← Chapters

မဟာတာအိုထူးခြားဖြစ်စဉ်။ အဆင့်ချိုးဖြတ်ခြင်း။ ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်အရှင်။ မူလအစကမ္ဘာ၏တံခါး။

Vol. 33 Ch. 465-b

မဟာတာအိုထူးခြားဖြစ်စဉ်။ အဆင့်ချိုးဖြတ်ခြင်း။ ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်အရှင်။ မူလအစကမ္ဘာ၏တံခါး။

Vol. 33 Ch. 465-b

မရေမတွက်နိုင်သော မဟာတာအိုထူးခြားဖြစ်စဉ်များ ပေါ်လာ၏။

ဤတစ်ကြိမ်တွင် နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်တစ်ခုကိုသာ မဟုတ်တော့ဘဲ ၎င်းက ဆက်လက်ကျယ်ပြန့်စွာ သက်ရောက်လာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် ထိုသည်ကို ခံစားမိသွားသည့်အတွက် အထက်ကမ္ဘာကိုးကမ္ဘာ၏ ကောင်းကင်တာအိုကိုပင် သက်ရောက်လာ၏။

အထက်ကမ္ဘာကိုးကမ္ဘာတွင်။

အဆုံးမဲ့မဟာတာအိုထူးခြားဖြစ်စဉ်များသည် ဗုဒ္ဓကမ္ဘာ၊နတ်ဆိုးကမ္ဘာ၊မိစ္ဆာကမ္ဘာ၊အထွတ်အထိပ်ကမ္ဘာ၊အင်မော်တယ်ကမ္ဘာ၊ မြင့်မြတ်ကမ္ဘာ၊ စစ်မှန်ကမ္ဘာနှင့် ထာဝရကမ္ဘာတို့ကိုပါ သက်ဆင်းလာသည်။

အထက်ကမ္ဘာကိုးကမ္ဘာ၏ကောင်းကင်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။

၎င်းက အဆုံးမဲ့ခမ်းနားကြီးကျယ်ပေသည်။

၎င်းက ကမ္ဘာအားလုံးကို ဖိနှိပ်လာ၏။

ထိုပုံရိပ်က ချီမင်၏ပုံရိပ်ဖြစ်သည်။

သူသည် တင်ပျဉ်ခွေချိတ်ထိုင်နေပြီး ကမ္ဘာဦးမဟာတာအိုက သူ့ကို ဝန်းရံနေသည့်အပြင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုက သူ့နောက်လိုက်ပါလာ၏။ အဆုံးမရှိကမ္ဘာကြီး၏ပုံရိပ်များနှင့် သက်ရှိအပေါင်း၏ကိုးကွယ်မှုများသည် အဆုံးမဲ့မျိုးနွယ်များနှင့်သက်ရှိများကို မှင်သက်ဖွယ် မြင်လိုက်ရ၏။

“ဒါက...”

“ကိုယ်ပိုင်တပည့်ချီ။ သူက ကိုယ်ပိုင်တပည့်ချီပဲ။”

“ဟူး”

“ဘုရားရေ။”

“ကိုယ်ပိုင်တပည့်ချီက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်ကို တက်တော့မှာလား။ မဟာတာအိုထူးခြားဖြစ်စဉ် ပေါ်လာပြီပဲ။ ဒါဆို အထက်ကမ္ဘာကိုးကမ္ဘာရဲ့ ကောင်းကင်တာအိုနဲ့ အဆုံးမဲ့ထူးခြားဖြစ်စဉ်တွေက ပဲ့တင်ထပ်လာတာက တစ်ချိန်တည်းနီးပါးပဲ။”

“အရမ်း..အရမ်းကြောက်ဖို့ကောင်းတယ်။”

“…”

အထက်ကမ္ဘာကိုးကမ္ဘာ၏အဖွဲ့အစည်းများစွာက ချီမင်၏အခြေအနေကို နားလည်လာကြ၏။ သူ၏ပုံရိပ်ပေါ်လာချိန်တွင်တော့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ထိုအရာကို မှတ်မိသွားပြီး ထိတ်လန့်တကြား ဖြစ်သွားရတော့သည်။

“အံ့ဩဖို့ကောင်းလိုက်တဲ့ ကမ္ဘာဦးမဟာတာအိုပဲ။”

