← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 14 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 14 Ch. 161-162

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၆၁

ကျောက်ကျွင်းက ရှင်းပြဖို့ ပြင်လိုက်သော်လည်း သူ ဘယ်ကနေ စရှင်းပြရမလဲဆိုတာကို မသိခဲ့ပါ။

သေချာတာကတော့ ဝမ့်လင်းလင်း ပြောသွားတာတွေက အမှားတွေသာ ဖြစ်သည်။ ကျောက်ကျွင်းမှာ တစ်ကိုယ်ကောင်းဆန်စိတ်မျိုး ရှိတယ်ဆိုသော်လည်း သူက သူ့အစ်ကိုနှင့် မိဘတွေရဲ့ အကြောင်းကို ဂရုစိုက်ပေးနေဆဲ ဖြစ်သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူသည် အရင်ဘဝမှာတုန်းကလိို မိသားစုကို အတူတူ ထားနိုင်မည် မဟုတ်ပါ။ သူ ချမ်းသာလာသည့်အခါ သူ့အစ်ကိုတွေကို ခေါ်သွားရမည် မဟုတ်ပါ။

ဒါပေမယ့်….. ဒါပေမယ့်

ကျောက်ကျွင်းက သူ့ရဲ့ အတိတ်ဘဝအကြောင်းကို ပြန်တွေးနေခဲ့ပြီး မိသားစုကို မပြိုကွဲစေချက်သည့် သူ့ရဲ့ ရည်ရွယ်ချက်မှာ မိသားစုထဲမှာ ဘာပြဿနာမှ မရှိခြင်းကြောင့် ဖြစ်သည်။

ဝမ့်ရင်း ရောက်လာပြီနောက် သူမက အရာအားလုံးကို စီစဥ်တကျ စီစဥ်ပေးခဲ့သည်။ သူမက ကလေး နှစ်ယောက်ရဲ့ အကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့သလို အမျိုးသမီးကြီးကျောက်နှင့် သူမရဲ့ ယောင်းမတွေအ​ကြောင်းကိုလည် မတိုင်ပြောခဲ့ပါ။ အဲ့အချိန်တုန်းက ကျောက်ကျွင်းက သူ့ကလေးတွေကို အခုဘဝမှာလို ပြောရင်တောင် သူတို့ရဲ့ မိထွေးက သူတို့ကို တစ်ခုခု လုပ်မိပါက သူတို့ရဲ့ အဖေကို ခေါ်လို့ရသည်။

ဝမ့်ရင်းက ထိုအကြောင်းကို သိသင့်သည်။ အကြောင်းမှာ တစ်ရက် သူအိမ်ပြန်လာသည့်အခါ သူ့ရဲ့သားက ဝမ့်ရင်းကို ထိုအကြောင်း ပြောနေသံ ကျောက်ကျွင်းက ကြားခဲ့ရသည်။ သို့သော် ဝမ့်ရင်းက ထိုအကြောင်းကို ကြားပြီးနောက်မှာ သူနှင့် ပြဿနာ မဖြစ်ဘဲ ကလေးနှစ်ယောက်ကို ပိုပြီး ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

အကြောင်းမှာ အိမ်မှာရှိသည့် ကိစ္စအားလုံး အဆင်ပြေရင် ကျောက်ကျွင်းက သူ့ရဲ့ လုပ်ငန်းမှာ သူ့ရဲ့ အားအင်တွေ အကုန်လုံးကို အသုံးချလို့ ရနိုင်သည်။ ထုံးစံအတိုင်း သူက တစ်ကိုယ်ကောင်းဆန်သည့် စောဒကတက်မှုမျိုး မရှိခဲ့ပါ။ သူက တပ်မဟာထဲမှာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ပြီး လုံ့လလည်း ရှိသည်။ သူ စစ်တပ်က ထွက်ပြီးတာတောင် အလုပ်ကို ကြိုးစားခဲ့သေးသည်။

မေးခွန်းတစ်ခုကို ဝမ့်ရင်း မေးခဲ့သည့် တစ်ခုတည်းသော အချိန်ဟာ သူ့ရဲ့ အလုပ်ကို ပြောင်းပြီး သမဝါယမစျေးမှာ ဒါရိုက်တာလေး ဖြစ်လာပြီးနောက် မြို့ကနေ ပြန်လာချိန်မှသာ ဖြစ်သည်။ ဝမ့်ရင်းက သူမနှင့် ကလေးတွေကို မြို့သို့ ခေါ်သွားသည့် အချိန်မှ သူ့ကို မေးခဲ့သည်။

ကျောက်ကျွင်းသည် သူအဲ့အချိန်တုန်းက ဘယ်လိုမျိုး ​ဖြေခဲ့လည်းဆိုတာ မမှတ်မိတော့ဘဲ အဲ့ချိန်တုန်းက ဝမ့်ရင်းသည် သူမလိုချင်တာ မရခဲ့ကြောင်းကိုသာ သိနေခဲ့သည်။

သူသည် အဲ့အကြောင်းနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေတယ်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။ ယောက်ျားတစ်ယောက်က အပြင်မှာ အလုပ်လုပ်ပြီး မိန်းမတစ်ယောက်က အိမ်မှာ ကလေးထိန်းရတာ ပုံမှန်ပဲ မဟုတ်ဘူးလား။

ကျောက်ကျွင်းသည် သူက ပြည့်စုံသည့် ယောက်ျား တစ်ယောက်ဟု အမြဲတမ်း ခံစားခဲ့ရသည်။

သူက အပြင်မှာ ဘာပြဿနာမှ မရှာသလို ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ ထိခိုက်တာမျိုး မရှိဘဲ လတိုင်း အချိန်မှန် ဝမ့်ရင်းကို အိမ်စားရိတ်တွေ ပို့ပေးခဲ့သည်။ အစပိုင်းမှာ ဝမ့်ရင်းက ကြည့်ကောင်းတဲ့ အထက်တန်းအောင် တစ်ယောက်ကို လက်မထပ်ဘဲ လူမဆန်သည့် သူမရဲ့ ဦးလေးနှင့် သူ့မိန်းမက ကျောက်ကျွင်းထံ ရောင်းခဲ့တယ်ဟု လူတိုင်းက ပြောခဲ့ကြသည်။

သို့သော် နောက်ပိုင်းမှာတော့ အခြားသူတွေက ဝမ့်ရင်း ဘယ်လောက် ကံကောင်းကြောင်းကို စတင်ကာ ပြောခဲ့ကြသည်။ သူမက လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် ယောက်ျားတစ်ယောက်ကို လက်ထပ်ခဲ့ပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေခဲ့ရသည်။

တပ်မဟာထဲက မိန်းမငယ်လေးတွေ ဘယ်လောက် အများကြီးက ကျောက်ကျွင်းကို လက်လွတ်လိုက်ရလို့ နောင်တရနေကြမလဲဆိုတာ သူလည်း မသိတော့ဘူး။

ကျောက်ကျွင်းက အခုလေးတင် ဝမ့်လင်းလင်း ပြောတာကို တွေးလိုက်သည်။ ဝမ့်ရင်းက ရှုရွှမ်းကို လက်ထပ်ပြီး ဝမ့်ရင်းကလည်း သူမလို ပြန်လည်ကာ မွေးဖွားလာတဲ့သူ ဖြစ်ကြောင်းကို ပြောခဲ့သည်။

ကျောက်ကျွင်းက အရမ်းကို စိတ်ရှုပ်သွားခဲ့ရပြီး သူက အဲ့ဒါကို အဖြေရှာမရပါ။

ဝမ့်ရင်းက ပြန်မွေးဖွားလာတဲ့သူဆိုရင် သူမက ဘာလို့ အခြားတစ်ယောက်ကို လက်ထပ်ခဲ့ရတာလဲ။

ကျောက်ကျွင်းက အဲ့အကြောင်းကို တွေးရင်း၊ တွေးရင်း ရှင်းတောင် မရှင်းပြနိုင်တော့ပါ။ သူ့အစ်ကိုတွေရဲ့ မျက်လုံးထဲမှာ အဲ့ဒါက ဝမ့်လင်းလင်း စကားတွေရဲ့ အမှန်တရားကို သက်သေပြလုနီးပါး ဖြစ်နေခဲ့သည်။

