါင်းထဲမထည့်ပါ။

ဒီလို ကိစ္စတွေကြောင့် သူမသည် ရွာထဲကလူတွေနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိတာက ပုံမှန်သာ ဖြစ်သည်။ ကျောက်ကျွင်း ချမ်းသာလာသည့်အခါ ဒီဦးလေးတွေ၊ အဒေါ်တွေနှင့် ရွာထဲက အမျိုးတွေသည် သူမနှင့် အနီးကပ် မရှိတာက ပိုကောင်းလိမ့်မည် ဖြစ်သည်။

ဝမ့်လင်းလင်းက သူမရဲ့ ခြေတွေ၊ လက်တွေက မသယ်ချင်အောင် ကိုက်ခဲနေသည့်အတွက် သူမက ရေတစ်ခွက်ကို သောက်ချလိုက်သည်။

ကျောက်တုန်နှင့် ကျောက်ရှီက အိမ်မှာ မရှိပါ။ သူတို့ အပြင်မှာ ဆော့နေတာ သေချာသည်။

သူမက ဂရုမစိုက်ဘဲ စားစရာတွေ အိမ်ထဲက မီးလင်းဖို တိုင်ထဲကို ထိုးထည့်ပြီး အဲ့ထဲက သေတ္တာထဲမှာ ဖွက်ထားပြီး မြေအောက်ခန်းထဲသို့ ရွှေ့လိုက်သည်။ ဝမ့်လင်းလင်းက စားစရာ ကီလိုသုံးရာ အားလုံးကို ဖွက်ထားပြီး စားနပ်ရိက္ခာ စျေးတက်သည့်အချိန်မှ မြို့ကို သွားရောင်းဖို့အတွက် ဆုံးဖြတ်ထားခဲ့သည်။

ကျောက်တုန်က အိမ်ထဲကို အမြှောက်ဆံလေးလို ပြေးဝင်လာခဲ့သည်။ သူက အချိန်အကြာကြီး ကစားနေခဲ့ပြီး ဗိုက်ဆာနေပြီလည်း ဖြစ်သည်။ သူက ခုန်ပေါက်ပြီး အော်ပြောလိုက်သည်။ “မိထွေး၊ မြန်မြန်ချက်။ ဘာလို့ ရေသောက်နေတာလဲ။ ခဗျားက တကယ်ကို ပျင်းတဲ့ မြည်းလိုပဲ။”

ဒီစကားက ဒီနေရာမှာ ပြောဖို့ မသင့်တော်ကြောင်းကို သူ မသိဘဲ လူကြီးတွေ ပြောတဲ့အတိုင်းသာ လိုက်ပြောခဲ့ခြင်း ဖြစ်သည်။

သူက ဝမ့်လင်းလင်းကို အထင်သေးစွာ ကြည့်ခဲ့သည်။ ဝမ့်လင်းလင်းရဲ့ ဆံပင်တွေက ဂျုံတွေကို သယ်လာရာမှ ရှုပ်ပွနေခဲ့ပြီး သူမရဲ့ အဝတ်တွေကလည်း အတော်ကို ပြဲနေခဲ့သည်။ သူမရဲ့ မျက်နှာက ချွေးတွေနှင့် ဖြစ်နေခဲ့သည်။ ချွေးတွေ ခြောက်သွားပြီးနောက် အဲ့ဒါက ချေးတွေ ဖြစ်သွားခဲ့သည်။ ဝမ့်ပင်းပင်းနှင့် ရန်ဖြစ်ခဲ့ရသည့်အတွက် သူမရဲ့ ခေါင်းမှာ ဒဏ်ရာတွေ ရှိနေခဲ့သည်။ သူမက အတော်လေး ရှက်ဖို့ကောင်းသည်။

ကျောက်တုန်က အမြဲတမ်း သူ့ရဲ့အဖွား ပြောတာကိုသာ နားထောင်ပြီး ဝမ့်လင်းလင်းက သူမရဲ့ အခြေနေကို ကျော်ပြီး သူ့အဖေကို လက်ထပ်ခဲ့တာကို ခံစားခဲ့ရသည်။

