အခြေတည်အဆင့် ပြီးပြည့်စုံခြင်း၊ မှော်စွမ်းအား ခဲပျစ်သွားခြင်း(၃)။
Vol. 21 Ch. 260
"ဘာ..."
ဤသည်ကို ကြားလိုက်ရသောအခါ လန်ယွဲ့ရှီလည်း ထပ်တူ တုန်လှုပ်သွားသည်။ ဤနေရာသည် အင်မော်တယ်ရှားမြို့တော်ဖြစ်သည်။ မည်သည့် ရွှေအမြုတေကျင့်ကြံသူက ပြဿနာရှာရဲမည်နည်း၊ အထူးသဖြင့် နေ့ခင်းကြောင်တောင်ကြီးတွင် ဖြစ်၏။
ဝှစ်…။
သို့သော် နောက်ထပ်စကားတစ်ခွန်းမျှ မဆိုဘဲ၊ ကျိုးစွေ့သည် ‘တည်နေရာပြောင်းကူ’ကို ဆင့်ခေါ်လိုက်ပြီး မုဇီယန်၏ ဘေးတွင် ချက်ချင်း ပေါ်လာသည်။
…
လွန်ခဲ့သော အချိန်အနည်းငယ်က…။
ခမ်းနားထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထားပြီး ဖြူဖျော့ဖျော့မျက်နှာရှိ လူငယ်တစ်ဦးသည် အင်မော်တယ်ရှားမြို့တော်တွင် ပေါ်လာသည်။ ရွှေအမြုတေအစောပိုင်းအဆင့် အစောင့်နှစ်ဦး သူ့ဘေးတွင် ရှိနေပြီး၊ ၎င်းတို့၏ခန္ဓာကိုယ်များမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူ့အမည်မှာ ရှန်ကွမ်းရွှီ ဖြစ်ပြီး၊ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် ဤမျှလောက်နှင့် လစ်လျူရှုထားနိုင်သော်လည်း၊ သူ၏ဖခင် ရှန်ကွမ်းချင်သည် ဝူကျိမဟာမိတ်အဖွဲ့၏ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ဖြစ်နေခြင်းက အဓိက ပြဿနာပင်။
ဖခင်ဖြစ်သူ၏ ဂုဏ်သတင်းကို ကျောထောက်နောက်ခံ ပြုပြီး၊ သူသည် ဤပင်လယ်ပြင်နယ်မြေတွင် လက်တွေ့ကျကျ ပြိုင်ဘက်ကင်း ဖြစ်နေသည်။ သူ ဘယ်သွားသွား၊ ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဆက်ဆံခံရလေ့ ရှိသည်။
ဤလူသည် လောဘကြီးပြီး ဖောက်ပြန်ကာ၊ စံပြ အပျော်အပါးလိုက်စားသူ တစ်ယောက် ဖြစ်သည်။ သူ၏ နာမည်ဆိုးသည် ဝူကျိမဟာမိတ်အဖွဲ့ တစ်လျှောက်လုံး ပျံ့နှံ့နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
သို့သော် သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုနှင့် သူ့ဖခင်က ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေး ဖြစ်နေခြင်းတို့ကြောင့်၊ အများစုသည် သူ၏ မကောင်းမှုများအား သည်းခံရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြချေ။
"ကျွတ် ကျွတ်... ဒီနေရာက အင်မော်တယ်ရှားမြို့တော်လား…"
"ဆယ်နှစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့တင်.. ဒီအတိုင်းအတာအထိ ရောက်လာတာပဲ.."