ကျောက်ကျွင်းက စိတ်နဲ့လူနဲ့ ပြန်ကပ်သွားပြီး ထပ်မံကာ စကားပြောဖို့ လုပ်ခဲ့သော်လည်း သူ့အစ်ကိုတွေက ကြားဖြတ်ပြောခဲ့သည်။

“တတိယညီလေး၊ ငါတို့အဖေက အခုလေးတင် ဒေါသထွက်ပြီး သတိလစ်သွားပြီ။ အရင်ဆုံး ငါ သူ့ကို ကြည့်ပေးဖို့ သွားလိုက်မယ်။ မင်းက ကလေးတွေကို စောင့်ရှောက်ပေးဖို့ ပြန်သင့်တယ်။ မနက်ဖြန်ကျတော့မှ ငါတို့ အမေ့ကို ဘယ်လို သဂြိုလ်မလဲဆိုတာကို ဆွေးနွေးကြမယ်။”

ကျောက်ကျွင်းက သူ့အဖေကို သွားကြည့်မယ်ဟု ပြောမလို့ လုပ်နေချိန်မှာ သူ့ရဲ့ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုက လှည့်ပြန်ပြီး တစ်မိသားစုလုံးကို စီစဥ်ပေးဖို့ ခေါ်သွားခဲ့သည်။

ကျောက်ကျွင်းသည် သူနှင့် သူ့အစ်ကိုတွေကြားက ဆက်ဆံရေးကို ဘယ်တော့မှ ပြန်ပြီး ဖြည်မဆည်နိုင်တာ ကောင်းကောင်းကြီး သိနေခဲ့သည်။

ကျောက်တုန်က နှာခေါင်းတရှုံ့ရှုံ့ ဖြစ်ကာ ငိုရတာ ပင်ပန်းလာသည့် ကျောက်ရှီကတော့ ကြက်စာ ကောက်သလို ခေါင်းတငြိမ့်ငြိမ့် ဖြစ်ကာ အိပ်ပျော်တော့မည် ဖြစ်သည်။

ကျောက်ကျွင်းမှာ ရွေးချယ်စရာ မရှိဘဲ ကလေး နှစ်ယောက်ကို အိမ်ပြန်ခေါ်သွားခဲ့သည်။ ကျောက်တုန်က စိတ်မသက်မသာစွာဖြင့် သူ့ရဲ့ လက်မောင်းကို လှည့်လိုက်သည်။ သူက အမြဲတမ်း သူ့အဖေအကြောင်း ပြောခဲ့သော်လည်း သူ့အဖေက လုံးဝ သူစိမ်းတစ်ယောက်လို ဖြစ်နေခဲ့သည်။ သူမွေးလာသည့် အချိန်မှ အခုချိန်အထိ သူ့အဖေနှင့် အတူတူ ရှိခဲ့ရသည့်အချိန်မှာ သုံးလလောက်သာ ရှိသည်။

ကျောက်ကျွင်းက ကလေးနှစ်ယောက်ကို အိမ်ထဲသို့ ခေါ်သွားပြီး အိမ်ထဲကို ဝင်လိုက်သည့်အခါ သူက တုန်လှုပ်သွားခဲ့ရသည်။

အခန်းထဲမှာ အိတ်တွေများစွာ ပြန့်ကျဲနေခဲ့ပြီး ပြောင်း၊ ဂျုံတွေက ထွက်ကျနေသလို ဂျုံကောင်းနှစ်အိတ်လည်း ရှိနေခဲ့သည်။

ကျောက်ကျွင်းက သူ့ရဲ့ သမီးငယ်လေးကို အိပ်ရာပေါ် တင်ပြီး သူ့သားကို ဆွဲခေါ်ကာ မေးလိုက်သည်။ “ဒီစားစရာတွေ အားလုံး ဘယ်ကနေ ရောက်လာတာလဲ”

ကျောက်တုန်က အနည်းငယ် ကျောက်နေခဲ့ပြီး မဖြေခင်မှာ သူ့ရဲ့ ပုခုံးတွေက လှုပ်နေခဲ့သည်။ “အဲဲဒါ မိထွေးက ဝယ်ထားတာ။”

ကျောက်ကျွင်းက မျက်မှောင်ကို ကြုတ်လိုက်သည်။ ဝမ့်လင်းလင်းကို သူလွှဲပေးထားသည့် ပိုက်ဆံ ပမာဏက အကန့်အသတ်နှင့် ဖြစ်သည်။ အဲ့ပိုက်ဆံဖြင့် စားစရာတွေ ဝယ်ရင်တောင် အခုလို စားစရာ စျေးတွေအရ ဒီလောက်အများကြီး ဝယ်ဖို့ဆိုတာက ဖြစ်နိုင်မည် မဟုတ်ပါ။

ကျောက်တုန်က တီးတိုး ပြောခဲ့သည်။ “သားတို့ မိထွေးက တစ်ချို့ကို မီးလင်းဖို အပေါ်နဲ့ မြေတိုက်ထဲမှာ ဖွက်ထားသေးတယ်။ သူက သားနဲ့ ညီမလေးကို အဲ့ဒါတွေ မစားခိုင်းဘူး။”

ကျောက်တုန်က မြေတိုက်ထဲကို ဆင်းသွားပြီး မီးလင်းဖိုကို တူးဖွင့်လိုက်သည်။ သူက လုံးဝကို မှင်သက်သွားခဲ့ရသည်။

ဒီဂျုံတွေ အားလုံးကို ပေါင်းပြီး ချိန်ကြည့်လိုက်ရင် အနည်းဆုံး လေးရာ ကီလိုဂရမ်လောက် ရှိသည်။

သိသင့်သည်က လုပ်ခရမှတ် အပြည့်ရတဲ့ အဖွဲ့သားကတောင် တစ်နှစ်ကို စားစရာတွေ ဒီလောက် အများကြီး မရနိုင်ပေ။ ထို့နောက် ဒါက ငတ်မွတ် ခေါင်းပါးနေတဲ့ အချိန်ဖြစ်သည်။

ကျောက်ကျွင်းသည် သူ့ရဲ့ ဦးနှောက်က ပေါက်ကွဲမလို ခံစားနေရသည်။ ဝမ့်လင်းလင်းက ဘာလုပ်ဖို့အတွက် ကြိုးစားနေတာလဲ။ သူမက သူ့ရဲ့ဘဝကို ဖျက်စီးတော့မှာလား။

ကျောက်တုန်က သူ့အဖေရဲ့အနားကို ကပ်ပြီး ပြောခဲ့သည်။ “သားမိထွေးက ပြောတယ်။ သူက ဒါတွေကို ပိုက်ဆံနဲ့ သွားလဲပြီး သားနဲ့ ညီမလေးအတွက် သကြားလုံး ဝယ်ပေးမယ်လို့လည်း ပြောတယ်။”

သေချာတာကတော့ ဒါက လွန်ခဲ့သော ရက်ပိုင်းလာက်က မဟုတ်သော်လည်း ရှေ့ရက်တုန်းက ဖြစ်သည်။ ဝမ့်လင်းလင်းက ကျောက်တုန်နှင့် ကျောက်ရှီကို ရတနာများအဖြစ် ဆက်ဆံခဲ့စဥ်က သူမသည် စကားအချို့ကို ပြောထွက်သွားခဲ့သည်။

ကျောက်ကျွင်းက ဘာမှ အားစိုက်စရာ သိပ်မလိုဘဲ အဓိကအချက်ကို ရှာတွေ့သွားခဲ့သည်။

ဟုတ်တယ်။ သူမရဲ့ အတိတ်ကို သိနေတဲ့ အရူးမ ဝမ့်လင်းလင်း တစ်ယောက်ကပဲ ဒီလိုအရာမျိုးကို လုပ်နိုင်တာ။ သူမက စျေးတွေကျနေတုန်းက ပစ္စည်းကို သိုလှောင်ပြီး အငတ်ဘေးစိုက်တာကို အခွင့်ကောင်း ယူပြီး စျေးကြီးကြီးနဲ့ ပြန်ရောင်းဖို့ စီစဥ်နေတာပဲ ဖြစ်ရမည်။

