ကိုယ်ပိုင်တာအိုရတနာအဆင့်မြှင့်တင်မှု။ မူလအစကမ္ဘာကပ်ဘေးဒုက္ခချီ။ တာအိုမူလအစကျယ်ပြန့်လာခြင်း။
Vol. 33 Ch. 467-b
မူလကတော့ ကောင်းကင်အရှင်နယ်ပယ်ကသူများသည် ကပ် ဘေးဒုက္ခများမှ လွတ်မြောက်လာပြီဖြစ်သည်။ ထာတရအထွတ်အထိပ်လေဟာနယ်အရှင်များဆို ပိုတောင်လွတ်သေးသည်။ သို့သော် လေဟာနယ်သားရဲများသည် ကောင်းကင်အရှင်များကို ဝါးမျိုနိုင်သည်။
၎င်းက ကောင်းကင်အရှင်များနှင့် လေဟာနယ်စကြဝဠာပင်လယ်တစ်ခုလုံးသည် ခေတ်ကာလ(၁၈၀)ကြာတိုင်း ကြုံတွေ့ရမည့် ထာဝရအဆုံးမဲ့ကပ်ဘေးဒုက္ခဖြစ်သည်။
ဆိုရမည်ဆိုလျှင်
ထာဝရအဆုံးမဲ့ကပ်ဘေးဒုက္ခသည် အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များ မူလအစကမ္ဘာကို အတင်းအကြပ်ဖွင့်ရာမှ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ၎င်းတို့အားလုံးက အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်ကိုးပါးကြောင့်ဖြစ်သည်။
ထာဝရအဆုံးမဲ့ကပ်ဘေးဒုက္ခကိုးခုသည် မရေမတွက်နိုင်သောကပ်ဘေးဒုက္ခများ ဖြစ်ပေါ်စေသည်။
အရာအားလုံးကို အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များက ခုခံထားခြင်းဖြစ်သည်။
မဟုတ်လျှင် သူတို့သည် မိုးမြေမဟာတာအို၏တန်ပြန်မှုကို ခံစားရမှာဖြစ်သည်။
ထိုအဟပေါက်လေးကနေ မူလအစကမ္ဘာကပ်ဘေးဒုက္ခချီများ ထွက်ပေါ်လာခဲ့သည်။ ၎င်းကနေ မူလအစကမ္ဘာ၏ရတနာများ ထွက်ပေါ်လာခဲ့သည်။ ထွက်ကျလာခဲ့သည့် မူလအစကမ္ဘာရတနာများသည် အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များအား ကပ်ဘေးဒုက္ခချီများနှင့် လေဟာနယ်သားရဲများကို ဖိနှိပ်ရာ၌ ကူညီပေးခဲ့သည်။ ထို့နောက် မိုးမြေမဟာတာအို၊ အသင်္ချေကမ္ဘာနှင့် လေဟာနယ်စကြဝဠာပင်လယ်တစ်ခုလုံးကို ထိန်းသိမ်းပေးခဲ့သည်။
ယခု ဆယ်ခုမြောက်လေဟာနယ်ခေတ်ကာလသို့ ရောက်ရှိသွားတော့သည်။
သို့သော်လည်း ခေတ်ပေါင်း(၃၀၀၀၀၀၀)ကြာပြီးနောက် မူလအစကမ္ဘာ၏ကပ်ဘေးချီများသည် ပြန်လည်စုပုံလာသည်။ ဆယ်ကြိမ်မြောက် ထာဝရအဆုံးမဲ့ကပ်ဘေးဒုက္ခသည် ပေါက်ကွဲထွက်လာခဲ့၏။
တစ်ချိန်တည်းမှာ ဒသမအဆင့် အထွတ်အထိပ်တာအိုသစ်သီး ပေါ်ပေါက်လာသည်။
ချီမင်သည် ဒသမအထွတ်အထိပ်တာအိုသစ်သီးကို ပိုင်ဆိုင်ထား၏။
နဝမက အဆုံးစွန်ဖြစ်သည်။
ဒသမက ပြီးပြည့်စုံခြင်းဖြစ်သည်။
အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များ ခန့်မှန်းချက်အောက်တွင်။
ချီမင်ထွက်ပေါ်လာခြင်း သို့မဟုတ် ဒသမ ထာဝရအထွတ်အထိပ်သစ်သီးပေါ်လာခြင်းကသာ မူလအစကမ္ဘာ၏ တံခါးကို ဖွင့်ရန် အခွင့်အရေးရှိသည်။
သူတို့က ထိုသည်ကို လက်လွှတ်မခံနိုင်ပေ။
တူညီစွာဖြင့် အထက်ကမ္ဘာကိုးကမ္ဘာ၏ အရှင်ကိုးပါးသည် ချီမင်က တာအိုရယူခြင်းအား တားဆီးမည်မဟုတ်ချေ။ သူတို့က ကူပင်ကူညီပါသေး၏။ ချီမင်သာ သူတို့နှင့်တူညီသည့်အဆင့်သို့ ရောက်သွားမှသာ မူလအစကမ္ဘာ၏တံခါးကို ဖွင့်နိုင်တော့မည်ဖြစ်သည်။
မူလအစကမ္ဘာတံခါးပွင့်လာပြီးနောက် မတူညီသည့် ဇာတ်လမ်းဖြစ်လာမည်ဖြစ်သည်။
ဖြစ်နိုင်သည်မှာ အတောမသတ်နိုင်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလောက်သည်။
“မူလအစကမ္ဘာရဲ့ တံခါး”
ချီမင်က ခဏမျှတွေးတောနေသည်။ “မူလအစကမ္ဘာရတနာတွေလည်း ရှိတယ်။”
အခြားသောကမ္ဘာတွင်။
“ထာဝရအဆုံးမဲ့ကပ်ဘေးဒုက္ခသာ ပေါက်ကွဲထွက်လာရင် ငါလည်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ရောက်လောက်ပြီ။ ဒါဆို မူလအစကမ္ဘာတံခါးကို ဖွင့်ဖို့ အခွင့်အရေးတစ်ခုရှိသွားပြီ။”
“ငါ ဒါကိုတော့ မမျှော်လင့်ထားဘူး။”
“လေဟာနယ်သားရဲမွေးဖွားလာခြင်းက အထက်ကမ္ဘာကိုးကမ္ဘာရဲ့အရှင်တွေနဲ့ ဆိုင်တယ်။ အထက်ကမ္ဘာကိုးကမ္ဘာရဲ့အရှင်က မူလအစကမ္ဘာ့တံခါးကို ဖွင့်ချင်လို့ အတင်းအကြပ်ဖွင့်ခဲ့တယ်။ အဲဒါကြောင့်လည်း လေဟာနယ်သားရဲတွေပေါ်လာပြီး တန်ပြန်မှုတွေ ဖြစ်လာရတာပဲ။”
“ အသင်္ချေကမ္ဘာနဲ့ လေဟာနယ်စကြဝဠာပင်လယ်ရယ်၊ အဆုံးအစမဲ့သက်ရှိတွေရယ်နဲ့ မျိုးနွယ်စုတွေ အတွက်တော့ အရှင်ကိုးပါးက အကြီးမားဆုံး အပြစ်သားတွေပဲ။”
“အထက်ကမ္ဘာကိုးကမ္ဘာရဲ့ အရှင်တွေကြောင့် မူလအစကမ္ဘာတံခါးဆီကနေ မူလအစကပ်ဘေးဒုက္ခချီတွေ ပေါ်လာတယ်။ လေဟာနယ်သားရဲတွေမွေးဖွားလာတယ်။ အသင်္ချေကမ္ဘာတို့က ထာဝရအဆုံးမဲ့ကပ်ဘေးကို ရင်ဆိုင်ရတယ်။”
“ထာဝရအဆုံးမဲ့ကပ်ဘေးဒုက္ခကို ရင်ဆိုင်ပြီးတော့ အထက်ကမ္ဘာကိုးကမ္ဘာရဲ့ အရှင်တွေက ကပ်ဘေးဒုက္ခတွေကို ကြုံခဲ့ရတယ်။ ဒါပေမဲ့ အထက်ကမ္ဘာကိုးကမ္ဘာရဲ့ အရှင်က အထွတ်အထိပ်စွမ်းအားကို သုံးပြီး ကမ္ဘာကိုးကမ္ဘာကို ဖန်တီးခဲ့တယ်။ ပြီးတော့ ကမ္ဘာကိုးကမ္ဘာကို အခြေခံပြီး ကောင်းကင်တာအိုနဲ့ အသင်္ချေတာအိုကောင်းကင်ကို ဖန်တီးခဲ့တယ်။”
