အခန်း (၂၁၄-၂၁၆)
Vol. 19 Ch. 214-216
အပိုင်း (၂၁၄)။
“စုန်းအတတ်နဲ့ တစ္ဆေတာအိုရဲ့ ကောင်းကင်အလောင်းက ဒီလိုပုံစံလား။ ဒါက ဗုဒ္ဓဘာသာ နံရံဆေးရေးပန်းချီကားတွေထဲက ပျံသန်းနေသော ယာကရှာနတ်ဆိုးနဲ့ မတူဘူးလား….။”
ဟုန်ယွိသည် ကောင်းကင်တွင် ရုတ်တရက် ပေါ်လာသော မွန်းစတားကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် မွန်းစတား၏ ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာ မြင်တွေ့ပြီးနောက် လင်းလက်သွားပါသည်။
ယခုအခါ သူ၏သိုင်းပညာသည် များစွာတိုးတက်လာခဲ့ပြီး၊ “အစစ်မှန် သိုင်းသူတော်စင်ခန္ဓာကိုယ်” ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပြီ။ သူ၏ ကြွက်သားများ၊ အရိုးများ၊ အရေပြားနှင့် အသားများသည် “တောက်ပသောမိုးကြိုးကိုယ်ထည်” ဖြင့် သန့်စင်ခံခဲ့ပြီးဖြစ်သည်။ သူ၏ချီစွမ်းအင်နှင့် သွေးများသည် ခိုင်ခန့်ပြီး၊ သူ၏ အမြင်အာရုံလည်း တိုးတက်လာခဲ့သည်။ အရုဏ်တက်ချိန်မတိုင်မီ အချိန်သည် အမှောင်ဆုံးအချိန် ဖြစ်သော်လည်း၊ သူသည် ကောင်းကင်တွင် ငှက်မွှေးငှက်တောင်များကို ရှင်းလင်းစွာ မြင်နိုင်သည်၊ ဤမျှကြီးမားသော မွန်းစတားကို ပို၍ပင် ရှင်းလင်းစွာ မြင်နိုင်သည်။
ဤနတ်ဆိုးမွန်းစတားသည် ကြီးမားသော အသားတောင်ပံနှစ်ဘက်ရှိပြီး၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ အကြေးခွံများ၏ အရောင်သည် နက်ပြာရောင်ဖြစ်ပြီး၊ ရွှေနက်ရောင် အနည်းငယ် ရောယှက်နေသည်။ ၎င်းသည် ဓားနှင့်လှံများပင် မထိခိုက်နိုင်သော အကြေးခွံဖြစ်သည်။ ၎င်း၏ အကြေးခွံများသည် မဟူရာနတ်ဆိုးချီလင်မြင်း၏ အကြေးခွံများထက်ပင် ပိုထူသည်။
အကြေးခွံများသည် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်နှာကိုပါ ဖုံးလွှမ်းထားသည်။ ၎င်း၏ သွားစွယ်နှစ်ချောင်းသည် ပြူးထွက်နေပြီး၊ ၎င်း၏ သွေးနီရောင်မျက်လုံးများသည် ပတ္တမြားကျောက်များနှင့်တူကာ၊ မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ဤကဲ့သို့သော ပုံပန်းသွင်ပြင်သည် ရက်စက်ကြမ်းကြတ်ပြီး၊ ကြောက်မက်ဖွယ်ကောင်းကာ၊ နတ်ဆိုးဆန်ပြီး သနားကရုဏာ ကင်းမဲ့သည်။ ၎င်းသည် ဤလောကတွင် ကြောက်မက်ဖွယ် စကားလုံးအားလုံးကို သူ့ခန္ဓာကိုယ်ပေါ်တွင် စုစည်းထားသလိုပင်။
ဤမွန်းစတား ပျံသန်းနေစဉ်၊ ၎င်း၏ လက်ထဲတွင် လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။ လက်နက်က ယာကရှာနတ်ဆိုးဘုရင်၏ သံမဏိသုံးမြှောင့်လှံတံနှင့်တူသည်။ ထိုလက်နက်ကို အနက်ရောင်သံမဏိဖြင့် ပြုလုပ်ထားပြီး၊ လှံပုဆိန်၏ ထိပ်ဖျားသည် စွန်းထင်းနေသော သွေးများဖြင့် ဖုံးလွှမ်းထားသည်။ ယင်းက မရေမတွက်နိုင်သော သတ္တဝါများကို သတ်ဖြတ်ပြီး ၎င်းတို့၏ သွေးများဖြင့် စွန်းထင်းထားခြင်း ဖြစ်သည်။
ဤမွန်းစတားသည် လင်းယုန်တစ်ကောင်ကဲ့သို့ ကောင်းကင်တွင် လှည့်ပတ်ပျံသန်းနေသည်။ လှည့်ပတ်နေစဉ်၊ လူများ၏ ဦးရေပြားကို ထုံကျဉ်စေပြီး ဝိညာဉ်များကို တုန်လှုပ်စေသည့် စူးစူးရှရှ အော်သံများကို အော်ဟစ်နေသည်။
ရုတ်တရက်၊ ကောင်းကင်အလောင်းသည် ပစ်မှတ်တစ်ခုကို အာရုံလိုက်သလိုပင်။ ၎င်း၏ အသားတောင်ပံများသည် ရုတ်တရက် ပိတ်သွားပြီး၊ ဓားတစ်ချောင်းကဲ့သို့ သစ်တောထဲ ငုံ့ဆင်းသွားသည်။ ထို့နောက် သစ်တောအတွင်း ဝေးကွာသောအရပ်မှ အော်သံများ ထွက်ပေါ်လာသည်။ ဒေါသထွက်နေသော ဝက်ဝံတစ်ကောင်နှင့် ကျားတစ်ကောင်၏ ဟိန်းဟောက်သံများ ဖြစ်သည်။
အော်သံများ ဆက်တိုက် ထွက်ပေါ်ပြီးနောက်၊ ကောင်းကင်အလောင်းသည် ထပ်မံ ပျံတက်လာသည်။ ၎င်း၏ လက်တစ်ဖက်ရှိ သံမဏိသုံးမြှောင့်လှံတံ သည် အရောင်စုံကျားတစ်ကောင်ကို ထိုးဖောက်ထားပြီး၊ အခြားလက်တစ်ဖက်တွင် အနက်ရောင်ဝက်ဝံတစ်ကောင်ကို သယ်ဆောင်ထားသည်။
ကျားနှင့်ဝက်ဝံသည် အနည်းဆုံး ပေါင်နှစ်ထောင် အလေးချိန်ရှိသော်လည်း၊ ၎င်းတို့ကို ကောင်းကင်သို့ သယ်ဆောင်ရာတွင် စွမ်းအင် မသုံးစွဲရပေ။ ၎င်းသည် စားရင်းသောက်ရင်း အလွယ်တကူ သယ်ဆောင်သွားသည့်အလား ဖြစ်နေသည်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ကောင်းကင်အလောင်းလဲ။ ဒီလိုစွမ်းအားမျိုး အထွက်အထိပ် ရှင်တန်သိုင်းသခင်တစ်ဦးနဲ့ ညီမျှတယ်။ ဒါ့ပြင်၊ သူက ပျံသန်းနိုင်ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဓားလှံတွေ မထိခိုက်နိုင်ဘူး။ ကျားနဲ့ဝက်ဝံတွေကို အမဲလိုက်တာက ကြက်ငှက်ဖမ်းသလို လွယ်ကူလွန်းတယ်။ သူက မှော်ပညာကို အသုံးပြုနေလားလို့တောင် တွေးမိတယ်။ ဒီကမ္ဘာကြီးက ကျယ်ပြောပြီး တကယ်ကို အံ့မခန်းပဲ။ အရင်တုန်းကဆို, ငါဟာ ပျံသန်းနိုင်သော ယာကရှာအကြောင်းကို တရားမဝင် သမိုင်းမှတ်တမ်းတွေမှာပဲ ဖတ်ဖူးပြီး၊ ကိုယ်တိုင်မျက်မြင် မတွေ့ဖူးဘူး….။”
ဟုန်ယွိသည် ကောင်းကင်အလောင်းက ကျားနှင့်ဝက်ဝံကို ချက်ချင်းသတ်ဖြတ်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို ကြည့်နေသည်။ သူသည် “ထိုမွန်းစတားကို နှိမ်နင်းရန်” လှုပ်ရှားခြင်း မပြုခဲ့ပေ။ ဤနေရာသည် တောရိုင်းဒေသနဲ့ နီးကပ်နေပြီး၊ ဤနေရာ၏ အခြေအနေသည် အလွန်မင်း ရှုပ်ထွေးနေသည်ကို သူ သိသည်။ အကယ်၍ သူသည် အစွမ်းထက်သူတစ်ဦးကို ရန်စမိပါက၊ သူ မကြောက်ရွံ့သော်လည်း၊ ရတနာကို သိမ်းယူရန်နှင့် မဟူရာဝံပုလွေဘုရင် ဘီရှီဟွာကို သတ်ဖြတ်ရန် သူ၏ အစီအစဉ်ကို သေချာပေါက် ထိခိုက်စေမည်။
“ဒီကောင်းကင်အလောင်းရဲ့ သခင်က သိပ်အစွမ်းထက်သူ မဟုတ်ဘူး။ တကယ်လို့ ဒီအလောင်းသာ ဧကရာဇ်အလောင်းဆိုရင်, ဒီအလောင်းကို ဖန်တီးသူက တစ္ဆေအင်မော်တယ်တစ်ဦးဖြစ်ရမယ်။ ဒါဆို ငါတို့ သတိထားရမယ်။ တောရိုင်းဒေသမှာ စုန်းတစ္ဆေဂိုဏ်းဟာ အစွမ်းထက်ဆုံး အင်အားစုတစ်ခုပဲ။ သူတို့မှာလည်း တစ္ဆေအင်မော်တယ်တွေနဲ့ မကင်းဘူး။” ချန်ယင်းရှာက စိုးရိမ်ပုံမပေါ်ပေ။
“ကောင်းကင်အလောင်းသည် ဤမျှအစွမ်းထက်နေပြီ ဖြစ်သည်။ ဧကရာဇ်အလောင်းသည် မည်မျှ အစွမ်းထက်မည်နည်း။ ဤစုန်းတစ္ဆေဂိုဏ်းသည် အမှန်တကယ် ယဉ်ကျေးမှုစည်းကမ်းများကို နားမလည်ပေ။ သူတို့ကို အလောင်းဘုရင်လို့ ခေါ်ဆိုရမည်။”
ဟုန်ယွိက မကျေမနပ်ဖြစ်ဟန်ဖြင့် နှာခေါင်းရှုံ့သည်။
“မင်းရော ဧကရာဇ်စေတမန်ကို မသတ်ခဲ့ဘူးလား။” ချန်ယင်းရှာက ပြုံးလိုက်သည်။ “သွားကြစို့။ ငါ တောရိုင်းဒေသမှာ တစ်ကြိမ်ပဲ လှည့်လည်ခဲ့ဖူးပြီး၊ အရွက်ကိုးရွက်လင်းဇီးကို ရှာတွေ့ခဲ့တယ်။ ငါက ဒီနေရာနဲ့ သိပ်မရင်းနှီးဘူး။ ဒီကောင်းကင်အလောင်းနောက် လိုက်သွားရင် စုန်းတစ္ဆေဂိုဏ်းရဲ့ အသိုက်မြုံကို ရှာတွေ့နိုင်တယ်။ ဒီကောင်းကင်အလောင်းရဲ့ သခင်ကို ဖမ်းဆီးပြီး၊ ဒိုင်ဇင်ဘုရားကျောင်းက အသက်ရှင်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဘုန်းတော်ကြီးရဲ့တည်နေရာကို စစ်ဆေးမေးမြန်းနိုင်တယ်။ စုန်းတစ္ဆေဂိုဏ်းက တောရိုင်းဒေသမှာ အကြီးမားဆုံး ဂိုဏ်းတစ်ခုပဲ။ သူတို့မှာ ငါတို့ထက် သတင်းအချက်အလက် ပိုရနိုင်တယ်။”
ဒိုင်ဇင်ဘုရားကျောင်းမှ အသက်ရှင်ပြီး ထွက်ပြေးလွတ်မြောက်သွားသော ဘုန်းတော်ကြီးသည် စကြာဝဠာအိတ်ကို တောရိုင်းဒေသသို့ ယူဆောင်လာခဲ့သည်။ စုန်းတစ္ဆေဂိုဏ်းတွင် ထိုအကြောင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ သေချာပေါက် ရှိမည်ဖြစ်သည်။
“ကောင်းပြီ!”