ကျောက်ကျွင်းသည် ဝမ့်လင်းလင်းက စားစရာတွေအပြင် အခြား ကြီးကြီးမားမား တစ်ခုခုကို လုပ်ထားမှာ စိုးရိမ်နေသည့်အတွက် ဝမ့်လင်းလင်းရဲ့ အကြောင်း အသေးစိတ်ကို မေးဖို့အတွက် သူ့ရဲ့သားကို ခေါ်လိုက်သည်။

ကျောက်တုန်က သူ့ကို အရာရာ ပြောပြခဲ့ပြီး ကျောက်ကျွင်းက အရာအားလုံးကို မြန်မြန်လေး စုလိုက်သည်။

အကြောင်းပြချက်တစ်ခုကတော့ ဝမ့်လင်းလင်းက စားစရာတွေကို သိုလှောင်ထားခဲ့တာ။ သူမက စားစရာ သုံးရာကီလိုဂရမ်ကို သိုလှောင်ထားခဲ့တာ။ အဲ့ပမာဏက သူမကို သူပေးထားတဲ့ ပိုက်ဆံနဲ့ ဝယ်ဖို့ လုံလောက်တယ်။ ကျန်တဲ့ အပိုင်းကိုက သူမရဲ့ မိဘတွေ အိမ်ကနေ ယူလာခဲ့တာပဲ။

ကျောက်ကျွင်းသည် ကျောက်တုန်ထံကနေ ဝမ့်လင်းလင်းရဲ့ မိသားစုမှာ ပြဿနာတွေ ရှိကြောင်း သိခဲ့ရသည်။ ဝမ့်လင်းလင်းက သူတို့ကို မပြောပြသော်လည်း ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့ အကြားက ကိစ္စသည် ပြဿနာကြီးတစ်ခုဖြစ်ပြီး ဝမ့်ယောင်ကျုံး အုတ်ဂူ ခိုးတူးသည့် ​ကိစ္စကြီးကိုလည်း အနီးအနားရှိ တပ်မဟာများစွာက သိထားကြပြီး ဖြစ်သည်။ ထို့ကြောင့် ကျောက်တုန်ကလည်း ထိုအကြောင်းကို တစ်ခုခု သိထားခဲ့သည်။

ကျောက်ကျွင်းသည် ဝမ့်လင်းလင်း မိဘတွေရဲ့ ပြဿနာကို ဘေးဖယ်ထားပြီး စားစရာတွေကို အာရုံစိုက်ခဲ့သည်။

ဝမ့်လင်းလင်းသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဂျုံတွေကို ပို့ဆောင်ခဲ့တယ်ဟု ကျောက်တုန်က ပြောခဲ့သည်။ ထို့ကြောင့် ဒါက ပုံမှန်အားဖြင့်တော့ ဖြစ်နိုင်သည်။ ဒီနယ်ပယ်ထဲမှာ ကျောက်ကျွင်းက အတွေ့အကြုံ မရှိသော်လည်း စားစရာတွေကို သိုပြီး စျေးစျေးဖြင့် ဘာကြောင့် ရောင်းချင်လဲဆိုတာကို သူက သိနေခဲ့သည်။ အကြောင်းမှာ သူမက အဲ့ဒါတွေကို စျေးနည်းနည်းဖြင့် ဝယ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ဝမ့်လင်းလင်းသည် မကြာသေးခင်ကမှ ဂျုံရိတ်တာမှာ စတင် မပါဝင်ခဲ့တာတော့ သေချာသည်။ တကယ်လို့ သူမက အဲ့ဒါကိုသာ လုပ်ချင်ရင် လွန်ခဲ့သော နှစ်လ သို့မဟုတ် သုံးလလောက်ကတည်းက စတင်ခဲ့ရမည် ဖြစ်သည်။

ကျောက်ကျွင်းက မျက်မှောင်ကို ကြုတ်လိုက်သည်။

တကယ်လို့ ဝမ့်လင်းလင်းက စားစရာတွေ သိုလှောင်ရုံ သပ်သပ်သာဆိုရင် ဒါက ဘာမှမဟုတ်ဘူး။ ထို့အပြင် ကလေးတွေ ပြောသလိုသာဆိုရင် ဝမ့်လင်းလင်းသည် အခုထိ ဘာကိုမှ မရောင်းရသေးပါ။ သူမက ဒါတွေကို ဝယ်ရုံသာ ဝယ်ပြီး မရောင်းရသေးဘူးဆိုရင် ဒါတွေကို ရောင်းဖို့ဟု သတ်မှတ်ဖို့ သို့မဟုတ် ထင်ကြေးပေးလို့ မရနိုင်သေးပါ။

ဒါပေမယ့် ဝမ့်လင်းလင်းက တစ်ယောက်ယောက်နဲ့ ပူးပေါင်းလုပ်တာ ဒါမှမဟုတ် ဝမ့်လင်းလင်းက သတိလက်လွတ်ဖြစ်ပြီး ဒီကိစ္စကို တစ်ခြားသူတွေ သိသွားရင် ဘာဖြစ်မှာလဲ။

ဒါဆို ဒီကိစ္စကို သေသေချာချာ လုပ်ဖို့တော့ လိုသည်။

ကျောက်ကျွင်းက ထိုအကြောင်းကို တွေးမိလေလေ၊ တစ်ခုခု လွဲနေတယ်ဟု ပိုပြီး ခံစားရလေလေ ဖြစ်သည်။ သူက သူ့သား​ကို ထပ်ခါ၊ ထပ်ခါ မေးပြီး နောက်ဆုံးမှာ ဝမ့်လင်းလင်းမှာ ပူပေါင်းတဲ့သူတစ်ယောက် ရှိရမည်ဟု အတည်ပြုခဲ့သည်။

ကျောက်ကျွင်းက လေးလေးနက်နက် တွေးခဲ့သော်လည်း ကျောက်တုန်က ​ဒေါသထွက်နေခဲ့သည်။

သူ့အဖေပြန်လာပြီး မကောင်းတဲ့ မိထွေးကို မောင်းထုတ်ပေးခဲ့သည်။ ဒါပေမယ့် ဒီတစ်ခေါက် အဖေပြန်လာတာ သူ့အတွက် ဘာလက်ဆောင်မှ မယူလာခဲ့သလို ဘာသကြားလုံး၊ အရုပ်တွေမှလည်း မဝယ်လာပေးဘူး။ သူက သူ့ကို ဘေးနားသို့ဆွဲခေါ်ပြီး မေးခွန်းထုတ်ခဲ့သည်။

ကလေးက ဝမ်းနည်းပြီး ခနအကြာမှာ စငိုခဲ့သည်။

ကျောက်ကျွင်းက ရုတ်တရက် သူ့သား ကြားဖြတ်ကာ ပြောချိန်မှာ သူက ဘာလုပ်ရမလဲဆိုတာကို တွေးနေဆဲ ဖြစ်သည်။

ကျောက်တုန်က ရှိုက်ကြီးတငင် ငိုနေခဲ့သည်။ “အဖေက အရမ်း အကျင့်မကောင်းဘူး။ သား ဗိုက်ဆာတယ်။ ဒါပေမယ့် အဖေက သားတို့ကို စားစရာ ဘာမှ ပေးမှာ မဟုတ်ဘူး။ ညီမလေးလည်း ဒီနေ့လည်ကတည်းက မစားရသေးဘူး။ သားတို့က ဂရုစိုက်ပေးမယ့်သူ မရှိတဲ့ ကလေးတွေပဲ။”

ကျောက်ကျွင်းက ညနေစောင်းနေပြီကို သိလိုက်ပြီး အိမ်က ရေနံဆီ မီးအိမ်ကို မီးမထွန်းရသေးသလို ကြမ်းပြင်ပေါ်မှာ ဆန်အိတ်တွေက ပျံ့ကျဲနေ​ပြီး သူ့ရဲ့ သားနှင့်သမီးကလည်း အခုထိ ဘာမှ မစားရသေးပါ။

“မငိုပါနဲ့။ အဖေ မင်းတို့အတွက် ချက်ပေးမယ်နော်။”