“ဒါဆို မိုးမြေမဟာတာအိုကို အခြေခံအဖြစ်ထားပြီး တာအိုပိုက်ကွန်တစ်ခုကို ဖန်တီးတယ်။ ပြီးတော့ ကမ္ဘာတွေကို တည်ငြိမ်အောင်လုပ်တယ်။”
“ပြီးတော့လည်း။”
“အထက်ကမ္ဘာကိုးကမ္ဘာရဲ့အရှင်ကိုးပါးက မူလအစကမ္ဘာ့ရတနာတွေကိုသုံးပြီး သူတို့ကိုယ်သူတို့ ဖိနှိပ်ထားတယ်။ အဲဒါကြောင့် ကပ်ဘေးဒုက္ခက ဘယ်တော့မှ ထွက်မလာခဲ့ဘူး။ မိုးမြေမဟာတာအိုက ဘယ်တော့မှ တန်ပြန်မတိုက်ခိုက်ဘူး။”
ချီမင်က အသက်ပြင်းပြင်းရှုလိုက်၏။ သူ၏အကြည့်များသည် နက်နဲသွားတော့သည်။ “ဧကရာဇ်ဟောက်ထျန်းသိထားသမျှအရဆိုရင် ငါ မိုးမြေမဟာတာအိုအဆင့်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ရောက်ရင်တောင် ငါက အရှင်ကိုးပါးနဲ့ နယ်ပယ်တူပဲဖြစ်ဦးမှာ။ သူတို့ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး။”
“ပထမဆုံးအနေနဲ့ သူတို့က ဆယ်ခုမြောက်လေဟာနယ်ခေတ်ကာလအထိ ရှင်သန်လာကြတာ။ သူတို့မှာ တာအိုနည်းစနစ်တွေ အံ့ဖွယ်စွမ်းအားတွေနဲ့ နည်းစနစ်တွေ ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”
“သူတို့အယောက်တိုင်းမှာ မူလအစကမ္ဘာ့ရတနာတွေ ဘယ်လောက်ရှိလဲဆိုတာလည်း ထည့်တွက်ရမယ်။”
“ငါသာ သူတို့နဲ့ပြဿနာဖြစ်ရင် အနိုင်ရဖို့ မလွယ်ဘူး။”
“မဟုတ်ရင်တော့..”
စတေးခြင်း။
ဟုတ်ပါ၏။
ဥပမာအနေဖြင့် ဧကရာဇ်ဟောက်ထျန်းတွင် အထွတ်အထိပ်တာအိုသစ်သီးမရှိပေ။ သူ့တွင် ရှိသည့်အတွက် စတေးခံဖို့ မလိုတော့သလို သူ၏အင်အားကို အကန့်အသတ်ထိ ညှစ်ထုတ်ရန်လည်း မလိုတော့ပေ။
ထိုအခြေအနေများအောက်တွင်ပင် ဧကရာဇ်ဟောက်ထျန်းသည် အသင်္ချေကမ္ဘာတွင် ပြိုင်ဘက်ကင်းလာသည်။ အရှင်ကိုးပါးတောင် သူ့ကို ရှောင်ရသည်။
သို့သော်လည်း နောက်ဆုံးတွင် ဧကရာဇ်ဟောက်ထျန်းက သေသွားခဲ့သည်။
ချီမင်တွင် အထွတ်အထိပ်တာအိုသစ်သီး ရှိသည့်အတွက် သူကတော့ စတေးခံဖို့ မလိုအပ်ပေ။
သူက အသက်ပြင်းပြင်းရှုလိုက်၏။” အခု ဒါတွေကို စဉ်းစားနေတယ်ဆိုတာ အနာဂတ်အတွက် ကြိုတင်စီစဉ်တယ်လို့ပဲ ပြောရမှာ။ အရေးကြီးဆုံးကတော့ အခုချိန်မှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ကို မြန်နိုင်သမျှ မြန်မြန်တက်ဖို့ပဲ။”
“ပြီးတော့...”
“ဒီနေ့ထိတော့ ငါ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့ သရုပ်ကို မသိသေးဘူး။ကြည့်ရတာ မူလအစကမ္ဘာ့တံခါးနဲ့ ဆိုင်နေမယ်ထင်တယ်။”
“ဒါပေမဲ့လည်း..”
