အခန်း (၂၁၁-၂၁၃)
Vol. 19 Ch. 211-213
အခန်း (၂၁၁)။
“စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်တဲ့လား။”
(Goddess of Grains - ဟူသည် စိုက်ပျိုးရေး၊ ရိတ်သိမ်းမှုနှင့် မွေးဖွားမှုတို့ကို ကိုယ်စားပြုသော ဒဏ္ဍာရီ အမျိုးမျိုးမှ နတ်ဘုရားမများ ဖြစ်သည်။ အထူးသဖြင့် ရောမဒဏ္ဍာရီရှိ Ceres နှင့် ဂရိဒဏ္ဍာရီများတွင် Demeter တို့ ဖြစ်သည်။)
“ဟုတ်တယ်၊ စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ပဲ။ စိုက်ပျိုးရေးနတ်ဘုရာမဟာ အသက်ရဲ့ တံခါးပေါက်ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ အခြေခံ အုတ်မြစ်ပဲ။ ကိုယ်တွင်းအင်္ဂါတွေ ဘယ်လောက်ပဲ သန်မာနေပါစေ၊ စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ကို နားမလည်ရင် အရာအားလုံး အချည်းနှီး ဖြစ်သွားမယ်။”
ချန်ယင်းရှာက ပြောသည်။ “စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်က လူ့ခန္ဓာကိုယ်က အစာအိမ်ချိုင့်ထဲမှာ ပုန်းကွယ်နေတယ်။ အဲဒီအပ်စိုက်မှတ် က မုန်ညင်းစေ့လောက်၊ ဖုန်မှုန့်တစ်မှုန့်လောက်ကို သေးငယ်တယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး။ အဲဒီအပ်စိုက်မှတ်က ရေတစ်ပန်းကန်ထဲက အသက်ရှင်နေတဲ့သတ္တဝါ ၄၈,၀၀၀ လောက်ကို သေးငယ်တာ။ သိုင်းပညာရှင်တွေအတွက် ဒီအပ်စိုက်မှတ်ကို အာရုံခံစားနိုင်ဖို့ အလွန့်လွန် ခက်ခဲတယ်။ ဒါပေမယ့်၊ ငါတို့လို တစ္ဆေအင်မော်တယ်တွေကတော့ ငါတို့ရဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို ရှာဖွေနိုင်ကာ၊ ငါတို့စီနီယာတွေရဲ့ လမ်းညွှန်မှုနဲ့အတူ အဲဒီအပ်စိုက်မှတ်ကို တိုင်းတာနိုင်ခဲတယ်။”
ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ နှစ်ခုစလုံးသည် ရေတစ်ပန်းကန်ထဲတွင် အသက်ရှင်သတ္တဝါ ၄၈,၀၀၀ ရှိသည်ဟု ဆိုကြသည်။ ဤသတ္တဝါများကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ လူ့ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များသည် ဤသေးငယ်သော အသက်ရှင်နေသည့် သတ္တဝါများနှင့် တူသည်။ ၎င်းတို့သည် ကြွက်သားများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများကဲ့သို့ ရှင်းလင်းစွာ မြင်နိုင်သော အရာများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
သိုင်းပညာရှင်များသည် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်စဉ်များကို အားကိုး၍ ဤအပ်စိုက်မှတ်များကို နားလည်ရန် လိုအပ်သည်။ သိုင်းသူတော်စင် တစ်ဦးအနေဖြင့်လည်း မိမိ၏ခန္ဓာကိုယ်ကို အပြည့်အဝ နားလည်ပြီး အပ်စိုက်မှတ် အမျိုးမျိုးကို ရှာဖွေတွေ့ရှိရန် လိုအပ်သည်။
သို့သော် စီနီယာကျွမ်းကျင်ပညာရှင်များသည် အပ်စိုက်မှတ်များကို တိုင်းတာရန် နည်းလမ်းများကို မှတ်တမ်းတင်ထားသောကြောင့် နှောင်းလူများသည် ကျင့်ကြံရန်အတွက် ထိုအပ်စိုက်အမှတ်များကို တိုင်းတာနိုင်ကြသည်။ ၎င်းတို့သည် ကိုယ်ပိုင်ကျင့်စဉ်များကို အားမကိုးရန် မလိုအပ်တော့ပေ။
သို့သော် မည်သည့်ဂိုဏ်း၊ သို့မဟုတ် မည်သည့်ကျောင်းတော်ဖြစ်စေ, ဤအပ်စိုက်မှတ်များကို တိုင်းတာပြီး၊ ကျင့်ကြံနိုင်သည့် နည်းလမ်းကို ‘နတ်ဘုရားကျင့်ကြံခြင်းလမ်းစဉ်’ ဟု ခေါ်ပြီး၊ အမြင့်ဆုံးလျှို့ဝှက်ပညာရပ်အဖြစ် သတ်မှတ်ထားကြသည်။
အပ်စိုက်မှတ်တစ်ခုစီသည် နတ်ဘုရားတစ်ပါး ဖြစ်သည်။ (ယခင်က သွေးကြောဟု ပြန်ဆိုခဲ့ပါသည်။) ယခုအချိန်ကစပြီး အပ်စိုက်မှတ်ဟု ပြန်ဆိုပါမည်။ ထို့အပြင်၊ ကျွန်တော်သည် ဤဝတ္ထုကို ဘာသာပြန်ခါစမှာ ပြန်နေကျဆိုက်က အားလုံး အဆင်မပြေသည့်အတွက် နောက်ထပ် တစ်ဆိုက်ရှာပြီး၊ အလျဉ်းသင့်သလို ပြန်ဆိုနေရခြင်း ဖြစ်ပါသည်။ ထို့အပြင်, စာဖိုင်တွေက ရှည်လျားပြီး၊ အရေးသားတွေက အဆင်မပြေ ဖြစ်သည့်အတွက် နှစ်ဆိုက်ကြည့်ကာ ပြန်ဆိုရပါသည်။ ထို့အပြင်, စာအရေးသားကလည်း နာမည်အမျိုးမျိုး ပြောင်းပြောင်းနေသည့်အတွက် တစ်ခုခုကို မှတ်သားပြီး မျက်စိတ်မှိတ် ပြန်ဆိုရပါသည်။ ထို့ကြောင့် ရှေ့မှာပြန်ဆိုပြီးဖြစ်ပေမယ့် နောက်ပိုင်းတွေ့သည့်အရာက ပိုအဆင်ပြေမည်ဟု ထင်သည့်အခါ ရှေ့ကိုဟာကို ပြောင်းလဲပြန်ဆိုပါမည်ဟု၊ အမှာရေးလေ့ရှိပါသည်။)။
အပ်စိုက်မှတ်များကို ကျင့်ကြံရခြင်းသည် မိမိကိုယ်ကို နတ်ဘုရားဖြစ်အောင် ကျင့်ကြံခြင်းနှင့် တူညီပြီး လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိရန် ဖြစ်သည်။
အကယ်၍ သိုင်းပညာရှင်တစ်ဦးသည် အပ်စိုက်မှတ်အားလုံးကို နားလည်ပြီး ၎င်းတို့ကို အောင်မြင်စွာ လေ့ကျင့်နိုင်ပါက၊ သူသည် ကောင်းကင်နှင့်မြေကြီးနှင့်အတူ တစ်သားတည်း ဖြစ်လာကာ၊ လေဟာနယ်ကို ဖြိုခွဲနိုင်လိမ့်မည်။
ဤကဲ့သို့ သိုင်းပညာကို အဆုံးစွန်ထိ ကျင့်ကြံနိုင်သူများသည် ယန်နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်သည်။
သိုင်းပညာတွင် လေဟာနယ်ဖြိုခွဲဖျက်ဆီးခြင်းနှင့် နတ်ဘုရား စိတ်ဝိညာဉ်ကျင့်စဉ်တွင် ယန်နတ်ဘုရားအဆင့်သည် အဆုံးစွန်သော နယ်ပယ်နှစ်ခုဟု ဆိုနိုင်ပါသည်။
ချန်ယင်းရှာက မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ အမြင့်ဆုံးလျှို့ဝှက်ကျမ်းဖြစ်သော စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်ကို ကျွမ်းကျင်ထားသည်။ ဟုန်ယွိသည် သခင်ကျိုးထံမှ အတင်းအကျပ် ဖိအားပေးကာ ရယူထားသော ကျင့်စဉ်မှာ လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသား ကျင့်စဉ် ဖြစ်သည်။
“ဒါပေမယ့်၊ ငါတို့ စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ကို နားလည်ထားရင်တောင်, လက်ရှိ ငါတို့ရဲ့စွမ်းရည်နဲ့ဆို အဲဒီအပ်စိုက်မှတ်ရဲ့ စွမ်းအား ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ ကျင့်ကြံနိုင်ဦးမယ်။ ငါတို့ သိုင်းသူတော်စင်အဆင့်ရဲ့ အထွတ်အထိပ် ရောက်မှပဲ များပြားလှတဲ့ အနှစ်သာရသွေး၊ ယွမ်ချီ စွမ်းအင်တွေနဲ့အတူ အပ်စိုက်မှတ်ရဲ့စွမ်းအားကို အပြည့်အဝ ဖွင့်လှစ်နိုင်ပြီး၊ အပ်စိုက်မှတ်ကို အစစ်မှန် နတ်ဘုရားဖြစ်အောင် ကျင့်ကြံနိုင်လိမ့်မယ်။ ဒါမှပဲ ကောင်းကင်ယံက ကြယ်တွေက သိမ်မွေ့တဲ့ ဆက်သွယ်မူရှိလာပြီး စကြဝဠာထဲက စကြဝဠာတစ်ခု ဖြစ်လာလိမ့်မယ်။”
ဟုန်ယွိက ရုတ်တရက် ချန်ယင်းရှာအား ပြောလိုက်သည်။
“မဆိုးဘူး…။ ဟုန်ယွိ၊ မင်းရဲ့ သိုင်းပညာအပေါ် နားလည်မှုက တကယ်ကို နက်ရှိုင်းတယ်။” ချန်ယင်းရှာက ပြောသည်။ “ငါတို့ဟာ သိုင်းသူတော်စင် အဆင့်ရဲ့ အထွတ်အထိပ်ကို မရောက်သေးတာကြောင့် ငါတို့ခန္ဓာကိုယ်မှာ များပြားလှတဲ့ အနှစ်သာရသွေးနဲ့ ယွမ်ချီစွမ်းအင် မရှိသေးဘူး။ ငါတို့အနေနဲ့ အပ်စိုက်မှတ်တွေကို ရှာတွေ့ပြီးရင်တောင် အပ်စိုက်မှတ်တွေရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်ဘူး။ အကြမ်းဖျင်းအနေနဲ့, အပ်စိုက် မှတ်တွေရဲ့ စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ထုတ်လွှတ်နိုင်မယ်။ သို့သော် ဒီလိုဆိုရင်တောင် ဒါက ကြီးမားတဲ့ အောင်မြင်မှုကြီး တစ်ခုပဲ။ ဒါ့အပြင်၊ ငါတို့မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ သိုင်းပညာဖြစ်တဲ့ တောက်ပသောမိုးကြိုးကိုယ်ထည်ဟာ မိုးကြိုးလျှပ်စီးစွမ်းအင် အနည်းငယ်ကို အသုံးပြုပြီး၊ အပ်စိုက်မှတ်တွေရဲ့ စွမ်းအားကို ၅၀ ရာခိုင်နှုန်းအထိ ထုတ်လွှတ်နိုင်အောင် ကျင့်ကြံနိုင်တယ်။”
“စွမ်းအား ၅၀ ရာခိုင်နှုန်းလား…” ဟုန်ယွိက အံ့အားသင့်စွာ ပြောလိုက်သည်။ ရုတ်တရက် ရဲရင့်သော အကြံတစ်ခု သူ့စိတ်ထဲ ပေါ်လာသည်။ “ဒါဆိုရင် တောက်ပသော မိုးကြိုးကိုယ်ထည်ကို အသုံးပြုပြီး လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသားရဲ့ အပ်စိုက်မှတ်ကို လေ့ကျင့်ကြည့်ရအောင်။ ဒီအပ်စိုက်မှတ်ကို ၅၀ ရာခိုင်နှုန်းအထိ လေ့ကျင့်နိုင်ခဲ့ရင်၊ ငါတို့ခန္ဓာကိုယ်တွေဟာ မခန့်မှန်းနိုင်တဲ့အဆင့်အထိ ရောက်ရှိသွားလိမ့်မယ်။”
“မဟုတ်ဘူး၊ လူ့ခန္ဓာကိုယ်မှာရှိတဲ့ အပ်စိုက်မှတ်အချို့ဟာ မိုးကြိုးလျှပ်စီးဒဏ်ကို ခံနိုင်ရည်မရှိဘူး၊ နည်းနည်းလေးတောင် ခံနိုင်ရည်မရှိဘူး။ စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ကသာ အကြိမ်ရာပေါင်းများစွာ ကြိုးစားပြီးနောက် မိုးကြိုးလျှပ်စီးနဲ့ လှုံ့ဆော်နိုင်တာ။” ချန်ယင်းရှာက အလျင်အမြန် ပြောသည်။
“ဟုတ်ပါတယ်လေ။ လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသား အပ်စိုက်အမှတ်မှာလည်း သူရဲ့ ကိုယ်ပိုင်ကျင့်စဉ် နည်းလမ်း ရှိနေတယ်။ တကယ်လို့, ငါတို့ မဆင်မခြင် လုပ်မိခဲ့ရင်, အကျိုးဆက်တွေက စိတ်ကူးမယဉ်နိုင်အောင် ဖြစ်သွားလိမ့်မယ်။” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။
အပ်စိုက်မှတ်များကို နားလည်ခြင်းသည် တစ်မျိုးဖြစ်ပြီး၊ ၎င်းတို့ကို ကျင့်ကြံမူပြုလုပ်ခြင်းသည် နောက်တစ်မျိုး ဖြစ်သည်။
အပ်စိုက်မှတ်တစ်ခုစီတွင် ၎င်း၏ ထူးခြားသော ကျင့်စဉ်နည်းလမ်းရှိပြီး အမှားအယွင်းများ ဖြစ်ပေါ်၍ မရပေ။
အပ်စိုက်မှတ်တစ်ခု ပျက်စီးသွားပါက၊ ၎င်းသည် လက်ဖက်ရည်ခွက်တွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်သလို ဖြစ်ပြီး ခန္ဓာကိုယ်တွင် ပြန်လည် ပြင်ဆင်၍ မရသော အပေါက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခြေအနေတွင်၊ လူတစ်ဦးသည် လူသားအင်မော်တယ်အဆင့်အထိ ကျင့်ကြံထားလျှင် ပင်၊ သူသည် ယိုစိမ့်မူရှိသည့် လူသားအင်မော်တယ်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး၊ ယိုစိမ့်မှုမရှိသည့် လေဟာနယ်ကို မည်သည့်အခါမှ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
