← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 14 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 14 Ch. 157-158

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၅၇

အချိန်တွေ ကုန်သွားပြီးနောက် အထက်ကို သတင်းတွေ ပေးခဲ့ကြသည်။

သို့သော် အချို့အဖွဲ့တွေကတော့ သိပ်ပြီး ကံမကောင်းပါ။

နှစ်တိုင်း ဆောင်းတွင်းမှာရတဲ့ ဂျုံစေ့တွေကို လက်လွှဲပေးပြီးတာနဲ့ ဝေပေးတယ်ဆိုပေမယ့် ဒီနှစ်တော့ သူတို့တွေ ပြဿနာတစ်ခုနဲ့ ကြုံခဲ့ရသည်။

အဲ့မှာ ရိက္ခာ မလုံလောက်တော့ဘူးဆိုရင် သူတို့တွေ အဲ့ဒါကို အရင် ဝေပေးရမှာလား၊ အရင် လက်လွှဲပေးရမှာလား။

ထျန်းယိုဖုက အတော်လေး ဝမ်းသာနေပြီး အရင်ဆုံး ဂျုံများကို လက်လွှဲပေးကာ ကျန်တာကိုတော့ ဝေပေးခဲ့သည်။ အခုဆိုရင် အရာအားလုံးက ရှင်းသွားပြီ ဖြစ်သည့်အတွက် သူ့မှာ ဘာစိတ်ပူစရာမှ အများကြီး မရှိသလို အခြား တပ်မဟာနှင့် အဖွဲ့များမှ မေးခွန်းထုတ်တာကိုလည်း မခံရတော့ပါ။

'ဟဟ၊ ဘာတွေဖြစ်နေလဲဆိုတာ တပ်မဟာက မရှင်းသေးဘူးဆိုပေမယ့် တစ်ခြား တပ်မဟာတွေက ထပ်ပြီး စောင့်နိုင်တော့မှာ မဟုတ်ဘူး။ တစ်ချို့ တပ်မဟာတွေက သူတို့ရဲ့ ပိုက်ဆံတွေ အကုန်လုံးကို ပေးလိုက်ချိန်မှာ တစ်ချို့က သူတို့ရဲ့ ပိုက်ဆံတွေကို ခွဲပေးကြတယ်။'

'အဖွဲ့ခေါင်းဆောင်ကနေ အောက်ခြေက လူတွေအထိ စားစရာ အားလုံးကို ဝေပေးပြီးပြီ။ သူဆိုလိုတာ အကုန်လုံးကို ဝေပြီးပြီ။ မင်းလိုချင်ရင်တောင် အဲ့ဒါကို ပြန်ယူလို့ မရတော့ဘူး။ ဝေပေးတဲ့ ပမာဏက အရင် နှစ်တွေကလောက် မများဘူးဆိုပေမယ့် အနည်းဆုံး အဲ့ဒါက ဘယ်သူ့ကိုမှ ငတ်ပြီး မသေစေတာကိုတော့ သေချာတယ်။ အပြစ်ပေးမယ်လို့ ပြောတယ်မလား။ ဘယ်လို အပြစ်ပေးမှာလဲ။ စားစရာတွေက အဖွဲ့ထဲမှာ ဝေပြီးသွားပြီ။ ပြီးတော့ ဒီမှာ စားစရာတွေကို ဝေပေးတာ အဖွဲ့ခေါင်းဆောင်က တစ်ယောက်တည်း မဟုတ်ဘူး။ လူတိုင်းကို ဖမ်းလို့ရလား။ ဒါက မဖြစ်နိုင်တာ သိသာနေတာပဲလေ။'

'အပြည့် ပေးခံရတဲ့သူကတော့ ပြောဖို့ ခက်လိမ့်မယ်။'

တစ်ချို့ မိသားစုတွေမှာ စဖို့က ခက်ခဲတဲ့ဘဝတွေ ရှိသည်။ သူတို့တွေက ဆောင်းရာသီ မရိတ်သိမ်းခင် ဗိုက်ဆာရင် ရှင်သန်ဖို့ အသီးအရွက်တွေကို စားပြီး မှီခိုနေရလိမ့်မည်။ အဲ့လိုနဲ့ပဲ ဆောင်းရာသီ ရိက္ခာတွေ ဝေတာကို စောင့်နေရလိမ့်မည်။ အခုဆိုရင် သူတို့ရဲ့ ဘဝတွေ အားလုံးက အန္တရာယ်တောထဲမှာလေ။

ဒီလနဲ့ နောက်လအတွက်တော့ သစ်ဥ၊ သစ်ဖုတွေစားပြီး နေနိုင်သည်။ ဒါပေမယ့် အဲ့ဒါတွေ ပြီးရင်ရော ဘာလုပ်မှာလဲ။

နှစ်လအတွင်း သူတို့တွေ ဆောင်းတွင်းအတွက် ပြင်ရတော့မည်။ သူတို့တွေက စားစရာတွေ ပိုက်ဆံတွေ မရှိဘဲနဲ့ ဘယ်လို ရှင်သန်ကြမလဲ။

အခုချိန်တွင် တပ်မဟာရဲ့ အချို့ အပိုင်းတွေမှာ ပြဿနာ အနည်းငယ် ရှိတယ်ဆိုတာ ဝမ့်ရင်းက တပ်မဟာထဲရှိ လူများထံမှ ကြားခဲ့ရသည်။ ပြောတော့ ဒါက သေခြင်းတရားကြောင့်ဆို။ ဒါပေမယ့် အဲ့ဒါက ကိစ္စတော့ မရှိပါဘူး။ ဒါပေမယ့် လူတိုင်းက သူတို့ရဲ့ စားစရာတွေကို ငေးနေကြသည်။ အဲ့ဒါကို ခံနိုင်ဖို့ တစ်ချို့ မိသားစုတွေက အတော်ကို ဆင်းရဲကြလို့ အရမ်း စိတ်လှုပ်ရှားနေကြပြီ။ ဆွေးမျိုးတွေကြားထဲမှာ ရန်ဖြစ်ကြပြီး အချင်းချင်းလည်း ကတောက်ကဆတွေ ဖြစ်နေကြသည်။ ဒါပေမယ့်လည်း ဆက်သွားနေကြတာပါပဲ။

အခြေအနေ မကောင်းတဲ့သူတွေက အခြေအနေ ကောင်းတဲ့ ဆွေမျိုးတွေ၊ မိဘတွေဆီက အကူအညီယူတဲ့ လက်ထပ်ပြီးသား သမီးတွေဆီကနေ စားစရာတွေ သွားချေးကြသည်။ ပိုင်ဆိုင်မှုတွေ ခွဲပြီးတဲ့ လူတွေကလည်း တစ်ယောက်ကို တစ်ယောက် မှီခိုနေကြသည်။ ရုတ်တရက် ဒီလိုအချိန်မှာ ရိတ်သိမ်းဖို့ ပျော်နေကြတော့ ဘေးနားက တပ်မဟာတွေကလည်း ပိုပြီးတော့တောင် တက်ကြွလာကြသည်။

ဝူကွေ့ဟွာက ပိုပြီးတော့တောင် အလုပ်ရှုပ်နေခဲ့သည်။ နေ့လည်ပိုင်းမှာ လေ့ကျင့်ရေးကနေ ပြန်လာသည့် သူမရဲ့သမီး ရှင်းဟွာက ဝမ်းဆွဲသည် စားမေးပွဲကို အောင်ပြီး monk fruit တောင်းဖို့အတွက် ဝမ့်ရင်းဆီ လာခဲ့သည်။

ရှင်းဟွာက ဝမ့်ရင်းကို လက်ဟန်ခြေဟန်ဖြင့် ပြခဲ့သည်။ “သမီးအမေ အသံဝင်နေတယ်။ ပြီးတော့ သူ့ရဲ့ ပါးစပ်ထောင့်မှာ အဖုကြီးတစ်ခု ရှိတယ်။”