ဟုန်ယွိက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ သူနှင့် ချန်ယင်းရှာတို့သည် လေဟုန်စီးနင်းကာ ကောင်းကင်အလောင်းနောက်သို့ လိုက်ပါသွားခဲ့သည်။ ဤကောင်းကင်အလောင်းသည် ကျားနှင့်ဝက်ဝံကို သယ်ဆောင်ထားသော်လည်း၊ လင်းယုန်တစ်ကောင်ကဲ့သို့ အလွန်မြန်ဆန်စွာ ပျံသန်းသည်။ ၎င်း၏အတောင်ပံများကို တစ်ချက် ခတ်လိုက်ရုံဖြင့်၊ လေစီးကြောင်းများ ထကြွလာသည်။ လေစီးကြောင်းများက ၎င်း၏ခန္ဓာကိုယ်ကို ဘေးသို့ စောင်းလိုက်ပြီး၊ လေစီးကြောင်းကို ထိန်းချုပ်ကာ နှစ်မှသုံးမိုင်ခန့် စီးမျောသွားသည်။ ယင်းက ၎င်း၏ ထူးခြားသော ပျံသန်းမှုစွမ်းရည်ကို ပြသသည်။
လေးနာရီခန့် ပျံသန်းပြီးနောက်၊ ကောင်းကင်က လင်းလက်လာခဲ့ပြီ။ နောက်ထပ် မိုင်ခုနစ်ရာမှ မိုင်ရှစ်ရာခန့် ပျံသန်းပြီးနောက်၊ ဝေးကွာသော နေရာတွင် ကျွန်းငယ်တစ်ကျွန်း ပေါ်ထွက်လာသည်။ ကျွန်းက အပြာရောင်ကောင်းကင်နှင့် ပင်လယ်ထဲတွင် မျောနေသော အစိမ်းရောင်ခရုတစ်ကောင်နှင့် တူသည်။
ကောင်းကင်အလောင်းသည် တခဏမျှ လှည့်ပတ်ကြည့်ရူပြီးနောက်၊ ကျွန်းပေါ်ရှိ သစ်တောထဲသို့ ငုံ့ဆင်းသွားခဲ့သည်။
“ဟမ်…”
ဟုန်ယွိသည် သူ့အတွေးမျှင်တစ်ခု လေထဲတွင် ဖုံးကွယ်ထားရင်း ထိုအလောင်ကောင်နောက်သို့ လိုက်ပါသွားခဲ့ပြီး၊ သစ်တောထဲတွင် သစ်သားဖြင့် ဆောက်ထားသော အဆောက်အအုံငယ်တစ်ခု ရှိကြောင်း သူ တွေ့ရှိခဲ့သည်။ သစ်သားအဆောက်အအုံ ပတ်ဝန်းကျင်တွင်၊ အနက်ရောင် အသားအရေ ဖြင့် သားရဲတိရိစ္ဆာန် အရေခွံတစ်ထပ်သာ ဝတ်ဆင်ထားသော ဌာနေတိုင်းရင်းသားများ ရှိနေသည်။ သစ်သားအဆောက်အအုံ အပေါ်တွင်၊ မုတ်ဆိတ်မွှေးရှည်ရှည် ပိန်ပိန်ပါးပါး တာအိုဘုန်းတော်ကြီးတစ်ပါး ရှိသည်။ သူသည် ဝါဂွံးဖြင့်ပြုလုပ်ထားသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ လက်ထဲတွင် အရိုးဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ဤတာအိုဘုန်းတော်ကြီးသည် ခေါင်းကိုမော့ပြီး၊ ငုံ့ဆင်းလာသော ကောင်းကင်အလောင်းကို တစ်ချက်ကြည့်လိုက်သည်။ သူက ကျိန်ဆဲလိုက်သည်။ “မင်းကို ပင်လယ်ပြင်မှာ ကင်းလှည့်ပြီး ဖြတ်သွားဖြတ်လာ သင်္ဘောတွေ, သင်္ဘောအုပ်စုတွေကို စောင့်ကြည့်ဖို့ ပြောထားတာလေ။ ဒါပေမယ့်, မင်းကတော့ ဝက်ဝံတွေ ကျားတွေကို အမဲလိုက်ပြီး သတ်ဖြတ်စားသောက်ဖို့ သွားခဲ့တယ်။ မကြာသေးခင်ကမှ ဂိုဏ်းခေါင်းဆောင်က အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံက ကျွမ်းကျင်သူတွေ ရတနာသိုက်ရှာဖွေဖို့ တောရိုင်းဒေသကို ရောက်လာတဲ့အကြောင်း ကြားထားတယ်တဲ့။ သူက ငါတို့ကို တောရိုင်းဒေသ ဝင်ပေါက်ကို စောင့်ကြပ်ပြီး တစ်စုံတစ်ခု ဖြစ်ပေါ်လာရင် ချက်ချင်း ပြင်ဆင်နိုင်ရန်အတွက် သတင်းပို့ဖို့ ပြောခဲ့တယ်။ မင်းလို နတ်ဆိုးတစ်ကောင်က ငါ့အရေးကိစ္စတွေကို နှောင့်နှေးစေရဲရန်၊ ငါ မင်းကို ဖော့စဖရပ်မီးနဲ့ မီးရှို့ပစ်မယ်။”
“ဟမ်၊ ဒီတာအိုရောင်းရင်းက ဘယ်သူများပါလဲ။ ရောင်းရင်းက ကျွန်ုပ်ရဲ့ကောင်းကင်အလောင်း နောက်ကနေ ခြေရာခံလိုက်နေတာလား။”
ထိုအခိုက်အတန့်တွင်၊ ထိုတာအိုဘုန်းတော်ကြီးသည် တစ်ခုခုမူမမှန်ကြောင်း ရုတ်တရက် သတိပြုမိသည်။ သူက ကောင်းကင်ယံကို စိုက်ကြည့်ပြီး၊ လက်ထဲရှိ အရိုးတောင်ဝှေးကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ သူက ဝိညာဉ်တွေကို ဖမ်းဆီးနိုင်သည့် စူးစူးရှရှလေတိုးသံကို ထုတ်လွှတ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ အနက်ရောင်အသားအရေနှင့် ဌာနေတိုင်းရင်းသားများသည် တာအိုဘုန်းတော်ကြီး၏ အသံကို ကြားသောအခါ၊ မြေပေါ်တွင် ချက်ချင်း ဒူးထောက်ပြီး ဦးညွှတ်ပူဇော်ကြသည်။
“စုန်းတစ္ဆေဂိုဏ်းက ပင်လယ်ပြင်မှာ အခြေစိုက်စခန်းကို ဘယ်အချိန်ကတည်းက တည်ဆောက်ခဲ့တာလဲ။ မင်းတို့က ဒီဌာနေတိုင်းရင်းသားတွေကို အားကိုးပြီး နိုင်ငံတစ်နိုင်ငံ တည်ထောင်လိုတာလား။ တာအိုဘုန်းတော်လေး၊ ဆက်ပြီး ခုခံမနေပါနဲ့။ မင်းရဲ့ ဝိညာဉ်ဖမ်းနတ်ဆိုးအသံက ငါတို့အပေါ် အသုံးမဝင်ဘူး။”
ဟုန်ယွိနှင့် ချန်ယင်းရှာတို့ကို သယ်ဆောင်လာသော ကြီးမားသော ယင်လေပြင်းတစ်ခုသည် သစ်သားအဆောက်အအုံရှေ့ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
သူတို့နှစ်ဦး ဆင်းသက်ပြီးနောက်၊ ယင်လေပြင်းသည် ချက်ချင်း လွင့်ပျယ်သွားသည်။ မြေပြင်ခိုင်မာသော မြေပြင်ပေါ်သို့ ခြေချပြီးနောက်၊ ချန်ယင်းရှာသည် သစ်သားအဆောက်အအုံပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် အရိုးတောင်ဝှေး ကိုင်ဆောင်ထားသော တာအိုဘုန်းတော်ကြီးကို ကြည့်လိုက်သည်။
“ဟမ်…။”
တာအိုဘုန်းတော်ကြီးသည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့ ဆင်းသက်လာသည်ကို မြင်သောအခါ၊ သူက ရယ်မောပြီး လက်ညှိုးထိုးကာ စူးစူးရှရှ အော်သံတစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်သည်။
“မင်းတို့ တာအိုလက်တွဲဖော်နှစ်ဦးက ရုပ်ခန္ဓာကိုယ်တွေနဲ့ ပျံသန်းလာပြီး ငါ့နယ်မြေရဲ့အလယ်ဗဟိုမှာ ဆင်းသက်ရဲတာလား။ မင်းတို့က သေမင်းကို ဖိတ်ခေါ်နေတာပဲ။ အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံက တာအိုပညာရှင်တွေဟာ ဒီလောက်မာနကြီးပြီး မောက်မာနေကြတာလား။” တာအိုဘုန်းတော်ကြီး၏ မျက်လုံးများတွင် အစိမ်းရောင်အလင်းတစ်ခု ဖြတ်သန်းသွားသည်။
ထို့နောက် ကောင်းကင်အလောင်းက ဟိန်းဟောက်လိုက်သည်။ ၎င်းသည် သံမဏိသုံးမြှောင့်ခက်ရင်းခွကို မြှောက်ပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက် သည်။ ၎င်း၏ အတောင်ပံများကို တစ်ချက်ရိုက်ခတ်လိုက်ရုံဖြင့်၊ မြေပြင်မှ ဖုန်မှုန့်များ လွင့်စင်သွားသည်။ အနီးအနားဝန်းကျင် ပေနှစ်ဆယ်မှ သုံးဆယ်အတွင်း ဘာမှမမြင်ရပေ။
ဝှီး…။
ဖုန်မှုန့်များအတွင်းမှ သံမဏိသုံးမြှောင့်ခက်ရင်းခွသည် လေဟာနယ်ကို ဖြတ်ကျော်လာသည့် နတ်ဘုရားလက်နက်ကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်လာ ပြီး၊ ဟုန်ယွိ၏ မျက်နှာဆီသို့ တည့်တည့် ဦးတည်လာသည်။
“လခွမ်း….၊ ဒီတိုက်ခိုက်မှုက တကယ်ကို မြန်လွန်းတယ်။ ငါတို့ တုံ့ပြန်ဖို့တောင် အချိန်မရှိဘူး။ တကယ်လို့, ငါတို့သာ တာအိုပညာရပ်ကို အသုံးပြဖို့ နည်းနည်း နောက်ကျသွားခဲ့ရင်, အတုံးလိုက် ခုတ်သတ်ခံရလောက်ပြီ။ ဒီကောင်းကင်အလောင်းရဲ့ သိုင်းပညာစွမ်းရည်က အမှန်တကယ် အားကောင်းတယ်။”
ဟုန်ယွိသည် သံမဏိသုံးမြှောင့်ခက်ရင်းခွ ပျံသန်းလာသည်ကို မြင်သောအခါ၊ သူသည် မရှောင်တိမ်းခဲ့ပေ။ ယင်းအစား၊ သူက လက်ထဲရှိ ဖြိုခွဲခြင်းဆေဘာကို အသုံးပြုပြီး၊ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ တစ်ချက်ခုတ်ပိုင်းလိုက်ရုံဖြင့်၊ ထူထဲသော ဆေဘာရောင်ခြည်သည် သူ့ခန္ဓာကိုယ်ကို လျှပ်စစ်မြွေကဲ့သို့ ပတ်ရစ်လာသည်။ ချက်ချင်းဆိုသလို၊ ဆေဘာက သံမဏိသုံးမြှောင့်ခက်ရင်းခွကို အပိုင်းပိုင်း ဖြတ်တောက်သွားသည်။
တစ်ချိန်တည်းမှာပင်၊ ဆေဘာရောင်ခြည်က လွှမ်းခြုံသွားသည်။ ကောင်းကင်အလောင်းသည် အော်ဟစ်လိုက်ပြီး၊ ၎င်း၏ ခန္ဓာကိုယ်သည် ချက်ချင်း နှစ်ပိုင်းကွဲသွားသည်။ မာကြေသော အကြေးခွံများသည် ဆေဘာနှင့် ထိတွေ့သောအခါ၊ မီးပွားများ လွင့်စင်သွားသည်။ အကြေးခွံများကို ဖြတ်ပိုင်းလိုက်သောအခါ၊ ဟုန်ယွိသည်ပင် ကြီးမားသော ခုခံမှုကို ခံစားရသည်။
ဟုန်ယွိသည် လျှပ်တပြက် မိုးကြိုးစက်ဝိုင်းကို ဖြိုခွဲခြင်းဆေဘာဖြင့် အသုံးပြုလိုက်သောအခါ၊ တစ်ပေထူသော သတ္တုပြားများကိုပင် တို့ဖူးကဲ့သို့ လှီးဖြတ်နိုင်သည်။ သူသည် မည်သည့်ခုခံမှုကိုမျှ ခံစားရမည် မဟုတ်ပေ။ သို့သော်၊ ဤကောင်းကင်အလောင်း၏ အကြေးခွံများသည် သူ့ကို ခုခံနေသည့် ခံစားမျိုး ခံစားရစေနိုင်သည်။ ကြေးခွံများသည် မည်သည့်သံချပ်ကာထက်မဆို ပိုမိုမာကြောသည်။
“ဘယ်လောက်မာကြောလိုက်တဲ့ အကြေးခွံတွေလဲ။ ဒါပေမယ့် ငါ့ဖြိုခွဲခြင်းဆေဘာက အလွန်ထက်မြက်လွန်းတယ်။ ဒီကောင်းကင်အလောင်းက သိုင်းပညာကိုပဲ သိပြီး တာအိုနည်းလမ်းတွေကို မသိဘူးဆိုတော့ သိပ်ကြောက်စရာမကောင်းဘူး။ ဒါပေမယ့်၊ ခန္ဓာကိုယ်က မာကြောပြီး ပျံသန်းနိုင်တယ်။ ဒီအလောင်းကောင်က ရှင်တန်သိုင်းသခင်တွေထက် အများကြီး ပိုအစွမ်းထက်တယ်။”
ဟုန်ယွိသည် ထိုကောင်းကင်အလောင်းကို ဖြတ်ပိုင်းပြီးနောက်၊ ရှေ့သို့ အပြေးအလွှား ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ တဟုန်ထိုး ပြေးလွှားရုံဖြင့် ခြေလှမ်းသုံးဆယ်ကျော် အကာအဝေးကို လျှပ်တပြက် ရောက်ရှိသွားခဲ့ပြီး၊ သစ်သားအဆောက်အအုံရှေ့သို့ ရောက်သောအခါ၊ ဖြိုခွဲခြင်းဆေဘာသည် တာအိုဘုန်းတော်ကြီး၏ လည်ပင်းတွင် ထောက်ထားပြီး ဖြစ်သည်။
ဤတာအိုဘုန်းတော်ကြီးသည် မတ်တပ်ထရပ်လိုက်ရုံသာရှိသေးပြီး၊ မည်သည့်တာအိုပညာရပ်ကိုမျှ အသုံးပြုရန် အချိန်မမှီတော့။ သူသည် သိုင်းပညာဖြင့် နှိမ်နင်းခံလိုက်ရသည်။
ဤအချိန်တွင်၊ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်သန်မာပြီး၊ သူ၏ သိုင်းပညာစွမ်းရည်သည် မည်သည့် မဟာဆရာသခင်အဆင့်ထက်မဆို မနိမ့်ပေ။ အနီးကပ်တိုက်ပွဲတွင်၊ မည်သည့်တာအိုပညာရှင်မဆို နှစ်ခါစဉ်းစားရမည်။
သူသည် ထိုကောင်းကင်အလောင်းကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့သည်ကို အံ့သြစရာမလိုချေ။ ယင်းက သူ၏ သိုင်းပညာစွမ်းရည်သည် အလွန်မြင့်မား ပြီး၊ ဖြိုခွဲခြင်းဆေဘာသည် အလွန်ထက်မြက်သောကြောင့် ဖြစ်သည်။ အကယ်၍ အခြားသူတစ်ဦးဖြစ်ခဲ့ပါက၊ ဤကောင်းကင်အလောင်းကို ရင်ဆိုင်ရန် စစ်တပ်တစ်တပ် ရှိလျှင်ပင်, ၎င်းသည် ဘေးဒုက္ခနှင့် ရင်ဆိုင်ရလိမ့်မည်။ ၎င်း၏ အကြေးခွံများ၏ ခုခံကာကွယ်မှုကို ဖြတ်ကျော်ရန်ပင် မဖြစ်နိုင်ပေ။
သက်တန့်ထိုးဖောက်လေးပင်လျှင် ဤမာကြောသော အကြေးခွံများကို ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။
လူတစ်ရပ်စာမြင့်သော ဖြိုခွဲခြင်းဆေဘာကို ကြည့်လိုက်လျှင်၊ ဓားသွားသည် အလွန်ထက်မြက်လွန်းသဖြင့် ကြက်သီးမွှေးညှင်းများပင် ထောင်ထသွားစေနိုင်သည်။ တာအိုဘုန်းတော်ကြီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
ဟုန်ယွိသည် ထိုတာအိုဘုန်းတော်ကြီးကို စကားပြောခွင့်မပြုပါ။ သူသည် တာအိုဘုန်းတော်ကြီး၏ လည်ဂုတ်ကို ဆုပ်ကိုင်လိုက်ပြီး၊ လင်းယုန်တစ်ကောင်က ကြက်ကလေးတစ်ကောင်ကို သယ်ဆောင်သွားသည့်အလား သစ်သားအဆောက်အအုံမှ ခုန်ဆင်းလိုက်သည်။ သူသည် တာအိုဘုန်းတော်ကြီးကို ချန်ယင်းရှာရှေ့သို့ ယူဆောင်လာသည်။
“ခုခံဖို့ မကြိုးစားနဲ့။ ပြီးတော့ ဘာလှည့်ကွက်ကိုမှလည်း အသုံးမပြုနဲ့။ ငါ့နာမည်ကို မင်း ကြားဖူးကောင်း ကြားဖူးလိမ့်မယ်။ ငါက ဒီကမ္ဘာပေါ်က မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲ တစ်ပါးအပါဝင် ဖြစ်တဲ့ ငွေငါးမန်းဘုရင်ပဲ။ သူက ငါ့ရဲ့တာအိုလက်တွဲဖော်ဖြစ်သလို၊ တစ္ဆေအင်မော်တယ် တစ်ဦးလည်း ဖြစ်တယ်။ မင်းဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ရောက်လာခဲ့ရင်တောင်၊ ငါတို့ ပြိုင်ဘက်မဟုတ်ဘူး။ ငါ့မေးခွန်းတွေကို ရိုးသားစွာ ဖြေဆိုမယ်ဆိုရင်, ငါ မင်းအသက်ကို ချမ်းသာပေးနိုင်တယ်….။”
ချန်ယင်းရှာသည် ဤတာအိုဘုန်းတော်ကြီးကို ကြည့်လိုက်သည်။ သူမ၏စကားလုံးများသည် တာအိုဘုန်းတော်ကြီး၏ ခုခံရန် စိတ်ကူးများကို ချက်ချင်း ငြှိမ်းသတ်လိုက်သည်။
တစ္ဆေအင်မော်တယ်များသည် ကမ္ဘာပေါ်ရှိ တာအိုကျွမ်းကျင်သူများအကြားတွင် ကြီးမားသော အောင်မြင်သူများ ဖြစ်သည်။ ၎င်းတို့သည် အလွန် ရှားပါးသည်။ ကမ္ဘာပေါ်တွင် တာအိုကျင့်ကြံသူ များစွာရှိသော်လည်း၊ တစ္ဆေအင်မော်တယ်ဖြစ်လာနိုင်သူများသည် ဖီးနစ်အမွှေးအတောင်များနှင့် ကျီလင်ဦးချိုများကဲ့သို့ ရှားပါးသည်။
ဟုန်ယွိသည် ဤတာအိုဘုန်းတော်ကြီးကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်သည် သိပ်အားမကောင်းပေ။ ၎င်းသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်အထိသာ ကျင့်ကြံထားနိုင်သည်။ သူသည် လက်ချောင်းတစ်ချက် လှုပ်ရှားရုံဖြင့် ထိုတာအိုဘုန်းတော်ကြီးကို သတ်ပစ်နိုင်သည်။
“ဒါဆို အစစ်မှန်အင်မော်တယ် ငွေငါးမန်းပေါ့။ ကျွန်ုပ်က စုန်းတစ္ဆေဂိုဏ်းကနေ အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံကနေ တောရိုင်းဒေသကိုလာတဲ့ ပင်လယ်ရေလမ်းကြောင်းကို စောင့်ကြပ်ဖို့ စေလွှတ်ခံရသူပါ။ အစစ်မှန်အင်မော်တယ် ငွေငါးမန်းက ပင်လယ်လေးစင်းကို လွှမ်းမိုးနိုင်ပါတယ်။ သူ့ရဲ့နာမည်ကျော်ကြားမှုကို လူတိုင်းသိကြတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က၊ ယွန်မင်ရဲ့သင်္ဘောတွေ ပင်လယ်ပြင်ကို ရောက်ရှိလာခဲ့ပြီး၊ တောရိုင်းဒေသကို ဦးတည်သွားကြပါတယ်။ အစစ်မှန်အင်မော်တယ် ငွေငါးမန်းရဲ့ မဟာရန်သူဖြစ်တဲ့ အစစ်မှန်အင်မော်တယ် မဟူရာဝံပုလွေလည်း သင်္ဘောပေါ်မှာ ရှိနေပါတယ်..။”
