← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 14 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 14 Ch. 159-160

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၅၉

ဝမ့်လင်းလင်းက အကြံတစ်ခုကို ရလိုက်ပြီးနောက် သူမက လုပ်ဆောင်ခဲ့သည်။

ပထမ လက္ခဏာကတော့ သူမဟာ မကြာခင်မှာ ဒီကလေးနှစ်ယောက်ကို နေ့တိုင်း ကြက်ဥတစ်လုံးစီ ပေးတော့မည် မဟုတ်ပါ။

ခွဲနေပြီးတဲ့နောက် ဝမ့်လင်းလင်းက နေ့တိုင်း ဥဥသည့် ကြက်နှစ်ကောင်ကို မွေးခဲ့သည်။ ထိုကြက်တွေက တစ်ခါတစ်လေ တစ်လုံးဥပြီး တစ်ခါတစ်လေကျရင် နှစ်လုံးဥသည်။ ဝမ့်လင်းလင်းသည် ပြတ်လပ်မှု တစ်ခုခု ရှိလာခဲ့ရင် ကြက်ဥတွေကို ပိုက်ဆံနှင့် လဲပေးဖို့ တစ်ခြား မိသားစုတွေထံ သွားမေးပြီး သူမရဲ့ ကလေးနှစ်ယောက်ကို ကြက်ဥ တစ်လုံးစီ ပေးတတ်သည်။

သူမဟာ သူမရဲ့ကလေးတွေကို ဒီလိုမျိုး ပျိုးထောင်ခဲ့ပြီး တပ်မဟာထဲရှိ လူတွေကလည်း သူမအကြောင်းကို အတင်းတုပ်ကြသည်။ အချမ်းသာဆုံး မိသားစုတွေကတောင် အခုလို မစားပါ။ ဝမ့်လင်းလင်းသည် သူမ ဒါကို လုပ်နေသည့််အတွက် အပြစ်တင်ခံရမှာ မဟုတ်ဘူးလို့ တွေးခဲ့သော်လည်း တကယ်တမ်းမှာတော့ သူမသည် တပ်မဟာထဲရှိ လူတွေရဲ့ ဝေဖန်တာကို မခံရဘဲ နေနိုင်မည် မဟုတ်ပါ။ တစ်ချို့လူတွေကလည်း သူမသည် ကလေးနှစ်ယောက်ကို အနိုင်ရဖို့အတွက် အရမ်းကို တမင်လုပ်နေတာဟု တွေးကြသည်။

ကျောက်တုန်သည် အပြင်မှာဆိုရင် သူမရဲ့ မကောင်းကြောင်းကိုသာ ပြောပြီး ဘယ်တုန်းကမှ သူမရဲ့ ကောင်းကြောင်းတွေကို မပြောခဲ့ပါ။

ဝမ့်လင်းလင်းက ဒေါသထွက်ခဲ့ရပြီးဖြစ်ကာ ဒီကိစ္စကို အခွင့်ကောင်းယူပြီး သူမရဲ့ ကလေးနှစ်ယောက်အတွက် ကြက်ဥတွေကို ချက်ချင်း မပေးတော့ပါ။

သူမက ကြက်ဥတွေကို အိမ်မှာပဲ ကိုယ့်အတွက်ကိုယ် သိမ်းထားခဲ့သည်။ ကလေးတွေ အပြင်ထွက်ပြီး ကစားသည့်အခါ သူမက အဲ့ဒါတွေကို သူမအတွက်သာ ရေထဲကို စိမ်ထားမည် ဖြစ်သည်။ သူမ စားနေချိန်မှာ သူမက စိတ်သက်သာရာရပြီး သူမက ရူးမိုက်တယ်ဟု တွေးနေမိခဲ့သည်။ သူမက ဒီလို ကျေးဇူး မသိတတ်တဲ့ လူနှစ်ယောက်ကို ကြက်ဥတွေ ပေးနေခဲ့ရသည်။ ဒါတွေကို သူမအတွက် သိမ်းထားပြီး ကိုယ်ဝန်ရတဲ့အခါ စားတာက ပိုကောင်းသည်။ အရင်ဘဝတုန်းက ကျောက်တုန်နဲ့ ကျောက်ရှီတို့က သူတို့ အောင်မြင်ဖို့ သူတို့အဖေရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာပဲ မှီခိုခဲ့တာ မဟုတ်ဘူးလား။

သူမဟာ ကလေးနှစ်ယောက်ကို အနိုင်ရဖို့အတွက် မကြိုးစားသင့်တော့ပါ။ သို့သော် အဓိကလူဖြစ်သူ ကျောက်ကျွင်းကို သေသေချာချာ ဆွဲထားသင့်သည်။

သားသမီးဝတ္တရား မကျေပွန်တဲ့ လင်ပါသားသမီးတွေ ရှိတော့ရော ဘာဖြစ်လဲ။ ငါ့ဘာသာ ကလေးတစ်ယောက် မွေးပြီးတော့ ကျောက်ကျွင်းကို ဆွဲထားလို့ ရတာပဲလေ။ အိမ်ထဲရှိတဲ့ အရာအားလုံးက ငါ့ကလေးရဲ့ အပိုင်တွေ ဖြစ်လာမှာပဲ။

သူမက ကြက်ဥတွေကို မပေးသည့်အခါ ကျောက်တုန်ဟာ ရက်အနည်းငယ် ကြာပြီးနောက်မှာ မပျော်မရွှင် ဖြစ်လာခဲ့သည်။

သူက တစ်နေ့ ကြက်ဥတစ်လုံးစီ စားရတာကို အနည်းငယ် ဘဝင်မကျ ဖြစ်နေခဲ့သော်လည်း ကြက်ဥတွေဟာ ကောင်းတဲ့အရာတွေ ဖြစ်ကြောင်းကို သူက သိနေခဲ့သည်။

'အခု သူ့အဖေက အိမ်မှာ မရှိဘူး။ မိသားစုထဲမှာ သူက တစ်ယောက်တည်းသော ယောက်ျားလေးပဲ။ ဒီမှာ ကြက်ဥတစ်လုံးပဲ ရှိနေရင်တောင် အဲ့ဒါကို သူကပဲ စားရမယ်။'

ကြက်တွေသည် မကြာခင်ကမှ ဥတွေ မဥတော့ဘူးဆိုသည့် ဝမ့်လင်းလင်းရဲ့ အလိမ်တွေကို ကျောက်တုန်က မယုံကြည်ခဲ့ပါ။ သူက အပြင်ထွက်ချင်ယောင်ဆောင်ပြီး အိမ်ထဲမှာ တိတ်တဆိတ် လာပုန်းနေခဲ့သည်။ သူ့ရဲ့ မိထွေးက သူ့ရဲ့ နောက်ကွယ်မှာ စားသောက်နေလားဆိုတာကို သေချာအောင် လုပ်ရန် ဖြစ်သည်။

မိထွေးက သူစားဖို့အတွက် ခေါက်ဆွဲ တစ်ပန်းကန်ကို လုပ်ပေးခဲ့သည်။

ကျောက်တုန်က ဒေါသထွက်သွားခဲ့သည်။

သူက သောင်းကျန်း ပြောဆိုနေခဲ့သည်။ “ခဗျားက ငွေဖြုန်းတဲ့သူပဲ။ ကျိုင်းကောင်မကြီး။ ခဗျားက ဘယ်လိုလုပ် ဒီလောက်ကောင်းတာတွေကို စားနိုင်ရတာလဲ။ ဒါတွေအားလုံးကို ငါ့အဖေရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာကြီးပဲ။ အဖေ့ရဲ့ ပိုက်ဆံတွေကို ငါပိုင်တာ။ ခဗျားက ဘာပိုက်ဆံမှ မရှာဘဲနဲ့ အိမ်မှာ အလကား ထိုင်စားနေတာ။ ခဗျားကို မကျွေးဘူး။”