စားစရာ ချေးရတယ်ဆိုတာ အရမ်းတော့ မလွယ်ပါ။ အထူးသဖြင့် ဒီလို အခြေအနေမှာ ခုနစ်ခုမြောက် တပ်မဟာက အငတ်ဘေးကို အတော်လေး ရှောင်နိုင်ပြီး စားစရာ ချေးပေးနိုင်သည့် မိသားစုတွေကလည်း သိပ်ပြီး မရှိပါ။

ရလဒ်အနေဖြင့် ပြဿနာတွေ အားလုံးကို ရှောင်လို့ မရပါ။ လူအချို့က သူတို့ ဆွေမျိုးတွေရဲ့ တံခါးနားမှာ ဒူးထောက်ပြီး သူတို့ကို စားစရာတွေ မပေးဘူးဆိုရင် ထွက်သွားဖို့ကို ငြင်းခဲ့ကြသည်။

ဝူကွေ့ဟွာက အရမ်းကို အလုပ်ရှုပ်နေသည့်အတွက် ကလေးတွေကို သရုပ်ဆောင်ဖို့ ပြောရန် အချိန်တောင် မရှိခဲ့ပါ။

တကယ်လို့ ဂျုံတွေ ချေးတာက ပြဿနာဖြစ်လာရင် အဲ့ဒါကို မိသားစုကြားက ပြဿနာလို့သာ သတ်မှတ်လို့ ရနိုင်သည်။ ထို့နောက် ဂျုံစေ့တွေကို ခိုးတဲ့ကိစ္စမျိုး ဖြစ်လာခဲ့ရင် အဲ့ဒါက တစ်ဖွဲ့လုံးနှင့် သက်ဆိုင်သည်။

ခုနစ်ခုမြောက် တပ်မဟာက ပြောင်းစေ့တွေကို အမြန် စိုက်ပျိုးပြီး နောက်ထပ် စိုက်ခင်းများကို ရိတ်သိမ်းဖို့ ဆောင်းတွင်းအထိ စောင့်ရမည် ဖြစ်သည်။ ဒါဟာ လွန်ခဲ့သော နှစ်တွေတုန်းက သူတို့ လုပ်ခဲ့သည့် ပုံစံမျိုး ဖြစ်သည်။ သို့သော် ဒီနှစ်မှာတော့ အချိန်က ကပ်နေပြီး ပြောင်းခင်းတွေက မနှစ်ကထက် အထွက်နှုန်း နည်းဖို့ကို မျှော်လင့်ထားခဲ့ကြသည်။

သို့သော် စိုက်ခင်း အနည်းငယ် ရှိတာက ဘာမှ မစိုက်တာထက်တော့ ပိုကောင်းသည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့ကို ဝေပေးတဲ့ ရိက္ခာလေး နည်းနည်းနဲ့ဆိုရင် ငါတို့တွေ နောက်နှစ်အထိတောင် အသက်ရှင်နိုင်မှာ မဟုတ်လောက်ပေ။

ဘေးပတ်လည်က တပ်မဟာများကို ကြည့်ကြည့်လျှင် သူတို့ရဲ့ ငါးပုံတစ်ပုံလောက်ကသာ ခုနစ်ခုမြောက် တပ်မဟာလို တည်ငြိမ်ပြီး နောက်ထပ် စိုက်ခင်းတွေကို မနှောင့်နှေးစေခဲ့ပါ။

ဂျုံစေ့များကို စိုက်ပြီးနောက် အဖွဲ့ထဲရှိ လူတိုင်းက စိတ်သက်သာရာ ရသွားခဲ့ကြသည်။

ဒီနှစ်က အရင်နှစ်တွေကထက် ပိုပြီး ပင်ပန်းပေမယ့် သူတို့က မနားဘဲ ဆက်တိုက် အလုပ်လုပ်နေခဲ့တာ။ ကံကောင်းလို့ပေါ့။ သူတို့တွေ ဂျုံတွေ ရိတ်သိမ်းတာရော၊ ပြောင်းပင်တွေ စိုက်ဖို့ကိုရော မနှောင့်နှေးတာ။

အစေ့တွေကို စိုက်ပျိုးပြီး ရက်အနည်းငယ် ကြာပြီးနောက် တစ်ခုခု မှားနေတာကို အဖွဲ့က ရှာဖွေ တွေ့ရှိလိမ့်မယ်လို့ ဘယ်သူက တွေးမိကြမှာလဲ။

လူတစ်ချို့က ညလယ်ခေါင်ကြီး ရောက်လာပြီး ပျိုးစေ့တွေကို ယူသွားခဲ့ကြသည်။

တူးထားတဲ့ နေရာက မသေးဘဲ မြေတစ်ဧကကျော်ကို ဖုံးထားပြီး တပ်မဟာရဲ့ အစွန်အဖျားက မြေကွက် များစွာနှင့် အနီးကပ် ထားထားခဲ့သည်။

ဒါက လူတိုင်းကို အတော်လေး ဒေါသထွက်စေခဲ့သည်။

“အဲဲဒါက ငါးခုမြောက် တပ်မဟာပဲ ဖြစ်ရမယ်။ သူတို့က ငါတို့တွေနဲ့ အနီးဆုံးပဲ။ ညသန်းခေါင်ကြီး ငါတို့ရဲ့ အစေ့တွေကို လာခိုးတာ သူတို့ပဲ ဖြစ်ရမယ်။”

“ သူတို့က တော်တော်လေးကို မနာလိုတတ်ကြတာပဲ။ အကြောင်းက သူတို့တွေရဲ့ အဖွဲ့ထက် ငါတို့ရဲ့ အဖွဲ့ကို ပိုပြီး မကောင်းစားစေချင်ရုံပဲ။”

“တစ်ချို့ရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေကိုလည်း ဆွဲနှုတ်သွားတယ်လို့ ငါကြားထားတယ်။ အဲ့ဒါတွေက တော်တော်လေးကို များတယ်။”

“ငါတို့ မိသားစုပိုင် စိုက်ခင်းထဲမှာ ငါ မြေပဲပင်တွေကို စိုက်ထားတာ။ တစ်ယောက်ယောက်က အဲ့ဒါတွေကို နှုတ်သွားတယ်။ ဒါ ငါတို့ တပ်မဟာထဲက ကလေးတွေ လုပ်တာလို့တော့ ငါမထင်ဘူး။”

“ငါတို့ရဲ့ တပ်မဟာထဲမှာ အဲ့လိုတွေ မရှိဘူး။ ဒါပေမယ့် နင်က ဘာလို့ ဒီအချိန်ကြီး မြေပဲပင်တွေ စိုက်တာလဲ။ ဒါက မြေပဲရာသီလည်း မဟုတ်သေးဘူးမလား။”

“ငါတို့ရဲ့အိမ်မှာ ဆီကုန်နေပြီ။ အဲ့ဒါကြောင့် ငါက ဘယ်လိုလုပ် မြေပဲပင်တွေ မစိုက်ရမှာလဲ။ အဲ့ဒါကြောင့် ငါက အိမ်မှာရှိတဲ့ ဟင်းရွက်စိုက်ခင်းကို ရှင်းပြီး မြေပဲပင်တွေ စိုက်ထားရတာပဲ။”

“အဲ့လူတွေက ငါတို့ရဲ့ အစေ့တွေကို ခိုးသွားတာဆိုရင်ရော နင်ဘယ်လိုထင်လဲ။”

“စိုက်ခင်းထဲက ပြောင်းစေ့တွေကို ဓာတ်မြေသြဇာနဲ့ ရောထားတယ်ဆိုတာ ဘယ်သူက မသိမှာလဲ။ ငါတို့က အဲ့ဒါတွေ ပြန်ယူလိုက်ရင်တောင် စားလို့မရဘူး။”

