← Chapters

မဟာတာအိုထူးခြားဖြစ်စဉ်။ အဆင့်ချိုးဖြတ်ခြင်း။ ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်အရှင်။ မူလအစကမ္ဘာ၏တံခါး။

Vol. 33 Ch. 465-a

မဟာတာအိုထူးခြားဖြစ်စဉ်။ အဆင့်ချိုးဖြတ်ခြင်း။ ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်အရှင်။ မူလအစကမ္ဘာ၏တံခါး။

Vol. 33 Ch. 465-a

ထိုအခိုက် ချီမင်သည် ကမ္ဘာဦးမဟာတာအိုကျမ်းကို ပြီးပြည့်စုံအောင် လုပ်လိုက်သည်။ ထို့အပြင် ကမ္ဘာဦးမဟာတာအိုကျမ်း:တာအိုမူလအစအခန်းကို အောင်မြင်စွာ တွက်ချက်ပြီးချိန် အပြင်ကမ္ဘာတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုက ၎င်းကို ခံစားမိသွားသည်။ သို့ဖြစ်ပါ၍ မယုံနိုင်လောက်အောင်ကြီးမားသည့် ထူးခြားဖြစ်စဉ်ကြီး ပေါ်ပေါက်လာသည်။

လေထုထဲတွင် ထူးခြားဖြစ်စဉ်များ ပေါ်လာသည်။

နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်။

ကမ္ဘာဦးခန်းမအထက်တွင်။

မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ လင်းလက်သွားတော့သည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာနှင့် ခရမ်းရောင်။ အဆုံးမဲ့လေဟာနယ်ထဲတွင် ရောင်စုံလျှပ်စီးမိုးကြိုးများသည် စစ်မှန်နဂါးတစ်ကောင်အလား ပေါ်ပေါက်လာတော့သည်။

မိုးကြိုးများ ထစ်ချုန်းမြည်ဟိန်းလာသည်။

အတော်လေးကို ပြင်းထန်ပေသည်။

သို့သော် ၎င်းက အစသာရှိသေးသည်။

“ကြီးကျယ်လိုက်တဲ့ ထူးခြားဖြစ်စဉ်ပါလား။”

“ဘာလို့ ရုတ်တရက်ကြီး ပေါ်လာတာလဲ။”

“ဒါ...ဒါ...ဒါက..”

“ချီမင်နဲ့များ ဆိုင်နေမလား။”

“ချီမင်အဆင့်ချိုးဖြတ်သွားလို့များလား။”

“မဖြစ်နိုင်တာ။ အခုမှ နှစ်တစ်သန်းပဲ ရှိသေးတယ်။”

“…”

ပတ်ဝန်းကျင်တွင် အတွင်းစည်းတပည့်များသည် အလျှိုလျှိုခေါင်းမော့ကာ ကြည့်လာခဲ့သည်။ သူတို့က လေဟာနယ်ထဲတွင် အရောင်များဖြင့် ဝင်းလက်တောက်ပနေသော မရေမတွက်နိုင်သည့် မိုးကြိုးလျှပ်စီးများကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။

တိကျင်း၊ဝမ်ရှန်းနှင့် အခြားသော ကိုယ်ပိုင်တပည့်များက အာရုံစိုက်လာကြသည်။

“မဟုတ်ဘူး မဟုတ်လောက်ပါဘူး။” ဝမ်ရှန်းက ထိတ်လန့်တကြား ခေါင်းခါသည်။ “ချီမင် အဆင့်ချိုးဖြတ်တာ မဖြစ်နိုင်ပါဘူး။ သူသာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်ကို တက်ရင် ထူးခြားဖြစ်စဉ်က ဒီလောက်ပဲ ရှိမှာ မဟုတ်ဘူး။”

“ဟုတ်တယ်။”

ရွှမ်ယွမ်ကောဟန်က ခေါင်းညိတ်သည်။ “သူ အဆင့်တက်ရင် မိုးမြေမဟာတာအိုက သေချာပေါက် ပေါ်လာလိမ့်မယ်။”

“ဒါက..”