သူက အဲ့ဒါကို ဆွဲမလို့ လုပ်လိုက်သည့်အခါ ဒေါသထွက်နေသည့် ဝမ့်လင်းလင်းက သူ့ကို ကန်ချလိုက်သည်။

ကလေးရဲ့ စကားတွေကြောင့် ဝမ့်လင်းလင်းက ဒေါသထွက်လာပြီး သူ့ကို စတင် အပြစ်ပေးကာ သူမ မျိုသိပ်ထားခဲ့ရသည့် ဒေါသတွေ အားလုံးကို ပေါက်ကွဲလိုက်တော့သည်။ “သွားစမ်းပါ။ နင့်အဖေရဲ့ ပိုက်ဆံတွေကလည်း ငါ့ပိုက်ဆံပဲ။ ငါက အိမ်မှာ ကံဆိုးတဲ့ နင်တို့ ကလေးနှစ်ယောက်ကို စောင့်ရှောက်ပေးရတာတောင် ငါဘာတစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမယ့် နင့်အဖေက ငါ့ကို ပိုက်ဆံတော့ ပေးသင့်တယ်။”

ဝမ့်လင်းလင်းက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ “ငါက နင့်အဖေရဲ့ မိန်းမပဲ။ ငါတို့က တပ်ထဲက ကာကွယ်ပေးထားတဲ့ အိမ်ထောင်သည်တွေပဲ။ တပ်ထဲမှာ လက်ထပ်ထားတယ်ဆိုတာ ဘာလဲရော နင်သိလား။ အဲ့ဒါ နင့်အဖေက ငါ့ကို ကွာရှင်းလို့ မရဘူး ဆိုတာပဲ။ အိမ်မှာရှိတဲ့ အရာရာတိုင်းကို ငါနဲ့ နင့်အဖေက ပိုင်တယ်။ နင်တို့စောက်ကလေး နှစ်ယောက်ကိုတော့ ငါက သဘောကောင်းလို့ စောင့်ရှောက်ပေးခဲ့တာ။ အဲ့ဒါကို နင်တို့က ငါ့ကို ဘယ်လိုလုပ်ပြီး ရန်စဖို့ လာရဲရတာလဲ။”

ကျောက်တုန် ငိုနေတာကို ဝမ့်လင်းလင်းက လျစ်လျူရှုပြီး ပန်းကန်ထဲနှင့် အိုးထဲက ခေါက်ဆွဲတွေ အားလုံးကို စားလိုက်ပြီး နည်းနည်းလေးတောင် မချန်ထားခဲ့ပါ။

စားပြီးနောက် သူမသည် အဝတ်မလျှော် အိုးမဆေးဘဲ အခန်းထဲသွားကာ လှဲနေခဲ့သည်။

'ဟဟ၊ အရင်ကတော့ သူမက တွေဝေနေတာ။ သူမအတွက် အလားအလာရှိတဲ့ ယောကျ်ားတစ်ယောက်ကို ရှာတာက လုံလောက်မှာပါ။ သူမက ဘာလို့ အလားအလာရှိတဲ့ လင်ပါသားသမီးတွေကိုပါ ဂရုစိုက်ပေးရမှာလဲ။'

'သူတို့နှစ်ယောက်က ဝန်ထုပ်ဝန်ပိုးတွေပဲ။ ပြီးတော့ သူမ သူတို့အနားမှာ ရှိနေတာကိုလည်း သူတို့ကမှ မကြိုက်တာ။ '

ဝမ့်လင်းလင်းက မီးမွှေးလိုက်ပြီး ကျောက်တုန်က သူ့အဖွားကို ရှာဖွေနေသည့် တစ်လမ်းလုံးမှာ ငိုနေခဲ့သည်။

အမျိုးသမီးကြီး မစ္စကျောက်က အတော်လေးကို ဒေါသထွက်နေခဲ့သည်။ ထို့အပြင် ဒီနှစ်ရဲ့ အထွက်နှုန်းက နည်းသည့်အတွက် အခုဆိုရင် သူမတို့ မိသားစုက တစ်နေ့ကို ထမင်း နည်းနည်းသာ စားရသည်။

ဝမ့်လင်းလင်းဆိုတဲ့ ကောင်မစုတ် ဆန်အိတ်တွေကို ဘယ်နားသွားထားလဲ မသိပါဘူး။ အမျိုးသမီးကြီး မစ္စကျောက်ကလည်း ထိုမိန်းမသည် သူမအမေရဲ့ အဖွဲ့ထဲသို့ ပြေးသွားပြီး ရရှိခဲ့သည့် လုပ်ခရမှတ်များကို သူမရဲ့ မိဘများနှင့် ဝေယူခဲ့ကြောင်းကို ကြားခဲ့ရသည်။

စပါးကျီထဲမှာတော့ စားစရာတွေက အပြည့်ပဲ။

ဝမ့်လင်းလင်းသည် သူမရဲ့ လျှို့ဝှက်ချက် အားလုံးကို ဖုံးကွယ်ထားတယ်ဟု ထင်သော်လည်း တကယ်တမ်းမှာ ကလေးနှစ်ယောက်က ထိုအကြောင်းတွေကို အမျိုးသမီးကြီး မစ္စကျောက်အား သွားပြောပြထားပြီး ဖြစ်နေခဲ့သည်။

အမျိုးသမီးကြီး မစ္စကျောက်က ပိုက်ဆံတောင်းဖို့ ဝမ့်လင်းလင်းဆီ သွားခဲ့သော်လည်း ဝမ့်လင်းလင်းက သူမကို ပေးဖို့ ငြင်းဆန်ကာ ခွဲနေပြီးတဲ့နောက် သူတို့က မိသားစုတွေ မဟုတ်တော့သည့်အတွက် သူမကို ကူညီဖို့ ဘာအကြောင်းမှ မရှိဘူးဟု ပြောခဲ့သည်။

အမျိုးသမီးကြီး မစ္စကျောက်က ဒေါသထွက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ဝမ့်လင်းလင်းက သူမရဲ့ ပုံစံအမှန်ကို ထုတ်ပြခဲ့သည့်အခါ သူမက အကြီးဆုံး မြေးကို ပြင်းထန်စွာ စတင် ဆက်ဆံခဲ့သည်။

သူမက အဲ့ဒါကို ဘယ်လိုမှ ထပ်ပြီး မခံနိုင်တော့ဘူးဟု ခံစားလာရပြီး အချိန်ကျလာသည့်အခါ ဒီအ​ကြောင်းကို သူမရဲ့ တတိယမြောက် သားအား တစ်ခုခု ပြောလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူမသည် ဝမ့်လင်းလင်းဆီမှ စားစရာများကို သွားယူဖို့အတွက် သူမရဲ့သားနှင့် ချွေးမများကို ခေါ်သွားခဲ့သည်။

ဝမ့်လင်းလင်းက သူ့ကို ပေးဖို့အတွက် ငြင်းခဲ့သည်။ ကလေးနှစ်ယောက်က အားမကိုးရသလို သူမရဲ့ သားသမီးအရင်းကလည်း အခုထိ မရသေးဘူးဟု သူမက ခံစားခဲ့ရသည်။ သူမက ပိုက်ဆံကို ပိုပြီးတောင် ကိုင်ထားရမည် ဖြစ်သည်။