……

လွန်ခဲ့သော ရက်ပိုင်းတုန်းက ထျန်းယိုဖုသည် အရမ်း ပင်ပန်းနေခဲ့ရပြီး သူက ထိုအကြောင်းကို ကြားသည့်အခါ အစေ့တွေကို ဘယ်သူက ခိုးလဲဆိုတာ မစုံစမ်းခဲ့ပါ။ သို့သော် ထိုအစား သူက လယ်ကွင်းထဲမှာ လူတွေ အိပ်ဖို့အတွက် စီစဥ်ပေးခဲ့သည်။

သဘာဝဘေးကြောင့် နေရာတွေအများကြီး ပျက်စီးသွားတော့ တပ်မဟာထဲမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် အခြေအနေတွေ ရှိမှာပဲ။ ဂျုံစေ့တွေကို ဘယ်သူ ခိုးသွားလဲဆိုတာ သူတို့ မရှာနိုင်ပေ။

ထို့အပြင် ပြောင်းစေ့တွေကို ဓာတ်မြေသြဇာတွေနှင့် ရောထားတာကို မသိဘဲ စားမိပြီး သေသွားမှာကိုလည်း ထျန်းယိုဖုက စိတ်ပူနေခဲ့သည်။ သူက မတုံ့မဆိုင်းဘဲ စီစဥ်မှုတွေကို လုပ်ခဲ့သည်။

တပ်မဟာထဲရှိ မိသားစုတိုင်းမှ ပါဝင်တဲ့သူ တစ်ယောက်ချင်းစီအတွက် တာဝန်တွေကို စီစဥ်ပေးပြီး ဂျုံစေ့တွေကို စောင့်ကြည့်ဖို့ လယ်ထဲမှာ အိပ်ရသည်။

ကိုယ်ပိုင် စိုက်ခင်းများမှာတောင် ဘာတာဝန်မှ မရှိသော်လည်း မိသားစုတွေ များစွာက အဲ့မှာပါ အလှည့်ကျ စောင့်ကြည့်ပေးနေဆဲ ဖြစ်သည်။

သူတို့က အစေ့တွေကို လိုက်ခိုးနေကြတာပဲ။ ငါတို့ကသာ သူတို့ကို အဲ့လိုတွေ လုပ်ခွင့်ပေးလိုက်ရင် အဖွဲ့သားတွေက ဒီနှစ် ပြောင်းတွေကို ရိတ်သိမ်းနိုင်မှာ မဟုတ်တော့ဘူး။”

အဲ့ဒါက ရှုမိသားစုအတွက် ခက်ခဲသည်။ အမျိုးသမီးကြီး မစ္စရှုက တစ်ယောက်တည်း နေရပြီး ကလေးတစ်ယောက်ကို ထောက်ပံ့ဖို့ လိုအပ်သည်။ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ကလည်း ကလေးတစ်ယောက်ကို ထောက်ပံ့ပေးဖို့ လိုအပ်သည်။

ဒါဟာ မိသားစုလေးတစ်ခု ရှိနေရခြင်း၏ အခက်အခဲ ဖြစ်သည်။ ဒီလိုကိစ္စမျိုး တစ်ခုခုသာ ဖြစ်သွားခဲ့ရင် မိသားစုဝင်များတဲ့ မိသားစုကြီးက သူတို့ကြားထဲ ရောက်လာလိမ့်မယ်။ ဒါပေမယ့် ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ နှစ်ယောက်လုံးက သွားရမည် ဖြစ်သည်။

သို့သော် မြေပေါ်မှာ အိပ်ရတာ တစ်လလောက် ရှိပြီဖြစ်သည့်အတွက် သူတို့အတွဲရဲ့ အလှည့်ကို လေး၊ ငါးခါသာ ရောက်သေးသည်။

ဒါကို သည်းခံနိုင်သေးတယ်ဟု ဝမ့်ရင်းက ခံစားမိခဲ့သည်။

ရှုရွှမ်းက သူမရဲ့ နားနားကို တီးတိုးလေး ကပ်ပြောခဲ့သည်။ “ညသန်းခေါင်ထိ စောင့်နေ။ ပြီးရင် အိပ်ဖို့ ပြန်လာပြီး မနက်မှ ပြန်သွားလိုက်။”

သူက အဲ့ဒါကို တစ်ယောက်တည်း လုပ်နိုင်သည်။ ဒီကိုလာသည့် သူခိုးတွေ အများစုက သူ့အတွက် စားစရာ လာပို့ပေးကြရုံပဲ။

သို့သော် ဝမ့်ရင်းက ငြင်းလိုက်သည်။ “အဲ့တော့ ဘာဖြစ်လဲ။ စခန်းချတယ်လို့ပဲ တွေးလိုက်ပေါ့။”

မီးရောင် ထိန်ထိန်ပြပြတွေ မရှိသည့် နွေရာသီရဲ့ ညတသ်ညမှာ မိုးမရရွာသ၍ အပြင်မှာ အိပ်ရတာက အတော်လေးကို သက်တော့သက်သာရှိသည်။

အဆင်မပြေဘူးဟု ဝမ့်ရင်းက လုံးဝကို မခံစားရပါ။ သူမသည် အိမ်က ခြင်ထောင်ကို ယူလာပြီး အဲ့ဒါကို ထောင်ဖို့ တုတ်ချောင်းများ သွားရှာရန် ရှုရွှမ်းအား ပြောလိုက်သည်။ ထို့နောက် သူမက ဘေးပတ်လည်မှာ ပူရှိန်းအရည်ကို ဖြန်းလိုက်ပြီး ကောက်ရိုးခြောက်ပေါ်မှာ ဖျာကို ခင်းလိုက်သည်။ သူတို့နှစ်ယောက်က မြေပေါ်မှာ လှဲပြီး ကြယ်တွေကို ကြည့်နေခဲ့ကြသည်။

ပုရစ်တွေကလည်း ဘေးကနေ မနားတမ်း အော်နေပြီး ကောက်ရိုးတွေရဲ့ အနံ့က မြေပေါ်မှာ စွဲနေခဲ့သည်။ အထူးသဖြင့် ကောင်းကင်ပေါ်မှာရှိတဲ့ ကြယ်တွေက ငါ့ရဲ့ အရင်ဘဝတုန်းက အင်တာနက်ပေါ်မှာ မြင်ရတဲ့ ပုံတွေလိုပဲ တလက်လက် ဖြစ်နေတာ။ သူမက ကောင်းကင်ပေါ်က နဂါးငွေ့တန်းကို မြင်ချင်တာပင်။

ကောင်းကင်ပေါ်က တလက်လက် တောက်နေသည့် ကြယ်တွေကို ဝမ့်ရင်းက အသစ်အဆန်း တစ်ခုခုကို မြင်ရသည့် ကလေးတစ်ယောက်လို ကြည့်နေပြီး အိပ်မပျော်နိုင် ဖြစ်နေခဲ့သည်။ သူမက စကားပြောဖို့ ရှုရွှမ်းကို ကြည့်လိုက်သည်။

သူတို့က ညသန်းခေါင်ထိ စကားတွေ ပြောနေကြပြီး ခနလေးအတွင်းမှာပဲ အိပ်ပျော်သွားခဲ့သည်။

......