ထိုကလေးလေးက အတော်လေး ရိုင်းစိုင်းစွာ ပြောခဲ့သည်။ “ မိထွေး၊ ခဗျားက သေလောက်အောင် မပင်ပန်းဘူးဆိုရင် ဘာလို့ မြန်မြန် မချက်ရတာလဲ။ ငါက ငတ်နေပြီ။ ခဗျား ကျုပ်ကို ငတ်သေအောင် ထားရင် သေချာပေါက် အဖေနဲ့ တိုင်ပြောပြီး ခဗျားကို ရိုက်ဖို့ ပြောလိုက်မယ်။”

ဝမ့်လင်းလင်းက သူ့ရဲ့ စကားတွေကို စိတ်ထဲ မထားပါ။ ကလေး ပြောတဲ့စကားတွေက မသင့်တော်ဘဲ သူက ဒီတိုင်း ပြောရုံသာ ဖြစ်သည့်အတွက် အရေးတယူ မလုပ်ပါ။

သို့သော် စောနက စကားကတော့ ဝမ့်လင်းလင်းကို မထိန်းနိုင် ဖြစ်သွားစေခဲ့သည်။

သူမက ကျောက်တုန်ကို ဘာပြောရမှန်းမသိအောင် ငေးကြည့်နေမိခဲ့သည်။

ကျောက်တုန်သည် သူ့ရဲ့ စကားတွေကြောင့် သူမ လန့်သွားတာကို မြင်သည့်အခါ သူက ပိုပြီးတော့တောင် ဂုဏ်ယူနေခဲ့သည်။ “ခဗျားက ကျုပ်နဲ့ ကျုပ်ညီမလေးကို ဂရုစိုက်ပေးဖို့ ဒီမှာ ရှိနေတာလို့ ကျုပ်အဖေက ပြောတယ်။ ခဗျား ကျုပ်နဲ့ ညီမလေးကို အနိုင်ကျင့်ရင် သူ့ကို တိတ်တိတ်လေး ပြန်ခေါ်ဖို့ သူကပြောတယ်။ ကြည့်၊ ကျုပ်အဖေက ကျုပ်အတွက် သူတို့ရဲ့ ဖုန်းနံပါတ်ကိုတောင် ရေးပေးထားတယ်။ တကယ်လို့ ခဗျားက ကျုပ်အတွက် မချက်ပေးဘူးဆိုရင် ကျုပ် အဖေ့ကို ပြန်လာပြီး ခဗျားကို ရိုက်ဖို့ ပြောလိုက်မယ်။”

ဝမ့်လင်းလင်းရဲ့ စိတ်ထဲမှာ လက်ခနဲ ဖြစ်သွားခဲ့သည်။

လက်ထပ်ပြီးနောက် သူမက ကျောက်တုန်နှင့် ကျောက်ရှီကို စိတ်ရောကိုယ်ပါ နှစ်ပြီး ဆက်ဆံခဲ့သော်လည်း သူမက လုံးဝကို မလိုက်နာနိုင်တော့ဘူးဟုတောင် ပြောလို့ရသည်။

တစ်ခြားသူတွေက သူမ လုပ်ခဲ့တာတွေကို နားမလည်ရင်တောင် ကျောက်ကျွင်းကတော့ အဲ့ဒါကို နားလည်လိမ့်မယ်ဟု သူမက တွေးထားခဲ့သည်။

ထို့အပြင် သူမက သူ့ကို ဘာမှ မတောင်းဘဲနဲ့ လက်ထပ်ပြီး သူမရဲ့ မိသားစုနှင့် ခွဲခွာခဲ့ရသည်။ သူမက ကလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့ နောက်ပိုင်းမှ ကလေးယူမယ့် ကိစ္စကိုတောင် ကျောက်ကျွင်းအား အရင် ပြောခဲ့သေးသည်။