“ဟုန်ယွိ၊ သေချာနားထောင်ထား။ မင်းမျက်လုံးတွေကို မှိတ်ထားပြီး၊ မင်းရဲ့ အူလမ်းကြောင်းတွေကို မြင်အောင်ကြည့်ပါ။ မင်းရဲ့စိတ်ကို မင်းရဲ့ အောက်ပိုင်းဝမ်းဗိုက်နဲ့ ကျောရိုးအောက်ပိုင်းမှာ အသေချာ သတိကပ်ထား။ စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အစစ်မှန် အသွင်ပြင်ကို မြင်ယောင်ပြီး၊ မင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို တစ်ခုချင်းစီ စစ်ဆေးကြည့်ပါ။ အချိန်ကြာလာတာနဲ့အမျှ၊ မင်းရဲ့အူတွေ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ အဆုတ်ခြောက်ခုတို့မှာ လှုပ်ရှားမူ တစ်ခုခုရှိလာရင်၊ အဲဒီနေရာဟာ စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ပဲ။”
ဤအချိန်တွင် ချန်ယင်းရှာ၏ အတွေးများ ဝင်ရောက်လာသည်။
၎င်းသည် ကျမ်းစာတစ်စောင်နှင့် ပုံရိပ်တစ်ခု ဖြစ်သည်။
ကျမ်းစာနှင့် ပုံရိပ်သည် စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်၏ အခြေခံဉပဒေသများ ဖြစ်သည်။ ကျမ်းစာ၏ အဓိပ္ပာယ်ကို နားလည်ပြီးနောက်၊ ထိုနာလည်သဘောပေါက်မူကို စိတ်ထဲမှာ စွဲကိုင်ကာ စိုက်ပျိုးရေးနတ်ဘုရာမ၏ အူများကို ရှာဖွေခြင်းဖြင့် စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှ တည်နေရာကို ရှာတွေ့နိုင်မည်။
ဤကျမ်းစာမရှိပါက၊ သိုင်းသူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ မရောက်မချင်း စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်ကို ရှာမတွေ့နိုင်ပေ။
“အိုကေ၊ နားလည်ပြီ။”
ချန်ယင်းရှာထံမှ ကျမ်းစာ၏ အတွေးများကို လက်ခံရရှိပြီးနောက်၊ ဟုန်ယွိသည် ၎င်းကို ချက်ချင်း နားလည်သဘောပေါက်သည်။ သူသည် စိတ်ကျင့်စဉ် နည်းလမ်းအတိုင်း ကျင့်ကြံပြီး စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်ကို ရှာဖွေရန် တိုင်းတာခဲ့သည်။
“တွေ့ပြီ။”
တစ်နာရီခန့် ကျင့်ကြံပြီး တိုင်းတာပြီးနောက်၊ ဟုန်ယွိသည် စိုက်ပျိုးရေးနတ်ဘုရာမ၏ ပုံရိပ်ကို ပုံဖော်ပြီး၊ သူ့အူလမ်းကြောင်းတွေကို သတိထား စောင့်ကြည့်ရင်း၊ စိုက်ပျိုးရေးနတ်ဘုရာမ၏ ကျမ်းစာကို တွေးတောနေစဉ် တစ်ခုခုပေါက်ဖွားလာသလို ခံစားရသည်။ ထို့နောက် သူ၏ အူများနှင့် ကိုယ်တွင်းအင်္ဂါများသည် ပြင်းထန်စွာ လှုပ်ရှားနေပြီး ဖွင့်လိုက်ပိတ်လိုက် လုပ်ဆောင်နေသည်။
ချက်ချင်းဆိုသလို၊ သူ၏အစာအိမ်သည် ဧရာမ ပါးစပ်ပေါက်ကြီးတစ်ခု ဖွင့်လှစ်လိုက်သည့်အလား ကျယ်လောင်လာပြီး၊ သူ၏ကိုယ်တွင်းအင်္ဂါများသည် အလွန်အမင်း ဗလာကျင်းဖြစ်နေပြီး ဆာလောင်နေသည်။
ဟုတ်တယ်။ စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်ကို အာရုံခံစားပြီးနောက်၊ ဟုန်ယွိသည် သူ၏ အစာစားချင်စိတ်က တိုးမြင့်လာသည်ကို ခံစားရ သည်။ ယင်းက သူ၏အူများသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား နှစ်ရာပေါင်းများစွာ အစာမစားရ သော နတ်ဆိုးတစ်ကောင်ကဲ့သို့ အလွန်ပြင်းထန်သော အစာစားချင်စိတ်ကို ဖြစ်ပေါ်လာစေသည်။
ဟုန်ယွိသည် ယခုအချိန်တွင် သူ့ရှေ့မှာ နွားတစ်ကောင်ရှိလျှင်ပင် ၎င်းကို တစ်ကျိုက်တည်း မျိုချနိုင်မည်ဟုပင် သံသယဝင်မိသည်။
“နားလည်ပြီ၊ နားလည်ပြီ။ စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်က အစာစားချင်စိတ်ရဲ့ တံခါးပေါက်ကို ဖွင့်လှစ်တာပဲ။” ဟုန်ယွိသည် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
“ဟုတ်တယ်။ အတိတ်တုန်းက ဒိုင်ဇင်ဘုရားကျောင်းက သိုင်းသူတော်စင်လေးဦးဟာလည်း စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ကို နားလည်ခဲ့ တယ်။ သူတို့ ဒီအပ်စိုက်အမှတ်ကို ဘယ်လိုတိုင်းတာခဲ့လဲဆိုတာ မသိရသေးပေမယ့် စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ကို ကျင့်ကြံပြီးနောက်၊ သူတို့ဟာ နွားတစ်ကောင်ကို နေ့စဉ် စားသုံးပြီး အလွန်သန်မာလာခဲ့ကြတယ်။ ဘုန်းတော်ကြီး ယန်ယွဲ့ဆိုလျှင် တစ်ရက် နွားသုံးကောင်နဲ့ ထမင်းကိုးနပ်စားတယ်။ ရှေးခေတ် ဗုဒ္ဓတွေဆိုလျှင် တစ်နေ့ ဆင်တစ်ကောင်တောင် စားသုံးကြတယ်။” ချန်ယင်းရှာက ပြောသည်။
ဒိုင်ဇင်ဘုရားကျောင်း၏ ကောင်းကင်ဘုရင် လေးပါးဖြစ်သော သိုင်းသူတော်စင်များသည် စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်ကို ကျင့်ကြံပြီး နောက် တစ်ရက် နွားတစ်ကောင် စားသုံးကြသည်။
ဘုန်းတော်ကြီးယန်ယွဲ့ဆိုလျှင် ပုံမှန်အခြေအနေမှာ တစ်နေ့လျှင် နွားသုံးကောင်နှင့် ထမင်း ကိုးနပ်စားသုံးသည်။ သေချာသည်မှာ သူသည် ဆယ်ရက် မှ တစ်လဝက်အထိ အစာမစားဘဲ နေလျှင်လည်း စွမ်းအင်ပြည့်ဝနေနိုင်သည်။
ရှေးခေတ် သိုင်းတာအိုကို ကျင့်ကြံကြသော ဘုန်းတော်ကြီးများသည် တစ်နေ့လျှင် ဆင်တစ်ကောင် စားသုံးကြသည်။
ချန်ယင်းရှာက ပြောသည့်အရာများကို ဟုန်ယွိသည် ဗုဒ္ဓတိုက်ပွဲမှတ်တမ်းတွင်လည်း ဖတ်ရှုခဲ့ဖူးသည်။ ဘုန်းတော်ကြီးယန်ယွဲ့က သူ့ကိုယ်သူ “တစ်ရက် ထမင်းကိုးနပ်၊ လေးနာရီပြည့်တိုင်း နွားသုံးကောင်စားသုံးပြီး၊ သူ့ခန္ဓာကိုယ်ခွန်အားက ရှေးခေတ်နဂါးဘုရင်နှင့် ယှဉ်နိုင်သည်” ဟု ဖော်ပြခဲ့ သည်။
“စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ကို ကျင့်ကြံပြီးနောက်၊ ဘုန်းတော်ကြီးယန်ယွဲ့လို တစ်ရက် နွားသုံးကောင်နဲ့ ဆင်တစ်ကောင် စားသုံးရန် မဖြစ်နိုင်ပေမယ့် ခန္ဓာကိုယ်က အားနည်းမှု မရှိတော့ဘူး။” ချန်ယင်းရှာက ပြောသည်။ “အချိန်ကြာလာတာနဲ့အမျှ၊ ခန္ဓာကိုယ်ဟာ အလွန်မင်း သန်မာလာမှာ ဖြစ်ပြီး၊ ခွန်အားက သာမန်လူတွေထက် အများကြီး သာလွန်လာလိမ့်မယ်။ မင်းရဲ့ လက်အောက်ငယ်သားဖြစ်သူ ရှန်ထိုက်ဇူဟာ ခွန်အားအရာမှာ ပါရမီရှင်တစ်ဦး ဖြစ်ပေမယ့် မင်းရဲ့စွမ်းရည်က သူ့ထက် သုံးဆကနေ ငါးဆအထိ သာလွန်သွားလိမ့်မယ်။ ဒီအပ်စိုက်မှတ်ကို ကျင့်ကြံပြီးနောက်၊ မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ ယခင်ကျွမ်းကျင်သူတွေဟာ သိုင်းသခင်အဆင့်နဲ့ မဟာဆရာသခင် အစောပိုင်းအဆင့်ကို အနိုင်ယူနိုင်ခဲ့တယ်။”
“သိုင်းသခင်အဆင့်က မဟာဆရာသခင်အဆင့်ကို အနိုင်ယူတယ်ပေါ့။ ဘယ်လို ဖြစ်နိုင်မှာလဲ။” ဟုန်ယွိက အံ့အားသင့်စွာ ပြောသည်။
ရှင်တန်သိုင်းသခင်အဆင့်မှာရှိပြီး သိုင်းသူတော်စင် ခန္ဓာကိုယ်ကို ကျင့်ကြံထားသော ဟုန်ယွိသည် အစောပိုင်း မဟာဆရာသခင်အဆင့်ကို အနိုင်ယူဖို့ ဆိုလျှင်, အကယ်၍ သူသည် မိုးကြိုးလျှပ်စီးဆေဘာကျမ်း၏ အဆုံးစွန်သော သတ်ဖြတ်ခြင်း သိုင်းကွက်ကို ရုတ်တရက် အသုံးပြုပြီး၊ လျှပ်တပြက် တိုက်ခိုက်မှုကြောင့် အောင်မြင်ကောင်း အောင်မြင်နိုင်မည်။ သို့သော်၊ သူ၏ပြိုင်ဘက်သည် အထွတ်အထိပ် ရှင်တန်သိုင်းသခင် သို့မဟုတ် မဟာဆရာသခင်အဆင့်နှင့် နီးကပ်နေသူ တစ်ဦးဦးဖြစ်ပါက၊ အနိုင်ရရန်ပင် မျှော်လင့်ချက်မရှိပေ။ သူ၏ သိုင်းပညာဖြင့် ထွက်ပြေးရန်ပင် မဖြစ်နိုင်ပေ။
အကယ်၍ သိုင်းသခင်တစ်ဦး ဖြစ်နေပါက မဟာဆရာသခင်နှင့် သိုင်းသခင်တို့အကြား ကွာဟချက်က အလွန့်လွန် ကြီးမားလွန်းသည်။ မဟာဆရာသခင်သည် လက်တစ်ဖက်ဖြင့်ပင် သူ့ကို သတ်ဖြတ်နိုင်ပြီး သံသယဖြစ်စရာ မလိုပေ။
ဟုန်ယွိသည် သိုင်းသခင်တစ်ဦးက မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ဦးကို အနိုင်ယူနိုင်သည်ဟု စိတ်ကူးပင် မယဉ်နိုင်ပေ။
၎င်းသည် ဝက်တစ်ကောင်က ကျားတစ်ကောင်ကို အနိုင်ယူသည်နှင့် တူ၏။
ဝက်တစ်ကောင်က ကျားတစ်ကောင်ကို စားနိုင်သည်ဟုဆိုလျှင်, သိုင်းသခင်တစ်ဦးကလည်း မဟာဆရာသခင်ကို အနိုင်ယူနိုင်သည်ဟု ဆိုနိုင်ပါသည်။
“ကောင်းပြီ၊ မင်းက စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ကို နားလည်သွားပြီတော့၊ တောက်ပသောမိုးကြိုးကိုယ်ထည်ကို အသုံးပြုပြီး၊ ငါတို့ရဲ့ ကြွက်သားတွေ၊ အရိုးတွေ၊ အရေပြားတွေနဲ့ အရွတ်တွေကို လေ့ကျင့်ကြစို့။ မိုးကြိုးလျှပ်စီးစွမ်းအားရဲ့ အစွမ်းကို ရင်းနှီးသွားခဲ့ရင်၊ မင်း စိုက်ပျိုးရေးနတ်ဘုရာမရဲ့ အပ်စိုက်မှတ်ကို လေ့ကျင့်နိုင်ပြီ။”
သုံးရက်ဆက်တိုက်။
သုံးရက်ကြာ အာရုံစူးစိုက် ကျင့်ကြံပြီးနောက်၊ ချန်ယင်းရှာ၏ အကူအညီဖြင့် ဟုန်ယွိသည် စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်ကို လေ့ကျင့်မူ ပြီးစီးအောင်မြင်ခဲ့သည်။ သူသည် မိုးကြိုးလျှပ်စီးစွမ်းအင် အနည်းငယ်ကို အသုံးပြု၍ အပ်စိုက်မှတ်ကို လှုံ့ဆော်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် စွမ်းအင်ပြည့်ဝနေပြီး၊ သူ၏ ကိုယ်တွင်းအင်္ဂါများသည် သန်မာလာကာ၊ သူ၏ အစာစားချင်စိတ်ကလည်း မြင့်တက်လာသည်။
ထို့အပြင်၊ သူ၏ အရွတ်များ၊ အရိုးများ၊ အရေပြားများ၊ အမြှေးပါးများနှင့် ကြွက်သားများသည် တောက်ပသောမိုးကြိုးကိုယ်ထည်ဖြင့် မိုးကြိုးလျှပ်စီး စွမ်းအားကို ရရှိလာခဲ့သည်။
မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ မိုးကြိုးပညာရပ်တွင်၊ ၎င်းသည် လေ့ကျင့်မှုတစ်ခု ဖြစ်သည်။
ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ရှိ အညစ်ကြေးအားလုံး သန့်စင်သွားပြီဟု ခံစားရသည်။ သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ချောမွေ့ပြေပြစ်နေသည်။ သူ၏ကြွက်သားများက တင်းမာလာပြီး၊ သံမဏိထက် ပိုမိုသန်မာလာသည်ဟု ခံစားရသည်။
အဆုံးသတ် ပြီးစီးသွားချိန်မှာ ဟုန်ယွိ၏ အရေပြားသည် ကြေးဝါရောင် သမ်းလာသော်လည်း၊ အရေပြားတွင် တောက်ပသော အလွှာတစ်ခုရှိသည်။ ထိုအလွှာသည် ကြေးဝါပေါ်တွင် မိုးကြိုးအလွှာတစ်ခု ဖုံးအုပ်ထားသည့်အတိုင်းပင်။