ထို့အပြင် ဝေးလံသော တောင်ပိုင်းစခန်း၌။

ပူပြင်းတဲ့ နွေရာသီရဲ့ည ပြီးသွားသည့်နောက် မိုးက သည်းထန်စွာ ရွာခဲ့သည်။ သို့သော် မိုးက အပူကိုတော့ ငြိမ်းစေပုံ မရပါ။ သို့သော် အပြင်ဘက်မှာ​တော့ လေက ဒီတိုင်းပဲ ဖြစ်သည်။ လေမတိုက်ဘဲ မိုးသာ ရွာသည်။ ပြတင်းပေါက်တွေ ဖွင့်ထားရင်တောင် အတော်လေး ပူသည်။

ကျောက်ကျွင်းက မျက်လုံးကို မှိတ်ပြီး ဟိုလှိမ့်ဒီလှိမ့် လုပ်နေခဲ့သည်။ သူက အိပ်မက်ကနေ မထနိုင်သလို ဖြစ်နေခဲ့သည်။

ရုတ်တရက် ကျောက်ကျွင်းက မျက်စိ ဖွင့်လိုက်သည်။

သူ့ရဲ့ မျက်လုံးတွေက အာရုံစိုက်မရဘဲ ဘေးနားက အရာတွေက တစ်ခုနဲ့တစ်ခု ထပ်နေသည်။ ကပ်နေတဲ့ အိပ်ခန်းထဲမှာ ထိုင်ခုံနှင့် စားပွဲခုံတွေကို သပ်သပ်ရပ်ရပ် စီစဥ်ထားပြီး တံခါးနှင့် ပြတင်းပေါက်တွေက ယိုစိမ့်နေခဲ့သည်။

ကျောက်ကျွင်းက လန့်သွားခဲ့သည်။ ဒါဟာ သူ တပ်ထဲမှာ ရှိတုန်းက နေခဲ့ရသည့် အိပ်ဆောင် ဖြစ်သည်။ ဒါဟာ သူ ကြိန်ဖန်များစွာ တွေးထားသည့် နေရာတစ်ခု ဖြစ်သည်။

ကျောက်ကျွင်းက ရုတ်တရက် ထလိုက်ပြီး ဘေးနားကို သူ့ဘာသာ ကြည့်လိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်က ပိုပြီး ငယ်သွားတာ သိသာနေခဲ့ပြီး သူ့ပေါင်ပေါ်ရှိ အမာရွတ်တွေသည် သူဟာ အသက်နှစ်ဆယ်သို့ ပြန်ရောက်သွားကြောင်းကို ပြနေခဲ့သည်။

ကျောက်ကျွင်းက သရဲတစ်ကောင်လို အိပ်ရာပေါ်မှာ ရီဝေဝေဖြစ်ကာ လှဲလိုက်သည်။

' ဒါဟာ အိပ်မက်တစ်ခုလား။ ဒါဟာ အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား ' သူ့ကိုယ်သူ မေးလိုက်သည်။

သူက အဲ့လိုလူမျိုး မဟုတ်ဘဲ အတိတ်က အရာတွေကို မျှော်လင့်ပြီး သူသာ ပြန်စလို့ရရင် အရာအားလုံးက အဆင်ပြေသွားမှာဟု တွေးနေတတ်သည့် စိတ်ကူးယဥ်သမားမျိုး မဟုတ်ပါ။ သူ့မှာ ကိုယ်ပိုင် အလုပ်တစ်ခု၊ စဥ်းစားတတ်သည့် ကလေးတွေ၊ ပိုက်ဆံနှင့် ဆွေမျိုးအားလုံး ရှိသည်။ သူက ပြန်ပြီး မွေးဖွားချင်တဲ့ စိတ်ကူးမျိုး မရှိပါ။

ရုတ်တရက် ကျောက်ကျွင်းက ခေါင်းထဲမှာ စူးခနဲ ဖြစ်သွားတယ်ဟု ခံစားခဲ့ရသည်။

အဲ့ဒါက သူ့ခေါင်းကို ဖွင့်ပြီး မှတ်ဉာဏ်တွေကို တွန်းအားပေးလိုက်သလိုပဲ။

ကျောက်ကျွင်းသည် သူ့ဘေးက အရာရာတိုင်းဟာ အဓိပ္ပါယ် မရှိဘဲ စိတ်ပျက်ဖို့ ကောင်းတယ်ဟု ခံစားခဲ့ရသည်။

သူ့ဘဝရဲ့ မှတ်ဉာဏ်တွေဟာ နှစ်ဝက်ကျော်လောက် မှားနေပြီး အမြစ်တစ်ခုမှ အကိုင်းနှစ်ခု ထွက်နေသလို ခံစားခဲ့ရသည်။

သူက ဝမ့်ရင်းကို လက်ထပ်ရမည့်အစား ဝမ့်လင်းလင်းကို လက်ထပ်ခဲ့ရသည်။

ဝမ့်လင်းလင်းက သူမရဲ့ မိသားစုကို စွန့်ပစ်ပြီး ဆေးရုံမှာ ဒဏ်ရာရနေသည့် သူ့ကို လာတွေ့ကာ သူ့ကလေးတွေရဲ့ မိထွေးဖြစ်ဖို့ ကမ်းလှမ်းခဲ့သည်။

ဝမ့်လင်းလင်းက ဘာကိုမှ မတောင်းဆိုဘဲ သူ့အိမ်ကို ပြောင်းကာ ကလေးနှစ်ယောက်ကိုလည်း သူမရဲ့ သားသမီးအရင်းတွေလို ဆက်ဆံခဲ့သည်။

ဝမ့်လင်းလင်းရဲ့ လှုံ့ဆော်မှုအောက်မှာ သူက မိသားစုကို ခွဲခဲ့ရသည်။

ကျောက်ကျွင်းက နှုတ်ခမ်းကို တင်းတင်းလေး ကိုက်ထားခဲ့သည်။ နှစ်ပေါင်းများစွာ အထက်လူကြီး တစ်ယောက်အနေဖြင့် နေခဲ့ရသည့် သူ့ဘဝမှာ အံ့အားသင့်စရာတွေကို တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ကြည့်နေရတာဟာ သူ့အတွက်တော့ အသားကျနေပြီ ဖြစ်သည်။

လွှမ်းမိုးနေသည့် အတွေးများအကြားတွင် ကျောက်ကျွင်းက သူ့ရဲ့အကြံတွေကို ထုတ်ဖို့အတွက် အတော်လေးကို စီမံခဲ့ရသည်။

သူက ပြန်မွေးဖွားလာတယ်ဆိုတာ ဘာသံသယမှ မရှိပါ။ ဘာကြောင့်လဲဆိုတာကို သူ မသိသော်လည်း သူက ပြန်သွားဖို့ ဘယ်တော့မှ အခွင့်အရေး မရတော့ဘူးဆိုတဲ့ ခံစားချက်တစ်ခုက သူ့စိတ်ထဲမှာ အမြဲတမ်း ရှိနေခဲ့သည်။

ကျောက်ကျွင်းက သူ့ရဲ့ မျက်ခုံးကို ပွတ်လိုက်သည်။ သူသာ ပြန်မွေးဖွားလာတာဆိုရင် အံ့သြရမည် ဖြစ်သော်လည်း လုံးဝကို ဝမ်းနည်းရမည် မဟုတ်ပါ။

အတိတ်ဘဝမှာ ကိစ္စတွေ ကပြောင်းကပြန် ဖြစ်တာမျိုး မရှိသ၍ သူကတော့ လမ်းကြောင်းအတိုင်း လိုက်ဆဲ လိုက်နေမည် ဖြစ်သည်။ သူ့အတိတ်ဘဝရဲ့ လုပ်ရပ်များမှ နောင်တရစရာ အချို့အတွက် ပြင်ဆင်နိုင်မည် ဖြစ်သည်။

ဥပမာ သူ့အမေက နောက်နှစ်ကျရင် ကျန်းမာရေးကြောင့် သေတော့မည် ဖြစ်သည်။

သူက အိမ်ကို စောစောပြန်ပြီး သူ့အမေကို ဆရာဝန်နှင့် ပြပေးလို့ရမည် ဖြစ်သည်။

ထို့အပြင် သူ့ရဲ့ စီးပွားရေးကိုလည်း စောစောစီးစီး စနိုင်မည် ဖြစ်သည်။ သူ့ရဲ့ အတိတ်ဘဝမှာ ခန္ဓာကိုယ် ပြဿနာကြောင့် နောက်နှစ်မှာ သူ့ရဲ့ မွေးရပ်မြေသို့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ရပြီး နိုင်ငံပိုင် စက်ရုံမှာ တာဝန်ချထားခံခဲ့ရသည်။ ပြန်ပြီး သိပ်မကြာခင်မှာ သူက မြို့မှာ အခြေချခဲ့သည်။