'တကယ်လို့ သူမက ပိုက်ဆံတွေ မသိမ်းထားရင် နောက်ထပ် နှစ်နည်းနည်းလောက်နေရင် သူမက ဆင်းဆင်းရဲရဲနဲ့ နေရမှာလား။'

အကြောင်းမှာ ဝမ့်လင်းလင်းက သူမကို ပေးဖို့ ငြင်းသည့်အတွက် အမျိုးသမီးကြီး မစ္စကျောက်က အဲ့ဒါတွေကို လုယူဖို့အတွက် သူမရဲ့သားတွေကို ပြောခဲ့သည်။

ချက်ချင်းဆိုသလို ပြဿနာက ကြီးသွားခဲ့သည်။ ဘယ်သူက ဘယ်သူ့ကို တွန်းချလိုက်လဲဆိုတာ ဘယ်သူမှ မသိသော်လည်း အမျိုးသမီးကြီး မစ္စကျောက်က လဲကျသွားခဲ့သည်။

သူမက သွေးမထွက်သလို အော်လည်း မအော်ပါ။ သူမက လဲကျသွားသည့်အခါ သတိလစ်သွားရုံသာ ဖြစ်သည်။ လူတွေက သူမအကြောင်း ရန်ဖြစ်နေရင်း တစ်ခုခု လွဲနေပြီဆိုတာကို သိတဲ့အခါ သူတို့က သူမရဲ့ နှာခေါင်းနားကို ကပ်ကြည့်လိုက်သည့်အခါ သူမက သေနေပြီဆိုတာကို တွေ့ခဲ့ရသည်။

ဝမ့်လင်းလင်းက အပြစ်ရှိသလို ခံစားရသည့်အတွက် သူမက အမျိုးသမီးကြီး မစ္စကျောက်နားသို့ မသွားခဲ့ပါ။

သို့သော် ကျောက်မိသားစုထဲရှိ အခြားသူတွေက ချက်ချင်းဆိုသလို သူမအပေါ် ပြိုင်တူ အပြစ်တင်ခဲ့ကြသည်။

ထို့အပြင် အဲ့အချိန်ကလည်း မှောင်နေပြီ ဖြစ်ပြီး ဘယ်သူကမှ သေသေချာချာ မမြင်ရပါ။ ဘယ်သူကမှ သေသေချာချာ မမြင်ရတော့ အဲ့ဒါဆိုရင် အဖွားကြီးကို ဝမ့်လင်းလင်း သတ်လိုက်တာပဲ ဖြစ်ရမည်။

ကျောက်မိသားစုထဲရှိ သားများက ဝမ့်လင်းလင်းကို ရိုက်ဖို့ ရောက်လာခဲ့ကြပြီး ဝမ့်လင်းလင်းရဲ့ မျက်နှာနှင့် နှာခေါင်းမှာ ဒဏ်ရာတွေ ရခဲ့သည်။ သတင်းတွေကို ကြားပြီးနောက် အဖွဲ့ခေါင်းဆောင်က ရောက်လာခဲ့ပြီး လူတိုင်းကို ခွဲခိုင်းခဲ့သည်။

“ ကျောက်ကျွင်း ရှင် ကျွန်မကို ယုံပါ။ အဲ့ဒါက တကယ် ကျွန်မ မဟုတ်ဘူး။”

ဝမ့်လင်းလင်းက အသံကုန် အော်ဟစ်နေခဲ့သည်။ “အဲဲဒါက တကယ် ကျွန်မ မဟုတ်ဘူး။ ကျွန်မက စားစရာတွေကို ကာကွယ်နေရုံပဲ။ ဘယ်သူ့ကိုမှ အန္တရာယ်ပေးဖို့ မရည်ရွယ်ထားဘူး။”

ကျောက်ကျွင်းရဲ့ အစ်ကို အကြီးဆုံးက ​​ဒေါသတကြီး ပြောခဲ့သည်။ “မကောင်းတဲ့မိန်းမ။ နင်မဟုတ်ဘူးလို့ ဘယ်လိုတောင် ပြောရဲရတာလဲ။ ငါ့အမေကို သေအောင် အန္တရာယ်ပေးချင်ခဲ့တဲ့ တစ်ယောက်တည်းသောသူက ဒီမှာဆို နင်ပဲလေ။”

အဲ့ဒါက မှန်သည်။ ကျောက်မိသားစုရဲ့ ချွေးမတွေဟာ သူတို့ရဲ့ မိသားစုထဲတွင် အရမ်း အခြေအနေ ကောင်းတာမျိုး မရှိကြပါ။ ထို့အပြင် ယောက်ျားဘက်ရှိ လူတွေကလည်း အတူတူပဲ ဖြစ်သည်။ မိသားစုတွေက တတိယသား ကျောက်ကျွင်းရဲ့ ခွင့်ပြုမှုတွေကိုသာ မှီခိုနေခဲ့ကြရသည်။ ဘေးနားတွင် အမျိုးသမီးကြီး ရှိနေရင် ကျောက်ကျွင်းရဲ့ ခွင့်ပြုချက်တွေကို တဝက်လောက် ကျော်လွှားနိုင်ပြီး အဲ့ဒါက သူတို့ အရေးပေါ် နေဖို့အတွက် လုံလောက်သည်။

ထို့ကြောင့် လူတိုင်းက ကျောက်ကျွင်းကို မုန်းနေရင်တောင် သူမရဲ့ ချွေးမတွေက အဲ့ဒါတွေ အားလုံးကို ခံနိုင်ရည်ရှိသည်။

'သူ့သားတွေကို မပြောနဲ့ သူတို့အားလုံးက သူဘယ်လိုပြောပြော နားထောင်တယ်။ သူက မိသားစုထဲမှာ အကြီးဆုံးပဲ။ အဲ့တော့ သူတို့ ဘာကိုမှ စိတ်ပူနေစရာ မလိုဘူး။'

'ဝမ့်လင်းလင်း၊ အဲ့ဝမ့်လင်းလင်း တစ်ယောက်ကပဲ သူမရဲ့ စိတ်ထဲမှာ ဒီအဖွားကြီး မြန်မြန်သေဖို့ ကျိန်ဆဲနေတာ။'

ကျောက်ကျွင်းရဲ့ အစ်ကိုက အဲ့စကားကို ပြောသည့်အခါ သူမက ကိုယ့်ကိုကိုယ် ခုခံဖို့ ဘာနည်းလမ်းမှ မရှိတော့ပါ။ “ကျွန်မရဲ့ စားစရာတွေကို ရှင်တို့က ခိုးချင်နေကြတာလေ။”

ကျောက်ကျွင်းရဲ့ ဒုတိယအစ်ကို - “အဲဲဒါက နင့်ရဲ့ စားစရာတွေလား။ နင်က အဲ့ဒါတွေကို ငါ့ညီရဲ့ ပိုက်ဆံနဲ့ ဝယ်ခဲ့တာ မဟုတ်ဘူးလား။ နင်က ဟိုမှာ ကောင်းကောင်း စားနေပြီးတော့ နင့်ကလေးတွေ စားဖို့ကိုတောင် တွန့်တိုနေတာလေ။ ငါတို့က ဒီမှာ တစ်နေ့ သုံးနပ်ကို နည်းနည်းပဲ စားရတာ။ ပြီးတော့ ငါတို့ကို စားစရာချေးဖို့ ပြောတော့လည်း နင်က ငါတို့ကို ငတ်ပြီး သေစေချင်လို့ မပေးခဲ့တာလေ။”

ကျောက်ကျွင်းရဲ့ ဒုတိယအစ်ကို ဒေါသက ဝမ့်လင်းလင်းကိုပဲ ဦးတည်နေတာမျိုး မဟုတ်တာ သိသာနေခဲ့သည်။ သူက လှည့်ပြီး ကျောက်ကျွင်းကို မျက်ရည်များဖြင့် မေးလိုက်သည်။