"ဒီက ကျင့်ကြံသူတွေက ကြွယ်ဝချမ်းသာမှု ဘယ်လို စုဆောင်းရမလဲဆိုတာ သိကြပုံပဲ…"
ရှန်ကွမ်းရွှီ၏ မျက်လုံးများတွင် လောဘရိပ်များ ပေါ်လာသည်။ စည်ကားနေသော ဆိုင်များနှင့် ကျင့်ကြံသူများ အဆက်မပြတ် စီးဆင်းနေသည်ကို မြင်လိုက်ရသောအခါ၊ သူ့မျက်လုံးထဲတွင် ဤမြို့တော်သည် ဆူဖြိုးသော သိုးတစ်ကောင် ဖြစ်လာတော့သည်။
အင်မော်တယ်ရှားမြို့တော်သို့ မရောက်မီ၊ သူသည် ဤနေရာနှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးကို စုံစမ်းစစ်ဆေးခဲ့သည်။ အင်မော်တယ်ရှားမြို့တော်ကို လွန်ခဲ့သော ဆယ်နှစ်ကမှ ဝူကျိမဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာခဲ့သော ပြင်ပ ရွှေအမြုတေဂိုဏ်း သုံးခုက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
အတိုချုပ်ဆိုရလျှင်၊ သူတို့တွင် မည်သည့် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး၏ ကျောထောက်နောက်ခံမှ မရှိချေ။
ထို့ကြောင့် ဤကဲ့သို့ အစွမ်းထက်သော ကျောထောက်နောက်ခံ မရှိဘဲ ချမ်းသာကြွယ်ဝသော အင်အားစုများသည် သူ၏ အကြိုက်ဆုံး ခြိမ်းခြောက်ငွေညှစ်သည့် ပစ်မှတ်များ ဖြစ်ကြသည်။
တစ်ကြိမ် အောင်မြင်ရုံဖြင့်၊ လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း သူ၏ ကျင့်ကြံမှုအတွက် လိုအပ်သော အရင်းအမြစ်များကို စိုးရိမ်စရာ မလိုတော့ပေ။
ကျရှုံးလျှင်လည်း သူ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ဖခင်၏ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးရာထူးကြောင့်၊ မည်သူမျှ သူ့ကို ထိခိုက်အောင် မလုပ်ရဲသောကြောင့်ပင်။
ဤအကြောင်းကြောင့်ပင် သူသည် ဝူကျိမဟာမိတ်အဖွဲ့တွင် နှစ်ပေါင်း သုံးရာကျော်ကြာအောင် မဆင်မခြင် ပြုမူနေခဲ့ခြင်း ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့သော်လည်း၊ သူ အသက်ရှင်ပြီး ကြီးပွားတိုးတက်နေဆဲ ဖြစ်ချေသည်။
"သခင်လေး... အင်မော်တယ်ရှားမြို့တော်ကို ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးယောက်က ထိန်းချုပ်ထားတယ်လို့ ပြောကြတယ်…"
"သူတို့က အမူအရာ.. ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်မှာ ထိပ်တန်းပဲ.. ပြီးတော့ 'အင်မော်တယ်ရှားမြို့တော်ရဲ့ အလှပဂေးသုံးဦး' လို့ လူသိများတယ်… သူတို့ရဲ့ ကျော်ကြားမှုက နေရာအနှံ့ ပျံ့နှံ့နေတာပဲ…"
"သခင်လေးသာ ဒီ ရွှေအမြုတေကျင့်ကြံသူ သုံးယောက်ကို ကိုယ်လုပ်တော်အဖြစ် ယူနိုင်ရင်.. မြို့တော်က သခင်လေး လက်ထဲကို အလွယ်တကူ ကျရောက်လာလောက်တယ်…"
အစောင့်တစ်ဦးက မြှောက်ပင့်သော လေသံဖြင့် ပြောလိုက်သည်။ သူသည် ကျန်းဝမ်ဟု အမည်ရသော ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး၊ ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေး ရှန်ကွမ်းချင်၏ လက်အောက်ငယ်သား ဖြစ်ကာ ရှန်ကွမ်းရွှီ၏ ဘေးတွင် စောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသူ ဖြစ်သည်။
