← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 14 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 14 Ch. 163-164

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၆၃

ဝမ့်ရင်းက တခစ်ခစ် ရယ်လိုက်သည်။ “ရှင် စောင့်ကြည့်နေ။ ကျောက်ကျွင်း။ ရှင်က မိန်းမ တစ်ယောက်ကို အထင်သေးနေတာ။ အခု ရှင့်ရဲ့ ဒီဘဝမှာ အဲ့ဒါအတွက် ပြေလည်အောင် လုပ်ရမှာ။”

ကျောက်ကျွင်းက အထင်သေးနေခဲ့သည်။ သူသည် ဝမ့်ရင်းရဲ့ စကားတွေဟာ စိတ်ကယောင်ခြောက်ခြား ဖြစ်နေသည့် မိန်းမတစ်ယောက်ထံမှ အဆဲခံနေရသလို နောင်တရနေခဲ့သည်။

ကျောက်ကျွင်း - “မင်းက ဘာပဲ လိုချင်၊ လိုချင်ပေါ့။”

အခုဆိုရင် ဝမ့်ရင်းက အရမ်းကို အကျိုးအကြောင်း မသင့်လျော်ဘူးဟု သူ ခံစားခဲ့ရသည်။ ဆယ်စုနှစ်များစွာ အတူတူ ရှိခဲ့ကြပြီးနောက် သူမ ဒီလောက်ထိ နာကျည်းသွားရအောင် သူက ဘယ်လို စော်ကားခဲ့မိလဲဆိုတာ သူမသိတော့ပါ။

ဝမ့်ရင်းက အထင်သေးတဲ့ ယောက်ျားကို တစ်ချက် ကြည့်လိုက်သည်။ မူလပိုင်ရှင်နေရာမှာ အစားထိုး ဝင်ရောက်လာသည့် အချိန်ခရီးသွား တစ်ယောက် အနေဖြင့် နောက်ဆုံးမှာတော့ မူလပိုင်ရှင်က ဘာလို့ ဒီနေရာမှာ ရှိမနေရတာလဲဆိုတာကို သူမ သိခဲ့ရသည်။

ဒီလို​ယောက်ျားမျိုးက တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။ ဒီလိုလူမျိုးနဲ့ မျက်နှာချင်းဆိုင်ပြီး ဘယ်တော့မှ စကားတွေ ထပ်မပြောချင်တော့ချေ။

ဝမ့်ရင်း ထွက်သွားပြီးနောက် ကျောက်ကျွင်းသည် သူ့ရဲ့ အတွေးတွေကို စုပြီး ဝမ့်ရင်းအကြောင်း အရာရာကို ဘေးမှာ ဖယ်ထားလိုက်သည်။

သူက ဝမ့်ရင်းကို ဘယ်တော့မှ ထပ်ပြီး မရှာတော့မှာ သေချာသည်။

ဝမ့်လင်းလင်းလို သူမက စိတ်မကျေနပ်နိုင်သည့်လူမျိုး ဖြစ်သည်။

ဝမ့်လင်းလင်းက သူမရဲ့ ဘဝကို တစ်ခါပြန်စပြီး သူမ တင်းတိမ်သည့် ကောင်းမွန်တဲ့ ဘဝတစ်ခုကို နေချင်တဲ့ သူမရဲ့ ဘဝကို အရှုံးပေးကာ ပိုကောင်းတဲ့ ဘဝတစ်ခုရဲ့ အနောက်ကို လိုက်ဖို့အတွက် ငြင်းဆန်ခဲ့သည်။

ဝမ့်ရင်းရဲ့ အပြုအမူက နောက်ထပ် မကျေနပ်တဲ့ ပုံစံမျိုး မဟုတ်ဘူးလား။ သူမက သူနဲ့အတူ ကောင်းမွန်တဲ့ ဘဝမှာ နေဖို့အတွက် လက်လျှော့ပြီး သူမရဲ့ ယောက်ျားရဲ့ ဘေးမှာ သာမန်ဘဝနဲ့ နေဖို့အတွက် ရှုရွှမ်းဆီကို ပြေးသွားခဲ့သည်။

ဘယ်အလားအလာရှိတဲ့ ယောက်ျားက သူ့မိန်းမနဲ့ မိသားစုဘေးမှာ တဝဲလည်လည် လုပ်နေတာလဲဆိုတဲ့ အကြောင်းကို သူမက ဘာလို့ မတွေးရတာလဲ။

ယောက်ျားက အပြင်မှာ ပိုက်ဆံရှာရတဲ့သူဆိုရင် မိန်းမက အိမ်မှာ အလုပ်လုပ်ရတဲ့သူပဲ။ ဘယ်မိသားစုက ဒီလိုမျိုး မနေကြလို့လဲ။

တစ်ခြားသူတွေက လုပ်နိုင်ပေမယ့် သူမ တစ်ယောက်တည်းကပဲ ဘာလို့ လေကျယ်နေရတာလဲ။

ကျောက်ကျွင်း စိတ်လျှော့ပြီး ဒါက အဆင်ပြေတယ်ဟု တွေးလိုက်သည်။ ဝမ့်ရင်းသည် သူမရဲ့ အရင်ဘဝကလို ဇနီးကောင်းတစ်ယောက် မဟုတ်တော့သလို ချစ်တတ်တဲ့ မိခင်လည်း မဟုတ်တော့ပါ။ ထို့ကြောင့် သူမက သူ့အတွက် တကယ်ကို ထပ်ပြီး သင့်တော်တော့မည် မဟုတ်ပါ။

ဒါက အဆင်ပြေပါတယ်။ ပြန်မွေးဖွားလာတယ်ဆိုတာ ကောင်းတဲ့ အခွင့်အရေးပဲလေ။ လူတိုင်း သူတို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို ရွေးချယ်ဖို့အတွက် အခွင့်အရေး ရှိကြသည်။

ဝမ့်ရင်းသည် သူမရဲ့ အရင်ဘဝကို မကျေမနပ် ဖြစ်နေသည်ဟု ခံစားရသည့်အတွက် သူမသည် သူမ လိုချင်သည့် သာမန်ဘဝမျိုးမှာသာ နေထိုင်ခဲ့သည်။ လူတွေက အမြဲတမ်းလိုလို ကြိုးစားပြီးသွားကြရင် အဲ့ဒါကို နောင်တရလေ့ ရှိကြသည်။

သူ့အတွက်ကတော့ သူ့ရဲ့ အတိတ်ဘဝက လမ်းကြောင်းအတိုင်း လိုက်မယ်ဆိုရင် သူက အရင်ဘဝက အောင်မြင်မှုတွေကို ရမှာ သေချာသည်။

ကျောက်ကျွင်းက သူ့ကိုယ်သူ အားပေးခဲ့ပြီး သူ့ရဲ့ ပြန်လည် မွေးဖွားခြင်း ပြီးသွားသည့်နောက် ဒီလို စိုးရိမ်ရသည့် အချိန်ကို ကျော်ဖြတ်ခဲ့သည်။ နောက်ဆုံး သူက အနာဂတ်အတွက် အစီစဥ်ချဖို့ အချိန် ယူခဲ့သည်။ သူက အခွင့်အရေးတိုင်းကို ဖမ်းဆုတ်ကာ ပိုကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့သည်။

သို့သော်……

အရေးအကြီးဆုံး အရာကတော့ အရင်ဆုံး မိန်းမရှာရန် ဖြစ်သည်။

ကျောက်ကျွင်းကိုယ်တိုင်က စိတ်ထိခိုက်ခဲ့ရသည်။ သူက ကလေးနှစ်ယောက်နှင့် မုဆိုးဖိုတစ်ယောက် ဖြစ်ပြီးကျေးလက်ဒေသရှိ အခြေအနေတွေက မကောင်းပါ။ ထို့ကြောင့် လက်တွဲဖော် ရှာဖို့ဆိုတာက ခက်ခဲသည်။ အခုဆို သူ့မှာ ထောင်ထဲရောက်နေသည့် ဇနီးဟောင်း ဝမ့်လင်းလင်းရှိပြီး လက်ထပ်တဲ့ သမိုင်းမှာ သူ့အတွက် လက်တွဲဖော်တစ်ယောက် ရှာဖို့အတွက် ပိုပြီးတောင် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