သူသည် ခွန်အားအနည်းငယ် အသုံးပြုလိုက်သည်နှင့်၊ သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်ရှိ လေထုသည် ချက်ချင်း လှုပ်ရှားလာသည်။ မျက်စိတစ်မှိတ် အတွင်း၊ သူသည် ခြေလှမ်း ၂၀ အကွာသို့ ရောက်ရှိသွားသည်။ သူသည် မဟူရာနတ်ဆိုးချီလင်မြင်းထက် ပိုမိုမြန်ဆန်ပြီး ပိုမိုပြင်းထန်နေသည်။
ယခုအခါ ဟုန်ယွိသည် လက်သီးပညာရပ်ကို အသုံးပြုပြီး ပြေးလွှားနေသည်။ သူ့ပုံစဥ သံမဏိဗုဒ္ဓမြင်းစီးစစ်သည် ဆယ်ဦးကျော်သည် တစ်သားတည်း ဖြစ်လျက် အဟုန်ပြင်းစွာ မောင်းနှင်နေသည့်အတိုင်းပင်။
ခုန်ပျံပြီး ပျံသန်းနေသော ငှက်ကို ဖမ်းဆီးခြင်း၊ လက်ဗလာဖြင့် ကျားနှင့်ကျားသစ်များကို ဖြဲထုတ်ခြင်းတို့သည် ဟုန်ယွိအတွက် ဘာမှမဟုတ်တော့ ပေ။
သူ၏ သိုင်းသူတော်စင် ခန္ဓာကိုယ်သည် သဘာဝအတိုင်း နောက်တစ်ဆင့်သို့ တိုးမြင့်လာခဲ့သည်။ သူသည် အပြည့်အဝ ကျွမ်းကျင်မှု မရှိသေးသည့်တိုင်၊ မိုးကြိုးလျှပ်စီးဆေဘာကျမ်းမှ အဓိကသိုင်းကွက်ဖြစ်သော ကောင်းကင်နှင့် မြေကြီးမီးဖိုကို အသုံးပြု၍ တစ္ဆေအင်မော်တယ်များကို မသတ်ဖြတ်နိုင်သေးသော်လည်း၊ မဟာဆရာသခင်များသာ ထုတ်ဖော်နိုင်သည့် ယင်ယန်ကပ်ဘေး ကို ရှစ်ကြိမ်ဆက်တိုက် အသုံးပြုနိုင်ပြီ။ စုစုပေါင်း ရှစ်ကြိမ် ဖြစ်သည်။
ဖြိုခွဲခြင်းဆေဘာထက် သုံးဆပိုလေးသော ပျက်သုန်းခြင်းရှစ်မျိုးလှံပုဆိန်သည် ဟုန်ယွိ၏ လက်ထဲတွင် သစ်သားတုတ်တစ်ချောင်းလို ဖြစ်နေသည်။ သူလှုပ်ယမ်းလိုက်သည်နှင့်၊ ၎င်းသည် ရေပက်မဝင်အောင် ဖြစ်နေသည်။ အနက်ရောင်သံမဏိ လေးလံချပ်ဝတ် သုံးလွှာကိုပင် တို့ဖူးကဲ့သို့ ဖြတ်တောက်နိုင်သည်။
သက်တန့်ထိုးဖောက်နတ်ဘုရားလေးသည် နူးညံ့သော ကျောက်စိမ်းသံမဏိဖြင့် ပြုလုပ်ထားပြီး ကျောက်တုံးခုနှစ်လုံး ခွန်အား ရှိသည်။ ဟုန်ယွိ၏ လက်ထဲတွင်၊ သူသည် လေးကို အလွယ်တကူ လပြည့်ဝန်းပုံစံအထိ ဆွဲတင်နိုင်သည်။ အကြိမ်တစ်ရာကျော် ပစ်ခတ်ပြီးနောက်ပင်၊ သူ၏ လက်မောင်းများသည် ထုံကျင်မှု မရှိပေ။
ဟုန်ယွိ၏လက်ရှိ သိုင်းပညာအဆင့်သည် ရှင်တန်သိုင်းသခင်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြီဖြစ်သော်လည်း၊ သူ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ပေါင်းစည်းထားသော မဟာဆရာသခင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။
ချီဇီယန်ပင်လျှင် ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် သူထုတ်လွှတ်သော အော်ရာကို မြင်လိုက်ရသည့်အခါ၊ သူသည် ဟုန်ယွိအတွက် ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ခံစားရသည်။
ချန်ယင်းရှာ၏ ခန္ဓာကိုယ်သည်လည်း အလွန်နက်ရှိုင်းသော သိုင်းပညာနယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ချန်ယင်းရှာ၏ မျက်လုံးများက တဖျပ်ဖျပ် ခတ်နေပြီး သူမ၏အသက်ရှူသံတွင် ထက်ရှသော ဆန္ဒတစ်ခု ပါဝင်နေသည်ကို မြင်လိုက်ရသောအခါ၊ ဟုန်ယွိသည် ဝူအိမ်တော်ထိန်း ခွေးအိုကြီးနှင့် ချန်ယင်းရှာတို့ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ကြမည် ဆိုလျှင်၊ ချန်ယင်းရှာသည် တာအိုပညာရပ်များကို အသုံးမပြုလျှင်ပင် အနိုင်ယူနိုင်မည် ဖြစ်ကြောင်း သိရှိလိုက်သည်။
သုံးရက်သုံးည ကျင့်ကြံပြီးနောက်၊ သူတို့နှစ်ဦးသည် ယခင်က မရှိခဲ့ဖူးသော အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိခဲ့သည်။
သူသည် ယခုလက်ရှိအချိန်ကဲ့သို့ ဘယ်တုန်းကမှ သန်မာခြင်းမရှိခဲ့ဟု ဟုန်ယွိ ခံစားရသည်။
သူသည် တကယ်ကို အလွန် သန်မာလာခဲ့သည်။
ဟုန်ယွိသည် တာအိုပညာရပ်များကို အသုံးမပြုဘဲ၊ သူ၏သိုင်းပညာသက်သက်ဖြင့်ပင် ဤကမ္ဘာပေါ်တွင် မိမိကိုယ်ကို ရပ်တည်နိုင်မည်ဟု ခံစားရသည်။
တကယ်တော့၊ သူ၏ လက်ရှိအော်ရာ၊ သူ့ခန္ဓာကိုယ်၏ ခွန်အားဖြင့်ဆို၊ သူသည် တာအိုပညာများကို ကျင့်ကြံထားပြီး ရှင်ခြင်းသေခြင်းကို ကျော်လွန်ပြီးဖြစ်သည့် တစ္ဆေအင်မော်တယ်တစ်ဦးဟု မည်သူမှ စိတ်ကူးမိမည် မဟုတ်ပေ။
ဤကဲ့သို့ သိုင်းပညာအဆင့်ရှိ သူတစ်ဦးသည် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်ကြမည် မဟုတ်ပေ။
“ဟုန်ယွိ၊ အခု ငါတို့ တောရိုင်းဒေသသို့ သွားနိုင်ပြီ။”
ကျင့်ကြံမူ ပြီးစီးပြီးနောက်၊ ချန်ယင်းရှာသည် အိမ်တော်အတွင်းရှိ အိတ်တစ်လုံးကို ထုပ်ပိုးလိုက်သည်။ သူမမှာ ဓမ္မရတနာ ခြောက်ခုရှိသည်။ ၎င်းတို့မှာ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြား၊ အမေနှင့်သား မီးလျှံဘီးမိုးကြိုးဓား၊ နတ်ဘုရားသစ်သားလက်စွပ်၊ အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းနှင့် မက်မွန်နတ်ဘုရားဓားတို့ ဖြစ်သည်။
ဟုန်ယွိသည် ဓမ္မရတနာများကို ယူဆောင်လာခြင်း မရှိပေ။ သူ့တွင် ဖြိုခွဲခြင်းဆေဘာတစ်လက်သာ ရှိသည်။ (ဓမ္မရတနာဟူသည် မှော်ရတနာများကို ဆိုလိုခြင်းဖြစ်ပါသည်)။
“ငါတို့ တောရိုင်းဒေသကနေ ရတနာရှာဖွေပြီးလို့ ပြန်ရောက်တာနဲ့ မဟူရာဝံပုလွေဘုရင်ကို သတ်ပြီး စကြာဝဠာအိတ်ကို ရယူမယ်။ စကြာဝဠာအိတ်ထဲက ရတနာအချို့နဲ့ဆို, ငါ ယွန်နိုင်ငံကို ယခင်ကထက် ပိုမိုသန်မာအောင် လုပ်ဆောင်ပေးနိုင်ပြီ။ ငါက ယွန်နိုင်ငံမှာ သေဆုံးခဲ့တယ်။ ဒီဘဝမှာ ယွန်နိုင်ငံရဲ့ မင်းသမီးတစ်ပါးအဖြစ် အကျိုးများစွာ ရရှိခဲ့တယ်။ ဒီကံကြမ္မာအကြွေးကို ပြန်လည်ဆပ်ပေးချင်သည်။ ငါတို့ ပြန်ရောက်လာတဲ့အခါ၊ ငါ ယွန်နိုင်ငံနန်းတော်မှာ မင်းရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်။ ဒီနောက်၊ ငါတို့ ပထမမိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့ အခွင့်အရေး ရှာဖွေမယ်။ ပြီးရင် တော်ဝင်ချန်ကို အတူတူသွားပြီး မင်းရဲ့ ရန်သူတွေကို ကလဲ့စားချေကာ မင်းရဲ့ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးမယ်။ မင်းဆန္ဒတွေ အားလုံး ပြည့်စုံပြီးတာနဲ့ ငါတို့ အရာအားလုံးကို မျက်ကွယ်ပြုပြီး ယန်နတ်ဘုရားကြီးလမ်းစဉ်ကို အတူတကွ လျှောက်လှမ်းကြမယ်။” (ဤစာပိုဒ်၌ စကြာဝဠာအိတ်ကို နဂိုကတည်းက မဟူရာဝံပုလွေဘုရင်က ပိုင်ဆိုင်ထားသလို ဖြစ်နေပါသည်။ သို့သော် နှစ်ဆိုဒ်စလုံး ဘယ်လိုညှိပြန်လို့မရသည့်အတွက် ပါသည့်အတိုင်းသာ ပြန်ဆိုပေးလိုက်ပါသည်)။
ချန်ယင်းရှာက ဟုန်ယွိကို ကြည့်ပြီး သူမမျက်လုံးများက တဖျပ်ဖျပ် ခတ်နေသည်။ သူမသည် ဆုံးဖြတ်ချက် ချထားပြီးပုံရသည်။
ချန်ယင်းရှာသည် ယခုအခါ ဟုန်ယွိ သန်မာလာသည်ကို သဘာဝအတိုင်း မြင်တွေ့နိုင်သည်။ သူသည် သူမအား ဓမ္မရတနာတွေ အားလုံးကို ပေးအပ်ခဲ့ပြီး သူမအပေါ် သူ့ခံစားချက်များကို ဖော်ပြခဲ့သည်။ သုံးရက်ကြာ အတူတကွ ကျင့်ကြံပြီးနောက်၊ သူတို့သည် တစ်ဦးနှင့်တစ်ဦး ခံစားချက်များစွာ ဖွံ့ဖြိုးလာခဲ့သည်။
မူလက ချန်ယင်းရှာသည် ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲမှ တစ်ပါး ဖြစ်သည်။ တစ္ဆေအင်မော်တယ် ဖြစ်လာပြီးနောက်၊ သူမသည် ပြန်လည်မွေးဖွားခြင်းစက်ဝိုင်းကို ဝင်ရောက်စရာမလိုဘဲ ရှင်ခြင်းသေခြင်းမှ လွတ်မြောက်ခဲ့သည်။ သူ၏ မူလ ကိုယ်ရေးအချက်လက် အရဆို ဟုန်ယွိသည် သူမနှင့် မထိုက်တန်ခဲ့ပေ။
သို့သော် ယခုအခါ ဟုန်ယွိသည် တစ္ဆေအင်မော်တယ် ဖြစ်လာပြီးနောက်၊ အခြေအနေက ပြောင်းလဲသွားပါပြီ။
ယခုအခါ အခြေအနေနှင့် အချိန်က သင့်လျော်လာပြီ ဖြစ်သောကြောင့်၊ အောင်မြင်မှုက သဘာဝအတိုင်း လိုက်ပါလာမည် ဖြစ်သည်။
“ပြန်ရောက်တဲ့အခါ၊ တာအိုလက်တွဲဖော် ဖြစ်လာမှာလား။ ယွန်နိုင်ငံရဲ့ နန်းတော်ထဲမှာ၊ မင်းရဲ့ မိဘတွေကိုရော သတင်းပို့ပြီးပြီလား။ ကံမကောင်းစွာပဲ၊ ငါ့အတွက် မိဘတွေရဲ့ အမိန့်နဲ့ အောင်သွယ်တော်ရဲ့ စကားအတွက်တော့……”
ချန်ယင်းရှာ၏ စကားများကို ကြားလိုက်ရသောအခါ၊ ဟုန်ယွိသည် တောရိုင်းဒေသမှ ပြန်လာပြီးနောက် သူတို့သည် တာအိုလက်တွဲဖော်များ ဖြစ်လာမည်ကို သိရှိလိုက်သည်။ ၎င်းသည် လောကီဘောင်တွင် အိမ်ထောင်ပြုခြင်းလည်း ဖြစ်သည်။ ၎င်းသည် ဘဝတွင် အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပြီး အသေးမွှား ကိစ္စမဟုတ်ပေ။ အထူးသဖြင့် ပညာရှင်များအနေဖြင့်၊ ၎င်းတို့သည် သင့်လျော်သော ယဉ်ကျေးမှုများ ရှိရမည်။
အကယ်၍ ဟုန်ယွိသည် တော်ဝင်ချန်သို့ ပြန်လည်ရောက်ရှိပါက၊ ချန်ယင်းရှာသည် သူ၏ ဇနီးဖြစ်လာမည်။ အနည်းဆုံးတော့၊ ဟုန်ရွှန်ကျိသည် မင်္ဂလာဆောင်တွင် သတို့သမီးလက်ဖက်ရည်ကို သောက်ရမည်။ သို့သော် လက်ရှိအခြေအနေအရ၊ ၎င်းသည် သိသာထင်ရှားစွာ မဖြစ်နိုင်ပေ။
ထိုသို့ဖြစ်ပါက၊ ချန်ယင်းရှာသည် သင့်လျော်သည့် အဆင့်အတန်းမျိုး ရှိလာတော့မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူတို့နှစ်ဦးစလုံးသည် တစ္ဆေအင်မော်တယ်များ ဖြစ်နေကြပြီ။ ထို့ကြောင့်၊ သူတို့သည် ထိုကဲ့သို့ ကိစ္စများကို ဂရုမစိုက်ကြပေ။
“အာ…. ဟုန်ယွိ၊ ငါတို့ဟာ တစ္ဆေအင်မော်တယ်တွေ ဖြစ်လာပြီး၊ ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းကို ကျော်လွန်ပြီးပြီ။ တာအိုလက်တွဲအဖော်တွေ ဖြစ်လာကြတဲ့အခါ, ငါတို့ဟာ ကောင်းကင်မြွေဘုရင်နဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်တို့လို အတူတူ ရှေ့သွားနောက်လိုက် လုပ်ဆောင်ကြမယ်။ မင်း ဘာလို့ တွန့်ဆုတ်နေရတာလဲ။” ချန်ယင်းရှာသည် ပစ္စည်းများကို ထုပ်ပိုးပြီး ထိုင်နေရင်း တွေဝေနေသော ဟုန်ယွိကို ကြည့်လိုက်သည်။ သူ ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်ပေ။ သူမသည် မရယ်ဘဲ မနေနိုင်ပေ။
ချန်ယင်းရှာသည် မူလက လူသားမဟုတ်ပေ။ သူမသည် နတ်ဆိုးအင်မော်တယ်တစ်ဦး ဖြစ်သည်။ သူမသည် လူသားများ၏ ယဉ်ကျေးမှုများကို ဂရုမစိုက်သလို ဟုန်ယွိလောက် မတွေးတောပေ။