“ဟမ်၊ မဟူရာဝံပုလွေဘုရင်ရဲ့ သင်္ဘောအုပ်စု ရောက်လာတာ ဘယ်လောက်ကြာပြီလဲ။”
ချန်ယင်းရှာသည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“သုံးရက်ရှိပါပြီ။ ကျွန်ုပ်မှာ နဂိုက သန့်စင်ထားတဲ့ ပျံသန်းနိုင်တဲ့ ကောင်းကင်အလောင်း ငါးကောင်ရှိခဲ့ပါတယ်။ သူတို့ကို သန့်စင်ဖို့ ကျွန်ုပ်မှာ အများကြီး အားထုတ်ခဲ့ရတယ်။ ဒါပေမယ့် သင်္ဘောအုပ်စုနှင့် နီးကပ်သွားတာကြောင့်၊ လေးကောင်ကို ဖမ်းဆီးခံခဲ့ရတယ်။ အခု နောက်ဆုံးတစ်ကောင်လည်း သေဆုံးသွားပြီ။ ကျွန်ုပ် ဘဝတစ်သက်တာလုံး ကြိုးစားပမ်းစား အားထုတ်ခံသမျှ ပျက်စီးသွားပါပြီ။ အစစ်မှန်အင်မော်တယ် ငွေငါးမန်းက ကျွန်ုပ်အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။”
တာအိုဘုန်းတော်ကြီးက အော်ပြောလိုက်သည်။
“သူတို့သင်္ဘောအုပ်စု ဘယ်ဆီကို ဦးတည်သွားလဲ။ တောရိုင်းဒေသမှာ ဒိုင်ဇင်ဘုရားကျောင်းကနေ ထွက်ပြေးလာတဲ့ ဘုန်းတော်ကြီးတစ်ပါးအကြောင်း မင်း ကြားဖူးသလား။”
“ကျွန်ုပ်မသိပါဘူး။ ဒါပေမယ့်, လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က၊ အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံက ဘုန်းတော်ကြီးတစ်စုဟာ တောရိုင်းဒေသကို တကယ်ပဲ ထွက်ပြေးလာခဲ့ဖူးတယ်။ သူတို့က ကျွန်ုပ်တို့ ဂိုဏ်းခေါင်းဆောင်နဲ့ စကားပြောဆိုခဲ့ကြတယ်။ အဲဒီနောက်၊ သူတို့လည်း အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။ အစစ်မှန်အင်မော်တယ် မဟူရာဝံပုလွေရဲ့ သင်္ဘောအုပ်စုကတော့ တောင်ဘက်ကို ဦးတည်သွားခဲ့တယ်။ အခုဆို၊ သူတို့ဟာ ကောင်းကင်ထိုးဖောက်ကျွန်းကို ရောက်နေလောက်ပြီ။” တာအိုဘုန်းတော်ကြီးသည် သူသိသမျှကို ဘာမှဖုံးကွယ်မထားဘဲ ထုတ်ဖော်ပြောဆိုလိုက်သည်။
“အင်း၊ မဆိုးပါဘူး။ သွားကြစို့။”
ချန်ယင်းရှာသည် ဟုန်ယွိအား မဟူရာဝံပုလွေဘုရင်၏ သင်္ဘောအုပ်စုကို လိုက်လံဖမ်းဆီးရန်အတွက် ချက်ချင်း ထွက်ခွာရန် အချက်ပြလိုက်သည်။
“ဒီတာအိုဘုန်းကြီးကို ဘာလုပ်မလဲ။”
ဟုန်ယွိက မေးလိုက်သည်။
“သူ့ကို လွှတ်ပေးလိုက်ပါ။ ငါတို့ အလျင်အမြန် လှုပ်ရှားရမယ်။ မဟူရာဝံပုလွေဘုရင်ကို လိုက်ဖမ်းပြီး သတ်ပစ်ရမယ်။ မဟုတ်ရင်, ချန်ပီယံမြို့စားရဲ့ လူတွေထဲက လူအချို့ တောရိုင်းဒေသကို ရောက်လာရင် ပိုပြီး ရှုပ်ထွေးသွားနိုင်တယ်။”
မဟူရာဝံပုလွေဘုရင်နှင့် ပတ်သက်သော သတင်းကို ကြားပြီးနောက်၊ ချန်ယင်းရှာသည် စိတ်မရှည်တော့ပေ။ အတွေးမျှင်တစ်ခု ထွက်ပေါ်လာပြီး၊ သူမသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်တော့သည်။
ဟုန်ယွိသည် စိတ်မအေးမလည် ဖြစ်နေသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ မဟူရာနတ်ဆိုးကျီးကန်း အစီအရင်ကို ထုတ်လွှတ်လိုက်သည်။ တာအိုဘုန်းတော်ကြီးသည် ချက်ချင်း မူးမေ့လဲကျသွားသည်။
“ငါ မဟူရာနတ်ဆိုးကျီးကန်း အစီအရင်ကို အသုံးပြုပြီး သူ့ကို နှစ်ရက်လောက် ပိတ်ဆို့ထားခဲ့မယ်။ ဒါမှ သူက ငါတို့သွားမည့် နေရာကို ထုတ်မပြောနိုင်မှာ။” ဟုန်ယွိက ပြောသည်။
“ဟုန်ယွိ၊ မင်းက အလွန်သတိကြီးလွန်းနေပြီ။ ငါတို့ တစ္ဆေအင်မော်တယ်တွေဆိုတာ ကမ္ဘာကြီးကို လှည့်လည်သွားလာကြတာ။ ရှင်ခြင်းသေခြင်းကို ဂရုမစိုက်ကြဘူး။ ငါတို့တည်နေရာကို ထုတ်ဖော်လိုက်ရင်တောင် စုန်းတစ္ဆေဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက ငါတို့ကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး။ အသေးအဖွဲဇာတ်ကောင်တွေနဲ့ အချိန်ဖြုန်းမနေစမ်းပါနဲ့။”
ချန်ယင်းရှာက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ယင်းရှာ၊ မင်းက ပင်လယ်ပြင်မှာ အတော်လေး နာမည်ကြီးတယ်။ မင်းနဲ့ မဟူရာဝံပုလွေဘုရင်တို့ အကြား ရန်ငြိုးရန်စကို လူအများက သိထားကြလား။”
ထပ်မံပျံသန်းပြီးနောက်၊ ဟုန်ယွိက မေးလိုက်သည်။
“ငါက မဟူရာဝံပုလွေဘုရင်နဲ့ အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးတယ်။ ပင်လယ်ပြင် တိုက်ပွဲအတွင်းမှာ ကျင့်ကြံသူများစွာ ပါဝင်ပတ်သက်ခဲ့ကြသည်။ စုန်းတစ္ဆေဂိုဏ်းရဲ့ ကျွမ်းကျင်သူအချို့လည်း ငါတို့ တိုက်ပွဲဝင်နေစဉ်မှာ ဖြတ်သန်းသွားမိပြီး၊ အချို့လည်း သေဆုံးခဲ့ရတယ်။ သူတို့ဂိုဏ်းခေါင်းဆောင်က ငါတို့ဆီ ပြဿနာလာရှာမလာခဲ့ဘူး။ တစ္ဆေအင်မော်တယ်အားလုံးက အင်မော်တယ်တွေပဲလေ။ မကျေအေးနိုင်တဲ့ ရန်ငြိုးရန်စမျိုး မရှိရင်၊ ဒါမှမဟုတ်၊ သူတို့ကို ဆွဲဆောင်တိုင်တဲ့ တရားဓမ္မရတနာတွေ တာအိုကျမ်းစာတွေ မဟုတ်ရင် ဘယ်သူကရော သေတဲ့အထိ တိုက်ပွဲဝင်ချင်မှာလဲ။”
ဤတစ်ကြိမ်တွင်၊ သူတို့နှစ်ဦးသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အမြန်နှုန်းမြင့်ဖြင့် ပျံသန်းသွားခဲ့သည်။ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည်။ သူတို့ ပျံသန်းနေစဉ်၊ ကောင်းကင်ယံမှ အဖြူရောင်လေစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အချိန်ကြာရှည် တည်ရှိနေပြီး၊ အဖြူရောင်သက်တံကဲ့သို့ပင် ဖြစ်နေသည်။
သူတို့သည် နောက်ထပ် တစ်ရက်နှင့်တစ်ညလုံး ပျံသန်းခဲ့သည်။
အဆုံးမရှိ ကြီးမားသော ကုန်းမြေကြီးတစ်ခုသည် ၎င်းတို့ရှေ့တွင် ပေါ်ထွက်လာသည်။ ကုန်းမြေပေါ်တွင် စိမ်းလန်းသော သစ်တောများ၊ လွင်ပြင်များ၊ တောင်တန်းများနှင့် မြစ်များ ရှိနေသည်။
ဤသည်မှာ ပင်လယ်ထဲရှိ ကျွန်းတစ်ကျွန်းမဟုတ်ဘဲ၊ အမှန်တကယ် ကုန်းမြေတစ်ခု ဖြစ်သည်။ အကြောင်းမှာ ဟုန်ယွိသည် မြေကြီး၏ ထူထဲသော အငွေ့အသက်ကို ခံစားရပြီး၊ ၎င်းသည် ပင်လယ်ထဲရှိ ကျွန်းများတွင် မရှိသော အရာဖြစ်သည်။
ပတ်ဝန်းကျင်ကို သူ့အတွေးဖြင့် နာရီပေါင်းများစွာ စူးစမ်းရှာဖွေပြီးနောက်၊ ဟုန်ယွိနှင့် ချန်ယင်းရှာသည် လွင်ပြင်တစ်ခုပေါ်ရှိ မြစ်ဆုံတစ်ခုကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာတွင် ရိုးရှင်းသော ဆိပ်ကမ်းတစ်ခု တည်ဆောက်ထားသည်။ သင်္ဘောကြီးများစွာသည် ဆိပ်ကမ်းတွင် ရပ်နားထားပြီး ကျောက်ဆူးချထားသည်။
သင်္ဘောများပေါ်ရှိ အလံများသည် လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေသည်။ ၎င်းတို့ပေါ်တွင် ယွန်မင်စာလုံးများဖြင့် ရေးထားသည်။
၎င်းသည် ယွန်မင်၏သင်္ဘောဖြစ်သည်။
“ဝိုး၊ ယွန်မင်က လူတွေ ဘယ်လောက်တောင် ခေါ်ဆောင်လာခဲ့လဲမသိဘူး။ စစ်တပ်တစ်ခုလုံးများလား။”
ဟုန်ယွိသည် ပင်လယ်ပြင်တွင် ကျောက်ဆူးချထားသော သင်္ဘောအုပ်စုကြီးကို ကြည့်ပြီး ပြောလိုက်သည်။ ၎င်းတို့သည် နှစ်ရာမှ သုံးရာခန့်ရှိသည်။
အပိုင်း (၂၁၅)။
ဆိပ်ကမ်းတွင် ကြီးမားပြင်းထင်သော နာကျည်းဖွယ် လှိုင်းလုံးများနှင့် ရောယှက်နေသည့် အော်ဟစ်သံများက ကောင်းကင်ကို လှုပ်ခတ်စေပြီး၊ သွေးအနံ့များက အရပ်မျက်နှာအသီးသီးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။
ယွန်မင်၏ စစ်သည်များစွာသည် အနက်ရောင်အသားအရေနှင့် ဌာနေတိုင်းရင်းသားများကို တစ်ယောက်ပြီးတစ်ယောက် ချည်နှောင်ကာ သင်္ဘောများ ပေါ်သို့ ဖိအားပေး တင်ပို့နေသည်။ ဤယွန်မင်စစ်တပ်သည် လမ်းတစ်လျှောက် ဌာနေတိုင်းရင်းသားများကို ကျွန်အဖြစ် လုယက်ဖမ်းဆီးလာခဲ့သည် မှာ ထင်ရှားသည်။
ဌာနေတိုင်းရင်းသားအချို့သည် ပြင်းထန်စွာ ရုန်းကန်ကာ ပြင်းပြင်းထန်ထန် ခုခံခဲ့ကြသည်။ ၎င်းတို့ရုန်းကန်နေစဉ်၊ လက်နက်ကောင်းများ ကိုင်ဆောင်ထားသော ယွန်မင်စစ်သည်များက ၎င်းတို့ကို မြေပေါ်မှာ ခုတ်ပိုင်းကြသည်။ ၎င်းတို့၏ ဦးခေါင်းများကို ဖြတ်တောက်ပြီး သစ်ပင်များပေါ်တွင် ချိတ်ဆွဲကာ ခုခံသူများကို ခြိမ်းခြောက်ရန် ပြသထားသည်။
ဤမြင်ကွင်းသည် ရိုင်းစိုင်းပြီး ရက်စက်လွန်းသဖြင့် ဟုန်ယွိပင်လျှင် မကြည့်ရက်ပေ။
ဤဌာနေတိုင်းရင်းသားများသည် တစ်နှစ်ပတ်လုံး အပူပိုင်းဒေသတွင် နေထိုင်ကြသည်။ ၎င်းတို့၏ အသားအရေသည် အနက်ရောင်ဖြစ်ပြီး၊ သွားများက ဖြူဖွေးနေကာ၊ ခန္ဓာကိုယ်များက သန်မာကြံ့ခိုင်သည်။ သိုင်းပညာကို မသိသူများပင်လျှင် လက်ဗလာဖြင့် သားရဲများကို အမဲလိုက်နိုင် သည်။
ဤကဲ့သို့ ဌာနေတိုင်းရင်းသားများကို ကျွန်အဖြစ်အသုံးပြုပြီး၊ လက်မှုအလုပ်၊ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ခြင်းစသည့် အလုပ်များကို လုပ်ကိုင်စေနိုင် သည်။ သူတို့သည် အလွန်ကောင်းမွန်သော လုပ်သားအင်အား ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း၊ နိုင်ငံများစွာ၊ ပင်လယ်ဓားပြများနှင့် ကုန်သည်များသည် တောရိုင်းဒေသအနီးရှိ ကျွန်းများသို့ လာရောက်ကာ ဌာနေတိုင်းရင်းသားများ ကို လုယက်ဖမ်းဆီးပြီး ကျွန်အဖြစ် ရောင်းချကြသည်။ ၎င်းသည် ငွေမကုန်ဘဲ ချမ်းသာရနိုင်သော လုပ်ငန်းတစ်ခု ဖြစ်သည်။
၎င်းတို့အနက်၊ ယွန်မင်စစ်တပ်သည် အကြီးမားဆုံး ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း၊ စစ်သင်္ဘောအုပ်စု အများအပြားသည် ပင်လယ်ပြင်သို့ ထွက်ခွာကာ၊ အရပ်လေးမျက်နှာအသီးသီးတွင် တိုက်ခိုက်ကြသည်။ သူတို့သည် ပင်လယ်ပြင်ကို ဖြတ်သန်းသွားသော ကျိုင်းကောင်အုပ်ကြီးကဲ့သို့၊ လူများနှင့် ရတနာများကို မြင်သည်နှင့် လုယက်ဖမ်းဆီးကြသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်ဆုံး ပင်လယ်ဓားပြများပင်လျှင် ကြောက်ရွံ့ရသည့် ကြောက်မက်ဖွယ်ရာ တည်ရှိမှုများ ဖြစ်သည်။
ယွန်မင်၏ စစ်သင်္ဘောများသည် ပုံမှန်အားဖြင့် လူ ၈၀၀ တင်ဆောင်နိုင်သော ဆင်စွယ်သင်္ဘောများနှင့် တူသည်။ သင်္ဘောကြီး ၃၀၀ ကျော်တွင် ထောက်ပံ့ရေးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ရေ၊ စက်ပစ္စည်းများ၊ ဆေးဝါးများစသည်တို့ကို ဖယ်ထုတ်လိုက်လျှင်ပင်၊ သေးငယ်သော သင်္ဘောများကို ထည့်တွက်ပါက၊ လူပေါင်း ၅၀,၀၀၀ မှ ၆၀,၀၀၀ ခန့် ရှိလိမ့်မည်။
လူ ၅၀,၀၀၀ မှ ၆၀,၀၀၀ ပါဝင်သော စစ်တပ်တစ်တပ်သည် တပြိုင်နက်တည်း ပင်လယ်ပြင်သို့ ထွက်ခွာကာ၊ ပင်လယ်မိုင်သောင်းချီကို ဖြတ်သန်းသွားသည်။ မည်သို့ပင်ကြည့်စေကာမူ၊ ၎င်းသည် ကြီးမားသော စစ်ရေးလှုပ်ရှားမှုကြီးတစ်ခုဟု ယူဆနိုင်သည်။
“ယွန်မင်က ဒီတစ်ကြိမ်မှာ ဒီလောက်အင်အားများတဲ့ စစ်တပ်ကို စေလွှတ်ခဲ့တာလား။ ဆင်စွယ်သင်္ဘောတွေအပြင်၊ မက်မွန်နတ်ဘုရား သင်္ဘောရှစ်စီးလည်း ရှိသေးတယ်။ ပြီးတော့ စစ်ဦးစီးခေါင်းဆောင်ရဲ့ သင်္ဘောက ဘာလဲ။”
သင်္ဘော ၃၀၀ ကျော်သည် လျှို့ဝှက်ဆန်းကြယ်သည့် စတုရန်းပုံစံဖွဲ့စည်းကာ စီစဉ်ထားပြီး၊ မက်မွန်နတ်ဘုရား ဒေါသမုန်တိုင်း ဝေလငါးသင်္ဘော ရှစ်စီးကို အလယ်တွင် ဝိုင်းရံထားကြသည်။
ထိုမက်မွန်နတ်ဘုရား ဒေါသမုန်းတိုင်း ဝေလငါးသင်္ဘောရှစ်စီးသည် ယင်နှင့်ယန်စွမ်းအင်စက်ဝိုင်း ရှစ်မြှောင့်ပုံစံ အနေအထားအတိုင်း စီစဉ်ထားပြီး၊ အလယ်တွင် စစ်ဦးစီးခေါင်းဆောင်၏ သင်္ဘောကို ဝိုင်းရံထားသည်။
ဤစစ်ဦးစီးခေါင်းဆောင်၏ သင်္ဘောသည် သံမဏိဖြင့်ပြုလုပ်ထားပုံရပြီး အနက်ရောင်ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်၊ သင်္ဘောသည် ရှေးခေတ်က တောင်တစ်လုံးကို သယ်ဆောင်လာသော နတ်ဘုရားလိပ်ကဲ့သို့ ဖြစ်နေသည်။ သင်္ဘော၏ အရွယ်အစားသည် ခန့်မှန်းရန်ပင် မဖြစ်နိုင်လောက်အောင် ကြီးမားသည်။
သင်္ဘောနှစ်ဖက်ရှိ ကုန်းပတ်များသည် မြို့ရိုးများနှင့်တူနေသည်ကို မြင်လိုက်ရုံဖြင့်၊ ဟုန်ယွိသည် ဤသင်္ဘောက ရေပေါ်ရှိ ရဲတိုက်တစ်ခုဖြစ်သည်ဟု သိလိုက်သည်။ မိုးကြိုးမီးလျှံသံမဏိမြောက်ကဲ့သို့ ပြင်းထန်သော လက်နက်များပင်လျှင် သင်္ဘောကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
“ယွန်မင်နိုင်ငံမှာ ‘စိတ်ကူးနတ်ဘုရား’ လို့ခေါ်တဲ့ နိုင်ငံ့စစ်သင်္ဘောတစ်စီးရှိတဲ့အကြောင်း ကြာမြင့်စွာ ကတည်းက ကြားဖူးခဲ့တယ်။ ဒီသင်္ဘောကြီးကို တည်ဆောက်ဖို့ နိုင်ငံတစ်ခုလုံးက ကျွမ်းကျင် လက်သမားဆရာတွေကို စုစည်းပြီး နှစ် ၂၀၀ ကြာ အချိန်ယူခဲ့ရတယ်။ ဒါက အဲဒီသင်္ဘောကြီး ဖြစ်ရမယ်။”
ပင်လယ်ပြင်ရှိ စစ်သင်္ဘောများအနက်၊ နတ်ဘုရားလေနိုင်ငံ၏ မက်မွန်နတ်ဘုရား စစ်သင်္ဘောများသည် အကောင်းဆုံးနှင့် လက်တွေ့ဆန်ဆုံး ဖြစ်သည်။
သို့သော်၊ အခြားသော ကြီးမားသည့် စစ်သင်္ဘောများစွာလည်း ရှိသေးသည်၊ ဥပမာ၊ တော်ဝင်ချန်၏ နဂါးလှေ၊ ယွန်မင်နိုင်ငံ၏ စိတ်ကူးနတ်ဘုရားနှင့် ကောင်းကင်နတ်ဘုရားသင်္ဘောတို့ ဖြစ်သည်။ ၎င်းတို့ကို လူအင်အားများစွာနှင့်အတူ နိုင်ငံတစ်ခုလုံး၏ အင်အားဖြင့် တည်ဆောက်ခဲ့သည်။ ထိုသင်္ဘောများကို ကောင်းကင်ဘုံကို ပူဇော်ရန်အတွက် အသုံးပြုသည်။ ထိုသင်္ဘောများသည် မက်မွန်နတ်ဘုရား စစ်သင်္ဘောထက် များစွာ သာလွန်သည်။ သို့သော်၊ ကုန်ကျစရိတ်က အလွန်မြင့်မားသည်။ နိုင်ငံတစ်ခုလုံး၏ အင်အားမရှိပါက၊ တည်ဆောက်ရန် မျိုးဆက်ပေါင်းများစွာ အချိန်ယူရမည်။ ငွေကြေးကုန်ကျမှုသည်လည်း အလွန်မြင့်မားသည်။ ထိုသင်္ဘောများသည် မက်မွန်နတ်ဘုရား စစ်သင်္ဘောများထက် အဆပေါင်း ရာထောင်ချီမက ပိုမိုကုန်ကျသည်။