ဒါပေမယ့် မင်းက အဲ့ဒါကို ရှာကို ရှာရမည်။

အခုချိန်မှာ ကျောက်ကျွင်း အစိုးရိမ်ဆုံး ကိစ္စကတော့ သူ့ရဲ့ ကလေးနှစ်ယောက်သာ ဖြစ်သည်။ သူ့မှာ မိန်းမ မရရခင် ကလေးတွေကို သူ့ရဲ့ အမေက ကြည့်ပေးပြီး သူ့အကိုတွေ မိသားစုကလည်း သူတို့ကို ကူညီပြီး ဂရုစိုက်ပေးလို့ ရသည်။

သို့သော် အခုဆိုရင် သူ့အမေက ဆုံးသွားပြီ ဖြစ်သလို သူ့အကိုတွေကလည်း တစ်ကွဲတစ်ပြားစီ ဖြစ်သွားကာ ကလေးနှစ်ယောက်က မြေစာပင် ဖြစ်ခဲ့ရပြီး သူတို့ကို ဘယ်သူကမှ ဂရုမစိုက်ချင်ကြပါ။

အစတုန်းက ကျောက်ကျွင်းသည် အခုလို နောက်တစ်ယောက် ထပ်ရှာဖို့ အစီအစဥ် မရှိပါ။ ထို့အပြင် သူက လုပ်နေကြအရာတွေကို ကိုင်တွယ်ဖို့ တပ်ထဲကို ပြန်သွားပြီးနောက် နောက်လ အနည်းငယ်မှာ သူ့ကို ကောင်စီမြို့သို့ ပြောင်းရွှေ့ပေးနိုင်မည် ဖြစ်သည်။ အ​ကြောင်းမှာ သူ့မှာ အဆင့်တစ်ခုရှိပြီး သမဝါယမ၌ ရာထူးတစ်ခု တာဝန်ပေးလိမ့်မည် ဖြစ်သည်။ အဲ့ဒါက ဒီလို ကောင်းမွန်တဲ့ အခြေအနေမျိုးနဲ့ဆိုရင် နောက်ထပ် မိန်းမတစ်ယောက် ရှာရန် သူ့အတွက် ခက်ခဲလိမ့်မည် မဟုတ်ပါ။

ကျောက်ကျွင်းကိုယ်တိုင်က ပညာအရည်အချင်း နိမ့်သော်လည်း သူက စာသင်ကြားရခြင်း၏ အရေးပါပုံကို နားလည်သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲကို နှစ်အနည်းငယ်အတွင်း ပြန်စတော့မှာကို မဆိုထားနှင့် ကျောက်တုန်က အလယ်တန်းကျောင်း တက်ရမည့် အရွယ်ကို ရောက်တော့မည် ဖြစ်သည်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အခြေခံတွေကို သေချာ မချထားဘဲ ကလေးတွေကို မထိန်းနိုင်ရင် ဘာဖြစ်သွားမှာလဲ။

အခုခေတ်မှာ လူတော်တော်များများက ပညာရေးကို အရေးတယူလုပ်ပြီး မလေ့လာကြတာကို ကျောက်ကျွင်းက သိနေခဲ့ပြီး ကျောင်းမှာ သင်ဖို့လည်း သူက မမျှော်လင့်ထားသည့်အတွက် အရင်ဘဝတုန်းက ဝမ့်ရင်းလို ပညာအရည်ချင်း မြင့်မားသည့် မိန်းမကိုသာ ရှာနိုင်မည် ဖြစ်သည်။

အဲ့အချိန်တုန်းက ကျောက်တုန်သည် ကျောင်းသွားဖို့ အင်တင်တင်ဖြစ်နေပြီး နေ့တိုင်း ဝမ့်ရင်းက သူ့ကို စာအုပ်များဖြင့် စာရေးတတ်၊ ဖတ်တတ်အောင် သင်ပေးခဲ့သည်။ နောက်ပိုင်း ကလေးကို မြို့သို့ ခေါ်သွားသည့်အခါ သူသည် ဘာပြဿနာမှ သိပ်ပြီး မရှိဘဲ ကိစ္စတွေကို လျင်လျင်မြန်မြန် လုပ်နိုင်ခဲ့သည်။

ကျောက်ကျွင်းက အဲ့အကြောင်း တွေးမိသည့်အခါ လမ်းကို မြန်မြန် လျှောက်သွားခဲ့သည်။ ဒီနေ့မှာတော့ သူသည် မြို့က အနေဝေးသည့် ဆွေမျိုးတစ်ယောက်ထံ သွားလည်မည် ဖြစ်သည်။ တစ်ဖက်လူက မြို့မှာ အဆက်အသွယ်တွေ အများကြီး ရှိပြီး သူရဲ့ ပထမဆုံး မိန်းမကို ရှာပေးခဲ့သူလည်း ဖြစ်သည်။

ကျောက်ကျွင်းက သူ့ဆွေမျိုးရဲ့အိမ်ကို သွားခဲ့သည်။ နှစ်ဖက်လုံးက ရိုရိုသေသေ စကားပြောခဲ့ပြီးနောက် တစ်ဖက်လူက ကျောက်ကျွင်းကို အေးအေးဆေးဆေး လိုက်ပို့ခဲ့သည်။

သူ့ကို တံခါးနားသို့ လိုက်ပို့ပေးပြီးနောက် အဝေးရောက် ဆွေမျိုးက ဒေါသတကြီး ပြောခဲ့သည်။

အမျိုးဖြစ်သူရဲ့ ချွေးမက အနည်းငယ် တွေဝေသွားခဲ့သည်။ “အမေလား။”

ဆွေမျိုးဖြစ်သူက သူ့ရဲ့ ချွေးမကို ဘေးနားသို့ခေါ်ပြီး စတင် တိုင်ပြောတော့သည်။ “ ကျောက်မိသားစုထဲက တတိယသားရဲ့ ဦးနှောက်ကို မြင်းက ကန်သွားတာလား။ သူက ဘာတွေ တွေးနေတာလဲ။ သူ့အတွက် အထက်တန်းအောင်ပြီး သမီးပျိုလေး တစ်ယောက်ကို ရှာပေးဖို့ လာပြောနေတယ်။ မြို့က မိန်းကလေးဆို ပိုအဆင်ပြေတယ်တဲ့။”

ချွေးမကလည်း မှင်သက်သွားခဲ့သည်။ “တကယ်ကြီး သူက အဲ့လို ပြောတာလား။ သူက ဒုတိယမိန်းမ ယူပြီးပြီ မဟုတ်ဘူးလား။”

အဝေးမှ ဆွေမျိုးက လက်ခါပြကာ ပြောလိုက်သည်။ “အဲ့ကောင်မလေးကို ကောင်းကောင်း လက်ထပ်ခဲ့တာ မဟုတ်ဘူး။ ငါကြားထားတာတော့ သူမက အမှုတစ်ခုကို ဝန်ခံပြီး ထောင်ကျနေတာတဲ့။ သူတို့က သူမကိုတောင် ကွာရှင်းတော့မှာ။”

ချွေးမဖြစ်သူက ခေါင်းကိုစောင်းပြီး ခနလောက် တွေးလိုက်သည်။ “ဒါက မသင့်တော်ဘူးလေ။ သူ့ရဲ့ အခြေအနေက အရမ်း ရှုပ်ထွေးနေတာကို။ သူက ဘာလို့ မြို့က မိန်းကလေးတစ်ယောက်ကို ထပ်ရှာချင်ရတာလဲ။”