ရလဒ်ကတော့ ဘာဖြစ်လဲ။ တစ်ဖက်လူက သူမရဲ့ နောက်ကွယ်မှာ ကလေးနှစ်ယောက်ကို ညွန်ကြားပြီး သူမက သူတို့ကို ရက်ရက်စက်စက် ဆက်ဆံမှာကို ကြောက်နေခဲ့သည်။

ကျောက်တုန်က သူ့ရဲ့ မိထွေးကို “ဗိုက်ဆာတယ်”ဟု အော်ခေါ်ပြီး ဝမ့်လင်းလင်းက မူးနောက်လာခဲ့ပြီ ဖြစ်သည်။

သူမက ရုတ်တရက် ထအော်လိုက်သည်။ “ပါးစပ်ကို ပိတ်ထား။”

ကျောက်တုန်က လန့်သွားပြီး ဘာစကား တစ်ခွန်းမှတောင် မပြောရဲတော့ပါ။ ဒါဟာ သူက လူတွေရဲ့ မျက်နှာကို မကြည့်တတ်ခြင်းကြောင့် ဖြစ်သည်။ သူက ဝမ့်လင်းလင်းကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာဟာ ဝမ့်လင်းလင်းက အနိုင်ကျင့်ဖို့ လွယ်တယ်ဟု တွေးမိခြင်းကြောင့် ဖြစ်သည်။ အခုဆိုရင် ဝမ့်လင်းလင်းက ပုံမှန်နှင့် မတူတော့တာကို သူက တွေ့လိုက်ရသည့်အတွက် ချက်ချင်းပဲ ပါးစပ် ပိတ်သွားခဲ့သည်။

သူက ကလေးတစ်ယောက်သာ ဖြစ်သော်လည်း ဝမ့်လင်းလင်း ဒေါသထွက်လာသည့်အခါ သူမက သူ့ကို ရိုက်နိုင်သည်။

ရွာထဲက ကလေးတွေ အားလုံးသည် မိထွေးတွေက သူတို့ရဲ့ ကလေးတွေကို ရိုက်လိမ့်မည်ဟု ပြောကြသည်။ တကယ်လို့ သူတို့က အခုချိန် မရိုက်ရင်တောင် နောက်ပိုင်းကျရင် သူတို့ကို ရိုက်လိမ့်မည် ဖြစ်သည်။ မိထွေးတွေက ကလေးတွေကို ရိုက်ရုံသာမက သူတို့ရဲ့ စားစရာတွေကိုလည်း မကျွေးဘဲ ထားလိမ့်မည် ဖြစ်သည်။

ကျောက်တုန်က လန့်သွားသည့်အတွက် ဝမ့်လင်းလင်း အာရုံမစိုက်ချိန်မှာ ထွက်ပြေးသွားခဲ့သည်။ မထွက်သွားခင်မှာ သူက သူမကို မိထွေးဟု ထပ်ခေါ်ခဲ့သေးသည်။

'ဟမ်၊ သူမက အခု သူမရဲ့ ပုံစံအမှန်ကို ပြနေပြီပဲ မဟုတ်လား။ မိထွေးဆိုတာ လူကောင်းတွေ မဟုတ်ဘူး။ အခုဆိုရင် သူက သူ့အဖွားကို သွားတိုင်တော့မည် ဖြစ်ပြီး ရက်အနည်းငယ် ကြာပြီးနောက် သူ့ရဲ့ အဖေကို ထပ်တိုင်မည် ဖြစ်သည်။ အဖေ့ကို ပြန်လာဖို့ပြောပြီး မိထွေးကို ရိုက်ခိုင်းမယ်။'

ကျောက်တုန်က အပြင်ကို ထွက်သွားသော်လည်း ဝမ့်ရင်းက စိတ်နဲ့လူနဲ့ မကပ်ပုံ ရသည်။ သူမက စားပွဲခုံရဲ့ အရှေ့မှာ အချိန်အကြာကြီး ဘာစကားမှ မပြောဘဲ ငိုင်ငိုင်ကြီး ထိုင်ချလိုက်သည်။