ဟုန်ယွိဖတ်ရှုခဲ့ဖူးသော သမိုင်းစာအုပ်များတွင်၊ နဂါးလှေတည်ဆောက်ရန်အတွက် ငွေကြေးပြဿနာကြောင့် စီးပွားရေးပြိုလဲခဲ့သော မင်းဆက်တစ်ခု ရှိခဲ့ဖူးသည်။ သူတို့တွင် လယ်သမားပုန်ကန်မှုကို နှိမ်နင်းရန် ငွေကြေးမရှိတော့ဘဲ၊ နောက်ဆုံးတွင် မင်းဆက်လည်း ပြိုလဲခဲ့ရသည်။
ဆိပ်ကမ်းရှိ ကြီးမားသော စစ်သင်္ဘောများ၊ လူးလွင့်နေသော ယွန်မင်အလံများနှင့် စစ်တပ်၏ သတ်ဖြတ်လိုသော အငွေ့အသက်ကို ကြည့်ရင်း၊ ဟုန်ယွိသည် စိတ်လှုပ်ရှားများကို မထိန်းနိုင်တော့ပေ။
လွန်ခဲ့သော တစ်နှစ်က၊ သူသည် မြို့စားစံအိမ်အတွင်းမှာ အကျဉ်းချခံစားရသည့် ကိုယ်လုပ်တော်တစ်ဦး သားတစ်ယောက်သာ ဖြစ်ခဲ့သည်။ သစ်ရွက်တစ်ရွက်ကျလာပြီး သူ့ဦးခေါင်း ကို ထိမှန်လျှင်ပင် မခံနိုင်သည်အထိ အလွန်းအားနည်းခဲ့သည်။ သူ့မှာ ငွေကြေးလည်း မရှိခဲ့ပေ။
ယခုအခါ၊ သူသည် ရှင်ခြင်းသေခြင်း၏ စက်ဝိုင်းကို ကျော်လွန်ပြီးသည့် ဂုဏ်သိက္ခာကြီးမားသော တစ္ဆေအင်မော်တယ်တစ်ဦး ဖြစ်လာခဲ့ပြီ။ သူသည် မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှ တစ်ပါးဖြစ်သော ငွေငါးမန်းဘုရင်၏ တာအိုလက်တွဲဖော် ဖြစ်လာခဲ့သည်။ သူတို့သည် ကမ္ဘာ့အင်အားအရှိဆုံး သံမဏိဗုဒ္ဓမြင်းတပ်၏ စစ်ဦးစီးခေါင်းဆောင်ဖြစ်သည့် မဟူရာဝံပုလွေဘုရင်ကို အမဲလိုက်ရန် ပူးပေါင်းလုပ်ဆောင်နေကြသည်။
ဤကဲ့သို့ အံ့ဖွယ်ဖြစ်ရပ်များကို သူ မည်သူ့ကိုမဆို ပြောပြခဲ့လျှင်ပင်၊ မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။
သူသည် ပင်လယ်ပြင်တွင် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာသောအခါ၊ သူသည် ကမ္ဘာ့ထိပ်သီးကျွမ်းကျင်သူများ၏ အဆင့်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်ကို ဟုန်ယွိ သိခဲ့သည်။ နောက်ထပ် လျှောက်လှမ်းရမည့် လမ်းစဉ်သည် ရှည်လျားသော်လည်း၊ သူသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ပြီး မည်သူမှ အနိုင်ကျင့်၍မရနိုင်သော စွမ်းအားကို ရရှိခဲ့ပြီး ဖြစ်သည်။
“ဟုန်ယွိ၊ စိတ်ကူးယဉ်မနေနဲ့တော့။ ငါ့ကို ကာကွယ်ပေးထား။ ငါ အလုံးအရင်းနဲ့ တိုက်ခိုက်တော့မယ်။ အောက်မှာရှိတဲ့ သင်္ဘောအုပ်စုကြီးကို ဖျက်ဆီးပစ်မယ်” ချန်ယင်းရှာ၏ အသံထွက်ပေါ်လာသည်။
“ဘာ..၊ ဒီအတိုင်းကြီး တိုက်ခိုက်မှာလား။” ဟုန်ယွိသည် အံ့အားသင့်သွားသည်။ “ယွန်မင်နိုင်ငံက စိတ်ကူးနတ်ဘုရားဆိုတဲ့ ဒဏ္ဍာရီဆန်ဆန် စစ်သင်္ဘောကြီးကို စေလွှတ်ခဲ့တယ်။ ဒါက အသေးဖွဲ့ ကိစ္စမဟုတ်ဘူး။ သင်္ဘောပေါ်မှာ အစွမ်းထက် ကျွမ်းကျင်သူတွေ အများကြီးရှိရမယ်။ ငါတို့ အလျင်စလို တိုက်ခိုက်ရင် အတော့်ကို ဆင်ခြင်မဲ့ရာကျမယ်။ ငါတို့ သတိထားရမယ်။”
“ကိစ္စမရှိဘူး။ ငါက အမြဲတမ်း အင်အားသုံး တိုက်ခိုက်ခဲ့တယ်။ ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး။ အခု, ငါတို့က မှော်ရတနာများစွာနဲ့ အတူတူ ပူးပေါင်း လုပ်ဆောင်နေကြတယ်။ ငါတို့ မဟူရာဝံပုလွေဘုရင်ကို ဆွဲထုတ်ပြီး သတ်ပစ်မယ်။ ငါ့ကို ကာကွယ်ပေးပါ။ ငါ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တော့ မယ်။ သူ့စိတ်ဝိညာဉ်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်မယ်လို့ ကတိပေးတယ်။”
ချန်ယင်းရှာက ရယ်မောလိုက်သည်။ သူမစကားလုံးများသည် ပြိုင်ဘက်ကင်း မဟာနတ်ဆိုးအင်မော်တယ် တစ်ပါး၏ လွှမ်းမိုးမူနှင့်အတူ ယုံကြည်မှု အပြည့် ရှိနေသည်။
ဟုန်ယွိသည် ချန်ယင်းရှာတွင် မှော်ရတနာများစွာရှိကြောင်း သိသည်၊ ဥပမာ၊ ကောင်းကင်ထိုးဖောက်လေး၊ အကန့်သတ်မဲ့မြှား၊ အမေနှင့်သား မီးလျှံဘီးမိုးကြိုးဓားနှင့် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းပင် ပါဝင်သည်။ မကြာသေးမီက၊ သူမသည် လျှို့ဝှက်စမ်းအင် အထက်ပိုင်း သန္ဓေသားကျင့်စဉ်နှင့် စိုက်ပျိုးရေးနတ်ဘုရာမ၏ အပ်စိုက်မှတ်ကို လေ့လာခဲ့သည်။ သူမသည် မိုးကြိုးများဖြင့် သူမ၏ စိတ်ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် တာအိုပညာရပ်များကို သန့်စင်ခဲ့သည်။ မဟူရာဝံပုလွေဘုရင်ကို အမဲလိုက်ရန် မလိုအပ်ခဲ့ပါက၊ သူမသည် မိုးကြိုးကပ်ဘေးကိုပင် ဖြတ်ကျော်ပြီးနေလောက်ပြီ။
မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်၊ သူမ၏ စိတ်ဝိညာဉ်သည် ပင်ပန်းနွမ်းနယ်သွားလိမ့်မည်။ တာအိုနှလုံးသားကို ခိုင်မာစေရန်နှင့် တာအိုစွမ်းအင်ကို တိုးမြှင့်လာစေရန် အချိန်အကြာကြီး အနားယူရမည်။ သို့သော် ထိုသို့ဆိုလျှင်, ယခုအချိန်ကို လွဲချော်သွားလိမ့်မည်။
သူမသည် မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်ရသေးသော်လည်း၊ ဤမျှများပြားသော ရတနာများဖြင့်ဆိုပါက၊ အတိတ်က ချန်ယင်းရှာနှင့် အဆင့်တူသည့် မဟူရာဝံပုလွေဘုရင်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသော ကိစ္စဖြစ်သည်။
တာအိုပညာရှင်တစ်ဦးက ရတနာတစ်ခုတည်းကို သန့်စင်ရန်ပင် အချိန်ကြာမြင့်စွာ လိုအပ်သည်။ ချန်ယင်းရှာကဲ့သို့ တစ်ကိုယ်တော် နတ်ဆိုးအင်မော်တယ်တစ်ဦးသည် ရတနာများကို သန့်စင်ရန် အချိန်မရှိပေ။ ထို့ပြင်၊ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရာတွင်၊ မည်သည့်ရတနာကိုမျှ အသုံးမပြုနိုင်ပေ။ ဖျက်ဆီးခြင်းနှင့် ဖန်တီးခြင်း၏ ဆန္ဒကို နားလည်ရန် သူတို့၏စိတ်ဝိညာဉ်ကို မိုးကြိုးလျှပ်စီးထဲသို့ ပေါင်းစည်းကြရမည်။
မှော်ရတနာများသည် တိုက်ပွဲများတွင် အသုံးဝင်ခြင်းမှလွဲ၍၊ သူတို့ကိုယ်ပိုင်ကျင့်စဉ်များအတွက် အသုံးမဝင်နိုင်ပေ။ ထောင်စုနှစ်များစွာ စုဆောင်းထားသော ဂိုဏ်းကြီးများတွင်သာ၊ အလုပ်မရှိသော ကျွမ်းကျင်သူများက မှော်ရတနာများကို သန့်စင်ရန် အချိန်ရှိသည်။
“ကောင်းပြီ…။ လုပ်ကြစို့….။”
ဟုန်ယွိက ဖြေကြားသည်။ ချန်ယင်းရှာသည် ချက်ချင်း လှုပ်ရှားလိုက်သည်။ ပေတရာအမြင့်ရှိ ကောင်းကင်ယံမှ သန်မာသော အတွေးမျှင်တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး၊ ပင်လယ်ရေ မျက်နှာပြင်ပေါ်သို့ ပြင်းထန်သော လေလှိုင်းများ မှုတ်ထုတ်သည်။ ချက်ချင်းဆိုသလို၊ လှိုင်းလုံးကြီးများ ထကြွလာ သည်။ ထို့နောက်၊ ကြီးမားသော ရေမိုးကြိုးများသည် ပုံသဏ္ဍာန်များအဖြစ် စုစည်းလာကာ၊ တစ်ခုနှင့်တစ်ခု လှည့်ပတ်လှုပ်ရှားနေကြပြီး ကြီးမားသော ရေတိုင်လုံးကြီးများလည်း ထွက်ပေါ်လာကာ ဒီရေလှိုင်းများကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင်၊ ချန်ယင်းရှာ၏ ပြင်းထန်သော အတွေးများသည် အားကောင်းပြီး၊ သူမ၏ စိတ်ဝိညာဉ်သည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်လောက်အောင် အားကောင်းနေသည်။ လှုပ်ရှားမူတစ်ချက်ဖြင့်၊ ရေမိုးကြိုးပေါင်း တစ်ထောင်ကျော်သည် ထကြွလာပြီး သင်္ဘောကြီး ၃၀၀ ကျော်ကို အပြင်းအထန် တိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှု၏ ပြင်းထန်မူသည် ပြင်းထန်သော မုန်တိုင်းတစ်ခု ကျရောက်လာသည့်အလား ထင်မှတ်ရသည်။ ကောင်းကင်နှင့် မြေကြီးသည် မှောင်မိုက်သွားခဲ့ပြီး၊ ရေပြင်ကမ္ဘာကြီးသာ ကျန်ရှိတော့သည်။
သင်္ဘောများပေါ်ရှိ ယွန်မင်၏ ကျွမ်းကျင်သူများစွာသည် အာရုံခံစားမူ အားကောင်းကြသည်။ သူတို့သည် ချက်ချင်းဆိုသလို၊ ပတ်ဝန်းကျင်က ရုတ်တရက် ပြောင်းလဲသွားသည်ကို သတိပြုမိသည်။ ထို့နောက်၊ မရေမတွက်နိုင်သော အတွေးပေါင်းများသည် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။
ဟုန်ယွိသည် ၎င်းတို့ကို ရှင်းလင်းစွာ ခံစားနိုင်သည်။ ချန်ယင်းရှာသည် သူမ၏ အတွေးကို ထုတ်လွှတ်လိုက်သည်နှင့်၊ ပြင်းထန်သော အတွေးပေါင်းများစွာသည် ချက်ချင်းပင် အာရုံခံမိပြီး၊ တစ်ပြိုင်နက် ကောင်းကင်ယံကို မော့ကြည့်လာကြသည်။
ဤအခိုက်အတန့်တွင်၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် သူတို့၏ နတ်ဘုရားသစ်သားလက်စွပ်ကို ထုတ်ယူပြီးဖြစ်သည်။ လက်စွပ်သည် ထူထဲသော အနက်ရောင်တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲကာ သူတို့ကို အလွှာအတွင်းမှာ ဖုံးကွယ်ထားသည်။ လူများသည် ကောင်းကင်ကို မော့ကြည့်သော အခါ၊ အနက်ရောင်တိမ်တိုက်ငယ်တစ်ခုကိုသာ မြင်နိုင်သည်။ သာမန်လူများဆို ၎င်းကို သိပ်ပြီး ဂရုစိုက်ကြမည် မဟုတ်ပေ။
သို့သော် ယခုအခါ သူတို့သည် လှုပ်ရှားမှု ပြုလုပ်လိုက်ပြီ ဖြစ်ရာ၊ ချန်ယင်းရှာ၏ အတွေးသည် အလွန်ပြင်းထန်လွန်းသဖြင့်၊ သာမန်လူများပင်လျှင် ၎င်းတို့ပတ်ဝန်းကျင်ရှိ မှိုင်းညှို့သော အငွေ့အသက်ကို ခံစားနိုင်သည်၊ တာအိုပညာရှင်ဆို ပြောစရာပင် မလိုပါချေ။
ပင်ကိုယ်စိတ်ခံစားမူအရ၊ သူတို့သည် အရိုးထဲတိုင် စိမ့်ဝင်လာသော ထိုးဖောက်လာသည့် အေးစက်မှုကို ခံစားနိုင်ကြသည်။
ထို့ပြင်၊ တဟုန်ထို့း ထကြွလာသော ပင်လယ်ရေလှိုင်း၊ ပျံ့နှံ့လာသော ရေမိုးကြိုးများက ကမ္ဘာကျပ်နေသည့် မြင်ကွင်းအလားပင်။
မူလကတည်းက စစ်တပ်သည် အောက်တွင် စုရုံးနေပြီး၊ လူသားချီစွမ်းအင်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။ သွေးချီစွမ်းအင်သည် ထူထဲပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။ သာမန်တာအိုရှင်များသည် ၎င်းတို့၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှပင် စွန့်ခွာနိုင်မည် မဟုတ်ပေ။
သို့သော်၊ ချန်ယင်းရှာ၏ ကျင့်စဉ်သည် အလွန်အားကောင်းလွန်းသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၊ သူမသည် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကို အသုံးပြုပြီး မိုးကြိုးလျှပ်စီးကို လေ့လာခဲ့သည်။ သူမ၏ စိတ်ဝိညာဉ်သည် သန့်စင်သော ယန်သဘာဝ၏ အငွေ့အသက်ကို ရရှိထားပြီး ဖြစ်သည်။ သူမသည် ဤကမ္ဘာကြီး၏ ထိပ်သီးကျွမ်းကျင်သူများထဲ တစ်ဦးအပါဝင်ဖြစ်သည်။ ထို့ကြောင့်၊ စစ်တပ်၏ သွေးချီစွမ်းအင်နှင့် သတ်ဖြတ်လိုစိတ်က သူမကို မထိခိုက်စေနိုင်ပေ။
“ဘယ်နတ်ဆိုးက ဒီကိုလာပြီး ဒုက္ခပေးရဲတာလဲ။ သေမင်းကို ဖိတ်ခေါ်နေတာလား…။”
ဘန်း….။
ပြင်းထန်သော အတွေးပေါင်းများစွာသည် ပူးပေါင်းလိုက်ကြပြီး၊ ၎င်းတို့၏ အပြင်းထန်ဆုံး ပညာရပ်များကို ထုတ်လွှတ်ကာ ချန်ယင်းရှာ၏ ရေမိုးကြိုးကို ရင်ဆိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဤအတွေးများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုအစီအရင်သည် သင်္ဘောများပေါ်ရှိ လူများ၏ လူသားချီစွမ်းအင်နှင့် ပူးပေါင်းကာ၊ စစ်တပ်၏ သွေးချီစွမ်းအင်နှင့် သတ်ဖြတ်လိုစိတ်အားလုံးကို စုစည်းလိုက်ခြင်း ဖြစ်သည်။
ဟုန်ယွိ၏ အာရုံခံစားမှုတွင်၊ ပြင်းထန်သော အတွေးများစွာသည် စုစည်းလိုက်သည့်အခါ၊ လေဟာနယ်ထဲတွင် သွေးနီရောင် ရှစ်ထောင့်ယင်ယန်စွမ်းအင်အစီအရင်တစ်ခု ပေါ်ထွက်လာသည့်အလား ထင်မှတ်ရသည်။ ထိုရှစ်ထောင့်ယင်ယန်စွမ်းအင်အစီအရင်တွင်၊ ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ အငွေ့အသက်နှင့် တူညီသော အငွေ့အသက်တစ်ခု ပါဝင်နေသည်။
“ဒါက ဘယ်လိုအစီအရင်မျိုးလဲ။”
ဟုန်ယွိသည် အံ့အားသင့်နေစဉ်၊ သွေးနီရောင် ရှစ်ထောင့်ယင်ယန်စွမ်းအင်အစီအရင်သည် ချန်ယင်းရှာ၏ ရေမိုးကြိုးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဖြစ်သည်။
ချက်ချင်းဆိုသလို၊ ပင်လယ်ရေမျက်နှာပြင်သည် ပြင်းထန်သော လှိုင်းလုံးကြီးများဖြင့် ပြည့်နှက်သွားပြီး၊ ရေများသည် အရပ်မျက်နှဦအသီးသီးသို့ လွင့်စင်သွားခဲ့ပြီး၊ ကမ္ဘာကြီး၏ အဆုံးသတ်နေ့အလား ဖရိုဖရဲဖြစ်သွားခဲ့သည်။
အလယ်ရှိ စစ်သင်္ဘောကြီးတစ်စီးသည် ပြင်းထန်သော လှိုင်းများကြောင့် သစ်ရွက်တစ်ရွက်ကဲ့သို့ မြှောက်တက်သွားသည်။ လူဆယ်ဦးထက်မနည်း မြောက်တက်သွားပြီး၊ ပြင်းထန်စွာ ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျပြီး ပေါက်ကွဲသွားသည်။ သင်္ဘောပေါ်ရှိ လူများသည် ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး၊ ပြင်းထန်သော လေပြင်းနှင့် ကြီးမားသော လှိုင်းလုံးကြီးများကြားတွင် ရုန်းကန်နေရသည်။
ချန်ယင်းရှာ၏ ရေမိုးကြိုးနှင့် တာအိုပညာရှင် ဒါဇင်ပေါင်းများစွာ၏ ထိပ်တိုက်တွေ့ဆုံမှု၏ သက်ရောက်မူကြောင့် တောင်နှင့်တူသည့် ဧရာမလှိုင်းလုံးကြီးများနှင့် ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤကဲ့သို့သော မုန်တိုင်းသည် နွေရာသီတွင် ပင်လယ်ပြင်၏ အပြင်းထန်ဆုံး ဟာရီကိန်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
“အနက်ရောင်ကောင်းကင် ရှစ်ထောင့်သွေးအစီအရင်။ ဖျက်ဆီးခြင်းနတ်ဘုရား….”