ဆွေးမျိုးဖြစ်သူ - “အဲ့လို မဟုတ်ဘူးလို့ ဘယ်သူက ပြောတာလဲ။ သူတောင် လုပ်ရဲသေးတာပဲ။ ဒါပေမယ့် ငါကတော့ မလုပ်ရဲဘူး။ အခု သူက သူ့ရဲ့ မိသားစုကနေ ခွဲထွက်သွားပြီ။ သူ့မိဘတွေဆီကလည်း ဘာအကူညီမှ မရတော့ဘူး။ သူ့အစ်ကိုတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ချက်တွေ ရှိနေကြတာ။ သူက တစ်ယောက်တည်း နေနေတာ။ ပြီးတော့ သူ့မှာက တာဝန် နှစ်ခုလည်း ရှိသေးတယ်။ တကယ်လို့ သူက ကလေးရှိတဲ့ မုဆိုးမတစ်ယောက် ရှာချင်တယ်ဆိုပြီး ပြောရင် ငါက သူ့ကို တွန်းအားပေးလို့ ရသေးတယ်။ ဒါပေမယ့် သူက အခုချက်ချင်း ပထမ လက်ထပ်ပွဲကလို အထက်တန်းအောင် တစ်ယောက်ကို လိုချင်တာတဲ့။ ဘုရားရေ၊ တပ်မဟာထဲမှာဆို အထက်တန်းအောင် တစ်ယောက်က အလုပ်တစ်ခုကို အလွယ်လေး ရှာလို့ရတယ်။ ပထမဆုံး လက်ထပ်တဲ့ ကောင်မလေးက အလုပ်ရှိတယ်။ ပြီးတော့ မြို့မှာ လူတစ်ယောက်ကို ရှာလို့ရတယ်။ သူက အရမ်းကို မာနထောင်လွှားပြီး ငါ့ကို မိထွေးတစ်ယောက်ရှာဖို့ လာပြောနေတာ။”

ချွေးမဖြစ်သူ - “အဲ့တော့ ဘာပြောလိုက်လဲ။”

အမျိုးဖြစ်သူ - “သူ့ကို တစ်ချက် ကြည့်ဖို့တော့ ငါ ပြောလိုက်တယ်။ ဒါပေမယ့် လုပ်မှာ မဟုတ်ပါဘူး။ ဟာသပါပဲ။ တကယ်လို့ ငါ့မှာ သင့်တော်တဲ့သူ ရှိရင်တောင် အဲ့အတွက်တော့ ငါ မပြောပေးနိုင်ဘူး။ ဒါက အောင်သွယ်လုပ်တာလား။ ဒါမှမဟုတ် အခြားသူအတွက် ခက်ခဲအောင် လုပ်နေမိတာလား။ ဘယ်မိန်းကလေးကမှ အဲ့ဒါကို သဘော မတူနိုင်ကြဘူး။ သူ့ တုတ်ကြီးကြီးနဲ့ ရိုက်ခံလိုက်ရလားဆိုတာ ဘယ်သူကများ သိမှာလဲ။”

ချွေးမဖြစ်သူ - “အဲဲဒါတော့ ဟုတ်တယ်။ သူဘာလို့ ဒီလို ပြောလဲဆိုတာ မမေးခဲ့ဘူးလား။”

“ဟဟ။ ဒီလူက အရမ်း ဆိုးတာပဲ။ သူ့ကို မြို့က သမဝါယမစျေးမှာ အငယ်တန်း ဒါရိုက်တာအဖြစ် ရာထူးလွှဲပေးခံရတော့မှာလို့ သူကပြောသေးတယ်။ သူ မြို့ကို ပြောင်းသွားရင် ကောင်းမလေးတွေအတွက် အဲ့ဒါကို ရှင်းအောင်လုပ်ပေးမယ်လို့ ငါ့ကို ပြောတယ်။ အဲ့ကျရင် သူက အလုပ်အကိုင် အတည်တကျတစ်ခုခု ရတာနဲ့ မိန်းမနဲ့ ကလေးတွေကို မြို့ခေါ်သွားနိုင်တယ်တဲ့။”

ချွေးမဖြစ်သူမှာ အတွေ့အကြုံအနည်းငယ် ရှိသည့်အတွက် သူမက ထိုစကားကို ကြားသည့်အခါ သူက တကယ်ကို တွေဝေကာ ပြောလိုက်သည်။ “အဲ့တော့ အထက်တန်းကျောင်းသူက အပျိုပဲ ရှိသေးရင် သူက ကြိုးစားကြည့်နိုင်မယ် ထင်တယ်။”

ဆွေမျိုးဖြစ်သူက ဒေါသထွက်သွားပြီး သူမရဲ့ ချွေးမကို စိုက်ကြည့်လိုက်သည်။ “တကယ်လို့ သူက ဟုတ်တယ်လို့ ပြောတယ်ဆိုရင် ဟုတ်တယ်ပဲလား။ မှတ်ထား။ ယောက်ျားတွေရဲ့ စကားက သူတို့တွေ လိုက်မလုပ်ရင် အဲ့ဒါကို အတည်ယူလို့ မရဘူး။ အရင်နှစ်တွေတုန်းကဆို ငါ့ကို လက်ထပ်ခွင့်တောင်းဖို့ ချဉ်းကပ်လာတဲ့သူတွေ အားလုံးက သူတို့ရဲ့ အနေအထားတွေကို ချဲ့ကားပြီး ပြောကြတယ်။ ကျောက်ကျွင်းက ခေါင်းဆောင်ငယ် ဖြစ်လာရင် သူက အဲ့ဒါကို လုပ်နိုင်မှာ သေချာလား။ သူက အခုထိ တပ်ကနေ မထွက်ရသေးတော့ အခု သူဘယ်မှာ တာဝန်ချခံရမလဲဆို ဘယ်လိုသိမှာလဲ။ ပြီးတော့ သူက သမဝါယစျေးမှာ ဒါရိုက်တာဖြစ်လာမယ် ဆိုတာကို နင်ယုံရင် နင်က အရူးပဲနေမှာ။ ပြီးမှ ကောင်မလေးက လက်ထပ်လိုက်မယ်ဆိုရင် သူမက မိထွေး ဖြစ်လာမှာ။ တကယ်လို့ သူက စိတ်ဓာတ်ကျ ပြန်လာပြီး မြို့ကို မသွားနိုင်ဘူးဆိုရင် အဲ့တော့မှ သူက ဘာပြောမှာလဲ။ ကောင်မလေးကို သူက ထပ်ပြီးတော့ ကွာရှင်းဦးမှာလား။”

ချွေးမက ယောက္ခမဖြစ်သူရဲ့ ဆူတာကို အတော်လေး ခံလိုက်ကတော့ ခေါင်းတောင် မထောင်နိုင်တော့ပေ။ သူမက ခေါင်းကို လှည့်ပြီး သူမရဲ့ ယောက္ခမဖြစ်သူ ပြောတဲ့စကားကို ပြန်တွေးလိုက်သည့်အခါ အဲ့ဒါက မှန်တယ်ဟု ခံစားခဲ့ရသည်။

လအနည်းငယ်အတွင်း သူက သမဝါယမစျေးရဲ့ ဒါရိုက်တာ ဖြစ်တော့မှာလို့ ပြောသွားသည်။ အဲ့တော့ သူက ဒါရိုက်တာလား။ သမဝါယမစျေးဆိုတာက တကယ် နေရာကောင်း တစ်ခုလေ။ အဲ့ထဲကို ဝင်ဖို့ ဘယ်လိုလုပ် အဲ့လောက် လွယ်မှာလဲ။ ပြီးတော့ သူက တစ်ခုခု လုပ်ပြီးရင် အရမ်းငြင်းတာ။ သူပြောတာမှာ ဆယ်ခုမှာ ကိုးခုက အလိမ်တွေချည်းပဲ။

ဆွေမျိုးဖြစ်သူက ထိုအကြောင်းကို တွေးလေလေ၊ တစ်ခုခုက မှားနေတယ်ဟု သူမ ပိုခံစားရလေလေ ဖြစ်နေခဲ့သည်။ သူမက အဲ့ဒါကို ချွေးမဖြစ်သူနှင့် တိုင်ပင်ကာ လေး၊ ငါးရက် ကြာပြီးနောက် ဘယ်သူကမှ မသင့်တော်ကြောင်း ကျောက်ကျွင်းကို ပြောဖို့အတွက် တစ်ယောက်ယောက်အား လွှတ်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။