“ဒါက မင်း လက်ထပ်ချင်တဲ့ မိန်းမလား။ မင်းက ငါတို့လို ဆင်းရဲတဲ့ ညီအကိုတွေနဲ့ ခွဲနေဖို့ ဒီမိန်းမကို ယူခဲ့တာ ငါတို့က မင်းရဲ့ စားစရာ သောက်စရာတွေကို စားသောက်မှာ ကြောက်နေလို့လား။ တတိယညီ၊ ငါ မင်းကိုမေးမယ်။ မင်း တပ်ထဲကိုသွားရင် မင်းရဲ့ မိသားစုက မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးတာတွေ မအောင်မှာဆိုးလိူ့ တစ်မိသားစုလုံးက သူတို့တွေ အငတ်ခံပြီး မင်းကို သုံးလလောက် စားခိုင်းခဲ့တာ။”

“ငါတို့ မိဘတွေက ဆာနေတာကို မျိုသိပ်ထားတယ်။ ငါက အရမ်း ဗိုက်ဆာလွန်းလို့ တောင်ပေါ်တက်ပြီး မြေကြီးထဲက သစ်ဥ သစ်ဖုတွေကို စားရတယ်။ တစ်မိသားစုလုံး အရမ်းကို ဗိုက်တွေဆာလွန်းလို့ သူတို့က အက်ဆစ်ရည်ကို ပြန်မျိုချနေရတယ်။ သုံးလလုံး ကြက်ဥအကာတွေ စားဖို့ မင်းကို ငါက ပြောခဲ့တယ်။ နောက်ပိုင်း တပ်ထဲဝင်ဖို့ မင်းကို ရွေးသွားကြတယ်။”

“ဒါအတွက် ငါတို့တောင် မပြောပါနဲ့ဦး။ တတိယညီလေး ငါမင်းကို တစ်ခုလောက် မေးခွင့်ပြုကွာ။ အခုချိန်မှာ တပ်မဟာက စားစရာတွေ ပြတ်လပ်နေတာ။ ငါတို့လို အရွယ်ရောက်တဲ့သူတွေက အငတ်ခံရလည်း အဆင်ပြေတယ်။ ဒါပေမယ့် အိမ်မှာရှိတဲ့ ကလေးတွေက ဒါတွေကို ခံစားနေရတာကို မင်းက ကြည့်နေနိုင်လား။ ဒါပေမယ့် ငါတို့အမေက သူ့ဆီက စားစရာသွားတောင်းတော့ မင်းမိန်းမက ဘာပြောခဲ့လဲ မင်းသိလား။ သေလောက်အောင် ငတ်နေတဲ့ ကလေးတွေက မတ်တပ်ရပ်နိုင်မှာတောင် မဟုတ်ဘူးတဲ့ သူကပြောတယ်။ မတ်တပ် မရပ်နိုင်တဲ့ ကလေးတွေက မစကတည်းက အခြေအနေ မကောင်းတဲ့သူတွေပဲတဲ့။ အဲ့ဒါတွေ အားလုံးက အတုအယောင်တွေချည်းပဲ။”

ကျောက်မိသားစုရဲ့ ဒုတိယသားက မျက်လုံးတွေ နီရဲနေခဲ့သည်။ “ဒါက မင်းလက်ထပ်ခဲ့တဲ့ မင်းရဲ့ မိန်းမကောင်းလေးလေ။ တတိယညီ၊ မင်းက မိသားစုကို ခွဲပစ်ဖို့ အရင်ကတည်းက ဆန္ဒရှိနေတာ ဟုတ်တယ်မလား။ ငါတို့ ညီအစ်ကိုတွေက မင်းအတွက် တာဝန်တစ်ခုလို့ ခံစားရတယ်မလား။ မင်းရဲ့ မိန်းမက ပြဿနာရှာဖို့ ထွက်လာရင် မင်းက အနောက်မှာ ပုန်းပြီး သူပြဿနာရှာကို ကြည့်နေတာလေ။ ဒီကို ငါတို့အမေ ရောက်လာတော့ သူက မင်းမိန်းမနဲ့ သိပ်ပြီး မရောဘူး။ မင်းက အဲ့ဒါကို ဘာလို့ မမြင်နိုင်ရတာလဲ။”

ကျောက်လျိုအာက သူ့ရဲ့ နှာခေါင်းကို ပွတ်ပြီး ပြောလိုက်သည်။ “ငါတို့ ဒီအကြောင်းကို ဘာမှ မပြောတော့ဘူး။ ငါတို့တွေ သေလောင်အောင် ငတ်နေရင်တောင် ငါတို့ မင်းမိသားစုနဲ့ ဘာတစ်ခုမှ ပတ်သက်မှာ မဟုတ်ပါဘူး။”

မိုးချုပ်နေပြီ ဖြစ်သော်လည်း ထိုအကြောင်းကို ကြားသည့် လူတွေအများကြီးက လာနေကြဆဲ ဖြစ်သည်။ လူအုပ်ကြီးက ဘေးပတ်လည်မှာ စုဝေးနေခဲ့ကာ ကျောက်လျိုအာက သူ့ရဲ့ အခက်အခဲနှင့် နောင်တတွေအကြောင်း ပြောနေတာကို နားထောင်ခဲ့ကြသည်။

“မစ္စကျောက်က မကောင်းပါဘူး။ ပြီးတော့ လူတိုင်းက သူ့ကို မုန်းနေကြတာ။ ဒါပေမယ့် သူက သားတွေကိုတော့ စိတ်ရောလူပါ မြှုပ်နှံပြီး လုပ်ပေးခဲ့တာပဲ။”

“နင်က ဘာအတွက် အကောင်းဆုံး ကြိုးစားနေတာလဲ။ နင့်ကို အဖိုးအတန်ဆုံး တတိယသားရဲ့ မိန်းမက တွန်းလိုက်တာလေ။”

“ငါ့အထင် အနာဂတ်မှာ ကျောက်မိသားစုက တကွဲတပြား ဖြစ်သွားလိမ့်မယ်။ အဲ့အဖွားကြီး သေတာနဲ့ မိသားစုထဲမှာ ဘယ်သူမှ ကျန်တော့မှာ မဟုတ်ဘူး။”

“အဲဲဒါကို ဖျက်စီးဖို့က အဆင်ပြေပါတယ်။ ဒါပေမယ့် စောင့်ကြည့်လိုက်ပါ။ ကျောက်ကျွင်းမှာလည်း ခက်ခဲတဲ့ အချိန်တစ်ခု ရှိလာလိမ့်မယ်။ သူ့ကို ကူညီမယ့်သူ ဘယ်သူမှ မရှိဘူး။”

“သူ့မိန်းမကို ထောင်ထဲ ထည့်မှာလား။”

“ဘယ်သူသိမှာလဲ။ အဲ့ဒါက ခေါင်းဆောင်နဲ့ ကျောက်လျိုစန်းအပေါ်မှာပဲ မူတည်တာလေ၊ ဟုတ်တယ်မလား။”

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၆၀

ကျောက်ကျွင်းက သူ့ဘေးနားရှိ ပြောစကားများနှင့် သူ့အစ်ကိုတွေရဲ့ တိုင်ပြောချက်များကို နားထောင်ပြီး သူက အမှောင်ထဲမှာ ပိတ်မိနေသလို ခံစားခဲ့ရသည်။