ချီမင်က တင်ပျဉ်ခွေချိတ်ကာ ထိုင်လျက် သူ၏ခန္ဓာကိုယ်ကို ဂရုတစိုက် အာရုံခံလိုက်သည်။ မသိလိုက်စွာဖြင့် ချီမင်သည် သူ၏ခန္ဓာအတွင်းပိုင်း၌ရှိသော ဖြစ်တည်မှုကို အာရုံခံမိလိုက်သည်။
ချီမင်က အမှန်တရားကို စူးစမ်းလိုသည့်အခိုက် သူက ဝေဝေဝါးဝါးတော့ ခံစားမိလိုက်သည်။
“ ငါ ဝေဝေဝါးဝါးခံစားမိလိုက်တာလား။” ချီမင်က တွေးတောလိုက်သည်။ “ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကလည်း ကမ္ဘာ့မူလအစရတနာတစ်မျိုးလား။”
နောက်ထပ် နှစ်တစ်သန်းကြာသွား၏။
ယနေ့တွင်တော့။
ချီမင်၏အရှိန်အဝါက ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်က လှုပ်ခါသွားပြီး တာအိုစွမ်းအားများက ပျံ့နှံ့သွားသည်။ ကမ္ဘာဦးမဟာတာအိုသည် ပိုမိုထင်ရှားလာပြီး ပိုပြီး ပြည့်စုံလာ၏။ မိုးမြေမဟာတာအိုစွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။
တဖြည်းဖြည်းဖြင့် ချီမင်၏အရှိန်အဝါက အကန့်အသတ်ထိ တိုးတက်သွားသည်။
ချီမင်က ထပ်မံ အဆင့်တက်သွားပြန်သည်။
သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် တတိယအဆင့်သို့ ရောက်သွားတော့၏။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် နှစ်တစ်သန်းကြာနေခဲ့ပါတယ်။ ယင်းက ခေတ်တစ်သန်းနှင့်ညီမျှပါတယ်။ သင် မိုးမြေမဟာတာအိုစဆန်းကြယ်မူလအစများကို နားလည်သွားခဲ့ပြီး အဆင့်တက်သွားပါပြီ။ ကမ္ဘာဦးမူလအစအဆင့်နှစ်မှ အဆင့်သုံးသို့ တက်သွားပါပြီ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် တတိယအဆင့်သို့ တက်သွားပါပြီ။”
သိပ်မကြာခင်မှာ ချီမင်သည် အသိပေးချက်တစ်ခု ရလိုက်သည်။
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “ဒီနှစ်တစ်သန်းအတွင်းမှာ ငါ အဆင့်တက်သွားပြီ။ ဒီတစ်ကြိမ်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် တတိယအဆင့်ထိ တက်တာဆိုတာတော့ ငါ့အင်အားက ပိုတိုးသွားပြီ။”
တစ်ချိန်တည်းမှာ အပြင်ကမ္ဘာတွင်။
မဟာတာအိုထူးခြားဖြစ်စဉ်များ ပေါ်လာတော့သည့်အတွက် မရေမတွက်နိုင်သော သက်ရှိများကို ထိတ်လန့်သွားစေပြန်သည်။
“ဒါက...ဒါက”
“သူ အဆင့်တက်သွားပြီ။ ချီမင်...သူ အဆင့်တက်သွားပြန်ပြီ။”
“ဟူး”
“နှစ်တစ်သန်း ကုန်သွားပြန်ပြီ။ သူက နောက်ထပ် အဆင့်သေးတစ်ဆင့် တက်သွားပြန်ပြီ။”
“ထူးခြားဖြစ်စဉ်က အထက်ကမ္ဘာကိုးကမ္ဘာကို တုန်လှုပ်စေတုန်းပဲ။”
“အတော်လေး ကြောက်ဖို့ကောင်းတယ်။”
ကမ္ဘာကြီးထဲက လူတိုင်း ထိတ်လန့်သွားပြန်သည်။
“ဒသမအဆင့် အထွတ်အထိပ်တာအိုသစ်သီး ဆိုတဲ့ အတိုင်းပဲ။”
တာအိုဘိုးဘေးကလည်း အံ့ဩသွား၏။ “သူ ထပ်ပြီး အဆင့်တက်ပြန်ပြီ။ ခဏလေးနဲ့ကို တက်နေတာပဲ။ အခု ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် တတိယအဆင့် ရောက်သွားပြန်ပြီ။”