နောက်ပိုင်းမှာတော့ ကျေးလက်ကနေ တောင်ပေါ်ထွက် ပစ္စည်းများကို စုဆောင်းဖို့ သူ့ရဲ့ ညီအစ်ကိုများက ကူညီပေးခဲ့ပြီး သူက မြို့မှာ သူ့ရဲ့ စီးပွားရေးကို အမြန် စတင်ခဲ့သည်။ ထို့နောက် သူ့ရဲ့ နောက်ပိုင်း စီးပွားရေးအတွက် အခြေချခဲ့သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၅၈

သူ့ရဲ့ ဘဝမှာ စောစောစီးစီး အလုပ်ကနေ ပြောင်းဖို့ ရွေးချယ်ခံရနိုင်ပြီး အချို့ လုပ်ငန်း အခွင့်အရေးတွေကို ရှာနိုင်မည် ဖြစ်သည်။

သို့သော် အခုဆိုရင် သူ့ရဲ့ ဒီအစီအစဥ်က အမျိုးမျိုး ဖြစ်နေသည်။

ဒါကလည်း ဝမ့်လင်းလင်းကြောင့် ဖြစ်သည်။

ကျောက်ကျွင်းရဲ့ ပုံစံက မှုန်သုန်သုန် ဖြစ်နေခဲ့သည်။ သူက အတိတ်နှင့် ပစ္စုပ္ပန်ကို တွေးသည့်အခါတိုင်း အရာရာဟာ ဘာကြောင့် ပြောင်းလဲနေရတာလဲဆိုတာ သူသိနှင့်ပြီး ဖြစ်သည်။

ဝမ့်လင်းလင်းကလည်း ပြန်မွေးဖွားလာတဲ့သူ ဖြစ်ရမည်။

ကျောက်ကျွင်းက သူ့မိန်းမရဲ့ ဝမ်းကွဲကို ဘယ်တုန်းကမှ အမြင်မကြည်ခဲ့ပါ။

သူ့ရဲ့ အတိတ်ဘဝက ဒါကိုတော့ သူဟာ သေသေချာချာ မှတ်မိနေခဲ့သည်။ ဒီဝမ်းကွဲက မြို့မှာ စားဖိုးမှူးအဖြစ် လုပ်ကိုင်နေသည့် လူငယ်တစ်ယောက်နှင့် လက်ထပ်ပြီး ကောင်းကောင်း နေခဲ့ရသည်။ သူ့ရဲ့နာမည်က ရှုရွှမ်း ဖြစ်ဟန်တူသည်။

သို့သော် နောက်ပိုင်းမှာတော့ ထိုလူရဲ့ ဘဝကို ရှုပ်ထွေးအောင် လုပ်ခဲ့သည်။ သူ့ရဲ့အလုပ်ကို ဆုံးရှုံးခဲ့ရုံသာမက လက်တွေလည်း ကျိုးသွားခဲ့သည်။

ကျောက်ကျွင်းက မျက်မှောင်ကို ကြုတ်လိုက်သည်။ လူတွေသိတဲ့ ဒီခယ်မက ပြန်လည် မွေးဖွားသည့်အခါ သူမ ညီမရဲ့ မင်္ဂလာပွဲကို လုယူသွားလိမ်မယ်ဟု သူ ဘယ်တုန်းမှ မတွေးခဲ့ဖူးပါ။

ထို့နောက် သူသည် တစ်ဖက်လူအကြောင်းကို ဘာတစ်ခုမှ မသိဘဲ လက်ထပ်ခဲ့ရသည်။

ဒါတွေအားလုံးက အတော်လေး မယုံကြည်နိုင် ဖြစ်နေသည့်အတွက် ကျောက်ကျွင်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

ဝမ့်လင်းလင်းက သူ့ထက် နှစ်ဝက်လောက် စောပြီး ပြန်မွေးဖွားလာခဲ့သော်လည်း သူမက သူ့ရဲ့ဘဝကို အံ့သြဖို့ကောင်းအောင် ပြောင်းလဲပစ်ခဲ့ပြီး ဖြစ်သည်။

အခုဆိုရင် သူမက သူ့ရဲ့ ညီအစ်ကိုတွေနှင့် ခွဲနေပြီး ကလေးတွေကို စောင့်ရှောက်ဖို့အတွက် လက်လွှဲ ယူခဲ့သည်။ ထို့အပြင်….

'ဝမ့်ရင်း'

ဝမ့်လင်းလင်းက သူမရဲ့ လက်ထပ်ပွဲကို လုသွားတော့ အခုချိန် ဝမ့်မိသားစုထဲမှာ သူမရဲ့ အခြေအနေက ဘယ်လိုရှိလဲတော့ သူလည်း မသိပေ။

ကျောက်ကျွင်းက ညတိုင်းနီးပါး အဲ့နေရာမှာ ထိုင်ပြီး နောက်ဆုံးမှာတော့ မနက်စောကြီး သူက စိတ်ကို ပြင်ဆင်လိုက်သည်။

သူက ထွက်သွားဖို့ ပြောသည့်အခါ အထက်လူကြီးက သူ့ကို မေးခဲ့သည်။ “မင်း ဘာလို့ ဒီလောက်တောင် အလျင်လိုနေတာလဲ။ မင်းက ဘာလို့ ရုတ်တရက်ကြီး တစ်လလောက် ကြိုထွက်ချင်နေတာလဲ။”

ကျောက်ကျွင်းက ခနလောက် တွေဝေသွားခဲ့ပြီး သူ့ရဲ့ အတွေးတွေကို ရိုးရိုးလေးပဲ ပြန်ပြောပြခဲ့သည်။ အထက် လူကြီးက သူ့ရဲ့ စကားတွေကို ချက်ချင်းပဲ နားလည်သွားခဲ့သည်။

အထက်လူကြီးက သက်ပြင်းချပြီး သူ့ရဲ့ ပုခုံးကို ပုတ်လိုက်သည်။

တိုက်ပွဲက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စဲသွားပြီ။ အဲ့ဒါက ရှေ့နှစ်တွေလောက် သိပ်ပြီး ပြင်းထန်တော့မှာ မဟုတ်ဘူး။ တပ်ကလည်း ရာထူးမတိုးနိုင်တော့တဲ့ အဆင့်နိမ့် လုပ်သားတွေကို တဖြည်းဖြည်းနဲ့ တကယ် အနားပေးတော့မှာ။

ကျောက်ကျွင်းရဲ့ အထူး အရည်အချင်းတွေက သတ်မှတ်ချက်ကို မပြည့်မှီဘဲ သူ့ရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုက တဖြည်းဖြည်းချင်း ကျလာခဲ့သည်။ နောက်ထပ် နှစ်နှစ်အတွင်းမှာ သူက ဆက်ပြီး မတိုးတက်လာတော့ရင် သူက တစ်ခြားအလုပ်ကို ပြောင်းခံရတော့မှာ သေချာသည်။

အခုလို လုပ်လိုက်တာကလည်း သူ့အတွက် ကောင်းသည်။ အဖွဲ့အစည်းက ထုံးစံအတိုင်း သူ့ရဲ့ အမြင်ကို စဥ်းစားပေးလိမ့်မည် ဖြစ်သည်။

အဲ့ဒါကို ဆုံးဖြတ်ပြီးနောက် အထက် လူကြီးက ကျောက်ကျွင်းကို တစ်လ ခွင့်ယူဖို့ အမြန်ပဲ လက်ခံပေးခဲ့သည်။