ကျောက်ကျွင်းက အနည်းငယ် ရှက်သလို ခံစားခဲ့ရသော်လည်း သူက သူ့ရဲ့သား​ကို တောင်းပန်ကြောင်း ပြောမည့်သူမျိုးတော့ မဟုတ်ပါ။ သူက ခပ်တင်းတင်း အသံမျိုးဖြင့် ထိုစကားကို ပြောပြီး ချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

ကျောက်ကျွင်းက ရေနံဆီ မီးအိမ်လေးရဲ့ အောက်မှာ ညစာကို ချက်ပြုတ်နေပြီး ပစ္စည်းတွေက ဘယ်နေရာမှာလဲဆိုတာ သူ မသိပါ။ သူက မီးဖိကို မီးညှိဖို့တောင် အကြာကြီး အချိန်ယူခဲ့ရသည်။ အိမ်မှာ ကြက်ဥတစ်လုံးသာ ရှိသည့်အတွက် သူက အဲ့ဒါကို ပြုတ်ပြီး ကလေးနှစ်ယောက်ကို တစ်ယောက် တစ်ဝက် ပေးလိုက်သည်။

မီးဖိုက ညစ်ပတ်နေဆဲ ဖြစ်သည်။ ဝမ့်လင်းလင်းက ခေါက်ဆွဲတွေ စားပြီးနောက် အိုးခွက်ပန်းကန်တွေကို မဆေးခဲ့ပါ။ ထို့ကြောင့် သူက သူ့ဘာသာ ကပျာကယာ အလုပ်ရှုပ်ပြီးရင်း ရှုပ်နေခဲ့သည်။

နောက်ဆုံးတော့ သူ ခေါက်ဆွဲပြုတ် နှစ်ပန်းကန်ကို လုပ်ပေးပြီးပြီ။ ဒါပေမယ့် ကလေးနှစ်ယောက်က ဒါကို မကြိုက်ရင်ဘဲ စားဖို့ ငြင်းမယ်လို့ မတွေးမိခဲ့ပေ။

ကျောက်ကျွင်းက တစ်လုပ် စားလိုက်ပြီး အဲ့ဒါကို မကြိုက်ကြောင်း သိရှိခဲ့ရသည်။ သို့သော် ဒါဟာ စားစရာ ဖြစ်သည့်အတွက် သူက တစ်ပန်းကန်ထက်ကို ပိုစားခဲ့သည်။ ထို့နောက် သူက နှမ်းဆီအချို့ကို တွေ့ခဲ့ပြီး ကျန်တဲ့ စားစရာထဲသို့ အနည်းငယ် ထည့်ပေးကာ ကလေး နှစ်ယောက်ကို စားခိုင်းလိုက်သည်။

အဆင်မပြေတဲ့ ဒီလို စားစရာမျိုးကို စားပြီးနောက် ကျောက်ကျွင်းက သူတို့ကို သန့်ရှင်းရေး မလုပ်ပေးဘဲ ကလေးနှစ်ယောက်ကို စောင်ပေါ်သို့ တင်ပေးလိုက်ကာ တစ်ညလုံး မီးလင်းဖိုနားမှာ အိပ်ခိုင်းခဲ့သည်။

နောက်တစ်နေ့ မနက်အစောပိုင်းမှာ သူက သူ့စိတ်သူ ဆုံးဖြတ်ချက် ချခဲ့သည်။

ဝမ့်လင်းလင်းရဲ့ စားစရာတွေကို လက်လွှဲယူကို ယူရမယ်။

သူက ဝမ့်လင်းလင်းလို ငတုံးငအမျိုး မဟုတ်ပါ။ အရင်က လူ့အဖွဲ့အစည်းထဲမှာဆိုရင်တောင် ငတ်မွတ် ခေါင်းပါးနေသည့် အချိန်မျိုးမှာ စားစရာတွေ သိုထားသည့်အတွက် ဖမ်းခံရလိမ့်မည်ဖြစ်ကာ အဖွဲ့အစည်း အသစ်ထဲမှာတော့ ဒီတိုင်းပဲ ထားလိုက်ပါ။

တကယ်တမ်းမှာ လွန်ခဲ့သော နှစ်တွေတုန်းက ထင်ကြေးပေးတာတွေကို နှိမ်နှင်းပေးတာဟု ခေါ်သည့်အရာကို နှိမ်နှင်းပေးဖို့ အားစိုက်ခဲ့ကြသည်။ ဘာတွေကို ထင်ကြေးပေးတာလဲ။ စျေးနည်းနည်းနဲ့ ဝယ်တယ်၊ စျေးတင်ပြီး ပြန်ရောင်းတယ်၊ နှစ်ဖက်က သတင်းအချက်အလက်တွေကို အခွင့်ကောင်းယူတယ်၊ ပြီးတော့ နှစ်ဖက်လုံးကို ပြန်ပေါက်ကြားစေတယ်။ အဲ့ဒါတွေက ထင်ကြေးပေးတာတွေပဲ။

တကယ်လို့ ဝမ့်လင်းလင်းက သူမ သိုလှောင်ထားတဲ့ စားစရာတွေကို လက်လွှဲမပေးဘူးဆိုရင် နောက်ပိုင်း အဲ့ဒါတွေကို သိရှိသွားရင် သူမက အမြင့်ဆုံး ပမာဏ အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုလည်းပဲ အပြစ် ပေးကြလိမ့်မည်။

ကျောက်ကျွင်းက ထပြီး ကလေးနှစ်ယောက်ကို အရူးလုပ်လိုက်သည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်ကို သွားရှာဖို့ မြန်မြန် သွားခဲ့သည်။ နောက်ကျမှ ဝန်ခံတာထက် စောစောစီးစီး ဝန်ခံလိုက်တာက ပိုပြီး ကောင်းလိမ့်မည်။ ဒါတွေအားလုံးကို ဝမ့်လင်းလင်း တစ်ယောက်တည်း လုပ်ခဲ့တာဆိုရင် အဲ့ဒါက သူ့ရဲ့ ကိစ္စ မဟုတ်တော့ပါ။

ကလေးနှစ်ယောက်ရဲ့ ဒေါသထွက်နေသည့် အကြည့်တွေကို လျစ်လျူရှုပြီး ကျောက်ကျွင်းက အပြင်ထွက်ဖို့ အလျင်အမြန် လုပ်ခဲ့သည်။

သူက တံခါးနားကို ရောက်သည့်အခါ သူ့ရဲ့ ဒုတိယ အစ်ကိုက ယောက်ချိုဇွန်းကို ကိုင်ပြီး အဲ့နားမှာ ရပ်နေခဲ့သည်။

“တတိယညီလေး၊ ငါ မင်းဆီက စားစရာအချို့ ချေးဖို့အတွက် ရောက်လာတာ”

ကျောက်မိသားစုရဲ့ ဒုတိယသားက သူ့ရဲ့ အငယ်ဆုံး ညီလေးကို စိုက်ကြည့်နေခဲ့သည်။

ကျောက်ကျွင်းက ရုတ်တရက်ဆိုသလို ဒုက္ခ များသွားခဲ့သည်။ “အစ်ကို…. ငါ မင်းကို အဲ့ဒါတော့ မချေးပေးနိုင်ဘူးကွာ။ အဲ့ဂျုံတွေကို လက်လွှဲပေးဖို့ လိုအပ်တယ်။”

ကျောက်မိသားစုရဲ့ ဒုတိယသား - “တတိယမြောက်ညီ၊ ငါ မင်းကို နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခု မေးမယ်။ မင်း ငါ့ကို စားစရာတွေ ချေးမှာလား။”

ကျောက်ကျွင်းက အံကိုကြိတ်ပြီး ပြောလိုက်သည်။ “ငါ တကယ် မင်းကို ချေးလို့မရလို့ပါ၊ အစ်ကိုရာ။ ဂျုံတွေကို မကြာခင် လက်လွှဲပေးရတော့မှာ။”

