တာအိုဘိုးဘေးရောက်ရှိလာခြင်း။ ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်။ထပ်မံအဆင့်တက်ခြင်း။
Vol. 33 Ch. 466
ထိုအခိုက် အထက်ကမ္ဘာကိုးကမ္ဘာတွင်။
အကြည့်များစွာသည် နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်ပေါ်သို့ ကျရောက်လာသည်။ ထိုအကြည့်များက ချီမင်၏အခြေအနေနှင့်နောက်ခံကို စစ်ဆေးနေကြသည်။
ချီမင်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်သို့ ရောက်သွားသည့်အတွက် ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်အရှင် ဖြစ်သွားတော့၏။ သူသည် မိုးမြေမဟာတာအိုကိုပင် ပဲ့တင်ထပ်စေသည့်အတွက် အထက်ကမ္ဘာကိုးကမ္ဘာ၏ ကောင်းကင်တာအို၌ ထူးခြားဖြစ်စဉ်များ ဖြစ်လာရတော့သည်။
ထိုဖြစ်စဉ်များသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။
၎င်းက မရေမတွက်နိုင်သော သက်ရှိများ၏ စူးစမ်းလိုစိတ်များနှင့် စပ်စုလိုစိတ်များကို သဘာဝအတိုင်း ဆွဲဆောင်သွားတော့သည်။
“အရိုင်းအစိုင်းကောင်တွေ”
နတ်ဆိုးကမ္ဘာအရှင်သည် နတ်ဆိုးကမ္ဘာ၏ထာဝရအထွတ်အထိပ်ကောင်းကင်ကို စောင့်ကြပ်၏။ ထို့ကြောင့် သူက ထိုအကြည့်များကို အာရုံခံမိသည့်အတွက် အေးစက်စွာဖြင့် နှာခေါင်းရှုပ်ကာ နတ်ဆိုးတာအို၏စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်။
နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ကပင် လှုပ်ခါသွားရသည်။
“နတ်ဆိုးကမ္ဘာအရှင်”
“ဟူး”
“နတ်ဆိုးကမ္ဘာရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်ဆိုတာ နတ်ဆိုးကမ္ဘာအရှင်ရဲ့ တာအိုနယ်ပယ်ပဲ။ ငါတို့က နတ်ဆိုးကမ္ဘာရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်ကို သွားပြီး စစ်ဆေးလိုက်ကြတော့ အရှင်က စိတ်ဆိုးသွားပြီ။”
ချီမင်ကို စစ်ဆေးနေကြသည့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် နောက်ပြန်ဆုတ်သွားကြသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်ကျပြီး ခွန်အားမလုံလောက်သည့် အချို့သော ကောင်းကင်အရှင်များသည် နတ်ဆိုးကမ္ဘာအရှင်ကြောင့် ဒဏ်ရာရသွားကြတော့၏။
တစ်ချိန်တည်းတွင် ကမ္ဘာဦးခန်းမအပြင်ဘက်တွင်။
ကမ္ဘာဦးမဟာတာအိုကို ကြည့်ရှုနေကြသော အတွင်းစည်းတပည့်များသည် ပိုမို၍ပင် ထိတ်လန့်လာကြသည်။ အထူးသဖြင့် ချီမင်အဆင့်ချိုးဖြတ်ပြီးနောက် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်လာပြီဖြစ်ရာ သူတို့က ကြီးမားသည့် ဖိအားကို ခံစားလိုက်ရ၏။
၎င်းက အတော်လေး ကြောက်မက်ဖွယ်ကောင်းပါသည်။
ဂလု။
“ထိတ်လန့်ဖို့ကောင်းတယ်”
“ကမ္ဘာဦးမဟာတာအို”
“ကမ္ဘာဦးမူလအစအထွတ်အထိပ်ကောင်းကင်”
“ဒီစွမ်းအားက တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ မိုးမြေထူးခြားဖြစ်စဉ်က ငါတို့ထင်ထားတာထက် ကြောက်ဖို့ကောင်းသွားပြီ။ ဒီလောက်ထိဆို ချီမင်က ဆရာ့ရဲ့တပည့်ဖြစ်ဖို့ ထင်ထားတာထက် လုံလောက်သွားပါပြီလေ။”
