တာအိုမူလအစ ကုန်ဆုံးသွားခြင်း။ ဂိမ်းမြေအောက်စခန်း: ပထမလေဟာနယ်တိုက်ပွဲမြေပြင်။အချိန်မိန်းမပျို။
Vol. 33 Ch. 468
ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် အသုံးပြုခဲ့သည်။ ထို့ကြောင့် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို ဖွင့်ခြင်းက တစ်နေ့တွင် အဆင့်မြင့် တာအိုမူလအစ တစ်ထရီလီယန် သုံးရပါ၏။
အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ချီမင်သည် ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို အလိုအလျောက်ကျင့်ကြံခြင်း၊ ကိုယ်ပိုင်တာအိုရတနာများကို သန့်စင်ခြင်းနှင့် ကမ္ဘာဦးမဟာတာအိုကျမ်းကို တွက်ချက်သည်။
အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်အတွက် သူက တစ်ရက်ကို အဆင့်မြင့် တာအိုမူလအစ (၅၀၀)ထရီလီယန်သုံးရသည်။
အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်က အချိန်စီးဆင်းနှုန်းအဆတစ်ထရီလီယန် ပိုမြန်သည့်အတွက် အတွင်းတွင် နှစ်တစ်ထရီလီယန်က အပြင်တွင် တစ်ရက်သာ ရှိသည်။
ချီမင်က နေ့တိုင်း အဆင့်မြင့် တာအိုမူလအစ ငါးထရီလီယန်လောက်တော့ သုံးရန်လိုသည်။
ထိုပမာဏက ကြောက်မခန်းလိလိ များပြားလှသည်။
ချီမင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ပထမအဆင့်တုန်းက သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့် ဂိမ်းမြေအောက်စခန်းကို နှစ်တစ်ရာပြည့်တိုင်း တစ်ခါရှင်းလင်းသည်။ သူရှင်းလင်းသည့်အကြိမ်တိုင်း အဆင့်မြင့် တာအိုမူလအစ သန်းတစ်သိန်း ရ၏။
ချီမင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဒုတိယအဆင့်တက်တုန်းကလည်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဒုတိယအဆင့် ဂိမ်းမြေအောက်စခန်းကို နှစ်တစ်ရာကြာတိုင်း တစ်ခါ ရှင်းလင်းခဲ့သည်။
သူ ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းသည့် အကြိမ်တိုင်း အဆင့်မြင့်တာအိုမူလအစ တစ်ထရီလီယန် ရရှိခဲ့သည်။
ယခု ချီမင်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် တတိယအဆင့်သို့ ရောက်နေပြီဖြစ်၏။ သူသည် တတိယအဆင့် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းပြီးပါက အဆင့်မြင့် တာအိုမူလအစ တစ်တယ်ကွာဒရီလီယန် ရရှိမည်ဖြစ်သည်။
သို့သော် ချီမင် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းရာမှ ရရှ်ိမည့် အဆင့်မြင့်တာအိုမူလအစများသည် သူ အလိုအလျောက်ကျင့်ကြံရန် မလောက်ငှတော့ပေ။
လိုအပ်ချက်က များသည်။
ချီမင်သည် တစ်နေ့တွင် အဆင့်မြင့်တာအိုမူလအစ ငါးထရီလီယန် သုံးစွဲရ၏။