အင်မော်တယ်ကမ္ဘာအရှင် ချန်ချန်းရှန်သည် ထာဝရအင်မော်တယ်ဌာနချုပ်၏အထွတ်အထိပ်ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူသည် ခေါင်းအသာမော့ကာ မဟာတာအိုထူးခြားဖြစ်စဉ်၌ ဖြစ်ပေါ်လာသည့် ချီမင်၏ပုံရိပ်ကို ကြည့်လိုက်၏။ သူသည် ကမ္ဘာဦးမဟာတာအို၏ စွမ်းအင်ကို ခံစားလိုက်ရသည်။ “အရမ်းကို သန်မာလွန်းတယ်။ တော်တော်သန်မာတာပဲ။”

“အထွတ်အထိပ်တာအိုသစ်သီး ဒသမအဆင့်ဆိုတဲ့ အတိုင်းပဲ။”

“ဒီ ကောင်လေး ချီမင်က”

နတ်ဆိုးကမ္ဘာအရှင်က မျက်လုံးဖွင့်လာ၏။ သူသည် နတ်ဆိုးကမ္ဘာတွင်မဟုတ်တော့ဘဲ ထာဝရကမ္ဘာသို့ ရောက်နေခြင်းဖြစ်သည်။ သူသည် ထာဝရကမ္ဘာ၏အရှင် မော့ချောင်ကောနှင့် စစ်တုရင်ကစားနေသည်။

သို့ပါသော်လည်း...

သူတို့သည် စစ်တုရင်ကစားသည်ထက် တာအိုကစားနေခြင်းဆို ပိုမိုမှန်ကန်ပါလိမ့်မည်။

“လွန်ခဲ့တဲ့နှစ်သန်းအနည်းငယ်အတွင်းမှာ သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တက်တော့မှာ။ ပြီးတော့ သူ့ရဲ့ မိုးမြေမဟာတာအိုနားလည်မှုကလည်း ပိုပိုနက်ရှိုင်းလာတယ်။”

“ငါအထင် သူ မူလအစနယ်ပယ်ထဲ ခြေချမိပြီထင်တယ်။”

“လက်ရှိအခြေအနေအရ သူ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ဖြစ်လာရင် သူက ငါတို့နဲ့ယှဉ်နိုင်လာလိမ့်မယ်။”

ဤစစ်တုရင်ဂိမ်းထဲမှာ နတ်ဆိုးကမ္ဘာအရှင်၏တာအိုနှင့် ထာဝရကမ္ဘာအရှင်၏တာအိုတို့က တိုက်ခိုက်နေသေးသည်။ သူတို့နှစ်ယောက်ရှေ့က စစ်တုရင်ဘုတ်ပြားသေးသေးလေးတွင် အင်မတန်နက်နဲသည့် တာအိုသဘောတရားများ သယ်ဆောင်ထား၏။

တစ်စုံတစ်ယောက်သာ ထိုသည်ကို အနည်းငယ်လေးမျှပင်နားလည်သွားနိုင်ပါက တစ်မနက်ထဲဖြင့် တာအိုသစ်သီးကို သိပ်သည်းနိုင်ပြီး ကောင်းကင်အရှင်နယ်ပယ်သို့ ခြေချနိုင်ပေလိမ့်မည်။

ထိုပွဲကို ကြည့်ချင်ပါက ကောင်းကင်အရှင်အဆင့် အနည်းဆုံး ရှိရန် လိုအပ်သည်။ ထိုအဆင့်ထက်တော့ နိမ့်သွားပါက ကစားပွဲထဲတွင် ပါဝင်နေသော တာအိုကြောင့် ဝါးမျိုခံရပြီး တိုက်ရိုက်သေသွားနိုင်သည်။

“ဒသမအဆင့် အထွတ်အထိပ်တာအိုသစ်သီး”

မော့ချောင်ကောက ကြည့်လိုက်၏။ သူ၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး နှုတ်ခမ်းထောင့်များမှာ ကွေးတက်သွားသည်။ သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်တည်လာတော့သည်။ သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ထူးခြားထင်ရှားသည့် မျက်နှာပေါက်မျိုး ပိုင်ဆိုင်ထားသည်။ သူ၏နူးညံ့သည့် အဖြူရောင်ဆံပင်များက နောက်ကျောဘက်သို့ ဖြာကျနေ၏။