နတ်ဆိုးကမ္ဘာအရှင်က ခေါင်းအသာညိတ်သည်။ “သူ ငါတို့နဲ့ အဆင့်တူဖို့ သိပ်မလိုလောက်ဘူး။ အဲဒီအချိန်ရောက်လာရင် မူလအစကမ္ဘာ့တံခါးကလည်း ပွင့်လာလိမ့်မယ်။”
“ဟားဟားဟား”
“ကောင်းတယ်။ကောင်းတယ်။ကောင်းတယ်။”
“ဒီလိုဆို ငါတို့ အကြာကြီး ထိုင်စောင့်နေစရာ မလိုဘူး။”
အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များက ပျော်ရွှင်မှုကိုထုတ်ပြလာကြသည်။
တစ်နှစ်ကြာသွား၏။
ချီမင်သည် သူ၏ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ကိုယ်ပိုင်တာအိုရတနာ ကမ္ဘာဦးမူလအစဓားကြာပန်းကို ထပ်မံသန့်စင်နိုင်ခဲ့ပါတယ်။ ၎င်းက မိုးမြေမဟာတာအိုရတနာနှင့် ကမ္ဘာဦးမဟာတာအိုမူလအစစွမ်းအားတို့ဖြင့် ပေါင်းစပ်သွားခဲ့ပါတယ်။ အဆင့်တစ်ကိုယ်ပိုင်တာအိုရတနာမှ အဆင့်နှစ်ကိုယ်ပိုင်တာအိုရတနာအဆင့်ထိ တိုးတက်သွားပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ ကိုယ်ပိုင်တာအိုရတနာ ကမ္ဘာဦးမူလအစဓားကို အောင်မြင်စွာဖြင့် သန့်စင်ပြီးသွားပါပြီ။ ၎င်းက မိုးမြေမဟာတာအိုရတနာနှင့် ကမ္ဘာဦးမဟာတာအိုမူလအစစွမ်းအားတို့ဖြင့် ပေါင်းစပ်သွားခဲ့ပါတယ်။ အဆင့်တစ်ကိုယ်ပိုင်တာအိုရတနာမှ အဆင့်နှစ်ကိုယ်ပိုင်တာအိုရတနာအဆင့်ထိ တိုးတက်သွားပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစတောင်ကို သန့်စင်ပြီးသွားပါပြီ။ ၎င်းက မိုးမြေမဟာတာအိုရတနာနှင့် ကမ္ဘာဦးမဟာတာအိုမူလအစစွမ်းအားတို့ဖြင့် ပေါင်းစပ်သွားခဲ့ပါတယ်။ အဆင့်တစ်ကိုယ်ပိုင်တာအိုရတနာမှ အဆင့်နှစ်ကိုယ်ပိုင်တာအိုရတနာအဆင့်ထိ တိုးတက်သွားပါပြီ။”
၎င်းတို့က အတော်လေးစွမ်းအားကြီးကြသည်။
သိပ်မကြာခင်မှာပင် ချီမင်ကို ဝိုင်းရံလာကြသည်။
“တိုက်ခိုက်ကြ”
ချီမင်၏ဂိမ်းဇာတ်ကောင်သည် အော်ဟစ်လိုက်သည်။ “ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ်”
ချီမင်၏ဂိမ်းဇာတ်ကောက်သည် အဆုံးမဲ့ကမ္ဘာဦးအဆောင်များအဖြစ် ပြောင်းလဲသွားတော့သည်။ သူတို့က သိပ်သည်းသွားပြီး ခမ်းနားသည့် ပုံရိပ်အဖြစ်ပြောင်းလဲသွားတော့သည်။
ကမ္ဘာဦးသည် ဧကရာဇ်ဟောက်ထျန်း၊ နတ်ဆိုးကမ္ဘာအရှင်၊ ကောင်းကင်တာအိုတို့အဖြစ် ပြောင်းလဲသွားတော့၏။
ကြောက်မက်ဖွယ်ရာ မြင်ကွင်းများ ဖြစ်ပေါ်လာသည်။
ပြင်းထန်သည့်တိုက်ပွဲက စတင်လာခဲ့သည်။
“ဆက်လုပ်မယ်။”
ချီမင်သည် သူ၏ပစ္စည်းစာရင်းကို ဖွင့်ပြီး စတင်ကျင့်ကြံရန် ပြင်ဆင်တော့သည်။ သို့သော် သူ့တွင် တာအိုမူလအစများစွာ မကျန်တော့မှန်း သိလိုက်ရ၏။ “အဆင့်မြင့်တာအိုမူလအစတွေက မြန်မြန်ကုန်သွားတာပဲ။”
“ဒီလိုသာဆိုရင် ထိပ်တန်းအဆင့် တာအိုမူလအစတွေ သုံးရတာပေါ့။”
“ဒါပေမဲ့ ငါ ထိပ်တန်းအဆင့် တာအိုမူလအစသုံးရင်တောင် ဆက်ပြီး ကျင့်ကြံနိုင်တော့မယ် မထင်ဘူး။”
“တာအိုမူလအစတွေ ပိုပြီးလိုတယ်။”
“ပိုများလေ ပိုကောင်းလေပဲ။”