“သွားစို့…။ ဆင်းကြစို့….။ မဟူရာဝံပုလွေဘုရင်က ကြိုတင်ပြင်ဆင်ထားမယ်လို့ ငါမျှော်လင့်ပြီးသား။ ဒါပေမယ့်၊ သူက အနက်ရောင်ကောင်းကင် ရှစ်ထောင့်သွေးအစီအရင်ကိုတောင် ပြင်ဆင်ထားခဲ့တယ်။ သူက ငါ့ကို သတ်ဖို့ ကြိုးစားချင်နေတာ။ သနားစရာပဲ။ ငါ့မှော်ပညာစွမ်းအားက အများကြီး တိုးတက်လာခဲ့တယ်။ အခု ငါ ပျားအုံကို ဒုတ်နဲ့ထိုးလိုက်ပြီ။ ဒါပေမယ့် အသေးဖွဲ့ ကိစ္စသေးပဲ။ ငါတို့က ကောင်းကင်မှာရှိနေပြီး၊ ငါတို့ခန္ဓာကိုယ်တွေကို လေထဲမှာ လွင့်မျောစေဖို့ ငါတို့ရဲ့စိတ်ကို အသုံးပြုနိုင်တယ်။ ဒီနေရာမှာ လှုပ်ရှားဖို့က ငါတို့အတွက် အဆင်မပြေဘူး။ သစ်တောထဲ ဆင်းကြစို့။ အဲဒီတာအိုပညာရှင်တွေ ငါတို့နောက် လိုက်လာလိမ့်မယ်။ အဲဒီအခါ သူတို့အားလုံးကို အပြီးသတ်ပစ်ရမယ်…..”
“ကောင်းပြီ…..။”
ချန်ယင်းရှာ၏ တိုက်ခိုက်မှုက ကြီးမားသော ဆူညံသံ ရုတ်ရုတ်သဲသဲ အခြေအနေကို ဖန်တီးခဲ့သည်။ ထို့နောက်၊ သူမသည် သူမအတွေးများကို ပြန်လည်ရုပ်သိမ်းပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူမသည် ဟုန်ယွိနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး၊ သူတို့နှစ်ဦးသည် အနက်ရောင်တိမ်တိုက်တစ်ခုအဖြစ်ပြောင်းလဲကာ ဝေးကွာသော သစ်တောထဲသို့ ဆင်းသက်သွားသည်။
သူတို့နှစ်ဦး ဆင်းသက်ပြီးနောက်၊ မုန်တိုင်းလည်း ငြိမ်သက်သွားခဲ့သည်။
ပြင်းထန်သော အတွေးပေါင်းများစွာသည် သူတို့ ရပ်တန့်နေခဲ့သော ကောင်းကင်နေရာသို့ ပျံတက်လာသည်။ တခဏမျှ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက်၊ ၎င်းတို့သည် ရုတ်တရက် ပြန်လည်ဆင်းသက်သွားသည်။
ထိုအခိုက်အတန့်တွင်၊ ကြီးမားသော စိတ်ကူးနတ်ဘုရားစစ်သင်္ဘောပေါ်ရှိ ကုန်းပတ်သည် သံချေးမတက်သော သံမဏိဖြင့် ပြုလုပ်ထားပြီး၊ ဝင်းလက်တောက်ပြောင်နေကာ၊ ပြင်းထန်သော သံမဏိအနံ့ကို ထုတ်လွှတ်နေသည်။
အဖြူရောင် တာအိုဝတ်ရုံများ ဝတ်ဆင်ထားပြီး၊ ဆံပင်များကို ပခုံးပေါ်တွင် ဖြည်ချထားသော လူ ၃၀ ကျော်သည် ထွက်ပေါ်လာသည်။ ၎င်းတို့သည် ယွန်မင်ရိုးရာပုံစံဖြင့် ဝတ်ဆင်ထားကြသည်။
“သူတို့က အတိအကျ ဘယ်သူတွေလဲ။ ဘာကြောင့် သူတို့မှာ ဒီလောက် ပြင်းထန်တဲ့ တာအိုအစွမ်းတွေ ရှိနေရတာလဲ။ ငါတို့ ၃၆ ယောက်ရဲ့ အတွေးတွေနဲ့ ပေါင်းစည်းထားတဲ့ အနက်ရောင်ကောင်းကင် ရှစ်ထောင့်သွေးအစီအရင်တောင်၊ သူ့ရဲ့ရေမိုးကြိုးတွေကို ခုခံနိုင်ရုံပဲတတ်နိုင်ခဲ့တယ်။”
ဦးဆောင်သူများသည် သူတို့၏ ဝတ်ရုံများပေါ်တွင် ပါးလွှာသော သံချပ်ကာများကို ဝတ်ဆင်ထားပြီး၊ နောက်ကျောတွင် ဆေဘာများကို လွယ်ထား သည်ကြ။ သူတို့သည် သိုင်းပညာရှင်များလား၊ တာအိုပညာရှင်များလားဟု မခွဲခြားနိုင်ပေ။ သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် သိုင်းပညာနှင့် တာအိုပညာ နှစ်မျိုးစလုံးတွင် ကျွမ်းကျင်သူများ ဖြစ်သည်။
“အိုးယန်ရှန်၊ ဒီလူက အလွန်ကြောက်စရာကောင်းတယ်။ သူက စစ်ဦးစီးချုပ်ရဲ့ မဟာရန်သူတော်ကြီး ငွေငါးမန်းဖြစ်နေမှာ စိုးရတယ်။ စစ်ဦးစီးချုပ် မထွက်ခွာခင်၊ အဲဒီအမျိုးသမီး တိုက်ခိုက်လာလိမ့်မယ်လို့ ငါတို့ကို ပြောခဲ့တယ်။ ငါတို့ကိုလည်း အနက်ရောင်ကောင်းကင် ရှစ်ထောင့်သွေးအစီအရင်ပုံစံနဲ့ စစ်သင်္ဘောတွေကို တည်ဆောက်ပြီး သတိထား စောင့်ကြပ်ဖို့ ပြောခဲ့တယ်။ ငါတို့ တိုက်ခိုက်ခံရတာနဲ့ ငါတို့လည်း ချက်ချက် တန်ပြန်တိုက်ခိုက်ခဲ့တယ်။ ဒါတောင် ငါတို့ဘက်က ကြီးကြီးမားမား ဆုံးရှုံးမူကို ခံစားခဲ့ရတယ်….။”
သင်္ဘောအုပ်စုတစ်ခုလုံးသည် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသည်။ လူအများအပြားသည် ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး၊ သင်္ဘောတစ်စီးသည် ပျက်စီးသွားခဲ့သည်။ အကြမ်းဖျင်း ခန့်မှန်းချက်အရ၊ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး၊ ငွေဒင်္ဂါး ၁၀၀,၀၀၀ ထက်မနည်း ဆုံးရှုံးခဲ့ရသည်။
“ဟုတ်တယ်၊ ငါတို့ဟာ ဌာနေတိုင်းရင်းသားများစွာကို သတ်ဖြတ်ပြီး၊ သူတို့ရဲ့ နာကျည်းမူတွေနဲ့ သွေးတွေကို စုဆောင်းကာ အနက်ရောင်ကောင်းကင် ရှစ်ထောင့်သွေးအစီအရင်ကို ဖွဲ့စည်းခဲ့တယ်။ အစီအရင်ရဲ့ အလယ်ဗဟိုတွင်၊ ခန်းမသခင်ကိုယ်တိုင် ရေးဆွဲထားသော ဖျက်ဆီးခြင်းနတ်ဆိုး အဆောင်တစ်ခု ရှိတယ်။ ဒီအဆောင်က ဖျက်ဆီးခြင်းနတ်ဘုရားရဲ့ အစစ်မှန် ခန္ဓာကိုယ်ကို စုစည်းနိုင်တယ်။ သူမက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးတဲ့ တစ္ဆေအင်မော်တယ် မဟုတ်သရွေ့၊ သူမကို တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်ရမှာပါ။ ဒါပေမယ့် ငါတို့ သူမကို မသတ်ခြတ်နိုင်ခဲ့ဘူး…။”
အခြားခေါင်းဆောင်တစ်ဦးက ပင့်သက်ရှိုက်သံဖြင့် ပြောလိုက်သည်။
“ငါတို့ သူမကို မသတ်ဖြတ်နိုင်ခဲ့ရင်တောင်, သူမဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားရမယ်။ မဟုတ်ရင်, ငွေငါးမန်းရဲ့ စရိုက်အရ၊ သူမ မသေမချင်း ရပ်မှာမဟုတ်ဘူး။ သူမ ဘာလို့ ရုတ်တရက် ရပ်တန့်သွားတာလဲ။ ယခုလေးတင် ငါ ငါ့တွေးတွေနဲ့ စစ်ဆေးကြည့်ပြီးပြီ။ သူမဟာ ကောင်းကင် ထိုးဖောက်ကျွန်းထဲက သစ်တောထဲ ပြုတ်ကျသွားခဲ့တယ်။ အဲဒီနေရာက ဒီကနေဆို သိပ်မဝေးဘူး။ သူမဟာ သူမခန္ဓာကိုယ်ထဲ ပြန်လည် ဝင်ရောက်သွားပြီး ဖြစ်ရမယ်။ ငါတို့ သူမကို အမြန်သွားပြီး သတ်ဖြတ်ကြစို့…..”