ကျောက်ကျွင်းက အိမ်ကိုပြန်တဲ့ ရထားပေါ်ကို တက်သွားခဲ့သည်။

ရထားက လမ်းမှာ ရက်အနည်းငယ် ကြာပြီးနောက် ကျောက်ကျွင်းက ဆင်းပြီး ရထား ထပ်ပြောင်းရသည်။

သူက ရွာအဝင်ဝကို ရောက်သည့်အခါ သူက မောပန်းပြီး ဖုန်တလူးလူး ဖြစ်နေခဲ့သည်။

ကျောက်ကျွင်းက စိတ်သက်သာရာရပြီး သက်ပြင်းကို ချလိုက်သည်။ အိမ်ကိုပြန်ရတဲ့ ခရီးက တကယ်တမ်းမှာ သူထင်ထားတာထက် ပိုကြာနေခဲ့သည်။

သူက သူ့ရဲ့ အသက်နှစ်ဆယ်လောက်ကို တကယ်ကြီး ပြန်ရောက်သွားလိမ့်လို့ ဘယ်တုန်းကမှ မတွေးဖူးတာ သေချာသည်။

ကျောက်ကျွင်းက သူ့အတိတ်ဘဝတုန်းက မှတ်ဉာဏ်အတိုင်း လိုက်သွားကာ ရွာအဝင်ဝကနေ အိမ်ကို လမ်းလျှောက်သွားခဲ့သည်။ သူက ရွာထဲကို ဝင်သွားသည့်အခါ သူ့ကို လူတစ်ယောက်က မှတ်မိသွားခဲ့သည်။

အသက်ကြီးကြီး မိန်းမတစ်ယောက်က သူ့ကို လက်ညှိုးထိုးပြီး အကြာကြီး ပြောနေခဲ့သည်။ “မင်းက ကျောက်မိသားစုရဲ့ တတိယမြောက်သားမလား။ မင်းက ဘာလို့ ဒီအချိန်ကျမှ ပြန်လာရတာလဲ။ အခုက ပွဲတော်ရက်လည်း မဟုတ်ဘဲနဲ့ တပ်မဟာထဲကို ဘာလာပြန်လုပ်တာလဲ။”

အဲ့ကိစ္စကြောင့် ကျောက်ကျွင်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ နောက်ပိုင်း သူ့ရဲ့ ဘဝမှာ သူက အမြဲတမ်း ဒီလူတွေကို ဝေ့ဝိုက်ပြီး စကားပြောခဲ့ရသည်။ ဒီလို တည့်တိုး မေးခွန်းများကို ဘယ်သူမှ မမေးတာ ကြာလှပြီ ဖြစ်သည်။

“အဒေါ်၊ ကျွန်တော်က ကျွန်တော့်ရဲ့ အမေနဲ့ ကလေးတွေကို တွေ့ချင်လို့ ပြန်လာတာလေ။”

“အိုး၊ ဒီနှစ် ငါတို့ရဲ့ တပ်မဟာထဲမှာ အထွက်နှုန်း မကောင်းတာကို ​မင်း ကြားပြီးပြီလား။ အိုး၊ မင်းက အရမ်း သားသမီး ဝတ္တရားကို ကျေပွန်တာပဲ။ မင်းက ပိုက်ဆံပို့ဖို့ ပြန်လာတာဆိုရင်ပဲ လုံလောက်ပါပြီ။ ဒါပေမယ့် မင်းက ငါ့ဆီလာလည်ဖို့ ပြန်လာတာဆိုရင် တွေးရခက်ကုန်ပြီ။”

ကျောက်ကျွင်းက အိမ်ကိုမပြန်ခင် ထိုမိန်းမကြီးနှင့် စကားအနည်းငယ် ပြောခဲ့သည်။

သူက အိမ်ကို လွမ်းနေခဲ့ပြီး အထူးသဖြင့် သူ့ရဲ့ဘဝကို ဖျက်စီးခဲ့သည့် ဝမ့်လင်းလင်းကို ဖြစ်သည်။ သူက သူမနှင့် ညှိဖို့အတွက် ဘာပြောရမလဲဆိုတာကိုသာ တွေးနေခဲ့သည်။

သူက အိမ်ကို မရောက်ခင်မှာ အရှေ့ကနေ ငိုသံကြီး တစ်သံကို ကြားခဲ့ရသည်။ အဲ့အသံက လူတိုင်း ဟင်းချက်ရင်း အလုပ်ရှုပ်နေသည့် ညနေပိုင်း အချိန်မှာ ထွက်လာသည့်အတွက် အတော်ကို ကျယ်သည်။

“ဝမ့်လင်းလင်း၊ ငါ နင့်ကို သတ်မယ်။”

“စောင့်နေ။ ငါနင့်ကို လူသတ်မှုနဲ့ တရားစွဲမယ်။ ထောင်ထဲမှာ ထိုင်စောင့်နေ။ ဝမ့်လင်းလင်း နင်စောင့်နေစမ်းပါ။”

“ အမေ၊ မျက်လုံးဖွင့်ပြီး သားကို ကြည့်ပါဦး။ ဘယ်လိုလုပ် ဒီလိုမျိုး သေသွားရမှာလဲ။”

“အဖွား။ သား မိထွေးကို ထပ်မလိုချင်တော့ဘူး။ မိထွေးတွေက မကောင်းဆိုးဝါးတွေ။”

ကျောက်ကျွင်းက လုံးဝကို မှင်သက်သွားခဲ့သည်။ တစ်ယောက်ယောက်ကို ကြည့်ဖို့အတွက် ပြေးလာသည့် ရွာသားတစ်ယောက်ကို အမြန်ပဲ ဆွဲခေါ်လိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ။”

ရွာသားက ချက်ချင်းပဲ သူ့ကို မှတ်မိသွားခဲ့ပြီး အံ့သြကာ ဝမ်းနည်းနေခဲ့သည်။ “ ကျောက်ကျွင်း၊ မင်းက ဘာလို့ ပြန်လာတာလဲ။ မင်းအမေကို မြန်မြန်သွားကြည့်။ မင်းအမေ တစ်ခုခု ဖြစ်နေပြီ။ အစားအသောက်အတွက် မင်းအမေက မင်းမိန်းမနဲ့ ရန်ဖြစ်နေတာ။ အဲ့မှာ သူမက ရန်ဖြစ်ရင်း သေတော့မယ်။”

“ငါ မင်းကို အဖွဲ့ခေါင်းဆောင်ကို အခုချက်ချင်း သွားရှာဖို့ ပြောထားတယ်လေ။ သူ့ကို သတိ​ပေးဖို့ မင်း သွားပြော။”

ကျောက်ကျွင်းရဲ့ လည်ချောင်းထဲမှာ စို့နင့်သွားပြီး သူ့ရဲ့ ရင်ဘက်ထဲမှာ အသက်ရှူမဝ ဖြစ်လာခဲ့သည်။ သူက ထိုသတင်းကို ကြားပြီးနောက် မူးသွားပုံ ရသည်။

'ဟမ်၊ သေပြီလား။'

လူတွေသည် အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ မိဘတွေကို ပိုလွမ်းလာတတ်ကြပြီး အထူးသဖြင့် ကျောက်ကျွင်းက သူ့ရဲ့ အတိတ်ဘဝတွင် အသက် ငါးဆယ်ကျော်တဲ့အထိ တည်ငြိမ်တဲ့ ဘဝလေးမှာ နေခဲ့ရသည်။ သူက ချမ်းသာတဲ့ မိသားစုတစ်စုကို ဦးဆောင်ပြီး သူ့ကလေးတွေကလည်း အရမ်းကို အောင်မြင်ကြသည်။ ဒါဟာ အသက်လတ်ပိုင်းရှိသည့် လူတွေက တစ်ခါတစ်လေ သူတို့ရဲ့ မိဘတွေကို သိပ်ပြီး မစောင့်ရှောက်နိုင်သည့်အတွက် ညီးညူနေကြသည့် အချိန်မျိုး ဖြစ်သည်။