အဆင့်မြင့် တာအိုမူလအစ တစ်ဆယ်ထရီလီယန်ဆိုသည်က လုံးဝမလုံလောက်ပေ။
ကံကောင်းသည်မှာ ချီမင်သည် နတ်ဆိုးကမ္ဘာအရှင်၏ကိုယ်ပိုင်တပည့်ဖြစ်သည့်အတွက် အထက်ကမ္ဘာ၏ကိုယ်ပိုင်အဖွဲ့အစည်းများက သူ့ကို အဆင့်မြင့်တာအိုမူလအစ များစွာ ပေးလာသည်။
ချီမင်က နတ်ဆိုးဘုရားကျောင်းကို ဖျက်ဆီးခဲ့သည်။
ထို့ကြောင့် သူက ထိုနေရာမှ အဆင့်မြင့် တာအိုမူလအစများစွာ ရရှိခဲ့သည်။
ချီမင် အဆင့်ချိုးဖြတ်တိုင်း အဆင့်မြင့် တာအိုမူလအစကျောက်တုံး (၃၆၅)သန်း သုံးရသည်။
ထိုပမာဏက မတွေးတောဝံ့စရာပေ။
နောက်ထပ် နှစ်တစ်သိန်း ကုန်သွားသည်။
တင်း။
“အဆင့်မြင့် တာအိုမူလအစ များ ကုန်ဆုံးသွားပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာသည်။
“ထိပ်တန်းအဆင့် တာအိုမူလအစကို သုံးမယ်။”
တင်း။
“ထိပ်တန်းအဆင့် တာအိုမူလအစ တစ်တုံးက အဆင့်မြင့် တာအိုမူလအစ (၁၀၀၀၀၀)နှင့် ညီမျှပါတယ်။”
“ ထိပ်တန်းအဆင့် တာအိုမူလအစ ဆယ်သန်းထည့်ပြီး ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို ကျင့်ကြံချင်ပါသလား”
အသိပေးချက်တစ်ခု ပေါ်လာသည်။
“ကျင့်ကြံမယ်။” ချီမင်က ခေါင်းညိတ်သည်။
တင်း။
“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”
“ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို အဆတစ်ထရီလီယန် မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။ “ အဆင့်မြင့်တာအိုမူလအစကျောက်တုံးတွေ ကုန်သွားပေမဲ့လည်း ငါ့မှာ ထိပ်တန်းအဆင့် တာအိုမူလအစတွေ ရှိတယ်။ ငါ လတ်တလောတော့ သုံးလို့ရပါသေးတယ်။”
“ငါ ထိပ်တန်းအဆင့် တာအိုမူလအစ သန်းလေးဆယ် ထည့်မယ်။”
ချီမင်က ပြောသည်။ “ ကိုယ်ပိုင်တာအိုရတနာသုံးခုကို သန့်စင်မယ်။ ကမ္ဘာဦးမဟာတာအိုကျမ်းကို တွက်ချက်မယ်။”
တင်း။
“ကမ္ဘာဦးမူလအစဓားကြာပွင့်ကို အဆတစ်ထရီလီယန် မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။”
တင်း။
“ကမ္ဘာဦးမူလအစဓားကို အဆတစ်ထရီလီယန် မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”
တင်း။
“ကမ္ဘာဦးမူလအစတောင်ကို အဆတစ်ထရီလီယန် မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”
တင်း။
“ကမ္ဘာဦးမဟာတာအိုကျမ်းကို အဆတစ်ထရီလီယန် မြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။”
အသိပေးချက်လေးခု ပေါ်လာသည်။
ထို့အပြင် ချီမင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်လာသည်မှာ နှစ် နှစ်သန်းကြာပြီဖြစ်သည့်အတွက် သူသည် ဂိမ်းမြေအောက်စခန်းကို အကြိမ်ပေါင်း(၂၀၀၀၀)ကြာ ရှင်းလင်းခဲ့ပြီးပြီဖြစ်သည်။ ၎င်းက အတော်လေးများ ပြားသည့်အကြိမ်ရေဖြစ်၏။