သူမ ဒီကိစ္စထဲကို ဝင်ပါလို့ မရဘူး။

ကျောက်ကျွင်းသည် သူ့ဘာသာ ညှိနှိုင်းဖို့အတွက် သမဝါယမစျေးရဲ့ ဒါရိုက်တာ ဖြစ်ချင်တာ ပြောဖို့ကို အစက မထင်ထားခဲ့သော်လည်း သူက အရမ်းကို သေချာနေသည့်အတွက် နားလည်မှု လွဲသွားခဲ့သည်။

သို့သော် ဒီအကြောင်းတွေကို ဂရုစိုက်ဖို့တော့ သူ့မှာ အချိန်မရှိပါ။ တပ်ဘက်က သူ့ကို အမြန်ဆုံး ပြန်လာဖို့ တွန်းအားပေးနေပြီ ဖြစ်သည်။

ကျောက်ကျွင်းက ရက်အနည်းငယ် စောင့်ကာ သူ့ရဲ့ တောင်းဆိုချက်ကို လုပ်​ပေးမည့် အောင်သွယ်တော် များစွာကို ဆက်သွယ်ခဲ့သော်လည်း သူ့အတွက် သင့်တော်သည့် မိန်းကလေး တစ်ယောက်မှတောင် မရှိနေခဲ့ပါ။

ကျောက်ကျွင်းက ထပ်ပြီး မစောင့်နိုင်တော့ဘဲ တပ်မဟာထဲရှိ အမျိုးတစ်ယောက်ထံမှာ ကလေးတွေကို အပ်ထားခဲ့ရသည်။

သူ့အစ်ကိုတွေက အဲ့အကြောင်းကို ထပ်ပြီး မတွေးချင်ခဲ့ပါ။ အမျိုးသမီးကြီး မစ္စကျောက်ကို မြေမြှုပ်ပြီးကတည်းက အစ်ကိုတွေက သူ့ကို မြင်သည့်အခါ စကားပြောဖို့အတွက် ငြင်းခဲ့ကြပြီး ကလေးနှစ်ယောက်ကိုလည်း အိမ်ဟောင်းသို့ ထပ်ပြီး မသွားရန် မှာကြားခဲ့သည်။

ကျောက်ကျွင်းမှာ ရွေးချယ်စရာ မရှိဘဲ ဝမ်းကွဲ တစ်ယောက်ထံမှာ ကလေးနှစ်ယောက်ကို အပ်ထားဖို့ တစ်လ ဆယ်ယွမ်ပေးကာ တပ်ထဲသို့ ပြန်သွားခဲ့သည်။

ဝမ့်ရင်းအကြောင်း ပြောရအောင်။ ကျောက်ကျွင်းနဲ့ ဆုံပြီးကတည်းက ဝမ့်ရင်းသည် အတော်လေး ကံမကောင်းသလို ခံစားခဲ့ရသည်။

သူမက အမြဲတမ်း ခံစားချက်တွေကို တွေးလေ့မရှိသော လူမျိုးဖြစ်ကာ အမြဲတမ်းလိုလို အရမ်း တည်ငြိမ်၍ ဒေါသထွက်ခဲသည်။ သို့သော် ကျောက်ကျွင်းကြောင့် သူမရဲ့ ဒေါသတွေကို မထိန်းနိုင်ခဲ့ပါ။

အဲ့လူက ဘယ်သူလဲ။

ကျောက်ကျွင်း သူ့ရဲ့ ဒီဘဝမှာ ဇနီးတစ်ယောက် ဘယ်တော့မှ ရှာမတွေ့ဖို့ကို ဝမ့်ရင်းရဲ့ စိတ်ထဲမှာ ဆုတောင်းနေခဲ့သည်။ သူ့လို လူမျိုးကြီးဝါဒရှိတဲ့ ယောက်ျားတစ်ယောက်က သူ့ကလေးတွေကို သူ့ဘာသာ စောင့်ရှောက်သင့်ပြီး သုံးစားမရတဲ့ အိမ်ရှင်မဟုခေါ်တဲ့ ဘဝမျိုးကို အတွေ့အကြုံ ယူသင့်သည်။

နေ့လည်ပိုင်းလောက်မှာ ဝမ့်ရင်းက ဆေးသောက်ပြီး နိုင်ငံပိုင် စားသောက်ဆိုင်မှာပဲ နေ့လည်စာကို စားခဲ့သည်။ ရှုရွှမ်းက သူမအတွက် ဝက်သားနှင့် တရုတ်နံနံပင် ထည့်ချက်ထားသည့် ခေါက်ဆွဲ တစ်ပန်းကန်ကို ချပေးခဲ့သည်။

တရုတ်နံနံရဲ့ အနံ့နှင့် ဝက်သားရဲ့ အနံ့က မွှေးပြီး လက်လုပ် ခေါက်ဆွဲထဲမှာ စိမ့်ဝင်ကာ အိမ်လုပ် အရသာက အရမ်းကို ဆွဲဆောင်နေခဲ့သည်။

ဝမ့်ရင်းက နိုင်ငံပိုင် စားသောက်ဆိုင်မှာ စားဖို့အတွက် ဘယ်အချိန်ပဲ ရောက်လာ၊ ရောက်လာ အမြဲတမ်းလိုလို ရှုရွှမ်းက အသားဟင်းတွေကို ပြင်ပေးခဲ့သည်။ ဒီနေ့ခေတ်မှာ ပုံမှန် အနေအထားမျိုး ဖြစ်သည်။ သူတို့ စားသောက်ဆိုင်မှာ ရှိနေကတည်းက အသားဟင်း လက်မှတ်တွေ မလိုဘဲ အသားဟင်းတွေ မစားခဲ့ရရင် တစ်ခုခု လိုအပ်နေသလို ခံစားကြရလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက ခေါက်ဆွဲကို စားပြီးနောက် သူမရဲ့ ဒေါသက အနည်းငယ် ပြေသွားခဲ့သည်။ နေ့လည်စာ အချိန်မှာ ရှုရွှမ်းက အလုပ်ရှုပ်နေခဲ့ပြီး သူမအတွက် မုယော လက်ဖက်ရည် တစ်ခွက်ကို ယူလာပေးခဲ့သည်။

ဒီလက်ဖက်ရည်ကို လုပ်ပေးဖို့အတွက် ဝမ့်ရင်းက သူ့ကို ပြောခဲ့သည်။ အကြောင်းမှာ သူမသည် နွေရာသီ ကုန်သွားပြီးနောက် ကိုယ်အလေးချိန် တက်လာသလို ခံစားခဲ့ရခြင်းကြောင့် ဖြစ်သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၆၄

ရှူရွှမ်းသည် ဝမ့်ရင်းက ဝတယ်ဟု မထင်ဘဲ ဖက်လိုက်သည့်အခါ အိအိလေး ဖြစ်နေဖို့ ဝတဲ့သူတွေက ပိုကောင်းတယ်ဟု သူက တိတ်တဆိတ် တွေးနေခဲ့သည်။ သို့သော် ဝမ့်ရင်သည် သူမ အလေးချိန် တက်လာပြီးနောက် သူမရဲ့ အင်္ကျီတွေက ပိုကြပ်လာတယ်ဟု ခံစားခဲ့ရသည်။ အဲ့ဒါတွေကို သွားလဲဖို့ အမျိုးသမီးကြီး မစ္စရှုကို ပြောဖို့ကလည်း အတော်လေး ဒုက္ခများသည့်အတွက် သောက်ပဲ သောက်ခဲ့သည်။