သူ့ရဲ့ ဒုတိယအကိုက ဆက်ပြီး နားမထောင်တော့ဘဲ ထေ့ငေါ့ကာ ရယ်လိုက်သည်။ “တတိယညီ၊ တတိယညီ၊ ငါ မင်းကို လူအကဲခတ် မှားသွားခဲ့ပြီ။ ကောင်းပြီ၊ မပူနဲ့။ ငါက ရည်မှန်းချက်မရှိဘူး ဆိုရင်တောင် ငါက ငါ့မိန်းမနဲ့ ကလေးကိုတော့ ပြုစုပေးနိုင်တယ်။ ငါ မင်းကို ဘယ်တော့မှ ထပ်ပြီး မမှီခိုတော့ဘူး။”

ထိုစကားကို ပြောပြီးနောက် သူက လှည့်ထွက်သွားခဲ့သည်။

ကျောက်ကျွင်းက အနောက်ကနေ သူ့ကို လှမ်းခေါ်ခဲ့သော်လည်း သူ့ကို လျစ်လျူရှုလိုက်သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၆၂

ကျောက်ကျွင်းက စိတ်ရှုပ်စွာဖြင့် သူ့ရဲ့ခေါင်းကို ပွတ်ပြီး သူ့ကိုယ်သူ အကြိမ်တစ်ထောင်လောက် မေးခဲ့သည်။ သူ ဘာအတွက် ပြန်မွေးဖွားလာရတာလဲ။

မိဘတွေကလည်း မိဘတွေ မဟုတ်ကြတော့ဘူး။ အစ်ကိုတွေကလည်း အကိုတွေ မဟုတ်ကြတော့ဘူး။

ဒီကိစ္စဟာ အရေးကြီးကြောင်းကို သိနေသည့် ကျောက်ကျွင်းက အဖွဲ့ခေါင်းဆောင်ကို ခေါ်ဖို့အတွက် သူ့ကိုယ်သူ တွန်းအားပေးကာ သူက ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါ။ သူက တပ်မဟာကို သတင်းပို့ခဲ့ပြီး တပ်မဟာ ခေါင်းဆောင်က ဒီကိစ္စကို ကိုင်တွယ်ဖို့ ချက်ချင်း ရောက်လာခဲ့သည်။

အမျိုးသမီးကြီး မစ္စကျောက်ကို သေအောင် တွန်းတဲ့ အမှုနဲ့ ဝမ့်လင်းလင်းကို တရားစွဲပြီးနောက် သူမကို ပြန်ရောင်းဖို့အတွက် ဂျုံတွေ သိုလှောင်ထားမှုနှင့်လည်း ထပ်ပြီး တရားစွဲမည် ဖြစ်သည်။

မေးခွန်းမေးဖို့ ဝမ့်လင်းလင်းကို ရဲစခန်းသို့ မခေါ်သွားနိုင်ခင်မှာ သူမက ဂျုံတွေ သိုလှောင်ပြီး ပြန်ရောင်းမှုနှင့် စွပ်စွဲခံနေရသည်။

သူမက အရာရာကို ဝန်ခံခဲ့ပြီး လီမိသားစုရဲ့ နာမည်ကို ချက်ချင်း ပေးလိုက်သည်။

တပ်မဟာ ခေါင်းဆောင်က တစ်ချက် ကြည့်လိုက်ပြီး လူတွေကို ဖမ်းဖို့အတွက် လီအိမ်သို့ တပ်သားများကို သွားခိုင်းခဲ့သည်။

ဝမ့်လင်းလင်းသည် လီမိသားစုနှင့် ဘယ်လို လက်တွဲပြီး လုပ်ကြောင်း၊ သူမကို ဘယ်လို သစ္စာဖောက်ခဲ့ကြောင်း၊ သူတို့က ဘာလို့ အပေးအယူ လုပ်ခဲ့ကြောင်းနှင့် ဂျုံကို ဘယ်လို ခွဲဝေခဲ့ကြောင်း အပါအဝင် ကိစ္စ တစ်ခုလုံးကို ပြောပြခဲ့သည်။

အရာအားလုံးကို ဝန်ခံပြီးနောက် လီမိသားစုဝင် အားလုံး အဖမ်းခံခဲ့ရသည်။

မစ္စလီက ဝမ့်လင်းလင်းကို မြင်လိုက်တာနှင့် စပြီး ဆဲတော့သည်။ သူမ လုပ်နိုင်သည့်အရာ ဘာမှ မရှိသည့်အတွက် သူမက ကြောက်နေခဲ့သည်။

သူမက ရှဲ့ယွဲ့ကျင်းကို ဒီအကြောင်း မပြောပြရသေးပါ။ သူမက ရက်အနည်းငယ်ကို စောင့်နေခဲ့ပြီး မြို့ထဲမှာ ဂျုံစျေး အမြင့်ဆုံး ရောက်နေချိန်မှာ သူမက အဲ့ဒါတွေကို စျေးညှိနိုင်ဖို့အတွက် သူမရဲ့ အနာဂတ် သားမက်လောင်းနှင့် စကားပြောလိမ့်မည် ဖြစ်သည်။

ရလဒ်အနေဖြင့် သူမ ဘာတစ်ခုမှ မလုပ်နိုင်ခင်မှာဘဲ ဝမ့်လင်းလင်းက တစ်ခုခု ဖြစ်သွားခဲ့သည်။

လီမိသားစုဘက်ရှိ ဂျုံမှုန့် ကီလိုတစ်ရာကျော်က သက်သေ ဖြစ်လာခဲ့ပြီး လီမိသားစုကို ပြန်လမ်းမရှိသည့် ချောက်ထဲသို့ တိုက်ရိုက် တွန်းပို့ခဲ့သည်။

အချိန်ကျလာသည့်အခါ မစ္စလီက ချက်ချင်းဆိုသလို စိတ်ကို ပြင်လိုက်သည်။ သူမက အပြစ်အားလုံးကို သူမရဲ့ ချွေးမအပေါ် ပုံချပြီး သူမရဲ့သားတွေ လွတ်လမ်းရအောင် အကောင်းဆုံး ကြိုးစားခဲ့သည်။

သူမရဲ့ ချွေးမတွေက အလွယ်တကူ သိမ်းသွမ်းလို့ ရတဲ့သူတွေ မဟုတ်သည့်အတွက် အပြစ်တင်ခံဖို့ ဘယ်သူကများ ဆန္ဒရှိနိုင်မှာလဲ။

ခနကြာပြီးနောက် တစ်အိမ်လုံး လီမိသားစုရဲ့ ဆူညံသံများနှင့် ပြည့်သွားခဲ့သည်။

ရဲက အတော်လေး စိတ်မရှည်စွာ စားပွဲခုံကို ခေါက်လိုက်သည်။ “ငြင်းတာ ရပ်တော့။ ဒီမှာ အတည်မပြုရသေးတဲ့ အရာတွေ ရှိနေတုန်းပဲ။ ဒါက ဘယ်သူလဲ။ လီမိသားစုရဲ့ အဖွားကြီး။ ငါ မင်းကို မေးပါဦးမယ်။ ဝမ့်လင်းလင်းရဲ့ မူလ စကားတွေမှာ သူက နင့်ရဲ့ တတိသား လီကျင်းက မြုံနေတယ်ဆိုတဲ့ အချက်နဲ့ နင့်ကို ​ခြိမ်းခြောက်ထားတာ။ အဲ့ဒါကြောင့် ခဗျားက ဒီစီးပွားရေးကို ရပ်တန်ဖို့ သဘောတူခဲ့တာ၊ အဲ့ဒါက ဟုတ်လား။”

ငြင်းနေချိန်အတွင်းမှာ သူမကို ခုခံဖို့ မစ္စလီရဲ့ အနားမှာ ရပ်နေသည့် ဝမ့်ပင်းပင်းက မှင်သက်သွားခဲ့သည်။

“ မြုံနေတာလား”

အမျိုးသမီးကြီး မစ္စလီက တစ်ခုခု မှားနေတာကို တွေးမိပြီး ထွက်ပြေးမလို လုပ်လိုက်သော်လည်း သူမက ဝမ့်ပင်းပင်းရဲ့ စူးရှရှ အော်သံကို ကြားခဲ့ရကာ သူမရဲ့ ခေါင်းထဲတွင် စူးစူးရှရှ နာကျင်မှုမျိုးကို ခံစားခဲ့ရသည်။

“သေစမ်း။ မြန်မြန်လုပ်။ အဲ့လူကို အဝေး ခေါ်ထုတ်သွား။”