ကိုယ်ပိုင်တပည့်များသည် ခေတ္တမျှတွေးတောနေသည်။ သူတို့က ဂရုတစိုက် စောင့်ကြည့်ကာ တွက်ချက်နေကြ၏။

နောက်တစ်ခဏတွင် ထူးခြားဖြစ်စဉ်က ပြောင်းလဲသွားတော့သည်။

မရေမတွက်နိုင်သော မိုးကြိုးများသည် အလယ်ခေါင်တွင် သိပ်သည်းကာ စတင်စုဝေးသွားတော့၏။ စွမ်းအင်အားလုံးသည် ပေါင်းစပ်လာပြီး နောက်ဆုံးတွင် မျက်စိကျိန်းဖွယ် အလင်းလုံးတစ်လုံးပေါ်လာတော့သည်။

၎င်းက ရွှေရောင်သန်းနေကာ အဆုံးမဲ့အလင်းတို့ တောက်ပနေ၏။

၎င်းအလင်းက အသင်္ချေကမ္ဘာတို့ကိုတောင် ထွန်းလင်းလာစေသည်။

ထိုအလင်းရောင်သည် နေအလင်းရောင်၏စည်းမျဉ်းကိုပင် ဖိနှိပ်လာတော့သည်။

ထို့ပြင်..

ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကြောင့် မဟာတာအိုစာလုံးတို့မှာ သိပ်သည်းလာခဲ့ပြီး ဝန်းရံလည်ပတ်လာခဲ့သည်။ မရေမတွက်နိုင်သော ကြယ်တာရာများက ရွှေရောင်နေမင်းကို ကာကွယ်ပေးလာကြသည်။

“ဒါက..ဒါက မဟာတာအိုရွှေအမြူတေပဲ။”

“လျှပ်စီးတွေကနေ အမြူတေအဖြစ် သိပ်သည်းသွားတာပဲ။”

“မဟာတာအိုရွှေအမြူတေ”

“…”

အတွင်းစည်းတပည့်များက ပြောဆိုနေကြသည်။

ထိုအခိုက် မဟာတာအိုရွှေအမြူတေက အက်ကွဲလာသည်။ ရွှေရောင်အပိုင်းအစများသည် ပန်းကလေးများအလား ဖူးပွင့်လာသည်။ မျက်စိကျိန်းဖွယ် ရွှေရောင်ကြာပန်းများ ပေါ်လာပြီး ပွင့်လွှာမှာ သုံးဆယ့်ခြောက်ချပ်ရှိ၏။

ပိုမိုများပြားသော မဟာတာအိုစာလုံးများသည် သိပ်သည်းလာခဲ့ပြီး ပွင့်လွှာ သုံးဆယ့်ခြောက်ဖတ်ရှိသော ရွှေကြာပန်းများ ပေါ်လာတော့သည်။ ထိုနောက် မှော်စာလုံးများက ပေါင်းစပ်သွားကာ ကြာပန်းအဖြစ် ပြောင်းလဲသွားတော့သည်။

ဖရိုဖရဲချီတို့ ပေါ်ပေါက်လာသည်။

သိပ်မကြာခင်မှာပဲ ပွင့်လွှာသုံးဆယ်ခြောက်ဖတ်ရှိသော ရွှေကြာပန်းများသည် ပွင့်လွှာသုံးဆယ့်ခြောက်လွှာရှိသည့် ဖရိုဖရဲကြာပန်းစိမ်းဖြစ်သွားတော့၏။

ဖရိုဖရဲကြာပန်းစိမ်းတို့ ပွင့်လန်းလာသည်။

သန့်စင်သည့်ချီသုံးခုက ထွက်ပေါ်လာသည်။ ထိုချီသုံးခုက မတူညီသည့် အသက်အပိုင်းအခြားများကို ကိုယ်စားပြု၏။ လူအိုကြီး၊ လူလတ်ပိုင်းနှင့် လူငယ်အရွယ်တို့ကို ကိုယ်စားပြုပါသည်။ သူတို့က မဟာသန့်စင်၊ ကျောက်စိမ်းသန့်စင်နှင့် အထွတ်အထိပ်သန့်စင်တို့ ဖြစ်ကြသည်။

“ဒါက..”