"ဒါပေမဲ့ သူတို့မှာ တာအိုလက်တွဲဖော်တွေ ရှိနေပြီးသားလို့ ကြားတယ်…"
အခြား ရွှေအမြုတေ အစောင့်တစ်ဦးက ပြောလိုက်သည်။ သူ့နာမည်မှာ လီဟူဖြစ်ပြီး၊ သူသည်လည်း ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။
"တာအိုလက်တွဲဖော်တွေ ဟုတ်လား… အဲ့ဒါက ပိုမကောင်းဘူးလား…"
"ငါ အကြိုက်ဆုံးက တာအိုလက်တွဲဖော်ရှိတဲ့ အမျိုးသမီး ကျင့်ကြံသူတွေပဲ.. သူမမှာ တစ်ယောက်မှ မရှိရင် ကြိုက်မှာ မဟုတ်ဘူး…"
ရှန်ကွမ်းရွှီ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး၊ အတော်လေး စိတ်လှုပ်ရှားသွားသည်။
သူသည် သူ့ဖခင် ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေး ရှန်ကွမ်းချင်၏ ကာမဂုဏ်လိုက်စားသော စရိုက်ကို အမွေဆက်ခံထားသည်။ သူသည် အမျိုးသမီးကျင့်ကြံသူ တစ်ရာကျော်ကို လုယူခဲ့ပြီး ဖြစ်သည်။
လက်တွဲဖော် လုယူခံလိုက်ရသော အမျိုးသားကျင့်ကြံသူများသည် ဒေါသတကြီးဖြင့် စကားတစ်ခွန်းမျှ မဆိုရဲခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး၏ ကျောထောက်နောက်ခံဖြင့်၊ မည်သူက တိုင်ကြားရဲမည်နည်း။
"သခင်လေး... ကျွန်တော်တို့ ဒါကို ရေရှည် စီစဉ်ဖို့ လိုလောက်တယ်…"
"ဘာပဲဖြစ်ဖြစ်.. သူတို့က အစွမ်းအစကို လျှော့တွက်လို့မရတဲ့ ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူတွေလေ…"
အစောင့်လီဟူက အကြံပေးလိုက်သည်။
သူသည် ရွှေအမြုတေ အမျိုးသမီးများ၏ စိတ်ကူးများကို ဂရုမစိုက်ပေ၊ သူ၏ သခင်လေး ထိခိုက်နာကျင်သွားမည်ကိုသာ ကြောက်ရွံ့သည်။
အဘယ်ကြောင့်ဆိုသော် ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူများက အမှန်တကယ် ဒေါသထွက်ပြီး သေသည်အထိ တိုက်ခိုက်လျှင်၊ သခင်လေးလည်း အသတ်ခံရနိုင်သည်။
အချို့လူများက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးကို သတိထား ဆက်ဆံကြသော်လည်း၊ လူတိုင်း ဂရုစိုက်မည် မဟုတ်ပေ။ ဤကျယ်ပြောလှသည့် ပင်လယ်ကြီးထဲတွင် ဘာမဆို ဖြစ်နိုင်သည်။
"စိတ်မပူပါနဲ့.. ဒီလိုကိစ္စက ဆေးဖော်စပ်တာလိုပဲ.. ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်.."
"လုံးဝ သေချာမှု မရှိဘဲ.. ငါ ဘယ်လိုလုပ် မဆင်မခြင် လုပ်ဆောင်မှာလဲ…"
ရှန်ကွမ်းရွှီ အနည်းငယ် ပြုံးလိုက်သည်။
သူသည် ပျက်စီးနေသော သခင်လေးတစ်ဦး ဖြစ်သော်လည်း၊ သူသည် လူမိုက်တစ်ဦး ဖြစ်သည်ဟု မဆိုလိုပေ။
အကယ်၍ တစ်ဖက်သားက အမှန်တကယ် ရန်စဖို့ မလွယ်ကူဘူးဆိုလျှင်၊ မဆင်မခြင် ပြေးဝင်သွားပြီး သူ့အသက်ကို ဖြုန်းတီးပစ်မည် မဟုတ်ပေ။
"သခင်လေး... ဟိုအဆောင်ဆိုင်ကို ကြည့်လိုက်ပါဦး…"
"အထဲက အမျိုးသမီးသူဌေးကလည်း အလှပဂေးလေး ဖြစ်ပုံပဲ.."