“ဒီအမျိုးသမီးက ဒီကမ္ဘာမှာ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲ တစ်ပါးအပါဝင်ပဲ။ သူမရဲ့မှော်အစွမ်းက နက်ရှိုင်းလွန်းတယ်။ ငါတို့ထဲမှာ ဘယ်သူမှ တစ္ဆေအင်မော်တယ်အဆင့်အထိ မကျင့်နိုင်သေးဘူး။ သူမကို အနိုင်ဖို့ ခက်ခဲမှာ စိုးရတယ်….။” အခြားခေါင်းဆောင်တစ်ဦးက ပြောသည်။
“သူမအားနည်းနေတုန်း သတ်ပစ်ရမယ်။ စစ်ဦးစီးချုပ်က ပြောတာက၊ ခန်းမသခင် ရေးဆွဲထားတဲ့ ဖျက်ဆီးခြင်းနတ်ဆိုးအဆောင်နဲ့ အနက်ရောင် ကောင်းကင် ရှစ်ထောင့်သွေးအစီအရင်က သူမရဲ့စိတ်ဝိညာဉ် ခန္ဓာကိုယ်ကနေ မထွက်နိုင်တဲ့အထိ သူမကို ရိုက်နှက်နိုင်တယ်တဲ့။ အမှန်ဆို, အခုနက သူမဟာ ဒဏ်ရာပြင်းပြင်းထန်ထန ရသွားနိုင်တယ်။ မဟုတ်ရင်၊ ငါတို့ သူမထွက်ပြေးသွားတဲ့ တည်နေရာကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ ဒီရှားပါး အခွင့်အရေးကို လက်လွှတ်ခံလို့ မရဘူး။ ငါတို့သာ နတ်ဆိုးဘုရင်တစ်ဦး ဒါမှမဟုတ် တစ္ဆေအင်မော်တယ်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ရင်၊ ဒါက ကြီးမားတဲ့ ကမ္မကောင်းမှူကြီးတစ်ခု ဖြစ်လိမ့်မယ်။ ဧကရာဇ်ဆို ပြောမနေနဲ့, ခန်းမသခင်ကိုယ်တိုင်တောင် ငါတို့ကို နက်ရှိုင်းတဲ့ တာအိုပညာရပ်တွေကို သင်ကြားပေးလိမ့်မယ်….။”
“ကောင်းပြီလေ…။ ကျန်တဲ့လူတွေက သင်္ဘောအုပ်စုကို စောင့်ကြပ်နေပါ။ ငါတို့ ငွေငါးမန်းကို သွားဖမ်းကြမယ်။ တကယ်လို့ အခြားတာအို ပညာရှင်တစ်ဦးနဲ့ တွေ့ဆုံခဲ့ရင်၊ အနက်ရောင်ကောင်းကင် ရှစ်ထောင့်သွေးအစီအရင်ကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်ကြပါ…”
“ဒီတစ်ကြိမ်, ငါတို့ငရဲစခန်းက ကြီးမားတဲ့ အကျိုးထူးတွေရရှိဖို့ အခွင့်အလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီ။ သွားကြစို့….။”
ယွန်မင်စစ်တပ်ရှိ ငရဲစခန်းသည် တော်ဝင်ချန်၏ နတ်ဘုရားဓားစခန်းနှင့် တူညီသည်။ ၎င်းတို့နှစ်ခုစလုံးသည် တာအိုပညာရှင်များဖြင့် ဖွဲ့စည်းထား သည်။
ဤအခိုက်တန့်တွင် စကားပြောနေသော လူသုံးဦးမှာ ငရဲစခန်း၏ တပ်မှူးသုံးဦးဖြစ်သည့် အိုးယန်ရှန်၊ ယုဝမ်တုနှင့် မုရုန်ဟူတို့ ဖြစ်ကြသည်။ သူတို့သည် ယွန်မင်နိုင်ငံ မြင့်မြတ်သော မိသားစုများမှ ဖြစ်ကြပြီး၊ ဆန်းကြယ်ကောင်ကင်ဘုံခန်းမတွင် တာအိုပညာများကို သင်ယူနိုင်ခဲ့သည်။
ယွန်မင်နိုင်ငံရှိ မျိုးရိုးမြင့်မြတ်သော မိသားစုများ၏ မျိုးရိုးအမည်များသည် များသောအားဖြင့် ပေါင်းစပ်မျိုးရိုး အမည်များဖြစ်သည်။
.........။
“မဟူရာဝံပုလွေဘုရင်နဲ့ အခြားအင်အားကြီး ပုဂ္ဂိုလ်တွေ သင်္ဘောအုပ်စုထဲမှာ မရှိကြဘူး။ ငါတို့ တာအိုပညာရှင်အချို့ကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက်၊ သူတို့ရှိတဲ့နေရာကို စစ်ဆေးမေးမြန်းရမယ်…။”
ဤအချိန်တွင်၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် သစ်တောထဲသို့ ဆင်းသက်ခဲ့ပြီး ဖြစ်သည်။
ချန်ယင်းရှာသည် ယခင်တိုက်ခိုက်မှုမှ သင်္ဘောအုပ်စုတွင် အမှန်တကယ် အင်အားကြီး ပုဂ္ဂိုလ်များ မရှိကြောင်း အာရုံခံမိခဲ့သည်။ ၎င်းတို့အားလုံးသည် ရတနာများအတွက် တိုက်ခိုက်ရန် ထွက်သွားခဲ့ကြပြီဟု သူမ သိခဲ့သည်။
အပိုင်း (၂၁၆)။
“ယင်းရှာ၊ မင်း အဆင်ပြေရဲ့လား။ အဲဒီတိုက်ခိုက်မှုက ဘာဖြစ်သွားတာလဲ။”
ဟုန်ယွိနှင့် ချန်ယင်းရှာတို့ မြေပေါ်သို့ ဆင်းသက်ပြီးနောက်၊ ဟုန်ယွိသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူတို့သည် ထူထပ်သော သစ်တောထဲတွင် ရှိနေကြောင်း သိရှိလိုက်သည်။ မြေပေါ်ရှိ သစ်ရွက်များသည် အလွန်ထူထပ်ပြီး ပုပ်သိုးအနံ့များ ထွက်ပေါ်နေသည်။ မြွေ၊ အင်းဆက်များ၊ ကြွက်များ၊ ပုရွက်ဆိတ်များ၊ လိပ်များ၊ ကင်းမြီးကောက်များ၊ ကင်းခြေများများ၊ တီကောင်များ၊ ခြင်များ၊ ပိုးဟပ်များနှင့် အခြားသတ္တဝါများသည် ပုပ်သိုးနေသော သစ်ရွက်များပေါ်တွင် တွားသွားနေကြသည်။ သစ်တောထဲတွင် သစ်ရွက်များက ထူထပ်လွန်းသဖြင့် နေ့အလင်းရောင်ကိုပင် မမြင်ရပေ။
အထူးသဖြင့် မြေပြင်သည် ပုပ်သိုးစိုစွတ်နေပြီး ပူပြင်းသော နေရာများတွင်၊ ရောင်စုံမှိုပုံစံ မီးခိုးမြူများ ထွက်ပေါ်လာသည်။ ဤအနံ့ကို တစ်ချက်ရှူမိရုံဖြင့်ပင် မူးဝေသွားနိုင်သည်။
ထိုမြူခိုးများသည် အဆိပ်ရှိသော မြူခိုးများဖြစ်ကြောင်း ဟုန်ယွိ သိသည်။
တစ်ချက်ရှူရှိုက်မိရုံဖြင့်ပင် ချက်ချင်း အဆိပ်သင့်ပြီး သေဆုံးနိုင်သည်။
တောရိုင်းဒေသရှိ သစ်တောများသည် တောင်ပိုင်းရှိ သစ်တောများထက် များစွာ ပိုမိုအန္တရာယ်များသည်။ အနည်းဆုံးတော့၊ တောင်ပိုင်းဒေသရှိ မူလသစ်တောများသည် မည်မျှပင် ထူထပ်သည်ဖြစ်စေ၊ ရောင်စုံမှိုပုံစံ အဆိပ်မြူခိုးများကို မြင်တွေ့ရန် ခက်ခဲသည်။
ဤတောရိုင်းဒေသတွင်၊ လူတစ်ဦးသည် မည်မျှအစွမ်းထက်သည် ဖြစ်စေ၊ အဆုံးမဲ့များပြားသော အဆိပ်ရှိအင်းဆက်များ၏ နှောက်ယှက်ခြင်းကို တွေ့ကြုံရမည်ဖြစ်ပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်သည် အဆိပ်မြူခိုးများကြောင့် အားနည်းသွားမည် ဖြစ်ကြောင်း ဟုန်ယွိသည် ချက်ချင်း ခံစားမိသည်။ ဤနေရာသည် လူသားများ ရှင်သန်နိုင်သည့် နေရာမဟုတ်ပေ။
သို့သော်၊ ဤဒေသသည် အလွန်အန္တရာယ်များသော်လည်း၊ တောရိုင်းဒေသတွင် အံ့ဖွယ်ဆေးဖက်ဝင်အပင်များ၊ ကျောက်မျက်ရတနာများ၊ ရွှေ၊ ငွေ၊ နှင့် ရှားပါးသော သားရဲများ ရှိကြသည်။ ၎င်းတို့သည် လူများစွာ ရယူလိုသော အရာများ ဖြစ်သည်။
ဤအန္တရာယ်များသော ပတ်ဝန်းကျင်သာ မရှိခဲ့ပါက၊ ပင်လယ်ကမ်းရိုးတန်းမှ တစ်ဆင့်၊ တော်ဝင်ချန်၏ ကုန်သည်များနှင့် စစ်တပ်များသည် နယ်မြေချဲ့ထွင်ရန်အတွက် ရောက်ရှိကောင် ရောက်ရှိလာနိုင်သည်။
အဆိပ်မြူခိုးများရှိသော်လည်း၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် သိုင်းပညာတွင် အဆင့်မြင့် ကျွမ်းကျင်သူများ ဖြစ်ပြီး၊ သူတို့၏ ခန္ဓာကိုယ်များသည် တောက်ပသော မိုးကြိုးကိုယ်ထည် ပညာရပ်ကို ကျင့်ကြံထားကြသည်။ အာဆင်းနစ်တစ်ကီလိုပင်, သူတို့ကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ အကယ်၍, ဆိုးဆိုးရွားရွား ဖြစ်လာခဲ့လျှင်၊ သူတို့သည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ပြင်းထန်သော ဖျားနာမှုကိုသာ ခံစားရမည်။
ထို့ကြောင့်၊ အဆိပ်မြူခိုးများကို အနီးကပ်မရှူမိသရွေ့ သူတို့ အဆင်ပြေကြသည်။ ထို့ပြင်၊ သူတို့နှစ်ဦးသည် သူတို့ပတ်ပတ်လည်မှာ နတ်ဘုရားသစ်သားအငွေ့အသက်၏ အလွှာတစ်ခုဖြင့် လွှမ်းခြုံထားပြီး၊ မြွေများ၊ အင်းဆက်များ၊ ကြွက်များ၊ ပုရွက်ဆိတ်များနှင့် အဆိပ်ရှိသတ္တဝါများ အနီးကပ်မကပ်နိုင်စေရန် ကာကွယ်ထားသည်။
၎င်းသည် နတ်ဘုရားသစ်သားလက်စွပ် မှော်ရတနာ၏ အကျိုးသက်ရောက်မှု ဖြစ်သည်။
“ဖြိုခွဲခြင်းမီးလျှံ…..”
ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက်၊ ဟုန်ယွိသည် တစ်စုံတစ်ခုကို တွေးမိပြီး လက်ဖြင့် ရေးဆွဲလိုက်သည်။ ပန်းကန်အရွယ်အစားရှိ မီးလုံးတစ်လုံး သည် လေထဲတွင် စုစည်းလာသည်။ လက်ညိုးဖြင့် ညွှန်လိုက်ရာ၊ မီးလုံးသည် မီးပွားထောင်ပေါင်းများစွာအဖြစ် ကွဲထွက်သွားပြီး အရပ်မျက်နှာ အသီးသီးသို့ ပျံထွက်သွားသည်။
တစ်ခဏအတွင်း၊ မရေမတွက်နိုင်သော အဆိပ်ရှိအင်းဆက်များ၊ မြွေများနှင့် ကြွက်များသည် မီးပွားများဖြင့် ထိမှန်ပြီး အသံမထွက်ရသေးမီ ပြာမှုန့်အဖြစ် လောင်ကျွမ်းသွားသည်။
အချင်းပေတစ်ရာအတွင်းရှိ သစ်တောသည် အဆိပ်ရှိအင်းဆက်တစ်ကောင်မျှ မကျန်တော့ဘဲ လုံးဝ သန့်စင်သွားသည်။
ဟုန်ယွိ၏ မီးအပေါ် ထိန်းချုပ်မှုသည် အလွန်ကျွမ်းကျင်သည်။ မီးပွားများကို ပျံသန်းပြီးနောက်၊ ၎င်းတို့သည် အသက်ဓာတ်အရိပ်ယောင်ရှိသော အဆိပ်ရှိအင်းဆက်များကိုသာ ရှာဖွေကြသည်။ အင်းဆက်များကို ပြာမှုန့်များအဖြစ် လောင်ကျွမ်းပြီးနောက်၊ မီးပွားများသည် ချက်ချင်း ငြိမ်းသွားခဲ့သည်။ မီးပွားများသည် ညှိုးနွမ်းနေသော သစ်ရွက်များကို လုံးဝ မလောင်ကျွမ်းစေပေ။
“ဟုန်ယွိ၊ မင်းရဲ့ မှော်ပညာရပ်အပေါ် ကျွမ်းကျင်မူက ပိုမိုနက်ရှိုင်းလာနေပြီပဲ။ မင်းက မီးလျှံအပေါ် ဒီလောက် ကောင်းမွန်စွာ ထိန်းချုပ်နိုင်နေပြီလား။”
ချန်ယင်းရှာက ရုတ်တရက် အာမေဋိတ်အသံဖြင့် ပြောလိုက်သည်။
“မင်း အဆင်ပြေရဲ့လား။” ဟုန်ယွိသည် ချန်ယင်းရှာ၏ မျက်နှာကို ကြည့်လိုက်ရာ သူမ၏ မျက်နှာသည် ဖြူဖျော့မနေကြောင်း သတိပြုမိသည်။ သူမ၏ နဖူးအလယ်တွင် တောက်ပသော အနီရောင်အစက်တစ်ခုသာ ရှိသည်။ ၎င်းသည် အလှချယ်ထားသည့် အစက်တစ်ခုနှင့်တူသည်။ သူမသည် လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ်ကို အသုံးပြုပြီး၊ သူမ၏ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်သည်။
ယခုအခါ ချန်ယင်းရှာသည် ယွန်ယန်ကောင်းကင်ပုလဲကို အသုံးပြုပြီး၊ သိုင်းသူတော်စင်ဖြစ်လာခဲ့သည်။ သူမသည် တောက်ပသော မိုးကြိုးကိုယ်ထည် ပညာရပ်ကိုလည်း ကျွမ်းကျင်ထားသည်။ သူမ၏ သိုင်းစွမ်းအားသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်းဖြစ်အောင် လေ့ကျင့်ထားသည့် သိုင်းသူတော်စင်တစ်ပါးထက် အနည်းငယ် နိမ့်ကျနေသော်လည်း၊ သူမခန္ဓာကိုယ်၏ သွေးနှင့်ချီသည် မယုံနိုင်လောက်အောင် အားကောင်းသည်။ ၎င်းသည် သူမ၏ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ရာတွင် အလွန်အကျိုးရှိသည်။
“ငါ အဆင်ပြေတယ်။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ အနက်ရောင်ကောင်းကင် ရှစ်ထောင့်သွေး အစီအရင်ထဲက ဖျက်ဆီးခြင်းနတ်ဘုရားက ငါ့စိတ်ဝိညာဉ်ကို အနည်းငယ် ဒဏ်ရာရစေခဲ့ရုံပဲ။ အခု ပြန်လည်သက်သာလာပြီ။” ချန်ယင်းရှာက ပြောသည်။
“မင်း အတိတ်ကျမ်းကို မကျင့်ကြံရသေးတာ နှမြောစရာပဲ။ မဟုတ်ရင်, ဘယ်လိုဒဏ်ရာမျိုးမဆို ဘာမှမဟုတ်တော့ဘူး။” ဟုန်ယွိက ခေါင်းခါလိုက် သည်။
“အတိတ်ကျမ်းရဲ့ ညွှန်ကြားချက်တွေက ငါတို့မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ နတ်ဘုရားမိုးကြိုးပညာရပ်နဲ့ လုံးဝကွဲပြားတယ်။ ငါ့ရဲ့ မိုးကြိုး နတ်ဘုရားတာအို ပညာရပ်က နက်ရှိုင်းစွာ အမြစ်တွယ်နေပြီ။ ရှန်ရှောင်တာအိုသခင်ကလည်း ငါ့နှလုံးသားထဲမှာ အမြစ်တွယ်ပြီး၊ ငါ့ယင်စိတ်ဝိညာဉ်နဲ့ တစ်သားတည်းဖြစ်နေပြီ။ ဒါကြောင့်၊ အခြားပညာရပ်တစ်ခုကို ပြောင်းလဲကျင့်စဉ်ဖို့ မလွယ်ကူတော့ဘူး။”
ချန်ယင်းရှာသည်လည်း သက်ပြင်းချလိုက်သည်။
ဟုန်ယွိသည် စကားမပြောဘဲ၊ သူ၏နှလုံးသားက တိတ်ဆိတ်လျက် ရှိသည်။
တာအိုပညာတစ်ခုသည် ပိုမိုနက်ရှိုင်းလာလေ၊ အခြားတာအိုပညာရပ်တစ်ခုကို ပြောင်းလဲကျင့်ကြံရန် ပိုမိုခက်ခဲလေ ဖြစ်သည်။
ယင်းက ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးကို လီအတွေးကျောင်းတော်၏ စိတ်ခံစားမှု ဒဿနများကို အတင်းအကျပ် သင်ယူရန် ကြိုးစားခိုင်းခြင်းနှင့် တူသည်။ အတွေးအခေါ် မတူညီသည့် အခြားကျောင်းတစ်ကျောင်းသည် ၎င်းကို လက်ခံရန် ခက်ခဲသည်။ တာအိုပညာရပ်ကို ကျင့်ကြံခြင်းသည် သိုင်းပညာ လေ့ကျင့်ခြင်းနှင့် မတူပေ။ ၎င်းသည် ခန္ဓာကိုယ်လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ အခြေခံစည်းမျဉ်းများ၏ ဆန့်ကျင်ဘက် ဖြစ်နေခြင်း ကြောင့် ဖြစ်သည်။ ထိုအခြေခံစည်းမျဉ်းကို ပြောင်းလဲရန် မလွယ်ကူပေ။