“ငါ ဘာလို့များ ဒီထူးခြားဖြစ်စဉ်တွေက အင်မော်တယ်တာအိုနဲ့ဆိုင်တယ်လို့ ထင်နေရတာလဲ။”

“ဟုတ်တယ်။”

“အဲဒီပုံရိပ်သုံးခုက ထာဝရအင်မော်တယ်ဌာနချုပ်ရဲ့ သန့်စင်ခြင်းသုံးပါးနဲ့ ဆင်သလားလို့။ ဒါပေမဲ့ သိပ်လည်းမတူပြန်ဘူး။ ခွဲဖို့တော့ ခက်တယ်။”

“…”

တိကျင်းတို့က ဆွေးနွေးနေကြသည်။

“နောက်ထပ် ပြောင်းလဲမှု ရှိသေးတယ်။” ချင်ယွီက ရှင်းပြလိုက်၏။

လေဟာနယ်ထဲတွင်။

မရေမတွက်နိုင်သော ဖရိုဖရဲချီများ မြင့်တက်လာ၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားသည် ဖရိုဖရဲချီနှင့်ပေါင်းစပ်သွားသည်။ ထို့နောက် လူတိုင်း၏အကြည့်အောက်မှာပဲ ၎င်းက ဖရိုဖရဲကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာ သန့်စင်ခြင်းသုံးပါးက ဖရိုဖရဲကြာပန်းစိမ်းအဖြစ် ပြောင်းလဲသွားတော့သည်။ ဖရိုဖရဲကြာပန်းစိမ်း၏ဗဟိုတွင် မယှဉ်သာလောက်အောင်ကြီးမားသည့် ဥကြီးတစ်လုံး ပေါ်လာ၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုပုံစံကွက်များသည် ထိုဥကြီးပေါ်တွင် ရေးထိုးထားလေသည်။

သိပ်မကြာခင်မှာပင် ဖရိုဖရဲဥက အက်ကွဲလာပြီး ခမ်းနားသည့် ပုံရိပ်တစ်ခု ပြေးထွက်လာတော့သည်။ ပွင့်လွှာသုံးဆယ့်ခြောက်ဖတ် ဖရိုဖရဲကြာပန်းစိမ်းသည် ဖရိုဖရဲမဟာပုဆိန်အဖြစ်ပြောင်းလဲသွားတော့၏။ ခမ်းနားသည့်ပုံရိပ်သည် ဖရိုဖရဲမဟာပုဆိန်ကို ဆွဲကိုင်ထားလျက် ဖရိုဖရဲကမ္ဘာကြီးထဲက ကောင်းကင်နှင့်မြေကြီးကို ထက်ခြမ်းခွဲလိုက်သည်။

“ဖရိုဖရဲကောင်းကင်ခွဲခြမ်းခြင်း”

“စိတ်ဝင်စားဖို့ကောင်းတယ်။”

“ငါ နားလည်ပြီ။”

“ဟုတ်တယ်။”

“ဘာတွေဖြစ်နေလဲဆိုတာ ငါသိသွားပြီ။”

“…”

ထူးခြားဖြစ်စဉ်မျိုးစုံ ပေါ်လာတော့သည်။

တိကျင်းတို့က အကြောင်းအရင်းကို နားလည်သွားတော့၏။

“ချီမင်က သူ့ရဲ့ကိုယ်ပိုင်တာအိုကို နားလည်သွားပြီ။ သူက ကိုယ်ပိုင်တာအိုကို တည်ဆောက်နိုင်သွားပြီ။ အဲဒါကြောင့် ဒီထူးခြားဖြစ်စဉ်တွေက ချီမင်လျှောက်ခဲ့တဲ့လမ်းကြောင်းအတိုင်း ဖြစ်ပေါ်လာတာ။”

“ရွှေအမြူတေမဟာတာအို၊ သန့်စင်ခြင်းသုံးပါးဝိညာဉ်အနှစ်သာရ၊ ဖန်ကုစစ်မှန်ခန္ဓာ”

“တစ်ဆင့်ချင်းစီ တစ်ဆင့်ချင်းစီဖြစ်ရမယ်။”

“ဒါတွေက ချီမင်လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းတွေပဲ။”

“…”