“အဲ့တော့၊ မိန်းမတပ်သား၊ ငါ့ကို ရိုက်နေတာ ရပ်ပါတော့။ နင် ဆက်လုပ်နေရင် ထောင်ထဲကို သွားရလိမ့်မယ်။”

“ဒီမိသားစုက ရူးနေတာလား။”

……

နောက်ဆုံးမှာတော့ ရဲက ဝမ့်ပင်းပင်းကို ခေါ်ထုတ်သွားခဲ့သော်လည်း အမျိုးသမီးကြီး မစ္စလီနှင့် လီကျင်းတို့က သူတို့ရဲ့ မျက်နှာပေါ်မှာ အရိုက်ခံရသည့် ဒဏ်ရာအပြည့် ဖြစ်သွားခဲ့သည်။

ဝမ့်ပင်းပင်းက ငိုချလိုက်သည်။ သူမက ကလေး မရှိသည့်အတွက် အထင်သေးကာ လှောင်ရယ်ခြင်းကို ခံခဲ့ရသည်။ သူမရဲ့ ဘဝက အတော်လေးကို ခက်ခဲခဲ့ရသည်။ နောက်ဆုံးမှာတော့ ထိုအရာတွေ အားလုံးက အတုအယောင်တွေသာ ဖြစ်နေခဲ့သည်။

သူမက မြေပြင်ပေါ်မှာ ဒေါသထွက်နေသော မိန်းမကြီးလို ထိုင်ချလိုက်ပြီး ငိုကာ အမျိုးသမီးကြီး မစ္စလီနှင့် သူမရဲ့ မိသားစုကို ပြင်းထန်စွာ ဆူနေခဲ့ပြီး သူတို့က အကျင့်မကောင်းဘဲ ယုတ်မာတဲ့သူတွေဟု ပြောနေခဲ့သည်။ သူတို့က ကလေးတစ်ယောက်တောင် မမွေးနိုင်သလို သူတို့မှာ ဘာမျိုးရိုးမှလည်း မရှိသလို၊ အမွှေးတိုင် ပူဇော်မယ့်သူလည်း ရှိလိမ့်မည် မဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမက တွေးမိသမျှ အရာရာတိုင်းကို သူတို့အား ဆူလိုက်သည်။

ရဲသားက အသက်ကို ဝအောင်ရှူပြီး အမြင်မှန်ရအောင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို သွားမေးဖို့အတွက် ထွက်သွားခဲ့သည်။

“ငါ့အထင် ဒီကိစ္စက ပြီးသွားပြီ။”

.....

နောက်ဆုံးတော့ သြဂုတ်လအကုန်မှာ တပ်မဟာထဲရှိ ပြောင်းခင်းတွေကို ထပ်ပြီး စောင့်ကြည့်ပေးဖို့ မလိုတော့ပါ။ ထို့အပြင် အခုက ဝမ့်ရင်းရဲ့ ကိုယ်ပိုင် မြေကွက်ကို ရိတ်သိမ်းဖို့ အချိန်ကျပြီ ဖြစ်သည်။

ဝမ့်ရင်းက ကောက်ရိုးဦးထုပ်လေးကို ဆောင်းထားပြီး မြေပဲတွေ လိုက်ခူးဖို့ အမျိုးသမီးကြီး မစ္စရှုရဲ့ အနောက်ကနေ ပျော်ရွှင်စွာ လိုက်သွားခဲ့သည်။ သူမရဲ့ မိသားစုက ဆီအရမ်းသုံးသည့်အတွက် သူတို့မှာ မြေပဲခင်းကြီး တစ်ခင်း ရှိသည်။

ဝမ့်ရင်းသည် ဝိဉာဥ်စမ်းရေမှ ရေများကို လောင်းဖို့ မြေပဲခင်းကို အချိန်တိုင်း လာနေခဲ့ပြီး မြေပဲပင်တွေက ကောင်းမွန်စွာ ကြီးထွားလာခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုကလည်း အံ့ဩသွားခဲ့သည်။ “ငါတို့ လယ်ကွင်းထဲက မြေပဲပင်တွေက တကယ်ကို ကောင်းကောင်း ကြီးထွားလာတာပဲ။”

ဝမ့်ရင်း - “ အဲ့ဒါတွေကို သေချာ မနှုတ်ရသေးဘူး။”

အမျိုးသမီးကြီး မစ္စရှု - “အပေါ်ကိုပဲ ကြည့်လိုက်စမ်းပါ။”

သေချာတာကတော့ ဆွဲနှုတ်လိုက်သည့် မြေပဲပင်တွေက လက်တစ်ဆုပ်စာရပြီး မြေပျော့ပေါ်ကနေ အပင်ကြီး တစ်ပင်ကို ဆွဲယူလိုက်သည်။

အမျိုးသမီးကြီး မစ္စရှုက အရမ်း ပျော်နေခဲ့သည်။ “ဒီမြေပဲတွေက ကောင်းလိုက်တာ။ ဒီနှစ် ငါတို့ တစ်ချို့ အစေ့တွေကို သိမ်းထားသင့်တယ်။ ငါတို့ အကုန်လုံးကို စားလို့တော့ မရဘူး။”

ဒီလို မြေပဲကောင်းတွေကို အစေ့အနေနဲ့ သုံးသင့်တယ်။

ဝမ့်ရင်းက လက်ဆက်သည့် မြေပဲတစ်တောင့်ကို ခြွေလိုက်သည်။ လက်လက်ဆက်ဆက် တူးထားသည့် မြေပဲရဲ့ အရသာက စိုစွတ်ပြီး ကိုက်လိုက်သည့်အခါ သူ့ရဲ့ အရသာက ချိုပြီး မွှေးကြိုင်နေခဲ့သည်။

ဝမ့်ရင်း - “ဒီအရာတွေက သရက်ရွက်နဲ့ အစာအိမ်ကို ထိန်းပေးတယ်။ ငါ အဲ့ဒါကို ကြိတ်ပြီး နောက်တော့မှ အမေ့အတွက် ကိတ်မုန့်လေးတွေ လုပ်ပေးမယ်။”

ဒီလောက်ကြီးတဲ့ ကိုယ်ပိုင် လယ်ကွက်တွေ အားလုံးကို ရိတ်သိမ်းဖို့က အချိန်အကြာကြီး မလိုပါ။

ဝမ့်ရင်းက အစပိုင်းမှာ အဲ့ဒါကို အလေးချိန် ချိန်ကြည့်လိုက်သည့်အခါ မြေပဲတွေက ကီလိုဂရမ် အများကြီး ဖြစ်နေတာကို တွေ့ခဲ့ရသည်။

အမျိုးသမီးကြီး မစ္စရှုက အရမ်းကို ကျေနပ်နေခဲ့သည်။ “အဲဲဒါကို ဆီကြိတ်စက်ဆီ ယူသွားပြီး ကြိတ်လိုက်။ အဲ့ဒါက ဆီ ကီလိုနှစ်ဆယ်ကျော်လောက် ထွက်နိုင်တယ်။”

မြေပဲတွေကို ရိတ်သိမ်းပြီးနောက် ဝမ့်ရင်းက သူမရဲ့ ကိုယ်ပိုင် လယ်ကွက်မှာ နေကြာစေ့ နှစ်စေ့ကို စိုက်ခဲ့သည်။ သူမက ထိုနေကြာစေ့ နှစ်စေ့ကို အတော် ခက်ခက်ခဲခဲနှင့် ရှာထားခဲ့ရကာ နေ့ကြာစေ့ကို လှော်ပြီး စားဖို့သာ စိုက်ပျိုးထားသည်။

ဒါပေမယ့် သူမက အဲ့ဒါကို နည်းနည်းလေး နောက်ကျမှ စိုက်မလား၊ ဒါမှမဟုတ် သူမရဲ့ ကိုယ်ပိုင် မြေကွက်က ပြန်ပြီး နေရာချထားပေးမလားတော့ မသိပေ။ မြေပဲတွေကို နှုတ်လို့ရပြီဆိုပေမယ့် နေကြာပင်တွေကို ရိတ်သိမ်းဖို့ကတော့ ကြာဦးမှာ။