သိုင်းပညာရပ်များမှာပင် ဆန့်ကျင့်ဘက်အရာများ ရှိကြသည်။ ဥပမာ၊ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်နှင့် လိပ်ပြာအကလက်သီးတို့ ဖြစ်သည်။
သို့သော်၊ ချန်ယင်းရှာအား အချိန်ပေးမည်ဆိုပါက၊ သူမသည် အတိတ်ကျမ်းနှင့် မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ နတ်ဘုရားမိုးကြိုးပညာရပ်ကို ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်မည်ဖြစ်သည်။ သူမ၏ မှော်စွမ်းအားသည်လည်း များစွာ တိုးမြှင့်လာမည်ဖြစ်ပြီး၊ ဉဒေါင်းဘုရင်နှင့် တူညီသောအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ သူမသည် ဉဒေါင်းဘုရင်ထက်ပင် ပိုမိုအားကောင်းပြီး၊ ဤကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်ထဲတွင် အစွမ်းထက်ဆုံးပင် ဖြစ်လာနိုင်သည်။
သို့သော် ယခုအခါ၊ မဖြစ်နိုင်သေးပေ။
အကယ်၍ သူမသည် အတင်းအကျပ် ကျင့်ကြံမည်ဆိုပါက၊ သူမ၏ အတွေးများသည် ထိပ်တိုက်တွေ့ဆုံပြီး သူမ၏ စိတ်ဝိညာဉ်သည် ကွဲထွက်သွားမည် ဖြစ်သည်။ သူမ၏ မှော်စွမ်းအားသည် မြင့်တက်လာခြင်းမရှိရုံသာမက၊ သူမ၏စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုပင် ဖြစ်ပေါ်လာလိမ့်မည်။ သူမသည် တစ္ဆေအင်မော်တယ်အဆင့်မှပင် ဆုတ်ယုတ်သွားနိုင်ချေရှိသည်။
တာအိုပညာရှင်များသည် သိုင်းပညာရှင်များနှင့် မတူပေ။ သိုင်းပညာရှင်များသည် သိုင်းပညာကို ကျွမ်းကျင်ပြီးနောက်၊ ၎င်းတို့၏ မှတ်ဉာဏ်များ ဆုံးရှုံးသွားလျှင်ပင်၊ သူတို့သည် သန်မာနေဆဲ ဖြစ်သည်။ သို့သော် တာအိုပညာရှင်သူတစ်ဦးတွင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုခု ရှိလာပါက၊ ၎င်း၏ စိတ်ဝိညာဉ်သည် အားနည်းသွားမည် ဖြစ်ပြီး၊ ပုံမှန်လူသားတစ်ဦးကဲ့သို့ ဖြစ်လာလိမ့်မည်။
တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာရန်၊ မရေမတွက်နိုင်သော အန္တရာယ်များနှင့် ကပ်ဘေးဒုက္ခများကို ဖြတ်ကျော်ခဲ့ရသည်။ သို့သော် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုက တစ္ဆေအင်မော်တယ်တစ်ဦးအား ပုံမှန်လူသားအဖြစ်သို့ ဆုတ်ယုတ်စေပြီး၊ သေမျိုးအဖြစ်သို့ပင် ပြုတ်ကျသွားစေနိုင်သည်။
ကောင်းကင်တာအိုအောက်တွင်၊ စိတ်နှလုံးကို ထာဝရပြုစုပျိုးထောင်ရမည် ဖြစ်ပြီး၊ ယိမ်းယိုင်သွားရ မရပေ။ တစ်ကြိမ်တစ်ခါ ယိမ်းယိုင်သွားပါက၊ ချက်ချင်း သေမျိုးအဖြစ်သို့ ပြုတ်ကျသွားမည် ဖြစ်သည်။
၎င်းသည် တာအိုပညာများသည် သိုင်းပညာထက် ပိုမိုခက်ခဲရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ဟုန်ယွိ၏ အမေသည် ဤအချက်ကို အလွန်ကောင်းမွန်စွာ သရုပ်ဆောင်ပြစခဲ့သည်။
ဟုန်ယွိသည် မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ နတ်ဘုရားမိုးကြိုးပညာရပ်ကို မသင်ယူခဲ့ပေ။ မတူညီသော သဘောတရားနှစ်ခုကို ပေါင်းစည်းရန်နှင့် ၎င်းကို ပြောင်းလဲရန် အချိန်ကြာမြင့်စွာ လိုအပ်သည်။ ၎င်းသည် တစ်နှစ်နှစ်နှစ်အတွင်း ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပေ။ တစ်ရက်နှစ်ရက် အတွင်း လုံးဝ မဖြစ်နိုင်ပေ။
ယခု ဟုန်ယွိ သိထားသော တာအိုပညာရပ်များမှာ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းနှင့် အတိတ်ကျမ်းတို့ဖြစ်သည်။ ဤတာအို ပညာရပ်နှစ်ခုသည် ဇင်ဗုဒ္ဓဘာသာ၏ ပညာရပ်များ ဖြစ်သည်။ ထို့ပြင်၊ ၎င်းတို့သည် ဒိုင်ဇင်ဘုရားကျောင်း၏ တာအိုပညာရပ်များဖြစ်သည်။ တူညီသော ဂိုဏ်းများမှ ကျမ်းစာများကို ကျင့်ကြံနိုင်ကြပြီး၊ ၎င်းတို့သည် အချင်းချင်း ဖြည့်စွမ်းပေးနိုင်ကြသည်။
“ဆန်းကြယ်ကောင်ကင်ဘုံခန်းမက ရှစ်ထောင့်သွေး အစီအရင်ဆိုတာ အတိအကျ ဘာလဲ။ ငါ ခံစားမိသလောက်ဆို အဲဒီအစီအရင်မှာ ကြီးမားတဲ့ စွမ်းအင်တစ်ခု ပါဝင်နေတယ်။ အဲဒီစွမ်းအားက တစ္ဆေအင်မော်တယ်တစ်ဦးကို သတ်ဖြတ်နိုင်လောက်တယ်။ ပြီးတော့ ရှစ်ထောင့်သွေးအစီအရင်ရဲ့ အလယ်မှာ၊ ငါ့ရဲ့ဖျက်ဆီးခြင်းမင်စီလာဘုရင်နဲ့ အငွေ့အသက်တူတဲ့ နတ်ဆိုးနတ်ဘုရားတစ်ပါးရှိနေသလို ခံစားရတယ်။ အဲဒါက ဆန်းကြယ် ကောင်ကင်ဘုံခန်းမရဲ့ ဖျက်ဆီးခြင်းနတ်ဘုရားလား။”
ဟုန်ယွိသည် တာအိုပညာများနှင့် ပတ်သက်သော ဗဟုသုတနှင့် အတွေ့အကြုံများကို ချန်ယင်းရှာထံမှ ပိုမိုသိရှိရန် အခွင့်အရေး ယူလိုက်သည်။
ချန်ယင်းရှာသည် ၃၀၀ နှစ်ကြာ ကျင့်စဉ်ခဲ့သူ ဖြစ်ပြီး၊ ဗဟုသုတနှင့် အတွေ့အကြုံများစွာ ကြွယ်ဝသူ ဖြစ်သည်။ ယခုအခါ၊ သူမသည် ဟုန်ယွိအတွက် ဆရာကောင်းတစ်ဦးဖြစ်လသို အကျိုးပြုဖော် မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။ ဟုန်ယွိသည် တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင့်ကြံပြီးသော် လည်း၊ တာအိုပညာရပ်ကမ္ဘာကြီးအကြောင်း သိရှိမှုနည်းပါးလွန်းသည်။ ၎င်းကို အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်း မှော်ရတနာမှ တွေ့မြင်နိုင်သည်။
အကယ်၍ ချန်ယင်းရှာသာ ရှာမတွေ့ခဲ့ပါက၊ အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကဲ့သို့ သူတော်စင်ဘုရင်တစ်ပါး၏ မှော်ရတနာကို ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ်သာ မှတ်ယူထားလိမ့်မည်။
“ဆန်းကြယ်ကောင်ကင်ဘုံခန်းမက ရှစ်ထောင့်သွေးအစီအရင်ဟာ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ အစီအရင်တစ်ခုပဲ။ ဒီအစီအရင်ဟာ လူပေါင်း သောင်းဂဏန်းရဲ့ သွေးချီစွမ်းအင်နဲ့ နာကျည်းဝိညာဉ်တွေ၊ စုန်းတစ္ဆေတွေကို စုဆောင်းထားတယ်။ အဲဒီအရာတွေကို စုစည်းလိုက်တဲ့အခါ၊ ရှစ်ထောင့်သွေး နတ်ဆိုးတစ်ပါး ဖြစ်ပေါ်လာတယ်။ အစီအရင်က အဆုံးမဲ့ ပြောင်းလဲမှုတွေကို ဖန်တီးနိုင်ပြီး စိတ်ဝိညာဉ်တွေကို ထောင်ချောက်ဆင် နိုင်တယ်။ ရှစ်ထောင့်အစီအရင်ရဲ့ အလယ်ဗဟိုမှာ၊ ဖျက်ဆီးခြင်းနတ်ဆိုးအဆောင်တစ်ခုရှိတယ်။ အဲဒီအဆောင်က ရှစ်ထောင့်သွေးအစီအရင်ရဲ့ စွမ်းအားကို ငှားယူပြီး ဖျက်ဆီးခြင်းနတ်ဘုရားရဲ့ ပုံသဏ္ဍာန်ကို ထုတ်လွှတ်နိုင်တယ်။ တကယ်လို့, ယန်နတ်ဘုရားတစ်ပါးကသာ အဲဒီအစီအရင်ကို သက်သွင်းလိုက်မယ်ဆိုရင်၊ ဖျက်ဆီးခြင်းနတ်ဘုရားရဲ့ အစစ်မှန် ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုတောင် လေဟာနယ်ထဲကနေ ဆင့်ခေါ်နိုင်တယ်လို့ အဆိုရှိတယ်…။”
“ဖျက်ဆီးခြင်းနတ်ဘုရားရဲ့ အစစ်မှန် ခန္ဓာကိုယ်လား။ အကန့်သတ်မဲ့ကမ္ဘာတွေနဲ့ စကြာဝဠာထဲမှာ ဖျက်ဆီးခြင်းနတ်ဘုရား ရှိလို့လား။ ဒါက လူတွေရဲ့စိတ်နှလုံးထဲက ဖျက်ဆီးလိုစိတ် သက်သက် မဟုတ်ဘူးလား။”
ဟုန်ယွိက ပြောသည်။
“အခုက ပညာရပ်တွေအကြောင်း ဆွေးနွေးရမယ့် အချိန်မဟုတ်ဘူးၡ။” ချန်ယင်းရှာက လက်ချောင်းကို ဆန့်ထုတ်ပြီး ဟုန်ယွိ၏ လက်ဖဝါးကို ပုတ်လိုက်ရာ၊ ယင်းက ဟုန်ယွိ၏ လက်ဖဝါးကို ထုံကျင် ယားယံသွားစေပြီး၊ ထိုလက်သေးသေးလေးကို ဆုပ်ကိုင်လိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်စေသည်။
“ငါ အခုလေးတင် ဖျက်ဆီးခြင်းနတ်ဆိုးအဆောင်ထဲမှာ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၊ အရှင်သခင်ရဲ့ အငွေ့အသက်တစ်ခုကို ခံစားမိတယ်။ ဒီနတ်ဆိုးအဆောင်ကို သူကိုယ်တိုင် လက်ရေးနဲ့ ရေးဆွဲထားတာ ဖြစ်ရမယ်။ ဒီလူက ငါနဲ့ရင်ဆိုင်ရာမှာ မဟူရာဝံပုလွေဘုရင်ကို ကူညီပေးဖို့ လုပ်ဆောင်နေတာ ဖြစ်မယ်။ ဒါဆိုရင် ငါတို့ သတိထားရမယ်။”
“ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ အရှင်သခင်၊ သန့်စင်တဲ့ ကိုယ်ခံပညာ နယ်မြေတစ်ခုရဲ့ ခေါင်းဆောင်ပေါ့။ သူ့ရဲ့ တာအိုပညာရပ်တွေက ဘာတွေ ဖြစ်မလဲ မသိဘူးၡ။” ဟုန်ယွိက မေးသည်။
“ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးသလို၊ သူနဲ့လည်း မတိုက်ဖူးဘူး။ ဒါပေမယ့် ဉဒေါင်းဘုရင်က သူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်လို့ ကြားဖူးတယ်။ နောက်ဆုံးမှာ၊ ကောင်းကင်မြွေဘုရင်နဲ့ သူဟာ တာအိုလက်တွဲဖော် ဖြစ်လာခဲ့တယ်။” ချန်ယင်းရှာက ပြောသည်။
“ဒါဆို သူတို့က ချစ်သူလုဖက်တွေပေါ့။ ဒါပေမယ့် ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ အရှင်သခင်က အနိုင်ရခဲ့တယ်။ မဟုတ်ရင်, သူက ကောင်းကင်မြွေဘုရင်ရဲ့ နှလုံးသားကို ရယူနိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိသည် ဤပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ၏ လျှို့ဝှက်ချက်များကို ကြားရသောအခါ၊ သူသည် ရယ်မောပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။ ‘အနာဂတ်မှာ, တကယ်လို့ ငါ အလုပ်မရှိရင်၊ ဒီပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေရဲ့ လျှို့ဝှက်ချက်တွေကို မှတ်တမ်းတင်ပြီး စာအုပ်တစ်အုပ် ရေးမယ်။ အဲဒီစာအုပ်ကို ကမ္ဘာတဝှမ်း ဖြန့်ဝေလိုက်ရင် မဆိုးလောက်ဘူး။”
ရုတ်တရက်၊ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ “ဉဒေါင်းဘုရင်နဲ့ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ အရှင်သခင်တို့က ချစ်သူလုဖက်တွေ ဆိုရင်၊ သူတို့ကရော မိုနိုဂိုတာရီကို သတ်ဖြတ်ဖို့ ဘာလို့ အတူတူ လက်တွဲနေကြလဲ။ အရေးကြီးတဲ့အချိန်မှာ နောက်ကျောကို ဓားနဲ့ထိုးမှာ မကြောက်ကြဘူးလား။”
“သူတို့ရဲ့ ရန်ငြိုးဟာ ဟိုးအရင်ကတည်းက ဖြေရှင်းပြီးသွားပြီ။ ဖြေရှင်းပေးခဲ့လူက ယုဝမ်မူပဲ။ ယုဝမ်မူဟာ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၊ အရှင်သခင်ရဲ့ ညီပဲ။ ဟိုးအရင်တုန်းက၊ သူဟာ ယွန်မင်နိုင်ငံရဲ့ တော်ဝင်နည်းပြဆရာအဖြစ် ဩဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့တယ်။ ဒါပေမယ့် မိုနိုဂိုတာရီနဲ့ တိုက်ပွဲမှာ၊ သူဟာ ပြင်းပြင်ထန်ထန် ရိုက်နှက်ခံရပြီး သူ့ရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်တောင် ဘယ်နေရာ ရောက်နေလဲဆိုတာတောင် မသိရတော့ဘူး။ အဲဒီလိုအချိန်အတွင်း မှာ ယုဝမ်မူက ဉဒေါင်းဘုရင်ရဲ့အသက်ကို ကယ်တင်ခဲ့ပြီး၊ သူတို့ရဲ့ ရန်ငြိုးအားလုံးကိုလည်း ဖြေရှင်းပေးသွားခဲ့ တယ်။” (ယုဝမ်မူသည် ယွန်မင်နိုင်ငံ၏ တော်ဝင်နည်းပြဆရာမဖြစ်ခဲ့ပြီး၊ မုကလေးသည် သူမ ပြန်လည်ဝင်စားသူဟု အထင်ခံရသူ များစွာထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် ယခုအခါ Yuwen Mu is Xuan Tian Guan Master's younger brother ဟု သုံးနှုန်းထားသည်။ ထို့ကြောင့် ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၊ အရှင်သခင်၏ ညီဟု ပြန်ဆိုလိုက်ပါသည်။ ကျွန်တော်အထင်တော့ ညီမဖြစ်သင့်ပါသည်။)
“သိပြီ။” ဟုန်ယွိက ခေါင်းညိတ်လိုက်ပြီး၊ ထို့နောက် သူ့မျက်လုံးများက တောက်ပလာသည်။ “လိုက်လံသူတွေ ရောက်လာပြီ!”