ကိုယ်ပိုင်တပည့်များက ဆွေးနွေးနေကြသည်။

ဖန်ကုက ကောင်းကင်ကို ခွဲခြမ်းပြီး ဆင့်ကဲပြောင်းလဲလိုက်သည်။

ကမ္ဘာဦးကမ္ဘာက အောင်မြင်စွာဖြင့် တည်ဆောက်နိုင်ပြီဖြစ်၏။

တစ်ချိန်တည်းမှာ ၎င်းက ချီမင်၏ကမ္ဘာဦးတာအိုသစ်သီးကို ပြီးပြည့်စုံသွားတော့၏။ ကမ္ဘာဦးက ထပ်မံဆင့်ကဲပြောင်းလဲသွားပြီးနောက်မှာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစစွမ်းအားသည် ၎င်းထဲသို့ ပေါင်းစပ်သွားတော့၏။ ထို့နောက် ကမ္ဘာဦးမှ ကမ္ဘာဦးတာအိုကောင်းကင်အဖြစ် တိုးတက်သွားတော့သည်။

နောက်ဆုံးမှာတော့ ကမ္ဘာဦးတာအိုကောင်းကင်သည် အကန့်အသတ်ထိ တိုးတက်သွားပြီး ကမ္ဘာဦးဖရိုဖရဲ၏မူလအစဖြစ်လာသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏မူလအစကိုပင် ထိတွေ့နေမိပြီဖြစ်ကာ ကမ္ဘာကြီး၏ အနှစ်သာရများနှင့် အမှန်တရာများကို နားလည်သွားတော့သည်။

တစ်နည်းနည်းဖြင့် ကမ္ဘာဦးမဟာတာအို၏အနက်ရှိုင်းဆုံးနေရာတွင် သူသည် မှိန်ဖျော့ဖျော့တံခါးတစ်ချပ်ကို မြင်လိုက်ရသလိုပင်။

ထိုတံခါးသည် မူလအစကမ္ဘာ၏တံခါးပင်ဖြစ်သည်။

၎င်းက ပေါ်လာပြီဖြစ်သည်။

ကမ္ဘာဦး။ ကမ္ဘာဦး။ ကမ္ဘာဦး။

ကမ္ဘာဦးမဟာတာအိုက ပေါ်ပေါက်လာပြီဖြစ်၏။ ၎င်းက မိုးမြေအတွင်း၌တည်ရှိနေကာ အဆုံးအစမဲ့ ခမ်းနားထည်ဝါမှုတို့ကို ဖော်ထုတ်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ထိုးဖောက်သွားတော့မည့်အလားပင်။ ၎င်းက ထာဝရဟုပင် ဆိုရမည်ဖြစ်သည်။

လူတိုင်းက သူတို့၏နားထဲတွင် မရေမတွက်နိုင်သော ညည်းတွားသံများကို ကြားလိုက်ရသည့်အလားပင်။ ထိုသည်က တာအိုသံစဉ်များ၊ မဟာတာအိုသံစဉ်များ၊ ကမ္ဘာဦးတာအိုသံစဉ်များ၊ တာအိုပန်းသက်ဆင်းသံများ၊ ကြာပန်းစိမ်းပွင့်လန်းသံများနှင့် သက်ရှိအားလုံးက တာအို၏နက်နဲမှုထဲသို့ နစ်ဆင်းသွားသည်။

“ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်” တိကျင်း၏မျက်လုံးများက တောက်ပလာရသည်။ “ချီမင် အောင်မြင်သွားပြီ။”

“ကမ္ဘာဦးမဟာတာအိုလား။”

“ငါ ဒါကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပဲ။”

“ဖရိုဖရဲကနေ အရင်ပြောင်းလဲတယ်။ ပြီးတော့ အဆုံးစွန်ကနေ သန့်စင်လာပြီး နောက်တစ်ဆင့်ကို တက်လှမ်းတယ်။ ကမ္ဘာဦးဖရိုဖရဲက အထွတ်အထိပ်ဖြစ်သလို အရာအားလုံးရဲ့ စတင်ရာလည်းဖြစ်တယ်။ ကမ္ဘာဦးမဟာတာအိုဆိုတဲ့အတိုင်းပဲ။”

“ငါတို့က နိမ့်ကျနေသေးတာပဲ။”

ရွှမ်ယွမ်ကောဟန်တို့က ဆွေးနွေးနေကြသေးသည်။

အချိန်ကုန်ဆုံးသွားသည်။

တဖြည်းဖြည်းဖြင့် ကမ္ဘာဦးခန်းမအပြင်ဘက်က ထူးခြားဖြစ်စဉ်များသည် ပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း ကျန်ရစ်ခဲ့သည့် တာအိုစာလုံးများမှာတော့ မရေမတွက်နိုင်သော သက်ရှိများကို ထိတ်လန့်သွားစေတော့သည်။ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ချီမင်က အဆင့်တော့ မတက်ရသေးပေ။ သူ၏တာအိုကို တွက်ချက်နေခြင်းကပင် အင်မတန်ထိတ်လန့်ဖွယ်ကောင်းနေတော့၏။ ချီမင်အဆင့်ချိုးဖြတ်ပြီးနောက် မည်သို့ဖြစ်လာမည်ကို စဉ်းစားရန်မှာ ခက်ခဲပါ၏၊