အခြားသော အတွင်းစည်းတပည့်များသည်လည်း ထွက်ခွာသွားကြတော့သည်။ သူတို့သည် ကမ္ဘာဦးခန်းမအပြင်ဘက်တွင် ဆက်လက်မစောင့်ဆိုင်းရဲတော့ချေ။ နောက်ဆုံးတွင်တော့ အတွင်းစည်းတပည့်ပေါင်းဆယ့်နှစ်ယောက်သာ ကျန်တော့သည်။
ကျောက်ယန်လင်းတို့ကတော့ ကျန်နေပါသေး၏။
ထိုကျန်ရှိနေသေးသည့် အတွင်းစည်းတပည့်များသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်တွင်ရှိသည်။ သူတို့က လုံလောက်အောင်စွမ်းအားကြီးသည့်အတွက် အန္တရာယ်ကိုရင်ဆိုင်ရရန် မကြောက်ရွံ့ပေ။
“တာအိုဘိုးဘေး”
ထိုအခိုက်အတန့် နတ်ဆိုးကမ္ဘာအရှင်သည် ခေါင်းမော့လာ၏။ သူသည် နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်အပြင်ဘက်မှ လေဟာနယ်ကိုဖြတ်ကျော်ကာ ထွက်လာသည့် တာအိုကမ္ဘာအရှင်၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။ သို့သော် တစ်ဖက်သူက ဝင်မလာသေးချေ။
နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်သည် နတ်ဆိုးကမ္ဘာအရှင်၏တာအိုနယ်ပယ်ဖြစ်သည်။ တာအိုကမ္ဘာဘိုးဘေးသည် ဖိတ်ခေါ်မထားလေဘဲ ရောက်ရှိလာသူဖြစ်သည်။ သို့ဖြစ်၍ သူက သဘာဝအတိုင်း ဇွတ်တရွတ် ဝင်မလာပေ။ သူသည် နတ်ဆိုးကမ္ဘာအရှင်ကို ဦးစွာနှုတ်ဆက်ရန် လိုသည်။
“ကျေးဇူးပြုပြီးဝင်လာပါ” နတ်ဆိုးကမ္ဘာအရှင်က ပြောလိုက်သည်။
တာအိုဘိုးဘေးက ရှေ့တစ်လှမ်းတိုးကာ နတ်ဆိုးကမ္ဘာအရှင်၏ ထာဝရအထွတ်အထိပ်ကောင်းကင်သို့ဝင်လာလိုက်သည်။ သူက နတ်ဆိုးကမ္ဘာအရှင်၏ရှေ့သို့ တိုက်ရိုက်ဝင်လာ၏။ ထိုအခိုက် သူသည် အစိမ်းရောင်ဝတ်ရုံနှင့် မြင်းမြီးယပ်တောင်ကိုင်ထားသည့် နီမြန်းမြန်းမျက်နှာဖြင့် ဘိုးဘေးတစ်ဦးကို မြင်လိုက်ရသည်။
ထိုသူ၏ဘေးပတ်လည်တွင် အဆုံးမဲ့တာအိုစာလုံးများ ရှိနေသည်။
နတ်ဆိုးကမ္ဘာအရှင်က လိုရင်းသာပြောလိုက်သည်။
“မင်း ဘာလို့ ဒီရောက်လာတာလဲ။”
“ချီမင်ကြောင့် ရောက်လာတာပေါ့” တာအိုဘိုးဘေးက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ “သူ့မှာ ဒသမအဆင့် အထွတ်အထိပ်တာအိုသစ်သီးရှိတယ်။ ငါမထင်ထားတာက မင်းက လက်ဦးသွားမယ်ဆိုတာပဲ။ ချီမင်ကို မင်းရဲ့ ကိုယ်ပိုင်တပည့်အဖြစ်တောင် လက်ခံလိုက်သေးတယ်။”
“ငါ တာအိုကမ္ဘာရဲ့ ခရမ်းကောင်းကင်နန်းတော်မှာ ရှိနေတုန်းက ချီမင်နားလည်ထားတဲ့ ကမ္ဘာဦးမဟာတာအိုက ငါ့ရဲ့ ဖန်တီးခြင်းတာအိုနဲ့ ဆင်တူတယ်ဆိုတာ သတိထားမိလိုက်တယ်။”
“ငါ အဲဒါကြောင့် ရောက်လာတာလေ။”
နတ်ဆိုးကမ္ဘာအရှင်၏မျက်လုံးများက လင်းလက်သွားရသည်။ “မင်းက ချီမင်နဲ့ တာအိုဆွေးနွေးချင်တာလား။”
“ဟုတ်တယ်”တာအိုဘိုးဘေးက ခေါင်းညိတ်သည်။
“ ဒါဆိုရင်တော့ မင်း ချီမင် ကျင့်ကြံတာကနေ ထွက်လာတဲ့ အထိစောင့်ဖို့လိုတယ်။” နတ်ဆိုးကမ္ဘာအရှင်က ပြောသည်။