နောက်ဆုံးမှာတော့ ရှုရွှမ်းက ညှိနှိုင်းကာ အိုးအသေးဖြင့် ကြော်ပြီး အဲ့ဒါကို စားသောက်ဆိုင်ထဲမှာ ချထားပြီး ဝမ့်ရင်းလာတာကို စောင့်နေခဲ့သည်။ သို့မှသာ သူက လုပ်လို့ရမည် ဖြစ်သည်။

လက်ဖက်ရည်ကို လောလောလတ်လတ် ခူးထားသည့် အစေ့အဆန်များနှင့် လုပ်ထားသည့်အတွက် အနံ့က အရမ်းကို မွှေးကြိုင်နေခဲ့သည်။

ဝမ့်ရင်းက အဲ့အနံ့ကို သဘောကျလွန်းလို့ သူမရဲ့ လက်ထဲမှာ တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး လွှတ်ဖို့ ဆန္ဒလည်း မရှိပါ။

ရှုရွှမ်း - “ဒေါသ မထွက်နဲ့တော့။”

ဝမ့်ရင်းက ကိုးရို့ကားယား ဖြစ်နေခဲ့သည်။ “ကျွန်မက ဒေါသထွက်နေတာလို့ ရှင်က ဘယ်လိုလုပ် ပြောနိုင်တာလဲ။”

ရှုရွှမ်း - “မင်းက စားလို့တောင် မပြီးသေးဘူး။”

ဝမ့်ရင်း - “အဲ့လို ဘယ်သူပြောလဲ။ ကျွန်မက အကုန် စားလို့ ပြီးသွားပြီ။”

ရှုရွှမ်း - “အဲဲဒါ ဘာလို့လဲဆိုတော့ မင်းဒေါသထွက်နေတာ ကိုယ်မြင်လို့လေ။ အဲ့ဒါကြောင့် သေချာ ရွေးထားတာ။ ဒါပေမယ့် မင်းက စားပြီးတာတောင် သတိမထားမိခဲ့ဘူး။ ပြီးတော့ မင်းက ခေါက်ဆွဲတောင် ထပ်မတောင်းဘူး။”

ဝမ့်ရင်းရဲ့ ဒေါသက ချက်ချင်း ပျောက်သွားပြီး သူမက ဝမ်းနည်းစွာ ပြောခဲ့သည်။ “တစ်ချို့ ယောက်ျားတွေက တစ်ခြားသူဆီက အခွင့်အရေးယူတယ်လို့ ခံစားရပြီး အဲ့ဒါက တကယ်ကို အကျည်းတန်တယ်ဆိုတာ ဝန်ခံဖို့ ငြင်းနေကြတယ်။”

ရှုရွှမ်း - “????”

ရှုရွှမ်းက ဂရုတစိုက်နှင့် ဝမ့်ရင်းရဲ့ လက်ကို ဆွဲပြီး ချက်ချင်း သူမကို စတင် တုံ့ပြန်ခဲ့သည်။ မကြာခင်က သူ သူမဆီကနေ အခွင့်အရေး ယူခဲ့ဖူးလို့လား။ မဟုတ်ပါဘူး။ မကြာခင်က သူ နည်းနည်းလေး လက်လွန်မိခဲ့ရုံပါ။ အဲ့ဒါကို ထည့်တွက်တာလား။

ရှုရွှမ်းရဲ့ ပုံစံက ဝမ့်ရင်းကို ကျေနပ်စေခဲ့ပြီး သူမက လက်ဖက်ရည်ကို တစ်ခါတည်း မော့သောက်လိုက်သည်။ “ကျွန်မက ရှင့်ကို ပြောနေတာ မဟုတ်ဘူး။”

ရှုရွှမ်းက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။

ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ကို ကိုင်ကာ ပြောခဲ့သည်။ “ခနနေကျရင် ကိုယ် မြို့ထဲကို သွားရမှာ။ မင်းရော သွားချင်လား။”

ဝမ့်ရင်းက ထိုအကြောင်းကို တွေးလိုက်သည်။ အစပိုင်းမှာတော့ ဝမ့်ရင်းသည် ဒီနေ့လည်မှာ ဆေးပင်တွေ ခူးဖို့ တောင်ပေါ်တက်ရန် စီစဥ်ခဲ့သည်။ သို့သော် သူမက ကျောက်ကျွင်းကြောင့် စိတ်ညစ်ပြီး ဘာကိုမှ မလုပ်ချင်တော့ပါ။ သူမက အပြင်ထွက်ပြီးသာ စိတ်ပြေလက်ပျောက် နေချင်တော့သည်။

ရှုရွှမ်းက ထပ်ပြောခဲ့သည်။ “ဒီည တပ်မဟာထဲမှာ ရုပ်ရှင်အဖွဲ့ တစ်ဖွဲ့က လာပြီး ရုပ်ရှင်ကားတစ်ကား ပြလိမ့်မယ်။ မင်း ဒီမှာနေပြီး ကောင်စီမြို့က ပြန်လာရင် ရုပ်ရှင် ကြည့်လို့ရတယ်။ ကိုယ် အလုပ်ပြီးတာ စောင့်ပြီး အတူတူ သွားကြမယ်။”

ဝမ့်ရင်း - “ဟုတ်ပြီ။”

ဝမ့်ရင်းနှင့် ရှုရွှမ်းက သူတို့ရဲ့ စက်ဘီးကို စီးပြီး မြို့သို့ သွားခဲ့ကြသည်။ သူတို့က အရင်ဆုံး မြို့ထဲကို ဝင်သည့်အခါ တစ်ခုခု လွဲနေတာကို ဝမ့်ရင်းက သတိ မထားမိခဲ့ပါ။ သို့သော် သူတို့ ချမ်တုန့်၏ ခြံဝန်းထဲသို့ ဝင်သွားသည့်အခါ တစ်ခုခု လွဲနေတာကို ဝမ့်ရင်းက တွေ့ခဲ့ရသည်။

ခြံဝန်းထဲရှိ မိသားစုတွေ ပိန်သွားတာကို တွေ့ရသည်။ လူတွေ ပိန်လာသည့်အခါ သူတို့ရဲ့ မျက်နှာတွေက ဖြူဖျော့လာခဲ့သည်။ ဝမ့်ရင်းက အရှေ့ခြံထဲကို ကြည့်လိုက်သည့်အခါ ကလေးတွေကတောင် အဲ့လို ဖြစ်နေသည့်အတွက် သူမက စိုးရိမ်နေခဲ့သည်။

မိသားစုထဲတွင် လူများစွာရှိပြီး သူတို့အားလုံးက ငတ်နေကြတာ။ ချမ်တုန့် ဘာတွေလုပ်နေလဲဆိုတာ ငါသိချင်တယ်။

ရှုရွှမ်းနှင့် ဝမ့်ရင်းတို့က နောက်ဖေးခြံထဲကို ဝင်သွားခဲ့သည်။ အစပိုင်းမှာတော့ နောက်ဖေးခြံကို အရှေ့ခြံနှင့် ဆက်ထားခဲ့သော်လည်း ဒီတစ်ခေါက်မှာ အရှေ့ခြံနှင့် အနောက်ခြံကြားမှာ ရုတ်တရက်ဆိုသလို နံရံနှင့် သစ်သားတံခါးတစ်ခု ပေါ်လာခဲ့သည်။ နဂို ဖုန်းရွှေနံရံကို ဖျက်စီးလိုက်တာ ကြာလှပြီဖြစ်ပြီး အခု ဖုန်းရွှေနံရံပေါ်မှာ ဆောက်ထားသည့်ဟာက ရုတ်တရက် လုပ်ထားတာမျိုး မဟုတ်ပါ။

ရှုရွှမ်းက တံခါးကို ခေါက်လိုက်သည်။ နေ့လည်ဆိုရင် ချမ့်တုန်က အမြဲတမ်း အိမ်ထဲမှာ အနားယူသည့်အတွက် သူက တံခါးခေါက်သံကို ကြားသည့်အခါ တံခါးကို လာဖွင့်ပေးခဲ့သည်။