“ ခေတ်ကာလဆယ်ခုကုန်သွားရင် မူလအစကမ္ဘာဖွင့်ဖို့ အခွင့်အရေးတစ်ခု ရလာလိမ့်မယ်။”

“ဟဲဟဲ”

နတ်ဆိုးကမ္ဘာအရှင်က ပြုံး၏။ “တခြားတာအိုရောင်းရင်တွေကတော့ မစောင့်နိုင်တော့လောက်ဘူး။ ဒါပေမဲ့ လေဟာနယ်ပင်လယ်ထဲမှာ ထာဝရအဆုံးမဲ့ကပ်ဘေးဒုက္ခက ထပ်ပွင့်တော့မယ်။”

“အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာတော့ သိမှာမဟုတ်ဘူး။”

“ဘယ်သူမှတော့ သိမှာမဟုတ်ဘူး။”

“မဟုတ်ဘူး” မော့ချောင်ကောက ခေါင်းခါလိုက်၏။ “ငါတို့ လေဟာနယ်ခေတ်ကာလဆယ်ခုလောက်ထိ စောင့်ပြီးပြီ။ ငါတို့ ဘာလို့ ခဏလောက်ထပ်မစောင့်နိုင်ရမှာလဲ။ အခု ချီမင်ကြီးပြင်းလာဖို့ပဲ စောင့်ရမယ်။”

ဖြောင်း။

မော့ချောင်ကော၏အဖြူရောင်အရုပ်လေးကျလာချိန်၌ ကစားပွဲက ပြောင်းလဲသွားတော့သည်။ အဖြူရောင်နဂါးတစ်ကောင်က ကောင်းကင်သို့ ပြေးတက်သွားပြီး အရာအားလုံးကို ဝါးမျိုသွားသည်မှာ ကမ္ဘာတစ်ခုလုံးကို ဖြတ်တောက်ချင်သည့်အလားပင်။

နောက်တစ်ခဏတွင် နတ်ဆိုးကမ္ဘာအရှင်က ခပ်တိုးတိုး သက်ပြင်းချ၏။ အနက်ရောင်စစ်တုရင်အပိုင်းလေးများမှာ မြူခိုးအလား ပျံ့နှံ့သွားသည်။ ၎င်းက နဂါးတစ်ကောင်အဖြစ် မပြောင်းလဲသွားပေ။ ထိုအစား ကောင်းကင်နှင့်မြေကြီးကိုပင် ဝါးမျိုနိုင်သည့် အနက်ရောင်တွင်းပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားပြီး အဖြူရောင်နဂါးကို ချုပ်နှောင်လိုက်၏။

အချိန်တိုလေးအတွင်းမှာ သူသည် အခြေအနေကို ပြောင်းပြန်လှန်လိုက်၏။

အဖြူရောင်နဂါးက ဟိန်းဟောက်လိုက်ပြီး အနက်ရောင်မြူခိုးက တုန်လှုပ်သွားသည်။

နှစ်ဖက်က ထိပ်တိုက်တွေ့သွားပြီးနောက် ၎င်းက အနိုင်ရသူကို ဆုံးဖြတ်ဖို့ ခက်ခဲသည်။

ကောင်းကင်ယံ၌ ထိတ်လန့်ဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ မိုးကြိုးလျှပ်စီးများ လင်းလက်လာပြီး နေရာလွတ်က အက်ကွဲလာတော့သည်။ တာအိုဥပဒေသများမှာ ပြိုကွဲသွားပြီး နတ်ဆိုးတာအိုနှင့် ထာဝရတာအိုတို့က ဖြည်းညှင်းစွာ ပေါ်လာတော့သည်။

၎င်းက ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပါ၏။

ထိုသို့ဆက်ဖြစ်နေပါက သေချာပေါက် ကြီးမားသည့် အပြောင်းအလဲကြီးဖြစ်ပေါ်လာတော့မည်ဖြစ်၏။