“အေးလေ။” တာအိုဘိုးဘေးက ခေါင်းညိတ်သည်။ “ ငါနဲ့တာအိုဆွေးနွေးတာက ချီမင်အတွက်လည်း အကျိုးရှိတယ်လေ။ ဒါက ချီမင်ရဲ့ ကမ္ဘာဦးမဟာတာအိုကို ပိုပြီး ပြည့်စုံစေတယ်။”
နတ်ဆိုးကမ္ဘာအရှင်က ရှင်းလင်းစွာခေါင်းညိတ်သည်။ “ဟုတ်ပြီလေ။ ဒါပေမဲ့ ငါတို့ ချီမင်ကို အရင်မေးရမယ်။ သူသာ သဘောမတူရင်တော့ မင်းလိုချင်တာ ဖြစ်လာမှာမဟုတ်ဘူး။”
တာအိုဘိုးဘေးက သဘောတူသည်။
ဆယ်နှစ်ကြာသွားသည်။
ယနေ့တွင်တော့။
ချီမင်သည် အဆင့်ချိုးဖြတ်ပြီးသွားသည့်အတွက် သူ၏ကျင့်ကြံခြင်းကို အခြေခိုင်အောင် လုပ်လိုက်သည်။ သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ပထမအဆင့်ကို တည်ငြိမ်အောင်လုပ်ပြီးတော့ တဖြည်းဖြည်းဖြင့် ထိုစွမ်းအားဖြင့် တည်ငြိမ်အောင် လုပ်လိုက်သည်။
ကမ္ဘာဦးမဟာတာအိုဓားကြာပန်း၊ ကမ္ဘာဦးကမ္ဘာဖျက်ဓားနှင့် ကမ္ဘာဦးပုကျုံးတောင်တို့သုံးခုက ပဲ့တင်ထပ်လာကြ၏။
ချီမင်၏ကျင့်ကြံခြင်းအဆင့်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်၏။ သူ၏ကိုယ်ပိုင်တာအိုရတနာသည် ထပ်မံသန့်စင်၍ ရသွားပြီဖြစ်သည့်အတွက် ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်သွားနိုင်ပြီဖြစ်ပါ၏။ ၎င်းတို့၏စွမ်းအားက များစွာ တိုးတက်သွားတော့မည်ဖြစ်သည်။
တင်း။
“ ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားပါပြီ။ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းရာမှရရှိမည့် ဆုလာဘ်များသည် များစွာလျော့ကျသွားပါပြီ။ သင် အဆင့်မြင့်အဆင့် တာအိုမူလအစ တစ်ထရီလီယန်သုံးပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားသည့်အတွက် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အဆတစ်ထရီလီယန်အထိ မြင့်တင်နိုင်သွားပါပြီ။”
“အဆင့်မြင့် တာအိုမူလအစတိုင်းက အချိန်စီးဆင်းနှုန်းကို တစ်ရာရာခိုင်နှုန်းမြင့်တင်နိုင်ပါတယ်။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့်သို့ ချိုးဖြတ်သွားသောကြောင့် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၏အမြင့်ဆုံးမြှင့်တင်မှုသည် အဆတစ်ထရီလီယန်ဖြစ်သွားပါပြီ။”
“အဆင့်မြင့် တာအိုမူလအစတိုင်းက မြှင့်တင်မှုကို နှစ်ဆတိုးစေပါတယ်။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားသောကြောင့် အလိုအလျောက်တွက်ချက်ခြင်းစနစ်သည် အဆတစ်ထရီလီယန်သို့ တိုးမြှင့်နိုင်သွားပါပြီ။”
“အဆင့်မြင့် တာအိုမူလအစတိုင်းက မြှင့်တင်မှုကို နှစ်ဆတိုးစေပါတယ်။”
တင်း။
“သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားသောကြောင့် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းပြီး ကျင့်ကြံနိုင်ပါတယ်။ သင် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် တာအိုမူလအစတို့ကို အသုံးပြု၍မရတော့ပါ။”
“သင် ထိပ်တန်းအဆင့် တာအိုမူလအစကိုသုံးနိုင်ပါပြီ။”