ထိုစဉ်၊ အစောင့်ကျန်းဝမ်က အဝေးရှိ ကြီးမားသော အဆောင်ဆိုင်တစ်ဆိုင်ကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။
ဆိုင်ထဲတွင် လှပသောအမျိုးသမီးတစ်ဦး လှည့်လည် ကြည့်ရှုနေသည်။ ယင်းသည် မုဇီယန်မှလွဲ၍ အခြားသူ မဟုတ်ပေ။ သူမသည် ခရမ်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ပြောင်မြောက်သော ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေကာ၊ သူမ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဝင်းနေပြီး၊ ရင်သပ်ရှုမောဖွယ် လှပနေသည်။
အထူးသဖြင့် အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးနောက်၊ သူမ၏ မျက်နှာသည် ညှို့ယူဖမ်းစားနိုင်သော ဆွဲဆောင်မှု အရိပ်အယောင်များ ရှိနေပြီး၊ မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးကဲ့သို့ပင်။
သူမ၏ မျက်နှာသည် မယုံနိုင်လောက်အောင် ဖြူစင်နေပြီး၊ သူမ၏ ကြီးမားသော မျက်ဝန်းများသည် စကားပြောနေသကဲ့သို့ ထင်ရသည်။
အပြစ်ကင်းစင်မှုနှင့် ဆွဲဆောင်မှု နှစ်ခုစလုံးကို ပေါင်းစပ်ထားသော ဤအမျိုးသမီးသည် ရိုးရှင်းစွာပင် လောကတွင် ထိပ်တန်းအဆင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ အစောင့်ကျန်းဝမ်တစ်ဦးတည်း မဟုတ်ဘဲ၊ ပတ်ဝန်းကျင်ရှိ ယောက်ျားများ အားလုံးနီးပါး သူမထံမှ မျက်လုံး မခွာနိုင်ကြပေ။
"သူမက ထိပ်တန်း တကယ့်ကို ထိပ်တန်းပဲ…"
"ငါ.. ရှန်ကွမ်းရွှီမှာ မိန်းမတွေ အများကြီး ရှိဖူးပေမယ့်.. ဒီတစ်ယောက်က ပထမဆုံး ဖြစ်နိုင်တယ်.."
"ငါ သူမကို ရမှ ဖြစ်မယ်.. ရကို ရရမယ်.."
"ကျန်းဝမ်... သွားတော့.. ငါ့အတွက် အဲ့ဒီမိန်းမကို သွားလုခဲ့…"
"ငါ ဒီည သူမကို ငါ့ကုတင်ပေါ်မှာ မြင်ချင်တယ်.."