ဂျုံများကို ရိတ်သိမ်းပြီးနောက် ပြောင်းစိုက်ရန်မှာ နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်သည်။ ခုနစ်ခုမြောက် တပ်မဟာက အတော်လေးကို အလုပ်ရှုပ်လာကြပြီး လုံးဝကို မနားရပါ။

ဒီနှစ်မှာတော့ ဂျုံရိတ်သိမ်းချိန်က နောက်ကျသည့်အတွက် ပြောင်းတွေ စိုက်ရမည့် အချိန်နဲ့ အတော်လေး ကပ်နေပြီး မိသားစုတိုင်းက စိုက်ပျိုးဖို့ ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။

သို့သော် အဲ့ဒါက နှစ်တစ်နှစ်ရဲ့ အပူဆုံး အချိန်လည်း ဖြစ်သည်။ တစ်ရက်တည်းမှာ အဖွဲ့ကနေ အပူဒဏ် သုံးခုကို ခံရပြီးနောက် ပုံမှန်အတိုင်း ဝမ့်ရင်းက ဆေးတွေ စရောင်းခဲ့သည်။ သူမရဲ့ ကိုယ်ပိုင် ဆေးခင်းကနေ ဆေးများစွာကို ခူးပြီးနောက် တောင်ပေါ်ကနေ ပျားရည်စုတ်ပန်းကို ခူးယူလာပြီး အိုးကြီးနှင့်တစ်အိုး ကျိုလိုက်သည်။ အပူဒဏ်ကို ခံနိုင်ဖို့ နေ့တိုင်း နည်းနည်းဆီ သောက်ပြီး ပလိပ်ရောဂါကို လျှော့ချခဲ့သည်။

အဲ့ဒါကို မြည်းကြည့်သည့် လူတိုင်းကလည်း ဒီအကြောင်းနှင့် ပတ်သက်ပြီး ကောင်းတယ်ဟုသာ ပြောကြသည်။

ဆေးတစ်ခွက်စီက ပြားနှစ်ဆယ်သာ ကုန်ကျပြီး အဲ့ဒါကို ခနခန ကြိုလို့ရသည်။ အပူဆုံးရာသီကို ကျော်ဖြတ်ဖို့ လူတိုင်းအတွက် လုံလောက်သည်။ ရုတ်တရက်ဆိုသလို အိမ်ထောင်စုတိုင်းက အပူငြိမ်းဆေးကို ဝယ်ကြသည်။

ပြားနှစ်ဆယ်ဆိုတာ အရမ်းနည်းတယ်ဟု ဝမ့်ရင်းက မထင်ခဲ့ပါ။ ထို့အပြင် ဒါတွေဟာ တောင်ပေါ်က စျေးပေါသည့် အရာတွေသာဖြစ်ပြီး သူမလည်း အများကြီး မကုန်ကျခဲ့ပါ။

အထူးသဖြင့် ပျားရည်စုတ်ပန်းသည် တောင်ပေါ်က ကျောက်ချပ်ကြီးတွေအပေါ်မှာ ပေါက်ရောက်သည်။ အဲ့အပင်တွေက သဘာဝအတိုင်း ပေါက်ရောက်ပြီး အတော်လေး ကောင်းမွန်စွာ ကြီးထွားလာကြသည်။

နေရာတိုင်းမှာ တွေ့နိုင်သည့် ဒီအပက်က တကယ်တမ်း ဆေးဖက်ဝင်အပင် ဖြစ်လာတယ်ဆိုတာ ချမ့်ယုက အဖြေရှာမရခဲ့ပါ။ ထို့ကြောင့် သူမက စမ်းကြည့်ဖို့ စိတ်အားထက်သန်နေခဲ့သည်။ “အစ်မရင်း၊ သမီးတို့က ဘာလို့ ဒီအပင်ကို တသီးတသန့် မစိုက်တာလဲ။ သမီးအထင် ဒီအပင်က စိုက်ဖို့ လွယ်မှာပါ။”

ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ “ဒီအပင် စိုက်ဖို့က တော်တော်လေး လွယ်တယ်။ ပျားရည်စုတ်ပန်းရဲ့ ဘေးနားက နေရာကို မှတ်ထား။ ပြီးရင် ငါတို့တွေ အဲ့အပင်ကို အဲ့လိုနေရာမျိုးမှာ စမ်းပြီး စိုက်ကြမယ်။”

ဝမ့်ရင်းသည် သူမရဲ့ အရင်တုန်းက အတွေးတွေကို မမေ့ပစ်ခဲ့ပါ။ ရှန်လိ တပ်မဟာက တော်တော်လေးကို ဆင်းရဲသည်။ သူတို့မှာ လှပတဲ့ တောင်တွေ၊ မြစ်တွေ ရှိသော်လည်း အတော်လေးကို ဆင်းရဲကြသည်။ ပထမ အကြောင်းပြချက်ကတော့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာဖြစ်ပြီး နောက်တစ်ခုကတော့ သူတို့က သူတို့ရဲ့ အဓိက နေရာကို ရှာမတွေ့သေးတာ ဖြစ်သည်။

တောင်ထူထပ်တဲ့ နေရာတွေမှာ အစေ့အဆန် စိုက်ပျိုးတာက အကျိုးမဖြစ်ထွန်းပါ။ အခြားသော ဆန်စပါး အထွက်ကောင်းသည့် မြို့တွေနှင့် ယှဥ်ကြည့်ပါက သူတို့ရဲ့ တောင်ထူထပ်သည့် နေရာတွေက ဂျုံပင်တွေ ကြီးထွားဖို့ တစ်ခုတည်း အပေါ်မှာ မှီခိုလို့ မရနိုင်ပါ။

ခုနစ်ခုမြောက် တပ်မဟာကို ဥပမာယူရမည်။ သူတို့ရဲ့ ဂျုံ၊ ဆန် စိုက်ပျိုးသည့် နေရာကို အနည်းငယ်သာ သတ်မှတ်ထားပြီး ဆည်မြောင်း စနစ်က မလွယ်ကူပါ။ နှစ်တိုင်း သူတို့က ရေရဖို့အတွက် အခြားတပ်မဟာတွေနှင့် ပြဿနာတက်ရသည်။ ဒီနှစ်မှာတော့ သူတို့က အထွက်နှုန်း မကောင်းသည့်အတွက် ရေရဖို့ ပြဿနာ မဖြစ်ခဲ့ရပါ။

တောင်ပေါ်မှာ ဒီလို ရတနာတွေ ရှိနေတာ သိသာသည်။ ငါတို့ ဆေးပင်နဲ့ အသီးပင်တွေ စိုက်ပြီး မြစ်နားမှာ မွေးမြူရေးကို တိုးတက်အောင် လုပ်လို့ရသည်။

ဥပမာအနေနဲ့ ပျားရည်စုတ်ပန်းက စိုက်ဖို့ လွယ်တယ်။ ပြီးတော့ ရေလည်း သိပ်မလိုဘူး။ အဲ့ဒါက အတော်လေး ဖြန့်ကျက်လို့ ရသည်။ လာမယ့်နှစ်ကျရင် အဲ့ဒါကို အစေ့ကနေ၊ ဒါမှမဟုတ် ကိုင်းဖြတ်ပြီးတော့ဖြစ်ဖြစ် စိုက်လို့ရတယ်။ အဲ့ဒါကို နှစ်တိုင်း နွေဦးနဲ့ နွေရာသီကို ရောက်ရင် ခူးလို့ရသည်။