ချီမင်၏ရှေ့သို့ အသိပေးချက်များ လျင်မြန်စွာ ပေါ်လာတော့သည်။ ၎င်းက သူ အဓိကအဆင့်ကြီးတစ်ဆင့်တိုးတက်သွားသည့်အတွက်ကြောင့်ပင်။ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်က သဘာဝအတိုင်းများစွာ ပြောင်းလဲသွားသည်။
ချီမင်က ခေါင်းအသာ ညိတ်သည်။ “ငါ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်လာပြီပဲ။ ဒါပေမဲ့ ပထမအဆင့်ပဲ ရှိသေးတယ်။ ပြီးတော့ ငါ ကျင့်ကြံတာက နှစ်ခြောက်သန်းပဲ ကြာသေးတယ်။”
“ငါ အခု အပြင်ထွက်ဖို့တော့ မလိုသေးဘူး။ ဆက်တိုက်ပဲ ကျင့်ကြံတော့မယ်။ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုသုံးပြီး ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ရမယ်။ ငါ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ကို ရောက်တော့မှပဲ သီးသန့်ကျင့်ကြံခြင်းကနေ ထွက်တော့မယ်။”
“ ငါ့ရဲ့ ကိုယ်ပိုင်တာအိုရတနာသုံးခုကို ဆက်ပြီးသန့်စင်မယ်။”
“စကြစို့”
အတွေးတစ်ချက်ဖြင့် ချီမင်က ဆိုသည်။ “ငါ အဆင့်မြင့် တာအိုမူလအစ တစ်ထရီလီယန်ထည့်မယ်။ ဂိမ်းမြေအောက်စခန်းအသစ်ကို ချက်ချင်းအသက်သွင်းမယ်။”
တင်း။
“ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။”
“ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့် ဂိမ်းမြေအောက်စခန်း: ထာဝရလေဟာနယ်ပင်လယ်၏ ခုနစ်ဆယ်ထပ်မှ ခုနစ်ဆယ့်ကိုးထပ်အထိကို အောင်မြင်စွာ အသက်သွင်းလိုက်ပါပြီ။”
“သင် ဝင်ရောက်နိုင်ပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာ၏။
“ဝင်မယ်”
အတွေးတစ်ချက်ဖြင့် ချီမင်သည် သူ၏အသိစိတ်ကို ခွဲထုတ်ကာ ဂိမ်းမြေအောက်စခန်းထဲသို့ ထည့်လိုက်၏။ သူပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က ထာဝရလေဟာနယ်ပင်လယ်၏ ခုနစ်ဆယ်ထပ်သို့ ဝင်ရောက်သွားတော့သည်။
မူလအစသားရဲများ အလျှိုလျှိုပေါ်လာတော့သည်။ ၎င်းတို့က နဂါးငွေ့တန်းများအလား ကြီးမားလှသည်။ ခမ်းနားလှသည်။ သူတို့က လေဟာနယ်စကြဝဠာထဲ၌ နေရာယူထားပြီး ချီမင်ကို ဝိုင်းရံထားသည်။
“တိုက်ခိုက်မယ်။”
ချီမင်ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်သည် အော်ဟစ်လိုက်သည်။ ကိုယ်ပိုင်ရတနာသုံးခုက ထွက်ပေါ်လာသည်။ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည့်အခိုက် ကမ္ဘာဦးမဟာတာအိုပေါ်လာပြီး ထိုနေရာကို ဖိနှိပ်ပစ်လိုက်သည်။
“ကမ္ဘာဦးအစီအရင်”
ပြင်းထန်သည့် တိုက်ပွဲဖြစ်ပေါ်လာသည်။
ချီမင်သည် အရပ်မျက်နှာအနှံ့၌ ပေါက်ကွဲသောင်းကြမ်းလိုက်ပြီး မူလအစသားရဲများကို သတ်ဖြတ်လိုက်သည်။ ထို့နောက် ခုနစ်ဆယ်ထပ်မှ ခုနစ်ဆယ့်တစ် ထပ်သို့ လျင်မြန်စွာ တက်လိုက်သည်။
စွမ်းအားကြီးသည့် မူလအစသားရဲများ ပေါ်လာသည်။
ချီမင်ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်သည် အတော်လေးစွမ်းအားကြီးပြီး သူ၏ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူသည် မူလအစသားရဲများကို သတ်ဖြတ်နေပြီး မည်သူမျှ သူ့ကို မခုခံနိုင်ပေ။