ထိုသို့အရေးကြီးသည့်အခိုက် နတ်ဆိုးကမ္ဘာအရှင်နှင့် ထာဝရကမ္ဘာအရှင်တို့၏အင်္ကျီလက်အိုးများက တစ်ချိန်တည်း လှုပ်ခါသွားသည်။ အဖြူရောင်နဂါးနှင့် အနက်ရောင်မြူခိုးတို့က တစ်ချိန်တည်း ပျောက်ကွယ်သွား၏။ စစ်တုရင်ပြားက ပျောက်ကွယ်သွားပြီး နတ်ဆိုးတာအိုနှင့် ထာဝရတာအိုတို့ကလည်း ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် ပြန်လည်ငြိမ်းချမ်းလာသည်။

“ငါ တစ်ချက်သွားပြီး ကြည့်လိုက်ဦးမယ်။”

နတ်ဆိုးကမ္ဘာအရှင်စကားပြောပြီးသည်နှင့် သူသည် လေဟာနယ်ကို ဖြတ်ကျော်ကာ ပျောက်ကွယ်သွားတော့သည်။ သူသည် နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်ဆီသို့ ဦးတည်လိုက်၏။ ထာဝရကမ္ဘာအရှင် မော့ချောင်ကောသည် နတ်ဆိုးကမ္ဘာအရှင်ထွက်ခွာသွားတာကို ကြည့်နေ၏။

မြင်ကွင်းကပြောင်းလဲသွားသည်။

ဗုဒ္ဓကမ္ဘာတွင်။

အနောက်ဂိုဏ်းတွင်။

“ဒသမအဆင့် အထွတ်အထိပ်တာအိုသစ်သီး”

ဗုဒ္ဓကမ္ဘာအရှင်က မျက်လုံးဖွင့်ကာ ကြည့်လိုက်၏။ ကိုးခုမြောက်လေဟာနယ်ခေတ်ကာလကတည်းက သူသည် ထပ်မပေါ်လာခဲ့ပေ။ ယခုတွင်တော့ ချီမင်ကြောင့် ကမ္ဘာဦးမဟာတာအိုက ပေါ်လာတော့၏။ အထွတ်အထိပ်တာအိုသစ်သီး၏အရှိန်အဝါက ပေါ်လာသည်။ “ပေါ်လာပြီဟ။”

“အချိန်ကျရောက်လာတော့မယ်။”

မိစ္ဆာကမ္ဘာတွင်။

မဟာတာအိုမိစ္ဆာဌာနချုပ်တွင်။

မိစ္ဆာကမ္ဘာအရှင် ရွှမ်ဝမ်ဂုက တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည်။ သူ၏အနားတွင် ဘိုးဘေးနဂါးဆယ့်နှစ်ကောင် ဝိုင်းရံနေသည်။ သူ၏ခန္ဓာကိုယ်သည် အဆုံးမဲ့ခမ်းနားမှုများဖြင့် ပြည့်နှက်နေသည်မှာ စကြဝဠာတစ်ခုတွင် ထိုင်နေရသည့်အလားပင်။ “ဒသမအထွတ်အထိပ်တာအိုသစ်သီးက နတ်ဆိုးကမ္ဘာအရှင်ရဲ့ ကိုယ်ပိုင်တပည့်တွေထဲက တစ်ယောက်ဖြစ်နေတာပဲ။ ကြည့်ရတာ နတ်ဆိုးကမ္ဘာအရှင်က ပိုင်ဆိုင်တော့မယ်ထင်တယ်။”

တာအိုကမ္ဘာတွင်။

တာအိုဘိုးဘေးခရမ်းကောင်းကင်နန်းတော်တွင်။

“သုံးထောင်သော မဟာတာအို၊ ဖန်တီးခြင်းတာအိုပြား။”

တာအိုကမ္ဘာအရှင် တာအိုဘေးက ထရပ်ကာ ဖန်တီးခြင်းကျောက်စိမ်းကို ထုတ်ယူလိုက်၏။ သူသည် နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းက ဖြစ်စဉ်ကို မြင်လိုက်ရသော်လည်း ချီမင်၏ပုံရိပ်ကိုတော့ မခန့်မှန်းနိုင်ပေ။ “ကမ္ဘာဦးမဟာတာအိုက တကယ့်ကိုခမ်းနားတာပဲ။ အထက်ကမ္ဘာကိုးကမ္ဘာကိုတောင် ထိတ်လန့်သွားစေတယ်။ ဒါပေမဲ့ အားနည်းချက်တွေတော့ ရှိနေသေးတယ်။”

“ဒီလိုဆိုတော့...”