“သွားကြစို့။ ပြန်ရောက်တဲ့အခါ ဆက်ပြောကြမယ်။” ချန်ယင်းရှာက ပြောသည်။
“ယင်းရှာ၊ ငါ မင်းရဲ့ ယွမ်ယန်ကောင်းကင်ပုလဲကို ခိုးယူခဲ့စဉ်တုန်းက၊ မင်းက ငါ့ကို ရေမိုးကြိုးလျှပ်စီးနဲ့ တိုက်ခိုက်ခဲ့သည်။ အဲဒီအချိန်တုန်းကဆို ငါဟာ ရုပ်လုံးဖော်ခြင်းနယ်ပယ်မှာပဲ ရှိသေးတယ်။ မင်းရဲ့ တာအိုပညာရပ်နဲ့ နှိုင်းယှဉ်လျှင်၊ ဒါက ဖော်ပြစရာတောင် မလိုဘူး။ မင်း လက်တစ်ဖက်မြှောက်ရုံဖြင့် ငါ့ကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့ပေမယ့် မင်းက ငါ့ကို မသတ်ခဲ့ဘူး။ အဲဒီနောက်၊ ငါ မက်မွန်နတ်ဘုရားဓားထဲမှာ ဖျက်ဆီးခြင်းမင်စီလာဘုရင်ကို အသုံးပြုပြီး မင်းကို ဒဏ်ရာရလုနီးပါးဖြစ်အောင် တိုက်ခိုက်ခဲ့တယ်။ ငါ ဘာကို အားကိုးခဲ့လဲဆိုတာ မင်း သိလား။”
ဟုန်ယွိက မလှုပ်မယှက် ထိုင်နေပြီး သူ့မျက်နှာအမူအရာက မသေချာ မရေရာပုံပေါက်နေသည်။ ချန်ယင်းရှာပင်လျှင် သူ တွေးနေသည့်အရာကို မသိနိုင်ပေ။
“မင်း ဘာလို့ ငါတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအကြောင်းကို ဖော်ပြနေရတာလဲ။ အဲဒီတုန်းက ငါဟာ ဘီရှီဟွာနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီး၊ ကျင်းရွှမ်အာကို တွေ့လိုက်ရတယ်။ ရွှေပင့်ကူဘုရင်လည်း အနီးမှာ ရှိနေတယ်ထင်ပြီး ဆုတ်ခွာခဲ့တာ။ မဟုတ်ရင်၊ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ၊ ငါ့လက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
ချန်ယင်းရှာက သူမျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ပြီး မျက်ခုံးများ တွန့်ကွေးသွားသည်။
“ဒိုင်ဇင်ဘုရားကျောင်းမှာ ဖျက်ဆီးခြင်းမင်စီလာဘုရင်ရဲ့ ခန်းမဆောင်တစ်ခု ရှိခဲ့ဖူးသည်၊ ဆန်းကြယ်ကောင်ကင်ဘုံခန်းမက ဖျက်ဆီးခန်းမဆောင်နဲ့ အတူတူပဲ။ မင်းက ဖျက်ဆီးခြင်းမင်စီလာဘုရင်ခန်းမက တာအိုပညာရပ်ကို ကျင့်ကြံထားတာ မဟုတ်လား။ မဟုတ်သေးဘူး။ ဖျက်ဆီးခြင်းမင်စီလာ ဘုရင်က ထိန်းချုပ်ဖို့ အလွန်မင်း ခက်ခဲတယ်လို့ ဆိုကြတယ်။ တစ္ဆေအင်မော်တယ်တွေပဲ အဲဒါကို အသုံးပြုနိုင်တယ်။ အဲဒီတုန်းက မင်းရဲ့ တာအိုကျင့်ကြံမူအရဆို အဲဒါကို မထိန်းချုပ်နိုင်ဘူး။ ဒါ့အပြင်၊ မင်းရဲ့ စိတ်ဝိညာဉ်သည် ကြောက်စရာကောင်းအောင် ခံနိုင်ရည်ရှိတယ်။ ကမ္ဘာပေါ်မှာ ဒီလိုခံနိုင်ရည်ရှိတဲ့ စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်တဲ့ တာအိုပညာရပ်မျိုး မရှိဘူး။ အစပိုင်းမှာ၊ ငါ မင်းကို နှစ်ပေါင်းများစွာ စာပေလေ့လာပြီး ကွန်ဖြူးရှပ်စ်ဝါဒရဲ့ အခြေခံတွေကို နားလည်နေခဲ့တယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ယခု ပြန်တွေးကြည့်တော့ မင်းရဲ့ ကျင့်စဉ်နည်းလမ်း ရိုးရှင်းမှာ မဟုတ်ဘူး။ မင်း တိုင်ရှန်းတာအိုဂိုဏ်းက ပညာရပ်ကို ကျင့်ကြံထားတာလား။”
ချန်ယင်းရှာက ခန့်မှန်းသည်။
“မဟုတ်ဘူး၊ ငါ ဖျက်ဆီးခြင်းမင်စီလာဘုရင်ခန်းမက တာအိုပညာရပ်တွေကို လေ့ကျင့်ထားတာ မဟုတ်ဘူး။ ဒိုင်ဇင်ဘုရားကျောင်းမှာ အဲဒီလို ခန်းမဆောင်မျိုး ရှိတယ်ဆိုတာလည်း ငါ မသိခဲ့ဘူး။ တိုင်ရှန်းတာအိုဂိုဏ်းရဲ့ ပညာရပ်တွေကိုလည်း မလေ့ကျင့်ခဲ့ဘူး။” ဟုန်ယွိက ခေါင်းခါပြီး သူ၏ အဝတ်အစားများကို ချွတ်လိုက်သည်။
“ဟုန်ယွိ….။ မင်း ဘာလို့ အဝတ်အစားတွေ ချွတ်နေတာလဲ။”
ချန်ယင်းရှာက အံ့အားသင့်စွာ မေးလိုက်သည်။
ဟုန်ယွိသည် ချန်ယင်းရှာကို တစ်ချက်ကြည့်ပြီး ဂရုမစိုက်ဘဲ၊ သူ၏ အပြင်ဘက် အဝတ်အစားများဖြစ်သည့် ငွေငါးမန်းချပ်ဝတ်နှင့် ရွှေနက်ရောင် ဝတ်ရုံကို ချွတ်လိုက်သည်။ သူသည် လက်ကိုင်ပုဝါအဖြစ် ခေါက်ထားပြီး ကျမ်းစာများပါရှိသည့် အပ်နှင့်ချုပ်ထားသော ရွှေနက်ရောင် အဝတ်တစ်ထည်ကို ထုတ်ယူလိုက်သည်။
အဝတ်အစားများကို ချွတ်ပြီး အတိတ်ကျမ်းကို ထုတ်ယူလိုက်စဉ်မှာ၊ ဟုန်ယွိသည် ရုတ်တရက် သူ၏ ဖခင်ဖြစ်သူ ဟုန်ရွှန်ကျိနှင့် မိခင်ဖြစ်သူ မန်ပိုင်ယွန်တို့ကို တွေးတောမိသွားသည်။
“လူတွေက ဖခင်တူသားလို့ ပြောဆိုလေ့ရှိကြတယ်။ ဒါပေမယ်က ငါက ဟုန်ရွှန်ကျိနဲ့တူတဲ့ လူမျိုး မဟုတ်ဘူး။”
ဟုန်ယွိသည် အတိတ်ကျမ်းကို ထိလိုက်သောအခါ၊ သူသည် ဟုန်ရွှန်ကျိနှင့် မိမိကိုယ်ကို နှိုင်းယှဉ်နေမိသည်။
အပိုင်း (၂၁၂)။
“ငါ ကျင့်ကြံနေတဲ့ ပညာရပ်က ဒီကမ္ဘာကြီးရဲ့ နတ်ဘုရားပစ္စည်းတစ်ခုပဲ။ ဒီပညာရပ်ကို အလွယ်တကူ ထုတ်ဖော်ပြသလို့မရဘူး။ မဟုတ်ရင် ငါ ဆိုးဆိုးဝါးဝါး သေဆုံးရလိမ့်မယ်။ ဒါပေမယ့် မင်းက မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ အမြင့်ဆုံးလျှို့ဝှက်ချက်ကို ငါ့ကို ပြောပြခဲ့တယ်။ ပြီးတော့ ငါတို့က တာအိုလက်တွဲဖော်တွေ ဖြစ်လာတော့မှာဆိုတော့ ငါလည်း မင်းကို ဘာမှမဖုံးကွယ်တော့ဘူး။ ယင်းရှာ၊ ငါ့နောက်ဆုံးလျှို့ဝှက်ချက်ကို မင်းနဲ့အတူ မျှဝေခံစားမယ်။”
ဟုန်ယွိသည် ရွှေနက်ရောင်ဝတ်ရုံပုံစံ အတိတ်ကျမ်းကို ထုတ်ယူလိုက်ပြီး၊ သူသည် ထိုကျမ်းကို သူ၏ အသက်သွေးကြောထက်ပင် အရေးကြီးသည်ဟု ခံစားရသည့်အတိုင်း လက်ထဲတွင် ကိုင်ထားသည်။
အမှန်စင်စစ်၊ ဤပစ္စည်းသည် သူ၏ အသက်သွေးကြောထက်ပင် ပိုမိုအရေးကြီးပါသည်။
ဤကျမ်းစာသာ မရှိခဲ့ပါက၊ သူသည် ရုန်းကန်နေရဆဲဖြစ်ပြီး ဘာကိုမှ မသိသည့် လူဆင်းရဲသား သနားစဖွယ် ပညာရှင်လေးတစ်ဦးအဖြစ်သာ ရှိနေပါဦးမည်။
ဤကျမ်းစာသည် မရေတွက်နိုင်သော ကျင့်ကြံသူများ၊ နတ်ဆိုးများ၊ နတ်ဘုရားများနှင့် တစ္ဆေအင်မော်တယ်များပါမကျန် အိပ်မက်မက်ရသော အမြင့်ဆုံးကျမ်းစာ ဖြစ်ရုံသာမက၊ ဟုန်ယွိ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သော ကျမ်းစာလည်း ဖြစ်သည်။
“ထိုစဉ်တုန်းက ဘုန်းတော်ကြီးယန်ယွဲ့ဆိုသူက ဘယ်သူဖြစ်မလဲ။ ဒီကျမ်းစာကို သာမန်သိုင်းကျမ်း တစ်စောင်ထဲတွင် ဖုံးကွယ်ထားခဲ့တယ်။ ဒီကျမ်းစာက ငါ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့တယ်ဆိုတာ ခင်ဗျား သိရဲ့လား။”
ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
“ဘာလျှို့ဝှက်ချက်လဲ။ ကျမ်းစာတစ်စောင်လား။ မင်း ဘာလို့ ဒီလောက် အလေးအနက် ဖြစ်နေရတာလဲ။ မင်းပုံစံက ကျင့်ကြံမူနဲ့ပတ်သက်ရင် ပေါ့ပေါ့ပါးပါး ခံယူထားပြီး၊ ဘယ်ရတနာကိုမှ မလိုအပ်တဲ့လူလို့ ထင်ထာခဲ့တာ။ မင်းက ကိုယ့်ကိုယ်ကို အားကိုးတဲ့လူပဲ။ မင်းက ရတနာ ပစ္စည်းတွေကို စုဆောင်းတတ်လူလို့ တကယ်ကို မထင်ထားခဲ့ဘူး။”
ချန်ယင်းရှာသည် ဟုန်ယွိ၏ လုပ်ရပ်များကို ကြည့်ပြီး နှုတ်ခမ်းဆူ လိုက်သည်။ သူမသည် သိပ်ဂရုမစိုက်သလို ခံစားရပြီး၊ သိချင်စိတ်က ပြင်းပြစွာ ဖြစ်ပေါ်နေသည်။
သူမသည် ဟုန်ယွိနှင့် အချိန်ကြာရှည် ဆက်သွယ်ထိတွေ့ခဲ့ပြီး၊ ဟုန်ယွိ၏ အကျင့်စရိုက်ကို နားလည်သည်ဟု ခံစားရသည်။
သက်တန့်ထိုးဖောက်လေး၊ အကန့်သတ်မဲ့မြှားနှင့် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကဲ့သို့ ရတနာများကိုပင်၊ ဟုန်ယွိသည် မည်သည့် နာကျင်မူမှ မပြဘဲ လွှဲပေးနိုင်ခဲ့သည်။
နဂါးဆင်တံဆိပ်၊ သိုင်းသူတော်စင်ခန္ဓာကိုယ်ကျမ်း၊ မိုရာနတ်ဘုရားတူ၊ မက်မွန်နတ်ဘုရားဓားနှင့် လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ် အပ်စိုက်မှတ်၏ လျှို့ဝှက်ချက်ကိုပင် အခြားသူများနှင့် မျှဝေရန် ဆန္ဒရှိခဲ့သည်။
ယုတ္တိနည်းအားဖြင့် ဟုန်ယွိသည် တစ်စုံတစ်ခုကို သိမ်းဆည်းထားလျှင်ပင် ဤမျှ အလေးအနက် မဖြစ်သင့်ပေ။
“ဒါက ဒိုင်ဇင်ဘုရားကျောင်းက ကျမ်းစာသုံးစောင်ထဲက ယန်စိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်တဲ့ အမိတ္တဘကျမ်း ဖြစ်ပဲ။ ဒါကြောင့်ပဲ ငါ ရုပ်လုံးဖော်ခြင်း နယ်ပယ်မှာ ရှိနေစဉ်က တစ္ဆေအင်မော်တယ်ဖြစ်သည့် မင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့တာ။ ငါ ဒီကျမ်းစာကို ပြိုင်ဘက်ကင်း သန်မာတဲ့အထိ ကျင့်ကြံပြီးမှ ထုတ်ပြဖို့ ပြင်ဆင်ထားခဲ့တာ။ ဒါပေမယ့် ယခု မင်းက မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ အမြင့်ဆုံးလျှို့ဝှက်ချက်ကို ငါ့ကို လွှဲပေးခဲ့တာ ကြောင့်၊ ငါလည်း မင်းကျေးဇူးကို ပြန်ဆပ်ရမယ်။”
ဟုန်ယွိသည် အတိတ်ကျမ်းကို လက်သီးဆုပ်ထဲမှ လွှတ်လိုက်ပြီး စားပွဲပေါ်တွင် တင်ထားသည်။ ထို့နောက် ၎င်းကို တစ်ဖြည်းဖြည်း ဖြန့်လိုက်သည်။ ရုတ်တရက်၊ နေ၊ လနှင့် ကြယ်များဖြင့် ပြုလုပ်ထားသော ဗုဒ္ဓဝတ်ရုံတစ်ခု ပေါ်ထွက်လာပြီး၊ အာကာသထဲတွင် ထာဝရမလှုပ်မယှက် ထိုင်နေသည်။
ချန်ယင်းရှာသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမမျက်လုံးများက ရပ်တန့်သွားခဲ့သည်။
သူမသည် ရာစုနှစ်သုံးခု ကျင့်ကြံဖူးသော နတ်ဆိုးအင်မော်တယ်တစ်ဦး ဖြစ်သည်။ သူမ၏ တာအိုပညာရပ် အတွေ့အကြုံသည် မည်သည့်ပညာရပ်များထက်မဆို ပိုကြွယ်ဝပါသည်။
သူမ၏ ဉာဏ်အမြင်ဖြင့်၊ ကျမ်းစာပေါ်ရှိ ပုံရိပ်သည် လျှို့ဝှက်ဆန်းကြယ်သော ဆန္ဒတစ်ခုကို ကိုယ်စားပြုကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်သည်။
“ဒါ….၊ ဒါက…”
ချန်ယင်းရှာ၏ အသံသည် တစ္ဆေအင်မော်တယ် ဖြစ်နေသော်လည်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ တုန်ခါနေပါသည်။
ထို့နောက် သူမသည် သူမမျက်လုံးများကို ပွတ်သပ်လိုက်သည်၊ သူမမြင်နေရသည်များသည် အမှန်မဟုတ်မည်ကို စိုးရိမ်နေပုံရသည်။
“ဒါက ဒိုင်ဇင်ဘုရားကျောင်းက ကျမ်းစာသုံးစောင်အနက်မှ အတိတ်ကျမ်းပဲ။ ဒီကျမ်းကို သာမန်သိုင်းကျမ်းတစ်စောင်ထဲမှာ ဖုံးကွယ်ထားခဲ့တာ။ ငါက အဲဒီသိုင်းကျမ်းကို မတော်တဆ မီးရှို့မိရာကနေ ဒီကျမ်းစာ ပေါ်ထွက်လာခဲ့တာပဲ။”
ဟုန်ယွိက သူ့စကားများကို ထပ်မံ ပြောပြသည်။
“အား!”