ချီမင်သည် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်သည်။ သူသည် ထိုအရာကို အာရုံမစိုက်တော့ပေ။ သူ၏ဂိမ်းဇာတ်ကောင်ပြထားသည့် ခွန်အားသည် ဂိမ်းမြေအောက်စခန်းကို သေချာပေါက် ရှင်းလင်းနိုင်ပေသည်။
သူသည် မည်သည့်အခါကမျှ ဂိမ်းကို မရှုံးနိမ့်ပေ။
“ငါ အဆင့်မြင့် တာအိုမူလအစ တစ်ထရီလီယန်ထည့်မယ်။ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းမယ်။”
တင်း။
“အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အောင်မြင်စွာ အသက်သွင်းလိုက်နိုင်ပါပြီ။ အချိန်စီးဆင်းနှုန်းက တစ်ထရီလီယန်ဖြစ်သွားပါပြီ။”
အသိပေးချက်တစ်ခုပေါ်လာသည်။
အတွေးတစ်ချက်ဖြင့် ချီမင်၏ပုံရိပ်သည် ပျောက်ကွယ်သွားတော့ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ ဝင်သွားတော့သည်။ သူ၏အငွေ့အသက်သည်ပင် လုံးလုံးပျောက်ကွယ်သွားသည်။
အပြင်ကမ္ဘာတွင်။
“ဘာလဲ” နတ်ဆိုးကမ္ဘာအရှင်က မျက်မှောင်ကြုတ်ကာ ကမ္ဘာဦးခန်းမကို ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာသည်။ “ဘာဖြစ်ကုန်တာလဲ။ ဘာလို့ ချီမင်ရဲ့ အငွေ့အသက်က ပျောက်ကွယ်သွားတာလဲ။”
“တကယ် ပျောက်သွားပြီ။”တာအိုဘိုးဘေးကလည်း ပြောသည်။ “ငါလည်း ချီမင်ရဲ့ အငွေ့အသက်ကို မခံစားမိတော့ဘူး။”
“ဒသမအဆင့် အထွတ်အထိပ်တာအိုသစ်သီးဆိုတဲ့အတိုင်းပဲ။” တာအိုဘိုးဘေးက အသက်ပြင်းပြင်းရှုပြီး ခပ်တိုးတိုးဆိုသည်။ “သူက ငါတို့ဆီကနေတောင်ပုန်းနေနိုင်တာပဲ။ “
အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင်။
“ငါ အဆင့်မြင့် တာအိုမူလအစ တစ်ထရီလီယန်ထည့်မယ်။ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်မှာ ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို လေ့လာမယ်။”
တင်း။
“ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”
အသိပေးချက်တစ်ခုပေါ်လာသည်။
“ဆက်လုပ်မယ်။”
ချီမင်က ဆိုသည်။ “ငါ အဆင့်မြင့်တာအိုမူလအစ (၃၀၀)ထရီလီယန်ထည့်မယ်။ ကိုယ်ပိုင်တာအိုရတနာသုံးခုကို သန့်စင်မယ်။”
တင်း။
“ကမ္ဘာဦးမဟာတာအိုဓားကြာပန်းကို အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”
တင်း။
“ကမ္ဘာဦးကမ္ဘာဖျက်ဓားကို အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်”
တင်း။
“ကမ္ဘာဦးပုကျုံးတောင်ကို အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”
အသိပေးချက်သုံးခု ဆက်တိုက်တက်လာသည်။
ထို့အပြင် ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို ပြီးပြည့်စုံလုနီးပါးအဆင့်ထိ တွက်ချက်ပြီးသွားပါ၏။ ၎င်းက ချီမင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ထိ ကျင့်ကြံဖို့ လုံလောက်သည်။