အဲ့ဒါအပြင် ပျားရည်စုတ်ပန်းက အပူငြိမ်းပြီး မကောင်းတာတွေကို ဖယ်ထုတ်ပေးနိုင်ရုံတင်မကဘူး ရောင်ရမ်းတာတွေကို သက်သာစေသည်။ တစ်ချို့ ရှေးတုန်းက ဆေးနည်းအချို့မှာဆို လူတွေက တစ်ခါတစ်လေ ပျားရည်စုတ်ပန်းကို ရေထဲစိမ်ပြီး သောက်လေ့ရှိသည်။ အဲ့ဒါက ပိုးသတ်ပေးပြီး ဝမ်းလျှောတာကို ရပ်စေသည်။

ဝမ့်ရင်း - “ငါတို့တွေ ဒီနှစ် အဲ့အပင်ကို သေချာ စိုက်မယ်ဆိုရင် ဆောင်းတွင်းလောက်ဆို ငါက အဖွဲ့ခေါင်းဆောင်ကို သွားပြောပြီး နောက်နှစ် ငါတို့ အဲ့ဒါကို စမ်းကြည့်လို့ ရတယ်။”

ဝမ့်ရင်း လမ်းကြောင်းပေးလိုက်သည့် ဆေးပညာက ဆေးအမျိုးအစားတွေပဲ မဟုတ်ပါ။ အဲ့ဒါတွေကို စမ်းကြည့်ပြီးနောက် သူမက ပြည်တွင်း စိုက်ပျိုးရေးအတွက် အသင့်တော်ဆုံး အရာများစွာကို ရွေးပေးခဲ့သည်။ ပျားရည်စုတ်ပန်းက အသင့်တော်ဆုံး ဖြစ်သည်။

ချမ့်ယုက ဝမ့်ရင်းဆိုလိုတာကို နားလည်သောကြောင့် မြန်မြန်ပဲ ခေါင်းငြိမ့်ပြကာ ရက်ဘက်ကို ပုတ်ပြီး သူမက ထိုဆေးပင်တွေကို သေချာ ဂရုစိုက်ပါမယ်ဟုဆိုကာ ကတိပေးနေခဲ့သည်။

ရိတ်သိမ်းဖို့ကို အမြန် လုပ်ပြီးနောက် ချမ့်ရှုဖန်းက အလုပ်မှာ တစ်ခြားသူတွေနှင့် မပတ်သက်ဘဲ မစင်တွေ သယ်ဖို့ကို ထပ်ပြီး လုပ်ခဲ့သည်။ ချမ့်ယုကလည်း ထုံစံအတိုင်း နေ့တိုင်း တောင်ပေါ်မှာ သိုးတွေကို ကျောင်းခဲ့သည်။

သိုးသုံးကောင်ကို မွေးလာတာ နှစ်ဝက်လောက် ရှိနေပြီ ဖြစ်သည်။ ချမ့်ယုက တောင်ပေါ်မှာ မြက်စားဖို့ နေ့တိုင်း သူတို့ကို ခေါ်သွားသည့်အတွက် သူတို့တွေက အတော်ကို အကြီးမြန်ကြသည်။

ဝမ့်ရင်းသည် သူမ ဘယ်တော့ သိုးသားစားရမလဲဆိုတာ သူမရဲ့ စိတ်ထဲကနေ တွက်နေခဲ့သည်။ သို့သော် ဒီမှာ သိုးသားက အနည်းငယ်သာ ရှိသည်။ ဒီလောက် ပမာဏ နည်းနည်းနဲ့သာဆိုရင် ဆောင်းတွင်းရောက်မှ သိုးသား စွပ်ပြုတ်ကို စားတာက အသင့်တော်ဆုံး ဖြစ်သည်။

သိုးသားဟော့ပေါ့၊ သိုးသားခေါက်ဆွဲ၊ သိုးသားဖက်ထုပ်တို့လည်း ရှိသည်။

ဝမ့်ရင်းက သိုးသားကို စားချင်နေတာ ကြာလှပြီဖြစ်ပြီး ရှုရွှမ်းက အဲ့ဒါကို မြင်သည့်အခါ သူမအတွက် ခေါက်ဆွဲကို လုပ်ပေးခဲ့သည်။