ချန်ယင်းရှာသည် အော်သံတစ်ခု ထုတ်လိုက်မိသည်။ ထို့နောက် သူမမျက်လုံးများက ထက်ရှသော ဓားသွားကဲ့သို့ ထက်မြလာသည်။ သို့သော် သူမသည် အတိတ်ကျမ်းကို မကြည့်ဘဲ၊ ဟုန်ယွိကို တည့်တည့်ကြည့်သည်။
ဟုန်ယွိသည် နူးညံ့သော အကြည့်ဖြင့် ပြန်ကြည့်သည်။ သူ၏အကြည့်များက ရိုးသားပွင့်လင်းပြီး၊ ကောက်ကျစ်စဉ်းလဲမူ လိမ်ညာလှည့်ဖျားမှု တစွန်းတစိမျှ မပါဝင်ပေ။ ထိုအကြည့်က ကိုယ့် ချစ်ရသူအပေါ် စိတ်နှလုံး အကြွင်းမဲ့ မြုပ်နှံထားသည့် ရိုးသားသော လူငယ်တစ်ဦးနှင့်တူသည်။
ထိုအချိန်တွင်၊ ချန်ယင်းရှာသည် ဟုန်ယွိ၏ အတွေးများက အလွန်ချောမွေ့ပြီး သန့်ရှင်းနေသည်ဟု ခံစားရသည်။ ၎င်းသည် ညစ်ညမ်းမှုမရှိ ကြည်လင်သော ရေကန်တစ်ခုအဖြစ် ပြောင်းလဲသွားသည့် အတိုင်းပင်။
ထိုအချိန်တွင်၊ ဟုန်ယွိသည် စိတ်သန့်ရှင်းနေပြီး လှည့်စားမှု သို့မဟုတ် မည်သည့်ကြံစည်မှုမျိုးမှ မပါပေ။
ဤအခိုက်တန့်တွင်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ် စွမ်းအားသည် သိသိသာသာ တိုးတက်လာပြီး၊ သူ၏ ကျင့်စဉ်အဆင့်သည် ပိုမိုတိုးတက်လာသည်။
“ရှူး…..”
ချန်ယင်းရှာသည် သူမမျက်လုံးများကို မှိတ်လိုက်ပါသည်။ သူမသည် အနည်းငယ် အနားယူရန် လိုအပ်သည်ဟု ခံစားရပုံပေါ်သည်။ ထို့နောက် သူမသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
“ငါ စိတ်ထိန်းမနိုင်လုနီးပါး ဖြစ်သွားခဲ့တယ်။ ဟုန်ယွိ၊ မင်းက ငါ့တာအိုနှလုံးသားကို နီးပါးဖျက်ဆီးလိုက်တာပဲ….။”
အမှန်စင်စစ်၊ သူမသည် အတိတ်ကျမ်းကို ကြည့်နေစဉ်၊ စိတ်ထိန်းမနိုင်ဖြစ်သွားပြီး၊ သူမ၏ တာအိုနှလုံးသားသည် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
သို့သော် ကံကောင်းစွာဖြင့်၊ ချန်ယင်းရှာ၏ ကျင့်စဉ်အဆင့်သည် မြင့်မားသည်။ ခဏအကြာတွင် သူမသည် စိတ်ကို တည်ငြိမ်အောင်ထိန်းနိုင်ခဲ့သည်။
သို့သော် သူမသည် အတိတ်ကျမ်းကို မယူသလို၊ ထပ်မံကြည့်ရှုခြင်းလည်း မပြုတော့ပေ။
“ဟုန်ယွိ၊ ဒီကျမ်းကို သိမ်းထားပါ။ ငါ စိတ်တည်ငြိမ်သွားမှပဲ ဒီကျမ်းကို ကြည့်တော့မယ်။ အခု ငါ စိတ်မတည်ငြိမ်နိုင်သေးဘူး။ ဒီကျမ်းက အထွဋ်ထိပ်ကျမ်း ဖြစ်ပေမယ့်၊ တကယ်လို့, ငါ စိတ်မထိန်းနိုင်ဘဲ အတင်းအကျပ် ကျင့်ကြံမယ်ဆို၊ ရူးသွပ်ပြီး သေဆုံးသွားနိုင်တယ်။ တာအိုက မြင့်မားလာလေ၊ နတ်ဆိုးကလည်း ပိုမြင့်မားလာလေပဲ။ ကျမ်းစာတွေနဲ့ ကျင့်စဉ်ပညာရပ်တွေက ပိုမိုနက်ရှိုင်းလေလေ၊ အတွင်းနတ်ဆိုးကလည်း ပိုမိုသန်မာလေပဲ။”
ချန်ယင်းရှာသည် အတိတ်ကျမ်းကို အလျင်အမြန် ဖတ်ရန် မစိတ်ဝင်စားဘဲ၊ ၎င်းကို သိမ်းထားရန် တောင်းဆိုသည်ကို မြင်သောအခါ၊ ဟုန်ယွိ၏ နှလုံးသားသည် ခုန်သွားခဲ့သည်။ သူသည် ချန်ယင်းရှာ၏ စိတ်ဝိညာဉ်က တည်ငြိမ်သည်ကို သိရှိသည်။
သူသည် အတိတ်ကျမ်းကို ရရှိစဉ်ကလည်း၊ ကျမ်းစာကို အလျင်အမြန် ဖတ်ရန် မကြိုးစားခဲ့ပေ။ ၎င်းကို သိမ်းဆည်းထားပြီး၊ အမွှေးတိုင်ထွန်း၊ ရေချိုးပြီးမှသာ စတင်ဖတ်ရှုခဲ့သည်။
ရတနာတစ်ခု ပိုမိုတန်ဖိုးရှိလေလေ၊ ပိုမိုသတိထားရလေ ဖြစ်သည်။ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်ယောင်ကို ဖော်မပြရပေ။ ၎င်းသည် ပညာရှင်တစ်ဦး၏ အကျင့်စရိုက်တစ်ခု ဖြစ်သည်။
“အမှန်တကယ်လည်း အမြင့်ဆုံးကျမ်းစာတစ်ခုအတွက်, စိတ်မတည်ငြိမ်ပါက၊ အတွေးတွေကလည်း ရေလို ကြည်လင်နေမည် မဟုတ်တော့ပေ။ ထိုသို့ဖြစ်နေလျှင် ကျမ်းစာကို ဖတ်နိုင်မှာ မဟုတ်ပါဘူး။” ဟုန်ယွိက မျက်လုံးမှိတ်လိုက်ပြီး အတိတ်ကျမ်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လက်တစ်ချက်ဝှေ့ လိုက်ရုံဖြင့်၊ အမြင့်ဆုံးကျမ်းစာသည် ချန်ယင်းရှာဆီသို့ ပျံသန်းသွားသည်။
“မင်း သိမ်းထားပါ။ ငါတို့က တာအိုလက်တွဲအဖော်တွေ ဖြစ်လာပြီဆိုတော့၊ နှစ်ပေါင်းရာချီ အတူရှိနေမှာပဲ။ ရှေ့ဆက်လျှောက်ရမယ့်လမ်းက အလှမ်းဝေးသေးတယ်။ ယခုမှပဲ ငါ စိတ်အေးချမ်းသာယာမူကို ခံစားရတယ်။” ဟုန်ယွိက အတိတ်ကျမ်းကို ပစ်ပေးလိုက်ပြီးနောက်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အနှိုင်းမဲ့ ပေါ့ပါးမှုကို ခံစားရသည်။ ၎င်းသည် ကြီးမားသော ကမ္မကုသိုလ်ကြီးတစ်ခုကို ပြီးမြောက်အောင်မြင်သလို ဖြစ်သည်။
ဖျစ်….။
ချန်ယင်းရှာသည် အတိတ်ကျမ်း ပျံသန်းလာသည်ကို မြင်သောအခါ၊ လက်ဖြင့် ဖမ်းမထားဘဲ၊ သူမလက်ကို ဆုပ်ကိုင်လိုက်သည်နှင့် ရေမိုးကြိုးလျှပ်စီးတစ်လုံး ပေါ်ထွက်လာကာ အတိတ်ကျမ်းကို ရစ်ပတ်ထားသည်။ ရေမိုးကြိုးလျှပ်စီးသည် ပြင်းထန်စွာ လိမ်ယှက်နေပြီး၊ ကျမ်းစာကို အပိုင်းပိုင်းဖြစ်အောင် ကြိတ်ချေဖျက်ဆီးရန် ကြိုးစားနေသလို ဖြစ်နေခဲ့သည်။
“ယင်းရှာ၊ မင်း ဘာလုပ်နေတာလဲ။”
“ဒီကျမ်းစာကို ဒီကမ္ဘာပေါ်မှာ ချန်ထားခဲ့လို့မရဘူး။ လာ….။ မင်းရဲ့ အစစ်မှန် နေမီးလျှံစွမ်းအားကို အသုံးပြုလိုက်။ ငါတို့ မီးနဲ့ရေကို ပေါင်းစည်းပြီး၊ ဒီကျမ်းစာကို လုံးဝ ဖျက်ဆီးကြရအောင်။ ကြီးမြတ်သော ဗုဒ္ဓပုံရိပ်ကို ငါ့အတွေးထဲမှာ မှတ်သားထားပြီးပြီ။ ကျမ်းစာရဲ့ ကျန်အပိုင်းတွေကို နောက်ကျရင် မင်းက ငါ့ကို ရွတ်ပြပေးနိုင်တယ်။”
ချန်ယင်းရှာသည် သူမလက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး၊ ရေမိုးကြိုးလျှပ်စီးတစ်လုံးသည် ပြင်းထန်စွာ လှုပ်ရှားလာကာ၊ အတိတ်ကျမ်းကို အနည်းငယ် စုတ်ပြဲစေသည်။
ဟုန်ယွိက သူမကို တားဆီးရန် ကြံရွယ်နေသည်ကို မြင်သောအခါ၊ ချန်ယင်းရှာက ပြောသည်။ “အမြင့်ဆုံးလျှို့ဝှက်ချက်တွေဆိုတာ ပါးစပ်ကနေတဆင့် စိတ်နှလုံးထဲကို လွှဲပြောင်းပေးရတာ ဖြစ်တယ်။ စာရွက်ပေါ်မှာ မှတ်တမ်းတင်ထားဖို့ အကြောင်းမရှိဘူး။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ အမြင့်ဆုံး အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်းတောင် အပြည့်အစုံ မှတ်တမ်းတင်ထားတာ မရှိဘူး။ အဲဒီကျမ်းကို သူတော်စင်မိန်းမပျိုနဲ့ ဂိုဏ်းခေါင်းဆောင်တို့ ကပဲ မှတ်သားထားကြတယ်။ စာရွက်ပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ဘယ်လျှို့ဝှက်ချက်မဆို ကောင်းကင်ဘုံရဲ့ မနာလိုမှုကို ဖြစ်ပေါ်စေပြီး၊ အဆုံးမရှိ စောင့်ကြည့်မှုကို ခံကြရတယ်။ ဒိုင်ဇင်ဘုရားကျောင်းဟာ ဒီကျမ်းစာသုံးစောင်ကြောင့် ဖျက်ဆီးခံခဲ့ရတာပဲ။ တကယ်လို့ ငါတို့နှစ်ယောက်သာ ဒီကျမ်းစာကို ဒီကမ္ဘာပေါ်မှာ ချန်ထားဦးမယ်ဆိုရင်၊ အနာဂတ်မှာ ကံဆိုးမှုတွေ တစ်ခုပြီးတစ်ခု ခံစားရလိမ့်မယ်။ ဒီကမ္ဘာပေါ်မှာ အတိတ်ကျမ်း အကြောင်းကို သိရှိထားသူ လူအများကြီးမရှိပေမယ့်၊ သိရှိထားတဲ့လူတွေ အားလုံးက ထိပ်တန်းကျွမ်းကျင်သူတွေချည်းပဲ။ သူတို့က ငါတို့နှစ်ယောက် တည်း တိုက်ခိုက်နိုင်တဲ့လူမျိုးတွေ မဟုတ်ဘူး….။”
“ဟုတ်တယ်။ အမြင့်ဆုံးလျှို့ဝှက်ချက်ဆိုတာ ပါးစပ်ကနေ စိတ်နှလုံး လွှဲပြောင်းပေးရမယ်။ စာရွက်ပေါ်မှာ မှတ်တမ်းတင်ထားတာက အဆုံးမဲ့ စောင့်ကြည့်မှုတွေကို ဖြစ်ပေါ်စေမှာ ဖြစ်ပြီး၊ ကောင်းကင်ဘုံရဲ့ မနာလိုမှုကို ဖြစ်ပေါ်စေနိုင်တယ်။ ဒီအတိတ်ကျမ်းထဲမှာ ကျမ်းစာများစွာရှိပြီး၊ အဓိပ္ပာယ်တွေက နက်ရှိုင်းတယ်။ ငါက အဲဒီကျမ်းစာတွေကို ကျွမ်းကျွမ်းကျင်ကျင် မှတ်သားထားပေမယ့် အမြင့်ဆုံးအဆင့်အထိ မကျင့်ကြံရသေးဘူး။ ကျမ်းစာတွေကို ဆက်လက် ဆင်ခြင်ဖို့ လိုအပ်သေးတယ်။ ဒီကျမ်းစာကို သိမ်းထားပါက၊ တစ်စုံတစ်ခု ဖြစ်ပေါ်စေနိုင်ပြီး၊ တကယ်လို့ တစ်ယောက်ယောက်သာ ရရှိသွားပါက ချက်ချင်း ဘေးဥပါဒ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။ ဒီကျမ်းစာကို ဖျက်ဆီးပြီးနောက်၊ ငါတို့ တောရိုင်းဒေသကို သွားပြီး ရတနာတွေ ရှာဖွေကြမယ်။ ဒီနောက်, ငါက မင်းကို ကျမ်းစာတွေကို ပြောပြမယ်။ ဒါဆို မင်းလည်း အတူတူ နားလည်ဆင်ခြင်နိုင်ပြီ။ အခု၊ မင်းရဲ့ စိတ်အခြေအနေက လုံးဝတည်ငြိမ်တဲ့အဆင့်ထိ မရောက်ရှိသေးဘူး။ ဒါကြောင့် ကျမ်းစာကို ဖတ်လို့မရသေးဘူး။”
ဟုန်ယွိသည် ချန်ယင်းရှာ၏ စေ့စပ်သေချာမှုကို သိမြင်နားလည်သွားသည်။ အတိတ်ကျမ်းကို ရရှိပြီးနောက်၊ သူမသည် ၎င်းကို ဂရုတစိုက် မဖတ်ဘဲ ဖျက်ဆီးလိုက်သည်။ ထိုအခါမှသာ သူသည် ချန်ယင်းရှာ၏ စိတ်ဝိညာဉ်သည် မယုံကြည်နိုင်လောက်အောင် ခိုင်မာမှုရှိကြောင်း သဘောပေါက်သွား သည်။ မိမိကိုယ်ကို သိရှိပြီး၊ ရန်သူ၏အခြေအနေကို ကြိုသိခြင်းသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်စေသည်။
ဤကဲ့သို့ အမျိုးသမီးတစ်ဦးကို တာအိုလက်တွဲအဖော်အဖြစ် ရရှိခြင်းသည် အကန့်သတ်မဲ့ ကျင့်ကြံခြင်းလမ်းစဉ်တွင် အကောင်းမွန်ဆုံး အဖော်တစ်ဦး ဖြစ်လာပါလိမ့်မည်။