ချီမင်သည် အဆင့်မြင့်တာအိုမူလအစကို ဆက်ထည့်ပြီး ကမ္ဘာဦးမဟာတာအိုကျမ်းကို ကျင့်ကြံတွက်ချက်ရန် လိုသည်။ ချီမင်၏ နောက်ဆုံးပန်းတိုင်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် မဟုတ်ပေ။ သူက မူလအစကမ္ဘာသို့ ဝင်ရောက်မှာ ဖြစ်သည်။
သူ ဆက်လက်ကျင့်ကြံတိုးတက်ရန် လိုအပ်ပါသေး၏။
“ဖြည့်သွင်းမယ်”
တင်း။
“ကမ္ဘာဦးမဟာတာအိုကျမ်းကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။”
နှစ်တစ်ရာ ကြာသွားသည်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် မိုးမြေမဟာတာအိုကို ထပ်မံ နားလည်ခဲ့ပါတယ်။ သင် ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို နားလည်ခဲ့ပါတယ်။ ထို့အပြင် ကမ္ဘာဦးမဟာတာအိုကျမ်းကို အခြေခံအဖြစ်သုံးပြီး အထွတ်အထိပ်အံ့ဖွယ်စွမ်းအား: ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်ကို ဖန်တီးခဲ့ပါတယ်။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့်ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းခဲ့ပါတယ်။ သင် မူလအစသားရဲတစ်ကောင်၊ ကောင်းကင်အရှင်နဂါးတစ်ကောင်နှင့် အဆင့်မြင့်တာအိုမူလအစ တစ်ရာထရီလီယန်ရရှိခဲ့ပါတယ်။”
ချီမင်က အသိပေးချက်နှစ်ခု ဆက်တိုက်ရလိုက်သည်။
ထိုအခိုက် သူသည် ကျင့်ကြံနေရာမှ နိုးထလာခဲ့သည်။
“ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်”
ချီမင်သည် ထို ထာဝရအထွတ်အထိပ်တာအိုအံ့ဖွယ်စွမ်းအားအသစ်ကို လျင်မြန်စွာဖြင့် လက်ခံလိုက်၏။
၎င်းက ထာဝရအထွတ်အထိပ်တာအိုအံ့ဖွယ်စွမ်းအားဖြစ်သည်။ မိုးမြေမဟာတာအို၏မူလအစကို နားလည်ဆင်ခြင်ခြင်းသည်သာ ထိုအဆင့်အံ့ဖွယ်စွမ်းအားကို ဖန်တီးနိုင်သည်။ ၎င်းအဆင့်က မဟာတာအိုအံ့ဖွယ်စွမ်းအားထက်ပင် ကျော်လွန်သည်။
၎င်းကို ချီမင်နားလည်သွားပြီးနောက်တွင် သူသည် ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်က တာအိုအသွင်ပြောင်းခြင်းနည်းစနစ်နှင့်တူကြောင်း သိလိုက်သည်။ ထို့ကြောင့် ချီမင်သည် ကမ္ဘာဦးမဟာတာအိုကို အခြေခံအဖြစ်သုံးကာ အရာအားလုံးအဖြစ် အသွင်ပြောင်းနိုင်သည်။ သူက မဟာတာအိုအဖြစ် ပြောင်းလဲနိုင်သလို အထက်ကမ္ဘာများ၏အရှင်များအဖြစ်လည်း ပြောင်းနိုင်သည်။ ချီမင်က ကမ္ဘာဦးမဟာတာအိုကို နားလည်ဆင်ခြင်နေသရွေ့ သူက ပြောင်းလဲနိုင်သည်။
ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်၏စွမ်းအားသည် ကမ္ဘာအဆောင်ကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာဦးအစီအရင်ထက် ကျော်လွန်၏။ ထို့ကြောင့် ထိုနည်းစနစ်က ချီမင်၏အသန်မာဆုံး နည်းစနစ်ဖြစ်လာသည်။
နောက်ဆုံးမှာတော့ ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်သည် တာအိုအသွင်ပြောင်းခြင်းနည်းစနစ်ထက် ပိုမိုပြည့်စုံသည်။ ထို့အပြင် ၎င်းက ချီမင်၏ခန္ဓာကိုယ်နှင့် ကမ္ဘာဦးမဟာတာအိုဖြင့်ပါ ထပ်တူကျသည့်အတွက် ချီမင်၏အံ့ဖွယ်စွမ်းအားတာအိုနည်းစနစ်ဖြစ်လာရတော့သည်။