“အစ်ကို၊ ငါ ငါတို့အမေအတွက် စိတ်မကောင်းပါဘူး။ ငါ မင်းကို တောင်းပန်ပါတယ်။”

ဒါက ဘယ်လိုဖြစ်သွားလဲဆိုတာ သူ မသိလိုက်ပါ။ သူက မိန်းမမှားပြီး လက်ထပ်ခဲ့ရုံသာဖြစ်ပြီး အခုဆိုရင် သူ့အမေက သေသွားပြီဖြစ်ကာ သူ့အစ်ကိုတွေကလည်း သူ့ကို ဆန့်ကျင်နေကြပြီ ဖြစ်သည်။

သူမက ဇနီးတစ်ယောက်သာ ဖြစ်သည်။

သူ့ရဲ့ အတိတ်ဘဝတွင် သူက ဝမ့်ရင်းကို လက်ထပ်ခဲ့ပြီး မိသားစုကိစ္စတွေကို ဘယ်တုန်းကမှ စိတ်ပူခဲ့ရခြင်းမျိုး မရှိပါ။ ဝမ့်ရင်းက အိမ်မှာ သူ့ကလေးနှစ်ယောက်ကို စောင့်ရှောက်ခဲ့ပြီး ကလေးတွေကလည်း ကောင်းမွန်စွာ ကြီးပျင်းလာခဲ့သည်။ အစ်ကိုတွေနှင့် ယောင်းမတွေက သင့်မြတ်ကြသည်။ သူမရဲ့ ချွေးမတွေကို အမြဲလိုလို အနည်းငယ် ရက်စက်ခဲ့သည့် သူ့အမေကတောင် မသေခင်မှာ စိတ်သက်သာရာ ရသွားခဲ့ပြီး ဝမ့်ရင်းက ကလေးတွေကို အတော်လေး အချိန်ပေးတယ်ဟု သူ့ကို ပြောခဲ့သေးသည်။ နောက်ပိုင်းမှာတော့ သူက ဝမ့်ရင်းကို သားသမီးအရင်း မွေးဖို့ မပြောဘဲ ဝမ့်ရင်းက ကျောက်တုန်နှင့် ကျောက်ရှီကို ဂရုစိုက်ဖို့ကနေ အနားပေးခဲ့သည်။

ကျောက်ကျွင်းက နားမလည်ခဲ့ပါ။ သူ ပြန်မလာခင်မှာ လူမှားပြီး လက်ထပ်ထားခဲ့ကြောင်းကို သိသွားခဲ့သည်။ ထို့ကြောင့် ဝမ့်လင်းလင်းကလည်း ပြန်ပြီး မွေးတဲ့သူ ဖြစ်ကြောင်းကို သူက ခန့်မှန်းမိခဲ့သည်။

သို့သော် သူက အရမ်းကြီး ခက်ခက်ခဲခဲ ရှာတွေ့တာမျိုး မဟုတ်ပါ။

သူတို့တွေ ပြိုကွဲသွားပြီးနောက် သူက မိသားစုကို ပြန်ပြီး စုစည်းနိုင်ခဲ့သည်။ ဝမ့်လင်းလင်းကို မှားပြီး လက်ထပ်ပြီး သူက သူမနှင့် ကိစ္စများကို ရှင်းလင်းအောင် လုပ်ထားသ၍ အဆင်ပြေနေမည် ဖြစ်သည်။ ဝမ့်လင်းလင်းသည် သူ့ရဲ့ အရင်ဘဝက ဝမ့်ရင်း မဟုတ်သော်လည်း သူ့လိုအပ်ချက်တွေက သိပ်ပြီး မမြင့်သည့်အတွက် အဲ့ဒါက လုံလောက်သည်။

ဝမ့်လင်းလင်းကို အပြောင်းအလဲကြီး လုပ်ဖို့ ဒါမှမဟုတ် ဘာပြဿနာမှ ဖြေရှင်းနိုင်ဖို့ကို သူ မမျှော်လင့်ထားခဲ့ပါ။ သူမက ကလေးတွေကိုသာ စောင့်ရှောက်ခဲ့ပြီး အကြီးတွေကို လေးစားခဲ့သည်။ အဲ့ဒါက ဘယ်လိုလုပ် ခက်ခဲမှာလဲ။

သူမက သူ့ကို လက်ထပ်ခဲ့ရသည့်အတွက် အရမ်းကို ပြဿနာတက်ရပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု ရှာရုံသာ မဟုတ်ဘူးလား။ ထို့ကြောင့် သူမကို ကောင်းကောင်း ဆက်ဆံနေသ၍ အနာဂတ်တွင် သူတို့ ကွာရှင်းသည့်အခါ သူက သူမအပေါ်မှာ မမျှမတ ဆက်ဆံမည် မဟုတ်ပါ။

အရာအားလုံး ပြင်ဆင်နိုင်ပြီး အရာအားလုံးကို ကယ်နိုင်မယ်ဟု ကျောက်ကျွင်းက ခံစားမိခဲ့သည်။

သို့သော် ဝမ့်လင်းလင်းက သူ့ဘဝကို ပြဿနာ ရှာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးပါ။

ကျောက်ကျွင်းက ဝမ့်လင်းလင်းကို သူ့မျက်လုံးထဲမှာ မဖော်ပြနိုင်သော ရွံရှာပုံမျိုးဖြင့် ကြည့်လိုက်သည်။

ဝမ့်လင်းလင်းက ရင်တွေ တုန်နေခဲ့သည်။ သူမက ကျောက်ကျွင်းဆီကို ပြေးသွားဖို့ ရုန်းနေခဲ့သည်။ “ ကျောက်ကျွင်း၊ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မတောင်းပန်တယ်၊ ဟုတ်ပြီလား။ ကျွန်မကို တရားမစွဲပါနဲ။ ကျွန်မကို တရားမစွဲနဲ့။ ကျွန်မ ရှင့်အမေကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ သူ့ဘာသာ သေသွားတာလေ။ သူက အသက်ကြီးနေပြီ။ သူက ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲ၊ ဟုတ်တယ်မလား။ ဒါက သူ့ရဲ့ အချိန်မလို့ပဲလေ။ ကျွန်မကို အပြစ်မတင်နဲ့။”

ထိုစကားတွေက ကျောက်မိသားစုကို ပိုပြီးတောင် ဒေါသထွက်လာစေခဲ့သည်။

တစ်ချို့လူတွေက မသိနိုင်​လောက်ဘူး။ ဒါပေမယ့် သူက ဘယ်လိုလုပ် မသိဘဲနေမှာလဲ။

သူမက နောက်နှစ်အနည်းငယ်ကြာရင် သေမှာပဲလေ။

အဲ့ဒါကို ဆက်ပြီး မခံနိုင်တော့ဘူး။ ကျောက်ကျွင်းက ဒေါသတကြီး အော်လိုက်သည်။ “ပိတ်ထား။ ဝမ့်လင်းလင်း။ မင်း ငါ့အမေကို သတ်လိုက်တာ။ အခု မင်း ငါ့ကို ဘာတွေ ပြောနေတာလဲ။”

သူက ဝမ့်လင်းလင်းကို သူ့ဘဝအား ဖျက်စီးဖို့ ခွင့်ပြုမည် မဟုတ်ပါ။

ကျောက်ကျွင်းက ခေါင်းဆောင်ကို ပြောလိုက်သည်။ “ဦးလေး၊ ရဲခေါ်ဖို့ တစ်ယောက်ယောက်ကို ပြောပေးပါ။ ကျွန်တော့်အမေကို သတ်တဲ့အတွက် သူ့ကို တရားစွဲချင်လို့ပါ။”

ထိုစကားတွေကို ပြောလိုက်တာနှင့် ပတ်ပတ်လည်မှာ ဆူဆူညံညံ ဖြစ်သွားခဲ့ကြသည်။

“ ကျောက်ကျွင်းက သူ့မိန်းမကို တရားစွဲချင်တာလား။”

“ဘုရားရေ၊ ဒါက ပြဿနာကြီးတစ်ခုပဲ။”

“သူ့မိန်းမက မြေပဲတွေ စားချင်တယ်ဆိုလို့လား။”

“အဲဲဒါက ပြောဖို့ ခက်တယ်။ အဲ့ဒါက ရည်ရွယ်ပြီး လုပ်တာမှ မဟုတ်ပါ။”

…….