အတွေးတစ်ချက်ဖြင့်၊ ဟုန်ယွိသည် သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး၊ လေထဲတွင် အဖြူရောင်မီးလျှံ တစ်ခု ဖြစ်ပေါ်လာကာ၊ ချန်ယင်းရှာ၏ ရေမိုးကြိုးလျှပ်စီးနှင့် ထိတွေ့သွားခဲ့သည်။ တစ္ဆေအင်မော်တယ်နှစ်ဦးသည် တစ်ဦးတည်းဖြစ်သွားအတိုင်း ရေနှင့်မီးသည် ဖြည်းဖြည်းချင်း ပေါင်းစည်း သွားခဲ့ပြီး၊ သူတို့၏ တာအိုပညာရပ်များကို ထုတ်လွှတ်လိုက်သည်။
တစ်နာရီခန့် သန့်စင်ပြီးနောက်၊ ဒိုင်ဇင်ဘုရားကျောင်း၏ အမြင့်ဆုံးကျမ်းစာ တစ်စောင်ဖြစ်သော အတိတ်ကျမ်းသည် နောက်ဆုံးတွင် အစိမ်းရောင်မီးခိုးများအဖြစ် ပြောင်းလဲပြီး ဤကမ္ဘာကြီးထဲမှ ထာဝရ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီ။
ယခုမှစ၍၊ အတိတ်ကျမ်းသည် အမှန်တကယ် အတိတ်ဖြစ်သွားခဲ့ရပြီ။
“အီယာ…၊ သုံးရက်ကြာ ကျင့်ကြံပြီးနောက်၊ ငါတို့စွမ်းအင်တွေ ပြည်လည်ပြည့်ဝလာပြီး တောရိုင်းဒေသကို သွားနိုင်မယ်လို့ ငါ ထင်ထားခဲ့တယ်။ ဒါပေမယ့် မင်းက အဲဒီအတိတ်ကျမ်းကို ငါ့ကို ပေးလိုက်တော့ ငါ့အတွေးတွေက မတည်ငြိမ်တော့ဘူး။ ငါ့တာအိုနှလုံးသားက လှုပ်ခတ်သွားပြီ။ အခုချိန်မှာ, မဟူရာဝံပုလွေဘုရင်နဲ့ ရင်ဆိုင်ရမယ်ဆို, တစ်ဦးချင်းတိုက်ပွဲမှာ ငါ သူ့ကို မယှဉ်နိုင်တော့ဘူး။ ငါ့တာအိုနှလုံးသားကို တည်ငြိမ်အောင် ထိန်းချုပ်ဖို့ နောက်ထပ် တစ်ရက်လောက် အချိန်ပြန်ယူရတော့မယ်။ ငါ့ကို စောင့်ကြည့်ပေးပါ။ အတိတ်ကျမ်းအကြောင်း ဘာမှ မပြောနဲ့တော့။”
အတိတ်ကျမ်းကို ဖျက်ဆီးပြီးနောက်၊ ချန်ယင်းရှာက ထိုင်လိုက်ပြီး ခေါင်းခါယမ်းသည်။
“ဒီအမြင့်ဆုံးကျမ်းစာက မင်းလက်ထဲမှာ ရှိနေလိမ့်မယ်လို့ ငါ တကယ်ကို မထင်ခဲ့မိဘူး။ အီယာ…၊ မင်းစိတ်နှလုံးက တည်ငြိမ်နေနိုင်ပေမယ့် ငါ့နှလုံးသားကတော့ မရဘူး။ တစ်ရက်အတွင်း ပြန်တည်ငြိမ်အောင် လုပ်နိုင်ပါ့မလားတောင် မသိဘူး….။”
“ငါ မင်းအတွက် စောင့်ကြည့်ပေးမယ်။”
ဟုန်ယွိက ထိုင်လိုက်သည်။ သူသည် ဤမျှအေးချမ်းမှုကို အရင်က မည်သည့်အခါမှ မခံစားခဲ့ရဖူးသလို၊ ဟုန်ရွှန်ကျိကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု ကိုလည်း ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။
ဟုန်ရွှန်ကျိသည် လူသားအင်မော်တယ် ဖြစ်လာသည်ဖြစ်စေ၊ အနာဂတ်တွင် လေဟာနယ်ကို ဖြိုခွဲဖျက်ဆီးနိုင်သည် ဖြစ်စေ၊ ဟုန်ယွိသည် သူ အနိုင်ယူနိုင်မည်ဟု ယုံကြည်လာသည်။
“ဟုန်ရွှန်ကျိ၊ ခင်ဗျားက နှလုံးသားကင်းမဲ့တဲ့ လူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပြီး၊ တိုင်ရှန်တာအိုဂိုဏ်းရဲ့ တာအိုပညာရပ်ကို ရယူဖို့အတွက် ကျုပ်မိခင် မန်ပိုင်ယွန်ကို လှည့်စားခဲ့တယ်ဆိုရင်, ကျုပ်အနေနဲ့ ဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့်, ခင်ဗျားက ပန်းချီသူတော်စင် ဝူဒေါင်ဇီရဲ့ ဇီးပန်းပွင့်ပန်းချီကား တစ်ချပ်ကို နံရံပေါ်မှာ ချိတ်ဆွဲထားတယ်။ ဒါက ခင်ဗျားရဲ့ နှလုံးသားထဲမှာ ခံစားချက်တွေ ရှိနေသေးကြောင်း ထင်ရှားသည်။ သန့်စင်မှုမရှိတဲ့ အတွေးတွေနဲ့ လူသားအင်မော်တယ် ဖြစ်လာရင်တောင် ဘာလုပ်နိုင်မှာလဲ။ နှလုံးသားဆိုတာ အဆီးအတား ရှိမနေရဘူး။ နှလုံးသားမှာ အဆီးအတားရှိသွားတာနဲ့ သန့်စင်တဲ့ ကိုယ်ခံပညာနယ်မြေ ခြောက်ခုက တာအိုပညာရပ်တွေနဲ့ ရှေးခေတ် သူတော်စင်ဘုရင်တွေကို စုစည်းထားရင်တောင် ဘာလုပ်နိုင်မှာလဲ….။”
“ဟုန်ရွှန်ကျိ၊ တကယ်လို့, ခင်ဗျားသာ ခင်ဗျားရဲ့ စိတ်နှလုံး အဆီးအတားကို ကျော်လွှားနိုင်ခဲ့ပြီဆိုရင်, အဲဒီဇီးပန်းပွင့် ပန်းချီကားကို စုတ်ဖြဲပြီး မီးရှို့ပစ်လိမ့်မည်။ ဒါဆို တကယ့်ကို ကြောက်မက်ဖွယ် ဖြစ်သွားပြီ။ ခင်ဗျား အဲဒီပန်းချီကားကို စုတ်ဖြဲပြီး မီးရှို့ပစ်ခဲ့လား သိချင်မိတယ်။”
ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ စာကြည့်ခန်းထဲတွင် ချိတ်ဆွဲထားသော ဇီးပန်းပွင့် ပန်းချီကားကို တွေးတောမိသည်။
ဤအတွေးသည် သူ၏စိတ်ထဲတွင် ဖြတ်သန်းသွားပြီးနောက်၊ ဟုန်ယွိသည် ထိုင်လိုက်ပြီး ချန်ယင်းရှာကို ကာကွယ်ရန် တာအိုပညာရပ်ကို အသုံးပြု ကာ၊ သူမ၏အတွေးများကို ထိန်းချုပ်နိုင်ရန် ခွင့်ပြုပေးထားသည်။
သူသည် သူတို့၏ စွမ်းအားကို မြှင့်တင်ရန် အတိတ်ကျမ်းကို ချန်ယင်းရှာနှင့် မျှဝေခဲ့သည်။ ဉဒေါင်းဘုရင်၊ ကောင်းကင်မြွေဘုရင်နှင့် အခြားထိပ်တန်း ကျွမ်းကျင်သူများသည် ပင်လယ်ပြင်တွင် ရှိနေကြသည်။ သူတို့၏စွမ်းအားကို မမြှင့်တင်ထားပါက၊ စကြာဝဠာအိတ်ကို ရယူရန် အခွင့်အရေး မရှိပေ။
သို့သော်၊ ၎င်းသည် ချန်ယင်းရှာ၏ စိတ်နှလုံးကို လှုပ်ခတ်စေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ၎င်းသည် ဟုန်ယွိ၏ တွက်ဆချက် မှားယွင်းမှု ဖြစ်သည်။
နောက်ထပ် တစ်ရက် ကုန်လွန်သွားခဲ့သည်။ ချန်ယင်းရှာသည် သူမ၏ စိတ်ဝိညာဉ်ကို တိတ်တဆိတ် လှုံ့ဆော်နေခဲ့သည်။ တစ်ရက်လုံး သူမ၏ အတွေးများကို ထိန်းချုပ်ပြီးနောက်၊ နောက်ဆုံးတွင် သူမသည် ထရပ်လိုက်သည်။
ထိုအချိန်တွင် လမင်းက မှိန်ဖျော့ပြီး လေပြင်းများ တိုက်ခတ်နေသည်။
ဟုန်ယွိနှင့် ချန်ယင်းရှာသည် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကြည့်လိုက်ကြပါသည်။ ရုတ်တရက်၊ သူတို့သည် သူတို့၏ တာအိုပညာရပ်များကို အသုံးပြုကာ ယင်စိတ်ဝိညာဉ် လေပြင်းကို အသုံးပြုပြီး၊ အချင်းချင်း၏ ခန္ဓာကိုယ်များကို မြှောက်တင်လိုက်သည်။ ရုတ်တရက်ဆိုသလို သူတို့သည် လေထဲသို့ ခုန်တက်ပြီး သူတို့၏ ရုပ်ခန္ဓာကိုယ်များကို အသုံးပြုကာ၊ ပင်လယ်ပြင်ပေါ် ပျံသန်းထွက်ခွာသွားကြသည်။ သူတို့သည် အဝေးသို့ ပျံသန်းသွားကြသည်။
တောရိုင်းဒေသသို့….။
အပိုင်း (၂၁၃)။
မှောင်မိုက်ပြီး လေပြင်းများ တိုက်ခတ်နေသည့် ညကောင်းကင်ယံအောက်မှာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် အေးစက်စက် ယင်လေပြင်းနှစ်ခုသည် ပျံလွှားငှက်များကဲ့သို့ ရေပေါ်တွင် အနီးကပ် နိမ့်ကာ ပျံသန်းနေသည်။ ၎င်းတို့၏ အမြန်နှုန်းသည် ကောင်းကင်တွင် ပျံသန်းနေသော ပျံလွှားငှက်များ နှင့် ထူးမခြားနားပေ။
ဤအေးစက်စက် ယင်လေပြင်းနှစ်ခုသည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့မှလွဲ၍ အခြားမဟုတ်ပေ။
ညအချိန်ကို အခွင့်ကောင်းယူပြီး၊ သူတို့နှစ်ဦးသည် သူတို့၏ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ပျံသန်းလာရာတွင် သူတို့၏ရုပ်ခန္ဓာကိုယ်များကို ကောင်းကင်သို့ တွန်းပို့ပြီး အချင်းချင်း ပြီးပြည့်စုံစွာ ထိန်းညှိကာ ယူဆောင်လာခဲ့ကြသည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ယခင်က သူ၏ခန္ဓာကိုယ်မှ ထွက်ခွာပြီး ကောင်းကင်သို့ ပျံသန်းခဲ့ဖူးသော်လည်း၊ ရုပ်ခန္ဓာကိုယ်ဖြင့် ပျံသန်းခြင်း၏ ခံစားမှုကို သူ မည်သည့်အခါမှ မခံစားခဲ့ရဖူးပေ။ ရုပ်ခန္ဓာကိုယ်ဖြင့် ပျံသန်းခြင်းသည် ပျံသန်းခြင်း၏ အစစ်မှန် အဓိပ္ပာယ်ဖြစ်သည်။ ၎င်းသည် အစစ်မှန်အင်မော်တယ်တစ်ဦးကဲ့သို့ လေနှင့်တိမ်များကို စီးနင်းပြီး၊ ကောင်းကင်နှင့် မြေကြီးအကြား ခရီးသွားနေရသကဲ့သို့ ဖြစ်သည်။
ဟုန်ယွိသည် သူ့ပတ်ဝန်းကျင်ရှိ အေးမြသော လေပြေညှင်းကို ခံစားရပြီး၊ သူ့ပတ်ပတ်လည်မှာ ရစ်ပတ်ထားသော ချန်ယင်းရှာ၏ စိတ်ဝိညာဉ် စွမ်းအားသည် သူပျံသန်းနေစဉ် တိုးဝင်လာသည့် လေပြင်းများကို ပိတ်ဆို့ပေးထားသည့် မမြင်ရသော ဥခွံလွှာတစ်ခုအဖြစ် ဖြစ်ပေါ်နေသည်။ ဟုန်ယွိသည် သူ့ခြေထောက်အောက်ရှိ ပင်လယ်လှိုင်းလုံးကြီးများ နောက်မှာ ကျန်ရစ်ခဲ့သည့် မြင်ကွင်းကို ကြည့်ပြီး ဖော်ပြမရနိုင်သော ရွှင်လန်းမှုကို ခံစားရသည်။
ဤအချိန်တွင်၊ တစ္ဆေအင်မော်တယ်အဆင့်ရှိ ကျွမ်းကျင်သူနှစ်ဦးတို့၏ တာအိုလက်တွဲဖော်များအဖြစ် ထားရှိခြင်း၏ အကျိုးကျေးဇူးများကို မြင်တွေ့နိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ၊ လူတစ်ဦးတည်း ပျံသန်းရန်မှာ ခက်ခဲပါသည်။ အခုအချိန်တွင်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်စွမ်းအားသည် အလွန်အားကောင်းသည်။ ကီလိုဂရမ်တစ်သောင်း အလေးချိန်ရှိသော ကျောက်တုံးကြီးကို မြှောက်တင်ရန်ပင် မခက်ခဲပေ။ သူသည် အခြားလူများကိုဆို အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်ယံသို့ ပစ်တင်နိုင်သည်။
သို့သော်၊ သူ၏ ရုပ်ခန္ဓာကိုယ်ဖြင့် ကိုယ်ဘာသာ ပျံသန်းရန်မှာ မဖြစ်နိုင်ပေ။
အကြောင်းမှာ လူတစ်ဦး၏ စိတ်ဝိညာဉ်သည် မိမိခန္ဓာကိုယ်ကို ပတ်ရစ်ထားသည်။ အနည်းငယ်မျှ အားထုတ်လိုက်လျှင်ပင်၊ ထိုစိတ်ဝိညာဉ် စွမ်းအားသည် မိမိ၏ သွေးများထဲသို့ စုပ်ယူခံရမည် ဖြစ်သောကြောင့်ပင်။