ဝမ့်ရင်းက တိုးတိုးလေး ပြောလိုက်သည်။ “အဲဲဒါက ဘယ်လိုလုပ် တူမှာလဲ။”

သူမက အသားခေါက်ဆွဲကို စားချင်တာ ကြာလှပြီ ဖြစ်သော်လည်း ခေါက်ဆွဲပြားနှင့် အသားခေါက်ဆွဲက အတော်လေးကို ကွဲပြားသည်။

သို့သော် အဲ့ဒါကလည်း အရသာရှိသည်။

နယ်ထားသော ဂျုံကို လှီးဖို့အတွက် ဓားကိုသုံးပြီး ဂျုံကို ဓားနဲ့ အနီးကပ် ထားကာ တစခါလှီးရင် ခြောက်လက်မစီ လှီးရသည်။ ဂျုံချပ်တွေက များသောအားဖြင့် နှစ်ဖက်လုံးမှာ ပါးပြီး အလယ်မှာ ထူသည်။ ထို့အပြင် သူတို့ကို အိုးထဲမှာ ငါးတွေလိုလည်း ဖြူးထားသည်။

ထိုခေါက်ဆွဲထဲသို့ လှီထားသော ငရုတ်ပွနှစ်ဇွန်းကို ထည့်ပြီး အပေါ်ကနေ ဆီပူကို လောင်းချကာ အရသာမှုန့်တွေ ထည့်ပြီး ရောလိုက်သည်။ အနီရောင် ပန်းကန်လုံးကြီးထဲကနေ ရတဲ့အနံ့က အတော်လေးကို အရသာရှိသည်။

အိမ်မှာရှိတဲ့ ဝက်သားတွေ အားလုံးက ကုန်ပြီဖြစ်ပြီး ရှုရွှမ်းက မြို့ကို မသွားရသေးသည့်အတွက် အရင်လို သူ့ဆရာထံမှ ဘာအသားလက်မှတ်မှ မရသေးပါ။ ထို့ကြောင့် သူက ယုန်သားဖြင့် လုပ်ထားသော ခေါက်ဆွဲကို အင်တင်တင်ဖြင့် လုပ်လိုက်သည်။ ဝမ့်ရင်းက ခေါက်ဆွဲကို စားပြီးနောက် ရှုရွှမ်းကလည်း မနေနိုင်ဘဲ သူ့အတွက်သူ ယုန်သားခေါက်ဆွဲ တစ်ပွဲကို မှာလိုက်သည်။

ဒီခေါက်ဆွဲက ဝါးရပြီး မင်းစားတဲ့ အဲ့ဒါတွေထက် သူ့ရဲ့ အရသာက ပိုကောင်းတယ်။ ဝမ့်ရင်းက ညစာအတွက် ခေါက်ဆွဲကြော် လုပ်ဖို့ကို အကြံပေးဖို့ အခွင့်အရေး ယူလိုက်သည်။

ရှုရွှမ်းသည် အရင်က အသီးအရွက်ကြော်ကို တစ်ခါမှ မလုပ်ခဲ့ဖူးပါ။ ထို့ကြောင့် ဝမ့်ရင်းရဲ့ လမ်းပြမှုဖြင့် သူက ခရမ်းချဥ်သီး၊ ကြက်ဥ၊ ကြက်သွန်နီနှင့် ပဲပင်ပေါက်ကို ကြော်လိုက်သည်။

ဝမ့်ရင်းက ဝက်သားပြားကြော်ရဲ့ အရသာကို အတော်လေး လွမ်းနေခဲ့သည်။ အရင်ဘဝတုန်းက သူမ ဆေးအကြောင်း လေ့လာသည့်အခါ ကျောင်းရဲ့ အရှေ့ဘက် ဂိတ်ဝမှာ ဆိုင်တစ်ဆိုင် ရှိသည်။ အဲ့ဆိုင်က ဝက်သားကြော်က အတော်လေး ကောင်းသည်။ သိုးသားကို အိုးကြီးဖြင့် ကြော်ပြီး အရံဟင်းများကို ထပ်ထည့်ပေးထားသည်။ ဝက်သားကြော် တစ်ပန်းကန်ကို ရှစ်ယွမ်သာ ပေးရသည်။