“ငါတို့တွေ ဆက်ဆံရေးကောင်းတစ်ခု ဖွဲ့လို့ရတယ်။”

“ပြီးတော့...”

“ကမ္ဘာဦးမဟာတာအိုက ငါလေ့လာနေတဲ့တာအိုနဲ့ဆင်တယ်။ ဒါပေမဲ့ တူတော့မတူဘူး။ ငါသာ တာအိုရောင်းရင်းချီမင်နဲ့ ဆွေးနွေးရင် အကျိုးရှိတယ်။”

ထိုသည်ကို စဉ်းစားကြည့်သော် တာအိုဘိုးဘေးက ခြေတစ်လှမ်းတိုးကာ တာအိုဘိုးဘေးခရမ်းနန်းတော်မှ ထွက်ခွာတော့သည်။

စစ်မှန်ကမ္ဘာ။

အမှန်တရားဘုရားကျောင်း။

စစ်မှန်ကမ္ဘာအရှင်သည် ချီမင်အပေါ် အာရုံစိုက်နေ၏။ သူသည် ချီမင်တည်ဆောက်ထားသည့် ကမ္ဘာဦးမဟာတာအိုကို ကြည့်နေ၏။ ထို့နောက် သူသည် ဆုံးဖြတ်ချက်ချပြီး စတင်ကာ ပြင်ဆင်တော့၏။

မြင့်မြတ်ကမ္ဘာတွင်။

မြင့်မြတ်ကမ္ဘာတာအိုတောင်။

မြင့်မြတ်ကမ္ဘာအရှင် မဟာသူတော်စင် ပေါ်လာ၏။ သူသည် ဗုဒ္ဓကမ္ဘာအရှင်နှင့် အတူတူပင်ဖြစ်သည်။ ဆယ်ခုမြောက်လေဟာနယ်ခေတ်ကာလအဆုံးသတ်ကတည်းက ပေါ်မလာတော့ပေ။

ယခု ချီမင်၏ကမ္ဘာဦးမဟာတာအိုသည် မဟာသူတော်စင်ကို နိုးထသွားစေသည်။

“ဒသမအဆင့် အထွတ်အထိပ်တာအိုသစ်သီး”

မဟာသူတော်စင်က ပြော၏။ “နောက်ထပ် မဟာဖရိုဖရဲက မွေးဖွာလာပြီ။”

အထွတ်အထိပ်ကမ္ဘာတွင်။

အထွတ်အထိပ်ကောင်းကင်ခံတပ်။

အထွတ်အထိပ်ကမ္ဘာအရှင်က တိတ်ဆိတ်အငြိမ်သက်ဆုံးဖြစ်သည်။ သူသည် ဘာမှကို မပြောပေ။ ကမ္ဘာဦးမဟာတာအိုသည် ခဏမျှစောင့်ကြည့်ပြီးနောက် အကြည့်လွှဲလျက် ထပ်မံအာရုံစိုက်မနေတော့ပေ။

ချီမင်က အဆင့်တက်သွားပြီး ထိုသည်က အထက်ကမ္ဘာကိုးကမ္ဘာကိုပင် တုန်ယင်သွားစေ၏။ မရေမတွက်နိုင်သော မဟာတာအိုထူးခြားဖြစ်စဉ်များ ပေါ်လာတော့သည့်အတွက် အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များကပင် သတိထားမိသွားရသည့် ထိုထူးခြားဖြစ်စဉ်သည် လေဟာနယ်စကြဝဠာပင်လယ်တစ်ခုလုံးက သတိထားမိသွားသည်။

နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်။

နတ်ဆိုးကမ္ဘာအရှင် ပေါ်လာသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ကမ္ဘာဦးခန်းမအထက်တွင် ရပ်နေသည်။ သူသည် အဆင့်ချိုးဖြတ်နေသည့် ချီမင်ကို ငုံ့ကာ ကြည့်နေ၏။