အခုဆိုရင် သူက ပြန်မွေးဖွားလာတာတောင် နှစ်တွေ အကြာကြီး ကြုံခဲ့ရသည့် မကောင်းသော မှတ်ဉာဏ်တွေက ပိုပြီး မြင်သာလာခဲ့ကာ သူ့အမေရဲ့ ပုံရိပ်က နောက်ပိုင်းမှာလောက် မတောက်ပြောင် မထင်ရှားသော်လည်း ကျောက်ကျွင်းက သူ့ရဲ့ ပြန်ပြီး မွေးဖွားလာတာကို ကံကောင်းတယ်ဟုသာ တွေးနေဆဲ ဖြစ်သည်။

အပြန်လမ်းမှာ သူက အဲ့လိုတွေ ထပ်ဖြစ်ရင်တောင် ဒါဟာ ကိစ္စကြီးတစ်ခု ဖြစ်မှာမဟုတ်လောက်ပါဘူးဟု သူ့ကိုယ်သူ ထပ်ခါထပ်ခါ နှစ်သိမ့်ပေးနေခဲ့သည်။ ထို့အပြင် သူက ဝမ့်လင်းလင်းကို လက်ထပ်မိရင်တောင် ကိစ္စရှိမှာမဟုတ်ပါဘူးဟုလည်း တွေးနေခဲ့သည်။

သူသည် အရင်ဘဝမှာတုန်းက သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းကို မှီခိုပြီး ကိုယ့်ခြေထောက်ပေါ်မှာ သေချာ ရပ်နိုင်ခဲ့သည့်အတွက် ဒီဘဝမှာလည်း သူက အလားတူ လုပ်နိုင်မည် ဖြစ်သည်။

ထို့အပြင် သူသည် အရင်ဘဝတုန်းက သူ့အမေကို သေချာ ဂရုမစိုက်ပေးနိုင်သောကြောင့် နောင်တရတာကိုလည်း ပြန်ပြီး ဖြည်းဆည်ပေးနိုင်မည် ဖြစ်သည်။

သို့သော် အခုဆိုရင် သူက သူ့အမေကို မမြင်ခင် သူမရဲ့ လဲကျသွားတဲ့ သတင်းကို ကြားခဲ့ရပြီး သူ့ရဲ့ အတိတ် ဘဝထက်တောင် အများကြီး စောနေခဲ့သည်။

ကျောက်ကျွင်းရဲ့ ခြေထောက်တွေက ခွေကျသွားခဲ့သည်။ အလုပ်ကြိုးစားခဲ့ရသည့် ရက်များတွင် ရုတ်တရက် ပြန်လည် မွေးဖွားတာက သူ့ရဲ့ ဘဝတွင် အကောင်းဆုံး ပြောင်းလဲမှုတွေ ဖြစ်ပြီး အရာအားလုံးက သူ့ဆီကို ပြန်ရောက်လာခဲ့ကာ သူက မြေပြင်ကို လူးလှိမ့်မလို ဖြစ်နေခဲ့သည်။

ထိုသတင်းကို ပေးခဲ့သည့် ရွာသားကလည်း ဒါကို မျှော်လင့်ထားပုံရပြီး သူ့ကို အမြန် ကူညီပေးကာ တစ်ဖက်တွင် ပြဿနာ ရှာနေဆဲဖြစ်သည့် မိသားစုကို ကျယ်လောင်စွာ အော်ခေါ်နေခဲ့သည်။

“ ကျောက်မိသားစုရေ၊ မင်းတို့ရဲ့ ကျောက်ကျွင်း ပြန်လာပြီ။”

….

ဝမ့်လင်းလင်းရဲ့ ဆံပင်တွေက ရှုပ်ပွနေပြီး သူမရဲ့ မျက်နှာဟာ ရိုက်ခံထားရသည့် ဒဏ်ရာတွေနှင့် ဖြစ်နေခဲ့သည်။

သူမက ကျောက်ကျွင်းကို ရုတ်တရက် တိုက်ခိုက်ဖို့ စိတ်အားထက်သန်ပြီး ရှင်းပြဖို့အတွက် သူမရဲ့ ပါးစပ်ကို ဟလိုက်သည်။

“ ကျောက်ကျွင်း၊ ငါ အဲ့ဒါကို မရည်ရွယ်ပါဘူး။ အဲ့ဒါက ရှင့်အမေပဲလေ။ သူက လာပြီး ငါ့ကို ရိုက်ချင်တာလေ။ သူက ငါ့ကို ပေါက်ပြားနဲ့ ရိုက်ပြီး ငါက သူ့ကို သူ့ရဲ့ စားစရာတွေ မပေးဘူးဆိုရင် ငါ့ဆီက အတင်း ယူမယ်လို့ ပြောနေတာ။ ငါက ငါက ငါ့ကိုယ်ငါ ကာကွယ်ရုံပဲလေ။”

သူမက ထိုစကားကို ပြောသည့်အခါ သူမဘေးရှိ ကျောက်တုံက သူ့ရဲ့ မျက်လုံးကို ပြူးပြီး အသံပြဲဖြင့် အော်ငိုခဲ့သည်။ “ခဗျား လိမ်တယ်။ ခဗျားက မကောင်းတဲ့ မိထွေးပဲ။ ခဗျားက အဖွား အဲ့ဒါကို လိုချင်တုန်းက မပေးဘူးလေ။ ခဗျားက အဖွားကို သေအောင် တွန်းချလိုက်တာ။”

ဝမ့်လင်းလင်းက အတော်လေးကို စိုးရိမ်နေခဲ့သည်။ သူမက ဘယ်လောက်ပဲ တုံးအနေပါစေ၊ ဒီကိစ္စက ကျောက်ကျွင်းရဲ့ လုပ်ရပ်အပေါ်မှာ မူတည်နေတာကို သူမက သိနေခဲ့သည်။

“အဓိပ္ပါယ်မရှိတဲ့ သူ့ရဲ့ စကားတွေကို နားမထောင်နဲ့။ ငါ သူ့ရဲ့ ပိုက်ဆံတွေကို မလျှော့ခဲ့ဘူး။ အဲ့ဒါအပြင် ဒီဂျုံတွေကို ငါ့မိသားစုအတွက် ဝေပေးတာ မဟုတ်ဘူး။ အဲ့ဒါက ငါ့ဟာတွေ။”

ကိစ္စတွေက ဘယ်လိုလုပ် ဒီလောက်ထိ ဖြစ်လာရလဲ ဆိုတာကို ဝမ့်လင်းလင်းက နားမလည်နိုင်ခဲ့ပါ။

သေချာတာကတော့ သူမသည် အရင်က ရည်မှန်းချက်တွေ ပြည့်နေခဲ့ပြီး ဒီစားစရာတွေ အားလုံးကို ဘယ်လို ရောင်းရမလဲ၊ ကံတရားကို ဘယ်လို လုပ်ရမလဲ၊ အိမ်ဆော​က်ဖို့ ပိုက်ဆံကို ဘယ်လို သုံးရမလဲ၊ သူမ ယောက်ျားရဲ့ မိသားစုနဲ့ ဘေးချင်းကပ် အကြာကြီး နေဖို့နှင့် ကျောက်တုန်နှင့် ကျောက်ရှီကို ထောက်ပံ့ပေးကာ နောက်ထပ် နှစ်နှစ်အတွင်း သူမရဲ့ သားသမီးအရင်း ယူဖို့ အခွင့်အရေးရှာရန်တို့ကိုသာ တွေးနေခဲ့သည်။