ချီမင်သည် မူလအစတာအိုသားရဲစစ်တပ်ကိုပင် ဖွဲ့စည်းနိုင်နေပြီဖြစ်သည်။
၎င်းတို့အထဲတွင် အသန်မာဆုံး မူလအစတာအိုသားရဲသုံးကောင်ရှိသည်။
သူတို့၏ကျင့်ကြံခြင်းအဆင့်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ အင်အားအရဆို ထို မူလအစတာအိုသားရဲများသည် ပြီးပြည့်စုံခြင်း ကောင်းကင်တာအိုအဆင့်က ဖြစ်သည်။
“မဆိုးဘူး။မဆိုးဘူး။”
ချီမင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။
အချိန်ကုန်ဆုံးသွားသည်။
နှစ်(၉၀၀၀၀၀)ကြာသွားသည်။
ယနေ့တွင်တော့။
ချီမင်သည် မိုးမြေမဟာတာအိုမူလအစကို ထပ်မံနားလည်သွားတော့၏။ သူသည် အရာအားလုံး၏မူလဇာစ်မြစ်ကို အာရုံခံမိသွားပြီး မူလအစကမ္ဘာ့တံခါးကို ဝေဝါးစွာ ခန့်မှန်းမိသည်။
ချီမင်သည် မူလအစကမ္ဘာ့တံခါး၏ခေါ်သံကိုတောင် ဝေဝါးစွာ ခံစားမိသွားသည်။
သို့သော် ထိုခံစားချက်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် မိုးမြေမဟာတာအို၏မူလအစစွမ်းအားသည် ချီမင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့ပြီး ၎င်းက သူ့ကို အဆက်မပြတ် သန်မာလာစေသည်။
နောက်ဆုံးမှာတော့ ချီမင်သည် အကန့်အသတ်ကို ချိုးဖြတ်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ ရောက်သွားတော့သည်။
ချီမင်က ထပ်မံအဆင့်ချိုးဖြတ်သွားတော့သည်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် နှစ်တစ်သန်းကြာ နေထိုင်ခဲ့ပါတယ်။ ၎င်းက ခေတ်တစ်သန်းနှင့် ညီမျှပါတယ်။ သင် မိုးမြေမဟာတာအိုကို နားလည်သွားပြီး ထပ်မံအဆင့်တက်သွားပါပြီ။ အဆင့်သုံးကမ္ဘာဦးမူလအစမှ အဆင့်လေး ကမ္ဘာဦးမူလအစသို့ ရောက်ရှိသွားပါပြီ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါပြီ။”
အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှ အသိပေးချက်များ ထွက်လာသည်။
ချီမင်က အတော်လေး ကျေနပ်သွားသည်။ သူသည် ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်အောင် လုပ်လိုက်သည်။ တာအိုစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပျံ့နှံ့လာပြီး ကမ္ဘာဦးမဟာတာအိုက သူ့ကို ဝန်းရံလာသည်။ မရေမတွက်နိုင်သော မူလအစ စစ်မှန်ဆောင်များသည် လိပ်ပြာလေးများအလား ကခုန်လာသည်။
ထူးဆန်းသည့် ထူးခြားဖြစ်စဉ်များ ပေါ်လာသည်။
တစ်ချိန်တည်းမှာ အပြင်ကမ္ဘာတွင်။
ကြီးမားသည့် ထူးခြားဖြစ်စဉ်များသည် အထက်ကမ္ဘာကိုးကမ္ဘာကိုပါ လှုပ်ခါလာစေသည်။ ၎င်းက မရေမတွက်နိုင်သော သက်ရှိများ၏ အာရုံကို ဖမ်းစားသွားပြီး မျိုးနွယ်စုများစွာကို လေးစားသွားစေသည်။
“ဒါက..”