“မဆိုးဘူး။မဆိုးဘူး။” ချီမင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။ “ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်က ကမ္ဘာဦးအဆောင်ထက် ပိုစွမ်းအားကြီးတယ်။ အင်အားကုန်သာထုတ်လွှတ်ရင် အသင်္ချေကမ္ဘာမှာ ပြိုင်ဘက်ကင်းဖြစ်သွားမှာ။”
“ကောင်းတယ်။ကောင်းတယ်။”ချီမင်က ရယ်၏။
တာအိုသားရဲ: မူလအစကောင်းကင်အရှင်နဂါး။
အမည်ရင်း: မရှိ။
အဆင့်: ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပဉ္စမအဆင့်
မူလအစ: ကံကြမ္မာ။
ဖော်ပြချက်: ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့် ဂိမ်းမြေအောက်စခန်းမှ ရရှိသော မူလအစတာအိုသားရဲဖြစ်သည်။ ၎င်း၏စွမ်းအားက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဋ္ဌမအဆင့်၌ ပုံသေဖြစ်သည်။ ထပ်မံ မတိုးတက်နိုင်ပေ။ ၎င်းက ကံကြံမ္မာမူလအစကို ဆုပ်ကိုင်ထားသည်။ ကံကြမ္မာ၏စွမ်းအားက သက်ရှိအားလုံးကို ဆင့်ကဲစေပြီး ကံတရားကို ဖြစ်ပေါ်စေသည်။
၎င်းက ထာဝရလေဟာနယ်ပင်လယ်၏အထူးသက်ရှိတစ်မျိုးဖြစ်သည်။
ချီမင်က သူရလိုက်သည့် အဋ္ဌမအဆင့် တာအိုသားရဲကို စစ်ဆေးလိုက်သည်။ သူက နတ်ဆိုးကမ္ဘာအရှင်၏ ကိုယ်ပိုင်တပည့်ဖြစ်သည်။ထို့ကြောင့် ထိုအထောက်အထားဖြင့် သူက နတ်ဆိုးကမ္ဘာမူလအစ အဆင့်မြင့် တာအိုမူလအစများကို ရရှိနိုင်သည်။
တစ်ချိန်တည်းမှာ အထက်ကမ္ဘာကိုးကမ္ဘာ၏ အဖွဲ့အစည်းများသည် ချီမင်၏မျက်နှာသာရရန် ကြိုးပမ်းလာတော့မည်ဖြစ်ပြီး သူ့ကို သဘာဝအတိုင်း လက်ဆောင်များ ပေးလာကြသည်။ ၎င်းတွင် အဆင့်မြင့်တာအိုမူလအစများလည်း ပါဝင်သည်။
ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို ဖွင့်ရန် အဆင့်မြင့်မူလအစများ လုံလောက်ပါ၏။ ထို့ပြင် ကျင့်ကြံဖို့ သူ၏ကိုယ်ပိုင်ရတနာများကို သန့်စင်ဖို့လည်း လုံလောက်သည်။
နောက်ထပ် နှစ်တစ်သန်းကုန်သွားသည်။
ချီမင်၏အရှိန်အဝါက ပြောင်းလဲသွားသည်။ ကမ္ဘာဦးမဟာတာအိုက ထပ်မံပေါ်ပေါက်လာပြီး အရောင်မျိုးစုံကို ထုတ်လွှတ်လာသည်။ သူ၏အင်အားနှင့်အရှိန်အဝါက မြန်စွာ တိုးမြင့်လာသည်။
၎င်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့်၏အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။
ချီမင်က ထပ်မံအဆင့်ချိုးဖြတ်တော့မည်ဖြစ်၏။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် နှစ်တစ်သန်းကြာ နေထိုင်ခဲ့ပါတယ်။ ၎င်းက ခေတ်တစ်သန်းနှင့်ညီမျှပါတယ်။ သင် မိုးမြေမဟာတာအို၏မူလအစဆန်းကြယ်မှုများကို နားလည်ခဲ့ပါတယ်။ အဆင့်တစ် ကမ္ဘာဦးမူလအစသည် အဆင့်နှစ်သို့ ရောက်သွားပါပြီ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဒုတိယအဆင့်သို့ ရောက်သွားပါပြီ။”
ချီမင်သည် အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။