“သူတို့ကို ဖမ်းဆီးမယ်”
ထိုအချိန်တွင်၊ ပြင်းထန်သော အေးစက်စက် ယင်လေပြင်းသုံးခုသည် ကောင်းကင်ယံမှ ဆင်းသက်လာသည်။ သစ်ပင်ထိပ်တွင်၊ လူသုံးဦး၏ ရုပ်ခန္ဓာကိုယ်များ ပေါ်ထွက်လာသည်။
၎င်းတို့သည် ယွန်မင်နိုင်ငံ ငရဲစခန်း၏ တပ်ရင်းမှူးသုံးဦးဖြစ်သော အိုးယန်ရှန်၊ ယူဝမ်တုနှင့် မုရုန်ဟူတို့ ဖြစ်သည်။
၎င်းတို့သုံးဦးသည် တာအိုပညာရှင်များ ဖြစ်သည်။ သူတို့သည် အေးစက်စက် ယင်လေပြင်းများဖြင့် အချင်းချင်း ထိန်းချုပ်ပြီး အတူတူ ပျံသန်းလာကြ သည်။
“ငွေငါးမန်းဘုရင်၊ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ တစ္ဆေအင်မော်တယ် အနည်းငယ်ထဲက တစ်ဦးဖြစ်တဲ့အပြင် ပင်လယ်လေးစင်းကို လှည့်ပတ်သွားလာနိုင်တဲ့ ငွေငါးမန်းဘုရင်, ခင်ဗျား ဖြစ်နေမယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ခင်ဗျားဟာ အရမ်းကို အစွမ်းထက်ခဲ့ပေမယ့်၊ တစ်နေ့မှာ ကျုပ်တို့လို ဂျူနီယာတွေရဲ့ လက်ထဲ ကျရောက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး မဟုတ်လား။ ဟား…၊ ဟား…..၊ ဟား…။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ ရှစ်ထောင့်သွေး အစီအရင်နဲ့ ဖျက်ဆီးခြင်းနတ်ဆိုးအဆောင်ရဲ့ ခံစားချက်က ဘယ်လိုလဲ။”
သူတို့သုံးဦးသည် သစ်ပင်ထိပ်တွင် ဆင်းသက်ပြီး ဖြည်းညင်းစွာ ဆင်းလာသည်။ သူတို့တစ်ဦးစီသည် လက်နက်များကို ကိုင်ဆောင်ထားပြီး၊ သံချပ်ကာများ ဝတ်ဆင်ထားကာ၊ ပိုးထည်အိတ်တစ်လုံးကို သယ်ဆောင်ထားသည်။ သူတို့၏ ခန္ဓာကိုယ်များသည် မှိန်ဖျော့ဖျော့ သွေးမြူခိုးအလွှာ တစ်ခုဖြင့် ဝိုင်းရံထားသည်။ ၎င်းသည် အကာအကွယ်ရတနာတစ်မျိုး ဖြစ်ပုံရသည်။
“ဟုတ်လှချည်လား၊ မင်းတို့ထဲက တစ်ယောက်က ခန္ဓာကိုယ်သိမ်းပိုင်ခြင်းနယ်ပယ် ကျွမ်းကျင်သူ ဖြစ်ပြီး၊ စိတ်ဝိညာဉ်ကို အတွေးတွေအဖြစ် ခွဲထုတ်နိုင်တယ်။ နောက်တစ်ယောက်ကတော့ ခန္ဓာကိုယ်သိမ်းပိုင်ခြင်းနယ်ပယ် ကျွမ်းကျင်သူဖြစ်ပေမယ့် စိတ်ဝိညာဉ်ကို အတွေးတွေအဖြစ် မခွဲထုတ်နိုင်သေးဘူး။ နောက်ဆုံးတစ်ယောက်ကတော့ ရုပ်လုံးဖော်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသေးတယ်။ မင်းတို့ဟာ တကယ်ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်ချည်းတွေပဲ။ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေက ဒီလောက် အားကောင်းနေတာလား။ ကြည့်ရတာ, လျှို့ဝှက်ပညာတစ်ခုခုကို အသုံးပြုပြီး စိတ်ဝိညာဉ်စွမ်းအားကို တိုးမြှင့်ထားပုံရတယ်။ ဒါပေမယ့် ဒီလိုအဆင့်လေးနဲ့၊ ငါ့ကိုသတ်ဖို့ ရဲရဲဝံ့ဝံ့ လာရဲသေးတယ်နော်။”
ဟုန်ယွိသည် ဖြည်းညင်းစွာ ဆင်းသက်လာသော လူသုံးဦးကို ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်၊ ၎င်းတို့ထဲမှ တစ်ဦးသည် ခန္ဓာကိုယ်သိမ်းပိုင်ခြင်းနယ်ပယ် ကျွမ်းကျင်သူဖြစ်ပြီး၊ သူ၏စိတ်ဝိညာဉ်ကို အတွေးများအဖြစ် ခွဲထုတ်နိုင်သည့် ကျွမ်းကျင်သူဖြစ်ကြောင်း သိလိုက်သည်။ အခြားတစ်ဦးသည်လည်း ခန္ဓာကိုယ်သိမ်းပိုင်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း၊ သူ၏ စိတ်ဝိညာဉ်ကို အတွေးများ အဖြစ် မခွဲထုတ်နိုင်သေးပေ။ နောက်ဆုံးတစ်ဦးသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။
သို့သော်၊ ၎င်းတို့သုံးဦးတွင် တူညီသော အချက်တစ်ခု ရှိသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ပုံမှန်ကျင့်ကြံသူများထက် များစွာ ပိုမိုအားကောင်း သည်။ ဉဒေါင်းဘုရင်၏ သမီးဖြစ်သူ ရှင်းယုဆန်ထက် ထူးထူးခြားခြား အားမကောင်းသော်လည်း၊ သာမန် အဆင့်တူ မည်သည့် တာအိုပညာရှင်များ ထက်မဆို ပိုမိုအားကောင်းသည်။
“မင်းက ဘယ်သူလဲ။”
ထိုလူသုံးဦး ဆင်းသက်လာသည့်အခါ၊ စကားပြောသူမှာ ဟုန်ယွိဖြစ်ကြောင်း သတိပြုမိကြသည်။ တခဏမျှ အံ့အားသင့်သွားပြီးနောက်၊ သူတို့၏ အကြည့်များသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းကြည့်ရှုလိုက်သည်။ ထို့နောက်၊ သူတို့သည် သူ့ကို ထိုးထွင်းမြင်နိုင်သည့်အလား၊ ပြုံးလိုက်ကြ သည်။
“ဒါက ရှင်တန်သိုင်းသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ။ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ပေါင်းစည်းပြီးနောက်၊ မင်းရဲ့ သိုင်းစွမ်းအားက တကယ်ကို အင်အားကြီးမားပါတယ်။ ဒါပေမယ့် မင်း ငါတို့ကို မတားဆီးနိုင်ဘူး။ အမြန်ထွက်သွား၊ ဒူးထောက်ပြီး အသက်ရှင်ခွင့် တောင်းခံလိုက်။ ဒါဆို မင်းရဲ့အသက်ကို ငါတို့ ချမ်းသားပေးနိုင်သေးတယ်။ အိုး…။ ဒီဓားမှာ ဒီလောက်ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ရှိနေပါလား။”
အိုးယန်ရှန်က လက်ကို မြှောက်လိုက်ပြီး၊ မှိန်ဖျော့ဖျော့ သွေးနီရောင်အငွေ့အသက်တစ်ခုသည် ဟုန်ယွိဆီသို့ ပျံထွက်လာသည်။
“နောက်ထပ် တစ်ယောက်က ငါ့ကို မှားယွင်းစွာ ထင်မြင်နေပြန်ပြီ။ ဒါပေမယ့် ဒါလည်း ကောင်းပါတယ်လေ။ ကမ္ဘာပေါ်က လူတိုင်းက ငါ့ကို သိုင်းပညာရှင်တစ်ဦးလို့ပဲ ထင်ကြတယ်။ ဒီလိုဆိုရင် ငါ့ရဲ့ တစ္ဆေအင်မော်တယ်တစ်ဦးဆိုတာကို အလွယ်တကူ ဖော်ထုတ်ခံရမှာ မဟုတ်တော့ဘူး….။”
ဟုန်ယွိက ခေါင်းယမ်းပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
သူသည် အတွေးမရှိငြိမ်သက်မူအခြေအနေတွင် သိုင်းသူတော်စင်ခန္ဓာကိုယ်ကို နားလည်သဘောပေါက်ပြီးနောက်၊ မျက်လုံးအမြင်စူးရှသော မည်သူမဆို သူသည် သိုင်းပညာကိုသာ လေ့ကျင့်စဉ်သည်ဟု ထင်မြင်ကြမှာဖြစ်ပြီး၊ တာအိုပညာရပ်ကို လုံးဝ ကျင့်ကြံထားခြင်းမရှိဟု ယူဆကြမည် ဖြစ်သည်။
ဖြိုခွဲခြင်းဆေဘာသည် တုန်ခါလှုပ်ရှားလာပြီး၊ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သွေးနီရောင်အငွေ့အသက်ကို ပြိုကွဲသွားစေခဲ့သည်။
ရုတ်တရက်၊ ဟုန်ယွိသည် အရှိန်ဟုန်ပြင်းစွာဖြင့် ရှေ့သို့ ပေါက်ကွဲပြေးထွက်သွားပြီး၊ ခြေလှမ်း ၃၀ အကွာအဝေးကို တစ်လှမ်းတည်းဖြင့် ဖြတ်ကျော်လိုက်သည်။ သူ့ဆေဘာကို တစ်ချက်ဝှေ့ယမ်းလိုက် ရာ၊ သစ်တောထဲရှိ နွယ်ပင်များ၊ ညှိုးနွမ်းနေသော သစ်ကိုင်းများနှင့် သစ်ရွက်များသည် သူ့ လှုပ်ရှားမှုကို လုံးဝ မထိခိုက်စေပေ။
ကောင်းကင်ယံတွင် ဆေဘာဓားရိပ်များဖြင့် ပြည့်နှက်နေပြီး၊ တာအိုပညာရှင်သုံးဦးကို ဖုံးလွှမ်းသွားသည်။
ဤလှုပ်ရှားမှုသည် ဟုန်ယွိ၏ သိုင်းပညာ စွမ်းအားကို တဖန် ပေါ်လွင်စေသည်။ သူ၏ လျှပ်စီးပမာ လျင်မြန်သော လှုပ်ရှားမှုဖြင့်၊ သူသည် မည်သည့်သတိပေးချက်မျှ မရှိဘဲ သူ့တိုက်ခိုက်မူကို စတင်လိုက်ပါသည်။
ဤသုံးဦးကို ရင်ဆိုင်ရာတွင်, ဟုန်ယွိသည် မည်သည့်တာအိုပညာရပ်ကိုမျှ အသုံးမပြုခဲ့ပေ။ အကယ်၍, သူသည် တာအိုပညာရပ်များကို အသုံးပြုမည်ဆိုပါက၊ သူ့ရန်သူများသည် အတွေးတစ်ချက်ဖြင့် သူ့စိတ်ဝိညာဉ် စွမ်းအင်ကို ချက်ချင်း အာရုံခံမိလိမ့်မည်။ တစ်ချိန်တည်းမှာပင်၊ သူသည် အတွေးများကို စုစည်းရန်အတွက် စိတ်ကူးပုံဖော်ရန် လိုအပ်မည်ဖြစ်ပြီး၊ ယင်းက သူ့ကို အနည်းငယ် နှေးကွေးသွားစေလိမ့်မည်။
အကယ်၍ သူသည် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနည်းလမ်းကို အသုံးပြုမည်ဆိုပါက၊ တဖက်ရန်သူတွင် ဝိညာဉ်ဖိနှိပ်ခြင်း မှော်ရတနာမျိုး ရှိနေပါက ၎င်းသည် အလုပ်မဖြစ်နိုင်ပေ။
အချို့သော မှော်ရတနာများသည် ရန်သူ၏ နတ်ဘုရား စိတ်ဝိညာဉ်များကို အာရုံခံပြီး အလိုအလျောက် အကာအကွယ်ပေးနိုင်သည်။
အကွာအဝေး သိပ်မဝေးသရွေ့ တာအိုပညာရပ်များ၏ မြန်နှုန်းသည် သိုင်းပညာထက် များစွာ နှေးကွေးသည်။ သူသည် ဤလူများကို တာအိုပညာရပ်များဖြင့် အလွယ်တကူ အနိုင်ယူနိုင်သော်လည်း၊ ၎င်းသည် သိုင်းပညာလောက် မမြန်ဆန်ပေ။
“ပျံသန်းနိုင်သောဓား….။”
ဟုန်ယွိ လှုပ်ရှားလိုက်သည်နှင့်၊ စိတ်ဝိညာဉ်စွမ်းအား အစွမ်းထက်ဆုံးဖြစ်သည့် အိုးယန်ရှန်သည် ပထမဆုံး ခံစားမိသည်။ သူသည်ပင် လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး ကျယ်ပြောလှသော ဆေဘာအငွေ့အသက်နှင့် သတ်ဖြတ်လိုစိတ်ကိုသာ တွေ့မြင်ခံစားနိုင်သည်။ သူ့စိတ်ထဲတွင်၊ ဧရာမလိပ်ကြီးနှင့်မြွေရိပ်တို့ လွှမ်းခြုံထားသည့် သိုင်းနတ်ဘုရားတစ်ပါးသည် မြေပြင်ပေါ်သို့ ခြေချပြီး လှိမ့်ဝင်လာခဲ့သည်ကို ဝိုးတဝါး မြင်နေရသည်။ သူ့တွင် စဉ်းစားရန် အချိန်မရှိခဲ့ပေ။ သူ့ပင်ကိုယ်ဗီဇအရ၊ သူ့နောက်မှ ပျံသန်းနိုင်သောဓားသည် ပျံတက်လာပြီး၊ ကောင်းကင်တွင် ဓားရိပ်များဖြင့် ပြည့်နှက်သွားသည်။
ဓားအလင်း၏ သက်ရောက်မူကြောင့်၊ ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများအားလုံး ကွဲထွက်သွားသည်။
သို့သော် ပျံသန်းနိုင်သောဓား၏ ဓားအငွေ့အသက်သည် ပေါက်ကွဲထွက်လာသည်နှင့်တပြိုင်နက်၊ ထိုဓားအငွေ့အသက်သည် ဆေဘာအငွေ့အသက်ဖြင့် လွှမ်းမိုးခံလိုက်ရသည်။ ၎င်းသည် မီးလောင်နေသော မီးတောက်ကို ရေတစ်ပုံးဖြင့် သွန်းလောင်းလိုက်သည့်အလား၊ ချက်ချင်း ငြိမ်းသွားခဲ့သည်။
ထန်း.….ထန်း…..ထန်း…။
အသံအနည်းငယ် ထွက်ပေါ်ပြီးနောက်၊ ပျံသန်းနိုင်သောဓားသည် ကွဲထွက်သွားသည်။ သွေး မိုးရွာများ ရွာသွန်းလာခဲ့ပြီး၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ လွင့်ထွက်သွားခဲ့ည်။
တာအိုပညာရှင်သူသုံးဦး၏ အကာအကွယ် သွေးအငွေ့အသက်သည် ဟုန်ယွိ၏ ဆေဘာကြောင့် ဖြတ်တောက်ခံလိုက်ရသည်။ ပျံသန်းနိုင်သောဓားသည်လည်း ကွဲထွက်သွားပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။
ဟုန်ယွိ၏ ဆေဘာသည် ပေါက်ကွဲထွက်လာသည်နှင့် တာအိုပညာရှင်သုံးဦးအနက် နှစ်ဦးသည် ၎င်းတို့၏ တာအိုပညာရပ်များကို အသုံးပြုရန်ပင် အချိန်မရခဲ့ဘဲ၊ အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရသည်။ သူတို့သည် မည်သို့သေဆုံးသွားသည်ကိုပင် မသိခဲ့ကြပေ။
အိုးယန်ရှန်အနေဖြင့် သူ၏ ရုပ်ခန္ဓာသည် သေဆုံးသွားသော်လည်း၊ သူ၏ စိတ်ဝိညာဉ်သည် ထွက်ပြေးသွားပြီး၊ အတွေးပေါင်းများစွာအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအသီးသီးသို့ ပျံထွက်သွားသည်။
“ဘယ်ကို ထွက်ပြေးမလို့လံ။” ဟုန်ယွိသည် သူ့ဆေဘာကို ဓားအိမ်ထဲပြန်ထည့်ပြီး လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရာ ချီဝိညာဉ်ဝဲဂယက်တစ်ခု ပေါ်ထွက်လာပြီး၊ ယင်လေပြင်းများသည် ပိုက်ကွန်ထဲတွင် ဖမ်းမိသော ငါးများကဲ့သို့ ပြင်းထန်စွာ ရုန်းကန်နေသော်လည်း၊ ချီဝိညာဉ်ဝဲဂယက်သို့ စုပ်ယူခံလိုက်ရပြီး၊ လုံးဝ ထွက်ပြေးနိုင်ခြင်း မရှိပေ။
“ပြော၊ မင်းတို့ရဲ့ သင်္ဘောပေါ်က ကျွမ်းကျင်သူတွေ ဘယ်ကိုသွားကြတာလဲ…”
ဟုန်ယွိသည် ချီဝိညာဉ်ဝဲဂယက်ကို အသုံးပြုသည့်အခါ၊ ပြင်းထန်သော ဖိအားတစ်ခုကို အသုံးပြုထားပြီး၊ ထိုသုံးဦးတို့၏ စိတ်ဝိညာဉ်များအား ခုခံနိုင်စွမ်းမရှိအောင် ဖိအားပေးထားခဲ့သည်။ သူတို့၏ အသက်ရှင်လိုသော အလိုဆန္ဒအောက်တွင်၊ ၎င်းတို့သည် သတင်းအချို့ကို ဖွင့်ဟပြောဆိုခဲ့ သည်။
ယခုလေးတင်၊ ဟုန်ယွိသည် သူတို့၏ ရုပ်ခန္ဓာများကို ဖျက်ဆီးလိုက်စဉ်၊ သူတို့၏ စိတ်ဝိညာဉ် ထိန်းချုပ်မှုကို ဆုံးရှုံးသွားစေခဲ့သည်။ ထို့နောက်၊ ချီဝိညာဉ်ဝဲဂယက်ဖြင့် သူတို့ကို လွှမ်းခြုံရစ်ပတ်လိုက်သည်။ ဤနည်းလမ်းနှစ်ခုဖြင့်၊ သူလိုချင်သော အချက်အလက်များကို အလွယ်တကူ မေးမြန်းနိုင်ခဲ့သည်။
အကယ်၍ သူသည် ဖြည်းဖြည်းချင်း တိုက်ခိုက်ခဲ့မည်ဆိုလျှင်, သူတို့သည် သူတို့၏ စိတ်ဝိညာဉ်များကို ထိန်းချုပ်ထားနိုင်ပြီး၊ မေးမြန်းရန် မလွယ်ကူနိုင်ပေ။
“ဒါဆို၊ မဟူရာဝံပုလွေဘုရင်နဲ့ အခြားသူတွေဟာ ကောင်းကင်ထိုးဖောက်ကျွန်းရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ ထျန်းယွဲ့တောင်ကို သွားကြပြီပေါ့။ အဲဒီတောင်က ထွက်ပြေးသွားတဲ့ နင်ဂျာဘုန်းတော်ကြီး နေထိုင်ခဲ့တဲ့နေရာပဲ…။”
ဘန်း…။
တောရိုင်းဒေသရှိ ထျန်းယွဲ့တောင်ပေါ်တွင်၊ လူအနည်းငယ်သည် ဘေးချင်းယှဉ် ရပ်နေကြသည်။ ၎င်းတို့အနက် တစ်ဦးမှာ ရှင်းယုဆန် ဖြစ်သည်။ သူမအပြင်၊ လူအုပ်စုတစ်စုလည်း ရှိနေသည်။ ၎င်းတို့အနက်၊ အကြည့်တစ်ချက်ဖြင့် မျက်လုံးဖမ်းစားနိုင်သူမှာ အနက်ရောင်ဝတ်ရုံရှည်ကြီး လွှမ်းခြုံထားသော အရပ်မြင့်မြင့် လူတစ်ဦး ဖြစ်သည်။ သူသည် အသွားနှစ်ဖက်ပါ ပုဆိန်ရှည်ကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး၊ သူ၏မျက်နှာကိုမူ ရှင်းလင်းစွာ မမြင်ရပေ။
ဤပုဆိန်ကြီးကိုင်ဆောင်ထားသည့် ဝတ်ရုံရှည်ကြီး လွှမ်းခြုံထားသူသည် မူလက ပျံသန်းနိုင်သော စက္ကူကြိုးကြာသုံးကောင်၏ ဝိုင်းရံတိုက်ခိုက်မူကို ရင်ဆိုင်နေခဲ့သည်။ သို့သော် ရုတ်တရက်၊ စက္ကူကြိုးကြာများသည် မြေပေါ်သို့ ပြုတ်ကျသွားပြီး၊ အပိုင်းပိုင်းကွဲထွက်သွားသည်။
“ခန်းမသခင်နှစ်ယောက်..။ ယုဆန်၊ သင်္ဘောပေါ်မှာ တစ်ခုခု ဖြစ်ပွားသွားပြီ။ ငရဲစခန်းရဲ့ တပ်ရင်းမှူး ခေါင်းဆောင်သုံးဦးစလုံး သေဆုံးသွားပြီ။ သူတို့ရဲ့ စိတ်ဝိညာဉ်တွေလည်း ဖျက်ဆီးခံလိုက်ရပြီ…။”
ထိုလူသည် ရပ်တန့်လိုက်ပြီးနောက်၊ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။