“ငါ့ဘဝမှာ ကမ္ဘာဦးမဟာတာအိုကို မြင်ခဲ့ရပြီဆိုတော့ နောင်တမရတော့ပါဘူး။”

“ငါတို့တွေက နိမ့်ကျမှုအတွက် အရှက်ရသင့်တယ်။”

“သွားကြစို့”

“ကိုယ်ပိုင်တပည့်ချီနဲ့ ယှဉ်ရင် ငါတို့က နိမ့်ကျတဲ့ ပိုးစုန်းကြူးသာသာပဲ။ ကိုယ်ပိုင်တပည့်ချီကတော့ ကောင်းကင်အမြင့်မှာ ပျံသန်းနေတဲ့ ရွှေကျီးကန်းတစ်ကောင်ပဲ။”

“…”

အတွင်းစည်းတပည့်များက တစ်ဦးပြီးတစ်ဦး ထရပ်လာကြသည်။ သူတို့က ကမ္ဘာဦးမဟာတာအို၏စွမ်းအားကို ခံစားမိလိုက်သည်။ သူတို့အားလုံးက ချီမင်ကြောင့် ထိုအရာများဖြစ်လာသည်ကို သေချာသွားသည်။

သူတို့က တစ်ယောက်ပြီးတစ်ယောက်ထရပ်ကာ ကမ္ဘာဦးခန်းမကို ဦးညွှတ်လိုက်ကြသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြကာ ခန်းမအပြင်ဘက်တွင် ဆက်ထိုင်ရန် မသေချာတော့ပေ။

သိပ်မကြာခင်မှာ သုံးပုံနှစ်ပုံက ထွက်သွားတော့၏။

သုံးပုံတစ်ပုံတော့ ကျန်ပါသေး၏။

ထိုအထဲတွင် ကျောက်ယန်လင်းတို့လည်း ပါ၏။

“နှစ်တစ်သန်းကြာသွားပြီ။”

တိကျင်းက ပြောသည်။ “ချီမင်က သူ့ရဲ့တာအိုကို နားလည်သွားပြီထင်တယ်။ ကမ္ဘာဦးမဟာတာအိုကို တည်ဆောက်လိုက်ပြီဖြစ်မယ်။ ထာဝရကိုတောင် ရနိုင်တယ်။ အဲဒါကြောင့် ချီမင်က နှစ်ဆယ်သန်းအတွင်းမှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်လာလိမ့်မယ်။”

“ဒုတိယစီနီယာအစ်ကို”

ဝမ်ရှန်းက ပြောသည်။”ရလဒ်က ထွက်မလာသေးဘူး။ အရာအားလုံးက မသိရသေးဘူး။”

“ဟုတ်တယ်။”

“ထာဝရကို နှစ်ဆယ်သန်းအတွင်းမှာ ရမယ်ဟုတ်လား။ အရမ်းကို မြန်လွန်းတယ်။”

“ငါတို့တော့ မယုံနိုင်သေးဘူး။”

“…”

အခြားသော ကိုယ်ပိုင်တပည့်များကလည်း ပြောလိုက်သည်။

“ဒါဆိုလည်း စောင့်ကြတာပေါ့”

တိကျင်းက ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ အချိန်တွေအများကြီးရှိတယ်။ နှစ်ဆယ်သန်းဆိုတာ ခဏလေးပဲ။ ငါတို့ စောင့်နိုင်ပါတယ်။”

“ဒါဆိုလည်း စောင့်ကြတာပေါ့။”

“သေချာတယ်။”

“…”

ကိုယ်ပိုင်တပည့်များက ခေါင်းညိတ်ကြ၏။

အချိန်ကုန်ဆုံးသွားသည်။

နှစ်ငါးသန်း ကုန်သွားသည်။

ယနေ့မှာတော့ ချီမင်က သူ၏စိတ်ထဲက တစ်ခုခုပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။ မသိလိုက်စွာဖြင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစစွမ်းအားသည် သက်ဆင်းလာခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည့်အတွက် အဆုံးမဲ့ပြောင်းလဲမှုများ ဖြစ်ပေါ်လာရတော့သည်။

တစ်ချိန်တည်းမှာ...