လေးယောက်မြောက်ဦးလေးလို့ခေါ်သည့် ခေါင်းဆောင်က မျက်နှာကို သုပ်ပြီး ပြောလိုက်သည်။ “စန်းကျိလေး၊ မင်း သေသေချာချာ တွေးကြည့်ဦး။ တကယ်လို့ မင်းမိန်းမကို တရားစွဲမယ်ဆိုရင် အဲ့ဒါက မင်းကိုလည်း ထိခိုက်လိမ့်မယ်။”

ကျောက်ကျွင်း - “ငါသိတယ်။”

ဘာပဲဖြစ်ဖြစ် သူက အလုပ်ကို ပြောင်းမှာဆိုတော့ သက်ရောက်မှုရှိပလေ့စေ။

အဲ့စကားကို ပြောပြီးနောက် ကျောက်ညီအကိုတွေက အဆင်ပြေသွားခဲ့သည်။ သူတို့ ညီအစ်ကိုတွေနှင့် ခပ်ခွာခွာ ရှိနေသော်လည်း အနည်းဆုံးတော့ သူတို့အမေရဲ့ စျာပနပြီးတဲ့အထိ ဝမ့်လင်းလင်းကို ဖမ်းထားမည် ဖြစ်သည်။

ဝမ့်လင်းလင်းက လုံးဝကို ရူးသွားပြီ ဖြစ်သည်။ သူမက ဒီလို အဆုံးသတ်သွားလိမ့်မယ်ဟု သူမ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။

သူမက အရူးလို ပြေးသွားခဲ့ပြီး သူမကို ပြန်ဆွဲဖို့ ကြိုးစားသည့် လူတွေကလည်း သူမကို ဘယ်လိုမှ ပြန်မဆွဲနိုင်ခဲ့ကြပါ။

“ ကျောက်ကျွင်း၊ ရှင် ဒါကို မလုပ်နိုင်ပါဘူး။ ရှင် ဒါကို မလုပ်နိုင်ပါဘူး။ ကျွန်မက ရှင့်အတွက် အများကြီး ပေးခဲ့ပြီးပြီ။ ရှင့်အတွက် ကျွန်မက ကျွန်မရဲ့ မိဘအိမ်နဲ့ ကျွန်မ လက်ထပ်မယ့်သူကို လက်လျှော့ခဲ့ရတယ်။ ကျွန်မ ဘာတစ်ခုမှ မတောင်းဆိုဘဲ ရှင့်ကလေးတွေရဲ့ မိထွေးလုပ်ဖို့ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး ဒီနေရာကို လာခဲ့တာ။ ရှင်ကျွန်မကို ဒီလို မလုပ်နိုင်ပါဘူး။”

နောက်ဆုံးမှာတော့ ဝမ့်လင်းလင်းက အော်လိုက်သည်။

သူမက အလွယ်တကူ အနိုင်ရဖို့ ကောင်းမွန်သည့် ဘဝသစ်တစ်ခုမှ နေရဖို့ဖြစ်ပြီး ထောင်ထဲမှာ ထိုင်ကာ အပြစ်ပေးခံဖို့ မဟုတ်ပါ။

ဝမ့်လင်းလင်းက ငိုချလိုက်သည်။ “ငါက နင့်အတွက် အများကြီး ပေးဆပ်ခဲ့ရတာ။”

သူမက ပြစ်မှုကို ကျူးလွန်ခဲ့သော်လည်း သူမဘေးရှိ လူတွေက သူမရဲ့ အပြုအမူကို သက်ပြင်းချနေခဲ့ကြသည်။

ဝမ့်လင်းလင်းက ကျောက်ကျွင်းကို လက်ထပ်ခဲ့တာဟာ တကယ်တော့ ရာထူးကျစေသည့် လပ်ထပ်ပွဲတစ်ပွဲ ဖြစ်သည်။

သူမက ကောင်းမွန်တဲ့ မိန်းမငယ်လေး ဖြစ်သော်လည်း သူမက ဘာတင်းတောင်းငွေမှ မတောင်းဘဲ လက်ထပ်ကာ ကလေးနှစ်ယောက်ရဲ့ မိထွေး ဖြစ်လာခဲ့သည်။ သူမရဲ့ အထက်မှာ အမျိုးသမီးကြီး မစ္စကျောက်လို မကောင်းတဲ့ ယောက္ခမမျိုး ရှိခဲ့ကာ သူမရဲ့ ယောင်းမများနှင့် အတူတူ စားရသည်။

ထိုအခြေအနေများထဲမှ ဘယ်တစ်ခုမဆို အခြား မိန်းကလေးများရဲ့ လက်ထပ်ရမည့် အရွယ်ကို တုံ့ဆိုင်းစေပြီး သူတို့ကို အတူတူ ထားသည့်အခါ ဘယ်သူကမှ ဆန္ဒရှိကြမည် မဟုတ်ပါ။

သို့သော် ဝမ့်လင်းလင်းက ဝင်လာဖို့ကို ခုခံနေခဲ့တာ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။ သူမရဲ့ ဂုဏ်သတင်းက မကောင်းသော်လည်း သူမမှာ ကလေးနှစ်ယောက် ရှိနေဆဲ ဖြစ်သည်။ သူတို့ကို အောင်နိုင်ရင် အဲ့ဒါကို အောင်မြင်ဖို့က ခက်ခဲမည် ဖြစ်သည်။

လူတိုင်းရဲ့ အကြည့်တွေကနေ ကျောက်ကျွင်းက ဝမ့်လင်းလင်းကို စိုက်ကြည့်လိုက်သည်။ “မဟုတ်ပါဘူး။ ဒါကို မင်း ငါ့အတွက် လုပ်နေတာ မဟုတ်ပါဘူး။”

ဝမ့်လင်းလင်းက မတုံ့ဆိုင်းလုနီးပါး ဖြစ်သွားခဲ့သည်။ “နင့်အတွက် ငါက ဒါကို ဘယ်လိုလုပ် မလုပ်နိုင်ရတာလဲ။ တကယ်လို့ ငါက နင်နဲ့ ငါက အတူတူ မရှိချင်ရင် ငါက နင့်ကိုရှာဖို့ မြို့အထိ အိမ်ကနေ တိတ်တိတ်လေး ထွက်မလာဘူး။ ပြီးတော့ ငါ့ကို တင်တောင်းဖို့ တစ်ပြားမှ မတောင်းခဲ့ဘူး။ ကျောက်ကျွင်း ငါက နင့်အတွက် အများကြီးပဲ လုပ်ပေးခဲ့တာ။”

သူမက စကားပြောနေတုန်းဖြစ်သော်လည်း ကျောက်ကျွင်းကတော့ ထပ်ပြီး နားမထောင်ချင်တော့ပါ။

“ဝမ့်လင်းလင်း၊ မင်းကိုယ်မင်း ပြောဖို့ ဒီစကားတွေကို သုံးနေတာ ရပ်ပါတော့။ မင်းက ထိုင်ပြီး တစ်ခြား အလုပ်သမားတွေရဲ့ သီးနှံတွေကို စားချင်တဲ့သူမျိုး။ ဒါကို မင်းက ငါ့အတွက် လုပ်ပေးနေတာလား။ မင်းက ဒါကို မင်းဘဝ၊ မင်းအနာဂတ်ကောင်းဖို့။ မင်းရဲ့ လောဘကြောင့် လုပ်နေတာပဲ။”