ဝမ့်ရင်းက တစ်နေ့ကို သုံးကြိမ်လောက် ပြေးကြည့်ပြီး နေကြာပန်းကို သူများတွေ ခူးသွားမှာ စိုးရိမ်နေခဲ့သည်။

နေကြာပန်းကို စောင့်ပြီးနောက် ဝမ့်ရင်းက အသစ် ခူးထားသော မြေပဲများကို နည်းပေါင်းစုံဖြင့် စားလိုက်သည်။

ပထမဆုံး မြေပဲကို ရသာငါးမျိုးဖြင့် ပြုတ်လိုက်သည်။ လက်ဆတ်သော မြေပဲရဲ့ အခွံတွေကို အခြောက်မခံဘဲ ဆေးလိုက်သည်။ ထို့နောက် သစ်သား ဆောင်ပုတ်လေး တစ်ခုဖြင့် ဆေးထားသော မြေပဲများကို ညှင်သာစွာ ထုလိုက်သည်။ ဒီအဆင့်က မြေပဲကို အက်သွားပြီး အပေါက်လေးတွေ ဖြစ်လာစေရန် ဖြစ်သည်။ အဲ့ဒါမှ အရသာတွေ အလွယ်တကူ ဝင်နိုင်မည်။ ထို့နောက် လေးညှင်းပွင့်၊ ဂျင်း၊ ငရုတ်ကောင်း၊ သကြားခဲ၊ သစ်ကြားပိုးခေါက်နှင့် ကြက်သွန်စိမ်းကို ထည့်သည်။ ပဲငံပြာရည် တစ်ဇွန်း ထည့်သည်။ ဆားများဖို့က အဓိက ဖြစ်သည်။ တစ်နာရီ ပြုတ်ပြီးနောက် တစ်နေ့လုံးနီးပါး ဆူအောင် ထားလိုက်သည်။ ထိုအခါ ဆားနယ်ထားသော မြေပဲတွေက အဆင်သင့် ရသွားပြီ ဖြစ်သည်။

ဆားနယ်ထားသော မြေပဲ အရသာက လက်ဆတ်သော မြေပဲရဲ့ အရသာနှင့် တူသည်။ မြေပဲခွံက အရည်တစ်ထပ် ပတ်ထားပုံရကာ မြေပဲဆံက နူးညံ့ပြီး မွှေးသည်။

ရှုရွှမ်းက အိုးကြီးတစ်အိုးဖြင့် ချက်ပြီး ဝမ့်ရင်းနှင့် အမျိုးသမီးကြီး မစ္စရှုက ဘေးနားမှာ ပန်းကန် တစ်ပန်းကန် ချထားခဲ့သည်။ ထို့နောက် သူတို့ မသိခင်မှာဘဲ စားပြီးသွားခဲ့သည်။

နောက်တစ်မျိုးကတော့ မြေပဲကြော်ဖြစ်သည်။ ဝမ့်ရင်းက ငရုတ်သီးနှင့် ငရုတ်ကောင်းကို ထည့်ကာ မြေပဲကို ကြော်ဖို့၊ မြေပဲကို သကြားဖြင့်အုပ်ပြီး ကြော်ဖို့၊ ကြက်ဥနှင့် ဂျုံမှုန့်အုပ်ပြီး ကြော်ဖို့၊ အရသာမှုန့် အားလုံးကို ထည့်ပြီး ကြော်ဖို့အပါအဝင် ကြော်နည်း ပေါင်းစုံကို စမ်းကြည့်ဖို့ ရှုရွှမ်းအား တိုက်တွန်းခဲ့သည်။ နောက်ဆုံးမှာတော့ ထိုအကြော်တွေကို မြည်းကြည့်သည့်အခါ တကယ်ကို အတော်လေး စားကောင်းသည်။

ဝမ့်ရင်းက စားရင်း အကြံပေးခဲ့သည်။ “ဒါကို တရုတ် နှစ်သစ်ကူးအချိန်ကျရင် ထပ်လုပ်ကြရအောင်။”

ဒီလို သရေစာတွေက ဆောင်းတွင်းအတွက်ဆို ကွက်တိပဲ။

နောက်ဆုံးတစ်ခုကတော့ ဝမ့်ရင်း အချိန်အကြာကြီး စောင့်နေခဲ့ရသည့် နို့ထွက်ပစ္စည်း ဖြစ်သည်။

ရှုရွှမ်းသည် မြို့က တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာနနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နေတာ ကြာလှပြီ ဖြစ်ပြီး နောက်ဆုံးမှာတော့ ရာသီဥတုက ပူနေပြီ ဖြစ်သည့်အတွက် ထိန်းသိမ်းရေးဌာနရှိ နို့တွေက ချဥ်ကုန်တော့မည် ဖြစ်သည်။ သူက ဝမ့်ရင်းအတွက် လက်ဆတ်သော နွားနို့ကို ပုံးတစ်ဝက်လောက် ရအောင် ယူခဲ့သည်။

ထိုလက်ဆတ်သော နွားနို့ အနည်းငယ်အတွ​က် ရှုရွှမ်းက အချိန်မှန် နို့ယူဖို့ သွားရသည်။ နို့ညှစ်ပြီးနောက် သူက မရပ်မနားဘဲ စက်ဘီးကို အိမ်သို့ နင်းလာခဲ့သည်။ ဆောင်းဦးမှာတောင် တကယ်ကို ပူပြီး သူသာ ဖြည်းဖြည်းချင်း လျှောက်ရင် ထိုရာသီဥတု အပူကြောင့် နို့တွေ ချဥ်ကုန်မှာကို စိုးရိမ်နေခဲ့သည်။

သူအိမ်ပြန်ရောက်တော့ အဲ့ဒါကို အဖုံးလေး ဖုံးပြီး ရေတိုင်ကီထဲ ထည့်ထားလိုက်သည်။

ဝမ့်ရင်းက ခြေဟန်လက်ဟန်ဖြင့် ပြလိုက်သည်။ “နို့နဲ့ ဂျုံကိုသုံးပြီး မြေပဲရယ်၊ သကြားရယ်၊ နှမ်းအဖြူနဲ့ အမဲကို ဌာပနာအနေနဲ့ ထည့်လိုက်။”

ရှုရွှမ်းက ထိုစကားကို ကြားသည့်အခါ ဒီအစားအစာဟာ အရသာ မကောင်းဖို့က ခက်ခဲသွားလိမ့်မယ်ဟု ခံစားခဲ့ရသည်။

အမျိုးသမီးကြီး မစ္စရှုကလည်း အံ့သြခဲ့ရသည်။ “ဝိုး၊ မြေပဲ၊ နို့၊ သကြားဖြူနဲ့ ဂျုံဆိုတော့ နင် အဲ့ဒါကို ဘယ်လိုပဲ ချက်ချက် အရသာက ကောင်းမှာ။”

ထူးခြားတဲ့ အယူအဆတစ်ခုအနေဖြင့် ဝမ့်ရင်းက ​လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ “တကယ်တော့ အပြင်က ဟာကို ဆန်မှုန့်သုံးတာက ပိုကောင်းတယ်။ ဆန်မှုန့်ကို နှင်းသားလေးလိုဖြစ်အောင်လုပ်ပြီး မြေပဲရယ်၊ သကြားရယ်နဲ့ နှမ်းစေ့ကို ထည့်လိုက်။ ပြီးရင် တကယ်လို့ အခြေနေကောင်းရင် သစ်အယ်သီးလေးပါ ထည့်လိုက်။ တစ်ကိုက် ကိုက်လိုက်ရင် အထဲမှာ ထည့်ထားတဲ့ သကြားတွေက အပြင်ကို ထွက်လာမှာ။”

ရှုရွှမ်းက ခနလောက်တွေးပြီး မေးလိုက်သည်။ “ကော်မှုန့်လေး နည်းနည်းလောက် ထည့်လိုက်ရင်ရော အဆင်ပြေလောက်မလား။”

ဝမ့်ရင်းက တက်တက်ကြွကြွနှင့် ခေါင်းငြိမ့်ပြခဲ့သည်။ “အဲဲဒါလည်း အဆင်​ပြေတယ်။ အဲ့ဒါက ပုံထွက်လှဖို့ အဓိကပဲ။”