“ချီမင်က...အဆင့်တက်တော့မှာပဲ။”
“အစကနေ အဆုံးအထိ နှစ်သုံးသန်းပဲ ကြာသေးတယ်။ နှစ်တစ်သန်းကြာတိုင်း ချီမင်က အဆင့်တစ်ဆင့် တက်နေတယ်။ အခု သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်ရောက်သွားပြီ။ တစ်ဆို့မှုဆိုတာကို မကြုံရသေးဘူး။ ချီမင်အတွက် အဆင့်တက်ရတာ ထမင်းစားရေသောက်ကျနေတာပဲ။”
“အတော်လေးကို ထိတ်လန့်ဖို့ ကောင်းတယ်ဟ။”
“ဒသမအဆင့် အထွတ်အထိပ်တာအိုသစ်သီးဆိုတဲ့ အတိုင်းပဲ။”
ထိုအခိုက် အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များသည် ထပ်မံအံ့ဩသွားရပြီး မထိန်းနိုင်စွာ ထိတ်လန့်သွားရပြန်သည်။
ချီမင်၏လုပ်ဆောင်မှုသည် သူတို့အား အမှန်တကယ် ထိတ်လန့်သွားစေသည်။
တစ်နှစ်ကြာသွားသည်။
သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်ကို အခြေခိုင်အောင် လုပ်လိုက်သည်။
ချီမင်၏ကိုယ်ပိုင်တာအိုရတနာသုံးခုသည် ထပ်မံသန့်စင်ပြီးသွားတော့၏။
အသိပေးချက်သုံးခုက ဆက်တိုက် တက်လာသည်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ ကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစဓားကြာပန်းကို ထပ်မံ သန့်စင်နိုင်ခဲ့ပါတယ်။ ၎င်းက မိုးမြေမဟာတာအိုရတနာနှင့် ကမ္ဘာဦးမဟာတာအိုမူလအစစွမ်းအားတို့ဖြင့် ပေါင်းစပ်သွားပါတယ်။ အဆင့်နှစ် မူလအစကိုယ်ပိုင်တာအိုရတနာ မှ အဆင့်သုံး မူလအစကိုယ်ပိုင်တာအိုရတနာအဖြစ်သို့ တိုးတက်သွားပါတယ်။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ကိုယ်ပိုင်တာအိုရတနာ ကမ္ဘာဦးမူလအစဓားကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါတယ်။ ၎င်းက မိုးမြေမဟာတာအိုရတနာနှင့် ကမ္ဘာဦးမဟာတာအိုမူလအစစွမ်းအားတို့ဖြင့် ပေါင်းစပ်သွားပါတယ်။ အဆင့်နှစ် မူလအစကိုယ်ပိုင်တာအိုရတနာ မှ အဆင့်သုံးမူလအစကိုယ်ပိုင်တာအိုရတနာအဖြစ်သို့ တိုးတက်သွားပါတယ်။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစတောင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပါတယ်။ ၎င်းက မိုးမြေမဟာတာအိုရတနာနှင့် ကမ္ဘာဦးမဟာတာအိုမူလအစစွမ်းအားတို့ဖြင့် ပေါင်းစပ်သွားပါတယ်။ အဆင့်နှစ် မူလအစကိုယ်ပိုင်တာအိုရတနာ မှ အဆင့်သုံးမူလအစကိုယ်ပိုင်တာအိုရတနာအဖြစ်သို့ တိုးတက်သွားပါတယ်။”
ချီမင်သည် ကိုယ်ပိုင်တာအိုရတနာသုံးခုကို ဂရုတစိုက် အာရုံခံလိုက်သည်။ ထိုအထဲတွင် ပါသော စွမ်းအားက ပိုပြီးတောင် ပြင်းထန်သည်။
“ကောင်းတယ်။ကောင်းတယ်။ကောင်းတယ်။”ချီမင်က ခေါင်းအကြိမ်ကြိမ်ညိတ်ကာ ပြုံးလိုက်သည်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါပြီ။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် တတိယအဆင့် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းရာမှ ရရှိမည့် ဆုလာဘ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့် တာအိုမူလအစ တစ်ကွင်ဒရီလီယန် ထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။”
အသိပေးချက်တစ်ခု ပေါ်လာသည်။
“ဘာဖြစ်တာလဲ။”
ချီမင်က အနီးကပ်တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုးဆိုသည်။ “ငါတို့က တကယ်တော့ ထိပ်တန်းအဆင့် တာအိုမူလအစ ထည့်ပြီး ဂိမ်းမြေအောက်စခန်းကို ဖွင့်ရမှာ။ အဆင့်မြင့် တာအိုမူလအစကိုရော ဘာလို့ ဆက်မသုံးကြတာလဲ။”
“ဖြစ်နိုင်တာက...”