သူသည် မိုးကြိုးကပ်ဘေးကို သုံးကြိမ်ဖြတ်ကျော်ခဲ့သော ဉဒေါင်းဘုရင်ကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုး မဟုတ်ပေ။ မိုးကြိုးကပ်ဘေးကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ဖြတ်ကျော်ခဲ့သော ကျွမ်းကျင်ပညာရှင်များပင်လျှင်၊ ပျံသန်းရန်အတွက် အလွန်ခက်ခဲပါသေးသည်။ ပျံသန်းခြင်းသည် သူ၏ဝိညာဉ်၊ သွေးနှင့် ချီစွမ်းအင်ကို မျာစွာ သုံးစွဲရသည်။
ဆိုရိုးစကားအတိုင်း၊ “အင်မော်တယ်ကျွန်းများကို စူးစမ်းလေ့လာရာတွင် လက်တွဲဖော်များ လိုအပ်သည်…”တဲ့…။ ၎င်းသည် တာအိုလက်တွဲဖော်များ ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြနေသည်။
လူနှစ်ဦး တာအိုလက်တွဲဖော်များ ဖြစ်လာသောအခါ၊ သူတို့၏ စွမ်းအားများကို ပေါင်းစည်းပြီး လေပြေလေညှင်းကဲ့သို့ လွတ်လပ်စွာ ပျံသန်းသွားလာ နိုင်သည်။
အကယ်၍ လူနှစ်ယောက်သည် တာအိုလက်တွဲဖော်များ မဟုတ်ပါက၊ လျှို့ဝှက်အကြံစည်များရှိနေသည့် လူနှစ်ဦးသည် ၎င်းတို့၏ ရုပ်ခန္ဓာကိုယ်ကို တဖက်လူ၏ စိတ်ဝိညာဉ်ဖြင့် ရစ်ပတ်ခွင့်ပြုမည် မဟုတ်ပေ။ ယင်းက သူတို့၏ အသက်ကို အခြားသူ၏ လက်ထဲတွင် အပ်နှင်းထားခြင်းနှင့် ညီမျှသည်။ မည်သည့်အမှားယွင်းလေးကမဆို သူတို့သည် တဖက်လူ၏ လက်ထဲသို့ ကျရောက်သွားပြီး၊ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
သို့သော် ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် တာအိုလက်တွဲဖော်များ ဖြစ်လာပြီးနောက်၊ သူတို့သည် ရက်ပေါင်းများစွာ အတူတူ ကျင့်ကြံခဲ့ကြပြီး၊ သူတို့၏ အစွမ်းထက်ဆုံး တာအိုပညာရပ်များကိုပင် ဖလှယ်ခဲ့ကြသည်။ ယခုအခါ သူတို့သည် တစ်ဦးနှင့်တစ်ဦး အချင်းချင်း ဖြည့်စည်းပေးနိုင်ကြပြီး၊ သူတို့၏ ရုပ်ခန္ဓာကိုယ်များ မကျော်လွှားနိုင်သော အန္တရာယ်များဖြင့် ကြုံတွေ့ရပါက, အနည်းဆုံး အချင်းချင်း ပံ့ပိုးကူညီကာ ထွက်ပြေး လွတ်မြောက်နိုင်ကြပြီ။
တစ်ညလုံး ပျံသန်းပြီးနောက်၊ သူတို့သည် ပင်လယ်ပြင်ကို အနည်းဆုံး ထောင်မိုင်ကျော် ဖြတ်သန်းပြီး ခရီးနှင်ခဲ့ကြသည်။ ကောင်းကင်ယံတွင် မနက်စောစော အလင်းရောင် စတင်ပေါ်လာသောအခါ၊ သူတို့နှစ်ဦးသည် ကျွန်းတစ်ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။
ဤကျွန်းသည် လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်း ဖြစ်သည်။ ကျွန်းပေါ်တွင် တောင်တန်း များစွာရှိနေပြီး၊ နေရာအနှံ့တွင် မြင့်မားသော သစ်ပင်များ ပေါက်ရောက်နေသည်။ ဆာလဖာနှင့် ချော်ရည်အနံ့များ ပြင်းထန်စွာ ဝင်ရောက်လာသလို ပေါက်ကွဲထားသည့် မီးတောင်ပေါက်များစွာလည်း ရှိသည်။
ဟုန်ယွိသည် ကောင်းကင်ယံမှ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ကျွန်းသည် သိပ်သည်းလွန်းပြီး၊ တိုက်ကြီးတစ်တိုက်နှင့်တူသည်။ ၎င်း၏ အဆုံးကို မမြင်နိုင်ပေ။
“ငါတို့ တောရိုင်းဒေသကို ရောက်လာပြီလား။”
ဟုန်ယွိသည် မီးတောင်ပေါက်များဖြင့် ပြည့်နှက်နေသော လူသူကင်းမဲ့သည့် ကျွန်းကို ကြည့်ရင်း ချန်ယင်းရှာကို မေးလိုက်သည်။
“အချိန်က အစောကြီးသေးတယ်။ တောရိုင်းဒေသကို ရောက်ဖို့ အနည်းဆုံး နှစ်ရက်နှစ်ည လိုမယ်။ အခု ငါတို့က လမ်းတစ်ဝက်တောင် မရောက်သေး ဘူး။ ဒါပေမယ့် တစ်ညလုံး ပျံသန်းခဲ့ရတော့ ငါတို့ရဲ့ စိတ်ဝိညာဉ်တွေအပေါ် သက်ရောက်မှု အများကြီး ရှိနေပြီ။ အောက်သို့ အရင်ဆင်းပြီး တစ်ခုခု စားသောက်ပြီး အနားယူကြစို့။”
ချန်ယင်းရှာက ပြောရင်း၊ သူမနှင့်ဟုန်ယွိသည် ကမ်းခြေပေါ်သို့ ဆင်းသက်လိုက်သည်။
ကမ်းခြေသည် ဖြူစင်သန့်ရှင်းနေသည်။ လှိုင်းလုံးများ ကမ်းခြေသို့ ရိုက်ခတ်သံများမှလွဲ၍ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ပြီး လူသူကင်းမဲ့စွာ ရှိနေသည်။ လူသားတစ်ဦးတစ်ယောက်၏ အရိပ်အယောင် အငွေ့အသက်မျှပင် မရှိပါချေ။ သူတို့နှစ်ဦး ကမ်းခြေပေါ်သို့ ဆင်းသက်သောအခါ၊ ဟုန်ယွိသည် ရုတ်တရက် သူ့နှလုံးသားထဲတွင် သူတို့နှစ်ဦးသည် အင်မော်တယ်စုံတွဲ တစ်တွဲကဲ့သို့ ထူးကဲသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
“ဤသည်မှာ စစ်မှန်သော အင်မော်တယ်တစ်ဦး၏ ဘဝဖြစ်သည်။ လွတ်လပ်ပြီး ပူပန်ကင်းမဲ့စွာ၊ လောကီလူ့လောက၏ ဆူညံမှုများမှ ဝေးကွာနေ သည်။ ဤသို့သော ဘဝမျိုးဖြင့် ထာဝရရှင်သန်နိုင်ခဲ့ပါက၊ မည်မျှ သက်တောင့်သက်သာ ရှိမည်နည်း။”
ချန်ယင်းရှာသည် ကမ်းခြေပေါ်သို့ ဆင်းသက်လာသောအခါ၊ ဟုန်ယွိ၏ ပညာရှင်ဆန်သော အတွေးများကို မခံစားခဲ့ပေ။ ယင်းအစား၊ သူမ၏ အတွေးတစ်ချက်ဖြင့် အေးစိမ့်သော ယင်လေပြင်းများသည် ကြိုးကွင်းများသဖွယ် သိပ်သည်းသော သစ်တောအုပ်ထဲသို့ ပျံသန်းဝင်ရောက်သွားခဲ့ သည်။ ထို့နောက်၊ အရောင်အမွှေးစုံသော ရစ်ငှက်များ၊ နှင်းယုန်များနှင့် လင်ဇီမှိုများကို ဆွဲထုတ်လာသည်။
ထို့နောက်၊ ချန်ယင်းရှာထံမှ အတွေးတစ်ချက်ဖြင့်၊ ပင်လယ်ရေပြင်သည် တောက်ပသော ရေဓားများအဖြစ် စုစည်းလာပြီး၊ ရစ်ငှက်များနှင့် ယုန်များကို လှီးဖြတ်လိုက်သည်။
ရစ်ငှက်များနှင့် ယုန်များကို အခွံခွာပြီးနောက်၊ ချန်ယင်းရှာက ပြုံးပြီး ပြောသည်။ “ဒီနေရာမှာ သက်တမ်းရင့် ထင်းရှူးတောအုပ် တစ်ခုရှိသည်။ ရစ်ငှက်တွေနဲ့ ယုန်တွေက ထင်းရှူးစေ့တွေနဲ့ အသီးနှံတွေကို စားပြီး ကြီးပြင်းလာကြတာ။ သူတို့ရဲ့အသားတွေက အလွန်အရသာရှိတယ်။ မင်းက မီးကို ထိန်းချုပ်ရာမှာ ကျွမ်းကျင်တယ်။ ဒါတွေကို ကင်ပြီးနောက် မီးအပူကို ကောင်းစွာ ထိန်းညှိနိုင်မလားကြည့်ရအောင်။”
“ပြဿနာမရှိဘူး…။”
ဟုန်ယွိသည် လက်ချောင်းတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့်၊ မီးလျှံသေးသေးလေးတစ်ခု စုစည်းလာပြီး တဖြည်းဖြည်း ပြန့်ကျဲသွားသည်။ ထို့နောက်၊ မီးလျှံများသည် ရစ်ငှက်များနှင့် ယုန်များကို ပတ်ရစ်လွှမ်းခြုံလိုက်သည်။ မကြာမီတွင်၊ ရစ်ငှက်များနှင့် ယုန်များသည် ကျက်သွားပြီး ဆွဲဆောင်မှုရှိသော ရနံ့ကို ထုတ်လွှတ်လာသည်။
ချန်ယင်းရှာသည် ဆား၊ ဆီနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူပြီး ၎င်းတို့ပေါ်တွင် ဖြူးပက်လိုက်သည်။ ထို့ကြောင့် ကင်ထားသော အသားများ၏ အရောင်သည် ရွှေဝါရောင် ပိုမိုသမ်းလာသည်။
ကင်ပြီးသွားသောအခါ၊ သူတို့နှစ်ဦးသည် မြေပေါ်တွင် ထိုင်ကာ ဂရုတစိုက် စားသောက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်း၊ တောရိုင်း သားကောင်များ၏ အသားသည် အလွန်အရသာရှိသည်။ ၎င်းသည် သာမန်ဟင်းလျာများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
“ဒီအရသာက နတ်ဘုရားလေနိုင်ငံမှာ မက်မွန်ပန်းတွေကို စားပြီး ကြီးပြင်းလာသော မန်ဒရင်းငါးမန်းတွေနဲ့ နှိုင်းယှဉ်နိုင်တယ်။”
စားသောက်ရင်း၊ ဟုန်ယွိက အံ့သြစွာ ချီးကျူးပြောဆိုသည်။ သူသည် စားသောက်နေစဉ် စကားမပြောမိရန် ဂရုစိုက်သူ ဖြစ်သော်လည်း၊ ရစ်ငှက်များနှင့် ယုန်များ၏ အသားသည် အလွန်အရသာရှိလွန်းသည်။ “ဒီကျွန်းကို ဘယ်လိုခေါ်လဲ မသိဘူး..။”
“ဒီကျွန်းနာမည်ကို ငါလည်း မသိဘူး။ ဒါ့အပြင်, ဒီကျွန်းက ပတ်ပတ်လည် မိုင်ထောင်ချီကျယ်ပြန့်ပြီး၊ မယုံနိုင်စရာကောင်းအောင် ကျယ်ဝန်းတယ်။ ဒီကျွန်မးကို ကုန်းမြေတစ်ခုအဖြစ် သတ်မှတ်နိုင်တယ်။ ဒါပေမယ့် ဒီကျွန်းက ပင်လယ်ထဲ နက်ရှိုင်းတဲ့အရပ်မှာ ရှိနေပြီး၊ မီးတောင်တွေက မကြာခဏ ပေါက်ကွဲတတ်တယ်။ ဒါ့ကြောင့် လူသူအခြေချနေထိုင်ခြင်း မရှိဘူး။ ငါ ဒီနေရာကို တစ်ကြိမ်ရောက်ဖူးပြီး၊ ကျွန်းပေါ်မှာ ဆေးဖက်ဝင်အပင်များစွာ တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းက ရှာဖွေဖို့ အချိန်အများကြီး မရခဲ့ဘူး။ အခု ငါတို့က တာအိုလက်တွဲဖော်တွေ ဖြစ်လာပြီဆိုတော့, ငါတို့ ရုပ်ခန္ဓာကိုယ်တွေနဲ့ ပျံသန်းနိုင်ပြီး၊ ကမ္ဘာတဝှမ်း ခရီးသွားနိုင်ပြီ။ နောက်ဆုံး၊ ငါတို့ရဲ့ စိတ်ဝိညာဉ်တွေ အချိန်ကြာရှည်စွာ ခရီးသွားနေစဉ် ရုပ်ခန္ဓာကိုယ်တွေမှာ ပြဿနာ ဖြစ်ပေါ်လာမှာ စိုးရိမ်စရာမလိုတော့ဘူး။ ငါတို့ အချိန်ရတဲ့အခါ၊ ပင်လယ်ထဲက ကျွန်းတွေနဲ့ ကုန်းမြေများအားလုံးကို ခရီးသွားကြမယ်။ ရှေးခေတ် တာအိုကျင့်ကြံသူတွေရဲ့ နေထိုင်ရာ နေရာတွေကို စူးစမ်းပြီး၊ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေကို ရှာဖွေကြမယ်။”
ချန်ယင်းရှာက သူမလက်ချောင်းများဖြင့် ရစ်ငှက်အသားကို ဆုတ်ဖြဲပြီး၊ ပါးစပ်ထဲတွင် ဂရုတစိုက် ဝါးစားသည်။ ထို့နောက်၊ သူမက စိတ်လက် ပေါ့ပါးသည့် လေသံဖြင့် ပြောဆိုသည်။
စိတ်ဝိညာဉ်ဖြင့် ခရီးသွားခြင်းသည် အဆင်ပြေပြီး တစ်ရက်လျှင် မိုင်ထောင်ချီကို အလွယ်တကူ ခရီးနှင်နိုင်သော်လည်း၊ အချိန်ကြာရှည်စွာ ဝေးကွာနေပါက၊ ရုပ်ခန္ဓာကိုယ်များတွင် ပြဿနာများ ဖြစ်ပေါ်လာမည်ကို အမြဲတမ်း စိုးရိမ်ရသည်။
တာအိုလက်တွဲဖော်များ ဖြစ်လာပြီးနောက်၊ ဤပြဿနာများ အားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်သည်။