တင်း။

“ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် အဆသန်းတစ်သောင်းမြှင်တင်မှုအောက်တွင် နှစ်ငါးသန်းကြာ ကျင့်ကြံခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ၎င်းက အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ခေတ်ပေါင်းငါးသောင်းကြာ ကျင့်ကြံခဲ့ပါတယ်။”

“သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစကို နားလည်ခဲ့ပြီး လေဟာနယ်စကြဝဠာပင်လယ်၏အနှစ်သာရများကို စတင်နားလည်သွားပါပြီ။ သင် ကမ္ဘာကြီးထဲက အရာအားလုံး၏မူလအစနှင့် အမှန်တရားများကို နားလည်သွားပါပြီ။”

“သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ပထမအဆင့်သို့ ဝင်ရောက်ပါတော့မယ်။”

…

တင်း။

“ဖရိုဖရဲမဟာတာအိုကျမ်း:မူလအစအခန်းကို အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် ခေတ်ပေါင်း(၅၀၀၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏မူလအစဆန်းကြယ်မှုများကို နားလည်ခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏မူလအစစွမ်းအားကို ကမ္ဘာဦးမဟာတာအိုနှလုံးသားဖြင့် ပေါင်းစပ်နိုင်ခဲ့ပါတယ်။ သင်၏ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုများသည် တိုးတက်လာပါပြီ။ လက်ရှိတွင် သင် မဟာတာအိုမူလအစပထမအဆင့်သို့ ရောက်ရှိသွားပါပြီ။”

…

တင်း။

“ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်သွားသည့်အတွက် မဟာတာအိုမူလအစ ပထမအဆင့်သို့ တိုးတက်သွားပါပြီ။ သင်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့်သို့ ချိုးဖြတ်နိုင်ပါတော့မယ်။”

…

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်ကြောင့် ကြီးမားသည့် အပြောင်းအလဲကြီးတစ်ခု ဖြစ်လာ၏။ သူ၏ခန္ဓာကိုယ်ထဲမှ ဟိန်းဟောက်သံကြီးဖြစ်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစ၏စွမ်းအားက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

ချီမင်၏အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုသည် အတော်လေးကြီးမား၏။ ထိုသည်က အဆင့်ကြီးတစ်ဆင့်ချိုးဖြတ်တော့မှာဖြစ်သည်။ ထို့အပြင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်သည် နောက်ဆုံးအဆင့်လည်းဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် ၎င်းကို ခံစားမိသွားပြီးနောက် အဆုံးမဲ့မဟာတာအိုထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာတော့သည်။

ကောင်းကင်နှင့်မြေကြီးက နှစ်ခြမ်းကွဲသွားပြီး အရောင်ငါးရောင်ထွက်ပေါ်လာ၏။ ပန်းပေါင်းများစွာပွင့်လန်းလာကာ ရွှေကြာပန်းများသည် မြေပြင်ပေါ်သို့တိုးထွက်လာသည်။ သို့သော် ထိုထူခြားဖြစ်စဉ်များက အစသာဖြစ်သည်။ နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်တစ်ခုလုံးသည် တုန်ယင်သွား၏။

“ဒါ....ဒါက..”

“မဟာတာအိုထူးခြားဖြစ်စဉ်။ မိုးမြေမဟာတာအိုရဲ့ ထူးခြားဖြစ်စဉ်ပဲ။”

“ဟူး”

“ချီမင်က အဆင့်တက်တော့မှာလား။ သူ အဆင့်ချိုးဖြတ်တော့မှာလားမသိဘူး။”

“ဒါ...ဒါ...ဒါက..”

“အရမ်းမြန်လွန်းတယ်။ နှစ်ငါးသန်းပဲ ရှိသေးတာကို။”

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။”

“…”

ကိုယ်ပိုင်တပည့်များက မျက်လုံးများပြူးကျယ်ကာ မဟာတာအိုထူးခြားဖြစ်စဉ်ကို ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ တိကျင်း၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

All Chapters