အဲ့မှာ လဝက်လုံး တောက်လျှောက် စားခဲ့တာက သူမရဲ့ အမြင့်ဆုံး စံချိန် ဖြစ်သည်။ သူမက အစားများပြီး နေမကောင်း ဖြစ်သည့်အတွက် အဲ့ကို ဘယ်တော့မှ ထပ်ပြီး မသွားတော့ပါ။

သူမ ဘွဲ့ရပြီးမှ အဲ့ကို ထပ်သွားသည့်အခါ ဆိုင်ရှင်က သူမကို မှတ်မိနေဆဲဖြစ်ကာ အသားတွေ အများကြီးနှင့် ဝက်သားကြော် တစ်ပန်းကန်ကို လုပ်ပေးခဲ့သည်။

ဝမ့်ရင်းက စားနေရင်း စိတ်ကူးယဥ်နေခဲ့သည်။

ရှုရွှမ်း - “အရသာ မရှိလို့လား။”

သူက တစ်လုပ် စားကြည့်ပြီး အဆင်ပြေပါတယ်ဟု တွေးလိုက်သည်။ ဒါက သူချက်နေကြ ချက်နည်းမျိုး မဟုတ်သော်လည်း အရသာက လေးပြီး အနည်းငယ် ချဥ်သည်။ ခေါက်ဆွဲကို အရင်ပြုတ်ပြီး ကြော်လိုက်သည်။ ထို့ကြောင့် ခေါက်ဆွဲသားက အတော် စားကောင်းသည်။ ဒါနဲ့ အဲ့ဒါကို စားသောက်ဆိုင်ရဲ့ မီနူးထဲမှာ ထည့်လို့ရမယ်ထင်တယ်။

ကံကောင်းစွာဖြင့် ဝမ့်ရင်းက ခနလောက် စိတ်ပျော့ကာ စိတ်လှုပ်ရှားပြီးနောက် ထုံးစံအတိုင်း ဆက်ပြီး စားသောက်ခဲ့သည်။

ညစာစားပြီးနောက် ရှုရွှမ်းနှင့် ဝမ့်ရင်းက သိမ်းဆည်းပြီး ကြမ်းပြင်မှာ အိပ်ခဲ့ကြသည်။

ဟုတ်တယ်။ ကြမ်းပေါ်မှာ အိပ်ခဲ့သည်။

လူတွေက ရိတ်သိမ်းပြီးရင် ဘာလို့ ကြမ်းပေါ်မှာပဲ အိပ်ကြတာလဲ။

ဘာလို့လဲဆိုတော့ တစ်ခြားတပ်မဟာတွေမှာ ရိက္ခာတွေ ပြတ်လပ်နေလို့လေ။

ခုနစ်ခုမြောက် တပ်မဟာနဲ့ ကပ်နေတဲ့ အနီးဆုံး တပ်မဟာ တစ်ခုကလည်း အခြေအနေ မကောင်းကြပေ။ ဒါပေမယ့် ဒါက ကိစ္စကြီးတော့လည်း မဟုတ်ပါချေ။ ပြီးတော့ သူတို့တွေက တောင်နဲ့လည်း နီးသည်။ ပူလည်း ပူသည်။ အဲ့ဒါကြောင့် သူတို့တွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကြပ်တည်းနေကြပင်။ သူတို့က တစ်ခါတစ်လေ စားစရာရှာဖို့ တောင်ပေါ်ကို သွားလေ့ရှိသည်။ အရင်ဆုံး အသီးအရွက်တွေကို စားသည်။ ပြီးရင် အပင်တွေကို ပိုစိုက်ကြသည်။ သူတို့က ရာသီဥတု မအေးခင် ဒီလိုအချိန်အတွင်းမှာ အမြဲတမ်း လုပ်နေကြတာ ဖြစ်သည်။

All Chapters