ကျောက်ကျွင်းရဲ့ မျက်လုံးတွေက နက်မှောင်နေခဲ့သည်။ “ရှုရွှမ်းကို မင်းမှတ်မိလား။ မင်း သူ့ရဲ့လက်ကို မချိုးခဲ့ဘူးလား။”

တကယ်လို့ ကျောက်ကျွင်းရဲ့ မေးခွန်းက ဝမ့်လင်းလင်းကို မှင်သက်ပြီး ဝေခွဲမရ ဖြစ်အောင် လုပ်နိုင်ခဲ့ရင် ကျောက်ကျွင်းရဲ့ နောက်ဆက်တွဲ စကားတွေက ဝမ့်လင်းလင်း ငရဲရဲ့ ၁၈ထပ်သို့ ပို့လိုက်သလို ဖြစ်သွားခဲ့သည်။

ဝမ့်လင်းလင်းသည် တစ်ယောက်ယောက်က သူမအပေါ်ကို ရေအေးတွေ လောင်းချလိုက်သလို ခံစားခဲ့ရသည်။ သူမက ခေါင်းစခြေအဆုံး ခဲသွားကာ သူမက ရေခဲဂူထဲ ကျသွားသလို မလှုပ်နိုင်မရှားနိုင် ဖြစ်နေခဲ့သည်။ သူမကို ထိန်းထားသည့် မိန်းမကြီးက သူမ တစ်ခုခု မှားနေပြီး သူမရဲ့ ပုံစံက အရမ်းကို ကြောက်နေသည်ကို မြင်ရသဖြင့် သတိမထားမိဘဲ သူမရဲ့ လက်ကို လွှတ်လိုက်သည်။

ဝမ့်လင်းလင်းက မြေပေါ်ကို လဲကျသွားခဲ့သည်။ သူမရဲ့ မော့ကြည့်ကာ သူမရဲ့ ပါးစပ်ကနေ ထုံးစံအတိုင်း​ြ ပြောလိုက်သည်။ “ကောင်းတဲ့ ဘဝတစ်ခု လိုချင်တာက ဘာမှားလို့လဲ။”

သူမရဲ့ အတိတ်ဘဝတွင် သူမက အများကြီး ခံစားခဲ့ရကာ ဘုရားသခင်က သူမကိုအခွင့်အရေးတစ်ခု ပေးခဲ့သည်။ 'အဲ့ဒါက သူနဲ့ အတူတူပျော်ဖို့အတွက် မဟုတ်ဘူးလား။ ဒီမှာ အနိုင်ရဖို့ ဒီကို ရောက်လာတာ မဟုတ်ဘူးလား။ ဘာမှမလုပ်ဘဲ သူတို့တွေ ပျော််တယ်ဆိုရင် သူမက ဘာလို့ အလုပ်ကြိုးစားတာလဲ။ အရင်ဘဝမှာတုန်းက ဝမ့်ရင်းနဲ့ ကလေးတွေက ချစ်ကြတာပဲကို ဘာလို့ သူမက မဖြစ်နိုင်ရမှာလဲ။'

ကျောက်ကျွင်းက သူမပြောတာကို ပြန်မဖြေခဲ့ပါ။ တကယ်တော့ ကျောက်ကျွင်းက ဒီအရူးမဆီကနေ လွတ်မြောက်ချင်ရုံသာ ဖြစ်သည်။

ဝမ့်လင်းလင်းက တကယ် ရူးနေပုံရသည်။ သူမက ကျောက်ကျွင်းကို ကဗျာကယာ မေးလိုက်သည်။ “နင်က ငါ့ကို ကွာရှင်းမယ်ပေါ့။ နောက်ပိုင်း နင်က ဝမ့်ရင်းကို ထပ်ပြီး သွားရှာမလို့လား။”

ကျောက်ကျွင်းက ပါးစပ်ကို သေချာ ထိန်းထားသော်လည်း ဝမ့်လင်းလင်းက ထရယ်ခဲ့သည်။ “နင် အရမ်း နောက်ကျသွားပြီ။ သူမက အိမ်ထောင်ကျပြီးပြီ။ သူ ဘယ်သူနဲ့ လက်ထပ်သွားလဲ နင်သိလား။”

ဝမ့်လင်းလင်းရဲ့ မျက်လုံးတွေက ထေ့ငေါ့မှုအပြည့် ဖြစ်နေခဲ့သည်။ “သူမက ရှုရွှမ်းနဲ့ ယူသွားပြီ။ ဟဟ ဘယ်လောက်တောင် ရယ်စရာကောင်းလဲ။ ငါတို့ နှစ်ယောက်ရဲ့ ဘဝတွေက ပြောင်းလဲသွားပြီ။”

ကျောက်ကျွင်းက မျက်ခုံး ပင့်လိုက်သည်။ သူက ဝမ့်ရင်းကို တကယ် သွားရှာချင်ခဲ့သည်။ အထူးသဖြင့် အခုလို စိတ်တွေ အမြင့်ဆုံး ရောက်နေချိန်မှာ ဖြစ်သည်။ ဝမ့်လင်းလင်း ရှိနေသည့်အတွက် သူက အရာအားလုံး မူလနေရာသို့ ပြန်သွားတာက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ခံစားမိခဲ့သည်။

ဘာကိစ္စမှ မရှိဘူးဆိုရင် ဝမ့်ရင်းက သူ့ရဲ့ မျက်ကွယ်ကို ကောင်းကောင်း ဂရုစိုက်မှာ သေချာသည်။

ဝမ့်လင်းလင်းသည် ကျောက်ကျွင်း တွေဝေနေတာကို မြင်သည့်အခါ အရမ်းကို ပျော်နေခဲ့သည်။

“ဒါဆိုလည်း ငါ နင့်ကို တစ်ခုပြောမယ်။”

ဝမ့်လင်းလင်းက ကျေနပ်စွာ လက်တုန့်ပြန်သည့် ပုံစံဖြင့် ကြည့်လိုက်သည်။ “ဝမ့်ရင်းက ငါတို့နဲ့ အတူတူပဲ။ သူက ငါနဲ့ဆို ရွယ်တူနီးပါးပဲ။”

ဝမ့်လင်းလင်း ဘာကို ဆိုလိုလဲဆိုတာ ဘေးနားရှိ ဘယ်သူကမှ နားမလည်သော်လည်း ကျောက်ကျွင်းက နားလည်သည်။

သူက ဒေါသထွက်ရာကနေ တည်ငြိမ်သွားသည့် ဝမ့်လင်းလင်းကို ကြည့်လိုက်သည်။

“ ကျောက်ကျွင်း၊ ငါက နင်နဲ့ မတန်ဘူးလို့ နင်ထင်နေတာ ဟုတ်တယ်မလား။ အဲ့ဒါဆိုလည်း မှတ်ထားလိုက်။ ပထမတစ်ခုက ဝမ့်ရင်းက သူ ပြန်လာကတည်းက ရှင့်ကို ပစ်ထားခဲ့တာ။ ငါ မရှိဘဲ သူက ရှင့်ကို ရိုရိုကျိုးကျိုးလေး လက်ထပ်လိုက်မယ်လို့ ရှင်ထင်နေတာလား။ မေ့လိုက်တော့။”