ရှန်ကွမ်းရွှီ၏ မျက်လုံးများ ရုတ်တရက် ပူနွေးလာပြီး၊ မီးများ မှုတ်ထုတ်နိုင်သကဲ့သို့ ဖြစ်နေသည်။
သူ ယခု၊ ဤအမျိုးသမီးကို လုယူရန် မစောင့်နိုင်တော့ပေ။ ဒီလောက် စိတ်လှုပ်ရှားရတာ ကြာပြီ ဖြစ်သည်။
သူမ၏ ဇာစ်မြစ်ကို သူ မသိသော်လည်း၊ သူ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ဘယ်သူကမှ သူ့အဖေ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးကို မကျော်လွန်နိုင်သောကြောင့်ပင်။
နှစ်တွေ ကြာလာတာနဲ့အမျှ၊ အမျိုးသမီးတစ်ယောက်ကို လိုချင်ပါက လမ်းမပေါ်ဖြစ်နေလျှင်ပင် သူ ဒီအတိုင်း ဆွဲခေါ်သွားလိုက်ရုံပင်။ ဘယ်သူမဆို သူ့ကို တားဖို့ ကြိုးစားရဲလျှင်၊ သူ နေရာတွင်ပင် သတ်ပစ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်လေး…"
ဤသည်ကို ကြားလိုက်ရသောအခါ အစောင့်ကျန်းဝမ်သည် လက်ခနဲ ဖြစ်သွားပြီး အဆောင်ဆိုင်ကို ကြောက်မက်ဖွယ် ရွှေအမြုတေဥပဒေသနယ်ပယ်ဖြင့် လွှမ်းခြုံလိုက်သည်။ ဆိုင်အတွင်းရှိ ကျင့်ကြံသူတိုင်း မလှုပ်ရှားနိုင်တော့ပေ။
တစ်ယောက်ပြီးတစ်ယောက်၊ သူတို့သည် ရှေးဟောင်းသားရဲတစ်ကောင်နှင့် ကြုံတွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားကြပြီး ဘာဖြစ်သွားမှန်း မသိကြတော့ပေ။
ဤအခိုက်အတန့်တွင်၊ ဤဧရိယာအတွင်းရှိ သဘာဝဝိညာဉ်စွမ်းအင်များ စီးဆင်းမှု ရပ်တန့်သွားသကဲ့သို့ ထင်ရသည်။ သို့သော် ယင်းသည် ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ပင် မဟုတ်လော။ အခြား ကျင့်ကြံသူများအတွက် ယင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်ပြီး၊ တွန်းလှန်ဖို့ရာ မဖြစ်နိုင်ပေ။
"ဘာ..."
မုဇီယန်လည်း ဤစွမ်းအားကို အာရုံခံမိလိုက်ပြီး မှင်တက်သွားသည်။ သူမသည် ဆိုင်ထဲတွင် လှည့်လည်ပြီး အဆောင်အရောင်းအဝယ်များကို စစ်ဆေးနေရုံသာ ရှိသေးသည်။
သို့သော် သူမ ဤကဲ့သို့သော ကပ်ဘေးနှင့် ကြုံတွေ့ရလိမ့်မည်၊ ရွှေအမြုတေကျင့်ကြံသူတစ်ဦးက သူမအပေါ် လှုပ်ရှားလာလိမ့်မည်ဟု မည်သူက ကြိုတင် မြင်နိုင်မည်နည်း။
ယင်းသည် အကြောင်းမဲ့ သက်သက် ဖြစ်လာသော ကပ်ဘေးတစ်ခုပင်။
သို့သော်ငြား ဤအခိုက်အတန့်တွင် သူမ တည်ငြိမ်သွားသည်။ ရန်သူသည် ရွှေအမြုတေဆရာသခင် ဖြစ်နေလျှင်ပင်၊ သူမထံတွင် သူမ၏ခင်ပွန်း ချန်ထားခဲ့သော လျှို့ဝှက်လက်နက် ရှိနေသေးသည်။
ချက်ချင်းဆိုသလိုပင်၊ ကျိုးစွေ့၏ ကိုယ်ပွားတစ်ခုသည် မုဇီယန် အန္တရာယ် ကြုံနေရသည်ကို အာရုံခံမိလိုက်ပြီး၊ ချက်ချင်း ပေါ်လာကာ မရင်းနှီးသော ရွှေအမြုတေကျင့်ကြံသူတစ်ဦးအဖြစ် အသွင်ပြောင်းလိုက်သည်။
"သေလမ်းရှာနေတာပဲ…"
ကိုယ်ပွားကျိုးစွေ့သည် တိုက်ခိုက်လာသော အစောင့်ကျန်းဝမ်ကို သေလူတစ်ယောက်အား ကြည့်သကဲ့သို့ အေးစက်စွာ ကြည့်လိုက်သည်။ နဂါးတစ်ကောင်ကဲ့သို့သော အရှိန်အဝါတစ်ခု သူ့ထံမှ ဖြာထွက်လာပြီး၊ တိုက်ရိုက် လက်သီးတစ်ချက် ထိုးလိုက်လေတော့သည်။