“ဟေ့၊ မင်းတို့နှစ်ယောက် ဘာလို့ ဒီမှာရှိနေတာလဲ။ မြန်မြန် ဝင်လာခဲ့။”

ဝမ့်ရင်းက ချမ့်တုန် အဆင်ပြေနေတာကို မြင်ခဲ့သည်။ သူက အနည်းငယ် ပိန်သွားသော်လည်း သူက သက်လုံ ကောင်းနေသေးသည်။

ချမ်တုန့်က ဝမ်းသာအားရ ပြောခဲ့သည်။ “မင်းတို့က အရမ်း စိုးရိမ်နေကြရုံပါ။ ဒီမှာ သုံးနှစ်လောက် မိုးခေါင် ရေရှား ဖြစ်သွားရင်တောင် စားဖိုမှူးတွေက ငတ်သေမှာ မဟုတ်ဘူး။ အခုမှ ရက်နည်းနည်းပဲ ရှိသေးတယ်။ ဒီမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။”

ရှုရွှမ်းက သူယူလာသည့် နေ့လည်စာ ထမင်းဗူးကို ဖွင့်လိုက်သည်။ ဝမ့်ရင်း မထွက်သွားခင် ပြင်ခိုင်းသည့် နေ့လည်စာ ထမင်းဗူးထဲက ဟင်းနှစ်မျိုးသည် ပူနေဆဲ ဖြစ်သည်။ ထို့နောက် သူမက အတော်လေး ဗိုက်ဆာနေသည့် ချမ်တုန့်ဆီ ပြေးသွားသည်။ သို့မှသာ သူမက သူ့ကို ပေးလို့ရမည် ဖြစ်သည်။

ချမ်တုန့်ရဲ့ မျက်လုံးက အရောင်တောက်သွားပြီး တူကိုယူကာ ချီးကျူးရင်း စားနေခဲ့သည်။ “ ကြော်ထားတဲ့ ဒီကစီက တကယ် အရသာရှိတယ်။ အဲ့ဒါ ငါအရင်က ထျန်ကျင်းမှာ စားဖူးတဲ့ ထူးခြားတဲ့ကဆီနဲ့ အတူတူပဲ။”

ဝမ့်ရင်းက သူ့ကို မေးလိုက်သည်။ “ဒီရက်တွေ မြို့မှာ ဘယ်လိုလဲ။ ဆရာ၊ အိမ်မှာရော စားနပ်ရိက္ခာတွေ လုံလုံလောက်လောက်ရော ရှိရဲ့လား။”

ချမ်တုန့် - “မြို့မှာကတော့ ဒီအတိုင်းပဲ။ အခုကတော့ သိပ်ပြီး ကြီးကြီးမားမား မဟုတ်သေးဘူး။ နောက်ဆုံး လကုန်မှ ငါတို့တွေ စားစရာတွေ ဝေပေးဖို့ ဆုံးဖြတ်မယ်။ အဲ့မှာ စားစရာ ပြတ်သွားရင်တောင် အဲ့ဒါက နောက်ထပ် နှစ်လလောက်ပဲ ကြာမှာ။ လူတိုင်း သူတို့ရဲ့ ခါးပတ်တွေကို တင်းထားကြပြီ။ မကြာခင်က ငါတို့ဆိုင်ကို နေ့တိုင်းနီးပါး ပိတ်ထားရတာ။ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။ စားစရာမရှိတဲ့လူတွေက စားဖို့ ငါတို့ဆိုင်ကို ရောက်လာရင် စားသောက်ဆိုင်က စားမယ့်ဒဏ်တွေကို မခံနိုင်ဘူး။”

ဝမ့်ရင်းက ဟိုဟိုဒီဒီ ကြည့်ပြီး ပြောခဲ့သည်။ “ဆရာ့အတွက် ရှုရွှမ်းကို ထပ်ယူဖို့ ပြောရင်ရော ဘယ်လိုလဲ။”

ရှုရွှမ်းသည် အရင်က တစ်ခါ စားစရာတွေကို ပို့ကာ ချမ့်တုန်ကို ပြောင်းဆန်နှင့် ရိက္ခာခြောက်တွေကို ပေးခဲ့တာ ဝမ့်ရင်းက မမြင်ခဲ့ပါ။

ချမ့်တုန်က လက်ခါပြခဲ့သည်။ “မလိုဘူး။”

“မိန်းကလေးရင်း၊ အဲ့ဒါကို တွေးကြည့်လိုက်။ အခု စားသောက်ဆိုင်တွေ အားလုံး ပိတ်ထားတာ။ ဘယ်သူကမှ စားလို့ မရဘူး။ တကယ်လို့ ငါက အိမ်မှာ စားစရာတွေ သိမ်းပြီး မသက်ရောက်ဘူးဆိုရင် နောက်ပိုင်း အဲ့ဒါက အာရုံစိုက်ခံရမယ် မဟုတ်လား။ ငါ့ကို ရှုရွှမ်းပို့တဲ့ဟာကို ရောင်းပြီးပြီ။ ကျန်တာကိုတော့ ငါဖွက်ထားတာ။ မပူနဲ့။ သေချာပေါက် ငါက မငတ်ဘူး။ ဒါပေမယ့် ငါ့ကို အများကြီး ပို့ဖို့လည်း မလိုပါဘူး။”

ချမ့်တုန်က လူတိုင်းရဲ့အနောက်ကို လိုက်ခဲ့သည့်အတွက် ထိုအချိန်အတွင်းမှာ သူက ပိန်သွားခဲ့သည်။ သို့မှသာ သူ့အိမ်မှာ ပစ္စည်းတွေ ရှိသေးတယ်ဟု လူတွေက မပြောလိမ့်မည် ဖြစ်သည်။

ချမ်တုန့်က စားစရာရှိတာ စားပြီးနောက် သူက လန်းဆန်းသွားပြီး အိမ်ထဲက လက်မှတ်တစ်စောင်ကို ထုတ်ကာ ဝမ့်ရင်းအား ပေးခဲ့သည်။

ဝမ့်ရင်းက အတော်လေး ပျော်နေခဲ့သည်။ “ဒါက ရေဒီယို လက်မှတ်မလား။ ဆရာ၊ ရှင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲ။”

ချမ့်တုန်ကို ကြည့်ရတာ အတော်လေး ဂုဏ်ယူနေခဲ့သည်။ “ငါ ဒါကို ဆန်တွေ ရောင်းတုန်းက လဲဖို့အတွက် ရထားတာ။ ဒါက ရှန်ဟိုင်းတံဆိပ်ပဲ။ အဲ့ကောင်က လက်ဖဝါး နှစ်ခုစာပဲ ရှိတယ်လို့တော့ ငါကြားထားတယ်။ ဒါက နောက်ဆုံးထွက်ပဲ။”

ဝမ့်ရင်းက အဲ့ဒါကို ပျော်ပျော်ကြီး လက်ခံခဲ့သည်။

ချမ်တုန့်က ဆက်ပြောခဲ့သည်။ “မင်းတို့ နှစ်ယောက် မြန်မြန်လုပ်ပြီး ဒီနေ့ အမှာတွေကို သွားပေးသင့်တယ်။ မကြာခင် ဘယ်အချိန်မဆို ဒီပစ္စည်းက ကုန်သွားလိမ့်မယ်။”

ရှုရွှမ်းနှင့် ဝမ့်ရင်းက သမဝါယမစျေးသို့ ပြေးသွားကာ သေချာတာကတော့ ထိုပစ္စည်းအသစ်က တစ်လုံးသာ ကျန်တော့သည့်အတွက် သူတို့က အမြန် သွားဆွဲကြမည် ဖြစ်သည်။

ရေဒီယို အသစ်က တကယ်ကို စျေးကြီးသော်လည်း သံဖြင့်လုပ်ကာ အတော်လေး ကောင်းပြီး အရင်က အရွယ်အစားလောက်သာ ရှိသည်။ အောက်မှာလည်း ပျားအုံပုံစံ ပါရှိကာ အပေါ်မှာတော့ တုန်နှုန်းပြတာတွေ ပါသည်။ ထို့အပြင် အနောက်မှာလည်း အသံ ပြန်သွင်းလို့ရတဲ့ ကြိုးလေးလည်း ပါသည်။