“သူ တကယ်အဆင့်ချိုးဖြတ်နေတာပဲ။” နတ်ဆိုးကမ္ဘာအရှင်က ပြော၏။

တစ်ချိန်တည်းမှာ နတ်ဆိုးကမ္ဘာအရှင်က တိကျင်းတို့ကို မြင်လိုက်ရသည်။ အတွင်းစည်းတပည့်များသည်လည်း ကမ္ဘာဦးခန်းမအပြင်ဘက်တွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်နေ၏။

“သခင်”

“သခင့်ကို အရိုအသေပြုပါတယ်။”

“…”

တိကျင်းတို့က နတ်ဆိုးကမ္ဘာအရှင်ကို သတိထားမိသွားသည့်အတွက် ထိတ်လန့်သွား၏။ ထို့နောက် သူတို့၏အတွေးများကို စုစည်းကာ နတ်ဆိုးကမ္ဘာအရှင်ကို အင်မတန်လေးစားစွာ အရိုအသေပြုလိုက်၏။

နတ်ဆိုးကမ္ဘာအရှင်က ခေါင်းအသာညိတ်ကာ ဘာမှတော့ မပြောပေ။

ကမ္ဘာဦးခန်းမတွင်။

သီးသန့်အခန်းထဲတွင်။

ချီမင်၏စိတ်အနက်ပိုင်းထဲတွင် သူ၏မဟာတာအိုနှလုံးသားသည် ကမ္ဘာဦးမဟာတာအိုနှလုံးသားဖြစ်နေပြီဖြစ်၏။ ၎င်းက မဟာတာအိုမူလအစ ပထမအဆင့်သို့ ရောက်နေပြီဖြစ်၏။

၎င်းက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုလည်းဖြစ်သည်။

၎င်းက ပိုပြီး ကိုယ်ပိုင်ဟန်ဖြစ်လာပြီး စစ်မှန်သည့် အလင်းရောင်များ လင်းလက်နေသည်။

တစ်ချိန်တည်းမှာ ချီမင်၏မဟာတာအိုစိတ်ဝိညာဉ်နှင့် မဟာတာအိုခန္ဓာကိုယ်သည် ပေါင်းစပ်သွားပြီး တစ်ခုတည်း ဖြစ်သွားသည်။ ၎င်းတို့က ထပ်မံမကွဲထွက်တော့ပေ။ ထိုနှစ်ခုက မူလကတည်းက တစ်ခုသာဖြစ်သည်။

တင်း။

“ဂုဏ်ပြုပါတယ်လက်ခံသူ။ သင်၏မဟာတာအိုစိတ်ဝိညာဉ်နှင့် မဟာတာအိုခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစစွမ်းအားအောက်တွင် ပေါင်းစပ်သွားပါတယ်။ ၎င်းတို့ကို ထပ်မံခွဲခြမ်း၍ မရတော့ပါ။ ထာဝရကမ္ဘာဦးအထွတ်အထိပ်မူလအစခန္ဓာဖြစ်လာပါတယ်။”

…

ထိုအခိုက် ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစစွမ်းအားကို လှုံ့ဆော်လျက် အခြားမဟာတာအိုစွမ်းအားများနှင့် ထပ်မံပေါင်းစပ်လိုက်သည်။ သူသာ ထပ်မံတိုးတက်ချင်ပါက ကမ္ဘာဦးမဟာတာအိုစွမ်းအားအဖြစ် ရရှိနိုင်ပါ၏။

အတော်လေးစွမ်းအားကြီးပေသည်။

ချီမင်၏အင်အားက ကြီးစွာ တိုးတက်သွားပါ၏။

တစ်ချိန်တည်းမှာ ချီမင်က ကျေနပ်သွားသည်။

တစ်နည်းနည်းဖြင့် ကမ္ဘာဦးမဟာတာအိုကောင်းကင်သည် အကန့်အသတ်ထိ တိုးတက်သွားသည့်အတွက် ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် ချီမင်၏ခန္ဓာကိုယ်နှင့် စတင်ပေါင်းစပ်လာပြီး ကမ္ဘာဦးတာအိုကောင်းကင်နှင့်နှလုံးသားကို သန့်စင်ပေါင်းစပ်နေတော့သည်။

“ကမ္ဘာဦးမူလအစ” ချီမင်က အော်လိုက်၏။ “သိပ်သည်းစမ်း”

ဘုန်း!!