ကျင့်စဉ်သူများအကြား တာအိုလက်တွဲဖော်သည် လောကီလူ့လောက၏ ဇနီးမောင်နှံများထက် များစွာ အရေးကြီးသည်။ ၎င်းသည် မျိုးရိုးဆက်ဆက် လက်ဆင့်ကမ်း၊ လက်ထပ်ပြီး သားသမီးယူရန်အတွက် မဟုတ်ပေ။ ယင်းအစား၊ ၎င်းသည် ကောင်းကင်တာအိုကို ကျင့်ကြံရာတွင် တစ်ဦးနှင့်တစ်ဦး ကူညီပြီး၊ ရှင်ခြင်းသေခြင်းကို အတူမျှဝေခံစားရန် ဖြစ်သည်။
လောကီလူ့လောကတွင် ဇနီးမောင်နှံအဖြစ် ပေါ့ပေါ့တန်တန် ရွေးချယ်နိုင်ကြသော်လည်း၊ တာအိုလက်တွဲဖော်ကိုမူ ပေါ့ပေါ့တန်တန် ရှာဖွေရန် မလွယ်ကူပေ။
“ငါတို့ စကြာဝဠာအိတ်ကို ရရှိတဲ့အခါ၊ အထဲမှာ ပစ္စည်းကောင်းတွေကို သိမ်းဆည်းပြီး အရပ်ရှစ်မျက်နှာအနှံ့ ခရီးနှင်နိုင်ပြီ။ မဟုတ်ရင်, ငါတို့စိတ်ဝိညာဉ်တွေနဲ့ ခရီးသွားတိုင်း ဒီပစ္စည်းတွေကို ယူဆောင်သွားဖို့ အဆင်မပြေဘူး။ ချန်ပီယံမြို့စား၊ ဘီရှီဟွာ၊ ဉဒေါင်းဘုရင်၊ ကောင်းကင်မြွေဘုရင်နဲ့ ယောင်ချီဂိုဏ်းကနေလူတွေ အခု ဘယ်ရောက်နေလဲ မသိဘူး။ ငါတို့ ဒီလမ်းတစ်လျှောက် ပျံသန်းလာခဲ့ပေမယ့် သင်္ဘောတစ်စင်းတစ်လေရဲ့ အရိပ်အယောင်လေးတောင် မတွေ့ရသေးဘူး…။”
ဟုန်ယွိသည် ယုန်တစ်ကောင်ကို အနည်းငယ် ကိုက်ပြီး ဝါးစားနေသည်။ နှစ်ကြိမ်ခန့် ဝါးပြီးနောက်၊ အသားအနည်းငယ် ကြေညက်ပြီးသည်နှင့် မျိုချလိုက်သည်။ ထို့နောက် သူက ပြောသည်။
“ပင်လယ်ကြီးက အလွန်ကျယ်ဝန်းတယ်။ သူတို့နဲ့ ဆုံတွေ့ဖို့ ခက်တယ်။ သူတို့က ငါတို့ထက်တောင် စောစောရောက်နေလောက်ပြီ။ ဒါပေမယ့် ဉဒေါင်းဘုရင်နဲ့ တွေ့ရင်, ငါတို့ သတိထားရမယ်။ ငါတို့ နှစ်ယောက်ပေါင်းရင်တောင်၊ သူ့ကို မယှဉ်နိုင်မှာ စိုးရိမ်ရတယ်။”
ချန်ယင်းရှာက ပြောသည်။
“တကယ်လို့, မင်းသာ အတိတ်ကျမ်းရဲ့ ဆယ်ရာခိုင်နှုန်းကို နားလည်ထားမယ်ဆိုရင်၊ ငါတို့ တိုက်ခိုက်နိုင်ဖို့ အခွင့်အရေးတစ်ခု ရှိလာနိုင်တယ်။ ငါထင်တာက၊ ကြောက်စရာအကောင်းဆုံးလူက ဉဒေါင်းဘုရင် မဟုတ်ဘဲ၊ ကောင်းကင်မြွေဘုရင်နဲ့ ဆန်းကြယ်ကောင်ကင်ဘုံခန်းမသခင်တို့ စုံတွဲပဲ။” ဟုန်ယွိက ပြောသည်။
“ငါ အရင်က သူတို့နဲ့ မတိုက်ခဲ့ဖူးဘူး။ တကယ်တော့၊ ဒီစုံတွဲ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ သူတို့နဲ့ တိုက်ခိုက်ဖူးသူမှန်သမျှ အခြေခံအားဖြင့် အားလုံး သေဆုံးသွားကြတယ်။”
“အိုး၊ ဟုတ်သားပဲ။ မင်းက အရင်တုန်းက တောရိုင်းဒေသကို ခရီးသွားဖူးတယ်။ အဲဒီနေရာမှာ စုန်းအတတ်နဲ့ တစ္ဆေတာအိုက အလွန်ရေပန်းစားသည်။ အဲဒီနေရာက လူသေတွေကို ယဇ်ပူဇော်ပြီး နတ်ဆိုးအကျင့်ကို ကျင့်ကြံတဲ့ နေရာပဲ။ မင်း သူတို့နဲ့ရော တိုက်ခဲ့ဖူးလား။” ဟုန်ယွိက ရုတ်တရက် မေးလိုက်သည်။
ချန်ယင်းရှာသည် ပင်လယ်ပြင်တွင် ကာလကြာရှည်စွာ လှည့်လည်ခဲ့ဖူးပြီး၊ တောရိုင်းဒေသသို့လည်း ရောက်ဖူးသည်။ သူမသည် အလွန်ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ ဟုန်ယွိသည် တောရိုင်းဒေသသို့ သွားရင်း အနားယူနေစဉ် အားလုံးကို မေးမြန်းရန် ရည်ရွယ်ထားသည်။
“စုန်းအတတ်နဲ့ တစ္ဆေတာအိုရဲ့ တာအိုပညာရပ်တွေကလည်း လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်လောက်အောင် နက်နဲလွန်းတယ်။ သူတို့က အတွင်းနှလုံးသား နတ်ဆိုးကို ထိန်းချုပ်ဖို့ အပြင်နတ်ဆိုးတွေကို ကျင့်ကြံပြီး၊ အပြင်နတ်ဆိုးနဲ့ အတွင်းနှလုံးနတ်ဆိုးကို ထိန်းချုပ်တဲ့ပုံစံ ဖြစ်ပုံရတယ်။ သူတို့က များသောအားဖြင့် သူတို့ခန္ဓာကိုယ်တွေကို နတ်ဆိုးတွေဖြစ်လာအောင် လေ့ကျင့်ကြတယ်။ သူတို့မှာ အလောင်းတွေကို သန့်စင်တဲ့ ပညာရပ်တွေလည်း ရှိတယ်။ သူတို့က လူသားနဲ့ မှော်သားရဲတွေရဲ့ အလောင်းတွေကို အသုံးပြုပြီး သံမဏိအလောင်း၊ ကြေးအလောင်း၊ ငွေအလောင်း၊ ရွှေအလောင်း၊ ပျံသန်းနိုင်သောအလောင်း၊ နတ်ဆရာအလောင်း၊ ကောင်းကင်အလောင်းနဲ့ ဧကရာဇ်အလောင်းတွေကို ဖန်တီးကြတယ်။ နောက်ဆုံးမှာ, သူတို့က အမြင့်မြတ်ဆုံးနတ်ဆိုးသခင်တွေ ဖြစ်လာတယ်။ သူတို့အားလုံးဟာ ရုပ်ပိုင်းဆိုင်ရာမှာ အလွန်မင်း ကြီးမားတဲ့ခွန်အားကို ပိုင်ဆိုင်ကြတယ်။ ဒါ့အပြင်, သူတို့နောက်ကျောမှာ အတောင်ပံတွေပါပြီး၊ လင်းယုန်ငှက်တွေလို ကောင်းကင်ယံမှာ ပျံသန်းနိုင်ပြီး မြေကြီးထဲလည်း တူးဝင်နိုင်တယ်။ သူတို့က အလွန့်လွန် ကြောက်စရာကောင်းတယ်။ တာအိုသခင်တွေတောင် သူတို့ကို ရန်မစချင်ကြဘူး။ သူတို့က နာကျည်း တစ္ဆေတွေကို ထိန်းချုပ်ပြီး အကြွင်းမဲ့ယင်သတ်ဖြတ်ခြင်းအစီအရင်ကို ဖန်တီးနိုင်တယ်။ သူတို့ရဲ့ကျင့်စဉ်အဆင့်က ငါတို့အဆင့်ထက် မနိမ့်ကျဘူး။ ရှေးခေတ်ကာလ အဆုံးသတ်ပြီးနောက် စုန်းအတတ်နဲ့ တစ္ဆေတာအိုမှာ အမြင့်မြတ်ဆုံးနတ်ဆိုးသခင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သူ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့တယ်လို့ ကောလဟာလရှိဖူးတယ်။ သူက မိုနိုဂိုတာရီရဲ့ မီးလျှံနဂါးကိုးကောင်နဲ့ အဆင့်တူတည်ရှိသူတစ်ဦးပဲ။ ဒါပေမယ့် အခုချိန်မှာ ဒါက မဖြစ်နိုင်တော့ဘူး။ ဒီလိုအစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ရှိနေမယ်ဆိုရင် သူက တော်ဝင်ချန်ကို ရောက်လာခဲ့တာ ကြာရောပေါ့။ မင်းရဲ့ဗုဒ္ဓမီးလျှံ အစစ်မှန်ခန္ဓာကိုယ်နဲ့ ငါ့ရဲ့ မိုးကြိုးနတ်ဘုရားတာအိုပညာရပ်တွေက အထူးသဖြင့် နတ်ဆိုးတွေနဲ့ စုန်းအတတ်တွေကို ထိန်းချုပ်ရာမှာ အားသာချက်ရှိတယ်။ ဒီစုန်းအတတ်နဲ့ တစ္ဆေတာအိုပညာရှင်တွေဟာ ရယ်စရာပုဂ္ဂိုလ်တွေထက် ဘာမှမပိုဘူး။” (အစစ်မှန် နေနတ်ဘုရား မီးလျှံဟု ပြန်ဆိုဖူးသော်လည်း၊ (Your Flaming Buddha True Body) ဟု ပါလာသောကြောင့် ပါသည့်အတိုင်း ပြန်ဆိုလိုက်ပါသည်)။
“အိုး၊ စုန်းအတတ်နဲ့ တစ္ဆေတာအိုမှာ အလောင်းတွေကို သန့်စင်တဲ့ သေးငယ်တဲ့ ပညာရပ်လေးက မိုနိုဂိုတာရီရဲ့ မီးလျှံနဂါးကိုးကောင်အဆင့်အထိ ကျင့်ကြံနိုင်တာလား။ ဒါက တကယ်ကို ကြောက်စရာကောင်းတယ်။ ဒါပေမယ့် စုန်းအတတ်၊ တစ္ဆေတာအိုနဲ့ နတ်ဆိုးတာအိုရဲ့ တာအိုပညာရပ် တွေဟာ ရှေးခေတ်ကာလကတည်းက လက်ဆင့်ကမ်းလာခဲ့ကြတယ်။ အခုချိန်မှာ လူတွေဟာ ဉာဏ်အမြင်ရလာကြပြီး၊ သူတို့က နတ်ဆိုးတွေ ဖြစ်တယ်ဆိုတာ သိလာကြပြီ။ လူတွေက သူတို့ကို ယုံကြည်ကြမှာ မဟုတ်တော့ဘူး။ ပြင်းပြင်းထန်ထန် ဖျက်ဆီးဖို့ပဲ ကြိုးစားကြလိမ့်မယ်။ မိုးကောင်းကင်ရဲ့ အလိုတော်အောက်တွင်၊ သူတို့ရဲ့ပညာရပ်တွေက ဘယ်လောက် လျှို့ဝှက်ဆန်းကြယ်ပြီး၊ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ, အဲဒါက အသုံးမဝင်ဘူး။ သူတို့အနေနဲ့ တောရိုင်းဒေသမှာ ပုန်းအောင်းနေပြီး၊ ဌာနေတိုင်းရင်းသားတွေကိုပဲ လေ့ကျင့်ပေးနိုင်တော့တယ်။”
ဟုန်ယွိက ခေါင်းညိတ်သည်။
ချန်ယင်းရှာက စုန်းအတတ်နှင့် တစ္ဆေတာအိုသည် “နတ်ဆိုးများဖြင့် နတ်ဆိုးများကို အနိုင်ယူခြင်း” ဖြစ်သည်ဟု ပြောခဲ့သည်။ သူသည် ဤတာအိုနတွင် ထူးခြားပြီး နက်ရှိုင်းသော သီအိုရီများရှိကြောင်း သိရှိသည်။
သို့သော်၊ နတ်ဆိုးများကို ပြုစုပျိုးထောင်ခြင်း၊ အပြင်ပိုင်းနတ်ဆိုးများနှင့် ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ကြီး၊ အတွင်းနှလုံးသား နတ်ဆိုးများကို ကိုင်တွယ်ခြင်းကဲ့သို့ တာအိုပညာရပ်များကို လူထု၊ ဧကရာဇ်အာဏာနှင့် ဂိုဏ်းအမျိုးမျိုးတို့မှ လက်ခံမည် မဟုတ်ပေ။ သူတို့ ပေါ်ထွက်လာသည်နှင့် တပြိုင်နက်၊ လူထု၏ ရန်သူများ ဖြစ်လာလိမ့်မည်။
အသားကင်များကို စားသောက်ပြီးနောက်, သူတို့နှစ်ဦးသည် ကမ်းခြေပေါ်တွင် ထိုင်ကာ သူတို့၏ စစိတ်ဝိညာဉ်များကို တိတ်တဆိတ် ကျင့်ကြံကြသည်။
ဤအခိုက်တန့်သည် အရုဏ်မတက်မီ အမှောင်ဆုံးအချိန် ဖြစ်သည်။ သဘာဝအလျောက်၊ အေးချမ်းမှုနှင့် တည်ငြိမ်မှုကို ခံစားရသည်။
ထိုအခိုက်အတန့်တွင်၊ သစ်တောထဲရှိ ညငှက်များအားလုံး ကောင်းကင်သို့ ပျံတက်သွားကြသည်။ ဟုန်ယွိသည် ကြီးမားသော ဘေးဒဏ်တစ်ခု ကျရောက်တော့မည့်အလား ငှက်များနှင့် သားရဲများအားလုံး ထွက်ပြေးနေသည်ကို ခံစားရသည်၊
“ဟမ်၊ ကျွန်းပေါ်က မီးတောင်ကြီး ပေါက်ကွဲတော့မှာလား။”
ထိုလှုပ်ရှားမှုကို ခံစားရသောအခါ၊ ချန်ယင်းရှာနှင့် ဟုန်ယွိတို့သည် သူတို့မျက်လုံးများကို တပြိုင်နက် ဖွင့်လိုက်ကြသည်။
“မဟုတ်ဘူး….။ အဲဒါက ကောင်းကင်ထဲမှာ….။”
ချန်ယင်းရှာက ကောင်းကင်ယံကို ညွှန်ပြသည်။ မှောင်မိုက်သောညတွင်၊ ထိုးဖောက်သံတစ်ခုကို ကြားရသည်။ ထို့နောက်၊ ဧရာမ အတောင်ပံကြီး နှစ်ဖက်ပါသော လူသားပုံစံ နတ်ဆိုးတစ်ကောင်သည် ကောင်းကင်ပေါ် ပေရာပေါင်းများစွာ အမြင့်မှာ ပျံသန်းပြီး အောက်သို့ ငုံ့ဆင်းလာသည်။
“ဟမ်၊ အခုမှ စုန်းအတတ်နဲ့ တစ္ဆေတာအိုအကြောင်း ပြောနေတုန်းရှိသေးတယ်။ ကောင်းကင်အလောင်းက ထွက်ပေါ်လာတာလား။”