ဝမ့်ရင်းက ရေဒီယိုကို ကိုင်ထားပြီး မလွှတ်နိုင်ခဲ့ပါ။

ရှုရွှမ်းက ရေဒီယိုအတွက် ယွမ်၁၂၀ကို သုံးခဲ့သည်။

အရောင်းဝန်ထမ်းကတောင် အားကျနေခဲ့သည်။ “ဒီစက်အသစ်က စျေးအကြီးဆုံးပဲ။ အရင်ဟာက ဝယ်မယ်ဆိုရင် ယွမ်ခြောက်ဆယ်လောက်ပဲ ပေးရမှာ။”

သူတို့လင်မယားက သမဝါယစျေးထဲရှိ အားကျနေသော လူတွေရဲ့ အကြည့်အောက်ကနေ ထွက်လာခဲ့သည်။ သို့သော် သူတို့ မထွက်သွားခင်မှာ လူတစ်ယောက်က သူတို့ကို တားလိုက်သည်။

မျက်စိလျင်တဲ့ လူတစ်ယောက်က ရောက်လာပြီး ရှုရွှမ်းကို စီးကရက်တစ်လိပ် ပေးလိုက်သည်။ “ညီကို၊ ခဗျားရဲ့ ရေဒီယိုလေးကို ရောင်းပေးနိုင်မလား။”

ရှုရွှမ်းက ရေဒီယိုကို ဝမ့်ရင်းရဲ့ လက်ထဲသို့ ပေးပြီး သူမရဲ့ အရှေ့မှာ ရပ်လိုက်သည်။ “မရဘူး။”

လူငယ်လေးက လက်ဖဝါးအရွယ် ရေဒီယိုလေးကို အားကျတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။ အဲ့ဒါက နောက်ဆုံးပေါ် ပစ္စည်းပဲ။ ပြီးတော့ အဲ့လက်မှတ်က အထူး လုပ်ထားတာ။ ဒါကြောင့်သာ မဟုတ်ဘူးဆိုရင် သူတို့က အဲ့ဒါကို ဝယ်ပြီးတာ ကြာပြီ။ သူတို့က အဲ့ဒါကို ပြန်ရောင်းပြီး ပိုက်ဆံရှာလို့ရသည်။

လူငယ်လေးက သူ့ကို အကျိုးအမြတ်ရအောင် ညှိဖို့ ကြိုးစားခဲ့သည်။ “ကျွန်တော် အစ်ကို့ကို နဂိုစျေးအတိုင်း ပေးမယ်။ ပြီးရင် အပိုအနေနဲ့ အကို့ကို ရေဒီယို ဗူးလေး ပေးမယ်။”

ဝမ့်ရင်းက သူ့ရဲ့ အနောက်ကနေ ခေါင်းထွက်လာသည့်အခါ သူက ငြင်းဖို့ ပြင်နေခဲ့သည်။ “ရေဒီယိုဗူးလား။ အဲ့ဒါက ဘာလဲ။”

လူငယ်လေးက သူ့ကိုယ်သူ အရမ်း ကျေနပ်နေခဲ့သည်။ သူမျှော်လင့်ထားသလိုပဲ မိန်းမတွေက အရူးလုပ်ဖို့ လွယ်သည်။

“အဲဲဒါက ရေဒီယို တစ်လုံးပဲ။ ငါတို့ညီအကိုတွေ အဲ့ဒါကို ကိုယ်တိုင် လုပ်ထားတာ။ မပူနဲ့။ အဲ့ဒါက ခဗျားဆီမှာ ရှိတဲ့ အထဲက အရာတွေနဲ့ အတူတူပဲ။ သူက ကောင်းကောင်းလည်း အလုပ်လုပ်တယ်။”

ဝမ့်ရင်းက ရေဒီယိုဗူးကို တစ်ခါမှ မမြင်ဖူးပါ။ သူမက စိတ်ဝင်စားနေတာကို မြင်သည့်အခါ ရှုရွှမ်းက ကိစ္စကို ကြည့်ပြီး ဒီလို ပစ္စည်းမျိုးဖြင့် တစ်ဖက်လူက သူမကို အနိုင်ယူနိုင်လောက်တယ်ဟု ခံစားမိခဲ့သည်။ ထို့ကြောင့် သူမက ရေဒီယို​ဗူးဟုခေါ်သည့် အရာကို တစ်ချက် သွားကြည့်ဖို့အတွက် သဘောတူခဲ့သည်။

ဝမ့်ရင်းသည် သမဝါယမစျေးနှင့် သိပ်မဝေးသည့် လမ်းကြားလေးထဲသို့ ထိုလူအနောက်ကနေ လိုက်သွားပြီး သေတ္တာကြီး တစ်ခုကို ဆယ့်လေးနှစ် သို့မဟုတ် ဆယ့်ငါးနှစ်အရွယ်လောက်ရှိသည့် ကောင်လေး နှစ်ယောက်က အတော်လေး သတိထားကာ စောင့်ကြပ်နေခဲ့ကြသည်။

ထိုလူက သေတ္တာရှိရာကို လက်ဖြင့်ပြပြီး ပြောခဲ့သည်။ “ကြည့်လိုက်။ ဒါ ကျွန်တော်ပြောတဲ့ ရေဒီယိုဗူးလေ။ ကျွန်တော့် ညီအစ်ကိုတွေထဲက တစ်ယောက်က အရမ်းကို လုပ်နိုင်ကိုယ်နိုင်စွမ်း ရှိတယ်။ သူ့ဘာသာ အပိုင်းတွေကို စုပြီးလုပ်နိုင်တယ်။ ဒီဗူးကိုလည်း သူလုပ်ထားတာပဲ။ ဒီနေရာကို နှိပ်လိုက်ရင် အသံ ထွက်လာလိမ့်မယ်။”

ဝမ့်ရင်းသည် အရင်က ဒီလို ရေဒီယိုမျိုးကို တစ်ခါမှ မမြင်ဖူးပါ။ အဲ့ဒါကို ရေဒီယိုဟု ခေါ်သော်လည်း တကယ်တမ်းမှာ အဲ့ဒါက သစ်သားဗူးဖြင့် ပိုတူသည်။ သစ်သားဗူးရဲ့ အစွန်းတွေကတောင် အကြမ်းဖျင်း ဖြစ်နေတယ်ဆိုတာကို မြင်နိုင်သည်။ အဲ့သေတ္တာက တစ်ခုခုကနေ ဖြတ်ထားသော ပစ္စည်းတွေကို ယာယီ စုထည့်ဖို့ လုပ်ထားသည့် အရာနှင့် တူသလိုလို ရှိသည်။ အပြင်ပိုင်းကလည်း ဘာဆေးမှ မသုတ်ထားဘဲနှင့် ပြောင်ရှင်းရှင်းကြီး ဖြစ်နေခဲ့သည်။ အပြင်ဘက်မှာ ဘုလုံးလေးနှစ်ခု ပါရှိပြီး အဲ့ဒါကို လှည့်ပြီး အသံကို ညှိလို့ရသည်။

ရှုရွှမ်း - “ဒါ မင်းတို့လုပ်ထားတဲ့ လျှပ်စစ်ပစ္စည်းဗူးလား။ အဲ့ဒါက အရင်အဟောင်းကို ပုံတူလုပ်ထားတာလား။”