ချီမင်က မျက်မှောင်ကြုတ်သည်။ “ငါ ထာဝရလေဟာနယ်ပင်လယ်ကို ရှင်းလင်းထားပြီးသား။ ဒီတစ်ကြိမ်တော့ ငါ မတူညီတဲ့ ဂိမ်းမြေအောက်စခန်းကို ရှင်းရမှာ။ ထိပ်တန်းအဆင့် တာအိုမူလအစပဲ ရမယ်ထင်တယ်။”
“ဒါက အတွေးသက်သက်ပဲ ဖြစ်မှာပါ။”
“ဒါဆိုလည်း ထိပ်တန်းအဆင့် တာအိုမူလအစပဲ ထည့်တာပေါ့။”
ချီမင်က အသံခပ်တိုးတိုးပြော၏။”ဂိမ်းမြေအောက်စခန်းအသစ်ကို အသက်သွင်းမယ်။”
တင်း။
“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”
“ဂိမ်းမြေအောက်စခန်းအသစ်ကို အောင်မြင်စွာ အသက်သွင်းခဲ့ပါတယ်။”
“သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့် ဂိမ်းမြေအောက်စခန်း:ပထမလေဟာနယ် စစ်မြေပြင်သို့ ဝင်ရောက်ခဲ့ပါတယ်။”
“ပထမလေဟာနယ် စစ်မြေပြင်။”
ချီမင်သည် ခဏမျှ ကြောင်အသွားသည်။ ထို့နောက် သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာသည်။ “ဂိမ်းမြေအောက်စခန်းက ပထမလေဟာနယ်ခေတ်ကာလက ပထမလေဟာနယ်စစ်မြေပြင်ကို ဝင်ခိုင်းနေတာလား။”
“ဒီလိုဆို..”
“ထာဝရအဆုံးမဲ့ကပ်ဘေးဒုက္ခက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။”
“ဝင်ရောက်မယ်..”
ချီမင်သည် အသက်ပြင်းပြင်းရှုလျက် စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။
သူသည် ထာဝရလေဟာနယ်ပင်လယ်ကို ဖွင့်လိုက်၏။
နောက်တော့ ချီမင်သည် ဂိမ်းမြေအောက်စခန်းအသစ်ထဲသို့ ဝင်ရောက်လိုက်သည်။
ပထမလေဟာနယ်စစ်မြေပြင်သည် တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ ကြီးမားကျယ်ပြန့်သည့် ထိုစစ်မြေပြင်သည် လေဟာနယ်စကြဝဠာပင်လယ်ကိုပင် ထည့်သွင်းနိုင်၏။
ချက်ချင်းဆိုသလိုပင် ပထမလေဟာနယ်စစ်မြေပြင်နှင့် သက်ဆိုင်သော အချက်အလက်များသည် ချီမင်၏စိတ်ထဲသို့ တိုးဝင်လာသည်။
“သိပြီ။”
သိပ်မကြာခင်မှာ ချီမင်က နားလည်သွားရသည်။ သူ မျက်လုံးပွင့်လာသည့် အခိုက် သူ၏မျက်လုံးထဲတွင် ဉာဏ်အလင်းများ ဝင်းလက်လာသည်။ “ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့် ဂိမ်းမြေအောက်စခန်း:ပထမလေဟာနယ်စစ်မြေပြင်က တကယ့်အစစ်မဟုတ်ဘူး။ ငါရင်ဆိုင်ရမဲ့ လေဟာနယ်သားရဲတွေကလည်း အစစ်မဟုတ်ဘူး။”
“ပြီးတော့...”