အရင်ဘဝတုန်းက ဝမ့်ရင်းသည် ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ပြီး သူတို့ရဲ့ ပုံစံတွေကို တဖြည်းဖြည်း ပြောင်းလဲဖို့ ဘယ်လို စီစဥ်ခဲ့လဲဆိုတာ သူမ မသိခဲ့ပါ။ သို့သော် အခုဆိုရင် ဝမ့်လင်းလင်းသည် သူမမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးဆိုတာ သိနေခဲ့ပြီး ဖြစ်သည်။

ကျောက်တုန်နှင့် ကျောက်ရှီတို့ မောင်နှမက ချစ်ဖို့ကောင်းပြီး အထူးသဖြင့် ကျောက်စိမ်းလေးလို နူးညံ့သည့် ကျောက်ရှီက မိန်းမလှလေး ဖြစ်သည်။ သို့သော် အဲ့ဒါက ပုံပန်းသွင်ပြင်သာ ဖြစ်သည်။

တစ်နှစ်နီးပါးလောက် ဝမ့်လင်းလင်းသည် နေ့တိုင်း ထိုကလေးနှစ်ယောက်၏ အနိုင်ကျင့်တာတွေကို ခံခဲ့ရသည်။

ကျောက်တုန်ကိုတော အထူးတလှည် မပြောတော့ပါ။ သူက ငါးနှစ်ကျော် ခြောက်နှစ်လောက်သာ ရှိသေးသည့် ကောင်လေးတစ်ယောက်ဖြစ်ပြီး အတော်လေးကို ဆိုးသည်။ ထို့အပြင် မစ္စကျိုးနှင့် အဒေါ်တွေက ဝမ့်လင်းလင်းသည် မိထွေးတစ်ယောက်ဖြစ်ပြီး မိထွေး အားလုံးက ဟန်ဆောင်နေတာဟု ပြောခဲ့ကြသည်။ သူတို့ ဘယ်လောက်ကြာအောင် ဟန်ဆောင်နေပါစေ ကိစ္စမရှိဘဲ တဖြည်းဖြည်း ထုတ်ပြလာမည် ဖြစ်သည်။ ထို့ကြောင့် ကျောက်တုန်က အမြဲတမ်း ဝမ့်လင်းလင်းကို အာခံနေခဲ့ခြင်း ဖြစ်သည်။

သူက ဆိုင်မှာ သကြားလုံးဝယ်ဖို့ သူမထံ ပိုက်ဆံတောင်းမည့် အချိန်မှလွဲ၍ သူမကို “အမေ”ဟု ခေါ်သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူက ဝမ့်လင်းလင်းကို “မိထွေး”ဟုသာ ခေါ်လိမ့်မည် ဖြစ်သည်။

ထို့အပြင် နှလုံးသားမရှိတဲ့ ဘယ်သူကများ ကျောက်တုန်ကို တစ်ခုခု ပြောသွားလဲဆိုတာ ဘယ်သူမှ မသိသော်လည်း ဝမ့်လင်းလင်းက သူတို့ကို ပိုက်ဆံ၊ ဒါမှမဟုတ် ပစ္စည်းတွေ ပေးဖို့အတွက် တွန့်ဆုတ်သည့် အခါတိုင်းမှာ ကလေးတွေက အဖွဲ့ထဲမှာ ပတ်ပြေးပြီး သူ့ရဲ့ မိထွေးက သူ့ကို နှိပ်စက်နေပါတယ်ဟု အော်လေ့ရှိသည်။

ကျောက်ရှီက သုံးလေးနှစ်သာ ရှိသေးသည့်အတွက် ဘာကိုမှ အများကြီး မသိသော်လည်း သူမရဲ့အကိုကြီး သူမဘေးတွင် ရှိနေသည့်အခါ အမြဲတမ်း သူ့လိုပုံစံ ဖြစ်နေခဲ့သည်။

ဝမ့်လင်းလင်းက ကလေးတွေကို သည်းခံခဲ့သော်လည်း ဝမ့်ရင်းတောင် အရင်ဘဝတုန်းက သူမဘေးရှိ လူတွေကို ပြောင်းလဲပေးနိုင်ရင် သူမလည်း သေချာပေါက် လုပ်နိုင်မှာဟု သူမက တွေးနေခဲ့သည်။

ချိုမြိန်မှုတွေ မရောက်လာခင် ခါးသီးမှုတွေက ရှိနေမည် ဖြစ်သည်။ အရင်ဆုံး နှစ်အနည်းငယ်ကတော့ ခါးသီးနေမှာ သေချာသည်။

သို့သော် ထိုနေ့မှာတော့ ကျောက်ကျွင်းက သူမထိန်းတာကို နာမခံဘဲ ကလေးက မှားနေရင်တောင် သူ့ကို ခေါ်ဖို့အတွက် သူမအား ပြောထားကြောင်းကို ကျောက်တုန်က ပြောခဲ့သည်။ အဲ့ဒါက ဝမ့်လင်းလင်းကို အတော်လေး နာကျင်စေရပြီး ကလေးတွေကို မှီခိုမည့် သူမရဲ့ စိတ်ကူးကလည်း မှေးမှိန်သွားခဲ့ရသည်။

သူမက လုံးဝကို စိတ်ပျက်သွားခဲ့ရသည်။

သူတို့ကို သူမဝမ်းနဲ့ လွယ်မွေးထားတာ မဟုတ်ပေမယ့် သူတို့ကြားမှာ အလွှာလေးတစ်ခုတော့ ရှိသင့်တယ်မလား။

သူမသည် ကျောက်တုန်နှင့် ကျောက်ရှီကို ဘယ်လောက် ကောင်းပေးခဲ့လဲဆိုတာ တစ်ခါတစ်လေ အံ့သြခဲ့ရသည်။ သို့သော် အဲ့ဒါတောင် သူမကို ကျောက်ကျွင်းက မယုံနိုင်သေးပါ။

ဒီလိုအရာမျိုး ရှိလာမယ့်ဆိုရင် သူမမှာ သားသမီးအရင်း ရှိမှဖြစ်မယ်ဟု ဝမ့်လင်းလင်းက တွေးလိုက်သည်။

အစပိုင်းမှာတော့ သူမသည် ဝမ့်ရင်း အရင်ဘဝတုန်းက လုပ်ခဲ့သလို အလားတူမျိုး လုပ်ကာ သူမတွင် သားသမီးအရင်း မရှိဘဲနဲ့ အေးအေးဆေးဆေး သူမရဲ့ လင်ပါသားသမီးတွေကို ပြုစုပျိုးထောင်ပေးဖို့ စီစဥ်ထားခဲ့သည်။

ထို့အပြင် သူမမှာ အလားအလာရှိသည့် ကလေးနှစ်ယောက် ရှိနေခဲ့ပြီးဖြစ်ကာ သူမဘာသာ နောက်ထပ် ကလေးတစ်ယောက်ကို ​ပျိုးထောင်ပါက မိသားစုထဲတွင် ပြဿနာတစ်ခု ဖြစ်လာနိုင်တာ သေချာသည်။ ဘာမှမလုပ်ဘဲနေတာက သူမရဲ့ အစီအစဥ်ကို အောင်မြင်နိုင်မည် ဖြစ်သည်။

သို့သော် ကျောက်တုန်ရဲ့ စကားတွေက သူမရဲ့ အကြံကို ချက်ချင်းဆိုသလို ပျက်စီးသွားစေခဲ့သည်။

'သူမမှာ သားသမီးအရင်းရှိဖို့ လိုတယ်။'

သူတို့က သူမရဲ့ သားသမီးအရင်းတွေ မဟုတ်တော့ သူမက သူတို့ကို ဝတ္တရား ရှိနေရင်တောင် သူတို့ကြားမှာ မကျော်ဖြတ်နိုင်တဲ့ ကျေးဇူးတရားတစ်ခုတော့ ရှိနေလိမ့်မည်။

All Chapters