ထို့ကြောင့် ရှုရွှမ်းရဲ့ ကြိုးစားမှု ပြီးသွားသည့်နောက် ဝမ့်ရင်းက တစ်နေ့လုံး ဂျုံမှုန့်အဖြူကို သကြား၊ မြေပဲနှင့် နှမ်းသွပ်ထားသည့် မုန့်ကို စားနေရုံသာမက အသားလုံးလေးတွေနှင့် တူသည့် အကြည်ရောင် မုန့်တွေကိုပါ စားနေခဲ့သည်။ ရှုရွှမ်းက အာလူးနှင့် ဂျုံကို သုံးပြီး ပုစွန်ဖက်ထုပ်တွေကိုလည်း ခြင်းတောင်း အသေးလေးဖြင့် လုပ်ထားသည်။

ဝမ့်ရင်းက ပုစွန်ဖက်ထုပ် နှစ်ခုကို စားခဲ့သော်လည်း နောက်ဆုံးမှာတော့ ဂျုံဖြင့် လုပ်ထားသော မုန့်ကိုသာ စားခဲ့သည်။ ဖြူဖွေး၊ နူးညံ့သော နို့ဂျုံကို ကိုက်လိုက်သည့်အခါ ချက်ချင်းပဲ အစာထည့်ထားသော အချိုတွေက ထွက်လာခဲ့သည်။

အပူပေးပြီးနောက် သကြားတွေက အရည်ပျော်သွားပြီး မြေပဲက ကြွပ်ယွကာ နှမ်းတွေက လှော်ထားခဲ့သည်။ ကြွပ်ယွပြီး ဝါးရလွယ်သည့် မြေပဲနှင့် သကြားဖြည့်ပြီး အပြင်ခွံကို နွားဖြင့်အုပ်ထားသောကြောင့် ဝမ့်ရင်းက စားတာကိုတောင် မရပ်နိုင်တော့ပါ။

သူက ကျန်နေတဲ့နို့ကို နှစ်ထပ်ဖြစ်အောင် သုံးလိုက်တယ်။ သနားဖို့ကောင်းတာ တစ်ခုကတော့ သူတို့မှာ ရေခဲသေတ္တာ မရှိသည့်အတွက် နို့ကို သေချာ မထားနိုင်ပါ။

ရှုရွှမ်းက အဲ့အပေါ်မှာ မြေပဲလှော်ကို ဖြူးလိုက်သည်။ ထို့နောက် ဝမ့်ရင်းပြောသလို ချက်ထားသော မြေပဲနီကို ထည့်လိုက်သည်။ ဝမ့်ရင်းက အချိုပွဲ စားချင်သည့် သူမရဲ့ ဆန္ဒက ပြည့်သွားခဲ့ပြီး အဲ့ဒါကို ဘေးချထားလိုက်သည်။

သို့သော် အမျိုးသမီးကြီး မစ္စရှုက ထိုအရသာကို အတော်လေး သဘောကျသည်။ “အဲဲဒါက နူးညံ့၊ မွှေးကြိုင်ပြီး ချိုနေတာပဲ။”

ရှုရွှမ်းသည် ဝမ့်ရင်းဆီမှ ကျန်သော နို့ကို စားပြီး ပစ္စည်းတွေကို ရေးချဖို့အတွက် သူ့ရဲ့ မှတ်စုကို ထုတ်လိုက်သည်။ သူသည် အနည်းငယ် ဖော်ပြလို့ မရနိုင်သည့် အရာကို လုပ်နေတယ်ဟု ခံစားနေရဆဲ ဖြစ်ကာ သူက လုပ်ငန်းစဥ်တွေကိုလည်း ​ပိုပြီး လုပ်နိုင်မယ်ဟု အမြဲလိုလို ခံစားခဲ့ရသည်။

အဲ့လိုနှင့် ရက်အနည်းငယ်အတွင်းမှာပဲ ရှုရွှမ်းက နို့နှစ်ပုလင်းကို ထပ်ပြီး သွားယူခဲ့သည်။ ဒီတစ်ခေါက်မှာ ပမာဏက ပိုနည်းသော်လည်း ကံကောင်းစွာဖြင့် သူတို့မှာ ဖန်ပုလင်းတွေရှိသည့်အတွက် သူက အဲ့ဒါကို အရင်တစ်ခေါက်ကလို အသည်းအသန် မလုပ်ခဲ့ရပါ။

ရှုရွှမ်းက အဲ့ဒါကို အကြိမ် အနည်းငယ်လောက် စမ်းတဝါးဝါး ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ နို့နှစ်ထပ်ကို တစ်ပန်းကန် လုပ်ခဲ့ပြီး ဝမ့်ရင်းကလည်း ချီးကျူးခဲ့သည်။

အချိန်တစ်ခုကတော့ အေးအေးဆေးဆေး ကုန်သွားပြီး နောက်ဆုံးမှာတော့ စက်တင်ဘာလ အစကို ရောက်လာခဲ့သည်။

စက်တင်ဘာလ အစကတော့ မအေးဆေးပါ။ ဒီလ ကောင်စီမြို့မှာ ဆန်ဆိုင် နှစ်ဆိုင် သို့မဟုတ် သုံးဆိုင်က ပိတ်ထားရတယ်ဟူသော သတင်းတွေ ရလာခဲ့ပြီး မြို့ရှိ လူတွေက သူတို့ရဲ့ ကူပွန်တွေနဲ့တောင် ဝယ်လို့ မရနိုင်ပါ။

ဝမ့်ရင်းက ရှုရွှမ်းကို သတိပေးခဲ့သည်။ “ရှင် ဆရာကို သွားပြီး တစ်ခါလောက် တွေ့ချင်လား။”

နောက်ဆုံးတစ်ခေါက် ချမ့်တုန်ကို ပို့လိုက်သည့် ပစ္စည်းတွေက လုံလောက်ပြီး ဝမ့်ရင်းက အဲ့ဒါတွေ အများကြီးကို ထည့်ဖို့ လက်ဦးမှု ယူခဲ့သော်လည်း ထိုပြဿနာကို စိုးရိမ်နေဆဲ ဖြစ်သည်။

ရှုရွှမ်းက ခေါင်းငြိမ့်ပြခဲ့သည်။ “မနက်ဖြန်အထိ စောင့်လိုက်။ ကိုယ် တစ်ချက် သွားကြည့်လိုက်မယ်။”

ရှုရွှမ်းက သူနှင့်အတူ ဘာကိုမှ မယူသွားခဲ့ပါ။ သူက အရင်ဆုံး သူ့ဆရာ ဘယ်လိုတွေ လုပ်နေလဲဆိုတာ မြင်ရဖို့ သွားခဲ့သည်။ ကိစ္စတွေက အလုပ်မဖြစ်ရင် သူက အမြဲတမ်း ပြန်လာပြီး ယူသွားနိုင်သည်။

ဝမ့်ရင်း - “ကျွန်မ သူ့ကို မနက်ဖြန် သွားတွေ့လိုက်မယ်။ တပ်မဟာထဲမှာလည်း ဆေးတွေက ကုန်တော့မယ်။ တစ်ချို့ ပစ္စည်းအပိုတွေ သွားဝယ်ဖို့ မနက်ဖြန် မြို့က ဆေးခန်းကို သွားလိုက်မယ်။”

သို့သော် ဝမ့်ရင်းက နောက်တစ်ရက် မြို့ကို သွားသည့်အခါ သူမကို မရင်းနှီးသည့် လူတစ်ယောက်က တားလိုက်သည်။

ဝမ့်ရင်းက သူမရဲ့ စက်ဘီးအရှေ့တွင် ရပ်နေသော လူကို စိတ်ရှုပ်စွာ ကြည့်နေခဲ့သည်။

ကျောက်ကျွင်းက ထပ်ခါ၊ ထပ်ခါ တုန်လှုပ်နေပြီး နောက်ဆုံးမှာတော့ ပြောခဲ့သည်။ “မင်းမှာ အချိန်ရလား။ ငါ မင်းနဲ့ ပြောစရာတစ်ခုခု ရှိတယ်။”

All Chapters