“ဒါက ပုံရိပ်ယောင်တိုက်ပွဲတစ်ခုပဲ။”
“အလိုအလျောက်ကျင့်ကြံခြင်းစနစ်က သူ့ရဲ့စွမ်းအားကို သုံးပြီး ပထမလေဟာနယ်စစ်မြေပြင်ကို ဖန်တီးခဲ့တယ်။ သူဖန်တီးထားတဲ့ လေဟာနယ်သားရဲတွေကလည်း အစစ်ထက် ပိုအားနည်းတယ်။”
“ပြီးတော့...”
“အထက်ကမ္ဘာကိုးကမ္ဘာရဲ့ အရှင်ကိုးပါးကလည်း အစစ်တွေ မဟုတ်ဘူး။”
“အရာအားလုံးက ဖန်တီးထားတဲ့အရာသက်သက်ပဲ။”
“နောက်ဆို ငါ ပထမလေဟာနယ်စစ်မြေပြင်ထဲ ဝင်ပြီး ကြီးမားတဲ့တိုက်ပွဲတွေကို ကြုံတွေ့ရမယ်။ အဆုံးမှာ အရှင်ကိုးပါးရဲ့ အကူအညီကို ယူပြီး ပထမ လေဟာနယ်သားရဲကို အနိုင်ယူရမယ်။”
ချီမင်သည် ဂိမ်းဇာတ်ကောင်ကို ရွေးချယ်လိုက်၏။ ထိုဂိမ်းမြေအောက်စခန်းထဲတွင် မူလအစကမ္ဘာတမန်ဇာတ်ကောင်သာ ရှိသည်။
ရွေးချယ်ပြီးတဲ့နောက်မှာ ချီမင်က ဂိမ်းမြေအောက်စခန်းထဲသို့ ဝင်သွားတော့၏။ သူသည် ပထမလေဟာနယ်သားရဲကို မြင်လိုက်သည့်အခိုက် လုံးဝထိတ်လန့်သွားသည်။
သူ၏ရှေ့က ပထမလေဟာနယ်သားရဲသည် သားရဲပုံစံမဟုတ်ပေ။ သွေးများဖြင့် ဖုံးလွှမ်းနေသည့် မိန်းမလှလေးသာဖြစ်သည်။
သေချာလေ့လာကြည့်လျှင် ၎င်းက အချိန်ကာလကို ထင်ဟပ်ပြသနေ၏။
ပထမလေဟာနယ်ခေတ်ကာလအဆုံးတွင်တော့ အရှင်ကိုးပါးသည် ထိုပထမလေဟာနယ်သားရဲကို အချိန်မိန်းမပျိုဟု အမည်ပေးခဲ့သည်။
အတိအကျဆိုရလျှင် ထိုမိန်းကလေးက အချိန်ကို ထိန်းချုပ်နိုင်၏။ အချိန်မဟာတာအိုကို ထိန်းချုပ်နိုင်သည်။ ၎င်းတာအိုက အရာအားလုံးကို ရပ်တန့်နိုင်သလို အရှိန်မြင့်နိုင်၏။ နောက်ပြန်ဆုတ်နိုင်၏။
အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်ကိုးပါးတောင် အချိန်မိန်းမပျို၏ အချိန်မဟာတာအိုမှ သက်ရောက်ခံရသည်။ သူတို့က ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပြီး အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲခဲ့သည်။
ထိုအခိုက် ချီမင်၏ဂိမ်းဇာတ်ကောင်သည် မူလအစကမ္ဘာ့တမန်အဖြစ် ပေါ်ပေါက်လာသည်။
“တိုက်ခိုက်”
အံ့ဖွယ်စွမ်းအားနှင့်တာအိုနည်းစနစ်များသည် ကမ္ဘာဦးမဟာတာအိုကို သယ်ဆောင်လျက် ထွက်ပေါ်လာသည်။ သူဆင့်ခေါ်လိုက်သည့် ကမ္ဘာ့မူလအစတံခါးပုံရိပ်ယောင်သည် အချိန်မိန်းမပျိုကို ဖိနှိပ်လိုက်သည်။
ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
“မူလအစ...မူလအစကမ္ဘာ့တံခါး”
“ဟူး”
“မဖြစ်နိုင်တာ။”