“သူပြန်လာတော့ ပထမဆုံး သူလုပ်ခဲ့တဲ့အရာက ရှင့်ကို ကန်ထုတ်ပစ်ခဲ့တာပဲ။ အဲ့ဒါကပဲ ရှင့်ကို သူဘယ်လောက် မုန်းနေလဲဆိုတာကို ပြလိုက်တာပဲ။”

ဝမ့်လင်းလင်းရဲ့ ရူးကြောင်ကြောင် အကြည့်က လူတိုင်းကို လန့်စေပြီး ကလေးတွေကိုတောင် ငိုစေခဲ့သည်။

ကျောက်ကျွင်းက ပါးစပ်ဟကာ တစ်ခုခုကို ပြောချင်ခဲ့သော်လည်း သူက မပြောဘဲ တိတ်ဆိတ်စွာ နေခဲ့သည်။ ထိုတိတ်ဆိတ်မှုက အဓိပ္ပါယ်ရှိသည်။ လူများစွာက သက်ပြင်းချခဲ့ကြသည်။ သူ့ရဲ့မိန်းမက သူ့အမေအရင်းကို သေအောင် တွန်းချလိုက်သည်။ သူ ဘယ်ကိုပဲ သွားပါစေ၊ ဒါက အတော်လေး ရက်စက်သည့် ကိစ္စတစ်ခုသာ ဖြစ်သည်။

ခေါင်းဆောင်က တပ်သားတွေ လာဖို့ စီစဥ်ပေးခဲ့ပြီး ဝမ့်လင်းလင်းကို မြို့က ရဲစခန်းသို့ ချက်ချင်း ပို့ခဲ့သည်။ သူက အမျိုးသမီးကြီးကျောက်ရဲ့ ရုပ်အလောင်းကို သယ်သွားပြီး မနက်ဖြန် လူတွေအများကြီး ရောက်လာပြီး သူမအကြောင်း မေးမှာကို စောင့်ရတော့မည် ဖြစ်သည်။

ဝမ့်လင်းလင်းက သူမရဲ့ ကံကြမ္မာကို ကြိုမြင်ကောင်း မြင်နိုင်ပြီး မထွက်သွားခင်မှာ သူမက ကျောက်ကျွင်းဖို့ အံ့ဩစရာကြီးတစ်ခု ချန်ထားပေးခဲ့ဖို့ကိုလည်း မမေ့ခဲ့ပါ။

“အစ်ကို၊ မိသားစုကို ခွဲလိုက်တာက ငါ့အကြံလို့တော့ မထင်ပါနဲ့။ ကျွန်မ ရှင့်ရဲ့ တတိယမြောက်ညီကို ဖုန်းဆက်ပြီး အဲ့အ​ကြောင်းကို ပြောထားပြီးပြီ။”

သူမရဲ့ မျက်လုံးတွေက ယုတ်မာစိတ်အပြည့် ဖြစ်နေခဲ့သည်။ “သူက ပြောတယ်။ ရှင်က မသုံးမကျဘဲ မိန်းမနဲ့ ကလေးကိုတောင် မစောင့်ရှောက်နိုင်ဘူးတဲ့။ ဒါပေမယ့် သူက ရှင့် ကလေးတွေကို ပျိုးထောင်ပေးဖို တာဝန်မရှိဘူးလေ။ တကယ်လို့ ရှင်က အဲ့ဒါကို မပြောခဲ့ဘူးဆိုရင် ကျွန်မက မိသားစုကို ဘယ်လိုလုပ် ခွဲထွက်ချင်မှာလဲ။ အဲ့ဒါကို တွေးကြည့်လိုက်။ သူက သူ့ရဲ့ ကလေးတွေကို ဘယ်သူကမှ ဂရုစိုက်ပေးမှာ မဟုတ်ဘူးလို့ ခံစားရတာကြောင့် သူက မိသားစုကို အတူတူ ထားရမှာ။ နောက်ပိုင်း သူက ငါ့ကို ယူပြီးရင် ငါက သူ့ရဲ့ ကလေးတွေကို စောင့်ရှောက်ပေးနိုင်တယ်လို့ တွေးမိလို့ ရှင့်ကို ထပ်ပြီး သည်မခံနိုင်တော့တာပဲ။”

ကျောက်ကျွင်းရဲ့ အသံက အေးစက်မှုအပြည့် ဖြစ်နေခဲ့သည်။ “ဝမ့်လင်းလင်း၊ ကိစ္စတွေက ဒီလိုမျိုး ဖြစ်လာနေတာတောင် မင်းက ပြဿနာ ရှာချင်နေတုန်း”

ဝမ့်လင်းလင်းက အတော်လေး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ 'သူမက ဘာလို့ မဖြစ်နိုင်ရမှာလဲ။ သူမက သူမရဲ့ နာကျည်းချက်တွေကို ထိန်းထားမယ့်သူ မဟုတ်ဘူး။ နှစ်ဘဝလုံးမှာ နေပြီးနောက် သူမ ခံစားရတဲ့ အကြီးမားဆုံးသော နာကျည်းချက်ကတော့ ကျောက်ကျွင်းဘက်မှာ ရှိနေခဲ့ရတာပဲ။ သူမက သူ့ရဲ့ မိသားစုနဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ရမယ်။ သူမက သူဆန့်ကျင်တာ၊ သူ့အမေက အနိုင်ကျင့်တာ၊ သူ့ရဲ့ ယောင်းမတွေနဲ့ စကားများ ရန်ဖြစ်ရတာတွေကို ခံခဲ့ရသေးတယ်'

ကျောက်ကျွင်းက မိသားစု ပြဿနာတွေကို ဂရုမစိုက်ဘဲ ထွက်သွားခဲ့သည်။ သူသည် ကလေးနှစ်​ယောက်နှင့် သူတို့ရဲ့ ဆက်ဆံရေး တိုးတက်ဖို့ကိုတောင် ကူညီဖို့ ဝင်မပါခဲ့ပါ။ သို့သော် အဲ့ဒီ့အစား သူက သူတို့အတွက် လောက်တစ်ကောင်သာဖြစ်ပြီး အမှားလုပ်မိသည့်အခါ သူ့ကို အဖေအရင်းအနေဖြင့် သူတို့ကို အပြစ်တင်ဖို့သာ လုပ်ခဲ့ကြသည်။

ဝမ့်လင်းလင်း - “ ကျောက်ကျွင်း၊ ဝမ့်ရင်းက နင့်ကို ဘာလို့ ထပ်ပြီး မလိုချင်တာလဲဆိုတာ နောက်ဆုံးတော့ ငါနားလည်သွားပြီ။ ရှင်က သာမန်လူနဲ့ တူပေမယ့်လေ၊ တကယ်တမ်းက ရွံစရာ အကောင်းဆုံးလူပဲ။”

တပ်က ဝမ့်လင်းလင်းကို ခေါ်သွားသည့်အခါ သူမက ငိုနေခဲ့သည်။ အနာဂတ်က ဘယ်လိုဖြစ်သွားမလဲဆိုတာ သူမ မသိသော်လည်း သူမက ဆုံးဖြတ်ချက်အမှား တစ်ခု ထပ်ပြီး လုပ်ခဲ့တယ်ဟုသာ ခံစားခဲ့ရသည်။

ဝမ့်လင်းလင်းက ထွက်သွားသော်လည်း သူမ ပြောခဲ့သည့် စကားတွေက ကျောက်ညီအစ်ကိုတွေရဲ့ အကြားမှာ စိတ်ဝမ်းကွဲမှုတစ်ခု ဖြစ်သွားစေခဲ့သည်။

All Chapters