လူငယ်လေးက သူ့ပေါင်သူ ပြန်ရိုက်ပြီး ပြောခဲ့သည်။ “အစ်ကို၊ ခဗျားက ဗဟုသုတရှိသားပဲ။ ဒါက ရိုးရိုး အရင်က သေတ္တာတစ်ခု မဟုတ်ဘူးမလား။ ငါ့ညီကိုက ဉာဏ်ကောင်းတယ်။ ဒီသေတ္တာကို သူ့ဘာသာ လုပ်တာ။ အပြင်က သစ်သားပြားကို ငါတို့ ရှာတွေ့ထားတဲ့ ပရိဘောဂ ထုတ်လုပ်တဲ့သူကြီးက ​ဖြတ်ပေးထားတာ။ သူ့ရဲ့ ပုံစံကြောင့်တော့ တွေဝေမသွားနဲ့။ အဲ့ဒါက မင်း နားထောင်တဲ့အရာအပေါ်မှာ လုံးဝ သက်ရောက်မှာ မဟုတ်ဘူး။ တကယ်လို့ အဲ့ဒါသာ ပျက်သွားခဲ့ရင် မင်းတို့ ငါ့ကို မြို့မှာ လာရှာလို့ရတယ်။ ငါ့နာမည်​က ကျန်းစန်းပါ”

ဝမ့်ရင်းက ပြုံးလိုက်သည်။ “အဲ့တော့ သူတို့ထဲက တစ်ယောက်ရဲ့ မျိုးရိုးနာမည်က လီ။ နောက်တစ်ယောက်က ဝမ်လား။”

ကျန်းစန်း - “အဲ့လိုတော့ မဟုတ်ဘူး။ သူတို့က ကျန်းစီနဲ့ ကျန်းဝူပါ။ ငါတို့က ညီအကိုသုံးယောက်ပါ။”

ဝမ့်ရင်းက နာမည်တွေကို မတွေးခဲ့ပါ။ သူမက ရှုရွှမ်းနှင့် မျက်လုံးချင်း စုံသည့်အခါ သူတို့နှစ်ယောက်က တစ်ယောက်ရဲ့ အတွေးကို တစ်ယောက် နားလည်နေခဲ့သည်။ သူတို့က ထိုဗူးကို ဝယ်ချင်နေခဲ့သည်။

ထိုရေဒီယိုက သေးပြီး အခန်းထဲမှာ သူမနှင့် ရှုရွှမ်း နားထောင်ဖို့ အဆင်ပြေသော်လည်း အဲ့ဒါ​က အရမ်းသေးသည့်အတွက် အခန်းထဲမှာ သေချာ ကြားရမှာ မဟုတ်ဘူးဟု ဝမ့်ရင်းက တွေးနေခဲ့သည်။ အရေးအကြီးဆုံးကတော့ သူတို့ အခန်းထဲမှာ နားထောင်နေရင် အမျိုးသမီးကြီး မစ္စရှုက ဘာလုပ်နေမှာလဲ။

စက်တင်ဘာလကို ရောက်နေပြီ ဖြစ်သည့်အတွက် မကြာခင်မှာ ပညာတတ် လူငယ်တွေရဲ့ အိမ်တွေကို ပြန်ဆောက်ပေးတော့မည် ဖြစ်သည်။ ဝမ့်ရင်းသည် ဘေးက အိမ်နှစ်လုံးကို ပြန်ပြင်ဖို့လည်း လိုအပ်သည်။ ထို့အပြင် ခြံဝန်းနံရံကို ဖြိုချမလားဆိုသည့် အပေါ်မှာလည်း မူတည်နေလိမ့်မည် ဖြစ်သည်။

အမျိုးသမီးကြီး မစ္စရှုက သူတို့နှင့်နေဖို့ ဆန္ဒမရှိပုံ ရသော်လည်း ဝမ့်ရင်းသည် သူမအကြောင်းကို စိုးရိမ်နေဆဲဖြစ်ကာ သူမအတွက်လည်း ရေဒီယိုတစ်လုံး ပြင်ပေးသင့်တယ်ဟု တွေးနေခဲ့သည်။

ရေဒီယိုအတွက် လက်မှတ်တွေက ရဖို့ ခက်ခဲသည်။ ရေဒီယိုတွေ ရောင်းနေသည့် လူတစ်ယောက် ပြေးလာတာကိုက ကံကောင်းတယ်ဟု ဝမ့်ရင်းက ခံစားခဲ့ရသည်။

ကျန်းစန်းက သူမအား ရေဒီယိုအသစ်ကို လှည့်စားပြီး ရောင်းဖို့အတွက် ကြိုးစားနေဆဲ ဖြစ်သည်။ “ဒီရေဒီယိုက ယွမ် လေးဆယ်၊ ငါးဆယ်လောက် တန်တယ်။ မင်းတို့သာ အဲ့ဒါကို ယူမယ်ဆိုရင် ငါ အလကား ပေးမှာပါ။ တကယ်ကောင်းတဲ့ ညှိနှိုင်းမှု တစ်ခု ဟုတ်တယ်မလား။”

ဝမ့်ရင်းကို သူ အရူး လုပ်လို့မရပါ။ “ဟုတ်တယ်။ ပိုက်ဆံက မျှပါတယ်။ ပြီးတော့ ငါက သေတ္တာကို အလကား ရတယ်ဆိုပေမယ့် လက်မှတ်ကရော ဘယ်မှာလဲ။”

ချမ့်တုန်က ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ပါ။ သို့သော် ဒီလက်မှတ်က အများကြီး ကုန်ကျမယ်ဆိုတာကို ဝမ့်ရင်းက သိနေခဲ့ပြီး သူမရဲ့ အဆက်အသွယ်များကို သူမက သုံးခဲ့ရသည်။ သူမရဲ့ လက်မှတ်နှင့် ဗူးတစ်ခု လဲဖို့ဆိုတာက အဲ့လောက် မလွယ်ဘူးဟု ကျန်းစန်းက တွေးမိခဲ့သည်။

ဝမ့်ရင်းက အရူးလုပ်ဖို့ မလွယ်တာကို မြင်သည့်အခါ ကျန်းစန်းက အနည်းငယ် စိတ်ပျက်လာခဲ့သည်။ “ဒါဆို စျေးတစ်ခု ပြောလေ။ အရမ်းတော့လည်း မများနဲ့ပေါ့။ ငါတို့တွေက တစ်ခြားသူတွေ ကံကောင်းအောင်လည်း ကြိုးစားနေကြတာလေ။ ငါတို့က အလယ်ပိုင်းမှာ ယွမ်အနည်းငယ်ပဲ ရှာနိုင်တာ။”

ဝမ့်ရင်းက အဲ့ဒါကို မယုံခဲ့ကြပါ။ “ပိုက်ဆံ နည်းနည်းလောက်ပဲ ရှာလိုက်ပါ။ ရှင်တို့တွေ ကျွန်မကို မျက်စိကျအောင် အကြာကြီး လုပ်ဖို့အတွက် အဲ့ဒါက တန်လို့လား။”

ကျန်းစန်း - “ငါတို့မှာ အသံသွင်းတိပ်ခွေ ရှိနေတုန်းပဲ မဟုတ်ဘူးလား။ တိတိကျကျပြောရရင် ငါတို့က တိပ်ခွေတွေကို ရောင်းပြီး ပိုက်ဆံရှာနေကြတာလေ။ ကောင်မလေးက သူ ရေဒီယိုအသစ်တစ်လုံးကို လိုချင်တယ်ဆိုပြီး မူလရောင်းစျေးထက် ငါးဆယ်၊ ခြောက်ဆယ် ပိုပေးဖို့ ကမ်းလှမ်းမယ်လို့ ပြောတယ်။ တိပ်ခွေအတွက် ငါတို့ ပေးမယ်ပိုက်ဆံကို ဖယ်လိုက်ရင် ကျန်တာက ငါတို့ရဲ့ ပိုက်ဆံပဲ။ အဲ့ဒါက ဒါကို ရောင်းသလိုပဲ။”

ဝမ့်ရင်းက တကယ်ကို ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။ “ရှင်က ကျွန်မမေးနေတာကို ပြောတာလား။ ရှင်က အရမ်းကို လိမ်ရလွယ်တာပဲ။”

ကုန်ကျစရိတ်ကို ရှင်းရှင်းလင်းလင်း ပြောပြီး ညှိဖို့ဆိုတာက ရူးတာပဲ။

All Chapters