“သူက မူလအစကမ္ဘာ့တံခါးရဲ့ ပုံရိပ်ယောင်ကို ဘယ်လိုဆင့်ခေါ်လိုက်တာလဲ။”
“ဘုရားရေ”
“သူက ဘယ်သူလဲဟ။”
ဂိမ်းမြေအောက်စခန်းထဲက အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များသည် ထိတ်လန့်သွားသည်။
နောက်ထပ် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပေါ်လာ၏။
ပထမလေဟာနယ်သားရဲ:အချိန်မိန်းမပျိုက အတော်လေးစွမ်းအားကြီးသည်။ အချိန်မဟာတာအိုကလည်း မိုးမြေမဟာတာအိုကိုပင် သက်ရောက်သည်။
ချီမင်က မူလအစကမ္ဘာ့တံခါး၏ပုံရိပ်ယောင်ကို ဆင့်ခေါ်လျှင်ပင် ထိုမိန်းမပျိုကို အလွယ်တကူ မဖိနှိပ်နိုင်ပေ။ သူက ကြမ်းတမ်းစွာ တိုက်ခိုက်ရမှာ ဖြစ်သည်။
“အချိန်မိန်းမပျို၊ မူလအစကမ္ဘာ့တမန်”
ချီမင်က အသက်ပြင်းပြင်းရှု၏။ သူ၏အကြည့်များသည် နက်ရှိုင်းသွားသည်။ “အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ဘယ်လိုမျိုးဖြစ်တည်မှုလဲ။ မူလအစကမ္ဘာနဲ့များ ဆိုင်နေမလား။”
သူ၏အသက်ရှုသံများက မငြိမ်မသက်ဖြစ်လာသည်။ “သိပ်မကြာခင်ပေါ့။ ငါ သိပ်မကြာခင် အမှန်တရားကို သိရတော့မှာပါ။”
“ဆန်းကြယ်မှုတွေက ပေါ်လာတော့မယ်။”
ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်သည်။
နှစ်တစ်ရာကြာသွားသည်။
တင်း။
“ထိပ်တန်းအဆင့် တာအိုမူလအစတွေ ကုန်သွားပြီ။”
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်၏ ကိုယ်ပေါ်က တာအိုမူလအစများသည် လုံးဝကို ကုန်ခမ်းသွားတော့သည်။
ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်က ထွက်လိုက်သည်။ သူ၏ တာအိုမူလအစများက ကုန်ဆုံးသွားသည့်အတွက် ထိုနေရာတွင် ဆက်မနေနိုင်တော့ပေ။ တူညီစွာဖြင့် သူက ကမ္ဘာဦးမဟာတာအိုကျမ်း:မူလအစအခန်းကို မတွက်ချက်နိုင်တော့ပေ။ သူက ကိုယ်ပိုင်တာအိုရတနာသုံးခုကိုလည်း မသန့်စင်နိုင်တော့ပေ။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့်ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် ပထမလေဟာနယ်သားရဲ: အချိန်မိန်းမပျိုနှင့်ထိပ်တန်းအဆင့် တာအိုမူလအစ တစ်ရာကွာဒရီလီယန် ရရှိခဲ့ပါတယ်။”
အသိပေးချက် တစ်ခုပေါ်လာသည်။
“ဒါက...”
ချီမင်၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာသည်။”အချိန်မိန်းမပျိုကို ပေးတာလား။ ပထမလေဟာနယ်သားရဲ အချိန်မိန်းမပျိုကို ပေးတာလား။ ဒါက အတုဆိုပေမဲ့ အတော်လေး မိုက်နေပြီ။”