ကမ္ဘာဦးမဟာတာအိုကောင်းကင်နှင့် မဟာတာအိုနှလုံးသားက ပေါင်းစပ်သွားတော့သည်။ သူတို့ကို ခွဲခြား၍မရတော့ဘဲ ကိုယ်ပိုင်ဟန်ရှိသည့် ကမ္ဘာဦးမူလအစအဖြစ် သိပ်သည်းသွားတော့သည်။ ၎င်းက ကမ္ဘာဦးမဟာတာအို၏စတင်ရာလည်းဖြစ်သည်။ သူက ကမ္ဘာဦးမဟာတာအိုသည်မူလအစကို အကန့်အသတ်ထိ သုံးလိုက်၏။

ထိုအခိုက် ချီမင်၏အရှိန်အဝါသည် လျင်မြန်စွာဖြင့် မြင့်တက်လာပြီး အကန့်အသတ်ထိ ရောက်ရှိသွားတော့သည်။ ထို့နောက် သူသည် အကန့်အသတ်ထိ ချိုးဖျက်သွားတော့ပြီး နောက်ထပ်ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိသွား၏။

တင်း။

“ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစကို နားလည်ခဲ့ပြီး ၎င်းကို အခြေခံအဖြစ်သုံးကာ ကမ္ဘာဦးမဟာတာအိုကို ပြည့်စုံအောင်လုပ်နိုင်ခဲ့ပါတယ်။ သင်၏ ကမ္ဘာဦးတာအိုကောင်းကင်နှင့် တာအိုနှလုံးသားသည် ပေါင်းစပ်သွားပြီး ကမ္ဘာဦးမူလအစအဖြစ် သိပ်သည်းသွားပါတယ်။ သင် ကမ္ဘာဦးမူလအစ အဆင့်တစ်သို့ ရောက်ရှိသွားပါတယ်။”

“သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ပထမအဆင့်သို့ တရားဝင်ရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏တစ်ကိုယ်လုံးက မရေမတွက်နိုင်သော အလင်းများဖြင့် လှုပ်ခါသွားသည်။ ကမ္ဘာဦးစွမ်းအားက သူ၏ခန္ဓာကိုယ်တစ်လျှောက်လည်ပတ်လာခဲ့သည့်အတွက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။ ချီမင်က မယှဉ်သာလောက်သည့်စွမ်းအင်ကို ခံစားမိပါ၏။

သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၎င်းက ကမ္ဘာတစ်ခုကို ဖျက်ဆီးကာ ဖန်တီးနိုင်သည်။

ထိုကဲ့သို့ စွမ်းအားက ထိတ်လန့်ဖွယ်ကောင်း၏။

“ဟားဟား”

ချီမင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက အပျော်လွန်သွားပြီး အော်ဟစ်လိုက်၏။ “ငါ နှစ်ပေါင်းခြောက်သန်းကြာ ကျင့်ကြံခဲ့ပြီးပြီ။ ဒီနေ့တော့ ငါ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်လာခဲ့ပြီပဲ။”

“အခု ငါက ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်လာပြီ။”

ထိုအခိုက် ချီမင်၏အသံသည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏မြင့်တင်မှုအောက်တွင် အထက်ကမ္ဘာကိုးကမ္ဘာတစ်လျှောက်ပျံ့နှံ့သွားတော့၏။

မရေမတွက်နိုင်သော မျိုးနွယ်စုများသည် ချီမင်၏အသံကို ကြားလိုက်သည်။

ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်အရှင်။

“အံ့ဩဖို့ကောင်းတဲ့ ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်အရှင်ပဲ။”

“အရမ်းကောင်းတယ်။”

“ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်လာပြီးတော့ သတင်းတွေက အထက်ကမ္ဘာကိုးကမ္ဘာမှာ ပျံ့နှံ့နေပြီ။”

“ကိုယ်ပိုင်တပည့်ချီဆိုတဲ့ အတိုင်းပဲ။”

“ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်”

“…”

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ထိတ်လန့်တကြားဆွေးနွေးနေကြသည်။

All Chapters